ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

99.5K 13.8K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 25

1.2K 207 2
By Swae_Nyoe

25 01

အပိုင်း (၂၅) တိုက်ပွဲ

တည်တံနေသော မျက်နှာထားကို ထိန်းထားနိုင်ဆဲဖြစ်သော ကပ္ပတိန် ငြိမ်သက်နေသည်မှာ တစ်စုံတစ်ခုကို စဉ်းစားနေ၍ ဖြစ်သည်ကို အားလုံး သတိထားမိသည်။ ရုတ်တရက် ကျန်းကျိရင် ထရပ်လိုက်ပြီး လက်ကို ယမ်းပြလိုက်ကာ

"ကျွန်တော့်နောက်က လိုက်ထွက်ခဲ့ကြ"

အပြင်ဘက်မှ ကြည့်လိုက်သောအခါ ပြိုကျလုလု အဆောက်အဦးက ပို၍ စုတ်ပြတ်နေလေသည်။ နံရံများသည် မူလက အရောင်ပင် မပေါ်တော့အောင် အိုဟောင်းနေပြီး တစ်ချို့နေရာများတွင်ဆိုလျှင် အုတ်ကျိုးအုတ်ပဲ့များပင် မြင်နေရသည်။ ပြတင်းပေါက်များက ကျိုးနေပြီး အပြင်ဘက်သို့ တစ်ဝက်ကျနေသည်။

လူတစ်ချို့က ပြောကြသည်။ ဗိသုကာပညာမှာ အသက်ရှိတယ်တဲ့ လူသားချင်းစာနာမှုကလည်း ဗိသုကာပညာရဲ့ အသက်ဝိဉာဉ်လိုပဲတဲ့...

မတူညီသော လူများက ဗိသုကာအဆောက်အအုံများတွင် နေထိုင်ကြပြီး ၎င်းတို့တွင် မတူညီသော ဝိဉာဉ်များရှိကြသည်။ သခင်များစွာကို ပိုင်ဆိုင်ဖူးသော အဆောက်အဦးများတော့ အဆိုးအကောင်းပိုင်းခြားနိုင်သော ဉာဏ်ပညာကို ဆုပ်ကိုင်ထားနိုင်ကြဟန် တူသည်။

ကမ္ဘာပျက်ကပ်ဆိုက်ပြီးနောက် အဆောက်အဦးများသည်လည်း မူလအရှင်သခင်များကို ဆုံးရှုံးလိုက်ကြရသည်။ ဝိဉာဉ်နှင့် အသွေးအသားများမရှိတော့သော ဇွန်ဘီများကဲ့သို့ပင် သူတို့သည်လည်း တဖြည်းဖြည်းနှင့် ဆွေးမြေ့လာကြသည်။

ဤနေရာသည် အခြေစိုက်စခန်းနှင့် သိပ်မဝေးပေ။ မကြာခင်တွင် ထောက်ပံ့ရေးအဖွဲ့က သူတို့လိုအပ်သည့်ပစ္စည်းများကို အခြေစိုက်စခန်းမှ ပြန်ယူပြီး ပြန်လာကြမည်ဖြစ်သည်။ ကျန်းကျိရင် တစ်ခေါက်လောက် စစ်ဆေးကြည့်လိုက်ပြီး ခေါင်းညိတ်သည်။ သူ၏ ဘယ်ဘက်လက်ကို မြှောက်၍ အောက်ချထားရန် လက်ဟန်ပြသည်။

ဖြိုချခြင်းအခမ်းအနား တရားဝင် စတင်ပါပြီ

အခြေစ်ိုက်စခန်းမှ ယူလာသော ပစ္စည်းများသည် လှေကားတစ်ခုကဲ့သို့ ပစ္စည်းနှင့် စစ်ပွဲများတွင်သုံးသော အမြှောက်ကဲ့သို့ လွှဲရိုက်ရသည့် အရာမျိုးဖြစ်သည်။ စခန်းတိုင်းက ဤပစ္စည်းများကို ဇွန်ဘီအုပ်ကြီး ဝင်ရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ဆောင်ထားကြသည်။ ယခု အရေးကြီးအခိုက်အတန့်တွင် ဤပစ္စည်းများကို အသုံးချရန် ယူလာရပြီဖြစ်သည်။

ပထမဆုံးအနေနှင့် မီးစွမ်းရည်ပိုင်ရှင် ဿုံးယောက်တို့က လှေကားအမြင့်ကြီးပေါ်တွင် မတ်တပ်ရပ်ပြီး အတူတကွ မီးနဂါးများ မီးဘောလုံးများကို လေးထပ်မြောက် ထပ်ခိုးဆီသို့ ဆက်တိုက် ပစ်လွှတ်ရမည်ဖြစ်သည်။ စွမ်းရည်ပိုင်ရှင်များမှ ထုတ်လွတ်သော မီးများမှာ သာမန်မီးများထက် အဆပေါင်းများစွာ ကြမ်းကြုတ်သည်။ သူတို့သည် သာမန်ထက် ပို၍ ပူပြင်းပြီး ငြှိမ်းသက်ရန် ခက်ခဲသည်။

မီးက လျင်မြန်စွာ လောင်ကျွမ်းလာပြီး ထပ်ခိုးတစ်ခုလုံး ချက်ချင်း မီးပင်လယ်ဖြစ်သွားသည်။ သူတို့အားလုံး အော်သံတစ်ခုကြားလိုက်ရပြီး လူတိုင်းထိတ်လန့်သွားကာ ခေါင်းများထိုးကိုက်လာသည်။ ဤထပ်ခိုးပေါ်ရှိ ဇွန်ဘီက ဖြစ်ပျက်နေသည့် အခြေအနေကို နားလည်သွားပြီး ဒေါသထွက်သွားပြီဟု တွေးမိကြသည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် အင်အားမလုံလောက်တော့ကာ မီးက တဖြည်းဖြည်းချင်း ငြှိမ်းသွားလေသည်။ နောက်ဆုံးတွင် တဖြည်းဖြည်းနှင့် မီးလုံးဝ ငြှိမ်းသွားသည်။ မီးခိုးများကြားမှ အနက်ရောင်မီးလောင်နံရံများကို မြင်ရသည်။ သို့သော် ထပ်ခိုးတစ်ခုလုံးကတော့ ပုံမပျက်ရှိနေသေးကာ မီးကြောင့် ပျက်စီးမသွားပေ။

