ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

101K 14.1K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
Part 96
Part 97
Completed in Telegram

Part 20

1.3K 231 1
By Swae_Nyoe

20 01

အပိုင်း (၂၀) နတ်ဘုရားဖြစ်လာမည့် လမ်းစ

တစ်ဖက်လူမှာ အလွန်လူသိများ ကျော်ကြားသော အဖွဲ့ကြီးဖြစ်ကာ သူတို့အဖွဲ့သည် <Tomorrow>ဂိမ်း၏ ဆာဗာတိုင်းတွင် အဖွဲ့ဖွဲ့ထားရုံသာမက ဂိမ်းအတော်များများတွင်လည်း လွှမ်းမိုးမှုအားကောင်းသော အဖွဲ့ဖြစ်သည်။ သူတို့သည် အလုံးအရင်းလိုက် ဝယ်ယူတတ်ကြပြီး ဘာမှမဟုတ်သလို ငွေရှင်းတတ်ကြသည်။ သူတို့သည် ကုန်ပစ္စည်းလက်ထဲ ရောက်သည်နှင့် ကျန်းကျိရင်ကို ငွေတန်ချေခဲ့သည်။

ကျန်းကျိရင်အား အခြားသော ကုန်ကြမ်းပစ္စည်းများ ရလာလျှင် သူတို့အား အရင်ရောင်းရန် သဘောတူညီချက်တစ်ခု ပေးရန်လည်း ပြောခဲ့သည်။ ကျန်းကျိရင်သည် ပူပူနွေးနွေးရလိုက်သော ယွမ်ငါးထောင်ကို ကြည့်၍ လက်များပင် တုန်လာသည်။ ဤစီးပွားရေးငွေချေမှုတစ်ခုတည်းက ယခင်က ဂိမ်းထဲတွင် ရင်းနှီးမြှုပ်နှံခဲ့သော အချိန်များ ငွေများကို ပြန်ရလိုက်သလိုပင်။ ကျန်းကျိရင် ငွေချေပြီးသည်နှင့် သူ၏ နှင်းကျားသစ်ကြောင်မွှေးတို့ကို ဆိုင်တွင် ချိတ်လိုက်သည်။

နှင်းကျားသစ်ကြောင်မွှေးတို့က လက်သည်းလောက် လူကြိုက်မများသော်ညလ်း ၎င်းတို့ကို ရေခဲဒြပ်ခံ သို့ ရေဒြပ်ခံ ချပ်ဝတ်လှလှ လုပ်၍ရသည်။ ထို့ကြောင့် နှင်းကျားသစ်ကြောင်မွှေးတို့သည် အမျိုးသမီးစက်ချုပ်သူများ၏ သဘောကျနှစ်ခြိုက်မှုကို ခံရသည်။ နှင်းကျားသစ်ကြောင်မွှေးများအားလုံး ရောင်းထွက်သွားပြီး ငွေအမောင့်နည်းနည်းတိုးလာဖို့ သိပ်မကြာလိုက်ပေ။

ထို့နောက် ဆေးမီးဖိုကိုထုတ်၍ ဆေးဝါးများ သန့်စင်တော့သည်။ မွေးကင်းစ အိမ်မွေးတိရစ္ဆာန်များ ဖွံဖြိုးလာစေမည့် ဆေးလုံးများ ဖော်စပ်နေရင်း သူ၏ ဆေးဖော်စပ်ခြင်းစွမ်းရည်က Level 3 ရောက်သွားသည်။ ယခုတွင် Level 2 ပိုင်ဟော်ဆေးလုံးကို ဖော်စပ်လျှင် အောင်မြင်နိုင်မည့် ရာနှုန်းမှာ ခုနှစ်ဆယ်မှ ရှစ်ဆယ်အထိ ရှိနေပြီဖြစ်သည်။ ပုလင်းနှစ်ဆယ်လောက် ဖြည့်ပြီးသွားပြီးနောက် သူသည် ထိုဆေးများအားလုံးကို ဆိုင်တွင်တင်လိုက်ပြီး ခနလောက်နားလိုက်ကာ ဆက်သွားလေသည်။

အချိန်က တကယ့်ကမ္ဘာအစစ်မှာတုန်းကလိုမျိုး မကုန်လျှင်ပင် တကယ်တမ်းတွင် သူသည် ဤနဂါးမျိုးတုံးချိုင့်ဝှမ်းတွင် နေနေရသည်မှာ နှစ်ဝက်လောက်ရှိပြီဖြစ်သည်ကို တွက်မိခဲ့ပြီးဖြစ်သည်။ အကယ်၍ သူသာ ယခုအချိန် နဂါးမျိုးတုံးချိုင့်ဝှမ်းမှ ထွက်သွားနိုင်ခဲ့မည် ဆိုပါက မိုးတိမ်မဟာမိတ်တပ်ပေါင်းစု တည်ထောင်ခြင်း ဖြစ်စဉ်ကို မှီသွားမည်ဖြစ်ပြီး လူသားအဖွဲ့အစည်းများ အချင်းချင်း တိုက်ခိုက်ကြမည့် စစ်ပွဲကိုလည်း မှီနိုင်မည်ဖြစ်သည်။

ဤထူးဆန်းသော <Tomorrow> ကမ္ဘာအစစ်အမှန်တွင် မည်သည့်အချိန်ထိ နေရဦးမည်ကို သူမသိပေ။ သို့သော် ဤကမ္ဘာတွင် ဆက်၍ ရှင်သန်ရုန်းကန်မည်ဆိုလျှင် လူ့အသိုင်းအဝိုင်းနှင့် ကင်းကွာနေ၍ မသင့်ပေ။ သူသာ လူတိုင်းနှင့် သင့်မြတ်အောင် ကောင်းကောင်းနေချင်သည်ဆိုလျှင် အခြေစိုက်စခန်းတစ်ခုခုကို သွားဂျွိုင်းခြင်းက ပိုကောင်းမည်ဖြစ်ပြီး အနာဂတ်တွင် ထိုမဟာမိတ်အဖွဲ့၏ တည်ထောင်သူအဖွဲ့ဝင်တစ်ယောက် ဖြစ်လာသည်အထိ ကြိုးစားရမည်။

ထို့ကြောင့် မဟာမိတ်တစ်ခုခုကို ရှာတွေ့သည့်အချိန်တွင် သူ ကောင်းကောင်းကြီး စွမ်းဆောင်ပြပြီး မဟာမိတ်၏ ကျောရိုးဖြစ်လာသည်အထိ ကြိုးစားရမည်။

ထိုနောက်ပိုင်းတွင်..... သူ၏ ဂိမ်းထြမှ အချိန်အများစုကို NPCs များလို ရှင်သန်ရင်း ကုန်ဆုံးသွားရမည်။

ဘေးကင်းဇုံထဲမှ နဂါးမျိုးတုံးချိုင့်ဝှမ်း မြောက်ပိုင်းကို စတင်ထွက်ခွာလာသည်။ လမ်းတစ်လျှောက်တွင် မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်ပြီး တစ်လမ်းလုံး သလင်းအမြုတေများကို စုပ်ယူလာသည်။

