ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

99.5K 13.8K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 18

1.5K 201 0
By Swae_Nyoe

18 01

အပိုင်း (၁၈) ဆိုင်ဖွင့်မယ်

ကျန်းကျိရင် ဆိတ်ဘော့စ်၏ သလင်းအမြုတေကို စုပ်ယူလိုက်ပြီး ကိုယ်ပိုင်စွမ်းရည်အဖြစ် ပြောင်းလဲပစ်သည်။ သူ၏ ရေခဲစွမ်းရည်သည် Level 2 ထိ မြင့်တက်လာပြီး Level 3 ရောက်လုရောက်ခင်တွင် အဆင့်တက်ခြင်း ရပ်တန့်သွားသည်။ တတိယမြောက် အဆင့်သို့ ရောက်ရန် သေးသေးလေးသာ လိုတော့သည်မို့ ကျန်းကျိရင် အားမလိုအားမရ ဖြစ်သွားသည်။

ရေခဲစွမ်းရည် အဆင့်ငါးရောက်မှသာ ဤနဂါးမျိုးတုံးချိုင့်ဝှမ်းမှ ထွက်ခွာနိုင်မည်ကို တွေးမိပြီး သက်ပြင်းချမိသည်။

အပြင်ဘက်တွင် လင်းထိန်နေပြီး နေကလည်း တအားပြင်းနေသည်။ သို့သော် ကျန်းကျိရင်သည် ရေခဲစွမ်းရည် ပိုင်ရှင်ဖြစ်သည်။ မိုးရွာခြင်းနှင့် နှင်းကျခြင်းတို့ကသာ သူ့အတွက် ကောင်းပေသည်။ ဤသို့ ချွေးပြိုက်ပြိုက်ကျအောင် နေပူနေသည်က သူ၏ စွမ်းရည်ကို အားနည်းစေသည်။

ရာသီကတု အခြေအနေကို ကြည့်၍ ဂူထဲမှာသာ နေပြီး ဆေးဖော်ရန် ဆုံးဖြတ်လိုက်၏။ <Tomorrow>၏ ဆေးပညာရပ်ပိုင်းဆိုင်ရာ စနစ်သည် အတော်လေး ဆန်းသစ်လေသည်။ သို့သော် လူတစ်ယောက်၏ မျှော်လင့်ချက်နှင့်တော့ အတော်လေး ဆန့်ကျင်နေသည်။ ဂိမ်းထဲတွင် item ရောင်းချသူမျာသည် "ပန်နီဆလင်" နှင့် "ဆေးပတ်တီး" တို့ကဲ့သို့ သာမန်ကျကျ ဆေးဝါးများကိုသာ ရောင်းချကြသည်။

သူတို့သည် လယ်ဗယ်မတတ်နိုင်ဘဲ ထရာမာထဲတွင် ပိတ်မိနေသူများနှင့် တိုက်ပွဲထဲတွင် HP ပမာဏအနည်းငယ် မြင့်လာနိုင်စေခြင်းများသာ အသုံးဝင်ပြီး သက်ရောက်မှုနှုန်းကလည်း အလွန်နှေးကွေးလေရာ အမဲလိုက်ထွက်ချိန်တွင် ထိုဆေးများကို အသုံးပြုရန်မှာ သိပ်အဆင်မပြေပေ။

အချို့သော ကစားသမားများက ဤအဖြစ်ကို ကွန်ပလိန်းတက်ကြရာ တရားဝင်ဝဘ်ဆိုက်က စာတစ်ကြောင်းဖြင့်သာ ပြန်ဖြေခြ့သည်၊

"ချစ်လှစွာသော ဂိမ်းဆော့သူသို့ ပြန်ကြားချက် ဒါက ကမ္ဘာပျက်ကပ်မှာ ဘာကြောင့် သေဆုံးနှုန်း မြင့်နေရသလဲဆိုတာရဲ့ အကြောင်းပြချက်လေကွယ် နည်းနည်းလောက် ပိုပြီး လက်တွေ့ကျကျ တွေးကြည့်ပါ ဟုတ်ပြီလား"

သို့သော် ကစားသမားများ အားလုံးဤသို့ ဆက်သွားနေလျှင် ဂိမ်းသည်လည်း ရှေ့ဆက်၍ ရမည်မဟုတ်တော့ပေ။ ထို့ကြောင့် ပထမဆုံးအနေနှင့် ကစားသမားများသည် item store တွင် သက်ရောက်မှုအားကောင်းသော သွေးဖြည့်ဆေးများများကို မြန်မြန်သွက်သွက် ဝယ်ထာသင့်သည်။ တကယ့်ယွမ် အစစ်နှင့် ပေါ့လေ။

item storeသည် ပုံမှန်အားဖြင့် ဆေးဝါးများကို "၉၆ပါးရောဂါ ပျောက်ကင်းစေသည့် ဆေးများ" ဟူ၍ ခေါင်းစဉ်တပ်၍ အမျိုးအစားခွဲပြထားသည်။ ဒုတိယအနေနှ့် ကစားသမားများ ကိုယ်တိုင် "ဆေးဝါးပညာအရည်အချင်း" ကို သင်ယူနိုင်သည်။

ဆေးဖော်စပ်ခြင်းအရည်အချင်းကိုလည်း နှစ်မျိုးခွဲခြားထားသည်။ တစ်မျိုးမှာ "သိပ္ပံဆေးဝါး/ အနောက်တိုင်းဆေးဝါး" ဖြစ်ပြီး အနောက်တိုင်းဆေးဝါးကို သင်ယူသော ကစားသမားများမှာ ကြက်အရေခွံကဲ့သို့ ဆေးပတ်တီးလိုမျိုး အစောပိုင်းအဆင့် ဆေးဝါးများကိုသာ ဖော်စပ်နိုင်ကြပြီး ဆေးပညာလယ်ဗယ်မြင့်လာမှသာ နောက်ပိုင်းအဆင့်များတွင် အသုံးဝင်မည့် ထိပ်တန်းအဆင့် ဆေးများကို ဖော်စပ်နိုင်ကြမည်ဖြစ်သည်။ ထို့အပြင် ထိုဆေးများသည်လည်း သူတို့ကိုယ်တိုင် သုံးနိုင်ရုံလောက်သာ ထုတ်လုပ်နိုင်မည်ဖြစ်သည်။

အခြားတစ်မျိုးမှာ "ရွှမ်မန် ဆေးဝါးပညာ"ဖြစ်သည်။ ဤဆေးနည်းဖြင့် ထုတ်လုပ်သော ဆေးဝါးများအားလုံးသည် ၉၆ပါး ရောဂါပျောက်နိုင်သည်ဟု ဆိုထားသည်။ အစောပိုင်းကနဦးအဆင့်များတွင် ဤစွမ်းရည်က သိပ်မကောင်းသော်လည်း item storesမှ တိုက်ရိုက်ဝယ်သော ဆေးများနီးနီး အာနိသင်ရှိသည်။ ထိုဆေးများသည် ဆေးပတ်တီးထက်တော့ ပိုကောင်းပါသေးသည်။

တာ့ကျားတစ်ယောက် တက္ကသိုလ်တက်နေစဉ်အချိန်က သူသည် ဆေးဝါးဖော်စပ်ခြင်း မေဂျာကို ယူခဲ့သည်။ တူမောရိုးကို ကစားသည့်အချိန်တွင် ဆေးဝါးဖော်ဆပ်ခြင်းအရည်အချင်းများ ဆိုသည်ကို မြင်ပြီးနောက် သူသည် အလွန်ဒေါသထွက်သွားခဲ့ပြီး ဂိမ်းကို ဖျက်လိုက်ကာ ဘယ်သောအခါမှ ထပ်မကစားတော့ပေ။ <Tomorrow>သည် သိပ္ပံဆေးပညာရပ်ကို တမင်သက်သက် စော်ကားလို၍ ဤကဏ္ဍကို ထည့်ထားသည်ဟု ခံစားရသည်။

