Zergဘုရင်လေး

By Phyomyatsoe

7.8K 1.5K 25

Bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More

Description
အခန်း(၁.၁)
အခန်း(၁.၂)
အခန်း(၂.၁)
အခန်း(၂.၂)
အခန်း(၃.၁)
အခန်း(၃.၂)
အခန်း(၄.၁)
အခန်း(၄.၂)
အခန်း(၄.၃)
အခန်း(၅.၁)
အခန်း(၅.၂)
အခန်း(၆)
အခန်း(၇.၁)
အခန်း(၇.၂)
၈.၂
၉.၁
၉.၂
၁၀.၁
၁၀.၂
၁၀.၃
၁၁.၁
၁၁.၂
၁၁.၃
၁၂.၁
၁၂.၂
၁၃.၁
၁၃.၂
၁၄
၁၅

၁၄.၂

66 9 0
By Phyomyatsoe

အခန်း(၁၄.၂)

အဲလ်ဗတ်က ဘာမှမပြောပေမဲ့ သူက ကုဟိုင်ပြောတဲ့စကားလုံးတွေကို ချမှတ်ထားပြီး ကုဟိုင်ကို နေအိမ်ကို ပြန်ပို့ပြီးနောက်မှာ သူက သူ့လက်ထောက်နှင့်စကားပြောခဲ့တယ်။

"တူဆာအနီးမှာရှိတဲ့ဘယ်ဂြိုဟ်ပေါ်မှာ ပန်းတွေကို တွေ့နိုင်သလဲ?"အဲလ်ဗတ်က အမူအရာကင်းမဲ့စွာမေးလိုက်တယ်။

အဲလ်ဂျာက ခေါင်းဆောင်က ရုတ်တရက် ပန်းတွေအကြောင်း ဘာကြောင့်မေးတာလဲ နားမလည်တာကြောင့် မတုံ့ပြန်နိုင်ဘူး။ကံကောင်းစွာနဲ့ဘဲ ဒီမေးခွန်းက အဲလ်ဂျာအတွက် ခက်ခဲတာမဟုတ်ဘူး။သူက ပြန်ဖြေလိုက်တယ် "မကြာသေးခင်က အနီးအနားကဂလက်စီထဲက နွန်းပေါ်မှာရှာတွေ့နိုင်တယ်။နေထိုင်နိုင်တဲ့ဂြိုဟ်အများစုက တူဆာထက်ကို မြေဆီလွှာပိုကောင်းတယ်"

"ငါနဲ့လိုက်ခဲ့"အဲလ်ဗတ်က ထရပ်ပြီး အပြင်ကိုထွက်သွားလိုက်တယ်။

အဲလ်ဂျာဟာ မေးခွန်းအမှတ်အသားတွေပြည့်နေပေမဲ့ ခေါင်းဆောင်၏အမိန့်ကိုနာခံတယ်။သူက နောက်ကလိုက်ရုံသာရှိတယ်။ယုလုစစ်သင်္ဘောကို အသုံးပြုပြီး တူဆာကနေ နွန်းကိုသွားမယ်ဆိုရင် တစ်နာရီ နှစ်နာရီလောက်သာကြာတယ်။အဲလ်ဂျာက သူ့တာဝန်က ခေါင်းဆောင်၏မျက်လုံးအဖြစ်လုပ်ဆောင်ရန်ဆိုတာ တွေ့ရှိခဲ့တယ်။သူက အဲလ်ဗတ်ကို ပန်းပင်များစွာပေါက်ရောက်ရာနေရာကို ခေါ်ဆောင်သွားပြီးတော့ အဲလ်ဗတ်မေးတာကို ကြားလိုက်ရတယ် "ဘယ်တစ်ခုက အဖြူရောင်လဲ?"

အဲလ်ဂျာက ၎င်းတို့ကို တာဝန်ကျေစွာထောက်ပြခဲ့တယ်။အဲလ်ဗတ်က ပန်းတွေ၏အသေးစိတ်ပုံစံနှင့်အရောင်ကို မမြင်နိုင်ပေမဲ့ သူ့လက်ထောက်ညွှန်ပြလိုက်တာနှင့် အဲလ်ဗတ်က ၎င်းကို ရှင်းလင်းစွာရိပ်မိတယ်။သူက သူ့လက်နှင့်၎င်းကို ဆွဲယူလိုက်တယ်။

လျှပ်တစ်ပြက်....