လတ်တလောတွင် သူ' စွမ်းရည်မှာ အဆင့်သုံးရောက်နေပြီဖြစ်ပြီး အဆင့် လေးနှင့် အတော်လေး နီးကပ်နေပြီဖြစ်သည်။ နောက်ထပ် မွန်းစတားနှစ်ကောင်လောက်သတ်ပြီးသာ အမြုတေ စုပ်ယူလိုက်လျှင် နောက်တစ်ဆင့်ကို ချက်ချင်းတက်သွားနိုင်မည့် ခံစားချက်မျိုးလည်း ရနေသည်။

သူ၏ "နောက်ဆုံးသောနေ့ရက်များမှ သစ္စာတရား" ဝတ်စုံ၏ skill တို့ကို ထည့်တွက်လျှင် သူ၏ ခွန်အားနှင့် စွမ်းအားမှာ အဆင့်ငါး ရောက်လုနီးနီးဖြစ်နေပြီဖြစ်သည်။ ကျန်းကျိရင် အစစ်အမှန်ကမ္ဘာသို့ ပြန်ရောက်သည့် ဤတစ်ကြိမ်တွင် အရင်ဆုံးဂိမ်း၏ အချက်အလက်များကို ဖတ်သည်။

မိုးတိမ်မဟာမိတ် တပ်ပေါင်းစု ထူထောင်ပြီးသည့်အချိန်တွင် သူတို့၏ ခေါင်းဆောင်ဖြစ်သော ယွင်လေ့ထျန်းမှဦ အဆင့် ခုနှစ်ကို ချိုးဖြတ်ပြီးသွားပြီဖြစ်သည်။ ထို့အပြင် သူသည် လူ့အသိုင်းအဝိုင်း၏ ဆရာသခင် နှစ်ပါးထဲမှ တစ်ပါးအဖြစ်ပင် သတ်မှတ်ခံလိုက်ရသေးသည်။

ထို့ကြောင့် ကျန်းကျိရင်၏ အင်အားသည် အနည်းဆုံး အလယ်အလတ် သို့ အဆင့်မြင့် ကစားသမားထဲတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။

ဤအခိုက်အတန့်တွင် သူ့ဘဝကို ပလန်ချရသည်ကို အလွန်ဝါသနာပါသော ကျန်းကျိရင်သည် သူချစ်ရသော ပုဂ္ဂိုလ်မှာ ဒဏ္ဍာရီလာ အကြီးဆုံးဗီလိန်ဘော့စ်ကြီး ဖြစ်ကြောင်းကို မေ့နေခဲ့လေသည်။

20 02

ဆယ်ရက်ကြာပြီးနောက် တဖြည်းဖြည်းနီးလာသော ထွက်ပေါက်ကို ကြည့်လိုက်၏။ ရေခဲစွမ်းရည် အဆင့်လေး ရောက်သွားပြီး တိကျမှုစွမ်းရည် အဆင့် နှစ် ရောက်သွားပြီဖြစ်သော ကျန်းကျိရင်သည် ဘောင်းဘီအိတ်ကပ်ထဲတွင် ထည့်ထားသော ကောင်သေးသေးလေးကို ထုတ်၍

"စိတ်အေးလက်အေးနေ ပါးပါး ပိုက်ဆံတွေ အများကြီးရှာဖို့ အကောင်းဆုံးကြိုးစားပြီး မင်းလေးကို ထောက်ပံမှာနော် ဘယ်သူမှ မင်းလေးကို မစားစေရဘူး"

ယင်ရှောက်ရှန်း "အောင်းဝ်"

"ပြီးတော့ ကြောင်သားက စားရတာ အဝင်ဆိုးတယ်လို့ ကြားဖူးတယ်"

ကျန်းကျိရင် ကြောင်ကလေး၏ လည်ပင်းမှ အသားတစ်လေးကို ဖိညစ်၍ ထွက်ပေါက်ဆီသို့ ဆက်သွားလိုက်သည်။ ယင်ရှောက်ရှန်း ဘောင်းဘီအိတ်ကပ်ထဲ ပြန်ဝင်ပုန်းလိုက်သည်။

'ထူးဆန်းလိုက်တာ ဒီကမ္ဘာမှာ နှစ်တစ်ဝက်တောင်ကုန်သွားပြီကို ဘာလို့များ အခုထိ နည်းနည်းမှ မကြီးလာသေးရတာလဲ ဒီကောင်လေး ငါစမြင်တုန်းက လမ်းပျောက်နေတဲ့ ကြောင်သေးသေးလေးလိုလေးပဲ ရှိနေသေးတယ်'

ကျန်းကျိရင် သက်ပြင်းချလိုက်ပြီး ကြောင်ကလေးကို ပြန်ထုတ်လိုက်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ဒီအတိုင်းပဲ အသက်မရှူဘဲ ဆက်နေနေရင် မွန်းလာလိမ့်မယ်လေ"

ယွီလင်အခြေစိုက်စခန်းသည် စွန့်ပစ်မြို့တစ်နေရာတွင် အခြေစိုက်ထားပြီး လူဦးရေ တစ်ထောင်အောက်သာရှိသည်။ သူတို့၏ ခုခံခြင်း အစီအမံများမှာလည်း ပျမ်းမျှ ကောင်းသည်ဆိုရုံလောက်သာ ရှိကာ အဆောက်အဦးများကလည်း မြင်လိုက်သည်နှင့် မလုံခြုံသလို ခံစားမှုမျိုးပေးသည် အားနည်းပြီး စိတ်ဓာတ်ကျဖွယ်ကောင်းသည့် အဆောက်အဦးများဖြစ်သည်။ အဆင့်မြင့်ဇွန်ဘီအနည်းငယ်ပါသည့် ဇွန်ဘီတစ်အုပ်လောက် လာလျှင်ပင် လုံးဝ ပျက်စီးခြင်းဆိုက်သွားနိုင်လောက်အောင် စုတ်ပြတ်နေသည်။

ကံကောင်းစွာပင် အခြေစိုက်စခန်းမှာ တောတွင်းတစ်နေရာတွင် ရှိနေသည်ဖြစ်သောကြောင့် အဆင့်မြင့် ဇွန်ဘီများ မရှိသလောက် နည်းပါးသည်။ ထို့ကြောင့် အခြေစိုက်စခန်းမှာ အခုအချိန်အထိတော့ လုံခြုံနေတုန်း ဖြစ်သည်။

