...............
(၁)နှစ်ခွဲ ခန့် ကြာသော်........
"သီဟ ရေ ! အခုထိ ဘောဂ အခန်း(၃)ကို မပြတ်သေးဘူးလား"
"ဟဲဟဲ ....အကိုလမင်းကလည်း ကုန်ထွက်နှင့် ထုတ်ကုန်သဘော က နည်းနည်းခက်လို့ပါ "
"အခုရက်ပိုင်း စာဆိုခိုင်းရင် ဆင်ခြေအမျိုးမျိုး ပေးနေတယ်နော် !"
" မနက်ဖြန် ဆိုပါ့မယ်ဗျာ "
"ပြီးတာပဲ ... ဒါဆို အကို ပြန်တော့မယ် တွက်စာတွေ ပြန်လုပ်ထား
ပြီးရင် သင်္ချာ Chapter -3 မေးခွန်းဟောင်းတွေ တွက်လို့ကောင်းမယ့် ဟာလေးတွေ အကို ရွေးပေးထားတယ် ၂ရက်အချိန်ပေးမယ် တွက်ထား "
"ဟာဗျာ! အကိုလမင်းကလည်း ....စာတွေက .."
"မလည်းဘူး ...ငါ ထိုင်နေတာ နော် ! သီဟ ဒီနှစ် အောင်ဖို့ စိတ်ကူးမရှိရင် ငါ မင်း မိဘတွေကို ပြောပြီး မင်းကို စာသင်ပေးတာ ရပ်မယ် "
" မလုပ်ပါနဲ့ အောင်မှာ အောင် *အောင် ဖြေမယ် နော် အကို "
"စာနဲ့ ပတ်သတ်လာရင် ဈေးမဆစ်နဲ့ နောက်တစ်ခါဆို တစ်ကယ် မသင်ပေးတော့ဘူး ကြားလား ! "
"ဟုတ်ကဲ့ ..."
"အင်း ...ဒါဆို ပြန်ပြီ"
"ကျွန်တော် လိုက်ပို့ပေးမယ် ..."
"မလိုဘူး ...စာပဲ ဆက်လုပ် !"
လမင်း လက်က နာရီအား ကြည့်လိုက်ရာ ည ၇:၃၀ခွဲပြီမို့ စာအုပ်နှင့် ပစ္စည်းတချို့ကို သိမ်းဆည်းကာ ဆိုင်ကယ်သော့လေးအား ယူရင်း စာသင်ပေးနေရသော သီဟ၏ မိဘများကို နှုတ်ဆက်ကာ ခြံပြင်ဘက် ထွက်လာလိုက်၏။
အိမ်ပြင်ထွက်လာကတည်းက ပတ်ဝန်းကျင်တခွင်လုံး လမ်းမီးတချို့နှင့် အိမ်ရှေ့မီးတချို့ကြောင့် လင်းနေပေမယ့် ကောင်းကင်တခွင်လုံးမှာ မဲမှောင်နေပြီ။ တိုက်ခက်လာသော လေထဲတွင် မိုးနံ့ပါလာပြီမို့ လမင်း ဆိုင်ကယ်ပေါ်အမြန်တက်ကာ
အိမ်သို့ မိုးမရွာခင် အသော့နှင်ရသည်။
လမင်း ခြံရှေ့ရောက်လို့ ခြံတံခါး ဖွင့်နေစဉ် မိုးရွာချလာတာမို့
ခြံထဲ မြန်မြန် ဝင်ကာ ဆိုင်ကယ်အား မိုးကာဖြင့် ခပ်မြန်မြန်အုပ်ခဲ့ပြီး အိမ်ပေါ် ပြေးတတ်လာရာ ဧည့်ခန်းတွင် ထိုင်ကာ စောင့်နေသော အမေက ...