ကျန်းကျိရင်မှာ မီးစွမ်းရည်ပိုင်ရှင်များ စတင်မီးထုတ်ကတည်းက ခန့်မှန်းထားပြီးသားဖြစ်ကာ ရေစွမ်းရည်ပိုင်ရှင်နှစ်ယောက်ကို ခေါ်ပြီး ချက်ချင်း လှေကားပေါ်တက်၍ မီးလောင်ထားသာ နံရံကို အေးစက်သွားစေရန် ရေအေးများ ရေခဲများဖြင့် လောင်းစေသည်။ ထပ်ခိုးတစ်ခုလုံး လေအေးများဖြင့် လွှမ်းခြုံသွားသည်။

ထောက်ပံ့ရေးတပ်ဖွဲ့က အမြှောက်ကို တပ်ဆင်ကြကာ ထပ်ခိုးကို ကျောက်တုံးများနှင့် ပစ်ရန် အဆင်သင့်ပြင်တော့သည်။

ကမ္ဘာပျက်ကပ်စတင်ပြီးနောက် ဤသို့သော အမြှောက်အမျိုးအစားများကို အခြေစိုက်စခန်းများ လုံခြုံရေးအတွက် အထူးဒီဇိုင်းချပြီး ထုတ်လုပ်ပေးခဲ့ကြသည်။ အထူးအဆင့်မြင့် အမြှောက်များကား ထုတ်လုပ်တပ်ဆင်ဖို့ မလွယ်ကူပါချေ။ သို့သော် သူတို့သည် ကြီးမားသော ပျက်စီးမှုကို ယူဆောင်လာပေးပြီး ပေါ့ပါးစွာ အသုံးချနိုင်ရန် ဦးစားပေး ဒီဇိုင်းဆွဲခဲ့ကြပါသည်။

သာမန်အမြှောက်များသည် ပေါက်ကွဲစေနိုင်သော ဖောက်ခွဲရေးပစ္စည်းများအပြင် အခြားသော လက်နက်အမျိုးအစားများကိုပါ ပစ်လွတ်နိုင်သည်။ ယွီလင်အခြေစိုက်စခန်း၏ အမြှောက်များမှာ အဆင့်အနိမ့်ဆုံး အမျိုးအစားများဖြစ်ပြီး ကျောက်တုံးများကိုသာ ပစ်နိုင်သည်။

25 02

သို့သော် ဤသည်ကပင် လုံလောက်နေပါပြီ။ ဧရာမကျောက်တုံးကြီးများ နံရံကို ထိသွားသည်နှင့်အမျှ နှစ်ကြိမ်မြောက်တွင် ထပ်ခိုးက စတင်ပြီး ပြိုကျလာသည်။ အဖွဲ့ထဲမှ တစ်ဦးတည်းသော သစ်သားစွမ်းရည်ပိုင်ရှင် အားမုက ကျန်းကျိရင်နား ရောက်လာပြီး အမူအယာဖြင့်

"အားလုံးအဆင်ပြေတယ်"

ဟု ပြောသွားသည်။

ခေါင်းမှချွေးများစီးကျနေပြီး နှုတ်ခမ်းများက ဖွေးဆုတ်နေသည့် အားမုကို ကြည့်လိုက်သည်နှင့် အစွမ်းများကို ကန့်သန့်ချက်လွန်အောင် ထုတ်သုံးထားမှန်း သိသာနေသည်။ ကျန်းကျိရင် ခေါင်းညိတ်လိုက်ပြီး အားမု၏ ပုခုံးကို ပုတ်ပေးလိုက်ကာ ကောင်းကောင်းအနားယူဖို့ ပြောလိုက်သည်။

ကုလားအုတ်၏ ကျောရိုးကို ကျိုးသွားစေသော နောက်ဆုံးကောက်ရိုးမျှင်ကဲ့သို့ပင် ကျောက်တုံးကြီး သုံးခု ထပ်ခိုးပေါ်သို့ ကျသွားသည်နှင့် ခနော်နီခနော်နဲ့ ထပ်ခိုးအတွင်းမှ ဟိန်းဟောက်သံကြီး ထွက်လာပြီး တွင်းကြီးတစ်တွင်း ပေါ်လာတော့သည်။

တစ်ချိန်တည်းနီးနီးမှာပင် မြေပြင်တစ်ခုလုံး တုန်ဟီးသွားပြီး လူတစ်စု အတူတကွ ဖက်တွယ်ထားကြသလောက် ပမာဏလောက် ကြီးမားသော သစ်တုံးကြီးတစ်ခု အိမ်အလည်တည့်တည့်မှ တိုးထွက်လာသည်။ ၎င်းသည် နှစ်လွှာတိတိ ထိုးဖောက်ထွက်လာကာ ထပ်ခိုးကြမ်းပြင်ကို ဖြတ်သန်းသွာဖို့ လုပ်သည်။ ဤသည်မှာ ခုခံနိုင်ရန် အခက်ခဲစွမ်းအားတစ်ခုဖြစ်သည့် အသက်စွမ်းအားပင်။

စိတ်ကူးယဉ်ဆန်လွန်းစွာ လူတိုင်းကို အနိုင်ယူနိုင်သော ဇွန်ဘီဘော့စ်၏ စွမ်းအားက ကြက်အရေခွံလို ကျိုးပဲ့သွားတော့သည်။

ဤနေရာတွင် ရှိနေကြသော ကစားသမားများအားလုံးမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိကြသည်။ သို့သော် သူတို့အားလုံး ရုတ်တရက် သတိအနေအထား ဖြစ်သွားကြပြန်သည်။

နောက်ထပ် အော်သံကျယ်ကြီးနှင့်အတူ ကျောက်တုံးများပစ်ရာမှ ဖြစ်ပေါ်လာသော အပေါက်များမှ ဇွန်ဘီဘော့စ် ပေါ်လာသည်? ၎င်းသည် မြေပြင်ပေါ်မှ လူများကို အေးစက်စွာကြည့်သည်။ ကြည့်သည်ဟု ပြောရန် သိပ်မသေင့်တော်သသော်လည်း ၎င်း၏ မျက်လုံများထဲတွင် တွင်းနက်ကြီးကဲ့သို့ အပေါက်ကြီးနှစ်ခုရှိကာ ထိုမျက်လုံးများမှ အေးစက်သော ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပေါ်ထွက်နေသည်။

