ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

100K 13.9K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 23

1.2K 214 2
By Swae_Nyoe

23 01

အပိုင်း (၂၃) စိတ်အနှောက်အယှက်ဖြစ်ခြင်း

ခေါင်းဆောင် သူ့အား ဦးဆောင်စေသော ဤစွမ်းအားရှင် အယောက်နှစ်ဆယ်သည် အင်အားမမျှကြသော်လည်း အတော်လေး နာခံတတ်ကြသည်။ စည်းကမ်းရှိကြကာ ပင်ပန်းသည်ဟု တစ်ချက်မှ မငြီးဘဲ လုပ်ရမည့်အလုပ်ကို သေသပ်စွာ လုပ်ကြသည်။ မဟုတ်လျှင် ကျန်းကျိရင်၏ မြှုပ်နေသော စိတ်မရှည်မှုလေးကြောင့် သူတို့ကို ထိန်းချုပ်နိုင်မှာ မဟုတ်ပေ။

တိုက်ပွဲပြီးသွားပြီးနောက် အထောက်အပံ့အဖွဲ့သည် တိုက်ပွဲကွင်းပြင်ကို စတင်ရှင်းလင်းတော့သည်။ တိုက်ပွဲမှ အကြွင်းအကျန်များကို သေချာစံနစ်တကျ အမျိုးအစား ခွဲပြီးနောက် နေရာလွတ်စွမ်းရည်ပိုင်ရှင် အားခုန်းက သိမ်းလိုက်ပြီး စခန်းပြန်ကာမှ ခွဲဝေကြမည် ဖြစ်သည်။

ယွီလင်အခြေစိုက်စခန်းသို့ ကျန်းကျိရင် စရောက်သည့် နေ့တွင် ကျန်းကျိရင်သည် အခြေစိုက်စခန်း ပတ်ပတ်လည်မှ မွန်းစတားများအားလုံးကို ဖြေရှင်းခဲ့သည်။ သူ၏ အဆင့်လေး စွမ်းရည်နှင့်ဆိုလျှင် ထိုမွန်းစတားများက စကားထဲ ထည့်ပြောရန်ပင် မလိုပေ။ ထို့ကြောင့် ဤအချိန်သည် သူ၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားရန် အသင့်တော်ဆုံးအချိန်ဟု စဉ်းစားမိသည်။

ထပ်ဖြည်ပြောရလျှင် "နောက်ဆုံးသောနေ့ရက်များမှ သစ္စာတရား" ဝတ်စုံသည်လည်း ပျက်ဆီးတတ်သည်ဖြစ်ရာ အချိန်အကြာကြီးဝတ်ထား၍ တစ်စုံတစ်ခု ပျက်စီးသွားမည်ဆိုလျှင် ပြင်ဆင်စားရိတ်က ကြီးလွန်းသည်။ ထို့ကြောင့် အစောတုန်းက သူ၏ ဝတ်စုံကို ချွတ်၍ သိမ်းထားလိုက်ပြီး သာမန် အဆင့်လေး ရေခဲစွမ်းအားရှင်များအတွက် ထုတ်ထားသော ရိုးရှင်းသည့် ဝတ်စုံကိုသာ ရွေးဝယ်ဝတ်ခဲ့သည်။ အပြင်ပန်းတွင်တော့ သူသည် သာမန် ရှပ်အဖြူနှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ထားခြင်းဖြစ်သည်။

ဤဝမ်းဆက်မှာ Item Store တွင် အလွန်ဈေးပေါပြီး ဆယ်ယွမ်သာ ပေးရကာ ကန့်သတ်ချိန်လည်း မရှိဘဲ ရာသက်ပန်ဖြစ်သည်။

ဤတိုက်ပွဲပြီးသွားပြီးနောက် ဂိမ်းထဲမှ လူများမှာ ကျန်းကျိရင်ကို ပို၍ လေးစားလာကြသည်။

အစတုန်းက လူများသည် ဤသည်မှာ ဒီအတိုင်း သူ၏ ထူးခြားထက်မြတ်လှသည့် စွမ်းရည်ကြောင့်ဟုသာ ထင်ကြသည်။ နောက်ပိုင်းတွင် သူ၏ တိကျသေသပ်သော ဆုံးဖြတ်ချက်များနှင့် အခြေအနေပေါ်လိုက်၍ ချမှတ်သော ပြတ်သားသော အမိန့်များကြောင့်သာမက သူ၏ စွမ်းရည်အပေါ် ပိုင်နိုင်သော ယုံကြည်ချက်ရှိပုံများကြောင့် လေးစားအားကျလာရသည်။

ဆိုးရိုးစကားတစ်ခုအတိုင်း ဝေးကွာခြင်းက အလှတရားကို ဖန်တီးပြီး ထိုအလှတရားက ထာဝရတည်မြဲလေသည်။ တာ့ကျားသာ ဤနေရာတွင် ရှိနေပါလျှင် သေချာပေါက် သူ့ကို ထွင်းဖောက်မြင်နေသကဲ့သို့ ပြောမှာဖြစ်သည်။

ဒီကလေးက ဟန်ဆောင်နေတာ ဟန်ဆောင်နေတာ"

နောက်ထပ် ဘော့စ်နှစ်ယောက်နှင့် တိုက်ပွဲကိုတော့ဖြင့် ချောချောမွေ့မွေ့ပြီးသွားသည်ဟု သတ်မှတ်နိုင်သည်။ သူတို့ထဲမှ တစ်ယောက်မှာ ခြေထောက်ကျိုးသွားပြီး နောက်တစ်ယာက်မှာ သစ်သားစွမ်းအားရှင် ဘော့စ်နှင့် တိုက်ခိုက်ရင်း လက်ကျိုးသွားသည်။

အဆိပ်သန္ဓေပြောင်းဇွန်ဘီဘော့စ်နှင့် တိုက်ခိုက်ချိန်တွင် အဖွဲ့သားနှစ်ယောက် အဆိပ်မိသွားခဲ့သည်။ သူတို့ သုံးလွှာကို ရောက်ပြီးသောအချိန်တွင်တော့ စတုတ္ထထပ် ထပ်ခိုးတစ်ခုသာ ကျန်တော့သည်။ လေအေးများက အောက်က ပင့်ပင့်တိုက်နေကာ လူတိုင်း တအားအေးနေပြီဖြစ်သည်။ စွမ်းရည်ပိုင်ရှင်များ၏ ပင်ကိုယ်အသိစိတ်နှင့် ဆဌမအာရုံသည် သာမန်လူများထက် အဆပေါင်းများစွာ ပို၍ အားကောင်းလေသည်။

ဤအချိန်တွင်ရလိုက်သော အန္တာရာယ်အသိစိတ်က သူတို့အားလုံးကို မသက်မသာဖြစ်သလို ခံစားသွားရစေကာ သူတို့၏ လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိစေသည်။ သို့သော် အားလုံး ကျန်းကျိရင်ကိုသာ ကြည့်နေကြပြီး တစ်ယောာက်မှ မလှုပ်ကြပေ။

ကျန်းကျိရင် မှောင်မိုက်နေသော ထပ်ခိုးအဝင်စကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ အခြေအနေကို သေချာကြည့်ပြီးနောက်

"ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ကြမယ် နားဖို့ပြန်ကြပြီး မနက်ဖြန်ကျမှ ပြန်လာကြတာပေါ့"

စိတ်စွမ်းအားရှင်ဇွန်ဘီ ထပ်ခိုးပေါ်တွင် ရှိနေကြောင်း သူသိသည်။ သို့သော် သူတို့သည် ယနေ့အတွက် မီနီဘော့စ်သုံးကောင်ကို တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ အဖွဲ့သားများသည်လည်း စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းလို့နေကြပြီဖြစ်သည်။ ဘော့စ်ကြီးကို စိန်ခေါ်ခြင်းမှာ ဉာဏ်မရှိသောလုပ်ရပ်သာ ဖြစ်လိမ့်မည်။

ကျန်းကျိရင် စကားကိုကြားသည်နှင့် အဖွဲ့သားများ ပစ္စည်းများထုပ်ပိုးခြင်း ဒဏ်ရာရသူများကို ကာကွယ်ရန် ထောက်ပံ့ရေးအဖွဲ့အလယ်တွင် နေရာချထားပေးခြင်း စသည်ဖြင့် ကိုယ်စီကိုယ်စီ အလုပ်များသွားကြလေသည်။

23 02

ယခုအချိန်တွင် စွမ်းအားအကြီးဆုံးဖြစ်ကြသော ကျန်းကျိရင်နှင့် တာ့တောက်တို့က အဖွဲ့၏ နောက်ဆုံးမှ လိုက်ပါလာသည်။

နောက်ဆုံးတွင် ရပ်နေသော ကျန်းကျိရင်သည် တစ်စုံတစ်ယောက်က စူးစူးစိုက်စိုက် လိုက်ကြည့်နေသလို ခံစားလိုက်ရသည်။ မသိလျှင် နောက်ကျောကို စူးချွန်တစ်ခုဖြင့် ထိုးချလိုက်သလို ကျောချမ်းသွားခြင်း ဖြစ်သည်။ သူနောက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် ခုနတုန်းကနှင့် တစ်ထပ်တည်းတူညီသော မှောင်မည်းနေသော ထပ်ခိုးအဝင်စကိုသာ မြင်ရသည်။

