Zergဘုရင်လေး

By Phyomyatsoe

9.1K 1.5K 26

Bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More

Description
အခန်း(၁.၁)
အခန်း(၁.၂)
အခန်း(၂.၁)
အခန်း(၂.၂)
အခန်း(၃.၁)
အခန်း(၃.၂)
အခန်း(၄.၁)
အခန်း(၄.၂)
အခန်း(၄.၃)
အခန်း(၅.၁)
အခန်း(၅.၂)
အခန်း(၆)
အခန်း(၇.၁)
အခန်း(၇.၂)
၈.၂
၉.၁
၉.၂
၁၀.၁
၁၀.၂
၁၀.၃
၁၁.၁
၁၁.၂
၁၁.၃
၁၂.၁
၁၂.၂
၁၃.၁
၁၃.၂
၁၄.၂
၁၅

၁၄

89 7 3
By Phyomyatsoe

အခန်း(၁၄)

တူဆာကောင်စီ၏ဆုံးဖြတ်ချက်အောက်မှာ ကုဟိုင်ကို တူဆာကို ခေါ်ဆောင်လာခဲ့တဲ့သတင်းဟာ တူဆာကတစ်ဆင့်ပြန့်သွားတယ်။ပြောရရင် ဒီသတင်းက တူဆာသာမဟုတ်ဘူး။ဒါက အခြားဂြိုဟ်တွေပေါ်မှာတည်ရှိသည့် ပထမတပ်မတော်တစ်ခုလုံးဖြစ်တယ်။ဇာ့ဂ်စစ်သားတွေက ဒီသတင်းကိုကြားတော့ တူဆာကို အပြေးပြန်လာချင်ကြတယ်။

ဒီအချိန်တိုလေးအတွင်းမှာ တူဆာလေဆိပ်သည် မကြုံစဖူးစိတ်လှုပ်ရှားဖွယ်အခြေအနေကို ရောက်ရှိနေတယ်။ယုလုစစ်သင်္ဘောအစုလိုက်အပြုံလိုက် ရောက်ရှိနေပြီး ကြီးမားသည့်လေဆိပ်ကတောင် အနည်းငယ်ပြည့်ကျပ်နေတယ်။

ဇာ့ဂ်တွေ၏သိသာထင်ရှားသောလှုပ်ရှားမှုသည် အခြားသောကြယ်တာရာမျိုးနွယ်စု အများအပြား၏အာရုံကို ဆွဲဆောင်နေတယ်။ဇာ့ဂ်တွေပိုင်တဲ့ဂလက်စီအများစုကို တက်ကြွစွာ ချဉ်းကပ်သည့်မျိုးနွယ်စုမရှိသော်လည်းဘဲ ဒါက သူတို့က ဇာ့ဂ်တွေ၏လှုပ်ရှားမှုကို အာရုံမစိုက်နေဘူးဟု မဆိုလိုဘူး။

ဘာကြောင့်များ များပြားလှတဲ့စစ်သင်္ဘောတွေက တူဆာမှာစုရုံးနေတာလဲ?ပထမတပ်မတော်က မျိုးနွယ်တစ်စုနှင့် စစ်တိုက်ရန် ကြိုတင်ပြင်ဆင်နေတာလား?ဒီလိုပြောင်းလဲမှုက ပဟေဠိဖြစ်စရာကောင်းပြီး ဇာ့ဂ်တပ်မတော်က ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သိတဲ့မျိုးနွယ်တွေ၏ နိုးကြားမှုကို မြင့်တက်စေတယ်။

တကယ်တော့ ဒီဇာ့ဂ်စစ်သားတွေက သူတို့ဘုရင်ကိုတွေ့ဖို့ရာ မစောင့်နိုင်တာကြောင့် တူဆာကို အပြေးလာကြတာဖြစ်တယ်။သူတို့ တူဆာကို လာခဲ့ရတာက သူတို့ဘုရင်နှင့် တူညီသည့်ဂြိုဟ်တစ်ခုတည်းတွင် နေထိုင်နိုင်ဖို့ မျှော်လင့်နေတာကြောင့်ဖြစ်တယ်။

"အရင်ကမှတ်တမ်းတင်ထားတဲ့ဗီဒီယိုကို စစ်သားတွေရဲ့တာမီနယ်မှာ ပြသဖို့ ခွင့်ပြုပေးနိုင်ပါမလား...အရှင်"

ကုဟိုင်၏ဘေးမှာရပ်နေတဲ့ စစ်ဦးစီးချုပ်က မေးလိုက်တယ် "ကျွန်တော်တို့အားလုံးက အရှင့်ကိုမြင်ချင်နေကြပြီး အမြန်ဆုံးနည်းလမ်းက ဗီဒီယိုဖွင့်လိုက်တာဘဲ"

မှတ်တမ်းတင်ထားတဲ့ဗီဒီယိုအကြောင်းပြောတာနှင့် ကုဟိုင်က မနေ့တုန်းက အဖြစ်အပျက်ကို သတိရသွားပြီး သူ့မျက်ခွံတွေက တွန့်သွားတယ်။ပိုမိုများပြားတဲ့ဇာ့ဂ်တွေက သူနို့သောက်နေတဲ့ဗီဒီယိုကို ကြည့်ကြတော့မည်...

သို့သော်လည်းဘဲ ဒီဇာ့ဂ်စစ်သားတွေက သူ တူဆာမှာရှိနေတာကို သိတာကြောင့်သာလျှင် အပြေးလာခဲ့ကြတာဖြစ်တယ်။ဒါ့ကြောင့် ကုဟိုင်က သဘောမတူခင် ခဏလောက် စိုးရိမ်နေသေးပေမဲ့ ခေါင်းငြိမ့်လိုက်တယ်။

"ဗီဒီယိုကို မြင်တဲ့အခါ သူတို့ပျော်ရွှင်ကြလိမ့်မယ်"စစ်ဦးစီးချုပ်က မသိမသာအပြုံးလေးနှင့် ပြောလိုက်တယ်။ဒါက သူအခုလေးတင် သင်ယူလိုက်တဲ့ အမူအရာအသစ်တစ်ခုဖြစ်ပြီး သူက ဒါကိုအရမ်းမကျွမ်းကျင်သေးဘူး။

ပထမတပ်မတော်က ဇာ့ဂ်စစ်သည်တွေက မကြာခင်မှာတော့ သူတို့၏တာမီနယ်မှတစ်ဆင့် မှတ်တမ်းဗီဒီယိုကို လက်ခံရရှိခဲ့တယ်။ဇာ့ဂ်စစ်သည်တွေက ဗီဒီယိုထဲက အနက်ရောင်ဆံပင်နှင့်လူငယ်လေးစားနေတာကို ကြည့်ရှူကြတယ်။မှတ်တမ်းဗီဒီယိုကို ကြည့်ပြီးတာနှင့် ဇာ့ဂ်စစ်သည်တွေက ချက်ချင်းဘဲ ၎င်းကိုsaveထားလိုက်ပြီး ပျော်ရွှင်စွာ သူတို့ရဲ့ကိုယ်ပိုင်တာမီနယ်ပေါ်မှာ ၎င်းကို ကြည့်ရှူကြတယ်။