သို့သော် ၎င်း၏ စိတ်စွမ်းအင်က မည်သည့်အနေရာမဆို ရောက်နိုင်လောက်အောင် အားကောင်းလွန်းလှသည်။ လူတိုင်းလူတိုင်း ကျောထဲစိမ့်သွားအောင် အေးလာကြပြီး ကြီးမားသော ဖိနှိပ်မှုကို ခံစားရကြသည်။ သတိပေးသည့် အော်သံတစ်ချက်နှင့်အတူ သူကအရင်ဦးဆောင်ပြီး ဇွန်ဘီဘော့စ်ထံသို့ လေဓားသွားများ ပစ်လွှတ်လိုက်၏။

ဇွန်ဘီဘော့စ်သည် ခေါင်းကို ဘေးဘက်စောင်း၍ ရှောင်လိုက်ပြီး တွင်းနက်ထဲမှ ခုန်ထွက်လာသည်။ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို စတင်လာပြီး စက်ကွင်းကို ကျယ်နိုင်သမျှ ကျယ်အောင် ထုတ်လွှင့်ထားဟန် ရှိသည်။ ရှောင်ကျင်း၊ အားခုန် နှင့် ကျန်သူများသည် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို မခုခံနိုင်ကြဘဲ မြေပြင်ပေါ်တွင် ခေါင်းကို လက်နှစ်ဖက်နှင့်ကိုင်၍ ကုတ်ကုတ်ကလေး ထိုင်နေကြရသည်။

တစ်ခြားသူများထက် လယ်ဗယ်အနည်းငယ် မြင့်သော တာ့တောက်နှင့် အားမုတို့ကဲ့သို့ လူများမှာမူ မျက်စိတင်းတင်းမှိတ်ထား၍ တောင့်ခံနိုင်ကြသည်။ ကျန်းကျိရင်ကတော့ အားလုံးထက် အနည်းငယ် ပိုကောင်းသည့် အခြေအနေတွင် ရှိနေသည်။ သို့သော် သူက သတိကိုတော့ လျော့မချရဲပေ။

ဇွန်ဘီဘော့စ်က လေစွမ်းရည်ပိုင်ရှင်အနားသို့ တိုးကပ်သွားပြီး လည်ပင်းညစ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်ကို မြင်ခဲ့သည်။ ချက်ချင်း ရေခဲချွန်တစ်ခု ထုတ်လိုက်ပြီး ဇွန်ဘီဘော့စ်၏ လမ်းကို တားလိုက်သည်။ ဇွန်ဘီဘော့စ်က ကျန်းကျိရင်ထံသို့ ပြေးလာပြီး တိုက်ခိုက်တော့သည်။ တာ့တောက်နှင့် ကျန်သူများမှာ တိုက်ပွဲထဲသို့ ခုန်ဝင်လာပြီး ကျန်းကျိရင် မထိခိုက်အောင် ခုခံပေးကြသည်။

ကျန်းကျိရင် အေးခဲချိုးဖြတ် ရေခဲလုံးတစ်လုံး ပစ်လိုက်သော်လည်း ဇွန်ဘီဘော့စ်က ရှောင်သွားသည်။ ဇွန်ဘီ၏ လက်သည်းဝါဝါကြီးများကို တားဆီးရန် ရေခဲနံရံတစ်ခုကို အသည်းအသန် ဖန်ဆင်းလိုက်ရပြီး သူနှင့် သိပ်မဝေးတော့သော နေရာတွင်ရှိနေသည့် ဇွန်ဘီဘော့စ်ကို အနားကပ်မလာနိုင်စေရန် ရေခဲဓားသွားများ ပစ်လိုက်သည်။

လက်ရည်ချင်းယှဉ်သည့်ပွဲတွင် ဇွန်ဘီဘော့စ်သည် သူယှဉ်နိုင်သော ပြိုင်ဘက်မဟုတ်ပါချေ။

သူလက်ကို မြှောက်လိုက်ချိန်တွင် ဇွန်ဘီဘော့စ်၏ ကြောက်မက်ဖွယ် အနက်ရောင်မျက်လုံးများကို ရုတ်တရက် မြင်လိုက်ရ၏။ သူသည် ကြောင်ငေးငေးဖြစ်သွားပြီး နေရာတွင် အတောင့်လိုက်ရပ်နေမိသည်။

"သတိထား အဲဒီကောင်ရဲ့ မျက်လုံးကို မကြည့်မိစေနဲံ"

တာ့တောက်က တစ်ခါကြည့်လိုက်မိသည်နှင့် ချက်ချင်းအော်၍ သတိပေးလိုက်ကာ မီးစွမ်းရည်ပိုင်ရှင်နှစ်ယောက်နှင့်အတူ ဘော့စ်ကို နောက်ဆုတ်သွားအောင် ရေကုန်ရေခမ်း တိုက်ခိုက်နေသည်။

25 03

ကျန်းကျိရင် ပုံရိပ်ယောင်ထဲသို့ ထပ်ကျသွားပြန်သည်။

ဤတစ်ကြိမ်၏ ဒုတိယမြောက် ဇာတ်လိုက်မှာလည်း ယင်ညန် ဖြစ်နေတုန်းပင်။ သို့သော် ယင်ညန်နှင့် တစ်စက်ကလေးမှ တော့ မတူပေ။

သူ့ရှေ့တွင် ဧရာမ မြွေကြီးတစ်ကောင်ရှိနေသည်။ ထိုမြွေကြီးသည် လျှာနီရဲရဲ တစ်လစ်တစ်လစ် ထုတ်နေပြီး သူ့ကို အထင်သေးသလို လာကြည့်နေသည်။ ဘော့စ်က သူ့အင်္ကျီလက်ကို သနားစရာကောင်းအောင် ကိုင်ထားပြီး မျက်နှာငယ်လေး လုပ်ပြကာ

"ကျိရင် ကိုယ်ကြောက်တယ် မင်း အဲတာကြီးကို သတ်လိုက်ပါလားဟင်"

မြွေကြီးသည် ကျန်းကျိရင်နောက်တွင် ကြောက်လန့်စွာ ပုန်းနေသော ယင်ညန်ရှိရာသို့ ပြေးဝင်သွားသည်။ ကျန်းကျိရင် ရုတ်တရက် နိုးလာပြီး ပုံရိပ်ယောင်ထဲမှ ထွက်လာနိုင်သွားသည်။

