Forget-Me-Nots { Completed }

By popophoenix207

318K 17.1K 2.5K

A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်း... More

Author's Note
1. Happy Birthday Your Highness
2. When we first met
3. I'll protect you
4. Friends
6. Who I am with you
7. Fairness
8. Just take my hand
9. Why are you too perfect?
10. Christmas with you
11. Hug me tight
12. Growing up ain't easy
13. To the trouble I'm in
14. Wherever you go
15. No Sex, No Drug
16. By your side
17. Your Lips , Your Hands
18. Under the moonlight
19. May I dance with you?
20. At age eighteen
21. First kiss I won't ever forget
22. Official boyfriend
23. King of my heart
24. On new year's day
25. " Jag vill kyssa dig " eyes
26. The way I love you
27. Take me to the stars
28. You're my energy
29. Be my forever
30. Can't imagine my life without you
ဘုဏ်းဇေယျာကျော်
31. A Photograph
32. Our Last Date
33. Chapter closed
34. Life goes on
35. One day
36. Give me a small chance
37. Please don't go away
38. Because I love you
39. The smile on your face
40. Loving can hurt sometimes ( Unicode )
40. Loving can hurt sometimes ( Zawgyi )
41. Dear Prince
ရှင်းသန့်တည်ကြည်
42. Love me again
43. You're my destiny
44. The Love of My Life
45. Prince is mine
46. Love wins
47. Till death do us part
48.Final Part - Forget Me Not
Extra - 1

5.The bond between us

5.8K 373 40
By popophoenix207

( Unicode )

အသက်ကို ဖြည်းဖြည်းရှူမယ်
ခြေလှမ်းတွေ မှန်မှန်လှမ်းမယ်
တစ်ယောက်နာမည်တစ်ယောက်
အကျယ်ကြီးအော်ခေါ်မယ်
ကျေးလက်သီချင်းတွေဆိုကြမယ်
ပြီးတော့ ရယ်ကြမယ်
ကိုယ်တော့ ဒီလို အိမ်ပြန်ချိန်တွေသာ ဖန်တီးချင်တော့တယ်။

2010၊ June

* ကျွန်ုပ်တို့သည် မည်သည့်အိမ်ထောင်သည်ကိုမဆို ပေးစွမ်းနိုင်သော တူညီသည့်အခွင့်အရေးများနှင့် တာဝန်များကို လိင်တူချစ်သူများအား ပေးဆောင်ရမည်ဖြစ်ပြီး ထိမ်းမြားလက်ထပ်ခြင်းအက်ဥပဒေကိုလည်း ရုပ်သိမ်းရန် လိုအပ်ပါသည်။ LGBT မိသားစုများ၏ ကလေးမွေးစားခွင့် အခွင့်အရေးများကို အာမခံခြင်းဖြင့် ကျွန်ုပ်တို့သည် ၎င်းတို့၏အခွင့်အရေးများကို ကာကွယ်ရမည်ဖြစ်သည်။ *

နံရံပေါ်တွင် ချိတ်ဆွဲထားသော ကျွန်းသစ်ဖြင့် ပြုလုပ်ထားသည့် အိမ်ပုံသဏ္ဌာန် ရှေးဟောင်းတိုင်ကပ်နာရီကြီး၏ နာရီလက်တံနှစ်ခုစလုံးသည် ရောမဂဏန်း Xll ဆီသို့ တည့်တည့်ညွှန်ပြနေသည်။ ဖွင့်ထားသည့် ပြတင်းတံခါးများမှတဆင့် ဝင်ရောက်လာသော လေတိုးသံမှလွဲလျှင် သန်းခေါင်ယံသည် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။

ဘုံမြနန်းစံအိမ်တော်၏ အိပ်ခန်းကျယ်ကြီးထဲတွင် မျက်နှာကြက်မှ တွဲလွဲချိတ်ဆွဲထားသည့် မီးပန်းဆိုင်းကြီးအား ထွန်းမထားသော်လည်း နံရံပတ်ပတ်လည်တွင် မြှုပ်နှံတပ်ဆင်ထားသော ဂီတသင်္ကေတတစ်ခုစီမှ အဝါဖျော့ဖျော့ အလင်းရောင်များက အခန်းထဲတွင် ဖြာထွက်နေသည်။ နက်ပြာရောင်ပိုးသား ညအိပ်ဝတ်စုံကို ဝတ်ထားသော အိမ်ရှေ့စံတစ်ယောက်ကား ယခုအချိန်ထိ မအိပ်သေး။ သူ၏အိစက်ညက်ညောသော Queen size အိပ်ရာကြီးပေါ်တွင် ဂီတာတစ်လက်ကို ချထားပြီး သူကမူ အခန်းထောင့်ရှိ စာကြည့်စားပွဲမှာထိုင်ကာ ကွန်ပျူတာတစ်လုံးဖြင့် အင်တာနက်ပေါ်မှအကြောင်းအရာများကို ရှာဖွေဖတ်ရှုနေဆဲပင်။

အမေရိကန်သမ္မတ Barack Obama၏ လိင်တူချစ်သူများအတွက် လူ့အခွင့်အရေးအားလုံး တန်းတူညီမျှမှု ရရှိရန် ပြောကြားထားသည့် ကြေငြာစာကို သည်လအတွင်း ဘုဏ်းဇေယျာကျော် ဖတ်နေသည်မှာ ဘယ်နှစ်ကြိမ်မြောက် ရှိပြီမှန်းပင် မသိတော့ပါ။ တစ်ဆက်တည်း New York မြို့မှာ ကျင်းပနေကြသည့် LGBTQ+ အသင်းအဖွဲ့များ၏ သူတို့ဖြစ်တည်မှုအ‌ပေါ် ဂုဏ်ယူဝံ့ကြွားစွာ စုဝေးချီတက်ပွဲမှ ဓာတ်ပုံများကိုလည်း တစ်ပုံချင်း လိုက်လံကြည့်ရှုနေခဲ့သည်။

သည်နိုင်ငံမှာတော့ သည်လိုမျိုးပွဲတွေ မရှိသေး။ လွှတ်တော်တွင်လည်း မည်သူကမျှ လိင်တူချစ်သူများနှင့်ပတ်သက်သည့် ဥပဒေများ အဆိုပြုတင်သွင်းတာမျိုး ဘုဏ်းဇေ မကြားဖူးသေးပါ။

ဘားမားပြည်ထောင်စုသည် အရှေ့တောင်အာရှတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံသားအားလုံးအပေါ် တူညီသောအခွင့်အရေးများ ခံစားခွင့်ပေးထားသည့် နိုင်ငံတစ်နိုင်ံဖြစ်ပါသည်။သို့သော်လည်းLGBTQ+များနှင့်ပတ်သက်ပြီး ဥပဒေရေးရာအရ တရားဝင်ထုတ်ဖော် ကြေငြာထားခြင်းမျိုး မရှိသေးကြောင်းကို အရွယ်ရောက်စပြုနေပြီဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ လေ့လာသင်ယူနေရပြီဖြစ်သော အိမ်ရှေ့မင်းသားလည်း မသိဘဲမနေပါ။

အင်တာနက်ပေါ်တွင် သက်တံ့ရောင်အလံကို ကိုယ်ပေါ်မှာ လွှမ်းခြုံလျက် အပြုံးကိုယ်စီ ၊ ရဲဝံ့မှုကိုယ်စီဖြင့် လူ့အခွင့်အရေးအားလုံး တန်းတူညီမျှရရှိရေး၊ လိင်တူချစ်သူများ တရားဝင်ထိမ်းမြားလက်ထပ်ခွင့် ဥပဒေ ပြဌာန်းပေးရေးတို့ကို တောင်းဆိုနေကြသူများ၏ ဓာတ်ပုံများ၊ ဗီဒီယိုများကို ကြည့်ပြီး တစ်ချိန်က သူ့အား ရှင်းသန့်တည်ကြည် ပြောခဲ့သောစကားများကို ဘုဏ်းဇေ သတိရနေသည်။

' ယောက်ျားလေးနဲ့မိန်းကလေး လက်ထပ်ခွင့်ရှိသလို ‌ယောက်ျားလေးချင်းဖြစ်ဖြစ် မိန်းကလေးချင်းဖြစ်ဖြစ် လက်ထပ်ခွင့်ရှိရမှာပေါ့၊ ဒါမှ မျှတမယ် '

သည်စကားများကို ပြောခဲ့သူကိုယ်တိုင်က မေ့သွားပြီလား မသိသော်လည်း ဘုဏ်းဇေကတော့ ခေါင်းထဲမှာ စွဲမြဲစွာ မှတ်မိနေခဲ့ပါသည်။ ထိုစဉ်က သူနားမလည်ခဲ့သော စကားများ။ ခုနစ်နှစ်ကြာပြီးနောက်မှာတော့ အဓိပ္ပာယ်ကို သူကောင်းစွာ သဘောပေါက်ခဲ့ပါပြီ။

ကွန်ပျူတာကို ပိတ်ပြီး အိမ်ရှေ့စံတစ်ယောက် ဝရံတာဘက် ထွက်လာခဲ့သည်။ ကြယ်စုံနေသော ကောင်းကင်ယံကို ခေတ္တခဏငေးမောမိ၏။ဥယျာဉ်တော်ဘက်မှ ဝေ့ဝဲတိုက်ခတ်လာသော လေပြည်ညင်းထဲတွင် ရောယှက်ပါလာသည့် ပန်းရနံ့များကလည်း ထုံသင်းမွှေးပျံ့စွာ ။ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၊ထုတ်လိုက် လေးငါးကြိမ်ခန့်လုပ်ပြီး‌နောက် အိပ်ခန်းတွင်းပြန်ဝင်ပြီး ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ဖွင့်ထားသော ပြတင်းတံခါးများအားလုံး အလိုအလျောက်ပိတ်သွားကြသည်။ ထို့နောက် စာကြည့်စားပွဲပေါ်တင်ထားသော ဖုန်းကိုယူကာ သူရင်းနှီးပြီးသား အမည်တစ်ခုကို ခေါ်ဆိုလိုက်၏။ တစ်ဖက်မှ တော်တော်နှင့် ဖုန်းမကိုင်ပါချေ။

" ဟဲလို.... "

အသံကား အနည်းငယ်ခပ်အက်အက်နှင့် လေးလေးပင်ပင် ။ တစ်စုံတစ်ယောက်သည် အိပ်ရာထဲတွင် အိပ်ပျော်နေရာမှ နိုးလာပြီး မျက်လုံးတွေ မဖွင့်ဘဲ ဖုန်း‌ပြန်ဖြေနေမည်ဖြစ်ကြောင်းကို ဘုဏ်းဇေယျာကျော် တွေးကြည့်ရင်း ပြုံးမိသည်။ တစ်ခါတလေ ရှင်းသန့်တည်ကြည်ကို သည်လို စိတ်အနှောင့်အယှက်ပေးရတာ ပျော်စရာ ။

" အိပ်နေပြီလား ရှင်း "

" အွန်း...ဘာဖြစ်လို့လဲ မင်းသားလေး ၊ ဒီအချိန်ကြီး ဖုန်းဆက်တာ "

" ဘာမှမဖြစ်ပါဘူး၊ ငါပျင်းလို့၊ အဲဒါ မင်းကို ဂီတာတီးပြမလို့ "

" ဘာ "

ဖုန်းထဲက အော်သံမှာ ကျယ်လွန်းသဖြင့် ဘုဏ်းဇေ ဖုန်းကို နားနှင့်တောင် ခွာလိုက်ရသည်။ သည်လောက်ဆို အအိပ်မက်သောရှင်းသန့်က သူ့ကြောင့် အိပ်တွင်းပျက်သွား၍ စိတ်ဆိုးတော့မည်ဆိုတာကို ပြေးမကြည့်ဘဲ တွေးကြည့်ရုံဖြင့် သိပါပြီ ။

" ဘာလဲ၊ အိမ်ရှေ့မင်းသားက မင်းကို ဂီတာတီးပြမယ်ဆိုလို့ မယုံနိုင်ဖြစ်နေတာလား "

" ဘုဏ်းဇေယျာကျော်... မင်း ရူးသွားတာလား "

ပုံမှန်ဆို စိတ်ဆိုးခဲသော၊ စိတ်မကြည်လျှင်တောင် မျက်မှောင်အနည်းငယ် တွန့်ရုံကလွဲပြီး ဘာမျှပြောလေ့မရှိသော ဝန်ကြီးချုပ်၏သားလေးက အခုလို သူအိပ်ပျော်နေချိန် နှောင့်ယှက်လျှင်တော့ နည်းနည်းလေးမျှ သည်းခံတတ်သူ မဟုတ်ပေ။

" ငါက ဘာလို့ရူးရမှာလဲ၊ မင်းစဉ်းစားကြည့်စမ်းပါ၊ ဒီတစ်နိုင်ငံလုံး ဘယ်သူမှ မရနိုင်တဲ့ အခွင့်အရေးကို ရတာနော်၊ မင်း ဘယ်လောက် ကံကောင်းလဲ "

" တော်စမ်းပါ အရူးကောင်ရ ...ငါအိပ်နေမှန်းသိလို့ မင်း တမင်လှမ်းနှောင့်ယှက်ပြီးတော့.... "

တစ်ဖက်က သူ့ကို ပွစိပွစိ ဆက်ဆဲနေသံများကို ကြားရလေ ဘုဏ်းဇေလည်း ရယ်ရတာ အတောမသတ်ချင်လေပါ။

