ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

Por Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... Más

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

171 - 175

83 5 0
Por Azure5549

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(171)လုံချန်၏ အဆင့်မြင့်ဆုံးအခြေအနေ

ကွေ့ရှာ၏ ဒေါသတကြီးအော်ဟစ်လိုက်သံထွက်လာသည်။သူသည် အရိပ်တစ်ခုလို လုံချန် ရှေ့သို့ဖြတ်
ကနဲ ရောက်လာ၏။မြန်လွန်းသည်ဖြစ်ရာ လှုပ်ရှား သည်ဟု ပင် မထင်လိုက်ရချေ။

"ဝါယော စန္ဒာ ဓား..."

အရင်ဦးဆုံးသတိ၀င်လာသူမှာ ထန်၀မ်အာဖြစ်သည်။လုံချန်၏ တိုက်ခိုက်နိုင်စွမ်းသည် မည်သို့ရှိမည်ကို
သူမ မသိ။ထို့ကြောင့် ကွေ့ရှာ၏ တိုက်ခိုက်မှုကို သူမ က အရင်ဦးဆုံး ကာကွယ်ပေးထားလိုက်ခြင်း
ဖြစ်သည်။

"သေလိုက်စမ်း"

ကွေ့ရှာသည် ကြုံးဝါး၍ လက်တစ်ဖက်နှင့် ရိုက်ချလျှင် ထန်၀မ်အာ၏ လေဓားသည် ပျောက်ကွယ်
သွားတော့သည်။ထန်၀မ်အာ၏ ပင်မ တန်ခိုး စွမ်းအင်မှ ဖြစ်ပေါ်လာခဲ့သော လေဓားသည် ကွေ့ရှာ
၏လက်တစ်ဘက်ထဲနှင့် ရိုက်ချက်၌ ပေါက်ကွဲသွားသည်ကိုမြင်သည်တွင် လူအများ မှာ လွန်စွာထိတ်
လန့်မိကြသည်။

ထန်၀မ်အာ လက်ထဲ၌ လေဓားမရှိတော့သည်နှင့် ကွေ့ရှာသည် အချိန်မဆိုင်းပဲ ထန်၀မ်အာကိုလက်
၀ါးတစ်ချက်လှမ်းရိုက်သည်။ယင်းလက်ဝါးသည် ထန်၀မ်အာကို ရိုက်မိသည်နှင့် ထန်၀မ်အာ မှာ
ပွဲချင်းပြီး သေဆုံးသွားလိမ့်မည်ဟု လူတိုင်း သံသယမရှိ ယုံကြည်ကြသည်။

"ရေခဲနံရံ" ရုတ်ချည်း ထန်၀မ်အာ၏ ရှေ့၌ ရေခဲနံရံ ကြီးတစ်ခု ပေါ်လာ၏။ထိုရေခဲနံရံကို ကွေ့ရှာက
လက်ဝါးနှင့်ရိုက်လိုက်သည်နှင့် ရေခဲနံရံသည် ချက်ချင်းပြိုကျသွား၏။သို့သော် ထန်၀မ်အာအဖို့ နောက်
ဆုတ်ရအ ချိန်ရသွားသည်။

ထန်၀မ်အာနှင့် ယဲ့ထင်းချုံ တို့၏ လက်အောက်မှ အဖွဲ့သားများမှာ စိုးရိမ်နေမိကြသည်။အောက်လမ်း
ဂိုဏ်းသားများကားကြောက်မက်ဖွယ်ကောင်းလွန်းသည်။ယင်းသည် မည်သို့မျှတပါမည်နည်း။
အဖွဲ့သားများသာ မဟုတ် အကြီးအကဲများ၏ အမူအယာပါ ပျက်ကုန်သည်။

"ကြည့်ရတာ ဒီအလောင်းကောင်ထဲက ဝိညာဉ်ဟာ အောက်လမ်းဂိုဏ်းက သိုင်းထိပ်သီးတစ်ယောက်
ရဲ့ ဝိညာဉ်ပဲ ဒါ့ကြောင့်လည်း ဒီလောက် ကြောက်ဖို့ကောင်းတဲ့ အဆင့်ကို ရောက်နေရတာပဲ"

တုဖုန်းပင် အနည်းငယ်အံ့အားသင့်နေသည်။ယင်းအလောင်းကောင်မှာ သူထင်ထားသည်ထက် ပို၍
များစွာအစွမ်းထက်နေသည်။လုံချန်တို့ သုံးယောက် အနေနှင့် ထိုအလောင်းကောင်ကို နိုင်ရန် သူ့
အတွက် သိပ်မသေချာသလို ဖြစ်နေသည်။

"မင်းတို့တစ်တွေပြင်ဆင်ထားကြပါ...ငါ..အချက်ပြတာနဲ့ အင်းကွက်ကို နှိုးပြီး ပြန်ဖမ်းထားလိုက်ကြ"

ယင်းသည် လုံချန် အတွက် ပေးထားသော သူ၏ ဂယ်ပေါက်တစ်ပေါက်ဖြစ်သည်။အကယ်၍ ထိုအ
လောင်းကောင်ကြောင့် လုံချန်တို့သုံးယောက် သေဆုံးသွားခြင်း သို့မဟုတ် ထိခိုက်အနာတရ ကြီး
ကြီးမားမား ဖြစ်ခဲ့လျှင် သူ့ကိုယ်သူ ခွင့်လွတ်နိုင်လိမ့်မည်မဟုတ်ပေ။

ရေခဲနံရံကြီး ပြိုကျသွားသည်နှင့် ကွေ့ရှာသည် ယဲ့ထင်းချုံကို လက်သည်းဖြင့်လှမ်းကုတ်လိုက်သည်။

"မင်းရဲ့ လက်သည်းကို ဖယ်စမ်း" အေးစက်စက် လေသံနှင့်အတူ ဧရာမ ဓားကောက်ကြီးတစ်ခုသည်
လေထုကို ဝီးကနဲဖြတ်၀င်လာသည်။ဓားကောက်မှ ထွက်သော ဓားအား ကား လေထုထဲသို့ ပျံ့သွား
၏။ဓားကောက်ကြီး၏ ပုံရိပ်သည် မိုးနှင့်မြေကို ဖျက်ဆီးနိုင်စွမ်းရှိသကဲ့သို့ထင်ရသည်။

ကွေ့ရှာသည် သူ၏ လက်တစ်ဖက်ကို မြှောက်၍ ဓားကောက်ကြီးကို တားဆီးလိုက်၏။

ဘုန်း.....

မြေပြင်သည် တသိမ့်သိမ့်တုန်၍ ကွေ့ရှာကော လုံချန်ပါနောက်သို့လွင့်သွားကြသည်။သူတို့နှစ်ယောက်
တိုက်ခိုက်ခဲ့သည့် နေရာ၌ မူ အက်ကြောင်းကြီးများထနေရာ မီတာရာပေါင်းများစွာ သို့တိုင်အောင်
ရောက်လေသည်။

"ကြောက်စရာကောင်းလိုက်တဲ့စွမ်းအား"

လူအုပ်သည် ဓားကောက်ကြီးတစ်ချောင်းကို ကိုင်ထားသည့် နတ်စစ်သူကြီးတစ်ယောက်ကဲ့သို့ဖြစ်နေ
သော လူတစ်ယောက်ကို လေးစားစွာကြည့်မိကြသည်။ဤနေရာ၌ ရှိနေသူများအနက် လူအနည်းငယ်
ကသာ လုံချန် တိုက်ပွဲ၀င်သည်ကို မြင်ဖူးထားကြခြင်းဖြစ်၏။အများစုကမူ လုံချန်မှာ အလွန်အစွမ်းထက်
သည်ဟု ကြားဖူးထားကြသော်လည်း လီရှင်းရှောင်၏ မိုးကြိုးဓာတ်က လုံချန်၏ ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်
သွားသည်ကိုလည်း ကြားဖူးထားကြရာ သူ့အား မဟာပါရမီ့ရှင်များကဲ့သို့ အစွမ်းထက်လိမ့်မည်ဟု
မယူဆထားကြချေ။

ကွေ့ရှာ၏ လက်ဝါးတစ်ချက်သည် မိန်းမလှလေးနှစ်ယောက်၏ သိုင်းကွက်ကို အလွယ်တကူ ဖျက်ဆီးပစ်
နိုင်စွမ်းရှိသည်။ထန်၀မ်အာသည်သက်တမ်း လေးရာကျော်ရှိသော ဂူထဲမှ အလောင်းကောင်နှင့်ယှဉ်
ပြိုင်၍ အနိုင်ရခဲ့သည်မှာ လူတိုင်းသိသော ကိစ္စဖြစ်သည်။သို့သော် ယခင်ကကဲ့သို့ တိုက်ခိုက်နည်းမျိုး
ဖြင့်တိုက်ခိုက်ရာတွင် ကွေ့ရှာကိုမူ အနိုင်မယူနိုင်ပေ။

ယင်းက အလောင်းကောင်များသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းပြသသည့် ပြယုဂ်
တစ်ခုလည်းဖြစ်သည်။လုံချန်နှင့်ယှဉ်လျှင် လုံချန်သည် သူ၏ ဓားကောက်ဖြင့် ကွေ့ရှာကို နောက်ဆုတ်
သွားအောင်လုပ်နိုင်သည်။အပြင်ပန်းကြည့်လျှင် လုံချန်သည် ကွေ့ရှာနှင့် ယှဉ်ပြိုင်နိုင်မည်ဟုတွက်
၍ ရသလို လုံချန်က  ကွေ့ရှာကို ကျိန်းသေပေါက် အနိုင်ယူနိုင်ကောင်းသည်လည်း ဖြစ်နိုင်ပါသည်။

အကြီးအကဲများမှာ အံ့အားသင့်ကုန်ကြပြီး တစ်ယောက်သောအကြီးအကဲက နှုတ်မှ ထုတ်၍ ရေရွတ်
မိသည်။

"ကောင်းလိုက်တဲ့ ခွန်အား...တိကျလိုက်တဲ့ထိန်းချုပ်မှု..."

အကြီးအကဲများသည် သိုင်းထိပ်သီးကြီးများ ဖြစ်ရာ လုံချန်၏ ဓားကောက်အပေါ်၌ စိတ်၊စိတ်ဝိညာဉ်၊
ချီ စွမ်းအား သုံးခုလုံး နှစ်မြှုပ်၍ တိုက်ခိုက်သည်ကို မြင်နိုင်ကြသည်။ဓားတာအိုကို နှစ်ပေါင်းများစွာ
ကျင့်ကြံလာသူတစ်ယောက်ပင် ထိုမျှ တိတိကျကျ အသုံးချနိုင်မည်မဟုတ်ပါပေ။

"မိစ္ဆာကြီး....ဂူထဲမှာတုန်းက ခင်ဗျားက ကျုပ်ကို အနိုင်ယူခဲ့တယ်...အခုတော့ ကျုပ်အလှည့်ပဲ"

လုံချန်၏ အသံသည် မိုးကြိုးပစ်ချသကဲ့သို့ ထွက်လာ၏။ဓားကောက်ကို လက်နှစ်ဘက်ဖြင့် ကိုင်ဆွဲ၍
သူ၏ ဖုန်ဖူကြယ်သည် လျှင်မြန်စွာလည်ပတ်လာခဲ့ကာ ချီစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲသို့
တရှိန်ထိုးစီး၀င်လျှက်ရှိသည်။

ဗလာနယ်သည် ဖြေးညင်းစွာဖြင့် တွန့်လိမ်လာနေသည်ကို လူအများမှာ သာမာန်မျက်စိနှင့်ပင် မြင်
နိုင်ကြ၏။ယင်းသည် ရေလှိုင်းများ ထလာသည်နှင့်တူသည်။ထိုနောက် ဗလာနယ်သည် လှိုင်းများ
တလိပ်လိပ်ဆက်တိုက်ထ၍  ဆူပွက်လာ၏။

"ကြောက်စရာကောင်းလိုက်တဲ့ အော်ရာပါလား"

ထန်၀မ်အာနှင့် ယဲ့ထင်းချုံတို့ နှစ်ယောက်မှာ တုန်လှုပ်နေမိကြ၏။လုံချန်၏ အော်ရာများသည် ဆက်
တိုက်မြင့်တက်လျှက်ရှိသည်။သူ၏ ပုံစံသည် ယခင်ကနှင့် လုံး၀ မတူသည့်  လူတစ်ယောက်အဖြစ်သို့
ပြောင်းလည်းသွားခဲ့သည်။ဤ ကွေ့ရှာဆိုသူ သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော လူတစ်
ယောက်ဖြစ်ကြောင်းကို လုံချန် ကောင်းကောင်း သိပါသည်။သို့ဖြစ်၍ သူသည် သိုင်းပညာကို ချန်ထား
ခြင်းမပြုတော့ပဲ အကုန်အစင်ထုတ်သုံးတော့၏။

ဖုန်ဖူကြယ်၌ ရှိသော စွမ်းအင်အကုန်လုံးသည် ချီလမ်းကြောင်းများထဲသို့ စီးဆင်းလာခဲ့ကြ၏။ထိုအခိုက်
၌ သူသည် အဆင့်မြင့်ဆုံး အဆင့်သို့ရောက်သွားပြီဖြစ်ကာ ချီလှိုင်းကြီးများကား ကောင်းကင်ထက်သို့
တဖြတ်ဖြတ်ရိုက်ခတ်လျှက်ရှိသည်။သူ၏ ၀တ်ရုံသည် လေထဲတွင် တလူလူလွင့်လျှက် ရှိနေကာ ဆံ
နွယ်ရှည်ကြီးများကလည်း လေနှင့်အတူ လိုက်ပါကခုန်လျှက်ရှိ၏။သူ၏ ရုပ်သွင်ကား နတ်ဘုရားတပါး
ကဲ့သို့ပင်ဖြစ်နေသည်။

လူအုပ်ကြီးမှာ အံ့အားသင့်လျှက်ရှိလေသည်။လုံချန်သည် သည်မျှ စွမ်းအားကြီးလိမ့်မည်ဟု သူတို့
ထင်မထားမိခဲ့ပေ။

"ဒါက ဖန်စန်းလား" တုဖုန်းသည် မိမိကိုယ်ကို ရေရွတ်မိလျှက်ရှိ၏။

ဖုန်ဖူကြယ်မှ စွမ်းအင်များကို လုံချန် လွှတ်လိုက်သည်နှင့် ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်အနှံ့တွင်ပြည့်
ဖြိုးလာခဲ့ကြ၏။ထိုသို့စွမ်းအင်များ ပြည့်ဖြိုးလာမှုကို သူကခံစားသိရှိနေရသည်။

"မင်းက မင်းရဲ့ သိုင်းပညာကို လျှို့ဝှက်ထားတာပဲ" ကွေ့ရှာသည် လုံချန်ကို တုန်လှုပ်ဟန်ဖြင့်ကြည့်သည်။
ယခု လုံချန်မှာ ဂူထဲတွင် သူတွေ့ခဲ့ရသည့် လုံချန်နှင့် မတူတော့။လုံးဝပြောင်းလည်းလျှက် ရှိသည်။
လုံချန်သည် ဓားကောက်ကြီးကို ပုခုံးထက်သို့တင်ရင်း အေးစက်စွာပြုံးကာ ကွေ့ရှာကို ကြည့်၏။

"ခင်ဗျားမေးခွန်းက သိပ်တုံးလွန်းရာကျနေတယ်လို့မထင်ဘူးလား...ကျုပ်သာ သိုင်းပညာကို ဝှက်မထား
ရင် ခင်ဗျားလက်က ကျုပ်ဘယ်လိုလွှတ်လာလိမ့်မလည်း"

ကွေ့ရှာ ဒေါသထောင်းကနဲထွက်သွား၏။ဂူထဲမှာတုန်းက လုံချန်၏ ခန္ဓာကိုယ်မှ မိုးကြိုးဓာတ်ကြောင့် သူ၏
နာမ်ခန္ဓာသည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။သူ၏ နမော်နမဲ့နိုင်မှုလည်း ပါသည်ဟုဆိုရမည်။
လုံချန်၏ သရုပ်ဆောင်ပညာက ကောင်းလွန်းနေသည်။အကယ်၍ ထိုအချိန်က သာ လုံချန်သည် သူ၏
သိုင်းပညာကို မကွယ်မဝှက် အသုံးပြုခဲ့လျှင် သူကလည်း ပို၍ သတိထားနေမည်သာ ဖြစ်၏။

ယခုတော့ နောက်ကျသွားချေပြီ။

ထိုစဉ် ထန်၀မ်အာ ယဲ့ထင်းချုံတို့က  လုံချန်၏ ဘေးသို့ရောက်လာကြ၏။ထန်၀မ်အာ၏ မျက်၀န်းများသည်
တစ်လက်လက်တောက်ပနေကြသည်။

"ကဲ...မိန်းမလှကလေး နှစ်ယောက်..ကျုပ်က ဒီ အဖိုးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်မှာမို့လို့ မင်းတို့နှစ်
ယောက် က စောင့်နေပြီး အခွင့်သာတာနဲ့၀င်တိုက်...ဒီအဖိုးကြီးမှာ အားနည်းချက်ဆိုလို့ လုံး၀
မရှိတဲ့အတွက် သူ့ကို သတ်ချင်ရင် သူ့ရဲ့ စိတ္တစွမ်းအင်တွေကို အရင် ကုန်သွားအောင်လုပ်မှဖြစ်မယ်" လုံချန်
ကသတိပေးသည်။

အလောင်းကောင်များကို သူသည် မသတ်ဖြတ်ဖူးခဲ့လင့်ကစား အလောင်းကောင်များ၌ အသက်ဓာတ်
မရှိကြောင်းကိုသိသည်။ယင်းတွင် ဝိညာဉ်တစ်ခုသာ ရှိ၍ အဆိုပါဝိညာဉ်က အလောင်းကောင်ကိုထိန်း
ချုပ်နေခြင်းဖြစ်၏။

ထို့ပြင် အလောင်းကောင်၏ ခန္ဓာကိုယ်ကား အလွန်တရာမာကျောလှ၏။ယင်းခန္ဓာကိုယ်ထဲမှ ထိန်းချုပ်
နေသော ဝိညာဉ်ကိုပါ ထည့်တွက်သော် ဒဏ်ရာ ရအောင် တိုက်ခိုက်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်
သည်။သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် အနိုင်ရအောင် တိုက်ခိုက်လိုလျှင် ကွေ့ရှာ၏ စိတ္တစွမ်းအင်များကို
အရင် ကုန်သွားအောင်လုပ်ဖို့လိုသည်။

"ရှင်လည်း ဂရုစိုက်ဦးနော်" ထန်၀မ်အာက သတိပေးသည်။

လုံချန်က ခေါင်းငြိမ့်သည်။ကွေ့ရှာကို အာရုံစိုက်၍ သူသည် ဓားကောက်ကြီးကို ခပ်ဖြေးဖြေး
မြှောက်လိုက်သည်။

"ကျုပ်သွားပြီ"

ခြေတစ်လှမ်း လှမ်းလျှင် သူသည် ကွေ့ရှာ အရှေ့သို့ရောက်သွားပြီး ဓားကောက်ကြီးဖြင့် ထိုးသွင်းပြီး
သားဖြစ်နေလေတော့၏။ဟမ့်ကနဲအသံနှင့်အတူ ကွေ့ရှာ၏ လက်သီးတွင် ထူးဆန်းသော မျဉ်းကြောင်း
များပေါ်လာပြီး ပြေး၀င်လာသော လုံချန်၏ ဓားကို ထိုးလိုက်၏။

၀ုန်း...