သေချာသည်။ အစက မြွေကြီး၏ ဦးတည်ရာမှာ တကယ့်ကို သူ၏ ရင်ဘက်ဆီသို့ ဖြစ်နေသည်ဟု ထင်ခဲ့မိသည်။ ဤပုံရိပ်ယောင်သည် သူ့ချစ်သူကို ကာကွယ်ပေးလိုသည့် နှလုံးသား၏ စိတ်ဆန္ဒကို အသုံးချ၍ သူ့ကို ထိန်းချုပ်မည့် ပုံရိပ်ယောင်ဖြစ်သည်။

နောက်ထပ် ဇာတ်ဆောင်တစ်ယောက်က ယင်ညန်ဖြစ်လာချိန်တွင် အရာအားလုံးက ဆိုးရွားလှသော နောက်ပြောင်မှုတစ်ခုသာ ဖြစ်လာသည်ကတော့ တကယ်ကို စိတ်မကောင်းစရာပင်။

ကျန်းကျိရင် နှုတ်ခမ်းထော်သွားသည်။ သူ့ချစ်သူ၏ ပုံရိပ်ကို အသုံးချပြီးလုပ်ထားသော တိုက်ခိုက်မှုက မအောင်မြင်နိုင်။ အကြောင်းမှာ သူချစ်ရသူသည် အနိတ္တိမဘော့စ်ကြီးဖြစ်နေသောကြောင့်ပင်။

သူတို့ကို နှောက်ယှက်နေသော စိတ်စွမ်းအားစက်ကွင်းကို ဖျက်ဆီးပြီးဖြစ်သည်။ ထို့အပြင် ဇွန်ဘီဘော့စ်သည်လည်း အိမ်ကွင်းဆိုသည့် အားသာချက်တစ်ခု ဆုံးရှံဒးသွားပြီဖြစ်ကာ ဇွန်ဘီဘော့စ်သည် နောက်ဆုံးတွင် အလွန်အမင်း မုန်ယို ဒေါသထွက်လာပြီး လူအုပ်ကြီးကို အသေသတ်ပစ်ချင်ဟန် ဖြစ်လာသည်။

တာ့တောက်နှင့် တစ်ခြားသူများမှာ အလွန်ပင်ပန်းနေကြပြီး ဤတိုက်ခိုက်မှုကို ခနလောက် မတုံ့ပြန်နိုင်ဖြစ်သွားသည်။ ဇွန်ဘီဘော့စ်နှင့် ဝေးရာဘက်သို့ ဆုတ်သွားရန်သာ ကြိုးစားကြသည်။

ထိုအချိန်တွင် ရေခဲဓားသွားတစ်လက်က ဇွန်ဘီဘော့စ်၏ ရင်ဘက်တစ်ခုလုံးကို အပေါက်ဖြစ်သွားအောင် ဖြတ်ချသွားသည်။

ယခုလေးတင်မှ ပြန်ကောင်းလာသော ကျန်းကျိရင်သည် အဓိကအဖွဲ့၏ နေရာတွင် နေရာယူပြီး ပို၍ ပြင်းထန်ရက်စက်သော တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်တော့သည်။

ငါးမိနစ်ကြာပြီးနောက် ဇွန်ဘီဘော့စ်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ အလိုလျောက် လဲကျသွားပြီး တုတ်တုတ်မှ မလှုပ်တော့ပေ။ တိုက်ပွဲကြီးကို ပင်ပင်ပန်းပန်း တိုက်ခိုက်ခဲ့ရသော အဖွဲ့သားများသည် အချင်းချင်းကြည့်၍ ပြုံးမိလိုက်ကြသည်။ အထောက်အပံ့အဖွဲ့ကလည်း အားအင်များပြည့်ဝနေဟန်ဖြင့် တက်ကြွစွာ ဒဏ်ရာရထားသူများကို ကူညီ၍ သိမ်းစရာရှိတာ သိမ်းနေကြသည်။

အလွန်ပင်ပန်းနေသော ကျန်းကျိရင်မှာလည်း မြေပြင်ပေါ်သို့ ထိုင်ချ၍ နားမိတော့သည်။

ရှာမတွေ့နိုင်သော အဝေးတစ်နေရာမှ နေရာတစ်ခုတွင် အရပ်ရှည်ရှည်နှင့် ဝေဝါးဝါးပုံရိပ်တစ်ခုက တိုက်ပွဲကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

.........................................

Telegramမှာ အပိုင်း ၈၄အထိ ရောက်ပါပြီနော်။

Zawgyi

25 01
အပိုင္း (၂၅) တိုက္ပြဲ

တည္တံေနေသာ မ်က္ႏွာထားကို ထိန္းထားႏိုင္ဆဲျဖစ္ေသာ ကပၸတိန္ ၿငိမ္သက္ေနသည္မွာ တစ္စုံတစ္ခုကို စဥ္းစားေန၍ ျဖစ္သည္ကို အားလုံး သတိထားမိသည္။ ႐ုတ္တရက္ က်န္းက်ိရင္ ထရပ္လိုက္ၿပီး လက္ကို ယမ္းျပလိုက္ကာ

"ကြၽန္ေတာ့္ေနာက္က လိုက္ထြက္ခဲ့ၾက"

အျပင္ဘက္မွ ၾကည့္လိုက္ေသာအခါ ၿပိဳက်လုလု အေဆာက္အဦးက ပို၍ စုတ္ျပတ္ေနေလသည္။ နံရံမ်ားသည္ မူလက အေရာင္ပင္ မေပၚေတာ့ေအာင္ အိုေဟာင္းေနၿပီး တစ္ခ်ိဳ႕ေနရာမ်ားတြင္ဆိုလွ်င္ အုတ္က်ိဳးအုတ္ပဲ့မ်ားပင္ ျမင္ေနရသည္။ ျပတင္းေပါက္မ်ားက က်ိဳးေနၿပီး အျပင္ဘက္သို႔ တစ္ဝက္က်ေနသည္။

လူတစ္ခ်ိဳ႕က ေျပာၾကသည္။ ဗိသုကာပညာမွာ အသက္ရွိတယ္တဲ့ လူသားခ်င္းစာနာမႈကလည္း ဗိသုကာပညာရဲ႕ အသက္ဝိဉာဥ္လိုပဲတဲ့...