ကုဟိုင်က ဒီနေ့မနက်အစောကြီးနိုးလာပြီး မနက်စာအတွက် နို့ခွက်တစ်ဝက်ကို သောက်ခဲ့တယ်။နောက်တော့ သူက သူ့ဘေးမှာထိုင်နေတဲ့ အဲလ်ဗတ်နှင့် စကားပြောနေတယ် "ကျွန်တော် တူဆာကြယ်ရဲ့အသေးစိတ်သွင်ပြင်ကို မသိဘူး။ခင်ဗျား ကျွန့်တော်ကို လည်ပတ်ဖို့ ခေါ်ဆောင်သွားနိုင်မလား?"

ငွေရောင်ဆံပင်နှင့်ဇာ့ဂ်က တူဆာကို ပြန်ရောက်လာပြီးနောက် အစိုးရရေးရာကိစ္စအရပ်ရပ်ကို စစ်ဦးစီးချုပ်ထံတွင်သာ ပုံချထားဆဲဖြစ်ပေမဲ့ မငြင်းဆန်ဘဲ အေးစက်တဲ့အသံနှင့်ပြောလိုက်တယ် "မင်း အရင်ဆုံး ဘယ်နေရာကို သွားကြည့်ချင်လဲ?"

"ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်"ကုဟိုင်က ဒီအကြောင်းကိုတွေးပြီး ပြန်ဖြေလိုက်တယ်။

အပြင်ဘက်လေက မနေ့တုန်းကထက် ပိုအေးပုံရတယ်။ကုဟိုင်က နောက်လိုက်တာ့ခ်ဇာ့ဂ်အုပ်စုတစ်စုနှင့်အတူ အဆောက်အဦးအပြင်ဘက်ကို ထွက်လာခဲ့တယ်။

အဲလ်ဗတ်က ကုဟိုင်ကို နေရာအများအပြားကို လည်ပတ်ဖို့ခေါ်ဆောင်သွားတယ်။ပထမဆုံးနေရာက သူတို့အရင်က ရောက်ခဲ့တဲ့ တပ်မတော်အဆောက်အဦးဖြစ်တယ်။ကုဟိုင်က သူဒီမှာရှိနေတာက ရုံးအပေါ်အများကြီးသက်ရောက်မှုရှိတာကို တွေ့ရတယ်။အဆင့်မြင့်ဇာ့ဂ်တွေက သူရှိနေတာနှင့် ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်တော့တာကြောင့် သူက နေရာပြောင်းရန်သာ ဦးစွာလုပ်ဆောင်ခဲ့တယ်။

နောက်တော့ သူတို့က မက်ခါတည်ဆောက်ရာစက်ရုံကို သွားလည်ကြတယ်။ကုဟိုင်က စိတ်ကူးသက်သက်သာ ထင်ခဲ့တဲ့ဒီမက်ခါတွေကို စက္ကန့်အနည်းငယ်လောက် မျက်တောင်မခတ်ဘဲ ကြည့်မိတယ်။သူ့အပြုအမူကြောင့် သော့ပုံသဏ္ဍာန်ရှိသည့် ငွေသတ္ထုအပိုင်းစတစ်ခုကို ရရှိခဲ့တယ်။

"ဒါက ဘာလဲ?"ကုဟိုင်က မျက်တောင်ခတ်လိုက်ပြီး သူ့လက်ထဲကို သော့ထည့်ပေးလာသည့် ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ကို မေးလိုက်တယ်။

"စက်ခလုတ်တစ်ခု"အဲလ်ဗတ်က ပြန်ဖြေလိုက်ပြီး ထပ်ပေါင်းပြောလိုက်တယ် "မင်းကြည့်နေတဲ့တစ်ခုထက် စွမ်းဆောင်ရည်ပိုကောင်းတယ်"

ဒါက အခြားလက်ဆောင်တစ်ခုဖြစ်တယ်။ကုဟိုင်က ဒီလိုတွေးမိတာနှင့် သူ့ဘေးက အမူအရာကင်းမဲ့နေတဲ့ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ကိုကြည့်မိတယ်။သူ့မျက်နှာပေါ်မှာ အေးစက်တဲ့ဆီးနှင်းလွှာတစ်ထပ် ရှိနေပြီး ရပ်နေရုံဖြင့် လူတွေကို မာနကြီးလျစ်လျူရှူသလိုခံစားရစေတယ်။

ထိုကဲ့သို့အေးစက်တဲ့လေထုထဲတွင် ကုဟိုင်၏မျက်လုံးတွေက တစ်ဖက်လူ၏မျက်လုံးတွေကိုဖုံးထားသည့် အနက်ရောင်မျက်လုံးစည်းရှိရာကို အမှတ်တမဲ့ရွေ့လျားသွားတယ်။မတူညီသည့်စွမ်းရည်အဆင့်ပေါ်မူတည်ပြီး မျက်လုံးအရောင်တွေကွဲပြားကြတယ်။ကုဟိုင်၏လေ့လာတွေ့ရှိချက်ပေါ်အခြေခံရရင် သူသိတဲ့အဆင့်နိမ့်ဇာ့ဂ်တွေမှာ နီမြန်းသည့်ဒေါင်လိုက်မျက်ဆံရှိပြီး ဘီတာအဆင့်ဇာ့ဂ်တွေမှာ ပယင်းရောင်မျက်လုံးတွေရှိပြီး အဲလ်ဖာအဆင့်ဇာ့ဂ်တွေကတော့...

ကုဟိုင်က မနေ့က ဆက်သွယ်ရေးမျက်နှာပြင်ပေါ်မှတစ်ဆင့်မြင်ခဲ့ရဲ့ရွှေရောင်ဒေါင်လိုက်မျက်ဆံတွေကို ပြန်တွေးကြည့်ပြီး အဲလ်ဗတ်ကို စိုက်ကြည့်ပြီး "ခင်ဗျားမှာ ကမ်ပါလီယာလိုမျိုး ရွှေရောင်မျက်လုံးတွေရှိတာလား?"

ကုဟိုင် ဒီမေးခွန်းကို မေးလိုက်တာနှင့် အဲလ်ဗတ်က လူငယ်လေးကို အနည်းငယ်ဦးညွှတ်လိုက်ပြီး အသံတိုးတိုးနှင့်ပြန်ဖြေတယ် "ဟုတ်တယ်"

ရွှေရောင်မျက်ဝန်းတွေ...