နုနယ်တဲ့ပန်းပွင့်ပင်စည်က အဲလ်ဗတ်ရဲ့လက်ထဲမှာ လုံးဝကျိုးသွားပြီး ရုတ်တရက် ကြေမွသွားတယ်။ရှင်းလင်းတဲ့ကြေမွသွားသံက အဲလ်ဗတ်၏လှုပ်ရှားမှုကို ရပ်တန့်သွားစေပြီး သူက အမူအရာကင်းမဲ့စွာ ပန်းပွင့်ကို မြေကြီးပေါ်ကိုပစ်ချလိုက်တယ်။

အဲလ်ဂျာက သူ့ခေါင်းဆောင်၏လက်ထဲမှာ ဖျက်ဆီးခံလိုက်ရတဲ့ပန်းပွင့်လေးကို ကြည့်ပြီး ဒီခရီးစဉ်၏ရည်ရွယ်ချက်ကို နားမလည်နိုင်ဘူး။

"အဖြူရောင် ဘာရှိသေးလဲ?"အဲလ်ဗတ်က သူ့ဘေးက လက်ထောက်ကို ထပ်မေးလိုက်တယ်။

အဲလ်ဂျာက အဖြူရောင်ပန်းပွင့်တွေကို ကိုယ်ချင်းစာစွာကြည့်လိုက်ပေမဲ့ သူတို့ကို ဆက်၍ညွှန်ပြလိုက်တယ်။

ချိုးယူတဲ့လုပ်ရပ်ကို အကြိမ်များစွာ ထပ်ခါထပ်ခါလုပ်ခဲ့တယ်။အဲလ်ဗတ်က သူ့ခွန်အားကို ထိန်းချုပ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ဒီပန်းပွင့်တွေက သူ့အတွက်တော့ နုနယ်လွန်းတယ်။သူက ပေါ့ပါးစွာကိုင်ထားရင်တောင် သူ့လက်တွေက ၎င်းတို့ကိုဖျက်ဆီးပစ်လိမ့်မည်။

အဖြူရောင်ပန်းပွင့်တွေအားလုံးနီးပါး ဖျက်ဆီးခံရပြီးနောက်မှာ အဲလ်ဗတ်က နောက်ဆုံးမှာတော့ သေးငယ်ပြီးသန့်စင်တဲ့အဖြူရောင်ပန်းပွင့်လေးကို သူ့လက်ချောင်းတွေနှင့် ကိုင်ဆောင်နိုင်ခဲ့တယ်။

"ပြန်စို့"အဲလ်ဗတ်က ပန်းပွင့်လေးကို ကိုင်ပြီး ဒီနေရာက ထွက်ခွာခဲ့တယ်။

အဲလ်ဗတ် တူဆာကို ပြန်ရောက်တဲ့အချိန်မှာတော့ ကုဟိုင်က တစ်ရေးအိပ်နေချိန်ဖြစ်တယ်။အဲလ်ဗတ်က တခြားဂြိုဟ်ကပြန်ရောက်တာနှင့် လူငယ်လေး၏အခန်းထဲကို ပန်းပွင့်လေးနှင့်အတူ ဝင်လာခဲ့တယ်။ကုဟိုင် အိပ်ပျော်နေတာကြောင့် သူက ပန်းပွင့်လေးကိုကိုင်ပြီး တိတ်ဆိတ်စွာ အိပ်ရာဘေးမှာစောင့်နေတယ်။

ကုဟိုင်က တစ်နာကျော်ကျော်လောက် တစ်ရေးအိပ်ပြီး နိုးလာတော့ သူ့မျက်လုံးတွေကို ပွတ်ပြီး မျက်လုံးဖွင့်လိုက်တာနှင့် တစ်ပြိုင်နက် သူက ငွေခိုးရောင်အမြီးကို မြင်လိုက်ရတယ်။ကုဟိုင်က ခဏလောက် အေးခဲသွားတယ်။နောက်တော့ သူ မော့ကြည့်လိုက်တဲ့အခါ သူ့အိပ်ရာဘေးမှာ တိတ်ဆိတ်စွာမတ်တပ်ရပ်နေတဲ့ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ကို မြင်လိုက်ရတယ်။တစ်ဖက်လူက သန့်စင်တဲ့အဖြူရောင်ပန်းပွင့်လေးတစ်ပွင့်ကို ကိုင်ထားတယ်။ကုဟိုင်ရဲ့မျက်လုံးတွေက ပန်းပွင့်လေးရှိရောက်သွားတော့ တစ်ဖက်လူက သူ့ကိုကမ်းပေးလာတယ်။

