Wild flower Kim

By Stella_Zes

3.4K 597 105

Don't forget about me More

Wild flower Kim
1
2
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20

3

129 33 4
By Stella_Zes

"ဒီနေရာကမြန်မြန်သွားရအောင်"

ဟင်
ချက်ချင်းကြီးဒီလိုကြီးကြားညှပ်နေပြီးဒီလိုအမြန်ပြေးဖို့လား
အွန်းဗြောကိုအရင်ကြည့်လိုက်သေးသည် မနိုးသေးပေမဲ့ပြေးလိုက်ရ‌င်တော့နိုးသွားမှာအမှန်

ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ်နိုးမှာပဲမလား
အရမ်းကြီးဆူညံပြီးလန့်မလာဖို့သာအရေးကြီးသည်

"အိုး ခဏ..."

စကားတောင်မဆုံးလိုက်လက်ကိုဆွဲပြီးပြေးတဲ့သူ
လူတွေပိုပိုပြီးကျပ်ညပ်လာတဲ့ဈေးလမ်းကြားကနေလက်ကိုဆွဲပြီးခေါ်သွားတာဘယ်တွေတောင်ရောက်လို့ရာက်မှန်းမသိ
ကြားဖြတ်လမ်းကဖြစ်တာကြောင့်ညဘက်ဖြစ်တဲ့အခါလူတွေလဲမရှိ

လရောင်ကကူလို့လမ်းတွေကိုခပ်ရေးရေးသာမြင်နေရခြင်းဖြစ်သည်

"ခဏနေပါဦး သခင်ကြီး အွန်းဗြောနိုးနေပြီ"

ဆိုတော့မှခြေလှမ်းကတုန့်ကနဲရပ်‌သွားတော့၏
လက်ကောက်ဝတ်တစ်ဖက်ကိုလဲဆွဲထား သေးသည်
အွန်းဗြောကိုလဲတစ်ဖက်တည်းနဲ့ချီထား‌တော့ဆွန်းမင်လက်ကကျင်လာ၏

"လက်...
လက်ကိုနည်းနည်းလွှတ်ပါဦး ကျွန်တော့်လက်တွေကျင်နေပြီ"

လက်တော့လွှတ်ပေးလာပေမဲ့ဆွန်းမင်ကသူ့ဆီကအွန်းဗြောကိုလုယူသွားမှာလဲကြောက်တာမို့
ခြေနှစ်လှမ်းလောက်အနောက်ကိုဆုတ်လိုက်၏
မျက်လုံးဟာလဲသေချာပေါက်ပေစောင်းပေစောင်းဖြစ်နေနိုင်လိမ့်မည်

"လူကြီးမင်းက ဘယ်သူလဲ အိမ်တော်တစ်ခုကသခင်ကြီးမဟုတ်ပဲကျွန်တော့်နောက်ကိုလိုက်နေတာမလား"

"ငါကမင်းနောက်ကိုလိုက်တယ်"

တကယ်မသင်္ကာတော့ပါရှောင်နေတာကိုပဲတည့်တည့်တိုးနေတဲ့အချိန်များလှပြီ

"ဟုတ်တယ် လူကြီးမင်းကကျွန်တော့်နောက်ကိုလိုက်တာ ပြီးတော့မသင်္ကာတာ ဘာလို့ကူညီချင်နေရတာလဲ"

ဆွန်းမင်ကတော့စိတ်တွေတိုပြီးပြောနေမိပေမဲ့သူ့ဆီကလုယူသွားမှာကြောက်လို့တင်းနေအောင်ထွေးပိုက်ထားတဲ့အွန်းဗြောဆီကအသံစာစာစာစာကထွက်လာတော့၏

"ဖေဖေ သခင်ကြီးကချောပါတယ် လူဆိုးမဟုတ်ပါဘူး"

"ရား ဒီကောင်မလေး‌!"

