Zergဘုရင်လေး

By Phyomyatsoe

9.1K 1.5K 26

Bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More

Description
အခန်း(၁.၁)
အခန်း(၁.၂)
အခန်း(၂.၁)
အခန်း(၂.၂)
အခန်း(၃.၁)
အခန်း(၃.၂)
အခန်း(၄.၁)
အခန်း(၄.၂)
အခန်း(၄.၃)
အခန်း(၅.၁)
အခန်း(၅.၂)
အခန်း(၆)
အခန်း(၇.၁)
အခန်း(၇.၂)
၈.၂
၉.၁
၉.၂
၁၀.၁
၁၀.၂
၁၀.၃
၁၁.၁
၁၁.၃
၁၂.၁
၁၂.၂
၁၃.၁
၁၃.၂
၁၄
၁၄.၂
၁၅

၁၁.၂

116 23 0
By Phyomyatsoe

အခန်း(၁၁.၂)

ကြယ်တာရာခေတ်တွင် ဇာ့ဂ်စစ်တပ်လေးခုကို အခြားသောမျိုးနွယ်တွေက ရှောင်ဖယ်ခဲ့တယ်။တူဆာ၏အာဏာအမြင့်ဆုံးကောင်စီကို ဇာ့ဂ်ခုနစ်ယောက်နှင့်ဖွဲ့စည်းထားပြီး ပထမတပ်မတော်၏အဓိကကျောရိုးဖြစ်ပြီး သူတို့၏အာဏာကို မမှန်းဆနိုင်ပေ။

အခုတူဆာ၏အာဏာအမြင့်ဆုံးကောင်စီ၏အစည်းအဝေးခန်းတွင် ဒီဇာ့ဂ်တွေက အုပ်ချုပ်ရေးနှင့် ဆက်စပ်မှုမရှိသည့်အရာကို ဆွေးနွေးနေကြတယ်။ဆွေးနွေးပွဲကို အလွန့်ကိုဂရုစိုက်ပြီး အာရုံစိုက်ထားကြတယ်။

ကုဟိုင်က အဝတ်အစားသစ်တွေရှိနေပြီဖြစ်တာကြောင့် သူ့အဝတ်အစားကို လဲလိုက်တယ်။

ဒီယူနီဖောင်းက အဲလ်ဗတ်ထံမှဖြစ်ပြီး သူ့ကိုသယ်လာတဲ့အချိန်တုန်းက ကုဟိုင်၏ပခုံးပေါ်မှာပတ်ထားပေးတာဖြစ်တယ်။၎င်းက ဇာ့ဂ်တွေ၏ခန္ဓာကိုယ်အပူချိန်နိမ့်ပါးမှုကြောင့် မည်သည့်အပူချိန်(နွေးထွေးမှု)ကိုမှ မသယ်ဆောင်နိုင်သော်လည်း ၎င်းက ကုဟိုင်ကို အချို့သောအေးစက်မှုတားဆီးပေးတယ်။

ကုဟိုင်က အနက်ရောင်ယူနီဖောင်းကို ချွတ်လိုက်တာနှင့် သူ့ဘေးမှာရပ်နေတဲ့တာ့ခ်ဇာ့ဂ်သည် ချက်ချင်းဘဲ နိမ့်ပါးတဲ့လည်ချောင်းသံတစ်ခုကို ပြုလုပ်လာတယ်။တကယ်လို့ ကလေးကသာ အဝတ်အစားများများမဝတ်ထားဘူးဆိုရင် ဒီပတ်ဝန်းကျင်မှာ သူ အေးနေလိမ့်မည်။ဒီနားလည်မှုကြောင့် တာ့ခ်ဇာ့ဂ်အများအပြားသည် ထူထဲသောအဝတ်အစားတစ်ချို့ကို ကောက်ယူကာ ကုဟိုင်ပေါ်တွင် ဂရုတစိုက် ခြုံထားရန် ၎င်းတို့၏လက်ဖျံတွေကို မြှောက်လိုက်ကြတယ်။