"ပန်း"

အဲလ်ဗတ်၏သွယ်လျသည်ဟု သတ်မှတ်ရသည့်လက်ချောင်းတွေက ပန်းပွင့်လေးကို မတော်တဆဆိတ်မိသွားမှာ ကြောက်သလိုမျိုး ပန်းပွင့်လေး၏ပင်စည်ကို သတိထားကိုင်ထားတယ်။သူက ပန်းပွင့်လေးကို ကုဟိုင်ကို ပေးလိုက်တယ်။

ကုဟိုင်က ဒီပန်းပွင့်လေးကို ကြည့်ပြီး ကူကယ်ရာမဲ့စွာ အနည်းတုန်လှုပ်မိတယ်။ပန်းပွင့်လေးနှင့်နှိုင်းယှဉ်ရင် ကုဟိုင် ပိုအာရုံစိုက်မိတာက အဲလ်ဗတ်က သူ့ကို ဒီလိုဂရုစိုက်သည့်စိတ်သဘောထားနှင့် ပန်းပွင့်လေးပေးတာကိုဖြစ်တယ်။သူ့နှလုံးသားက မထိမိသွားစေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ကုဟိုင်က ဒီငွေရောင်ကြောင်ကြီးက တကယ်ကိုချစ်စရာကောင်းတယ်ဟု ခံစားရတယ်။

သူက ပန်းပွင့်လေးကို ချက်ချင်းမယူလိုက်ဘူး။ကုဟိုင်က အိပ်ရာကနေ ထထိုင်လိုက်ပြီး အဲလ်ဗတ်ကို မော့ကြည့်လိုက်တယ်။သူက တစ်ဖက်လူ၏အင်္ကျီကို ဆွဲပြီး ငုံ့ကိုင်းပေးရန် အမူအရာပြလှုံ့ဆော်နေတယ်။အဲလ်ဗတ်က ကုဟိုင်၏ဆိုလိုရင်းကို နားလည်ပြီး နာခံစွာငုံ့ကိုင်းပေးတယ်။

သူတို့၏အရပ်တွေတူညီလုနီးပါးဖြစ်သွားတာကိုမြင်မှ ကုဟိုင်က လက်ဆန့်ပြီး အဲလ်ဗတ်၏မျက်လုံးတွေကို ဖုံးထားတဲ့အနက်ရောင်မျက်လုံးစည်းကို ညင်သာစွာထိလိုက်တယ်။သူက အဲလ်ဗတ်၏အမြင်အာရုံကို တားဆီးထားသည့် မျက်လုံးစည်းအလွှာကို ထိလိုက်တာနှင့် အဲလ်ဗတ်၏ခန္ဓာကိုယ်သည် သိသိသာသာတင်းမာလာတယ်။သို့သော်လည်း သူက ကုဟိုင်၏ထိတွေ့မှုကို အလိုအလျောက်တုံ့ပြန်လိုမှုကို ထိန်းထားတယ်။အဲလ်ဗတ်က တကယ်လို့ သူ့ခွန်အားကိုသာ မထိန်းချုပ်နိုင်ရင် တစ်ဖက်လူ၏လက်ကောက်ဝတ်ကို ကျိုးကြေသွားစေလိမ့်မည်ဆိုတာကို သိတယ်။

"ခင်ဗျား ကျွန်တော့်ကိုပေးတဲ့ပန်းပွင့်လေးက လှတယ်။ခင်ဗျား ကြည့်ချင်လား?"ကုဟိုင်က သူ့လက်ချောင်းတွေကို ကြိုးချည်ထားသည့်နေရာကို မဝံ့မရဲရွေ့လျားရင်း နွေးထွေးစွာပြောလိုက်တယ်။