"ကပ္ပတိန်"

သူ၏ ညာဘက်တွင် လျှောက်နေသော တာ့တောက်က မသက်မသာ ဖြစ်နေသော မျက်နှာဖြင့်

"ကျွန်တော့်ကို တစ်ခုခုက ဆက်တိုက် လိုက်ကြည့်နေသလိုကြီးခံစားနေရတယ်ဗျာ ကျောချမ်းသလိုမျိုးကြီး "

"အဆင်ပြေပါတယ် ကျွန်တော်လဲ အဲလိုမျိုး ခံစားရတယ်"

"ကြည့်ရတာ အဲတာ စိတ်စွမ်းအားဇွန်ဘီဖြစ်လောက်တယ် မြန်မြန်ပြန်မှပဲ သတိထား တစ်ခုခုဖြစ်လာရင် တစ်ယောက်ထဲ သွားကြည့်တာမျိုး မလုပ်နဲ့"

ဂိမ်းထဲတွင် ဘော့စ်ကို တိုက်ခိုက်ရင်း မပြီးပြတ်ဘဲ ထွက်သွား၍ ပြဿနာတက်သည့် အဖြစ်မျိုး တစ်ခါမှ မကြားဖူးသေးပေ။ ထို့အပြင် ဤနေရာကလည်း တကယ့်ကမ္ဘာအစစ်ဖြစ်ရာ သေပြီးသားများက ပြန်ရှင်မလာနိုင်။ ထို့ကြောင့် အခြေအနေက မနက်ဖြန်ပြန်လာလျှင် သူတို့ထားခဲ့သည့်အတိုင်း ရှိနေဦးမှာပဲ ဖြစ်သည်။

ထပ်ခိုးပေါ်မှ တစ်ယောက်မှာ တကယ့်ကို လယ်ဗယ်မြင့် စိတ်စွမ်းအားဇွန်ဘီဖြစ်သည်။ သူတို့သည် သူ၏ နယ်မြေကို ကျူးကျော်လာကြသည့် လူသားမျိုးနွယ်များဖြစ်ကြသည်။

နောက်ဆုံးသော အဓိကဘော့စ်ကို မသုတ်သင်ရသေးသော်လည်း ကျန်းကျိရင်ကတော့ သူတို့၏ ပထမဆုံးတိုက်ပွဲအောင်မြင်သွားပြီဟု သတ်မှတ်လိုက်သည်။ ခေါင်းဆောင်သည် သူတို့ကို ချီးမြှောက်ရန်အတွက် တမင်သက်သက် အထူးဂုဏ်ပြုမှုများ ပြင်ဆင်ထားသည်။ တိုက်ပွဲထဲ လိုက်သွားသော အဖွဲ့သားများအားလုံး ပေါင်မုန့်ပူပူလေး တစ်လုံးစီနှင့် အာလူးများရကြသည်။

သူတို့အတွက် နည်းနည်းမှ အရသာမရှိသော်လည်း အဖွဲ့သားများအားလုံးမှာ နိမ့်ချစွာဖြင့် လက်ခံကြသေးသည်။ သူတို့သည် ပေါင်မုန့်ပူပူ နှင့် အာလူးနှစ်လုံးစီကို မယ်တော်မိဘုရားခေါင်ကြီး ပေးသော တာဝရရှင်သန်စေမည့် မက်မွန်သီးများလို အမြတ်တနိုးကိုင်ထားကြလေသည်။ ကမ္ဘာပျက်ကပ်ဆိုက်လာပြီး စိုက်ပျိုးနိုင်သော မြေယာများက ဒရာမာဆန်ဆန် ပျက်သုန်းသွားရာ အစားအစာက ရှားပါးလာတော့သည်။

အစာရေစာရှားပါးလာမှု ပိုဆိုးလာသည်နှင့်အမျှ လူသားမျိုးနွယ်များမှာ အာဟာရဖြည့် ဆေးဝါးများကို မြန်မြန်ဆန်ဆန် ထုတ်လုပ်လာရတော့သည်။ လူသားများသည် တစ်နေ့လျှင် နှစ်ထုတ်သောက်ရုံနှင့် လိုအပ်သည့် အာဟာရဓာတ်များရကာ မဆာလောင်စေတော့မည့် ဆေးတစ်မျိုးကို အလျင်အမြန် တီထွင်ထုတ်လုပ်ခဲ့ကြသည်။ ဤအာဟာရဆေးဝါးသည် ရိုးရှင်းစွာ ထုတ်လုပ်နိုင်ပြီး အရင်းအမြစ်လည်း များများမကုန်ပေ။

ဤတီတွင်မှုက လူသားများ အထူးသဖြင့် သာမန်လူများကို ကပ်ဘေးမှ လွတ်မြောက်စေခဲ့သည်။ ယခုဆိုလျှင် အခြေစိုက်စခန်းတိုင်းတွင် အနည်းဆုံး အာဟာရဖြည့်ဆေးရည်စက်ရုံ တစ်လုံးတော့ ရှိနေကြပြီဖြစ်သည်။ တစ်ခုတည်းသော ဆိုးကျိုးမှာ အရသာ အလွန်ဆိုးဝါးခြင်းသာ ဖြစ်သည်။

ကမ္ဘာပျက်ကပ်မတိုင်မှီက အစားအစာဖြစ်သော ပေါင်မုန့်နှင့် အာလူးကို စားရခြင်းမှာ အလွန်ကြီးမားသော ဆုလာဘ်ဖြစ်သည်ကို ပြောနေစရာပင် မလိုတော့ပေ။ တာ့တောက်က စားရင်း ပြောသည်။

"ကျွန်တော်ကြားခဲ့တာလေ အခြေစိုက်စခန်း အကြီးကြီးတွေက ခေါင်းဆောင်တွေက ကမ္ဘာပျက်ကပ်မတိုင်ခင်တုန်းက အစားအသောက်တွေကိုပဲ စားကြတယ်တဲ့ သူတို့က အနီရောင်အသား နံရိုးတွေ ငါးချိုချဉ်တွေ ဘဲကင်တွေနဲ့ သိုးသားကင်၊ ကြက်စတူးနဲ့ သိုးသားပေါင်းတွေ...."

သူပြောလေလေ စိတ်ညစ်လာပြီး လောဘတက်လာလေ ဖြစ်သည်။ နောက်ဆုံးတွင်

"ကျွန်တော်တို့ ဘယ်အချိန်ကျမှ အဲလိုဘဝမျိုးမှာ နေနိုင်မယ်လို့ ထင်လဲ"

ရှောင်ကျင်းတစ်ယောက် သူ့စကားတို့ကို နားထောင်ပြီး အတွေးတို့က လွင့်သွားသည်။ သူ့လက်ထဲမှ အာလူးတို့က ရုတ်တရက်ကြီး ဆွဲဆောင်မှုမရှိတော့သလို ခံစားရသည်။ သူ၏ အစ်မအရင်းဖြစ်သော နေရာလွတ်စွမ်းရည်ပိုင်ရှင် အားခုန်းသည် သူမ၏ မောင်ငယ်လေးကို ကျောပွတ်ပေးရင်း

"မြန်မြန်စား တအားမတွေးနဲ့ စားစရာတွေ အေးသွားလိမ့်မယ်"

23 03

ကျန်းကျိရင် တိတ်ဆိတ်စွာ နားထောင်နေပြီး စိတ်ထဲတွင် အကြံဉာဏ်တစ်ခု ပေါ်လာသည်။ စီးပွားရေးဦးစားပေးသော အွန်လိုင်းဂိမ်းအများစုလိုပင် <Tomorrow> တွင်လည်း အိမ်တွင်းမှုစနစ်ရှိကာ life skills အများကြီး သင်ယူနိုင်သည်။ ထိုအထဲမှ လူကြိုက်အများဆုံးမှာ "စိုက်ပျိုးရေး" ဖြစ်သည်။

စိုက်ပျိုးရေး life skill မှ အနိမ့်ဆုံး ထွက်ကုန်မှာ "ဂျုံမှုန့်" ဖြစ်ပြီး ထိုဂျုံမှုန့်ကို "ချက်ပြုတ်ခြင်း" skill ကို သင်ယူထားသော ကစားသမားများက ဟင်းချက်ရာတွင် ထည့်သုံးနိုင်သည်။ ဤသို့သော ဂျုံမှုန့်မျိုးကို trading house တွင်လည်း ဝယ်ယူနိုင်သည်။ ဆယ်ယွမ်တည်းနှင့် ဂျုံအိတ် ကိုးဆယ့်ကိုးအိတ် ဝယ်နိုင်သည်။

မိတ်ဆက်စာထဲတွင် ဂျုံတစ်အိတ်လျှင် အလေးချိန် ဆယ်ဂျင်ပါသည်။ ဂျုံမှုန့်သည် ယနေ့ကမ္ဘာတွင် စားသုံးသင့်သည့် အစားအသောက်အဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။

