ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

161 - 165

92 4 0
By Azure5549

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(161)အောက်လမ်းဂိုဏ်းသားများအကြောင်း စတင်သိရှိရခြင်း

"ကျုပ် အိပ်မက်က လောကမှာ မျက်နှာအပြောင်ဆုံး သူတစ်ယောက်ဖြစ်လာဖို့ပဲ"

လုံချန်၏ စကားကို ကြားစဉ်တွင် ထန်၀မ်အာသည် သူမ၏ နားကိုပင် မယုံနိုင်အောင်ဖြစ်မိသည်။သို့သော်
လုံချန်က သူမကို စနောက်နေပြန်ပြီဟု နားလည်ရာ တဟားဟား ရယ်လိုက်၏။

"ဒါဆိုလည်း ၀မ်သာပါတယ်ရှင် ရှင့်အိပ်မက်က ဖြစ်တောင်ဖြစ်နေပြီပဲ ရှင့်က တစ်ကယ့်ကို 100 ရာခိုင်
နှုန်း မျက်နှာပြောင်တဲ့သူပဲ"

လုံချန် ခေတ္တခဏ မည်သို့ပြောရမည်မသိဖြစ်သွားသည်။သူမကလေးသည် သိပ်ကိုလှပါ၏။အထူးသဖြင့်
ယခုလို ရယ်လိုက်သည့်အခါများတွင် လောကကြီးတစ်ခုလုံးပင် ရပ်တန့်သွားသည်ဟု ထင်ရလေသည်။
သူမ၏ အလှကား ချုယောင်ထက် မည်သို့မှ မလျှော့ပါချေ။

လုံချန်က ခေါင်းကို ယမ်းသည်။

"မင်းထင်သလောက်မရိုးရှင်းဘူး ကျုပ်ဖြစ်ချင်တာက ဘယ်သူနဲ့မှ မတူတဲ့ မျက်နှာပြောင်တဲ့ကောင်
ဖြစ်ချင်တာ ဒီပန်းတိုင်ကိုရောက်ဖို့ ကျုပ်အတွက်လိုသေးတယ်ဆိုပေမယ့် ကြိုးစားရင် ဘုရားတောင်ဖြစ်
နိုင်သေးတာပဲ ကျုပ်က ကြိုးစားရမှာပေါ့" လုံချန်သည် ကောင်းကင်ကြီးကို ကြည့်၍ မျှော်လင့်ချက်အပြည့်
ဖြင့်ထိုသို့ပြောလျှင် ထန်၀မ်အာမှာ အတောမတတ်အောင် ရယ်နေတော့သည်။ထို့နောက် သူမသည်
လုံချန်ကို ခပ်ဖွဖွ ကလေးရိုက်၍ ပြော၏။

"ရှင်နော်....အဲ့ဒိလိုလိုက်စမနေနဲ့ ကျွန်မတစ်ချိန်လုံးရယ်နေရတာပဲ"

ယခုနေရာတွင် လူများစွာရှိနေသည်။သူတို့နှစ်ယောက်သည် မထင်မရှားနှင့် သာမာန်အတိုင်းသာ
စကားပြောဆိုနေကြသည်ဆိုသော်လည်း လူအများက ကြည့်နေကြ၏။ထို့ကြောင့် ထန်၀မ်အာမှာရယ်
ချင်စိတ်ကို ထိမ်းသိမ်း၍ ဖုံးဖုံးဖိဖိ ရယ်ရလေသည်။လုံချန် ၏ ရုပ်တည်ကြီးနှင့် ပြောသည့်စကားများ
မှာ သူမအတွက် မရယ်ပဲ မတတ်နိုင်ချေ။

"ညီမလေး ညီမလေးကို အကိုက စနေတာမဟုတ်ဘူး တစ်ကယ်ပြောနေတာ နားမလည်ဘူးလား ကြည့်
ရတာ ညီမလေးက မရင့်ကျက်သေးဘူးပဲ" လုံချန်သည် ၀မ်းနည်းသံဖြင့်ပြော၏။

"ကျွတ်...ရှင်ဟန်ဆောင်မနေနဲ့ ရှင်ကဘယ်တုန်းကမွေးတာလည်း ကျွန်မက ရှင့်ထက်ကြီးမယ်ဆိုတာ
ကို လောင်းရဲတယ်"

သူမက ထိုသို့ပြောရာတွင် လုံချန်သည် သူမ၏ ခန္ဓာကိုယ်ကလေးကို ခေါင်းအစခြေအဆုံးကြည့်၍
ပြန်ပြောလေသည်။

"အင်း...အဲ့တာတော့ဟုတ်သားပဲ"

ထန်၀မ်အာ၏ မျက်နှာကလေး ဖြန်းကနဲ နီသွား၏။ယင်းနောက် သူ့ကို ဒေါသထွက်ဟန်လေးဖြင့်ကြည့်၍
ပြော၏။

"ကောင်စုတ်...ရှင်တော့ ထုခံချင်ပြန်ပြီလား ဒီလိုမျိုးညစ်ညစ်ပတ်ပတ်စကားတွေကို ဘယ်လိုပြောထွက်
တာလည်း"

လုံချန်သည် ပျော်ရွှင်စွာဖြင့် စိတ်ထဲ၌ သက်ပြင်းချမိသည်။ရွှမ်ရှင်းကား သူထင်ထားသည်ထက်ပင်ပို
၍ ပျော်စရာကောင်းသော နေရာဖြစ်နေသည်။ချောမောလှပသည့် မိန်းမလှကလေးကို နေ့တိုင်းစနေရ
လျှင် အချိန်တွေသည် ထင်ထာထက် ပို၍ အကုန်မြန်ပေလိမ့်မည်။မတွေးမိစေရန် အစဉ်အမြဲကြိုးစား
နေသည့်ကြားမှ သူ့ကို နာကျင်အောင် လုပ်နေသည့်အရာမှာ ချူယောင်ဖြစ်လေသည်။

ကောင်းကင်နန်းတော် ဂိုဏ်းသို့ သူမ အောင်မြင်စွာ ၀င်ရောက်နိုင်သွားပြီလား။ရွှမ်ရှင်း၌ အခြေကျသည်
နှင့် သူမကို မြန်မြန်သွားတွေ့ရဦးမည်။သူ့အမြင်တွင် ချူယောင်သည် လွန်စွာရိုးသား၍ တုံးအ၏။ကောင်း
ကင်နန်းတော်၌ ချုယောင် အဆင်မပြေဖြစ်မည်ကို သူ စိုးရိမ်ပါသည်။

လုံချန် အတွေးနက်နေစဉ်တွင် လူအုပ်ကြီးသည် မီးကိုရေနှင့်ငြိမ်းလိုက်သလို ချက်ချင်းတိတ်ဆိတ်
သွားသောကြောင့် လုံချန်က ခေါင်းမော့၍ ကြည့်လျှင် အကြီးအကဲတစ်သိုက်မှာ ကျောက်နံကြီး၏
အရှေ့သို့ လာနေသည်ကိုမြင်ရသည်။

အကြီးအကဲများသည် မီးခိုးရောင် ၀တ်ရုံကိုယ်စီကို ၀တ်ထားကြပြီး ခက်ထန်သော မျက်နှာများဖြင့်
ဖြစ်သည်။၎င်းတို့၏ မျက်၀န်း၌ တောက်ပလျှက်ရှိသော အလင်းရောင်တစ်မျိုးသည် လူအုပ်အား
မျက်လုံးခြင်း ဆုံ၍ မကြည့်ဝံ့အောင်ဖြစ်စေပါသည်။၎င်းတို့၏ အော်ရာများကား လွန်စွာပြင်းထန်လွန်း
ရကာ အော်ရာများကို မလွှတ်ပဲ ထိန်းချုပ်ထားသည့်တိုင် ပေါက်ကွဲတော့မည့် မီးတောင်ကြီးများကဲ့
သို့ခံစားရစေလေသည်။

"ကောလဟလ တွေအရတော့ ရွှမ်ရှင်းက အကြီးအကဲတွေဟာ သွဲ့ကျောင်းအဆင့်တွေလို့ပြောကြတယ်"
ထန်၀မ်အာသည် လုံချန်ကို နှစ်ကိုယ်ကြားရုံလေသံဖြင့်ပြောသည်။

လုံချန်က ခေါင်းငြိမ့်၏။၎င်းတို့ သည်မျှလောက် အစွမ်းထက်နေသည်မှာအံ့အားသင့်စရာမဟုတ်ပေ။
ဂိုဏ်းများမှ သိုင်းသမားကြီးများသည် အပြင်လောကမှသိုင်းသများထက် မည်သို့မျှမယှဉ်နိုင်အောင်
အစွမ်းထက်ကြလေသည်။

အကြီးအကဲများမှာ လူအုပ်အား သိမ်းကြုံးကြည့်၍ မည်သည့်စကားကိုမှမဆိုပေ။ကျောက်နံရံကြီး၏ ရှေ့
တွင် မီတာ သုံးဆယ်ခန့်မြင့်သော ကျောက်လှေကားထစ်ကြီးများရှိရာ ၎င်းတို့က ထိုလှေကားထစ်ကြီး
များပေါ်သို့တစ်ပြိုင်တည်းခုန်တက်၍ တင်ပလ္လင်ခွေထိုင်လိုက်ကြ၏။လုံချန်သည် ၎င်းတို့ ဘာလုပ်မည်ကို
စူးစမ်းနေစဉ်မှာပင် ှ လူတစ်ယောက်သည် ကောင်းကင်ထက်မှ ကျောက်လှေကားထစ်ကြီးများ
အပေါ်သို့ဆင်းသက်လာ၏။

လုံချန်သည် ထိုသူကို ချက်ချင်းမှတ်မိသည်။ထိုသူမှာ သူ့ကို ၀င်ခွင့်တံဆိပ်ပြားပေးခဲ့သော အကြီးအကဲ
တုဖုန်းပင်။အကြီးအကဲ တုဖုန်းရောက်လာသည်နှင့် ကျန်အကြီးအကဲများ အားလုံး မတ်တပ်ရပ်၍
ဦးညွှတ်ကြသည်။တုဖုန်းက ပြန်ဦးညွှတ်ပြီးလျှင် အကြီးအကဲများမှာပြန် ထိုင်ကြလေသည်။ထိုသို့ ဦး
ညွှတ်နေကြချိန်၍ မည်သည့်အသံမှ မထွက်ကြချေ။

လူအုပ်ကြီးသည် အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်နေ၏။ပတ်၀န်းကျင်ကား အသက်ရှု
သံပင်မကြားရလောက်အောင်ဖြစ်နေသည်။တုဖုန်းရောက်လာသည်ကို ကြည့်လျှင် နောက်ဆုံးစမ်းသပ်
မှု စတော့မည်ကို သိနိုင်သည်။

"ကျောက်စိမ်းပြားလေးပြား ပြည့်အောင် မရတဲ့သူတွေ မီတာ တစ်ရာထိရောက်အောင် နောက်ဆုတ်
လိုက်ကြပါ"

တုဖုန်း၏ သံလိုက်ဓာတ်ကဲ့သို့ သြဇာရှိသည့်အသံသည် တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ထွက်လာသည်။စု
ရုံးရောက်ရှိနေကြသောလူအုပ်ကြီးမှာ နောက်သို့ဆုတ်သွားရာ လူပေါင်းသုံးထောင်ခန့်သာ ကျန်ခဲ့
တော့သည်။လုံချန် အံ့အားသင့်မိပါ၏။75 ရာခိုင်နှုန်းသည် ပြိုင်ပွဲမှ ထွက်ခွာရမည်ဟု ပြောခဲ့သည်။
သို့ဆိုလျှင် အဘယ့်ကြောင့် ထိုမျှ နည်းပါးသော လူအရေအတွက်သာ ကျန်ခဲ့ပါသနည်း။

အကယ်၍ စုစုပေါင်းလူဦးရေ၏ လေးပုံတစ်ပုံသာ အောင်မြင်သည်ဟုဆိုလျှင်ပင် လူဦးရေ သုံးသောင်း
အနက်မှ အယောက် 7000 ခန့်လောက်သည် စမ်းသပ်မှုကို အောင်မြင်သင့်ပေသည်။သို့သော်လုံချန်
သည် ပြဿနာ တစ်ခုကို ရုတ်တရက်တွေးမိပြန်သည်။အကယ်၍ လူအများ၏ ကျောက်စိမ်းပြား များ
ထိခိုက် ပျက်ဆီးသွားရခြင်း သို့မဟုတ် မှော်သားရဲများကြောင့် သေကောင်းသေသွားနိုင်ခြင်း များဖြစ်
ခဲ့လျှင် ကျောက်စိမ်းပြား လေးပြား၏ အစဉ်မှာ ပျက်ပြီဖြစ်၏။

စီနီယာ၀မ်အာ အစက ပြောခဲ့သလို စမ်းသပ်ပွဲကို မအောင်မြင်နိုင်တော့ဟု သိသည့် သူများက
၎င်းတို့၏ ကျောက်စိမ်းပြားများကို ဖျက်ဆီးလိုက်၍ လည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။အကယ်၍ ထိုသို့
တစ်ယောက်က ကျောက်စိမ်းပြားများကို ဖျက်ဆီးလျှင် ကျန်သည့် သုံးယောက်သည်လည်း စမ်းသပ်
မှုမှ ထွက်ခွာရပေမည်။မှန်သည်။အကယ်၍ မတူညီသည့် ကျောက်စိမ်းပြားလေးပြားကို ပိုင်ဆိုင်သူ
လေးယောက်သည် ထိုအတွေးမျိုးကို တွေးမိ၍ ၎င်းတို့၏ ကျောက်စိမ်းပြားများကို ဖျက်ဆီးခဲ့ပါက
လေးယောက်ပေါင်းမှ ပြည့်စုံသော ကျောက်စိမ်းပြား တစ်ခုသာရမည်ဖြစ်၏။

ထို့ကြောင့်ပင် စမ်းသပ်မှုအောင်မြင်သည့် လူဦးရေသည် နည်းပါးသွားရခြင်းဖြစ်လေသည်။ပြိုင်ပွဲမှ
ထွက်ခွာသွားရသည့် အရေအတွက်ကား ကြောက်ခမန်းလိလိပင်။တုဖုန်းသည် ကျန်နေခဲ့သည့် လူ
သုံးထောင်ကို ကြည့်၍ ခေါင်းငြိမ့်၏။

"ဒီ...နောက်ဆုံးစမ်းသပ်မှုကို ကြီးကြပ်မှာကကျုပ်ပဲ...ငါ့နောက်က ဂူပေါက် ပေါင်းကိုးထောင်ကို မင်း
တို့မြင်ကြတယ်မလား ဒီဂူတွေဟာ မင်းတို့နောက်ဆုံး ယှဉ်ပြိုင်ရမယ့်နေရာပဲ"

တုဖုန်းက သူ့နောက်တွင် ရှိသော ကျောက်နံရံကြီးကို ပြ၏။တုဖုန်း၏ စကားဆုံးလျှင် အကြီးအကဲများ
သည်မှိတ်ထားသော မျက်စိများကို ပြန်ဖွင့်လိုက်ကြ၏။အကြီးအကဲ တစ်ယောက်ချင်းစီ၏ ရှေ့တွင်
သုံးမီတာ ခန့်မျှမြင့်ကာ ပေပေါင်းများစွာ လုံးပတ်ကြီးသော လွန်စွာရှေးကျဟန်ရှိသည့် ကျောက်တိုင်
ကြီးများသည် တစ်ဖြေးဖြေး မြင့်တက်လာလျှက်ရှိကြသည်။

ကျောက်တိုင်လုံးကြီးများပေါ်၌ ထူးဆန်းသည့် မျဉ်းကြောင်းများဖြင့် ပြည့်နှက်လျှက်ရှိသည်။ကျောက်တိုင်
လုံးကြီးများ ပေါ်လာသည်နှင့် အကြီးအကဲအားလုံးသည် ကျောက်တိုင်လုံးကြီးများပေါ်သို့ လက်ကိုယ်
စီတင်လိုက်ကြပြီး စွမ်းအင်အများအပြားကို ထည့်သွင်းလိုက်ကြ၏။

အကြီးအကဲများသည် စွမ်းအင်များ ပိုမို၍ ပို့လွှတ်ကြသည်နှင့်အမျှ ကျောက်တိုင်လုံးကြီးများပေါ်မှ မျည်း
ကြောင်းများမှ အလင်းရောင်များဖြင့်တောက်ပလာကာ အသက်၀င်လာသည်ကဲ့သို့ထင်လာရ၏။

"ဇီ...ဇီ..ဇီ"

ထိုမျဉ်းကြောင်းများ ပကတိ လင်းထိန်သွားချိန်တွင် ကျောက်နံရံကြီးမှ တဂျိုးဂျိုး တဂျိမ်းဂျိမ်းအသံကြီး
သည် ပြင်းထန်စွာမြည်ဟည်းလျှက် ကြောက်မက်ဖွယ်ရာစွမ်းအင်ကြီးတစ်ရပ် ပေါ်ထွက်လာသည်
ဟု ထင်ရကာ မြေပြင်သည် သွက်သွက်ခါမျှ တုန်လှုပ်လာ၏။

ယင်းကား လူတစ်ယောက်တွင်ရှိသောစိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှလာသော စွမ်းအား
တစ်ရပ်ပင်ဖြစ်ရာ အခြားသော သူတစ်ယောက်အား ရိုသေသည့်ခံစားမှုကို ဖြစ်စေ သည်သာမက
ကြောက်လန့်မှုကိုလည်း ခံစားရပေလိမ့်မည်။လူတိုင်း နောက်သို့ ခြေလှမ်းတော်တော်များများဆုတ်
မိလိုက်ကြသည်။