သူတို့ကို အနက်ရောင်အလွှာတစ်ခုနှင့် ပိုင်းခြားထားပေမဲ့ ကုဟိုင်က ၎င်းတို့ကို စိတ်ကူးမိတယ်။သူက သူ့ဦးနှောက်က ၎င်းကို စိတ်ကူးကြည့်ဖို့ရာ မပြည့်စုံဘူးဟု ခံစားရပြီး တစ်ဖက်လူရဲ့မျက်လုံးတွေက ဒီထက်ပိုလှသင့်တယ်။

"သူတို့က လှနေရမယ်"ကုဟိုင်က သူတို့ကို မမြင်ဖူးပေမဲ့ သူချီးကျူးတဲ့အခါ သူ့မျက်ဝန်းထောင့်တွေက ကွေးနေတယ်။

ကုဟိုင်က ဒီလိုပြောလိုက်တဲ့အချိန်မှာ တစ်ဖက်လူရဲ့နောက်ရှိငွေခိုးရောင်အမြီးက လှုပ်သွားတာကို ဖျက်ခနဲမြင်လိုက်ရပြီး အဲလ်ဗတ်ပြောတာကို ကြားလိုက်ရတယ် "ငါ မင်းကိုမြင်ချင်တယ်"

ဒါက ကြေငြာစာတန်းတစ်ခုကဲ့သို့ပင်။အဲလ်ဗတ်၏အေးစက်ပြီးငြိမ်သက်သည့်အသံကနေ ခံစားချက်အကြောင်းပြောသံကို ကြားရရန် ခက်ခဲတာကြောင့် ဒီလိုတိုက်ရိုက်ဆန်ပြီး မမျှော်လင့်ထားတဲ့စကားက သူ့ကို အံ့အားသင့်စေတယ်။ကုဟိုင်က ဘာမျှမပြောရသေးခင်မှာဘဲ သူက အဲလ်ဗတ်ထပ်ပြောတာကို ကြားလိုက်ရတယ် "မင်းက မျက်လုံးစည်းထားရင်းနဲ့အရာရာတိုင်းကို အတော်လေးတိတ်ဆိတ်သွားတယ်လို့ ခံစားရအောင်လုပ်ဆောင်ပေးတယ်။ငါ ထိန်းချုပ်မှုမလွတ်သွားသင့်ဘူး"

ဒီစာကြောင်းနှစ်ကြောင်းကြား ခြားနားမှုပေါ်မူတည်ပြီး ကုဟိုင်က ဒီငွေရောင်ဆံပင်နှင့်ဇာ့ဂ်က သူ့ကိုမြင်ချင်တဲ့ဆန္ဒရှိကြောင်း ဖော်ပြတာမှန်း နားလည်လိုက်တယ်။

သူ့ရဲ့တည်ရှိမှုက တစ်ဖက်လူ၏တည်ငြိမ်မှုကို သက်ရောက်မှုရှိပုံရသော်လည်း ယင်းတည်ငြိမ်မှုက ဘယ်လောက်ထိသက်ရောက်မှုရှိသည်ကိုတော့ မသိသေးပေ။အဲလ်ဗတ်က မျက်လုံးစည်းကိုမဖယ်လိုက်တာက သူ့မထိန်းချုပ်နိုင်တော့ဘဲ ကုဟိုင်ကို နာကျင်စေနိုင်တာကြောင့်ဖြစ်နိုင်တယ်။

"အခြေအနေကို စောင့်ကြည့်ရုံနဲ့တော့ ချည်ထားတာက မဖြစ်သင့်ဘူးမလား?"ကုဟိုင်က တွေးကြည့်ပြီးတော့ ပြောလိုက်တယ်။

ကုဟိုင်အပေါ် အဲလ်ဗတ်၏စိတ်ပိုင်းဆိုင်ရာ ခံယူချက်သည် အခြားဇာ့ဂ်တွေကဲ့သို့ တိကျရှင်းလင်းပြတ်သားခြင်းမရှိပေ။သူက အဲလ်ဗတ်အနားမှာရှိနေတဲ့အချိန်မှာ အဲလ်ဗတ်က သူပြောခဲ့တဲ့စိတ်ပိုင်းဆိုင်ရာဖိနှိပ်ချုပ်ချယ်မှုတွေနှင့် နာကျင်မှုတွေ မရှိဘူးလို့ သူခံစားရတယ်။ဒီလိုတည်ငြိမ်စေမှုကြောင့် ကုဟိုင်က တစ်ဖက်လူကို သာမန်ကမ္ဘာကြီးကို မြင်နိုင်အောင် ကူညီပေးနိုင်လိမ့်မည်ဟု ခံစားရတယ်။

ကုဟိုင်က သူ့စကားဆုံးသွားတာနှင့် သူ့ဘေးက ငွေရောင်ဆံပင်နှင့်ဇာ့ဂ်၏အမူအရာပြောင်းလဲသွားတာကို မြင်ရတယ်။အဲလ်ဗတ်က ဘာမှမပြောပေမဲ့ ကုဟိုင်က ဒါက ငြင်းပယ်မှုတစ်ခုဆိုတာ သိတယ်။စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ အဲလ်ဗတ်က သူ့ကိုပြောလာတယ် "တကယ်လို့ငါထိန်းချုပ်မှုလွတ်သွားရင် တစ်စက္ကန့်ထက်နည်းတဲ့အချိန်အတွင်း မင်းကိုသတ်မိသွားလိမ့်မယ်"

လည်ပင်းချိုးလိုက်တာ သို့မဟုတ် အရေပြားကိုလှီးဖြတ်လိုက်တာမျိုးနှင့် ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်တာခြင်းမျိုးက လွယ်ကူလှတယ်။ဒီလိုအားနည်းချက်မျိုးက ဘယ်လိုကာကွယ်ရမယ်ဆိုတာ မသင်ယူဖူးတဲ့ အဲလ်ဗတ်အတွက် ပဟေဠိတစ်ခုသာဖြစ်တယ်။ဒါက စစ်မြေပြင်အတွင်း ဖျက်ဆီးခြင်းနှင့် အလွန်ကိုခြားနားသည့်ဘာသာရပ်တစ်ခုဖြစ်ပြီး အဲလ်ဗတ်အတွက် ပို၍ခက်ခဲတာရှင်းလင်းတယ်။

ကုဟိုင်က သူ့ပါးကိုကုတ်လိုက်တယ်။သူက တစ်ဖက်လူရဲ့စိတ်ကို ပြောင်းလဲရန် အချိန်မဟုတ်သေးမှန်းသိတာကြောင့် သူက ရိုးရှင်းစွာဘဲ စကားလမ်းကြောင်းပြောင်းပြီး အဲလ်ဗတ်ကို သူ့ကို နောက်တစ်နေရာခေါ်သွားစေလိုက်တယ်။