သို့သော် နောက်ပိုင်းတွင် ဂိမ်းအမျိုးအစားတွင် "fantasy" ဟူသော စိတ်ကူးယဉ် ဂိမ်းဟူသည့် တရားဝင်စာထုတ်ပြီးသည်ကို မြင်ပြီးနောက် သူသည်လည်း တည်ငြိမ်သွားခဲ့သည်။ ကျန်းကျိရင်သည် "ပြီးပြည့်စုံသော ဆေးဖော်စပ်နည်းပေါင်းချုပ်" ကို item storesမှ ဝယ်ခဲ့သည်။ ၎င်းသည် "ရွှမ်မန် ဆေးဝါးဖော်စပ်ခြင်း" ကို လေ့လာသော ကစားသမားများ ဝယ်ယူလေ့ရှိသော စာအုပ်ဖြစ်သည်။
အတိတ်တုန်းက သူသည် ဤကဏ္ဍကို သိပ်ပြီး စိတ်မဝင်စားခဲ့ပေ။

လူသစ်တန်း ကာလများတွင်တုန်းကသာ တစ်ခါတစ်ရံ အဆင့်နိမ့်ဆုံး သွေးဖြည့်ဆေးရည်တို့သာ ‌ဝယ်သုံးခဲ့ပြီး ထိုဆေးများသုံး၍ လယ်ဗယ်တူးသို့

18 02

ရောက်ခဲ့သည်။ ဤရက်ပိုင်းအတွင်း သူစုဆောင်းရမိခဲ့ကာ နေရာလွတ်ထဲတွင် ထည့်ထားခဲ့သော ကုန်ကြမ်းပစ္စည်းတို့ကို ထုတ်၍ အမျိုးအစားခွဲလိုက်၏။

ထို့နောက် ဆေးဖော်စပ်နည်းပေါင်းချုပ်ကို ထုတ်၍ ဖတ်လိုက်ကာ သူယခုအချိန်တွင် မည်သည့်ဆေးကို ဖော်စပ်သန့်စင်နိုင်မည်ကို ရှာကြည့်သည်။ သို့သော် သူ၏ ပစ္စည်းများဖြစ်သော ဖွတ်အရေခွံကဲ့သို့ ကုန်ကြမ်းမျိုးမှာ ဆေးဝါးဖော်စပ်မရနိုင်သည်ကို ဝမ်းနည်းစွာ သိလိုက်ရသည်။၊

သို့သော် တကယ်တမ်းတွင် ဖွတ်အရေခွံသည် မီးဒြပ်စင် ချပ်ဝတ်လုပ်ရန် အကောင်းဆုံး ပစ္စည်းဖြစ်သည်။ ထို့အပြင် ဤဖွတ်များသည် နဂါးမျိုးတုံးချိုင့်ဝှမ်းတွင်သာ ရှိပြီး ၎င်းတို့ တည်ရှိရာ နေရာအားလည်း ဂိမ်းထဲမှ လွှမ်းမိုးနိုင်သော ကစားသမားများမှ ထိန်းချုပ်ထားရာ ဖွတ်အရေခွံ၏ ဈေးနှုန်းမှာ အတော်လေး မြင့်မားလေသည်။

ကျန်းကျိရင်သည် ဤပစ္စည်းများအားလုံးကို ရောင်းချရန် "Trading House"ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်ချင်မိသည်။ သို့သော် ရုတ်တရက် ပိုကောင်းသည့် အကြံတစ်ခုကို စဉ်းစားမိသွားသည်။

'"Trading House"မှာ ဆိုင်ဖွင့်လိုက်ရင်ရော'

"Trading House"တွင် ကစားသမားများသည် ဆိုင်တစ်ဆိုင်ကို တစ်လလျှင် ယွမ်ငါးဆယ်ဖြင့် ငှားရမ်းနိုင်ပြီး ထိုဆိုင်ထဲတွင် item အခုငါးဆယ် ထည့်နိုင်သော စင်နေရာလွတ်များ ပါဝင်သည်။ အကယ်၍ သင်သာ ဆိုင်၏ ပစ္စည်းထားရာ နေရာလွတ်တို့ကို တိုးချဲ့လိုလျှင် ငှားယမ်းခ တိုးပေးလိုက်ရုံနှင့် ရလေသည်။

ထိုသို့ ဆိုင်ကို ငှားယမ်းလိုက်လျှင် ကုန်တိုက်ဘက်မှ မည်သည့် အပိုဆောင်း ဝန်ဆောင်ခမျိုးကိုမှ ကစားသမားများဘက်မှ တောင်းခံမည်မဟုတ်ဘဲ အရောင်းအဝယ်ဖြစ်ကာမှသာ ကော်မရှင်ခ 1% ကိုသာ ကောက်ယူမည် ဖြစ်သည်။

ဤအချက်သည် item များကို မကြာခန ရောင်းဝယ်တတ်သည့် ကစားသမားများအတွက် ရွေးချယ်သင့်သော အခွင့်အရေးတစ်ခု ဖြစ်လေသည်။ ကျန်းကျိရင် အတွေးနှင့်အတူ လက်ကို လှုပ်ရှားလိုက်ပြီး ချက်ချင်း နာကျင်စွာဖြင့် ယွမ်ငါးဆယ် ပေး၍ ဆိုင်ခန်းငှားလိုက်တော့သည်။

သူ၏ ဆိုင်သေးသေးလေးကို သေချာ ပြင်ဆင်ပြီး ဆိုင်နာမည်ကို ကျန်းကျိရင် ဟုသာ ပေးလိုက်ပြီး မသုံးသည့် ပစ္စည်းများအားလုံးကို ဆိုင်ခန်းထဲ ထည့်သည်။ အသုံးမလိုသော အဆင့်နိမ့် ဆေးများကိုလည်း တစ်ကန့်ထည့်လိုက်သေးသည်။ ထိုဆေးများကို မည်သူကမှ ဝယ်ကြမည် မဟုတ်သော်လည်း ဆိုင်မှပေးထားသော နေရာလွတ်သေတ္တာက အခုငါးဆယ်တောင် ရှိလေရာ ထိုသေတ္တာများကို အလွတ်ကြီး မထားချင်သောကြောင့် သူ၏ နေရာလွတ်အိတ်ထဲမှ မသုံးသော ပစ္စည်းများအားလုံးကို တင်လိုက်ခြင်း ဖြစ်သည်။

ထို့နောက်တွင် သူသည် ဆေးနည်းများကို ကြည့်ရန် စာအုပ်ကို ဖွင့်လိုက်သည်။ သူ၏ လက်ရှိအဆင့်နှင့် ဖော်စပ်သန့်စင်နိုင်သော ဆေးများမှာ အသုံးမဝင်သော ဆေးများသာ ဖြစ်ပြီး လေ့ကျင့်ရန် ဖော်စပ်ပြီးလျှင် သူ၏ နေရာလွတ်ထဲသို့ ပစ်ထည့်ထားရမည့် ဆေးမျးာသာ ဖြစ်သည်။ သို့သော် မကြာခင်တွင် ကျန်းကျိရင်တစ်ယောက် အသုံးဝင်သော ဆေးနည်းကို တွေ့ခဲ့လေသည်။

ဆေးနည်းစာမျက်နှာတွင် နိဒါန်းအနေနှင့် စာတစ်ကြောင်းသာပါသည်။

အိမ်မွေးတိရစ္ဆာန်များကို မွေးကင်းစကာလတွင် ကျန်းမာစွာဖြင့် ကြီးပြင်းလာစေရန် ကူညီပေးနိုင်မည်။