မတူညီေသာ လူမ်ားက ဗိသုကာအေဆာက္အအုံမ်ားတြင္ ေနထိုင္ၾကၿပီး ၎တို႔တြင္ မတူညီေသာ ဝိဉာဥ္မ်ားရွိၾကသည္။ သခင္မ်ားစြာကို ပိုင္ဆိုင္ဖူးေသာ အေဆာက္အဦးမ်ားေတာ့ အဆိုးအေကာင္းပိုင္းျခားႏိုင္ေသာ ဉာဏ္ပညာကို ဆုပ္ကိုင္ထားႏိုင္ၾကဟန္ တူသည္။

ကမာၻပ်က္ကပ္ဆိုက္ၿပီးေနာက္ အေဆာက္အဦးမ်ားသည္လည္း မူလအရွင္သခင္မ်ားကို ဆုံးရႈံးလိုက္ၾကရသည္။ ဝိဉာဥ္ႏွင့္ အေသြးအသားမ်ားမရွိေတာ့ေသာ ဇြန္ဘီမ်ားကဲ့သို႔ပင္ သူတို႔သည္လည္း တျဖည္းျဖည္းႏွင့္ ေဆြးေျမ့လာၾကသည္။

ဤေနရာသည္ အေျခစိုက္စခန္းႏွင့္ သိပ္မေဝးေပ။ မၾကာခင္တြင္ ေထာက္ပံ့ေရးအဖြဲ႕က သူတို႔လိုအပ္သည့္ပစၥည္းမ်ားကို အေျခစိုက္စခန္းမွ ျပန္ယူၿပီး ျပန္လာၾကမည္ျဖစ္သည္။ က်န္းက်ိရင္ တစ္ေခါက္ေလာက္ စစ္ေဆးၾကည့္လိုက္ၿပီး ေခါင္းညိတ္သည္။ သူ၏ ဘယ္ဘက္လက္ကို ေျမႇာက္၍ ေအာက္ခ်ထားရန္ လက္ဟန္ျပသည္။

ၿဖိဳခ်ျခင္းအခမ္းအနား တရားဝင္ စတင္ပါၿပီ

အေျခစ္ိုက္စခန္းမွ ယူလာေသာ ပစၥည္းမ်ားသည္ ေလွကားတစ္ခုကဲ့သို႔ ပစၥည္းႏွင့္ စစ္ပြဲမ်ားတြင္သုံးေသာ အေျမႇာက္ကဲ့သို႔ လႊဲ႐ိုက္ရသည့္ အရာမ်ိဳးျဖစ္သည္။ စခန္းတိုင္းက ဤပစၥည္းမ်ားကို ဇြန္ဘီအုပ္ႀကီး ဝင္ေရာက္တိုက္ခိုက္ျခင္းမွ ကာကြယ္ရန္ ေဆာင္ထားၾကသည္။ ယခု အေရးႀကီးအခိုက္အတန႔္တြင္ ဤပစၥည္းမ်ားကို အသုံးခ်ရန္ ယူလာရၿပီျဖစ္သည္။

ပထမဆုံးအေနႏွင့္ မီးစြမ္းရည္ပိုင္ရွင္ ႆုံးေယာက္တို႔က ေလွကားအျမင့္ႀကီးေပၚတြင္ မတ္တပ္ရပ္ၿပီး အတူတကြ မီးနဂါးမ်ား မီးေဘာလုံးမ်ားကို ေလးထပ္ေျမာက္ ထပ္ခိုးဆီသို႔ ဆက္တိုက္ ပစ္လႊတ္ရမည္ျဖစ္သည္။ စြမ္းရည္ပိုင္ရွင္မ်ားမွ ထုတ္လြတ္ေသာ မီးမ်ားမွာ သာမန္မီးမ်ားထက္ အဆေပါင္းမ်ားစြာ ၾကမ္းၾကဳတ္သည္။ သူတို႔သည္ သာမန္ထက္ ပို၍ ပူျပင္းၿပီး ျငႇိမ္းသက္ရန္ ခက္ခဲသည္။

မီးက လ်င္ျမန္စြာ ေလာင္ကြၽမ္းလာၿပီး ထပ္ခိုးတစ္ခုလုံး ခ်က္ခ်င္း မီးပင္လယ္ျဖစ္သြားသည္။ သူတို႔အားလုံး ေအာ္သံတစ္ခုၾကားလိုက္ရၿပီး လူတိုင္းထိတ္လန႔္သြားကာ ေခါင္းမ်ားထိုးကိုက္လာသည္။ ဤထပ္ခိုးေပၚရွိ ဇြန္ဘီက ျဖစ္ပ်က္ေနသည့္ အေျခအေနကို နားလည္သြားၿပီး ေဒါသထြက္သြားၿပီဟု ေတြးမိၾကသည္။

ဆယ္မိနစ္ခန႔္ၾကာၿပီးေနာက္ အင္အားမလုံေလာက္ေတာ့ကာ မီးက တျဖည္းျဖည္းခ်င္း ျငႇိမ္းသြားေလသည္။ ေနာက္ဆုံးတြင္ တျဖည္းျဖည္းႏွင့္ မီးလုံးဝ ျငႇိမ္းသြားသည္။ မီးခိုးမ်ားၾကားမွ အနက္ေရာင္မီးေလာင္နံရံမ်ားကို ျမင္ရသည္။ သို႔ေသာ္ ထပ္ခိုးတစ္ခုလုံးကေတာ့ ပုံမပ်က္ရွိေနေသးကာ မီးေၾကာင့္ ပ်က္စီးမသြားေပ။

က်န္းက်ိရင္မွာ မီးစြမ္းရည္ပိုင္ရွင္မ်ား စတင္မီးထုတ္ကတည္းက ခန႔္မွန္းထားၿပီးသားျဖစ္ကာ ေရစြမ္းရည္ပိုင္ရွင္ႏွစ္ေယာက္ကို ေခၚၿပီး ခ်က္ခ်င္း ေလွကားေပၚတက္၍ မီးေလာင္ထားသာ နံရံကို ေအးစက္သြားေစရန္ ေရေအးမ်ား ေရခဲမ်ားျဖင့္ ေလာင္းေစသည္။ ထပ္ခိုးတစ္ခုလုံး ေလေအးမ်ားျဖင့္ လႊမ္းၿခဳံသြားသည္။

ေထာက္ပံ့ေရးတပ္ဖြဲ႕က အေျမႇာက္ကို တပ္ဆင္ၾကကာ ထပ္ခိုးကို ေက်ာက္တုံးမ်ားႏွင့္ ပစ္ရန္ အဆင္သင့္ျပင္ေတာ့သည္။