သူတို့က နောက်ဆုံးမှာတော့ တူဆာ၏အမြင့်ဆုံးအဆောက်အဦးဖြစ်သည့် လေ့လာရေးမျှော်စင်ကို သွားခဲ့တယ်။၎င်းက အနက်ရောင်မျှော်စင်တစ်ခုဖြစ်ပြီး မီတာတစ်သောင်းကျော်မြင့်တယ်။ကုဟိုင်က မျှော်စင်ထပ်မှာရပ်ကာ တူဆာကို လှမ်းကြည့်လိုက်တယ်။သူ့မျက်လုံးထဲမှာ အနက်ရောင် အဖြူရောင် မီးခိုးရောင် သုံးရောင်သာမြင်ရတယ်။

၎င်းက အလွန့်ကို သိပ္ပံနည်းကျပြီး နည်းပညာရှိသော်လည်းဘဲ ကြည့်ရတာ ငြီးငွေ့ဖွယ်ကောင်းပြီး အေးစက်တယ်။အဆောက်အဦးတွေအရောင်က ဒီသုံးရောင်ထဲက တစ်မျိုးသာဖြစ်ပြီး အစိမ်းရောင်သစ်ပင်တွေနှင့်ပန်းတွေကို မမြင်နိုင်ပေ။

"တူဆာပေါ်မှာ ဒီလိုသစ်ပင်မျိုးစိတ်တွေဘဲရှိတာလား?"ကုဟိုင်က သစ်ပင်တွေကို ကြည့်လိုက်တယ်။သစ်ပင်တွေကလည်း အနက်ရောင်သာဖြစ်ပြီး သူ့ရှေ့ကရှူခင်းထဲမှာ အရောင်ပေါင်းစပ်ထားခြင်းမရှိပေ။

ဒီတမူသစ်ပင်တွေအကြောင်းပြောရရင် ကုဟိုင်က ဒီသစ်ပင်မျိုးကို စွန့်ပစ်ဂြိုဟ်ပေါ်မှာမြင်ဖူးတယ်။သူတို့အသီးသွားခူးတဲ့အချိန်တုန်းက ဒီအနက်ရောင်သစ်ပင်တွေကို မြင်ဖူးတယ်။

"တမူသစ်ပင်တွေက တူဆာရဲ့မြေဆီလွှာပတ်ဝန်းကျင်မှာ ရှင်သန်နိုင်တဲ့တစ်ခုတည်းသော အပင်ဖြစ်တယ်"အဲလ်ဗတ်က ပြန်ဖြေလိုက်တယ်။

ကုန်ကုန်ပြောရရင် ဒီသစ်ပင်တွေက မကြာခဏအက်ဆစ်မိုးရွာသွန်းတဲ့ စွန့်ပစ်ဂြိုဟ်ပေါ်မှာတောင် ပုံမှန်အတိုင်းရှင်သန်ကြီးထွားနိုင်တာဖြစ်တယ်။ကုဟိုင်က တမူသစ်ပင်၏ကပ်သတ်ရှင်သန်နိုင်စွမ်းကို တွေ့ကြုံပြီးဖြစ်တယ်။

"ပန်းတွေမရှိဘူးပေါ့။ငါ လမ်းတစ်လျှောက်မှာ သူတို့ကို မတွေ့တာ အံ့ဩစရာမဟုတ်တော့ဘူး"ကုဟိုင်က သူ့မေးကိုကိုင်ပြီး အနည်းငယ်နောင်တရသလိုပြောလိုက်တယ်။

သူ့ရဲ့နဂိုကမ္ဘာမှာတုန်းက ကုဟိုင်က ပန်းပင်တွေကိုပျိုးထောင်ရတာကို နှစ်သက်တယ်။ဒါက သူဇာတ်ညွန်းရေးရင်း တစ်ခါတစ်ရံမှာ ခေါင်းကိုက်တတ်တာကြောင့် သူ့ခန္ဓာကိုယ်နှင့်စိတ်အခြေအနေကို ထိန်းသိမ်းဖို့ရာ သူက ပန်းပင်တွေကို ပျိုးထောင်ခဲ့တယ်။

"ပန်းတွေလား?"အဲလ်ဗတ်က ဒီစကားလုံးကို ဖြေးဖြေးချင်းထပ်ပြောပြီး မေးလိုက်တယ် "ပန်းက ဘာလဲ?"

ကုဟိုင်က ပန်းတွေအကြောင်းမသိတဲ့ ငွေရောင်ဆံနှင့်ဇာ့ဂ်ကြောင့် အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်ပြီး "ခင်ဗျား ကျွန်တော်နဲ့စတွေ့တဲ့အချိန်တုန်းက ကျွန်တော့်ရှေ့မှာရှိတဲ့အဖြူရောင်နဲ့တစ်ခု..."

ပြောနေရင်းနှင့် ကုဟိုင်က တစ်ဖက်လူက မမြင်နိုင်မှန်း သတိရသွားပြီး သူ့စကားလုံးတွေကို အမြန်ပြောင်းလိုက်တယ် "အဲဒါက အလှဆင်အပင်တစ်မျိုးဖြစ်ပြီး မျိုးစိတ်အများစုက ကြည့်ရတာအရမ်းလှတယ်"

"တကယ်လို့တူဆာပေါ်မှာလည်း ပန်းတွေသာရှိရင်..."ကုဟိုင်က အဝေးကရှူခင်းကို ကြည့်ပြီး စိတ်ကူးမိတာနှင့် သူ့မျက်ဝန်းထောင့်တွေက ကွေးသွားတယ်။တကယ်လို့တူဆာပေါ်မှာသာ အရောင်သွေးစုံလင်တဲ့ပန်းတွေသာရှိရင် ဒီဂြိုဟ်က ပိုပြီးကောင်းလာလိမ့်မည်။

-------------

အခန္း(၁၄)

တူဆာေကာင္စီ၏ဆုံးျဖတ္ခ်က္ေအာက္မွာ ကုဟိုင္ကို တူဆာကို ေခၚေဆာင္လာခဲ့တဲ့သတင္းဟာ တူဆာကတစ္ဆင့္ျပန႔္သြားတယ္။ေျပာရရင္ ဒီသတင္းက တူဆာသာမဟုတ္ဘူး။ဒါက အျခားၿဂိဳဟ္ေတြေပၚမွာတည္ရွိသည့္ ပထမတပ္မေတာ္တစ္ခုလုံးျဖစ္တယ္။ဇာ့ဂ္စစ္သားေတြက ဒီသတင္းကိုၾကားေတာ့ တူဆာကို အေျပးျပန္လာခ်င္ၾကတယ္။