"....."အဲလ်ဗတ်က တိတ်ဆိတ်နေပြီး သူ့ခန္ဓာကိုယ်ကတော့ တင်းမာနေတယ်။သူက သဘောတူဖို့ ခေါင်းမငြိမ့်လိုက်ပေမဲ့ သူက မလှုပ်ရှားဘူး။

"ခင်ဗျား ထိန်းချုပ်မှုလွတ်ပြီး ကျွန်တော့်ကိုနာကျင်စေမှာမဟုတ်ဘူး"ကုဟိုင်က တိတ်တဆိတ်ကျေနပ်သွားတယ်။ကြိုးထုံးပေါ်တင်ထားတဲ့ သူ့လက်ဟာ တစ်ဖက်လူရဲ့အေးစက်ပျော့ပျောင်းတဲ့ငွေရောင်ဆံပင်ကို ထိရန်ရွေ့လိုက်တယ်။

သူက ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ကို စိတ်ကျေနပ်စေပြီး သူ့ခန္ဓာကိုယ်ကို အနည်းငယ်ပြေလျော့သွားစေတယ်။သူက တစ်ဖက်လူ၏ကျေနပ်မှုကို အတည်ပြုပြီးတာနှင့် ပို၍နီးကပ်စွာရွေ့လာတယ်။ကုဟိုင်က သူ့လက်တွေကို ဆန့်ထုတ်လိုက်ပြီး အနက်ရောင်မျက်လုံးစည်းကို ညင်သာစွာဖြည်လိုက်တယ်။

ပြေလျော့သွားတဲ့မျက်လုံးစည်းက ရုတ်တရက် ပြုတ်ကျသွားတယ်။နောက်တစ်က္ကန့်မှာတော့ ကုဟိုင်က အလင်းနှင့်အရိပ်နှစ်မျိုးလုံးရှိသည်ဟု ထင်ရသည့် ရွှေရောင်ဒေါင်လိုက်မျက်လုံးတစ်စုံကို တွေ့လိုက်ရတယ်။ကုဟိုင်က အကူအညီမဲ့စွာ မျက်တောင်ပုတ်ခတ်ပုတ်လုပ်လိုက်တော့ အေးစက်တဲ့မျက်လုံးထဲမှာ သူ့ရဲ့မျက်တောင်ခတ်တဲ့အမူအရာကို မြင်လိုက်ရတယ်။

"ဒါက ပန်းတစ်ပွင့်လေ.ဒါက ကြည့်လို့မကောင်းဘူးလား?"ခဏလောက်ကြာတော့ ကုဟိုင်က အဲလ်ဗတ်လက်ထဲက အဖြူရောင်ပန်းပွင့်လေးကို ယူပြီး တစ်ဖက်လူကို ပြလိုက်တယ်။

အဲလ်ဗတ်က အမှောင်ထုကလွှဲပြီး အခြားအရာတွေကို မမြင်ခဲ့ရသည်မှာ အချိန်အတော်ကြာပြီ။ကမ္ဘာကြီး၏အသေးစိတ်ပုံပန်းသဏ္ဍာန်က အဲလ်ဗတ်အတွက် ထူးစမ်းနေတယ်။

အဲလ်ဗတ်က အသံကိုကြားရပြီး သူ့ရှေ့က အနက်ရောင်ဆံပင်နှင့်လူငယ်လေးကို အမှတ်တမဲ့ကြည့်နေမိတယ်။သူက လူငယ်လေး၏ကွေးနေတဲ့မျက်လုံးတွေနှင့်အပြုံးကိုမြင်တဲ့ခါ သူ့မျက်လုံးတွေက တစ်ဖက်လူထံမှ မရွေ့နိုင်ဘူး။

ကမ္ဘာပေါ်က အလှဆုံးပန်းပွင့်လေးကို ကြည့်နေရသကဲ့သို့ ဒီပန်းလေးဟာ သူ့နှလုံးသားထဲမှာ ဖူးပွင့်လာတယ်။

-------------

အခန္း(၁၄.၂)

အဲလ္ဗတ္က ဘာမွမေျပာေပမဲ့ သူက ကုဟိုင္ေျပာတဲ့စကားလုံးေတြကို ခ်မွတ္ထားၿပီး ကုဟိုင္ကို ေနအိမ္ကို ျပန္ပို႔ၿပီးေနာက္မွာ သူက သူ႔လက္ေထာက္ႏွင့္စကားေျပာခဲ့တယ္။