" ဘာနေနေ ဖုန်းမချနဲ့နော်၊ ဒီည ငါဂီတာတီးပြတာ နားထောင်ရမယ်၊ အခု ငါက မင်းသူငယ်ချင်းအနေနဲ့ ပြောနေတာမဟုတ်ဘူး၊ အိမ်ရှေ့မင်းသားတစ်ယောက်အနေနဲ့ မင်းကို အမိန့်ပေးနေတာ၊ မင်း ငါ့အမိန့်ကို .... "

ဘုဏ်းဇေ စကားဆုံးအောင်တောင် မပြောလိုက်ရပါ။ ရှင်းသန့်က ဖုန်းချသွားခဲ့ပြီ။ သည်လောက် နှောင့်ယှက်လိုက်ရလျှင်ပဲ သူလည်း ကျေနပ်မဆုံးတော့ ။ နှုတ်ခမ်းစွန်းလေး ကော့တက်သွားအောင် ပြုံးရင်း မျက်လုံးတွေမှိတ်လိုက်သည်။

ပိတ်ထားသည့် မျက်ခွံအိတ်ထဲမှာတော့ ငယ်ငယ်က သူ့အား ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး အရိုအသေပေးခဲ့ဖူးသော ရှင်းသန့်တည်ကြည်၏ပုံရိပ်လေးက ထင်ထင်ရှားရှား။

' အခုကျ ငါ့ကို အိမ်ရှေ့မင်းသားဆိုပြီး မလေးစားတော့ဘူးပဲ ... '

*****

" ဘုဏ်းဇေ....မင်း ပုံလဲမဆွဲဘဲ ပန်းချီအတန်းထဲ ဘာလာလုပ်ပြန်တာလဲ "

သီဟမင်းတည်၏ အသံက အနည်းငယ်ကျယ်သွားသဖြင့် ပန်းချီဆွဲနေကြသည့် ကျောင်းသားအားလုံး ဘုဏ်းဇေယျာကျော်ကို လှည့်ကြည့်ကြသည်။ သည်ကိစ္စက သိပ်တော့ အထူးအဆန်းမဟုတ်။ ပန်းချီချိန် ယူမထားသော အိမ်ရှေ့မင်းသားက ပန်းချီခန်းထဲ မကြာခဏ လိုက်လာနေကြ မဟုတ်လား။ သည်လို သောကြာနေ့ညနေပိုင်းက စာသင်ချိန်မဟုတ်ဘဲ ကိုယ်ဝါသနာပါသည့်အတန်းများကို ရွေးချယ်တက်၍ရသည့်အချိန် ဖြစ်သောကြောင့် ဘုဏ်းဇေနှင့် စိုင်းအာကာကျော်တို့က ပန်းချီအတန်းကို စာရင်းသွင်းမထားကြ‌။ အာကာက ပြဇာတ်အဖွဲ့မှာ အရွေးခံရဖို့ သွားလေ့ကျင့်နေသည်။ ဘုဏ်းဇေကတော့ သူရှိနေရမည့် ဂီတခန်းမထဲ မဟုတ်ဘဲ ပန်းချီခန်းထဲလာပြီး ရှင်းသန့်နှင့်ရောင်ရှိန်တို့ ပန်းချီဆွဲနေသည့်ဘေး တစ်လှည့်စီထိုင်ကြည့်နေ၏။

" ခါတိုင်းလဲ သူလာတတ်တာပဲကို မင်းကလဲ အထူးအဆန်းလုပ်ပြီး မေးနေပြန်ပြီ "

သီဟပြောတာကို ဘုဏ်းဇေက အဖက်မလုပ်ပေမဲ့ ရောင်ရှိန်က ပုံဆွဲရင်းပဲ ကြားကနေ ကိုယ်စားဝင်ပြော၏။ ရှင်းသန့်ကတော့ ပန်းချီဆွဲပြီဆို သူ့ဘေးမှာဘာဖြစ်ဖြစ် သိပ်အာရုံမရတတ်။

" ဒါနဲ့ ရှင်းသန့် မနက်ဖြန် ခုနစ်နာရီ ဟုတ်တယ်နော် "

" အွန်း "

လင်းရောင်ရှိန် ပန်းချီကားအတွက် အရောင်များ စပ်နေတာကိုကြည့်ရင်း ဘုဏ်းဇေယျာကျော် အံ့ဩသွားသည်။ သီဟနှင့်ရှင်းသန့်တို့ ဘာအကြောင်းပြောနေကြတာလဲ သူမသိ။

" မင်းတို့ ဘာတွေပြောနေကြတာလဲ "

" ဘာမှမဟုတ်ပါဘူး၊ စက်ဘီးသွားစီးကြမလို့၊ မင်းနဲ့မဆိုင်ဘူး "

သီဟ ထပ်ပြောလိုက်သည့်စကားကြားပြီး ဘုဏ်းဇေ မျက်မှောင်ကြုတ်သွားသည်။ ရုတ်တရက် တင်းမာသွားသော မေးရိုးတို့ဖြင့် ဘုဏ်းဇေဆီမှ စိတ်ဆိုးတော့မည့် အငွေ့အသက်များ သူတို့အုပ်စု၏လေထုထဲတွင် တမုဟုတ်ချင်း ပျံ့နှံလာတော့၏။ ရှင်းသန့်ကြောင့်သာ အိမ်ရှေ့မင်းသားနှင့် တစ်အုပ်စုတည်းဖြစ်လာသော်လည်း နဂိုကပင် ဘုဏ်းဇေကို ရှိန်ချင်သော ကောင်းယံက မျက်လုံးအပြူးသားဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ အမြဲပြုံးနေတတ်သော ရောင်ရှိန်ကပါ သည်တစ်ခါတော့ သီဟကို စိတ်ပျက်လက်ပျက် လှမ်းကြည့်သည်။ စနေနေ့မနက် သူတို့တွေ ရွှေပြည်ငြိမ်းအေး တောင်ပေါ်ကို ပုံမှန်လမ်းကမဟုတ်ဘဲ တောလမ်းမှတစ်ဆင့် စက်ဘီးစီးတက်ကြဖို့ စီစဉ်ထားသည့်အကြောင်း ဘုဏ်းဇေရှေ့ မပြောရန် တိုင်ပင်ထားကြပါလျက်နှင့် သီဟက တမင်သက်သက် ပြောလိုက်သောကြောင့်ပင်။

" ဘယ်ကိုသွားစီးမှာလဲ ၊ ရောင်ရှိန် မင်းရော ပါလား "

ရောင်ရှိန်လည်း ခေါင်းညိတ်ဝန်ခံရုံအပြင် ဖုံးကွယ်ထား၍ မရတော့။ အမှန်တော့ သူ ကွယ်ဝှက်လည်း မထားချင်ပါ။ ဘုဏ်းဇေသိလည်း သူတို့နှင့် မလိုက်ရမည့်အတူတူ မသိတာက သူ့အတွက်ပိုကောင်းသည်ဟု စဉ်းစားမိ၍သာ မပြောခဲ့ခြင်းဖြစ်သည်။

" ဘာလို့ ငါ့ကိုကျ မပြောတာလဲ ရှင်းသန့်တည် "

မြှားဦးက ရှင်းသန့်ဆီသို့ တိုက်ရိုက်ဦးတည်လာသည်။ သို့သော်လည်း သီဟက ကြားဝင်ပြန်၏။

" မင်းကို ပြောတော့ရော မင်းက လိုက်ရမှာမို့လား "

" ငါ မင်းကို မေးနေတာ မဟုတ်ဘူး "

သီဟဆီက နောက်ထပ်စကားသံ ထွက်မလာတော့။ ရောင်ရှိန်လည်း ခေါင်းကိုဖြည်းညင်းစွာ ခါရမ်းပြီး ပုံဆက်ဆွဲဖို့ပြင်ရင်း ကောင်းယံကို ကြည့်လိုက်သည့်အချိန် ကောင်းယံခန္ဓာကိုယ်က ပိုပြီးကျုံ့သွားသလို ထင်ရပြီး မျက်နှာတစ်ခုလုံးက ရှေ့ကပန်းချီကားဆီ နစ်ဝင်တော့မတက်။ သူတို့အဖွဲ့ထဲမှာ လူကောင်အသေးဆုံးဖြစ်သည့် ကောင်းယံက တခြားသူတွေနှင့်အတူ ပျော်ပျော်နေတတ်သော်လည်း ဘုဏ်းဇေကိုဆို လေးတန်းမှာ ကျောင်းပြောင်းလာကတည်းက ဘာလို့ကြောက်မှန်း မသိပေ။ သီဟနှင့်ဘုဏ်းဇေကြောင့် စိတ်ညစ်သွားပေမဲ့ ကောင်းယံ၏ ပန်းချီစုတ်တံကိုင်ထားသည့်လက်မှာ တုန်တုန်ယင်ယင် ဖြစ်နေတာမြင်ပြီး ရောင်ရှိန်မှာ ရယ်လည်းရယ်ချင်။

ရှင်းသန့် ပန်းချီဆွဲနေတာရပ်ပြီး သက်ပြင်းတစ်ချက်ချသည်။ ထို့နောက် ဘုဏ်းဇေယျာကျော်ကို အချိုသာဆုံးပြုံးပြပြီး ရင်ဆိုင်လိုက်၏။

" မင်းကို မပြောတာမဟုတ်ပါဘူး၊ ပြောဖို့ မေ့သွားတာပါ၊ မနက်က မင်း ကျောင်းမလာခင်ကမှ ငါတို့လဲ တိုင်ပင်ထားကြတာ "

" အဲတော့ မင်းတို့က ငါမပါဘဲ လျှောက်သွားကြမယ်ပေါ့ ၊ မင်းက ငါ့ကို ပလှစ်ထားမယ်ပေါ့ ရှင်းသန့်တည် "

သည်ကိစ္စက လွယ်လွယ်နှင့် ပြီးတော့မှာ မဟုတ်မှန်း ရှင်းသန့်နားလည်လိုက်ပါပြီ။ အိမ်ရှေ့စံတို့က သူသဘောကောင်းချင်မိလျှင်လည်း သူများနှင့်မတူသလောက် ရစ်ပြီဆိုလျှင်လည်း သူများထက်သာသည်။ ကျောင်းသားအချို့က သူတို့ပန်းချီကားတွေ ဖြုတ်သိမ်းပြီး အခန်းထဲက ထွက်သွားကြပြီ။ သူလည်း သည်နေ့ ပန်းချီ ဆွဲရမည်မဟုတ်တော့။

" မဟုတ်တာ မင်းသားလေး၊ မင်းကိုလဲ ငါတို့က အတူလိုက်စေချင်တာပေါ့ ၊ ဒါပေမဲ့ မင်းက အိမ်ရှေ့မင်းသားဆိုတော့..."

" ဒါဆို မင်းကရော၊ မင်းလဲ ဝန်ကြီးချုပ်သားဆိုတာ မေ့နေတာလား ၊ မင်းအတွက်လဲ အန္တရာယ်ရှိတာပဲ "

" မင်းနဲ့ငါနဲ့ တူလို့လား ဘုဏ်းဇေရ ၊ ငါက ခါတိုင်းလဲ ဒီလိုသွားလာနေကြပဲ၊ ငါ့အဖေ ဝန်ကြီးချုပ်ဆိုတာလဲ တကယ်တော့ ပြည်သူ့အတွက် အလုပ်လုပ်ပေးနေတဲ့ ပြည်သူ့ဝန်ထမ်းပဲ၊ သာမန်လူတွေနဲ့ ဘာမှမထူးဘူးလေကွာ "

ရှင်းသန့်ဘာပြောပြော ဘုဏ်းဇေက လက်ခံချင်ပုံမရပါ။ သီဟက ပန်းချီဆက်မဆွဲဘဲ အခန်းထဲကထွက်ဖို့ ပြင်နေသည်။

" ဟိုတလောက အနောက်နိုင်ငံတစ်ခုမှာ သမ္မတမိသားစု လုပ်ကြံခံရတဲ့သတင်း မင်းမကြားလိုက်ဘူးလား "

" ငါတို့နိုင်ငံက အဲလောက်လဲ မလုံခြုံတဲ့၊ ရာဇဝတ်မှုတွေ ဖြစ်နေတဲ့နိုင်ငံ မဟုတ်ပါဘူး မင်းသားလေးရာ "

"ဒါဆို ငါရော လိုက်မယ် "

သူ့စကားက မဖြစ်နိုင်တာမျိုးတော့ မဟုတ်။ သူ့ခမည်းတော်ကိုယ်တိုင် အိမ်ရှေ့မင်းသားဘဝကလာခဲ့သူမို့ ခမည်းတော်က သူ့ကို တော်ရုံတန်ရုံ ကိုယ်ချင်းစာပြီး လိုက်လျောပေးလေ့ရှိ၏။ ထို့ကြောင့် သူငယ်ချင်းများနှင့် အပြင်ထွက်ခွင့်ရဖို့ ဘုဏ်းဇေယျာကျော် ကြိုးစားကြည့်ချင်သည်။

" ဘာလဲ၊ မင်းနောက်က လုံခြုံရေးတွေရောနဲ့လား၊ ဘုဏ်းဇေယျာကျော်.. မင်း ငါတို့နဲ့ မတူတာကို သိသိကြီးနဲ့ နေရာတကာ လိုက်မတူချင်စမ်းပါနဲ့၊ မင်းရဲ့ လုံခြုံရေးတွေက နောက်ကလိုက်နေမှတော့ ငါတို့ တစ်ခါတလေလေး အပျော်လျှောက်သွားမှာ ဘယ်လိုလုပ် လွတ်လပ်ပါတော့မလဲ၊ မင်းသာ အဲလို နောက်တော်ပါးတွေနဲ့ နေရ မခက်တာလေ ၊ လူတိုင်းက မင်းလို မဟုတ်ဘူး၊ မင်းကြောင့် သူများအပျော်တွေ ဖျက်သလို ဖြစ်ကုန်မှာ နားမလည်ဘူးလား ၊ လိုက်မရှုပ်နဲ့ "