ကုဟိုင်သည် အဝတ်အစားတွေ တစ်ခုပြီးတစ်ခု ဖုံးအုပ်ခံထားရတာကြောင့် ရယ်ရမလား ငိုရမလား မသိတော့ပေ။တာ့ခ်ဇာ့ဂ်တွေက သူ့ကိုသာ ဖုံးထားပေးရန် မအေးတော့ဟု တွေးနေတာဖြစ်မည်။ကုဟိုင်က မလှုပ်ရှားဘဲ တာ့ခ်ဇာ့ဂ်တွေကို သူ့ကိုအဝတ်အစားဖုံးခွင့်ပြုထားလိုက်တယ်။သူတို့တွေပြီးသွားတဲ့အခါမှ အဝတ်ပုံထဲကနေ သူ့ခေါင်းကို ဆွဲထုတ်ပြီး တာ့ခ်ကိုပြောလိုက်တယ် "ဒါတွေကို ဒီလိုမျိုးဝတ်ရတာမဟုတ်ဘူး။ငါ ဒီလောက်အများကြီး မဝတ်နိုင်ဘူး"

တာ့ခ်တွေက ကုဟိုင်ပြောတာ နားမလည်ပေမဲ့ ခေါင်းငြိမ့်လိုက်တယ်။ဘာဘဲဖြစ်ဖြစ် လူငယ်လေးသာ အအေးကိုမခံစားသရွေ့ အဆင်ပြေတယ်လို့ တာ့ခ်တွေက ရိုးရှင်းစွာတွေးလိုက်တယ်။

တာ့ခ်တွေက သူအေးနေမှာကို ထပ်မံစိုးရိမ်ခြင်းမှ ရှောင်ရှားဖို့ရာ ကုဟိုင်သည် အမြန်ဆုံးနည်းဖြင့် အဝတ်အစားလဲလိုက်တယ်။သူလဲပြီးတာနှင့် တာ့ခ်ဇာ့ဂ်ရှေ့မှာ ရပ်လိုက်ပြီး "ဒါက ကောင်းတယ်"

အဆင့်နိမ့်ဇာ့ဂ်၏အေးစက်ပြီးနီမြန်းသည့် ဒေါင်လိုက်မျက်လုံးတွေသည် လူငယ်လေးကို စူးစိုက်ကြည့်နေတယ်။အခြားမျိုးနွယ်တွေသာ ဒီမြင်ကွင်းကို ရင်ဆိုင်ရရင် ကြောက်ရွံ့မှုကို ခံစားရမှာဖြစ်နိုင်ပေမဲ့ ကုဟိုင်က အေးစက်သည့်ဒေါင်လိုက်မျက်ဆံကနေ ခံစားချက်တွေကို ခံစားနိုင်တယ်။ဒါက အခြားမျိုးနွယ်တွေ၏ခံစားချက်ကဲ့သို့ မယုံနိုင်စရာကောင်းလောက်သည့်ချစ်မြတ်နိုးမှုနှင့် ဂရုစိုက်မှုသာ ဖြစ်တယ်။ဒီတာ့ခ်ဇာ့ဂ်တွေက သူ့ကို ကလေးတစ်ယောက်လိုတွေးပြီး သူ့တို့ထဲက တစ်ယောက်ကဲ့သိူ့ ဆက်ဆံချင်ခဲ့တာဖြစ်တယ်။

အနက်ရောင်စစ်ဂျာကင်ကို အိပ်ရာပေါ်မှာချထားတယ်။ကုဟိုင်က ဂျာကင်ကို ပိုင်ရှင်ကို ပြန်ပေးဖို့ရာ ကောက်ယူလိုက်တယ်။ကုဟိုင် လှေကားကနေအောက်ကို ဆင်းလာတော့ သူ့ကိုအဝတ်အစားပို့ပေးတဲ့ဇာ့ဂ်က စောင့်နေတုန်းဆိုတာ မြင်လိုက်ရတယ်။ဒါက သူက တစ်ယောက်ယောက်ကို မေးမြန်းဖို့ရာ ရှာဖွေဖို့လိုအပ်တာကြောင့် အရမ်းကောင်းတယ်။