ဆူကလဲဆူငေါက်ကလဲငေါက်ရသေးသည်
ဒီမှာဘယ်လောက်ပူနေရလဲဒီကလေးကသိနိုင်မှာမဟုတ်
တော်တော်ကိုလဲဆိုးပါသည် ချောတဲ့သူတွေ့ရင်အဲ့ဒီ့ပါးစပ်လေးကငြိမ်ငြိမ်နေလို့မရဘူးထင်ပါ၏

"မင်း ငါဘယ်သူလဲတကယ်မသိဘူးလား"

ဆွန်းမင်အွန်းဗြောကိုဆူနေရာကနေမော့ကြည့်လိုက်သည်
သိရအောင်သူကဘာမို့လို့လဲ ဘာကောင်ကြီးလဲပြောလေ

"ဘယ်သိမှာလဲ ဒီနေ့မှတွေ့ဖူးတဲ့ဟာကို ဘာပဲဖြစ်ဖြစ် လူကြီးမင်းကိုမယုံဘူး"

"မယုံရင်ကူညီကျပါဦးလို့အော်လိုက်လေ ငါဘယ်သူလဲသိစေရမယ်"

အမလေး ကြီးကျယ်လိုက်တာ
စကားပြောတဲ့ပုံကတော့
တစ်ခါလောက်တွေ့ကျတာပေါ့

ဆွန်းမင်လက်သီးကိုတင်းနေအောင်ဆုတ်ပြီး
ကျယ်နိုင်သမျှအသံကိုကျယ်ကျယ်မိုင်ကုန်တင်ပြီးလျှင်

"ကူညီကျပါဦး ဒီမှာမင်္ကာစရာလူတစ်ယောက်ကျွန်တော့်နောက်လိုက်နေလို့ပါ
ကူညီကျပါဦး!!!"

တကယ်ကြောက်စရာတစ်ခုကိုတွေ့သလိုမျိုးဆွန်းမင်အသံဖျားတွေကအစတုန်ယင်နေပါသည်
တကယ်လဲသူကြောက်လန့်နေတာဖြစ်ကောင်းဖြစ်နိုင်၏
ဒါပေမဲ့ရှေ့ကလူကိကြည့်တော့လဲဒီနေရာမှာဒီအတိုင်းလက်ပိုက်ပြီးသူ့နဲ့အွန်းဗြောကိုရပ်ကြည့်နေတဲ့အပြင် ခေါင်းမှာ‌ဆောင်းထားတဲ့အမဲရောင်ဦးထုတ်က‌မေးသိုင်းကြိုးကိုဖြည်ချနေသည်

ဟင် မပြေးဘူးလား

"ပြေးလေ မပြေးပဲနဲ့ဘာလို့ခေါင်းဆောင်းကိုချွတ်နေရတာလဲ!"

ထိုလူကခေါင်းဆောင်းကိုချွတ်လိုက်လိုက်ပြီးချင်းသူ့ကိုသူအထင်ကြီးနေတဲ့မျက်နှာဘေးနဲ့‌နေရာကနေတစ်စက်မှမရွေ့
အနီးနားမှာခြေသံတစ်ချို့နဲ့မီးအလင်းရောင်တွေကိုမြင်နေရပြီ

"အကုန်ရောက်လာတော့မှာနော် ခင်ဗျား"

ဆွန်းမင်လဲလက်ညိုး‌ထိုးပြီးအော်ပြောပေးလိုက်ပါ၏

ပြေးလာကျတဲ့လူအုပ်ထဲမှာဖျော်ဖြေရေးအဖွဲ့ထဲကလူတွေပါပါကျသည်မို့လက်ထဲမှာလဲတုတ်တွေဓားတွေအပြင်မီးတိုင်ကြီးပါကိုင်လာကျသည်

"ဘယ်မှာလဲမသင်္ကာစရာလူ!"

"ဒီ ဒီမှာပါ ကျွန်တော့်နောက်တောက်လျောက်လိုက်နေတာ"

ဆွန်းမင်ကတော့ကြောက်ကြောက်လန့်လန့်ပြောပြီးအွန်းဗြောကိုအနောက်မှာဖွက်ထားသလောက်အွန်းဗြောပြောနေတဲ့စကားတစ်ခွန်းသည်
ဒီသခင်ကြီးကချောပါတယ် လူဆိုးမဟုတ်ပါဘူးဆိုတဲ့စကားသာထပ်တလဲလဲဖြစ်နေတော့၏