အပြင်ထွက်တော့မည့်ဆဲဆဲ သီဟက ပြန်လှည့်လာပြီး ဘုဏ်းဇေ၏ ပုခုံးတစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောလာသည့် စကားများကြောင့် ရှင်းသန့်ရော ရောင်ရှိန်ပါ ရုတ်တရပ် ကြောင်အပြီး ကြည့်နေမိသည်။ ဘေးက ကောင်းယံလည်း နေရာကနေ အငွေ့ပျံပျောက်သွားဖို့သာ ဆုတောင်းနေတော့၏။ ပင်ကိုယ် အသားဖြူသော အိမ်ရှေ့မင်းသား၏ မျက်နှာကတော့ ဒေါသဖြင့် နီမြန်းလာချေပြီ။

" သူပြောတာ ဟုတ်လား၊ ရှင်းသန့်တည် ....မင်းရော အဲလိုပဲ တွေးတာလား ၊ ငါပါရင် မင်းတို့အတွက် အနှောင့်အယှက် ဖြစ်မှာမို့ ငါမသိစေချင်လို့ မပြောတာလား "

သူတို့အခန်းထဲက လေထုမှာ တင်းမာမှုက ပိုပြီးပြင်းထန်လာသည်။ ထို့အပြင် ရှင်းသန့်ကို မေးလာသော အိမ်ရှေ့စံ၏ အသံမှာ အဖျား၌ တိမ်ဝင်လှုပ်ခတ်သွားပြီး သူ့ကိုတည့်တည့်ကြည့်နေသော မျက်ဝန်းအိမ်မှာလည်း မျက်သားတို့နီရဲပြီး အရည်ကြည်တချို့ ဝေ့ဝဲလာသည်။

" အဲလိုမဟုတ်... "

ရှင်းသန့် ဘာမှ သေချာမပြောရခင်မှာပဲ ဘုဏ်းဇေက ချာခနဲ လှည့်ထွက်သွားတော့၏။ သူ ဘုဏ်းဇေနောက်ကို အမီ‌လိုက်သွားချင်သော်လည်း ဆွဲလက်စ ပန်းချီပစ္စည်းများက မသိမ်းရသေး။

" မင်း ဘာလို့ အဲလိုသွားပြောရတာလဲ သီဟ ၊ အဲစကားက ပြောသင့် မပြောသင့် မင်း နားမလည်ဘူးလား၊ ဘုဏ်းဇေ ဝမ်းနည်းသွားမှာပေါ့ ၊ သူမသိတဲ့ကိစ္စကို သိအောင်လဲ မင်းစပြောသေးတယ်၊ မင်းက ဘယ်လိုကောင်တုန်း "

အမြဲတစေ တခြားသူတွေရဲ့ဆန္ဒကို လိုက်လျောတတ်ပြီး သဘောထားကြီးကြီးဖြင့် သည်းခံနားလည်ပေးလေ့ရှိသော လင်းရောင်ရှိန်ပါ သည်နေ့တော့ ငယ်သူငယ်ချင်းဖြစ်သူ သီဟမင်းတည်ကို အကြီးအကျယ်စိတ်ပျက်စွာ အော်မိတော့သည်။ ရှင်းသန့်ကတော့ သီဟကိုလည်း ဘာမျှပြောချင်စိတ်မရှိ ။ ကောင်းယံနှင့်အတူ အပြင်ထွက်လာပြီး ဘုဏ်းဇေကို လိုက်ရှာဖို့ တွေးနေစဉ်မှာပဲ အိမ်ရှေ့စံက သူ့ကိုလာကြိုနေသည့် ကားရှိရာဆီသို့ အလျင်အမြန် ထွက်သွားခဲ့ပြီ။

" ဘာဖြစ်လာကြတာလဲ ရှင်းသန့် ၊ ဘုဏ်းဇေက ဘာလို့ တစ်ယောက်တည်း အမြန်ထွက်သွားတာလဲ ၊ ငါ လှမ်းခေါ်တာတောင် မြင်ရဲ့သားနဲ့ အရေးမလုပ်ဘူး "

ပြဇာတ်အတွက် လေ့ကျင့်ပြီး၍ သူတို့ဆီရောက်လာသော စိုင်းအာကာကျော်က ပုံမှန်မဟုတ်သည့် အခြေအနေကို ရိပ်မိပြီး မေးလာသဖြင့် ကောင်းယံက အာကာ့ကို ရှင်းပြရသည်။ အာကာကလည်း သီဟ ထိုသို့မပြောသင့်ကြောင်း မှတ်ချက်ပေးသည်။

" အဲတော့ ငါတို့က မနက်ဖြန်မနက် သွားမှာလား မသွားဘူးလား "

အာကာမေးမှ မူရင်းကိစ္စကို ရှင်းသန့် သတိရသွား၏။

" မင်းတို့ သွားချင်ရင်တော့သွားကြ၊ ငါတော့ မလိုက်တော့ဘူး "

ထို့နောက် ရှင်းသန့်လည်း လေးတွဲ့သော ခြေလှမ်းများလှမ်းရင်း လွယ်အိတ်ထဲမှ ဖုန်းကိုထုတ်ကာ ဘုဏ်း‌ဇေဆီ စာပို့လိုက်သည်။

" စိတ်မဆိုးနဲ့တော့ မင်းသားလေး၊ ငါလဲ မနက်လိုက်တော့ဘူး "

" သီပြောတာတွေလဲမှန်တာမို့ စိတ်ထဲထားမနေနဲ့ "

သို့သော်လည်း မကိုဋ်ရတနာ နန်းတော်ရာဆီသို့ ပြန်နေပြီဖြစ်သော ကားပေါ်မှ အိမ်ရှေ့စံတစ်ယောက်ကတော့ သူပို့သည့်စာကို ကြည့်တောင်မကြည့်ချေ။

*****

ဘုံမြနန်းစံအိမ်၏ စာဖတ်ခန်းအတွင်းရှိ နံရံကပ်စာအုပ်စင်အဆင့်ဆင့်ပေါ်တွင် ဘားမား၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် တရုတ် ဘာသာစကားတို့ဖြင့် ရေးထားသော စာအုပ်ပေါင်းများစွာက နေရာယူထားသည်။ နန်းတော်၏ ပင်မစာကြည့်တိုက်နှင့်ယှဥ်လျှင် စာအုပ်အရေအတွက်မှာ မပြောပလောက်သော်လည်း အများအားဖြင့် အိမ်ရှေ့မင်းသားတစ်ယောက်သာ အသုံးပြုသော သီးသန့်စာဖတ်ခန်းဖြစ်သည်မို့ တစ်ယောက်တည်းအတွက်တော့ အတော်အသင့်ကျယ်ဝန်းပါသည်။ လူတစ်ရပ်စာမကသည့် မီးအိမ်များကို အခန်းထောင့်တိုင်းတွင် ထွန်းထား၏။

ညနေလေးနာရီ ကျောင်းမှပြန်ရောက်၍ ရေချိုးပြီးကတည်းက ဘုဏ်းဇေ စာဖတ်ခန်းထဲ ဝင်ခဲ့ပြီး သည်နေ့ ဗိုက်မဆာဟု အကြောင်းပြကာ ညစာကိုပင် သွားမစားခဲ့ပေ ။ စာကြည့်ခန်းအတွင်း ချထားသော နောက်မှီကုလားထိုင်တစ်လုံးပေါ်တွင်သာ ထိုင်ရာက မထဘဲ အင်္ဂလိပ်ဝတ္ထုတစ်အုပ်ကို ဖတ်ရှုနေခဲ့သည်။ ညရှစ်နာရီအထိ စံအိမ်တော်အတွင်းက မည်သူ့ကိုမျှလည်း စကားမပြောဖြစ်ခဲ့ ။

" အရှင်မင်းသား...မင်းသား သူငယ်ချင်း ဝန်ကြီးချုပ်ရဲ့သား ရောက်လာကြောင်း လာသတင်းပို့တာပါ "

တံခါးဝမှာ ပေါ်လာသော အမှုထမ်းတစ်ယောက်၏နောက်၌ သူ လုံးဝ ထင်မှတ်မထားသောလူက ထပ်ကြပ်မကွာ လိုက်လာ၏။ သည်နေ့ညအတွက် ပထမဆုံးအကြိမ် သူ ထိုင်ရာမှ ထရပ်မိတော့သည်။

" ရှင်း ... မင်း ဘယ်လိုလုပ် ဒီအထိရောက်လာတာလဲ "

တကယ်တော့ တစ်ညနေလုံး ဘုဏ်းဇေဆီက ပြန်လာမည့်စာကို ရှင်းသန့်စောင့်နေခဲ့သည်။ ဘာမျှ ပြန်မပြောသည့်အပြင် ခုနစ်နာရီလောက်က သူဖုန်းဆက်သည်ကိုပင် ဘုဏ်းဇေက မကိုင်သောကြောင့် သည်အထိ ရောက်လာဖို့ကလွှဲလျှင် သူ့အတွက် ရွေးချယ်စရာ မရှိခဲ့။

" အွန်း.... ငါ ဒီလိုမျိုး အခွင့်အရေးတွေကို အသုံးချရတာ မကြိုက်ပေမဲ့ မင်းက ဖုန်းမကိုင်တော့ ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူးလေ "

တော်ဝင်မိသားစုနေထိုင်ရာ နန်းတော်အတွင်း ညအချိန်ကို ဝင်ရောက်ခွင့်ရဖို့ သည်တစ်ကြိမ်တော့ သူ့အဖေ၏ ဝန်ကြီးချုပ်ပါဝါကို ရှင်းသန့်တည်ကြည် အားကိုးခဲ့ရသည်။ ရှင်းသန့်စိတ်ဓာတ်ကို သိသူပီပီ ရှင်းသန့်ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်သော အိမ်ရှေ့စံကလည်း လွန်ခဲ့သည့်မိနစ်ပိုင်းက သူမဟုတ်သည့်အတိုင်း မျက်နှာမှာ အပြုံးရိပ်တို့ ဆင်နေ၏။

" ငါ့ဖုန်းက အိပ်ခန်းထဲမှာ ကျန်ခဲ့တာ၊ ဒါနဲ့ မင်းမလုပ်ချင်တာတောင် လုပ်ပြီး ဒီအထိ ရောက်လာရတဲ့အကြောင်းအရင်းက ဘာလဲ "

တကယ်တော့ သူ့မေးခွန်းရဲ့အဖြေကို ဘုဏ်းဇေ သူကိုယ်တိုင် သိပြီးသားပါ ။ စိတ်ဆိုးနေသည့်သူ့ကို သူ့သူငယ်ချင်းလေးက သည်အထိ လာချော့တာကလွဲ၍ ဘာရှိဦးမှာတဲ့လဲ။ သို့ပေမဲ့ သည်စာဖတ်ခန်းထဲ ရှင်းသန့်တည်ကြည် ခြေတစ်လှမ်း ချလိုက်ကတည်းက သူ့စိတ်ထဲက မကြည်လင်မှုမှန်သမျှ မြူတစ်မှုံစာတောင် မရှိတော့ပါ ။ ဒါကိုလည်း သူ့ရှေ့မှာရပ်နေသည့် ဝန်ကြီးချုပ်သားလေးဟာ မသိဘဲ နေမည်တော့ မဟုတ်။ သည်ခုနစ်နှစ်တာကာလအတွင်း သူတို့နှစ်ယောက်အတွက် တစ်ယောက်မျက်နှာ အရိပ်အကဲကို တစ်ယောက်ဖတ်တတ်ဖို့ ၊ ဖွင့်ပြောစရာ မလိုဘဲ တစ်ယောက်စိတ်ကို တစ်ယောက်နားလည်ဖို့ အလုံအလောက် သင်ယူတတ်မြောက်ခဲ့ပြီးပြီ မဟုတ်လား။

" ငါလာတုန်းကတော့ လုပ်စရာ ရှိပေမဲ့ အခုက မလိုတော့ဘူး ထင်တယ်၊ ပြန်ဖို့ပဲရှိတော့တယ် "

" မင်း ပြန်မှ ငါ တကယ် စိတ်ဆိုးမှာ "

တစ်ယောက်ကိုတစ်ယောက် ကြည့်နေသော မျက်ဝန်းများတွင် ရွှင်မြူးရိပ်များ အတိုင်းသား ထင်ဟပ်နေ၏။ နှုတ်ခမ်းထက်က အပြုံးများကို သည်ညအဖို့ ပြန်ရုတ်သိမ်းရန် အစီအစဉ် မရှိကြတော့။အရာအားလုံးသည် ယခုမှ ပိုမိုအသက်ဝင်လာသလိုပါ။

" ဒါဆို ဒီည ငါ ဒီမှာ အိပ်လို့ရလား မင်းသားလေး "

" မင်း တကယ် အိပ်မှာလား "

" ရတယ်ပေါ့... အိပ်လို့ "

" ရတာပေါ့ "

" အိုး.... အဲလောက် လွယ်မယ် ထင်မထားဘူး၊ မင်းတို့ နန်းတော်က ကြုံရာလူကို ဒီလိုလွယ်လွယ်အိပ်ခွင့်ပြုမယ်လို့ "

