Zergဘုရင်လေး

By Phyomyatsoe

9.1K 1.5K 26

Bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More

Description
အခန်း(၁.၁)
အခန်း(၁.၂)
အခန်း(၂.၁)
အခန်း(၂.၂)
အခန်း(၃.၁)
အခန်း(၃.၂)
အခန်း(၄.၁)
အခန်း(၄.၂)
အခန်း(၄.၃)
အခန်း(၅.၁)
အခန်း(၅.၂)
အခန်း(၆)
အခန်း(၇.၁)
အခန်း(၇.၂)
၈.၂
၉.၁
၉.၂
၁၀.၁
၁၀.၂
၁၀.၃
၁၁.၁
၁၁.၂
၁၁.၃
၁၂.၁
၁၂.၂
၁၃.၁
၁၃.၂
၁၄
၁၄.၂

၁၅

146 14 1
By Phyomyatsoe

အခန်း(၁၅)

ကုဟိုင်က ပန်းပွင့်လေးကို ကိုင်ပြီး ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ရှေ့တွင် အဖြူရောင်ပန်းပွင့်လေးကို လှုပ်ခါမိတယ်။နူးညံ့တဲ့ပင်စည်လေး လှုပ်ယမ်းနေတာက ပန်းပွင့်လေးက ကနေသယောင်....

ကုဟိုင်က ပန်းအမျိုးအစားကို မသိပေမဲ့ ၎င်းကိုကြည့်ရတာ ကမ္ဘာမြေပေါ်က နှင်းဆီပန်းနှင့် အနည်းငယ်တူတယ်။၎င်းက နှင်းဆီတစ်ပွင့်ထက် ပိုလှပြီး ဆူးတွေမရှိပေ။ဒါကြောင့် ၎င်းကိုထိတဲ့အခါ ဆူးဆူးမိမှာကို စိုးရိမ်စရာမလိုဘူး။ပန်းပွင့်လေးက အစွမ်းကုန်လှုပ်ယမ်းပြီး ကြည့်ရှူသူတွေကို ၎င်း၏အလှတရားနှင့် နူးညံ့မှုကို ပြသနေသကဲ့သို့ပင်...

အဖြူရောင်ပန်းပွင့်လေးက သူ့ရှေ့မှာ လှုပ်ယမ်းနေတယ်။မုဆိုးတစ်ယောက်၏ပင်ကိုယ်ဗီဇကို သုံးပြီး ဒီလိုလှုပ်ယမ်းနေတဲ့အရာတွေက အဲလ်ဗတ်က အလွယ်တကူဖမ်းလိုက်သင့်တယ်။သို့သော်လည်းဘဲ ဒီအချိန်မှာတော့ အဲလ်ဗတ်၏အရှေ့မှာ သူ့အာရုံကို ပိုမိုဖမ်းစားနိုင်တဲ့ ဆွဲဆောင်နိုင်သည့်လှပတဲ့အရာတစ်ခုရှိနေတယ်။သူ့အလိုဆန္ဒအရ မြင်လိုစိတ်က ပင်ကိုယ်ဗီဇကို ဘေးကိုတွန်းထုတ်လိုက်တယ်။

ကုဟိုင်က အချိန်အတော်ကြာ စောင့်နေပေမဲ့ အဲလ်ဗတ်ထံမှ ပန်းနှင့်ပတ်သက်သည့်မှတ်ချက်ကို မကြားရပေ။သူက ဇဝေဇဝါအမူအရာနှင့် မော့ကြည့်လိုက်တော့ တစ်ဖက်လူ၏ရွှေရောင်မျက်လုံးတစ်စုံသည် သူ့မျက်နှာကို ကြည့်နေတာကို တွေ့လိုက်ရတယ်။အဲလ်ဗတ်က မျက်လုံးစည်းထားချိန်နှင့်မတူဘဲ မတူကွဲပြားတဲ့အလှတရားရှိတယ်။၎င်းက သူ့မျက်နှာကို အမူအရာကင်းမဲ့ပြီး အေးစက်တဲ့လေထုကို ပေးစွမ်းတယ်။

အခုအနက်ရောင်မျက်လုံးစည်းကို မချည်ထားတော့ ရွှေရောင်မျက်ဝန်းတစ်စုံက ပေါ်ထွက်လာကာ အပြစ်အနာဆာကင်းတဲ့အလှတရားကို ဖော်ထုတ်လိုက်တယ်။သူက မြေပြင်ပေါ်မှာ ဝပ်နေတဲ့ ကြောင်ကြီးတစ်ကောင်က အထူးစိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကို ဂရုတစိုက်ကြည့်နေသကဲ့သို့ပင်။ကုဟိုင်က တွေဝေနစ်မောနေပြီး အဲလ်ဗတ်၏ဆံပင်ကို မထိတွေ့အောင် မထိန်းနိုင်ဘူး။

ဒီငွေရောင်ဆံပင်က အရမ်းကိုချောမွေ့ပြီး ခံစားလို့အရမ်းကောင်းတယ်။ကုဟိုင်က ၎င်းကို အကြိမ်ပေါင်းများစွာ ထိတွေ့ခွင့်ရခဲ့တယ်။အဲလ်ဗတ်က သူ့ဆံပင်ကိုထိလိုက်တဲ့အခါ သူ့မျက်ဝန်းတွေက ကျဉ်းမြောင်းသွားပေမဲ့ သူက မခုခံခဲ့ဘူး။သူက ကုဟိုင်ကို စိတ်တိုင်းကျလှုပ်ခွင့်ပေးထားတယ်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ကုဟိုင်က သူဘာလုပ်နေလဲဆိုတာ သတိထားမိပြီး အမြန်လက်ရုပ်လိုက်တယ်။အရင်တုန်းကတော့ သူက ဒီလူကိုမြင်တာနှင့်ထိတယ်။အခုတော့ သူက အကြောင်းပြချက်မရှိဘဲ တစ်ဖက်လူ၏ဆံပင်ကို ပေါ့ပေါ့ဆဆကိုင်သွယ်နေပြီး ဒါက နည်းနည်းတော့ မယဉ်ကျေးဘူး။

ကုဟိုင်က သူ့လက်ကို ဖယ်ပြီး သူတောင်းပန်ဖို့အချိန်တောင်မရလိုက်ခင်မှာဘဲ အဲလ်ဗတ်က သူ့ဖယ်လိုက်တဲ့လက်ကို တိတ်တဆိတ်ဆွဲပြီး ပြန်ထားလိုက်တာကို မြင်လိုက်ရတယ်။ဒါက...သူ့ကိုထိခွင့်ပြုတာလား?