သူတို့သည် သေခြင်းရှင်ခြင်းကို အတူတူဖြတ်ကျော်ခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက် အသက်ပေး၍ ယုံကြည်ကြသည်။ သူနှင့် သိခဲ့ရသည်မှာ မကြသေးသော ဤအဖွဲ့သားများကို မလျော်ကန်သော လူတစ်စုအဖြစ်သာ စဉ်းစားထားသော ကျန်းကျိရင်အတွက် သူတို့၏ ယုံကြည်လေးစားမှုအပြည့်နှင့် "ကပ္ပတိန်" ဟု အခေါ်ခံရသည့်အချိန်တိုင်း နောင်တရနေမိသည်။

သူတို့၏ ဘဝများကို တိုးတက်အောင် လုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဘယ်ကစရမှန်းတော့ သူမသိသေး။ လွန်လွန်ကဲကဲ လုပ်မိပြန်လျှင်လည်း သံသယများကို လှုံ့ဆော်ပေးပြီး ကိုယ့်ရှူးကိုယ် ပြန်ပတ်သွားမှာကို ကြောက်မိသည်။

အတွေးထဲ မျောနေစည် ခေါင်းဆောင်ရောက်လာပြီး ကျန်းကျိရင်ကို တိတ်တိတ်လေး ပုခုံးပုတ်၍ အပြင်သို့ ခေါ်ထုတ်လာသည်။ ခေါင်းဆောင်သည် တစ်စုံတစ်ခုကို ပြောချင်နေဟန်ဖြင့် လက်ဝါးချင်းပွတ်နေကာ

"ရှောင်ကျန်းအာ.... ဒါတွေအားလုံး မင်းကိုပဲ ကျေးဇူးတင်ရမှာပါ.... အမြုတေတွေ ခွဲပေးရင်.... အမ်း ခွဲပေးတာကို ငါမင်းနဲ့ ဆွေးနွေးချင်လို့.... ငါးဆယ် ငါးဆယ် ခွဲလိုက်ကြမလား"

"မင်းက တစ်ဝက်ယူ ကျန်တဲ့အဖွဲ့သားတွေကို ကျန်တဲ့ တစ်ဝက်ခွဲပေးလိုက်ကြမလား အခုလက်ရှိအချိန်က မငြိမ်းချမ်းဘူးလေ မြောက်ဘက်ပိုင်းမှာ ဇွန်ဘီတွေ ရှိနေတဲ့ လက္ခဏာတွေ ပြနေတယ်....ကောင်းပြီလေ တကယ်လို့ မင်းဒီလို မခွဲချင်ဘူးဆိုလည်း အဆင်ပြေ...."

ကျန်းကျိရင်မှာ ခေါင်းဆောင်ကသူ့ကို ဤအကြောင်းမျိုး ခေါ်ပြောလိမ့်မည် ဟု မထင်ထားပေ။ သူငယ်ငယ်လေးကတည်းက သင်ယူခဲ့ရသော အသိပညာများတွင် "မုန်တိုင်းပြီးမှ လေပြေလာတယ်"၊ "ကိုယ့်ကိုယ်ကို ထူးခြားတယ်လို့ မတွေးရဘူး" နှင့် "ကောင်းတာလုပ်ပြီးရင် နာမည်ချန်မထားခဲ့နဲ့" ....

ဤသို့ အထူးတလှယ်ဖြင့် လုပ်ရသည်ဆိုပြီး အကျိုးအမြတ်များ လက်ဝါးကြီးအုပ်ရန် ဘယ်တုန်းကမှ မစဉ်းစားထားခဲ့ပါ။ သို့သော် ကျန်းကျိရင်မှာ သူ့ကိုယ်သူကုမ္ပဏီတစ်ခု၏ စီအီးအိုတစ်ယောက်နှင့် တူနေသလိုဖြစ်နေသည်ကို သတိပြုမိသွားသည်။ ခေါင်းဆောင်က သူ့ကို သာမန်အလုပ်သမားများထက် လစာပိုပေး၍ အလုပ်တွင်မြဲနေအောင် ကမ်းလှမ်းရန် ကြိုးစားနေသည်ကို သိလိုက်၏။

ဤအဖြေကို တွေးမိပြီး ကျန်းကျိရင် စိတ်အေးသွားသည်။ ကျန်းကျိရင်က မေးလိုက်သည်။

"ခေါင်းဆောင် ကပ္ပတိန်လုပ်တုန်းကရော ဘယ်လိုမျိုးခွဲဝေတာလဲဗျ"

"၁၇၂"

ခေါင်းဆောင်က နုးညံ့စွာပြောသည်။ ဆိုလိုသည်မှာ တစ်ဆယ်ရာခိုင်နှုန်းမှာ သူ့အတွက်ဖြစ်ပြီး ခုနှစ်ဆဠ်ရာခိုင်နှုန်းမှာ အဖွဲ့သားများအား ခွဲပေးကာ ကျန်သည့် နှစ်ဆယ်ရာခိုင်နှုန်းကို အခြေစိုက်စခန်းတွင် ကင်းစောင့်ရန် နေခဲ့သူများအား ခွဲပေးသည်။

"ဒါဆိုလည်း အဲဒီတုန်းကလိုပဲ ခွဲကြမယ်လေ"

ကျန်းကျိရင် ပြောပြောဆိုဆိုဖြင့် ခေါင်းဆောင်၏ .......... လက်မောင်းကို ဦးအောင်ပုတ်လိုက်ကာ လှည့်ထွက်သွားတော့သည်။ တကယ်တော့ သူသည် ခေါင်းဆောင်၏ ပုခုံးကို ပုတ်ပေးချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ခေါင်းဆောင်က သူ့ထက်အရပ်ပိုရှည်နေလေရာ မလုပ်နိုင်ခဲ့ပေ။

ကုမ္ပဏီက အခုမှ စတင်ထူထောင်ဆဲကာလတွင်သာ ရှိသေးကာ ရန်ပုံငွေကလည်း လစ်လပ်နေသေးသည်။ သူသည်လည်း ကုမ္ပဏီနှင့်အတူ အသားတကျ တိုးတက်လာဖို့ ဆုံးဖြတ်လိုက်သည်။ ဤသို့ တွေးပြီးနောက် ကျန်းကျိရင်မှာ သူ့အတွေးတို့အား အလွန်ကောင်းသည်ဟု ခံစားမိခဲ့သည်။

တာ့တောက်ကို သတိထားဖို့ ပြောခဲ့သော်လည်း ခေါင်းဆောင်ထံမှ ထွက်လာပြီးနောက်တွင် သူ့စကားများသူ လုံးလုံးမေ့သွားကာ အခန်းဆီသို့ တန်းတန်းမတ်မတ် ပြန်သွားမိလေတော့သည်။

23 04

အခန်းထဲတွင် တစ်ရက်တာ အကျဉ်းချထားခံခဲ့ရသော ယင်ရှောက်ရှန်းလေးသည် သူ့ကို ဝမ်းနည်းညှိုးငယ်စွာ ကြည့်နေလေသည်။ ကလေးသည် ငိုနေဟန်ဖြင့် အော်နေပြီး ကျန်းကျိရင်မျက်နှာကို ရေခဲချွန်များဖြင့်ပင် ပစ်လိုက်သေးသည်။ တစ်နေ့လုံးအလွန်ပင်ပန်းနေခဲ့သော ကျန်းကျိရင်မှာ ကောင်ငယ်လေးကို ဖွဖွလေး ပွေ့လိုက်ပြီး တင်ပါးကို ပုတ််၍ ချော့ရလေတော့သည်။

ကျန်းကျိရင်ကို နှာခေါင်းရှုံ့ပြရင်း မပျော်မရွှင်အမူအယာလေးလုပ်ထားသေးသည်။ အချော့ခံရသော ယင်ရှောက်ရှန်းလေးမှာ မျက်နှာလေးက တဖြည်းဖြည်းရှုံ့လာပြီး စိတ်ဆိုးစွာ အော်၍ နေတော့သည်။ ကျန်းကျိရင်ကတော့ ဤကလေးလေး တစ်နေ့လုံး အိမ်တွင်ထားခဲ့ခံရပြီး လစ်လျူရှုခံရသောကြောင့် စိတ်ဆိုးနေသည်ဟုသာ ထင်နေခဲ့သည်။

ကျန်းကျိရင် အိပ်ရာပေါ်တွင် လှဲလိုက်ပြီး အိပ်ပျော်သွားသည်။

အနည်းငယ် စိတ်ဆိုးနေသေးသော ယင်ရှောက်ရှန်းလေးသည် ကျန်းကျိရင်၏ လည်ပင်းနားထိ တက်သွား၍ ကွေးလိုက်သည်။ သူ့ခေါင်းလေးကို ကျန်းကျိရင် လည်ပင်းနှင့် ပွတ်သပ်လိုက်သေးသည်။ ကျန်းကျိရင် ရှောက်ရှန်း၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး အိပ်ပျော်သွားကာ ထပ်ပြီး ကြောင်ကလေးကို အာရုံမစိုက်နိုင်တော့ပေ။ သူ့လက်တို့ကတော့ ကြောင်ကလေးကို ပုတ်ပေးနေဆဲဖြစ်လေသည်။