"အဲလ်ဗတ်က အခုဘယ်မှာလဲ?"ကုဟိုင်က တစ်ဖက်လူကိုမေးလိုက်တယ်။

လီယိုက ဦးညွှတ်အရိုအသေပေးလိုက်ပြီး ပြန်မဖြေခင် တစ်စက္ကန့်လောက်တွေးလိုက်ပြီးမှ "အရှင်အဲလ်ဗတ်က အခု စာကြည့်ခန်းမှာရှိနေလောက်တယ်။တကယ်လို့ အရှင်မင်းကြီး သူ့ကိုတွေ့ချင်ရင် အရှင့်ရဲ့လက်အောက်ငယ်သားက...လုပ်နိုင်..."

ငွေရောင်ဆံပင်နှင့်ဇာ့ဂ်က သူတို့စကားပြောနေတဲ့မြင်ကွင်းထဲကို ရောက်လာတာကြောင့် သူ့စကားမဆုံးလိုက်ဘူး။

သူ့ဂျာကင်ကို မဝတ်ထားတာကြောင့် ငွေရောင်ဆံပင်နှင့်သူက အခုချိန်မှာ သူ့ခန္ဓာအပေါ်ပိုင်းမှာ အဖြူရောင်ရှပ်တစ်ထည်သာ ဝတ်ဆင်ထားတယ်။ဒါကြောင့် သူ့ရဲ့ချောမွေ့လှပတဲ့ကြွက်သားလိုင်းတွေကို မြင်နေရတယ်။သူတို့က ကြီးမားလွန်းတာ မဟုတ်ပေမဲ့ အင်အားရှိမှန်းသိမြင်နိုင်တယ်။အရွယ်ရောက်ပြီးဇာ့ဂ်တစ်ယောက်အနေနှင့် အဲလ်ဗတ်က အရပ်ရှည်ပြီး ဖြောင့်မတ်သည့်ခန္ဓာကိုယ်သည် အေးစက်ပြီးချွန်ထက်သည့်ဓားတစ်ချောင်းကဲ့သို့ပင်။သူနှင့် နီးကပ်စွာရှိနေတာမဟုတ်သော်လည်းဘဲ တစ်ဖက်လူ၏အံ့အားသင့်စရာကောင်းတဲ့အရှိန်အဝါကိုခံစားနိုင်ဆဲဖြစ်တယ်။မျက်လုံးစည်းသည် သူ့၏ချောမောတဲ့ရုပ်ရည်သွင်ပြင်ကို ပြောမပြတတ်တဲ့ ထူးခြားသည့်အလှတစ်မျိုးကို ပေးစွမ်းနိုင်တယ်။

ကုဟိုင်က ဒီလူကို မြင်လိုက်တာနှင့် သူ့လက်ထဲမှာ စစ်ဂျာကင်ကို ကိုင်ပြီး ချဉ်းကပ်သွားတယ်။သူက ဂျာကင်ကို တစ်ဖက်လူကို ပေးလိုက်ပြီး "ခင်ဗျားရဲ့ကုတ်"

အဲလ်ဗတ်က ဂျာကင်ကို ယူပြီး တိတ်တဆိတ်ဘဲ တစ်ဖန်ဝတ်ဆင်လိုက်တယ်။ကုဟိုင်က သူ့ကိုကြည့်ပြီး တစ်စုံတစ်ခုပျောက်နေတာကို တွေ့လိုက်တယ်။ကုဟိုင်၏အကြည့်က အဲလ်ဗတ်ခါးစီ ရွေ့သွားပြီး အပြင်ဘက်ခါးပတ်(အင်္ကျီပေါ်မှာပတ်ရသည့်ခါးပတ်)ပျောက်နေတာကို သတိပြုမိလိုက်တယ်။