လုံချန် လွင့်စင်သွားသည် ကို ထန်၀မ်အာနှင့်ယဲ့ထင်းချုံတို့ နှစ်ယောက်စလုံးမြင်လိုက်ကြရ၏။သူတို့
နှစ်ယောက်သည် ထိုအချိန်ကလေးကို အခွင့်ကောင်းယူ၍ အရှေ့သို့ တက်မည်လုပ်ရာ ရုတ်တရက်
အပြင်းအထန် ရိုက်ခတ်လာသော ချီလှိုင်းကြီးကြောင့် နောက်သို့ပြန်ဆုတ်ကြရသည်။

နှစ်ယောက်သား အံ့အားသင့်မိကြ၏။သူမတို့ နှစ်ယောက်မှာ ရန်သူ့ အနားပင် မကပ်နိုင်ဖြစ်နေကြသည်။
ဤခွန်အားကား မည်သို့သော အဆင့်မျိုးဖြစ်သနည်း။

၀ုန်း...ဝုန်းး.... ဝုန်းး....

ဓားကောက်ကြီးသည် ချီလှိုင်းများ တရှိန် ရှိန် ထွက်လျှက် ဟိုမှ သည်မှ ပြေးလွှားနေ၏။ဖုန်မှုန့်များ လေ
ထုထဲ သို့ တမုဟုတ်ခြင်း ဖုံးလွှမ်းသွားခဲ့ရာ လုံချန်ကို လူလုံးကွဲအောင် မမြင်ရပဲဖြစ်နေသည်။လူအုပ်
သည် ပတ်ချာလည် လှည့်နေသော ဓားအားလှိုင်း ကြီးတစ်ခုကိုသာ မြင်ရပြီးလျှင် တဂျိမ်းဂျိမ်း အသံကြီး
များကို ကြားနေရ၏။လူအုပ်၏ မျက်နှာသည် ဖြူဖျော့နေသည်။

လီရှင်းရှောင်နှင့်  ချီရှင် ပင် တုန်လှုပ်စွာ ကြည့်နေမိကြသည်။ယင်းတို့၏ အမြင်၌ လုံချန် ဆိုသည်မှာ
သာမာန်ကောင်တစ်ယောက်၊ယင်းတို့နှင့်အဆင့်မတူ သူ တစ်ယောက် သာဖြစ်ခဲ့၏။သို့သော်နောက်ဆုံး
၌ လုံချန်၏ ကြောက်မက်ဖွယ်ရာကောင်းလှသော ရပ်တန့်၍ ရဟန်မတူသည့် စွမ်းအားကြီးတစ်ရပ်
သည် ၎င်းတို့အား လုံချန်မှာ ၎င်း၏ သိုင်းပညာအမှန်ကို ဖုံးကွယ်ထားခြင်းသာ ဖြစ်ကြောင်းပြောပြနေ
သကဲ့သို့ရှိလေသည်။

တုဖုန်းသည် ပျော်ရွှင်စွာဖြင့် မြင်ကွင်းကို ကြည့်နေမိသည်။လုံချန်ကို သူ အဓိက ရှုမြင်ခြင်းသည် သူ၏
ကြောက်မက်ဖွယ်ရာ ခွန်အား သို့မဟုတ် အစွမ်းထက်မြက်လွန်းသော ချီစွမ်းအင်ကိုမဟုတ်ချေ။သူ၏
မယိုင်မလဲနိုင်သော တာအိုနှလုံးသားကိုသာဖြစ်သည်။

သူသည် သာ၀က များ (ဝါ) တပည့်များအား ထိုသို့သော ယုံကြည့်ချက်မျိုးဖြစ်ပေါ်လာစေရန် တဖြည်းဖြည်း
ခြင်း ပုံသွင်းဖို့ ဂရုတစိုက်ပြင်ဆင်ခဲ့ဖူးပါသည်။သို့ရာ၌ ထိုကဲ့သို့သော ယုံကြည်ချက်မျိုးဖြစ်ပေါ်လာရန်
သည် လွန်စွာခဲယဉ်းလှသည်။ထို့ကြောင့် ရွှမ်ရှင်းအနေဖြင့် အင်အားကြီး မိသားစုများထံမှ လူငယ်များ
ကိုသာ သာ၀က များအဖြစ်လက်ခံခဲ့ခြင်းဖြစ်သည်။ထိုမိသားစုကြီးများရှိ လူငယ် တို့ကား ယုံကြည်မှု
ပြင်းထန်သူများဖြစ်သောကြောင့်ပင်။

သို့ဖြစ်သည့်တိုင် ထိုကဲ့သို့သော ယုံကြည်မှုသည် ထင်မြင်ချက်တစ်ခုသာ ဖြစ်နေခဲ့ပြန်သည်။
မာန်မာန ထောင်လွှားခြင်းကို ယုံကြည်မှုဟူ၍  မခေါ်ထိုက်။မိုက်မဲမှုသာဖြစ်ပါ၏။
သို့ရာတွင် ထိုအခြေခံအုတ်မြစ်ပေါ်၌ ယုံကြည်မှုကို ပျိုးထောင်ပေးရသော် ပို၍ လွယ်ကူပေမည်။

လုံချန် အနေနှင့်မူ သူသည် အလွန်ခိုင်ခံ့သော တာအိုနှလုံးသားဖြင့် မွေးဖွားလာသကဲ့သို့ဖြစ်နေသည်။
ထို့ပြင် ယင်းသည် အနည်းငယ်မျှ မတိမ်းစောင်းသော တာအိုနှလုံးသားလည်းဖြစ်ပြန်ပါသည်။လွန်
စွာအစွမ်းထက်သည် အလောင်းကောင် နှင့် ရင်ဆိုင်တွေ့နေရသည်ပင် ဖြစ်လင့်ကစား သူ့၌ ကြောက်
ရွံ့မှုဟူ၍ နည်းနည်းမျှမရှိ။

လုံချန်သည် ၎င်းထက် ဆယ်ဆခန့် အဆင့်မြင့်သော ရန်သူများထံမှ အကြိမ်တိုင်း မည်သို့ လွတ်မြောက်
လာခဲ့သည်ကို ယခုမှပင် တုဖုန်းက သဘောပေါက်သွားသည်။ဤလောက၌ တိုက်ဆိုင်မှုဟူသည် မရှိ
ပါချေ။

သူတို့ စိတ်ကူးထားသည်ထက်ပင် ပို၍ ပြင်းထန်သော ဤကြောက်မက်ဖွယ်တိုက်ပွဲကြီးကိုမြင်သည်တွင်
လူတိုင်းမှာ လွန်စွာ အံ့အားသင့်ကြရသည်။နောက်ဆုံး၌ သူတို့သည် မဟာပါရမီ့ရှင်ဆိုသည်မှာ ဘာ
ဆိုတာကို သဘောပေါက်ခဲ့ကြပါ၏။

အကယ်၍ လီရှင်းရှောင်နှင့်အခြားသူများက မဟာပါရမီ့ရှင်များဖြစ်ကြသည်ဆိုလျှင် လုံချန်သည် မဟာ
ပါရမီ့ရှင်များကြားမှ မဟာပါရမီ့ရှင်သာဖြစ်သည်။သူသည် တစ်နာရီကျော်ခန့် ဆက်တိုက် တိုက်ခိုက်နေ
သည့်တိုင် တိုက်ခိုက်နိုင်စွမ်းမှာ နည်းနည်းလေးမှ ကျဆင်းသွားခြင်းမရှိပေ။အမှန်တွင် တဖြည်းဖြည်း ပို
၍ အစွမ်းထက်လာသည်ဟု ပင် ထင်ရသည်။

ထန်၀မ်အာနှင့် ယဲ့ထင်းချုံတို့၏ အကူအညီပါ ပါသော် ကွေ့ရှာမှာ နောက်သုိ့ တဖြည်းဖြည်းဆုတ်လာ
ရတော့သည်။လူတိုင်းသည် ဤတိုက်ပွဲမှာ ပြီးဆုံးရန် အလွန်နီးကပ်လာပြီဟု တွေးကြသည့်အချိန်တွင်
အော်ဟစ်လိုက်သံ တစ်သံထွက်လာ၏။

"ခွေးကောင်တွေ မင်းတို့အကုန်လုံးငါ့အတွက်သေရမယ်  ဝိညာဉ်တစ်သောင်း လောင်မြှိုက်ခြင်း"

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(172)မျိုးဆက်သင်္ကေတ ပေါ်ပေါက်လာခြင်း

"ဝိညာဉ် တစ်သောင်း လောင်မြိုက်စမ်း" ကွေ့ရှာကကြုံးဝါးလိုက်သည်။ထိုခဏတွင် သူ၏ ခန္ဓာကိုယ်
ပတ်လည်၌ ဖြစ်ပေါ်လျှက်ရှိသော အနက်ရောင်မြူခိုးများသည် ပျောက်ကွယ်သွားခဲ့ပြီး မျဉ်းကြောင်းများ
ပေါ်ပေါက်လာခဲ့၏။ဆိုးဝါးရက်စက်သော မိစ္ဆာ၏ အော်ရာသည် ကောင်းကင်ထက်သို့ ထိုးတက်သွား
ခဲ့သည်။

မလှမ်းမကမ်းမှ ကြည့်နေသော လူအုပ်မှာ လွန်မင်းစွာ ကြောက်လန့်ကြသည်။ယင်းက များစွာသော
မိစ္ဆာတို့၏ ဝိညာဉ်များသည် ၎င်းတို့အားဆွဲခေါ်ရန်  လာနေသည်ကဲ့သို့ ဖြစ်နေသည်။

"ဘာတွေဖြစ်ကုန်တာလည်း ... အင်းကွက်ကနေချုပ်ထားတာ လွတ်သွားပြီလား" အကြီးအကဲများပင်
အတော် ထိတ်လန့်သွားမိကြ၏။

ဤအလောင်းများ၏ ခန္ဓာကိုယ်ထဲသို့ အစီအရင်များဖြင့် ဝိညာဉ်များထည့်သွင်းခဲ့ကြသူများသည် သူတို့
ဂိုဏ်းချုပ်နှင့် အဆင့်တူ သိုင်းအဓိပတိကြီးများဖြစ်ကြ၏။လွန်ခဲ့သော နှစ်ထောင်းပေါင်းများစွာမှစ၍ သည်
ကဲ့သို့ အဖြစ်မျိုးတစ်ကြိမ်မှ မဖြစ်ခဲ့ဖူးချေ။သူ၏ စိတ္တစွမ်းအင်သည် အလွန့်အလွန်သေးငယ်သည် အစိတ်
အပိုင်းမျှသာဖြစ်သော်လည်း အလောင်းကောင် ခန္ဓာကိုယ်မှ ထွက်ခွာနိုင်ခြင်းသည် မယုံနိုင်လောက်
အောင် ထိတ်လန့်စရာဖြစ်ခဲ့ပါသည်။

"သူ့ရဲ့ဝိညာဉ်ကို ပြန်ပြီး လောင်မြိုက်စေလိုက်တာက ငါတို့ချုပ်ထားတဲ့အင်းကွက်ကို တွန်းလှန်နိုင်စွမ်း
ရှိသွားတယ် သူ့ကို ပြန်ဖမ်းထားလိုက်ကြမလား" အကြီးအကဲတစ်ယောက်က မေး၏။

အခြေအနေသည် သူတို့ထင်မှတ်ထားသည်ထက် ကျော်လွန်နေသည်။ကွေ့ရှာသည် သူ၏ အသက်ကို
ပင် ဂရုစိုက်ဟန်မရှိတော့ပဲ ရှိသမျှ အစွမ်းများကို အစွမ်းကုန်ထုတ်သုံးချေပြီ။အင်းကွက် သည် သူ့
ကို ဖမ်းထားတုန်းပင်ရှိသေးသည်။အကယ်၍ အင်းကွက်၏ အစွမ်းတန်ခိုးကိုထပ်၍ မြှင့်လျှင် အခြားအ
ဆင့်တစ်ခုသို့ ရောက်သွားပြီ ဖြစ်သောကြောင့် ကွေ့ရှာမှာ ပွဲချင်းပြီးသေသွားလိမ့်မည်။

"မင်းတို့အကုန်လုံးသူတို့ကို ကယ်ဖို့ပြင်ထားကြချေ" တုဖုန်းက အမိန့်ပေး၏။

ဤအခြေအနေသည် သူ၏ ခန့်မှန်းချက်ထက်ကျော်လွန်၍ ဆိုးရွားလာခဲ့မည်ဆိုလျှင် သူသည် ယခု
စမ်းသပ်ပွဲကို အဆုံးသတ်မည်ဖြစ်သည်။သို့သော် လုံချန်၌ ဝှက်ဖဲများရှိနေသေးသည်ဟု တုဖုန်းက
အစဉ် ခံစားနေခဲ့ရသည်။

ဗလာနယ်သည် စဉ်ဆက်မပြတ် တုန်ခါနေသလို မြေကြီးသည်လည်း သွက်သွက်ခါအောင် တုန်
လှုပ်နေသည်။ဝဲကတော့ထိုး၍ တရွှီရွှီ လည်ပတ်နေသော လေထုကြောင့် ကြည့်နေကြသော
လူအုပ်မှာ ကြောက်ရွံ့လှချေပြီ။အဝေးမှကြည့်နေသူများအနေဖြင့် အောက်လမ်းဂိုဏ်းသားများသည်
မည်မျှပင် အင်အားကြီးမားသည် ဖြစ်စေ  လုံချန်တို့အား  ထိခိုက်စေရန် အကြီးအကဲများက ခွင့်ပြု
မည်မဟုတ်ကြောင်း ကောင်းကောင်းသိကြသည်။

ယင်းသို့ ဖြစ်သည့်တိုင်အောင် အသည်းနှလုံးကြားမှ စိမ့်၍  ကြောက်နေသော စိတ်ကိုမူ ၎င်းတို့
သည်မည်သို့မျှ ဖျောက်ဖျက်၍ မရကြပါချေ။လူအုပ်မှာ နောက်သို့တစ်လှမ်းဆုတ်လိုက်ကြသည်။
လူအုပ်ထဲမှ အချို့သူများဆိုလျှင် ချွေးများပင်ပြန်၍  မျက်နှာများမှာ ဖြူဖျော့နေကြ၏။

လုံချန်လည်း ကွေ့ရှာ၏ ပုံစံကိုကြည့်ကာ အံ့အားသင့်မိသည်။သူသည် သူ၏ ဓားကောက်ကြီးတွင်
စိတ်ကို စူးစိုက်ထားလိုက်သည်။ထန်၀မ်အာနှင့် ယဲ့ထင်းချုံတို့မှာမူ သူ၏ ဆန့်ကျင်ဘက်၌ ရှိနေပြီး
ကွေ့ရှာ၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်လျှက်ရှိသည်။သူမတို့နှစ်ယောက်၏ မျက်နှာများ
မှာ အနည်းငယ် ဖြူဖျော့နေကြသည်။

ယခုလို နီးနီးကပ်ကပ် အနေအထား၌ မိစ္ဆာအငွေ့အသက်များက သူမတို့၏ စိတ်နှလုံးကို လာရောက်
ရိုက်ခတ်လျှက် ရှိရာ မည်သို့ပင် စိတ်ဓာတ်မာကျောသော်လည်း ကြောက်ရွံ့စိတ်များ၀င်နေလေသည်။

"သတိထား ဒီကောင်က လူ့အသက်ပေါင်းများစွာကို သတ်ပစ်ခဲ့ပြီးပြီ သူ့ရဲ့ခန္ဓာကိုယ်မှာ သေခြင်းတရား
ရဲ့ အလွန်အင်အားကြီးတဲ့အငွေ့အသက်တွေနဲ့ လူတွေရဲ့ အမျက်ဒေါသတွေစုနေတယ်"

"သူ..သေသွားကတည်းက ဒီ အမျက်ဒေါသတွေ .. သေခြင်းတရားရဲ့ အငွေ့အသက်တွေဟာ သူ့ရဲ့
၀ိညာဉ်မှာ ပေါင်းစပ်သွားတယ် ဒီလိုပုံသဏ္ဍန်မဲ့တဲ့ စွမ်းအားတစ်ရပ်က မင်းတို့နှစ်ယောက်ရဲ့ စိတ်ကို
တိုက်ခိုက်လိမ့်မယ်"

"ဒါပေမယ့်...ဒါဟာ မင်းတို့အတွက် အလွန်အမင်း ရှားပါးတဲ့အခွင့်အရေးပဲ ဒီအခွင့်အရေးကို အသုံး
ချပြီး...မင်းတို့ရဲ့ စိတ္တစွမ်းအား နဲ့ တာအို နှလုံးသားကို ခိုင်မာလာအောင်ပြုပြင်ကြပါ' လုံချန်ကပြော
သည်။

ထန်၀မ်အာနှင့် ယဲ့ထင်းချုံတို့၏ ကြောက်ရွံ့မှုများ အတော်အတန်လျှော့ပါးသွားကြ၏။အစောပိုင်းက
မည်သို့ ပြောရမည်မသိသော အင်အားတစ်ရပ်ကို သူမတို့ကြောက်လန့်နေမိခဲ့သော်လည်း ယခုမူ
လုံချန်၏ ရှင်းပြမှုကြောင့် ကြောက်ရွံ့စိတ်များ များစွာသက်သာလျှော့ပါးသွားရတော့သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်မိကြသည်။လုံချန်ကို သူမတို့
အတော် လေးစားမိကြပါ၏။သူသည် ပုံမှန်အချိန်ဆိုလျှင် မျက်နှာပြောင်တတ်သော ငပြောင်
လေး တစ်ယောက်သာဖြစ်သော်လည်း အရေးကြီးသည့်အချိန်များ၌ အမှန်တစ်ကယ် အားကိုး
အားထားပြုထိုက်သူ ဖြစ်သည်။

"ခီးခီးခီးခီး"

ကွေ့ရှာ၏ ရယ်သံက သူတို့၏ နားထဲသို့ ပိုးကောင်၊မွှားကောင်များ သွားနေသည့်ပမာ ခံရခက်စွာ
တိုး၀င်လာသည်။

"ခွေးကောင်လေး မင်းက ငါ့ကို လှည့်စားဝံ့တယ်.... ဒီလောက်အရှုံးကြီးရှုံးတာမျိုး ငါ့ဘ၀မှာတစ်ခါမှ
မခံစားဖူးသေဘူး  အခုတော့...မင်း..သေပေတော့"

ထိုအချိန်၌ ကွေ့ရှာ၏ ခန္ဓာကိုယ်တွင် ကင်းမြီးကောက်များနှင့် တူသော ထူးဆန်းသည် မျဉ်းကြောင်း
များဖြင့် ပြည့်နှက်လာသည်။သူသည် လုံချန်ကို လက်ဝါးဖြင့်လှမ်းရိုက်လိုက်၏။လုံချန်မှာ အနည်းငယ်
မျှ မပေါ့ဆရဲ ပဲ သူ၏ ဓားကောက်ဖြင့် အဆိုပါလက်ဝါးကို ခုခံလိုက်ရသည်။

၀ုန်း...