ကျန်းကျိရင် ဤစာကြောင်းကို မြင်ပြီး ထိုနေ့က သူ၏ ကြောင်ကလေး၏ ကြမ်းတမ်းလှသော ရေခဲလုံးကြီးကို သတိရသွားကာ သူ့နှလုံးသားလေး ယားကျိယားကျိဖြစ်သွားသည်။ ကံမကောင်းစွာပင် ထိုနေ့နောက်ပိုင်းတွင် ကြောင်ကလေး ယင်ရှောက်ရှန်းသည် ပုံမှန်အတိုင်း ရေခဲချွန်လေးများကိုသာ ထုတ်တော့သည်။ ထို့အပြင် ထူးဆန်းလွန်းအောင် စွမ်းအားပြင်းသည့် ကြမ်းတမ်းမိမိုက်သည့် လှုပ်ရှားမှု တစ်ခုလေးမှ မလုပ်တော့သည့်အခါ ကျန်းကျိရင် ကလိကလိ ဖြစ်နေတော့သည်။

သူ့မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ယင်ရှောက်ရှန်းကို စောင်းကြည့်လိုက်ကာ

"နည်းနည်းလောက် ကြိုးစားကြည့်ချင်လား ကလေးလေး"

ယင်ရှောက်ရှန်းကလေးသည် မသိစိတ်အရ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားကာ

"အောင်းး...ဝ်"

------------------------------------

ကျန်းကျိရင်တို့ဘက် ကြောင်တစ်ကောင် ဆေးနည်းတစ်နည်းနှင့် ဗြောင်းဆန်နေချိန် အခြေစိုက်စခန်း ဝိုင်တွင် မုန့်ကာလီသည် သိချင်စိတ်ပြင်းပြစွာဖြင့် လေထဲမြောနေကာ

"...."

18 03

ထိုနေ့က ချစ်စဖွယ်ကြောင်ငယ်လေးကို ထပ်တွေ့ချင်သည်။ သို့သော် ဒေါက်တာက ကြောင်ကလေးကို အခြေစိုက်စခန်းတွင် တစ်ရက်သာ နေခွင့်ပြုခဲ့ပြီး ညနေပိုင်းတွင် လေ့သွမ့်အား ပြန်ပို့ခိုင်းခဲ့သည်။ သူတို့ကို ကြောင်ကလေးနှင့် နေခွင့် မပြုခဲ့....

သူ၏ ဝမ်းနည်းမှုက အလွန်ပြင်းလေးရာ သူရှိရာသို့ လျှောက်လာသော လေ့သွမ့်မှာ သူ၏ ဝမ်းနည်းမှုတို့ကို စိတ်စွမ်းရည်မှတစ်ဆင့် လက်ခံလိုက်ရသည်။ .....

လေ့သွမ့်မှာ မုန့်ကာလီအား ပုခုံးပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။ တကယ်တမ်းတွင် မုန့်ကာလီကို ပုခုံးပုတ်နိုင်ခြင်းမှာ မုန့်ကာလီက သူ့ကို အရပ်တူသွားအောင် လေထဲတွင် ပေါလောပေါ်အောင် လုပ်လိုက်သောကြောင့်ပင်။

"မင်းကလည်းကွာ ဒေါက်တာသာ သူ့ချစ်သူကို နောက်တစ်ခေါက် တွေ့ချင်လာရင် မင်းလည်း ကြောင်လေးကို ထပ်တွေ့ရမှာပဲလေ"

မု့န်ကာလီ "...."

'အား မုန်းလိုက်တာ ဘာလို့များ ဒေါက်တာက သူ့ချစ်သူကို တစ်ခါထဲ ဒီကို တိုက်ရိုက် ဖမ်းမလာလိုက်တာလဲ'

နောက်တစ်က္ကန့်တွင် သူတို့နှစ်ယောက်ရှိရာ နေရာတစ်ဝိုက်ကို စည်းချလိုက်သလို စည်းတံဆိပ်တစ်ခုက လွှမ်းခြုံလာခဲ့သည်။ အသံ၊ အသက်ရှူသံနှင့် စိတ်စွမ်းရည်တို့ဖြင့်ပင် အပြင်ဘက်မှ မထောက်လှမ်းနိုင်တော့ပေ။

ကူကယ်ရာမဲ့မှုတို့ ဖြတ်ပြေးနေသော မျက်ဝန်းများ အကြည့်ချင်းဆုံသွားကြသည်။

'ဒေါက်တာတော့ ဒေါသထွက်နေပြန်ပြီ ထင်တယ်'

အရာခပ်သိမ်းကို သိနိုင်သော ဘော့စ်တစ်ယောက်ရှိခြင်းက အလွန် စိတ်ညစ်စရာ ကောင်းလွန်းသည်။

-------------------------

ကျန်းကျိရင် ရုတ်တရက် တကယ့်ပြဿနာကို အမှတ်ရသွားသည်။ ဂိမ်းထဲတွင် မြေပုံတစ်ဖက်မှ တစ်ဖက်သို့ သွားရန် ငါးမိနစ်တောင် မကြာသော်လည်း တကယ့်ဂိမ်းကမ္ဘာအစစ်တွင်တော့ ဤသို့သွားခြင်းက သာမန်ကိစ္စမဟုတ်သည်မှာ သိသာသည်။ နဂါးမျိုးတုံးချိုင့်ဝှမ်းသည် အရှေ့မှ အနောက်သို့ ကီလိုမီတာ ငါးရာကျော် ဝေးသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ နေ့တိုင်း မနားတမ်း သွားမည်ဆိုလျှင် တစ်ဖက်အစွန်းကို ရောက်ရန် ဆယ်ရက်နှင့် နေ့တစ်ဝက် သွားရမည်။ ထို့အပြင် လမ်းတလျှောက်တွင်လည်း မွန်းစတား မျိုးစိတ်အမျိုးမျိုးက ထောင်သောင်းချီအောင် ရှိနေဦးမည်။ ကျန်းကျိရင် ရှိနေသော အရှေ့ဘက်ခြမ်းရှိ မွန်းစတားအများစုမှာ အဆင့်နိမ့်များဖြစ်သည်။ ဂိမ်းထဲတွင် အရှေ့ဘက်ခြမ်း အမြင့်ဆုံးမှာ Level 30 ပတ်ချလည်လောက် ဖြစ်သည်။

အနောက်ဘက် တောရိုင်းမြေတွင်တော့ မွန်းစတားများ၏ အဆင့်မှာ အတော်လေး မြင့်ပြီး ဂိမ်းထဲတွင် အမြင့်ဆုံးကစားသမားများဖြစ်သော Level 80 လောက်ရှိသူများသာ ထိုနေရာကို ဖြတ်သွားရဲသည်။ အနောက်ဘက်ပိုင်း တောနက်ထဲတွင် မရေမတွက်နိုင်သော Level 90 ရှိသော လျှို့ဝှက်မစ်ရှင်တော်တော်များရှိသေးပြီး မည်သည့်ကစားသမားကမှ ထိုမစ်ရှင်များကို မဖွင့်နိုင်သေးပေ။

နောက်ဆုံးတစ်ခေါက် သူတကယ့်ကမ္ဘာသို့ ပြန်ရောက်သွားသည့်အချိန်တွင် ဂိမ်းမြေပုံကို လေ့လာခဲ့သည်။ နဂါးမျိုးတုံးချိုင့်ဝှမ်းအနောက်ပိုင်းသည် Level 60 မှ 100 ကြားဇွန်ဘီများအရှိသော "မရဏတောင်ကြား" နှင့် ဆက်စပ်နေသည်။ ဤတောင်ကြားသည် လက်တလောတွင် အမြင့်ဆုံးဟူသော ကစားသမားများပင် ရှင်သန်ရန် ခက်ခဲသော နေရာဖြစ်သည်။