" ဟေး ... စကားပြောဆင်ခြင်နော် ၊ ကြုံရာလူတော့ ခွင့်ပြုနေမလား ၊ မင်းမို့လို့ပေါ့ "

နှာခေါင်းတစ်ချက်ရှုံ့ပြီး ပြောလိုက်သော ဘုဏ်းဇေကြောင့် ရှင်းသန့်က ရယ်သည်။ နဖူးပေါ် ဝဲကျလာသည့် လှိုင်းတွန့်ဆံပင်လေးများကိုလည်း လက်ဖြင့် ပြန်ပြီး သပ်တင်ရ၏။

" အဲလိုလား၊ ဒါဆို ငါက ဘာလို့လဲ ၊ ဝန်ကြီးချုပ်သားမို့လို့လား၊ ဒါမှမဟုတ် မင်း သူငယ်ချင်း ဖြစ်နေလို့လား "

" မင်းမှာ အားသာချက် နှစ်ခုကြီးများတောင် ရှိတာပဲ၊ နတ်ရွာစံသွားတဲ့ အရင်မင်းကြီးတောင် မင်းကို ခွင့်မပြုဘဲနေမှာ မဟုတ်ဘူး "

" ဟားဟား...ဒါဆို ငါ ဒီမှာအိပ်မယ်နော်၊ ငါ့အဖေကိုတော့ မင်းပါ လှမ်းခွင့်တောင်းပေးရမယ် ထင်တယ် "

" အခုချက်ချင်း ဖုန်းခေါ်လိုက် "

ဝန်ကြီးချုပ်သည်လည်း သူ့သား၏တောင်းဆိုမှုကို စက္ကန့်မဆိုင်းဘဲ သဘောတူပေးခဲ့သည်။ ထို့နောက် ရှင်းသန့် သူရောက်နေသော အိမ်ရှေ့မင်းသား၏ စာဖတ်ခန်းတစ်ခန်းလုံးကို မျက်စိဖြင့် ဝေ့ဝဲကြည့်ပြီး အံ့ဩမင်သက်နေ၏။

" စာအုပ်တွေ အများကြီးပဲ ၊ မင်းသားလေး...မင်း ဒီစာအုပ်တွေ အကုန် ဖတ်တာလား "

" ပေါက်ပေါက်ရှာရှာ ၊ ငါက ဘယ်လိုလုပ်ဖတ်နိုင်မှာလဲ ၊ ခမည်းတော်တို့ လက်ထက်ကတည်းက ရှိတာတွေပါ၊ ဒါပေမဲ့ ဒီထဲမှာ သမိုင်းစာအုပ်တွေ သိပ်မရှိဘူး၊ ပင်မစာကြည့်တိုက်ထဲမှာပဲ အစုံရှိတာ ၊ အခုတော့ ပိတ်ထားတယ် ၊ မင်း စိတ်ဝင်စားရင် မနက်ကျ ငါလိုက်ပို့မယ် "

" အိုခေ ... ဒါဆို ငါတို့ ဒီည ဘာလုပ်ကြမလဲ ၊ ခါတိုင်းရော ဒီစံအိမ်ကြီးထဲ မင်း ဘာလုပ်နေလဲ "

နှစ်ယောက်သား စာဖတ်ခန်းထဲက ထွက်ပြီး ဘုဏ်းဇေ၏အိပ်ခန်းဆီ ကူးခဲ့ကြသည်။

" ငါလား ..စာကြည့်တယ် ၊ စန္ဒရားတီးတယ် ၊ ဂီတာတီးတယ် ၊ ထီးနန်းနဲ့သက်ဆိုင်တာတွေ လေ့လာရတယ်၊ ဒီလိုပါပဲ ဟိုလုပ်ဒီလုပ်ပေါ့၊ မပျင်းရင် ငါ့မှာ လုပ်စရာတွေ အများကြီးရှိတယ် ၊ ဒါပေမဲ့ ဒီညတော့ မင်းကို ဧည့်ခံရမှာပေါ့ ၊ မင်း ဘာလုပ်ချင်လဲ ၊ နေဦး အခု ငါ ဗိုက်ဆာလာပြီ ၊ မင်းရော ဘာစားချင်လဲ ..ရှင်း ၊ မင်းကြိုက်ရာပြောနော် အားမနာနဲ့ ၊ ငါတို့ဆီမှာ စားဖိုမှူးတွေ အများကြီးရှိတယ်၊ သူတို့ မလုပ်တတ်တဲ့ အစားအသောက် မရှိဘူး "

ဘုဏ်းမင်းဆက်၏ သတ္တမမြောက် အိမ်ရှေ့မင်းသားဖြစ်သော သူငယ်ချင်းဖြစ်သူ၏ အိပ်ခန်းကို လှည့်ပတ်ကြည့်ရင်း ရှင်းသန့် ခေါင်းခါလိုက်သည်။

" ငါကတော့ အခုချိန် မြစ်ကမ်းဘေးက ညဈေးမှာရောင်းတဲ့ လက်နွှာဘဲကင်နဲ့ သံပုရာရည်ကိုဝယ်ပြီး ဆိပ်ခံတံတားပေါ်မှာ သွားထိုင်စားချင်တာပဲ၊ လေလေးတဖြူးဖြူးနဲ့ ညရှုခင်းကိုကြည့်ပြီးတော့ပေါ့ ၊ မင်းသားလေး...မင်း အဲဒီအရသာကို သိမှာမဟုတ်ဘူး၊ ထားပါတော့ ... မင်းကြိုက်ရာ လုပ်ခိုင်းလိုက် ၊ ဘာနေနေ ငါစားမယ် "

" ဟင့်အင်း... မင်းပြောတဲ့ ဘဲကင်ပဲ သွားစားမယ် "

အတည်ပေါက်ပြောလာသော ဘုဏ်းဇေယျာကျော်၏ မျက်နှာပေါ်မှာ စနောက်နေသည့်ဟန်ပန်မျိုး တစ်စက်မှမရှိသော်လည်း ရှင်းသန့် မယုံနိုင်ပါ ။

" ဟမ် ... ဘယ်လိုလုပ် ဖြစ်မှာလဲ "

ဘုဏ်းဇေပြုံးပြီး ရှင်းသန့်ထံ လက်တစ်ဖက် ကမ်းပေးလိုက်သည်။

" ဖြစ်တယ် လာ ၊ ငါ့ကို ယုံ၊ ငါ့နောက်ကိုသာ ရဲရဲလိုက်ခဲ့ "

သူ့ရှေ့မှာ ကမ်းပေးထားသော လက်တစ်ဖက်ကို ရှင်းသန့် ပြန်ပြီးဆုပ်ကိုင်လိုက်သည်။ ပြုံးနေသော အိမ်ရှေ့စံ၏ မျက်ဝန်းများတွင် ယုံကြည်မှုများလည်း ပြည့်နေ၏။ ဘာပဲဖြစ်ဖြစ် ဘုဏ်းဇေပြောသလို ရှင်းသန့် စိတ်ထဲမှာလည်း သူ့သူငယ်ချင်းကို ယုံပါသည် ။

ဘုဏ်းဇေက ရှင်းသန့်လက်ကိုဆွဲပြီး သူ့အဝတ်အစားများထားရာအခန်းဆီ ခေါ်သွားသည်။ ထို့နောက် အဝတ်ဘီရိုဟုထင်ရသည့် တံခါးတစ်ခုကိုဖွင့်လိုက်ရာ အောက်ထပ်က အခန်းငယ်တစ်ခုဆီ ဆင်းသည့် လှေကားတစ်ခု ပေါ်လာ၏။ ထိုလှေကားအတိုင်းဆင်းပြီး အခန်းထဲက ပြတင်းပေါက်ကို ဖွင့်ကျော်ကာ နှစ်ယောက်သား ဥယျာဉ်တော်၏ ခြံစည်းရိုးအတိုင်း တိတ်တဆိတ် ကပ်လာခဲ့ကြသည်။

ဘုဏ်းဇေကို ယုံသော်လည်း ရှင်းသန့်လက်ဖဝါးမှာ ချွေးစေးများ ထွက်လာ၏။ စိတ်ထဲမှာတော့ စွန့်စားရတာ ပျော်သလိုလို။ ထို့နောက်သူ့လက်ကိုဆွဲထားလျက်ဖြင့် ဘုဏ်းဇေက ခြံစည်းရိုးတစ်နေရာကို ဝင်တိုးလိုက်သောအခါ နန်းတော်ဝင်း၏ အနောက်ဘက်မြို့ရိုးမှ အပြင်ကိုထွက်လို့ရသည့် တံခါးပေါက်ငယ်လေးတစ်ခုကို တွေ့ရ၏။ ဘုဏ်းဇေက သူအဆင်သင့်ယူလာသော သော့ဖြင့် ထိုတံခါးကိုဖွင့်လိုက်သည်။ သူတို့ အပြင်ကိုရောက်ပြီဆိုမှ ရှင်းသန့်လည်း အသက်ဝဝ ရှုနိုင်တော့သည်။ အိမ်ရှေ့စံ ဆွဲခေါ်သည့်အတိုင်း လိုက်လာရသော်လည်း ဘယ်ကဘယ်လို ဥယျာဉ်ကိုဖြတ်ပြီး သူတို့ အပြင်ရောက်လာမှန်း ရှင်းသန့် မမှတ်မိပါ။

ထို့နောက် ဘုဏ်းဇေက သူ့လက်ကိုလွှတ်ပေးပြီး စိတ်လှုပ်ရှားနေသော သူ့ပုံစံကိုကြည့်ကာ စနောက်ပြီး ရယ်မောနေသည်။ ရှင်းသန့်လည်း လိုက်ရယ်မိ၏ ။ သည်ညကတော့ သူတို့နှစ်ယောက်ကြားက နှောင်ကြိုးကို ပိုပြီး ခိုင်မာစေဦးတော့မည်။

" မင်း ဒီလိုပဲ ခိုးထွက်နေကြလား မင်းသားလေး "

" ဟင့်အင်း...ဒါ ပထမဆုံးပဲ ၊ အပြင်ထိသွားမှာကို ပြောတာ၊ ဒီတံခါးထိ ထွက်လာဖူးတာတော့ ဒါ ဒုတိယအကြိမ်ပေါ့၊ ပထမအကြိမ်က သူ ငါ့ကို လိုက်ပြတုန်းက "

" ဘယ်သူလဲ မင်းကို ဒီလိုပြထားတာ "

ဘုဏ်းဇေက သူ့ကို ချက်ချင်းပြန်မဖြေဘဲ ပြုံးနေသေးသည်။ ပြီးမှ သူ့နားရွက်နားကို တိုးတိုးလေးကပ်ကာ ပြော၏။

" ငါ့ ခမည်းတော် "

#PoPoPhoenix

___________________________________

အသက္ကို ျဖည္းျဖည္းရႉမယ္
ေျခလွမ္းေတြ မွန္မွန္လွမ္းမယ္
တစ္ေယာက္နာမည္တစ္ေယာက္
အက်ယ္ႀကီးေအာ္ေခၚမယ္
ေက်းလက္သီခ်င္းေတြဆိုၾကမယ္
ၿပီးေတာ့ ရယ္ၾကမယ္
ကိုယ္ေတာ့ ဒီလို အိမ္ျပန္ခ်ိန္ေတြသာ ဖန္တီးခ်င္ေတာ့တယ္။

2010၊ June

* ကြၽႏ္ုပ္တို႔သည္ မည္သည့္အိမ္ေထာင္သည္ကိုမဆို ေပးစြမ္းႏိုင္ေသာ တူညီသည့္အခြင့္အေရးမ်ားႏွင့္ တာဝန္မ်ားကို လိင္တူခ်စ္သူမ်ားအား ေပးေဆာင္ရမည္ျဖစ္ၿပီး ထိမ္းျမားလက္ထပ္ျခင္းအက္ဥပေဒကိုလည္း ႐ုပ္သိမ္းရန္ လိုအပ္ပါသည္။ LGBT မိသားစုမ်ား၏ ကေလးေမြးစားခြင့္ အခြင့္အေရးမ်ားကို အာမခံျခင္းျဖင့္ ကြၽႏ္ုပ္တို႔သည္ ၎တို႔၏အခြင့္အေရးမ်ားကို ကာကြယ္ရမည္ျဖစ္သည္။ *

နံရံေပၚတြင္ ခ်ိတ္ဆြဲထားေသာ ကြၽန္းသစ္ျဖင့္ ျပဳလုပ္ထားသည့္ အိမ္ပုံသဏၭာန္ ေရွးေဟာင္းတိုင္ကပ္နာရီႀကီး၏ နာရီလက္တံႏွစ္ခုစလုံးသည္ ေရာမဂဏန္း Xll ဆီသို႔ တည့္တည့္ၫႊန္ျပေနသည္။ ဖြင့္ထားသည့္ ျပတင္းတံခါးမ်ားမွတဆင့္ ဝင္ေရာက္လာေသာ ေလတိုးသံမွလြဲလွ်င္ သန္းေခါင္ယံသည္ အပ္က်သံပင္ မၾကားရေအာင္ တိတ္ဆိတ္ၿငိမ္သက္လ်က္ရွိ၏။