လီယိုကလည်း ဒါကို သတိပြုမိပြီး လျှင်မြန်စွာပြောလိုက်တယ် "အရှင့်ရဲ့လက်အောက်ငယ်သားက အဲဒါကို ယူဆောင်ပေးပါမယ်"

လီယိုက အဲလ်ဗတ်၏အပြင်ဘက်ခါးပတ်နှင့် ပြန်လာခဲ့တယ်။ကုဟိုင်က တစ်ဖက်လူ၏မျက်လုံးစည်းတွေကို မြင်ပြီး လီယိုလက်ထဲက ခါးပတ်ကို ယူလိုက်တယ်။သူ မမြင်နိုင်တာကြောင့် ခါးပတ်ပတ်ရန် ခက်ခဲနေလိမ့်မည်။ကုဟိုင်က ခါးပတ်ကိုယူပြီး အဲလ်ဗတ်နားကိုသွားလိုက်တယ်။မျက်လုံးစည်းနှင့်ဇာ့ဂ်သည် မလှုပ်ရှားဘဲ ကုဟိုင် သူ့နားကိုချဉ်းကပ်လာတာကို ခွင့်ပြုထားတယ်။

ဒီအကွာအဝေးက အဲလ်ဗတ်အတွက် တိုက်ခိုက်ဖို့လုံလောက်တဲ့အကွာအဝေးဖြစ်တယ်။သူနဲ့သိတဲ့သူတိုင်းက ဒီလိုနီးကပ်ဖို့ မရဲဝံ့ဘူး။သို့သော်လည်းဘဲ သူ့ရှေ့က လူငယ်လေးကိုတော့ ရှင်းလင်းစွာပင် ခွင့်ပြုထားတယ်။

-------------

အခန္း(၁၁.၂)

ၾကယ္တာရာေခတ္တြင္ ဇာ့ဂ္စစ္တပ္ေလးခုကို အျခားေသာမ်ိဳးႏြယ္ေတြက ေရွာင္ဖယ္ခဲ့တယ္။တူဆာ၏အာဏာအျမင့္ဆုံးေကာင္စီကို ဇာ့ဂ္ခုနစ္ေယာက္ႏွင့္ဖြဲ႕စည္းထားၿပီး ပထမတပ္မေတာ္၏အဓိကေက်ာ႐ိုးျဖစ္ၿပီး သူတို႔၏အာဏာကို မမွန္းဆႏိုင္ေပ။

အခုတူဆာ၏အာဏာအျမင့္ဆုံးေကာင္စီ၏အစည္းအေဝးခန္းတြင္ ဒီဇာ့ဂ္ေတြက အုပ္ခ်ဳပ္ေရးႏွင့္ ဆက္စပ္မႈမရွိသည့္အရာကို ေဆြးေႏြးေနၾကတယ္။ေဆြးေႏြးပြဲကို အလြန႔္ကိုဂ႐ုစိုက္ၿပီး အာ႐ုံစိုက္ထားၾကတယ္။

ကုဟိုင္က အဝတ္အစားသစ္ေတြရွိေနၿပီျဖစ္တာေၾကာင့္ သူ႔အဝတ္အစားကို လဲလိုက္တယ္။

ဒီယူနီေဖာင္းက အဲလ္ဗတ္ထံမွျဖစ္ၿပီး သူ႔ကိုသယ္လာတဲ့အခ်ိန္တုန္းက ကုဟိုင္၏ပခုံးေပၚမွာပတ္ထားေပးတာျဖစ္တယ္။၎က ဇာ့ဂ္ေတြ၏ခႏၶာကိုယ္အပူခ်ိန္နိမ့္ပါးမႈေၾကာင့္ မည္သည့္အပူခ်ိန္(ေႏြးေထြးမႈ)ကိုမွ မသယ္ေဆာင္ႏိုင္ေသာ္လည္း ၎က ကုဟိုင္ကို အခ်ိဳ႕ေသာေအးစက္မႈတားဆီးေပးတယ္။