" သားလေး ဒီနေ့ နောက်ကျလှချည်လား အမေ့မှာ စိတ်ပူနေတာ "
" ဟုတ်တယ် အမေ စာသင်ပေးနေတဲ့ ကလေးက ဒီနေ့ စာကျက်တာ ပျင်းနေလို့ အမေရယ် "
" စိတ်ရှည်ပေးရမှာပေါ့ သားရေ ကိုယ်က ဆရာပဲ ကဲ ..သွား ခေါင်းသေချာသုတ် အဝတ်လဲ အမေ သားလေးကို ထမင်းစား စောင့်နေတာ ! "
" ဟာ ! အမေကလည်း ဆေးသောက်ရမှာကို စားနှင့်တာ မဟုတ်ဘူး
သား မြန်မြန်အဝတ်လဲလိုက်မယ် အမေ စားနှင့်နေ"
ကျန်းမာရေး သိသိသာသာ ချူချာလာသည့် အမေ့မှာ ထမင်းစားစောင့်နေသည် ဆိုလို့ လမင်းမှာ အဝတ်ကို တွေ့ကရာ ကောက်စွတ်ကာ မီးဖိုချောင် ပြေးရပြန်သည်။
သားအမိနှစ်ယောက် ထမင်းလက်ဆုံစားပြီး သိမ်းဆည်းစရာရှိသမျှ
သိမ်းဆည်းကာ ခြံတံခါးအား သေချာသွားစစ်ကာ အမေ့အား ဆေးတိုက်ဖို့ ပြင်ရသည်။
အရင်က အမေဟာ ခံစားနေရတဲ့ ရောဂါကို လမင်းမသိအောင် ကြိတ်မှိတ်ခံနေပြီး တစ်ယောက်တည်း ဆေးသောက်ပြီး နေရပေမယ့် လမင်း ဆယ်တန်းနှစ် ပထမနှစ်ဝက် ဖြေနေရတဲ့ အချိန်မှာ အမေ အရေးပေါ် ဆေးရုံတတ်ရသည်ကနေစပြီး
သိလိုက်ရတာက အမေ့မှာ နှလုံးရောဂါ ခံစားနေရတယ် ဆိုတာပင်။
ထို့အပြင်အရင်ကတည်းက သွေးတိုးရောဂါ ပါ ရှိနေသည်မို့ ပိုဂရုစိုက်ရသည်။
အရင်ကထပ် အမေ့ကို အစားအသောက်ကအစ ပိုပြီးဂရုစိုက်ပေးရသလို ဆေးသောက်သည့် အချိန်ကအစ လမင်း
ကိုယ်တိုင်သာ လုပ်ပေးဖြစ်သည်။
ထမင်းစားပြီး ဆေးသောက်ချိန် ရောက်ပြီမို့ အမေ့အား ဆေးတိုက်ကာ အညောင်းညာ ပြေအောင် ခြေလက်တို့အား ဆေးလိမ်းကာ နှိပ်နှယ်ပေးရင်း စာသင်ပေးရသည့် အတွေ့အကြုံတွေအား အမေ့အား ပြောပြရင်း သားအမိနှစ်ယောက် စကားလက်ဆုံကျနေစဉ် တစ်ဖက်က လမင်း အိပ်ခန်းအတွင်းမှ
ဖုန်းသံ ကြားသည်မို့ နှိပ်နှယ်ပေးနေသည်ကို လက်စသက်ကာ အခန်းထဲရှိ မြည်နေသော ဖုန်းလေးအား ကိုင်လိုက်စဉ်........
📞......" အိုက်လမင်းသာ !! ..ဖုန်းကို ချက်ချင်းမကိုင်ပဲ
ဘာလုပ်နေတာလဲ အရေးကြီးတာ ပြောမလို့ပါဆိုမှ!"
Contact nameအား မြင်လို့ အေးဆေးစွာ ကိုင်လိုက်ပေမယ့်
နားထဲကို ဆိုးဆိုးရွားရွား ဝင်လာသော ဟန်လျှမ်း၏ စူးစူးဝါးဝါး အသံ။
" ဖြည်းဖြည်းအော်ပါ အိုက်လျှမ်းရာ အမေ့ကို ဆေးတိုက်ရင်း နှိပ်ပေးနေလို့ "
📞...." အေး! ပြီးတာပဲ ငါ့ကို သန့်စင်ထွန်း ဖုန်းဆက်တယ် သိလား
"အင်း..."