လက်ရှိတွင် အကြီးစားအခြေစိုက်စခန်းကြီးများသည် အချင်းချင်း တိုက်ခိုက်နေကြသည်။ အချင်းချင်း ဝါးမြိုရန် ကြိုးပမ်းနေကြပြီး သူတို့၏ ကိုယ်ပိုင်တပ်ဖွဲ့များကို ပို၍ အားကောင်းလာအောင်သာ စဉ်းစားကြသည်။ ယွီလင်အခြေစိုက်စခန်း ခေါင်းဆောင်သည်သာ သင့်တော်ကောင်းမွန်သော အခြေစိုက်စခန်းကြီးတစ်ခုကို ရှာဖွေ၍ အရှုံးပေး လက်အောက်ခံရန် စဉ်းစားနေသူ ဖြစ်သည်။

ရုတ်တရက် လူငယ်လေးတစ်ယောက် အခြေစိုက်စခန်းဂိတ်ပေါက်တွင် တစ်ယောက်တည်း ပေါ်လာသည်။ ယခုသည် နေဝင်ရီတရောအချိန်ဖြစ်ကာ လိမ္မော်ရောင်နေလုံးက ဝင်လုလုဖြစ်နေပြီး နေရောင်က လူငယ်လေးကို တည့်တည့်ထိုးနေသည်။ လူငယ်လေး၏ မျက်နှာသည် အနည်းငယ် ပင်ပန်းနေပုံပေါ်သော်လည်း သူ၏ မျက်လုံးများကတော့ သိမ်မွေ့ကာ ဖော်ရွေဟန်ပေါ်နေလေသည်။

သူသည် ရိုးရှင်းသော သာမန် တီရှပ်အဖြူရောင်နှင့် ဂျင်းဘောင်းဘီတို့ကိုသာ ဝတ်ဆင်ထားသည်။ သူ၏ တစ်ကိုယ်လုံးတွင် မည်သည့် ရှုပ်ရှုပ်ယှက်ယှက် တန်ဆာတို့ကိုမှ ဆင်မထားပေ။

သူ၏ ညာဘက်အိတ်ကပ်ထဲတွင် ဘယ်ကြည့်လိုက်ညာကြည့်လိုက် စူးစမ်းနေသော ကြောင်ကလေးတစ်ကောင် ရှိလေသည်။ လူငယ်လေးသည် ဂိတ်ဝကို စောင့်သော အစောင့်ကို ပြုံးပြလိုက်ပြီး

"ကျွန်တော် ဒီအခြေစိုက်စခန်းကို ဝင်ခွင့်ရှိမလားဗျ"

လူနှစ်ယောက်နှင့် ကြောင်တစ်ကောင်တို့သည် အချိန်အတော်ကြာသည်အထိ ဘာပြောရမှန်းမသိသလို ကြည့်နေကြကာ ဤမြင်ကွင်းသည် ရိုက်ကူးခံထားရပြီး တစ်ချိန်ချိန်ကျလျှင် ကမ္ဘာတုန်လောက်မည့် ဗီဒီယိုတစ်ခုအဖြစ် ထုတ်လွှင့်ခံရပြီး ပြန်လည် ရိုက်ကူးတင်ဆက်ခြင်း ခံရမည်ကို မသိလိုက်ကြပေ။

ဆေးစက်ကျရာ အရုပ်ဖော်သည့် ပန်းချီဆရာ၏ စုတ်တံအောက်တွင် မည်သည့်နေရာက ရောက်လာမှန်း မသိရသော လူငယ်လေးတစ်ယောက်သည် အဆုံးမဲ့သော အမှောင်ထုကို ဖြိုခွင်းမည့် သန့်စင်သော အလင်းကို ဆောင်ကြည်းလာကာ အိတ်ကပ်ထဲတွင် ကြောင်တစ်ကောင်ကိုသယ်၍ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်။ ထို့နောက် အမျိုးသားတစ်ယောက်အဖြစ် ဖန်ဆင်းပြီး လူ့ဘုံလောကကို ကယ်တင်မည့် နတ်သားတစ်ပါးဖြစ်လာသည်။

ဒဏ္ဍာရီထဲတွင် အလင်း၏ အရင်းအမြစ်ဖြစ်တည်မှု အဖြစ် လူငယ်လေးတစ်ယောက်ကို ပုံဖော်ထားသည်။ ထိုလူငယ်လေးသည် ညာဘက်လက်ကို ပင့်မြှောက်၍ အလင်းတန်းတို့ ထုတ်လွတ်ကာ ယွီလင်အခြေစိုက်စခန်း ဂိတ်ဝရှေ့တွင်

20 03

တိတ်တိတ်လေး ရပ်နေပြီး အစွမ်းကုန် တောက်ပမဲ့ ခေတ်ကို ရောက်ပြီဟု ကြေငြာလိုက်သည်၊

ဤသည်ကို "ကမ္ဘာဦးတွင် ကယ်တင်ရှင် ပေါ်ပေါက်လာခန်း" ဟူ၍ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသည်။

လွီလင်အခြေစိုက်စခန်း၏ ဂိတ်စောင့်မှာ အနာဂတ်ကို ဟောပြောနိုင်သူ ပထမဆုံးသော ရှေ့ဖြစ်ဟောသူ ဖြစ်လာမည့် သူဖြစ်သည်။ ဤဖြစ်ရပ်ကို ပထမဆုံး ပန်းပုတို့နှင့် မှတ်တမ်းတင်ရာတွင် အလင်းရောင်ကို မြင်လိုက်ရသလို ကြည်နူးလေးစားစွာဖြင့် ဦးညွတ်နေသော ဤဦးလေးကြီးကလည်း မပါမဖြစ် ဖြစ်ခဲ့သည်။

သို့သော် ဤအချိန်တွင် တံခါးစောင့်သည် သူ၏ ဒဏ္ဍာရီလာ အနာဂတ်ပုံရိပ်ကြီးကို လုံးဝ မမြင်ခဲ့ပေ။ သူသည် ပုံမှန်လိုပင် သမ်းဝေ၍ စည်းကမ်းချက်များကို ရွတ်ပြသည်။

"ရပါတယ် မင်းအနေနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေကိုတော့ လက်ခံနိုင်ရမယ်"

ကျန်းကျိရင် ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးခြင်း ခံရပြီး လုပ်ငန်းဆောင်တာများအားလုံးကို လိုက်လုပ်ခဲ့ပြီးနောက် အခန်းတစ်ခုရသည်။ သို့သော် စည်းကမ်းချက်များမှာ အလွန်တင်းကြပ်ပြီး တက္ကသိုလ်တက်စဉ်က အဆောင်စည်းကမ်းချက်များထက်ပင် ဆိုးရွားနေသေးသည်။

ထို့အပြင် လိုက်ပို့သူများက ပြောသေးသည်။ စွမ်းအားရှင်များ၏ အခန်းများမှာ ပို၍ ကောင်းသည်ဟု...

သူသည် အိပ်ရာခင်းများကို ခါ၍ ခင်းလိုက်ပြီး အိပ်ရာပေါ်သို့ လှဲချလိုက်သည်။ အစတုန်းက ဂိမ်းမြေပုံအရဆိုလျှင် နဂါးမျိုးတုံးချိုင့်ဝှမ်းမှ ထွက်လိုက်လိုက်ချင်း အခြေစိုက်စခန်းအကြီးကြီးကို တွေ့ရမည်ဖြစ်သည်။ ရလဒ်ကတော့ သူ့အပြစ်ပင်။ သူသည် ဂိမ်းထဲမှ အချိန်နှင့် လက်ရှိသူရောက်နေသော ကမ္ဘာ၏ အချိန်ကွာခြားချက်ကို ထည့်မတွက်လိုက်မိခြင်းပင်။

အခြေစိုက်စခန်းကြီး ရှိနေသင့်သော နေရာမှာ ယခုမှ ကန္တာရကြီးသာ ရှိသေးသည်။ ဤသေးသေးမွှားမွှား ပြိုလုလု အခြေစိုက်စခန်းလေးကို မြင်ပြီး သူ့ကိုယ်သူ အကြာကြီး အားပေးလိုက်ရသည်။

ကံကောင်းလို့ သူသည် item store ဖွင့်၍ရသူ ဖြစ်နေခြင်း မဟုတ်လှင် သူတော့ လမ်းတစ်ဝက်မှာပင် ငရဲမင်းကို သွားတွေ့နေရလောက်သည်။ မကြာလိုက်ပေ။ ကျန်းကျိရင် တံခါးခေါက်သံ ကြားလိုက်ရသည်။ သူ တံခါးဖွင့်လိုက်ရာ သူ့ကို စစ်ဆေးခဲ့သော အရပ်ရှည်ရှည်နှင့် ပိန်ပါးသော လူက သူ့ကို စောင့်နေသည်ကို မြင်လိုက်ရသည်။

သူထွက်လာသည်ကို မြင်လျှင် ထိုလူက တိုက်ရိုက်ပဲ ပြောလိုက်သည်။

"ခေါင်းဆောင်က မင်းနဲ့ စကားပြောချင်လို့တဲ့"

ဗလာဖြစ်နေသော မျက်နှာသေနှင့်လူ၏ မျက်လုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း လေးစားမှုတို့ ကိန်းအောင်းနေသည်။

ကျန်းကျိရင် အများကြီး တွေးမနေဘဲ ထိုသူနောက်မှ လိုက်သွားသည်။ ခေါင်းဆောင်၏ ရုံးခန်းသို့ ရောက်သည်နှင့် သူ့ကို နွေးထွေးသော လက်တစ်စုံက ထွေးပွေ့လိုက်လေသည်။ ထို့နောက် ခေါင်းဆောင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ့ပုခုံးများကို ပုတ်၍ ပြောသည်။

"ကျုပ်တို့ရဲ့ စခန်းကို လာပူပေါင်းတာ ကြိုဆိုပါတယ်ကွာ အခုအချိန် ကွက်တိ မင်းလိုလူမျိုးတွေကို စခန်းက လိုအပ်နေတာကွ"

ကျန်းကျိရင် "...."

သူကတော့ ဒီအခြေအနေကြီးကို လုံးဝ နားမလည်တော့ပါဘူးနော်

ထို့အပြင် သူဘာပြန်ပြောလိုက်ရမှန်းကို မသိတော့သလို ဖြစ်သွားသည်။

'ဒီခေါင်းဆောင်က စွမ်းအားကြီးတဲ့ သန္ဓေပြောင်း စွမ်းအားရှင်တစ်ယောက် ဖြစ်ရမယ်'

ထို့နောက် ခေါင်းဆောင်သည် အရေးတကြီးပြောစရာရှိသလို အလောသုံးဆယ်ဖြင့် ပြောလိုက်သည်။

"ကျုပ် မင်းကို ယွီလင်အခြေစိုက်စခန်း ပထမအဖွဲ့ရဲ့ ကပ္ပတိန်အဖြစ် ခန့်အပ်ချင်တယ်"

သုံးနှစ်လောက် အလုပ်လုပ်ပြီး လည်နေပြီဖြစ်သော ကျန်းကျိရင်သည် နောက်ဆုံးတွင် တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်သည်။

"ကျွန်တော်က အခုမှ ဒီကိုရောက်တာလေ ပြီးတော့ ကျွန်တော်က အခုချက်ချင်းကြီး ပထမအဖွဲ့ရဲ့ ကပ္ပတိန်ဖြစ်သွားမှာလား ဒါကြီးက မကောင်းဘူးမလား"

20 04

"အဆင်ပြေပါတယ်"

ခေါင်းဆောင်က သူ့ပုခုံးကို နောက်တစ်ကြိမ် ထပ်ပုတ်လိုက်ပြန်သည်။

"မစိုးရိမ်ပါနဲ့ ကျုပ်တို့မှာ အဖွဲ့က တစ်ဖွဲ့ထဲပဲ ရှိတာလေ"

"အရင်တုန်းက ကပ္ပတိန်ကိုရော ဘယ်လိုလုပ်မှာလဲ"

ကျန်းကျိရင် မထိန်းနိုင်ဘဲ မေးလိုက်မိတော့သည်။

"ကျုပ်ကို ပြောတာလား..."

ခေါင်းဆောင်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူ့ရင်ဘက်သူ ပုတ်၍ ပြောလာသည်။

.............................

Zawgyi

20 01
အပိုင္း (၂၀) နတ္ဘုရားျဖစ္လာမည့္ လမ္းစ

တစ္ဖက္လူမွာ အလြန္လူသိမ်ား ေက်ာ္ၾကားေသာ အဖြဲ႕ႀကီးျဖစ္ကာ သူတို႔အဖြဲ႕သည္ <Tomorrow>ဂိမ္း၏ ဆာဗာတိုင္းတြင္ အဖြဲ႕ဖြဲ႕ထား႐ုံသာမက ဂိမ္းအေတာ္မ်ားမ်ားတြင္လည္း လႊမ္းမိုးမႈအားေကာင္းေသာ အဖြဲ႕ျဖစ္သည္။ သူတို႔သည္ အလုံးအရင္းလိုက္ ဝယ္ယူတတ္ၾကၿပီး ဘာမွမဟုတ္သလို ေငြရွင္းတတ္ၾကသည္။ သူတို႔သည္ ကုန္ပစၥည္းလက္ထဲ ေရာက္သည္ႏွင့္ က်န္းက်ိရင္ကို ေငြတန္ေခ်ခဲ့သည္။

က်န္းက်ိရင္အား အျခားေသာ ကုန္ၾကမ္းပစၥည္းမ်ား ရလာလွ်င္ သူတို႔အား အရင္ေရာင္းရန္ သေဘာတူညီခ်က္တစ္ခု ေပးရန္လည္း ေျပာခဲ့သည္။ က်န္းက်ိရင္သည္ ပူပူေႏြးေႏြးရလိုက္ေသာ ယြမ္ငါးေထာင္ကို ၾကည့္၍ လက္မ်ားပင္ တုန္လာသည္။ ဤစီးပြားေရးေငြေခ်မႈတစ္ခုတည္းက ယခင္က ဂိမ္းထဲတြင္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ေသာ အခ်ိန္မ်ား ေငြမ်ားကို ျပန္ရလိုက္သလိုပင္။ က်န္းက်ိရင္ ေငြေခ်ၿပီးသည္ႏွင့္ သူ၏ ႏွင္းက်ားသစ္ေၾကာင္ေမႊးတို႔ကို ဆိုင္တြင္ ခ်ိတ္လိုက္သည္။

ႏွင္းက်ားသစ္ေၾကာင္ေမႊးတို႔က လက္သည္းေလာက္ လူႀကိဳက္မမ်ားေသာ္ညလ္း ၎တို႔ကို ေရခဲျဒပ္ခံ သို႔ ေရျဒပ္ခံ ခ်ပ္ဝတ္လွလွ လုပ္၍ရသည္။ ထို႔ေၾကာင့္ ႏွင္းက်ားသစ္ေၾကာင္ေမႊးတို႔သည္ အမ်ိဳးသမီးစက္ခ်ဳပ္သူမ်ား၏ သေဘာက်ႏွစ္ၿခိဳက္မႈကို ခံရသည္။ ႏွင္းက်ားသစ္ေၾကာင္ေမႊးမ်ားအားလုံး ေရာင္းထြက္သြားၿပီး ေငြအေမာင့္နည္းနည္းတိုးလာဖို႔ သိပ္မၾကာလိုက္ေပ။

ထို႔ေနာက္ ေဆးမီးဖိုကိုထုတ္၍ ေဆးဝါးမ်ား သန႔္စင္ေတာ့သည္။ ေမြးကင္းစ အိမ္ေမြးတိရစာၦန္မ်ား ဖြံၿဖိဳးလာေစမည့္ ေဆးလုံးမ်ား ေဖာ္စပ္ေနရင္း သူ၏ ေဆးေဖာ္စပ္ျခင္းစြမ္းရည္က Level 3 ေရာက္သြားသည္။ ယခုတြင္ Level 2 ပိုင္ေဟာ္ေဆးလုံးကို ေဖာ္စပ္လွ်င္ ေအာင္ျမင္ႏိုင္မည့္ ရာႏႈန္းမွာ ခုႏွစ္ဆယ္မွ ရွစ္ဆယ္အထိ ရွိေနၿပီျဖစ္သည္။ ပုလင္းႏွစ္ဆယ္ေလာက္ ျဖည့္ၿပီးသြားၿပီးေနာက္ သူသည္ ထိုေဆးမ်ားအားလုံးကို ဆိုင္တြင္တင္လိုက္ၿပီး ခနေလာက္နားလိုက္ကာ ဆက္သြားေလသည္။

အခ်ိန္က တကယ့္ကမာၻအစစ္မွာတုန္းကလိုမ်ိဳး မကုန္လွ်င္ပင္ တကယ္တမ္းတြင္ သူသည္ ဤနဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္းတြင္ ေနေနရသည္မွာ ႏွစ္ဝက္ေလာက္ရွိၿပီျဖစ္သည္ကို တြက္မိခဲ့ၿပီးျဖစ္သည္။ အကယ္၍ သူသာ ယခုအခ်ိန္ နဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္းမွ ထြက္သြားႏိုင္ခဲ့မည္ ဆိုပါက မိုးတိမ္မဟာမိတ္တပ္ေပါင္းစု တည္ေထာင္ျခင္း ျဖစ္စဥ္ကို မွီသြားမည္ျဖစ္ၿပီး လူသားအဖြဲ႕အစည္းမ်ား အခ်င္းခ်င္း တိုက္ခိုက္ၾကမည့္ စစ္ပြဲကိုလည္း မွီႏိုင္မည္ျဖစ္သည္။

ဤထူးဆန္းေသာ <Tomorrow> ကမာၻအစစ္အမွန္တြင္ မည္သည့္အခ်ိန္ထိ ေနရဦးမည္ကို သူမသိေပ။ သို႔ေသာ္ ဤကမာၻတြင္ ဆက္၍ ရွင္သန္႐ုန္းကန္မည္ဆိုလွ်င္ လူ႔အသိုင္းအဝိုင္းႏွင့္ ကင္းကြာေန၍ မသင့္ေပ။ သူသာ လူတိုင္းႏွင့္ သင့္ျမတ္ေအာင္ ေကာင္းေကာင္းေနခ်င္သည္ဆိုလွ်င္ အေျခစိုက္စခန္းတစ္ခုခုကို သြားဂြၽိဳင္းျခင္းက ပိုေကာင္းမည္ျဖစ္ၿပီး အနာဂတ္တြင္ ထိုမဟာမိတ္အဖြဲ႕၏ တည္ေထာင္သူအဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာသည္အထိ ႀကိဳးစားရမည္။

ထို႔ေၾကာင့္ မဟာမိတ္တစ္ခုခုကို ရွာေတြ႕သည့္အခ်ိန္တြင္ သူ ေကာင္းေကာင္းႀကီး စြမ္းေဆာင္ျပၿပီး မဟာမိတ္၏ ေက်ာ႐ိုးျဖစ္လာသည္အထိ ႀကိဳးစားရမည္။

ထိုေနာက္ပိုင္းတြင္..... သူ၏ ဂိမ္းၾထမွ အခ်ိန္အမ်ားစုကို NPCs မ်ားလို ရွင္သန္ရင္း ကုန္ဆုံးသြားရမည္။

ေဘးကင္းဇုံထဲမွ နဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္း ေျမာက္ပိုင္းကို စတင္ထြက္ခြာလာသည္။ လမ္းတစ္ေလွ်ာက္တြင္ မေကာင္းဆိုးဝါးမ်ားႏွင့္ တိုက္ခိုက္ၿပီး တစ္လမ္းလုံး သလင္းအျမဳေတမ်ားကို စုပ္ယူလာသည္။

လတ္တေလာတြင္ သူ' စြမ္းရည္မွာ အဆင့္သုံးေရာက္ေနၿပီျဖစ္ၿပီး အဆင့္ ေလးႏွင့္ အေတာ္ေလး နီးကပ္ေနၿပီျဖစ္သည္။ ေနာက္ထပ္ မြန္းစတားႏွစ္ေကာင္ေလာက္သတ္ၿပီးသာ အျမဳေတ စုပ္ယူလိုက္လွ်င္ ေနာက္တစ္ဆင့္ကို ခ်က္ခ်င္းတက္သြားႏိုင္မည့္ ခံစားခ်က္မ်ိဳးလည္း ရေနသည္။

သူ၏ "ေနာက္ဆုံးေသာေန႔ရက္မ်ားမွ သစၥာတရား" ဝတ္စုံ၏ skill တို႔ကို ထည့္တြက္လွ်င္ သူ၏ ခြန္အားႏွင့္ စြမ္းအားမွာ အဆင့္ငါး ေရာက္လုနီးနီးျဖစ္ေနၿပီျဖစ္သည္။ က်န္းက်ိရင္ အစစ္အမွန္ကမာၻသို႔ ျပန္ေရာက္သည့္ ဤတစ္ႀကိမ္တြင္ အရင္ဆုံးဂိမ္း၏ အခ်က္အလက္မ်ားကို ဖတ္သည္။

မိုးတိမ္မဟာမိတ္ တပ္ေပါင္းစု ထူေထာင္ၿပီးသည့္အခ်ိန္တြင္ သူတို႔၏ ေခါင္းေဆာင္ျဖစ္ေသာ ယြင္ေလ့ထ်န္းမွဦ အဆင့္ ခုႏွစ္ကို ခ်ိဳးျဖတ္ၿပီးသြားၿပီျဖစ္သည္။ ထို႔အျပင္ သူသည္ လူ႔အသိုင္းအဝိုင္း၏ ဆရာသခင္ ႏွစ္ပါးထဲမွ တစ္ပါးအျဖစ္ပင္ သတ္မွတ္ခံလိုက္ရေသးသည္။

ထို႔ေၾကာင့္ က်န္းက်ိရင္၏ အင္အားသည္ အနည္းဆုံး အလယ္အလတ္ သို႔ အဆင့္ျမင့္ ကစားသမားထဲတြင္ ပါဝင္သည္ဟု ဆိုႏိုင္သည္။

ဤအခိုက္အတန႔္တြင္ သူ႔ဘဝကို ပလန္ခ်ရသည္ကို အလြန္ဝါသနာပါေသာ က်န္းက်ိရင္သည္ သူခ်စ္ရေသာ ပုဂၢိဳလ္မွာ ဒ႑ာရီလာ အႀကီးဆုံးဗီလိန္ေဘာ့စ္ႀကီး ျဖစ္ေၾကာင္းကို ေမ့ေနခဲ့ေလသည္။
20 02
ဆယ္ရက္ၾကာၿပီးေနာက္ တျဖည္းျဖည္းနီးလာေသာ ထြက္ေပါက္ကို ၾကည့္လိုက္၏။ ေရခဲစြမ္းရည္ အဆင့္ေလး ေရာက္သြားၿပီး တိက်မႈစြမ္းရည္ အဆင့္ ႏွစ္ ေရာက္သြားၿပီျဖစ္ေသာ က်န္းက်ိရင္သည္ ေဘာင္းဘီအိတ္ကပ္ထဲတြင္ ထည့္ထားေသာ ေကာင္ေသးေသးေလးကို ထုတ္၍

"စိတ္ေအးလက္ေအးေန ပါးပါး ပိုက္ဆံေတြ အမ်ားႀကီးရွာဖို႔ အေကာင္းဆုံးႀကိဳးစားၿပီး မင္းေလးကို ေထာက္ပံမွာေနာ္ ဘယ္သူမွ မင္းေလးကို မစားေစရဘူး"

ယင္ေရွာက္ရွန္း "ေအာင္းဝ္"

"ၿပီးေတာ့ ေၾကာင္သားက စားရတာ အဝင္ဆိုးတယ္လို႔ ၾကားဖူးတယ္"

က်န္းက်ိရင္ ေၾကာင္ကေလး၏ လည္ပင္းမွ အသားတစ္ေလးကို ဖိညစ္၍ ထြက္ေပါက္ဆီသို႔ ဆက္သြားလိုက္သည္။ ယင္ေရွာက္ရွန္း ေဘာင္းဘီအိတ္ကပ္ထဲ ျပန္ဝင္ပုန္းလိုက္သည္။

'ထူးဆန္းလိုက္တာ ဒီကမာၻမွာ ႏွစ္တစ္ဝက္ေတာင္ကုန္သြားၿပီကို ဘာလို႔မ်ား အခုထိ နည္းနည္းမွ မႀကီးလာေသးရတာလဲ ဒီေကာင္ေလး ငါစျမင္တုန္းက လမ္းေပ်ာက္ေနတဲ့ ေၾကာင္ေသးေသးေလးလိုေလးပဲ ရွိေနေသးတယ္'

က်န္းက်ိရင္ သက္ျပင္းခ်လိုက္ၿပီး ေၾကာင္ကေလးကို ျပန္ထုတ္လိုက္ကာ ေလးေလးနက္နက္ ေျပာလိုက္သည္။

"ဒီအတိုင္းပဲ အသက္မရႉဘဲ ဆက္ေနေနရင္ မြန္းလာလိမ့္မယ္ေလ"

ယြီလင္အေျခစိုက္စခန္းသည္ စြန႔္ပစ္ၿမိဳ႕တစ္ေနရာတြင္ အေျခစိုက္ထားၿပီး လူဦးေရ တစ္ေထာင္ေအာက္သာရွိသည္။ သူတို႔၏ ခုခံျခင္း အစီအမံမ်ားမွာလည္း ပ်မ္းမွ် ေကာင္းသည္ဆို႐ုံေလာက္သာ ရွိကာ အေဆာက္အဦးမ်ားကလည္း ျမင္လိုက္သည္ႏွင့္ မလုံၿခဳံသလို ခံစားမႈမ်ိဳးေပးသည္ အားနည္းၿပီး စိတ္ဓာတ္က်ဖြယ္ေကာင္းသည့္ အေဆာက္အဦးမ်ားျဖစ္သည္။ အဆင့္ျမင့္ဇြန္ဘီအနည္းငယ္ပါသည့္ ဇြန္ဘီတစ္အုပ္ေလာက္ လာလွ်င္ပင္ လုံးဝ ပ်က္စီးျခင္းဆိုက္သြားႏိုင္ေလာက္ေအာင္ စုတ္ျပတ္ေနသည္။

ကံေကာင္းစြာပင္ အေျခစိုက္စခန္းမွာ ေတာတြင္းတစ္ေနရာတြင္ ရွိေနသည္ျဖစ္ေသာေၾကာင့္ အဆင့္ျမင့္ ဇြန္ဘီမ်ား မရွိသေလာက္ နည္းပါးသည္။ ထို႔ေၾကာင့္ အေျခစိုက္စခန္းမွာ အခုအခ်ိန္အထိေတာ့ လုံၿခဳံေနတုန္း ျဖစ္သည္။

လက္ရွိတြင္ အႀကီးစားအေျခစိုက္စခန္းႀကီးမ်ားသည္ အခ်င္းခ်င္း တိုက္ခိုက္ေနၾကသည္။ အခ်င္းခ်င္း ဝါးၿမိဳရန္ ႀကိဳးပမ္းေနၾကၿပီး သူတို႔၏ ကိုယ္ပိုင္တပ္ဖြဲ႕မ်ားကို ပို၍ အားေကာင္းလာေအာင္သာ စဥ္းစားၾကသည္။ ယြီလင္အေျခစိုက္စခန္း ေခါင္းေဆာင္သည္သာ သင့္ေတာ္ေကာင္းမြန္ေသာ အေျခစိုက္စခန္းႀကီးတစ္ခုကို ရွာေဖြ၍ အရႈံးေပး လက္ေအာက္ခံရန္ စဥ္းစားေနသူ ျဖစ္သည္။

႐ုတ္တရက္ လူငယ္ေလးတစ္ေယာက္ အေျခစိုက္စခန္းဂိတ္ေပါက္တြင္ တစ္ေယာက္တည္း ေပၚလာသည္။ ယခုသည္ ေနဝင္ရီတေရာအခ်ိန္ျဖစ္ကာ လိေမၼာ္ေရာင္ေနလုံးက ဝင္လုလုျဖစ္ေနၿပီး ေနေရာင္က လူငယ္ေလးကို တည့္တည့္ထိုးေနသည္။ လူငယ္ေလး၏ မ်က္ႏွာသည္ အနည္းငယ္ ပင္ပန္းေနပုံေပၚေသာ္လည္း သူ၏ မ်က္လုံးမ်ားကေတာ့ သိမ္ေမြ႕ကာ ေဖာ္ေ႐ြဟန္ေပၚေနေလသည္။

သူသည္ ႐ိုးရွင္းေသာ သာမန္ တီရွပ္အျဖဴေရာင္ႏွင့္ ဂ်င္းေဘာင္းဘီတို႔ကိုသာ ဝတ္ဆင္ထားသည္။ သူ၏ တစ္ကိုယ္လုံးတြင္ မည္သည့္ ရႈပ္ရႈပ္ယွက္ယွက္ တန္ဆာတို႔ကိုမွ ဆင္မထားေပ။

သူ၏ ညာဘက္အိတ္ကပ္ထဲတြင္ ဘယ္ၾကည့္လိုက္ညာၾကည့္လိုက္ စူးစမ္းေနေသာ ေၾကာင္ကေလးတစ္ေကာင္ ရွိေလသည္။ လူငယ္ေလးသည္ ဂိတ္ဝကို ေစာင့္ေသာ အေစာင့္ကို ၿပဳံးျပလိုက္ၿပီး

"ကြၽန္ေတာ္ ဒီအေျခစိုက္စခန္းကို ဝင္ခြင့္ရွိမလားဗ်"

လူႏွစ္ေယာက္ႏွင့္ ေၾကာင္တစ္ေကာင္တို႔သည္ အခ်ိန္အေတာ္ၾကာသည္အထိ ဘာေျပာရမွန္းမသိသလို ၾကည့္ေနၾကကာ ဤျမင္ကြင္းသည္ ႐ိုက္ကူးခံထားရၿပီး တစ္ခ်ိန္ခ်ိန္က်လွ်င္ ကမာၻတုန္ေလာက္မည့္ ဗီဒီယိုတစ္ခုအျဖစ္ ထုတ္လႊင့္ခံရၿပီး ျပန္လည္ ႐ိုက္ကူးတင္ဆက္ျခင္း ခံရမည္ကို မသိလိုက္ၾကေပ။

ေဆးစက္က်ရာ အ႐ုပ္ေဖာ္သည့္ ပန္းခ်ီဆရာ၏ စုတ္တံေအာက္တြင္ မည္သည့္ေနရာက ေရာက္လာမွန္း မသိရေသာ လူငယ္ေလးတစ္ေယာက္သည္ အဆုံးမဲ့ေသာ အေမွာင္ထုကို ၿဖိဳခြင္းမည့္ သန႔္စင္ေသာ အလင္းကို ေဆာင္ၾကည္းလာကာ အိတ္ကပ္ထဲတြင္ ေၾကာင္တစ္ေကာင္ကိုသယ္၍ ေကာင္းကင္ဘုံမွ ဆင္းသက္လာသည္။ ထို႔ေနာက္ အမ်ိဳးသားတစ္ေယာက္အျဖစ္ ဖန္ဆင္းၿပီး လူ႔ဘုံေလာကကို ကယ္တင္မည့္ နတ္သားတစ္ပါးျဖစ္လာသည္။

ဒ႑ာရီထဲတြင္ အလင္း၏ အရင္းအျမစ္ျဖစ္တည္မႈ အျဖစ္ လူငယ္ေလးတစ္ေယာက္ကို ပုံေဖာ္ထားသည္။ ထိုလူငယ္ေလးသည္ ညာဘက္လက္ကို ပင့္ေျမႇာက္၍ အလင္းတန္းတို႔ ထုတ္လြတ္ကာ ယြီလင္အေျခစိုက္စခန္း ဂိတ္ဝေရွ႕တြင္

20 03
တိတ္တိတ္ေလး ရပ္ေနၿပီး အစြမ္းကုန္ ေတာက္ပမဲ့ ေခတ္ကို ေရာက္ၿပီဟု ေၾကျငာလိုက္သည္၊

ဤသည္ကို "ကမာၻဦးတြင္ ကယ္တင္ရွင္ ေပၚေပါက္လာခန္း" ဟူ၍ သမၼာက်မ္းစာထဲတြင္ ေဖာ္ျပထားသည္။

လြီလင္အေျခစိုက္စခန္း၏ ဂိတ္ေစာင့္မွာ အနာဂတ္ကို ေဟာေျပာႏိုင္သူ ပထမဆုံးေသာ ေရွ႕ျဖစ္ေဟာသူ ျဖစ္လာမည့္ သူျဖစ္သည္။ ဤျဖစ္ရပ္ကို ပထမဆုံး ပန္းပုတို႔ႏွင့္ မွတ္တမ္းတင္ရာတြင္ အလင္းေရာင္ကို ျမင္လိုက္ရသလို ၾကည္ႏူးေလးစားစြာျဖင့္ ဦးၫြတ္ေနေသာ ဤဦးေလးႀကီးကလည္း မပါမျဖစ္ ျဖစ္ခဲ့သည္။

သို႔ေသာ္ ဤအခ်ိန္တြင္ တံခါးေစာင့္သည္ သူ၏ ဒ႑ာရီလာ အနာဂတ္ပုံရိပ္ႀကီးကို လုံးဝ မျမင္ခဲ့ေပ။ သူသည္ ပုံမွန္လိုပင္ သမ္းေဝ၍ စည္းကမ္းခ်က္မ်ားကို ႐ြတ္ျပသည္။

"ရပါတယ္ မင္းအေနနဲ႔ လိုအပ္တဲ့ စစ္ေဆးမႈေတြကိုေတာ့ လက္ခံႏိုင္ရမယ္"

က်န္းက်ိရင္ ဗိုင္းရပ္စ္ရွိမရွိ စစ္ေဆးျခင္း ခံရၿပီး လုပ္ငန္းေဆာင္တာမ်ားအားလုံးကို လိုက္လုပ္ခဲ့ၿပီးေနာက္ အခန္းတစ္ခုရသည္။ သို႔ေသာ္ စည္းကမ္းခ်က္မ်ားမွာ အလြန္တင္းၾကပ္ၿပီး တကၠသိုလ္တက္စဥ္က အေဆာင္စည္းကမ္းခ်က္မ်ားထက္ပင္ ဆိုး႐ြားေနေသးသည္။

ထို႔အျပင္ လိုက္ပို႔သူမ်ားက ေျပာေသးသည္။ စြမ္းအားရွင္မ်ား၏ အခန္းမ်ားမွာ ပို၍ ေကာင္းသည္ဟု...