ကုဟိုင္က အနက္ေရာင္ယူနီေဖာင္းကို ခြၽတ္လိုက္တာႏွင့္ သူ႔ေဘးမွာရပ္ေနတဲ့တာ့ခ္ဇာ့ဂ္သည္ ခ်က္ခ်င္းဘဲ နိမ့္ပါးတဲ့လည္ေခ်ာင္းသံတစ္ခုကို ျပဳလုပ္လာတယ္။တကယ္လို႔ ကေလးကသာ အဝတ္အစားမ်ားမ်ားမဝတ္ထားဘူးဆိုရင္ ဒီပတ္ဝန္းက်င္မွာ သူ ေအးေနလိမ့္မည္။ဒီနားလည္မႈေၾကာင့္ တာ့ခ္ဇာ့ဂ္အမ်ားအျပားသည္ ထူထဲေသာအဝတ္အစားတစ္ခ်ိဳ႕ကို ေကာက္ယူကာ ကုဟိုင္ေပၚတြင္ ဂ႐ုတစိုက္ ၿခဳံထားရန္ ၎တို႔၏လက္ဖ်ံေတြကို ေျမႇာက္လိုက္ၾကတယ္။

ကုဟိုင္သည္ အဝတ္အစားေတြ တစ္ခုၿပီးတစ္ခု ဖုံးအုပ္ခံထားရတာေၾကာင့္ ရယ္ရမလား ငိုရမလား မသိေတာ့ေပ။တာ့ခ္ဇာ့ဂ္ေတြက သူ႔ကိုသာ ဖုံးထားေပးရန္ မေအးေတာ့ဟု ေတြးေနတာျဖစ္မည္။ကုဟိုင္က မလႈပ္ရွားဘဲ တာ့ခ္ဇာ့ဂ္ေတြကို သူ႔ကိုအဝတ္အစားဖုံးခြင့္ျပဳထားလိုက္တယ္။သူတို႔ေတြၿပီးသြားတဲ့အခါမွ အဝတ္ပုံထဲကေန သူ႔ေခါင္းကို ဆြဲထုတ္ၿပီး တာ့ခ္ကိုေျပာလိုက္တယ္ "ဒါေတြကို ဒီလိုမ်ိဳးဝတ္ရတာမဟုတ္ဘူး။ငါ ဒီေလာက္အမ်ားႀကီး မဝတ္ႏိုင္ဘူး"

တာ့ခ္ေတြက ကုဟိုင္ေျပာတာ နားမလည္ေပမဲ့ ေခါင္းၿငိမ့္လိုက္တယ္။ဘာဘဲျဖစ္ျဖစ္ လူငယ္ေလးသာ အေအးကိုမခံစားသေ႐ြ႕ အဆင္ေျပတယ္လို႔ တာ့ခ္ေတြက ႐ိုးရွင္းစြာေတြးလိုက္တယ္။

တာ့ခ္ေတြက သူေအးေနမွာကို ထပ္မံစိုးရိမ္ျခင္းမွ ေရွာင္ရွားဖို႔ရာ ကုဟိုင္သည္ အျမန္ဆုံးနည္းျဖင့္ အဝတ္အစားလဲလိုက္တယ္။သူလဲၿပီးတာႏွင့္ တာ့ခ္ဇာ့ဂ္ေရွ႕မွာ ရပ္လိုက္ၿပီး "ဒါက ေကာင္းတယ္"