📞..." မိဘတွေ လာတွေ့လို့ ခဏ အပြင်ထွက်ခွင့်ရတာနဲ့ ဆက်လိုက်တာတဲ့ "
"အင်း..."
📞..."ဘာကို အင်း! အင်း!ပဲလဲ ..မင်း ခန့်စေထွဋ်နောင်ကို သတိမရဘူးလား "
"မရဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့ မောင့်ကို ငါလွမ်းတယ် "
📞..."အော့!ဝေါ့! အမလေး ဖြစ်နေလိုက်တာ ဟိုကလည်း
မေးတယ် မင်းရဲ့ဖုန်းနံပါတ်အသစ်ကို မသိလို့တဲ့
ငါကလည်း တောင်ကြီးမှာ သင်တန်းလာတတ်နေတာလို့
မင်းက မိုင်းနောင်မှာပဲ ဂိုက် လုပ်နေတယ်
ပြောလိုက်လို့။ မင်းရဲ့ အခု နံပါတ်တော့ ပေးလိုက်တယ်
ဆယ်တန်းမို့ ကျောင်းက အရမ်းတင်းကြပ်တာမို့ မချောင်ဘူး
တဲ့။ "
"ရပါတယ် မောင် အဆင်ပြေမှပါ ။ ဒီတစ်နှစ်ပဲဟာကို "
📞..."ဒါနဲ့ စာသင်ပေးရတာ အဆင်ပြေရဲ့လား "
"ပြေပါတယ် တစ်ညနေတည်းကို နှစ်ချိန် ဆိုတော့ နည်းနည်း အိမ်ပြန်နောက်ကျရုံပါ "
📞..."ဪ...တီချိုရော နေကောင်းလား! "
"အင်း ဒီရက်ပိုင်း လန်းပါတယ် ဆေးလည်း ပုံမှန်တိုက်နေတော့
အဆင်ပြေတယ် "
📞..." အင်းပါ မင်းကိုလည်း သတိရတယ် သိလား အစက
မင်းမပါတော့ ငါတစ်ယောက်တည်း သင်တန်းမှာ
ယောင်လည်လည်နဲ့ "
"အခုက သူငယ်ချင်း အသစ်တွေ ရနေတော့ ငါ့ကို မေ့နေပြီမလား "
📞..." မမေ့ရပါဘူးနော် ငါ့သူငယ်ချင်း အိုက်လမင်းသာလောက်
ဘယ်သူမှ ခင်ဖို့မကောင်းဘူး "
"ပြောတာပဲ !"
📞..."တစ်ကယ်ပါဆို "
"အင်းပါ ..နေကောင်းအောင်နေ အိုက်လျှမ်း"
📞..."ဟုတ်ပြီ အရမ်းချစ်တယ်နော် အသဲလေး မွ!မွ! "
END CALL....
ပြောချင်ရာ ပြောပြီး ဖုန်းချသွားတာမို့ လမင်းမှာ အမှောင်ကျသွားသော ဖုန်း screenအားကြည့်ကာ ပြုံးမိသည်။
ဆယ်တန်းကို လမင်းတို့သူငယ်ချင်းနှစ်ယောက်လုံး တစ်ဘာသာဆီ ဂုဏ်ထူးဖြင့် အောင်မြင်ထားပြီး လမင်းမှာ အမေ့ ကျန်းမာရေးကို စိုးရိမ်တာကြောင့် အမေ့အားခြံထဲက စိုက်ခင်းထဲတောင် ခြေချခွင့်မပေးတော့ပဲ ကိုယ်တိုင် ဝင်ငွေလေးရအောင် ညနေဘက်ကို စာသင်ပေးသည့် အလုပ် လုပ်ဖြစ်သည်။
အတန်းငယ်ကို တစ်ဝိုင်း သင်ပေးပြီးသည်နှင့် ကျောင်းအုပ်ကြီး ကိုယ်တိုင် ဆက်ပေးထားသော ဆယ်တန်းကျောင်းသား (၁)ယောက်ကို သင်ပေးရသည်မို့ တစ်ခါခါ အိမ်ပြန်နောက်ကျတတ်သည်။