ဒီအချိန်မှာတော့ ကုဟိုင်က ဇာ့ဂ်မျိုးနွယ်တွေ၏ဆံပင်ဖီးပေးခြင်းဆိုတဲ့အထူးအဓိပ္ပာယ်ကို မသိခဲ့ဘူး။သူက သူ့ရှေ့က နူးညံ့တဲ့သွင်ပြင်နှင့်ငွေရောင်ကြောင်ကြီးတစ်ကောင်ကို မြင်တာနှင့် သူက အကြိမ်ရေတစ်ချို့ အလွန်နူးညံ့တဲ့ငွေရောင်ဆံပင်ကို မထိဘဲမနေနိုင်ဘူး။

"ခင်ဗျား ဒါကိုနောက်ကျရင် မဝတ်နဲ့တော့ ဟုတ်ပြီလား?"ကုဟိုင်က သူ့ညာလက်မှာ အနက်ရောင်မျက်လုံးစည်းကို ကိုင်ပြီး သူတွေးထားတာကို ပြောလိုက်တယ် "ခင်ဗျား ကျွန်တော့်ဘေးရှိနေရင် တိတ်ဆိတ်တယ်လို့ခံစားရတယ်လို့ပြောတယ်မလား။ဒါဆို အနည်းဆုံးတော့ ခင်ဗျား ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာ ဒါကို မဝတ်သင့်ဘူး"

"ကောင်းပြီ"အဲလ်ဗတ်က ခဏလောက်တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလိုက်တယ်။

ဒီကမ္ဘာကြီး၏ပုံစံက အလွန်ကိုထူးဆန်းလှတယ်။၎င်းက ရှင်းလင်းစွာ ရင်းနှီးနေတဲ့နေရာတစ်ခုဆိုပေမဲ့ သူ့အမြင်ကို ကြာရှည်စွာတားဆီးထားလိုက်ကတည်းက အဲလ်ဗတ်က သူမြင်တာဘာလဲဆိုတာ နားလည်ရန် ထူးဆန်းနေခဲ့တယ်။

အရောင်နှင့်ပုံစံ..အဲလ်ဗတ်က သူမြင်တဲ့အရာနှင့် သူလေ့လာထားတဲ့အရာ ယှဉ်တွဲဖို့ရာ နှစ်စက္ကန့် သုံးစက္ကန့်လောက် အချိန်ယူရတယ်။

"ခင်ဗျား အရာဝတ္ထုတွေက်ု မမြင်နိုင်တာ ဘယ်လောက်ကြာပြီလဲ?"အဲလ်ဗတ်က တစ်ဖက်လူကို ကြည့်လိုက်တယ်။

အဲလ်ဗတ်က အမူအရာကင်းမဲ့စွာနှင့် "ငါ မမှတ်မိဘူး"

သူ့ရဲ့စိတ်ဆိုးဒေါသဖြစ်မှုနှင့် မထိန်းချုပ်နိုင်တဲ့ဖျက်ဆီးလိုတဲ့ဆန္ဒသည် အချိန်တော်ကြာခဲ့ပြီ။အဲလ်ဗတ်က သူ့ခံစားချက်ကို မသက်မသာဖြစ်စေတဲ့ သူ့အမြင်အာရုံကို ဘယ်အချိန်ကစွန့်လွှတ်လိုက်မှန်း မမှတ်မိတော့ပေ။အမှောင်ကမ္ဘာတစ်ခုကသာလျှင် သူ့ကို အနည်းငယ်တိတ်ဆိတ်သွားသလို ခံစားရစေတယ်။

"ကြည့်ရတာ အချိန်အတော်ကြာလောက်ပြီဘဲ"ကုဟိုင်က တွေးလိုက်တယ်။

"ဒါဆို အခုအရာဝတ္ထုတွေကို မြင်နေရတာက ခင်ဗျားကို ဘယ်လိုခံစားရစေလဲ?...."ကုဟိုင်က ခတ္တရပ်လိုက်ပြီး ခုခံခြင်း သို့မဟုတ် စိတ်ပျက်ငြီးငွေ့ခြင်း ဘယ်ဟာက ပိုသင့်လျော်မလဲ...သို့သော်လည်း သူက နောက်ဆုံးစကားလုံး မပြောရသေးခင်မှာပင် အဲလ်ဗတ် ပြန်ဖြေတာကို ကြားလိုက်ရတယ်။

"ငါ မင်းကိုမြင်တယ်"အဲလ်ဗတ်၏အသံက အပြောင်းအလဲမရှိသော်လည်းဘဲ ထူးထူးခြားခြားလေးနက်သည်ဟု ခံစားရတယ်။သူ မြင်ရတဲ့မြင်ကွင်းက မပြောင်းလဲပေမဲ့ နောက်ထပ်လူတစ်ယောက်ရှိနေတယ်။အနက်ရောင်စကြာဝဠာထဲမှာ လကိုရှာဖွေရင်း ကြယ်တစ်စင်းကို မြင်လိုက်ရသကဲ့သို့ပင်။အဲလ်ဗတ်အတွက်တော့ ကမ္ဘာကြီးက ဘယ်တုန်းကမှ မလှပခဲ့ဘူး။

ကုဟိုင်က အဲလ်ဗတ်အရင်တုန်းက ပြောခဲ့တဲ့ သူ့ကိုမြင်ချင်တယ်ဆိုတဲ့စကားတွေကို မမေ့သေးဘူး။ဒါကြောင့် ကုဟိုင်က အနည်းငယ်ပြုံးလိုက်ပြီး အလေးအနက်ပြောလိုက်တယ် "အနာဂတ်မှာလည်း ခင်ဗျား ကျွန်တော့်ကို ဆက်တွေ့နိုင်တယ်"

ဒီစကားကြောင့် အဲလ်ဗတ်က မျက်တောင်ခတ်လိုက်တယ်။သူက ဒီလူကို အချိန်ခဏလောက် မမြင်နိုင်တာကြောင့် မျက်တောင်တောင် မခတ်ချင်ဘူး။

ခူးဆွတ်ထားတဲ့ပန်းပွင့်လေးကို ဂရုစိုက်ဖို့လိုတယ်။ကုဟိုင်က ရေထည့်ထားနိုင်တဲ့ဖန်ခွက်တစ်လုံးကို ရှာလိုက်တယ်။သူက အဖြူရောင်ပန်းပွင့်လေး၏အမြစ်တွေ ရေထဲကို မြှုပ်သွားသည့်အထိ ဖန်ခွက်ထဲကို ရေတစ်ဝက်ဖြည့်လိုက်တယ်။ဒီလိုလုပ်လိုက်တာက အနည်းဆုံးတော့ နည်းနည်းပိုကြာကြာခံလိမ့်မည်။

ကုဟိုင်က ပန်းပွင့်လေးနှင့်ဖန်ခွက်ကို ပြတင်းပေါက်အောက်ခံဘောင်ပေါ်မှာ တင်ထားလိုက်တယ်။သူက အဲလ်ဗတ်ထံ ပြန်မလျှောက်သွားခင် ပွင့်ဖတ်လေးကို ဂရုတစိုက်နှင့်တို့ကြည့်လိုက်တယ် "ပန်းအတွက် ကျေးဇူးတင်ပါတယ်..ဒါက အရမ်းလှတယ်"

တူဆာပေါ်မှာ ပန်းမရှိတာကြောင့် အဲလ်ဗတ်က သူ့အတွက် ပန်းပွင့်လေးကို ယူဖို့ရာ အခြားဂြိုဟ်ကို သွားရမှာအသေအချာပင်။ကုဟိုင်က ခူးဆွတ်ထားတဲ့ပန်းပွင့်လေးက အချိန်တိုလေးတစ်ခုသာ ရှင်သန်နိုင်တဲ့အတွက် နည်းနည်းတော့ နှမြောစရာဟု ခံစားမိတယ်။

"ဒါဆို မင်းဘာကြောင့် စိတ်ပျက်နေတာလဲ?"အဲလ်ဗတ်က ကုဟိုင်၏အမူအရာ ပြောင်းလဲမှာ အသေးအမွှားကို သတိပြုမိပြီး အသံတိုးတိုးနှင့်မေးလိုက်တယ်။