အဆင့္နိမ့္ဇာ့ဂ္၏ေအးစက္ၿပီးနီျမန္းသည့္ ေဒါင္လိုက္မ်က္လုံးေတြသည္ လူငယ္ေလးကို စူးစိုက္ၾကည့္ေနတယ္။အျခားမ်ိဳးႏြယ္ေတြသာ ဒီျမင္ကြင္းကို ရင္ဆိုင္ရရင္ ေၾကာက္႐ြံ႕မႈကို ခံစားရမွာျဖစ္ႏိုင္ေပမဲ့ ကုဟိုင္က ေအးစက္သည့္ေဒါင္လိုက္မ်က္ဆံကေန ခံစားခ်က္ေတြကို ခံစားႏိုင္တယ္။ဒါက အျခားမ်ိဳးႏြယ္ေတြ၏ခံစားခ်က္ကဲ့သို႔ မယုံႏိုင္စရာေကာင္းေလာက္သည့္ခ်စ္ျမတ္ႏိုးမႈႏွင့္ ဂ႐ုစိုက္မႈသာ ျဖစ္တယ္။ဒီတာ့ခ္ဇာ့ဂ္ေတြက သူ႔ကို ကေလးတစ္ေယာက္လိုေတြးၿပီး သူ႔တို႔ထဲက တစ္ေယာက္ကဲ့သိူ႔ ဆက္ဆံခ်င္ခဲ့တာျဖစ္တယ္။

အနက္ေရာင္စစ္ဂ်ာကင္ကို အိပ္ရာေပၚမွာခ်ထားတယ္။ကုဟိုင္က ဂ်ာကင္ကို ပိုင္ရွင္ကို ျပန္ေပးဖို႔ရာ ေကာက္ယူလိုက္တယ္။ကုဟိုင္ ေလွကားကေနေအာက္ကို ဆင္းလာေတာ့ သူ႔ကိုအဝတ္အစားပို႔ေပးတဲ့ဇာ့ဂ္က ေစာင့္ေနတုန္းဆိုတာ ျမင္လိုက္ရတယ္။ဒါက သူက တစ္ေယာက္ေယာက္ကို ေမးျမန္းဖို႔ရာ ရွာေဖြဖို႔လိုအပ္တာေၾကာင့္ အရမ္းေကာင္းတယ္။

"အဲလ္ဗတ္က အခုဘယ္မွာလဲ?"ကုဟိုင္က တစ္ဖက္လူကိုေမးလိုက္တယ္။

လီယိုက ဦးၫႊတ္အ႐ိုအေသေပးလိုက္ၿပီး ျပန္မေျဖခင္ တစ္စကၠန႔္ေလာက္ေတြးလိုက္ၿပီးမွ "အရွင္အဲလ္ဗတ္က အခု စာၾကည့္ခန္းမွာရွိေနေလာက္တယ္။တကယ္လို႔ အရွင္မင္းႀကီး သူ႔ကိုေတြ႕ခ်င္ရင္ အရွင့္ရဲ႕လက္ေအာက္ငယ္သားက...လုပ္ႏိုင္..."

ေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္က သူတို႔စကားေျပာေနတဲ့ျမင္ကြင္းထဲကို ေရာက္လာတာေၾကာင့္ သူ႔စကားမဆုံးလိုက္ဘူး။

သူ႔ဂ်ာကင္ကို မဝတ္ထားတာေၾကာင့္ ေငြေရာင္ဆံပင္ႏွင့္သူက အခုခ်ိန္မွာ သူ႔ခႏၶာအေပၚပိုင္းမွာ အျဖဴေရာင္ရွပ္တစ္ထည္သာ ဝတ္ဆင္ထားတယ္။ဒါေၾကာင့္ သူ႔ရဲ႕ေခ်ာေမြ႕လွပတဲ့ႂကြက္သားလိုင္းေတြကို ျမင္ေနရတယ္။သူတို႔က ႀကီးမားလြန္းတာ မဟုတ္ေပမဲ့ အင္အားရွိမွန္းသိျမင္ႏိုင္တယ္။အ႐ြယ္ေရာက္ၿပီးဇာ့ဂ္တစ္ေယာက္အေနႏွင့္ အဲလ္ဗတ္က အရပ္ရွည္ၿပီး ေျဖာင့္မတ္သည့္ခႏၶာကိုယ္သည္ ေအးစက္ၿပီးခြၽန္ထက္သည့္ဓားတစ္ေခ်ာင္းကဲ့သို႔ပင္။သူႏွင့္ နီးကပ္စြာရွိေနတာမဟုတ္ေသာ္လည္းဘဲ တစ္ဖက္လူ၏အံ့အားသင့္စရာေကာင္းတဲ့အရွိန္အဝါကိုခံစားႏိုင္ဆဲျဖစ္တယ္။မ်က္လုံးစည္းသည္ သူ႔၏ေခ်ာေမာတဲ့႐ုပ္ရည္သြင္ျပင္ကို ေျပာမျပတတ္တဲ့ ထူးျခားသည့္အလွတစ္မ်ိဳးကို ေပးစြမ္းႏိုင္တယ္။