အနောက်ဘက်ပိုင်း မြေပုံသည်လည်း ယခုအချိန်အထိ မပွင့်လာသေးပေ။ သို့သော် ကောလာဟလတစ်ချို့က ထိုအနောက်ပိုင်းရှိ မရဏတောင်ကြားတွင် ဒေါက်တာဝိုင်၏ လျှို့ဝှက်အခြေစိုက်စခန်း ရှိသည်ဟု ပြောကြသည်။

နဂါးမျိုးတုံးချိုင့်ဝှမ်း အရှေ့ဘက်တွင် Level 20 ရှိ"အထီးကျန်တံငါရွာ" ဟုခေါ်သော ထူးဆန်းသော နယ်မြေတစ်ခု ရှိသည်။ တံငါရွာထဲမှ လူများအားလုံးသည် ထူးဆန်းစွာပင် ဇွန်ဘီများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လယ်ဗယ်က သိပ်မမြင့်သော်လည်း နာမည်အတိုင်းပင် တံငါရွာသည် လောကကြီးနှင့် အဆက်အသွယ်ပြတ်နေလေသည်။

ဤကမ္ဘာပေါ်တွင် မည်သည့် ဆက်သွယ်ရေး လမ်းကြောင်းမှ မရှိသော နေရာကို သွားခြင်းမှာ မည်သည့် အကျိုးအမြတ်မှ မရှိနိုင်ပေ။ ကျန်းကျိရင် သာမန် တောတွင်းနှင့် ဆက်စပ်နေသော ချိုင့်ဝှမ်းမြောက်ဘက်ကိုလည်း စနည်းနာကြည့်ခဲ့သည်။ သူ့အနေနှင့် ဤနေရာမှ ထွက်လျှင် လူသားအခြေစိုက်စခန်းတစ်ခုခုသို့ ဝင်ရန် လိုအပ်သည်။

လူသားအခြေစိုက်စခန်းတစ်ုခုခုကို ရှာတွေ့မှသာ ဤဘေးကင်းဇုံမှ ထွက်ခွာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် သာမန်ကျသော နေရာဖြစ်သည့် မြောက်ဘက်သို့ တစ်ရက်နည်းနည်းချင်း သွားဖို့ ဆုံးဖြတ်လိုက်သည်။

18 04

ကျန်းကျိရင် ယင်ရှောက်ရှန်း၏ ခေါင်းကလေးကို ပွတ်ပေးကာ

"ရှောက်ရှန်း ကြောက်နေလား"

ကြောင်ကလေးမှာ အခုထိ ကောင်းကောင်းနိုးမလာသေးပေ။ မျက်လုံးမဖွင့်ဘဲ ကျန်းကျိရင်ကို "အု" ဟူသည့် အသံသာ ပေး၍ ပြန်အိပ်နေသည်။ ကျန်းကျိရင် ရယ်မောလိုက်ပြီး ဤကြောင်ကလေးကို ပိုင်ဆိုင်ထားသည့် သူ့ကိုယ်သူ ဂုဏ်ပြုစကားပြောလိုက်သည်။ လူသားများသည် သဘာဝကပေးသည့် ဆက်ဆံရေးကောင်းသည့် သတ္တဝါဆိုသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထား၏။ အချိန်အကြာကြီး တစ်ယောက်တည်းနေရမည်ဆိုလျှင် ထိုလူသည် တဖြည်းဖြည်းနှင့် စိတ်ထဲ အထီးကျန်ပြီး နာကျင်လာလိမ့်မည်။

ရလဒ်အနေနှင့် ကျန်းကျိရင်သည် သူ၏ ခေါင်းမာချွဲသဲလှသည့် ကြောင်ကလေးကို အဖော်ပြု၍ နေ့တိုင်း လယ်ဗယ်တက်ရန် အမဲလိုက်လိုက် ဆေးပင်ခူးလိုက် ဆေးဖော်လိုက် ဈေးရောင်းလိုက်နှင့် ဘဝကို သာသာယာယာ ဖြတ်သန်းနေခဲ့သည်။

ဆယ်ရက်ကြာသော် အလန်းမြည်သံကြောင့် နိုးလာကာ ကျန်းကျိရင် ရေမိုးချိုး၍ အလုပ်သွားရန် ပြင်ဆင်လိုက်သည်။

လက်ရှိတွင် သူ၏ ရေခဲစွမ်းရည်မှာ အဆင့်သုံး ရောက်နေပြီး တိကျမှုစွမ်းရည်မှာ အဆင့် နှစ်ရောက်နေပြီဖြစ်သည်။ စွမ်းရည်များ အဆင့်သုံးသို့ ရောက်သွားလျှင် ဂိမ်းသည် ကစားသမားများကို လှုပ်ရှားမှုအကြီးကြီးတစ်ခု လုပ်နိုင်မည့် skill တစ်ခု နိုးထစေသည်။ ဤတစ်ကြိမ်တွင် ကျန်းကျိရင် ကံကောင်းသွားသည်။ "king's skill" အမျိုးအစားထဲတွင် ပါဝင်သော "freeze-break" ဟုခေါ်သော "အေးခဲချိုးဖြတ်" skill ကိုရခဲ့သည်။ ဤသည်မှာ ထိုနေ့က ကြောင်ငယ်လေး ဆိတ်ဘော့စ်ထံတွင် သုံးခဲ့သော skill ဖြစ်သည်။

သို့သော် ဤ skill သည် သူ့အတွက် အဆင့်နိမ့်အဆင့်သာ ရှိသေးပြီး သူ၏ ပြိုင်ဘက်၏ ခန္ဓာကိုယ် အဆိပ်အပိုင်းတစ်ခုကိုသာ အေးခဲသွားစေနိုင်သည်။

သူ့အတွက် စိတ်အလှုပ်ရှားသွားစေဆုံး ကိစ္စမှာ တစ်နှစ်ကျော်ကြာအောင် ဂိမ်းဆော့လာရသည့် နောက်ဆုံးတွင် ပထမဆုံးအနေနှင့် ဂိမ်းထဲမှ ငွေမြင်ရလေပြီ။

သူတင်ထားခဲ့သော ဆိုင်ခန်းထဲမှ ပစ္စည်းများထဲမှ အခု ရှစ်ဆယ်ကျော် ရောင်းခဲ့ရပြီး သူရောင်းထားသည့် ပစ္စည်းများ အာလုံးလိုလို ရောင်းကုန်သွားခြင်း ဖြစ်သည်။

'ဟီးဟီး အရမ်းတော့ မဟုတ်ပေမဲ့ ဆိုင်ငှားခတော့ ကြေသွားပြီ'

ထို့နောက်တွင် ဖိုရမ်ထဲမှ ပို့စ်အသစ်တစ်ခုကို တွေ့ခဲ့သည်။

<Tomorrow>၏ နယ်မြေတို့ကို သာမန်အဆင့်၊ လက်ရွေးစင်အဆင့် နှင့် ဗဟ်ိုအဆင့် ဟူ၍ လယ်ဗယ် သုံးဆင့် ပိုင်းလိုက်သည်။ လတ်တလောတွင် လက်ရွေးစင် အလယ်အလတ်လောက် ကျယ်သော လက်ရွေးစင်အဆင့် နယ်မြေတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် ၎င်းနယ်မြေကို ဖွင့်လှစ်သည့်အနေဖြင့် စွမ်းအားအမျိုးမျိုးဖြင့် မွမ်းမံထားသော ဝတ်စုံများကို ဖြန့်ချီမည်သာ မက ဖက်ရှင်ပိုင်းဆိုင်ရာနှင့် သက်ရောက်မှုအမျိုးမျိုးကို ရရှိနိုင်မည့် items များအပြင် အိမ်မွေးတိရစ္ဆာန်များအတွက် အထူးထုတ် ကုန်ပစ္စည်းအမျိုးမျိုးကိုပါ ရေပန်းစားလူကြိုက်များမှုအလိုက် ထုတ်လုပ် ရောင်းချသွားမည် ဖြစ်သည်။