"စိတ်ပျက်တာမဟုတ်ပါဘူး။ဒါက နှမြောမိတာပါ"ကုဟိုင်က ရှင်းပြလိုက်တယ် "ဒီပန်းလေးက အချိန်တစ်ခုကြာပြီးနောက်မှာ ညှိုးသွားမှာကြောင့်ပါ"

"တကယ်လို့ သင့်လျော်တဲ့မြေဆီလွှာသာ ရှိရင် ဒါက ပြန်စိုက်ပျိုးလို့ရတယ်။ဒါပေမဲ့ တူဆာမှာ သင့်တော်တဲ့မြေဆီလွှာမရှိဘူး"

---------------------------
အခန်း(၁၅.၂)

ဂြိုဟ်တစ်ခု၏မြေဆီလွှာ ပတ်ဝန်းကျင်သည် ပြောင်းလဲဖို့ရာ အလွန်ခက်ခဲတယ်။တူဆာပေါ်မှာ ပန်းပင်လေးတွေကို မစိုက်ပျိုးနိုင်ဘူး။တကယ်လို့သူသာ ပန်းပင်လေးကို လိုချင်ရင် သူက အခြားဂြိုဟ်တွေဆီသွားပြီး မြေဆီလွှာယူပြီး အိုးတစ်လုံး ဒါမှမဟုတ် တစ်ခုခုနှင့် စိုက်ပျိုးရမည်။ဒီလိုဆိုရင်တောင် ပန်းပင်လေးတွေကို အခုမြင်နိုင်မှာမဟုတ်ဘူး။ကုဟိုင်က တကယ်ကို တူဆာပေါ်မှာနေထိုင်တဲ့ဇာ့ဂ်တွေကို ပိုပြီးအရောင်အသွေးစုံလင်တဲ့ဒီဂြိုဟ်ကို မြင်နိုင်စေဖို့ မျှော်လင့်တယ်။ဂြိုဟ်တစ်ခုလုံးကို ခြုံငုံကြည့်ဖို့ဆိုရင် ပန်းတွေထက် ပိုကောင်းတဲ့အလှဆင်မှုမျိုးမရှိဘူး။

အဲလ်ဗတ်၏နှုတ်ခမ်းတွေသည် အလွန်အေးစက်သည့်မျဉ်းတစ်ကြောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ပန်းပွင့်ကို ကြည့်ပြီး သူ့ကိုယ်ပိုင်နှင့် ကွဲပြားခြားနားပြီး ဒီကြိုးပဲ့လွယ်မှုကြောင့် နောက်တစ်ကြိမ် ပဟေဠိဖြစ်သွားတယ်။၎င်းက မြေကြီးကနေဖယ်လိုက်ပြီးနောက် လုံးဝမကျိုးသေးပေမဲ့ ၎င်းက မရှင်သန်နိုင်သေးဘူး။

သူ့ရှေ့က လူငယ်လေးမှာလည်း အလားတူအားနည်းချက်ရှိတယ်။ဒါက ဘာကြောင့် အဲလ်ဗတ်က လူငယ်လေးကို ထိခိုက်စေမှာမိကို အမြဲကြောက်နေသလဲဆိုတာပင်။

အဲလ်ဗတ်၏အမြင်အာရုံကို တားဆီးသည့် အနက်ရောင်မျက်လုံးစည်းကို ကုဟိုင်လက်ထဲမှာ ကိုင်ထားတယ်။ဒါကို ပြန်မပေးလိုက်ခင် ကုဟိုင်က ရုတ်တရက် သိချင်သွားချင်တယ်။သူက မျက်လုံးစည်းကို သူ့မျက်လုံးပေါ်မှာ ထားပြီး ပေါ့ပေါ့ပါးပါးချည်နှောင်လိုက်တယ်။

အကွာအဝေးတစ်ခုအတွင်းက သူ့မြင်ကွင်းက မှောင်သွားတယ်။ကုဟိုင်က စက္ကန့်ပိုင်းမျှသာ အရာဝတ္ထုတွေကို ကြည့်နေသော်ငြားလည်း ဘယ်အရာက ဘယ်မှာရှိတယ်ဆိုတာ မပြောနိုင်တော့ပေ။ဒီအခြေအနေမှာ တစ်ချိန်လုံး လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်သည့် အဲလ်ဗတ်နှင့် နှိုင်းယှဉ်ရင် ကုဟိုင်က ရိုးရှင်းစွာဘဲ သူ့လှုပ်ရှားသွားလာမှုအများစုကို ဆုံးရှုံးသွားတယ်။

ရှေ့ကိုခြေလှမ်းအနည်းငယ်လောက် မလှမ်းခင်နိုင်ခင်မှာ ကုဟိုင်ရဲ့ခါးကို ငွေခိုးရောင်အမြီးက ရစ်ပတ်ထားတယ်။နောက်တော့ ကုဟိုင်က အဲလ်ဗတ်၏အသံကို ကြားလိုက်ရတယ် "မင်းအရှေ့မှာ စားပွဲထောင့်ရှိတယ်"

ကုဟိုင်က နှစ်ကြိမ်ချောင်းဟန့်လိုက်တယ်။သူက ဘာမှမလုပ်နိုင်ကတည်းက အနက်ရောင်မျက်လုံးစည်းကို ဖယ်လိုက်ပြီး ၎င်းကို တစ်ဖက်လူလက်ထဲကိုထည့်ပေးလိုက်တယ်။မျက်လုံးစည်းပေါ်မှာ ကုဟိုင်၏ကျန်ရစ်တဲ့ခန္ဓာကိုယ် အပူချိန်ရှိတယ်။အဲလ်ဗတ်က စကားတစ်လုံးမှမပြောဘဲ မျက်လုံးစည်းကို သူ့လက်ထဲမှာ ကိုင်ထားလိုက်တယ်။သူက ဒါကို နောက်တစ်ခါ သူအသုံးပြုတဲ့အခါကျရင် ဒါကို ကုဟိုင်အသုံးပြုခဲ့ကို သတိရနေလိမ့်မယ်ဟု ခံစားရတယ်။

သူ့ရှေ့မှာ ကုဟိုင်ရှိနေသရွေ့ အဲလ်ဗတ်က မျက်လုံးစည်းစရာမလိုအပ်ဘူး။တူဆာ၏မြေဆီလွှာအကြောင်းဆွေးနွေးရန် အဲလ်ဗတ်သည် စစ်မက်ရေးရာအဆောက်အဦးအစည်းအဝေးခန်းမှာ အစည်းအဝေးလုပ်ရန် ရှားရှားပါးပါး ကနဦးဆင့်ခေါ်ခဲ့တယ်။

နောက်တစ်နေ့မှာတော့ တားမီးကြယ်မှဒုတိယတပ်မတော်က စီစဉ်ထားသည့်အတိုင်းရောက်ရှိလာတယ်။အရင်ကပြောထားသည့်အတိုင်း တစ်ဖက်က အသေးဆုံးယာဉ်ကိုသာ ယူဆောင်လာတယ်။

"အရှင့်ရဲ့ငယ်သား ကမ်ပါလီးယား အရှင့်ရဲ့ဆင့်ခေါ်မှုကြောင့် ရောက်ရှိလာပါပြီ"အေးစက်သည့်အမူအရာနှင့်အမျိုးသမီးက ကုဟိုင်ရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်လိုက်တယ်။သူ့အသံကို နူးညံ့အောင် ကြိုးစားပေမဲ့ အရင်ကတစ်ခါမှ မလုပ်ဆောင်ဖူးတာကြောင့် ကျရှုံးခဲ့တယ်။