ကုဟိုင္က ဒီလူကို ျမင္လိုက္တာႏွင့္ သူ႔လက္ထဲမွာ စစ္ဂ်ာကင္ကို ကိုင္ၿပီး ခ်ဥ္းကပ္သြားတယ္။သူက ဂ်ာကင္ကို တစ္ဖက္လူကို ေပးလိုက္ၿပီး "ခင္ဗ်ားရဲ႕ကုတ္"

အဲလ္ဗတ္က ဂ်ာကင္ကို ယူၿပီး တိတ္တဆိတ္ဘဲ တစ္ဖန္ဝတ္ဆင္လိုက္တယ္။ကုဟိုင္က သူ႔ကိုၾကည့္ၿပီး တစ္စုံတစ္ခုေပ်ာက္ေနတာကို ေတြ႕လိုက္တယ္။ကုဟိုင္၏အၾကည့္က အဲလ္ဗတ္ခါးစီ ေ႐ြ႕သြားၿပီး အျပင္ဘက္ခါးပတ္(အက်ႌေပၚမွာပတ္ရသည့္ခါးပတ္)ေပ်ာက္ေနတာကို သတိျပဳမိလိုက္တယ္။

လီယိုကလည္း ဒါကို သတိျပဳမိၿပီး လွ်င္ျမန္စြာေျပာလိုက္တယ္ "အရွင့္ရဲ႕လက္ေအာက္ငယ္သားက အဲဒါကို ယူေဆာင္ေပးပါမယ္"

လီယိုက အဲလ္ဗတ္၏အျပင္ဘက္ခါးပတ္ႏွင့္ ျပန္လာခဲ့တယ္။ကုဟိုင္က တစ္ဖက္လူ၏မ်က္လုံးစည္းေတြကို ျမင္ၿပီး လီယိုလက္ထဲက ခါးပတ္ကို ယူလိုက္တယ္။သူ မျမင္ႏိုင္တာေၾကာင့္ ခါးပတ္ပတ္ရန္ ခက္ခဲေနလိမ့္မည္။ကုဟိုင္က ခါးပတ္ကိုယူၿပီး အဲလ္ဗတ္နားကိုသြားလိုက္တယ္။မ်က္လုံးစည္းႏွင့္ဇာ့ဂ္သည္ မလႈပ္ရွားဘဲ ကုဟိုင္ သူ႔နားကိုခ်ဥ္းကပ္လာတာကို ခြင့္ျပဳထားတယ္။

ဒီအကြာအေဝးက အဲလ္ဗတ္အတြက္ တိုက္ခိုက္ဖို႔လုံေလာက္တဲ့အကြာအေဝးျဖစ္တယ္။သူနဲ႔သိတဲ့သူတိုင္းက ဒီလိုနီးကပ္ဖို႔ မရဲဝံ့ဘူး။သို႔ေသာ္လည္းဘဲ သူ႔ေရွ႕က လူငယ္ေလးကိုေတာ့ ရွင္းလင္းစြာပင္ ခြင့္ျပဳထားတယ္။

-------------

Continue Reading

You'll Also Like

168K 7.9K 138
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann
699K 42.7K 46
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
2.1M 241K 187
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။