ရလဒစ်ကတော့ နယ်မြေကို ဖွင့်လှစ်လိုက်သည်နှင့် တပြိုင်နက် ကစားသမား အသင်းအဖွဲ့များက နေ့စဉ် ဂိမ်းထဲဝင်၍ တောက်လျောက် ရှင်းလင်းကြတော့သည်။ နယ်မြေထဲမှ ဒုတိယဘော့စ်မှာ မီးဒြပ်စင်စွမ်းအင်ရှိသူ ဖြစ်သော်လည်း သူ၏ မီးစွမ်းရည်တွင် အဆိပ်တို့လည်း ပါဝင်နေသည်။ သူ၏ မီးနှင့် ထိမိသူတို့သည် ပူလောင်သွားမည်သာမက မူးဝေခြင်း၊ သွေးယိုခြင်းနှင့် ထုံထိုင်းခြင်းတို့ကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးဒဏ်ရာများကို ခံစားရမည်ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် "ပိုင်ဟော်ဆေးလုံး" ဟူသော ဆေးတစ်မျိုးသည် မီးအဆိပ်ကို ဖြေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ ထိုသတင်းကို ကြားပြီးသည်နှင့် ပိုင်ဟော်ဆေးလုံးသည် ကစားသမားများကြား အလွန်နာမည်ကြီးလာတော့သည်။

သို့သော် ပိုင်ဟော်ဆေးလုံးကို ဖော်စပ်ရန် ကုန်ကြမ်းများမှာ အလွန်ရှားပါးလွန်းသည်။ ထိုအထဲမှ အရှားပါးဆုံးမှာ နဂါးမျိုးတုံးချိုင့်ဝှမ်းတွင်သာ ရှိသော မျိုးတုံးလုနီးပါးဖြစ်နေပြီး အရေအတွက်နည်းလွန်းသော မျိုးစိတ်လည်း ဖြစ်သည့် နှင်းကျားသစ်ကြောင်၏ လက်သည်းများဖြစ်သည်။

နောက်ဆုံးတွင် ကုန်ကြမ်းမလုံလောက်မှုကြောင့် ဆေးလုံး၏ ဈေးနှုန်းက ထိုးတက်သွားတော့သည်။ သာမန်ကစားသမားများ၏ ကွန်ပလိန်းများက ဖိုရမ်ဆာဗာကြီး ကျသွားလောက်အောင် များလာတော့သည်။ ဤသည်မှာ လုံးဝကြီး ပြင်းပြင်းထန်ထန် အနိုင်ကျင့်မှုကြီးဖြစ်သည်ဟု ကစားသမားများက ဂိမ်းကုမ္ပဏီကို စွပ်စွဲတော့သည်။

ဤခေတ်တွင် သတင်းအချက်အလက်များသည် စီးပွားရေးအခွင့်အလမ်းများကို ကိုယ်စားပြုထားသည်ဟု ဆိုနိုင်သည်။

ထိုည ကျန်းကျိရင် အိမ်ပြန်ရောက်သည်နှင့် ဂိမ်းထဲ ချက်ချင်း တန်းဝင်ပြီး ဒေါက်တာဝိုင်ကို သွားဖက်တော့သည်။ တစ်ချိန်တည်း အနမ်းသုံးခုကို ပေးလိုက်ပြီး ပျော်ပျော်ကြီး ချောကလက်နှစ်ဘူး ဝယ်ကျွေးလိုက်သည်။ item storeကိုကြည့်၍ အလွန်အူမြူးနေကာ စာရိုက်၍ ပြောသည်။

18 05

"ကျွန်တော့် စတိုးဆိုင်လေးကနေ ယွမ်တစ်ထောင်ရတဲ့အချိန်ကျရင် ကျွန်တော် ခင်များကို သလင်းလက်စွပ်တစ်ကွင်း ‌ဝယ်ပေးမယ်နော်"

item mall၏ လက်ဆောင်ပစ္စည်းများ ဆိုသည့် အပိုင်းတွင် သလင်းလက်စွပ်များသည် တလက်လက်တောက်ပနေပြီး လေထဲတွင် မျောနေသည်။ ဤလက်စွပ်များကား ဂိမ်းထဲတွင် လက်ထပ်သည့် စုံတွဲများအတွက် ထုတ်လုပ်ထားခြင်းဖြစ်သည်။ သို့သော် ဂိမ်းထဲတွင် လက်ထပ်သူအများစုသည် လက်စွပ်မဝယ်ကြပေ။

ကျန်းကျိရင်ကတော့ သူ့ကိုယ်သူ တော်တော်ရူးတာပဲဟု တွေးမိလေသည်။

သူကတော့ ဤနွံထဲမှ ရုန်းထွက်နိုင်တော့မှာ မဟုတ်တော့ပေ။

သူ့မျက်နှာကို မြင်နေရသ၍....

ဤသို့ တွေးမိသည်နှင့် အပြုံးမရပ်နိုင်တော့အောင် ပျော်ရွှင်လာသည်။ သူ၏ သတင်းကောင်းများကို ဤလူနှင့် မျှဝေရသည့်အချိန်တိုင်းတွင် သူပိုင်ဆိုင်သမျှ အရာရာကို ဤလူအား နောင်တမရှိ ပေးနိုင်သည်ဟု ခံစားရသည်။ သူ့ရှေ့မှလူသည် ဒေတာအတွဲလိုက်ကြီးဖြင့် ရေးဆွဲထားသော ရုပ်လုံးကြွ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်ကို သိသော်လည်း ဤလူအား သူ၏ ချစ်သူအစစ်အမှန်အဖြစ် တွေးနေမိသည်ကို မရပ်တန့်နိုင်တော့ပေ။ တဖြည်းဖြည်းချင်းဖြင့် ဤလူက သူ၏ ချစ်သူဖြစ်ကြောင်း ယုံကြည်လာမိနေလေပြီ။

'ဒါပေမဲ့ ယင်ညန် ခင်များကရော ဒါကို သိပါရဲ့လား'

ကျန်းကျိရင် သူ့ရှေ့မှ ပိတ်သွားသော ကွန်ပျူတာစခရင်မည်းမည်းကို ကြည့်နေမိသည်။ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်ပြီး ဝမ်းနည်းနေသော သိမ်မွေ့သည့် အပြုံးတစ်ခုက နှုတ်ခမ်းပါးတို့ထက်တွင် ဖြစ်တည်လာခဲ့သည်။

<Tomorrow>၏ တကယ့်ကမ္ဘာအစစ်မှ ဒေါက်တာဝိုင်ကို တွေ့ရန် ကြောက်နေမိသည်။ သူတွေ့ရမည့် ယင်ညန်က သူပိုင်ဆိုင်ထားသည့် သူ၏ လူ ယင်ညန် မဟုတ်မည်ကို ကြောက်မိပါသည်။

-------------------

မှတ်ချက်

ရွှမ်မန် ဆိုသည် တာအိုဘာသာမှ မွေးစားထားသည့် စာလုံးဖြစ်ကာ အလွယ်ပြောရလျှင် တိုင်းရင်းဆေး ဖြစ်သည်။

ပိုင်ဟော် ဆိုတာ အပူငြိမ်းဆေးပါတဲ့

.................................. 