အဲ့တာနဲ့လူတွေအနောက်ကနေမှမီးတုတ်ကိုကိုင်ပြီးဖျော်ဖြေရေးအဖွဲ့ခေါင်းဆောင်အဘိုးကြီးကရောက်လာတော့အားလုံးကလမ်းဖယ်ပေးကျသည်မို့ဝမ်ချန်းလဲခပ်တည်တည်သာကြည့်ပေးလိုက်တော့ထိုအဘိုးကြီးကမယုံသင်္ကာမျက်လုံးနဲ့လက်ထဲကမီးတိုင်ကိုသူ့မျက်နှာအနားတိုးကြည့်သည်

ခဏနေတော့မှမျက်လုံးတွေသည်အံ့သြနေတဲ့အ‌ရောင်ပြောင်းသွား၏
လက်ထဲကမီးတုတ်ကိုရုတ်တရပ်ပစ်ချလိုက်တာမို့ဆွန်းမင်အပါအဝင်ကျန်တဲ့လူအကုန်လုံးကအနောက်ကိုဆုတ်သွားကျသည်

"စိုးရွံ့မိပါတယ် မင်းကြီး"

အဘိုးကြီးဟာမြေပြင်ပေါ်မှာတင်ပြားပြားဝပ်ကာထိုင်ပြီးအရိုအသေပြုတော့သည်

မင်းကြီး

"ဟင်"

အနားကသူတွေကလဲအကုန်ထိုင်ပြီးအရိုအသေပေးကုန်၏
ဆွန်းမင်တစ်ယောက်ထဲဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့ပြာယာခတ်နေသည်
တကယ်မျက်လုံးတွေတောင်ပြာထွက်ကုန်ရပါသည်

အကုန်လုံးကျကြမ်းပြင်ပေါ်မှာပြားပြားဝပ်နေတာကိုကြည့်ပြီးဆွန်းမင်အနားကအွန်းဗြောလက်ကိုတင်းနေအောင်ဆုတ်ကိုင်ထားသည်

"ဖေဖေ"ဆိုတဲ့အသံတိုးတိုးလေးထွက်လာတာနဲ့အတူအွန်းဗြောကသူ့ကိုပိုလို့တိုးကပ်လာ၏

"မင်း အခုထိငါ့ကိုအရိုအသေမပေးနိုင်သေးဘူးလား"

"ခင်ဗျာ!"

...............

"တကယ် တကယ်ကျွန်တော်မျိုးတို့ကိုနန်းတွင်းထဲခေါ်သွားမလို့လားဟင်"

ဒီတစ်ခါတော့ဆွန်းမင်မျက်နှာငယ်လေးနဲ့ဖြစ်သွားပြန်ပါ၏
သူ့မှာ အခုမှထွက်ပြေးလို့ခဲမရတော့ပေ
သူကဘာမှမဖြစ်ပေမဲ့အွန်းဗြောကဘယ်လိုလုပ်ရမလဲ တကယ်ထိုင်ပါငိုချင်စိတ်ပေါက်သည်

အခုလဲမြင်းပေါ်အတင်းတက်ခိုင်းသည်
မြင်းမစီးချင်လဲမြင်းကိုဆွဲခဲ့သူကအွန်းဗြောကိုချီပြီးသွားမယ်တဲ့လေ ဒီလိုကျတော့လဲဆွန်းမင်ကခွင့်မပြုနိုင်

လူတွေအများကြီးဘေးမှာရှိသေးတာကို တစ်ခုခုတည်းခိုဖို့စီစဉ်ပေးရင်လုံလောက်ပြီပေါ့ ဘာလို့နန်းတွင်းထဲခေါ်သွားမှာလဲမလိုက်ချင်ဘူး

"နန်းတွင်းထဲမှာဒီညနေဖို့စီစဉ်ပေးမယ် မိုးသောက်မှလှေဆိပ်ကိုပြန်"

မဟုတ်ဘူးလေ မြင်းပေါ်တက်ပြီး
ဟိတ်ကြီးဟန်ကြီးနဲ့ပြောနေတဲ့ပုံနဲ့ဆို
ဒါကြီးကများသွားလွန်းပြီ
လိုတာထပ်ပိုပြီးပတ်သတ်လွန်းတဲ့ပုံမပေါက်နေဘူးလား

"စိုးရွံ့မိပေမဲ့ လူကြီးမင်း..မဟုတ်ဘူးမင်းကြီးကဘာလို့အဲ့ဒီ့လောက်စိတ်ပူပေးနေရတာလဲ ကျွန်တော့်သမီးကို"