သူ၏ ဓားကောက်သည် စတီးပြားတစ်ခုကို ခုတ်မိသလိုဖြစ်သွား၏။လုံချန်မှာ နောက်ကို လွင့်ထွက်
သွားကာ သွေးများ ဝေါ့ကနဲထိုးအန်သည်။ယခင်က လုံချန်သည် ကွေ့ရှာနှင့်လက်ရည်တူ တိုက်
ခိုက်နိုင်ခဲ့သည်။ယခုမူကွေ့ရှာ၏ လက်တစ်ချက်နှင့်ပင် ဒဏ်ရာ ရသွားခဲ့ရာ လူများကို များစွာထိတ်
လန့်သွားစေသည်။

သည်အလောင်းကောင်သည်  မည်မျှ အစွမ်းထက်မြက်သနည်း။ထန်၀မ်အာနှင့် ယဲ့ထင်းချုံမှာ များ
စွာထိတ်လန့်သွားမိကြကာ ဓားကိုယ်စီနှင့် ၀င်ပိုင်းကြသည်။ထိုဓားရှည်ကြီးများသည် မီတာရာပေါင်း
များစွာရှည်သည်။သို့သော် ကွေ့ရှာ၏ ရှေ့သို့ရောက်သည်တွင် တန့်ကနဲ ရပ်ကုန်ကြသည်။

ကင်းမြီးကောက်များဖြင့်တူသော မျဉ်းကြောင်းများဖြင့်ပြည့်နေသည့် လက်အမဲ ကြီးနှစ်ဖက်က ဓားရှည်
ကြီးနှစ်ချောင်း ကို မြဲမြံစွာ ကိုင်ထားလိုက်ခြင်းကြောင့်ဖြစ်၏။ခပ်တိုးတိုး ကြုံးဝါးသံနှင့်အတူ ထန်၀မ်အာ
နှင့် ယဲ့ထင်းချုံတို့၏ စွမ်းအင်များမှ ဖြစ်ပေါ်လာသော ဓားကြီးနှစ်ချောင်းမှာ ပျောက်ကွယ်သွားတော့
သည်။

ရေခဲအမှုန်အမွှားများသည် ကောင်းကင်ထက်မှ ကျဆင်းလာ၏။မဟာပါရမီ့ရှင်နှစ်ဦး၏ အင်အားအကုန်
အသုံးပြု၍ တိုက်ခိုက်မှုသည် ကွေ့ရှာအတွက် မည်သို့မျှ မဖြစ်သလိုဖြစ်နေသည်။

"သေစမ်း" ကွေ့ရှာက သူ၏ လက်ဝါးများကိုရုတ်တရက် တွန်းထုတ်လိုက်တဲ့ အချိန်မှာ အလွန်ပြင်းထန်
တဲ့လေလှိုင်းကြီးတွေတိုက်ခတ်လာသည်။ထိုလေလှိုင်းများ သူမ တို့နှစ်ယောက်ထံ မရောက်ခင်တွင်
ဆူနာမီကဲ့သို့ ပြင်းထန်သော စွမ်းအင်များ၏ တိုက်ခိုက်မှုကို ဦးစွာ ကြုံတွေ့ကြရ၏။

ကွေ့ရှာ၏ တိုက်ခိုက်မှုသည်လွန်စွာလျှင်မြန်လှခြင်းကြောင့် သူမတို့အနေနှင့်  ရှောင်ချိန်မရ
လိုက်။သေဘေးသည် နီးကပ်လာပြီဆိုသည်ကို သူမတို့အာရုံခံခဲ့မိကြ၏။ဤ တိုက်ခိုက်မှုကို
မတားဆီးနိုင်လျှင် သူမတုိ့ ကျိန်းသေ အသက်ပျောက်သွားကြလိမ့်မည်။

ထန်၀မ်အာ၏ မျက်နှာ၌ ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုပေါ်လာခဲ့သည်။သူမသည် မုဒြာသေင်္ကတစ်
မျိုးကို လုပ်၏။သူမ၏ မျက်ခုံးနှစ်ခုကြားတည့်တည့် ၌ ခပ်ဝါးဝါးပုံရိပ်တစ်ခု ပေါ်လာသည်။ထိုပုံရိပ်ပေါ်
လာသည်တွင် မရေမတွက်နိုင်အောင်များပြားသော လေဓားများသည် သူမ၏ ခန္ဓာကိုယ်အား အဆတ်
မပြတ် လှည့်ပတ်လာခဲ့ကြ၏။

ထိုလေဓားများစုပေါင်းသွားသည်နှင့် မီတာတစ်ရာကျော်ရှည်သည့် ဧရာမ လေဓားကြီးတစ်စင်းဖြစ်သွား
ခဲ့၏။တစ်ချိန်တည်း၌ပင် ယဲ့ထင်းချုံကလည်း သူမ၏ ရေခဲချီစွမ်းအင်များကို လှည့်ပတ်လျှက်ရှိရာသူမ
၏ မျက်ခုံးနှစ်ခုကြားတွင် သင်္ကေတ တစ်ခုပေါ်လာပြန်သည်။

ထို့နောက် သူမ၏ လက် ထဲ၌ ရေခဲဓားတစ်စင်းပေါ်လာကာ လောကကြီးတစ်ခုလုံး နှေးကွေးသွား
သကဲ့သို့ထင်ရ၏။လောကကြီး၌ အသံများဆိတ်သုဉ်းသွား၏။ထိုလောကကြီးတွင် လွန်မင်းစွာကြောက်
မက်ဖွယ်ကောင်းသည့်ချီဓာတ်ကြီးသာ ကျန်ခဲ့လေသည်။

"ကောင်းလိုက်တာ"

တုဖုန်းသည် ၎င်းတို့၏ တိုက်ပွဲကို ဘေးမှ တစ်ချိန်လုံးအကဲခတ်နေခဲ့သည်။သေခြင်းတရား နှင့် ရှင်
ခြင်းတရားသည် မျဉ်းကြောင်းတစ်ကြောင်း၏ ဟိုဘက် သည် ဘက်ဖြစ်လာသည့်အခါတွင် သူမတို့
၏ မျိုးဆက်သင်္ကေတ များ နိုးထလာခြင်းဖြစ်သည်။ယင်းသည် သူမတို့၏ အနာဂါတ်ကျင့်ကြံမှု လမ်း
ကြောင်းမှာ ပို၍ မြင့်သော အဆင့်များသို့ သွားနိုင်တော့မည်ကို ပြသသည်။

မျိုးဆက်သင်္ကေတကား လွန်စွာအစွမ်းထက်သည့် သိုင်းထိပ်သီး ဘိုး၊ဘေး များထံမှ အမွေဆက်ခံ
ရရှိသည့် စွမ်းရည်တစ်ခုဖြစ်၏။ယင်းသည် ၎င်းတို့၏ သားစဉ်မြေးမြစ်အတွက် ချန်ထားရစ်ခဲ့သော
အလွန်အဘိုးတန်သည့်အမွေအနှစ်လည်း ဖြစ်ပါသည်။ထိုစွမ်းရည်သည် မျိုးဆက် အဆက်ဆက်သို့
လက်ဆင့်ကမ်းသွားလေ့ရှိသည်။

သို့ရာတွင် မျိုးဆက်သွေးသည် အချိန်ကြာလာသည်နှင့်အမျှ ကျဲပါးလာရပြီးလျှင် ထိုစွမ်းရည်သည်လည်း
မှိန်ဖျော့လာရတော့သည်။အကယ်၍ မျိုးဆက်ပေါင်းများစွာ ဖြတ်ကျော်၍ ထို သင်္ကေတ မနိုးထ
လာခဲ့သော် ယင်းစွမ်းရည်မှာ အပြီးတိုင် ပျောက်ကွယ်သွားတတ်ပေသည်။

ယင်းသေင်္ကနိုးထလာမှုကား ဘိုးဘွား အမှတ်အသား ပြန်လည်ရှင်သန်ခြင်းဖြစ်သည်။မိန်းမလှကလေးနှစ်
ယောက်၏ နဖူးမှ အမှတ်အသားများသည်  မျိုးဆက်သင်္ကေတများပင်ဖြစ်သည်။ယင်း သေင်္ကပြန်လည်နိုး
ထလာရန်မှာ လွန်စွာခက်ခဲလေသည်။ပြောကြသည်မှာ လူတစ်ဦးသည် အသက်အန္တာရာယ်နှင့်ကြုံ၍
သေဘေးနှင့် လက်တစ်ဖျား လောက်အလိုတွင်မှသာ ယင်းအမှတ်အသား ပြန်လည်နိုးထားလာရန် အခွင့်
အရေးအနည်းငယ် ရှိသည်ဟုဖြစ်သည်။

ယင်းသည် အလွန့်အလွန်နည်းပါသည့် အခွင့်အရေးဖြစ်သည်။ဘိုးဘေး များထံမှ  စွမ်းအင်အမွေဆက်
ခံလာသည့် မဟာပါရမီ့ရှင် များသည်ပင် သာမာန်အားဖြင့် နည်းပါးလှချေရာ မည်သည့် မိသားစုကြီး
များကမှ ၎င်းတို့၏ မဟာပါရမီ့ရှင်များအား သေဘေးနှင့်တွေ့ကြုံစေပြီး မျိုးဆက် သင်င်္ကေတ နိုးထ
လာစေရန် ကြိုးစားကြလိမ့်မည်မဟုတ်ပေ။

ဤသို့ဖြင့် များစွာသော အင်အားကြီးမိသားစုကြီးများမှ ပါရမီရှင်များသည် တစ်ဖြေးဖြေးဖြင့် ယင်းစွမ်း
ရည်လည်းကွယ်ပျောက်သွားခဲ့ရလေတော့သည်။အဘယ်ကြောင့်ဆိုသော် အချိန်နှောင်းမှ နိုးထလာ
သော မျိုးဆက် သင်္ကေတဟူ၍ မရှိသလောက် ဖြစ်ခြင်းကြောင့် ဖြစ်၏။

လောကီလူသားတို့၏ လောက၌ ချမ်းသာကြွယ်၀မှုသည် မျိုးဆက် သုံးဆက်စလုံး ထိုင်စား၍ မည်
သည့်အခါမျှမရဟုပြောကြလေ့ရှိသည်။အကြောင်းမှာ နောက်မျိုးဆက်များအသုံးမကျလျှင် အစ၌
မည်မျှ ချမ်းသာသည်ဖြစ်စေ ချမ်းသာကြွယ်၀မှုက တစ်ဖြည်းဖြည်းလျှော့ပါးသွားတတ်ခြင်းကြောင့်ဖြစ်
၏။

ကျင့်ကြံခြင်းလောက၌လည်း ထို့အတူပင်ဖြစ်ရာ အကယ်၍ မျိုးဆက်တစ်ရာအတွင်း မျိုးဆက်အမှတ်
အသား မနိုးထလာခဲ့လျှင် နောင်မျိုးဆက်များ၌ ယင်းသင်္ကေသ သည် လုံး၀ကွယ်ပျောက်သွားလိမ့်
မည်ဖြစ်သည်။ထို့ကြောင့် ရွှမ်းရှင်သည် ထိုအမှတ်အသား နိုးထလာအောင် လှုံ့ဆော်ပေးရန် နည်း
အမျိုးမျိုးစဉ်းစားခဲ့ရာ အသေ အကြေ တိုက်ခိုက်မှုများလည်း ပါ၀င်လေသည်။သို့သော် လွန်ခဲ့သည့်နှစ်
များစွာအတွင်း နိုးထလာသူမှာ လွန်စွာ ရှားပါးခဲ့၏။

တုဖုန်း မှတ်မိသမျှ ဆိုလျှင် နှစ်ရာပေါင်းများစွာအတွင်း၌ တစ်ယောက်သာရှိခဲ့ပါ၏။သို့သော် ယခုအခါ
တွင်မူ တပည့်နှစ်ယောက်က မျိုးဆက်အမှတ်အသား နိုးထလာချေပြီ။သူမပျော် ပဲ မည်သို့ နေနိုင်ပါမည်
နည်း။မျိုးဆက်အမှတ်အသားတစ်ခု နိုးထလာရန်ကား လွန်စွာခက်ခဲလှပါသည်။

၀ုန်း.....

ထန်၀မ်အာကော ယဲ့ထင်းချုံပါ မျိုးဆက်အမှတ်အသားများ နိုးထလာကြသည်။ထန်၀မ်အာ၏ လေဓား
နှင့် ယဲ့ထင်းချုံ၏ ရေခဲဓားသည် ကွေ့ရှာထံပြေး၀င်သွားကြသည်။စွမ်းအင်သုံးခု ပေါင်းစည်းမိသည်တွင်
၀ုန်းကနဲ ပေါက်ကွဲသံကြီးထွက်လာ၏။မြေပြင်သည် သွက်သွက်ခါအောင် တုန်လှုပ်သွား၏။

လေသည် တော်လည်းသံကြီးကဲ့သို့ တဟဲဟဲ မြည်၍ တိုက်ခတ်လာရာ အတော်ဝေးဝေးမှ ရပ်ကြည့်
နေကြသော လူအုပ်ပင် ရပ်၍ မရတော့ပဲ နောက်သို့ ဆက်တိုက်ဆုတ်နေကြရ၏။

"ကြောက်ဖို့ကောင်းလိုက်တာ"

"ဘယ်လို တိုက်ခိုက်မှုမျိုးပါလိမ့််"

"ဒါက သွေးနှောအဆင့် ရောက်နေသူတစ်ယောက်ရဲ့တိုက်ခိုက်မှုကောဟုတ်ရဲ့လား"

ယင်းသည် သွေးနှောအဆင့်၌ ပင် ရှိနေသော်လည်း ထိုသို့သော တိုက်ခိုက်မှုသည် သူတို့ထင်မှတ်
ထားသည်ထက် ပြင်းထန်လွန်း၍ ကွားခြားချက်သည် လွန်စွာကြီးမားနေသည်။ထိုတိုက်ခိုက်မှုကိုထား
၍ ယင်းတိုက်မှုအနီးသို့ သူတို့သာ ရောက်သွားခဲ့ပါမူ ကျိန်းသေပေါက် တစ်စစီဖြစ်သွားလိမ့်မည်။

၀ုန်းကနဲအသံကြီး ကြားရအပြီးတွင် ကြောက်မက်ဖွယ်ရာ ချီလှိုင်း၏ ရိုက်ခတ်မှုကြောင့် ထန်၀မ်
အာနှင့် ယဲ့ထင်းချုံတို့ လွင့်စင် လာကြလေသည်။သူမတို့သည် မသိစိတ်ဖြင့် မျိုးဆက်အမှတ်အသားကို
နိုးထလာစေခဲ့သောကြောင့် သူမတို့၏ ခွန်အားသည် နယ်ပယ် အသစ်တစ်ခု သို့ရောက်ရှိသွားခဲ့သည်။

သို့သော် ထိုစွမ်းအင်များကို မည်သို့ အသုံးချရမည်ကို သူမတို့မသိချေ။ယခုတိုက်ခိုက်မှုတစ်ခုကပင်
သူမတို့၏ ချီစွမ်းအင်များကို အကုန်အစင် အသုံးပြုမိလျှက်သားဖြစ်နေသည်။သူတို့၏ အားအင်နည်း
ပါးသော ခန္ဓာကိုယ်ကို ကာကွယ်နိုင်ရန် ချီဓာတ်လုံလုံ လောက်လောက်မရှိလျှင် နောက်ထပ်တိုက်
ခိုက်ရန် မဖြစ်နိုင်တော့ပေ။

"သေပေတော့"

ဧရာမ လက်ဝါးကြီးတစ်ခုက သူမတို့နှစ်ယောက်ပေါ်ကျလာသည်။ဤလက်ဝါးဖြင့် တိုက်ရိုက်ထိမိလျှင်
သူတို့ နှစ်ယောက် ကျိန်းသေပေါက်သေသွားမည်မှာ သံသယပင် ၀င်စရာမလိုချေ။လူအုပ်ကြီးမှ ကြောက်
လန့်တကြားအော်သံများထွက်လာ၏။အချို့သူများမှာ မြင်ကွင်းကို မကြည့်ဝံ့တော့ဟန်ဖြင့် မျက်စိကိုယ်
စီမှိတ်ထားလိုက်ကြသည်။

"လေခွင်းဓားး"

ဧရာမ လက်ဝါးအရိပ်ကြီးကို ဓားကောက်ကြီးတစ်ခုက ခုတ်ချလိုက်သည်။

အုန်းကနဲ အသံကြီးနှင့်အတူ ဖုန်များ၊သဲများ လှိုက်ကနဲ တက်လာ၏။ဖုန်များ အတွင်းမှ လူရိပ်တစ်ရိပ်
ပျံသန်းလာသည်ကို မြင်ကြရသည်။ထိုသူမှာ မောပန်းနေပြီဖြစ်သော ယဲ့ထင်းချုံနှင့် ထန်၀မ်အာကိုချီ
၍ ပျံသန်းလာသည့် လုံချန်ဖြစ်သည်။

"လုံချန် ထားလိုက်တော့ ကျွန်မတို့က သူ့ပြိုင်ဘက်မဟုတ်ဘူး  သူက သိပ်အစွမ်းထက်လွန်း
တယ်" ထန်၀မ်အာသည် ၀မ်းနည်းသံကလေးဖြင့် သူ့ကို တိတ်စိတ်စွာအကြံပေးသည်။

သူမတို့အနေဖြင့် မိမိတို့ကိုယ်မိမိတို့ အထင်ကြီးမိကြသလို ပြိုင်ဘက်ကိုလည်း လျှော့တွက်ခဲ့မိကြသည်။
ဤကဲ့သို့ မဖြစ်နိုင်သော စမ်းသပ်မှုတစ်ခုကြောင့် လုံချန် ကို သူမ မသေစေချင်ပေ။လုံချန်က သူမတို့
နှစ်ယောက်ကို မြေပြင်ထက်သို့ အသာအယာ ချပြီး ခပ်ဖွဖွပြုံးသည်။ယင်းအပြုံးကြောင့် မိန်းမလှလေး
နှစ်ဦး၏ ရင်များ နွေးထွေးသွားရသည်။

"မင်းတို့နှစ်ယောက် ဒီ က ကြည့်နေ ကြ ကျုပ်တစ်ယောက်ပဲ တိုက်မယ်"

ဓားကောက်ကြီးကို ပုခုံးထက်၌ တင်၍ လုံချန်သည် ကွေ့ရှာ၏ ရှေ့သို့ လူအများ၏ လွန်စွာထိတ်လန့်နေ
သောအကြည့်များအောက်၌ လျှောက်သွားခဲ့ပါသည်။

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(173)အလင်းစက်ကွင်း ပြန်လည် ပေါ်ပေါက်ခြင်း

ဓားကောက်တစ်ချောင်း နှင့် လူတစ်ယောက်...