ဘုံျမနန္းစံအိမ္ေတာ္၏ အိပ္ခန္းက်ယ္ႀကီးထဲတြင္ မ်က္ႏွာၾကက္မွ တြဲလြဲခ်ိတ္ဆြဲထားသည့္ မီးပန္းဆိုင္းႀကီးအား ထြန္းမထားေသာ္လည္း နံရံပတ္ပတ္လည္တြင္ ျမႇဳပ္ႏွံတပ္ဆင္ထားေသာ ဂီတသေကၤတတစ္ခုစီမွ အဝါေဖ်ာ့ေဖ်ာ့ အလင္းေရာင္မ်ားက အခန္းထဲတြင္ ျဖာထြက္ေနသည္။ နက္ျပာေရာင္ပိုးသား ညအိပ္ဝတ္စုံကို ဝတ္ထားေသာ အိမ္ေရွ႕စံတစ္ေယာက္ကား ယခုအခ်ိန္ထိ မအိပ္ေသး။ သူ၏အိစက္ညက္ေညာေသာ Queen size အိပ္ရာႀကီးေပၚတြင္ ဂီတာတစ္လက္ကို ခ်ထားၿပီး သူကမူ အခန္းေထာင့္ရွိ စာၾကည့္စားပြဲမွာထိုင္ကာ ကြန္ပ်ဴတာတစ္လုံးျဖင့္ အင္တာနက္ေပၚမွအေၾကာင္းအရာမ်ားကို ရွာေဖြဖတ္ရႈေနဆဲပင္။

အေမရိကန္သမၼတ Barack Obama၏ လိင္တူခ်စ္သူမ်ားအတြက္ လူ႔အခြင့္အေရးအားလုံး တန္းတူညီမွ်မႈ ရရွိရန္ ေျပာၾကားထားသည့္ ေၾကျငာစာကို သည္လအတြင္း ဘုဏ္းေဇယ်ာေက်ာ္ ဖတ္ေနသည္မွာ ဘယ္ႏွစ္ႀကိမ္ေျမာက္ ရွိၿပီမွန္းပင္ မသိေတာ့ပါ။ တစ္ဆက္တည္း New York ၿမိဳ႕မွာ က်င္းပေနၾကသည့္ LGBTQ+ အသင္းအဖြဲ႕မ်ား၏ သူတို႔ျဖစ္တည္မႈအ‌ေပၚ ဂုဏ္ယူဝံ့ႂကြားစြာ စုေဝးခ်ီတက္ပြဲမွ ဓာတ္ပုံမ်ားကိုလည္း တစ္ပုံခ်င္း လိုက္လံၾကည့္ရႈေနခဲ့သည္။

သည္ႏိုင္ငံမွာေတာ့ သည္လိုမ်ိဳးပြဲေတြ မရွိေသး။ လႊတ္ေတာ္တြင္လည္း မည္သူကမွ် လိင္တူခ်စ္သူမ်ားႏွင့္ပတ္သက္သည့္ ဥပေဒမ်ား အဆိုျပဳတင္သြင္းတာမ်ိဳး ဘုဏ္းေဇ မၾကားဖူးေသးပါ။

ဘားမားျပည္ေထာင္စုသည္ အေရွ႕ေတာင္အာရွတြင္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ၿပီး ႏိုင္ငံသားအားလုံးအေပၚ တူညီေသာအခြင့္အေရးမ်ား ခံစားခြင့္ေပးထားသည့္ ႏိုင္ငံတစ္ႏိုင္ံျဖစ္ပါသည္။သို႔ေသာ္လည္းLGBTQ+မ်ားႏွင့္ပတ္သက္ၿပီး ဥပေဒေရးရာအရ တရားဝင္ထုတ္ေဖာ္ ေၾကျငာထားျခင္းမ်ိဳး မရွိေသးေၾကာင္းကို အ႐ြယ္ေရာက္စျပဳေနၿပီျဖစ္ၿပီး ႏိုင္ငံေရးႏွင့္ပတ္သက္၍ ေလ့လာသင္ယူေနရၿပီျဖစ္ေသာ အိမ္ေရွ႕မင္းသားလည္း မသိဘဲမေနပါ။

အင္တာနက္ေပၚတြင္ သက္တံ့ေရာင္အလံကို ကိုယ္ေပၚမွာ လႊမ္းၿခဳံလ်က္ အၿပဳံးကိုယ္စီ ၊ ရဲဝံ့မႈကိုယ္စီျဖင့္ လူ႔အခြင့္အေရးအားလုံး တန္းတူညီမွ်ရရွိေရး၊ လိင္တူခ်စ္သူမ်ား တရားဝင္ထိမ္းျမားလက္ထပ္ခြင့္ ဥပေဒ ျပဌာန္းေပးေရးတို႔ကို ေတာင္းဆိုေနၾကသူမ်ား၏ ဓာတ္ပုံမ်ား၊ ဗီဒီယိုမ်ားကို ၾကည့္ၿပီး တစ္ခ်ိန္က သူ႔အား ရွင္းသန႔္တည္ၾကည္ ေျပာခဲ့ေသာစကားမ်ားကို ဘုဏ္းေဇ သတိရေနသည္။

' ေယာက္်ားေလးနဲ႔မိန္းကေလး လက္ထပ္ခြင့္ရွိသလို ‌ေယာက္်ားေလးခ်င္းျဖစ္ျဖစ္ မိန္းကေလးခ်င္းျဖစ္ျဖစ္ လက္ထပ္ခြင့္ရွိရမွာေပါ့၊ ဒါမွ မွ်တမယ္ '

သည္စကားမ်ားကို ေျပာခဲ့သူကိုယ္တိုင္က ေမ့သြားၿပီလား မသိေသာ္လည္း ဘုဏ္းေဇကေတာ့ ေခါင္းထဲမွာ စြဲၿမဲစြာ မွတ္မိေနခဲ့ပါသည္။ ထိုစဥ္က သူနားမလည္ခဲ့ေသာ စကားမ်ား။ ခုနစ္ႏွစ္ၾကာၿပီးေနာက္မွာေတာ့ အဓိပၸာယ္ကို သူေကာင္းစြာ သေဘာေပါက္ခဲ့ပါၿပီ။

ကြန္ပ်ဴတာကို ပိတ္ၿပီး အိမ္ေရွ႕စံတစ္ေယာက္ ဝရံတာဘက္ ထြက္လာခဲ့သည္။ ၾကယ္စုံေနေသာ ေကာင္းကင္ယံကို ေခတၱခဏေငးေမာမိ၏။ဥယ်ာဥ္ေတာ္ဘက္မွ ေဝ့ဝဲတိုက္ခတ္လာေသာ ေလျပည္ညင္းထဲတြင္ ေရာယွက္ပါလာသည့္ ပန္းရနံ႔မ်ားကလည္း ထုံသင္းေမႊးပ်ံ႕စြာ ။ အသက္ကို ခပ္ျပင္းျပင္း ရႉလိုက္၊ထုတ္လိုက္ ေလးငါးႀကိမ္ခန္႔လုပ္ၿပီး‌ေနာက္ အိပ္ခန္းတြင္းျပန္ဝင္ၿပီး ခလုတ္တစ္ခုကို ႏွိပ္လိုက္ရာ ဖြင့္ထားေသာ ျပတင္းတံခါးမ်ားအားလုံး အလိုအေလ်ာက္ပိတ္သြားၾကသည္။ ထို႔ေနာက္ စာၾကည့္စားပြဲေပၚတင္ထားေသာ ဖုန္းကိုယူကာ သူရင္းႏွီးၿပီးသား အမည္တစ္ခုကို ေခၚဆိုလိုက္၏။ တစ္ဖက္မွ ေတာ္ေတာ္ႏွင့္ ဖုန္းမကိုင္ပါေခ်။

" ဟဲလို.... "

အသံကား အနည္းငယ္ခပ္အက္အက္ႏွင့္ ေလးေလးပင္ပင္ ။ တစ္စုံတစ္ေယာက္သည္ အိပ္ရာထဲတြင္ အိပ္ေပ်ာ္ေနရာမွ ႏိုးလာၿပီး မ်က္လုံးေတြ မဖြင့္ဘဲ ဖုန္း‌ျပန္ေျဖေနမည္ျဖစ္ေၾကာင္းကို ဘုဏ္းေဇယ်ာေက်ာ္ ေတြးၾကည့္ရင္း ၿပဳံးမိသည္။ တစ္ခါတေလ ရွင္းသန႔္တည္ၾကည္ကို သည္လို စိတ္အေႏွာင့္အယွက္ေပးရတာ ေပ်ာ္စရာ ။

" အိပ္ေနၿပီလား ရွင္း "

" အြန္း...ဘာျဖစ္လို႔လဲ မင္းသားေလး ၊ ဒီအခ်ိန္ႀကီး ဖုန္းဆက္တာ "

" ဘာမွမျဖစ္ပါဘူး၊ ငါပ်င္းလို႔၊ အဲဒါ မင္းကို ဂီတာတီးျပမလို႔ "

" ဘာ "

ဖုန္းထဲက ေအာ္သံမွာ က်ယ္လြန္းသျဖင့္ ဘုဏ္းေဇ ဖုန္းကို နားႏွင့္ေတာင္ ခြာလိုက္ရသည္။ သည္ေလာက္ဆို အအိပ္မက္ေသာရွင္းသန္႔က သူ႔ေၾကာင့္ အိပ္တြင္းပ်က္သြား၍ စိတ္ဆိုးေတာ့မည္ဆိုတာကို ေျပးမၾကည့္ဘဲ ေတြးၾကည့္႐ုံျဖင့္ သိပါၿပီ ။

" ဘာလဲ၊ အိမ္ေရွ႕မင္းသားက မင္းကို ဂီတာတီးျပမယ္ဆိုလို႔ မယုံႏိုင္ျဖစ္ေနတာလား "

" ဘုဏ္းေဇယ်ာေက်ာ္... မင္း ႐ူးသြားတာလား "

ပုံမွန္ဆို စိတ္ဆိုးခဲေသာ၊ စိတ္မၾကည္လွ်င္ေတာင္ မ်က္ေမွာင္အနည္းငယ္ တြန႔္႐ုံကလြဲၿပီး ဘာမွ်ေျပာေလ့မရွိေသာ ဝန္ႀကီးခ်ဳပ္၏သားေလးက အခုလို သူအိပ္ေပ်ာ္ေနခ်ိန္ ေႏွာင့္ယွက္လွ်င္ေတာ့ နည္းနည္းေလးမွ် သည္းခံတတ္သူ မဟုတ္ေပ။

" ငါက ဘာလို႔႐ူးရမွာလဲ၊ မင္းစဥ္းစားၾကည့္စမ္းပါ၊ ဒီတစ္ႏိုင္ငံလုံး ဘယ္သူမွ မရႏိုင္တဲ့ အခြင့္အေရးကို ရတာေနာ္၊ မင္း ဘယ္ေလာက္ ကံေကာင္းလဲ "

" ေတာ္စမ္းပါ အ႐ူးေကာင္ရ ...ငါအိပ္ေနမွန္းသိလို႔ မင္း တမင္လွမ္းေႏွာင့္ယွက္ၿပီးေတာ့.... "

တစ္ဖက္က သူ႔ကို ပြစိပြစိ ဆက္ဆဲေနသံမ်ားကို ၾကားရေလ ဘုဏ္းေဇလည္း ရယ္ရတာ အေတာမသတ္ခ်င္ေလပါ။

" ဘာေနေန ဖုန္းမခ်နဲ႔ေနာ္၊ ဒီည ငါဂီတာတီးျပတာ နားေထာင္ရမယ္၊ အခု ငါက မင္းသူငယ္ခ်င္းအေနနဲ႔ ေျပာေနတာမဟုတ္ဘူး၊ အိမ္ေရွ႕မင္းသားတစ္ေယာက္အေနနဲ႔ မင္းကို အမိန႔္ေပးေနတာ၊ မင္း ငါ့အမိန႔္ကို .... "

ဘုဏ္းေဇ စကားဆုံးေအာင္ေတာင္ မေျပာလိုက္ရပါ။ ရွင္းသန႔္က ဖုန္းခ်သြားခဲ့ၿပီ။ သည္ေလာက္ ေႏွာင့္ယွက္လိုက္ရလွ်င္ပဲ သူလည္း ေက်နပ္မဆုံးေတာ့ ။ ႏႈတ္ခမ္းစြန္းေလး ေကာ့တက္သြားေအာင္ ၿပဳံးရင္း မ်က္လုံးေတြမွိတ္လိုက္သည္။

ပိတ္ထားသည့္ မ်က္ခြံအိတ္ထဲမွာေတာ့ ငယ္ငယ္က သူ႔အား ခႏၶာကိုယ္ကို ကိုင္းၫႊတ္ၿပီး အ႐ိုအေသေပးခဲ့ဖူးေသာ ရွင္းသန႔္တည္ၾကည္၏ပုံရိပ္ေလးက ထင္ထင္ရွားရွား။

' အခုက် ငါ့ကို အိမ္ေရွ႕မင္းသားဆိုၿပီး မေလးစားေတာ့ဘူးပဲ ... '

*****

" ဘုဏ္းေဇ....မင္း ပုံလဲမဆြဲဘဲ ပန္းခ်ီအတန္းထဲ ဘာလာလုပ္ျပန္တာလဲ "