" ဟေ့ကောင်လေး မပြောနဲ့"

အနားမှာလဲလူတွေရှိဝာာမို့ အားလုံးကိုဆွန်းမင်ကိုဝိုင်းတားကျသည်
မင်းသမီးလေးကိုဆုံးရှုံးလိုက်ရတာကြောင့်ဖခင်ဆီကအာဏာပြန်လုထားတဲ့မင်းတစ်ပါးအရှေ့မှာ
သူ့သမီးကိုစိတ်ပူပေးနေတာကိုတောင်ရန်ပြန်လုပ်နေသည့်ကောင်လေးကိုအားလုံးအံ့ဩကျကုန်၏

"ငါမှမခေါ်သွားရင်မင်းကလေးတစ်ယောက်နဲ့ဒီမှာဘယ်လိုမှအဆင်မပြေဘူး ပြီး‌တော့ငါမင်းကလေးကိုချစ်တယ်"

ဘာ သူများကလေးကိုချစ်တယ်
ဘာပြောတယ်

"ကျွန်တော့်ကိုရော"

"ဟမ်!"

ဆွန်းမင်သူ့ဘာသာသူသတိမမူပဲပြန်ပြောမိလိုက်ပါသည်
တကယ်ကသူဆိုလိုချင်တာကလေးကိုချစ်တိုင်းစောင့်ရှောက်ပေးရမယ်ဆိုရင်ဒီလိုမျိုးရတာလားဆိုတဲ့သဘော

"ဖေဖေလိုက်သွားရအောင် သမီးအိပ်ချင်ပြီ"

ဆွန်းမင်အနောက်ကအွန်းဗြောကခေါင်းလေးပြူးပြီးတိုးတိုးလေးပြော၏
သူလဲတကယ်အိပ်ချင်ပါပြီ

"တက်!"

"ဗျာ"

"တက်!အချိန်မရှိဘူး!"

မြင်းကိုမနက်ကအတူတူတတွေ့ခဲ့တဲ့စားသောက်ဆိုင်မှာထားခဲ့ရာကနေ ကောင်လေးတစ်ယောက်ကိုသွားယူခိုင်းထားတာမို့ရောက်နေခြင်းဖြစ်ပေမဲ့ ဒီလိုကြီးလောလောလောလောလုပ်တာကတော့တဇွတ်ထိုးဆန်သည်မလား

"ငါမင်းကိုတက်လို့ပြောတယ်လေ!"

လေသံကပိုပြီးမာလာ၏
ဆွန်းမင်ဘေးနားကလူတွေကိုတစ်ချက်ကြည့်တော့ခေါင်းလေးတွေငုံ့ထားကျပြီးသူ့ကိုမျက်နှာရိပ်ကဲပြသည်
ပြောတဲ့အတိုင်းလုပ်လိုက်တာပဲကောင်းသည်ဆိုတဲ့သဘော

အွန်းဗြောကိုငုံ့ကြည့်တော့လဲမျက်လုံးကိုတောင်ပွတ်နေသည်

"ဟူး.."

ဆွန်းမင်သက်ပြင်းတစ်ချက်ချလိုက်၏ အနားတင်ရှိနေတဲ့မြင်းပေါ်ကသူကိုလဲမော့ကြည့်ရသေးသည်
ထိတ်လန့်သွားတာကလွဲ၍တစ်နေကုန်ကိုအားရပါးရစော်ကားပုတ်ခတ်ထားတဲ့အင်ပါယာကိုအုပ်စိုးတဲ့ဘုရင်ဖြစ်နေပါစေသူနည်းနည်းလေးမှကြောက်မနေခဲ့ ဒီနေရာမှာခေါင်းမော့ခါးကော့ပြီးနေရဲတာသူနဲ့အွန်း‌ဗြောနှစ်ယောက်ပဲရှိသည်

တစ်ချက်တစ်ချက်သံသယဝင်နေတာနဲ့အတူအဲ့ဒီ့သူရဲ့လက်မှာစွပ်ထားတဲ့ကျောက်စိမ်းလက်စွပ်ကြောင့်သူ့မှာရန်သူဟုလဲထင်မှတ်နေ၏