သို့သော် မည်သို့မျှ မဖြစ်သလို ရပ်၍ ကျန်ရစ်ခဲ့သူ ခြောက်ယောက်လည်းရှိသေးရာ ၎င်းတို့မှာ
ထန်၀မ်အာ၊ယဲ့ထင်းချုံ၊လီရှင်းရှောင်၊ချီရှင်၊ယွဲ့ဇူဖုန်းနှင့် လုံချန် တို့ဖြစ်ကြလေ၏။တုန်ဖုန်းသည် ထို
ခြောက်ယောက်ကို ကြည့်၍ ခေါင်းတဆတ်ဆတ်ငြိမ့်၏။ယခုအချိန်တွင် ပါရမီရှင် ခြောက်ယောက်
ထွက်ပေါ်ခဲ့ပြီဖြစ်သည်။

ဖျစ်...ဖျစ်...ဖျစ်....။

ကျောက်နံရံကြီး လှုပ်ရှားလာခြင်းနှင့်အတူ မူလက ပိတ်ထားသော ဂူအသီးသီးမှ ကျောက်တံခါးများ
သည် တဖြည်းဖြည်းအထက်သို့တက်၍ ပွင့်လာရာ မကောင်းဆိုးရွားကြီးတစ်ကောင်သည် ၎င်း၏ မှိတ်
ထားသော မျက်လုံးများကို ဖွင့်၍ လူအများအား ကြည့်လိုက်သကဲ့သို့ပင်ရှိ၏။လူအများမှာမူ မယ်မယ်
ရရ အကြောင်းပြချက်မပေးနိုင်ပဲ ကြောက်လန့်မှုကြောင့် တုန်တုန်ယင်ယင်ဖြစ်လျှက်ရှိနေကြသည်။

ဂူများ၏ အတွင်းပိုင်းကား ပိန်းပိတ်အောင် မဲမှောင်လျှက်ရှိရာ အထဲသို့မြင်ရန် မဖြစ်နိုင်ပေ။ကျောက်
တုံးကြီးများမှ ထွက်လာသော အလင်းရောင်ဖြင့် ဂူများ၏ အပေါ်၌ ကပ်ထားသော အင်းစာရွက်များကို
သာလူအများမြင်ကြရလေသည်။

"ဒီဂူတွေဟာ မင်းတို့ရဲ့နောက်ဆုံးစမ်းသပ်မှုပဲ ဒီစမ်းသပ်မှုမှာ ပြင်ပဂိုဏ်းသား အတွင်းစည်းဂိုဏ်းသားနဲ့
အန္တေဝါသိက ဂိုဏ်းသားတွေရယ်လို့ရှိမယ်"

တုဖုန်းက နောက်ကွယ်မှ ထောင်နှင့်ချီသော ဂူပေါက်များကို ပြ၍ ဆိုသည်။

"မင်းတို့မြင်နေရတဲ့ဂူတွေဟာ တစ်ရွယ်ထဲမဟုတ်ဘူး အောက်ပိုင်းမှာ ဂူပေါင်း 5876 ဂူရှိတယ် ဒီဂူ
တွေဟာ အပြင်စည်းဂိုဏ်းသားတွေအတွက်ဖြစ်ပြီး ဒီစမ်းသပ်မှုကို အောင်မြင်ရင် ကျုပ်တို့ဂိုဏ်းရဲ့
အပြင်စည်းဂိုဏ်းသားဖြစ်ပြီ"

ထိုအခါမှ ဂူများကို အလွှာသုံးလွှာပိုင်းထားကြောင်း လုံချန်သိရသည်။ဂူများ၏ အရွယ်အစားသည်များ
စွာကွဲပြားခြင်းမ ရှိလေရာ တုဖုန်းသာ မပြလျှင် သိနိုင်မည်ပင်မဟုတ်ပေ။

"အလယ်က ဂူပေါင်း 3096က အတွင်း စည်းဂိုဏ်းသားတွေအတွက်"

"ပြီးတော့ အထက်က ဂူပေါင်း 187 လုံးက အန္တေဝါသိက ဂိုဏ်း၀င်တွေအတွက်ပဲ တစ်ကယ်လို့မင်း
တို့ဟာ အန္တေဝါသိက ဂိုဏ်း၀င်ဖြစ်ချင်ရင် ဒီဂူပေါင်း 187 လုံးထဲက တစ်လုံးကို အောင်မြင်စွာဖြတ်
ကျော်ရမယ်"

လူတိုင်း၏ အကြည့်သည် ထိုဂူများထက်သို့ရောက်သွားသည်။ယင်းအကြည့်များ၌ မျှော်လင့်ချက်များ
ပါ၏။ယင်းဂူများကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့လျှင် ရွှမ်ရှင်း၏ အစစ်အမှန် ဂိုဏ်း၀င်များဖြစ်ပေပြီ။

"ဒါပေမယ့် စမ်းသပ်မှု မစခင် မင်းတို့ကို ဇာတ်လမ်းတစ်ခု ပြောပြရဦးမယ် ဒီဇာတ်လမ်းဟာ မင်းတို့
ရဲ့ သေရေးရှင်ရေးနဲ့ ပတ်သတ်နေတာမို့လို့ သေသေချာချာအာရုံ စိုက် နားထောင်ကြပါ" တုဖုန်းသည်
လူတိုင်းကို လေးနက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

သူပြောသည့် သေရေး ရှင်ရေး ဟူသည့် စကားမှာ လူတိုင်း၏ ဦးခေါင်းထဲ၌ ပဲ့တင်သံထပ်လျှက်ရှိပြီး
၎င်းတို့၏ အသည်းနှလုံးအား လက်အေးကြီးဖြင့် ဖျစ်ညှစ်လိုက်သကဲ့သို့ရှိလေသည်။လူတိုင်းအတော်
အတန်  ကြောက်လန့်သွားသည်ကိုမြင်လျှင် တုဖုန်းသည် ခေါင်းငြိမ့်၍ သူ့စကားကို ဆက်၏။

"မင်းတို့တတွေဟာ နောက်ခံအင်အား အင်မတန်တောင့်တင်းတဲ့မိသားစုကြီးတွေကလာပြီး မိဘတွေ
ရဲ့ တုန်နေအောင် ချစ်ခြင်းကို ခံရသူတွေဖြစ်ချင်ဖြစ်မယ် မင်းတို့ရဲ့ပါရမီဟာ သူတပါးတွေထက်သာလွန်
တာမို့လို့ မင်းတို့မိဘတွေက မင်းတို့အပေါ်မျှော်လင့်ချက်ကြီးမားစွာ ထားခဲ့ကြကောင်း ထားခဲ့ကြမယ်"

"ဒါပေမယ့် ကြာညောင်းလှတဲ့ ဒီ စမ်းသပ်ပွဲကြီးအပြီးမှာ မင်းတို့ကိုယ် မင်းတို့ အသုံးမ၀င်တဲ့ ကောင်
တွေသက်သက်ပဲ ရယ်လို့ နားလည်လာကြလား"

သူ၏ စကားတွင် နည်းနည်းမျှ ခံစားချက်မပါသကဲ့သို့ နည်းနည်းမျှလည်း လှောင်ပြောင်လိုသည့် သဘော
မျိုးမပါပါချေ။သာမာန်အကြောင်းအရာတစ်ခုကိုပြောနေသကဲ့သို့သာရှိသည်။ထိုစကားကြောင့်လူများစွာ
သည် အစော်ကားခံရသည်ဟု ယူဆကာ ဒေါသထွက်ကုန်ကြလေသည်။

"သေဘေးနဲ့တွေ့ရင် မင်းတို့သူရဲဘောကြောင်နေကြမှာလား...ဆုံးဖြတ်ချက်တွေ ေ၀၀ါးနေကြမှလား
...လက်လျှော့အရှုံးပေးချင်စိတ်တွေပေါက်လာမှာလား...ဒီလိုစိတ်တွေရှိနေတယ်ဆိုရင်တော့ ကိုယ့်
ကိုကိုယ် အမှိုက်ကောင်တွေပဲလို့ သာ လက်ခံလိုက်ကြ"

"ဒီ စမ်းသပ်မှုနယ်မြေမှာ ထားထားတဲ့ မှော်သားရဲတွေဟာ အများစုက ဒုတိယ အဆင့်မှော်သားရဲတွေ
ပဲ....ပုံမှန်အားဖြင့်ဆိုရင် မင်းတို့ရဲ့ ခွန်အားကို 80 ရာခိုင်နှုန်းလောက်သုံးတာနဲ့တင် လွယ်လွယ်လေး
သတ်လိုက်လို့ ရတဲ့ အကောင်တွေချည်းပဲ"

"ဒါပေမယ့် တစ်ကယ့်ရလာဒ်က ငါ့အတွက်တော်တော်စိတ်ပျက်စရာကောင်းတယ်..စမ်းသပ်ပွဲမှာ လူ
ပေါင်း 1587 ယောက်ကဘာမှဟုတ်တဲ့ ဒုတိယအဆင့် မှော်သားရဲတွေကြောင့်သေရတယ်လို့...
ဟေ့ကောင်တွေ ... ငါ့ကိုပြောစမ်း..မင်းတို့ကောင်တွေက သောက်သုံးတစ်စက်မှ မကျတဲ့ကောင်
တွေ ဟုတ်သလား မဟုတ်သလား"

"ဒုတိယအဆင့် မှော်သားရဲကို အရှေ့လည်းရောက်ရော ဘာလုပ်ရမှန်းမသိပဲ ကြောက်လန့်တော့
သေကုန်တော့တာပေါ့...ဟေ့ကောင်တွေ...သေဘေးနဲ့ကြုံရင် မင်းတို့မှာ နဂိုမူလက ရှိတဲ့ခွန်အား
ရဲ့တစ်၀က်တောင်မရှိတော့ဘူးလား...အဲ့ဒါဆိုရင် မင်းတို့က သောက်သုံးတစ်စက်မှ မကျတဲ့ကောင်
တွေမို့လို့ ဘာကောင်တွေလည်းကွ..."

တုဖုန်း၏ စကားကြောင့်လူအများစုသည် ရှက်ရွံ့ဟန်ဖြင့် ခေါင်းကိုယ်စီငုံ့လိုက်ကြသည်။သူပြောသည့်စ
ကား ကား သွေးထွက်အောင်ပင် မှန်လွန်းလှပါ၏။သေဘေးသည် ၎င်းတို့၏ အရှေ့သို့ရောက်လာချိန်တွင်
ကြောက်လန့်မှုကြောင့် နဂိုမူလ ခွန်အားများ ပျောက်ကွယ်ခဲ့ရသည်။သေဘေးမှ လက်မတင်ကလေး
လွတ်မြောက်ခဲ့ကြသော ၎င်းတို့အထဲမှ လူအနည်းစုသည်လည်း စိတ်ဒဏ်ရာများဖြစ်ကျန်ခဲ့ကြလေသည်။

"ငါ့ကို ခွင့်လွတ်ဖို့အကြောင်းမပြောကြနဲ့...မင်းတို့မိသားစုတွေဟာ မင်းတို့ကို ဖူးဖူးမှုတ်မတတ် ထား
ကြတယ်...သိုင်းသမားစိတ် ရှိတဲ့သူတွေဟာပဲ သိုင်းသမားတွေ ဖြစ်နိုင်ကြတယ်...ဘာ့ကြောင့်လည်း
..သူတို့ဟာ ပိုပြီးသန်မာလာဖို့အတွက်ဆို ဘာမဆိုလုပ်ဖို့ လိုလားကြလို့ပဲ...သောက်ဖြစ်မရှိတဲ့
ကောင်တွေကတော့ ခွင့်လွတ်ပေးဖို့ အကြောင်းပြချက်တောင်မရှိဘူး...ဘာ့ကြောင့်လည်းဆိုတော့
ဒီလိုကောင်မျိုးတွေက တစ်ခါတည်းသေကြရမှာမို့လို့ပဲ..." သူ့စကားအား မကျေမနပ်ဖြစ်နေကြသူများ
ရှိနေသေးသည်ကို မြင်သည်တွင် တုဖုန်းက အထက်ပါအတိုင်းဆက်ပြောခြင်းဖြစ်သည်။

တုဖုန်း၏ စကားများကို ကြားလျှင် ထန်၀မ်အာသည် လုံချန်ကို မသိမသာခိုးကြည့်ရာ လုံချန်မှာ
ခံစားချက်ကင်းမဲ့သည့် မျက်၀န်းများဖြင့် ကောင်းကင်ကြီးအား မော့၍ကြည့်နေသည်ကိုတွေ့ ရသည်။
အဘယ့်ကြောင့် တုဖုန်း၏ စကားများသည် လုံချန်ပြောလေ့ရှိသည့် စကားများနှင့် ခပ်ဆင်ဆင်တူ
နေရပါသနည်း။

"ဒီစကားတွေကို ငါက သတိပေးတဲ့အနေနဲ့  မင်းတို့ကိုပြောတာဖြစ်တယ် သိုင်းကျင့်တယ် ဆိုတာ ပြန်
လှည့်လို့မရတဲ့ လမ်းတစ်ခုပဲ အေး....မင်းတို့ သေရမှာကို ကြောက်လား...ကြောက်ရင် မင်းတို့
ဒီနေရာမှာတင် ရပ်လိုက်လို့ရတယ်"

"ဘာ့ကြောင့်လည်းဆိုတော့ မင်းတို့ဒီနေ့ရင်ဆိုင်ရမယ့် အရာတွေသည် ကလေးကလားအဆင့်လောက်
သာရှိသေးလို့ပဲ...မင်းတို့ရဲ့ အနာဂါတ်ရန်သူတွေဟာ ဒီနေ့တွေရမယ့်အရာတွေထက် အဆပေါင်းထောင်
သောင်းမက ကြောက်စရာကောင်းတယ်..."

"ဒီရန်သူတွေကို ငါတို့က အောက်လမ်းဂိုဏ်းသားတွေ လို့ နာမည်ပေးဖို့ ဆုံးဖြတ်ထားကြတယ်"

PATRIARCH MK AUNG

#

PATRIARCH MK AUNG
Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(162)ကြောက်စရာကောင်းတဲ့ စမ်းသပ်မှု

"အောက်လမ်းဂိုဏ်းသားတွေ"

သည်သို့သော အခေါ်အဝေါ်မျိုးကို လုံချန်မကြားစဖူး။စိမ်းလှသည်။သို့ရာတွင် ဂူပေါက်များထံမှ လွန်
စွာရှေးကျ၍ ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များကိုဖြင့် သူ ခံစားမိနေပါသည်။လူအုပ်ကြီး
သည်လည်း ကြားဖူးကြဟန်မတူချေ။ယင်းတို့၏ ကြောင်တောင်တောင်အမူအယာများကို ကြည့်လျှင်
ထိုအကြောင်းအရာသည် လျှို့ဝှက်ချက် တစ်ခုဖြစ်ကြောင်းလုံချန်က ရိပ်မိပါ၏။

သို့သော် ထန်၀မ်အာ၏ အမူအယာမပျက်သည့်ဟန်ကို မြင်လျှင် သူက အံ့သြရပြန်သည်။အောက်လမ်း
ဂိုဏ်းသား ဆိုသည့်အခေါ်အဝေါ်ကို ရှေးမဆွကပင် သူမ ကြားဖူးထားပုံရပါသည်။

"ငါ အခုပြောမယ့် အောက်လမ်းဂိုဏ်းသားတွေဆိုတာ မင်းတို့ စိတ်ကူးနေတဲ့ပုံမျိုးမဟုတ်ဘူး ... သူတို့
တစ်တွေဟာ မင်းတို့ငယ်ငယ်တုန်းက ပုံပြင်တွေထဲကလို ကြောက်စရာကောင်းတဲ့ ဘီးလူးကြီးတွေ
တစ္ဆေ၊သူရဲ တွေလည်းမဟုတ်ကြဘူး...အောက်လမ်းအကျင့်ကို ကျင့်ကြံလိုက်စားကြသူတွေပဲဖြစ်တယ်"

"ပြီးတော့ အခုစမ်းသပ်မှုမှာ ဒီအောက်လမ်းဂိုဏ်းသားတွေကို အနိုင်ယူတိုက်ခိုက်ရမှာပဲ သူတို့ခေါင်းကို
ဖြတ်နိုင်ရင် မင်းတို့ ရဲ့စမ်းသပ်မှု အောင်မြင်ပြီ" တုဖုန်းက ရှင်းပြရာ လူတိုင်းသည် ကျောက်နံရံကြီးဆီသို့
ကြည့်ရင်း အံ့အားတသင့် နှင့် အာမေဋိတ်အသံများတပြိုင်တည်းပြုမိကြပါသည်။

"မှန်တယ်...ဂူတစ်ခုစီတိုင်းမှာ အောက်လမ်းဂိုဏ်းသား တစ်ယောက်စီရှိကြတယ် အောက်လမ်းဂိုဏ်းသား
လို့ငါတို့ကဘာ့ကြောင့် ခေါ်ရသလည်းဆိုရင် သူတို့ကျင့်ကြံတဲ့ လမ်းစဉ်ဟာ ငါတို့လမ်းစဉ်နှင့် လုံးလုံး
ကွဲပြားပြီး အင်မတန် ရက်စက် ကောက်ကျစ်ကြလို့ပဲ သူတို့တတွေဟာ မှော်သားရဲတွေထက်တောင်
ရက်စက်ကြသေးတာမို့လို့ မင်းတို့အနေနဲ့ ဒီအချိန်မှာနောက်ပြန်လှည့်မယ်ဆိုရသေးတယ်....သေသေချာ
ချာစဉ်းစားကြပါ" ဟု တုဖုန်းကပြောလျှင် လူအုပ်ကြီးသည် မီးကို ရေနှင့်ဖြန်းသကဲ့သို့ ရှဲကနဲ တိတ်သွား
ကြလေသည်။

ယခုအခါတွင် သူတို့အနေနှင့် လူသုံးထောင်ခန့်ရှိသေးသည့်တိုင် အကြီးအကဲတုဖုန်းပြောသည့် အကြောင်း
အရာများကား လွန်စွာတုန်လှုပ်ဖွယ်ကောင်းနေရာ စိတ်များ လေးလံကုန်ကြ၏။

"ဒါဘယ်လို ပျက်လုံးမျိုးလည်း ဒီကောင်တွေကို လာခိုင်းလိုက်စမ်းပါ ကျုပ်တို့အကုန်လုံးကလည်း ပါရမီ
ရှင်တွေပဲ ခင်ဗျားရဲ့စကားကြောင့် ကြောက်သွားရမှာလား ဟမ့်...တစ်ကယ်လို့ မင်းတို့ကောင်တွေ
ကြောက်ကြတယ်ဆိုရင် ကျုပ် လီချန်ဖုန်းက ဦးဆောင်ထွက်မယ်" ဟု ဆို၍ လူအုပ်ထဲမှ မောက်မောက်
မာမာဖြင့် ပြောလိုက်သည့်အသံတစ်ထွက်လာ ပြီးလျှင် သွေးချီစွမ်းအင်များ တစ်ရှိန်ရှိန်ထွက်လျှက်
ဓားရှည်ကိုင်ထားသော လူတစ်ယောက်ထွက်လာသည်။

သူက သိုင်းအကျော်အမော်တစ်ဦးဖြစ်၏။

"သေသေချာချာ စဉ်းစားစမ်းပါလေ...ဒါက ရိုးရိုးစမ်းသပ်ပွဲမဟုတ်ဘူး သူသေ-ကိုယ်သေ သတ်ဖြတ်ရ
မယ့်ပွဲ...နည်းနည်းလေး နမော်နမဲ့နိုင်မိတာနဲ့ မင်းအသက်ကို ပေးလိုက်ရမှာပဲ" တုဖုန်းက အထက်ပါ
အတိုင်းသတိပေးသည်တွင် ထိုသူကလည်းပြန်ပြောလေသည်။

"မစိုးရိမ်ပါနဲ့အကြီးအကဲခင်ဗျား...ဒီက တပည့်က ဒါကို နားလည်ပါတယ်"

တုဖုန်းသည် မတတ်သာသည့် ဟန်ဖြင့်သက်ပြင်းချ၏။မည်သည့်အတွက်ကြောင့် နှစ်စဉ်နှစ်တိုင်း
အဖွင့်ပွဲများတွင် သည်ကဲ့သို့ မျိုးဖြင့်သာကြုံတွေနေရပါသနည်း။ကောင်းကင်၏ အလိုဆန္ဒအရပေလော။

"မင်းဦးဆောင်ထွက်မယ်ဆိုလည်းသဘောပါ....မင်းအဆင့်နဲ့ ညီတဲ့ဂူကို ရွေးလိုက်...တစ်ကယ်လို့
မင်း .. မနိုင်တော့ဘူးထင်ရင် ဂူထဲကနေ ထွက်ပြေးခဲ့" တုဖုန်းသည် နောက်ဆုံးသတိပေးချက်ကို
လူတိုင်းသို့ ပြောကြားသည်။

လုံချန် အနည်းငယ်အံ့အားသင့်မိသည်။ထိုအကြီးအကဲများ၏ ရှေ့တွင် ရှိသော ကျောက်လုံးတိုင်ကြီး
များမှ ခပ်မှိန်မှိန်ထွက်လျှက်ရှိသော အလင်းရောင်သည် ကျောက်နံရံကြီးတစ်ခုလုံးကို လင်းချင်း နေ
စေရာ ယင်းအလင်းတန်းသည် တစ်စုံတစ်ခု ရည်ရွယ်ချက်ဖြင့် လင်းနေစေသည်လားဟု လုံချန်က
တွေးမိလေသည်။

"ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲခင်ဗျား တပည့် အ ခုပဲ သွားပါတော့မယ်"

ထိုသူသည် ယုံကြည်ချက်ရှိစွာဖြင့် ပြုံး၍ လူအုပ်ဘက်သို့ကြည့်ကာပြော၏။

"ဒီက ဂျူနီယာဟာ ဆရာ လီရှင်းရှောင်ရဲ့လက်အောက်ကပါ  ဆရာလီဟာဘယ်လောက်တောင်အစွမ်း
ထက်တဲ့သူတစ်ယောက်ဖြစ်သလည်း ဆရာလီရဲ့ တပည့်တစ်ယောက်ဖြစ်ခွင့်ရတဲ့အတွက် ကျုပ်ကသိပ်
ဂုဏ်ယူရပါတယ်"

ထိုသူသည် မောက်မာစွာရယ်လျှက် ကျောက်ကမ်းပါးထက်သို့ ပြေးသွားလေတော့၏။

လုံချန် အနည်းငယ်ကြောင်သွား၏။သည်ကဲ့သို့ ကြေငြာမှုက ပေါ်တင်နိုင်လွန်းရာ မကျပေဘူးလား။
လီရှင်းရှောင်ကမူ ကျေးဇူးတင်ဟန်ဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်လျှက်ရှိသည်။သည်ကဲ့သို့ စဉ်းစားညာဏ်
ရှိသော တပည့်တစ်ယောက် သူ့လက်အောက်တွင် ရှိလျှင် သူ့အတွက် မလုပ်နိုင်သည့်ကိစ္စ ဟူ၍ မည်
သည့်အရာမှ ရှိတော့မည်ပင် မဟုတ်ဟု တွေးနေလေသည်။

"သူက ဘယ်ဂူကို ရွေးလိုက်သလည်းမသိဘူး"

"ဒီလောက် လေလုံးထွားပုံရရင် အတွင်းစည်း ဂိုဏ်းသားနေရာလောက်တော့ မှန်းပုံရတယ်"

"ဖြစ်နိုင်တယ်..ဒီလိုမှမဟုတ်ရင် ဒီလောက်ကြွားနေမှာမဟုတ်ဘူး"

လူများ တစ်ယောက်တစ်ပေါက်ပြောနေကြစဉ်တွင် ထိုသူက ကျောက်ကမ်းပါးနံရံအပေါ်သို့ပြေးတက်
သွားပြီဖြစ်သည်။ကျောက်ကမ်းပါးနံရံ၌ ဧရာမ ကျောက်လှေကားထစ်ကြီးများရှိသည်။ထိုသူ ကျောက်
လှေကားထစ်ကြီးများအပေါ်သို့ရောက်သည်နှင့် အကြီးအကဲတစ်ယောက်က လှမ်းမေး၏။

"မင်း...ဘယ်ဂူကို သွားချင်လည်း"

"ညာဘက်အောက်ဆုံးက ဂူပေါက်" ထိုသူသည် မည်သို့မျှ မစဉ်းစားပဲ ချက်ချင်းပြန်ဖြေရာ လူအုပ်
ကြီးထံမှ စိတ်ပျက်လက်ပျက်ဖြင့် ဟာ' ကနဲ ဟင်' ကနဲ အသံများထွက်လာ၏။ကျင့်ကြံခြင်းလောက၏
စည်းမျဉ်းများအရ ဆိုသော် အပေါ်ဘယ်ဘက်ခြမ်းမှာ အဆင့်မြင့်ဆုံး ဂူပေါက်များဖြစ်၍ အောက်
ညာဘက်အခြမ်းမှာမူ အဆင့်အနိမ့်ဆုံး ဂူပေါက်များဖြစ်လေသည်။

ညာဘက်အစွန်ဆုံး၏ အောက်ဆုံးကို ရွေးချယ်ခြင်းသည် အဆင့်အနိမ့်တကာ အနိမ့်ဆုံး ဂူပေါက်ကို
ရွေးချယ်ခြင်းဟူ၍ ဆိုလိုပါ၏။အစောပိုင်းတွင် ဟိတ်ကြီး ဟန်ကြီးတစ်ခွဲသားဖြင့် ပြောသွားသလောက်
၀င်သွားသည့် ဂူပေါက်မှာ အဆင့်နိမ့်၍ အစုတ်ပြတ်ဆုံးဂူပေါက်ဖြစ်နေတော့သည်။

"ဒီကောင်က တော်တော်အခွက်ပြောင်တဲ့ကောင်ပါလားဟ.. လူရှေ့သူရှေ့မှာ သူ့အဖွဲ့ကို ကြော်ငြာသွား
ပြီး လူလည်လုပ်သွားတယ်"

ထိုသူသည် လူရှေ့တွင် လူလည်လုပ်၍ လီရှင်းရှောင် ဦးဆောင်သော သူ့အဖွဲ့ကို ကြေငြာသွားမှန်းလူ
တိုင်းသဘောပေါက်ကြ၏။

"ဒီကောင်က တော်တော်မျက်နှာပြောင်တယ် ... တွေ့လား ရှင့်လိုပဲ ရှင်နဲ့ငယ်ငယ်တုန်းက ကွဲ
ကွာသွားတဲ့ ညီလေး ဖြစ်ချင်ဖြစ်နေဦးမယ်" ယင်းသို့ပြော၍ ထန်၀မ်အာသည် ချစ်စဖွယ်ကောင်း
အောင် တခစ်ခစ်ရယ်လျှင် လုံချန်က ခေါင်းယမ်းလိုက်၏။

"ကျုပ်မှာ ဒီလို တုံးတဲ့ ညီမျိုးဘယ်ကရှိရမှာလည်း ဒီကောင့်မျက်နှာကို ကြည့်ပြီး ကျုပ်စဉ်းစားနေတာ
ရှိတယ်..ဒီကောင်ဟာ မကြာခင်ပဲ နောင်တရပြီး ရွက်ကြွေတစ်ရွက်လို..."

"အားးးးးး"

ဂူထဲမှ အထိတ်တလန့် အော်သံတစ်သံထွက်လာသည်။ထိုသူ ဂူထဲသို့ ၀င်သွားပြီး များမကြာမီ၌ပင်
ကြောက်မက်ဖွယ်ရာ အော်သံကြီးနှင့် အတူ သွေးများသည် ဖြန်းကနဲ ဂူအပြင်သို့ထွက်လာ၏။
လုံချန် မျက်မှောင်အနည်းငယ် ကုပ်သွားသည်။သူသည် ရှေ့သို့ ခြေတစ်လှမ်းခန့် တက်လိုက်ရာ
ဂူထဲသို့ ကြည့်နေသည့် ထန်၀မ်အာ၏ မြင်ကွင်းကို ကွယ်သွားသည်။

လူအုပ်ကြီးထံမှ ဆူညံသံများထွက်လာ၏။အချို့လူများဆိုလျှင် အန်ထွက်ကုန်ကြသည်။ယခုအခါ၌
ကိုငကြွားမှာ နှစ်ပိုင်းပြတ်၍ နေရာ မြင်ကွင်းသည် များစွာသွေးပျက်ဖွယ်ကောင်းလှ၏။အစောပိုင်းက
ပင် ခပ်ကြွားကြွားပြောနေသော ကိုငကြွားကား အသေဆိုးဖြင့် သေလေပြီ။

"လုံချန်..ကျွန်မကြည့်ချင်တယ် ဒီအဖြစ်မျိုးက အနှေးနဲ့အမြန်ကြုံချင် ကြုံလာရမှာပဲလေ" လုံချန်သည်
သူမ ၏ မြင်ကွင်းကို တမင်ပိတ်ထားကြောင်းသိလျှင် ထန်၀မ်အာမှာ ရင်ထဲတွင်နွေးထွေးသွားရ၏။
လုံချန် ခေါင်းငြိမ့်လိုက်၏။သူမပြောသောစကားမှာ သွေးထွက်အောင်မှန်ပါသည်။ကျင့်ကြံခြင်းလမ်းစဉ်
တွင် သေဆုံးမှုများကို မည်ကဲ့သို့ရှောင်လွှဲနိုင်ပါမည်နည်း။

အကယ်၍ သူမသာ ဤအရာကိုမကျော်ဖြတ်နိုင်လျှင် ကျင့်ကြံခြင်းလမ်းစဉ်မှ ထွက်ခွာရန်သာရှိတော့
လေသည်။သို့ရာ၌ နတ်သမီးကလေး ကဲ့သို့ လှပချောမောသည့် မိန်းမပျိုကလေးတစ်ယောက်
အတွက်မူ သည်မျှ ရက်စက်သည့်မြင်ကွင်းသည် လက်မခံနိုင်စရာဖြစ်နေပါ၏။သို့သော် လုံချန်သည်
နောက်ဆုံးတွင် ပိတ်ထားသော မြင်ကွင်းကို ဖယ်ပေးခဲ့ပါသည်။

အပိုင်းပိုင်းပြတ်လျှက်ရှိသည့် လူသေကောင်ကို မြင်သည်တွင် ထန်၀မ်အာ၏ မျက်နှာကလေးသည်
စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖွေးစုတ်လျှက်ရှိ၏။၀မ်းဗိုက်တွင် နာကျင်လာသကဲ့သို့လည်း ခံစားရ၏။

ထိုစဉ် လက်တစ်ဖက်သည် သူမ၏ ပုခုံးကို ညင်သာစွာဖက်လိုက်ပြီး ချီစွမ်းအင်များအား သူမ၏ ခန္ဓာ
ကိုယ်ထဲသို့ ထည့်ပေးရာ ပျို့အန်ချင်သော ခံစားချက်မှာ ရုတ်ချည်းပျောက်ကွယ်သွားသည်။လုံချန်သည်
သူမ၏ အမူအယာကို ရှေးမဆွကပင် အကဲခတ်လျှက် အကူအညီပေးရန် အသင့်ပြင်ဆင်ထားခဲ့သည်။
ပျို့အန်ခြင်းသည် သူမအတွက် မည်သို့မျှ ထိခိုက်ခြင်း ဖြစ်မည်မဟုတ်သည့်တိုင် ယင်းမြင်ကွင်းကြောင့်
အမှန်တစ်ကယ် ပျို့အန်ခဲ့လျှင် သူမ၏ ယုံကြည်ချက်ကို ထိခိုက်သွားလိမ့်မည်ဖြစ်ပါသည်။

"ကျေးဇူးတင်ပါတယ်ရှင်...ကျွန်မသက်သာသွားပါပြီ" ထန်၀မ်အာသည် ကျေးဇူးတင်ဟန်ကလေးဖြင့်
လုံချန်ကိုကြည့်၏။သူ့ကြောင့်သာမဟုတ်လျှင် သူမ ပျို့အန်နေမိပြီဖြစ်လိမ့်မည်။လူတိုင်း၏ အမူအယာ
များသည် ခြောက်ခြားလျှက်ရှိရာ လီရှင်းရှောင်ကဲ့သို့ သူ၏ မျက်နှာပင် အနည်းငယ် ဖြူဖျော့နေသည်။

သူတို့အနေဖြင့် လူသေများကို မမြင်ဖူးကြခြင်းမဟုတ်။မြင်ဖူးကြသည်။သို့သော် သည်မျှ ရက်ရက်စက်
စက် သေခြင်းမျိုးကိုးကား ဘယ်သောအခါကမျှ မမြင်ခဲ့ဖူးကြပါချေ။လူတိုင်း ကောင်းကောင်းကြည့်ပြီး
ကြပြီဟု ယူဆသည့်အချိန်တွင် လုံချန်သည် အလောင်းကို ဆေးမီးတောက်ဖြင့် မီးရှို့ရာ လွန်စွာပြင်း
ထန်လှသော မီးတောက်ကြောင့် အလောင်းမှာ ချက်ချင်းပြာဖြစ်သွားတော့၏။

ထိုအခါမှသာ လူတိုင်း သက်ပြင်းကိုယ်စီချနိုင်ကြလေသည်။အလောင်းကို မြင်နေရခြင်းသည် ၎င်းတို့
အတွက် လွန်စွာ စိတ်မသက်မသာဖြစ်လှသည်။တုဖုန်းသည် လုံချန်ကို ကြည့်၍ ခေါင်းတဆတ်ဆတ်
ငြိမ့်၏။လုံချန်ကား ပါနပ်သူတစ်ယောက်ပင်။လူတိုင်း၏ ကြောက်လန့်မှုနှင့် ဖိအားကို မည်သို့ချိန်ဆရ
မည်ကို သည်ကောင်လေး သဘောပေါက်သည်။

"ဒါ့ကြောင့် လူတွေကို လူမိုက်တွေလို့ပြောကြတာပေါ့..သူတို့ဟာ သူတို့ ဘယ်လောက်မိုက်လည်း
ဆိုတာကိုတောင်မသိလောက်အောင်မိုက်မဲကြတာကလား...ရိုသေလေးစားမှုဆိုတာ ဘာလည်းလို့
မသိကြဘူး"

တုဖုန်းသည် လူတိုင်းကို ရေခဲတမျှအေးစက်သည့်အကြည့်များဖြင့် ကြည့်၍ မှုန်မှိုင်းသည့်
မျက်နှာဖြင့်ပြောသည်။

"မင်းတို့ကောင်တွေ ငါအစောပိုင်းက ပြောခဲ့တဲ့စကားကို နားထောင်ကြလား  ငါ နောက်နေတယ်လို့
ထင်နေခဲ့လား..."

တုဖုန်းသည် ပြောရင်း ပြောရင်းဖြင့် မျက်နှာမှာ ပို၍ မှုန်းမှိုင်းလာ၏။သူသည် အမျက်ပြင်းစွာထွက်လာ
ဟန်ရှိ၏။

"လူမိုက်တွေ...ငါမပြောခဲ့ဘူးလား...ဒါဟာ သာမာန်စမ်းသပ်ပွဲတစ်ခုမဟုတ်ဘူး...အသက်လုပွဲ တစ်ခု
ဖြစ်လို့ နည်းနည်းလေးနမော်နမဲ့ဖြစ်တာနဲ့ ပြန်ပေးဆပ်ရမှာက မင်းတို့ရဲ့အသက်တွေပါလို့"

"အသက်အန္တရာယ်ရှိတဲ့ စမ်းသပ်မှုတစ်ခုဖြစ်တာတောင်မှ မင်းတို့ကောင်တွေက ဘာ့ကြောင့်ဒီ
လောက် နမော်နမဲနိုင်ရတာလည်းကွ..ဟေ...ဂူထဲကို မ၀င်ခင် ဘာ့ကြောင့်အော်ရာကို ကြိုတင်ထုတ်
လွှတ်မထားရတာလည်း..လက်နက်တွေဘာ့ကြောင့်ထုတ်မထားရသလည်း...ကိုယ့်ကိုကိုယ်ကာ
ကွယ်ဖို့ကော ဘာ့ကြောင့်တွေးမထားကြတာလည်း"

"ကိုယ့်ရန်သူဟာ ဘယ်လိုလူမျိုးဆိုတာကိုတောင် မသိသေးပဲနဲ့ ဒီလိုပြောင်ပြောင်တင်းတင်းလမ်း
လျှောက်၀င်သွားသတဲ့လားကွ..ဟမ်..ဘာလည်း မင်းတို့ကို သိပ်ရဲရင့်တဲ့ သူရဲကောင်းကြီးတွေလို့
အထင်ခံစေချင်တာလား"

"ဟား ဟား...မဆိုးဘူး...မဆိုးဘူး...လုံး၀ကိုမဆိုးဘူး...သောက်ပါရမီရှင်ဆိုတဲ့ကောင်တွေ"

တုဖုန်းသည် ရေခဲတမျှအေးစက်သည့်အကြည့်များဖြင့် လူတိုင်းကိုကြည့်သည်။သူသည် ထိုမျှ များပြား
သည့် ပါရမီရှင်များဖြင့်ဆိုလျှင် ရွှမ်ရှင်းသည် နောင်တဖန် ပြန်၍ ထင်ရှားလာတော့မည်ဟု မူလတွင် တွေးထား
ခဲ့ပါ၏။သို့သော်လည်း......

သည်လူငယ်များအဖို့ ပါရမီရှင်များဖြစ်ကောင်းဖြစ်နိုင်သည်။သို့သော် ခေါင်ထဲ၌ ဘာမှ မရှိသည့် ပါ
ရမီရှင်းများဖြစ်နေကြသည်။ရွှမ်ရှင်း၏ စည်းမျဉ်းများကြောင့်သာ မဟုတ်လျှင် သူသည် အနှီလူငယ်
များကို သေလောက်အောင် ရိုက်ပစ်ချင်မိသည်။

သူ  အကြိမ်ကြိမ်သတိပေးခဲ့သည်။ဤပွဲသည် သာမာန်ကစားပွဲတစ်ခုမဟုတ်။အသက်ကို လောင်းကြေး
တင်ထားရသည့်ကစားပွဲဖြစ်သည်။သို့သော် အချို့လူများအတွက် သူ့စကားသည် ကျွဲပါးစောင်းတီးပင်
ဖြစ်နေရာ တုဖုန်းအဖို့ ဒေါသထွက်လွန်းသဖြင့် သေမတတ် ဖြစ်ရချေတော့သည်။

"ဟမ့်...မင်းတို့ကို မင်းတို့ သိပ်ထက်မြက်တဲ့သူတွေလို့ စဉ်းစားမနေနဲ့...ဒီစမ်းသပ်မှုဟာ မနှစ်ကစမ်းသပ်
မှုနဲ့မတူဘူး မနှစ်က အချက်အလက်တွေကို သိထားလို့ ကောင်းကောင်းပြင်ဆင်ထားနိုင်ကြပြီမှတ်မ
နေနဲ့"

"လွန်ခဲ့တဲ့နှစ်တွေက အထက်လမ်းနဲ့အောက်လမ်းဂိုဏ်းသားတွေကြားမှာ တိုက်ပွဲကြီးအကြီးအကျယ်
ဖြစ်ကြပြီး ပါရမီရှင်အမြောက်အများဟာ အောက်လမ်းဂိုဏ်းသားတွေလက်ချက်နဲ့သေ
ကြေကြရတယ်...."

"ဂူထဲမှာရှိတဲ့ ရုပ်သေးတွေက တစ်ခါတုန်းက မင်းတို့လို့လူတွေပဲ .... အခုတော့ ဒီဂူထဲက အောက်လမ်း
ဂိုဏ်းသားတွေဟာ အသက်မရှိတော့ဘူး ဒီကောင်တွေဟာ မင်းတို့ရဲ့ သိုင်းပညာအဆင့်အတန်းနဲ့
ညီမျှအောင် ဂရုတစိုက်ရွေးချယ်ထားတဲ့ အလောင်းကောင်တွေပဲ"

"သူတို့ရဲ့ ဝိညာဉ်တွေကို ခန္ဓာကိုယ်ထဲမှာ ချုပ်ထားပြီး တိုက်ခိုက်လိုစိတ်တစ်ခုပဲ ဖြစ်ပေါ်နေအောင် စီ
ရင်ထားတဲ့အတွက် သူတို့သိတာက ရက်ရက်စက်စက်သတ်ဖို့ပဲ...မင်းတို့ကောင်တွေ သေချင်
ရင်လည်း တခြားနေရာသွားသေကွာ...ဒီနေရာတော့ လာမသေကြနဲ့"

တုဖုန်းသည် လူငယ်များကို ဆူပူကြိမ်းမောင်းလျှက်ရှိရာ သူ၏ ဟန်မှာလွန်စွာ ဒေါသထွက်နေပုံပေါက်
သည်။သူအကြိမ်ကြိမ်သတိပေးထားလျှက်နှင့် နမော်နမဲ့ နိုင်မှုကြောင့် သေသွားခဲ့ရသော အစောပိုင်း
ကလူငယ်နှင့်ပတ်သတ်၍ သူသည် မချိတင်ကဲ ဖြစ်လွန်းလှသည်။

ထို့ကြောင့် ယခုအခါတွင် အစောပိုင်းက လူငယ်၏ ရက်ရက်စက်စက် သေဆုံးမှုသည် ဤလူငယ်များ
အတွက် ဥပမာတစ်ခုဖြစ်လာချေပြီ။ဤနမူနာကိုယူ၍ လူတိုင်း သဘောပေါက်ကြမှသာ လူငယ်၏
သေဆုံးမှုသည် အလကား မဖြစ်မည်ဖြစ်၏။

"ကောင်းပြီ ငါရှင်းပြပြီးပြီ...မင်းတို့ကောင်တွေ ကိုယ့်ဘာသာ ဆုံးဖြတ်ကြ ... ထပ်ပြောမယ် မင်းတို့
ပြန်လှည့်ချင်တယ်ဆိုရင် ဒီနေရာကနေ ပြန်လှည့်လို့ရသေးတယ်"

လူအုပ်ကြီးသည် တိတ်ဆိတ်နေသည်။သေသွားသောသူသည် သွေးနှောနှောင်းပိုင်အဆင့် ဖြစ်သည့်တိုင်
နမော်နမဲ့နိုင်မှု ကြောင့် ချက်ချင်းအသတ်ခံရသည်။ယင်းသည် ကြောက်မက်ဖွယ်ကောင်းလှပါ၏။
လူတိုင်းသည် တစ်ယောက်ကို တစ်ယောက်ကြည့်၍ တွေဝေနေကြသည်။မည်သူမျှ ရှေ့မထွက်ချင်ကြ။
သူတို့သည် အခြားတစ်ယောက်ယောက် ကို စောင့်ကြည့်ချင်ကြသေးသည်။

"ဆရာ...ကျုပ် ကြိုးစားကြည့်မယ်"

ရုတ်တရက်...ကုရန် ထွက်လာသည်။လုံချန်နှင့် ထန်၀မ်အာ မှာ များစွာကြောက်လန့်သွားကြသည်။
ကုရန်သည် အထူးတလည် အဆင့်မြင့်သော သိုင်းပညာရှင်တစ်ယောက်မဟုတ်မှန်းသူတို့သိကြသည်။
အကောင်းဆုံး ဆိုလျှင် ပင် သူသည် ဤလူများကြား၌ သာမာန်လောက်သာရှိ၏။

"မင်း...ဒါကို သေချာမှလုပ်နော် ကုရန်..." လုံချန်က လေးနက်စွာသတိပေးလေသည်။ဤအရာသည်
ပျက်လုံးတစ်ခုမဟုတ်ပေ။ကုရန်သည် လွန်စွာလေးနက်သည့် လေသံဖြင့်ပြောသည်။

"ကျုပ်သိပါတယ်ဆရာ ဒါက ကျုပ်ဘ၀ရဲ့မဟာ အခက်အခဲကြီးတစ်ခုပဲ  ဘယ်သူမှ ကျုပ်ကို ကူလို့
ရမှာမဟုတ်ဘူး ကျုပ်ကိုယ်ကျုပ်ပဲကူလို့ရမှာ....ကျားလားကြောင်လားဆိုတာကတော့ စောင့်ကြည့်မှ
ရမယ့်အရာပဲဆရာ...ကျုပ်ကိုယ်ကျုပ်လောင်းကြေးတင်ထားပါတယ်"

ကုရန်ကား ယခင်ကကဲ့သို့ ပြုံး၍ မနေတော့ပါချေ။သူ၏ မျက်နှာသည် စိတ်ပိုင်းဖြတ်ပြီးသား ပုံပေါက်
နေသည်။ဤအရာသည် မည်သို့ဖြစ်စေ ကြုံကို ကြုံရမည့်အရာဖြစ်ရာ သူသည် ဤအရာနှင့်ထိပ်တိုက်
တွေ့လိုက်တော့မည်။လုံချန် စိုးရိမ်နေသည်ကိုမြင်လျှင် ကုရန်သည် ခပ်ဖွဖွကလေး ပြုံး၏။

"မစိုးရိမ်ပါနဲ့ဆရာ..ကျုပ်ကုရန် က လွယ်လွယ်နဲ့မသေနိုင်ပါဘူး...ကျုပ်မှာလည်း ဆရာ့လို့ပေါက်
ကရ နည်းလမ်းတွေရှိပါတယ်"

"ကောင်းပြီ ညီလေး...ငါ...မင်းအတွက်၀မ်းသာပါတယ်ကွာ" လုံချန်သည် ကုရန်၏ ပုခုံးများကိုပုတ်သည်။

လူတိုင်း၏ အံ့အားသင့်သည့် အကြည့်များကြားတွင် ကုရန်ကား စင်မြင့်ထက်သို့ လျှောက်သွားချေပြီ။

"ညာဘက်အောက်နားက ဒုတိယ ဂူ"

PATRIARCH MK AUNG

#
Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(163)မဆုတ်မနစ်သောလုံလတို့ဖြင့်

ကုရန် ဆုံးဖြတ်ခဲ့ပါသည်။သူရွေးချယ်ခဲ့သည် ဂူသည် အပြင်စည်းဂိုဏ်းသားတစ်ယောက်၏
အဆင့်နှင့်ညီသည့် ဂူပေါက်ဖြစ်သည်။ဂူအ၀တွင်ရပ်၍ ကုရန်သည် ချပ်၀တ်တန်ဆာ တစ်စုံနှင့်
ဓားမော့ တချောင်းကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူ၏။

ထို့နောက် ချပ်၀တ်များကို ၀တ်သည်။ပြင်ဆင်မှုများအပြီးတွင် သူသည် မဆိုင်းမတွပဲ ဂူထဲသို့လှမ်း
၀င်သွားတော့သည်။ဝုန်းကနဲ အသံကြီးရုတ်ချည်းထွက်လာ၏။

"ဒါလိမ်နေတာ" လီရှင်းရှောင်၏ တပည့်တစ်ယောက်က ဒေါသတကြီးဖြင့်ပြော၏။

"ငတုံး အစောပိုင်းက အကြီးအကဲက ရှင်းအောင်ပြောခဲ့ပြီးသား ဂူထဲက အောက်လမ်းဂိုဏ်းသားကို
ခေါင်းဖြတ်နိုင်တာနဲ့ စမ်းသပ်မှုကို အောင်ပြီပဲ"

"မင်းရဲ့ နားတွေက အလှထားထားတာလား...ကန်းနေလား..ချပ်၀တ်တွေ၊လက်နက်တွေ သုံးခွင့်
မရှိဘူးလို့ အကြီးအကဲက ဘယ်တုန်းက ပြောခဲ့လည်း"

"ငတုံးဆိုရင် လည်း မင်းညာဏ်ရည်နဲ့ သူများကို လိုက်ဝေဖန်မနေနဲ့ မင်းလိုငတုံးတစ်ယောက်က
ဝေဖန်တာဟာ အတော်ကို ကျက်သရေယုတ်တယ်" လုံချန်သည် ရိုင်းရိုင်းစိုင်းစိုင်းပင် ပြန်ပြောသည်။

သူ၏အသံသည် အတော်ကလေးကျယ်ရာ လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားနိုင်ကြ၏။ထန်၀မ်အာ
သည် လုံချန်ကို လေးစားသည့်အကြည့်ဖြင့် ကြည့်သည်။သူ၏ ကျိုးကြောင်း ဆက်စပ်ပြမှုမှာ သွေးထွက်
အောင် မှန်ပါ၏။တစ်ချိန်တည်း၌ လူတိုင်းသည် လုံချန်ကို ကျေးဇူးတင်စွာဖြင့်ကြည့်ကြသည်။သူတို့အတွက်
နားရှုပ်စရာဖြစ်နေသည့် စည်းမျဉ်းကို လုံချန်က ရှင်းပြလိုက်ခြင်းဖြစ်ရာ မသေချင်လျှင် မည်သည့် ပြင်
ဆင်မှုများမှ မရှိပဲ ဂူအတွင်းသို့ မသွားနှင့်ဟူသည့် သဘောဖြစ်လေသည်။

အကြီးအကဲတုဖုန်းမှာ ယခုမှ စိတ်မောလူမောဖြင့် သက်ပြင်းကြီး ချနိုင်၏။သူသည် ရှုပ်ထွေးသည့်
အကြည့်ဖြင့် လုံချန်ကိုကြည့်သည်။အကယ်၍ ဤ သောက်သုံးမကျသည့်ကောင်များသာ လုံချန်၏
ညာဏ်ရည်မျိုး တစ်၀က်မျှ ရှိမည်ဆိုလျှင်......

ထို့ပြင် ရွှမ်းရှင်၏ နိမ့်ကျသွားသည့် အကြောင်းအရင်းတစ်ရပ်ကိုလည်း သူ သဘောပေါက်မိသည်။
၎င်းတို့အနေဖြင့် ပါရမီကိုသာ ကြည့်၍ ဂိုဏ်းသားမရွေးသင့်၊ဇွဲ နှင့် စိတ်ဓာတ်ကို လည်းကြည့်၍ ရွေး
သင့်ပေသည်။

ရွှမ်ရှင်းတွင် လုံချန်အပေါ် နားအလည်နိုင်ဆုံးသူသည် တုဖုန်းသာဖြစ်လေသည်။မူလ၌ ဖီးနစ်အင်ပါယာ
ကဲ့သို့ ဇနပုဒ် ကလေးတွင် ပေါ်လာသော မှော်ကျောက်တုံး မိုင်းတွင်းကိစ္စသည် အသေးအဖွဲသာဖြစ်
၍ သူကိုယ်တိုင် သွားစရာမလိုခဲ့ပေ။သို့ရာတွင် အကြီးအကဲအများစုမှာ ရက်ရှည် တံခါးပိတ်ကျင့်စဉ်
များဖြင့် မအားမလပ်ဖြစ်နေသောကြောင့် နောက်ဆုံးတွင် သူကိုယ်တိုင်သွားရန် ဆုံးဖြတ်ရတော့သည်။

သူ၏ ရည်ရွက်ချက်မှာ မှော်ကျောက်တုံး မိုင်းတွင်း  ကိစ္စကို ကိုင်တွယ်ရန်ဖြစ်သော်လည်း ယင်း မှော်
ကျောက်တုံးမိုင်းတွင် စွမ်းအားရှိ သံရိုင်းများ အများအပြား ရှိမနေကြောင်း သိခဲ့ရသည်။သို့သော် မှော်
ကျောက်တုံး မိုင်းတွင်း ရှိသည့် ပရဝုဏ်မှာ ရွှမ်ရှင်း၏ နယ်မြေထဲတွင် ပါ၀င်နေရာ မည်သည့်အရာမှ
မရခြင်းထက် အနည်းငယ်ရခြင်းသည် ပိုကောင်း၏ ဆိုသည့် သဘောမျိုးဖြင့် သွားခဲ့ခြင်းသာဖြစ်လေသည်။

ဖီးနစ်သို့ ရောက်သည်ရှိသော် ဖီးနစ်တွင် ဖြစ်ပွားခဲ့သော အကြောင်းအရာ တချို့ကို လူအများထံမှသူ
ကြားရသည်။ပါးစပ် သတင်းများအရ လူငယ်တစ်ယောက်သည် တစ်နှစ်အတွင်းတွင် ကြောက်မက်
ဖွယ်ရာ  ကောင်းသည့် သိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်ဟုဆိုသည်။ထို့နောက် လုံချန်နှင့် သူတွေ့သည်။

သို့သော် လုံချန်တွင် စိတ်ဝိညာဉ်အရင်းအမြစ်မရှိကြောင်း သူသိသည့်အခါတွင် အနည်းငယ်စိတ်မ
ကောင်းဖြစ်မိရုံကလွဲ၍ သူသည် မည်သို့မျှ မတတ်နိုင်ခဲ့ပါပေ။မည်သို့ပင် သိုင်းအဆင့်များ ခုန်ပျံကျော်
လွှား၍ တက်သည် ဖြစ်စေကာမူ စိတ်ဝိညာဉ်အရင်းအမြစ်မရှိလျှင် သိုင်းပညာ၌ ကျိန်းသေပေါက်
အကန့်အသတ်များ ရှိလိမ့်မည်ဖြစ်သည်။

သို့သော် ရွှမ်ရှင်းသို့ပြန်ရောက်သည်အခါတွင် လိုင်ယွမ်ဇီ၏ သတိပေးမှုကြောင့် လုံချန်၏ ဘ၀အကြောင်း
အသေးစိတ် စုံစမ်းခဲ့ရပြန်ပါ၏။လုံချန်၏ နေ့စဉ်လိုလို အနိုင်ကျင့်ခံခဲ့ရသော ကလေးဘ၀အကြောင်းကို သူ
သိခဲ့ရသည်။ဘ၀၏ ပြင်းထန်စွာ ထိုးနှက်ချက်များသည် လုံချန်အား သူမတူအောင် စိတ်ဓာတ်မာကျော
သွားစေပြီး အလွန်စဉ်းစားတတ်သည့် ညာဏ်ရည်မျိုးရသွားစေသည် ဟု သူယူဆသည်။ထို့ကြောင့်ပင်
ရွယ်တူများတွင်   လုံချန်သည် ခေါင်းတစ်လုံးမက သာနေရခြင်းဖြစ်ပါသည်။

လုံချန်နှင့် ယှဉ်လျှင် ပါရမီရှင်ဆိုသူများမှာ မရင့်ကျက်သေးသည့် ရယ်စရာကလေးငယ်များပမာဖြစ်နေ
ခဲ့ပါသည်။ယင်းအတွက်ကြောင့် တုဖုန်း သက်ပြင်းချရခြင်းပါပေ။ရွှမ်ရှင်းသည် ဂိုဏ်းသားများကို ပျိုးထောင်
ရာ၌ မည်သည့်လိုအပ်ချက်များ ရှိနေခဲ့ပါသနည်း။လုံချန်သည် ဇွဲနပဲ ကြီးသော မြက်ပင်များဖြင့်တူသည်။

အပြင်ပန်းတွင် မီးလောင်ချင် လောင်သွားနိုင်သော်လည်း ဆောင်းဦးရောက်သည့်အခါတွင် ပြန်
လည်ရှင်သန်လာဦးမည်သာဖြစ်သည်။လုံချန်သည် သူစိတ်ပိုင်းဖြတ်ထားသည့် ကျင့်စဉ်လမ်းကြောင်း
ပေါ်၌ မည်သည့်အဆင့်ထိ ရောက်အောင် လျှောက်လှမ်းနိုင်မည်ကို သူမသိပါ။

သူသည် စနစ်တကျစိုက်ပျိုးခြင်းကို ခံခဲ့ရသည့် ဤ ပျိုးပင်များကို ကျော်လွန်နိုင်မည်လား။ဤပျိုးပင်ငယ်
ကလေး များသည် ယခုအချိန်တွင် အလွန်တရာ နုနယ်နေသေးသည် ဖြစ်လင့်ကစား ရွှမ်းရှင်တွင်
ကောင်းကောင်း ရေလောင်း ပြုပြင် ခြင်း ကို ပြုလုပ်ခဲ့သော် ၎င်းတို့ရှင်သန်နိုင်သည်နှင့်အမျှ ဧရာ
မ သစ်ပင်ကြီးများဖြစ်လာကြလိမ့်မည်။သို့ရာတွင် ပေါင်းပင်၊မြက်ပင် များသည်ကော ဤကဲ့သို့ သစ်
ပင်ကြီးများဖြစ်လာလိမ့်မည်လား ဟူသည့် မေးခွန်းကလည်း ရှိနေခဲ့ပြန်ပါသည်။

၀ုန်း....

ဂူအတွင်းမှ တဝုန်းဝုန်း အသံများကြောင့် တုဖုန်း၏ အတွေးစများ ပြတ်တောက်သွားရသည်။လူအများ
မှာမူ ရင်တမမ ဖြစ်နေကြရ၏။အပိုင်းပိုင်းပြတ်နေသည့် နောက်ထပ်အလောင်း တလောင်း ဂူထဲမှ
ထွက်လာလိမ့်ဦးမလားဆိုသည်ကို မည်သူမျှ မသိကြ။လုံချန်ပင် အပြင်ပန်း၌ တည်ငြိမ်သလောက်
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပါသည်။စိုးရိမ်ခြင်းသည် အသုံးမ၀င်ဟု သူ သိသည့်တိုင်
မစိုးရိမ်ရန် မတတ်နိုင်ပါပေ။

အမွှေးတိုင် တစ်တိုင်ကုန်စာ အချိန်တွင် တစ်ဝုန်းဝုန်းအသံများ တစ်ဖြေးဖြေးတိတ်လာသည်။ဂူထဲမှ
လူတစ်ယောက် ခပ်ဖြေးဖြေး ထွက်လာ၏။ကုရန်၏ တစ်ကိုယ်လုံးသွေးများဖြင့် ချင်းချင်းနီနေသည်။
သူ၏ ခေါင်းစွပ်မှာမူ မရှိတော့ပေ။လက်ထဲမှ ဓားမော့သည်လည်း တစ်ပိုင်းသာ ကျန်ရစ်တော့သည်။

သူ၏ ချပ်၀တ်၊တန်ဆာများမှာ အပေါက်ပေါက် အပြဲပြဲများဖြစ်နေကြသည်။သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာ
များ မည်မျှ ရခဲ့မည်နည်း။မည်သူမှ မသိနိုင်ကြပေ။သွေးများချင်းချင်း နီနေသည်ကို ကြည့်လျှင် တိုက်
ပွဲသည် မည်မျှ ပြင်းထန်ခဲ့သည်ကို ခန့်မှန်းနိုင်ပါသည်။

သူ၏ ဘယ်လက်၌ ဦးခေါင်းတစ်လုံးကို ကိုင်ထားရာ သတ်လတ်ပိုင်းလူ တစ်ယောက်၏ ဦးခေါင်းဖြစ်
သည်။ယင်း၏ ပုံသဏ္ဍန်သည် ကောက်ကျစ်ဟန် ပေါက်နေပြီး များစွာကြောက်မက်ဖွယ်ရာကောင်း
သည့် အစင်းကြောင်းတစ်ချို့သည် မျက်နှာထက်၌ ဖုံးလွှမ်းထားရာ မိစ္ဆာတစ်ကောင် ၀င် ပူးကပ်နေသ
ကဲ့သို့ထင်ရသည်။

"ဟီးဟီး...ဆရာ...ကျုပ်အောင်မြင်ပြီ"

ကုရန်သည် ခေါင်းမော့၍ စိတ်လှုပ်ရှားစွာဖြင့်အော်ပြောသည်။လုံချန်သည် ပြုံး၍ သက်မကို ချ
၏။သူက ကုရန်ကို လက်မထောင်ပြလိုက်၏။သည်ကောင်ကား တစ်ကယ့်ကောင်ပင်။သူ၏ သိုင်းပညာ
ဖြင့်ဆိုလျှင် ဤစမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရန် ငါးဆယ် ရာခိုင်နှုန်းခန့်သာအခွင့်အရေးရှိသည်။သို့ဆို
လျှင် ကျန်သည့် ငါးဆယ်ရာခိုင်နှုန်းသည် သူ့အဖို့ သေသွားနိုင်သည့် ရာခိုင်နှုန်းဖြစ်ရာ ဤကဲ့သို့
အောင်မြင်စွာဖြတ်ကျော်နိုင်ရန်သည် ခိုင်မာသော ဇွဲသတ္တိနှင့် တာအိုနှလုံးသားတို့ လိုအပ်လှပါသည်။

ကုရန်သည် ထိုသို့ပြောပြီးသည်နှင့် ဂူပေါ်မှ ပြုတ်ကျသွားတော့သည်။ပြင်းထန်လွန်းသည့် တိုက်ပွဲ
တွင် သူသည် ဇွဲနပဲ ကြီးစွာနှင့်တိုက်ခိုက်ခဲ့ရသည်။ယခုကဲ့သို့ အောင်မြင်သွားချိန်တွင် စိတ်ကို လျှော့
လိုက်ရာ ချက်ချင်းသတိမေ့သွားခြင်းဖြစ်လေသည်။

လူအုပ်ကြီးထံမှ အထိတ်တလန့်အသံများထွက်လာ၏။အနိမ့်ဆုံးဆိုသည့် ဂူသည်ပင်မြေပြင်မှ မီတာရာ
ပေါင်းများစွာမြင့်သည်။ထို့ပြင် မြေပြင်သည် ကျောက်တုံးအမာကြီးများ ဖြစ်နေရာ တည့်တည့် ကျမိ
လျှင် ပွဲခြင်းပြီး သေသွားမည်သာဖြစ်သည်။လုံချန်က ပြေး၍ ဖမ်းမည်လုပ်သည့် အချိန်တွင် တုဖုန်း
သည်လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ကုရန်မှာ လမ်းတစ်၀က်တွင် ရပ်သွားပြီး လေထဲတွင်
မျော၍ လုံချန်ထံသို့ရောက်သွားသည်။

လုံချန်က တုဖုန်းကို ကပျာကယာ ဦးညွှတ်လိုက်လျှင် တုဖုန်းသည် ခေါင်းကို မသိမသာငြိမ့်ပြ၏။
ကုရန်၏ ခန္ဓာကိုယ်ကို သူ စစ်ကြည့်ရာ၌ ချပ်၀တ်သည် ကျိုးပဲ့နေပြီး အမည်မသိရသော လက်နက်
တစ်ခုဖြင့် ထိုးသွင်းထားပုံရသည့် ဒဏ်ရာမျိုးတွေ့သည်။ယင်းဒဏ်ရာသည် အတော်ကလေး နက်သည်။

သူသည် ကုရန်ကို ဆေးအချို့တိုက်ကျွေးသကဲ့သို့ ပျားဘုရင်မ၏ ပျားရည်ကို ရေဖြင့်ဖျော်၍ လည်း တိုက်
ကျွေး၏။ပျားဘုရင်မ၏ ပျားရည်ကိုမြင်လျှင် ချီရှင်၏ အမူအရာက တင်းမာသွား၏။သည်ပျားရည်က
သူ့ပျားရည်ဖြစ်သင့်သည်။သို့သော် လုံချန်က သူ့ထံမှ အလစ်သုတ်သွားခဲ့၏။

ဆေးနှစ်ဖုံ၏ အာနိသင်ပြသည်နှင့် ကုရန်က တဖြည်းဖြည်းပြန်၍ သတိလည်လာသည်။

"ဆရာ...ကျုပ်..ကျုပ် အောင်မြင်ပြီ"

လုံချန်က တ ဟားဟားရယ်နေသည်။

"မင်း စိတ်လှုပ်ရှားနေတာကို တော့ငါ သိပါတယ်...ဒါပေမယ့် ဒီခေါင်းပြတ်ကြီးကို ဘာ့ကြောင့်တ
ချိန်လုံးကိုင်ထားရတာလည်း ... ခေါင်းအုံး လုပ်ပြီး အိပ်မလို့လားဟ

ကုရန်သည် ထိုအခါမှ အံကိုတင်းတင်းကြိတ်၍ ဂုဏ်ယူဟန်ဖြင့်ပြောသည်။

"ဆရာမသိဘူးနော် ဒီစမ်းသပ်မှုက သိပ်ရက်စက်လွန်းတယ် ဒီကောင်ရဲ့ လက်မောင်းတစ်ဖက်က အရိုး
ပဲရှိတယ်..ဒါပေမယ့် အရိုးတွေက သိပ်ကိုချွန်ထက်နေတာကလား ဒီ ဒဏ်ရာတွေဟာ အဲ့ဒီအရိုး
တွေကြောင့်ရတဲ့ဒဏ်ရာတွေပဲ"

ကုရန် သိပ်ကိုကြောက်နေမိခဲ့ပါသည်။ကုရန်၏ စကားကိုကြာသည်တွင် လူအုပ်မှာလည်းများစွာ
ကြောက်လန့်မိကြသည်။ကိုယ့်အရိုးကိုယ် လက်နက်လုပ်၍ တိုက်ခိုက်သောအရာသည် မည်သည့်
အရာဖြစ်သနည်း။

"ဂုဏ်ယူပါတယ် လူငယ်လေး စမ်းသပ်မှုကို မင်းအောင်မြင်သွားပြီ ဒီ ခေါင်းပြတ်ကို အပြင်စည်း
ဂိုဏ်း၀င်တစ်ယောက်ရဲ့တံ ဆိပ်ပြားနဲ့ လည်းယူပါ နောင်ဆိုရင် မင်းဟာ ရွှမ်းရှင်းရဲ့ သာမာန် ဂိုဏ်း
သား တစ်ယောက်ဖြစ်ပြီ"

လူတစ်စု ရောက်လာပြီး စားပွဲတစ်လုံးကို လာပြင်ဆင်သည်။ထိုနေရာကား ဂိုဏ်းသား ဖြစ်ခွင့်အတွက်
တံဆိပ်ပြားလဲလှယ်ရာ နေရာဖြစ်ပေမည်။ထိုနေရာမှ စီနီယာတစ်ယောက်က ကုရန်ကို ခေါ်လိုက်သည်။
ကုရန်က လက်ထဲမှ ကိုင်ထားသော ခေါင်းပြတ်ကို ခပ်မြန်မြန်ပေးလိုက်သည်။ထိုစီနီယာသည် ကုရန်
ထံမှ ရှင်း၊သ၊ရွှမ်း၊ဟောင် စာလုံးလေးခုရေးထွင်းထားသော တံဆိပ်ပြား နှင့် ၀င်ခွင့် တံဆိပ်ပြားကို
ယူ၍ ကုရန်ကို လက်တစ်ဝါးအရွယ်ရှိ တံဆိပ်ပြားတစ်ခုပြန်ပေး၏။

ထိုတံဆိပ်ပြားကို ကြေးသား ခပ်ထူထူဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ အေးစက်သော အထိအတွေ့ကို
ခံစားရသည်။ယင်းတံဆိပ်ပြားပေါ် တွင် ရှေးဟောင်းအက္ခာလေးလုံးကို ရေးထွင်းထားရာ ရှင်း၊သ
၊ရွှမ်း၊ဟောင် ဟူ၍ဖြစ်သည်။တံဆိပ်ပြား၏ နောက်ကျော၌မူ ကုရန်ဟူသည့် နာမည်ကို ရေးထွင်း
ထားသည်။

"ဟီးဟီး ဆရာ...ကျုပ်တို့ အောင်မြင်မှုကို ထိုက်ထိုက်တန်တန်ရခဲ့ပြီ...နောင်...အိမ်ပြန်ဖြစ်ရင်
တောင် ပြစရာ တစ်ခုတော့ရပြီ" ကုရန်က သူ၏ တံဆိပ်ပြားကိုမြတ်နိုးစွာဖြင့် ပွတ်သပ်နေသည်။

"ကဲကောင်းပြီ အချိန်မဖြုန်းနဲ့တော့ အနောက်ကို သွားပြီး ဒဏ်ရာတွေသက်သာအောင်လုပ်တော့
တံဆိပ်ပြား မပျောက်အောင်လည်း ဂရုစိုက်ဦး" လုံချန်ကရယ်၍ပြောသည်။

"မစိုးရိမ်ပါနဲ့ မပျောက်စေရဘူး"

ကုရန်က နောက်ဘက်သို့ ခပ်မြန်မြန်သွား၍ ထိုင်ချကာ ဒဏ်ရာများကုသရန်ပြင်ဆင်သည်။အပြင်း
အထန် တိုက်ပွဲကြီးအပြီး၌ ဆေးဝါးများ၏ အကူအညီ ရခဲ့သည့်တိုင် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာဖြင့်လည်း
ကုသရန်လိုသေးသည်။

ကုရန်ကိုကြည့်၍ အချို့သူများက အားကျကုန်ကြသည်။ထိုသို့ဖြင့် စမ်းသပ်မှုပြုလုပ်ရန် လူဆယ်
ယောက်ခန့်ထပ်ထွက်လာရာ ထိုဆယ်ယောက်အနက်မှ သုံးယောက်သည် သေဆုံးသွားပြီး နှစ်
ယောက်မှာမူ အသက်လုပြေးလာရလေ၏။

ထိုအသက်လုပြေးလာရသော လူနှစ်ယောက်နောက်သို့ လိုက်လာကြသော ကြောက်မက်ဖွယ် ပုံသဏ္ဍန်
တို့ကို လူအများမြင်ကြရသည်။ဂူထဲမှ အဆိုပါ အောက်လမ်းဂိုဏ်းသားများမှာ ဂူ၀သို့ရောက်သည်နှင့်
တိုင်လုံးကြီးများ ပေါ်မှ လင်းထိန်လျှက်ရှိသော အလင်းတန်းများဖြင့်တွေ့လျှင် အစိမ်းရောင် မီးခိုးများအဖြစ်
သို့ ရုတ်ချည်းပြောင်းကုန်ရာ ယင်း မြင်ကွင်းကို မြင်ရသူအပေါင်းမှာ ဆံပင်များအရင်းမှ ထောင်ကုန်
သည်အထိ ထိတ်လန့်မိကြလေသည်။

အသက်လုပြေးလာရသူ နှစ်ယောက်၏ ခြေထောက်များသည် ဂျယ်လီများကဲ့သို့ ပျော့တွဲကုန်ကြလေ
သည်။ဤစမ်းသပ်မှု၌ သုံးယောက်သေဆုံးသွားပြီး နှစ်ယောက်က အသက်လုပြေးခဲ့ရလင့်ကစား အခြား
သူများမှာ စမ်းသပ်မှု အောင်မြင်ကြရာ လူအများသည် မျှော်လင့်ချက်များ ရှိလာခဲ့ပြန်သည်။

သို့သော် သေဆုံးနိုင်ချေ ပိုများသည်ကို မြင်သည်နှင့် အချို့လူများမှာ လက်လျှော့ကုန်ကြသည်များ
လည်း ရှိသည့်အတိုင်း ၎င်းတို့၏ ကျောက်စိမ်းပြားများကို ပြန်လည်ရောင်းချကြလေရာ ရွှမ်းရှင်းကလည်း
ထိုသို့ရောင်းချခြင်းကို မတားမြစ်ပေ။၎င်းတို့၏ စည်းမျဉ်း၌ ကျောက်စိမ်းပြား ပိုင်ဆိုင်သူသည် နောက်ဆုံး
ပြိုင်ပွဲကို ၀င်ပြိုင်နိုင်သည်။ကျန်သည့်ကိစ္စများသည် သူတို့နှင့်မဆိုင်ချေ။

ထိုစဉ် လီရှင်းရှောင်ကဲ့သို့ မဟာပါရမီ့ရှင်ကြီးများသည် စတင်၍ လှုပ်လှုပ်ရှားရှားဖြစ်လာကြတော့သည်။
ထန်၀မ်အာက လုံချန်၏ ၀တ်ရုံစကို ဆွဲ၍ မေးသည်။

"ကျွန်မတို့ စ ပြိုင်သင့်ပြီလား"

ထန်၀မ်အာ အနည်းငယ် စိုးရိမ်နေသည်။ဤစမ်းသပ်ပွဲ တွင် အဘယ့်ကြောင့် အသက်လုပွဲမျိုးကို ထည့်
သွင်းထားသည်ကို သူမမသိ။သို့သော် ပထမဆုံး သူမ၏ ခေါင်းထဲတွင် ပေါ်လာသည်မှာ လုံချန်၏
အမြင်ကို မေးရန်ဖြစ်ပါသည်။

မည်သည့်အတွက်ကြောင့်မှန်းမသိ လုံချန်သည် မျက်နှာပြောင်သည့်ကောင် ဟု သူမကသိသော်လည်း
လုံချန်သည် လွန်စွာစိတ်ချ၍ ယုံကြည်အားကိုးထိုက်သူတစ်ယောက်ဟုလည်း သူမ က မှတ်ယူနေ
ပြန်ပါသည်။

"ရှောင်လွဲလို့မရတဲ့စမ်းသပ်ပွဲမှာ မင်းက မင်းရဲ့ ချောမောလှပမှုကို အသုံးချပြီး လူတိုင်းရဲ့ ယုံကြည်
မှုကိုတိုးတက်လာအောင် လုပ်သင့်တယ်ထင်တယ်" လုံချန်သည် ပြုံး၍ ထိုသို့ ပြောလျှင် ထန်၀မ်
အာ၏ မျက်နှာကလေးမှာ ဖြန်းကနဲ နီသွားတော့သည်။ထို့နောက်သူမက ရှက်ကိုးရှက်ကန်းဖြင့် လုံ
ချန်ကို မေးသည်။

"ကျွန်မမသိဘူးလေ.. အဲ့တာက ဘယ်လိုလုပ်ရမှာလည်း"

"အမ်...မမက ဒီအဖွဲ့ကခေါင်းဆောင်လေ မမရဲ့ ချောမောလှပလွန်းတဲ့ ရုပ်ရည်ကြောင့် လူတွေက
မမအဖွဲ့ကို ၀င်လာကြတာမဟုတ်လား ကျုပ်တို့ သာမာန်လူက မမ နေရာကို ယူလို့ဘယ်သင့်
တော်ပါ့မလည်း" လုံချန်က ခေါင်းယမ်းသည်။

"ကောင်စုတ်...ဒါအမိန့်ပဲ .. ရှင်လုပ်ရမယ်" ထန်၀မ်အာက ရှက်ကိုး ရှက်ကန်း ဟန်ကလေးတွင်ဒေါသ
အနည်းငယ်စွက်လျှက် လုံချန်ကို ရှေ့သို့တွန်းထုတ်လိုက်လေသည်။လုံချန်က ရယ်ကျဲကျဲဖြင့် လူအုပ်ရှေ့
သို့ရောက်သွားတော့သည်။ယင်းသည် ရိုးရှင်းသော လှည့်ကွက်တစ်ခုပင် မဟုတ်ပါလား။

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(164)စိတ်ဓာတ်ခွန်အားပေးခြင်း

"ညီအကိုတို့ ဒီကို တစ်ချက်လောက်ကြည့်ပေးကြပါလား"

လုံချန်က လက်ကို ဝေ့ယမ်း၍ ထန်၀မ်အာ၏ အဖွဲ့ကို အာရုံစူးစိုက်လာစေရန် လုပ်သည်။

အေးဆေးတည်ငြိမ်သည့် အပြုံးနှင့် ယုံကြည်မှုအပြည့်ရှိနေသည့် လုံချန်ကို မြင်လျှင် ထန်၀မ်အာသည်
အတော်ကလေးအံ့အားသည့်မိသည်။အဘယ့်ကြောင့် သူ့အတွက် ထိုမျှ လွယ်ကူနေပါသနည်း။

"ဒီဂူ တွေထဲက အကောင်တွေကို လူတိုင်း လည်းမြင်ပြီးကြပြီ ဒါ့ကြောင့် လူတိုင်း စိတ်အားတက်စေ
ဖို့အတွက် ကျုပ်တို့ရဲ့ နတ်ဘုရားမ ၀မ်အာက စမ်းသပ်မှုအောင်မြင်တဲ့လူတိုင်းကို အနမ်းတစ်ပွင့်...အိုက်ယား"

လုံချန်၏ စကားက လမ်းတစ်၀က်၌ ရပ်သွားသည်။အဘယ့်ကြောင့် ဆိုသော် ထန်၀မ်အာက သူ့ကို
လှမ်းကန်လိုက်သောကြောင့်ပင်။ထန်၀မ်အာက ဒေါသထွက်ဟန်ကလေးဖြင့် သူ့ကိုပြောသည်။

"ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလည်း .. ရှင့်ကို ဘယ်တုန်းက အဲ့ဒိလိုပြောဖူးလို့လည်း"

လုံချန်က နားမလည်နိုင်ဟန်ဖြင့်တောင်းပန်သည်။

"အိုး....ကျုပ်မှားတာပါ ...ကျုပ်အမှားပါ"

ထို့နောက် လူအုပ်ဘက်သို့လှည့်၍ စကားဆက်၏။

"ကျုပ်မှားသွားတာပါ....စမ်းသပ်ပွဲမှာ အနိုင်ရသူတွေက မမ ၀မ်အာ စီကနေ အနမ်းတစ်ပွင့်ရမှာ
မဟုတ်ပါဘူး..အနမ်းနှစ်ပွင့်ပါတဲ့...အိုက်ယား....ကျုပ်ကို ဘာ့ကြောင့်လှိမ့်ကန်နေတာလည်း"

"ကောင်စုတ် ရှင့်ကိုဘယ်တုန်းက အဲ့လိုမျိုးပြောခဲ့ဖူးလည်း ပေါက်ကရတွေ" ထန်၀မ်အာ၏ မျက်နှာက
ဒေါသဖြင့်နီမြန်းနေသည်။သည်ကောင်က သည်လို ပျက်လုံးမျိုးပင် ထုတ်ရဲသတဲ့လား။

"ဟုတ် ပြီ .. မှားသွားလို့ပါ...မမ၀မ်အာက အတော်ကို ကပ်စေးနဲတာပဲ သူ့အကြောင်းကို ထားလိုက်တော့
ဒါပေမယ့် ဆု ကတော့ တစ်ကယ်ချီးမြင့်မှာပဲဖြစ်ပါတယ်..စမ်းသပ်မှုကို အောင်မြင်တဲ့ မည်သည့် မိန်းမ
လှကလေးတွေမဆို ကျုပ် လုံချန်စီက အနမ်းတစ်ပွင့်ကို ရရှိမှာပဲဖြစ်ပါတယ်" လုံချန်က အသံကျယ်ကျယ်
ဖြင့် ထိုသို့ အော်ပြောလျှင် လူများမှာ တဝါးဝါးဖြင့် ပွဲကျ ကုန်ကြတော့သည်။

ပတ်၀န်းကျင်အခြေအနေသည် ပေါ့ပေါ့ပါးပါးဖြစ်သွားသည်။

ထန်၀မ်အာက ယခုမှ လုံချန်၏ ရည်ရွယ်ချက်ကို နားလည်သည်။လုံချန်သည် အတော်ထူးဆန်းသည့်
လူတစ်ယောက်ဖြစ်မှန်းအပြင် အလွန်မာနကြီးသူ တစ်ယောက်ဖြစ်ကြောင်းကို လည်း သူမ သိပါ
သည်။သို့မဟုတ်လျှင် သူသည် ချီရှင် ၊ လီရှင်ရှောင် တို့ကဲ့သို့သော မဟာပါရမီ့ရှင်ကြီးများဖြင့် တိုက်
ခိုက်ခဲ့လိမ့်မည်မဟုတ်ပေ။

လူအများရယ်မောစေရန် သည်သို့ ပျက်လုံးထုတ်ခြင်းသည် သူ့ကိုယ်သူ အနစ်နာခံခြင်း ဖြစ်သည်။

"ဟားဟား မင်းတို့ တွေက ရယ်နေကြပါလား .. ကောင်းပြီ ကျုပ်က အပြောင်အပျက်ပြောနေ
တာပါ ကျုပ်ကို ယုံပါ ကျုပ်က ထွေးပြီးသား တံတွေးကို ပြန်မျိုမချတတ်ဘူး" လုံချန်က ထန်၀မ်
အာအဖွဲ့မှ မိန်းမပျိုကလေးများကို ပြောသည်။မိန်းမပျိုကလေးများမှာ စနောက် နေမှန်းသိလျှက်ပင်
မျက်နှာကလေးများ နီမြန်းနေတုန်းပင် ရှိသေးသည်။

"ကဲ..ကောင်းပြီ အကောင်းပြောကြရအောင် ကျုပ်တို့ဒီမှာ စုရုံးနေကတည်းက ကျုပ်တို့မှာ တူညီတဲ့
အိပ်မက်တွေ ရည်မှန်းချက်တွေရှိကြတယ် ဆိုတာကို မပြောလည်းသိကြမှာပါပဲ"

"ကျုပ်တို့ဟာ သိုင်းထိပ်သီးတွေဖြစ်လာချင်ကြတယ် ကျုပ်တို့ရဲ့ဘိုးဘေးတွေကို ဂုဏ်ယူစေချင်ကြတယ်
ကျုပ်တို့ရဲ့နောင်မျိုးဆက်တွေကို ကျုပ်တို့နာမည်တွေ မှတ်မိစေချင်ကြလိမ့်မယ်" လုံချန်က စိတ်အားထက်
သန်စွာ ပြောနေသည်။လူအုပ်ကြီးသည် စိတ်ဓာတ်များ တဖြည်းဖြည်းတက်ကြွလာကြသည်။

"ခင်ဗျားတို့သိကြလား...ကျုပ်တို့ရင်ထဲမှာ မမ၀မ်အာဟာ နတ်ဘုရားမတစ်ပါးပဲ...လေးစားထိုက်သူ
စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ သူမဟာ လှပတယ် ကြင်နာတတ်တယ် ကောင်းကင်က ကျုပ်တို့အတွက်ပေး
သနားလိုက်သူတစ်ယောက်.. ပြိုင်စံရှားတဲ့ အလှဘုရင်မတစ်ယောက်...နတ်သမီးလေးတပါး"

"ဒါပေမယ့်ခင်ဗျားတို့မသိသေးတာရှိတယ် တစ်ကယ်တော့ သူမဟာ သူမကိုယ်တိုင်အတွက်တော့
နတ်ဘုရားမ တစ်ပါးမဟုတ်ခဲ့ပါဘူး...သာမာန်မိန်းမပျိုကလေးတစ်ယောက်ရယ်ပါ"

"သူမကလည်း ခင်ဗျားတို့လို ၀မ်းနည်းတတ်တယ်...နာကျင်တတ်တယ်...တစ်ခါတစ်လေ အထီး
ကျန်မယ် အပြင်ပန်းသန်မာမှုတွေနောက်မှာ ဖုံးကွယ်ထားတဲ့ နူးညံ့တဲ့ နှလုံးသားတစ်စုံကို ခင်ဗျား
တို့မသိကြပါဘူး"

လုံချန်၏ စကားက ထိုနေရာသို့ရောက်လျှင် ထန်၀မ်အာသည် နှာတရှုပ်ရှုပ်ဖြစ်လာပြီး မျက်ရည်စလေး
များကျကာ တစ်ဘက်သို့လှည့်သွားလေ၏။သူမသည် မဟာပါရမီ့ရှင် တစ်ဦးဖြစ်သော်လည်း အားနည်း
ချက်များ ရှိသည့် မိန်းမပျိုကလေးတစ်ဦးလည်းဖြစ်ပါ၏။မဟာပါရမီ့ရှင်တစ်ပါး ၏ ထန် မာန် တို့ဖြင့်
လျှော်ညီစွာ နေထိုင်ရန် အတွက် သူမသည် အလွန်ပင်ပန်းခဲ့ပါသည်။သို့သော် သူမတွင် ရွေးချယ်စ
ရာကား မရှိခဲ့ပါပေ။

ထန်၀မ်အာသည် တစ်ဖက်သို့လှည့်၍ သူမ မျက်နှာကလေးကို လက်ဖြင့်ကာ၍ မျက်ရည်ကလေးမျာ
ကျနေရှာသည်။သို့သော် သူမ ထိုသို့ မျက်ရည်ကျနေသည့် မြင်ကွင်းကို လူတိုင်းမြင်လိုက်ကြရသည်။
သူမအတွက် သူတို့နှလုံးသားများနာကျင်ရသည်။သူမသည်လည်း သူတို့၏ ကာကွယ်ပေးမှုကို လိုအပ်
ပါသည်။

"သူမရဲ့ ရင်ထဲမှာ မင်းတို့ တစ်ယောက်ချင်းစီတိုင်းဟာ သူမရဲ့  မိသားစုတွေပါပဲ"

"ဒါ့ကြောင့် တစ်ယောက်ယောက် သေဆုံးမှုရှိခဲ့ရင် သူမ အလွန်၀မ်းနည်းရလိမ့်မယ် ငိုတောင်ငို
လိမ့်မယ်...မင်းတို့ရဲ့နတ်ဘုရားမလေးကို ထိခိုက်နာကျင်မှု မဖြစ်စေချင်ရင် ဒီစမ်းသပ်ပွဲကို အသက်ရှင်
လျှက် အောင်မြင်အောင် ဖြတ်ကျောပါမယ့်လို့ ကျုပ်ကို ကတိပေးနိုင်မလား" လုံချန်က နောက်ဆုံး
စကားကို လွန်စွာလေးနက်သည့် အသံဖြင့် တမင်ပြောသည်။

လုံချန်၏ အသံသည် သူတို့၏ နားထဲတွင်သာမက စိတ်ဝိညာဉ်များထဲသို့တိုင် စူးနစ်၀င်ရောက်သွား
သည်ဟု ထင်လိုက်မိကြသည်။

"အသက်ရှင်ရက်ပြန်လာမယ်လို့ ကျုပ်တို့ကတိပေးပါတယ်"
လူတိုင်းက သံပြိုင်အော်ဟစ်ကြ၏။

တုဖုန်းနှင့် အကြီးအကဲများသည် တစ်ယောက်ကို တစ်ယောက်ကြည့်၍ ပြုံးလိုက်မိကြ၏။ဤလုံချန်
ကား ချီးကျူးထိုက်လှသည်။သည်အကြီးအကဲများပင် သူ၏ စကား၌ စိတ်လှုပ်ရှားမှု အနည်းငယ်ဖြစ်
မိကြသည်။

"ဟမ့်...ဘာကတိလည်း...ကတိက ခွန်အားထက်အရေးပါလို့လား" ထိုအသံတွင် အထင်သေးမှုများ
ဖြင့်ပြည့်နှက်နေရာ လူအများက အသံရှင်ကို ဒေါသတကြီးဖြင့် ကြည့်လျှင် လီရှင်းရှောင်ဖြစ်ကြောင်း
သိရ၏။

"ဟေး...သူ့စကားကို နားမထောင်နဲ့ ခွေးဟောင်တိုင်း ထကြည့်ရင်အိပ်ရေးပျက်တယ်" လုံချန်က ခပ်
ဖွဖွပြော၍ လူတိုင်း၏ အာရုံကိုပြန်စွဲဆောင်သည်။

"လုံချန် ငါ..မင်းကို သတ်မိအောင် မလုပ်နဲ့နော်" လီရှင်းရှောင်က ဒေါသတကြီးဖြင့်လုံချန်ကို လက်ညှိုး
ထိုး၍ ပြောသည်။

လုံချန်သည် လီရှင်းရှောင်ကို ဖုတ်လေသည့်ငပိရှိသည်ဟုပင်မထင်ပဲ ပေယျလကန် ပြုထားလိုက်၏။

ထို့နောက်သူက လူတစ်ယောက်ခြင်းစီတိုင်းကိုပြောသည်။

"မင်းတို့ကို ကျုပ်ပြောချင်တာက ကိုယ့်လမ်းကိုသွား...ခွေးဟောင်လည်းဂရုမစိုက်နဲ့ အခုကြည့်  ခွေး
တစ်ကောင်က ကျုပ်တို့ကို ကြည့်နေပြီ"

"အခုဆိုရင် ကျုပ်တို့မှာ ဖိအားတွေပိုများလာပြီမင်းတို့သေရင် ကျုပ်တို့ရဲ့ နတ်ဘုရားမကလေးက ၀မ်းနည်း
ရုံတင်မကဘူး...ခွေးတစ်ကောင်ရဲ့ ပျက်ရည်ပြုတာကိုလည်းခံရဦးမယ်...မင်းတို့ဘာလုပ်ရမယ်ဆိုတာ
ကို ကျုပ် ရှင်းပြဖို့မလိုတော့ဘူး.....သွားကြတော့..."

လူတိုင်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ လီရှင်ရှောင်းကို သတ်၊ဖြတ်ချင်သည့် အကြည့်များ
ဖြင့ကြည့်ကြသည်။

"မမ၀မ်အာ မစိုးရိမ်ပါနဲ့ ကျုပ်တို့ပြန်လာမှာပါ"

"မမ၀မ်အာ ၀မ်းမနည်းပါနဲ့ မျောက်ဝံကြီးပါးစပ်ပိတ်သွားအောင် ကျုပ်တို့လုပ်မယ်"

လူများက ထန်၀မ်အာကို တစ်ယောက်ပြီးတစ်ယောက် နှစ်သိမ့်ပြီး သွားကြရာ ထန်၀မ်အာမှာမည်သို့
ပြောရမည်မသိဖြစ်နေသည်။ထန်၀မ်အာက သူမ၏ ပါးစပ်ကလေးကို လက်ဝါးဖြင့်အုပ်ထားသည်။
လူများ သူမ အပေါ်မည်မျှ ဂရုစိုက်ကြသည်ကို ပထမဆုံးအဖြစ်နားလည်ခြင်းဖြစ်ရာ မျက်ရည်မဆည်
နိုင်အောင်ဖြစ်မိရလေသည်။

လူများရုတ်ချည်း များပြားလာမှုကြောင့် အကြီးအကဲများမှာလည်း မအားမလပ်ကြတော့ပဲ သက်ဆိုင်
ရာဂူများကို တစ်ယောက်ပြီး တစ်ယောက် ပို့ပေးနေကြရသည်။

"လုံချန်...ရှင်ပြောတာတွေက အမှန်လားတွေလားဟင်" မည်သူမှ အနားတွင် မရှိတော့လျှင် သူမက လုံချန်ကိုမေး
သည်။

လုံချန်ကတဟားဟား ရယ်နေ၏။

"ကျုပ်က ဘယ်တုန်းအမှန်းအတိုင်းပြောဖူးလို့လည်း .... အဲ့ဒိတော့ အမှန်လို့ယူစရာမလိုပါဘူးလေ.."

"ရှင် ရှင်... ကောင်စုတ် ... ရှင်က စကားကိုဘယ်လို ကောင်းကောင်းပြောရမှန်းကိုမသိဘူး" ထန်၀မ်
အာက သူ့ကို ဒေါသထွက်ဟန်ဖြင့် လှမ်းကန်လျှင် လုံချန်က ရှောင်လိုက်သည်။ထို့နောက် သူမသည်
တဟင့်ဟင့် ရှိုက်ငိုနေတော့သည်။

"ဟေး..ဘာလုပ်နေတာလည်း....ကစားပွဲကပြီးပြီ ဘယ်သူမှလည်းအနားမှာ မရှိတော့ဘူး ဘာ့
ကြောင့် ငိုနေရတာလည်း" လုံချန်က မေးသည်။

"ရှင်ရှိနေတာလေ..." ထန်၀မ်အာက ရှက်သလို ဒေါသလည်းထွက်သွားသည်။

လုံချန်က ထန်၀မ်အာကိုကြည့်၍ မည်သို့မပြောပေ။နောက်ဆုံး၌ သူသည် သက်ပြင်းချလိုက်သည်။

"ရှင် က ဘာ့ကြောင့် သက်ပြင်းချရတာလည်း" လုံချန်၏ ထိုပုံစံကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"မင်းဟာ...သိုင်းလေ့ကျင့်ဖို့မသင့်တော်ဘူး" လုံချန်က ခပ်တိုးတိုးပြောသည်။

"ဘာ့ကြောင့်လည်း" ထန်၀မ်အာက အံ့သြသည့် အမူအယာဖြင့်ပြော၏။

"မင်းမှာ ခံစားချက်တွေ သိပ်များလွန်းနေတယ် ဒီလူတွေ ဒီနေရာမှာအကုန်သေသွားရင် မင်းဘယ်
လိုခံစာူးရမလည်း.." လုံချန်ကမေးသည်။

"ကျွတ်....အဲ့ဒိလိုမပြောကောင်းဘူးလေ"

လုံချန်က လေးနက်သည့် အမူအယာဖြင့်ဆက်ပြောသည်။

"ကျုပ်မေးတာကိုပဲဖြေပါ"

ထန်၀မ်အာထံမှ မည်သည့်အသံမှထွက်မလာချေ။

"ကောင်းပြီ ဒါဆို ကျုပ်ပြောမယ် မင်းဟာ ဖြေဆည်မရလောက်အောင် ကြေကွဲလိမ့်မယ်
အကယ်၍ ဒီ အခြေအနေမျိုးနဲ့ အန္တေဝါသိက ဂိုဏ်းပြိုင်ပွဲကို ၀င်ပြိုင်ရင် ရှုံးဖို့က 90 ရာခိုင်နှုန်းရှိတယ်"
လုံချန်က လေးနက်စွာပြောသည်။ထန်၀မ်အာမှာ ဦးခေါင်းကလေးကို သနားစဖွယ် ငုံ့ထားရှာသည်။

ယင်းသည် အရှိတရား၏ ရက်စက်မှုဖြစ်သလို ရိုးရှင်းသည့်အကြောင်းတရား တစ်ခုလည်းဖြစ်ပါ၏။

"ဒီလမ်းစဉ်ဟာ နောက်ပြန်လှည့်လို့ရတဲ့လမ်းစဉ်မဟုတ်ဘူး ၀မ်အာ...ဒီလမ်းကြောင်းပေါ်ကို ဒီအဖွဲ့
ကလူတွေ အကုန်လုံးဆွဲခေါ်တင်နိုင်မယ် လို့မင်းမထင်လိုက်ပါနဲ့ကွာ...အကယ်၍ မင်းအဲ့ဒိလုပ်ခဲ့
ရင် မင်းရဲ့နောက်လိုက်တွေဟာ မင်းကို ထားရစ်ခဲ့ပြီး မင်းဘေးကနေ တစ်ယောက်ပြီးတစ်ယောက်
ပျောက်သွားတာကို မင်း တဖြေးဖြေးနားလည်လာလိမ့်မယ်...ပြီးရင် မင်းလျှောက်ရမယ့်လမ်းကြောင်း
ပါပျောက်သွားပြီပဲ"

ထန်၀မ်အာသည် သူမ၏နှုတ်ခမ်းကိုသပ်သည်။ပြီးမှ မေး၏။

"ဒါဆိုကျွန်မ ဘာလုပ်သင့်သလည်း"

"အရာရာ တိုင်းကို သူ့သဘောတိုင်းသူ ဖြစ်ခွင့်ပေးလိုက်ပါ မင်း...လူတွေကို ဘယ်လောက်ဂရုစိုက်
နိုင်မှာလည်း...အဆုံးကျရင် မင်းပဲပိုနာကျင်ရလိမ့်မယ် ၀မ်အာ..." လုံချန်က ပြောသည်။

"ရှင်က ကျွန်မရဲ့အဖွဲ့ကို ထိုးကျွေးစေချင်တာလား"

"အရူးမလေး....အဖွဲ့ကို ထိုးကျွေးဖို့ဟုတ်လား...မင်းက ဒီအဖွဲ့ကို တည်ထောင်တယ်...အဲ့ဒိတော့
လူတိုင်းက ရင်းမြစ်တွေအတွက်ပိုပြီး ပြိုင်ဆိုင်နိုင်ကြမယ် သူတို့ကို လွတ်လွတ်လပ်လပ် တိုးတက်
သွားအောင် ထားလိုက်ပါ....မင်းကလည်း မင်းရဲ့သိုင်းပညာကို ကိုယ့်ဟာကိုယ် တိုးတက်အောင်
လုပ်ရမယ် ဒီလိုဆို အရာရာ အဆင်ပြေပြီပေါ့"

"ကျုပ်က နောင်ဖြစ်လာမယ့် ရက်စက်တဲ့အရှိတရား အကြောင်းကို မင်းကို ပြောပြနေတာပါ
မင်းအတွက် သိပ်မနာကျင်ရတော့ဘူးပေါ့" လုံချန် ပြုံးလိုက်ပါသည်။

"လုံချန်...ရှင်က ဒီလောက်တောင်နားလည်ထားတာ ဒီလိုနာကျင်စရာခံစားချက်တွေများရှိခဲ့လို့လား
ဟင်"  ထန်၀မ်အာကလုံချန်၏ မျက်လုံးထဲသို့ နက်ရှိုင်းစွာ စိုက်ကြည့်၍ မေးသည်။လုံချန်၏ မျက်၀န်း
ထဲ၌ ၀မ်းနည်းသည့်အရိပ် အယောင်တစ်ချို့ ဖြတ်ကနဲ ဖြတ်ပြေးသွားသည်။သို့သော်သူက လျှင်မြန်စွာ
ဖုံးကွယ်လိုက်လေသည်။

"ဟားဟား...ဘာ .. နာကျင်စရာလည်း အခု ကျုပ်က ပျော်ရွှင်နေတဲ့ ငပြောင် တစ်ယောက်ဖြစ်နေ
ပြီပဲ နောင်ဆိုလည်း ကျုပ်က အဆင့်မြင့် င ပြောင်တစ်ကောင်ဖြစ်လာဦးမှာ ကျုပ်မှာ ၀မ်းနည်းဖို့
တောင် အချိန်မရှိဘူး"

ထန်၀မ်အာ၏ အသည်းနှလုံးများနာကျင်သွားရပါသည်။လုံချန်၏ နှလုံးသားထဲမှ တစ်စုံတစ်ရာကို
သူမ တစ်စွန်းတစ်စ မြင်ခွင့်ရခဲ့၏။ယင်းသည် စက္ကန့်ပိုင်းကလေးပင် ဖြစ်လင့်ကစား လုံချန်ယခု မည်
သို့ခံစားနေရမည်ကို သူမ ပြောနိုင်သည်။

တစ်ချိန်လုံး ရယ်မောပျော်ရွှင်နေသည့် လူတစ်ယောက်၏  ရင်ထဲတွင် မည်သည့်
အရာများကို မြိုသိပ်ဖုံးကွယ်ထားပါသနည်း။အဘယ့်ကြောင့် သူ၏ တွေးခေါ်မြော်မြင်နိုင်စွမ်းသည်
သက်တူ၊ရွယ်တူ များကြား၌ သူမတူအောင် ထက်မြက် ထူးချွန်နေခဲ့ရပါသနည်း။ထန်၀မ်အာသည်
ပဟေဠိ ၊ ပုစ္ဆာများဖြင့် ပြည့်နှက်လျှက် ရှိသော ဤလူကို မေးမည်ကြံစည်တွင် ဝုန်းကနဲ၊ ဒုန်းကနဲ အသံ
ကြီးများ ကို ကျယ်လောင်စွာကြားရလေတော့သည်။

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(165)အံ့အားသင့်လောက်စရာအောင်မြင်မှု

၀ုန်းကနဲ၊ဒိုင်းကနဲ အသံများကြောင့်လူတိုင်း၏ အကြည့်က ဂူများထံသို့ရောက်သွားကြ၏။ဂူထဲမှ လူ
တစ်ယောက်ထွက်လာ၏။

"အဲ့တာ အတွင်းစည်းဂိုဏ်း၀င်အဆင့် ဂူပဲ"

လူများ၏ အံ့အားတသင့် အသံများထွက်လာသည်။ထိုဂူသည် ကျောက်နံရံကြီး၏ အလယ်တွင်ရှိ၏။

"အဲ့ဒါ လင်ဟောင်ပဲ"

ထန်၀မ်အာသည် စိတ်လှုပ်ရှားစွာဖြင့် လုံချန်၏လက်ကို ကိုင်ဆွဲကာ ပြောလာသည်။သူမ၏ ချစ်စဖွယ်
အပြုံးလေးသည် သူမ မည်မျှ ပျော်ရွှင်နေသည်ကို ဖော်ပြနေပါ၏။

"ဟီးဟီး...ဂုဏ်ယူပါတယ်ကွာ..." လုံချန်သူမ၏ ဖော့ဖယောင်းကဲ့သို့ ပျော့ပျောင်းသည့် လက်ကလေးကို
ဆုပ်ကိုင်လိုက်သည်။အခွင့်အရေးကို မိမိရရ အသုံးမချခြင်းသည် သူ့ ပုံစံမှမဟုတ်တာလေ။အထူးသဖြင့်
ဤကဲ့သို့ အချိန်မျိုးတွင် ဖြစ်သည်မဟုတ်လား။

"ကောင်စုတ်...ရှင်.." တင်္ဂ ကြာမှ လုံချန်ဘာလုပ်သည်ကို ထန်၀မ်အာ နားလည်သွား၏။သူမ အခွင့်
အရေးယူခံလိုက်ရသည်လား။သူမမှာ ဓာတ်လိုက်သကဲ့သို့ ကျင်ကနဲ ခံစားမှုတစ်ခုဖြင့် သူမ၏လက်ကို
ခပ်မြန်မြန်ပြန်ဆွဲလိုက်သလို ရှက်ရွံ့မှုနှင့် ဒေါသအချို့တို့သည် ရင်ထဲတွင်ပေါင်းစပ်ဖြစ်ပေါ်လာသည်။

အင်း...ဒီလက်ကလေးကို သူမ ဘယ်လို ထိန်းသိမ်းလာခဲ့သလည်း...အထိအတွေ့သည် ပျော့ပြောင်း၏၊
နွေးထွေး၏။နူးညံ့၏။လုံချန် သည် စိတ်ထဲ၌ ကြိတ်ချီးမွမ်းနေမိသည်။လုံချန်သည် သူ၏ ခံစားချက်များကို
ထုတ်ပြောတော့မည့်ဆဲဆဲ၊ထန်၀မ်အာကလည်း သူ့ကို ရိုက်နှက်ရန်ကြံသည့် ဆဲဆဲတွင် လီဟောင်၏
အော်သံထွက်လာသည်။

"မမ ၀မ်အာ ကျုပ် လီဟောင် အောင်မြင်ပြီ ကျုပ်ကတိတည်ပါတယ်နော်...အသက်ရှင်ရက် ကျုပ်ပြန်လာ
နိုင်ခဲ့ပြီ"

"ကောင်းတယ် မြန်မြန်လာခဲ့ အနားသွားယူဦး" ထန်၀မ်အာက ခေါင်းငြိမ့်သည်။

ထန်၀မ်အာ သက်ပြင်းချသည်။

"လီဟောင်က အဆင့်သိပ်ကောင်းလှတာမဟုတ်ဘူး သူ့အတွက် အတွင်းစည်းဂိုဏ်း၀င်တစ်ယောက်
ဖြစ်လာတယ်ဆိုတာ အတော်အံ့သြစရာကောင်းတယ်"

"ပါရမီဟာ အရာရာမဟုတ်ဘူး၀မ်အာ...စိတ်ဓာတ်၊ဆုံးဖြတ်ချက်၊ကံတရားနဲ့ မျှော်မြင်နိုင်တဲ့ ဥာဏ်
ပညာက သာ လူတစ်ယောက်ရဲ့ဘ၀ကို ပြောင်းလည်းပစ်နိုင်တဲ့ အရေးအကြီးဆုံး အချက်တွေပါ"

လုံချန်က ပြောသည်။

စိတ်ထဲ၌မူ လုံချန် သည် စဉ်းစားနေမိသည်။ငါဟာ ပါရမီမကောင်းဘူး၊ငါ့မှာ စိတ်ဝိညာဉ်အရင်းအမြစ်
တောင်မရှိဘူး။ဒါပေမယ့် ငါကော အခု ဒီနေရာမှာ ရှိမနေခဲ့လို့လား။

သူတို့နှစ်ယောက်စကားပြောနေစဉ် သွေးများစိုရွှဲနေသည့် နောက်တစ်ယောက်သည် စိတ်လှုပ်ရှားစွာ
ဖြင့် ပြေးထွက်လာသည်။

"မမ၀မ်အာ.. ကျုပ်အောင်မြင်ပြီ"

ထိုသို့ဖြင့် ခေါင်းပြတ်များကို ကိုင်၍ လူများ တစ်ယောက်ပြီး တစ်ယောက်ထွက်လာကြသည်။ယင်းတို့၏
စိတ်ထက်သန်မှုကား ထန်၀မ်အာကို တုန်လှုပ်စေသည်။သူတို့သည် သူမကို ပေးထားခဲ့သည့် ကတိအတိုင်း
အောင်မြင်ခဲ့ပါသည်။သူမသည် လုံချန်ကို အသာလေး ခိုးကြည့်ရာ လုံချန်မှာသိပ် အံ့သြခြင်းမရှိလှပဲ
ဤ ရလာဒ်ကို ရှေးမဆွကပင် မျှော်လင့်ထားသည့် ပုံဖြစ်နေ၏။သူ၏ မျက်လုံးများသည် အထက်ပိုင်း
ရှိဂူများထံသို့ရောက်နေသည်။

နှစ်နာရီ ပျော့ပျော့ရှိသည်တွင် ထန်၀မ်အာ၏ အဖွဲ့မှာ စမ်းသပ်မှုပြီးဆုံးပြီဖြစ်သည်။ယင်းတို့တွင် အတွင်း
စည်း ဂိုဏ်းသား သုံးယောက်နှင့် အပြင်စည်းဂိုဏ်းသား ခွန်နှစ်ဆယ့် ခြောက်ယောက် အဖြစ် စမ်းသပ်
မှုကို အောင်မြင်ခဲ့ကြသည်။

လူတစ်ရာတွင် စမ်းသပ်ပွဲ၌ သေဆုံးသွားခဲ့ကြသော လူ ရှစ်ယောက်မှာမူ သူမအပေါ်ကတိမတည်နိုင်
ခဲ့ကြချေ။သို့ရာ၌ ယခုရလာဒ်သည်ပင် လွန်စွာ အံ့အားသင့်ဖွယ်ကောင်းနေပေပြီ။ယင်းသည် မူလ
အောင်မြင်နှုန်းထက် များစွာ စံချိန်ချိုးခဲ့ပါ၏။အကြီးအကဲများပင် အံ့အားသင့်ကြရသည်။စမ်းသပ်ပွဲ
အောင်မြင်သည့်နှုန်းသည် 90 ရာခိုင်နှုန်းရှိနေသည်။တုဖုန်း အတွေး နက်နေ၏။

"ညီမလေး ၀မ်အာ ၀မ်းမနည်းပါနဲ့ကွယ် ဒီ ကျဆုံးသွားကြတဲ့ ညီအကို မောင်နှမ တွေက သူတို့ရဲ့
စိတ်ထက်သန်ပြင်းပြမှုကို ပြသခဲ့ကြပြီးပါပြီ...သူတို့သေဆုံးခဲ့ကြပေမယ့် လည်း သူတို့ ဟာ မီးရှုး
မီးပန်းတွေလို အကောင်းဆုံး ထွန်းတောက်နိုင်ခဲ့ကြပါတယ်လေ..." ချင်ယုက ထန်၀မ်အာ၏ လက်က
လေးကို ခပ်ဖွဖွကိုင်သည်။

အတွင်းစည်း ဂိုဏ်းသား သုံးယောက်၌ ချင်ယုတစ်ယောက်တည်းသာ မိန်းကလေးဖြစ်သည်။ဤအရာ
ကိုကြည့်လျှင် သူမ၏ သိုင်းပညာမှာ မည်မျှ အဆင့်မြင့်သည်ကို မပြောပဲနှင့် သိနိုင်ပါသည်။သူမသည်
တိုက်ခိုက်ချိန်တွင် လွန်စွာတည်ငြိမ်၍ အမှားဟူ၍ မလုပ်မိသည့် အထိ ဖြစ်၏။ထန်၀မ်အာ အဖွဲ့၏
မြင့်မားသည့် အောင်မြင်မှုနှုန်းကို မြင်လျှင် အခြားအဖွဲ့တစ်ဖွဲ့ကလည်း စမ်းသပ်ပွဲကို အရေအတွက်
များစွာဖြင့် ၀င်ရောက်လေတော့သည်။

ယဲ့ထင်းချုံ၏ အဖွဲ့တွင် လူတစ်ယောက်က လုံချန်ကို အတုယူ၍ အကောင်းဆုံးကြိုးစားကာ သူ၏ အဖွဲ့
ကို စိတ်ဓာတ်တက်ကြွစေရန် ဟောပြောလေသည်။သို့သော်အေးစက်စက် မိန်းမလှလေးကား သည်
ကဲ့သို့မျိုးဖြင့် မသင့်တော်။ခံစားချက်ကင်းမဲ့သည့် မျက်နှာသည် လူအများ၏ စိတ်ဓာတ်ကို တက်ကြွ
လာစေရန် လှုံ့ဆော်နိုင်ခြင်းငှာ အကျပ်ရိုက်လျှက်ရှိသည်။

သို့သော် အလှနတ်ဘုရားမလေးကား လုံး၀အသုံးမ၀င်ဟူ၍ မဆိုလို။အဆိုပါ လူ၏ ဟောပြောမှု အပြီး၌
ယင်းတို့အဖွဲ့မှ လူများ၏ အော်ရာများမှာ အနည်းငယ်မျှ တိုးတက်လာသည်ကို ကြည့်လျှင် သူတို့ အနေ
ဖြင့် အနည်းဆုံး ကြောက်လန့်စိတ်များ မရှိတော့ဟု ယူဆနိုင်ပါ၏။

"လုံချန် ရှင်...အတွင်းစည်းဂိုဏ်းသား နေရာကို ပြိုင်သင့်တယ်နော်"

လုံချန် တင်္ဂ တွေဝေသွားသည်။သူမ .. သူ့ကို ဂရုစိုက်သည်ကို သူသိသည်။အပြင်စည်းဂိုဏ်းသား၊အ
တွင်းစည်း ဂိုဏ်းသား စမ်းသပ်မှုများကို ကြည့်လျှင် နောက်ဆုံးစမ်းသပ်မှုသည် မည်မျှ ရက်စက်ကြောင်း
သူမ ကောင်းကောင်းသိသည်။လုံချန်ကို အန္တာရာယ်တောထဲ သို့ သူမဆွဲမထည်ု့ရက်ပါပေ။

သူမ ရွှမ်ရှင်းသို့ မလာခင် သူမ မိသားစု သည် သူမအား အန္တေဝါသိက ဂိုဏ်းသားရွေးချယ်မှုသည်
စိတ်ကူးပင်မယဉ်နိုင်သည်ထိ ရက်စက်လှကြောင်း အကြိမ်ကြိမ်သတိပေးပြီးခဲ့ပြီဖြစ်၏။ထို့ကြောင့်
အန္တေဝါသိက ဂိုဏ်းသားရွေးချယ်မှု အဆင့်သို့အရောက်တွင် သူမ၏ မိသားစုသည် သူမကို မည်
သည့် ခွန်အားမျှ ချန်မထားပဲ အစွမ်းကုန်တိုက်ခိုက်စေချင်သည်။

ယင်းသည် မည်မျှ ရက်စက်သနည်းဆိုသော် အန္တေဝါသိက ဂိုဏ်း၀င် အစစ်အမှန်တစ်ယောက်ပင်
အနည်းငယ်မျှ ချွတ်ချော်မိလျှင် သေသွားနိုင်သည်အထိဖြစ်ပါသည်။လုံချန်သည် အစွမ်းထက်သည်
မှန်သော်လည်း အန္တေဝါသိက ဂိုဏ်း၀င်နေရာသို့ ၀င်ပြိုင်လျှင် သေဖို့ရာခိုင်နှုန်းက အလွန်မြင့်နေသည်။

"ကျုပ်က သေရမှာကို နည်းနည်းတော့ ကြောက်တယ် အပြင်စည်းဂိုဏ်းသားနေရာကို ၀င်ပြိုင်ဖို့
ပဲ ကောင်းမယ်လို့ ကျုပ်တော့စဉ်းစားတာပဲ" လုံချန်က စိုးရိမ်ဟန်ဖြင့် ခေါင်းခါသည်။

"ကောင်စုတ်...ကျွန်မ တစ်ကယ်ပြောနေတာနော်" ထန်၀မ်အာ၏ မကျေမနပ်အသံထွက်လာ၏။

"ကောင်းပါပြီ...ကောင်းပါပြီဗျာ...ကြည့်ပါဦး" လုံချန်က ကျောက်နံရံကြီးထက်သို့ကြည့်သည်။

အန္တေဝါသိက ဂိုဏ်း၀င်နေရာသည် လွန်စွာခက်ခဲမှန်းလုံချန်သိသည်။သို့သော်သူကား မကြောက်။ယင်း
မှာ ဘ၀င်မြင့်ခြင်းမဟုတ်။ယုံကြည်မှုရှိခြင်းသာဖြစ်ပါသည်။ယင်းယုံကြည်ချက်သည် အသက်ကို လောင်း
ကြေးတင်၍ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရသော တိုက်ပွဲများစွာမှ ဖြစ်ပေါ်ဖွဲ့စည်းလာခြင်းဖြစ်သည်။ယင်း
သည် ရပ်တန့်ပစ်၍ မရနိုင်သည့် ဆုံးဖြတ်ချက်လည်းဖြစ်ရာ အခြားသူများစမ်းသပ် မှု အောင်မြင်လျှင်
သူလည်း ကျိန်းသေပေါက်အောင်မြင်နိုင်သည်သာ။

သူ၏ ရွှမ်ရှင်းသို့ လာရသည့် မူလ ရည်ရွယ်ချက်သည် သောကြာ ကြယ်ဆေးဖော်စပ်ရန်အတွက် ပါ
၀င်ပစ္စည်းများ စုဆောင်းရန် ဖြစ်ခဲ့သော်လည်း ရွှမ်ရှင်းသို့အရောက်တွင် သူ့စိတ်ကူးများ တမျိုး တမည်
ပြောင်းလည်းခဲ့ရပါသည်။ရွှမ်ရှင်းတွင် ရှိသော ရင်းမြစ်များကား သူမျှော်မှန်းထားသည်ထက် များစွာ
ပိုသည်။စမ်းသပ်နယ်မြေအတွင်း ၌ပင် များစွာသော ရတနာများကို သူ တွေ့ခဲ့ရ၏။

ယခင်လို သူ အေးအေးဆေးဆေးမနေနိုင်တော့။ထိုရတနာများကို ခပ်မြန်မြန် ရှာဖွေချင်သည့်စိတ်သည်
သူ့ကိုနှိုးဆော်နေလေသည်။အန္တေဝါသိက ဂိုဏ်း၀င်ဖြစ်လျှင် သူ့အတွက်ရင်းမြစ်များပို၍ ရနိုင်မည်။သို့ရာ
တွင်မူ အခြားတစ်ဘက်၌လည်း အင်အားကို အလွန်ပြသလွန်းလျှင် သူ၏ ကြယ်ကိုးလုံးသိုင်းပညာ ပေါ်
ပေါက်သွားနိုင်ရာ လူတကာ ၏ အာရုံစိုက်ခြင်းကို ခံလာရနိုင်သည်။

ထိုသို့ဖြစ်လျှင် သူ့အတွက် အန္တာရာယ်များကို လက်ယပ်ခေါ်သကဲ့သို့ဖြစ်ချေမည်။သူသည် ယုံကြည်မှု
ရှိသော်လည်း တိုက်ပွဲတိုင်းအောင်နိုင်သည့် သူရဲကောင်းကြီးတစ်ယောက်ပမာ မမောက်မာရဲ။ဤအ
ကြီးအကဲများအဖို့ သူ့ကို ကြက်ကလေး၊ငှက်ကလေး တစ်ကောင်ကဲ့သို့ ရိုက်သတ်ပစ်လိုက်နိုင်စွမ်းရှိ
လေသည်။

အကြီးအကဲအားလုံးသည် ရွှမ်းရှင်၏ အကြီးအကဲများဖြစ်၍ သိက္ခာရှိပုံရသည့်တိုင် ရတနာပစ္စည်းများကို
လူတစ်ကာ မက်မောကြသည်သာဖြစ်ရာ ဤအကြီးအကဲများ ၏ အာရုံစိုက်ခြင်းကို ခံရလျှင် သူ့
အတွက်အလွန်အမင်း ဒုက္ခရောက်ပေလိမ့်မည်။

ခွန်အားကို အစွမ်းကုန် ထုတ်၍ အသုံးမပြုလျှင်လည်း စမ်းသပ်မှုကို အောင်မြင်နိုင်မည်မဟုတ်ပေ။သို့
ဖြစ်၍ သူ့အတွက် လွန်စွာဆုံးဖြတ်ရခက်နေ၏။ထို့ကြောင့် သူက အခြားသူများ၏  အခြေအနေကို
စောင့်ကြည့်ချင် သည်။

နောက်ထပ်နှစ်နာရီခန့်ကြာလျှင် စမ်းသပ်ပွဲသို့ ၀င်ပြိုင်ကြသူများ များသထက်များလာသလို သေဆုံး
မှုများလည်း များလာသည်။ကျောက်နံရံကြီးထက်၌ သွေးမျာြးဖြင့် ချင်းချင်းနီနေ၏။

ထိုသို့ဖြင့် ခြောက်နာရီခန့်ရှိသည်တွင် မဟာပါရမီ့ရှင် ငါးယောက်မှတပါး  စမ်းသပ်မှုကို လူတိုင်းပြီးဆုံး
ကြပြီဖြစ်သည်။လီရှင်းရှောင်နှင့် ချီရှင်တို့အဖွဲ့မှ လူတစ်၀က်ခန့် သေဆုံးကုန်သည်။သို့သော် အံ့အား
သင့်စရာကောင်းသည်မှာ ၎င်းတို့အဖွဲ့တွင် အတွင်းစည်းဂိုဏ်းသား 17 ယောက်ခန့် အောင်မြင်ခြင်း
ဖြစ်၏။

လုံချန် သက်ပြင်းချမိသည်။ဤနှစ်ယောက်သည် ရက်စက်လွန်းလှသည်။သူတို့က လူများစွာ၏ အသက်
ကို လောင်းကြေးတစ်ခုအဖြစ် ထပ်ပစ်ကြ၏။သူတို့၏ အဖွဲ့တွင် ထိုမျှ လူသေပျောက်နှုန်း များရခြင်းမှာ
အဖွဲ့၀င်များကို အတွင်းစည်းဂိုဏ်းသား အဖြစ်သာ သီးသန့် ၀င်ပြိုင်စေခဲ့ခြင်းကြောင့်ဖြစ်၏။

သူတို့အတွက်မူ အပြင်စည်းဂိုဏ်းသားများက အသုံးမ၀င်ချေ။အနာဂါတ်၌ သူတို့အတွက် လူသူ အလွယ်
တကူ စုဆောင်းနိုင်ရာ အစွမ်းထက်သော သူများကိုသာ လိုအပ်သည်။ထိုမှသာ ရွှမ်ရှင်း၌ အာဏာထက်
သည့်အဖွဲ့အစည်းဖြစ်နိုင်မည်။

ယွဲ့ဇူဖုန်းနှင့် ယဲ့ထင်းချုံတို့ အဖွဲ့ကလည်း အောင်မြင်နှုန်းမဆိုးဟု ပြော၍ ရသည်။ယင်းတို့၏ အောင်မြင်
နှုန်းက 70 ရာခိုင်နှုန်းရှိသည်။သို့သော် အတွင်းစည်းဂိုဏ်းသား အရေးအတွက်ကား နည်းလေသည်။
ယင်းနှစ်ဖွဲ့တွင် အတွင်းစည်းဂိုဏ်းသားအရေအတွက်မှာ 7 ယောက်မှ 8 ယောက်ခန့်သာ ရှိကြပြီး ကျန်
သူများက အပြင်စည်းဂိုဏ်းသားများသာ ဖြစ်သည်။

ထန်၀မ်အာ၏ အဖွဲ့သည် အောင်မြင်မှုနှုန်းများ ကောင်းများမည်ဖြစ်သော်လည်း အတွင်းစည်းဂိုဏ်းသား
အရေအတွက်မှာ သုံးယောက်သာရှိခြင်းကြောင့် အင်အားတောင့်တင်းခြင်း၌ အောက်ဆုံးရောက်နေ
သည်။

"ကျွန်မသွားမယ်"

ထန်၀မ်အာ၏ အကြည့်လှလှကလေးက ကျောက်နံရံထက်သို့ရောက်သွား၏။စင်မြင့်ထက်သို့ သူမ လမ်း
လျှောက်ထွက်လာခဲ့ပါသည်။

PATRIARCH MK AUNG

Continue Reading

You'll Also Like

151K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
21.1K 445 42
What If Chloe lukasiak has a twin sister who is the favorite?
12.9K 289 15
An alternate Jason Uchiha timeline
195K 2.3K 72
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်