"တူဆာအနီးမွာရွိတဲ့ဘယ္ၿဂိဳဟ္ေပၚမွာ ပန္းေတြကို ေတြ႕ႏိုင္သလဲ?"အဲလ္ဗတ္က အမူအရာကင္းမဲ့စြာေမးလိုက္တယ္။

အဲလ္ဂ်ာက ေခါင္းေဆာင္က ႐ုတ္တရက္ ပန္းေတြအေၾကာင္း ဘာေၾကာင့္ေမးတာလဲ နားမလည္တာေၾကာင့္ မတုံ႔ျပန္ႏိုင္ဘူး။ကံေကာင္းစြာနဲ႔ဘဲ ဒီေမးခြန္းက အဲလ္ဂ်ာအတြက္ ခက္ခဲတာမဟုတ္ဘူး။သူက ျပန္ေျဖလိုက္တယ္ "မၾကာေသးခင္က အနီးအနားကဂလက္စီထဲက ႏြန္းေပၚမွာရွာေတြ႕ႏိုင္တယ္။ေနထိုင္ႏိုင္တဲ့ၿဂိဳဟ္အမ်ားစုက တူဆာထက္ကို ေျမဆီလႊာပိုေကာင္းတယ္"

"ငါနဲ႔လိုက္ခဲ့"အဲလ္ဗတ္က ထရပ္ၿပီး အျပင္ကိုထြက္သြားလိုက္တယ္။

အဲလ္ဂ်ာဟာ ေမးခြန္းအမွတ္အသားေတြျပည့္ေနေပမဲ့ ေခါင္းေဆာင္၏အမိန႔္ကိုနာခံတယ္။သူက ေနာက္ကလိုက္႐ုံသာရွိတယ္။ယုလုစစ္သေဘၤာကို အသုံးျပဳၿပီး တူဆာကေန ႏြန္းကိုသြားမယ္ဆိုရင္ တစ္နာရီ ႏွစ္နာရီေလာက္သာၾကာတယ္။အဲလ္ဂ်ာက သူ႔တာဝန္က ေခါင္းေဆာင္၏မ်က္လုံးအျဖစ္လုပ္ေဆာင္ရန္ဆိုတာ ေတြ႕ရွိခဲ့တယ္။သူက အဲလ္ဗတ္ကို ပန္းပင္မ်ားစြာေပါက္ေရာက္ရာေနရာကို ေခၚေဆာင္သြားၿပီးေတာ့ အဲလ္ဗတ္ေမးတာကို ၾကားလိုက္ရတယ္ "ဘယ္တစ္ခုက အျဖဴေရာင္လဲ?"

အဲလ္ဂ်ာက ၎တို႔ကို တာဝန္ေက်စြာေထာက္ျပခဲ့တယ္။အဲလ္ဗတ္က ပန္းေတြ၏အေသးစိတ္ပုံစံႏွင့္အေရာင္ကို မျမင္ႏိုင္ေပမဲ့ သူ႔လက္ေထာက္ၫႊန္ျပလိုက္တာႏွင့္ အဲလ္ဗတ္က ၎ကို ရွင္းလင္းစြာရိပ္မိတယ္။သူက သူ႔လက္ႏွင့္၎ကို ဆြဲယူလိုက္တယ္။

လွ်ပ္တစ္ျပက္....

ႏုနယ္တဲ့ပန္းပြင့္ပင္စည္က အဲလ္ဗတ္ရဲ႕လက္ထဲမွာ လုံးဝက်ိဳးသြားၿပီး ႐ုတ္တရက္ ေၾကမြသြားတယ္။ရွင္းလင္းတဲ့ေၾကမြသြားသံက အဲလ္ဗတ္၏လႈပ္ရွားမႈကို ရပ္တန႔္သြားေစၿပီး သူက အမူအရာကင္းမဲ့စြာ ပန္းပြင့္ကို ေျမႀကီးေပၚကိုပစ္ခ်လိုက္တယ္။