ကမာၻပ်က္ကပ္စတင္ၿပီးေနာက္ ဤသို႔ေသာ အေျမႇာက္အမ်ိဳးအစားမ်ားကို အေျခစိုက္စခန္းမ်ား လုံၿခဳံေရးအတြက္ အထူးဒီဇိုင္းခ်ၿပီး ထုတ္လုပ္ေပးခဲ့ၾကသည္။ အထူးအဆင့္ျမင့္ အေျမႇာက္မ်ားကား ထုတ္လုပ္တပ္ဆင္ဖို႔ မလြယ္ကူပါေခ်။ သို႔ေသာ္ သူတို႔သည္ ႀကီးမားေသာ ပ်က္စီးမႈကို ယူေဆာင္လာေပးၿပီး ေပါ့ပါးစြာ အသုံးခ်ႏိုင္ရန္ ဦးစားေပး ဒီဇိုင္းဆြဲခဲ့ၾကပါသည္။

သာမန္အေျမႇာက္မ်ားသည္ ေပါက္ကြဲေစႏိုင္ေသာ ေဖာက္ခြဲေရးပစၥည္းမ်ားအျပင္ အျခားေသာ လက္နက္အမ်ိဳးအစားမ်ားကိုပါ ပစ္လြတ္ႏိုင္သည္။ ယြီလင္အေျခစိုက္စခန္း၏ အေျမႇာက္မ်ားမွာ အဆင့္အနိမ့္ဆုံး အမ်ိဳးအစားမ်ားျဖစ္ၿပီး ေက်ာက္တုံးမ်ားကိုသာ ပစ္ႏိုင္သည္။
25 02
သို႔ေသာ္ ဤသည္ကပင္ လုံေလာက္ေနပါၿပီ။ ဧရာမေက်ာက္တုံးႀကီးမ်ား နံရံကို ထိသြားသည္ႏွင့္အမွ် ႏွစ္ႀကိမ္ေျမာက္တြင္ ထပ္ခိုးက စတင္ၿပီး ၿပိဳက်လာသည္။ အဖြဲ႕ထဲမွ တစ္ဦးတည္းေသာ သစ္သားစြမ္းရည္ပိုင္ရွင္ အားမုက က်န္းက်ိရင္နား ေရာက္လာၿပီး အမူအယာျဖင့္

"အားလုံးအဆင္ေျပတယ္"

ဟု ေျပာသြားသည္။

ေခါင္းမွေခြၽးမ်ားစီးက်ေနၿပီး ႏႈတ္ခမ္းမ်ားက ေဖြးဆုတ္ေနသည့္ အားမုကို ၾကည့္လိုက္သည္ႏွင့္ အစြမ္းမ်ားကို ကန႔္သန႔္ခ်က္လြန္ေအာင္ ထုတ္သုံးထားမွန္း သိသာေနသည္။ က်န္းက်ိရင္ ေခါင္းညိတ္လိုက္ၿပီး အားမု၏ ပုခုံးကို ပုတ္ေပးလိုက္ကာ ေကာင္းေကာင္းအနားယူဖို႔ ေျပာလိုက္သည္။

ကုလားအုတ္၏ ေက်ာ႐ိုးကို က်ိဳးသြားေစေသာ ေနာက္ဆုံးေကာက္႐ိုးမွ်င္ကဲ့သို႔ပင္ ေက်ာက္တုံးႀကီး သုံးခု ထပ္ခိုးေပၚသို႔ က်သြားသည္ႏွင့္ ခေနာ္နီခေနာ္နဲ႔ ထပ္ခိုးအတြင္းမွ ဟိန္းေဟာက္သံႀကီး ထြက္လာၿပီး တြင္းႀကီးတစ္တြင္း ေပၚလာေတာ့သည္။

တစ္ခ်ိန္တည္းနီးနီးမွာပင္ ေျမျပင္တစ္ခုလုံး တုန္ဟီးသြားၿပီး လူတစ္စု အတူတကြ ဖက္တြယ္ထားၾကသေလာက္ ပမာဏေလာက္ ႀကီးမားေသာ သစ္တုံးႀကီးတစ္ခု အိမ္အလည္တည့္တည့္မွ တိုးထြက္လာသည္။ ၎သည္ ႏွစ္လႊာတိတိ ထိုးေဖာက္ထြက္လာကာ ထပ္ခိုးၾကမ္းျပင္ကို ျဖတ္သန္းသြာဖို႔ လုပ္သည္။ ဤသည္မွာ ခုခံႏိုင္ရန္ အခက္ခဲစြမ္းအားတစ္ခုျဖစ္သည့္ အသက္စြမ္းအားပင္။

စိတ္ကူးယဥ္ဆန္လြန္းစြာ လူတိုင္းကို အႏိုင္ယူႏိုင္ေသာ ဇြန္ဘီေဘာ့စ္၏ စြမ္းအားက ၾကက္အေရခြံလို က်ိဳးပဲ့သြားေတာ့သည္။

ဤေနရာတြင္ ရွိေနၾကေသာ ကစားသမားမ်ားအားလုံးမွ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္မိၾကသည္။ သို႔ေသာ္ သူတို႔အားလုံး ႐ုတ္တရက္ သတိအေနအထား ျဖစ္သြားၾကျပန္သည္။

ေနာက္ထပ္ ေအာ္သံက်ယ္ႀကီးႏွင့္အတူ ေက်ာက္တုံးမ်ားပစ္ရာမွ ျဖစ္ေပၚလာေသာ အေပါက္မ်ားမွ ဇြန္ဘီေဘာ့စ္ ေပၚလာသည္? ၎သည္ ေျမျပင္ေပၚမွ လူမ်ားကို ေအးစက္စြာၾကည့္သည္။ ၾကည့္သည္ဟု ေျပာရန္ သိပ္မေသင့္ေတာ္သေသာ္လည္း ၎၏ မ်က္လုံမ်ားထဲတြင္ တြင္းနက္ႀကီးကဲ့သို႔ အေပါက္ႀကီးႏွစ္ခုရွိကာ ထိုမ်က္လုံးမ်ားမွ ေအးစက္ေသာ ေၾကာက္မက္ဖြယ္ အရွိန္အဝါတို႔ ေပၚထြက္ေနသည္။