လောက တစ်ခုလုံးတွင် ထိုလူတစ်ယောက်သာ ရှိသည်ဟုထင်ရသည်။လူတိုင်းက ထိုလူကို စိုက်ကြည့်
နေကြ၏။ထိုမြင်ကွင်းကား ၎င်းတို့၏ စိတ်၌ မှတ်ကျောက်တင်လိုက်သကဲ့သို့ရှိရာ မည်သည့်အခါမျှ
မေ့လို့ရမည်မဟုတ်တော့။၎င်းတို့ တစ်ချိန် အသက်အရွယ်ကြီးလာသည့်အခါတွင် ဤတိုက်ပွဲအကြောင်း
ကို ၎င်းတို့၏ သားစဉ်မြေးမြစ်များအား ပြန်လည်း ပြောပြကြလိမ့်ဦးမည်သာဖြစ်သည်။

"ခီး.ခီး..ခီး..ခီး...မင်းရဲ့ ဒေါသကို ငါ ခံစားလို့ရတယ် ဒါပေမယ့် မင်းရဲ့အကြောက်တရားကို တော့ ငါ
ခံစားလို့မရဘူး...မင်းက ငါနဲ့တိုက်ခိုက်နိုင်မယ်လို့ယုံကြည်လား" ကွေ့ရှာသည် ကောက်ကျစ်ဟန်ဖြင့်
ရယ်သည်။

"မိစ္ဆာကြီး...ဒီလောက်နှစ်ပေါင်းများစွာကြာအောင် နေလာခဲ့ပြီးမှ သိုင်းသမားတစ်ယောက်ရဲ့ ခွန်အားရင်း
မြစ်ဟာ ဘာဆိုတာခင်ဗျားမသိဘူးလား" လုံချန်က ကွေ့ရှာ၏ အရှေ့သို့ အတော်နီးအောင် လျှောက်သွား
ကာ လှောင်သည်။

"ဒါဆိုလည်း .. ဘာဆိုတာ ကို မင်းပြောလေ" ကွေ့ရှာက မထီမဲ့မြင်ဖြင့်ပြန်ပြောသည်။သူ့အားချုပ်နှောင်
ထားသည့် အင်းကွက်ကို သူဆန္ဒရှိလျှင် ကြိုက်သည့်အချိန်၌ ဖျက်ဆီး လိုက်နိုင်ကြောင်းကွေ့ရှာသိသည်။
သို့သော် ပထမဦးဆုံးအနေနှင့် ဓားစာခံတစ်ဦးလိုချင်သေးသည်။ယင်းသည် လုံချန်ပင် ဖြစ်လိမ့်မည်။သူ
သည် အခွင့်ကောင်းကို စောင့်နေခြင်းဖြစ်၏။

လုံချန်က မထီမဲ့မြင်ဟန်ဖြင့်ပြောသည်။

"သိုင်းသမားတစ်ယောက်ရဲ့ အကြီးမားဆုံး ခွန်အားဟာ သူတို့ရဲ့ ပါရမီ .. စိတ်ဓာတ်..နဲ့ အခြားသိုင်းပညာ
တွေမဟုတ်ဘူး.. တစ်ကယ်တော့  ကာကွယ်ချင်တဲ့ဆန္ဒပဲ"

"သိုင်းသမားတစ်ယောက်ဟာ သေဘေးနဲ့ရင်ဆိုင်ရရင် သူ့မှာ မူလကရှိတဲ့ ခွန်အားထက် ဆယ်ဆ
မက သန်မာလာတတ်တယ်... ဒါပေမယ့် ရင်ထဲမှာ ကာကွယ်ပေးရမယ့် တစ်စုံတစ်ရာရှိနေရင် မူ
လခွန်အားထက် အဆတစ်ရာ သန်မာလာလိမ့်မယ်"

"ဒါဟာ ဘာ့ကြောင့်လည်းဆိုတော့ ကျုပ်တို့ သိုင်းသမားတွေဟာ ကျုပ်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်
ကို ကာကွယ်ပေးရမှာမို့လို့ပဲ ကျုပ်တို့အတွက် အရေးကြီးတာတွေကို ကာကွယ်ပေးရဖို့ဆိုရင် ကျုပ်
တို့ရဲ့အသက် အပါအ၀င်  ဘယ်အရာမဆို စွန့်လွတ်နိုင်စွမ်းရှိတယ်...ဒါဟာ အကာအကွယ်ပေးလို
တဲ့ စွမ်းအားပဲ"

လူအုပ်သည် လုံချန်ကို စိုက်ကြည့်နေမိကြသည်။သို့သော်ထန်၀မ်အာနှင့် ယဲ့ထင်းချုံတို့မှာမူ ညာဏ်
အလင်းပွင့်သွားခဲ့ကြ၏။အကြီးအကဲတုဖုန်းသည် ထန်၀မ်အာနှင့် ယဲ့ထင်းချုံတို့ အဘယ့်ကြောင့်
မျိုးဆက်အမှတ်အသားများပေါ် လာခြင်းကို နားလည်သွားခဲ့၏။

မိမိ၏ အပေါင်းအသင်းတစ်ယောက် သေဘေးနှင့် ရင်ဆိုင်နေရသည့်အချိန်၌ သူမတို့၏ အသက်ပင်
အရေးမကြီးတော့။ယင်းသည် သေရေး ရှင်ရေး  နှင့် ကြုံတွေ့နေရသည့် နယ်ပယ်ထက် ကျော်လွန်
သွားပြီဖြစ်ကာ နယ်ပယ် အသစ်တစ်ခုသို့ရောက်သွားပြီဖြစ်၏။

တုဖုန်းက သက်ပြင်းချသည်။လုံချန်သည် ဤအသက်အရွယ်နှင့်ပင် ကျင့်ကြံခြင်းလမ်းစဉ်၏ နက်နဲ
သော ဓမ္မတရားကို နားလည်နေခဲ့သည်။ အကယ်၍ သူသာ မသေလျှင် လောကကို ကိုင်လှုပ်မည့်
သိုင်းအဓိပတိတစ်ဦးဖြစ်လာလိမ့်မည်။ကံမကောင်းစွာဖြင့် ဖန်စန်းများအဖို့ ကံကြမ္မာ ၏ ချမှတ်ထား
သော ပုံစံအောက်တွင်သာ နေထိုင်ရကာ အသက်တိုတတ်၏။

"ခင်ဗျားမှာ ကာကွယ်ဖို့ တစ်ခုခုရှိတဲ့အခါ ခွန်အားတွေတိုးတက်လာမယ်...ခင်ဗျားမှာ ကာကွယ်ဖို့
တစ်ခုခုရှိတဲ့အခါ သေခြင်းတရားကို မကြောက်တော့ဘူး...ခင်ဗျားမှာ ကာကွယ်ဖုိ့ တစ်ခုခုရှိတဲ့
အခါ တာအို နှလုံးသားဟာ ခိုင်မြဲလာပြီး ကျင့်ကြံခြင်းလမ်းကြောင်းပေါ်က ဆူး၊ခလုတ်အမျိုးမျိုးကို
သတ္တိရှိရှိကျော်ဖြတ်နိုင်စွမ်းရှိလာလိမ့်မယ်"

"ခင်ဗျားလို ကိုယ့်နောက်လိုက်တွေကို သိုင်းလေ့ကျင့်စရာ ကိရိယာတွေအဖြစ်အသုံးချတဲ့ အောက်
လမ်းသိုင်းသမားတစ်ယောက်အတွက်တော့ ဒါတွေကို ဘယ်လိုနားလည်မလည်း ဒါ့ကြောင့် ခင်ဗျား
မှာ ကျုပ်ကို လှောင်ပြောင်ဖို့အခွင့်မရှိဘူး..." လုံချန်က ရေခဲတမျှ အေးစက်သည့်လေသံဖြင့်ပြောသည်။

"ဒါက ပေါက်တတ်ကရတွေပဲ... မင်းတို့လို ငတုံးတွေ အထပ်ထပ်ရွတ်ပြတတ်တဲ့ စာအုပ်ကြီးထဲက
စာသားတွေထက်ဘာမှ မပိုဘူး.. ကျင့်ကြံခြင်းလောကမှာအမြင့်ကို ရောက်ဖို့အတွက် တစ်ယောက်
ခေါင်းပေါ်တစ်ယောက် နင်းပြီး တက်မသွားတာ ဘယ်သူရှိလို့လည်း"

"ဒီလောကက အားနည်းသူတွေဟာ အားကြီးသူတွေရဲ့ သားကောင်ဖြစ်နေတဲ့လောကပဲ...
မင်းတို့တွေ့အကုန်လုံး ငါတို့ကို ဝေဖန်စရာမလိုဘူး"

"မင်းရဲ့စကားက  အကျိုးအကြောင်းသင့်တယ်ဆိုရင် ဒီနှစ်ပေါင်းများစွာအတွင်းမှာ မင်းတို့အထက်လမ်း
ဂိုဏ်းသားတွေဟာ အောက်လမ်းဂိုဏ်းတွေရဲ့ စဉ်ဆက်မပြတ်ဖိနှိပ်ခြင်းကို ခံနေရမှာမဟုတ်ဘူး"

ရှေးယခင်ခေတ်များမှစ၍ ယခုအချိန်ထိတိုင် အထက်လမ်းနှင့် အောက်လမ်းဂိုဏ်းသားများသည် အမြဲ
တစေ ဆန့်ကျင့်ဘက်ဖြစ်ခဲ့ကြသည်။ယင်းတို့ကြား စစ်ပွဲများကား မည်သည့်အချိန်မှ ရပ်တန့်သွားသည်
ဟူ၍မရှိပေ။ထိုဘက်နှစ်ဘက်ကလည်း မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းနှင့် ကျိုးကြောင်းဆင်ခြင်မှု
သည်မှန်ကန်သည်ဟု ယူဆကြပြီး အခြားတစ်ဘက်ကို မူ မှားသည်ဟု ယူဆ၏။

ထို့ကြောင့် လုံချန်က အထက်လမ်းဂိုဏ်းများ၏ အယူအဆသဘောတရားကို ပြောသည့်အခါ၌ ကွေ့
ရှာကလည်း ပြန်ပြောခြင်းဖြစ်သည်။ကွေ့ရှာအဖို့ သူ့အား ဒေါသအထွက်စေဆုံးအရာသည် လုံချန်မှ
သူ၏ သိုင်းပညာကို လှည့်ပတ်၍ ယူသွားခြင်းဖြစ်လေသည်။

"သိုင်းသမားတစ်ယောက်ရဲ့ စစ်မှန်တဲ့ခွန်အားကို မင်း မြင်ချင်ရင်ပြရ သေးတာပေါ့"

၀ုန်းးးး .....

လုံချန်၏ အသံသည် လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်သွားစေပြီး ကောင်းကင်ထက်မှ လာသည်
ဟုထင်ရသည်။သူ၏ အသံဆုံးသွားသည့်အချိန်တွင် ကြောက်မက်ဖွယ်ရာ ချီလှိုင်း၏ ရိုက်ခတ်မှု
ကြောင့် မြေပြင်ကား သွက်သွက် ခါအောင် လှုပ်သွားလေ၏။မီတာသုံးရာခန့်မျှ ကြီးမားသော အလင်း
စက်ကွင်းကြီးတစ်ခုသည် လုံချန်၏ ကျောနောက်၌ ပေါ်လာ၏။

လုံချန်၏ ကျောနောက်မှ ထိုအလင်းစက်ကွင်းဖြစ်ပေါ်လာလျှင် မြေပြင်သည်ဆက်တိုက် လှုပ်ခါ
နေ၏။တော်လဲ သံကြီးများ တဟဲဟဲ မြည်ဟီး၍ လေသည် သမုဒ္ဒရာထဲမှ လှိုင်းလုံးကြီးများပမာ လုံ
ချန်ထံသို့ တလိမ့်လိမ့် ပြေး၀င်လာသည်။ထိတ်လန့်တုန်လှုပ်စရာကောင်းသော စွမ်းအင်သည် ကြောက်
မက်ဖွယ် ဖိအားကို ဖြစ်စေရာ လူအချို့မှာ အသက်ရှုရ ခက်ခဲလာပြီး ၎င်းတို့အပေါ် တောင်ကြီး
တစ်တောင် ပိကျလာသည်ဟု ထင်မှတ်ရသည်။

"ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအားပါလား" တုဖုန်း အံ့အားသင့်သွားသည်။လက်ရှိ လုံချန်၏
အစွမ်းသတ္တိသည် သွေးနှောအဆင့်ထက် ကျော်လွန်နေသည်။ယင်းသည် မည်သို့မျှ မနှိုင်းသာ
အောင်ဖြစ်နေ၏။

သူ၏ ကျောနောက်မှ အလင်းစက်ကွင်းသည် မည်သည့်အရာဖြစ်သနည်း။ပတ်၀န်းကျင်မှ ချီဓာတ်များ
ကို မည်သို့လျှင် စဉ်ဆက်မပြတ် စုပ်ယူနိုင်စွမ်းရှိနေပါသနည်း။ယင်းသည် သိုင်းပညာ သို့မဟုတ် သိုင်း
ပညာ၏ အစိတ်အပိုင်းတစ်ခုခု ဖြစ်လေသလား။ထန်၀မ်အာနှင့် ယဲ့ထင်းချုံ တို့လည်း အံ့အားသင့်နေ
ကြပါ၏။ယင်းသည် သူတို့သိထားသည် လုံချန်မှပင် ဟုတ်ပါလေစ။

ထွက်ပေါ်လာသော အလင်းတန်းများကြောင့် သူတို့ အသက်ရှုရန် ခက်ခဲနေသည်။သည်လူသည်ယခင်
ကသူမတို့ သိထားဖူးသည့် င ပြောင် လေး ဖြစ်သည်လား။

ကုရန်သည် လူအုပ်ကြားတွင် ရပ်နေပြီး လုံချန်ကို လေးစားစွာဖြင့်ကြည့်နေသည်။သူသည် လက်သီး
ကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ရပ်တန့်၍ မရတော့မည်ကဲ့သို့ ဖြစ်နေသော သူ၏ ဆရာကို ကြည့်နေ
ခြင်းဖြစ်ပါသည်။အကြီးအကဲအားလုံးသည် လုံချန်ကို အံ့အားသင့်စွာဖြင့် ကြည့်ကြသည်။သို့သော်
အကြီးအကဲများထဲမှ တစ်ဦးမှာ ပထမတွင် လွန်စွာအံ့အားသင့်နေဟန်ရှိကာ အတွေးနက်နေပြီး
နောက်တွင် သူ၏ မျက်၀န်းများ၌ လောဘအရိပ်အယောင် များ ပေါ်ပေါက်လာသည်။

"ကျုပ်နားက လူတွေကို ကာကွယ်ဖို့ ကျုပ်မှာအကြောက်တရားမရှိဘူး...ကျုပ်ရဲ့နှလုံးသားက
ထွန်းလင်းတောက်ပနေပြီး မြင့်မြတ်တဲ့တာအိုက ကျုပ်ကို ဥာဏ်အလင်းဖွင့်ပေးတယ်..ခင်ဗျားလို
မိစ္ဆာအိုကြီး တစ်ယောက်က ဒါကို ဘယ်လိုနားလည်နိုင်မလည်း ကျုပ်ရဲ..ဓားကောက်ကို ခုခံစမ်း"

လုံချန်သည် ရှေ့ကို တစ်လှမ်းတက်လိုက်၏။ဓားအားလှိုင်းသည် ကောင်းကင်သို့ ရွှီးကနဲထိုးတက်
သွားသည်နှင့် တပြိုင်နက် လက်ထဲမှ ဓားကောက်ကြီးသည်တဆတ်ဆတ် တုန်လာကာ
ကောင်းကင်ထက်မှ ချီလှိုင်းသည် ဓားကောက်ကြီးထံ၌ ကျုံ့၀င်၍ စုစည်းသွား၏။

အုန်းးး ....