အဲလ္ဂ်ာက သူ႔ေခါင္းေဆာင္၏လက္ထဲမွာ ဖ်က္ဆီးခံလိုက္ရတဲ့ပန္းပြင့္ေလးကို ၾကည့္ၿပီး ဒီခရီးစဥ္၏ရည္႐ြယ္ခ်က္ကို နားမလည္ႏိုင္ဘူး။

"အျဖဴေရာင္ ဘာရွိေသးလဲ?"အဲလ္ဗတ္က သူ႔ေဘးက လက္ေထာက္ကို ထပ္ေမးလိုက္တယ္။

အဲလ္ဂ်ာက အျဖဴေရာင္ပန္းပြင့္ေတြကို ကိုယ္ခ်င္းစာစြာၾကည့္လိုက္ေပမဲ့ သူတို႔ကို ဆက္၍ၫႊန္ျပလိုက္တယ္။

ခ်ိဳးယူတဲ့လုပ္ရပ္ကို အႀကိမ္မ်ားစြာ ထပ္ခါထပ္ခါလုပ္ခဲ့တယ္။အဲလ္ဗတ္က သူ႔ခြန္အားကို ထိန္းခ်ဳပ္ရန္ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေပမဲ့ ဒီပန္းပြင့္ေတြက သူ႔အတြက္ေတာ့ ႏုနယ္လြန္းတယ္။သူက ေပါ့ပါးစြာကိုင္ထားရင္ေတာင္ သူ႔လက္ေတြက ၎တို႔ကိုဖ်က္ဆီးပစ္လိမ့္မည္။

အျဖဴေရာင္ပန္းပြင့္ေတြအားလုံးနီးပါး ဖ်က္ဆီးခံရၿပီးေနာက္မွာ အဲလ္ဗတ္က ေနာက္ဆုံးမွာေတာ့ ေသးငယ္ၿပီးသန႔္စင္တဲ့အျဖဴေရာင္ပန္းပြင့္ေလးကို သူ႔လက္ေခ်ာင္းေတြႏွင့္ ကိုင္ေဆာင္ႏိုင္ခဲ့တယ္။

"ျပန္စို႔"အဲလ္ဗတ္က ပန္းပြင့္ေလးကို ကိုင္ၿပီး ဒီေနရာက ထြက္ခြာခဲ့တယ္။

အဲလ္ဗတ္ တူဆာကို ျပန္ေရာက္တဲ့အခ်ိန္မွာေတာ့ ကုဟိုင္က တစ္ေရးအိပ္ေနခ်ိန္ျဖစ္တယ္။အဲလ္ဗတ္က တျခားၿဂိဳဟ္ကျပန္ေရာက္တာႏွင့္ လူငယ္ေလး၏အခန္းထဲကို ပန္းပြင့္ေလးႏွင့္အတူ ဝင္လာခဲ့တယ္။ကုဟိုင္ အိပ္ေပ်ာ္ေနတာေၾကာင့္ သူက ပန္းပြင့္ေလးကိုကိုင္ၿပီး တိတ္ဆိတ္စြာ အိပ္ရာေဘးမွာေစာင့္ေနတယ္။

ကုဟိုင္က တစ္နာေက်ာ္ေက်ာ္ေလာက္ တစ္ေရးအိပ္ၿပီး ႏိုးလာေတာ့ သူ႔မ်က္လုံးေတြကို ပြတ္ၿပီး မ်က္လုံးဖြင့္လိုက္တာႏွင့္ တစ္ၿပိဳင္နက္ သူက ေငြခိုးေရာင္အၿမီးကို ျမင္လိုက္ရတယ္။ကုဟိုင္က ခဏေလာက္ ေအးခဲသြားတယ္။ေနာက္ေတာ့ သူ ေမာ့ၾကည့္လိုက္တဲ့အခါ သူ႔အိပ္ရာေဘးမွာ တိတ္ဆိတ္စြာမတ္တပ္ရပ္ေနတဲ့ေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္ကို ျမင္လိုက္ရတယ္။တစ္ဖက္လူက သန႔္စင္တဲ့အျဖဴေရာင္ပန္းပြင့္ေလးတစ္ပြင့္ကို ကိုင္ထားတယ္။ကုဟိုင္ရဲ႕မ်က္လုံးေတြက ပန္းပြင့္ေလးရွိေရာက္သြားေတာ့ တစ္ဖက္လူက သူ႔ကိုကမ္းေပးလာတယ္။