သီဟမင္းတည္၏ အသံက အနည္းငယ္က်ယ္သြားသျဖင့္ ပန္းခ်ီဆြဲေနၾကသည့္ ေက်ာင္းသားအားလုံး ဘုဏ္းေဇယ်ာေက်ာ္ကို လွည့္ၾကည့္ၾကသည္။ သည္ကိစၥက သိပ္ေတာ့ အထူးအဆန္းမဟုတ္။ ပန္းခ်ီခ်ိန္ ယူမထားေသာ အိမ္ေရွ႕မင္းသားက ပန္းခ်ီခန္းထဲ မၾကာခဏ လိုက္လာေနၾက မဟုတ္လား။ သည္လို ေသာၾကာေန႔ညေနပိုင္းက စာသင္ခ်ိန္မဟုတ္ဘဲ ကိုယ္ဝါသနာပါသည့္အတန္းမ်ားကို ေ႐ြးခ်ယ္တက္၍ရသည့္အခ်ိန္ ျဖစ္ေသာေၾကာင့္ ဘုဏ္းေဇႏွင့္ စိုင္းအာကာေက်ာ္တို႔က ပန္းခ်ီအတန္းကို စာရင္းသြင္းမထားၾက‌။ အာကာက ျပဇာတ္အဖြဲ႕မွာ အေ႐ြးခံရဖို႔ သြားေလ့က်င့္ေနသည္။ ဘုဏ္းေဇကေတာ့ သူရွိေနရမည့္ ဂီတခန္းမထဲ မဟုတ္ဘဲ ပန္းခ်ီခန္းထဲလာၿပီး ရွင္းသန႔္ႏွင့္ေရာင္ရွိန္တို႔ ပန္းခ်ီဆြဲေနသည့္ေဘး တစ္လွည့္စီထိုင္ၾကည့္ေန၏။

" ခါတိုင္းလဲ သူလာတတ္တာပဲကို မင္းကလဲ အထူးအဆန္းလုပ္ၿပီး ေမးေနျပန္ၿပီ "

သီဟေျပာတာကို ဘုဏ္းေဇက အဖက္မလုပ္ေပမဲ့ ေရာင္ရွိန္က ပုံဆြဲရင္းပဲ ၾကားကေန ကိုယ္စားဝင္ေျပာ၏။ ရွင္းသန႔္ကေတာ့ ပန္းခ်ီဆြဲၿပီဆို သူ႔ေဘးမွာဘာျဖစ္ျဖစ္ သိပ္အာ႐ုံမရတတ္။

" ဒါနဲ႔ ရွင္းသန္႔ မနက္ျဖန္ ခုနစ္နာရီ ဟုတ္တယ္ေနာ္ "

" အြန္း "

လင္းေရာင္ရွိန္ ပန္းခ်ီကားအတြက္ အေရာင္မ်ား စပ္ေနတာကိုၾကည့္ရင္း ဘုဏ္းေဇယ်ာေက်ာ္ အံ့ဩသြားသည္။ သီဟႏွင့္ရွင္းသန႔္တို႔ ဘာအေၾကာင္းေျပာေနၾကတာလဲ သူမသိ။

" မင္းတို႔ ဘာေတြေျပာေနၾကတာလဲ "

" ဘာမွမဟုတ္ပါဘူး၊ စက္ဘီးသြားစီးၾကမလို႔၊ မင္းနဲ႔မဆိုင္ဘူး "

သီဟ ထပ္ေျပာလိုက္သည့္စကားၾကားၿပီး အိမ္ေရွ႕စံေလး မ်က္ေမွာင္ၾကဳတ္သြားသည္။ ႐ုတ္တရက္ တင္းမာသြားေသာ ေမး႐ိုးတို႔ျဖင့္ ဘုဏ္းေဇယ်ာေက်ာ္ဆီမွ စိတ္ဆိုးေတာ့မည့္ အေငြ႕အသက္မ်ား သူတို႔အုပ္စု၏ေလထုထဲတြင္ တမုဟုတ္ခ်င္း ပ်ံ႕ႏွံလာေတာ့၏။ ရွင္းသန႔္ေၾကာင့္သာ အိမ္ေရွ႕မင္းသားႏွင့္ တစ္အုပ္စုတည္းျဖစ္လာေသာ္လည္း နဂိုကပင္ ဘုဏ္းေဇကို ရွိန္ခ်င္ေသာ ေကာင္းယံက မ်က္လုံးအျပဴးသားျဖင့္ ဘာလုပ္ရမွန္းမသိ ျဖစ္ေနသည္။ အၿမဲၿပဳံးေနတတ္ေသာ ေရာင္ရွိန္ကပါ သည္တစ္ခါေတာ့ သီဟမင္းတည္ကို စိတ္ပ်က္လက္ပ်က္ လွမ္းၾကည့္သည္။ စေနေန႔မနက္ သူတို႔ေတြ ေ႐ႊျပည္ၿငိမ္းေအး ေတာင္ေပၚကို ပုံမွန္လမ္းကမဟုတ္ဘဲ ေတာလမ္းမွတစ္ဆင့္ စက္ဘီးစီးတက္ၾကဖို႔ စီစဥ္ထားသည့္အေၾကာင္း ဘုဏ္းေဇေရွ႕ မေျပာရန္ တိုင္ပင္ထားၾကပါလ်က္ႏွင့္ သီဟက တမင္သက္သက္ ေျပာလိုက္ေသာေၾကာင့္ပင္။

" ဘယ္ကိုသြားစီးမွာလဲ ၊ ေရာင္ရွိန္ မင္းေရာ ပါလား "

ေရာင္ရွိန္လည္း ေခါင္းညိတ္ဝန္ခံ႐ုံအျပင္ ဖုံးကြယ္ထား၍ မရေတာ့။ အမွန္ေတာ့ သူ ကြယ္ဝွက္လည္း မထားခ်င္ပါ။ ဘုဏ္းေဇသိလည္း သူတို႔ႏွင့္ မလိုက္ရမည့္အတူတူ မသိတာက သူ႔အတြက္ပိုေကာင္းသည္ဟု စဥ္းစားမိ၍သာ မေျပာခဲ့ျခင္းျဖစ္သည္။

" ဘာလို႔ ငါ့ကိုက် မေျပာတာလဲ ရွင္းသန႔္တည္ "

ျမႇားဦးက ရွင္းသန႔္ဆီသို႔ တိုက္႐ိုက္ဦးတည္လာသည္။ သို႔ေသာ္လည္း သီဟက ၾကားဝင္ျပန္၏။

" မင္းကို ေျပာေတာ့ေရာ မင္းက လိုက္ရမွာမို႔လား "

" ငါ မင္းကို ေမးေနတာ မဟုတ္ဘူး "

သီဟဆီက ေနာက္ထပ္စကားသံ ထြက္မလာေတာ့။ ေရာင္ရွိန္လည္း ေခါင္းကိုျဖည္းညင္းစြာ ခါရမ္းၿပီး ပုံဆက္ဆြဲဖို႔ျပင္ရင္း ေကာင္းယံကို ၾကည့္လိုက္သည့္အခ်ိန္ ေကာင္းယံခႏၶာကိုယ္က ပိုၿပီးက်ဳံ႕သြားသလို ထင္ရၿပီး မ်က္ႏွာတစ္ခုလုံးက ေရွ႕ကပန္းခ်ီကားဆီ နစ္ဝင္ေတာ့မတက္။ သူတို႔အဖြဲ႕ထဲမွာ လူေကာင္အေသးဆုံးျဖစ္သည့္ ေကာင္းယံက တျခားသူေတြႏွင့္အတူ ေပ်ာ္ေပ်ာ္ေနတတ္ေသာ္လည္း ဘုဏ္းေဇကိုဆို ေလးတန္းမွာ ေက်ာင္းေျပာင္းလာကတည္းက ဘာလို႔ေၾကာက္မွန္း မသိေပ။ သီဟႏွင့္ဘုဏ္းေဇေၾကာင့္ စိတ္ညစ္သြားေပမဲ့ ေကာင္းယံ၏ ပန္းခ်ီစုတ္တံကိုင္ထားသည့္လက္မွာ တုန္တုန္ယင္ယင္ ျဖစ္ေနတာျမင္ၿပီး ေရာင္ရွိန္မွာ ရယ္လည္းရယ္ခ်င္။

ရွင္းသန႔္ ပန္းခ်ီဆြဲေနတာရပ္ၿပီး သက္ျပင္းတစ္ခ်က္ခ်သည္။ ထို႔ေနာက္ ဘုဏ္းေဇယ်ာေက်ာ္ကို အခ်ိဳသာဆုံးၿပဳံးျပၿပီး ရင္ဆိုင္လိုက္၏။

" မင္းကို မေျပာတာမဟုတ္ပါဘူး၊ ေျပာဖို႔ ေမ့သြားတာပါ၊ မနက္က မင္း ေက်ာင္းမလာခင္ကမွ ငါတို႔လဲ တိုင္ပင္ထားၾကတာ "

" အဲေတာ့ မင္းတို႔က ငါမပါဘဲ ေလွ်ာက္သြားၾကမယ္ေပါ့ ၊ မင္းက ငါ့ကို ပလွစ္ထားမယ္ေပါ့ ရွင္းသန႔္တည္ "

သည္ကိစၥက လြယ္လြယ္ႏွင့္ ၿပီးေတာ့မွာ မဟုတ္မွန္း ရွင္းသန႔္နားလည္လိုက္ပါၿပီ။ အိမ္ေရွ႕စံတို႔က သူသေဘာေကာင္းခ်င္မိလွ်င္လည္း သူမ်ားႏွင့္မတူသေလာက္ ရစ္ၿပီဆိုလွ်င္လည္း သူမ်ားထက္သာသည္။ ေက်ာင္းသားအခ်ိဳ႕က သူတို႔ပန္းခ်ီကားေတြ ျဖဳတ္သိမ္းၿပီး အခန္းထဲက ထြက္သြားၾကၿပီ။ သူလည္း သည္ေန႔ ပန္းခ်ီ ဆြဲရမည္မဟုတ္ေတာ့။

" မဟုတ္တာ မင္းသားေလး၊ မင္းကိုလဲ ငါတို႔က အတူလိုက္ေစခ်င္တာေပါ့ ၊ ဒါေပမဲ့ မင္းက အိမ္ေရွ႕မင္းသားဆိုေတာ့..."

" ဒါဆို မင္းကေရာ၊ မင္းလဲ ဝန္ႀကီးခ်ဳပ္သားဆိုတာ ေမ့ေနတာလား ၊ မင္းအတြက္လဲ အႏၲရာယ္ရွိတာပဲ "

" မင္းနဲ႔ငါနဲ႔ တူလို႔လား ဘုဏ္းေဇရ ၊ ငါက ခါတိုင္းလဲ ဒီလိုသြားလာေနၾကပဲ၊ ငါ့အေဖ ဝန္ႀကီးခ်ဳပ္ဆိုတာလဲ တကယ္ေတာ့ ျပည္သူ႔အတြက္ အလုပ္လုပ္ေပးေနတဲ့ ျပည္သူ႔ဝန္ထမ္းပဲ၊ သာမန္လူေတြနဲ႔ ဘာမွမထူးဘူးေလကြာ "

ရွင္းသန႔္ဘာေျပာေျပာ ဘုဏ္းေဇက လက္ခံခ်င္ပုံမရပါ။ သီဟက ပန္းခ်ီဆက္မဆြဲဘဲ အခန္းထဲကထြက္ဖို႔ ျပင္ေနသည္။

" ဟိုတေလာက အေနာက္ႏိုင္ငံတစ္ခုမွာ သမၼတမိသားစု လုပ္ႀကံခံရတဲ့သတင္း မင္းမၾကားလိုက္ဘူးလား "

" ငါတို႔ႏိုင္ငံက အဲေလာက္လဲ မလုံၿခဳံတဲ့၊ ရာဇဝတ္မႈေတြ ျဖစ္ေနတဲ့ႏိုင္ငံ မဟုတ္ပါဘူး မင္းသားေလးရာ "

"ဒါဆို ငါေရာ လိုက္မယ္ "

သူ႔စကားက မျဖစ္ႏိုင္တာမ်ိဳးေတာ့ မဟုတ္။ သူ႔ခမည္းေတာ္ကိုယ္တိုင္ အိမ္ေရွ႕မင္းသားဘဝကလာခဲ့သူမို႔ ခမည္းေတာ္က သူ႔ကို ေတာ္႐ုံတန္႐ုံ ကိုယ္ခ်င္းစာၿပီး လိုက္ေလ်ာေပးေလ့ရွိ၏။ ထို႔ေၾကာင့္ သူငယ္ခ်င္းမ်ားႏွင့္ အျပင္ထြက္ခြင့္ရဖို႔ ဘုဏ္းေဇယ်ာေက်ာ္ ႀကိဳးစားၾကည့္ခ်င္သည္။

" ဘာလဲ၊ မင္းေနာက္က လုံၿခဳံေရးေတြေရာနဲ႔လား၊ ဘုဏ္းေဇယ်ာေက်ာ္.. မင္း ငါတို႔နဲ႔ မတူတာကို သိသိႀကီးနဲ႔ ေနရာတကာ လိုက္မတူခ်င္စမ္းပါနဲ႔၊ မင္းရဲ႕ လုံၿခဳံေရးေတြက ေနာက္ကလိုက္ေနမွေတာ့ ငါတို႔ တစ္ခါတေလေလး အေပ်ာ္ေလွ်ာက္သြားမွာ ဘယ္လိုလုပ္ လြတ္လပ္ပါေတာ့မလဲ၊ မင္းသာ အဲလို ေနာက္ေတာ္ပါးေတြနဲ႔ ေနရ မခက္တာေလ ၊ လူတိုင္းက မင္းလို မဟုတ္ဘူး၊ မင္းေၾကာင့္ သူမ်ားအေပ်ာ္ေတြ ဖ်က္သလို ျဖစ္ကုန္မွာ နားမလည္ဘူးလား ၊ လိုက္မရႈပ္နဲ႔ "