ဒါပေမဲ့ဝေးဝေးပြေးရှောင်ရမည်ကိုပိုပိုပြီးနီးကပ်နေသလို
အခုချိန်အထိမြင်းဇက်ကြိုးကိုထိန်းကိုင်ပြီးစောင့်နေသူသည်ဘာလို့သူတို့ကိုမှစိတ်ရှည်ပြီးစောင့်ဆိုင်းပေးနေရသနည်း

နည်းနည်းတော့လွန်သွားပြီထင်သည်

"အွန်းဗြောကိုခဏချီထားပေးပါ"

"အင်း"

အရင်ဆုံးကလေးကိုချီပြီးမြင်းပေါ်ကိုတင်ပေးလိုက်တော့ချီတော့ချီထားပေးသည်မို့ဆွန်းမင်လဲစိတ်ကိုလျော့ပြီးခြေတင်တဲ့နေရာကိုအံဝင်ခွင်ကျဖြစ်အောင်နေရာယူလျက်မြင်းရဲ့ကျောကိုင်ကိုင်ပြီးတက်ဖို့အလုပ်မှာအပေါ်ကနေကမ်းပေးလာတဲ့လက်တစ်ဖက် ဆွန်းမင်လဲဘယ်လိုမှတက်လို့မရတာကြောင့်လှမ်းအဆွဲမှာထောက်ကနဲအသံတစ်ခုကိုကြားလိုက်ရသည်

ဒါပေမဲ့ဘာဖြစ်သွားမှန်းမသိတာကြောင့်မြေပြင်ဘက်ကိုငုံ့ကြည့်တော့လဲဘာမှမတွေ့

"‌နောက်မှာစီးရင်ကလေးကိုင်ကချီရမှာလားအရှေ့ကိုတက်ခဲ့"

ဟင် အရှေ့ကို
အရှေ့မှာစီးရမယ်

"အရှေ့မှာ ဟင်!"

‌လေပေါ်မှာတန်းလန်းနဲ့ပြောနေတုန်းရှိသေးသည်ခါးကနေဆက်ကနဲပွေ့လိုက်တာများလူကမြင်းအရှေ့ရောက်သွားတဲ့အပြင်ဟိုဘက်လက်တစ်ဖက်နဲ့ချီထားတဲ့အွန်းဗြောနဲ့မျက်နှာချင်းဆိုင်

အမလေး
မျက်လုံးတွေပါပြူးသည်
အခုသူ့အလေးချိန်တစ်ခုလုံးကိုလက်တစ်ဖက်တည်းနဲ့ မ လိုက်တာလား
အွန်းဗြောကဆွန်းမင်ဆီကိုတိုးကပ်လာတာမို့လက်နှစ်ဖက်ကဲ့ပြုတ်မကျအောင်သေချာထိန်းထားလျက်
အံ့ဩသွားပြီးအနောက်ကိုဆွန်းမင်လှည့်ကြည့်လိုက်သေးသည်
အကွာအဝေးအနည်းငယ်သာရှိတော့သောနေရာကနေသူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးတွေနဲ့တိုး၏

ပြီးတဲ့နောက်မှာမြင်းဇက်ကြိုးကိုကိုင်ထားတဲ့လက်တစ်ဖက်ဟာဆွန်းမင်ခေါင်းပေါ်ရောက်လာတာနဲ့အတူသူ့ခေါင်းပေါ်မှာရောက်လာတာကဦးထုပ်အမဲတစ်ခု

"ခေါင်းငုံ့ထား"

အဲ့ဒီ့တော့မှဆွန်းမင်မျက်နှာတွေရဲတက်လာတော့၏
ရှက်တယ်တဲ့လား သူက ဒါအခြေအနေတစ်ခု‌ေကြာင့်လို့ဖြည့်တွေးလို့ရပေမဲ့ဘာလို့ဒီလိုကြီးလာပြောနေတာလဲ

"ကိုင်ထားတော့ ဟ့!"