ကျန်းကျိရင် အိပ်မက်မက်သည်။

ဤကဲ့သို့ အဖြစ်အပျက်သည် အလွန်ရှားပါးသည်။ အကြောင်းမှာ ဤကမ္ဘာသည် အိပ်မက်တစ်ခုသာ ဖြစ်သည်ကို မသိစိတ်မှ သိနေသောကြောင့်ဖြစ်သည်။ အိပ်မက်ထဲတွင် အိပ်မက်မက်နိုင်သလား မသိသော်လည်း သူကတော့ ကကယ်ကို အိပ်မက်မက်နေသည်။ အိပ်မက်၏ အစက သူ၏ ကလေးဘဝမှ မှတ်ဉာဏ်များဖြင့် စတင်သည်။ ကျောင်းပြီးသွားပြီး အဘိုးအဘွားများနှင့် ညစာစားသည်။ သူတို့ အတူတူ တီဗီကြည့်ကြသည်။ စကားထိုင်ပြောကြသည်။

ထို့နောက်တွင် မြင်ကွင်းတို့က ရုတ်တရက်ဆန်စွာ ပြောင်းလဲသွားသည်။ အဘိုးနှင့် အဘွားတို့ ပျောက်ကွယ်သွာသည်။ သူသည် ဘာမှမရှိသော ရိုးရှင်းသော အခန်းတစ်ခန်းထဲ ရောက်နေသည်။ ဘေးဘီကို လိုက်ကြည့်သော်လည်း မည်သူကမှ မရှိနေ။ သို့နှင့် တံခါးကို တွန်းဖွင့်လိုက်ပြီး ထွက်သွားခဲ့သည်။ ကော်ရစ်ဒါတွင် မတ်တပ်ရပ်နေရင်း အောက်ထပ်တွင် လူတစ်ယောက်ကို မြင်လိုက်သည်။

ထိုလူက သူ့ကို နောက်ကျောပေးထားပြီး ထိုသူ၏ အဖြူရောင်ကျောပြင်နှင့် မည်းနက်နေသော ဆံပင်တိုတိုကိုသာ မြင်ရသည်။ သို့သော် ကျန်းကျိရင် စိတ်ထဲက အလိုလျောက်ပင် ထိုလူ မည်သူဖြစ်သည်ကို သိနေသည်။ အပြုံးရေးရေးလေး ဖြစ်တည်လာပြီး ထိုလူရှိရာသို့ ညင်သာစွာ လျှောက်လှမ်းသွား.....

အိပ်မပျော်သေးသော ယင်ရှောက်ရှန်းသည် ရုတ်တရက် မျက်ဝန်းများက သတိကြီးစွာ စူးစိုက်ကြည့်ဟန် ပေါ်လာသည်။ အမှောင်ထဲတွင် ကြောင်ငယ်လေး၏ ရေခဲပြာရောင်မျက်ဝန်းများက ထူးခြားစွာ တောက်ပနေသည်။ ကြောင်ငယ်လေးသည် ကျန်းကျိရင် ရုတ်တရက် ထထိုင်လိုက်ကာ အိပ်ရာပေါ်မှထ၍ ကုတင်အောက်ဆင်းသွားသည်ကို မြင်လိုက်ရသည်။

ကြောင်ငယ်လေးသည် ကျန်းကျိရင် ဆက်၍ မလှုပ်ရှားနိုင်စေရန် ပြေးကိုက်၍ တားဖို့လုပ်သည်။ သို့သော် အင်အားကမမျှ။ ကျန်းကျိရင်မှာ ကြောင်ငယ်လေး၏ တည်ရှိမှုကို လုံးလုံးမခံစားရပုံဖြင့် တံခါးဆီသို့ တည့်တည့်လျှောက်သွားသည်။

"အောင်းဝ်"

ကျန်းကျိရင်၏ လက်မောင်းကို တွယ်ကုတ်ထားသော ယင်ရှောက်ရှန်းလေးသည် သွားလေးဖြင့် ခဲဟန်ပြု၍ တားသော်လည်း ရုတ်တရက် အားကောင်းလွန်းပြီး လွှမ်းမိုးနိုင်စွမ်းကြီးလှသော စိတ်စွမ်းအားတစ်ခုကို ခံစားမိလိုက်၏။ ဤစွမ်းအားသည် အလွန်ရင်းနှီးနေသော ဘုရင်တစ်ပါး၏ အရှိန်အဝါနှင့် ဆင်လှသည်။ ယခင်က ကျန်းကျိရင်ကို ချိတ်ဆက်လာဖူးသည့် ရွံရှာဖွယ်ရာ စိတ်စွမ်းအားနှင့်တော့ ကွာခြားလွန်းလှသည်။

တကယ်တော့ လုံးဝ နှိုင်းယှဉ်စရာမရှိတာပင်။

ယင်ရှောက်ရှန်းလေးမှာ စိတ်စွမ်းအားအကြောင်းတွေးမိသွားပြီး ခေါင်းသေးသေးက ဘေးသို့ စောင်းကျသွားသည်။ ကျိရင်၏ အင်္ကျီကို ကိုက်ထားသော ပါးစပ်ကလေးက လွတ်သွားပြီး ကျန်းကျိရင်ကို အပူအပင်ကင်းကင်း ထားခဲ့၍ အိပ်ရာပေါ်သို့ ပြန်ရောက်သွားက အိပ်မောကျသွားလေတော့သည်။

တစ်ချိန်တည်းမှာပင် အခြေစိုက်စခန်းမှ တစ်ဦးတည်းသော စိတ်စွမ်းအားရှင် ဖြစ်သည့် ရှောင်ကျင်းသည်လည်း ရုတ်တရက်ပေါ်လာသော စိတ်စွမ်းအားအရှိန်အဝါကြောင့် နိုးလာတော့သည်။ မည်သည့်ကွာခြားမှုကိုမှ မခံစားရသော်ငြား ရေရာသော အကြောင်းပြချက်တို့ မရှိပါဘဲ လန့်သွားရသည်။

သူ့ဘေးမှ အိပ်ရာကို လှည့်ကြည့်လိုက်တော့ လန့်ရုံမက ကြောက်လွန်းလို့ တုန်သွားရတော့သည်။

"အစ်ကိုတောက်"

ရှောင်ကျင်း အကျယ်ကြီး အော်လိုက်မိသော်လည်း မည်သူကမှ ပြန်မဖြေခဲ့ပေ။

23 05

အခန်းတစ်ခုလုံး မှောင်မည်းနေပြီး မည်သူမှ မရှိတော့ဘဲ သူတစ်ယောက်တည်းသာ ရှိတော့သည်။ တစ်စုံတစ်ခု မတော်တဆ ဖြစ်လာမည်ကို ကြောက်၍ ဤအခန်းသို့ လာအိပ်သော တာ့တောက် မည်သည့်အချိန်က ပျောက်သွားသည်ကို သူလုံးဝ မသိလိုက်ပေ။

.....................................

T/N: ရှောက်ရှန်းလေးက စိတ်အေးပြီး အိပ်ပျော်သွားတာပါတဲ့ ယူနိုးဟူး.....

Zawgyi

23 01
အပိုင္း (၂၃) စိတ္အေႏွာက္အယွက္ျဖစ္ျခင္း

ေခါင္းေဆာင္ သူ႔အား ဦးေဆာင္ေစေသာ ဤစြမ္းအားရွင္ အေယာက္ႏွစ္ဆယ္သည္ အင္အားမမွ်ၾကေသာ္လည္း အေတာ္ေလး နာခံတတ္ၾကသည္။ စည္းကမ္းရွိၾကကာ ပင္ပန္းသည္ဟု တစ္ခ်က္မွ မၿငီးဘဲ လုပ္ရမည့္အလုပ္ကို ေသသပ္စြာ လုပ္ၾကသည္။ မဟုတ္လွ်င္ က်န္းက်ိရင္၏ ျမႇဳပ္ေနေသာ စိတ္မရွည္မႈေလးေၾကာင့္ သူတို႔ကို ထိန္းခ်ဳပ္ႏိုင္မွာ မဟုတ္ေပ။

တိုက္ပြဲၿပီးသြားၿပီးေနာက္ အေထာက္အပံ့အဖြဲ႕သည္ တိုက္ပြဲကြင္းျပင္ကို စတင္ရွင္းလင္းေတာ့သည္။ တိုက္ပြဲမွ အႂကြင္းအက်န္မ်ားကို ေသခ်ာစံနစ္တက် အမ်ိဳးအစား ခြဲၿပီးေနာက္ ေနရာလြတ္စြမ္းရည္ပိုင္ရွင္ အားခုန္းက သိမ္းလိုက္ၿပီး စခန္းျပန္ကာမွ ခြဲေဝၾကမည္ ျဖစ္သည္။

ယြီလင္အေျခစိုက္စခန္းသို႔ က်န္းက်ိရင္ စေရာက္သည့္ ေန႔တြင္ က်န္းက်ိရင္သည္ အေျခစိုက္စခန္း ပတ္ပတ္လည္မွ မြန္းစတားမ်ားအားလုံးကို ေျဖရွင္းခဲ့သည္။ သူ၏ အဆင့္ေလး စြမ္းရည္ႏွင့္ဆိုလွ်င္ ထိုမြန္းစတားမ်ားက စကားထဲ ထည့္ေျပာရန္ပင္ မလိုေပ။ ထို႔ေၾကာင့္ ဤအခ်ိန္သည္ သူ၏ စြမ္းအားအစစ္အမွန္ကို ဖုံးကြယ္ထားရန္ အသင့္ေတာ္ဆုံးအခ်ိန္ဟု စဥ္းစားမိသည္။