"ပန္း"

အဲလ္ဗတ္၏သြယ္လ်သည္ဟု သတ္မွတ္ရသည့္လက္ေခ်ာင္းေတြက ပန္းပြင့္ေလးကို မေတာ္တဆဆိတ္မိသြားမွာ ေၾကာက္သလိုမ်ိဳး ပန္းပြင့္ေလး၏ပင္စည္ကို သတိထားကိုင္ထားတယ္။သူက ပန္းပြင့္ေလးကို ကုဟိုင္ကို ေပးလိုက္တယ္။

ကုဟိုင္က ဒီပန္းပြင့္ေလးကို ၾကည့္ၿပီး ကူကယ္ရာမဲ့စြာ အနည္းတုန္လႈပ္မိတယ္။ပန္းပြင့္ေလးႏွင့္ႏႈိင္းယွဥ္ရင္ ကုဟိုင္ ပိုအာ႐ုံစိုက္မိတာက အဲလ္ဗတ္က သူ႔ကို ဒီလိုဂ႐ုစိုက္သည့္စိတ္သေဘာထားႏွင့္ ပန္းပြင့္ေလးေပးတာကိုျဖစ္တယ္။သူ႔ႏွလုံးသားက မထိမိသြားေစဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ကုဟိုင္က ဒီေငြေရာင္ေၾကာင္ႀကီးက တကယ္ကိုခ်စ္စရာေကာင္းတယ္ဟု ခံစားရတယ္။

သူက ပန္းပြင့္ေလးကို ခ်က္ခ်င္းမယူလိုက္ဘူး။ကုဟိုင္က အိပ္ရာကေန ထထိုင္လိုက္ၿပီး အဲလ္ဗတ္ကို ေမာ့ၾကည့္လိုက္တယ္။သူက တစ္ဖက္လူ၏အက်ႌကို ဆြဲၿပီး ငုံ႔ကိုင္းေပးရန္ အမူအရာျပလႈံ႕ေဆာ္ေနတယ္။အဲလ္ဗတ္က ကုဟိုင္၏ဆိုလိုရင္းကို နားလည္ၿပီး နာခံစြာငုံ႔ကိုင္းေပးတယ္။

သူတို႔၏အရပ္ေတြတူညီလုနီးပါးျဖစ္သြားတာကိုျမင္မွ ကုဟိုင္က လက္ဆန႔္ၿပီး အဲလ္ဗတ္၏မ်က္လုံးေတြကို ဖုံးထားတဲ့အနက္ေရာင္မ်က္လုံးစည္းကို ညင္သာစြာထိလိုက္တယ္။သူက အဲလ္ဗတ္၏အျမင္အာ႐ုံကို တားဆီးထားသည့္ မ်က္လုံးစည္းအလႊာကို ထိလိုက္တာႏွင့္ အဲလ္ဗတ္၏ခႏၶာကိုယ္သည္ သိသိသာသာတင္းမာလာတယ္။သို႔ေသာ္လည္း သူက ကုဟိုင္၏ထိေတြ႕မႈကို အလိုအေလ်ာက္တုံ႔ျပန္လိုမႈကို ထိန္းထားတယ္။အဲလ္ဗတ္က တကယ္လို႔ သူ႔ခြန္အားကိုသာ မထိန္းခ်ဳပ္ႏိုင္ရင္ တစ္ဖက္လူ၏လက္ေကာက္ဝတ္ကို က်ိဳးေၾကသြားေစလိမ့္မည္ဆိုတာကို သိတယ္။

"ခင္ဗ်ား ကြၽန္ေတာ့္ကိုေပးတဲ့ပန္းပြင့္ေလးက လွတယ္။ခင္ဗ်ား ၾကည့္ခ်င္လား?"ကုဟိုင္က သူ႔လက္ေခ်ာင္းေတြကို ႀကိဳးခ်ည္ထားသည့္ေနရာကို မဝံ့မရဲေ႐ြ႕လ်ားရင္း ေႏြးေထြးစြာေျပာလိုက္တယ္။

"....."အဲလ္ဗတ္က တိတ္ဆိတ္ေနၿပီး သူ႔ခႏၶာကိုယ္ကေတာ့ တင္းမာေနတယ္။သူက သေဘာတူဖို႔ ေခါင္းမၿငိမ့္လိုက္ေပမဲ့ သူက မလႈပ္ရွားဘူး။