ဓားကောက်ဖြင့်ခုတ်ချလိုက်လျှင် မြေပြင်၌ မီတာရာနှင့်ချီအောင်  ရှည်လျှားသော စွပ်ကြောင်းကြီး
တစ်ခုဖြစ်ပေါ်လာသည်။ကွေ့ရှာသည် စွပ်ကြောင်းကြီး၏ အဆုံး၌ ရှိနေကာ သူ၏ ရင်ဘတ်မှာ
ဟောင်းလောင်းပေါက်အပေါက်ကြီးတစ်ပေါက် ပေါက်နေလင့်ကစား မည်သည့် သွေးမှ ထွက်မလာ
ပေ။ထိုစွပ်ကြောင်းကြီးကိုကြည့်၍ လူများမှာများစွာထိတ်လန့် ကြသည်။ဤမျှ ပြင်းထန်သည့်
အဖျက်စွမ်းအားသည် ယင်းတို့ စိတ်ကူးဖူးသည်ထက် များစွာကျော်လွန်နေသည်။

အကယ်၍ ယင်းဓားချက်သာ သူတို့ထံသို့ တိုက်ရိုက်ကျရောက်ပါက အသက်ထောင်ချီရှိလျှင်ပင်
လောက်မည်မဟုတ်ပေ။သည်လုံချန်ကား မဟာပါရမီ့ရှင် ဆိုသူများထက်ပင် ပို၍ ကြောက်မက်
ဖွယ်ကောင်းလှသည်။

လီရှင်းရှောင်နှင့် ချီရှင် မှာ မျက်နှာများဆိုးဆိုးရွားရွား ပျက်ကုန်ကြသည်။လုံချန်အပေါ် ပြင်းထန်သော
မနာလိုမှုကို သူတို့ခံစားနေရသည်။သူတို့သည်လည်း မာန်မာန ထောင်လွှားသော ပါရမီရှင်မျာဖြစ်
ပြီး သည်ကဲ့သို့ ဖိနှိပ်ခံရခြင်းသည် ယင်းတို့ကို အမျက်ပြင်းစွာထွက်စေပါသည်။

"ခွေးကောင်.. ဒီအလောင်းကောင်သာ အစုတ်အပြတ်ဖြစ်မနေရင် မင်းကို ငါ  ပါးတစ်ချက်ရိုက်ပြီး
သတ်လိုက်လို့ရတယ်" ကွေ့ရှာက ဒေါသတကြီးဖြင့်ပြောသည်။

သူသည် သိုင်းပညာပေါင်းမြောက်များစွာကို တတ်ကျွမ်းသည့် အောက်လမ်းသိုင်းထိပ်သီးကြီးတစ်ဦး
ဖြစ်သည်။ယခုမူကား  သူ့တွင် ခန္ဓာကိုယ်မရှိသော နာမ်ခန္ဓာဟု ဆိုရမည့် ဝိဥာည်သာ ကြွင်းကျန်
ရစ်ခဲ့သည်။သူအား အင်းကွက်ဖြင့် ချုပ်နှောင်ထားခြင်းက လည်းကောင်း သူ၏ နာမ်ခန္ဓာနှင့် တူညီ
သော အဆင့်မရှိသည့် ရုပ်ခန္ဓာအား ပိုင်ဆိုင်ရ၍ လည်းကောင်း ကွေ့ရှာသည် ဒေါသအပြင်းအထန်
ထွက်နေပါသည်။

"ကျွတ်..ခင်ဗျားကို သောက်ကြွားတစ်ယောက်မှန်းဘယ်သူက သိနိုင်တာမှတ်လို့..ကျုပ်သာခင်ဗျား
လောက် အသက်ရှည်နေနိုင်နေရင် အီးတစ်ချက်ပေါက်တာနဲ့ ခင်ဗျားသေပြီ" လုံချန်က ပြန်
လှောင်၏။

ထန်၀မ်အာနှင့် ယဲ့ထင်းချုံ တို့ တစ်ယောက်ကို တစ်ယောက်ကြည့်မိကြ၏။ သူတို့သိသော ငပြောင်
လေး ပြန်လာပြီနှင့်တူသည်။

"သေစမ်းခွေးကောင်..."

ကွေ့ရှာသည် လုံချန် ထံသို့ ပြေး၀င်သွားလေသည်။သူ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော မျဉ်းကြောင်းများ
သည် အရောင်များပို၍ တောက်ပလာပြီး မိစ္ဆာအော်ရာများမှာလည်း ပို၍ ကြောက်မက်ဖွယ်ကောင်း
လာ၏။

"ခင်ဗျားလို လူမဟုတ် သရဲ မဟုတ် ဘာလိုလို ညာလိုလို အကောင်တောင်  မသေမှတော့ ကျုပ်က
ဘာ့ကြောင့်သေရမှာလည်း"

လုံချန်သည် ဓားကောက်ဖြင့် ဆီး၍ ပိုင်းလိုက်၏။ထိုသို့ဖြင့် သူတို့နှစ်ယောက် နောက်တစ်ကြိမ်တိုက်ခိုက်
ပြန်သည်။သို့သော် သူတို့နှစ်ယောက် တိုက်ခိုက်နေရာမှ သေးငယ်သော အရာလေးများ လွင့်စင်
လာသည်ကို လူအုပ်က ကောင်းကောင်းမြင်နေကြရ၏။

"ဘာတွေလည်း"

"ဒါက...လူတစ်ယောက်ရဲ့ အသားစတွေလိုပဲ"

"ငါသိပြီ အခု လုံချန်ရဲ့ ခွန်အားကို အောက်လမ်းအဖိုးကြီး စီးထားတဲ့ အလောင်းကောင်က
မခံနိုင်တော့တာပဲ" ရုတ်တရက် လူတစ်ယောက်က ပြောသည်။လူတိုင်း ဂရုတစ်စိုက်ကြည့်လျှင်
ထိုသူပြောသည်မှာ မှန်ကြောင်းသိရသည်။ထိုအသားစလေးများမှာကွေ့ရှာ၏ လက်သီးမှ
ပဲ့ထွက်လာသော အသားစများဖြစ်၏။

ထိုအောက်လမ်းသိုင်းသမားများ၏ အလောင်းကောင်များကို ဆေးရည်များတွင် စိမ်ထားခြင်းကြောင့်
ယင်းတို့၏ ခန္ဓာကိုယ်သည် လွန်စွာမာကျောလှပြီး မည်သည့်လက်နက်များနှင့်မှ ထိုး၍ မပေါက်နိုင်ချေ။
အလောင်းကောင်ထဲ၌ ရှိသော ဝိညာဉ်အစွမ်းကိုပါ ထည့်ပေါင်းလျှင် အလောင်းကောင်မှာ မယုံနိုင်
လောက်အောင်မာကျောလာလေသည်။

ယခုမူ ကွေ့ရှာသည် လွန်စွာမောပန်းနေပြီဖြစ်သည်။လုံချန်၏ တိုးပွားလာသော စိတ္တစွမ်းအင်နှင့် အတူ
သိသိသာသာ ကျဆင်းလာပြီဖြစ်သော သူ၏ ခုခံနိုင်မှုတို့ြေကြာင့် လုံချန်၏ တိုက်ခိုက်မှုကို ကြာရှည်စွာ
ခုခံနိုင်ရန် မလွယ်တော့ပေ။

ထန်၀မ်အာနှင့် ယဲ့ထင်းချုံတို့ပျော်ရွှင်သွားကြ၏။အောင်ပွဲသည် တဖြည်းဖြည်းနီးကပ်လာချေပြီ။ပြိုင်
ဘက်၏ စိတ္တစွမ်းအားသည် ကျဆင်းလာသည်နှင့်အမျှ တိုက်ပွဲကို ကြာကြာ တိုက်ခိုက်နိုင်လိမ့်မည်
မဟုတ်တော့ချေ။သူမတို့အနေဖြင့် အောက်လမ်းသိုင်းသမားများကို သတ်ဖြတ်ခဲ့ဖူးပြီဖြစ်သော ကြောင့်
ယင်းမှာအောင်ပွဲရရန် နီးကပ်လာနေသော လက္ခဏာဖြစ်ကြောင်းသိကြသည်။

အလှည့်အပြောင်းများစွာဖြစ်ခဲ့သော်လည်း အဆုံး၌ အောင်ပွဲရဦးမည်ဖြစ်သည်။တုဖုန်းက ခေါင်းငြိမ့်
သည်။လုံချန်သည် ဒဏ္ဍာရီလာ ဖန်စန်းတစ်ယောက် ဖြစ်ထိုက်သည်။သူသည် ရွှမ်ရှင်း၏ အန္တေဝါသိက
ဂိုဏ်း၀င် ဖြစ်လာလျှင် အဆင့် တစ်ခု နှစ်ခု သာ ခုန်တက်သွားမည်မဟုတ်၊ထိပ်ဆုံးနေရာသို့
ရောက်သွားပေလိမ့်မည်။

လုံချန်ကို ရွှမ်ရှင်းသို့ ခေါ်ဆောင်လာမိသည့်အတွက် သူသည် များစွာ စိတ်လှုပ်ရှားမိသလို ၀မ်းလည်း
၀မ်းမြောက်ရသည်။လုံချန်ကို ထိုသို့ အခွင့်အရေးပေခြင်းသည် ရွှမ်ရှင်းကို အခွင့်အရေးပေးခြင်းလည်း
မည်ပါသည်။ထိုသို့ပြည့်စုံသော တိုက်ဆိုင်မှုကား မိုးကောင်ကင်၏ အလိုတော်များ ဖြစ်လေသလား။သူ
မစဉ်းစားတတ်အောင်ဖြစ်မိပါ၏။

ကိုင်ဆွဲထားသော ဓားကောက်သည် တဆတ်ဆတ် တုန်ခါ၍ ချီစွမ်းအင်သည် ကောင်းကင်ထက်သို့
တရှိန်ရှိန်တက်လျှက်ရှိသည်။အလင်းစက်ကွင်း၏ ထောက်ပံ့မှုဖြင့် ချီဓာတ်များ ကုန်ဆုံးသွားမည်ကို
လုံချန်စိတ်မပူရပေ။

ဤနေရာသည် ရွှမ်ရှင်ကျောင်းတော်ဖြစ်ပြီး ချီဓာတ်သည် ဤနေရာ၌ သိပ်သည်းထူထပ်လှသည်။
ရွှမ်ရှင်းတွင် သူ နေသမျှ ကာလပတ်လုံး ဖုန်ဖူ အကာအကွယ်ကိုသာ အသုံးမပြုလျှင် ချီစွမ်းအင်
ကုန်ဆုံးမည်ကို စိတ်မပူရပေ။

ထို့ကြောင့် ကြာလာလေ သူ့အတွက် ပို၍ အခွင့်သာလာလေဖြစ်လေသည်။အဘယ့်ကြောင့် ဆိုသော်
ကွေ့ရှာမှာ သူ့ကဲ့သို့ ချီစွမ်းအင်ကို ပြန်လည် ဖြည့်တင်းနိုင်စွမ်းမရှိချေ။

၀ုန်း.....

လုံချန်၏ ဓားကောက်ကြောင့် ကွေ့ရှာသည် နောက်သို့ အတော်များများဆုတ်သွားရသည်။

ယခုအချိန်၌ သူ၏ လက်သီးမှာ စုတ်ပြတ်သတ်လျှက်ရှိပြီး အရိုးများသာ ကျန်တော့သည်။ချီစွမ်းအင်
ပြန်လည်ဖြည့်တင်းဖို့ သူ့၌ နည်းလမ်းမရှိချေ။ကွေ့ရှာအတွက် အကျပ်ရိုက်ချေပြီ

"ဝိဥာဉ်စားသုံးခြင်း"

ကွေ့ရှာ၏ ကျောဘက်၌ အနက်ရောင်အရိပ်တစ်ရိပ်ပေါ်လာ၏။ကွေ့ရှာ၏ အော်ရာမှာ ရုတ်တရက်
ပွင့်ထွက်၍ ခွန်အားများ တစ်ရှိန်ထိုးတက်လာသည်။လုံချန် တုန်လှုပ်သွားသည်။ကွေ့ရှာ၏ ခွန်အား
သည်မူလထက်အဆပေါင်းများစွာ မြင့်တက်သွားကြောင့် သူ အာရုံခံမိ၏။သို့သော် အခြားတစ်ဘက်
တွင် သူ၏ စိတ္တစွမ်းအားသည် လျှင်မြန်စွာ လျှော့ကျလာလျှက်ရှိသည်။

ယင်းက သူ၏ နောက်ဆုံးတိုက်ကွက် ဖြစ်ဟန်တူသည်။သူ၏ စိတ္တစွမ်းအားကို လျှင်မြန်စွာ ကုန်ဆုံးစေ
လျှက် ခွန်အားများစွာ တိုးပွားလာအောင် ဆွဲတင်ခြင်းဖြစ်သည်။သည်အဘိုးကြီးကား ကြောက်စရာ
ကောင်းလှသည်။နာမ်ခန္ဓာ တစ်ခုတည်းဖြင့် သည်မျှ လှည့်စားမှုများ လုပ်နိုင်၏။အသက်သာရှိ
နေလျှင် လွန်စွာ ကြောက်မက်ဖွယ်ကောင်းပေမည်။

သို့သော် ထိုသို့ တွေးမိသည်တွင် လုံချန်သည် အနည်းငယ်နောင်တရသလို ခံစားမိသည်။သူသည်
သည်အဘိုးကြီးထံမှ သိုင်းပညာတစ်မျိုးကိုသာ လှည့်ပတ်ရယူ လာနိုင်ခဲ့သည်။တစ္ဆေခြေလှမ်းသိုင်းပညာ
တစ်ရပ်သာ ရခဲ့ခြင်းသည် တစ်ကယ့်ကို နှမြောစရာကောင်းသည်။

"ငရဲလက်သီး"

အရိုးသာသာ ရှိတော့သည် ကွေ့ရှာ၏ လက်သည် လုံချန့်ထံပြေး၀င်လာသည်။လုံချန်သည် အသက်ကို
၀၀ရှု၏။ထိုအချိန်တွင် သူ၌ ရွေးချယ်စရာနှစ်ခုရှိရာ ဖုန်ဖူအကာအကွယ်ကို အသုံးပြု မလား မပြုမလား ဟူ၍
ဖြစ်သည်။

လုံချန်သည် ဓားကောက်ကို မြှောက်၍ ဖုန်ဖူကြယ်ထဲမှ စွမ်းအင်အကုန်လုံးကို ဓားကောက်ထဲသို့စုစည်း
စေ၏။သူ၏စိတ္တစွမ်းအင်သည် အပ်စိုက်မှတ် ကိုးမှတ်ကို ဖြတ်ကျော်ခဲ့၍ ဓားကောက်ထဲ၌ စုစည်းသွား၏။
ဓားကောက်သည် ရုတ်ချည်း တစ်ချွင်ချွင် အသံကြီးထွက်လာကာ ထူးဆန်းသော မျဉ်းကြောင်းများ ပေါ်
ပေါက်လာသည်။ဓားကောက်ကား အသက်၀င်လာသကဲ့သို့ရှိကာ ဓားအားလှိုင်းသည်  ကောင်းကင်
ထက်သို့တက်လျှက် တိုက်ပွဲမြေပြင်တစ်ခုလုံး ပြိုးပြိုးပြက်ပြက် အရောင်များဖြင့် လျှပ်စီးများလက်လာ၏။

"ကောင်းကင်ဘုံကို အံတုခြင်း" လုံချန်သည် စိတ်ထဲမှတိတ်တဆိတ် ကြွေးကျော်ပြီးသည် နှင့် ဓားကောက်
ကြီးဖြင့်ခုတ် ချ လိုက်တော့သည်။

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(174)လေဆန်ကစားတဲ့ရွှေပျံလွှား

ထိုဓားချီစွမ်းအင်သည် ကောင်းကင်သို့ ထိုးတက်ရာ လူတိုင်းတုန်လှုပ်မိကြသည်။ထိုအချိန်တွင် လုံချန်
သည် တစ်သောင်းသော တာအိုဓမ္မတရားများ၏ အထက်တွင် ရှိသည့် အကြွင်းမဲ့ပိုင်သသော အုပ်စိုးသူ
တစ်ဦးလိုဖြစ်နေသည်။

အကြီးအကဲများပင် အံ့သြမှုကြောင့် မတ်တပ်ကိုယ်စီရပ်မိကြသည်။

လုံချန်၏ ကြွေးကြော်သံသည် နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ကာ သူ၏ ဓားကောက်ကြီးမှာ ကွေ့ရှာထံသို့
ပြေး၀င်သွားလေသည်။ကွေ့ရှာတုန်လှုပ်မိပါ၏။လုံချန်သည် သည်မျှ အစွမ်းထက်၍ ကြောက်မက်ဖွယ်
ကောင်းလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။သူသည် သူ၏ ခွန်အားကို အစွမ်းကုန်သုံး၍ ထိုဓားချက်ကို
တာဆီးရုံသာ တတ်နိုင်သည်။

၀ုန်း...

ပြင်းထန်သော ပေါက်ကွဲမှုကြီးအပြီး၌ ကောင်းကင်သည် မဲတက်လာ၏။လေသည် ကျောက်စကျောက်န
များဖြင့် ဖုံးလွှမ်းလျှက် တဝီ၀ီမြည်သံပေး၍ ပြင်းစွာတိုက်ခတ်နေသည်။ချီလှိုင်း သည်  ရွှီးကနဲမြည်သံ
ဖြင့်ကောင်းကင်ထက်သို့တက်ကာ ပေါက်ကွဲသွား၏။

"မကောင်းတော့ဘူး" တုဖုန်း မျက်နှာအနည်းငယ်ပျက်သွားသည်။သူသည် လက်တစ်ဘက်ကို ဝေ့ယမ်း
လိုက်သည်နှင့် ဧရာမ လက်ကြီးတစ်ဘက်ပေါ်လာကာ သူနှင့်အနီးဆုံး၌ ရှိနေသော ထန်၀မ်အာနှင့် ယွဲ့
ဇူဖုန်းတို့ကို ကာကွယ်ပြီးသား ဖြစ်သွားသည်။

"လူတိုင်း .. ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပြင်ကြစမ်း" မိန်းကလေးနှစ်ယောက်ကို ကာကွယ်ပြီးလျှင် တုဖုန်း
ကအထက်ပါအတိုင်းအော်ဟစ်သတိပေးသည်။လူတိုင်းသည် ချီစွမ်းအင်ကို လှည့်ပတ်စေလျှက် ယင်း
တို့၏ ခန္ဓာကိုယ်ကို ကာကွယ်ကာ မြေပြင်ထက်၌ လှဲချလိုက်ကြ၏။သို့သော် တုဖုန်း၏ စကားကို မယုံ
ကြည်သူတစ်ချို့ရှိနေည်။

ဤမျှသော အကွာအဝေးမှနေ၍ သူတို့က ဂရုစိုက်ဖို့လိုလေသလား။

၀ုန်း....