ထပ္ျဖည္ေျပာရလွ်င္ "ေနာက္ဆုံးေသာေန႔ရက္မ်ားမွ သစၥာတရား" ဝတ္စုံသည္လည္း ပ်က္ဆီးတတ္သည္ျဖစ္ရာ အခ်ိန္အၾကာႀကီးဝတ္ထား၍ တစ္စုံတစ္ခု ပ်က္စီးသြားမည္ဆိုလွ်င္ ျပင္ဆင္စားရိတ္က ႀကီးလြန္းသည္။ ထို႔ေၾကာင့္ အေစာတုန္းက သူ၏ ဝတ္စုံကို ခြၽတ္၍ သိမ္းထားလိုက္ၿပီး သာမန္ အဆင့္ေလး ေရခဲစြမ္းအားရွင္မ်ားအတြက္ ထုတ္ထားေသာ ႐ိုးရွင္းသည့္ ဝတ္စုံကိုသာ ေ႐ြးဝယ္ဝတ္ခဲ့သည္။ အျပင္ပန္းတြင္ေတာ့ သူသည္ သာမန္ ရွပ္အျဖဴႏွင့္ ဂ်င္းေဘာင္းဘီကိုသာ ဝတ္ထားျခင္းျဖစ္သည္။

ဤဝမ္းဆက္မွာ Item Store တြင္ အလြန္ေဈးေပါၿပီး ဆယ္ယြမ္သာ ေပးရကာ ကန႔္သတ္ခ်ိန္လည္း မရွိဘဲ ရာသက္ပန္ျဖစ္သည္။

ဤတိုက္ပြဲၿပီးသြားၿပီးေနာက္ ဂိမ္းထဲမွ လူမ်ားမွာ က်န္းက်ိရင္ကို ပို၍ ေလးစားလာၾကသည္။

အစတုန္းက လူမ်ားသည္ ဤသည္မွာ ဒီအတိုင္း သူ၏ ထူးျခားထက္ျမတ္လွသည့္ စြမ္းရည္ေၾကာင့္ဟုသာ ထင္ၾကသည္။ ေနာက္ပိုင္းတြင္ သူ၏ တိက်ေသသပ္ေသာ ဆုံးျဖတ္ခ်က္မ်ားႏွင့္ အေျခအေနေပၚလိုက္၍ ခ်မွတ္ေသာ ျပတ္သားေသာ အမိန႔္မ်ားေၾကာင့္သာမက သူ၏ စြမ္းရည္အေပၚ ပိုင္ႏိုင္ေသာ ယုံၾကည္ခ်က္ရွိပုံမ်ားေၾကာင့္ ေလးစားအားက်လာရသည္။

ဆိုး႐ိုးစကားတစ္ခုအတိုင္း ေဝးကြာျခင္းက အလွတရားကို ဖန္တီးၿပီး ထိုအလွတရားက ထာဝရတည္ၿမဲေလသည္။ တာ့က်ားသာ ဤေနရာတြင္ ရွိေနပါလွ်င္ ေသခ်ာေပါက္ သူ႔ကို ထြင္းေဖာက္ျမင္ေနသကဲ့သို႔ ေျပာမွာျဖစ္သည္။

ဒီကေလးက ဟန္ေဆာင္ေနတာ ဟန္ေဆာင္ေနတာ"

ေနာက္ထပ္ ေဘာ့စ္ႏွစ္ေယာက္ႏွင့္ တိုက္ပြဲကိုေတာ့ျဖင့္ ေခ်ာေခ်ာေမြ႕ေမြ႕ၿပီးသြားသည္ဟု သတ္မွတ္ႏိုင္သည္။ သူတို႔ထဲမွ တစ္ေယာက္မွာ ေျခေထာက္က်ိဳးသြားၿပီး ေနာက္တစ္ယာက္မွာ သစ္သားစြမ္းအားရွင္ ေဘာ့စ္ႏွင့္ တိုက္ခိုက္ရင္း လက္က်ိဳးသြားသည္။

အဆိပ္သေႏၶေျပာင္းဇြန္ဘီေဘာ့စ္ႏွင့္ တိုက္ခိုက္ခ်ိန္တြင္ အဖြဲ႕သားႏွစ္ေယာက္ အဆိပ္မိသြားခဲ့သည္။ သူတို႔ သုံးလႊာကို ေရာက္ၿပီးေသာအခ်ိန္တြင္ေတာ့ စတုတၳထပ္ ထပ္ခိုးတစ္ခုသာ က်န္ေတာ့သည္။ ေလေအးမ်ားက ေအာက္က ပင့္ပင့္တိုက္ေနကာ လူတိုင္း တအားေအးေနၿပီျဖစ္သည္။ စြမ္းရည္ပိုင္ရွင္မ်ား၏ ပင္ကိုယ္အသိစိတ္ႏွင့္ ဆဌမအာ႐ုံသည္ သာမန္လူမ်ားထက္ အဆေပါင္းမ်ားစြာ ပို၍ အားေကာင္းေလသည္။

ဤအခ်ိန္တြင္ရလိုက္ေသာ အႏၲာရာယ္အသိစိတ္က သူတို႔အားလုံးကို မသက္မသာျဖစ္သလို ခံစားသြားရေစကာ သူတို႔၏ လက္နက္မ်ားကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားမိေစသည္။ သို႔ေသာ္ အားလုံး က်န္းက်ိရင္ကိုသာ ၾကည့္ေနၾကၿပီး တစ္ေယာာက္မွ မလႈပ္ၾကေပ။

က်န္းက်ိရင္ ေမွာင္မိုက္ေနေသာ ထပ္ခိုးအဝင္စကို ၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ အေျခအေနကို ေသခ်ာၾကည့္ၿပီးေနာက္

"ဒီေန႔ေတာ့ ဒီေလာက္နဲ႔ပဲ ရပ္ၾကမယ္ နားဖို႔ျပန္ၾကၿပီး မနက္ျဖန္က်မွ ျပန္လာၾကတာေပါ့"

စိတ္စြမ္းအားရွင္ဇြန္ဘီ ထပ္ခိုးေပၚတြင္ ရွိေနေၾကာင္း သူသိသည္။ သို႔ေသာ္ သူတို႔သည္ ယေန႔အတြက္ မီနီေဘာ့စ္သုံးေကာင္ကို တိုက္ခိုက္ခဲ့ၿပီးျဖစ္သည္။ အဖြဲ႕သားမ်ားသည္လည္း စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာပါ ပင္ပန္းလို႔ေနၾကၿပီျဖစ္သည္။ ေဘာ့စ္ႀကီးကို စိန္ေခၚျခင္းမွာ ဉာဏ္မရွိေသာလုပ္ရပ္သာ ျဖစ္လိမ့္မည္။

က်န္းက်ိရင္ စကားကိုၾကားသည္ႏွင့္ အဖြဲ႕သားမ်ား ပစၥည္းမ်ားထုပ္ပိုးျခင္း ဒဏ္ရာရသူမ်ားကို ကာကြယ္ရန္ ေထာက္ပံ့ေရးအဖြဲ႕အလယ္တြင္ ေနရာခ်ထားေပးျခင္း စသည္ျဖင့္ ကိုယ္စီကိုယ္စီ အလုပ္မ်ားသြားၾကေလသည္။
23 02
ယခုအခ်ိန္တြင္ စြမ္းအားအႀကီးဆုံးျဖစ္ၾကေသာ က်န္းက်ိရင္ႏွင့္ တာ့ေတာက္တို႔က အဖြဲ႕၏ ေနာက္ဆုံးမွ လိုက္ပါလာသည္။

ေနာက္ဆုံးတြင္ ရပ္ေနေသာ က်န္းက်ိရင္သည္ တစ္စုံတစ္ေယာက္က စူးစူးစိုက္စိုက္ လိုက္ၾကည့္ေနသလို ခံစားလိုက္ရသည္။ မသိလွ်င္ ေနာက္ေက်ာကို စူးခြၽန္တစ္ခုျဖင့္ ထိုးခ်လိုက္သလို ေက်ာခ်မ္းသြားျခင္း ျဖစ္သည္။ သူေနာက္ျပန္လွည့္ၾကည့္လိုက္ခ်ိန္တြင္ ခုနတုန္းကႏွင့္ တစ္ထပ္တည္းတူညီေသာ ေမွာင္မည္းေနေသာ ထပ္ခိုးအဝင္စကိုသာ ျမင္ရသည္။

"ကပၸတိန္"

သူ၏ ညာဘက္တြင္ ေလွ်ာက္ေနေသာ တာ့ေတာက္က မသက္မသာ ျဖစ္ေနေသာ မ်က္ႏွာျဖင့္

"ကြၽန္ေတာ့္ကို တစ္ခုခုက ဆက္တိုက္ လိုက္ၾကည့္ေနသလိုႀကီးခံစားေနရတယ္ဗ်ာ ေက်ာခ်မ္းသလိုမ်ိဳးႀကီး "

"အဆင္ေျပပါတယ္ ကြၽန္ေတာ္လဲ အဲလိုမ်ိဳး ခံစားရတယ္"