Zawgyi

18 01
အပိုင္း (၁၈) ဆိုင္ဖြင့္မယ္

က်န္းက်ိရင္ ဆိတ္ေဘာ့စ္၏ သလင္းအျမဳေတကို စုပ္ယူလိုက္ၿပီး ကိုယ္ပိုင္စြမ္းရည္အျဖစ္ ေျပာင္းလဲပစ္သည္။ သူ၏ ေရခဲစြမ္းရည္သည္ Level 2 ထိ ျမင့္တက္လာၿပီး Level 3 ေရာက္လုေရာက္ခင္တြင္ အဆင့္တက္ျခင္း ရပ္တန႔္သြားသည္။ တတိယေျမာက္ အဆင့္သို႔ ေရာက္ရန္ ေသးေသးေလးသာ လိုေတာ့သည္မို႔ က်န္းက်ိရင္ အားမလိုအားမရ ျဖစ္သြားသည္။

ေရခဲစြမ္းရည္ အဆင့္ငါးေရာက္မွသာ ဤနဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္းမွ ထြက္ခြာႏိုင္မည္ကို ေတြးမိၿပီး သက္ျပင္းခ်မိသည္။

အျပင္ဘက္တြင္ လင္းထိန္ေနၿပီး ေနကလည္း တအားျပင္းေနသည္။ သို႔ေသာ္ က်န္းက်ိရင္သည္ ေရခဲစြမ္းရည္ ပိုင္ရွင္ျဖစ္သည္။ မိုး႐ြာျခင္းႏွင့္ ႏွင္းက်ျခင္းတို႔ကသာ သူ႔အတြက္ ေကာင္းေပသည္။ ဤသို႔ ေခြၽးၿပိဳက္ၿပိဳက္က်ေအာင္ ေနပူေနသည္က သူ၏ စြမ္းရည္ကို အားနည္းေစသည္။

ရာသီကတု အေျခအေနကို ၾကည့္၍ ဂူထဲမွာသာ ေနၿပီး ေဆးေဖာ္ရန္ ဆုံးျဖတ္လိုက္၏။ <Tomorrow>၏ ေဆးပညာရပ္ပိုင္းဆိုင္ရာ စနစ္သည္ အေတာ္ေလး ဆန္းသစ္ေလသည္။ သို႔ေသာ္ လူတစ္ေယာက္၏ ေမွ်ာ္လင့္ခ်က္ႏွင့္ေတာ့ အေတာ္ေလး ဆန႔္က်င္ေနသည္။ ဂိမ္းထဲတြင္ item ေရာင္းခ်သူမ်ာသည္ "ပန္နီဆလင္" ႏွင့္ "ေဆးပတ္တီး" တို႔ကဲ့သို႔ သာမန္က်က် ေဆးဝါးမ်ားကိုသာ ေရာင္းခ်ၾကသည္။

သူတို႔သည္ လယ္ဗယ္မတတ္ႏိုင္ဘဲ ထရာမာထဲတြင္ ပိတ္မိေနသူမ်ားႏွင့္ တိုက္ပြဲထဲတြင္ HP ပမာဏအနည္းငယ္ ျမင့္လာႏိုင္ေစျခင္းမ်ားသာ အသုံးဝင္ၿပီး သက္ေရာက္မႈႏႈန္းကလည္း အလြန္ေႏွးေကြးေလရာ အမဲလိုက္ထြက္ခ်ိန္တြင္ ထိုေဆးမ်ားကို အသုံးျပဳရန္မွာ သိပ္အဆင္မေျပေပ။

အခ်ိဳ႕ေသာ ကစားသမားမ်ားက ဤအျဖစ္ကို ကြန္ပလိန္းတက္ၾကရာ တရားဝင္ဝဘ္ဆိုက္က စာတစ္ေၾကာင္းျဖင့္သာ ျပန္ေျဖျခ့သည္၊

"ခ်စ္လွစြာေသာ ဂိမ္းေဆာ့သူသို႔ ျပန္ၾကားခ်က္ ဒါက ကမာၻပ်က္ကပ္မွာ ဘာေၾကာင့္ ေသဆုံးႏႈန္း ျမင့္ေနရသလဲဆိုတာရဲ႕ အေၾကာင္းျပခ်က္ေလကြယ္ နည္းနည္းေလာက္ ပိုၿပီး လက္ေတြ႕က်က် ေတြးၾကည့္ပါ ဟုတ္ၿပီလား"

သို႔ေသာ္ ကစားသမားမ်ား အားလုံးဤသို႔ ဆက္သြားေနလွ်င္ ဂိမ္းသည္လည္း ေရွ႕ဆက္၍ ရမည္မဟုတ္ေတာ့ေပ။ ထို႔ေၾကာင့္ ပထမဆုံးအေနႏွင့္ ကစားသမားမ်ားသည္ item store တြင္ သက္ေရာက္မႈအားေကာင္းေသာ ေသြးျဖည့္ေဆးမ်ားမ်ားကို ျမန္ျမန္သြက္သြက္ ဝယ္ထာသင့္သည္။ တကယ့္ယြမ္ အစစ္ႏွင့္ ေပါ့ေလ။

item storeသည္ ပုံမွန္အားျဖင့္ ေဆးဝါးမ်ားကို "၉၆ပါးေရာဂါ ေပ်ာက္ကင္းေစသည့္ ေဆးမ်ား" ဟူ၍ ေခါင္းစဥ္တပ္၍ အမ်ိဳးအစားခြဲျပထားသည္။ ဒုတိယအေနႏွ႔္ ကစားသမားမ်ား ကိုယ္တိုင္ "ေဆးဝါးပညာအရည္အခ်င္း" ကို သင္ယူႏိုင္သည္။

ေဆးေဖာ္စပ္ျခင္းအရည္အခ်င္းကိုလည္း ႏွစ္မ်ိဳးခြဲျခားထားသည္။ တစ္မ်ိဳးမွာ "သိပၸံေဆးဝါး/ အေနာက္တိုင္းေဆးဝါး" ျဖစ္ၿပီး အေနာက္တိုင္းေဆးဝါးကို သင္ယူေသာ ကစားသမားမ်ားမွာ ၾကက္အေရခြံကဲ့သို႔ ေဆးပတ္တီးလိုမ်ိဳး အေစာပိုင္းအဆင့္ ေဆးဝါးမ်ားကိုသာ ေဖာ္စပ္ႏိုင္ၾကၿပီး ေဆးပညာလယ္ဗယ္ျမင့္လာမွသာ ေနာက္ပိုင္းအဆင့္မ်ားတြင္ အသုံးဝင္မည့္ ထိပ္တန္းအဆင့္ ေဆးမ်ားကို ေဖာ္စပ္ႏိုင္ၾကမည္ျဖစ္သည္။ ထို႔အျပင္ ထိုေဆးမ်ားသည္လည္း သူတို႔ကိုယ္တိုင္ သုံးႏိုင္႐ုံေလာက္သာ ထုတ္လုပ္ႏိုင္မည္ျဖစ္သည္။

အျခားတစ္မ်ိဳးမွာ "႐ႊမ္မန္ ေဆးဝါးပညာ"ျဖစ္သည္။ ဤေဆးနည္းျဖင့္ ထုတ္လုပ္ေသာ ေဆးဝါးမ်ားအားလုံးသည္ ၉၆ပါး ေရာဂါေပ်ာက္ႏိုင္သည္ဟု ဆိုထားသည္။ အေစာပိုင္းကနဦးအဆင့္မ်ားတြင္ ဤစြမ္းရည္က သိပ္မေကာင္းေသာ္လည္း item storesမွ တိုက္႐ိုက္ဝယ္ေသာ ေဆးမ်ားနီးနီး အာနိသင္ရွိသည္။ ထိုေဆးမ်ားသည္ ေဆးပတ္တီးထက္ေတာ့ ပိုေကာင္းပါေသးသည္။

တာ့က်ားတစ္ေယာက္ တကၠသိုလ္တက္ေနစဥ္အခ်ိန္က သူသည္ ေဆးဝါးေဖာ္စပ္ျခင္း ေမဂ်ာကို ယူခဲ့သည္။ တူေမာ႐ိုးကို ကစားသည့္အခ်ိန္တြင္ ေဆးဝါးေဖာ္ဆပ္ျခင္းအရည္အခ်င္းမ်ား ဆိုသည္ကို ျမင္ၿပီးေနာက္ သူသည္ အလြန္ေဒါသထြက္သြားခဲ့ၿပီး ဂိမ္းကို ဖ်က္လိုက္ကာ ဘယ္ေသာအခါမွ ထပ္မကစားေတာ့ေပ။ <Tomorrow>သည္ သိပၸံေဆးပညာရပ္ကို တမင္သက္သက္ ေစာ္ကားလို၍ ဤက႑ကို ထည့္ထားသည္ဟု ခံစားရသည္။

သို႔ေသာ္ ေနာက္ပိုင္းတြင္ ဂိမ္းအမ်ိဳးအစားတြင္ "fantasy" ဟူေသာ စိတ္ကူးယဥ္ ဂိမ္းဟူသည့္ တရားဝင္စာထုတ္ၿပီးသည္ကို ျမင္ၿပီးေနာက္ သူသည္လည္း တည္ၿငိမ္သြားခဲ့သည္။ က်န္းက်ိရင္သည္ "ၿပီးျပည့္စုံေသာ ေဆးေဖာ္စပ္နည္းေပါင္းခ်ဳပ္" ကို item storesမွ ဝယ္ခဲ့သည္။ ၎သည္ "႐ႊမ္မန္ ေဆးဝါးေဖာ္စပ္ျခင္း" ကို ေလ့လာေသာ ကစားသမားမ်ား ဝယ္ယူေလ့ရွိေသာ စာအုပ္ျဖစ္သည္။
အတိတ္တုန္းက သူသည္ ဤက႑ကို သိပ္ၿပီး စိတ္မဝင္စားခဲ့ေပ။

လူသစ္တန္း ကာလမ်ားတြင္တုန္းကသာ တစ္ခါတစ္ရံ အဆင့္နိမ့္ဆုံး ေသြးျဖည့္ေဆးရည္တို႔သာ ‌ဝယ္သုံးခဲ့ၿပီး ထိုေဆးမ်ားသုံး၍ လယ္ဗယ္တူးသို႔
18 02
ေရာက္ခဲ့သည္။ ဤရက္ပိုင္းအတြင္း သူစုေဆာင္းရမိခဲ့ကာ ေနရာလြတ္ထဲတြင္ ထည့္ထားခဲ့ေသာ ကုန္ၾကမ္းပစၥည္းတို႔ကို ထုတ္၍ အမ်ိဳးအစားခြဲလိုက္၏။

ထို႔ေနာက္ ေဆးေဖာ္စပ္နည္းေပါင္းခ်ဳပ္ကို ထုတ္၍ ဖတ္လိုက္ကာ သူယခုအခ်ိန္တြင္ မည္သည့္ေဆးကို ေဖာ္စပ္သန႔္စင္ႏိုင္မည္ကို ရွာၾကည့္သည္။ သို႔ေသာ္ သူ၏ ပစၥည္းမ်ားျဖစ္ေသာ ဖြတ္အေရခြံကဲ့သို႔ ကုန္ၾကမ္းမ်ိဳးမွာ ေဆးဝါးေဖာ္စပ္မရႏိုင္သည္ကို ဝမ္းနည္းစြာ သိလိုက္ရသည္။၊

သို႔ေသာ္ တကယ္တမ္းတြင္ ဖြတ္အေရခြံသည္ မီးျဒပ္စင္ ခ်ပ္ဝတ္လုပ္ရန္ အေကာင္းဆုံး ပစၥည္းျဖစ္သည္။ ထို႔အျပင္ ဤဖြတ္မ်ားသည္ နဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္းတြင္သာ ရွိၿပီး ၎တို႔ တည္ရွိရာ ေနရာအားလည္း ဂိမ္းထဲမွ လႊမ္းမိုးႏိုင္ေသာ ကစားသမားမ်ားမွ ထိန္းခ်ဳပ္ထားရာ ဖြတ္အေရခြံ၏ ေဈးႏႈန္းမွာ အေတာ္ေလး ျမင့္မားေလသည္။

က်န္းက်ိရင္သည္ ဤပစၥည္းမ်ားအားလုံးကို ေရာင္းခ်ရန္ "Trading House"ထဲသို႔ တိုက္႐ိုက္ ပစ္ထည့္လိုက္ခ်င္မိသည္။ သို႔ေသာ္ ႐ုတ္တရက္ ပိုေကာင္းသည့္ အႀကံတစ္ခုကို စဥ္းစားမိသြားသည္။

'"Trading House"မွာ ဆိုင္ဖြင့္လိုက္ရင္ေရာ'

"Trading House"တြင္ ကစားသမားမ်ားသည္ ဆိုင္တစ္ဆိုင္ကို တစ္လလွ်င္ ယြမ္ငါးဆယ္ျဖင့္ ငွားရမ္းႏိုင္ၿပီး ထိုဆိုင္ထဲတြင္ item အခုငါးဆယ္ ထည့္ႏိုင္ေသာ စင္ေနရာလြတ္မ်ား ပါဝင္သည္။ အကယ္၍ သင္သာ ဆိုင္၏ ပစၥည္းထားရာ ေနရာလြတ္တို႔ကို တိုးခ်ဲ႕လိုလွ်င္ ငွားယမ္းခ တိုးေပးလိုက္႐ုံႏွင့္ ရေလသည္။

ထိုသို႔ ဆိုင္ကို ငွားယမ္းလိုက္လွ်င္ ကုန္တိုက္ဘက္မွ မည္သည့္ အပိုေဆာင္း ဝန္ေဆာင္ခမ်ိဳးကိုမွ ကစားသမားမ်ားဘက္မွ ေတာင္းခံမည္မဟုတ္ဘဲ အေရာင္းအဝယ္ျဖစ္ကာမွသာ ေကာ္မရွင္ခ 1% ကိုသာ ေကာက္ယူမည္ ျဖစ္သည္။

ဤအခ်က္သည္ item မ်ားကို မၾကာခန ေရာင္းဝယ္တတ္သည့္ ကစားသမားမ်ားအတြက္ ေ႐ြးခ်ယ္သင့္ေသာ အခြင့္အေရးတစ္ခု ျဖစ္ေလသည္။ က်န္းက်ိရင္ အေတြးႏွင့္အတူ လက္ကို လႈပ္ရွားလိုက္ၿပီး ခ်က္ခ်င္း နာက်င္စြာျဖင့္ ယြမ္ငါးဆယ္ ေပး၍ ဆိုင္ခန္းငွားလိုက္ေတာ့သည္။

သူ၏ ဆိုင္ေသးေသးေလးကို ေသခ်ာ ျပင္ဆင္ၿပီး ဆိုင္နာမည္ကို က်န္းက်ိရင္ ဟုသာ ေပးလိုက္ၿပီး မသုံးသည့္ ပစၥည္းမ်ားအားလုံးကို ဆိုင္ခန္းထဲ ထည့္သည္။ အသုံးမလိုေသာ အဆင့္နိမ့္ ေဆးမ်ားကိုလည္း တစ္ကန႔္ထည့္လိုက္ေသးသည္။ ထိုေဆးမ်ားကို မည္သူကမွ ဝယ္ၾကမည္ မဟုတ္ေသာ္လည္း ဆိုင္မွေပးထားေသာ ေနရာလြတ္ေသတၱာက အခုငါးဆယ္ေတာင္ ရွိေလရာ ထိုေသတၱာမ်ားကို အလြတ္ႀကီး မထားခ်င္ေသာေၾကာင့္ သူ၏ ေနရာလြတ္အိတ္ထဲမွ မသုံးေသာ ပစၥည္းမ်ားအားလုံးကို တင္လိုက္ျခင္း ျဖစ္သည္။