မြတ်နိုးတဲ့အရာနှင့်ရင်ဆိုင်ရတဲ့အခါ တာ့ခ်ဇာ့ဂ်တွေအားလုံး အတူတူပင်ဖြစ်နိုင်တယ်။ကုဟိုင်မွေးဖွားလာကတည်းက စောင့်ရှောက်ပေးနေတဲ့တာ့ခ်ဇာ့ဂ်ကဲ့သို့ပင် ကမ်ပါလီးယားဟာလည်း သူ့ဘယ်လက်ကို ကုဟိုင်နှင့်ဝေးရာမှာထားပြီး ချွန်ထက်တဲ့အစွန်းကို ဖြစ်နိုင်သမျှ ဝေးဝေးထိန်းထားတယ်။

ဒါက အလိုအလျောက်ပြုမူတဲ့လုပ်ရပ်တစ်ခုသာဖြစ်တယ်။အတိအကျပြောရရင် သူတို့မှာ သူတို့တန်ဖိုးထားတဲ့အရာတွေအတွက် ဂရုစိုက်လိုတဲ့စွမ်းအားတွေ ပိုရှိသလိုပင်။

တူဆာ၏အထက်အရာရှိတွေကို ထည့်မပြောနဲ့အုံး...ဒုတိယတပ်မတော်က ဇာ့ဂ်စစ်သားတွေကတောင် သူတို့ခေါင်းဆောင်၏ဒီလိုပုံစံမျိုးကို ဘယ်တုန်းကမှမမြင်ဖူးပေ။တကယ်တော့ ဒါက သူမရဲ့သာမန်အေးစက်ခြင်းနှင့်မတူ အလွန်နူးညံ့တဲ့စိတ်သဘောထားဟု ခေါ်နိုင်တယ်။

"အရင်သွားရအောင်"ကုဟိုင်က ပြောပြီးတာနှင့် ဇာ့ဂ်တွေဝန်းရံပြီး နေအိမ်ပထမထပ်ရှိခန်းမကို သွားခဲ့တယ်။

တပ်မတော်ခေါင်းဆောင်တွေအပါအဝင် တပ်မတော်နှစ်ခုကဇာ့ဂ်တွေက တစ်ယောက်ကို တစ်ယောက် တုံ့ပြန်မှုမရှိဘဲ ဒါက ကုဟိုင်က ခန်းမထဲကို ဝင်ပြီးနောက် ရုတ်တရက် အဲလ်ဗတ်၏မျက်လုံးစည်းကို လက်မလှမ်းလိုက်ခင်အထိဖြစ်တယ်။ဒီလှုပ်ရှားမှုက မြင်ကွင်းမှာရှိတဲ့ဇာ့ဂ်တွေအားလုံး၏အမူအရာကို ချက်ချင်းဘဲပြောင်းလဲသွားစေတယ်။နဂိုတုန်းက ကုဟိုင်နောက်မှာ တိတ်ဆိတ်စွာလိုက်ပါလာတဲ့ ကမ်ပါလီယားက စက္ကန့်ဝက်အတွင်း သူ့ရှေ့ကိုရောက်သွားတယ်။ဒါက တိုက်ပွဲဝင်အခြေအနေထက် ကာကွယ်ပေးတဲ့အပြုအမူဟု ဖော်ပြနိုင်တယ်။

ကမ်ပါလီယားဟာ မျက်လုံးစည်းကို ဖယ်လိုက်တာနှင့် မည်သို့ဖြစ်လာမည်ကို ရှင်းရှင်းလင်းလင်း သိထားတယ်။အခြားဇာ့ဂ်တွေအတွက်လည်း ဒါက လျှို့ဝှက်ချက်မဟုတ်တာကြောင့် သူတို့က ပြင်းထန်တဲ့အကျိုးဆက်ဖြစ်လာနိုင်တာကို နားလည်တာကြောင့် တင်းမာသွားတယ်။

ကုဟိုင်က မတုံ့ပြန်နိုင်ဘူး။သူက အကြောင်းရင်းကို နားလည်ပြီးဖြစ်တာကြောင့် ကမ်ပါလီယားနောက်မှ ထွက်လာခဲ့တယ်။အဲလ်ဗတ်က ပတ်ဝန်းကျင်ရှိဇာ့ဂ်တွေ၏တင်းမာပြီး သတိထားနေတဲ့အကြည့်ကို ကြည့်လိုက်တယ်။ကုဟိုင်က ဒီတင်းမာတဲ့လေထုမှာ တစ်ဖက်လူ၏လက်ကို အကူအညီမဲ့စွာ ဆွဲယူလိုက်တယ်။

"အရှင်မင်းကြီး..."သူတို့က ကုဟိုင်က ဒီအပြုအမူကို လုပ်လိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် စစ်ဦးစီးချုပ်တောင်မှ ရုတ်တရက် အထိတ်တလန့်ဖြစ်သွားတယ်။

အခုဆိုရင် ကုဟိုင်က အဲလ်ဗတ်အနားမှာ ရှိနေတာကြောင့် အခြားဇာ့ဂ်တွေက ပေါ့တန်စွာမလှုပ်ရှားရဲဘူး။သို့သော်လည်းဘဲ ကုဟိုင်က အဲလ်ဗတ်ကို ဆွဲပြီး သူ့ထိုင်ခုံရှိရာကို ခေါ်သွားလိုက်တယ်။ငွေရောင်ဆံပင်နှင့်ဇာ့ဂ်က လူငယ်လေးကို လုံးဝနာခံတယ်။သူ့မျက်ခုံးတွေက ပြေကျသွားပြီး ကုဟိုင်ကို ဦးဆောင်ခွင့်ပေးထားတယ်။

ဒီမြင်ကွင်းကို ကြည့်နေတဲ့အခြားဇာ့ဂ်တွေအတွက်တော့ သူတို့၏အမူအရာသည် ကြောက်လန့်စိုးရိမ်ပူပန်မှုမှ ကြက်သေသေခြင်းအဖြစ်သို့ပြောင်းလဲသွားတယ်။

---------------------------------

အခန္း(၁၅)

ကုဟိုင္က ပန္းပြင့္ေလးကို ကိုင္ၿပီး ေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္ေရွ႕တြင္ အျဖဴေရာင္ပန္းပြင့္ေလးကို လႈပ္ခါမိတယ္။ႏူးညံ့တဲ့ပင္စည္ေလး လႈပ္ယမ္းေနတာက ပန္းပြင့္ေလးက ကေနသေယာင္....

ကုဟိုင္က ပန္းအမ်ိဳးအစားကို မသိေပမဲ့ ၎ကိုၾကည့္ရတာ ကမာၻေျမေပၚက ႏွင္းဆီပန္းႏွင့္ အနည္းငယ္တူတယ္။၎က ႏွင္းဆီတစ္ပြင့္ထက္ ပိုလွၿပီး ဆူးေတြမရွိေပ။ဒါေၾကာင့္ ၎ကိုထိတဲ့အခါ ဆူးဆူးမိမွာကို စိုးရိမ္စရာမလိုဘူး။ပန္းပြင့္ေလးက အစြမ္းကုန္လႈပ္ယမ္းၿပီး ၾကည့္ရွဴသူေတြကို ၎၏အလွတရားႏွင့္ ႏူးညံ့မႈကို ျပသေနသကဲ့သို႔ပင္...