သို႔ေသာ္ ၎၏ စိတ္စြမ္းအင္က မည္သည့္အေနရာမဆို ေရာက္ႏိုင္ေလာက္ေအာင္ အားေကာင္းလြန္းလွသည္။ လူတိုင္းလူတိုင္း ေက်ာထဲစိမ့္သြားေအာင္ ေအးလာၾကၿပီး ႀကီးမားေသာ ဖိႏွိပ္မႈကို ခံစားရၾကသည္။ သတိေပးသည့္ ေအာ္သံတစ္ခ်က္ႏွင့္အတူ သူကအရင္ဦးေဆာင္ၿပီး ဇြန္ဘီေဘာ့စ္ထံသို႔ ေလဓားသြားမ်ား ပစ္လႊတ္လိုက္၏။

ဇြန္ဘီေဘာ့စ္သည္ ေခါင္းကို ေဘးဘက္ေစာင္း၍ ေရွာင္လိုက္ၿပီး တြင္းနက္ထဲမွ ခုန္ထြက္လာသည္။ စိတ္ပိုင္းဆိုင္ရာ တိုက္ခိုက္မႈကို စတင္လာၿပီး စက္ကြင္းကို က်ယ္ႏိုင္သမွ် က်ယ္ေအာင္ ထုတ္လႊင့္ထားဟန္ ရွိသည္။ ေရွာင္က်င္း၊ အားခုန္ ႏွင့္ က်န္သူမ်ားသည္ စိတ္ပိုင္းဆိုင္ရာ တိုက္ခိုက္မႈကို မခုခံႏိုင္ၾကဘဲ ေျမျပင္ေပၚတြင္ ေခါင္းကို လက္ႏွစ္ဖက္ႏွင့္ကိုင္၍ ကုတ္ကုတ္ကေလး ထိုင္ေနၾကရသည္။

တစ္ျခားသူမ်ားထက္ လယ္ဗယ္အနည္းငယ္ ျမင့္ေသာ တာ့ေတာက္ႏွင့္ အားမုတို႔ကဲ့သို႔ လူမ်ားမွာမူ မ်က္စိတင္းတင္းမွိတ္ထား၍ ေတာင့္ခံႏိုင္ၾကသည္။ က်န္းက်ိရင္ကေတာ့ အားလုံးထက္ အနည္းငယ္ ပိုေကာင္းသည့္ အေျခအေနတြင္ ရွိေနသည္။ သို႔ေသာ္ သူက သတိကိုေတာ့ ေလ်ာ့မခ်ရဲေပ။

ဇြန္ဘီေဘာ့စ္က ေလစြမ္းရည္ပိုင္ရွင္အနားသို႔ တိုးကပ္သြားၿပီး လည္ပင္းညစ္ရန္ လက္ကို ဆန႔္ထုတ္လိုက္သည္ကို ျမင္ခဲ့သည္။ ခ်က္ခ်င္း ေရခဲခြၽန္တစ္ခု ထုတ္လိုက္ၿပီး ဇြန္ဘီေဘာ့စ္၏ လမ္းကို တားလိုက္သည္။ ဇြန္ဘီေဘာ့စ္က က်န္းက်ိရင္ထံသို႔ ေျပးလာၿပီး တိုက္ခိုက္ေတာ့သည္။ တာ့ေတာက္ႏွင့္ က်န္သူမ်ားမွာ တိုက္ပြဲထဲသို႔ ခုန္ဝင္လာၿပီး က်န္းက်ိရင္ မထိခိုက္ေအာင္ ခုခံေပးၾကသည္။

က်န္းက်ိရင္ ေအးခဲခ်ိဳးျဖတ္ ေရခဲလုံးတစ္လုံး ပစ္လိုက္ေသာ္လည္း ဇြန္ဘီေဘာ့စ္က ေရွာင္သြားသည္။ ဇြန္ဘီ၏ လက္သည္းဝါဝါႀကီးမ်ားကို တားဆီးရန္ ေရခဲနံရံတစ္ခုကို အသည္းအသန္ ဖန္ဆင္းလိုက္ရၿပီး သူႏွင့္ သိပ္မေဝးေတာ့ေသာ ေနရာတြင္ရွိေနသည့္ ဇြန္ဘီေဘာ့စ္ကို အနားကပ္မလာႏိုင္ေစရန္ ေရခဲဓားသြားမ်ား ပစ္လိုက္သည္။

လက္ရည္ခ်င္းယွဥ္သည့္ပြဲတြင္ ဇြန္ဘီေဘာ့စ္သည္ သူယွဥ္ႏိုင္ေသာ ၿပိဳင္ဘက္မဟုတ္ပါေခ်။

သူလက္ကို ေျမႇာက္လိုက္ခ်ိန္တြင္ ဇြန္ဘီေဘာ့စ္၏ ေၾကာက္မက္ဖြယ္ အနက္ေရာင္မ်က္လုံးမ်ားကို ႐ုတ္တရက္ ျမင္လိုက္ရ၏။ သူသည္ ေၾကာင္ေငးေငးျဖစ္သြားၿပီး ေနရာတြင္ အေတာင့္လိုက္ရပ္ေနမိသည္။

"သတိထား အဲဒီေကာင္ရဲ႕ မ်က္လုံးကို မၾကည့္မိေစနဲံ"

တာ့ေတာက္က တစ္ခါၾကည့္လိုက္မိသည္ႏွင့္ ခ်က္ခ်င္းေအာ္၍ သတိေပးလိုက္ကာ မီးစြမ္းရည္ပိုင္ရွင္ႏွစ္ေယာက္ႏွင့္အတူ ေဘာ့စ္ကို ေနာက္ဆုတ္သြားေအာင္ ေရကုန္ေရခမ္း တိုက္ခိုက္ေနသည္။
25 03
က်န္းက်ိရင္ ပုံရိပ္ေယာင္ထဲသို႔ ထပ္က်သြားျပန္သည္။

ဤတစ္ႀကိမ္၏ ဒုတိယေျမာက္ ဇာတ္လိုက္မွာလည္း ယင္ညန္ ျဖစ္ေနတုန္းပင္။ သို႔ေသာ္ ယင္ညန္ႏွင့္ တစ္စက္ကေလးမွ ေတာ့ မတူေပ။

သူ႔ေရွ႕တြင္ ဧရာမ ေႁမြႀကီးတစ္ေကာင္ရွိေနသည္။ ထိုေႁမြႀကီးသည္ လွ်ာနီရဲရဲ တစ္လစ္တစ္လစ္ ထုတ္ေနၿပီး သူ႔ကို အထင္ေသးသလို လာၾကည့္ေနသည္။ ေဘာ့စ္က သူ႔အက်ႌလက္ကို သနားစရာေကာင္းေအာင္ ကိုင္ထားၿပီး မ်က္ႏွာငယ္ေလး လုပ္ျပကာ