"ၾကည့္ရတာ အဲတာ စိတ္စြမ္းအားဇြန္ဘီျဖစ္ေလာက္တယ္ ျမန္ျမန္ျပန္မွပဲ သတိထား တစ္ခုခုျဖစ္လာရင္ တစ္ေယာက္ထဲ သြားၾကည့္တာမ်ိဳး မလုပ္နဲ႔"

ဂိမ္းထဲတြင္ ေဘာ့စ္ကို တိုက္ခိုက္ရင္း မၿပီးျပတ္ဘဲ ထြက္သြား၍ ျပႆနာတက္သည့္ အျဖစ္မ်ိဳး တစ္ခါမွ မၾကားဖူးေသးေပ။ ထို႔အျပင္ ဤေနရာကလည္း တကယ့္ကမာၻအစစ္ျဖစ္ရာ ေသၿပီးသားမ်ားက ျပန္ရွင္မလာႏိုင္။ ထို႔ေၾကာင့္ အေျခအေနက မနက္ျဖန္ျပန္လာလွ်င္ သူတို႔ထားခဲ့သည့္အတိုင္း ရွိေနဦးမွာပဲ ျဖစ္သည္။

ထပ္ခိုးေပၚမွ တစ္ေယာက္မွာ တကယ့္ကို လယ္ဗယ္ျမင့္ စိတ္စြမ္းအားဇြန္ဘီျဖစ္သည္။ သူတို႔သည္ သူ၏ နယ္ေျမကို က်ဴးေက်ာ္လာၾကသည့္ လူသားမ်ိဳးႏြယ္မ်ားျဖစ္ၾကသည္။

ေနာက္ဆုံးေသာ အဓိကေဘာ့စ္ကို မသုတ္သင္ရေသးေသာ္လည္း က်န္းက်ိရင္ကေတာ့ သူတို႔၏ ပထမဆုံးတိုက္ပြဲေအာင္ျမင္သြားၿပီဟု သတ္မွတ္လိုက္သည္။ ေခါင္းေဆာင္သည္ သူတို႔ကို ခ်ီးေျမႇာက္ရန္အတြက္ တမင္သက္သက္ အထူးဂုဏ္ျပဳမႈမ်ား ျပင္ဆင္ထားသည္။ တိုက္ပြဲထဲ လိုက္သြားေသာ အဖြဲ႕သားမ်ားအားလုံး ေပါင္မုန႔္ပူပူေလး တစ္လုံးစီႏွင့္ အာလူးမ်ားရၾကသည္။

သူတို႔အတြက္ နည္းနည္းမွ အရသာမရွိေသာ္လည္း အဖြဲ႕သားမ်ားအားလုံးမွာ နိမ့္ခ်စြာျဖင့္ လက္ခံၾကေသးသည္။ သူတို႔သည္ ေပါင္မုန႔္ပူပူ ႏွင့္ အာလူးႏွစ္လုံးစီကို မယ္ေတာ္မိဘုရားေခါင္ႀကီး ေပးေသာ တာဝရရွင္သန္ေစမည့္ မက္မြန္သီးမ်ားလို အျမတ္တႏိုးကိုင္ထားၾကေလသည္။ ကမာၻပ်က္ကပ္ဆိုက္လာၿပီး စိုက္ပ်ိဳးႏိုင္ေသာ ေျမယာမ်ားက ဒရာမာဆန္ဆန္ ပ်က္သုန္းသြားရာ အစားအစာက ရွားပါးလာေတာ့သည္။

အစာေရစာရွားပါးလာမႈ ပိုဆိုးလာသည္ႏွင့္အမွ် လူသားမ်ိဳးႏြယ္မ်ားမွာ အာဟာရျဖည့္ ေဆးဝါးမ်ားကို ျမန္ျမန္ဆန္ဆန္ ထုတ္လုပ္လာရေတာ့သည္။ လူသားမ်ားသည္ တစ္ေန႔လွ်င္ ႏွစ္ထုတ္ေသာက္႐ုံႏွင့္ လိုအပ္သည့္ အာဟာရဓာတ္မ်ားရကာ မဆာေလာင္ေစေတာ့မည့္ ေဆးတစ္မ်ိဳးကို အလ်င္အျမန္ တီထြင္ထုတ္လုပ္ခဲ့ၾကသည္။ ဤအာဟာရေဆးဝါးသည္ ႐ိုးရွင္းစြာ ထုတ္လုပ္ႏိုင္ၿပီး အရင္းအျမစ္လည္း မ်ားမ်ားမကုန္ေပ။

ဤတီတြင္မႈက လူသားမ်ား အထူးသျဖင့္ သာမန္လူမ်ားကို ကပ္ေဘးမွ လြတ္ေျမာက္ေစခဲ့သည္။ ယခုဆိုလွ်င္ အေျခစိုက္စခန္းတိုင္းတြင္ အနည္းဆုံး အာဟာရျဖည့္ေဆးရည္စက္႐ုံ တစ္လုံးေတာ့ ရွိေနၾကၿပီျဖစ္သည္။ တစ္ခုတည္းေသာ ဆိုးက်ိဳးမွာ အရသာ အလြန္ဆိုးဝါးျခင္းသာ ျဖစ္သည္။

ကမာၻပ်က္ကပ္မတိုင္မွီက အစားအစာျဖစ္ေသာ ေပါင္မုန႔္ႏွင့္ အာလူးကို စားရျခင္းမွာ အလြန္ႀကီးမားေသာ ဆုလာဘ္ျဖစ္သည္ကို ေျပာေနစရာပင္ မလိုေတာ့ေပ။ တာ့ေတာက္က စားရင္း ေျပာသည္။

"ကြၽန္ေတာ္ၾကားခဲ့တာေလ အေျခစိုက္စခန္း အႀကီးႀကီးေတြက ေခါင္းေဆာင္ေတြက ကမာၻပ်က္ကပ္မတိုင္ခင္တုန္းက အစားအေသာက္ေတြကိုပဲ စားၾကတယ္တဲ့ သူတို႔က အနီေရာင္အသား နံ႐ိုးေတြ ငါးခ်ိဳခ်ဥ္ေတြ ဘဲကင္ေတြနဲ႔ သိုးသားကင္၊ ၾကက္စတူးနဲ႔ သိုးသားေပါင္းေတြ...."

သူေျပာေလေလ စိတ္ညစ္လာၿပီး ေလာဘတက္လာေလ ျဖစ္သည္။ ေနာက္ဆုံးတြင္

"ကြၽန္ေတာ္တို႔ ဘယ္အခ်ိန္က်မွ အဲလိုဘဝမ်ိဳးမွာ ေနႏိုင္မယ္လို႔ ထင္လဲ"

ေရွာင္က်င္းတစ္ေယာက္ သူ႔စကားတို႔ကို နားေထာင္ၿပီး အေတြးတို႔က လြင့္သြားသည္။ သူ႔လက္ထဲမွ အာလူးတို႔က ႐ုတ္တရက္ႀကီး ဆြဲေဆာင္မႈမရွိေတာ့သလို ခံစားရသည္။ သူ၏ အစ္မအရင္းျဖစ္ေသာ ေနရာလြတ္စြမ္းရည္ပိုင္ရွင္ အားခုန္းသည္ သူမ၏ ေမာင္ငယ္ေလးကို ေက်ာပြတ္ေပးရင္း

"ျမန္ျမန္စား တအားမေတြးနဲ႔ စားစရာေတြ ေအးသြားလိမ့္မယ္"
23 03
က်န္းက်ိရင္ တိတ္ဆိတ္စြာ နားေထာင္ေနၿပီး စိတ္ထဲတြင္ အႀကံဉာဏ္တစ္ခု ေပၚလာသည္။ စီးပြားေရးဦးစားေပးေသာ အြန္လိုင္းဂိမ္းအမ်ားစုလိုပင္ <Tomorrow> တြင္လည္း အိမ္တြင္းမႈစနစ္ရွိကာ life skills အမ်ားႀကီး သင္ယူႏိုင္သည္။ ထိုအထဲမွ လူႀကိဳက္အမ်ားဆုံးမွာ "စိုက္ပ်ိဳးေရး" ျဖစ္သည္။

စိုက္ပ်ိဳးေရး life skill မွ အနိမ့္ဆုံး ထြက္ကုန္မွာ "ဂ်ဳံမႈန႔္" ျဖစ္ၿပီး ထိုဂ်ဳံမႈန႔္ကို "ခ်က္ျပဳတ္ျခင္း" skill ကို သင္ယူထားေသာ ကစားသမားမ်ားက ဟင္းခ်က္ရာတြင္ ထည့္သုံးႏိုင္သည္။ ဤသို႔ေသာ ဂ်ဳံမႈန႔္မ်ိဳးကို trading house တြင္လည္း ဝယ္ယူႏိုင္သည္။ ဆယ္ယြမ္တည္းႏွင့္ ဂ်ဳံအိတ္ ကိုးဆယ့္ကိုးအိတ္ ဝယ္ႏိုင္သည္။

မိတ္ဆက္စာထဲတြင္ ဂ်ဳံတစ္အိတ္လွ်င္ အေလးခ်ိန္ ဆယ္ဂ်င္ပါသည္။ ဂ်ဳံမႈန႔္သည္ ယေန႔ကမာၻတြင္ စားသုံးသင့္သည့္ အစားအေသာက္အျဖစ္ သတ္မွတ္ထားဆဲျဖစ္သည္။