အျဖဴေရာင္ပန္းပြင့္ေလးက သူ႔ေရွ႕မွာ လႈပ္ယမ္းေနတယ္။မုဆိုးတစ္ေယာက္၏ပင္ကိုယ္ဗီဇကို သုံးၿပီး ဒီလိုလႈပ္ယမ္းေနတဲ့အရာေတြက အဲလ္ဗတ္က အလြယ္တကူဖမ္းလိုက္သင့္တယ္။သို႔ေသာ္လည္းဘဲ ဒီအခ်ိန္မွာေတာ့ အဲလ္ဗတ္၏အေရွ႕မွာ သူ႔အာ႐ုံကို ပိုမိုဖမ္းစားႏိုင္တဲ့ ဆြဲေဆာင္ႏိုင္သည့္လွပတဲ့အရာတစ္ခုရွိေနတယ္။သူ႔အလိုဆႏၵအရ ျမင္လိုစိတ္က ပင္ကိုယ္ဗီဇကို ေဘးကိုတြန္းထုတ္လိုက္တယ္။

ကုဟိုင္က အခ်ိန္အေတာ္ၾကာ ေစာင့္ေနေပမဲ့ အဲလ္ဗတ္ထံမွ ပန္းႏွင့္ပတ္သက္သည့္မွတ္ခ်က္ကို မၾကားရေပ။သူက ဇေဝဇဝါအမူအရာႏွင့္ ေမာ့ၾကည့္လိုက္ေတာ့ တစ္ဖက္လူ၏ေ႐ႊေရာင္မ်က္လုံးတစ္စုံသည္ သူ႔မ်က္ႏွာကို ၾကည့္ေနတာကို ေတြ႕လိုက္ရတယ္။အဲလ္ဗတ္က မ်က္လုံးစည္းထားခ်ိန္ႏွင့္မတူဘဲ မတူကြဲျပားတဲ့အလွတရားရွိတယ္။၎က သူ႔မ်က္ႏွာကို အမူအရာကင္းမဲ့ၿပီး ေအးစက္တဲ့ေလထုကို ေပးစြမ္းတယ္။

အခုအနက္ေရာင္မ်က္လုံးစည္းကို မခ်ည္ထားေတာ့ ေ႐ႊေရာင္မ်က္ဝန္းတစ္စုံက ေပၚထြက္လာကာ အျပစ္အနာဆာကင္းတဲ့အလွတရားကို ေဖာ္ထုတ္လိုက္တယ္။သူက ေျမျပင္ေပၚမွာ ဝပ္ေနတဲ့ ေၾကာင္ႀကီးတစ္ေကာင္က အထူးစိတ္ဝင္စားစရာေကာင္းတဲ့အရာတစ္ခုကို ဂ႐ုတစိုက္ၾကည့္ေနသကဲ့သို႔ပင္။ကုဟိုင္က ေတြေဝနစ္ေမာေနၿပီး အဲလ္ဗတ္၏ဆံပင္ကို မထိေတြ႕ေအာင္ မထိန္းႏိုင္ဘူး။

ဒီေငြေရာင္ဆံပင္က အရမ္းကိုေခ်ာေမြ႕ၿပီး ခံစားလို႔အရမ္းေကာင္းတယ္။ကုဟိုင္က ၎ကို အႀကိမ္ေပါင္းမ်ားစြာ ထိေတြ႕ခြင့္ရခဲ့တယ္။အဲလ္ဗတ္က သူ႔ဆံပင္ကိုထိလိုက္တဲ့အခါ သူ႔မ်က္ဝန္းေတြက က်ဥ္းေျမာင္းသြားေပမဲ့ သူက မခုခံခဲ့ဘူး။သူက ကုဟိုင္ကို စိတ္တိုင္းက်လႈပ္ခြင့္ေပးထားတယ္။

စကၠန႔္အနည္းငယ္ၾကာၿပီးေနာက္ ကုဟိုင္က သူဘာလုပ္ေနလဲဆိုတာ သတိထားမိၿပီး အျမန္လက္႐ုပ္လိုက္တယ္။အရင္တုန္းကေတာ့ သူက ဒီလူကိုျမင္တာႏွင့္ထိတယ္။အခုေတာ့ သူက အေၾကာင္းျပခ်က္မရွိဘဲ တစ္ဖက္လူ၏ဆံပင္ကို ေပါ့ေပါ့ဆဆကိုင္သြယ္ေနၿပီး ဒါက နည္းနည္းေတာ့ မယဥ္ေက်းဘူး။

ကုဟိုင္က သူ႔လက္ကို ဖယ္ၿပီး သူေတာင္းပန္ဖို႔အခ်ိန္ေတာင္မရလိုက္ခင္မွာဘဲ အဲလ္ဗတ္က သူ႔ဖယ္လိုက္တဲ့လက္ကို တိတ္တဆိတ္ဆြဲၿပီး ျပန္ထားလိုက္တာကို ျမင္လိုက္ရတယ္။ဒါက...သူ႔ကိုထိခြင့္ျပဳတာလား?

ဒီအခ်ိန္မွာေတာ့ ကုဟိုင္က ဇာ့ဂ္မ်ိဳးႏြယ္ေတြ၏ဆံပင္ဖီးေပးျခင္းဆိုတဲ့အထူးအဓိပၸာယ္ကို မသိခဲ့ဘူး။သူက သူ႔ေရွ႕က ႏူးညံ့တဲ့သြင္ျပင္ႏွင့္ေငြေရာင္ေၾကာင္ႀကီးတစ္ေကာင္ကို ျမင္တာႏွင့္ သူက အႀကိမ္ေရတစ္ခ်ိဳ႕ အလြန္ႏူးညံ့တဲ့ေငြေရာင္ဆံပင္ကို မထိဘဲမေနႏိုင္ဘူး။

"ခင္ဗ်ား ဒါကိုေနာက္က်ရင္ မဝတ္နဲ႔ေတာ့ ဟုတ္ၿပီလား?"ကုဟိုင္က သူ႔ညာလက္မွာ အနက္ေရာင္မ်က္လုံးစည္းကို ကိုင္ၿပီး သူေတြးထားတာကို ေျပာလိုက္တယ္ "ခင္ဗ်ား ကြၽန္ေတာ့္ေဘးရွိေနရင္ တိတ္ဆိတ္တယ္လို႔ခံစားရတယ္လို႔ေျပာတယ္မလား။ဒါဆို အနည္းဆုံးေတာ့ ခင္ဗ်ား ကြၽန္ေတာ္နဲ႔ေတြ႕တဲ့အခ်ိန္မွာ ဒါကို မဝတ္သင့္ဘူး"

"ေကာင္းၿပီ"အဲလ္ဗတ္က ခဏေလာက္တုံ႔ဆိုင္းေနၿပီးမွ ျပန္ေျဖလိုက္တယ္။

ဒီကမာၻႀကီး၏ပုံစံက အလြန္ကိုထူးဆန္းလွတယ္။၎က ရွင္းလင္းစြာ ရင္းႏွီးေနတဲ့ေနရာတစ္ခုဆိုေပမဲ့ သူ႔အျမင္ကို ၾကာရွည္စြာတားဆီးထားလိုက္ကတည္းက အဲလ္ဗတ္က သူျမင္တာဘာလဲဆိုတာ နားလည္ရန္ ထူးဆန္းေနခဲ့တယ္။