"က်ိရင္ ကိုယ္ေၾကာက္တယ္ မင္း အဲတာႀကီးကို သတ္လိုက္ပါလားဟင္"

ေႁမြႀကီးသည္ က်န္းက်ိရင္ေနာက္တြင္ ေၾကာက္လန႔္စြာ ပုန္းေနေသာ ယင္ညန္ရွိရာသို႔ ေျပးဝင္သြားသည္။ က်န္းက်ိရင္ ႐ုတ္တရက္ ႏိုးလာၿပီး ပုံရိပ္ေယာင္ထဲမွ ထြက္လာႏိုင္သြားသည္။

ေသခ်ာသည္။ အစက ေႁမြႀကီး၏ ဦးတည္ရာမွာ တကယ့္ကို သူ၏ ရင္ဘက္ဆီသို႔ ျဖစ္ေနသည္ဟု ထင္ခဲ့မိသည္။ ဤပုံရိပ္ေယာင္သည္ သူ႔ခ်စ္သူကို ကာကြယ္ေပးလိုသည့္ ႏွလုံးသား၏ စိတ္ဆႏၵကို အသုံးခ်၍ သူ႔ကို ထိန္းခ်ဳပ္မည့္ ပုံရိပ္ေယာင္ျဖစ္သည္။

ေနာက္ထပ္ ဇာတ္ေဆာင္တစ္ေယာက္က ယင္ညန္ျဖစ္လာခ်ိန္တြင္ အရာအားလုံးက ဆိုး႐ြားလွေသာ ေနာက္ေျပာင္မႈတစ္ခုသာ ျဖစ္လာသည္ကေတာ့ တကယ္ကို စိတ္မေကာင္းစရာပင္။

က်န္းက်ိရင္ ႏႈတ္ခမ္းေထာ္သြားသည္။ သူ႔ခ်စ္သူ၏ ပုံရိပ္ကို အသုံးခ်ၿပီးလုပ္ထားေသာ တိုက္ခိုက္မႈက မေအာင္ျမင္ႏိုင္။ အေၾကာင္းမွာ သူခ်စ္ရသူသည္ အနိတၱိမေဘာ့စ္ႀကီးျဖစ္ေနေသာေၾကာင့္ပင္။

သူတို႔ကို ေႏွာက္ယွက္ေနေသာ စိတ္စြမ္းအားစက္ကြင္းကို ဖ်က္ဆီးၿပီးျဖစ္သည္။ ထို႔အျပင္ ဇြန္ဘီေဘာ့စ္သည္လည္း အိမ္ကြင္းဆိုသည့္ အားသာခ်က္တစ္ခု ဆုံးရွံဒးသြားၿပီျဖစ္ကာ ဇြန္ဘီေဘာ့စ္သည္ ေနာက္ဆုံးတြင္ အလြန္အမင္း မုန္ယို ေဒါသထြက္လာၿပီး လူအုပ္ႀကီးကို အေသသတ္ပစ္ခ်င္ဟန္ ျဖစ္လာသည္။

တာ့ေတာက္ႏွင့္ တစ္ျခားသူမ်ားမွာ အလြန္ပင္ပန္းေနၾကၿပီး ဤတိုက္ခိုက္မႈကို ခနေလာက္ မတုံ႔ျပန္ႏိုင္ျဖစ္သြားသည္။ ဇြန္ဘီေဘာ့စ္ႏွင့္ ေဝးရာဘက္သို႔ ဆုတ္သြားရန္သာ ႀကိဳးစားၾကသည္။

ထိုအခ်ိန္တြင္ ေရခဲဓားသြားတစ္လက္က ဇြန္ဘီေဘာ့စ္၏ ရင္ဘက္တစ္ခုလုံးကို အေပါက္ျဖစ္သြားေအာင္ ျဖတ္ခ်သြားသည္။

ယခုေလးတင္မွ ျပန္ေကာင္းလာေသာ က်န္းက်ိရင္သည္ အဓိကအဖြဲ႕၏ ေနရာတြင္ ေနရာယူၿပီး ပို၍ ျပင္းထန္ရက္စက္ေသာ တိုက္ခိုက္မႈမ်ားျဖင့္ တိုက္ခိုက္ေတာ့သည္။

ငါးမိနစ္ၾကာၿပီးေနာက္ ဇြန္ဘီေဘာ့စ္၏ ခႏၶာကိုယ္သည္ ေျမျပင္ေပၚသို႔ အလိုေလ်ာက္ လဲက်သြားၿပီး တုတ္တုတ္မွ မလႈပ္ေတာ့ေပ။ တိုက္ပြဲႀကီးကို ပင္ပင္ပန္းပန္း တိုက္ခိုက္ခဲ့ရေသာ အဖြဲ႕သားမ်ားသည္ အခ်င္းခ်င္းၾကည့္၍ ၿပဳံးမိလိုက္ၾကသည္။ အေထာက္အပံ့အဖြဲ႕ကလည္း အားအင္မ်ားျပည့္ဝေနဟန္ျဖင့္ တက္ႂကြစြာ ဒဏ္ရာရထားသူမ်ားကို ကူညီ၍ သိမ္းစရာရွိတာ သိမ္းေနၾကသည္။

အလြန္ပင္ပန္းေနေသာ က်န္းက်ိရင္မွာလည္း ေျမျပင္ေပၚသို႔ ထိုင္ခ်၍ နားမိေတာ့သည္။

ရွာမေတြ႕ႏိုင္ေသာ အေဝးတစ္ေနရာမွ ေနရာတစ္ခုတြင္ အရပ္ရွည္ရွည္ႏွင့္ ေဝဝါးဝါးပုံရိပ္တစ္ခုက တိုက္ပြဲကို တိတ္ဆိတ္စြာ ေစာင့္ၾကည့္ေနခဲ့သည္။

.........................................

Telegramမွာ အပိုင္း ၈၄အထိ ေရာက္ပါၿပီေနာ္။

Continue Reading

You'll Also Like

72.6K 9.3K 54
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...
212K 36.9K 75
This novel's not mine. Please support original author and english translator. Title : The Only Favourite Ugly Husband Author : Jué Jué Status : Com...
3.6M 535K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...