ဟန်လျှမ်းနှင့် သင်တန်းတွေ အတူတူတတ်ချင်ပေမယ့်လို့ မဖြစ်နိုင်ပါ။ကျန်းမာရေးမကောင်းတဲ့အမေကြောင့် စိတ်မချရသလို
တတ်ရောက်ချင်သည့် သင်တန်းကြေးတွေအတွက် သူ့မှာ မတတ်နိုင်။
ဟန်လျှမ်းမိဘနှင့် ကိုကြီးဆိုင်ဟန်က အတူတူ သင်တန်းတတ်စေချင်လို့ လွှတ်ပေမယ့် မသွားဖြစ်။
ထို့ကြောင့် ဂိုက်ဆရာအနေနှင့် အလုပ်ရထားသည့် လမင်းအတွက် ဂုဏ်ပြုလက်ဆောင်ဟု ဆိုကာ ကိုကြီးဆိုင်ဟန်က ဆိုင်ကယ်တစ်စီး
ဝယ်ပေးကာ ဆိုင်ကယ်စီးတတ်သည်အထိပါ သင်ပေးထားလို့
လမင်းမှာ အသွားအပြန် ကိစ္စနှင့် ပတ်သတ်လျှင် အဆင်ပြေပြေ ရှိလှပါသည်။
ဟန်လျှမ်းနှင့်တန်းတူ လိုအပ်သမျှ အကိုကြီးပီပီ ဖြည့်ဆည်းပေးကာ
စောင့်ရှောက်ပေးနေသော ကိုကြီးဆိုင်ဟန်ကိုလည်း လမင်းပါးစပ်ကသာ ကျေးဇူးတင်နေရသည်။ ကိုကြီးတို့မိသားစု ကျေးဇူးတွေက လမင်းတို့အပေါ်မှာ အများကြီးရှိနေပါပြီ။
ဟန်လျှမ်းမှာလည်း လူကသာ တောင်ကြီးရောက်နေတာ တစ်နေ့ကို
ဖုန်း တစ်ခါတော့ အမြဲဆက်ပါသည်။ မကိုင်လျှင် စိတ်ဆိုးတတ်ပြီး
တော်တော်နှင့် ချော့မရတော့ပါ။
အကြောင်းပြချက်သည် *သူ့ကို မခင်တော့လို့ *
အိပ်ယာထက် လှဲအိပ်ကာ ဖုန်း screen ၌ ပေါ်နေသော Wallpaperမှ ပုံလေး အား ကြည့်ကာ နှုတ်ဖျားမှ တိုးညှင်းစွာ
ဆိုမိ၏။
"မောင့်ကို လမင်း အရမ်းလွမ်းတယ် "
Wallpaper တင်ထားသော ပုံလေးဟာ မောင်နဲ့အတူ လမင်း
လယ်ကွင်းစေတီမှာ နောက်ဆုံးတွေ့ဖြစ်ခဲ့စဉ်က ရိုက်ကူးထားတဲ့ ပုံလေး ။
တရုတ်စကားပင်နားရှိ ကျောင်ဆောင်ပေါ် camera ထောင်ကာ
ရိုက်ယူထားသော ပုံလေး။
ခန္ဓာကိုယ်ခပ်ထွားထွား မောင် ဟာ အနောက်မှ နေ၍ လမင်း အား
ရင်ခွင်ထဲ ထည့်ကာ တင်းကြပ်စွာ ဖတ်ထားပြီး လမင်း၏ နားထင်အား အနမ်းပေးနေသည့်ပုံ။ လမင်းဟာလည်း မောင့် ရင်ခွင်ထဲမှခေါင်းလေးစောင်းကာ ပါးချိုင့်လေးတွေ ခွက်သည်အထိ မျက်လုံးလေးတွေ စုံမှိတ်ကာ အားရပါးရရယ်မောလို့နေ၏။
~~~~~~
တစ်ဖက်က (...........) Private Schoolရှိ စာကျက်ဆောင် ထဲတွင် လူအများကြား စာသာထိုင်ကျက်နေပေမယ့်
စိတ်အာရုံတွေဟာ ချစ်ရသူဆီ လွှင့်နေသော ကောင်လေးတစ်ယောက် ရှိနေပြန်သည်။
>>>>><<<<<<<
-pont-00-