အေရာင္ႏွင့္ပုံစံ..အဲလ္ဗတ္က သူျမင္တဲ့အရာႏွင့္ သူေလ့လာထားတဲ့အရာ ယွဥ္တြဲဖို႔ရာ ႏွစ္စကၠန႔္ သုံးစကၠန႔္ေလာက္ အခ်ိန္ယူရတယ္။

"ခင္ဗ်ား အရာဝတၳဳေတြက္ု မျမင္ႏိုင္တာ ဘယ္ေလာက္ၾကာၿပီလဲ?"အဲလ္ဗတ္က တစ္ဖက္လူကို ၾကည့္လိုက္တယ္။

အဲလ္ဗတ္က အမူအရာကင္းမဲ့စြာႏွင့္ "ငါ မမွတ္မိဘူး"

သူ႔ရဲ႕စိတ္ဆိုးေဒါသျဖစ္မႈႏွင့္ မထိန္းခ်ဳပ္ႏိုင္တဲ့ဖ်က္ဆီးလိုတဲ့ဆႏၵသည္ အခ်ိန္ေတာ္ၾကာခဲ့ၿပီ။အဲလ္ဗတ္က သူ႔ခံစားခ်က္ကို မသက္မသာျဖစ္ေစတဲ့ သူ႔အျမင္အာ႐ုံကို ဘယ္အခ်ိန္ကစြန႔္လႊတ္လိုက္မွန္း မမွတ္မိေတာ့ေပ။အေမွာင္ကမာၻတစ္ခုကသာလွ်င္ သူ႔ကို အနည္းငယ္တိတ္ဆိတ္သြားသလို ခံစားရေစတယ္။

"ၾကည့္ရတာ အခ်ိန္အေတာ္ၾကာေလာက္ၿပီဘဲ"ကုဟိုင္က ေတြးလိုက္တယ္။

"ဒါဆို အခုအရာဝတၳဳေတြကို ျမင္ေနရတာက ခင္ဗ်ားကို ဘယ္လိုခံစားရေစလဲ?...."ကုဟိုင္က ခတၱရပ္လိုက္ၿပီး ခုခံျခင္း သို႔မဟုတ္ စိတ္ပ်က္ၿငီးေငြ႕ျခင္း ဘယ္ဟာက ပိုသင့္ေလ်ာ္မလဲ...သို႔ေသာ္လည္း သူက ေနာက္ဆုံးစကားလုံး မေျပာရေသးခင္မွာပင္ အဲလ္ဗတ္ ျပန္ေျဖတာကို ၾကားလိုက္ရတယ္။

"ငါ မင္းကိုျမင္တယ္"အဲလ္ဗတ္၏အသံက အေျပာင္းအလဲမရွိေသာ္လည္းဘဲ ထူးထူးျခားျခားေလးနက္သည္ဟု ခံစားရတယ္။သူ ျမင္ရတဲ့ျမင္ကြင္းက မေျပာင္းလဲေပမဲ့ ေနာက္ထပ္လူတစ္ေယာက္ရွိေနတယ္။အနက္ေရာင္စၾကာဝဠာထဲမွာ လကိုရွာေဖြရင္း ၾကယ္တစ္စင္းကို ျမင္လိုက္ရသကဲ့သို႔ပင္။အဲလ္ဗတ္အတြက္ေတာ့ ကမာၻႀကီးက ဘယ္တုန္းကမွ မလွပခဲ့ဘူး။

ကုဟိုင္က အဲလ္ဗတ္အရင္တုန္းက ေျပာခဲ့တဲ့ သူ႔ကိုျမင္ခ်င္တယ္ဆိုတဲ့စကားေတြကို မေမ့ေသးဘူး။ဒါေၾကာင့္ ကုဟိုင္က အနည္းငယ္ၿပဳံးလိုက္ၿပီး အေလးအနက္ေျပာလိုက္တယ္ "အနာဂတ္မွာလည္း ခင္ဗ်ား ကြၽန္ေတာ့္ကို ဆက္ေတြ႕ႏိုင္တယ္"

ဒီစကားေၾကာင့္ အဲလ္ဗတ္က မ်က္ေတာင္ခတ္လိုက္တယ္။သူက ဒီလူကို အခ်ိန္ခဏေလာက္ မျမင္ႏိုင္တာေၾကာင့္ မ်က္ေတာင္ေတာင္ မခတ္ခ်င္ဘူး။

ခူးဆြတ္ထားတဲ့ပန္းပြင့္ေလးကို ဂ႐ုစိုက္ဖို႔လိုတယ္။ကုဟိုင္က ေရထည့္ထားႏိုင္တဲ့ဖန္ခြက္တစ္လုံးကို ရွာလိုက္တယ္။သူက အျဖဴေရာင္ပန္းပြင့္ေလး၏အျမစ္ေတြ ေရထဲကို ျမႇဳပ္သြားသည့္အထိ ဖန္ခြက္ထဲကို ေရတစ္ဝက္ျဖည့္လိုက္တယ္။ဒီလိုလုပ္လိုက္တာက အနည္းဆုံးေတာ့ နည္းနည္းပိုၾကာၾကာခံလိမ့္မည္။

ကုဟိုင္က ပန္းပြင့္ေလးႏွင့္ဖန္ခြက္ကို ျပတင္းေပါက္ေအာက္ခံေဘာင္ေပၚမွာ တင္ထားလိုက္တယ္။သူက အဲလ္ဗတ္ထံ ျပန္မေလွ်ာက္သြားခင္ ပြင့္ဖတ္ေလးကို ဂ႐ုတစိုက္ႏွင့္တို႔ၾကည့္လိုက္တယ္ "ပန္းအတြက္ ေက်းဇူးတင္ပါတယ္..ဒါက အရမ္းလွတယ္"

တူဆာေပၚမွာ ပန္းမရွိတာေၾကာင့္ အဲလ္ဗတ္က သူ႔အတြက္ ပန္းပြင့္ေလးကို ယူဖို႔ရာ အျခားၿဂိဳဟ္ကို သြားရမွာအေသအခ်ာပင္။ကုဟိုင္က ခူးဆြတ္ထားတဲ့ပန္းပြင့္ေလးက အခ်ိန္တိုေလးတစ္ခုသာ ရွင္သန္ႏိုင္တဲ့အတြက္ နည္းနည္းေတာ့ ႏွေျမာစရာဟု ခံစားမိတယ္။

"ဒါဆို မင္းဘာေၾကာင့္ စိတ္ပ်က္ေနတာလဲ?"အဲလ္ဗတ္က ကုဟိုင္၏အမူအရာ ေျပာင္းလဲမွာ အေသးအမႊားကို သတိျပဳမိၿပီး အသံတိုးတိုးႏွင့္ေမးလိုက္တယ္။

"စိတ္ပ်က္တာမဟုတ္ပါဘူး။ဒါက ႏွေျမာမိတာပါ"ကုဟိုင္က ရွင္းျပလိုက္တယ္ "ဒီပန္းေလးက အခ်ိန္တစ္ခုၾကာၿပီးေနာက္မွာ ညႇိဳးသြားမွာေၾကာင့္ပါ"