ဒီအခ်ိန္တိုေလးအတြင္းမွာ တူဆာေလဆိပ္သည္ မႀကဳံစဖူးစိတ္လႈပ္ရွားဖြယ္အေျခအေနကို ေရာက္ရွိေနတယ္။ယုလုစစ္သေဘၤာအစုလိုက္အၿပဳံလိုက္ ေရာက္ရွိေနၿပီး ႀကီးမားသည့္ေလဆိပ္ကေတာင္ အနည္းငယ္ျပည့္က်ပ္ေနတယ္။

ဇာ့ဂ္ေတြ၏သိသာထင္ရွားေသာလႈပ္ရွားမႈသည္ အျခားေသာၾကယ္တာရာမ်ိဳးႏြယ္စု အမ်ားအျပား၏အာ႐ုံကို ဆြဲေဆာင္ေနတယ္။ဇာ့ဂ္ေတြပိုင္တဲ့ဂလက္စီအမ်ားစုကို တက္ႂကြစြာ ခ်ဥ္းကပ္သည့္မ်ိဳးႏြယ္စုမရွိေသာ္လည္းဘဲ ဒါက သူတို႔က ဇာ့ဂ္ေတြ၏လႈပ္ရွားမႈကို အာ႐ုံမစိုက္ေနဘူးဟု မဆိုလိုဘူး။

ဘာေၾကာင့္မ်ား မ်ားျပားလွတဲ့စစ္သေဘၤာေတြက တူဆာမွာစု႐ုံးေနတာလဲ?ပထမတပ္မေတာ္က မ်ိဳးႏြယ္တစ္စုႏွင့္ စစ္တိုက္ရန္ ႀကိဳတင္ျပင္ဆင္ေနတာလား?ဒီလိုေျပာင္းလဲမႈက ပေဟဠိျဖစ္စရာေကာင္းၿပီး ဇာ့ဂ္တပ္မေတာ္က ဘယ္ေလာက္ေၾကာက္စရာေကာင္းလဲဆိုတာ သိတဲ့မ်ိဳးႏြယ္ေတြ၏ ႏိုးၾကားမႈကို ျမင့္တက္ေစတယ္။

တကယ္ေတာ့ ဒီဇာ့ဂ္စစ္သားေတြက သူတို႔ဘုရင္ကိုေတြ႕ဖို႔ရာ မေစာင့္ႏိုင္တာေၾကာင့္ တူဆာကို အေျပးလာၾကတာျဖစ္တယ္။သူတို႔ တူဆာကို လာခဲ့ရတာက သူတို႔ဘုရင္ႏွင့္ တူညီသည့္ၿဂိဳဟ္တစ္ခုတည္းတြင္ ေနထိုင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာေၾကာင့္ျဖစ္တယ္။

"အရင္ကမွတ္တမ္းတင္ထားတဲ့ဗီဒီယိုကို စစ္သားေတြရဲ႕တာမီနယ္မွာ ျပသဖို႔ ခြင့္ျပဳေပးႏိုင္ပါမလား...အရွင္"

ကုဟိုင္၏ေဘးမွာရပ္ေနတဲ့ စစ္ဦးစီးခ်ဳပ္က ေမးလိုက္တယ္ "ကြၽန္ေတာ္တို႔အားလုံးက အရွင့္ကိုျမင္ခ်င္ေနၾကၿပီး အျမန္ဆုံးနည္းလမ္းက ဗီဒီယိုဖြင့္လိုက္တာဘဲ"

မွတ္တမ္းတင္ထားတဲ့ဗီဒီယိုအေၾကာင္းေျပာတာႏွင့္ ကုဟိုင္က မေန႔တုန္းက အျဖစ္အပ်က္ကို သတိရသြားၿပီး သူ႔မ်က္ခြံေတြက တြန႔္သြားတယ္။ပိုမိုမ်ားျပားတဲ့ဇာ့ဂ္ေတြက သူႏို႔ေသာက္ေနတဲ့ဗီဒီယိုကို ၾကည့္ၾကေတာ့မည္...

သို႔ေသာ္လည္းဘဲ ဒီဇာ့ဂ္စစ္သားေတြက သူ တူဆာမွာရွိေနတာကို သိတာေၾကာင့္သာလွ်င္ အေျပးလာခဲ့ၾကတာျဖစ္တယ္။ဒါ့ေၾကာင့္ ကုဟိုင္က သေဘာမတူခင္ ခဏေလာက္ စိုးရိမ္ေနေသးေပမဲ့ ေခါင္းၿငိမ့္လိုက္တယ္။

"ဗီဒီယိုကို ျမင္တဲ့အခါ သူတို႔ေပ်ာ္႐ႊင္ၾကလိမ့္မယ္"စစ္ဦးစီးခ်ဳပ္က မသိမသာအၿပဳံးေလးႏွင့္ ေျပာလိုက္တယ္။ဒါက သူအခုေလးတင္ သင္ယူလိုက္တဲ့ အမူအရာအသစ္တစ္ခုျဖစ္ၿပီး သူက ဒါကိုအရမ္းမကြၽမ္းက်င္ေသးဘူး။

ပထမတပ္မေတာ္က ဇာ့ဂ္စစ္သည္ေတြက မၾကာခင္မွာေတာ့ သူတို႔၏တာမီနယ္မွတစ္ဆင့္ မွတ္တမ္းဗီဒီယိုကို လက္ခံရရွိခဲ့တယ္။ဇာ့ဂ္စစ္သည္ေတြက ဗီဒီယိုထဲက အနက္ေရာင္ဆံပင္ႏွင့္လူငယ္ေလးစားေနတာကို ၾကည့္ရွဴၾကတယ္။မွတ္တမ္းဗီဒီယိုကို ၾကည့္ၿပီးတာႏွင့္ ဇာ့ဂ္စစ္သည္ေတြက ခ်က္ခ်င္းဘဲ ၎ကိုsaveထားလိုက္ၿပီး ေပ်ာ္႐ႊင္စြာ သူတို႔ရဲ႕ကိုယ္ပိုင္တာမီနယ္ေပၚမွာ ၎ကို ၾကည့္ရွဴၾကတယ္။

ကုဟိုင္က ဒီေန႔မနက္အေစာႀကီးႏိုးလာၿပီး မနက္စာအတြက္ ႏို႔ခြက္တစ္ဝက္ကို ေသာက္ခဲ့တယ္။ေနာက္ေတာ့ သူက သူ႔ေဘးမွာထိုင္ေနတဲ့ အဲလ္ဗတ္ႏွင့္ စကားေျပာေနတယ္ "ကြၽန္ေတာ္ တူဆာၾကယ္ရဲ႕အေသးစိတ္သြင္ျပင္ကို မသိဘူး။ခင္ဗ်ား ကြၽန႔္ေတာ္ကို လည္ပတ္ဖို႔ ေခၚေဆာင္သြားႏိုင္မလား?"

ေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္က တူဆာကို ျပန္ေရာက္လာၿပီးေနာက္ အစိုးရေရးရာကိစၥအရပ္ရပ္ကို စစ္ဦးစီးခ်ဳပ္ထံတြင္သာ ပုံခ်ထားဆဲျဖစ္ေပမဲ့ မျငင္းဆန္ဘဲ ေအးစက္တဲ့အသံႏွင့္ေျပာလိုက္တယ္ "မင္း အရင္ဆုံး ဘယ္ေနရာကို သြားၾကည့္ခ်င္လဲ?"

"ဘယ္ေနရာျဖစ္ျဖစ္ အဆင္ေျပတယ္"ကုဟိုင္က ဒီအေၾကာင္းကိုေတြးၿပီး ျပန္ေျဖလိုက္တယ္။

အျပင္ဘက္ေလက မေန႔တုန္းကထက္ ပိုေအးပုံရတယ္။ကုဟိုင္က ေနာက္လိုက္တာ့ခ္ဇာ့ဂ္အုပ္စုတစ္စုႏွင့္အတူ အေဆာက္အဦးအျပင္ဘက္ကို ထြက္လာခဲ့တယ္။

အဲလ္ဗတ္က ကုဟိုင္ကို ေနရာအမ်ားအျပားကို လည္ပတ္ဖို႔ေခၚေဆာင္သြားတယ္။ပထမဆုံးေနရာက သူတို႔အရင္က ေရာက္ခဲ့တဲ့ တပ္မေတာ္အေဆာက္အဦးျဖစ္တယ္။ကုဟိုင္က သူဒီမွာရွိေနတာက ႐ုံးအေပၚအမ်ားႀကီးသက္ေရာက္မႈရွိတာကို ေတြ႕ရတယ္။အဆင့္ျမင့္ဇာ့ဂ္ေတြက သူရွိေနတာႏွင့္ ပုံမွန္အတိုင္း မလုပ္ေဆာင္ႏိုင္ေတာ့တာေၾကာင့္ သူက ေနရာေျပာင္းရန္သာ ဦးစြာလုပ္ေဆာင္ခဲ့တယ္။

ေနာက္ေတာ့ သူတို႔က မက္ခါတည္ေဆာက္ရာစက္႐ုံကို သြားလည္ၾကတယ္။ကုဟိုင္က စိတ္ကူးသက္သက္သာ ထင္ခဲ့တဲ့ဒီမက္ခါေတြကို စကၠန႔္အနည္းငယ္ေလာက္ မ်က္ေတာင္မခတ္ဘဲ ၾကည့္မိတယ္။သူ႔အျပဳအမူေၾကာင့္ ေသာ့ပုံသ႑ာန္ရွိသည့္ ေငြသတၳဳအပိုင္းစတစ္ခုကို ရရွိခဲ့တယ္။

"ဒါက ဘာလဲ?"ကုဟိုင္က မ်က္ေတာင္ခတ္လိုက္ၿပီး သူ႔လက္ထဲကို ေသာ့ထည့္ေပးလာသည့္ ေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္ကို ေမးလိုက္တယ္။

"စက္ခလုတ္တစ္ခု"အဲလ္ဗတ္က ျပန္ေျဖလိုက္ၿပီး ထပ္ေပါင္းေျပာလိုက္တယ္ "မင္းၾကည့္ေနတဲ့တစ္ခုထက္ စြမ္းေဆာင္ရည္ပိုေကာင္းတယ္"

ဒါက အျခားလက္ေဆာင္တစ္ခုျဖစ္တယ္။ကုဟိုင္က ဒီလိုေတြးမိတာႏွင့္ သူ႔ေဘးက အမူအရာကင္းမဲ့ေနတဲ့ေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္ကိုၾကည့္မိတယ္။သူ႔မ်က္ႏွာေပၚမွာ ေအးစက္တဲ့ဆီးႏွင္းလႊာတစ္ထပ္ ရွိေနၿပီး ရပ္ေန႐ုံျဖင့္ လူေတြကို မာနႀကီးလ်စ္လ်ဴရွဴသလိုခံစားရေစတယ္။

ထိုကဲ့သို႔ေအးစက္တဲ့ေလထုထဲတြင္ ကုဟိုင္၏မ်က္လုံးေတြက တစ္ဖက္လူ၏မ်က္လုံးေတြကိုဖုံးထားသည့္ အနက္ေရာင္မ်က္လုံးစည္းရွိရာကို အမွတ္တမဲ့ေ႐ြ႕လ်ားသြားတယ္။မတူညီသည့္စြမ္းရည္အဆင့္ေပၚမူတည္ၿပီး မ်က္လုံးအေရာင္ေတြကြဲျပားၾကတယ္။ကုဟိုင္၏ေလ့လာေတြ႕ရွိခ်က္ေပၚအေျခခံရရင္ သူသိတဲ့အဆင့္နိမ့္ဇာ့ဂ္ေတြမွာ နီျမန္းသည့္ေဒါင္လိုက္မ်က္ဆံရွိၿပီး ဘီတာအဆင့္ဇာ့ဂ္ေတြမွာ ပယင္းေရာင္မ်က္လုံးေတြရွိၿပီး အဲလ္ဖာအဆင့္ဇာ့ဂ္ေတြကေတာ့...

ကုဟိုင္က မေန႔က ဆက္သြယ္ေရးမ်က္ႏွာျပင္ေပၚမွတစ္ဆင့္ျမင္ခဲ့ရဲ႕ေ႐ႊေရာင္ေဒါင္လိုက္မ်က္ဆံေတြကို ျပန္ေတြးၾကည့္ၿပီး အဲလ္ဗတ္ကို စိုက္ၾကည့္ၿပီး "ခင္ဗ်ားမွာ ကမ္ပါလီယာလိုမ်ိဳး ေ႐ႊေရာင္မ်က္လုံးေတြရွိတာလား?"

ကုဟိုင္ ဒီေမးခြန္းကို ေမးလိုက္တာႏွင့္ အဲလ္ဗတ္က လူငယ္ေလးကို အနည္းငယ္ဦးၫႊတ္လိုက္ၿပီး အသံတိုးတိုးႏွင့္ျပန္ေျဖတယ္ "ဟုတ္တယ္"

ေ႐ႊေရာင္မ်က္ဝန္းေတြ...