ချက်ချင်းကိုတစ်ခွန်းထဲသတိပေးပြီးမြင်းကိုစထွက်တော့၏ နေရာကနေခပ်မြန်မြန်ထွက်သွားတာမို့လို့ဆွန်းမင်အွန်းဗြောကိုရင်ခွင်ထဲမြုပ်နေအောင်ထည့်ထားသည်

မြင်းခွာသံတွေပိုပိုပြီးနားထဲတိုးဝင်လာလေအရှေ့တည့်တည့်ကနန်းတွေဂိတ်တံခါးဝကပိုပိုပြီးပွင့်အာလာလေလေ
ထွန်းထားတဲ့မီးရှူးတိုင်နေတဲ့အရှိန်အဝါသည်ဝင်လာထဲကကျောစိမ့်အောင်အေးလွန်းသည်

ဆွန်းမင်အနောက်ကိုလှည့်ကြည့်လိုက်သေးသည်အာရုံစိုက်ထားတဲ့မျက်လုံးတွေနဲ့သာမန်မျက်စိနဲ့ကြည့်နေတာတောင်ခန့်ညားနေသူ

ဘာလို့ခင်ဗျားမှလဲ
.
.
.
.
"သူတို့နောက်လိုက်သွား"

အနီရောင်ဝတ်ရုံနဲ့ဓားတစ်လက်ကိုတင်းနေအောင်ကိုင်ထားတဲ့ရဲမက်တစ်ဦးအပြင်ဘေးနားကနန်းတွင်းသူနှစ်ယောက်လဲပါသည်
နန်းတွင်းသူတစ်ဦးကအိပ်ပျော်နေတဲ့အွန်း‌ဗြောကိုလက်ကမ်းလာတာမိုဆွန်းမင်အခြေအနေကိုကြည့်ပြီးတော့မှလက်ထဲထည့်ပေးလိုက်ပြီးလျှက် ဝမ်ချန်းအနားကိုတိုးကပ်သွားပြီးသူပတ်တီးစည်းပေးထားတဲ့လက်ကိုလက်နှစ်ဖက်နဲကိုဆွဲယူလိုက်သည်

"လက်ကအဆင်ပြေရဲ့လားတစ်ချက်လောက်ကြည့်ပါရစေ"

"မလိုဘူး"

ဝမ်ချန်းကလက်ကိုရုန်းခါပြီး‌နေရာကနေထွက်သွားပေမဲ့ဆွန်းမင်အနောက်ကအော်ပြောလိုက်သေး၏

"ကျွန်တော်တို့သားအဖ မနက်စောစောထွက်သွားမှာမို့လို့ပါ! ဒီမှာသမားတော်တွေရှိတာသိပေမဲ့..."

"ငါခဏနေရင်လာခဲ့မယ်"

"စောင့်နေပါ့မယ်!"

ခပ်ပြတ်ပြတ်ပြောပြီးကျောခိုင်သွားတဲ့အရိပ်သည်ပြန်တောင်လှည့်မကြည့်တော့ပါ ခဏနေရင်လာမယ်လို့တော့ပြောသည်
ဒါပေမဲ့ဆွန်းမင်တစ်ယောက်ဝမ်ချန်းပေးထားတဲ့ဦးထုပ်ကိုလက်နှစ်ဖက်နဲ့ပိုက်ရင်းပြုံးပြုံးကြီးနဲ့နောက်ကျောပြင်တစ်ခုကိုလှမ်းကြည့်နေပါ၏

"ဒီဘက်ကိုကြွခဲ့ပါ"

"အာ..ဟုတ်ကဲ့"

.......

"မင်းကြီး သူတို့ကလူစိမ်းတွေနန်းတော်ထဲပေးဝင်လို့မဖြစ်ဘူး"

"ရတယ် ထားလိုက်ငါ့ကိုဆေးကုပေးခဲ့တဲ့သူတွေပဲ"

ကိုယ်ရံတော်ရှင်းဟာဆိုရင်တော့အမြဲတမ်းဝမ်ချန်းအနားမှာရှိတာမို့အကြောင်းသိသပီပီသက်ပြင်းတွေချနေမိ၏
အခုတောင်ညအိပ်ဝတ်ရုံပိုးသားအဖြူကိုမှထပ်ထားပြီးအပေါ်ကအနီရောင်နဂါးဝတ်ရုံကိုခြုံထားတဲ့ပုံစံနဲ့စားပွဲပေါ်ထိုင်ပြီးလက်ကပတ်တီးကိုပဲထိုင်ကြည့်နေတဲ့မင်းကြီးကြောင့်သူ့မှာအနားကနေထွက်ပြေးချင်သည်

ဘာမှလဲမဟုတ်ဘူး လူနှစ်ယောက်အတွက် နန်း‌ဆောင်အသစ်မှာစီစဉ်ပေးလိုက်ဆိုပြီးညဘက်ကြီးသူ့ကိုပါအနားခေါ်ထားတာဖြစ်၏
ဘာသူတွေများလဲလို့‌လက်နက်တွေပါအသင့်ပြင်ပြီးရောက်ချလာတော့မှကလေးကကလေးကိုချီထားသည့်ကလေးနှစ်ယောက်ဖြစ်နေတော့သည်

ဘယ်ကနေဘယ်လိုခေါ်လာမှန်းကိုမသိ

"မင်းကြီး! အမတ်တွေကိုစစ်ဆေးမယ်ဆိုပြီးထွက်သွားရာကနေ ပတ်တီးစည်းလာရတဲ့အပြင်ကလေးနှစ်ယောက်ကိုနန်းတော်ထဲခေါ်လာရတယ်"

"သူတို့ကသားအဖေတွေ"

ဘယ်လို သားအဖ

"သွားလိုက်ဦးမယ် မင်းပြန်တော့"

"ဒီအချိန်ကြီးဘယ်အဆောင်ကိုကြွ..."

စကား‌‌တောင်မဆုံးသေး ဇက်ကနဲဆိုဇက်ကနဲထသွားတာများလိုက်လို့ကိုမမှီတော့ အနားကအသင့်ရှိနေတဲ့အထိန်းတော်တွေကို‌တောင်မခေါ်သွားပါပဲနဲ့တစ်နေရာကိုဝမ်ချန်းဦးတည်နေတော့သည်
.
.
.
"မင်းကြီး!"

အဆောင်ရှေ့ကအမျိုးသမီးကိုယ်ရံတော်နှစ်ဦးကိုဝမ်ချန်းတိတ်တိတ်နေရန်လက်သာအသာကာပြလိုက်တော့နေရာကနေရှောင်ပေးကျသည်

အနားကိုတိုးတိုးသွားမိ၏

ဒီနေရာသည်အရင်သူအိမ်ရှေ့စံဘဝထဲကသူ့ရင်‌ သွေးလေးသူ့ဆီသာရောက်လာခဲ့ရင်ဆိုတဲ့အတွေးနဲ့‌ မျှော်တလင့်လင့်ဆောက်လုပ်ခဲ့ရတဲ့အဆောင်ဖြစ်ပြီးယခုအချိန်အထိဖုန်တစ်စက်တောင်မရှိစေပဲကောင်းကောင်းကြပ်မတ်ထားခိုင်းခဲ့စေ၏

နန်းတော်ရဲ့ရက်ကြီးအခါကြီးတွေမှာဆွေတော်မျိုး‌တော်တွေရောက်လာရောင်တောင်တည်းခိုဖို့ခွင့်မပြုတဲ့အဆောင်တော်ဖြစ်ပေမဲ့အလုံခြုံဆုံးနေရာတစ်ခုဖြစ်တာကြောင့်ဒီမှာပဲတည်းခိုစေခဲ့တာ

အသာစေ့ထားတဲ့ပြတင်းပေါက်လေးကိုဒီနားကနေမြင်ရတာမို့ဝမ်ချန်းပြတင်းပေါက်ဆီလျှောက်သွားကာတံခါးကိုအသာလေးဟလိုက်၏

ဖယောင်းတိုင်တစ်ခုပဲထွန်းပြီးနှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေကျသူနှစ်ဦး
ဒူးလေး‌ကွေးပြီးလက်လေးကိုပိုက်ကာအိပ်နေတဲ့ကောင်လေးဘေးမှာ စောင်တစ်ခုလုံးကိုလုံးပြီးပတ်ထားတဲ့ခြေကားယားလက်ကားယားအွန်းဗြောရှိသည်

"စောင့်နေတယ်ဆိုပြီအိပ်သွားတာပဲ"

အနားကနေထွက်မသွားရင်ကောင်းမယ်

Continue Reading

You'll Also Like

203K 9.6K 31
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
268K 9.3K 106
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...
399K 24.2K 83
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
525K 8.1K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...