"တကယ္လို႔ သင့္ေလ်ာ္တဲ့ေျမဆီလႊာသာ ရွိရင္ ဒါက ျပန္စိုက္ပ်ိဳးလို႔ရတယ္။ဒါေပမဲ့ တူဆာမွာ သင့္ေတာ္တဲ့ေျမဆီလႊာမရွိဘူး"

---------------------------
အခန္း(၁၅.၂)

ၿဂိဳဟ္တစ္ခု၏ေျမဆီလႊာ ပတ္ဝန္းက်င္သည္ ေျပာင္းလဲဖို႔ရာ အလြန္ခက္ခဲတယ္။တူဆာေပၚမွာ ပန္းပင္ေလးေတြကို မစိုက္ပ်ိဳးႏိုင္ဘူး။တကယ္လို႔သူသာ ပန္းပင္ေလးကို လိုခ်င္ရင္ သူက အျခားၿဂိဳဟ္ေတြဆီသြားၿပီး ေျမဆီလႊာယူၿပီး အိုးတစ္လုံး ဒါမွမဟုတ္ တစ္ခုခုႏွင့္ စိုက္ပ်ိဳးရမည္။ဒီလိုဆိုရင္ေတာင္ ပန္းပင္ေလးေတြကို အခုျမင္ႏိုင္မွာမဟုတ္ဘူး။ကုဟိုင္က တကယ္ကို တူဆာေပၚမွာေနထိုင္တဲ့ဇာ့ဂ္ေတြကို ပိုၿပီးအေရာင္အေသြးစုံလင္တဲ့ဒီၿဂိဳဟ္ကို ျမင္ႏိုင္ေစဖို႔ ေမွ်ာ္လင့္တယ္။ၿဂိဳဟ္တစ္ခုလုံးကို ၿခဳံငုံၾကည့္ဖို႔ဆိုရင္ ပန္းေတြထက္ ပိုေကာင္းတဲ့အလွဆင္မႈမ်ိဳးမရွိဘူး။

အဲလ္ဗတ္၏ႏႈတ္ခမ္းေတြသည္ အလြန္ေအးစက္သည့္မ်ဥ္းတစ္ေၾကာင္းအျဖစ္သို႔ ေျပာင္းလဲသြားၿပီး ပန္းပြင့္ကို ၾကည့္ၿပီး သူ႔ကိုယ္ပိုင္ႏွင့္ ကြဲျပားျခားနားၿပီး ဒီႀကိဳးပဲ့လြယ္မႈေၾကာင့္ ေနာက္တစ္ႀကိမ္ ပေဟဠိျဖစ္သြားတယ္။၎က ေျမႀကီးကေနဖယ္လိုက္ၿပီးေနာက္ လုံးဝမက်ိဳးေသးေပမဲ့ ၎က မရွင္သန္ႏိုင္ေသးဘူး။

သူ႔ေရွ႕က လူငယ္ေလးမွာလည္း အလားတူအားနည္းခ်က္ရွိတယ္။ဒါက ဘာေၾကာင့္ အဲလ္ဗတ္က လူငယ္ေလးကို ထိခိုက္ေစမွာမိကို အၿမဲေၾကာက္ေနသလဲဆိုတာပင္။

အဲလ္ဗတ္၏အျမင္အာ႐ုံကို တားဆီးသည့္ အနက္ေရာင္မ်က္လုံးစည္းကို ကုဟိုင္လက္ထဲမွာ ကိုင္ထားတယ္။ဒါကို ျပန္မေပးလိုက္ခင္ ကုဟိုင္က ႐ုတ္တရက္ သိခ်င္သြားခ်င္တယ္။သူက မ်က္လုံးစည္းကို သူ႔မ်က္လုံးေပၚမွာ ထားၿပီး ေပါ့ေပါ့ပါးပါးခ်ည္ေႏွာင္လိုက္တယ္။

အကြာအေဝးတစ္ခုအတြင္းက သူ႔ျမင္ကြင္းက ေမွာင္သြားတယ္။ကုဟိုင္က စကၠန႔္ပိုင္းမွ်သာ အရာဝတၳဳေတြကို ၾကည့္ေနေသာ္ျငားလည္း ဘယ္အရာက ဘယ္မွာရွိတယ္ဆိုတာ မေျပာႏိုင္ေတာ့ေပ။ဒီအေျခအေနမွာ တစ္ခ်ိန္လုံး လြတ္လြတ္လပ္လပ္လႈပ္ရွားႏိုင္သည့္ အဲလ္ဗတ္ႏွင့္ ႏႈိင္းယွဥ္ရင္ ကုဟိုင္က ႐ိုးရွင္းစြာဘဲ သူ႔လႈပ္ရွားသြားလာမႈအမ်ားစုကို ဆုံးရႈံးသြားတယ္။

ေရွ႕ကိုေျခလွမ္းအနည္းငယ္ေလာက္ မလွမ္းခင္ႏိုင္ခင္မွာ ကုဟိုင္ရဲ႕ခါးကို ေငြခိုးေရာင္အၿမီးက ရစ္ပတ္ထားတယ္။ေနာက္ေတာ့ ကုဟိုင္က အဲလ္ဗတ္၏အသံကို ၾကားလိုက္ရတယ္ "မင္းအေရွ႕မွာ စားပြဲေထာင့္ရွိတယ္"

ကုဟိုင္က ႏွစ္ႀကိမ္ေခ်ာင္းဟန႔္လိုက္တယ္။သူက ဘာမွမလုပ္ႏိုင္ကတည္းက အနက္ေရာင္မ်က္လုံးစည္းကို ဖယ္လိုက္ၿပီး ၎ကို တစ္ဖက္လူလက္ထဲကိုထည့္ေပးလိုက္တယ္။မ်က္လုံးစည္းေပၚမွာ ကုဟိုင္၏က်န္ရစ္တဲ့ခႏၶာကိုယ္ အပူခ်ိန္ရွိတယ္။အဲလ္ဗတ္က စကားတစ္လုံးမွမေျပာဘဲ မ်က္လုံးစည္းကို သူ႔လက္ထဲမွာ ကိုင္ထားလိုက္တယ္။သူက ဒါကို ေနာက္တစ္ခါ သူအသုံးျပဳတဲ့အခါက်ရင္ ဒါကို ကုဟိုင္အသုံးျပဳခဲ့ကို သတိရေနလိမ့္မယ္ဟု ခံစားရတယ္။

သူ႔ေရွ႕မွာ ကုဟိုင္ရွိေနသေ႐ြ႕ အဲလ္ဗတ္က မ်က္လုံးစည္းစရာမလိုအပ္ဘူး။တူဆာ၏ေျမဆီလႊာအေၾကာင္းေဆြးေႏြးရန္ အဲလ္ဗတ္သည္ စစ္မက္ေရးရာအေဆာက္အဦးအစည္းအေဝးခန္းမွာ အစည္းအေဝးလုပ္ရန္ ရွားရွားပါးပါး ကနဦးဆင့္ေခၚခဲ့တယ္။

ေနာက္တစ္ေန႔မွာေတာ့ တားမီးၾကယ္မွဒုတိယတပ္မေတာ္က စီစဥ္ထားသည့္အတိုင္းေရာက္ရွိလာတယ္။အရင္ကေျပာထားသည့္အတိုင္း တစ္ဖက္က အေသးဆုံးယာဥ္ကိုသာ ယူေဆာင္လာတယ္။