သူတို႔ကို အနက္ေရာင္အလႊာတစ္ခုႏွင့္ ပိုင္းျခားထားေပမဲ့ ကုဟိုင္က ၎တို႔ကို စိတ္ကူးမိတယ္။သူက သူ႔ဦးေႏွာက္က ၎ကို စိတ္ကူးၾကည့္ဖို႔ရာ မျပည့္စုံဘူးဟု ခံစားရၿပီး တစ္ဖက္လူရဲ႕မ်က္လုံးေတြက ဒီထက္ပိုလွသင့္တယ္။

"သူတို႔က လွေနရမယ္"ကုဟိုင္က သူတို႔ကို မျမင္ဖူးေပမဲ့ သူခ်ီးက်ဴးတဲ့အခါ သူ႔မ်က္ဝန္းေထာင့္ေတြက ေကြးေနတယ္။

ကုဟိုင္က ဒီလိုေျပာလိုက္တဲ့အခ်ိန္မွာ တစ္ဖက္လူရဲ႕ေနာက္ရွိေငြခိုးေရာင္အၿမီးက လႈပ္သြားတာကို ဖ်က္ခနဲျမင္လိုက္ရၿပီး အဲလ္ဗတ္ေျပာတာကို ၾကားလိုက္ရတယ္ "ငါ မင္းကိုျမင္ခ်င္တယ္"

ဒါက ေၾကျငာစာတန္းတစ္ခုကဲ့သို႔ပင္။အဲလ္ဗတ္၏ေအးစက္ၿပီးၿငိမ္သက္သည့္အသံကေန ခံစားခ်က္အေၾကာင္းေျပာသံကို ၾကားရရန္ ခက္ခဲတာေၾကာင့္ ဒီလိုတိုက္႐ိုက္ဆန္ၿပီး မေမွ်ာ္လင့္ထားတဲ့စကားက သူ႔ကို အံ့အားသင့္ေစတယ္။ကုဟိုင္က ဘာမွ်မေျပာရေသးခင္မွာဘဲ သူက အဲလ္ဗတ္ထပ္ေျပာတာကို ၾကားလိုက္ရတယ္ "မင္းက မ်က္လုံးစည္းထားရင္းနဲ႔အရာရာတိုင္းကို အေတာ္ေလးတိတ္ဆိတ္သြားတယ္လို႔ ခံစားရေအာင္လုပ္ေဆာင္ေပးတယ္။ငါ ထိန္းခ်ဳပ္မႈမလြတ္သြားသင့္ဘူး"

ဒီစာေၾကာင္းႏွစ္ေၾကာင္းၾကား ျခားနားမႈေပၚမူတည္ၿပီး ကုဟိုင္က ဒီေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္က သူ႔ကိုျမင္ခ်င္တဲ့ဆႏၵရွိေၾကာင္း ေဖာ္ျပတာမွန္း နားလည္လိုက္တယ္။

သူ႔ရဲ႕တည္ရွိမႈက တစ္ဖက္လူ၏တည္ၿငိမ္မႈကို သက္ေရာက္မႈရွိပုံရေသာ္လည္း ယင္းတည္ၿငိမ္မႈက ဘယ္ေလာက္ထိသက္ေရာက္မႈရွိသည္ကိုေတာ့ မသိေသးေပ။အဲလ္ဗတ္က မ်က္လုံးစည္းကိုမဖယ္လိုက္တာက သူ႔မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ ကုဟိုင္ကို နာက်င္ေစႏိုင္တာေၾကာင့္ျဖစ္ႏိုင္တယ္။

"အေျခအေနကို ေစာင့္ၾကည့္႐ုံနဲ႔ေတာ့ ခ်ည္ထားတာက မျဖစ္သင့္ဘူးမလား?"ကုဟိုင္က ေတြးၾကည့္ၿပီးေတာ့ ေျပာလိုက္တယ္။

ကုဟိုင္အေပၚ အဲလ္ဗတ္၏စိတ္ပိုင္းဆိုင္ရာ ခံယူခ်က္သည္ အျခားဇာ့ဂ္ေတြကဲ့သို႔ တိက်ရွင္းလင္းျပတ္သားျခင္းမရွိေပ။သူက အဲလ္ဗတ္အနားမွာရွိေနတဲ့အခ်ိန္မွာ အဲလ္ဗတ္က သူေျပာခဲ့တဲ့စိတ္ပိုင္းဆိုင္ရာဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြႏွင့္ နာက်င္မႈေတြ မရွိဘူးလို႔ သူခံစားရတယ္။ဒီလိုတည္ၿငိမ္ေစမႈေၾကာင့္ ကုဟိုင္က တစ္ဖက္လူကို သာမန္ကမာၻႀကီးကို ျမင္ႏိုင္ေအာင္ ကူညီေပးႏိုင္လိမ့္မည္ဟု ခံစားရတယ္။

ကုဟိုင္က သူ႔စကားဆုံးသြားတာႏွင့္ သူ႔ေဘးက ေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္၏အမူအရာေျပာင္းလဲသြားတာကို ျမင္ရတယ္။အဲလ္ဗတ္က ဘာမွမေျပာေပမဲ့ ကုဟိုင္က ဒါက ျငင္းပယ္မႈတစ္ခုဆိုတာ သိတယ္။စကၠန႔္အနည္းငယ္ၾကာၿပီးေနာက္မွာ အဲလ္ဗတ္က သူ႔ကိုေျပာလာတယ္ "တကယ္လို႔ငါထိန္းခ်ဳပ္မႈလြတ္သြားရင္ တစ္စကၠန႔္ထက္နည္းတဲ့အခ်ိန္အတြင္း မင္းကိုသတ္မိသြားလိမ့္မယ္"

လည္ပင္းခ်ိဳးလိုက္တာ သို႔မဟုတ္ အေရျပားကိုလွီးျဖတ္လိုက္တာမ်ိဳးႏွင့္ ခႏၶာကိုယ္ကို ထိုးေဖာက္လိုက္တာျခင္းမ်ိဳးက လြယ္ကူလွတယ္။ဒီလိုအားနည္းခ်က္မ်ိဳးက ဘယ္လိုကာကြယ္ရမယ္ဆိုတာ မသင္ယူဖူးတဲ့ အဲလ္ဗတ္အတြက္ ပေဟဠိတစ္ခုသာျဖစ္တယ္။ဒါက စစ္ေျမျပင္အတြင္း ဖ်က္ဆီးျခင္းႏွင့္ အလြန္ကိုျခားနားသည့္ဘာသာရပ္တစ္ခုျဖစ္ၿပီး အဲလ္ဗတ္အတြက္ ပို၍ခက္ခဲတာရွင္းလင္းတယ္။

ကုဟိုင္က သူ႔ပါးကိုကုတ္လိုက္တယ္။သူက တစ္ဖက္လူရဲ႕စိတ္ကို ေျပာင္းလဲရန္ အခ်ိန္မဟုတ္ေသးမွန္းသိတာေၾကာင့္ သူက ႐ိုးရွင္းစြာဘဲ စကားလမ္းေၾကာင္းေျပာင္းၿပီး အဲလ္ဗတ္ကို သူ႔ကို ေနာက္တစ္ေနရာေခၚသြားေစလိုက္တယ္။