သူသည္ အိပ္ရာခင္းမ်ားကို ခါ၍ ခင္းလိုက္ၿပီး အိပ္ရာေပၚသို႔ လွဲခ်လိုက္သည္။ အစတုန္းက ဂိမ္းေျမပုံအရဆိုလွ်င္ နဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္းမွ ထြက္လိုက္လိုက္ခ်င္း အေျခစိုက္စခန္းအႀကီးႀကီးကို ေတြ႕ရမည္ျဖစ္သည္။ ရလဒ္ကေတာ့ သူ႔အျပစ္ပင္။ သူသည္ ဂိမ္းထဲမွ အခ်ိန္ႏွင့္ လက္ရွိသူေရာက္ေနေသာ ကမာၻ၏ အခ်ိန္ကြာျခားခ်က္ကို ထည့္မတြက္လိုက္မိျခင္းပင္။

အေျခစိုက္စခန္းႀကီး ရွိေနသင့္ေသာ ေနရာမွာ ယခုမွ ကႏၲာရႀကီးသာ ရွိေသးသည္။ ဤေသးေသးမႊားမႊား ၿပိဳလုလု အေျခစိုက္စခန္းေလးကို ျမင္ၿပီး သူ႔ကိုယ္သူ အၾကာႀကီး အားေပးလိုက္ရသည္။

ကံေကာင္းလို႔ သူသည္ item store ဖြင့္၍ရသူ ျဖစ္ေနျခင္း မဟုတ္လွင္ သူေတာ့ လမ္းတစ္ဝက္မွာပင္ ငရဲမင္းကို သြားေတြ႕ေနရေလာက္သည္။ မၾကာလိုက္ေပ။ က်န္းက်ိရင္ တံခါးေခါက္သံ ၾကားလိုက္ရသည္။ သူ တံခါးဖြင့္လိုက္ရာ သူ႔ကို စစ္ေဆးခဲ့ေသာ အရပ္ရွည္ရွည္ႏွင့္ ပိန္ပါးေသာ လူက သူ႔ကို ေစာင့္ေနသည္ကို ျမင္လိုက္ရသည္။

သူထြက္လာသည္ကို ျမင္လွ်င္ ထိုလူက တိုက္႐ိုက္ပဲ ေျပာလိုက္သည္။

"ေခါင္းေဆာင္က မင္းနဲ႔ စကားေျပာခ်င္လို႔တဲ့"

ဗလာျဖစ္ေနေသာ မ်က္ႏွာေသႏွင့္လူ၏ မ်က္လုံးမ်ားထဲတြင္ နက္နက္ရႈိင္းရႈိင္း ေလးစားမႈတို႔ ကိန္းေအာင္းေနသည္။

က်န္းက်ိရင္ အမ်ားႀကီး ေတြးမေနဘဲ ထိုသူေနာက္မွ လိုက္သြားသည္။ ေခါင္းေဆာင္၏ ႐ုံးခန္းသို႔ ေရာက္သည္ႏွင့္ သူ႔ကို ေႏြးေထြးေသာ လက္တစ္စုံက ေထြးေပြ႕လိုက္ေလသည္။ ထို႔ေနာက္ ေခါင္းေဆာင္သည္ စိတ္လႈပ္ရွားစြာျဖင့္ သူ႔ပုခုံးမ်ားကို ပုတ္၍ ေျပာသည္။

"က်ဳပ္တို႔ရဲ႕ စခန္းကို လာပူေပါင္းတာ ႀကိဳဆိုပါတယ္ကြာ အခုအခ်ိန္ ကြက္တိ မင္းလိုလူမ်ိဳးေတြကို စခန္းက လိုအပ္ေနတာကြ"

က်န္းက်ိရင္ "...."

သူကေတာ့ ဒီအေျခအေနႀကီးကို လုံးဝ နားမလည္ေတာ့ပါဘူးေနာ္

ထို႔အျပင္ သူဘာျပန္ေျပာလိုက္ရမွန္းကို မသိေတာ့သလို ျဖစ္သြားသည္။

'ဒီေခါင္းေဆာင္က စြမ္းအားႀကီးတဲ့ သေႏၶေျပာင္း စြမ္းအားရွင္တစ္ေယာက္ ျဖစ္ရမယ္'

ထို႔ေနာက္ ေခါင္းေဆာင္သည္ အေရးတႀကီးေျပာစရာရွိသလို အေလာသုံးဆယ္ျဖင့္ ေျပာလိုက္သည္။

"က်ဳပ္ မင္းကို ယြီလင္အေျခစိုက္စခန္း ပထမအဖြဲ႕ရဲ႕ ကပၸတိန္အျဖစ္ ခန႔္အပ္ခ်င္တယ္"

သုံးႏွစ္ေလာက္ အလုပ္လုပ္ၿပီး လည္ေနၿပီျဖစ္ေသာ က်န္းက်ိရင္သည္ ေနာက္ဆုံးတြင္ တည္တည္ၿငိမ္ၿငိမ္ပဲ ျပန္ေျပာလိုက္သည္။

"ကြၽန္ေတာ္က အခုမွ ဒီကိုေရာက္တာေလ ၿပီးေတာ့ ကြၽန္ေတာ္က အခုခ်က္ခ်င္းႀကီး ပထမအဖြဲ႕ရဲ႕ ကပၸတိန္ျဖစ္သြားမွာလား ဒါႀကီးက မေကာင္းဘူးမလား"
20 04
"အဆင္ေျပပါတယ္"

ေခါင္းေဆာင္က သူ႔ပုခုံးကို ေနာက္တစ္ႀကိမ္ ထပ္ပုတ္လိုက္ျပန္သည္။

"မစိုးရိမ္ပါနဲ႔ က်ဳပ္တို႔မွာ အဖြဲ႕က တစ္ဖြဲ႕ထဲပဲ ရွိတာေလ"

"အရင္တုန္းက ကပၸတိန္ကိုေရာ ဘယ္လိုလုပ္မွာလဲ"

က်န္းက်ိရင္ မထိန္းႏိုင္ဘဲ ေမးလိုက္မိေတာ့သည္။

"က်ဳပ္ကို ေျပာတာလား..."

ေခါင္းေဆာင္သည္ ဂုဏ္ယူဝံ့ႂကြားစြာျဖင့္ သူ႔ရင္ဘက္သူ ပုတ္၍ ေျပာလာသည္။

.............................



Continue Reading

You'll Also Like

638K 71.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
771K 31.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
18.8K 2.3K 29
Genre - Action , Fantasy , Romance , Xuanhuan , Yaoi , Mpreg Alternative names: 重生之极品皇子妃 Author : 叶忆落, Ye Yiluo Status in COO (Country of origin ) - ...