"အရွင့္ရဲ႕ငယ္သား ကမ္ပါလီးယား အရွင့္ရဲ႕ဆင့္ေခၚမႈေၾကာင့္ ေရာက္ရွိလာပါၿပီ"ေအးစက္သည့္အမူအရာႏွင့္အမ်ိဳးသမီးက ကုဟိုင္ေရွ႕မွာ ဒူးတစ္ဖက္ေထာက္ထိုင္လိုက္တယ္။သူ႔အသံကို ႏူးညံ့ေအာင္ ႀကိဳးစားေပမဲ့ အရင္ကတစ္ခါမွ မလုပ္ေဆာင္ဖူးတာေၾကာင့္ က်ရႈံးခဲ့တယ္။

ျမတ္ႏိုးတဲ့အရာႏွင့္ရင္ဆိုင္ရတဲ့အခါ တာ့ခ္ဇာ့ဂ္ေတြအားလုံး အတူတူပင္ျဖစ္ႏိုင္တယ္။ကုဟိုင္ေမြးဖြားလာကတည္းက ေစာင့္ေရွာက္ေပးေနတဲ့တာ့ခ္ဇာ့ဂ္ကဲ့သို႔ပင္ ကမ္ပါလီးယားဟာလည္း သူ႔ဘယ္လက္ကို ကုဟိုင္ႏွင့္ေဝးရာမွာထားၿပီး ခြၽန္ထက္တဲ့အစြန္းကို ျဖစ္ႏိုင္သမွ် ေဝးေဝးထိန္းထားတယ္။

ဒါက အလိုအေလ်ာက္ျပဳမူတဲ့လုပ္ရပ္တစ္ခုသာျဖစ္တယ္။အတိအက်ေျပာရရင္ သူတို႔မွာ သူတို႔တန္ဖိုးထားတဲ့အရာေတြအတြက္ ဂ႐ုစိုက္လိုတဲ့စြမ္းအားေတြ ပိုရွိသလိုပင္။

တူဆာ၏အထက္အရာရွိေတြကို ထည့္မေျပာနဲ႔အုံး...ဒုတိယတပ္မေတာ္က ဇာ့ဂ္စစ္သားေတြကေတာင္ သူတို႔ေခါင္းေဆာင္၏ဒီလိုပုံစံမ်ိဳးကို ဘယ္တုန္းကမွမျမင္ဖူးေပ။တကယ္ေတာ့ ဒါက သူမရဲ႕သာမန္ေအးစက္ျခင္းႏွင့္မတူ အလြန္ႏူးညံ့တဲ့စိတ္သေဘာထားဟု ေခၚႏိုင္တယ္။

"အရင္သြားရေအာင္"ကုဟိုင္က ေျပာၿပီးတာႏွင့္ ဇာ့ဂ္ေတြဝန္းရံၿပီး ေနအိမ္ပထမထပ္ရွိခန္းမကို သြားခဲ့တယ္။

တပ္မေတာ္ေခါင္းေဆာင္ေတြအပါအဝင္ တပ္မေတာ္ႏွစ္ခုကဇာ့ဂ္ေတြက တစ္ေယာက္ကို တစ္ေယာက္ တုံ႔ျပန္မႈမရွိဘဲ ဒါက ကုဟိုင္က ခန္းမထဲကို ဝင္ၿပီးေနာက္ ႐ုတ္တရက္ အဲလ္ဗတ္၏မ်က္လုံးစည္းကို လက္မလွမ္းလိုက္ခင္အထိျဖစ္တယ္။ဒီလႈပ္ရွားမႈက ျမင္ကြင္းမွာရွိတဲ့ဇာ့ဂ္ေတြအားလုံး၏အမူအရာကို ခ်က္ခ်င္းဘဲေျပာင္းလဲသြားေစတယ္။နဂိုတုန္းက ကုဟိုင္ေနာက္မွာ တိတ္ဆိတ္စြာလိုက္ပါလာတဲ့ ကမ္ပါလီယားက စကၠန႔္ဝက္အတြင္း သူ႔ေရွ႕ကိုေရာက္သြားတယ္။ဒါက တိုက္ပြဲဝင္အေျခအေနထက္ ကာကြယ္ေပးတဲ့အျပဳအမူဟု ေဖာ္ျပႏိုင္တယ္။

ကမ္ပါလီယားဟာ မ်က္လုံးစည္းကို ဖယ္လိုက္တာႏွင့္ မည္သို႔ျဖစ္လာမည္ကို ရွင္းရွင္းလင္းလင္း သိထားတယ္။အျခားဇာ့ဂ္ေတြအတြက္လည္း ဒါက လွ်ိဳ႕ဝွက္ခ်က္မဟုတ္တာေၾကာင့္ သူတို႔က ျပင္းထန္တဲ့အက်ိဳးဆက္ျဖစ္လာႏိုင္တာကို နားလည္တာေၾကာင့္ တင္းမာသြားတယ္။

ကုဟိုင္က မတုံ႔ျပန္ႏိုင္ဘူး။သူက အေၾကာင္းရင္းကို နားလည္ၿပီးျဖစ္တာေၾကာင့္ ကမ္ပါလီယားေနာက္မွ ထြက္လာခဲ့တယ္။အဲလ္ဗတ္က ပတ္ဝန္းက်င္ရွိဇာ့ဂ္ေတြ၏တင္းမာၿပီး သတိထားေနတဲ့အၾကည့္ကို ၾကည့္လိုက္တယ္။ကုဟိုင္က ဒီတင္းမာတဲ့ေလထုမွာ တစ္ဖက္လူ၏လက္ကို အကူအညီမဲ့စြာ ဆြဲယူလိုက္တယ္။

"အရွင္မင္းႀကီး..."သူတို႔က ကုဟိုင္က ဒီအျပဳအမူကို လုပ္လိမ့္မည္ဟု မေမွ်ာ္လင့္ထားတာေၾကာင့္ စစ္ဦးစီးခ်ဳပ္ေတာင္မွ ႐ုတ္တရက္ အထိတ္တလန႔္ျဖစ္သြားတယ္။

အခုဆိုရင္ ကုဟိုင္က အဲလ္ဗတ္အနားမွာ ရွိေနတာေၾကာင့္ အျခားဇာ့ဂ္ေတြက ေပါ့တန္စြာမလႈပ္ရွားရဲဘူး။သို႔ေသာ္လည္းဘဲ ကုဟိုင္က အဲလ္ဗတ္ကို ဆြဲၿပီး သူ႔ထိုင္ခုံရွိရာကို ေခၚသြားလိုက္တယ္။ေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္က လူငယ္ေလးကို လုံးဝနာခံတယ္။သူ႔မ်က္ခုံးေတြက ေျပက်သြားၿပီး ကုဟိုင္ကို ဦးေဆာင္ခြင့္ေပးထားတယ္။

ဒီျမင္ကြင္းကို ၾကည့္ေနတဲ့အျခားဇာ့ဂ္ေတြအတြက္ေတာ့ သူတို႔၏အမူအရာသည္ ေၾကာက္လန႔္စိုးရိမ္ပူပန္မႈမွ ၾကက္ေသေသျခင္းအျဖစ္သို႔ေျပာင္းလဲသြားတယ္။

---------------------------------

Continue Reading

You'll Also Like

2.1M 202K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
1.3M 67.3K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
3M 402K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...