သို့သော် နောက်ဆုံးတွင် လေပွေလှိုင်းကြီးပေါ်ပေါက်လာသည့်အခါ၌ မရေမတွက်နိုင်အောင်များပြား
လှသော ကျောက်ခဲများက ပါ၀င်ဝဲလှည့်လျှက် ဟာရီကိန်းမုန်းတိုင်းကြီးတစ်ခုလိုဖြစ်လာပြီး ရပ်တန့်
ကျန်ရှိလျှက်ရှိသော လူများကို ဝါမျိုလိုက်တော့သည်။

ကြောက်လန့်တကြားအော်ဟစ်သံများနှင့် အရိုးကျိုးသံ တဖျစ်ဖျစ်တို့ပေါ်ထွက်လာသည်။

နောက်ဆုံး လေပွေဲဝဲကြီး မရှိတော့သည်တွင် အမှိုက်သရိုက်များ အောက်မှ လူများ ထလာကြသည်။
တစ်မျိုး တစ်မည် ပြောင်းလည်းနေသည့် မြင်ကွင်းသစ်ကို မြင်လျှင် ၎င်းတို့မှာ အောက်မေးရိုးများပြုတ်
ကျသည် အထိအံ့အားသင့်ကြရသည်။တစ်ဖြည်းဖြည်း နှင့်လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်
လာကြရာ သူတို့၏ အမူအယာများက အကုန်အတူတူပင်ဖြစ်ကြသည်။

ထန်၀မ်အာနှင့် ယဲ့ထင်းချုံတို့ကမူ နည်းနည်းမှ အထိအခိုက်မရှိ၊ယုတ်စွအဆုံး ဖုန်များပင် ပေကျံ
နေခြင်းမရှိပေ။တိုးလျှိုပေါက် မြင်ရသော လက်တစ်စုံက သူမတို့ ခန္ဓာကိုယ်ပေါ်မှ ဖြေးညင်းစွာ
ပျောက်ကွယ်သွားသည်။သူမတို့နှစ်ယောက်က တုဖုန်းကို အချိန်မီ ကျေးဇူးပင်မတင်နိုင်မီ မြင်ကွင်း
ကို ကြည့်၍ အောက်မေးရိုးများ ပြုတ်ကျကုန်လေသည်။

အဆုံးမရှိဟုထင်ရသည့် ဧရာမ အက်ကြောင်းကြီးတစ်ခု က မြေပြင်ထက်၌ ရှိနေသည်။အက်ကြောင်း
ကြီး၏ အဆုံးကို မမြင်နိုင်။မိုးကုပ်စက်၀န်းအတွင်း၌ ပျောက်ကွယ်နေ၏။မြေပြင်တစ်ခုလုံးကား စိစိ
ညက်ညက်ကြေနေသည်။ကျိုးပဲ့နေသော မြေစိုင်ခဲများ ၊ ကျောက်ဖြုန်းများ က နေရာအနှံ့တွင် ပျံ့ကျဲ
နေသည်။

မဆုံးနိုင်သော အက်ကြောင်းကြီး၏ ရှေ့တွင် လုံချန်က ဓားကောက်ကြီးကို မှီလျှက် ရပ်နေသည်။
သူက အသက်ကို ခက်ခက်ခဲခဲရှုနေရ၏။သူနှင့် သိပ်မဝေးသော နေရာ၌ ကွေ့ရှာ ရှိနေသည်။ထိုအ
ချိန်တွင် သူ၏လက်မောင်းတစ်ဘက်နှင့် ခါးအောက်ပိုင်းက မရှိတော့ချေ။သူက ထိုနေရာတွင် 
သစ်သားတိုင်ကြီး တစ်တိုင်လို  ရပ်နေ၏။

"သူ..နိုင်ပြီလား" ထန်၀မ်အာက ပျော်လည်း ပျော်သလို အံ့အားလည်းသင့်မိသည်။

"လုံချန် သူ့ခေါင်းကို ဖြတ်လေ...ဒါဆို ရှင် အန္တေဝါသိက တပည့်ဖြစ်ပြီ"

ယခုအခါတွင် ကွေ့ရှာ၏ ခန္ဓာကိုယ်က  ပျက်ဆီးနေပြီဖြစ်ကာ ပြန်ခုခံရန် မတတ်နိုင်တော့။အကယ်၍ သူ
မနှင့် ယဲ့ထင်းချုံသာ မောပန်းနေ၍ မဟုတ်လျှင် သူမတို့ကိုယ်တိုင် ကွေ့ရှာ၏ ခေါင်းကို ဖြတ်ပြီဖြစ်သည်။
တုဖုန်းက ပြုံးသည်။အစပိုင်း၌ လူတိုင်းက သူသည် လုံချန်အပေါ်တွင်မျက်နှာသာ ပေးသည်ဟုတွေး
ကြသည်။သို့သော် သည်စမ်းသပ်မှု၏ ခက်ခဲခြင်းကို မြင်သည့်အခါတွင် လူတိုင်းက ပါးစပ်ပိတ်ကုန်
ကြတော့သည်။

လုံချန်၏ ခွန်အားက မည်သူမှ မေးခွန်းထုတ်စရာမလိုအပ်ပေ။အကယ်၍ သည်ကဲ့သို့ လူတစ်ယောက်က
အန္တေဝါသိက တပည့်တစ်ဦး မဖြစ်လျှင် လွန်စွာ နှမြောဖို့ကောင်းမည်။သို့သော် တုဖုန်းအတွက်မူ
အန္တေဝါသိက တပည့်အဖြစ်တိုက်ရိုက်ပေး၍မရ၊အခက်အခဲများစွာရှိခဲ့ပါသည်။

သူက လုံချန်အတွက်နည်းလမ်းများစွာ စဉ်းစားခဲ့သေးသော်လည်း လက်တွေ့တွင် မဖြစ်နိုင်၍
ပယ်ဖျက်ခဲ့ရသည်များလည်း များစွာရှိခဲ့သည်။လုံချန် အသက်ပြင်းပြင်းရှုလိုက်၏။ဓားကောက်ကို
တရွတ်တိုက်ဆွဲ၍ သူက ကွေ့ရှာထံသို့သွားသည်။

"ဟီးဟီး...မင်းက..ကျုပ်..ကွေ့ရှာရဲ့  ခေါင်းကိုလိုချင်တယ်ပေါ့...အိပ်မက်မက်နေလိုက်"

ကွေ့ရှာက ရုတ်တရက် ခေါင်းကို ကောင်းကင်ထက်မော့ကာ အသံရှည်ဆွဲ၍ အော်လိုက်၏။
သူ၏ ခန္ဓာကိုယ်ထဲက ချီဓာတ်သည် အလွန်လျှင်မြန်သည့် နှုန်းဖြင့်လည်ပတ်လာသည်။လူတိုင်း ကြောက်
လန့်နေကြသည်။သည်ကဲ့သို့ အခြေအနေတွင်ပင် သည်မိစ္ဆာက ခုခံနိုင်သေးသည်လား။သည်မိစ္ဆာက
မည်သို့သော မိစ္ဆာမျိုးဖြစ်သနည်း။

လုံချန်လည်း အတော်ပင် အံ့အားသင့်မိပါသည်။သူက ခပ်သွက်သွက်ကလေး  အော်လိုက်သည်။

"ဟေးးး ... နေပါဦးဟ ... ခင်ဗျားကို ကျုပ်ပြောစရာရှိသေးတယ်"

"ခွေးကောင်...  ငါ ကျိန်တယ် ... မင်းက ကောင်းသော သေခြင်းမျိုးနဲ့  သေရမှာမဟုတ်ဘူး"

ဖုန်းးး ......

ထိုသို့ ကျိန်ဆဲ ပြီးနောက် ကွေ့ရှာ ခန္ဓာကိုယ်က ဖုန်း ကနဲ ပေါက်ကွဲသွားတော့သည်။အသားစများက
နေရာအနှံ့သို့ ပျံ့ကျဲသွား၏။တင်္ဂ ကြာအောင် လူတိုင်း မင်တက်မိနေကြသည်။ထိုဝိညာဉ်က အစွမ်း
ထက်လွန်းသည်။အဆုံး၌ ပင် မိမိကိုယ်ကို ဖောက်ကွဲပစ်နိုင်သေးသည်။

"နေဦးလေး...ဒီလိုလုပ်လို့ရလား" လုံချန်လည်း မင်တက်မိနေသည်။သူ့တွင် တံဆိပ်ပြားအတွက်လဲယူ
ရန် ဦးခေါင်းမရှိတော့ပေ။ယင်းက ကွေ့ရှာသည် လုံချန်ကို မုန်းတီးလွန်းသဖြင့် သူ့ခန္ဓာကိုယ်မှ အကျိုး
အမြတ်နည်းနည်းမှ မရရှိစေရန် သူ့ကိုယ်သူ ဖောက်ခွဲ၍ သတ်သေခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် လုံချန်အဘို့ ကံဆိုးသွားခဲ့သည်။ပေါက်ကွဲမှု အပြီးတွင် အကြီးဆုံးသော အသားစသည်ပင်
လက်ညှိုးခန့်သာကျန်ရစ်တော့ကြောင်း တွေ့ရ၏။အသားစ ခပ်သေးသေးများကို ကြည့်၍ လုံချန်က
တုဖုန်းထံခပ်မြန်မြန်ပြေးသည်။သူက တုဖုန်းကို မေးလိုက်သည်။

"အကြီးအကဲတု... ဒီအသားစတွေအကုန်လုံးကို ခေါင်းလို့ယူဆလို့ရမလား"

ခေါင်းတစ်ခုလုံးလိုက်ရှာရန် မဖြစ်နိုင်တော့သည်ကို လုံချန်သိသည်။သို့သော် သည် အသားအပိုင်း
အစများကို အကုန် ပေါင်းစပ်လိုက်လျှင် ခေါင်းတစ်ခုအဖြစ် ယူဆလို့ရမည်မဟုတ်လော။တုဖုန်းက
အချိန်အတော်ကြာအောင်တိတ်ဆိတ်နေပြီးမှ လုံချန်ကိုကြည့်သည်။

ယင်းက ဖန်းစန်း တစ်ယောက်၏ ကံကြမ္မပင်လော။သူကား လုံချန်ကို အခွင့်အရေးပေးခဲ့သော်လည်း
အဘယ့်ကြောင့် သည်လိုမျိုးအဆုံးသတ်သွားခဲ့ရပါသနည်း။ဂိုဏ်းချုပ် သူ့ကို မှားကြား ခဲ့သည်ကို ပြန်
အမှတ်ရမိသည်။သူကား လုံချန်၏ ကံကြမ္မာကို မပြောင်းလည်းနိုင်ခဲ့ချေ။ယခုအခါ သူက  လုံချန်ကို
အတင်းအကျပ် အန္တေဝါသိက တပည့်နေရာ ပေးခဲ့လျှင် ရွှမ်းရှင်သည် ကံတရား၏ အကျိုးသက်ရောက်မှု
ကို ခံစားကောင်း ခံစားရနိုင်၏။

"၀မ်းနည်းပါတယ်.. ကျုပ်ဒီလိုတော့မလုပ်နိုင်ဘူး"

တုဖုန်းက သက်ပြင်းသာချနိုင်သည်။သူက လုံချန်ကို အလွန်စာနာသော်လည်း ကံတရားနှင့်တော့
မကစား ရဲပါချေ။အခြားအကြီးအကဲ များကလည်း သက်ပြင်းကိုယ်စီချကြ၏။သူတို့က လုံချန်အတွက်
တစ်ခုခုကူပြောပေးမည်ဟု ကြံကြသော်လည်း တုဖုန်း၏ အလွန်စည်းကမ်းကြီးမှုကို သိထားသည်ဖြစ်
ရာ နောက်ဆုံး၌ ခေါင်းများတယမ်းယမ်းသာ ဖြစ်နေကြတော့သည်။

ထိုစကားကို ကြားလျှင် လုံချန်၏ အမူအယာပျက်သွားသည်။သူက တစ်ခုခုပြောတော့မည်ပြင်သည်
နှင့် တုဖုန်းက ကြားဖြတ်ပြောလာ၏။

"အလျှင်မလိုပါနဲ့...မင်းရဲ့စမ်းသပ်မှုက မအောင်မြင်ဘူးဆိုပေမယ့် ရှုံးလည်း မရှုံးနိမ့်ပါဘူး ထန်
၀မ်အာနဲ့ ယဲ့ထင်းချုံတို့က အန္တေဝါသိက တပည့်နေရာကို ရကြမယ်... မင်းကတော့..."

"ကျုပ်ကကော" လုံချန်က ကမန်းကတမ်းမေးသည်။

"ရွှမ်ရှင်းရဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး မင်းကို အပြင်စည်းတပည့်နေရာပဲ ပေးနိုင်မယ်"

တုဖုန်းက အားတင်း၍ ပြောလိုက်ရသည်။သည်သို့လုပ်ခြင်းက  ပါရမီရှင်တစ်ဦးကို ဆုံးရှုံးရသကဲ့သို့ဖြစ်
နေသည်မဟုတ်လား။သိပ်ကို နှမြော စရာကောင်းလှသည်။လုံချန်က ချက်ချင်း စိတ်အေးလက်အေး
ဖြစ်သွားသည်။အန္တေဝါသိက တပည့်နေရာကို မရသည့်အတွက် သူက အနည်းငယ် စိတ်မကောင်းသော်
လည်း အပြင်စည်း တပည့်နေရာကို လည်း လက်သင့်ခံနိုင်ပါသည်။

ရွှမ်ရှင်းတွင် နေသမျှ ကာလပတ်လုံး သူ့တွင် မြောက်များစွာသော အခွင့်ကောင်းများရှိသည်လေ။

ထိုကြောင့် သူ့အတွက် ဆုံးရှုံးမှုရှိသည်ဟု ပြော၍မရချေ။အနည်းဆုံး သူကား ကွေ့ရှာကို လှည့်ဖြား၍
သိုင်းပညာ သင်ကြားလာနိုင်ခဲ့သည်။ထိုစဉ်က ကွေ့ရှာမှာ မီးတောက်မတတ် မျက်လုံးများဖြင့် သူ့ကို
မုန်းတီးစွာစိုက်ကြည့်နေသည်ကို တွက်ဆလျှင် အဆိုပါ သိုင်းပညာက မည်မျှ အဖိုးထိုက်တန်သည်ကို
သိနိုင်ပေသည်။

ယခုအချိန်တွင် ယင်း သိုင်းပညာကို လေ့ကျင့်ရန် သူ့တွင် အချိန်မရှိသော်လည်း ထိုမျှ အစွမ်းထက်သည့်
သိုင်းပညာကို အနည်းငယ်မျှသော အန္တာရာယ်နှင့် ရင်း၍  ရလာသည်က တန်သည်ဟု ဆိုရမည်။
ထန်၀မ်အာနှင့်ယဲ့ထင်းချုံမှာ အနည်းငယ် စိတ်ပျက်နေကြသည်။လီရှင်းရှောင်နှင့် ချီရှင်မှာမူ ယခုမှ
အလုံးကြီးများ ကျတော့သည်။

လုံချန်ကြောင့် ကျဆင်းသွားခဲ့သော သူတို့၏ ယုံကြည်မှုက  တစ်ဖြည်းဖြည်းဖြင့် ပြန်၍ တည်ငြိမ်မှုရလာ
ပြီဖြစ်သည်။မည်မျှပင် ပါရမီကောင်းသည်ဖြစ်စေ ရင်းမြစ်များမရှိလျှင် ချက်စရာဆန်မရှိ၊သောက်စရာ
ရေမရှိသကဲ့သို့ဖြစ်မည်။သူတို့က လုံချန်ကို မြန်မြန် ကျော်တက်နိုင်လိမ့်မည်သာဖြစ်သည်။

"လုံချန်ရယ်....စိတ်မကောင်းမဖြစ်ပါနဲ့နော်..." ထန်၀မ်အာက လုံချန်ထံလျှောက်လာပြီး နှစ်သိမ့်သည်။

လုံချန်က ရယ်၍ ခေါင်းခါသည်။

"ကျုပ်ပုံစံက ၀မ်းနည်းတဲ့ပုံပေါက်နေလို့လား..ဒီလိုကိစ္စလေးကြောင့်သာ စိတ်ဓာတ်ကျရရင် ကျုပ်သေသွား
တာ ကြာပြီပေါ့"

ထိုစကားကို ကြားလျှင် ထန်၀မ်အာ ရင်ထဲတုန်လှုပ်မိပါသည်။သူမသံသယ ၀င်ခဲ့သည့်အတိုင်းလုံချန်က
ဘ၀၏ အထုအထောင်းရိုက်ပုတ်မှုဒဏ်များကို ပြင်းစွာခံလာရပြီးသားဖြစ်နေသည်။သူ၏ သူနှင့်မတူ
သောခွန်အားက ယင်းအတွေ့အကြုံများဖြင့် ဆက်နွယ်ကောင်း ဆက်နွယ်နေနိုင်သည်။

သည်နေရာ၌ ရှိနေသူများအနက်မှ လုံချန်၏ စကားကြောင့် တုဖုန်းတစ်ယောက်သာ အနည်းငယ်ပြုံး
သွားသည်။လုံချန်ကား ဖိနှိပ်မှုများနှင့် အရှက်ခွဲခံရခြင်းများကို မည်မျှ ခံစားခဲ့ရမှန်း သူတစ်ယောက်သာ
သိပါ၏။ပြင်းထန်သောဖိအားအောက်တွင် လူတစ်ယောက်သည် ပေါက်ကွဲထွက်လျှင် ထွက် မထွက်လျှင်
ပျောက်ကွယ်သွားတတ်၏။လုံချန်ကား ပျောက်ကွယ်မသွားခဲ့ပါချေ။

သူက အခက်အခဲပေါင်းများစွာနှင့် ၀မ်းနည်းနာကျင်မှုများစွာကို ရင်ဆိုင်ဖြတ်ကျော်လာပြီးခဲ့ပြီဖြစ်သည်။
သည်မျှသော အရာကလေးသည် သူ့အတွက်မည်သို့မှ မဖြစ်ချေ။

"ကျေးဇူးတင်ပါတယ် ... ခင်ဗျားတို့မိသားစုရဲ့ လက်နက်အတွက်တော့ ကျုပ်စိတ်မကောင်းပါဘူး"