အျပင္ထြက္ေတာ့မည့္ဆဲဆဲ သီဟက ျပန္လွည့္လာၿပီး ဘုဏ္းေဇ၏ ပုခုံးတစ္ဖက္ကို ဆုပ္ကိုင္ကာ ေျပာလာသည့္ စကားမ်ားေၾကာင့္ ရွင္းသန႔္ေရာ ေရာင္ရွိန္ပါ ႐ုတ္တရပ္ ေၾကာင္အၿပီး ၾကည့္ေနမိသည္။ ေဘးက ေကာင္းယံလည္း ေနရာကေန အေငြ႕ပ်ံေပ်ာက္သြားဖို႔သာ ဆုေတာင္းေနေတာ့၏။ ပင္ကိုယ္ အသားျဖဴေသာ အိမ္ေရွ႕မင္းသား၏ မ်က္ႏွာကေတာ့ ေဒါသျဖင့္ နီျမန္းလာေခ်ၿပီ။

" သူေျပာတာ ဟုတ္လား၊ ရွင္းသန႔္တည္ ....မင္းေရာ အဲလိုပဲ ေတြးတာလား ၊ ငါပါရင္ မင္းတို႔အတြက္ အေႏွာင့္အယွက္ ျဖစ္မွာမို႔ ငါမသိေစခ်င္လို႔ မေျပာတာလား "

သူတို႔အခန္းထဲက ေလထုမွာ တင္းမာမႈက ပိုၿပီးျပင္းထန္လာသည္။ ထို႔အျပင္ ရွင္းသန႔္ကို ေမးလာေသာ အိမ္ေရွ႕စံ၏ အသံမွာ အဖ်ား၌ တိမ္ဝင္လႈပ္ခတ္သြားၿပီး သူ႔ကိုတည့္တည့္ၾကည့္ေနေသာ မ်က္ဝန္းအိမ္မွာလည္း မ်က္သားတို႔နီရဲၿပီး အရည္ၾကည္တခ်ိဳ႕ ေဝ့ဝဲလာသည္။

" အဲလိုမဟုတ္... "

ရွင္းသန႔္ ဘာမွ ေသခ်ာမေျပာရခင္မွာပဲ ဘုဏ္းေဇက ခ်ာခနဲ လွည့္ထြက္သြားေတာ့၏။ သူ ဘုဏ္းေဇေနာက္ကို အမီ‌လိုက္သြားခ်င္ေသာ္လည္း ဆြဲလက္စ ပန္းခ်ီပစၥည္းမ်ားက ဘာမွ် မသိမ္းရေသး။

" မင္း ဘာလို႔ အဲလိုသြားေျပာရတာလဲ သီဟ ၊ အဲစကားက ေျပာသင့္ မေျပာသင့္ မင္း နားမလည္ဘူးလား၊ ဘုဏ္းေဇ ဝမ္းနည္းသြားမွာေပါ့ ၊ သူမသိတဲ့ကိစၥကို သိေအာင္လဲ မင္းစေျပာေသးတယ္၊ မင္းက ဘယ္လိုေကာင္တုန္း "

အၿမဲတေစ တျခားသူေတြရဲ႕ဆႏၵကို လိုက္ေလ်ာတတ္ၿပီး သေဘာထားႀကီးႀကီးျဖင့္ သည္းခံနားလည္ေပးေလ့ရွိေသာ လင္းေရာင္ရွိန္ပါ သည္ေန႔ေတာ့ ငယ္သူငယ္ခ်င္းျဖစ္သူ သီဟမင္းတည္ကို အႀကီးအက်ယ္စိတ္ပ်က္စြာ ေအာ္မိေတာ့သည္။ ရွင္းသန႔္ကေတာ့ သီဟကိုလည္း ဘာမွ်ေျပာခ်င္စိတ္မရွိ ။ ေကာင္းယံႏွင့္အတူ အျပင္ထြက္လာၿပီး ဘုဏ္းေဇကို လိုက္ရွာဖို႔ ေတြးေနစဥ္မွာပဲ အိမ္ေရွ႕စံေလးက သူ႔ကိုလာႀကိဳေနသည့္ ကားရွိရာဆီသို႔ အလ်င္အျမန္ ထြက္သြားခဲ့ၿပီ။

" ဘာျဖစ္လာၾကတာလဲ ရွင္းသန႔္ ၊ ဘုဏ္းေဇက ဘာလို႔ တစ္ေယာက္တည္း အျမန္ထြက္သြားတာလဲ ၊ ငါ လွမ္းေခၚတာေတာင္ ျမင္ရဲ႕သားနဲ႔ အေရးမလုပ္ဘူး "

ျပဇာတ္အတြက္ ေလ့က်င့္ၿပီး၍ သူတို႔ဆီေရာက္လာေသာ စိုင္းအာကာေက်ာ္က ပုံမွန္မဟုတ္သည့္ အေျခအေနကို ရိပ္မိၿပီး ေမးလာသျဖင့္ ေကာင္းယံက အာကာ့ကို ရွင္းျပရသည္။ အာကာကလည္း သီဟ ထိုသို႔မေျပာသင့္ေၾကာင္း မွတ္ခ်က္ေပးသည္။

" အဲေတာ့ ငါတို႔က မနက္ျဖန္မနက္ သြားမွာလား မသြားဘူးလား "

အာကာေမးမွ မူရင္းကိစၥကို ရွင္းသန႔္ သတိရသြား၏။

" မင္းတို႔ သြားခ်င္ရင္ေတာ့သြားၾက၊ ငါေတာ့ မလိုက္ေတာ့ဘူး "

ထို႔ေနာက္ ရွင္းသန႔္လည္း ေလးတြဲ႕ေသာ ေျခလွမ္းမ်ားလွမ္းရင္း လြယ္အိတ္ထဲမွ ဖုန္းကိုထုတ္ကာ ဘုဏ္း‌ေဇဆီ စာပို႔လိုက္သည္။

" စိတ္မဆိုးနဲ႔ေတာ့ မင္းသားေလး၊ ငါလဲ မနက္ မလိုက္ေတာ့ဘူး "

" သီဟေျပာတာေတြလဲ မမွန္တာမို႔ စိတ္ထဲထားမေနနဲ႔ "

သို႔ေသာ္လည္း မကိုဋ္ရတနာ နန္းေတာ္ရာဆီသို႔ ျပန္ေနၿပီျဖစ္ေသာ ကားေပၚမွ အိမ္ေရွ႕စံတစ္ေယာက္ကေတာ့ သူပို႔သည့္စာကို ၾကည့္ေတာင္မၾကည့္ေခ်။

*****

ဘုံျမနန္းစံအိမ္၏ စာဖတ္ခန္းအတြင္းရွိ နံရံကပ္စာအုပ္စင္အဆင့္ဆင့္ေပၚတြင္ ဘားမား၊ အဂၤလိပ္၊ ျပင္သစ္ႏွင့္ တ႐ုတ္ ဘာသာစကားတို႔ျဖင့္ ေရးထားေသာ စာအုပ္ေပါင္းမ်ားစြာက ေနရာယူထားသည္။ နန္းေတာ္၏ ပင္မစာၾကည့္တိုက္ႏွင့္ယွဥ္လွ်င္ စာအုပ္အေရအတြက္မွာ မေျပာပေလာက္ေသာ္လည္း အမ်ားအားျဖင့္ အိမ္ေရွ႕မင္းသားတစ္ေယာက္သာ အသုံးျပဳေသာ သီးသန႔္စာဖတ္ခန္းျဖစ္သည္မို႔ တစ္ေယာက္တည္းအတြက္ေတာ့ အေတာ္အသင့္က်ယ္ဝန္းပါသည္။ လူတစ္ရပ္စာမကသည့္ မီးအိမ္မ်ားကို အခန္းေထာင့္တိုင္းတြင္ ထြန္းထား၏။

ညေနေလးနာရီ ေက်ာင္းမွျပန္ေရာက္၍ ေရခ်ိဳးၿပီးကတည္းက ဘုဏ္းေဇ စာဖတ္ခန္းထဲ ဝင္ခဲ့ၿပီး သည္ေန႔ ဗိုက္မဆာဟု အေၾကာင္းျပကာ ညစာကိုပင္ သြားမစားခဲ့ေပ ။ စာၾကည့္ခန္းအတြင္း ခ်ထားေသာ ေနာက္မွီကုလားထိုင္တစ္လုံးေပၚတြင္သာ ထိုင္ရာက မထဘဲ အဂၤလိပ္ဝတၳဳတစ္အုပ္ကို ဖတ္ရႈေနခဲ့သည္။ ညရွစ္နာရီအထိ စံအိမ္ေတာ္အတြင္းက မည္သူ႔ကိုမွ်လည္း စကားမေျပာျဖစ္ခဲ့ ။

" အရွင္မင္းသား...မင္းသား သူငယ္ခ်င္း ဝန္ႀကီးခ်ဳပ္ရဲ႕သား ေရာက္လာေၾကာင္း လာသတင္းပို႔တာပါ "

တံခါးဝမွာ ေပၚလာေသာ အမႈထမ္းတစ္ေယာက္၏ေနာက္၌ သူ လုံးဝ ထင္မွတ္မထားေသာလူက ထပ္ၾကပ္မကြာ လိုက္လာ၏။ သည္ေန႔ညအတြက္ ပထမဆုံးအႀကိမ္ သူ ထိုင္ရာမွ ထရပ္မိေတာ့သည္။

" ရွင္း ... မင္း ဘယ္လိုလုပ္ ဒီအထိေရာက္လာတာလဲ "

တကယ္ေတာ့ တစ္ညေနလုံး ဘုဏ္းေဇဆီက ျပန္လာမည့္စာကို ရွင္းသန႔္ေစာင့္ေနခဲ့သည္။ ဘာမွ် ျပန္မေျပာသည့္အျပင္ ခုနစ္နာရီေလာက္က သူဖုန္းဆက္သည္ကိုပင္ ဘုဏ္းေဇက မကိုင္ေသာေၾကာင့္ သည္အထိ ေရာက္လာဖို႔ကလႊဲလွ်င္ သူ႔အတြက္ ေ႐ြးခ်ယ္စရာ မရွိခဲ့။

" အြန္း.... ငါ ဒီလိုမ်ိဳး အခြင့္အေရးေတြကို အသုံးခ်ရတာ မႀကိဳက္ေပမဲ့ မင္းက ဖုန္းမကိုင္ေတာ့ ငါ့မွာ တျခားေ႐ြးခ်ယ္စရာ မရွိဘူးေလ "

ေတာ္ဝင္မိသားစုေနထိုင္ရာ နန္းေတာ္အတြင္း ညအခ်ိန္ကို ဝင္ေရာက္ခြင့္ရဖို႔ သည္တစ္ႀကိမ္ေတာ့ သူ႔အေဖ၏ ဝန္ႀကီးခ်ဳပ္ပါဝါကို ရွင္းသန႔္တည္ၾကည္ အားကိုးခဲ့ရသည္။ ရွင္းသန႔္စိတ္ဓာတ္ကို သိသူပီပီ ရွင္းသန႔္ေျပာခ်င္သည့္ အဓိပၸာယ္ကို နားလည္ေသာ အိမ္ေရွ႕စံကလည္း လြန္ခဲ့သည့္မိနစ္ပိုင္းက သူမဟုတ္သည့္အတိုင္း မ်က္ႏွာမွာ အၿပဳံးရိပ္တို႔ ဆင္ေန၏။

" ငါ့ဖုန္းက အိပ္ခန္းထဲမွာ က်န္ခဲ့တာ၊ ဒါနဲ႔ မင္းမလုပ္ခ်င္တာေတာင္ လုပ္ၿပီး ဒီအထိ ေရာက္လာရတဲ့အေၾကာင္းအရင္းက ဘာလဲ "

တကယ္ေတာ့ သူ႔ေမးခြန္းရဲ႕အေျဖကို ဘုဏ္းေဇ သူကိုယ္တိုင္ သိၿပီးသားပါ ။ စိတ္ဆိုးေနသည့္သူ႔ကို သူ႔သူငယ္ခ်င္းေလးက သည္အထိ လာေခ်ာ့တာကလြဲ၍ ဘာရွိဦးမွာတဲ့လဲ။ သို႔ေပမဲ့ သည္စာဖတ္ခန္းထဲ ရွင္းသန႔္တည္ၾကည္ ေျခတစ္လွမ္း ခ်လိုက္ကတည္းက သူ႔စိတ္ထဲက မၾကည္လင္မႈမွန္သမွ် ျမဴတစ္မႈံစာေတာင္ မရွိေတာ့ပါ ။ ဒါကိုလည္း သူ႔ေရွ႕မွာရပ္ေနသည့္ ဝန္ႀကီးခ်ဳပ္သားေလးဟာ မသိဘဲ ေနမည္ေတာ့ မဟုတ္။ သည္ခုနစ္ႏွစ္တာကာလအတြင္း သူတို႔ႏွစ္ေယာက္အတြက္ တစ္ေယာက္မ်က္ႏွာ အရိပ္အကဲကို တစ္ေယာက္ဖတ္တတ္ဖို႔ ၊ ဖြင့္ေျပာစရာ မလိုဘဲ တစ္ေယာက္စိတ္ကို တစ္ေယာက္နားလည္ဖို႔ အလုံအေလာက္ သင္ယူတတ္ေျမာက္ခဲ့ၿပီးၿပီ မဟုတ္လား။

" ငါလာတုန္းကေတာ့ လုပ္စရာ ရွိေပမဲ့ အခုက မလိုေတာ့ဘူး ထင္တယ္၊ ျပန္ဖို႔ပဲရွိေတာ့တယ္ "

" မင္း ျပန္မွ ငါ တကယ္ စိတ္ဆိုးမွာ "

တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ေနေသာ မ်က္ဝန္းမ်ားတြင္ ႐ႊင္ျမဴးရိပ္မ်ား အတိုင္းသား ထင္ဟပ္ေန၏။ ႏႈတ္ခမ္းထက္က အၿပဳံးမ်ားကို သည္ညအဖို႔ ျပန္႐ုတ္သိမ္းရန္ အစီအစဥ္ မရွိၾကေတာ့။အရာအားလုံးသည္ ယခုမွ ပိုမိုအသက္ဝင္လာသလိုပါ။

" ဒါဆို ဒီည ငါ ဒီမွာ အိပ္လို႔ရလား မင္းသားေလး "

" မင္း တကယ္ အိပ္မွာလား "

" ရတယ္ေပါ့... အိပ္လို႔ "

" ရတာေပါ့ "

" အိုး.... အဲေလာက္ လြယ္မယ္ ထင္မထားဘူး၊ မင္းတို႔ နန္းေတာ္က ႀကဳံရာလူကို ဒီလိုလြယ္လြယ္အိပ္ခြင့္ျပဳမယ္လို႔ "

" ေဟး ... စကားေျပာဆင္ျခင္ေနာ္ ၊ ႀကဳံရာလူေတာ့ ခြင့္ျပဳေနမလား ၊ မင္းမို႔လို႔ေပါ့ "

ႏွာေခါင္းတစ္ခ်က္ရႈံ႕ၿပီး ေျပာလိုက္ေသာ ဘုဏ္းေဇေၾကာင့္ ရွင္းသန႔္က ရယ္သည္။ နဖူးေပၚ ဝဲက်လာသည့္ လႈိင္းတြန႔္ဆံပင္ေလးမ်ားကိုလည္း လက္ျဖင့္ ျပန္ၿပီး သပ္တင္ရ၏။

" အဲလိုလား၊ ဒါဆို ငါက ဘာလို႔လဲ ၊ ဝန္ႀကီးခ်ဳပ္သားမို႔လို႔လား၊ ဒါမွမဟုတ္ မင္း သူငယ္ခ်င္း ျဖစ္ေနလို႔လား "

" မင္းမွာ အားသာခ်က္ ႏွစ္ခုႀကီးမ်ားေတာင္ ရွိတာပဲ၊ နတ္႐ြာစံသြားတဲ့ အရင္မင္းႀကီးေတာင္ မင္းကို ခြင့္မျပဳဘဲေနမွာ မဟုတ္ဘူး "

" ဟားဟား...ဒါဆို ငါ ဒီမွာအိပ္မယ္ေနာ္၊ ငါ့အေဖကိုေတာ့ မင္းပါ လွမ္းခြင့္ေတာင္းေပးရမယ္ ထင္တယ္ "

" အခုခ်က္ခ်င္း ဖုန္းေခၚလိုက္ "

ဝန္ႀကီးခ်ဳပ္သည္လည္း သူ႔သား၏ေတာင္းဆိုမႈကို စကၠန႔္မဆိုင္းဘဲ သေဘာတူေပးခဲ့သည္။ ထို႔ေနာက္ ရွင္းသန႔္ သူေရာက္ေနေသာ အိမ္ေရွ႕မင္းသား၏ စာဖတ္ခန္းတစ္ခန္းလုံးကို မ်က္စိျဖင့္ ေဝ့ဝဲၾကည့္ၿပီး အံ့ဩမင္သက္ေန၏။

" စာအုပ္ေတြ အမ်ားႀကီးပဲ ၊ မင္းသားေလး...မင္း ဒီစာအုပ္ေတြ အကုန္ ဖတ္တာလား "

" ေပါက္ေပါက္ရွာရွာ ၊ ငါက ဘယ္လိုလုပ္ဖတ္ႏိုင္မွာလဲ ၊ ခမည္းေတာ္တို႔ လက္ထက္ကတည္းက ရွိတာေတြပါ၊ ဒါေပမဲ့ ဒီထဲမွာ သမိုင္းစာအုပ္ေတြ သိပ္မရွိဘူး၊ ပင္မစာၾကည့္တိုက္ထဲမွာပဲ အစုံရွိတာ ၊ အခုေတာ့ ပိတ္ထားတယ္ ၊ မင္း စိတ္ဝင္စားရင္ မနက္က် ငါလိုက္ပို႔မယ္ "

" အိုေခ ... ဒါဆို ငါတို႔ ဒီည ဘာလုပ္ၾကမလဲ ၊ ခါတိုင္းေရာ ဒီစံအိမ္ႀကီးထဲ မင္း ဘာလုပ္ေနလဲ "

ႏွစ္ေယာက္သား စာဖတ္ခန္းထဲက ထြက္ၿပီး ဘုဏ္းေဇ၏အိပ္ခန္းဆီ ကူးခဲ့ၾကသည္။

" ငါလား ..စာၾကည့္တယ္ ၊ စႏၵရားတီးတယ္ ၊ ဂီတာတီးတယ္ ၊ ထီးနန္းနဲ႔သက္ဆိုင္တာေတြ ေလ့လာရတယ္၊ ဒီလိုပါပဲ ဟိုလုပ္ဒီလုပ္ေပါ့၊ မပ်င္းရင္ ငါ့မွာ လုပ္စရာေတြ အမ်ားႀကီးရွိတယ္ ၊ ဒါေပမဲ့ ဒီညေတာ့ မင္းကို ဧည့္ခံရမွာေပါ့ ၊ မင္း ဘာလုပ္ခ်င္လဲ ၊ ေနဦး အခု ငါ ဗိုက္ဆာလာၿပီ ၊ မင္းေရာ ဘာစားခ်င္လဲ ..ရွင္း ၊ မင္းႀကိဳက္ရာေျပာေနာ္ အားမနာနဲ႔ ၊ ငါတို႔ဆီမွာ စားဖိုမႉးေတြ အမ်ားႀကီးရွိတယ္၊ သူတို႔ မလုပ္တတ္တဲ့ အစားအေသာက္ မရွိဘူး "

ဘုဏ္းမင္းဆက္၏ သတၱမေျမာက္ အိမ္ေရွ႕မင္းသားျဖစ္ေသာ သူငယ္ခ်င္းျဖစ္သူ၏ အိပ္ခန္းကို လွည့္ပတ္ၾကည့္ရင္း ရွင္းသန႔္ ေခါင္းခါလိုက္သည္။

" ငါကေတာ့ အခုခ်ိန္ ျမစ္ကမ္းေဘးက ညေဈးမွာေရာင္းတဲ့ လက္ႏႊာဘဲကင္နဲ႔ သံပုရာရည္ကိုဝယ္ၿပီး ဆိပ္ခံတံတားေပၚမွာ သြားထိုင္စားခ်င္တာပဲ၊ ေလေလးတျဖဴးျဖဴးနဲ႔ ညရႈခင္းကိုၾကည့္ၿပီးေတာ့ေပါ့ ၊ မင္းသားေလး...မင္း အဲဒီအရသာကို သိမွာမဟုတ္ဘူး၊ ထားပါေတာ့ ... မင္းႀကိဳက္ရာ လုပ္ခိုင္းလိုက္ ၊ ဘာေနေန ငါစားမယ္ "

" ဟင့္အင္း... မင္းေျပာတဲ့ ဘဲကင္ပဲ သြားစားမယ္ "

အတည္ေပါက္ေျပာလာေသာ ဘုဏ္းေဇယ်ာေက်ာ္၏ မ်က္ႏွာေပၚမွာ စေနာက္ေနသည့္ဟန္ပန္မ်ိဳး တစ္စက္မွမရွိေသာ္လည္း ရွင္းသန႔္ မယုံႏိုင္ပါ ။

" ဟမ္ ... ဘယ္လိုလုပ္ ျဖစ္မွာလဲ "

ဘုဏ္းေဇၿပဳံးၿပီး ရွင္းသန႔္ထံ လက္တစ္ဖက္ ကမ္းေပးလိုက္သည္။

" ျဖစ္တယ္ လာ ၊ ငါ့ကို ယုံ၊ ငါ့ေနာက္ကိုသာ ရဲရဲလိုက္ခဲ့ "

သူ႔ေရွ႕မွာ ကမ္းေပးထားေသာ လက္တစ္ဖက္ကို ရွင္းသန႔္ ျပန္ၿပီးဆုပ္ကိုင္လိုက္သည္။ ၿပဳံးေနေသာ အိမ္ေရွ႕စံ၏ မ်က္ဝန္းမ်ားတြင္ ယုံၾကည္မႈမ်ားလည္း ျပည့္ေန၏။ ဘာပဲျဖစ္ျဖစ္ ဘုဏ္းေဇေျပာသလို ရွင္းသန႔္ စိတ္ထဲမွာလည္း သူ႔သူငယ္ခ်င္းကို ယုံပါသည္ ။

ဘုဏ္းေဇက ရွင္းသန႔္လက္ကိုဆြဲၿပီး သူ႔အဝတ္အစားမ်ားထားရာအခန္းဆီ ေခၚသြားသည္။ ထို႔ေနာက္ အဝတ္ဘီ႐ိုဟုထင္ရသည့္ တံခါးတစ္ခုကိုဖြင့္လိုက္ရာ ေအာက္ထပ္က အခန္းငယ္တစ္ခုဆီ ဆင္းသည့္ ေလွကားတစ္ခု ေပၚလာ၏။ ထိုေလွကားအတိုင္းဆင္းၿပီး အခန္းထဲက ျပတင္းေပါက္ကို ဖြင့္ေက်ာ္ကာ ႏွစ္ေယာက္သား ဥယ်ာဥ္ေတာ္၏ ၿခံစည္း႐ိုးအတိုင္း တိတ္တဆိတ္ ကပ္လာခဲ့ၾကသည္။

ဘုဏ္းေဇကို ယုံေသာ္လည္း ရွင္းသန္႔လက္ဖဝါးမွာ ေခြၽးေစးမ်ား ထြက္လာ၏။ စိတ္ထဲမွာေတာ့ စြန႔္စားရတာ ေပ်ာ္သလိုလို။ ထို႔ေနာက္သူ႔လက္ကိုဆြဲထားလ်က္ျဖင့္ ဘုဏ္းေဇက ၿခံစည္း႐ိုးတစ္ေနရာကို ဝင္တိုးလိုက္ေသာအခါ နန္းေတာ္ဝင္း၏ အေနာက္ဘက္ၿမိဳ႕႐ိုးမွ အျပင္ကိုထြက္လို႔ရသည့္ တံခါးေပါက္ငယ္ေလးတစ္ခုကို ေတြ႕ရ၏။ ဘုဏ္းေဇက သူအဆင္သင့္ယူလာေသာ ေသာ့ျဖင့္ ထိုတံခါးကိုဖြင့္လိုက္သည္။ သူတို႔ အျပင္ကိုေရာက္ၿပီဆိုမွ ရွင္းသန႔္လည္း အသက္ဝဝ ရႈႏိုင္ေတာ့သည္။ အိမ္ေရွ႕စံ ဆြဲေခၚသည့္အတိုင္း လိုက္လာရေသာ္လည္း ဘယ္ကဘယ္လို ဥယ်ာဥ္ကိုျဖတ္ၿပီး သူတို႔ အျပင္ေရာက္လာမွန္း ရွင္းသန႔္ မမွတ္မိပါ။

ထို႔ေနာက္ ဘုဏ္းေဇက သူ႔လက္ကိုလႊတ္ေပးၿပီး စိတ္လႈပ္ရွားေနေသာ သူ႔ပုံစံကိုၾကည့္ကာ စေနာက္ၿပီး ရယ္ေမာေနသည္။ ရွင္းသန႔္လည္း လိုက္ရယ္မိ၏ ။ သည္ညကေတာ့ သူတို႔ႏွစ္ေယာက္ၾကားက ေႏွာင္ႀကိဳးကို ပိုၿပီး ခိုင္မာေစဦးေတာ့မည္။

" မင္း ဒီလိုပဲ ခိုးထြက္ေနၾကလား မင္းသားေလး "

" ဟင့္အင္း...ဒါ ပထမဆုံးပဲ ၊ အျပင္ထိသြားမွာကို ေျပာတာ၊ ဒီတံခါးထိ ထြက္လာဖူးတာေတာ့ ဒါ ဒုတိယအႀကိမ္ေပါ့၊ ပထမအႀကိမ္က သူ ငါ့ကို လိုက္ျပတုန္းက "

" ဘယ္သူလဲ မင္းကို ဒီလိုျပထားတာ "

ဘုဏ္းေဇက သူ႔ကို ခ်က္ခ်င္းျပန္မေျဖဘဲ ၿပဳံးေနေသးသည္။ ၿပီးမွ သူ႔နား႐ြက္နားကို တိုးတိုးေလးကပ္ကာ ေျပာ၏။

" ငါ့ ခမည္းေတာ္ "

#PoPoPhoenix

Continue Reading

You'll Also Like

509K 36.4K 55
𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) မွေးစားသားနဲ့ သားအရင်းကြားက အထင်လွဲပြီး မုန်းတီးမှုတွေကနေ အချစ်ဖြစ်လာနိုင်ပါ့မလား!? ေမြးစားသားနဲ႔ သားအရင္းၾကားက အထင္လြဲၿပီး...
17.1K 1.5K 138
bl fiction start date - 25. 9. 2022 end date - 5 .6. 2023
135K 9.5K 35
အကို့ကို ဘာလို့ချစ်​ရသလဲ​မေးကြတဲ့အခါ ကျွန်​တော့်​မှာ​ဖြေစရာ အ​ဖြေမရှိ။ အကိုက ကျွန်​တော့်​အတွက်​အ​ဖြေမရှိတဲ့ ​မေးခွန်းပဲ..... ...
204K 5.5K 38
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"