သူတို႔သည္ ေသျခင္းရွင္ျခင္းကို အတူတူျဖတ္ေက်ာ္ခဲ့ၾကၿပီး တစ္ေယာက္ႏွင့္တစ္ေယာက္ အသက္ေပး၍ ယုံၾကည္ၾကသည္။ သူႏွင့္ သိခဲ့ရသည္မွာ မၾကေသးေသာ ဤအဖြဲ႕သားမ်ားကို မေလ်ာ္ကန္ေသာ လူတစ္စုအျဖစ္သာ စဥ္းစားထားေသာ က်န္းက်ိရင္အတြက္ သူတို႔၏ ယုံၾကည္ေလးစားမႈအျပည့္ႏွင့္ "ကပၸတိန္" ဟု အေခၚခံရသည့္အခ်ိန္တိုင္း ေနာင္တရေနမိသည္။

သူတို႔၏ ဘဝမ်ားကို တိုးတက္ေအာင္ လုပ္ေပးရန္ ဆုံးျဖတ္လိုက္သည္။ သို႔ေသာ္ ဘယ္ကစရမွန္းေတာ့ သူမသိေသး။ လြန္လြန္ကဲကဲ လုပ္မိျပန္လွ်င္လည္း သံသယမ်ားကို လႈံ႕ေဆာ္ေပးၿပီး ကိုယ့္ရႉးကိုယ္ ျပန္ပတ္သြားမွာကို ေၾကာက္မိသည္။

အေတြးထဲ ေမ်ာေနစည္ ေခါင္းေဆာင္ေရာက္လာၿပီး က်န္းက်ိရင္ကို တိတ္တိတ္ေလး ပုခုံးပုတ္၍ အျပင္သို႔ ေခၚထုတ္လာသည္။ ေခါင္းေဆာင္သည္ တစ္စုံတစ္ခုကို ေျပာခ်င္ေနဟန္ျဖင့္ လက္ဝါးခ်င္းပြတ္ေနကာ

"ေရွာင္က်န္းအာ.... ဒါေတြအားလုံး မင္းကိုပဲ ေက်းဇူးတင္ရမွာပါ.... အျမဳေတေတြ ခြဲေပးရင္.... အမ္း ခြဲေပးတာကို ငါမင္းနဲ႔ ေဆြးေႏြးခ်င္လို႔.... ငါးဆယ္ ငါးဆယ္ ခြဲလိုက္ၾကမလား"

"မင္းက တစ္ဝက္ယူ က်န္တဲ့အဖြဲ႕သားေတြကို က်န္တဲ့ တစ္ဝက္ခြဲေပးလိုက္ၾကမလား အခုလက္ရွိအခ်ိန္က မၿငိမ္းခ်မ္းဘူးေလ ေျမာက္ဘက္ပိုင္းမွာ ဇြန္ဘီေတြ ရွိေနတဲ့ လကၡဏာေတြ ျပေနတယ္....ေကာင္းၿပီေလ တကယ္လို႔ မင္းဒီလို မခြဲခ်င္ဘူးဆိုလည္း အဆင္ေျပ...."

က်န္းက်ိရင္မွာ ေခါင္းေဆာင္ကသူ႔ကို ဤအေၾကာင္းမ်ိဳး ေခၚေျပာလိမ့္မည္ ဟု မထင္ထားေပ။ သူငယ္ငယ္ေလးကတည္းက သင္ယူခဲ့ရေသာ အသိပညာမ်ားတြင္ "မုန္တိုင္းၿပီးမွ ေလေျပလာတယ္"၊ "ကိုယ့္ကိုယ္ကို ထူးျခားတယ္လို႔ မေတြးရဘူး" ႏွင့္ "ေကာင္းတာလုပ္ၿပီးရင္ နာမည္ခ်န္မထားခဲ့နဲ႔" ....

ဤသို႔ အထူးတလွယ္ျဖင့္ လုပ္ရသည္ဆိုၿပီး အက်ိဳးအျမတ္မ်ား လက္ဝါးႀကီးအုပ္ရန္ ဘယ္တုန္းကမွ မစဥ္းစားထားခဲ့ပါ။ သို႔ေသာ္ က်န္းက်ိရင္မွာ သူ႔ကိုယ္သူကုမၸဏီတစ္ခု၏ စီအီးအိုတစ္ေယာက္ႏွင့္ တူေနသလိုျဖစ္ေနသည္ကို သတိျပဳမိသြားသည္။ ေခါင္းေဆာင္က သူ႔ကို သာမန္အလုပ္သမားမ်ားထက္ လစာပိုေပး၍ အလုပ္တြင္ၿမဲေနေအာင္ ကမ္းလွမ္းရန္ ႀကိဳးစားေနသည္ကို သိလိုက္၏။

ဤအေျဖကို ေတြးမိၿပီး က်န္းက်ိရင္ စိတ္ေအးသြားသည္။ က်န္းက်ိရင္က ေမးလိုက္သည္။

"ေခါင္းေဆာင္ ကပၸတိန္လုပ္တုန္းကေရာ ဘယ္လိုမ်ိဳးခြဲေဝတာလဲဗ်"

"၁၇၂"

ေခါင္းေဆာင္က ႏုးညံ့စြာေျပာသည္။ ဆိုလိုသည္မွာ တစ္ဆယ္ရာခိုင္ႏႈန္းမွာ သူ႔အတြက္ျဖစ္ၿပီး ခုႏွစ္ဆဠ္ရာခိုင္ႏႈန္းမွာ အဖြဲ႕သားမ်ားအား ခြဲေပးကာ က်န္သည့္ ႏွစ္ဆယ္ရာခိုင္ႏႈန္းကို အေျခစိုက္စခန္းတြင္ ကင္းေစာင့္ရန္ ေနခဲ့သူမ်ားအား ခြဲေပးသည္။

"ဒါဆိုလည္း အဲဒီတုန္းကလိုပဲ ခြဲၾကမယ္ေလ"

က်န္းက်ိရင္ ေျပာေျပာဆိုဆိုျဖင့္ ေခါင္းေဆာင္၏ .......... လက္ေမာင္းကို ဦးေအာင္ပုတ္လိုက္ကာ လွည့္ထြက္သြားေတာ့သည္။ တကယ္ေတာ့ သူသည္ ေခါင္းေဆာင္၏ ပုခုံးကို ပုတ္ေပးခ်င္ခဲ့ျခင္း ျဖစ္သည္။ သို႔ေသာ္ ေခါင္းေဆာင္က သူ႔ထက္အရပ္ပိုရွည္ေနေလရာ မလုပ္ႏိုင္ခဲ့ေပ။

ကုမၸဏီက အခုမွ စတင္ထူေထာင္ဆဲကာလတြင္သာ ရွိေသးကာ ရန္ပုံေငြကလည္း လစ္လပ္ေနေသးသည္။ သူသည္လည္း ကုမၸဏီႏွင့္အတူ အသားတက် တိုးတက္လာဖို႔ ဆုံးျဖတ္လိုက္သည္။ ဤသို႔ ေတြးၿပီးေနာက္ က်န္းက်ိရင္မွာ သူ႔အေတြးတို႔အား အလြန္ေကာင္းသည္ဟု ခံစားမိခဲ့သည္။

တာ့ေတာက္ကို သတိထားဖို႔ ေျပာခဲ့ေသာ္လည္း ေခါင္းေဆာင္ထံမွ ထြက္လာၿပီးေနာက္တြင္ သူ႔စကားမ်ားသူ လုံးလုံးေမ့သြားကာ အခန္းဆီသို႔ တန္းတန္းမတ္မတ္ ျပန္သြားမိေလေတာ့သည္။
23 04
အခန္းထဲတြင္ တစ္ရက္တာ အက်ဥ္းခ်ထားခံခဲ့ရေသာ ယင္ေရွာက္ရွန္းေလးသည္ သူ႔ကို ဝမ္းနည္းညႇိဳးငယ္စြာ ၾကည့္ေနေလသည္။ ကေလးသည္ ငိုေနဟန္ျဖင့္ ေအာ္ေနၿပီး က်န္းက်ိရင္မ်က္ႏွာကို ေရခဲခြၽန္မ်ားျဖင့္ပင္ ပစ္လိုက္ေသးသည္။ တစ္ေန႔လုံးအလြန္ပင္ပန္းေနခဲ့ေသာ က်န္းက်ိရင္မွာ ေကာင္ငယ္ေလးကို ဖြဖြေလး ေပြ႕လိုက္ၿပီး တင္ပါးကို ပုတ္္၍ ေခ်ာ့ရေလေတာ့သည္။

က်န္းက်ိရင္ကို ႏွာေခါင္းရႈံ႕ျပရင္း မေပ်ာ္မ႐ႊင္အမူအယာေလးလုပ္ထားေသးသည္။ အေခ်ာ့ခံရေသာ ယင္ေရွာက္ရွန္းေလးမွာ မ်က္ႏွာေလးက တျဖည္းျဖည္းရႈံ႕လာၿပီး စိတ္ဆိုးစြာ ေအာ္၍ ေနေတာ့သည္။ က်န္းက်ိရင္ကေတာ့ ဤကေလးေလး တစ္ေန႔လုံး အိမ္တြင္ထားခဲ့ခံရၿပီး လစ္လ်ဴရႈခံရေသာေၾကာင့္ စိတ္ဆိုးေနသည္ဟုသာ ထင္ေနခဲ့သည္။