လုံချန်က ဓားကောက်ကို ပြန်ပေး၍ ကိုဗလကို တောင်းပန်၏။ထိုအခါတွင်မှ ဓားကောက်ကြီး၏ အသွား
၌ လက်မခန့်အရွယ် အပဲ့များဖြစ်နေသည်ကို လူအုပ်က သဘောပေါက်ကြသည်။အမှန်အားဖြင့် ဓား
ကောက်သည် လွှသွား တစ်ခုနှင့်ပို၍ တူနေသည်။

"မစိုးရိမ်ပါနဲ့.." ကိုဗလက ဓားကောက်ကို တရိုတသေ ဖြင့်ပြန်ယူသည်။သူက ထိုဓားကောက်ကို ရတနာ
တစ်ပါးအဖြစ်တန်ဖိုးထား၍ သိမ်းထားရန် ဆုံဖြတ်ပြီးသားဖြစ်သည်။ဓားကောက်ကိုမြင်လျှင် လုံချန်နှင့်
သူ သိခဲ့ကြောင်း သက်သေတစ်ခုဖြစ်လိမ့်မည်။

နောက်ပိုင်း လုံချန် သိုင်းထိပ်သီးတစ်ဦးဖြစ်လာလျှင် သူက လုံချန်နှင့် သူသည် မိတ်ဆွေရင်းခြာများ
ဖြစ်သည်ဟု ကြွားမည်ဖြစ်သည်။လုံချန်၏ စမ်းသပ်မှုက ပြီးဆုံးသွားပြီဖြစ်သည်။သူသည် အန္တေဝါသိက
တပည့်နေရာကို မရခဲ့သော်လည်း အပြင်စည်းတပည့်နေရာကိုတော့ နှစ်သိမ့်ဆုအဖြစ်ရခဲ့ပါသည်။

သို့သော် လူတိုင်းက သူ့အား မဟာပါရမီ့ရှင်များကြားမှ မဟာပါရမီ့ရှင်တစ်ဦးအဖြစ် မှတ်ယူသွားကြ
ပြီဖြစ်ပါ၏။လူတိုင်းက သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးသို့ပြန်ကုန်ကြသည်။တုဖုန်းက လူအုပ်
ရှေ့သို့ လျှောက်လာလျှင် အသံများ တိတ်ဆိတ်ကုန်သည်။လူအုပ်ကို တစ်ချက်ကြည့်၍ တုဖုန်းကပြော
သည်။

"ပထဆုံး မင်းတို့ကို ဂုဏ်ယူ၀မ်းမြောကကြောင်းစကားဆိုချင်ပါတယ်...မင်းတို့အကုန်လုံးက ရွှမ်ရှင်း
ရဲ့ တပည့်တွေဖြစ်လာကြပြီ မင်းတို့အကုန်လုံးမှာ ရွှမ်ရှင်းရဲ့ ရင်းမြစ်တွေကို အသုံးချဖို့ အခွင့်
အရေးရှိတယ်"

"ဒီ စမ်းသပ်မှုမှာ ကျရှုံးတဲ့သူတွေအတွက်လည်းအရှုံးတော့မရှိပါဘူး...စမ်းသပ်မှုအတွင်းမှာ ရွှမ်ရှင်းကနေ
အကျိုးအမြတ်အများအပြား ရပြီးကြပြီလို့ ကျုပ်ထင်တယ် ... နောက်ပြီးတော့ ကျရှုံးသူတွေအတွက်
ရွှမ်ရှင်းက အခွင့်အရေးတစ်ခုပေးမယ် မင်းတို့ဟာ ဒီနေရာမှာနေနိုင်တယ်...ဒါပေမယ့် စိတ်မလှုပ်
ရှားကြနဲ့ဦး"

"မင်းတို့က ရွှမ်ရှင်းမှာ သိုင်းကျင့်နိုင်တယ် ဒါပေမယ့် ဂိုဏ်း၀င်တပည့် တစ်ယောက်လိုတော့ အခွင့်အ
ရေးရမှာမဟုတ်ဘူး...လစဉ်လတိုင်းမှာ မင်းတို့ကို ရင်းမြစ် နည်းနည်းလေးပဲပေးမယ်...အဲ့ဒိအတွက်
လည်း အလုပ်ကို ကြိုးကြိုးစားစားလုပ်ဖို့လိုတယ်...ရှင်းရှင်းပြောရရင် အလုပ်သမားသက်သက်ပဲ"

တုဖုန်း၏ စကားကို ကြားလျှင် ကျရှုံးကြသူများမှာ စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်ကုန်သည်။သူတို့
အားလုံးက အင်အားကြီးသော မိသားစုကြီးများမှာဖြစ်ကာ အစေခံအမြောက်အများရှိကြသည်။
အလုပ်သမားအဖြစ် ထားခြင်းက သူတို့ကို အရှက်ခွဲသလိုဖြစ်နေ၏။

သို့သော် မာနကို ခဝါချ၍ သိုင်းသမား တစ်ဦးဖြစ်လာရန် ဆုံးဖြတ်ထားကြသူများလည်းရှိရာ ယင်းတို့
မှာ အနည်းစုသာလျှင်သည်။လူတစ်သောင်း ထွက်သွားသည်နှင့် လူငါးဆယ်ခန့်ကျန်နေခဲ့ကြသည်။
တုဖုန်းက လက်ကိုဝေ့ယမ်းလိုက်လျှင် အခြားအကြီးအကဲများအားလုံက ရှေ့မှ ကျောက်တိုင်ကြီးများ
ပေါ်သို့ လက်ကိုယ်စီတင်ကြသည်။

၎င်းတို့၏ ခန္ဓာကိုယ်သည် ပေါ့ပါးလာသည်ဟု လူတိုင်းခံစားကြရပြီး ထိုနေရာမှ
ပျောက်ကွယ်သွားလေတော့သည်။

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(175)အင်မော်တယ်ဂူ

သူတို့မျက်လုံးများ ပြန်ဖွင့်လိုက်သည့်အခါတွင် နတ်ဘုံနတ်နန်းတမျှ ထင်မြင်ရသော ပတ်၀န်းကျင်အသစ်
ကို ရောက်သွားခြင်းကြောင့် အသက်ပင်မရှုနိုင်ဖြစ်ကြရသည်။ထိုနေရာ၌ မိုင်လေးဆယ်မျှ မြင့်သော
တောင်ကုန်းငယ်တစ်ခုရှိ၏။စိမ်းလန်းစိုပြေသော သစ်ပင်၊ပန်းမံ များနှင့် မြစိမ်းရာင် မြက်ကမ္ဗလာကြီး
သည် ထိုနေရာတစ်ဝိုက်၌ ဖုံးလွှမ်းလျှက်ရှိသည်။

တောင်ကုန်ငယ်ပေါ်မှနေ၍ သူတို့ကား ပတ်၀န်းကျင်ရှုခင်း ၊ ရှုကွက် အဖုံဖုံတို့ကို မြင်တွေ့နိုင်၏။
ရေတံခွန်တစ်ခုမှ ရေစီးကျသံများ၊အမျိုးအမည်မသိ ငှက်ကလေးများ၏ တေးသီကျုသံများကလည်း
နန္ဒာဥယျာဉ်၏ သာယာတင့်မောဖွယ် ရှုခင်း၊ရှုကွက်အဖုံဖုံတို့ကို ထပ်လောင်းအားဖြည့်ပေးနေပြန်ပါ၏။

သူတို့ရပ်နေသည့် တောင်းကုန်းငယ်၏ ထိပ်တွင် ဂူတစ်ဂူရှိသည်။ထိုဂူကို ပြုလုပ်ထားသည့် ကျောက်
တုံးများသည် လွန်စွာတောက်ပလှ၍ အမြင်၌ အလွန်တရာလှပနေသည်။ဂူ၏ ထိပ်ဖျား၌ မျဉ်းကြောင်း
လေးများရှိရာ ပတ်၀န်းကျင်မှ ချီစွမ်းအင်ကို ထိမျဉ်းကြောင်းလေးများမှ ဂူထဲသို့ စုပ်ယူနေသည်ကို
လုံချန် ကောင်းကောင်းမြင်နေရလေသည်။

"ကောင်းပြီ ဒါက မင်းတို့ရဲ့ အိမ်ပဲ ဒီဂူဟာ အန္တေဝါသိက တပည့်အတွက် ဂူပဲ ဒီဂူကို အင်းတစ်မျိုးနဲ့ စီ
ရင်ထားလို့ အပြင်ကနေ ဂူအတွင်းကို စုပ်ယူထားတဲ့ချီဓာတ်ဟာ သိပ်ကိုထူထဲတယ် ဘယ်လောက်
ထူထဲလည်းဆိုရင် မင်းတို့ စိတ်ကူး မယဉ်နိုင်လောက်အောင် ထူထဲတယ်"

"အခြားတပည့်တွေရဲ့ ဂူတွေက အောက်ဘက်မှာရှိတယ် စုစုပေါင်းအင်မော်တယ်ဂူပေါင်း တစ်ရာ
ရှိတဲ့အတွက် မင်းတို့စိတ်တိုင်းကျ ရွေးယူနိုင်တယ်"

"ဒီတောင်ကုန်းက မင်းတို့ရဲ့နယ်မြေပဲ မင်းတို့ရဲ့ကိုယ်ပိုင်အဖွဲ့တွေကို နာမည်လှလှလေးဘာလေးပေးချင်
ပေးထားပေါ့"

"အခု... မင်းတို့တတွေ နားနိုင်ပြီ.. ကုသရေးအဖွဲ့က မင်းတို့ကို ကုသဖို့လာကြလိမ့်မယ်" အကြီးအကဲ
တစ်ယောက်က ရှင်းပြသည်။

ဤနေရာသို့ပိုလိုက်သူများအားလုံးမှာ ထန်၀မ်အာ၏ အဖွဲ့မှ လူများဖြစ်ကြသည်။အခြားသူများမှာမူ
မည်သည့်နေရာသို့ ပို့သည်ကို မသိရချေ။ဖြစ်နိုင်သည်မှာ သူတို့ကဲ့သို့ တစ်နေရာရာသို့ ပို့ထားပုံရသည်။
သို့သော် ထိုအကြီးအကဲ ထွက်သွားတော့မည် ပြင်လျှင် လုံချန်က ကမန်းကတမ်းမေးသည်။

"အကြီးအကဲခင်ဗျား...ခဏ နောက်နေပါဦးခင်ဗျား"

အကြီးအကဲသည် တုန့်ကနဲရပ်သွား၏။

"ဘာများလည်း"

"အကြီးအကဲ.. ကျုပ်တစ်ခုလောက်မေးချင်လို့ပါ..ကောင်းကင်နန်းတော်က ဘယ်နားလေးမှာများ
လည်းခင်ဗျာ"

ဤမေးခွန်းကို လုံချန် မေးချင်နေခဲ့သည်မှာ အလွန်ပင် ကြာနေလေပြီ။ကောင်းကင်နန်းတော်သည်
ရွှမ်ရှင်း ဖြင့်ဆိုလျှင် တောင်တစ်လုံးသာခြားထားပြီး ခဲနှင့်လှမ်းပေါက်လျှင်ပင်  ထိ သော လွန်စွာနီးကပ်
သည့်အကွာအဝေး၌ ရှိသည်ဟု တုဖုန်းက သူ့ကို ပြောထားဖူးသည်။

ယခုလို ရွှမ်ရှင်း၏ တရား၀င် တပည့်တစ်ဦးဖြစ်လာသည့်အချိန်တွင် ချူယောင်ကို တွေ့ရန် သူ့အတွက်
အခွင့်ကောင်းရသင့်ပေပြီ။သူမမည်သို့ဖြစ်နေသနည်း။သူသည် သိပ်ကို သိချင်နေပါသည်။

"ကောင်းကင်နန်းတော်ဂိုဏ်းက ကောင်းကင်နန်းတော်တောင်ရဲ့နောက်မှာရှိမှာပေါ့...ဘာဖြစ်လို့လည်း"
အကြီးအကဲက သိချင်စိတ်ဖြင့်ပြန်မေးသည်။

"အဲ့တာက ဘယ်တောင်လည်းဆိုတာကို အကြီးအကဲ ပြပေးပါလား ကျုပ်က အားတဲ့အချိန်လေးဘာ
လေးရရင် ရှုခင်းလေး ဘာလေးသွားကြည့်ချင်လို့ပါ" လုံချန်ကပြောသည်။ထိုအကြီးအကဲ၏ စကားကို
ကြားမှ သူသည် စိတ်အေးရ၏။အနည်းဆုံး တုဖုန်းနှင့် ဟွာယုသည် သူ့ကို မလိမ်ခဲ့ကြောင်းသိရသည်။

ထိုစဉ်က ထိုနှစ်ယောက်သည် တစ်ခုခု ထူးဆန်းနေသလို လုံချန် ထင်ခဲ့မိသည်။သူ အတွေးလွန်ခဲ့
သည်လည်း  ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

"မင်း..ဘာပြောတာ" ထိုအကြီးအကဲမှာ သူ့နားကိုပင် မယုံနိုင်ဟန်ဖြင့်လုံချန်ကို ကြည့်သည်။

လုံချန် အံ့သြသွားမိ၏။မကောင်းသော အငွေ့အသက်တစ်ချို့ကို ရုတ်ချည်းခံစားမိသည်။

"ကျုပ်က ကောင်းကင်နန်းတော်တောင်ကြီးကို ဖြတ်ပြီး နောက်ဘက်က ရှုခင်းတွေ သွားကြည့်ချင်လို့
ပါ...ဟီးဟီး...အဲ့ဘက်က သိပ်လှတယ်လို့ကြားဖူးထားတယ်လေ"

ထိုအကြီးအကဲသည် ခေါင်းယမ်း၍ တစ်နေရာသို့ လက်ညှိုးထိုးပြ၏။သို့သော် ရှေ့တွင် တစ်စုံတစ်ရာက
၎င်းတို့၏ မြင်ကွင်းကို ကွယ်ထားသောကြောင့်လူအုပ်သည် မမြင်ကြရချေ။လုံချန်သည် ပထမတွင်
မစဉ်းစားတတ်အောင်ဖြစ်နေရာမှ ကောင်းကင်ထက်သို့ အမှတ်မထင် မော့ကြည့်မိလျှင် အောက်မေး
ရိုးများပင် ပြုတ်ကျမတတ်ဖြစ်သွားလေသည်။

အကြောင်းမှာ တောင်မြင့် ကြီးများ စုစည်းနေသည့် တောင်တန်းဒေသကြီးမှ လွန်စွာမြင့်မားလှသော
တောင်ကြီးတစ်တောင်ကို တွေ့ရခြင်းကြောင့်ဖြစ်သည်။ထိုတောင်ကြီးသည် တိမ်များထိ သို့တိုင်အောင်
မြင့်၍  တောင်ထွတ်ကိုကား မမြင်ကြရချေ။

"ဘုရားရေ မြင့်လိုက်တဲ့ တောင်ကြီး"

လူတိုင်းသည် လုံချန်၏ နောက်သို့လိုက်၍  ကြည့်ရာ လွန်စွာမြင့်မားသည့်တောင်ကြီးကို တွေ့သည်
နှင့်အလန့်တကြားအသံများထွက်မိကြသည်။

"မင်းကိုထားတော့..ကျုပ်တို့ရဲ့ ဂိုဏ်းချုပ်တောင် ကောင်းကင်နန်းတော်တောင်ကို ဖြတ်သွားဖို့ မပြောဝံ့
ဘူး ကြည့်ရတာ မင်းတော့ နည်းနည်း အနားယူဖို့လိုနေပြီနဲ့တူတယ်" ထိုအကြီးအကဲကပြော၏။

"ဂိုဏ်းချုပ်တောင် မဖြတ်သွားနိုင်ဘူးဆိုတော့ ဘယ်လောက်တောင်မြင့်လို့လည်း" လုံချန်က ပါးစပ်
အဟောင်းသားဖြင့်မေးသည်။

"ဘယ်လောက်မြင့်မှန်းဘယ်သူမှမသိဘူး...ဘာ့ကြောင့်လည်းဆိုတော့ ထိပ်ထိရောက်အောင် ဘယ်သူ
မှ မတက်ဖူးကြလို့ပဲ 7 ဆက်မြောက် ဂိုဏ်းချုပ်တုန်းကတော့ ဒီတောင်ကြီးပေါ်ကို 7 ရက် 7 ည တိုင်တိုင်
စိန်ခေါ်ပြီးတက်ခဲ့ဘူးတယ် ဒါပေမယ့် လေပြင်းတွေ တိုက်ပြီး သေမတတ်ဒဏ်ရာရခဲ့တယ်...နောက်ပိုင်း
တော့ ဘယ်သူမှ မတက်ရဲကြတော့ဘူး"

အဓိပတိ အဆင့်  ရှိသူ ဂိုဏ်းချုပ်ပင် မတက်နိုင်ဘူးတဲ့လား။

"ဂိုဏ်းချုပ်တောင် မတက်နိုင်ဘူး ဟုတ်လား ဘယ်လောက်တောင်မြင့်လို့လည်း" လုံချန်က ပါးစပ်
အဟောင်သားဖြင့်မေးသည်။

"ဒါဆိုရင် တောင်ကိုပတ်ပြီးသွားမှပဲ ဖြစ်နိုင်တော့မှာပေါ့နော်..." လုံချန်က မတတ်သာဟန်ဖြင့်ပြော
၏။

အကြီးအကဲက ခေါင်းငြိမ့်သည်။

"ဒီတစ်နည်းပဲရှိတယ်...ဒါပေမယ့် ဒီတောင်ကြီးက သိပ်ကို ကြီးတာကလား တောင်ရဲ့နောက်ဘက်အပိုင်း
ကိုရောက်ဖို့ ကီလိုမီတာပေါင်း ဆယ့်ရှစ်သိန်းလောက် မင်း ခရီးသွားမှ ရမယ်...ပြီးရင် ဒီနှုန်းနဲ့ ပြန်လာ
ရလိမ့်မယ်"

"ကီလိုမီတာပေါင်း ဆယ့်ရှစ်သိန်း... ဟုတ်ကောဟုတ်ရဲ့လားဗျာ..ဘယ်တောင်က ဒီလောက်တောင်
ကြီးလို့လည်း...မြင့်မိုရ်တောင်နဲ့များ မှားနေသလား"