သူတို႔က ေနာက္ဆုံးမွာေတာ့ တူဆာ၏အျမင့္ဆုံးအေဆာက္အဦးျဖစ္သည့္ ေလ့လာေရးေမွ်ာ္စင္ကို သြားခဲ့တယ္။၎က အနက္ေရာင္ေမွ်ာ္စင္တစ္ခုျဖစ္ၿပီး မီတာတစ္ေသာင္းေက်ာ္ျမင့္တယ္။ကုဟိုင္က ေမွ်ာ္စင္ထပ္မွာရပ္ကာ တူဆာကို လွမ္းၾကည့္လိုက္တယ္။သူ႔မ်က္လုံးထဲမွာ အနက္ေရာင္ အျဖဴေရာင္ မီးခိုးေရာင္ သုံးေရာင္သာျမင္ရတယ္။

၎က အလြန႔္ကို သိပၸံနည္းက်ၿပီး နည္းပညာရွိေသာ္လည္းဘဲ ၾကည့္ရတာ ၿငီးေငြ႕ဖြယ္ေကာင္းၿပီး ေအးစက္တယ္။အေဆာက္အဦးေတြအေရာင္က ဒီသုံးေရာင္ထဲက တစ္မ်ိဳးသာျဖစ္ၿပီး အစိမ္းေရာင္သစ္ပင္ေတြႏွင့္ပန္းေတြကို မျမင္ႏိုင္ေပ။

"တူဆာေပၚမွာ ဒီလိုသစ္ပင္မ်ိဳးစိတ္ေတြဘဲရွိတာလား?"ကုဟိုင္က သစ္ပင္ေတြကို ၾကည့္လိုက္တယ္။သစ္ပင္ေတြကလည္း အနက္ေရာင္သာျဖစ္ၿပီး သူ႔ေရွ႕ကရွဴခင္းထဲမွာ အေရာင္ေပါင္းစပ္ထားျခင္းမရွိေပ။

ဒီတမူသစ္ပင္ေတြအေၾကာင္းေျပာရရင္ ကုဟိုင္က ဒီသစ္ပင္မ်ိဳးကို စြန႔္ပစ္ၿဂိဳဟ္ေပၚမွာျမင္ဖူးတယ္။သူတို႔အသီးသြားခူးတဲ့အခ်ိန္တုန္းက ဒီအနက္ေရာင္သစ္ပင္ေတြကို ျမင္ဖူးတယ္။

"တမူသစ္ပင္ေတြက တူဆာရဲ႕ေျမဆီလႊာပတ္ဝန္းက်င္မွာ ရွင္သန္ႏိုင္တဲ့တစ္ခုတည္းေသာ အပင္ျဖစ္တယ္"အဲလ္ဗတ္က ျပန္ေျဖလိုက္တယ္။

ကုန္ကုန္ေျပာရရင္ ဒီသစ္ပင္ေတြက မၾကာခဏအက္ဆစ္မိုး႐ြာသြန္းတဲ့ စြန႔္ပစ္ၿဂိဳဟ္ေပၚမွာေတာင္ ပုံမွန္အတိုင္းရွင္သန္ႀကီးထြားႏိုင္တာျဖစ္တယ္။ကုဟိုင္က တမူသစ္ပင္၏ကပ္သတ္ရွင္သန္ႏိုင္စြမ္းကို ေတြ႕ႀကဳံၿပီးျဖစ္တယ္။

"ပန္းေတြမရွိဘူးေပါ့။ငါ လမ္းတစ္ေလွ်ာက္မွာ သူတို႔ကို မေတြ႕တာ အံ့ဩစရာမဟုတ္ေတာ့ဘူး"ကုဟိုင္က သူ႔ေမးကိုကိုင္ၿပီး အနည္းငယ္ေနာင္တရသလိုေျပာလိုက္တယ္။

သူ႔ရဲ႕နဂိုကမာၻမွာတုန္းက ကုဟိုင္က ပန္းပင္ေတြကိုပ်ိဳးေထာင္ရတာကို ႏွစ္သက္တယ္။ဒါက သူဇာတ္ၫြန္းေရးရင္း တစ္ခါတစ္ရံမွာ ေခါင္းကိုက္တတ္တာေၾကာင့္ သူ႔ခႏၶာကိုယ္ႏွင့္စိတ္အေျခအေနကို ထိန္းသိမ္းဖို႔ရာ သူက ပန္းပင္ေတြကို ပ်ိဳးေထာင္ခဲ့တယ္။

"ပန္းေတြလား?"အဲလ္ဗတ္က ဒီစကားလုံးကို ေျဖးေျဖးခ်င္းထပ္ေျပာၿပီး ေမးလိုက္တယ္ "ပန္းက ဘာလဲ?"

ကုဟိုင္က ပန္းေတြအေၾကာင္းမသိတဲ့ ေငြေရာင္ဆံႏွင့္ဇာ့ဂ္ေၾကာင့္ အံ့အားသင့္စြာ မ်က္ေတာင္ခတ္လိုက္ၿပီး "ခင္ဗ်ား ကြၽန္ေတာ္နဲ႔စေတြ႕တဲ့အခ်ိန္တုန္းက ကြၽန္ေတာ့္ေရွ႕မွာရွိတဲ့အျဖဴေရာင္နဲ႔တစ္ခု..."

ေျပာေနရင္းႏွင့္ ကုဟိုင္က တစ္ဖက္လူက မျမင္ႏိုင္မွန္း သတိရသြားၿပီး သူ႔စကားလုံးေတြကို အျမန္ေျပာင္းလိုက္တယ္ "အဲဒါက အလွဆင္အပင္တစ္မ်ိဳးျဖစ္ၿပီး မ်ိဳးစိတ္အမ်ားစုက ၾကည့္ရတာအရမ္းလွတယ္"

"တကယ္လို႔တူဆာေပၚမွာလည္း ပန္းေတြသာရွိရင္..."ကုဟိုင္က အေဝးကရွဴခင္းကို ၾကည့္ၿပီး စိတ္ကူးမိတာႏွင့္ သူ႔မ်က္ဝန္းေထာင့္ေတြက ေကြးသြားတယ္။တကယ္လို႔တူဆာေပၚမွာသာ အေရာင္ေသြးစုံလင္တဲ့ပန္းေတြသာရွိရင္ ဒီၿဂိဳဟ္က ပိုၿပီးေကာင္းလာလိမ့္မည္။

-------------

Continue Reading

You'll Also Like

14.6K 1.4K 23
ကြာပန်းဖြူလေးများမှ ဘာသာပြန်ဆိုသည်။
1.3M 150K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...