က်န္းက်ိရင္ အိပ္ရာေပၚတြင္ လွဲလိုက္ၿပီး အိပ္ေပ်ာ္သြားသည္။

အနည္းငယ္ စိတ္ဆိုးေနေသးေသာ ယင္ေရွာက္ရွန္းေလးသည္ က်န္းက်ိရင္၏ လည္ပင္းနားထိ တက္သြား၍ ေကြးလိုက္သည္။ သူ႔ေခါင္းေလးကို က်န္းက်ိရင္ လည္ပင္းႏွင့္ ပြတ္သပ္လိုက္ေသးသည္။ က်န္းက်ိရင္ ေရွာက္ရွန္း၏ ေခါင္းေလးကို ပြတ္ေပးလိုက္ၿပီး အိပ္ေပ်ာ္သြားကာ ထပ္ၿပီး ေၾကာင္ကေလးကို အာ႐ုံမစိုက္ႏိုင္ေတာ့ေပ။ သူ႔လက္တို႔ကေတာ့ ေၾကာင္ကေလးကို ပုတ္ေပးေနဆဲျဖစ္ေလသည္။

က်န္းက်ိရင္ အိပ္မက္မက္သည္။

ဤကဲ့သို႔ အျဖစ္အပ်က္သည္ အလြန္ရွားပါးသည္။ အေၾကာင္းမွာ ဤကမာၻသည္ အိပ္မက္တစ္ခုသာ ျဖစ္သည္ကို မသိစိတ္မွ သိေနေသာေၾကာင့္ျဖစ္သည္။ အိပ္မက္ထဲတြင္ အိပ္မက္မက္ႏိုင္သလား မသိေသာ္လည္း သူကေတာ့ ကကယ္ကို အိပ္မက္မက္ေနသည္။ အိပ္မက္၏ အစက သူ၏ ကေလးဘဝမွ မွတ္ဉာဏ္မ်ားျဖင့္ စတင္သည္။ ေက်ာင္းၿပီးသြားၿပီး အဘိုးအဘြားမ်ားႏွင့္ ညစာစားသည္။ သူတို႔ အတူတူ တီဗီၾကည့္ၾကသည္။ စကားထိုင္ေျပာၾကသည္။

ထို႔ေနာက္တြင္ ျမင္ကြင္းတို႔က ႐ုတ္တရက္ဆန္စြာ ေျပာင္းလဲသြားသည္။ အဘိုးႏွင့္ အဘြားတို႔ ေပ်ာက္ကြယ္သြာသည္။ သူသည္ ဘာမွမရွိေသာ ႐ိုးရွင္းေသာ အခန္းတစ္ခန္းထဲ ေရာက္ေနသည္။ ေဘးဘီကို လိုက္ၾကည့္ေသာ္လည္း မည္သူကမွ မရွိေန။ သို႔ႏွင့္ တံခါးကို တြန္းဖြင့္လိုက္ၿပီး ထြက္သြားခဲ့သည္။ ေကာ္ရစ္ဒါတြင္ မတ္တပ္ရပ္ေနရင္း ေအာက္ထပ္တြင္ လူတစ္ေယာက္ကို ျမင္လိုက္သည္။

ထိုလူက သူ႔ကို ေနာက္ေက်ာေပးထားၿပီး ထိုသူ၏ အျဖဴေရာင္ေက်ာျပင္ႏွင့္ မည္းနက္ေနေသာ ဆံပင္တိုတိုကိုသာ ျမင္ရသည္။ သို႔ေသာ္ က်န္းက်ိရင္ စိတ္ထဲက အလိုေလ်ာက္ပင္ ထိုလူ မည္သူျဖစ္သည္ကို သိေနသည္။ အၿပဳံးေရးေရးေလး ျဖစ္တည္လာၿပီး ထိုလူရွိရာသို႔ ညင္သာစြာ ေလွ်ာက္လွမ္းသြား.....

အိပ္မေပ်ာ္ေသးေသာ ယင္ေရွာက္ရွန္းသည္ ႐ုတ္တရက္ မ်က္ဝန္းမ်ားက သတိႀကီးစြာ စူးစိုက္ၾကည့္ဟန္ ေပၚလာသည္။ အေမွာင္ထဲတြင္ ေၾကာင္ငယ္ေလး၏ ေရခဲျပာေရာင္မ်က္ဝန္းမ်ားက ထူးျခားစြာ ေတာက္ပေနသည္။ ေၾကာင္ငယ္ေလးသည္ က်န္းက်ိရင္ ႐ုတ္တရက္ ထထိုင္လိုက္ကာ အိပ္ရာေပၚမွထ၍ ကုတင္ေအာက္ဆင္းသြားသည္ကို ျမင္လိုက္ရသည္။

ေၾကာင္ငယ္ေလးသည္ က်န္းက်ိရင္ ဆက္၍ မလႈပ္ရွားႏိုင္ေစရန္ ေျပးကိုက္၍ တားဖို႔လုပ္သည္။ သို႔ေသာ္ အင္အားကမမွ်။ က်န္းက်ိရင္မွာ ေၾကာင္ငယ္ေလး၏ တည္ရွိမႈကို လုံးလုံးမခံစားရပုံျဖင့္ တံခါးဆီသို႔ တည့္တည့္ေလွ်ာက္သြားသည္။

"ေအာင္းဝ္"

က်န္းက်ိရင္၏ လက္ေမာင္းကို တြယ္ကုတ္ထားေသာ ယင္ေရွာက္ရွန္းေလးသည္ သြားေလးျဖင့္ ခဲဟန္ျပဳ၍ တားေသာ္လည္း ႐ုတ္တရက္ အားေကာင္းလြန္းၿပီး လႊမ္းမိုးႏိုင္စြမ္းႀကီးလွေသာ စိတ္စြမ္းအားတစ္ခုကို ခံစားမိလိုက္၏။ ဤစြမ္းအားသည္ အလြန္ရင္းႏွီးေနေသာ ဘုရင္တစ္ပါး၏ အရွိန္အဝါႏွင့္ ဆင္လွသည္။ ယခင္က က်န္းက်ိရင္ကို ခ်ိတ္ဆက္လာဖူးသည့္ ႐ြံရွာဖြယ္ရာ စိတ္စြမ္းအားႏွင့္ေတာ့ ကြာျခားလြန္းလွသည္။

တကယ္ေတာ့ လုံးဝ ႏႈိင္းယွဥ္စရာမရွိတာပင္။

ယင္ေရွာက္ရွန္းေလးမွာ စိတ္စြမ္းအားအေၾကာင္းေတြးမိသြားၿပီး ေခါင္းေသးေသးက ေဘးသို႔ ေစာင္းက်သြားသည္။ က်ိရင္၏ အက်ႌကို ကိုက္ထားေသာ ပါးစပ္ကေလးက လြတ္သြားၿပီး က်န္းက်ိရင္ကို အပူအပင္ကင္းကင္း ထားခဲ့၍ အိပ္ရာေပၚသို႔ ျပန္ေရာက္သြားက အိပ္ေမာက်သြားေလေတာ့သည္။

တစ္ခ်ိန္တည္းမွာပင္ အေျခစိုက္စခန္းမွ တစ္ဦးတည္းေသာ စိတ္စြမ္းအားရွင္ ျဖစ္သည့္ ေရွာင္က်င္းသည္လည္း ႐ုတ္တရက္ေပၚလာေသာ စိတ္စြမ္းအားအရွိန္အဝါေၾကာင့္ ႏိုးလာေတာ့သည္။ မည္သည့္ကြာျခားမႈကိုမွ မခံစားရေသာ္ျငား ေရရာေသာ အေၾကာင္းျပခ်က္တို႔ မရွိပါဘဲ လန႔္သြားရသည္။

သူ႔ေဘးမွ အိပ္ရာကို လွည့္ၾကည့္လိုက္ေတာ့ လန႔္႐ုံမက ေၾကာက္လြန္းလို႔ တုန္သြားရေတာ့သည္။

"အစ္ကိုေတာက္"

ေရွာင္က်င္း အက်ယ္ႀကီး ေအာ္လိုက္မိေသာ္လည္း မည္သူကမွ ျပန္မေျဖခဲ့ေပ။
23 05
အခန္းတစ္ခုလုံး ေမွာင္မည္းေနၿပီး မည္သူမွ မရွိေတာ့ဘဲ သူတစ္ေယာက္တည္းသာ ရွိေတာ့သည္။ တစ္စုံတစ္ခု မေတာ္တဆ ျဖစ္လာမည္ကို ေၾကာက္၍ ဤအခန္းသို႔ လာအိပ္ေသာ တာ့ေတာက္ မည္သည့္အခ်ိန္က ေပ်ာက္သြားသည္ကို သူလုံးဝ မသိလိုက္ေပ။

.....................................

T/N: ေရွာက္ရွန္းေလးက စိတ္ေအးၿပီး အိပ္ေပ်ာ္သြားတာပါတဲ့ ယူႏိုးဟူး.....

Continue Reading

You'll Also Like

156K 9.9K 50
"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស...
748K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
3.2K 106 30
လက်တွေ့လူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတ...