ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

151 - 155

90 8 0
By Azure5549

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(151) မီးစင်ကြည့်ကခြင်း

"ပျားရည်ရဖို့ကျုပ်မှာ နည်းတစ်နည်းရှိတယ်" လုံချန်၏ နှာသံက တိတ်ဆိတ်နေသည့် အချိန်တွင် စူး
ကနဲထွက်လာသည်။လူတိုင်းက အံ့သြ ဟန်ဖြင့် သူ့ကိုလှည့်ကြကြသည်။လုံချန်၏ ပုခုံးကို ပုတ်လိုက်
သူကပင် စမေး၏။

"ဝေးစန် မင်းအသံက ဘာဖြစ်နေတာလည်း"

လုံချန် ထိတ်ကနဲဖြစ်သွား၏။ထိုသူက သူ့အား သူ၏ လက်အောက်အဖွဲ့သားများထဲမှတစ်ယောက်အဖြစ်
ယူဆနေတော့မှ လုံချန် စိတ်သက်သာရာ ရသည်။လုံချန် ကပျာကယာပြောသည်။

"အစောပိုင်းက ပျားတစ်ကောင် တုပ်တာကို ခံလိုက်ရတယ် သိပ်နာတာပဲ အခု ကျုပ်အသံတောင်
ဘယ်လိုဖြစ်သွားမှန်းမသိဘူး"

သူ့စကားဆုံးသည်တွင် အခြားသူများကလည်း တစ်ယောက်တစ်ခွန်း၀င်ပြောကြလေသည်။

"ဟုတ်တယ် ... ကျုပ်ခြေထောက်ကိုလည်း ပျားတစ်ကောင် တုပ်သွားသေးတယ် ဘယ်လိုနာမှန်း
ကိုမသိဘူး" ထိုလူ၏ အသံက ပို၍ပင် နှာသံပေါက်နေ၏။တစ်ချိန်လုံးအော်ဟစ်၍ သတိမေ့သွားသူများ
ကတော့ သတိရရ ချင်းတွင် စကားပြောနိုင်ချင်မှ ပြောနိုင်တော့ပေမည်။

ဤကဲ့သို့ နာကျင်မှုမျိုးကား ပျားတုပ်ခံရသူများသာ သိကြ၏။နာကျင်လွန်း၍ အော်ဟစ်နေရခြင်းကသာ
သူတို့၏ နာကျင်မှုကို သက်သာစေနိုင်သည်။သို့မဟုတ်လျှင် ရူးပင် ရူးသွားနိုင်ပါ၏။

ချီရှင်က လက်ဝေ့ယမ်းပြီး စကားစ ကို ၀င်ဖြတ်သည်။ထို့နောက် လုံချန်ဘက် လှည့်၍ မေး၏။

"မင်းနာမည်က ဝေစန် လား"
"ဟုတ်ပါတယ်ခင်ဗျာ"

"မင်းရဲ့နည်းလမ်းကို ပြောပြစမ်း...မင်းနည်းက အလုပ်ဖြစ်ရင် မင်းကို ငါ အမှတ်ပေးမယ်  မင်းအတွက်
အကျိုးရှိစေရမယ်" ချီရှင်က မက်လုံးပေးသည်။

"ဒီလိုပါ တစ်ကယ်တော့ ဒီနည်းက ရိုးရိုးလေးပါပဲ ကျောက်စိမ်းလိပ်ပြာ ပျားတွေက မီးကိုမကြောက်
ဘူး ဒါပေမယ့် မီးခိုးမှိုင်းတိုက်ရင်တော့ သူတို့ကို ငိုက်မြည်းသွားစေပြီး သူတို့ရဲ့ အဆိပ်ဓာတ် အများစု
ကို ပျက်ပျယ်သွားစေတယ်" လုံချန်က နှာသံဖြင့် ဆက်ရှင်းပြသည်။

သူက ချီရှင် သူ့အသံကို မှတ်မိသွားမည်ကို စိုးရိမ်မိသော်ငြား ချီရှင်မှာ ပျားများကိုသာ အာရုံစိုက်နေ
သောကြောင့် သူ၏ နှာသံကို သတိမထားမိပေ။ထိုပြင့် လုံချန်ကို ဝေစန် ဟု လည်း အစောပိုင်းက
လူက ခေါ်ထားခြင်းကြောင့် သံသယ မဖြစ်လှပေ။

"ဒီနည်းလေးနဲ့လား" ချီရှင်က အနည်းငယ် သံသယဖြစ်ပုံရသည်။

"ဒီနည်းက အလုပ်ဖြစ်နိုင်တယ် လယ်သမားတွေ ပျားလိုက်ကြတုန်းက ဒီနည်းကိုပဲသုံးတာ ကျုပ်
မှတ်မိသေးတယ်" ဝေဆန်နှင့်သိပုံရသည့်ထိုလူက ၀င်ပြောသည်။

"ကောင်းပြီလေ ဒါဆိုလုပ်ကြည့်ကြတာပေါ့" ချီရှင်က ခေါင်းငြိမ့်သည်။

"ဆရာချီ ဒီလူတွေကိုဘယ်လိုလုပ်ကြမလား" မြေပြင်တွင် မေ့နေသည့် လူတစ်စုကို တစ်ယောက်က
ပြ၍ မေးသည်။

"အသုံးမ၀င်တဲ့ကောင်တွေ ပထမဆုံးပျားကို သတ်လိုက်တဲ့ကောင် သတိရလာရင် အဖွဲ့ထဲကနေ
မင်းကို နှင်ထုတ်လိုက်ပြီလို့ပြောလိုက် သတိမေ့နေသူတွေကို ကြည့်ဖို့လူ တစ်ယောက်ကို အစောင့်
ထားခဲ့...ကျန်တဲ့သူတွေ သွားမယ်" ချီရှင်က ကြိမ်းမောင်း၍ ကျန်လူအုပ်ကို ခေါ်ကာ ပျားအုံရှိရာသို့
ခိုးချောင် ခိုးဝှက်ဖြင့် ပြန်လာကြလေသည်။

မခံမရပ်နိုင်အောင် နာကျင်သည့် ခံစားမှုကို သတိရမိသောကြောင့် လူတိုင်းက နည်းနည်းမှ ပေါ့
ပေါ့ဆဆ မနေဝံ့ကြတော့ပေ။လူတိုင်း သတိအပြည့်နှင့် နေနေကြရသည်။

"မီးခိုးနဲ့ ကျုပ်တို့ ဘယ်လိုတိုက်ခိုက်မလည်း" ချီရှင်က လုံချန်ကိုမေးသည်။

လတ်တလောတွင် ချီရှင်က လုံချန်ကို သူ၏ အယုံကြည်ရဆုံးလက်ထောက်တစ်ယောက်ကဲ့သို့
ဆက်ဆံနေရာ အခြားသူများမှာ မနာလိုဖြစ်နေကြသည်။ဤကောင်လေးကား ကံကောင်းလွန်း
လှသည်။သူပေးသည့်အကြံက အလွန်ကောင်းသည့် အကြံမျိုးမဟုတ်သောလည်း ချီရှင်၏ အရေး
တယူ ဆက်ဆံခြင်းကို ခံနေရ၏။

"ကျုပ်တို့ရဲ့လုံခြုံရေးကို စိတ်ချရအောင် မီတာအနည်းငယ်လောက် နောက်ဆုတ်နေရမယ်....အဲ့ဒိ
နောက် ရေငွေ့ပါ၀င်မှုများတဲ့ သစ်ပင်အချို့ကို ကျုပ်တို့ရှာမယ် ဒီသစ်ပင်တွေက အငွေ့များများ
ပိုထွက်တယ်...လူတိုင်းက ပျားအုံရှိတဲ့ဘက်ကိုဦးတည်ပြီး မီးခိုးငွေ့တွေကို ယပ်ခပ်ပေး တစ်နာရီ
အတွင်း အလုပ်ဖြစ်လိမ့်မယ်" လုံချန်ကပြောသည်။

"ကောင်းပြီလေ ကဲ လူတိုင်းနားထောင်ကြ .... ဒီကိစ္စကို ငါက ဝေစန် ကို လွှဲပေးလိုက်ပြီမို့လို့ ဝေစန်
ခိုင်းသမျှကို နာခံကြ....နားထောင်ကြ" ချီရှင်က လူတိုင်းကို ကြည့်လိုက်၏။

လုံချန်က စိတ်ထဲမှ ကြိတ်ရယ်နေသည်။

"မင်း..မင်း..နဲ့ မင်း ဟိုသစ်ပင်တွေကို သွားခုတ်ခဲ့ မှတ်ထား အရွက်များများပါအောင်ခုတ်ခဲ့....."

"ဟေ့ကောင် ခေါင်းကြီး...မင်းကဒီနေရာမှာ ဘာရပ်လုပ်နေတာလည်း  မီးမွှေးဖို့ တစ်ခုခုသွားရှာ
နို့မို့ဆို သစ်ရွက်အစိုတွေကို ငါတို့ မီးမွေးနိုင်မှာမဟုတ်ဘူး"

"ကျန်တဲ့သူတွေက သစ်ရွက်ခပ်ကြီးကြီးတွေကိုရှာ"

"မှတ်ထားကြဦးငါတို့ဟာ တစ်ဖွဲ့ထဲ အတူတူ အလုပ်လုပ်နေကြရတာ ငါတို့အတူ စုပေါင်းလုပ်မှ ဆရာချီ
လိုချင်တဲ့ ပျားရည်ကို ရမှာ  မင်းတို့ ကိုယ့်ကို ကိုယ် ယုံကြည်မှု မရှိဘူးလား" အဆုံးတွင် လုံချန်က
ခပ်မာမာအသံဖြင့် အော်ပြောလိုက်၏။

လူအုပ်က ဘာပြောရမှန်းမသိဖြစ်နေသည်။သည်ကောင်သည် ချီရှင်အားကိုးရှိသည်နှင့် အခွင့်ကောင်း
ယူပြီး သူတို့ကို အမိန့်ပေးတော့သည်။သို့သော် ချီရှင် ရှိနေခြင်းကြောင့် သူ၏ အမိန့်ကို လူအုပ်ကလည်း
မငြင်းဆန်ရဲ။လူအုပ်က လုံချန်၏ အမိန့်အတိုင်း လိုက်နာကြသော်လည်း စိတ်ထဲတွင် ဝေစန်ကို ကျိန်
ဆဲနေကြ၏။

"ကောင်းပါပြီ"

"ငါမကြားလိုက်လို့ မင်းတို့ကိုယ် မင်းတို့ ယုံကြည်မှုရှိကြလား" လုံချန်ကအော်ပြောသည်။

"ရှိပါတယ်"

လူတိုင်းဒေါသထွက်နေကြသည်။သူတို့က ဒေါသတကြီးဖြင့်ပြန်ဖြေကြသည်။ချီရှင်က ခေါင်းတဆတ်
ဆတ်ငြိမ့်သည်။သည် ဝေစန်တွင် ဝှက်ဖဲအတော်များများရှိမည်ဟု သူထင်နေသည်။စကားအနည်း
ငယ်ဖြင့် လူအုပ်ကို အမိန့်နာခံအောင်လုပ်နိုင်သည်။ထိုသို့ သော သူတစ်ယောက်ကို နေရာကောင်း
ကောင်းပေးထားရန် ထိုက်တန်သည်။

သို့သော် လူတိုင်းက လုံချန်၏ အမိန့်ကို နားထောင်နေခြင်းမှာ စိတ်လိုလက်ရ မဟုတ်ပဲ ဒေါသများ
ဖြင့် ဖြစ်ကြောင်းကိုတော့ သူသိဟန်မတူချေ။လူအုပ်မှာ ရွေးချယ်စရာမရှိ၍ လုံချန်၏ အမ်ိန့်ကို နား
ထောင်ကြရသည်။ထို့ကြောင့် လူအုပ်အဖို့ အတူတကွစုပေါင်း၍ အလုပ်လုပ်ရန်ခက်သည်။

"ဟေး....မင်းဘာလုပ်နေတာလည်း မင်းကိုထင်းကောက်ခိုင်းထားတယ်လေ ဒီရေဆိုနေတဲ့ထင်းတွေ
ကိုဘာလို့ယူလာရသလည်း မီးမွှေးဖို့အတွက် မီးစာ  လိုတယ် မီးစာမရှိရင် ဘယ်လိုလုပ်မွှေးကြမလည်း"

"ပြီးတော့မင်း....ငါတို့က မီးတောင်မမွှေးရသေးဘူး...ထင်းတွေကို ဘာ့ကြောင့်ဒီနေရာမှာ ပုံထားလည်း
မီးဘယ်လိုမွှေးရမလည်းဆိုတာကိုမင်းသိလား....ပြီးတော့မင်း...."

လုံချန်က လူတိုင်းကို ဆူပူငေါက်ငမ်းနေသည်။လူအုပ်မှာ ချီရှင် ရှိနေသောကြောင့် လုံချန်၏ အမိန့်ကို
ပြန် မငြင်းဆန်ရဲကြချေ။လုံချန်က သူ့ပုခုံးကို ပုတ်လိုက်သည့်သူအား ဖြတ်ကနဲအမှတ်ရမိသည်။သူသည်
လုံချန်ကို ဒူးထောက်၍ သူ့ညီလေးကို တောင်းပန်ရန် စေခိုင်းခဲ့သူဖြစ်သည်။လူတိုင်းသည် မျက်နှာဖုံး
ကိုယ်စီ စွတ်ထားသောကြောင့် သူက အစောပိုင်းတွင် မမှတ်မိသော်လည်း အသံကြားရဖန်များလာ
သည်တွင် ထိုလူကိုမှတ်မိလာတော့သည်။

"မင်း..မီးမွှေးလိုက်" လုံချန်က ထိုလူ၏ ပုခုံးကို ဖုန်းကနဲလှမ်းရိုက်ရင်းပြောသည်။

ထိုလူသည် အမူအယာ ရုတ်တရက်ပြောင်းသွားသည်။သည်ကောင်ကား လွန်လွန်းချေပြီ။မည်သို့ဖြစ်စေ
သူသည် ချီရှင်၏ ယုံကြည်အားထားရဆုံး နောက်လိုက်ဖြစ်သည်။ယခုတော့ သူကဲ့သို့ လူပင် အမိန့်
ပေးခံနေရပြီ။

သို့ဖြစ်သည့်တိုင် သူကား ယခုအချိန်တွင် ဒေါသထွက်၍မဖြစ်။ချီရှင် စိတ်ဆိုးမည်ကို ကောင်းကောင်း
သိသည်။ထို့ကြောင့် ဒေါသများကို ပြန်မျိုချထားရသည်။ဤကိစ္စပြီး လျှင် ဝေစန် ဆိုသည့်ကောင် ကို
ကောင်း ကောင်း ဗြင်းကာ သင်ခန်းစာပေးမည်ဟု သူက တေးထားလိုက်သည်။

မီးက ပြင်းထန်စွာတောက်လာသည်။လုံချန်၏ အမိန့်ဖြင့် မီးတောက်ထဲကို သစ်ရွက်၊သစ်ခက်များ ဝိုင်း
ထည့်ကြသောကြောင့် မီးခိုးလုံးကြီးများ လှိုင်လှိုင် ထွက်လာ၏။

"ယပ်ခပ်ကြတော့"

လုံချန် အမိန့်ရလျှင် လူဆယ်ယောက်က ဝိုင်း၍ ယပ်ခပ်ကြရာ အထူးသဖြင့် သူတို့မှာ သွေးနှော
အဆင့်သိုင်းသမား များဖြစ်ခြင်းကြောင့် လေအားက ကောင်းလှသည်။မီးခိုးလုံးကြီးများသည် ပျားအုံ
အနီးသို့ ရောက်လာကြသည်။မီးခိုးမပြတ်စေရန် သစ်ရွက်များထပ်ထည့်ဖို့ လုံချန်က အော်ဟစ်
အမိန့်ပေးနေသည်။လေးဆယ့်ငါးမိနစ်ခန့်ကြာလျှင် ပျားများ၏ တဇီဇီအသံများ တိတ်ဆိတ်လာ၏။

ပျားအုံအနီးတွင် ပျံနေကြသော ကျောက်စိမ်းလိပ်ပြာ ပျားများလည်း နည်းသထက်နည်းလာသည်။

"အလုပ်ဖြစ်တယ်" ချီရှင်ပျော်သွားသည်။ဤမြင်ကွင်းက လုံချန်၏ နည်းလမ်းမှာ မှန်သည်ဆိုခြင်းကို
သက်သေပြသည်။

"အခု ငါတို့ သွားလို့ရပြီလား" ချီရှင်ကမေးသည်။

လုံချန်က ခေါင်းယမ်း၏။

"မရသေးဘူး တစ်နာရီတင်းတင်းပြည့်အောင်စောင့်ရမယ် လုံး၀စိတ်ချချင်ရင် နှစ်နာရီတင်းတင်း
ပြည့်မှသွား"

"ဒါဆိုလည်း ကျုပ်တို့ နှစ်နာရီပြည့်အောင် သတိနဲ့နေကြတာပေါ့" ယခုအခါတွင် ချီရှင်က လုံချန်ကို
လုံး၀ ယုံသွားပြီဖြစ်သည်။ပျားရည်သည် သူ၏ လက်တစ်ကမ်းတွင်ရှိနေပြီဟု ချီရှင် က ထင်နေမိသည်။
နှစ်နာရီခန့်ရှိလျှင် သူတို့အဖွဲ့က ခိုးချောင်ခိုးဝှက်ဖြင့် ပျားအုံနားကပ်လာခဲ့ကြသည်။မြေပြင်တွင်
ကျောက်စိမ်းလိပ်ပြာ ပျားများဖြင့် ပြည့်နှက်နေသော်လည်း မီးခိုးများကြောင့် သူတို့ကို မတိုက်ခိုက်
နိုင်ကြပေ။

"ပျားအုံစီ သွားကြစို့"

ချီရှင်က ပျော်ရွှင်စွာဖြင့် ပျားအုံထံဦးဆောင်သွားသည်။

"ဆရာချီ ပျားအုံမှာ အန္တာရာယ်ရှိချင် ရှိနေနိုင်သေးတယ် ကျူပ်တို့ အရင်ဆုံးစမ်း၀င်ကြည့်ရင်ကောင်း
မယ်" ချီရှင် အား ကပ်ဖားယပ်ဖားလုပ်နေ သူက ၀င်ပြော၏။လုံချန်၏ အမိန့်ပေးခြင်းကို ခံရကတည်းက
သူက ဒေါသအပြင်းအထန် ထွက်နေခဲ့ခြင်းဖြစ်သည်။ယခုလို အခွင့်ကောင်းရသည့်အချိန်တွင် သူက
ကောင်းကောင်း အသုံးချလိုက်ခြင်းဖြစ်သည်။ဝေစန် အပေါ် ချီရှင် မျက်နှာသာ ပေးမည်ကို  သူက
မလိုလားပေ။

ပျားအုံထဲကို သူ ချက်ချင်းပြေး၀င်သွားသည်။ထိုသို့ သူက ဦးဆောင် သည် နှင့် လူလည်၊လူနပ် တစ်
စုကလည်း သူနောက်ကို လိုက်သွားကြလေသည်။လုံချန်က စိတ်ထဲမှ ကြိတ်လှောင်သည်။သူက ချီရှင်
နှင့် ခပ်ဖြေးဖြေး လမ်းလျှောက်လျှက်ရှိကာမည်သည့် စကားကိုမှ မပြောပေ။

ပျားအုံနှင့် မီတာသုံးဆယ်ခန့်သို့ရောက်လျှင် ပျားအုံးအတွင်းမှ ကြောက်လန့်တကြား အော်ဟစ်သံ
များနှင့် တဝုန်းဝုန်းအသံများကို သူတို့နှစ်ယောက်ကြား ကြရသည်။အစောပိုင်းက ပျားအုံထဲသို့
၀င်သွားသူများ အပြင်ကို ပြန်ခုန်ထွက်လာကြ၏။

လူအုပ်၏ နောက်မှ လိုက်လာသည်က မဲမဲ သဏ္ဍန်ကြီးတစ်ခုဖြစ်သည်။လူတစ်ယောက်က ဓားကောက်
ဖြင့် ထိုအကောင်ကြီးကို ဓားဖြင့် ခုတ်ချလိုက်သော်လည်း သူသာ နောက်သို့ပြန်လွင့်ထွက်လာသည်။

ခြေထောက်လေးချောင်းဖြင့် သတ္တဝါကြီးတစ်ကောင်သည် ပျားအုံထဲမှ တွားသွား၍ထွက်လာသည်။သူ
၏ ကျောထက်တွင် သုံးမီတာခန့်ရှည်သည့် ကျောက်စိမ်းရောင်တောက်နေသော အတောင်ပံ တစ်
စုံရှိသည်။

"ကျောက်စိမ်းလိပ်ပြာ ပျားဘုရင်မပဲ"

ချီရှင်က အံ့အားသင့်သလို ပျော်လည်းပျော်သွား၏။ပျားဘုရင်မ၏ အော်ရာများအရ ပျားဘုရင်မသည်
အဆင့်နှစ် မှော်သားရဲဖြစ်နေချေပြီ။ထိုသို့ဆိုလျှင် ပျားအုံထဲ၌ ပျားဘုရင်မ၏ ပျားရည်ပါရှိရမည်။

"လူတိုင်း ပျားဘုရင်မကို တိုက်ခိုက်ကြစမ်း" ချီရှင်ကအော်ပြောသည်။

ပျားဘုရင်မကား လွန်စွာအစွမ်းထက်သည့်အပြင် ခန္ဓာကိုယ်ကလည်းသံတမျှမာ၏။ဝိုင်းတိုက်ကြသူများ
၏ လက်နက်များမှာ ကွေးကုန်ကြသလို ကျိုးပဲ့ကုန်ကြလေသည်။ပျားဘုရင်မ မှာမူ မည်သို့မှ မဖြစ်ချေ။

"သိုင်းပညာကို သုံးပြီ တိုက်ကြဟ" သာမာန်တိုက်ခိုက်မှုက မည်သို့မှ မဖြစ်သည်ကိုမြင်သည်တွင်
ချီရှင်က အော်ပြောပြန်သည်။လူတိုင်း၏ ခန္ဓာကိုယ်မှ အော်ရာများထွက်လာသည်။အလင်းတန်းများက
ပျားဘုရင်မထံသို့ ဦးတည်၍  ၀င်သွားသည်။

သည် သိုင်းသမားများသည် သူတို့မိသားစု အသီးသီး၏ အလိုလိုက်ခြင်းကို ခံရ၍ ပျက်ဆီးနေသူများ
ဟု ဆိုရမည့်တိုင် သိုင်းပညာ၌ကား လွန်မင်းစွာကြောက်မက်ဖွယ်ကောင်းလေသည်။ပျားဘုရင်မ
သည် တောင့်မခံနိုင်တော့။လူတိုင်း၏ တိုက်ခိုက်မှုများအောက်၌ ပျားဘုရင်မသည် မြေပြင်ထက်သို့
လဲကျသွားရတော့သည်။

ချီရှင်က အူလှိုက်သည်းလှိုက်ရယ်၍ ပျားအုံသို့ ဦးဆောင်သွားသည်။လူတိုင်းက ချီရှင်၏ နောက်မှ
လိုက်ကြသည်။

"ဝေစန် မင်းက ဒီနေ့တော်တော် အထင်ကြီးဖို့ကောင်းအောင် လုပ်ပြနိုင်တာပဲ" ချီရှင်ကို ကပ်ဖားနေ
သောသူက လုံချန်ထံ လျှောက်လာပြီး အေးစက်စွာ စိုက်ကြည့်သည်။

"ဟုတ်ပြီလေ ခင်ဗျားကိစ္စရှိလို့လား" လုံချန်က မခိုးမခန့် အမူအယာဖြင့် ပုခုံးတွန့်သည်။

"ကောင်လေး မင်းက အခုမှ အဖွဲ့ကို ၀င်ရုံပဲရှိသေးတယ် ငါတို့အကုန်လုံးက မင်းထက်အရင်ရောက်ကြ
သူတွေ အဖွဲ့ထဲ မှာ ကောင်းကောင်းနေချင်ရင် ကိုယ့်အပြုအမူကို သတိထားကြားလား" ထိုသူက
အေးစက်စက်လေသံဖြင့်ပြောသည်။

လူအချို့က မျက်နှာဖုံးများကို ချွတ်လိုက်ကြသည်။ထိုသူ၏ ပြောသံကိုကြားလျှင် သူတို့ကပါ အထင်
အမြင်သေးစွာဖြင့် ခေါင်းငြိမ့်ထောက်ခံကြသည်။

"ကောင်လေး ဒီလောက်လေးအောင်မြင်တာနဲ့ မင်း သိပ်မောက်မာမနေနဲ့....ငါပြောမယ် မောက်
မာရင် ပြန်ပေးဆပ်ရတယ်"

"အကြံကောင်းလေး တစ်ခုထွက်တာနဲ့ ငါတို့ခေါင်းပေါ်တက်နိုင်ပြီလို့ ထင်နေလား အိပ်မက်မက်နေ
စမ်းပါကွာ"

လူတိုင်းက အထင်သေးစွာဖြင့် လုံချန်ကို ကြည့်လိုက်ကြသည်။သူတို့က အစောပိုင်းကပင် ဒေါသများကို
မြိုချထားကြရရာ ယခုမှ ဖွင့်ထုတ်နိုင်ကြတော့၏။လုံချန်က မည်သို့မှ မပြော ပဲလူအုပ်ကို ပြုံးကြည့်သည်။
သူကား သည်လို ဘာမှ မဟုတ်သည့်လူများကို မျက်လုံးထဲတွင် ရှိသည်ဟုပင် မှတ်မထားချေ။
သူသည် စောင့်နေတုန်းပင်ရှိသေး၏။

အုန်းးးးးး.....

ရုတ်တရက် တသိမ့်သိမ့်တုန်ခါသွားသည့် မြေကြီးကြောင့် လူတိုင်း မြေပြင်သို့မလဲကျစေရန်
မနည်းကြိုးစားရပ်လိုက်ကြရ၏။ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခုသည် ပတ်၀န်းကျင်သို့ပျံ့နှံ့လာ
သည်။

"ဟီးဟီး ငါစောင့်နေတာ နောက်ဆုံးတော့ ရောက်လာပြီ" လုံချန်၏ အပြုံးများပို၍  ပီပြင်လာခဲ့ပါ၏။

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(152)ကျောက်စိမ်းလိပ်ပြာ ပျားဘုရင်မ၏ အမြူတေ

ရုတ်တရက် မြေကြီးက တသိမ့်သိမ့်တုန်လာတာကြောင့် လူတိုင်းက အံ့အားသင့်ကုန်ကြတယ်။
ပျားအုံစီကနေ ဝုန်းကနဲ ကျယ်လောင်တဲ့အသံ တစ်သံကို ကြားလိုက်ကြရပါတယ်။အဲ့ဒိနောက် ဝုန်း
ကနဲလွင့်လာတဲ့ လူတစ်ယောက်ကိုမြင်ကြရပြန်တယ်။

"ဘာလည်းဟ" လူတိုင်းက ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ကြပါဘူး။ဘာဖြစ်လို့လည်းဆိုတော့
လွင့်လာတဲ့သူက ချီရှင်ဖြစ်နေလို့ပါပဲ။တစ်ချိန်းတည်းမှာ ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခုကြောင့်
သူတို့ရင်တွေ ထိတ်ကနဲဖြစ်ကြရပါတယ်။

"တ..တတိယအဆင့် မှော်သားရဲ"

လူတိုင်းရဲ့မျက်နှာဟာ စက္ကူဖြူတစ်ရွက်လိုဖွေးစုတ်ကုန်တယ်။ဧရာမ သတ္တဝါကြီးကို ကြည့်ပြီး လူတိုင်း
ကြောက်လန့်နေကြတယ်။တတိယအဆင့်မှော်သားရဲ က သူထံပြေး၀င်လာတာကိုမြင်တော့ ချီရှင်က
ဟမ့်ကနဲ အသံပြုလိုက်ပါတယ်။လက်ကိုမြောက်လိုက်တာနဲ့ သူ့လက်ထဲကနေ တိုးလျှိုပေါက်မြင်နေရ
တဲ့ ရေလိုက်ကာ တစ်ခုပေါ်လာပြီး ဒိုင်းတစ်ခုလို ချီရှင်ကို ကာထားလိုက်တယ်။

ဒါပေမယ့် ရေလိုက်ကာကာ တတိယအဆင့်မှော်သားရဲကို လုံး၀မကာထားနိုင်ခဲ့ပါဘူး။ခဏသာ ကာထား
နိုင်ခဲ့ပြီး အစိတ်စိတ်ကွဲသွားချိန်မှာ တတိယအဆင့်မှော်သားရဲက သူထံပြေး၀င်လာပြန်ပါတယ်။

"ရေ.လ ဓား" လက်ခုပ်နှစ်ဖက်တီးလိုက်တာနဲ့ ချီရှင်ရဲ့ လက်နှစ်ခုကြားမှာ သုံးမီတာရှည်တဲ့ ဓားတစ်
ချောင်းပေါ်လာတယ်။ထိုဓားဟာ တစ်ကယ့်ဓားတစ်စင်း မဟုတ်ပါဘူး။ရေစွမ်းအင်ကနေ ဖြစ်ပေါ်လာတဲ့
ဓားပါ။

ရေဓားကြောင့် လေထုက တဖြတ်ဖြတ်တုန်ခါနေတယ်။ချီရှင်က စက်ဝိုင်းပြတ်ပုံစံနဲ့ မှော်သားရဲကို ပိုင်း
လိုက်ပါတယ်။ရေဓားက မှော်သားရဲ ရဲ့ ဦးခေါင်းကို ကြောက်မက်ဖွယ်ရာ စွမ်းအားတွေ အပြည့်နဲ့
ပြေး၀င်သွားပါတယ်။ဒါပေမယ့် ကြောက်စရာကောင်းတဲ့ အဖြစ်က မှော်သားရဲဟာ ဘာဒဏ်ရာမှ
ရသွားပုံမပေါက်တာပါပဲ။မှော်သားရဲဟာ ခြေထောက် ခြောက်ခြောင်းနဲ့ နောက်ကို ခုန်ဆုတ်သွားပြီး
တစ်ဖန် ပြန်တိုက်ခိုက်ပြန်တယ်။

"မင်းတို့ကောင်တွေ ရူးနေကြလား မြန်မြန်တိုက်ခိုက်ကြတော့လေ" လုံချန်ရဲ့ အော်ငေါက်သံကြောင့်
မင်တက်နေကြတဲ့ လူအုပ်ဟာ လှုပ်လှုပ်ရှားရှားဖြစ်ပြီး မှော်သားရဲကို ၀င်ရောက်တိုက်ခိုက်ကြတော့
တယ်။လုံချန်ကလည်း သူရဲ့ လက်စွပ်ထဲကနေ ဓားကောက်တစ်ချောင်း ထုတ်ပြီး မှော်သားရဲကို တိုက်
ခိုက်ချင်ဟန်ဆောင်လိုက်တယ်။

ဒါပေမယ့် သူ့ပစ်မှတ်ကတော့ ပျားအုံထဲမှာပါ။ပျားအုံအ၀င်အ၀မှာ သုံးရောင်ခြယ် ထားတဲ့ အစင်းသုံး
ကြောင်းကို တွေ့ကတည်းက ပျားအုံထဲမှာ တတိယအဆင့်မှော်သားရဲ ရှိလိမ့်မယ်လို့ လုံချန်သိခဲ့ပြီးသား
ပါ။ဒီအမှတ်အသားက ပျားအုံအထဲကို ကျူးကျော်၀င်ရောက်လာမယ့် သူတွေကို သတိပေးထားတာ
ဖြစ်ပါတယ်။

ဒါပေမယ့် ချီရှင်နဲ့အခြားသူတွေက ဒီအမှတ်အသားကြောင်းကို မသိကြပါဘူး။သူတို့ဟာ နမော်နမဲ့
နဲ့ ပဲ တတိယအဆင့် မှော်သားရဲ ရဲ့ပိုင်နက်ကို ၀င်သွားကြတယ်။လူတိုင်းက ပြင်းပြင်းထန်ထန်တိုက်
ခိုက်နေကြတယ်။ဒီလောက်တိုက်ခိုက်နေတာတောင် မှော်သားရဲ ရဲ့ခန္ဓာကိုယ်ကို သူတို့လက်နက်
တွေက တိုးမပေါက်ဖြစ်နေကြတယ်လေ။

တတိယအဆင့် ပျားဘုရင်မဟာ တိုက်ခိုက်တတ်တဲ့ သတ္တဝါမျိုးမဟုတ်ပေမယ့် သူ့ရဲ့ ခုခံကာကွယ်
နိုင်မှုဟာကြောက်မက်ဖွယ်ကောင်းပါတယ်။

ရုတ်တရက် ပျားဘုရင်မက အတောင်တွေ ကို ဖွင့်လိုက်တယ်။လူတိုင်း သတိထားလိုက်ကြရပါတယ်။
ဒါဟာ ပျားဘုရင်မ ပျံတော့မယ့် လက္ခာဏာမဟုတ်လား။လုံချန်ကတော့ ပျားဘုရင်မ အတောင်
ဖွင့်တာနဲ့ ရုတ်တရက်မျက်နှာပျက်သွားတယ်။အကွာအဝေးကို ကြည့်တော့ ပြေးရင် လွတ်လောက်တဲ့
အကွာအဝေးမဟုတ်ဘူးဆိုတာကို သိရတာနဲ့ အစောပိုင်းက ချီရှင် တိုက်ခိုက်မှုကြောင့်ဖြစ်နေတဲ့
ကျွင်းကြီး ထဲ ခုန်ချလိုက်ရတယ်။

ကျွင်းထဲကို လုံချန်ရောက်ရုံရှိသေးတယ်။ပျားဘုရင်မက အတောင်ပံကို အားကုန်ခတ်ပါတော့တယ်။
ဖုံလုံးကြီးတွေဟာအလုံးလိုက် အလုံးလိုက်တက်လာပြီး မီတာရာပေါင်းများစွာ ရောက်အောင်ဖုန်း
လွှမ်းသွားတယ်။

"အားးးး"

ကြောက်လန့်တကြားအော်သံတွေထွက်လာတယ်။ပထမတော့ လူတိုင်းက ဘာဖြစ်မှန်းမသိကြပေ
မယ့် ဖုန်မှုန့်တွေကို ထိမိတဲ့အခါ ဒါမှမဟုတ် ရှုသွင်းမိတဲ့အခါမှာ ပျားတုပ်ခံရတုန်းက နာကျင်မှု
မျိုးအတိုင်းနာကျင်ခြင်းကိုခံစားကြရပါတယ်။

ဒါတင်မဟုတ်သေးပါဘူး။နှခေါင်းကနေတစ်ဆင့် ၀င်ရောက်လာတဲ့ဖုန်မှုန့်တွေကြောင့် ခံစားရတဲ့
စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဟာ ကိုယ့်ကိုကိုယ်တောင် သတ်သေချင်စိတ်ပေါက်မိတဲ့အထိပါ။အချို့
ကံကောင်းတဲ့သူ တွေကတော့ သတိမေ့သွားကြပေမယ့်  လူအများစုက နာကျင်မှုကို အသေအလည်း
ခံစားကြရတယ်။

ချီရှင်ကတော့ သူ့ကိုယ်သူ ရေဒိုင်းနဲ့ ခပ်မြန်မြန်ကာကွယ်လိုက်နိုင်တာမို့ ဘာမှမဖြစ်ပေမယ့် ကျန်တဲ့
လူတွေက မြေကြီးပေါ် လူးလိမ့်အော်ဟစ်နေကြရတယ်။

"သေစမ်း မှော်သားရဲကောင်" ချီရှင် ဒေါသထွက်သွားတယ်။မှော်သားရဲ ရဲ့ ခေါင်းကို သူက ခုန်ပြီးကန်
လိုက်ပါတယ်။မှော်သားရဲက အငိုက်မှာ ခံလိုက်ရတဲ့အတွက် နောက်ကို ဝုန်းကနဲလွင့်သွားတယ်။
ရေစွမ်းအင်ကနေ ဖြစ်လာတဲ့ လှံတစ်ချောင်း ချီရှင်လက်ထဲရောက်လာပါတယ်။သူက ထိုလှံနဲ့
ပျားဘုရင်မရဲ့ခေါင်းကို ထိုးလိုက်တယ်။

ပျားဘုရင်မရဲ့ ကြောက်စရာအကောင်းဆုံး အပိုင်းက အဆိပ်ဆူးပဲဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ ဧရာမ
ခန္ဓာကိုယ်ကြီးကြောင့် ရန်သူကို အဆိပ်ဆူးနဲ့ ထိုးဖို့ ခက်နေတယ်။ပျားဘုရင်မက ချီရှင်ထံ ပြေး
၀င်လာပြီး ပါးစပ်နဲ့ကိုက်ပါတယ်။ချီရှင်လို ကိုယ့်ကိုကိုယ် ယုံကြည်ချက် ပြင်းထန်သူတောင် ပျားဘုရင်
မရဲ့ပါးစပ်ဖျားမှာ ပါမသွားဖို့သတိထားနေရတယ်။သူက လက်ထဲက လှံနဲ့ ဆက်တိုက်ထိုးရင်း ပျားဘု
ရင်မကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်။

"ဝူး..." လုံချန်ကကျွင်းထဲကနေ လေးဖက်ထောက်ပြန်ထွက်လာတယ်။ဒါပေမယ့် လေကို ရှုမိတာနဲ့
နာကျင်မှုတချို့ကို ခံစားရတာကြောင့် အဆိပ်ဖြေဆေး ကို ကပျာကယာ ထုတ်သောက်ရတယ်။
အခြေအနေကို ကြည့်တော့ တော်တော်ရှုပ်ထွေးနေတာကို သူတွေ့သွားတယ်။လူတွေက မြေပြင်
ထက်မှာ ဆက်တိုက် လူးလှိမ့်အော်ဟစ်နေကြပါတယ်။

မလှမ်းမကမ်းမှာ ချီရှင်က ပျားဘုရင်မနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်။သူ့ရဲ့အာရုံအလုံးစုံက
ပျားဘုရင်မအပေါ်ရောက်နေတာမို့လို့ လုံချန် ရှိနေတဲ့နေရာကို သတိမထားမိပါဘူး။လုံချန်က ပြုံးပြီး
ခိုးချောင် ခိုးဝှက်နဲ့ ပျားအုံထဲ၀င်သွားတယ်။ပျားအုံထဲရောက်တော့ ချီဓာတ်နဲ့ သူ့ကိုယ်သူ ကာကွယ်
ထားလိုက်တယ်။နည်းနည်းမှ နမော်နမဲ့ လုပ်လို့မဖြစ်ပါဘူး။

ဒါပေမယ့် အထဲကအခြေအနေ ကိုမြင်တော့ စိတ်သက်သာရာရပြီး လုံချန်သက်ပြင်းချမိပါတယ်။ပျားအုံ
ထဲမှာပျားအကောင်ပေါင်းများစွာ ရှိနေပေမယ့် မီးခိုးငွေ့တွေကြောင့် တိုက်ခိုက်နိုင်စွမ်းမရှိကြတော့ပါ
ဘူး။သူလုပ်ဖို့လိုတာက ပျားကောင်တွေရဲ့ အဆိပ်စူးနဲ့ မထိုးမိအောင် ရှောင်ကွင်းသွားဖို့ပါပဲ။

ပျားအုံထဲမှာ ကြီးမားတဲ့ ပျားသလက်ကြီးတစ်ခုရှိပါတယ်။ထို ပျားသလက်ရဲ့ဘေးမှာတော့ ဖြည်းဖြည်း
ချင်း စီးကျနေတဲ့ ပျားရည်ကန် တစ်ကန်လည်းရှိတယ်။

"ပျားအုံထဲမှာ ပျားတွေအများကြီး ရှိနေသေးတာ ဆိုးတာပဲ နို့မိုဆို ပျားအုံတစ်ခုလုံးက ပျားရည်တွေကို
ငါ ယူသွားလို့ရတယ်"

သိုလှောင်လက်စွပ်ထဲကို ပျားအုံတစ်ခု လုံးက ပျားရည်တွေ ထည့်လို့မရပါဘူး။ပျားရည်တွေအကုန်လိုချင်
ရင် ပျားအုံထဲက ပျားတွေကိုတစ်ကောင်ချင်း ထုတ်ယူရပါမယ်။ဒါဆိုရင် အချိန်တွေသိပ်ကုန်မယ်မလား။
နောက်ပြီးတော့ လုံချန်အဖို့အချိန်လည်းသိပ်မရလှပါဘူး။ဒီနေရာမှာ အကြာကြီးနေလို့မဖြစ်ပါဘူး။

ပျားဘုရင်မဟာ ကြောက်ဖို့ကောင်းတယ်ဆိုပေမယ့်လည်း သူရဲ့တိုက်ခိုက်မှုက သိပ်အစွမ်းမထက်တဲ့
အတွက် တချိန်ချိန်မှာ ချီရှင်က အနိုင်ယူလာနိုင်ပါလိမ့်မယ်။လုံချန်က ပျားသလက်ရဲ့ ပတ်၀န်းကျင်ကို
တစ်ချက်အကဲခတ်ကြည့်ပါတယ်။ပျားရည်တွေကို ချက်ချင်းမယူသေးပဲနဲ့ ပျားအုံထဲ သူ လမ်းလျှောက်
၀င်ခဲ့တယ်။

ပျားအုံရဲ့အပြင်လွှာမှာရှိတဲ့ ပျားရည်တွေက အရည်အသွေးသိပ်မကောင်းတဲ့ အတွက်ရောင်းရင် သိပ်
မရပါဘူး။ဒါပေမယ့် အထဲကို လမ်းလျှောက်လို့ တော်တော်ကလေး ရောက်လာတဲ့အချိန်မှာ ကြီးမား
တဲ့ ပျားသလက်ကြီးတွေကို အမြောက်အများတွေ့ရတယ်။ပျားသလက်တစ်ခုစီတိုင်းမှာ ဆဋ္ဌဂံ ပုံစံ
အပေါက်ကလေးတွေ အများအပြားရှိနေပါတယ်။

ထိုအပေါက်ကလေးတွေမှာ ပျားရည်တွေနဲ့ပြည့်နေတယ်။အနားကို သူ မရောက်ခင်ကတောင် ပျား
ရည်နံ့တွေရနေပါတယ်။

"ဟားဟား ပျားဘုရင်မရဲ့ ပျားရည်တွေကများလှပါလား" လုံချန် ပျော်သွားတယ်။ဧရာမ ပျားသလက်
ကြီးလေးခုကို ကြည့်ပြီး ပျားဘုရင်မလေးကောင်ရှိရမယ်လို့ လုံချန်တွေးမိတယ်။ပျားသလက်လေးခု
ထဲက ပျားရည်တွေကို လုံချန် စုပ်ယူပါတယ်။

ပျားသလက်တစ်ခုလောက်တွေ့ရင်ပဲ သူ့အတွက် ကျေနပ်စရာကောင်းနေပါပြီ။အခုလို လေးခုဆိုတော့
အတော်ကို ပျော်ဖို့ကောင်းနေပါတယ်။ဒါပေမယ့် ဒီလောက်ပဲ မဟုတ်သေးဘူးဆိုတာကို လုံချန်သိတယ်။
ရှေ့ကို သူ ဖြေးဖြေးခြင်း ဆက်လျှောက်ကြည့်ပါတယ်။ပျားအုံရဲ့ အဆုံးကိုရောက်တော့ ရင်သပ်ရှုမော
ဖွယ်ရာမြင်ကွင်းတစ်ခုကို မြင်လိုက်ရပါတယ်။

ထိုနေရာမှာ အင်မတန်ကြီးမားတဲ့ ပျားသလက်ကြီးတစ်ခုရှိနေတာပါ။ဘယ်လောက်တောင်ကြီးလည်း
ဆိုရင် ပျားအုံကြီး တစ်ခုလောက်ကိုရှိပြီး အနည်းဆုံး မီတာသုံးဆယ် လောက်ရှိပါတယ်။
ပျားသလက်ထဲမှာတော့ ပျားရည်တွေနဲ့ ပြည့်နေတယ်။ဒါပေမယ့် တစ်ကယ်တမ်းက ပျားရည်မဟုတ်ပဲ
ခရစ်စတယ်တွေပါ။

"ကျောက်စိမ်းလိပ်ပြား ပျားဘုရင်မရဲ့ ခရစ်စတယ်တွေပါလား" လုံချန်က ပါးစပ်ကနေ အသံတောင်
ထွက်သွားမိတယ်။ထိုခရစ်စတယ်တွေရဲ့ အာနိသင်ဟာ ပျားဘုရင်မ ပျားရည် ရဲ့ အာနိသင်ထက်
ဆယ်ဆလောက် အစွမ်းထက်မြက်ပါတယ်။

သူရဲ့ အစွမ်းထက်တဲ့ စိတ်စွမ်းအားကို သုံးပြီး တစ်ဒုန်းဒုန်း ခုန်နေတဲ့ ရင်ကို လုံချန် ပြန်ထိမ်းရတယ်။
လုံချန်က ပျားသလက်ကို ပျားအုံကနေ ချိုးဖဲ့ပြီး သိုလှောင်လက်စွပ်ထဲထည့်တယ်။ဘာမှ မရှိတော့
တဲ့  ပျားအုံကို ကြည့်ပြီးအိပ် မက်မက် နေသလို သူခံစားရပါတယ်။ဒီနေ့ သူ ကံတော်တော်ကောင်းနေ
တယ်။

ပျားဘုရင်မရဲ့  နောက်ဆုံးလက်ကျန် ခရစ်စတယ် ကို စုပ်ယူပြီးချိန်မှာ အတွေးတစ်ခုပေါက်တာနဲ့လုံ
ချန်က လက်စွပ်ထဲကနေ လှံကိုထုတ်ယူတယ်။အဲ့ဒိနောက် ထွက်ချိန်တဲ့အချိန်အပြင်ထွက်လို့ရအောင်
လှံနဲ့ ပျားအုံကို အပေါက်ဖောက်တယ်။လုံချန်က အချိန်းဖြုန်းတတ်သူတစ်ယောက်မဟုတ်ပါဘူး။

ပျားအုံထဲမှာ ပျားရည်မယူရသေးတဲ့ ပျားသလက်ရာနဲ့ချီပြီကျန်နေသေးတယ်။ထိုပျားသလက်တွေကျ
တော့ ရိုးရိုးပျားတွေရဲ့ ပျားသလက်တွေပါ။ဒါပေမယ့် ဒီပျားရည်တွေဟာ ပျားဘုရင်မရဲ့ပျားရည်တွေလောက်
သန့်စင်မှုမရှိတာရယ် ပျားရည်တွေကို သူ ယူမယ်ဆိုရင်လည်း ပျားသလက်ထဲက ပျားကောင်တွေကို
တစ်ကောင်ခြင်းဖယ်ရမှာရယ်ကြောင့် မယူဖို့ပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။

ကံကောင်းစွာနဲ့ပဲ သူကတော့ သိပ်စိတ်မပူပါဘူး။ပျားဘုရင်မနဲ့ ချီရှင် ရဲ့ ပြင်းပြင်းထန်ထန် တိုက်
ခိုက်သံတွေကို သူကြားနေရသေးတယ်။ဒါပေမယ့် တစ်နာရီလောက်ကြာတော့ တိုက်ခိုက်သံတွေက
တစ်ဖြည်းဖြည်း ငြိမ်လာတယ်။

သွားဖို့အချိန်ကျပြီလို့ လုံချန်သိလိုက်ပါတယ်။ပျားရည်မယူရသေးတဲ့ ပျားသလက်ပေါင်းများစွာတော့
ရှိနေသေးဆဲပါပဲ

"ဟူး...ဒီလောက်နဲ့ပဲ ကျေနပ်သင့်ပါတယ်...ကျန်တာတွေကိုတော့ ဒီကောင်တွေ ဒဏ်ရာကုဖို့ ချန်ထား
ပေးလိုက်မယ်"

ကျောက်စိမ်းလိပ်ပြာ ပျားရဲ့အဆိပ်ဟာ အလွန်နာကျင်ပါတယ်။ယင်းအဆိပ်က လူတစ်ယောက်ကို
မသတ်နိုင်ပေမယ့် နာကျင်မှုကြောင့် ရူးမတတ်ဖြစ်အောင်တော့စွမ်းဆောင်နိုင်တယ်။ဒါပေမယ့်
ကျောက်စိမ်းလိပ်ပြာ ပျားရဲ့ ပျားရည်ဟာ အဆိပ်ကို ပြန်ကုဖို့ အကောင်းဆုံး ဆေးလည်းဖြစ်နေပြန်
ပါတယ်။

ပျားအုံကြီးရဲ့ အနောက်ဖက်ကို လုံချန်က ခပ်ဖြေးဖြေးလျှောက်လာတယ်။ခြေသံတွေ တစ်ဖြေးဖြေးနီး
ကပ်လာတာကိုသူကြားနေရတယ်။ခြေသံတွေက သူ့အနား ရောက်လာတော့မယ့်အချိန်မှာပဲ တစ်ခုခု
ထားခဲ့ရင်ကောင်းမယ်လို့ လုံချန် တွေးမိတယ်။

"မဟုတ်တာတစ်ခုခု လုပ်ပြီးရင် ငါ့နာမည် မရေးခဲ့ဘူးဆိုတာ ငါ့ပုံစံမဟုတ်ဘူး"

သိုလှောင်လက်စွပ်ထဲကနေ စုတ်တံကိုထုတ်၊ပျားရည်ကို မှင်အဖြစ်အသုံးပြုပြီး စားလုံးအချို့ကိုသူရေး
ပါတယ်။ထို့နောက် ဖောက်ထားတဲ့ အပေါက်ကနေ အပြင်ကိုထွက်ခဲ့လိုက်တယ်။ချီရှင်က တတိယ
အဆင့် ပျားဘုရင်မကို သူ့ရဲ့ခွန်အား အကုန်သုံးပြီးသေအောင်တိုက်ခိုက်ခဲ့ရပါတယ်။

ဒါ့ကြောင့် ချီရှင်ရဲ့ ခွန်အားဟာ အင်မတန်ကြောက်စရာကောင်းတယ်ဆိုတာ ပြောဖို့မလိုပေမယ့် တတိယ
အဆင့်မှော်သားရဲကို သတ်ရတာဖြစ်တာကြောင့် အလွန်လည်းပင်ပန်းနေတယ်။သူ့ကို ကာကွယ်ထား
တဲ့ ရေအကာအကွယ်ဟာ တစ်စစီကျိုးပဲ့နေပြီး ထိုနေရာကနေ သွေးတွေ တစက်စက် ကျနေတယ်။

ဒါက သူ ကံကောင်းသွားခဲ့လို့ပါ။တစ်ကယ်လို့ နှင်းပွင့်ကလေးလို့ မှော်သားရဲမျိုးနဲ့သာ ရင်ဆိုင်တွေရင်
ကျိန်းသေပေါက်ထွက်ပြေးရမှာပါ။ပျားဘုရင်မကို သတ်လိုိက်ပေမယ့် ပျားဘုရင်မဆီကနေ အဖိုးတန်
တာဘာ တစ်ခုမှ သူမရပါဘူး။ဘာ့ကြောင့်လည်းဆိုတော့ ပျားဘုရင်မ က အခြားမှော်သားရဲတွေလို
ခရစ်စတယ်တွေ နီဒန်တွေ မရှိပဲ သူတို့ရဲ့အဖိုးတန်ဆုံးအရာဟာ ပျားရည်သာဖြစ်လို့ပါပဲ။

ချီရှင်က ပျားအုံရဲ့အခြေအနေကို အကဲခတ်ပြီး လျှောက်လာနေတယ်။ဒါပေမယ့် လမ်းတစ်၀က်
လောက်ရောက်တော့ တစ်ခုခုမှားနေပြီလို့ထင်လာတယ်။ဘာ့ကြောင့်လည်းဆိုတော့ ပျားသလက်
အချို့မရှိတော့လို့ပါ။ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းရင်း ပျားအုံအဆုံးကို ရောက်တော့ သွားပြီ
လို့ သူ သဘောပေါက်သွားတော့တယ်။

ချီရှီ အလွန်အမင်း အံ့အားသင့်သွားတယ်။ရုတ်တရက် အလင်းရောင်မှိန်မှိန်ကလေး တွေ့တာနဲ့
လှည့်ကြည့်လိုက်တော့ မျက်လုံးတွေ ၀င်း၀င်းတောက်မတတ် ဖြစ်သွားပါတယ်။ခေါင်းထဲတောင် မိုက်
ကနဲပဲ။ဒေါသထွက်လွန်းလို့ သွေးတောင် ဝေါ့ကနဲ ထိုးအန်မိလိုက်ပါတယ်။

ပျားအုံမှာ အပေါက်ကလေးတစ်ပေါက်ရှိနေတယ်။အပေါက်ရဲ့ အပေါ်မှာ စာတစ်ကြောင်းလည်းရေး
ထားပါတယ်။

လုံ ချန် လာ လည် သွား သည်။

"လုံချန် ငါ မင်း ကို သတ် မယ်"

ချီရှင် ရဲ့ဒေါသတကြီးအော်ဟစ်လိုက်သံက ပျားအုံတစ်ခုလုံးတောင် သိမ့်ကနဲ လှုပ်သွားတဲ့အထိပါ။
ထို့နောက် သူ့ရဲ့ အော်ရာတွေ ဝုန်းကနဲ ပေါက်ကွဲထွက်လာပြီး ပျားအုံတစ်ခုလုံးပြိုကျသွားပါတော့တယ်။

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(153)ရေစုန်ကိုဆန်၍

လုံချန်ပြေးလာသည်မှာ မိုင်အတော်များများပင် ရောက်ချေပြီ။သို့သော် ချီရှင်၏ ဒေါသတကြီးအော်
ဟစ်လိုက်သံကိုမူ ကြားနေရဆဲပင်။လုံချန်က ခေါင်းခါလိုက်၏။အကယ်၍ သူ့တွင် အချိန်လုံ
လောက်ခဲ့လျှင် ဤပျားရည်များကို ချန်ထားခဲ့လိမ့်မည်မဟုတ်ပေ။ကောင်းကင်ပင် မှောင်စပြုချေပြီ။

သို့ရာ၌ ပို၍ စိတ်ချစေရန်အလို့ငှာ လုံချန်သည် ရှေ့ကို အနည်းငယ်ဆက်ပြေးနေသည်။ဤ အရူးကောင်
ချီရှင် နှင့် သူ မကြုံတွေ့လိုပေ။ဤကဲ့သို့သော မဟာပါရမီ့ရှင်များတွင် လွန်စွာထူးဆန်းသည့် သိုင်းပညာ
များရှိကြ၏။သို့ဖြစ်သည့်တိုင် သူကတော့ သွေးနှော အဆင့် ခြောက်တွင်သာ ရှိသေးသည် ဖြစ်ရာ
၎င်းတို့နှင့် တိုက်ခိုက်သော် သူသာလျှင် အကြီးအကျယ်နစ်နာလိမ့်မည်။

နောက်ထပ် မိုင်တစ်ရာခန့်ရောက်လျှင် လူများတဖြည်းဖြည်းများများ လာသည်ကို သူ သတိထားမိသည်။
ထိုမျှ များပြားလွန်းသည့် လူများကြောင့် ကျန်ရစ်ခဲ့သည့် သဲလွန်စသည်လည်း ရှုပ်ထွေးနိုင်ရာ ချီရှင်
အဖို့သူ့အား လိုက်ချင်လျှင်တောင် နောက်ယောင်ခံလိုက်ရန် မလွယ်ကူတော့ပေ။

ရှေ့ကိုကြည့်သည်တွင် တောအုပ်၏ အစပ်ကိုရောက်၍ တောင်များ နယ်နမိတ်သို့ ၀င်ရောက်ပြီဆိုသည်
ကိုသိရသည်။တောင်တန်များဘက်သို့ လုံချန် အားသွန်ခွန်စိုက်ပြေးရသည်။ထို့နောက် သန့်ရှင်းသော
ဂူတစ်ခုကိုရှာ၍ ပျားဘုရင်မ ပျားရည် ကို ခွက်တစ်၀က်ထည့်ကာ ရေတစ်၀က်ရောသည်။သစ်သားတူ
ဖြင့် ခွက်ကို မွှေလျှင် သင်းရနံ့က ထောင်းကနဲ ပျံ့လွင့်လာသည်။

ပျားရည်ကို ပါးစပ်တစ်ငုံစာသောက်ချလိုက်၏။၎င်း၏ ချိုမြသော အရသာသည် သူ၏ နှလုံးသားနှင့် စိတ်
၀ိညာဉ်သို့ အလွယ်တကူပျံ့နှံ့သွားလေသည်။ခန္ဓာကိုယ်တစ်ခုလုံးရှိ မွေးညင်းပေါက်များ အကုန်လုံးပွင့်
သွားသည်ဟု ခံစားရပြီး အကြောများလည်း လွန်စွာ ပြေလျှော့သွားသည်။

"အရသာ ရှိလိုက်တာ" လုံချန် မိနေသော ပျားဆိပ်က ပြေပျောက်သွားသည်။ဤမျှ သန့်စင်သော ပျား
ရည်သည် မည်သည့်နည်းနှင့်မျှ ထပ်၍ပြု ပြင်စရာ မလိုသည့်အပြင် တိမ်များ အပေါ်သို့ လွင့်မျော
နေသည့် ခံစားမှုကိုလည်း ပေးလေသည်။တစ်ချိန်တည်းတွင် နာကျင်မှုများလည်း အပြီးတိုင်ပျောက်
ကွယ်သွားသည်။

ယင်းကား စိတ်ကော ရုပ်ကော တည်ငြိမ်စေရန် လွန်စွာ အထောက်အကူပေးပါသည်။ထို့ပြင် စိတ်
တည်ငြိမ်သည့် အဆင့်သို့ လျှင်မြန်စွာ ၀င်ရောက်သွားနိုင်သဖြင့် တရားကောင်းကောင်း ထိုင်နိုင်သည်။
သို့ရာတွင် ပျားရည်သည် မည်မျှပင် ကောင်းသည်ဖြစ်စေကာမူ သူ၏ ကျောက်စိမ်းပြားကလေးနှင့်
တော့ယှဉ် ၍ မရပါချေ။

သာမာန်လူများကို မဆိုထားဘိ ပါရမီ့ရှင်များပင်လျှင် တရားထိုင်ရန် စိတ်ငြိမ်သက်သည့်အဆင့်သို့
၀င်ရောက်သည့်အခါတွင် လေးနာရီခန့်ကြာမြင့်ကြလေသည်။အဘယ့်ကြောင့်ဆိုသော် ထိုအခြေအနေ
သည် လွန်စွာ တိကျရ၍ လွန်စွာမှလည်း ထူးဆန်းခြင်းကြောင့်ဖြစ်သည်။

ပျားရည်တစ်ခွက်သောက်ပြီးလျှင် ရေခဲတမျှ အေးစက်နေသော ကျောက်တုံးကြီးကို မှီ၍ သူသည်
ကြယ်ရောင်များဖြင့် တောက်ပနေသော ကောင်းကင်ကြီးကို မော့ကြည့်နေမိသည်။အလုပ်များသည့်
ရက်တစ်ရက်က ပြီးဆုံးသွားပြန်ချေပြီ။လုံချန်မှာ နေ့ဘက်တွင် အလွန်တက်ကြွကောင်း တက်ကြွ
နေလိမ့်မည် ဖြစ်သော်လည်း ညဘက်တွင်မူ တစ်ယောက်တည်းဖြင့် အထီးကျန်ရ၏။

ချုယောင်နှင့် ဘယ်လောက်ဝေးဝေးတွင် သူ ရှိနေသည်ကို သူမသိ။ကောင်းကင်နန်းတော် ၌ သူမ
ကျင့်စဉ်များ ကျင့်ကြံနေပြီလား။

ထို့ပြင် မန်ချီကော...သူပေးလိုက်သည့် ဝိညာဉ်အားဖြည့်ဆေးကို စားပြီးပြီလား။လောလာဆယ်တွင်
သူမ ဘယ်အဆင့်သို့ ရောက်နေပြီဖြစ်မှန်းလည်း သူမသိပါပေ။သူ့မိဘများအကြောင်းကို လည်း သတင်း
အစအနပင် မကြားရသေးချေ။သူ့မိခင်ကြီးသည် သူမရှိပဲ နေနိုင်သွားခဲ့ပြီလား။

ယင်းသို့သော အကြောင်းများကို မတွေးမိစေရန် လုံချန်က နေ့ခင်းဘက်တွင် အလုပ်များသထက်များ
အောင် လုပ်ကိုင်နေခဲ့ရသည်။သို့သော် တိတ်ဆိတ်လျှက်ရှိသော အာကာလ ညဉ့်အခါ၌မူ ထို
အတွေးများသည် စိတ်အတွင်း၌ တစ်သီတစ်တန်း ပြည်ပေါ်ပေါက်လာခဲ့ပြန်ရာ အသက်ပင် မရှုချင်
အောင်ဖြစ်ရပြန်သည်။

ထို့ပြင် အနာဂါတ်၌ ဘာဖြစ်မည်ကိုလည်း လုံချန်အတွက်မသေချာ။သူသည် မွေးဖွားစဉ်ကပင် ခန္ဓာကိုယ်
ထဲမှ စိတ်ဝိညာဉ်အရင်းအမြစ် စသော အရာများကို ထုတ်ယူသွားခြင်းခံခဲ့ရသည်။ထိုသို့ ထုတ်ယူခြင်း
ခံရသော်လည်း အသက်ဆက်ရှင်နေသည်မှာ အံ့ဖွယ်သရဲ ဖြစ်နေပါ၏။

သည့်အပြင် သူ့ကို ကိုင်၍ ထွက်ပြေးလာခဲ့သော အဆင့်လွန် သိုင်းပညာရှင်ကြီးဆိုသူကလည်း ကျေး
ကျွန် အဆင့်သာ ရှိနေသည်။သို့ဖြစ်လျှင် သူ၏ မိဘ အရင်းများသည် မည်သူများဖြစ်မည်နည်း။သူ့
မိဘများသည် မမျှော်လင့်သော အဖြစ်အပျက်တစ်ခုခုနှင့် ကြုံခဲ့ရသည်များဖြစ်လေသလား။

ကျောက်စိမ်းပြားလေးကို ခပ်ဖွဖွ သူ ပွတ်လိုက်မိသည်။ကျောက်စိမ်းပြားပေါ်၌ ရေးထွင်းထားသည့်စာ
သားများကား ထင်ထင်ရှားရှားရှိနေတုန်းပင်။ယင်းစကားလုံးများတွင် အဆုံးမရှိသော နွေးထွေးမှုများ
နှင့် မျှော်လင့်ချက်များ အင်အားကြီးမားသည့် ချစ်ခြင်းမေတ္တာများပါ၀င်သည်။ယင်းကား မိဘများသည်
သူ့အပေါ်မည်မျှချစ်ကြောင်းကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။

ကလေးဘ၀ကပင် သူသည် ရက်စက်ကြမ်းကြုတ်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။ထို့ကြောင့် မိဘများနှင့် ပတ်သတ်
၍ သူသည် လွန်စွာစိတ်ပူမိခြင်းဖြစ်၏။သည်ကဲ့သို့သော ကိစ္စမျိုးကို လုပ်ဝံ့သည်အား ကြည့်လျှင် ရန်
သူသည် သူ့မိဘများကို ကြောက်ဟန်မတူပါချေ။ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ သူမိဘများသည်.....လုံ
ချန်သည် ဆက်၍ မတွေးဝံ့တော့။

သူသည် မည်သည့်အရပ်မှ လာသနည်း။ သူ့ခန္ဓာကိုယ်တွင် ဘာဖြစ်ခဲ့သနည်း။ကလေးတစ်ယောက်ကို
ပင် ထိုမျှ ရက်ရက်စက်စက်လုပ်သော လူတစ်ယောက်၏ ရည်ရွယ်ချက်သည် ဘာများဖြစ်မည်နည်း။
မေးခွန်းများကား ခေါင်းထဲ၌ အစီအရီထွက်ပေါ်နေသည်။စိတ်တွေ ရှုပ်လွန်းလှ၏။

ထို့ပြင် မကြာခဏ ခေါင်းထဲမှ ကြားနေရသည့် အသံတစ်ခု။အိပ်မက်ထဲ၌ မြင်ခဲ့ရသော လူတစ်ယောက်။
ခေါင်းများ ပေါက်ထွက်တော့မလားဟု သူထင်မိသည်။အသက်ကို ၀၀ရှု၍ မေးခွန်းများကို ပေယျလကံ
ပြုပြစ်ရသည်။မည်သို့ဖြစ်စေ သူ အသက်ရှင်နေသမျှ အမှန်တရားသည် ပေါ်လာဦးမည်သာ။သူ့
အတွက်လိုအပ်သည်က ကောင်းကောင်းစား ၍ သိုင်းကောင်းကောင်း ကျင့်ရန်သာလို၏။

သူ၏ မူလ ဇာတ်မြစ်ကို မသိခင်အထိ သိုင်းအဆင့်မြင့်နေရန်လိုအပ်လိမ့်မည်။သူသည် သိုင်းထိပ်သီး
တစ်ယောက်ဖြစ်၍ လောက၏ ထိပ်ဆုံး၌ ရပ်တည်နိုင်သည့်တစ်နေ့တွင် အမှန်တရားကို အလိုလို
သိလာလိမ့်မည်ဟု သူ့အဖေက သူ့ကို ပြောခဲူ့၏။ယခုအခါတွင် သူသည် သွေးနှောအဆင့်၏ ကနဦး
၌သာ ရှိသေးသော်လည်း လျှင်မြန်စွာ တိုးတက်နေခဲ့သည်။

သူ့အဖေပြောသည့်နေ့သည် တစ်နေ့နေ့တွင် ရောက်လာလိမ့်မည်ဟု သူက ယုံကြည်လေသည်။

အသက်ကိုပြင်းပြင်းရှုသည်။ထို့နောက် ကျောက်စိမ်းပြားကလေး၏ ကူညီမှုဖြင့် အတွေးစများကို
သူ မောင်းထုတ်လိုက်၏။ကျင့်စဉ် ကျင့်ရန် စရတော့မည်။ဒန်တမ်ထဲသို့ အလင်းစက်ကွင်းကို
စုပ်ယူလိုက်သည်။ထို့နောက် ပတ်၀န်းကျင်မှချီစွမ်းအင်များကို စုပ်ယူ၍ သွေးကို အားဖြည့်၏။

သူ၏ ဒန်တမ်မှာ ကြောက်မက်ဖွယ်ကောင်းးအောင် တိတ်ဆိတ်နေလင့်ကစား ဘာမှ မရှိသည့်ထို
နေရာလွတ်ကပင် များစွာအသုံး၀င်လှသည်။အလင်းစက်ကွင်းကို ထိုနေရာသို့ စုပ်ယူခြင်းဖြင့်
သူ ကျင့်စဉ်ကျင့်နိုင်သည်။ထိုနေရာ၌ပင် ချီလမ်းကြောင်းများထဲရှိ ဆေးမီးတောက်ကို အသုံးပြုနိုင်
သေး၏။ယခုအခါ သူ့တွင် မိုးကြိုးဓာတ် လည်း ရှိနေပြီဖြစ်သည်။

ဘာမှ မရှိသည့် ဒန်တမ်သည် သူ့အတွက်မူ မျိုးစုံသော စွမ်းအင်များစုစည်းထားရာ နေရာတစ်ခုဖြစ်
နေခဲ့လေသည်။ယခုတစ်ကြိမ်သည် သူ့အဖို့ ဒန်တမ်မရှိသည့် အကျိုးကျေးဇူးများကို ခံစားရသည့်
အကြိမ်လည်းဖြစ်သည်။

ပုံမှန် ဒန်တမ်များကမူ စွမ်းအင်တစ်မျိုးကိုသာ ထိမ်းသိမ်းထားနိုင်စွမ်းရှိသဖြင့် ကျင့်စဉ်လမ်းကြောင်း
တစ်မျိုးကိုသာ ရွေးချယ်ကြရသည်။ယင်းမှာ ဆေးဆရာများ၏ ဆေးမီးတောက်ကျင့်စဉ်နှင့်တူသည်။
အကယ်၍ အခြားစွမ်းအင်ကျင့်စဉ်တမျိုးမျိုးအား ကျင့်ရန် ကြိုးစားခဲ့သော်  ၎င်းတို့၏ ဒန်တမ်သည် 
ချက်ချင်း ပေါက်ကွဲ သွားလိမ့်မည်ဖြစ်သည်။

အလင်းစက်ကွင်း၏ တန်ခိုးစွမ်းအင် အောက်၌ သူ၏ ချီစွမ်းအင် စုပ်ယူမှုသည် ကြောက်မက်ဖွယ်
ကောင်းသည့် အဆင့်သို့ရောက်လာသည်။သို့သော် သွေးနှောအဆင့်သို့၀င်ရောက်သည်နှင့်
အဆင့်တစ်ခုစီတိုင်းသည် ယခင်အဆင့်မှ နောက်တစ်ဆင့်သို့ တက်ရန် ယခင်ကထက် အချိန်နှစ်
ဆခန့်ကုန်သည်ကို လုံချန် သတိပြုမိသည်။

သာမာန်သွေးသန့်စင်သည့် အဆင့်ဆိုလျှင် အလင်းစက်ကွင်း၏ တန်ခိုးဖြင့် မည်သည့်ပြဿနာမှ
မဖြစ်နိုင်သော်လည်း အဆင့်တစ်ဆင့်စီ တက်တိုင်း၌မူ သွေး၏ စွမ်းအင်များ ပြန်လည်ဖြည့်တင်းသည့်
အခြေအနေကို စောင့်ရသောကြောင့် သွေး၏စွမ်းအင်သည် တည်ငြိမ်သည့်အခြေအနေသို့ တစ်ကြိမ်
ပြန်ရောက်မှ သွေးကို ပြန်သန့်စင်နိုင်လေသည်။

ထိုသို့ သွေး၏စွမ်းအင် ပြန်လည်ဖြည့်တင်းနေသည့်အချိန်ကာလကား အတန်ကြာသည်။အလင်း
စက်ကွင်း၏ တန်ခိုးစွမ်းအားဖြင့်ပင် မည်သို့မှ မတတ်နိုင်ချေ။နောက်ဆုံး သူ အဆင့်တက်ခဲ့သည်မှာ
ယနေ့တွင် ဆိုလျှင် ဆယ်ရက်ခန့်ရှိပြီ ဖြစ်သည့်တိုင် သူ၏ သွေးစွမ်းအင်များသည် တည်ငြိမ်သည့်အဆင့်
သို့မရောက်ကြသေးပေ။

ပတ်၀န်းကျင်မှ ချီဓာတ်များကို ဆက်တိုက်စုပ်ယူနေခြင်းသည် သူ၏ သွေးကို အားဖြည့်စေပြီး သွေး
စွမ်းအင်များ ပြန်တည်ငြိမ်လာမှုကို တစ်ဆယ်ရာခိုင်နှုန်းခန့်မြန်စေ၏။ဤနှုန်းသည် သိပ်မြန်လှသည်
ဟု မဆိုသာသော်လည်း ဘာမှ မလုပ်ခြင်းထက်စာလျှင် အနည်းငယ်မျှ တော်သေးသည်။

နောက်တစ်ရက်။ နေမင်းကြီး မိုးကုပ်စက်ဝိုင်းမှ ထွက်ပြုစပြုလာသည့်အချိန်တွင် လုံချန်သည် ဂူထဲ
မှ ထွက်လာခဲ့သည်။မြေပုံအရဆိုလျှင် နောက်ထပ် ဧရာမ တောင်ကြီး နှစ်လုံးကို ကျော်ပြီးမှသာ မြစ်
သို့ရောက်မည်။မြစ်သို့ ဖြတ်ကျော်ပြီးမှသာ နောက်ဆုံး အဆင့်သို့ရောက်လိမ့်မည်ဖြစ်သည်။

တစ်ဖြည်းဖြည်း လူများ များသထက်များလာနေသည်ကို လုံချန်တွေ့ရသည်။သို့သော် ကုရန်ကိုကားမတွေ့
ချေ။ကုန်ရန် မည်သို့ရှိမည်နည်း။သို့ရာတွင် ကုရန်သည်လွန်စွာ လယ်၀ယ်သူဖြစ်သည်။ဘာပြဿနာမှ
ကြီးကြီးမားမား ရှိလိမ့်မည်မဟုတ်ပေ။

လုံချန်သည် လူအုပ်ကြီး၏ နောက်သို့လိုက်ခဲ့သည်။ဤနေရာသို့ ရောက်ခဲ့သူများ အားလုံးသည် အဆင့်
မြင့်သိုင်းသမားများချည်းသာဖြစ်ကြလေသည်။၎င်းတို့ထဲမှ အများစုကမူ ကျောက်စိမ်းပြားများကို လုယက်
ခံရပြီး မူလနေရာ၌ပင် အခွင့်ကောင်းများ ကြုံနိုးဖြင့် နေရစ်ခဲ့ကြ၏။ရွှမ်ရှင်း၏ စည်းမျဉ်းအရ ကျောက်
စိမ်းပြား ဆုံးရှုံးသူများသည် စမ်းသပ်ပွဲမပြီးမချင်း စမ်းသပ်မှုတွင် အကြုံး၀င်နေသေး၏။

ထိုအချိန်အတောအတွင်း သူတို့သည် သဘာ၀အတိုင်းဖြစ်ပေါ်နေသော ရတနာများကို ရှာဖွေခွင့်ရှိ
ကြသည်။ယင်းမှာ သူတို့အတွက် တောင်းပန်မှုတစ်မျိုးလည်းဖြစ်ရာ ရတနာ များ မည်မျှ ရနိုင်သည်
ဆိုခြင်းကမူ သူတို့၏ ကံအပေါ်တွင်သာ မူတည်သည်။

ထိုနည်းအားဖြင့် ရွှမ်ရှင်းသို့ ၀င်ခွင့်မရကြသူများကလည်း အကျိုးအမြတ်ရကြလေသည်။ယင်းသည်
ရွှမ်ရှင်း၏ ကိစ္စများကို ကိုင်တွယ်ပုံ၊ ကိုင်တွယ်နည်းဖြစ်ကာ ၀င်ခွင့်မရသူများကလည်း မည်သို့မှ ဒေါ
သမထွက်ကြချေ။ရွှမ်ရှင်းသည် စည်းမျဉ်းများကို လိမ္မာ ပါးနပ်စွာ ရေးဆွဲထားပါ၏။

အချို့သိုင်းသမားများသည် အချင်းချင်း တီးတိုး တီးတိုးပြောနေကြရာမှ လုံချန်ကိုမြင်သည်တွင် ပါးစပ်
များပိတ်၍ မျက်စိမျက်နှာပျက်ကုန်ကြသည်။လုံချန်က ခေါင်းကိုယမ်းသည်။သူသည် ထိုမျှပင် ကြောက်
မက်ဖွယ်ကောင်းနေပြီလား။

သို့ရာတွင် သူမသိသည်မှာ သူသည် မဟာပါရမီ့ရှင်များထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေ
သည်ဆိုခြင်းကို ဖြစ်သည်။မဟာပါရမီ့ရှင်များသည် လူမသတ်နိုင်ကြပေ။

ယခုအချိန်တွင် ကျိုးဝူ အသတ်ခံရသည့်သတင်းသည် လူတိုင်းသိသည့် သတင်းတစ်ပုဒ်ဖြစ်နေပြီ
ဖြစ်သည်။ထို့ပြင် လီရှင်းရှောင် ၏ မိုးကြိုးစွမ်းအင်ဖြင့်  လုံချန် တိုက်ခိုက်ခံရသည်ကိုပါ သူတို့က
ကြားထားပြီးဖြစ်သည်။သို့သော် သူတို့မြင်ရသော လုံချန်သည် လွန်စွာတက်ကြွနေ၏။မည်သည့်ဒဏ်
ရာမှလည်း ရထားပုံမပေါ်ပေ။

လီရှင်းရှောင်၏ မိုးကြိုးစွမ်းအင်ဖြင့် တိုက်ခိုက်ခံရသူ တစ်ယောက်သည် မည်သို့လျှင် ထိုသို့ နေနိုင်
ပါမည်နည်း။လုံချန်သည် တောင်ကြီးတစ်တောင်ကို ဖြတ်၍ ရှေ့သို့ ဆက်သွားခဲ့ရာ နောက်ဆုံး၌
အလျှားလိုက်တည်ရှိနေသည့် ဧရာမ သဏ္ဍာန်ကြီးတစ်ခုကိုမြင်ရ၏။ယင်းကား မြစ်ကြီးတစ်စင်း ဖြစ်တန်
ရာသည်။

မြစ်သည် လွန်စွာကြီးမား၏။မီတာသုံးထောင်ခန့် ရှိလိမ့်မည်။သိုင်းသမား အများအပြား မြစ်ကမ်းနဖူး
တွင် ရပ်၍ မြစ်ကို ကျော်ဖြတ်နိုင်မည့် နည်းလမ်းကို ဆွေးနွေးနေကြသည်။မြစ်သည် ကျယ်လှ၏။မည်
သူ့တွင်မျှ ပျံသန်းနိုင်သည့် မှော်သားရဲမျိုးလည်း မရှိကြပေ။နည်းလမ်း တစ်မျိုးမျိုးကို စဉ်းစားမှသာရ
မည်။

ဤစမ်းသပ်နယ်မြေအတွင်း၌ မှော်သားရဲများစွာလည်း ရှိရာ အချို့သော သူ အနည်းငယ်သည် မှော်
သားရဲများကြောင့် သေဆုံးသွားခဲ့ကြရလေသည်။သို့ဖြစ်၍ သူတို့အနေဖြင့် မြစ်ထဲကို လက်ပစ်ကူး၍
ဖြတ်မသွားဝံ့ဖြစ်နေကြသည်။မြစ်ထဲတွင် မည်သို့သော မှော်သားရဲမျိုးရှိမည်နည်း။သူတို့မသိနိုင်ပေ။

လုံချန်လည်း မြစ်ကမ်းနဖူးတွင် ရပ်နေသည်။မြစ်ကိုကြည့်၍ သူသည် မျက်မှောင်ကုပ်လိုက်၏။မြစ်ရေ
မှာ လွန်စွာညစ်ပတ်၍ အောက်ခြေသို့ မြင်ရန်ခက်သည်။တင်္ဂစဉ်းစားပြီးလျှင် သိုလှောင်လက်စွပ်ထဲ
မှ ချက်ထားသော နွားခြေထောက်တစ်ချောင်းကို ထုတ်ယူကာ မြစ်ထဲသို့ ပစ်လိုက်၏။

မြစ်ထဲသို့ ကျသွားသော နွားခြေထောက်၏အသံ ဗြန်းကနဲကြောင့် လူတိုင်း အာရုံစိုက်ကုန်ကြသည်။
မြစ်သည် ရုတ်တရက် လှိုင်းများထလာကာ နွားခြေထောက်မှာ ရေအောက်သို့ စွပ်ကနဲ မြူပ်၍ ပျောက်
သွား၏။

"ဘာလည်းဟ" လူတိုင်း အထိတ်တလန့်ဖြစ်ကုန်သည်။အကောင် အထည်မည်မည် ရရမမြင်ရပဲ
နွားခြေထောက်သည် စွပ်ကနဲ ပျောက်သွား၏။ထူးဆန်းလှသည်။

"စီနီယာ အကို ကြီး လုံချန်ခင်ဗျား ဒါကဘာများပါလည်း" ရဲရင့်ပုံရသည့် လူတစ်ယောက်ကမေးသည်။

"ကျားပါးစပ် ငါးပဲ ဟားဟား ပျော်စရာတော့ကောင်းပြီပေါ့" လုံချန်က ဘာမှမဖြစ်ဟန်ဖြင့် ပြန်ဖြေသည်။

"ဘုရားရေ ဒီလိုနေရာမှာ ဒီလိုကြောက်စရာကောင်းတဲ့ အကောင်မျိုးရှိနေတာလည်း" လူတိုင်းစိုးရိမ်
တကြီး ရေရွတ်မိကြ၏။

ကျားပါးစပ်ငါးသည် လွန်စွာရက်စက် ကြမ်းကြုတ်သော ငါးဖြစ်သည်။၎င်းတို့သည် မှော်သားရဲများမဟုတ်
ကြပဲ ၎င်းတို့၏ ကြီးမားသည့် ပါးစပ်ကြီးများသည် ၎င်းတို့၏ ခန္ဓာကိုယ်တွင် သုံးပုံနှစ်ပုံခန့်နေရာ ယူထား
ကြလေ့ရှိသည်။ထိုပါးစပ်ကြီးများဖြင့် ကိုက်လျှင် ကျောက်တုံးများပင် မခံနိုင်ချေ။

ငါး၏အရွယ်အစားသည် သိပ်မကြီးလှ။ဖြေဖဝါး အရွယ်ခန့်သာရှိသည်။သို့သော် ယင်းတို့သည် အုပ်စုဖွဲ့
နေထိုင်ကြသည့်သတ္တဝါများဖြစ်ကြ၏။ဧရာမ မှော်သားရဲများကြီးပင် ထိုငါးအုပ်ထဲ ကျသွားလျှင် အရိုး
ကျန် အောင် မိနစ်ပိုင်းအတွင်း စားပစ်နိုင်လေရာ များစွာကြောက်မက်ဖွယ်ကောင်းလှသည်။

"ပြီးသွားပြီ မြစ်ကို ဖြတ်ကူးဖို့လမ်းစမရှိတော့ဘူး" လူတိုင်း စိတ်ပျက်ကုန်ကြ၏။လူများ တစ်ဖြည်းဖြည်
များသထက်များလာကြသလို ရုတ်တရက် အော်ဟစ်သံများထွက်လာသည်။သင်းရနံ့လေး တစ်ခုသည်
လေနှင့်အတူ လွင့်ပျံ့လာပြီးလျှင် လွန်စွာချောမောလှပသည့် မိန်းမပျိုကလေးတစ်ယောက် အိနြေ္ဒရစွာ
ဖြင့် လျှောက်လာသည်ကို လုံချန်မြင်ရလေ၏။

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(154)အေးစက်စက်အလှတရား

သူမ၏ မျက်ခုံးကလေးများသည် ဇင်ယော်တောင်ကလေးများကဲ့သို့ ကွေးညွှတ်နေကြပြီး အသားအရည်
သည်နှင်းကဲ့သို့ စွတ်စွတ်ဖြူသည်။သူမ၀တ်ဆင်ထားသည့် အရောင်စုံသော ၀တ်ရုံသည် လေထဲ
တွင် လှပစွာ လွင့်မျောလျှက်ရှိ၏။သို့သော် သူမ၏ မျက်နှာကလေးသည်ကား အနည်းငယ်မှပင်
နွေးထွေးမှုမရှိပဲ ကျောက်စိမ်းတစ်ခုကို ထုလုပ်ထားသလိုဖြစ်နေပါ၏။

ထိုမိန်းမပျိုကလေးမှာ ယဲ့ထင်းချုံ မှလွဲ၍ မည်သူဖြစ်အံ့နည်း။သူမသည် လှပစွာဖြင့် မြစ်ကမ်းနဖူးသို့
လျှောက်လှမ်းလာခဲ့သည်။လူတိုင်း၏အကြည့်များသည် တိတ်စိတ်စွာဖြင့် သူမ ၏ ခြေလှမ်းအတိုင်း
လိုက်ပါစီးမျောလျှက်ရှိလေသည်။

သူတို့အနေဖြင့် မဟာပါရမီ့ရှင်တစ်ဦးဖြစ်သူ ယဲ့ထင်းချုံသည် ဤမြစ်ကို မည်သို့ဖြတ်ကူးမည်ကို သိချင်
ကြသည်။သူမ ဖြတ်ကူးသည့် နည်းဖြင့် သူတို့ ဖြတ်၍ ရကောင်းရနိုင်မည်လေ။လူတိုင်း၏ အကြည့်များ
တွင် မျှော်လင့်ချက်ကို အတိုင်းသားမြင်နိုင်သည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် မြစ်သည် ယဲ့ထင်းချုံအား တားဆီးနိုင်စွမ်းမရှိဟု သူတို့၏ ဆဋ္ဌမ
အာရုံက သူတို့ကို ပြောနေကြလေသည်။ယဲ့ထင်းချုံသည် မြစ်ကို ကြည့်သည်ဆိုရုံမျှ လှမ်းကြည့်လိုက်
သည်။သူမသည် ခေါင်းကို လှည့်၍ လူအုပ်ဘက်သို့ကြည့်ပြန်၏။လုံချန်ကိုမြင်လျှင် နှစ်ထောင်ပေါင်း
များစွာအတွင်း တစ်ကြိမ်မှ ပြောင်းလည်းမှု မရှိဟု ထင်ရသော မျက်နှာကလေးသည် အနည်းငယ်မျှ
လှုပ်ရှားသွားခဲ့ပါသည်။

"ရှင် .. ကျွန်မနဲ့အတူတူ သွားချင်လား" လုံချန်ကို ကြည့်၍ သူမက မေးသည်။

"ရပါတယ်ခင်ဗျာ ကျုပ်မှာလည်း ကျုပ်နည်း ကျုပ်လမ်းရှိပါတယ်" လုံချန်သည် သူမ၏ အရေးပေးမှုအား
ခပ်ဖွဖွပြုံး၍ ငြင်းပယ်ခဲ့ပါသည်။

ယဲ့ထင်းချုံတွင် မြစ်ကိုဖြတ်ကူးနိုင်မည့် နည်းလမ်းရှိလိမ့်မည်ဟု သူယုံသည်။သူမနှင့် အတူတူသွားရ
လျှင် အဆင်ပြေလိမ့်မည်ဖြစ်သော်လည်း လုံချန်သည် ဤ အေးစက်စက်မင်းသမီးကလေး နှင့် ထို
ကဲ့သို့ သွားရမည်ကို သက်တောင့်သက်သာဖြစ်သည်ဟု မခံစားမိပါချေ။

သူသည် ယဲ့ထင်းချုံထက်စာလျှင် ကြောက်စရာကောင်းသော ထန်၀မ်အာနှင့်သာ တွေ့ချင်သည်။
အနည်းဆုံးအနေဖြင့် ထန်၀မ်အာကို သူ စ နောက်လို့ရပေမည်။ယဲ့ထင်းချုံကို တော့ စ နောက်၍ ရ
မည်ဟု သူ မထင်မိပေ။ယဲ့ထင်းချုံသည် လုံချန်အား သူမနှင့်လိုက်ခဲ့ရန် ခေါ်သည်ကိုမြင်ရသည့်အခါ
တွင်လူပေါင်းများစွာသည် နှလုံးသားများ တဆစ်ဆစ်ကိုက်သလို ခံစားရလေသည်။

အမှန်တွင် သူတို့သည် လုံချန်ကို များစွာမနာလိုမိပါ၏။

ရေခဲနတ်သမီးလေး၏ အလေးထားမှုကို ရရှိရန် ဤသူငယ်မှာမည်မျှ ကံကောင်းလေသနည်း။
သို့သော် လုံချန်၏ ငြင်းပယ်မှုကို ကြားသည့်အခါတွင် သူတို့သည် လုံချန်ကို အရူးတစ်ယောက်ကဲ့
သို့မြင်ပြန်ပါသည်။သို့သော် လုံချန်၏ ဂုဏ်သိက္ခာကို လေးစားကြသည့် လူများလည်း ရှိကြသေး၏။
လုံချန်ကား မာနအတော်ကြီး၍ မည်သူကိုမှ ဂရုမစိုက်။သူမကဲ့သို့ အလှနတ်ဘုရားမကလေးတပါး
ကိုပင်ဂရုမစိုက်ပါချေ။

လုံချန်ငြင်းပယ်သည့်အတွက် ယဲ့ထင်းချုံသည် မည်သို့မျှ ဖြစ်မသွားချေ။သူမသည် ခေါင်းကလေးကိုငြိမ့်
သည်ဆိုရုံမျှ ငြိမ့်၍ မြစ်ဘက်သို့ မျက်နှာပြန်လှည့်သွားတော့သည်။

"မမရဲ မြစ်ကို ဖြတ်မကူးနဲ့ မြစ်ထဲမှာ..."

လူတစ်ယောက်သည် ယဲ့ထင်းချုံ မြစ်ကို ရေကူး၍ ဖြတ်မည်အထင်ဖြင့် အော်ပြောလိုက်သော်လည်း
သူ့စကား မဆုံးမီတွင်ပင် ပါးစပ်ကိုပြန်ပိတ်ထားလိုက်သည်။ယဲ့ထင်းချုံ၏ ခြေထောက်သည် မြစ်ရေပြင်
နှင့်ထိသည့်အခါတွင် ရေထဲသို့ နစ်၀င်မသွားသည့် မြင်ကွင်းအား ကြည့်၍ လူအများအံ့အားသင့်ကြ
ရ၏။သူမကား မြစ်ရေပြင်ထက်၌ ရပ်လျှက်ရှိပါ၏။

လူအများသည် သူမ၏ ခြေထောက်ကို ခပ်သွက်သွက်ကြည့်ရာတွင် ရေခဲလွှာတစ်ခုသည် သူမ၏ ခြေ
ထောက်အောက်မှ မြစ်ရေပြင် ပေါ်သို့ပြန့်ကားထွက်လာနေသည်ကိုမြင်ရသည်။သူမ ဘာလုပ်နေသည်
ကို လူအများနားလည်သွားချိန်တွင် သူမသည် မြစ်ရေပြင်ပေါ်တွင် အိနြေ္ဒရစွာဖြင့် လျှောက်လှမ်း
လျှက်ရှိလေပြီ။

သူမ ခြေတစ်လှမ်း လှမ်းလျှင် မြစ်ရေပြင်သည် ခဲ၍ လိုက်လာ၏။လေနှင့်အတူ လွင့်မျောလျှက်ရှိသည့်
သူမ၏ ဆံနွယ် ရှည်ကြီးနှင့် ၀တ်ရုံ၏ နောက်သို့ လူအများ၏ စိတ်သည်လည်း လိုက်ပါလွင့်မျောလျှက်
ရှိလေသည်။ပန်းချီကား တစ်ချပ်ကို ကြည့်နေရသကဲ့သို့ လူတိုင်း ခံစားနေကြရ၏။

ယဲ့ထင်းချုံ သည် အရှေ့သို့မီတာမျာစွာ ရောက်သွားချိန်တွင် သူမ၏ နောက်မှ ကျားပါးစပ်ငါးများ
အသည်းယားစဖွယ် ကူးခတ်လျှက်ရှိသည်ကိုမြင်ရသည်။၎င်းတို့အနေဖြင့် အလှအပကို သိမည်မဟုတ်။
ယဲ့ထင်းချုံမှာ သူတို့၏ မျက်စိတွင် သားကောင်သာဖြစ်လေသည်။

လူတိုင်း အလန့်တကြားဖြင့် အော်ဟစ်သတိပေးကြသော်လည်း ယဲ့ထင်းချုံကမူ ထိုအသံများကို လျှစ်လျူ
ရှု၍ တစ်လှမ်းချင်း ခပ်ဖြေးဖြေးလျှောက်လျက်ရှိသည်။ရုတ်တရက် သူမနောက်သို့ လိုက်လျှက်ရှိသော
ကျားပါးစပ်ငါးများသည် ရုတ်တရက် တန့်ကနဲဖြစ်သွားသည်။

ထိုအခါတွင်မှ ယဲ့ထင်းချုံ ၏ ခြေထောက်အောက်မှ ထွက်လာသော ရေခဲလွှာသည် မြစ်သို့ မီတာအ
တော်များများထိရောက်အောင် ဖုံးလွှမ်းနေကြောင်းတွေ့ရလေတော့သည်။လူတိုင်းသည် မြင်ကွင်းကို
အံ့အားသင့်ဟန်ဖြင့် ကြည့်မိကြသည်။မဟာပါရမီ့ရှင်များကား ကြောက်မက်ဖွယ်ကောင်းလှသည်။

လုံချန်သည် သိပ်ကိုအံ့အားသင့်မိပါသည်။အဘယ့်ကြောင့် ဆိုသော ယဲ့ထင်းချုံ၏ ရေခဲကို ထိန်းချုပ်
နိုင်စွမ်းမှာ လွန်စွာကျွမ်းကျင်သည့် အဆင့်တစ်ခုသို့ရောက်နေပြီဖြစ်ကြောင်းမြင်လိုက်ရခြင်းကြောင့်
ဖြစ်သည်။ယင်းသည် တိုက်ပွဲတစ်ပွဲတွင် ပို၍ ကြောက်မက်ဖွယ်ကောင်းပေမည်။

ယဲ့ထင်းချုံသည် မြစ်ကို ခပ်သွက်သွက်ဖြတ်၍ တစ်ဖက်ကမ်းသို့ရောက်ကာ လူတိုင်း၏ မြင်ကွင်းမှ
လျှင်မြန်စွာပျောက်ကွယ်သွားသည်။ထိုအခါမှ လူတိုင်းမှာ မင်တက်နေရာမှ သတိရကြသည်။
လူအုပ်ထဲမှ တစ်ယောက်သည် ယဲ့ထင်းချုံ ဖြတ်သွားသည့် ရေခဲပြင်ပေါ်သို့တက်၍ မြစ်ကို ဖြတ်ရန်
ကြံသည်။

သို့သော် မီတာအနည်းငယ်မျှ ဖြတ်အပြီးတွင် ရေခဲပြင်သည် စတင်၍ ကွဲအက်လာခဲ့ရာ ကြောက်လန့်
တကြားအော်သံဖြင့်ထိုသူမှာ မြစ်ထဲသို့ ပလုံကနဲ ကျသွားတော့သည်။မြစ်ရေထဲသို့ ရောက်လျှင် သူ၏
အမူအယာသည် ကြီးမားစွာပြောင်းလည်းသွားပြီး မြစ်ကမ်းနဖူးသို့ လျှင်မြန်စွာပြန်ကူးလေသည်။သို့သော်
သိပ်မကြာခင်တွင် ကြောက်လန့်တကြားအော်သံနှင့်အတူ သွေးကွက်ကြီးသည် မြစ်ထဲမှ ပွက်ကနဲ
တက်လာလေသည်။

လုံချန်သည် တုတ်ရှည်တစ်ချောင်းကို ထိုသူထံသို့လှမ်းပစ်ပေးလိုက်သည်။

"ဖမ်းလိုက်"

ထိုသူမှာ မည်သို့မျှ တွေးမနေတော့ပဲ တုတ်ကို ဖမ်းသည်။လုံချန်က အားဖြင့်စောင့်ဆွဲလိုက်သည်တွင်
ထိူသူသည် မြစ်ကမ်းနဖူး သို့ ဝုန်းကနဲရောက်လာတော့သည်။ထိုအခါမှ လူအုပ်ကြီးမှာ ထိုသူကို မြစ်
ကမ်းပေါ်သို့ဆွဲတင်ကြရ၏။

ထိုသူ၏ ခန္ဓာကိုယ်ပေါ်၌ ငါးကိုက်ရာ များနှင့် ပွစိတက်နေသည်ကို လူအုပ်ကြီးမြင်ကြရသည်။

"သိပ်တော့မဆိုးပါဘူး ကံကောင်းတာက မင်း...ကလေးရနိုင်သေးတယ်" လူအုပ်ထဲမှ တစ်ယောက်သည်
၀မ်းသာသံဖြင့်ပြော၏။

လူတိုင်း တံတွေးကို ဂု ကနဲမြိုချမိကြသည်။လူအုပ်တွင် အမျိုးသမီးများစွာရှိနေရာ ဤကဲ့သို့သော စကား
မျိုးကို မပြောသင့်ပေ။

"ကျုပ်ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်" ဆေးတစ်လုံးကို သောက်အပြီး၌ ထိုသူသည် လုံချန်ကို
ကျေးဇူးတင်စကားဆိုသည်။လုံချန်ကြောင့်သာ မဟုတ်လျှင် သူအဖို့မြစ်ကမ်းကို ပင်ရောက်ဖို့မဖြစ်
နိုင်ချေ။မြစ်ရေထဲ ကျသည့် အချိန်၌ လုံချန် ချက်ချင်း ကယ်သည်တောင် သူ့ကိုယ်၌ ငါးကိုက်ရာများ
ပွစိတက်နေသည်။

"ကိစ္စမရှိပါဘူးကွာ ဒါကဘာမှမဟုတ်ပါဘူး" လုံချန်ကရယ်သည်။ဤလူသည် သူ၏ သူငယ်ချင်းသို့
မဟုတ် သူ၏ ဆွေမျိုးမဟုတ်သည့်တိုင် ငါးများ ဝိုင်းစားမည်ကို သူသည် ရပ်ကြည့်မနေနိုင်ပေ။

"စီနီယာ အကိုလုံ ကျုပ်တို့ မြစ်ကို ဘယ်လိုဖြတ်ကြမလည်း နည်းလမ်းလေးများရှိရင်ပြပါ" လူအုပ်ထဲ
မှတစ်ယောက်သည် လက်သီးဆုပ် ဦးညွှတ်၍ လုံချန်ကို ရိုရိုသေသေ ဖြင့်ပြောသည်။လုံချန်က ခေါင်း
ယမ်းသည်။

"ဒီမြစ်ဟာ ရွှမ်ရှင်းရဲ့ စမ်းသပ်မှုတစ်ခုပဲ မင်းတို့ကိုယ့်အားကိုယ်ကိုးမှပဲ ရမှာ"

သူ့စကားကို ကြားသောအခါ လူတိုင်းစိတ်ပျက်ကြရသည်။ဤစမ်းသပ်မှုသည် ရက်စက်လွန်းသည်။လူ
တစ်ယောက်သည် ခေတ္တမျှတွေးပြီး ရေပေါ် ပေါ်သော သစ်သားခပ်ကြီးကြီး တစ်ခုကို မြစ်အတွင်းသို့
ပစ်ကာ ထိုအပေါ်သို့ ခုန်ချလိုက်သည်။

သို့သော် ရှေ့သို့ မီတာအနည်းငယ်ရောက်သည်နှင့် ကျားပါးစပ်ငါးများသည် ထိုသူကိုတိုက်ခိုက်ကြ
လေသည်။ယင်း ငါးများကားလွန်စွာပါးနပ်လှသည်။သစ်လုံး အပေါ်ကို တက်၍ မရမှန်းသိသည်နှင့်
သစ်လုံးကို ဝိုင်း၍  ကိုက်ကြရာ မျက်စိတစ်မှိတ်အတွင်း သစ်လုံးသည် တစ်စစီဖြစ်သွားလေတော့သည်။

ကံကောင်းသွားသည်မှာ ထိုသူသည် ထိုသို့ဖြစ်မည်ကို ကြိုတင်မှန်းဆထား၍သာဖြစ်သည်။သစ်လုံးကို
ငါးများ ဝိုင်းကိုက်သည်နှင့် သူသည် ကမ်းနဖူးသို့ ပြန်၍ခုန်လာခဲ့သည်။ဤနည်းဖြင့် မအောင်မြင်သည်
ကိုမြင်လျှင် လူတိုင်းသည် စိတ်မကောင်းစွာဖြင့် သက်ပြင်းကိုယ်စီချမိကြသည်။

လှေဖြင့်လည်းမြစ်ကိုဖြတ်၍မရသလို အတောင်ပံမပါသဖြင့် သူတို့အနေနှင့် ကောင်းကင်ပေါ်ပျံသန်း
သွား၍လည်းမရပေ။မြန်မြန်နည်းလမ်းရှာမှဖြစ်မည်။သူတို့သည် ကျောက်စိမ်းပြား များကို ခက်ခက်ခဲ
ခဲ စုဆောင်းခဲ့ရသည်။ဆင်ပြောင်ကြီး အမြီးကျမှ တစ်မည့်အဖြစ်မျိုးကို မည်သူမှ မလိုလားကြပေ။

လူတိုင်းသည် လုံချန် မြစ်ကို မည်သို့ဖြတ်မည်ကို သိချင်ဇောဖြင့် ကြည့်ကြသည်။လုံချန်သည် ကြိတ်၍
ခေါင်းခါနေမိသည်။ဤအလိုလိုက်ခံထားရသော ကောင်လေးများသည် အသုံး၀င်သည့်နည်းလမ်း
များကို တစ်ခုတစ်လေပင်သိမည့်ပုံမပေါ်ချေ။

ပတ်၀န်းကျင်ကို တစ်ချက်ကြည့်သည်တွင် သစ်ပင်ကြီးတစ်ပင်ကိုသူတွေ့သည်။သစ်ပင်ကြီးမှာ မီတာ
သုံးရာခန့်မျှမြင့်၍ ကောင်းကင်ပေါ်သို့ တုတ်ချောင်းကြီးတစ်ချောင်းထောင်ထားသလို ဖြောင့်ဖြောင့်
ကြီးတက်နေ၏။ထိုသစ်ပင်ပေါ်သို့ သူ တက်သည်။ထိပ်ဖျားသို့ ရောက်လုရောက်ခင်တွင် ကြိုးတစ်
ချောင်းဖြင့်  သစ်ပင်ထိပ်ကိုမြဲအောင်ချည်သည်။

ထို့နောက် အောက်သို့ပြန်၍ ခုန်ချခဲ့ပြီး တောင်များရှိရာဘက်သို့သွားပြန်သည်။ကျောက်တုံးကြီးတစ်တုံး
ကိုတွေ့လျှင် လှိမ့်လာခဲ့၏။ထို့နောက် သစ်ပင်တွင် ချည်ထားသော ကြိုးကိုဆွဲသည်။လူတိုင်း၏ အံ့အားသင့်နေ
သည့်အကြည့်များအောက်တွင်ပင် လူလေးငါးဖက်စာခန့် ရှိသည့် သစ်ပင်ကြီးသည် တဖြစ်ဖြစ် မျည်သံ
များဖြင့် ကွေးလာသည်။

လုံလုံလောက်လောက် ကွေးသွားချိန်တွင် ကြိုးတစ်စကို ကျောက်တုံးကြီးတွင်ချည်သည်။ထို့နောက်သူ
သည်သစ်ပင်ထက်သို့တက်ပြန်၏။ လူအုပ်ကြီး၏ အံ့အားသင့်ဟန်များကို ကြည့်၍ ကျောက်တုံးတွင်
ချည်ထားသောကြိုးကို ဓားဖြင့်ဖြတ်ချလိုက်၏။

ကွေးနေသော သစ်ပင်ကြီးသည် ဗြောင်းကနဲ ပြန်မတ်သွားသည်နှင့် လုံချန်မှာ လေပေါ်သို့ပြန်၍
မြစ်၏ တစ်ဘက်ကမ်းသို့ ရောက်သွားတော့သည်။

"ဟိုက် သေစမ်း..."

အုန်း...

လုံချန်သည် ဧရာမ တောင်ကြီးတစ်တောင် နှင့် ပစ်ဆောင့်မိ၏။ကျောက်တုံးအသေးကလေး များသည်
တောင်ကြီးပေါ်မှာ ဂလုန်း ဂလုန်း အသံများမြည်၍ ကျလာခဲ့သည်။တောင်အနီးအပါးမှ မြေ၀ပ်ငှက်များ
၀ုန်းကနဲ ထပျံသွားကြ၏။

မြစ်တစ်ဖက်ကမ်းမှ ကြည့်နေသူများမှာမူ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။တစ်မိနစ်ခန့် ဘာမှ
မပြောနိုင်ကြ။

"သူ..တစ်စစီ ဖြစ်ပြီး သေမသွားပါဘူးနော်" နောက်ဆုံးတွင် တစ်ယောက်သည် ရေရွတ်လိုက်၏။
သာမာန်လူတစ်ယောက်ဆိုလျှင် ဤအားဖြင့် တစ်စစီဖြစ်သွားလောက်ပေမည်။လုံချန်သည် ကျောက်
တောင်ကြီး၏ အောက်ခြေမှ လေးဘက်ထောက်ကာထွက် လာသည်။တံတွေးများကို အကြိမ်ကြိမ်ထွေး
ထုတ်ရ၏။သူ့ပါးစပ်ထဲ ၌ ကျောက်မှုန်များ ၀င်နေသလိုဖြစ်နေသည်။

"အ..လူအထင်ကြီးအောင်လုပ်ရတာ တယ်မလွယ်ပါလား" လုံချန်သည် သူ့ကိုယ်သူ ပြောနေသည်။
ထို့နောက် ဖုတ်ဖက် ခါ၍ လူအုပ်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။လုံချန် မြင်ကွင်းမှ ပျောက်
ကွယ်သွားသည်နှင့်လူတိုင်း သက်ပြင်းကိုယ်စီချမိကြသည်။သည်လူသား ကြောက်စရာကောင်းလွန်း
သည်။

"နေဦး စီနီယာအကိုကြီး လုံချန်က ငါတို့အတွက်သဲလွန်စ ထားခဲ့တယ်" တစ်ယောက်သည် ရုတ်တရက်
အော်ပြောလာသည်။

"ကျွတ်...ဘာသဲလွန်စလည်းကွာ ဒီနည်းကိုသာ သုံးရင် ငါတို့အကုန်လုံး စိစိညက်ညက် ကြေကုန်မှာ
ပေါ့ဟ" တစ်ယောက်က စိတ်မသက်မသာဖြင့်ပြန်ပြော၏။သည်နည်းဖြင့် သူတို့မည်သို့ လုပ်၍ ဖြစ်
မည်နည်း။

"မဟုတ်ဘူး တုတ်ချောင်းကိုကြည့်" ထိုလူသည် စိတ်လှုပ်ရှားစွာဖြင့် တုတ်ချောင်းကို ပြသည်။ထိုအရာ
သည် လုံချန် မြစ်တစ်ဖက် ကမ်းသို့မကူးခင် တမင်ပစ်ချ ပေးထားခဲ့ခြင်းဖြစ်သည်။ဤအရာသည်ဘာကို
ဆိုလိုမှန်း သူတို့မသိပေ။

"အာ...ဘာအနံ့လည်း" လူတစ်ယောက်သည် တုတ်ချောင်းအနီးသို့ ကပ်၍ ကြည့်သည်တွင် အလွန်
ဆိုးရွားသော အနံ့ကြောင့် ပျို့ပင် ပျို့လာသည်။ထိုလူသည် နှာခေါင်းကိုပိတ်၍ ထိုတုတ်ချောင်းကို မြေ
ပြင်မှ ဆွဲထုတ်ကြည့်ရာတွင် ဖြတ်ထားသောနေရာမှ အဝါရောင်အရည်များစီးထွက်ကာ အနံ့များ
ထွက်နေကြောင်းသိရ၏။

"အကိုလုံ ထားခဲ့တဲ့နည်းကို ငါသိပြီ" ထိုလူကပင် စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်လိုက်သည်။

သို့သော် ကျန် လူအုပ်သည် နားမလည်ကြသေးပေ။ထိုသူသည် တုတ်ချောင်း ကို အနည်းငယ်ဖြတ်၍
မြစ်ထဲသို့ ပစ်လိုက်သည်။မူလတွင် လွန်စွာ အစားသောင်းကျန်းသော ကျားပါးစပ်ငါးများမှာ တစ်
ကောင်တစ်မှီးမှပင် ပေါ်မလာချေ။သစ်သားပိုင်းလေးသည် ရေပြင်၌ ပေါလောမျောနေသည်။

ထိုမြင်ကွင်းကိုကြည့်၍ လူတိုင်းတက်ကြွသွားကြ၏။ကျားပါးစပ်ငါးများသည် ဤအနံ့မျိုးကို ရွံ့ရှာ
စက်ဆုတ် ပုံရသည်။တစ်နည်းအားဖြင့် ထိုသို့သော သစ်ပင်မျိုးကို ဖောင်ဖွဲ့၍ သွားသော် ကျားပါးစပ်
ငါးများ၏ အန္တာရာယ်မှ ကင်းပေမည်။

လူတိုင်းသည် လုံချန်ကို လွန်စွာကျေးဇူးတင်မိကြသည်။ယင်းသည် သူတို့၏ အနာဂါတ်များကို ကယ်
ဆယ်လိုက်သည်နှင့်မခြားချေ။လူတိုင်းသည် ထိုကဲ့သို့သော သစ်မျိုးကို ရှာ၍ စုပေါင်းကာ ဖောင်ဖွဲ့
ကြတော့သည်။

အမှန်တွင် ဤစမ်းသပ်မှုမှာ လွန်စွာရိုးရှင်းသည်။လုံချန် ထားခဲ့သော သစ်သားသည် သိုင်းသမားအများ
စုမသိသူ မရှိအောင် နာမည်ကျော်သည့် သစ်အမျိုးအစားဖြစ်သည်။သို့သော် အလိုလိုက်ခံထားရ၍ မင်း
သားမင်းသမီးများကဲ့သို့နေကြသော သည် လူငယ်များမှာကား သည်မျှ အသေးအဖွဲကလေးကိုပင် မသိ
ကြချေ။ထို့ကြောင့်ပင် လုံချန်သည် ယင်းတို့အား အသုံးမ၀င်သည့်သူများဟု ကင်ပွန်းတပ်ခြင်းဖြစ်သည်။

ဤကဲ့သို့ အသေးအဖွဲကလေးတစ်ခုတွင် ကျရှုံး၍ ထွန်းတောက်မည့် ပါရမီရှင်များ ဆုံးရှုံးသွားမည်ကို
နှမျော၍သာ လုံချန်သည် သဲလွန်စ ပေးခဲ့ခြင်းဖြစ်သည်။သည် သဲလွန်စ ကလေးကိုမှ နားမလည်နိုင်
လျှင် သိုင်းကျင့်စရာ မလိုတော့။ငါးစားဖြစ်ဖို့သာ တန်တော့သည်။

မြစ်ကိုဖြတ်ပြီးလျှင် လုံချန်သည် တောထဲတွင် ရတနာများ တွေ့နိုးဖြင့်ရှာလေသည်။သို့သော် သူ့၏ ကံ
ကောင်းမှုများကား ကုန်ဆုံးသွားပုံပင်။မည်သည့်ရတနာမျှ မတွေ့ဖြစ်နေသည်။

လတစ်၀က်ပင် ကုန်ပြီဖြစ်ရာ လုံချန်သည် မတတ်သာ တော့ပဲ နောက်ဆုံး စုရပ်သို့ မြေပုံအတိုင်းသွား
ရတော့သည်။သို့သော် ထိုစဉ်တွင် မြေကြီးသည် သွက်သွက်ခါ၍ တုန်ခါလာခြင်းကို ခံစားရကာ တစ်
ချိန်းတည်း၌ ကြောက်မက်ဖွယ်ရာ အော်ရာ တစ်ခုကို အာရုံခံမိလေတော့၏။

PATRIARCH MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(155)ဂမ္ဘီရသစ်သီး

"ဒါက မဟာပါရမီ့ရှင်တစ်ယောက်ရဲ့ အော်ရာပါလား" လုံချန် အံ့အားသင့်သွားသည်။ယင်းအော်ရာ
သည်အလွန်ပြင်းထန်၍ တိမ်ထုထဲသို့ရောက်သည့်တိုင်အောင် ထိုးတက်လျှက်ရှိသည်။မဟာပါရမီ့
ရှင်များတွင်သာ ထိုမျှ အင်အားပြင်းသော အော်ရာမျိုးရှိကြ၏။

ထို့ပြင် ယင်းအော်ရာမှာ လီရှင်းရှောင်နှင့် ထန်၀မ်အာတို့တိုက်ခိုက်စဉ်က ထက်ပင် ပို၍ ပြင်းထန်နေ
သည်။

"ငါ သွားကြည့်မှပဲ" လုံချန်သည် ခြေလှမ်းများကို သွက်သွက်လှမ်းလိုက်၏။သို့သော် ထိုနေရာသည်
လွန်စွာဝေးလှသည်ဖြစ်ရာ နှစ်နာရီခန့် အပြင်းသွားမှာသာ အနည်းငယ်နီးကပ်လာခဲ့သည်။

"မဟုတ်သေးဘူး...တိုက်ပွဲက ဒီလောက်တောင်ပြင်းထန်လား"  ရှေ့တွင် တွေ့ရသည်မြင်ကွင်းကြောင့်
သူ ကြက်သေသေရသည်။လီရှင်းရှောင် ချီရှင် ယွဲ့ဇူဖုန်း ထန်၀မ်အာ နှင့် ယဲ့ထင်းချုံ တို့ ငါး
ယောက်စလုံးရှိနေကြသည်။မယုံနိုင်စရာ တစ်ခုကောင်းသည်မှာ ၎င်းတို့သည် အဖွဲ့နှစ်ဖွဲ့ ဖွဲ့ရဲ့ တစ်
ဘက်နှစ်တစ်ဘက် အပြင်းအထန် တိုက်ခိုက်နေကြခြင်းဖြစ်သည်။သူတို့၏ တိုက်ခိုက်မှုကြောင့် မြေပြင်
သည် တသိမ့်သိမ့် တုန်လျှက်ရှိ၏။

ယင်းတို့မှာ အဖွဲ့နှစ်ဖွဲ့အဖြစ်တိုက်ခိုက်လျှက် ရှိရာ ထန်၀မ်အာနှင့် ယဲ့ထင်းချုံက တစ်ဖွဲ့ဖြစ်သည်။လီရှင်း
ရှောင် ချီရှင်နှင့် ယွဲ့ဇူဖုန်းတို့ကလည်း အစွမ်းကုန်တိုက်ခိုက်လျှက်ရှိသည်။ဓားအားလှိုင်းများသည် နေရာ
အနှံ့သို့ ပျံကျဲထွက်လျှက်ရှိသကဲ့သို့ မိုးခြိုးသံများသည်လည်း မကြာခဏကြားရ၍ လျှပ်စီးများ ၀င်းကနဲ
၀င်းကနဲ လက်သွားလေ့ရှိသည်။

ဤတစ်ကြိမ်သည် လုံချန်အဖို့ ယွဲ့ဇူဖုန်း တိုက်ခိုက်သည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။သူ၏ ဓား
ရှည်ကြီးမှထွက်လာသော အလင်းတန်းကြီးသည် မီတာသုံးဆယ်ခန့်ရှိကာ လေထဲတွင် တစ်ရွှီရွှီမြည်လျှက်
ရှိသည်။ထန်၀မ်အာ၏ ဘေးပတ်လည်တွင်လည်း လေဓားများစွာဖြစ်ပေါ်နေရာ ပန်းပွင့်များပွင့်နေသကဲ့
သို့ရှိ၍ တစ်ဘက်ရန်သူ၏ တိုက်ခိုက်မှုကို ပြင်းထန်စွာခုခံလျှက်ရှိသည်။

ထန်၀မ်အာ၏ ဘေး၌မူ ယဲ့ထင်းချုံရှိသည်။သူမ၏ လက်ဖဝါးသည် ရေခဲလွှာများဖုံးအုပ်နေပြီး လက်
တစ်ချက်ဝေ့ယမ်းသည့်အခါတွင် ကောင်းကင်ထက်၌ ပုံရိပ်ယောင် များဖြင့် ပြည့်နှက်သွားတတ်
၏။ယင်းပုံရိပ်ယောင်များကား ရေခဲချီ စွမ်းအင်မှ ဖြစ်ပေါ်လာခြင်းဖြစ်လေသည်။

သုံးယောက်နှစ်ယောက်တိုက်ခိုက်နေလင့်ကား ချီရှင်တို့အဖွဲ့မှာ သူမ၏ ရေခဲချီ စွမ်းအင်ကို လွန်စွာ
သတိထား၍ တိုက်ခိုက်နေရသည်။

"ဒီနေရာကို မဟာပါရမီ့ရှင်ငါးယောက်က ခိုးချောင်ခိုးဝှက်နဲ့ရောက်နေတာကိုး နံပါတ်တစ်နေရာ
ရာအတွက် သူတို့က တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေတာလား" သို့သော် လုံချန်သည် ထို
သို့လည်းမထင်ချေ။ပတ်၀န်းကျင်ကို အကဲခတ်ရာမှ သူ့အကြည့်သည် မလှမ်းမကမ်းတွင် ရှိသော
ဂူတစ်လုံးထံသို့ရောက်သွားသည်။

"သြ .. ဒါ့ကြောင့်ကိုး" ဂူသည် အလယ်အလတ်အရွယ်ရှိ ဂူတစ်လုံးဖြစ်သည်။ဂူထဲတွင် ပင်ပျိုကလေး တစ်
ပင်ရှိရာ တစ်လုံးထဲသော အသီးကလေးလည်း သီးလျှက်ရှိသည်။ယင်းကား ဂမ္ဘီရ သစ်သီးပင်ဖြစ်သည်။
သူတို့တိုက် ခိုက်နေကြသည်မှာ အဆန်းမဟုတ်တော့ပေ။ဂမ္ဘီရ သစ်သီးသည် လွန်စွာရှားပါးလှသည့်
ရတနာဖြစ်၏။

ထိုဂမ္ဘီရသစ်ပင်သည် သုံးနှစ်တွင် တစ်ကြိမ်သာ အသီးသီးလေ့ရှိပြီး အသီးသီးမှည့်သည်နှင့် အပင်သည်
တခဏခြင်း သေဆုံးသွားတတ်သည်။ထို့ကြောင့် အသီး သီးသည်နှင့် 2 နာရီအတွင်း အသီးကိုရ
အောင်ခူးယူရ၏။မခူးယူနိုင်သော် အသီးသည် ပုပ်သွားတတ်သည်။

ယင်းအသီး၏ အာနိသင်သည် ဂန္ဓဗ သရက်သီးကဲ့သို့ပင် လူမစားရ၊နတ်များသာ စားရသည်ဟု ပြော
ရလောက်အောင် လွန်စွာအစွမ်းထက်လေသည်။ယင်းသစ်သီးကား သွေးနှောသိုင်းသမားတစ်ယောက်
အား ကျင်ကျီအဆင့်သို့ အပြည့်စုံ ဆုံး အဆင့်ဖြင့်တက်သွားနိုင်အောင် ပြုလုပ်ပေးနိုင်ရန် ရာခိုင်နှုန်း
အလွန်မြင့်မားသည်။

ပြည့်စုံစွာဖြင့် အဆင့်တက်ရန်သည် များစွာသော သိုင်းသမားတို့၏ အိပ်မက်ဖြစ်သည်။သိုင်းလေ့ကျင့်
ခြင်းသည် မိုးမျှော်တိုက် တစ်လုံးဆောက်သည် နှင့်တူသည်။အခြေခံကို ခိုင်အောင်ဆောက်မှသာ
အထက်သို့ တက်၍ ရနိုင်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် စိတ်ဝိညာဉ်အရင်းအမြစ် ငွေအဆင့်ရှိသူတစ်ယောက်သည် အပြည့်စုံဆုံးအဆင့်
ဖြင့် သိုင်းအဆင့်တက်နိုင်စွမ်းရှိ၏။သို့သော် ဖြစ်နိုင်ချေမှာ သုံးဆယ်ရာခိုင်နှုန်းသာရှိရာ ဤ ဂမ္ဘီရ သစ်
သီးကို စားခဲ့လျှင် အဆင့်တက်နိုင်စွမ်းကား 70 ရာခိုင်နှုန်းထိ ရှိသွားမည်ဖြစ်လေသည်။

ထို့ကြောင့်ပင် ဤ မဟာပါရမီ့ရှင်ကြီးများသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြခြင်းဖြစ်သည်။၎င်းတို့
၏ သိုင်းအဆင့်များကို တမင်အဆင့်နှိမ့်ထားခြင်းသည် ဤ ဂမ္ဘီရ သစ်သီးကြောင့်ပေလော။ထို့နောက်
မဟာပါရမီ့ရှင် ငါးယောက်သည် ဂူနှင့်အတန် ဝေးသည့်နေရာတွင် တိုက်ခိုက်နေခြင်း ဖြစ်သည်ကို လုံ
ချန်က အံ့အားသင့်စွာဖြင့်နားလည်ခဲ့ရသည်။

အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို ရှာဖွေလျှင် ဂူအပေါ်၌ အထက်ပါအတိုင်းရေးထားသည့် စာ
တစ်ကြောင်းကို တွေ့ရတော့သည်။

ဤသစ်ပင်အား ပျက်ဆီးအောင် လုပ်သူသည် မလွဲဧကန် သေပွဲ၀င်ရလိမ့်မည်။

အဓိပ္ပါယ်သည် ရှင်း၏။ထိုစားလုံးကို သတိပေးသည့် အနေဖြင့် ခပ်ထူထူ ရေထားခြင်းဖြစ်သည်။

ဤ ဂမ္ဘီရ သစ်သီးမှာ ရွှမ်ရှင်းတွင် တစ်ခုထဲရှိသော ရတနာတစ်မျိုးဖြစ်သည်ဟု လုံချန် နားလည်
သည်။ထို့ကြောင့်ပင် ရွှမ်ရှင်းသည် ၎င်းတို့၏ ဂိုဏ်း၀င်ခွင့်ကို သုံးနှစ်လျှင် တစ်ကြိမ်သာ ကျင်းပခြင်း
ဖြစ်ကောင်းဖြစ်ပေမည်။

ယဲ့ထင်းချုံနှင့် ထန်၀မ်အာသည် အတူတကွ တိုက်ခိုက်နေသည့်တိုင် အရေးနိမ့်လျှက်ရှိပြီးနောက်သို့
တစ်လှမ်းခြင်း ဆုတ်နေရသည်။လုံချန်သည် တင်္ဂ တွေဝေနေသည်။သည်အတိုင်းကြည့်နေလျှင်
လည်းမသင့်တော်ချေ။မည်သို့ဆိုစေ သူက ယဲ့ထင်းချုံနှင့် ထန်၀မ်အာကိုတော့ ပို၍ ရင်းနှီးမှုရှိသည်။

အကယ်၍ သူသည် ထိုမိန်းမလှကလေးနှစ်ယောက်အား ဂရုမစိုက်ဘူးဆိုလျှင်ပင် လီရှင်း
ရှောင်နှင့် ချီရှင်ကို တိုက်ခိုက်လိုသေးသည်။ထိုနှစ်ယောက်ကား သူ၏ ကမ္ဘာရန်ဖက်များသာ ဖြစ်
ရာ ဂမ္ဘီရ သစ်သီးကို ထိုနှစ်ယောက်ရသွားခဲ့လျှင် သူ့ဘက်မှ ကျိန်းသေ နစ်နာလိမ့်မည်ပင်။

"ဟေ့ကောင်တွေ မင်းတို့က ယောကျာင်္းရင့်မာ ကြီးတွေ ဖြစ်ပြီးတော့ ဘာလို့မိန်းကလေးနှစ်ယောက်ကို
နေ့ခင်းကြောင်တောင် အနိုင်ကျင့်နေရတာလည်း အခုငါရောက်လာပြီလေ မရပ်ကြသေးဘူးလား"

လုံချန်သည် ကားကား ကားကား နှင့်လျှောက်လာပြီး အော်ဟစ်လိုက်သည်။ထို့ပြင် သိုင်းထိပ်သီးတစ်
ယောက်၏ ဟန်ပန်ဖြင့် သူ၏ လက်ကိုလည်း နောက်သို့ပစ်ထားသေးသည်။လုံချန်၏ အသံကို ကြား
သည်နှင့် ချီရှင်၏ မျက်နှာမှာ မဲမှောင်သွားလေသည်။သူသည် ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်တုန်ယင်ယင်
ဖြစ်နေပါ၏။

ထိုအသံကို အရိုးစွဲအောင် သူမှတ်မိသည်။

"လုံချန်"  ချီရှင် နှင့် လီရှင်းရှောင်တို့ နှစ်ယောက်သည် လုံချန်၏ နာမည်ကို သွားကြားမှ ထွက်သော
လေသံဖြင့် ရေရွတ်မိကြသည်။ထန်၀မ်အာမှာမူ လုံချန်ကိုမြင်သည်တွင် အံ့အားသင့်ရသလို လှိုက်ကနဲ
လည်းပျော်မိသွား၏။

လုံချန်သည် ထန်၀မ်အာကို မျက်စိတစ်ဖက်မှိတ်ပြကာ ချီရှင်နှင့် လီရှင်းရှောင်ဘက်သို့လှည့်
သည်။

"မင်းတို့နှစ်ကောင်ဟာ အတော်ယုတ်မာတာပဲ ငါက ဒီအနီးအပါးကို ဟိုဟို သည်သည် လိုက်ကြည့်
နေတာ အခုတော့ မိုးကောင်းကင် ကိုယ်စား ငါက မင်းတို့နှစ်ကောင်ကို အပစ်ပေးရလိမ့်မယ်"

လုံချန်၏ စကားသည် လီရှင်းရှောင်နှင့် ချီရှင်ကိုသာရည်ရွယ်သည်။ယွဲ့ဇူဖုန်းမှာမူ သူနှင့် မည်သည့်
အာဃတ တရားမှ မရှိရာဤကိစ္စထဲသို့ ဆွဲထည့်စရာမလိုချေ။

သည် ကောင်စုတ်က နည်းနည်းမှပင် အကြောက်အလန့်မရှိဘူးလား။ထန်၀မ်အာသည် ခစ်ကနဲရယ်
လိုက်မိ၏။သူမက လုံချန်ကို ပြောသည်။

"မိုးကောင်းကင်အစားပြစ်ဒဏ်ပေးဖို့မလိုပါဘူးရှင်...ဂူကိုပဲသွား ဂမ္ဘီရသစ်သီးက မှည့်တော့မယ်
ခပ်စောစောခူးနိုင်မှဖြစ်မယ်"

လုံချန်သည် အစွမ်းထက်သည်ဟု သူမသိသည့်တိုင် ဤမဟာပါရမီ့ရှင်များဖြင့် မယှဉ်နိုင်ကြောင်းကို
လည်းသဘောပေါက်လေသည်။ယခုကဲ့သို့ ဂမ္ဘီရ သစ်သီးအတွက် အပြင်းအထန်တိုက်ခိုက်နေချိန်တွင်
လုံချန်ဒဏ်ရာရသွားမည်ကို သူမစိုးရိမ်သည်။

"ကောင်းသားပဲ...မင်းအရင်သေသွားရင်ကော ဘယ်လိုလည်း"

ချီရှင် ဒေါသတကြီးအော်ဟစ်လိုက်၏။ထို့နောက်တိုက်ပွဲထဲမှ ထွက်၍ လုံချန်ထံဦးတည်ပြေး၀င်သွား
သည်။ပျားရည် ကိစ္စကိုတွေးမိသည့်အခါတိုင်း သူသည် ရူးမတတ်ဒေါသထွက်ရသည်။အချိန်ကြာမြင့်စွာ
အပင်ပမ်းခံ၍ ကြံစည်ရခဲ့သမျှ အောင်မြင်ခါနီး၌ အကျိုးအမြတ်ကို လုံချန်သည် ကြားထဲမှ ဖြတ်ခုတ်
သွားခဲ့သည်။

နောက်ပိုင်း၌ တစ်ကယ့် ဝေစန် အစစ်နှင့်သာ မတွေ့ခဲ့လျှင် ပျားရည်များကို ခိုးသွားသူအား သူ သိမည်
ပင်မဟုတ်သေးပေ။သူ၏ အဖွဲ့တစ်ခုလုံးကို လုံချန်က ကောင်းကောင်းကစားသွားခဲ့၏။သူသည် လုံချန်
ကို အစိမ်းလိုက်မျိုချ ချင်နေပါ၏။

ထို့ပြင် ဤမျှ ဆုံးရှုံးမှုကြီးမားသွားရသည့်အဖြစ်ကို အပြင်တွင်လည်း သူ ထုတ်မပြောရဲခဲ့ပေ။

"မင်းလို မိစ္ဆာကောင်က ငါ့ကို ဒီလိုမျက်၀န်းတွေနဲ့ကြည့်ရဲ့လား မင်းကိုတော့ ကောင်းကင်ကိုယ်စားအပြစ်
ပေးမှနဲ့တူတယ်" လုံချန်သည် ချီရှင်ကို လက်ညှိုးထိုး၍ ပြောသည်။

"သွားသေလိုက်တော့" ချီရှင်၏ မျက်နှာသည် အစိမ်းရောင်သို့ ပြောင်းသွားသည်။တစ်ဆက်ထဲ လက်
ထဲ၌ လည်း ရေဓား တစ်ချောင်းပေါ်လာ၏။သူသည် ထိုဓားဖြင့် လုံချန်ကို အညှာအတာမဲ့စွာ ပိုင်းချ
လိုက်၏။

ထိုလက်နက်သည် ရေစွမ်းအင်မှဖြစ်ပေါ်လာသော လက်နက်ဖြစ်သော်လည် အစောပိုင်းက တိုက်ပွဲ
တွင် အသုံးပြုခဲ့သော လက်နက်ဖြင့်မတူ။ယခု တိုက်ခိုက်မှုမှာပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။
သူသည် လုံချန်ကို အမှန်ပင် သတ်ချင်နေခြင်းဖြစ်သည်။

"သတိထား" ထန်၀မ်အာက လုံချန်ကို အော်ဟစ်၍ သတိပေးသည်။ချီရှင်သည် သည်မျှလောက်
ရူးသွပ်စွာတိုက်ခိုက်လိမ့်မည် ဟု သူမမထင်ထားမိပေ။သူမကော ယဲ့ထင်းချုံပါ အံ့အားသင့်ကြရပါ
သည်။လုံချန်နှင့် ချီရှင်တို့ကြား ဘာဖြစ်ခဲ့သည်ကို သူမတို့မသိသော်လည်း လုံချန်ကို သွားကယ်တင်
ရန်မှာမူ သူမတို့အတွက်နောက်ကျသွားချေပြီ။

"မင်းတောင် မသေ သေးမှတော့ ငါက ဘာ့ကြောင့်သေရမှာလည်း" လုံချန်သည် သိုလှောင်လက်စွပ်
ထဲမှ အနက်ရောင်လှံကို ထုတ်ယူသည်။ယင်းလက်နက်မှာ သူအတော်ကလေး သဘောကျသည့်
လက်နက်ဖြစ်ပြီး ကီလို 3000 ခန့်အလေးချိန်ရှိ၏။ထိုအချိန်တွင် သူ၏ စွမ်းအင်များကို ထိန်းချုပ်မထား
တော့။ဖုန်ဖူကြယ်မှာ ပြင်းထန်စွာ လည်ပတ်၍ အိပ်မောကျနေသော ခြင်င်္သေ့ကြီးတစ်ကောင် ရုတ်
တရက်နိုးလာသကဲ့သို့ အော်ရာများ ကား ဝုန်းကနဲ ထိုးတက်လာသည်။

၀ုန်းးးးး ......

ကြောက်မက်ဖွယ်ရာ စွမ်းအင်နှစ်ခု ထိတွေ့မိကြ၏။နှစ်ဘက်စလုံးနောက်သို့ မီတာ အတော်များ
များရောက်အောင်ဆုတ်လိုက်ကြရသည်။လုံချန်သည် သူ၏ လှံဖြင့် ညွှန်ပြရင်း ပြောလိုက်သည်။

"ပြန်လာခဲ့စမ်း"

ဤတိုက်ခိုက်မှုကို လူတိုင်းအံ့အားသင့်ကြရသည်။နောက်ဆုံးတွင် လုံချန်သည် သူ၏ အစစ်အမှန်သိုင်း
ပညာကို လျှိုထားခြင်းဖြစ်သည်ဟု လူတိုင်းသဘောပေါက်သွားကြသည်။အစောပိုင်းက  တိုက်ခိုက်
မှုတွင် ချီရှင်သည် အစွမ်းကုန်တိုက်ခိုက်ခဲ့သော်လည်း လုံချန်ကား ဒဏ်ရာအနည်းငယ်မျှပင် ရသွားပုံ
မပေါ်ပေ။

"ဒီကောင်က ဒီလောက်တောင်ကြောက်စရာကောင်းတာလား" ထန်၀မ်အာ အံ့သြနေသည်။သူမ ရင်
တွေသိပ်ကို ခုန်နေ၏။သူမရှေ့မှ သူသည် သူမသိခဲ့သည့် လုံချန်ပင် ဟုတ်ပါလေစ။တုန်လှုပ်မှုနှင့်
ဒေါသသည် ချီရှင်၏ မျက်နှာထက်တွင် အတိုင်းသားပေါ်နေသည်။သို့ရာတွင် လုံချန်၏ မခိုးမခန့်စ
ကားကို ကြားလျှင် ဒေါသထွက်လွန်းသဖြင့် စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း ပျောက်ဆုံးခဲ့ရတော့သည်။

သူသည် လက်ထဲမှကိုင်ထားသော ဧရာမ ဓားရှည်ကြီးဖြင့် လုံချန်ကို ပိုင်းချလိုက်ပြန်ပါသည်။

"ဟားဟား ပြောတဲ့အတိုင်းလုပ်တယ်ဟ ... လာဆိုတာနဲ့လာတော့တာပဲ လိမ္မာလိုက်တဲ့ခွေးလေး"

လုံချန်သည် လှမ်းကို ဝေ့ယမ်းရင်း သူ၏ ချီဓာတ်တစ်ခုလုံး ပွင့်ထွက်လာလေသည်။ဤတစ်ကြိမ်မှာ
ရွှမ်ရှင်းသို့ရောက်သည်မှ စ၍ ပထမဆုံးအကြိမ်အဖြစ် သူ့တွင်ရှိသမျှ စွမ်းအားများကို အစွမ်းကုန်
အသုံးပြုဖူးခြင်းဖြစ်လေသည်။သွေးနှောအဆင့်သို့ရောက်သည်မှ စကာ တစ်ဆင့်တက်တိုင်း
တက်တိုင်း သူ့၏ တန်ခိုးများ လျှင်မြန်စွာ တိုးပွားလာနေသည်ကို လုံချန် ခံစားရသည်။သို့သော်
သူသည် မည်သည့်အဆင့်ကို ရောက်နေမှန်းကိုတော့ သူကိုယ်တိုင်ပင် မသိချေ။

၀ုန်း...ဝုန်း...ဝုန်း...

သူတို့နှစ်ယောက်သည် ကြမ်းတမ်းစွာ တိုက်ခိုက်ကြ၏။ချီရှင်သည် ဒေါသထွက်လွန်းစွာဖြင့် လုံချန်ကို
အမှုန့်ချေရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်သကဲ့သို့ လုံချန်ကလည်း လှံကို ကိုင်စွဲ၍ လူရိုင်းတစ်ယောက်
ကဲ့သို့ပြင်းပြင်းထန်ထန်တိုက်ခိုက်လျှက်ရှိ၏။

သူတို့နှစ်ယောက်၏ တိုက်ပွဲမှာပြင်းထန်နေသော်လည်း တစ်ဖက်က တိုက်ပွဲကမူ အရှိန်အနည်းငယ်
ကျလာသည်။မဟာပါရမီ့ရှင်လေးဦးလုံးမှာ သူတို့နှစ်ယောက်၏ တိုက်ပွဲကို အာရုံစိုက်နေကြလေ
သည်။

ထိုအထဲ၌ အံ့အားအသင့်ဆုံးသူသည် လီရှင်းရှောင်သာ ဖြစ်လိမ့်မည်။လုံချန်၏ ခန္ဓာကိုယ်ထဲသို့ မိုးကြိုး
ဓာတ်ထည့်ပေးလိုက်သည်ကို သူအမှတ်ရသည်။ထန်၀မ်အာ၏ ကူညီမှုဖြင့်ပင် လုံချန်သည် ခန္ဓာကိုယ်
ထဲမှ မိုးကြိုးဓာတ်ကို ထုတ်ပယ်နိုင်ရန် တစ်လခန့်အချိန်ယူရမည်ဟု သူက ယူဆသည်။

ထိုသို့ မိုးကြိုးဓာတ်ကို ခန္ဓာကိုယ်မှ ထုတ်ပယ်နိုင်လျှင်ပင် နောက်ဆက်တွဲ ဒဏ်ရာများကျန်ရစ်ခဲ့ဦး
မည်။ထိုဒဏ်ရာများမှ ပြန်ကောင်းရန် အချိန် အလွန်အမင်းကြာမြင့်လေသည်။သို့သော် ယခု လုံချန်ကို
ကြည့်ရသည်မှာ မည်သည့်ဒဏ်ရာမှ ရနေသည့်ပုံမပေါ်။တွေးရလွန်စွာကျပ်လှသည်။

အုန်း....။

သူတို့နှစ်ယောက် တိုက်ခိုက်နေသည်မှာ တစ်နာရီတိတိရှိပြီဖြစ်ကာ တိုက်ပွဲသည် မပြီးဆုံးသေးချေ။

ယခုတစ်ကြိမ်သည် နောက်ဆုံး အကြိမ် ရင်ဆိုင်မှုဖြစ်၏။နှစ်ယောက်စလုံးအနောက်သို့ အနည်းငယ် ဆုတ်
သွားကြသည်။

"ဟမ့်..မင်းအခု အားကုန်ပြီမလား" ချီရှင်သည်ရေခဲတမျှ အေးစက်သည့်လေသံဖြင့်ပြော၏။

"ကျွတ်..ဒီလောက်လေးနဲ့များ သုံးရက်သုံးည လောက် ငါ ဆက်တိုက် တိုက်ခိုက်နိုင်တယ်
ကွ ဒါက ဘာမှ မဟုတ်သေးဘူး" လုံချန်သည် အထင်အမြင်သေးဟန်ဖြင့်ကြည့်၍ ခပ်ကြွားကြွား
ကလေး  ပြောလိုက်၏။

"ဟမ့် ဒါဆို  မင်း ဘာလို့ဟောဟဲ လိုက်နေတာလည်း" ချီရှင်သည် သူ့စကားကို မယုံပေ။

"ငတုံး..ဘယ်မှာ ဟောဟဲ လိုက်နေလို့လည်း ဒါက အသက်ရှုနည်းတစ်မျိုးကွ ဒီနည်းနဲ့ရှုရင်
သိုင်းကျင့်စဉ်ကို လျှင်မြန်စေတယ် မင်းလို ငတုံးမျိုးက ဒီလိုနက်နဲတဲ့ နည်းမျိုးကို လည်းနားလည်
နိုင်မှာမဟုတ်ပါဘူး ရှင်းပြလည်း အလကား ကျွဲပါးစောင်းတီးပဲ ဖြစ်မှာ..." လုံချန်သည် ပါးစပ်ထဲတွေ့က
ရာများကို ပြန်ပြောလိုက်သည်။

သို့သော် အမှန်တွင် အလွန်မောပန်းနေပြီဆိုခြင်းကို လုံချန်၀န်ခံရမည်။မဟာပါရမီ့ရှင်များကား လွန်စွာ
ကြောက်မက်ဖွယ်ကောင်းလှကာ သာမာန်လောကမှ ကျင်ကျီသိုင်းသမားများကို အလွယ်ကလေး သတ်
ပစ်နိုင်စွမ်းကြလေသည်။

"ဟေ့ကောင် မင်းရဲ့ ပေါက်ကရစကားတွေကို တောမှာသွားပြောလိုက်...မင်းကို ငါသတ်ဖို့မဆုံးဖြတ်
ထားပေမယ့် ဒုက္ခိတ ဖြစ်သွာအောင်တော့လုပ်ရမယ်" ချီရှင်သည် အော်ဟစ်ကြုံးဝါး၍ သူထံပြေး၀င်လာ
သည်။

"မင်းရဲ့အိပ်မက်က ခမ်းနားပေမယ့် စိတ်မကောင်းပါဘူး မင်းရဲ့အိပ်မက်က တစ်ကယ်ဖြစ်လာမှာမှ
မဟုတ်တာ" လုံချန်ကလည်း လှံဖြင့် ပြန်ထိုးလိုက်၏။သို့သော် ရုတ်တရက် လွန်စွာမွှေးပျံသည့်
ရနံ့တစ်ခု သည် လေနှင့်အတူ ပျံ့လွင့်လာသည်။လုံချန် တုန့်ကနဲရပ်သွား၏။ဂမ္ဘီရ သစ်သီး မှည့်ချေပြီ။

PATRIARCH MK AUNG

Continue Reading

You'll Also Like

31.4K 1.2K 23
Basically, the sin of sloth got transported to the world of demons, reapers, and angles by her littler brother greed. Let's see how sloth have a new...
13.3K 255 9
After being died because of his Differences, he was send to hell and luckily meet the princess of hell & others, together they will make sure everyon...
21.1K 443 42
What If Chloe lukasiak has a twin sister who is the favorite?
11.5K 248 20
Idk first story so please be nice