"ခင္ဗ်ား ထိန္းခ်ဳပ္မႈလြတ္ၿပီး ကြၽန္ေတာ့္ကိုနာက်င္ေစမွာမဟုတ္ဘူး"ကုဟိုင္က တိတ္တဆိတ္ေက်နပ္သြားတယ္။ႀကိဳးထုံးေပၚတင္ထားတဲ့ သူ႔လက္ဟာ တစ္ဖက္လူရဲ႕ေအးစက္ေပ်ာ့ေပ်ာင္းတဲ့ေငြေရာင္ဆံပင္ကို ထိရန္ေ႐ြ႕လိုက္တယ္။

သူက ေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္ကို စိတ္ေက်နပ္ေစၿပီး သူ႔ခႏၶာကိုယ္ကို အနည္းငယ္ေျပေလ်ာ့သြားေစတယ္။သူက တစ္ဖက္လူ၏ေက်နပ္မႈကို အတည္ျပဳၿပီးတာႏွင့္ ပို၍နီးကပ္စြာေ႐ြ႕လာတယ္။ကုဟိုင္က သူ႔လက္ေတြကို ဆန႔္ထုတ္လိုက္ၿပီး အနက္ေရာင္မ်က္လုံးစည္းကို ညင္သာစြာျဖည္လိုက္တယ္။

ေျပေလ်ာ့သြားတဲ့မ်က္လုံးစည္းက ႐ုတ္တရက္ ျပဳတ္က်သြားတယ္။ေနာက္တစ္ကၠန႔္မွာေတာ့ ကုဟိုင္က အလင္းႏွင့္အရိပ္ႏွစ္မ်ိဳးလုံးရွိသည္ဟု ထင္ရသည့္ ေ႐ႊေရာင္ေဒါင္လိုက္မ်က္လုံးတစ္စုံကို ေတြ႕လိုက္ရတယ္။ကုဟိုင္က အကူအညီမဲ့စြာ မ်က္ေတာင္ပုတ္ခတ္ပုတ္လုပ္လိုက္ေတာ့ ေအးစက္တဲ့မ်က္လုံးထဲမွာ သူ႔ရဲ႕မ်က္ေတာင္ခတ္တဲ့အမူအရာကို ျမင္လိုက္ရတယ္။

"ဒါက ပန္းတစ္ပြင့္ေလ.ဒါက ၾကည့္လို႔မေကာင္းဘူးလား?"ခဏေလာက္ၾကာေတာ့ ကုဟိုင္က အဲလ္ဗတ္လက္ထဲက အျဖဴေရာင္ပန္းပြင့္ေလးကို ယူၿပီး တစ္ဖက္လူကို ျပလိုက္တယ္။

အဲလ္ဗတ္က အေမွာင္ထုကလႊဲၿပီး အျခားအရာေတြကို မျမင္ခဲ့ရသည္မွာ အခ်ိန္အေတာ္ၾကာၿပီ။ကမာၻႀကီး၏အေသးစိတ္ပုံပန္းသ႑ာန္က အဲလ္ဗတ္အတြက္ ထူးစမ္းေနတယ္။

အဲလ္ဗတ္က အသံကိုၾကားရၿပီး သူ႔ေရွ႕က အနက္ေရာင္ဆံပင္ႏွင့္လူငယ္ေလးကို အမွတ္တမဲ့ၾကည့္ေနမိတယ္။သူက လူငယ္ေလး၏ေကြးေနတဲ့မ်က္လုံးေတြႏွင့္အၿပဳံးကိုျမင္တဲ့ခါ သူ႔မ်က္လုံးေတြက တစ္ဖက္လူထံမွ မေ႐ြ႕ႏိုင္ဘူး။

ကမာၻေပၚက အလွဆုံးပန္းပြင့္ေလးကို ၾကည့္ေနရသကဲ့သို႔ ဒီပန္းေလးဟာ သူ႔ႏွလုံးသားထဲမွာ ဖူးပြင့္လာတယ္။

-------------

Continue Reading

You'll Also Like

779K 31.3K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
706K 30.6K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
2.7M 74.6K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
2.1M 162K 36
No descriptions here