"ဟီးဟီး အစောကတည်းက ကျုပ်က ဒီအကြောင်းကို တွေးထားမိသားပါ ဒီတောင်မှာ ဇာတ်လမ်းတစ်
ပုဒ်ရှိတယ်...ဒဏ္ဍာရီအရဆိုရင် ရှေးခေတ်တုန်းက နတ်ဘုရားတွေရဲ့ ပြင်းထန်လှတဲ့  တိုက်ပွဲကြီး
ကြောင့် ကြယ်တွေ ပျက်ဆီးခဲ့ရတယ် ဆိုတယ် ကြယ်တစ်လုံးဟာ ဒီနယ်မြေကို ကျရောက်ခဲ့ပြီး
ဧရာမ အက်ကြောင်းကြီးတစ်ခု ဖြစ်သွားခဲ့တယ်  အဲ့ဒိအက်ကြောင်းကြီးရဲ့ အဆုံးဟာ ကောင်းကင်
နန်းတော်တောင်ကြီးဖြစ်ပေါ်လာခဲ့တယ် တဲ့"

အကြီးအကဲက ရှင်းပြသည်။

ယခင်က သူ့စိတ်ထဲတွင် တစ်ခုခုတော့မှားနေပြီ ဟူသည့် ဆဋ္ဌမ အာရုံဖြင့် ကြိုသိနေမှုသည် ယခု
တွင် မှန်နေပြီဖြစ်ကြောင်း လုံချန်သဘောပေါက်သွားသည်။တုဖုန်းနှင့် ဟွာယုတို့သည် သူ့ကို ဝိနည်း
လွတ် ပြောခဲ့ခြင်းသာဖြစ်သည်။ယင်းသည် တောင်တစ်လုံးသာခြားသည် ဆိုခြင်းက မှန်သည်။ကပ်သီးကတ်သတ်
ပြောရလျှင် ခဲနှင့် လှမ်းပေါက်လျှင် ပင် ထိသည့်အကွာအဝေးဟူသည့်ကလည်း မှန်ပြန်သည်။

မှန်သည်။သူသည် ဤကဲ့သို့ အလွန်ကြီးမားသော တောင်ကြီးတစ်တောင်ဖြစ်ပေါ်လာရန် ကြယ်တစ်လုံး
ကိုပစ်ချခဲ့သော ဒဏ္ဍာရီလာ နတ်ဘုရားလည်းမဟုတ်ရာ သည်တောင်ကြီးအား မည်သို့လျှင် ဖြတ်ကျော်
နိုင်မည်နည်း။သူကား တစ်ပတ်ရိုက်ခံရချေပြီ။

ထိုဇာတ်လမ်းကို ပြောပြီးသည်နှင့်အကြီးအကဲသည် ထိုနေရာမှ ထွက်သွားတော့သည်။ထန်၀မ်အာသည်
မှုန်မှိုင်းလျှက်ရှိသည့် လုံချန်၏ မျက်နှာကို ကြည့်၍ မေးသည်။

"ဘာဖြစ်လို့လည်း"

လုံချန်က ခေါင်းယမ်း၍သက်ပြင်းချ၏။

"မဟုတ်ပါဘူး ဟို မိစ္ဆာအဖိုးကြီးက ကျုပ်ကို  လှည့်စားသွားလို့ပါ ကတောက်.. ဒိ မိစ္ဆာအဖိုးကြီက
အတော်ဥာဏ်များတာပဲ"

ထန်၀မ်အာက လုံချန်သည် ကွေ့ရှာကို ရည်ညွှန်း၍ ပြောနေခြင်းဖြစ်ဟုတွေး၍ ပြုံးသည်။လုံချန်သည်
ကွေ့အာ မိမိကိုယ်ကို ဖောက်ခွဲ၍ သေဆုံးသွားခြင်းအပေါ်လွန်စွာ မကျေမနပ်ဖြစ်နေတုန်းဖြစ်မည်ဟု
သူမ တွေးလေသည်။လုံချန်ပြောသည့် မိစ္ဆာအဖိုးကြီးဆိုသူမှာ ရွှမ်ရှင်း၏ သီလ၊သမာဓိ  နှင့်ပြည့်စုံသော
စည်းကမ်းထိမ်းသိမ်းရေးအကြီးအကဲဖြစ်သည့် တုဖုန်းဖြစ်သည်ဆိုသည်ကိုတော့ သူမ နားမလည်နိုင်
ခဲ့ပါ။

လုံချန် စိတ်ဓာတ်အလွန်အမင်းကျသွားသည်။သို့သော် စောဒကတက်စရာလည်းမရှိရာ ကြိတ်ခံရုံ
သာရှိလေသည်။

"ကဲကဲ လူတိုင်းက ကိုယ်နဲ့သက်ဆိုင်ရာ အင်မော်တယ်ဂူတွေကို ရွေးယူကြတော့"

လုံချန် အာရုံမစိုက်နိုင်ဖြစ်နေသည်ကိုမြင်လျှင် ထန်၀မ်အာသည် ကိုယ်ပိုင်ဂူများရွေးရန် အတွက်
သူမ၏ အဖွဲ့သားများကို အမိန့်ပေးလိုက်တော့သည်။တောင်ထိပ်မှ ဂူတစ်လုံးမှ လွဲကာ အခြားသော
အင်မော်တယ်ဂူများမှာ တောင်ခါးပန်း၌ ရှိခြင်းဖြစ်သည်။လောလောဆယ်တွင် လူတိုင်းက ၎င်းတို့၏
အိမ်အသစ်ကို တွေ့မြင်လိုသော ဆန္ဒဖြင့် ခပ်သွက်သွက် ကလေး အပြေးသွားနေကြသည်။

လုံချန်လည်း သွားတော့မည်ပြင်စဉ်တွင် ထန်၀မ်အာက ဖမ်းဆွဲထား၏။

"ရှင်က ဘယ်သွားမလို့လည်း"

"ပြန်အိပ်တော့မလို့လေ"

ထန်၀မ်အာက ရယ်သည်။ "ရှင်ကတော့ ငတုံးတစ်ယောက်ဖြစ်သွားပြီလား...ဒီဂူမှာနေလိုက်ရင်
ရှင့်အတွက်ပြည့်စုံ မသွားဘူးလား"

လုံချန်က သူမကို မယုံနိုင်ဟန်ဖြင့်ကြည့်၏။

"ကျုပ်ဟာ... မင်းကလေးရဲ့ လူဖြစ်ရပါမယ်လို့ကတိပေးထားပေမယ့်လို့...ဒါက သိပ်မြန်လွန်းရာ
မကျဘူးလား ... ကျုပ်အတွက်စဉ်းစားချိန်လေး နည်းနည်းပါးပါးပိုပေးရင်မကောင်းဘူးလား"

"ရှင်ဟာလေ...အတော်ဒေါသထွက်ဖို့ကောင်းတဲ့အရူး...ကျွန်မတော့ ဒေါသထွက်ရတာနဲ့သေ
တော့မှာပဲ" ထန်၀မ်အာ ဒေါသထွက်လာသည်။

"ဒီ အင်မော်တယ်ဂူ က ကျွန်မနဲ့  မမ ချင်ယု နေဖို့ထက်ပိုပြီး ကျယ်နေတယ် ရှင်လည်း အတူတူ
ူသိုင်းကျင့်လို့ရတယ်ရှင့်"

ထိုအခါတွင်မှ ချင်ယုက သူတို့နှစ်ယောက်ကိုကြည့်၍ ရယ်နေမှန်းလုံချန် သတိထားမိသည်။အဘယ့်
ကြောင့်မှန်းမသိ၊သူသည် ချင်ယုနှင့်တွေ့တိုင်း နီးနီးစပ်စပ် ခံစားမှုတစ်ခုကို ခံစားရလေ့ရှိသည်။

"ကောင်စုတ် .. ရှင့်ခေါင်းထဲကနေ တစ်ချိန်လုံးပေါက်ကရတွေပဲ ထွက်နေတာလား ကျွန်မတို့သွားပြီ
ရှင်..လိုက်ချင်လိုက် မလိုက်ချင်လည်းနေခဲ့"

ထန်၀မ်အာသည် မကျေမနပ်ဟန်ကလေးဖြင့် စောင့်အောင့်၍ထွက်သွားသည်။အကယ်၍ လုံချန်သာ
သူမနောက်သို့ လိုက်မသွားလျှင် သူမသည် သူ့ကို တစ်ဘ၀လုံး စိတ်ဆိုးဒေါသထွက် ကောင်း ထွက်နေ
ပေလိမ့်မည်။လုံချန်သည် ချင်ယု၏နောက်မှ ခပ်သွက်သွက်လိုက်ရသည်။

ထန်၀မ်အာသည် အင်မော်တယ်ဂူ နံဘေးမှ ကျောက်ခလုတ်တစ်ခုကို နှိပ်လိုက်လျှင် ကျောက်တံ
ခါးမှာ လျှောကနဲ ခပ်ဖြည်းဖြည်းပွင့်လာသည်။

"သိပ်သည်းလိုက်တဲ့ ချီစွမ်းအင်ပါလား" ထန်၀မ်အာမှာ အသံထွက်၍  ရေရွတ်မိ၏။အင်မော်တယ် ဂူ
သည် လွန်စွာကျယ်၀န်းသည်။ဂူထဲတွင် အခန်းလေးခန်းနှင့် ခန်းမကြီးတစ်ဆောင်ရှိသည်။ခန်းမဆောင်
ကြီးအတွင်း၌ မီတာသုံးဆယ်ခန့်ရှည်သည့် ဆုတောင်းဖျာကြီးတစ်ချပ်လည်းရှိရာ ဆုတောင်းဖျာကြီး၏
အနီး၌ တစ်လက်လက် တောက်ပလျှက်ရှိသည့် ကျောက်တုံး ရှစ်တုံးသည်လည်း ရှိလေသည်။

"ဒါ.. မှော်ကျောက်တုံးတွေပါလား" ထိုကျောက်တုံးရှစ်တုံးကို မြင်သည်တွင် ထန်၀မ်အာသည် စိတ်လှုပ်
ရှားမှုကြောင့် ခုန်လိုက်မိသည်။ထန်၀မ်အာ၏ မိသားစုသည် လွန်စွာအင်အားတောင့်တင်းသည့် မိသား
စုကြီးတစ်စု ဖြစ်သည့်အတိုင်းသူမမှာ ကျောက်တုံးများကို မြင်သည်နှင့် မှော်ကျောက်တုံးမှန်းတန်းသိ
သည်။

သို့သော် သူမတို့မိသားစုပင်လျှင် မှော်ကျောက်တုံးများကို ရတနာကဲ့သို့ တန်ဖိုးထားသည်ဖြစ်သော
ကြောင့်  တပည့်များအတွက် ကျင့်စဉ်ကျင့်ရန် ထုတ်ပေးမည်မဟုတ်ပေ။ဧရာမ ဆုတောင်းဖျာကြီးမှာ
အမှန်တစ်ကယ်တွင် မှော်ကျောက်တုံးများမှ စွမ်းအင်များကိုစုပ်ယူနိုင်ရန်နှင့် သာ၀က များ သိုင်းကျင့်
ရာတွင် အထောက်အကူပြုစေရန် အစီအရင်လုပ်ထားခြင်းဖြစ်လေသည်။

ဂူအပြင်ဘက်တွင် ပတ်၀န်းကျင်မှ ချီစွမ်းအင်ကို စုပ်ယူရန် အစီအရင်များပြုလုပ်ထားပြီး ဂူအတွင်းပိုင်း
၌မူ မှော်ကျောက်တုံးများထံမှ စွမ်းအင်ကို စုပ်ယူနို်င်ရန် အစီအရင်ပြုလုပ်ထားသည်။သည်ကဲ့သို့ အခန်း
မျိုး၌ သိုင်းကျင့်လျှင် အဆင့်ပင် ကျော်၍ တက်သွားနိုင်သည်။

ထန်၀မ်အာမှာ အရုပ်အသစ်ရသော မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ ပျော်မြူးနေတော့သည်။

လုံချန် အတော်စိတ်လှုပ်ရှားမိသည်။ရွှမ်ရှင်းတွင် သူ့ကိုယ်ပိုင် ခမ်းနားထည်ဝါသည့် မူဟန်တစ်မျိုး
ရှိလေသည်။ထိုကဲ့သို့သော ပတ်၀န်းကျင်၌ ကျင့်ကြံရလျှင် လွန်စွာသက်တောင့်သက်သာ ဖြစ်ပေမည်။

"ဟိုမှာရေလည်းရှိတယ်" ဂူထောင့်တစ်နေရာ၌ ရေများတစ်စက်စက်ကျလျှက်ရှိသည့် ကျောက်စက်
ပန်းဆွဲတစ်ခုကို သူမ သတိပြုမိသည်။ကျောက်စက်ပန်းဆွဲအောက်တွင် ရေများဖြင့်ပြည့်လျှက်ရှိသော
ကန်တစ်ကန်လည်းရှိ၏။

ကျောက်စက်ပန်းဆွဲမှ ရေကို ခွပ်ဖြင့်ခံ၍ သောက်ကြည့်ပြီး သူမသည် လုံချန်ကို ပျော်ရွှင်စွာဖြင့်ပြော၏။

"လုံချန် ဒီရေကို  သောက်ကြည့်ဦး ထူးဆန်းလိုက်တာ"

လုံချန်က သူမကမ်းပေးသော ခွက်ကိုယူ၍ ပါးစပ်တစ်ငုံစာသောက်လိုက်၏။လန်းဆန်းသည့် ခံစားချက်
သည် သူ၏ နှလုံးသားထဲသို့ စိမ့်၀င်ပျံ့နှံ့သွားသည်။သူမသောက်ခဲ့သည့်ရေခွက်ဖြင့် လုံချန် သောက်
သည်ကိုမြင်လျှင် ထန်၀မ်အာ မျက်နှာကလေး နီသွားသည်။ယင်းက နည်းနည်းလွန်နေသည်မဟုတ်လား။

သို့သော် လုံချန်က ရေ၏ အရသာကို အာရုံခံနေသည်ကိုမြင်မှ သူမ သက်ပြင်းချရသည်။

လုံချန်က ခေါင်းငြိမ့်သည်။

"ဒါက နွေဦးဝိညာဉ် ကနေ အဆီအနှစ်ထုတ်ထားတဲ့ရေပဲ ရဖို့အလွန်ခက်တယ်..ဒီရေရဲ့ သတ္တိက  စိတ်ကို
တည်ငြိမ်ပြီး လန်းဆန်းစေတယ်"

"တစ်ကယ်လို့ ကျောက်စိမ်းလိပ်ပြာ ပျားဘုရင်မ ရဲ့ ခရစ်စတယ် နဲ့သာ ထပ်ပေါင်းထည့်လိုက်ရင် ခရစ်
စတယ်ရဲ့ အာနိသင်က  ပိုပြီးတိုးလာလိမ့်မယ် ဒီတစ်တော့ ကျုပ်တို့ ပွတာပဲ"

"ကျောက်စိမ်းလိပ်ပြာ ပျားရဲ့ ခရစ်စတယ်ဟုတ်လား" ထန်၀မ်အာက စပ်စုဟန်ဖြင့်မေးသည်။

လုံချန်ကပြုံး၍ လက်သီးဆုပ်အရွယ်ခန့် ပျားဘုရင်မ၏ ခရစ်စတယ်ကို ထုတ်ယူလိုက်သည်။ထို့နောက်
အပိုင်းလေးများအဖြစ် ချေမွ၍ ခွက်ထဲ ထည့်၏။ကျောက်စက်ရေဖြင့် ရောမွှေလိုက်လျှင် မွှေးရနံ့သည်
ထောင်းကနဲတက်လာ၏။

ထိုရေကို ခွက်နှစ်ခွက်ထဲသို့ထည့်၍ ချင်ယုနှင့် ထန်၀မ်အာကို တစ်ယောက် တစ်ခွက်ပေးလိုက်၏။

"ကျုပ်ရဲ့ လက်လုပ်ဖျော်ရည်လေးကို သောက်ကြည့်ပါဦး"

သူမတို့နှစ်ယောက်က ပါးစပ်ဖြင့်အနည်းငယ်စုပ်သောက်၍ အရသာခံကြည့်၏။သို့သော် ချိုမြမြအရ
သာကို ခံစားရသည်နှင့် ပါးစပ်နှင့်အပြည့်သောက်ချလိုက်တော့၏။ချိုမြိန်လွန်းသော အရသာသည်
သူမတို့နှစ်ယောက်ကို တိမ်များအပေါ်သို့လွင့် မျောသွားသကဲ့သို့ခံစားရစေသည်။

ယခင်က ဖြစ်ပေါ်နေခဲ့သော စိတ်လှုပ်ရှားမှုများရုတ်ချည်းပျောက်ကွယ်သွားကာ စိတ်သည် တည်ငြိမ်
နေသော ရေပြင်ကဲ့သို့ဖြစ်လာသည်။

"ဒါက..."

ထန်၀မ်အာသည် ခွက်ထဲသို့ကြည့်ရင်း ခံစားချက်ကို စကားလုံးဖြင့်ပင် မဖော်ပြတတ်အောင်ဖြစ်နေ
သည်။

"ဟီးဟီး... ကျောက်စိမ်းလိပ်ပြာ ပျားရဲ့ ခရစ်စတယ်က အတွေးတွေ ကို လျှင်မြန်စွာမောင်းထုတ်
ပစ်နိုင်စွမ်းရှိပြီး စိတ်ကို ငြိမ်သက်တဲ့အခြေအနေကို ရောက်သွားစေတယ် ဒီဟာနဲ့ဆိုရင် ကျုပ်တို့
ကျင့်ကြံ့နှုန်းဟာ တစ်၀က်လောက်အားစိုက်ရုံနဲ့ နှစ်ဆလောက်တိုးတက်မှုမြန်လာလိမ့်မယ်"

လုံချန်က ကျေနပ်ဟန်ဖြင့်ပြောသည်။

ထန်၀မ်အာနှင့် ချင်ယုက အံ့အားသင့်ဟန်ဖြင့် တစ်ယောက်နှင့်တစ်ယောက်ကြည့်မိကြသည်။ထိုအချိန်
တွင် ဂူအပြင်၌ လူတစ်စု ရောက်လာကြ၏။

ချစ်ခြင်းများစွာဖြင့် ....

Seguir leyendo

También te gustarán

Re:Cursed Por

Aventura

42.9K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
194K 2.3K 71
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်
41.6K 2K 74
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
537K 18.3K 77
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...