ထို႔ေနာက္တြင္ သူသည္ ေဆးနည္းမ်ားကို ၾကည့္ရန္ စာအုပ္ကို ဖြင့္လိုက္သည္။ သူ၏ လက္ရွိအဆင့္ႏွင့္ ေဖာ္စပ္သန႔္စင္ႏိုင္ေသာ ေဆးမ်ားမွာ အသုံးမဝင္ေသာ ေဆးမ်ားသာ ျဖစ္ၿပီး ေလ့က်င့္ရန္ ေဖာ္စပ္ၿပီးလွ်င္ သူ၏ ေနရာလြတ္ထဲသို႔ ပစ္ထည့္ထားရမည့္ ေဆးမ်းာသာ ျဖစ္သည္။ သို႔ေသာ္ မၾကာခင္တြင္ က်န္းက်ိရင္တစ္ေယာက္ အသုံးဝင္ေသာ ေဆးနည္းကို ေတြ႕ခဲ့ေလသည္။

ေဆးနည္းစာမ်က္ႏွာတြင္ နိဒါန္းအေနႏွင့္ စာတစ္ေၾကာင္းသာပါသည္။

အိမ္ေမြးတိရစာၦန္မ်ားကို ေမြးကင္းစကာလတြင္ က်န္းမာစြာျဖင့္ ႀကီးျပင္းလာေစရန္ ကူညီေပးႏိုင္မည္။

က်န္းက်ိရင္ ဤစာေၾကာင္းကို ျမင္ၿပီး ထိုေန႔က သူ၏ ေၾကာင္ကေလး၏ ၾကမ္းတမ္းလွေသာ ေရခဲလုံးႀကီးကို သတိရသြားကာ သူ႔ႏွလုံးသားေလး ယားက်ိယားက်ိျဖစ္သြားသည္။ ကံမေကာင္းစြာပင္ ထိုေန႔ေနာက္ပိုင္းတြင္ ေၾကာင္ကေလး ယင္ေရွာက္ရွန္းသည္ ပုံမွန္အတိုင္း ေရခဲခြၽန္ေလးမ်ားကိုသာ ထုတ္ေတာ့သည္။ ထို႔အျပင္ ထူးဆန္းလြန္းေအာင္ စြမ္းအားျပင္းသည့္ ၾကမ္းတမ္းမိမိုက္သည့္ လႈပ္ရွားမႈ တစ္ခုေလးမွ မလုပ္ေတာ့သည့္အခါ က်န္းက်ိရင္ ကလိကလိ ျဖစ္ေနေတာ့သည္။

သူ႔မ်က္ဝန္းထဲတြင္ ထူးဆန္းေသာ အရိပ္အေယာင္တစ္ခ်က္ လက္ခနဲ ျဖစ္သြားၿပီး ယင္ေရွာက္ရွန္းကို ေစာင္းၾကည့္လိုက္ကာ

"နည္းနည္းေလာက္ ႀကိဳးစားၾကည့္ခ်င္လား ကေလးေလး"

ယင္ေရွာက္ရွန္းကေလးသည္ မသိစိတ္အရ ေနာက္သို႔ ေျခတစ္လွမ္းဆုတ္သြားကာ

"ေအာင္းး...ဝ္"

------------------------------------

က်န္းက်ိရင္တို႔ဘက္ ေၾကာင္တစ္ေကာင္ ေဆးနည္းတစ္နည္းႏွင့္ ေျဗာင္းဆန္ေနခ်ိန္ အေျခစိုက္စခန္း ဝိုင္တြင္ မုန႔္ကာလီသည္ သိခ်င္စိတ္ျပင္းျပစြာျဖင့္ ေလထဲေျမာေနကာ

"...."
18 03
ထိုေန႔က ခ်စ္စဖြယ္ေၾကာင္ငယ္ေလးကို ထပ္ေတြ႕ခ်င္သည္။ သို႔ေသာ္ ေဒါက္တာက ေၾကာင္ကေလးကို အေျခစိုက္စခန္းတြင္ တစ္ရက္သာ ေနခြင့္ျပဳခဲ့ၿပီး ညေနပိုင္းတြင္ ေလ့သြမ့္အား ျပန္ပို႔ခိုင္းခဲ့သည္။ သူတို႔ကို ေၾကာင္ကေလးႏွင့္ ေနခြင့္ မျပဳခဲ့....

သူ၏ ဝမ္းနည္းမႈက အလြန္ျပင္းေလးရာ သူရွိရာသို႔ ေလွ်ာက္လာေသာ ေလ့သြမ့္မွာ သူ၏ ဝမ္းနည္းမႈတို႔ကို စိတ္စြမ္းရည္မွတစ္ဆင့္ လက္ခံလိုက္ရသည္။ .....

ေလ့သြမ့္မွာ မုန႔္ကာလီအား ပုခုံးပုတ္၍ ႏွစ္သိမ့္ေပးလိုက္သည္။ တကယ္တမ္းတြင္ မုန႔္ကာလီကို ပုခုံးပုတ္ႏိုင္ျခင္းမွာ မုန႔္ကာလီက သူ႔ကို အရပ္တူသြားေအာင္ ေလထဲတြင္ ေပါေလာေပၚေအာင္ လုပ္လိုက္ေသာေၾကာင့္ပင္။

"မင္းကလည္းကြာ ေဒါက္တာသာ သူ႔ခ်စ္သူကို ေနာက္တစ္ေခါက္ ေတြ႕ခ်င္လာရင္ မင္းလည္း ေၾကာင္ေလးကို ထပ္ေတြ႕ရမွာပဲေလ"

မု႔န္ကာလီ "...."

'အား မုန္းလိုက္တာ ဘာလို႔မ်ား ေဒါက္တာက သူ႔ခ်စ္သူကို တစ္ခါထဲ ဒီကို တိုက္႐ိုက္ ဖမ္းမလာလိုက္တာလဲ'

ေနာက္တစ္ကၠန႔္တြင္ သူတို႔ႏွစ္ေယာက္ရွိရာ ေနရာတစ္ဝိုက္ကို စည္းခ်လိုက္သလို စည္းတံဆိပ္တစ္ခုက လႊမ္းၿခဳံလာခဲ့သည္။ အသံ၊ အသက္ရႉသံႏွင့္ စိတ္စြမ္းရည္တို႔ျဖင့္ပင္ အျပင္ဘက္မွ မေထာက္လွမ္းႏိုင္ေတာ့ေပ။

ကူကယ္ရာမဲ့မႈတို႔ ျဖတ္ေျပးေနေသာ မ်က္ဝန္းမ်ား အၾကည့္ခ်င္းဆုံသြားၾကသည္။

'ေဒါက္တာေတာ့ ေဒါသထြက္ေနျပန္ၿပီ ထင္တယ္'

အရာခပ္သိမ္းကို သိႏိုင္ေသာ ေဘာ့စ္တစ္ေယာက္ရွိျခင္းက အလြန္ စိတ္ညစ္စရာ ေကာင္းလြန္းသည္။

-------------------------

က်န္းက်ိရင္ ႐ုတ္တရက္ တကယ့္ျပႆနာကို အမွတ္ရသြားသည္။ ဂိမ္းထဲတြင္ ေျမပုံတစ္ဖက္မွ တစ္ဖက္သို႔ သြားရန္ ငါးမိနစ္ေတာင္ မၾကာေသာ္လည္း တကယ့္ဂိမ္းကမာၻအစစ္တြင္ေတာ့ ဤသို႔သြားျခင္းက သာမန္ကိစၥမဟုတ္သည္မွာ သိသာသည္။ နဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္းသည္ အေရွ႕မွ အေနာက္သို႔ ကီလိုမီတာ ငါးရာေက်ာ္ ေဝးသည္။ အကယ္၍ တစ္စုံတစ္ေယာက္ကသာ ေန႔တိုင္း မနားတမ္း သြားမည္ဆိုလွ်င္ တစ္ဖက္အစြန္းကို ေရာက္ရန္ ဆယ္ရက္ႏွင့္ ေန႔တစ္ဝက္ သြားရမည္။ ထို႔အျပင္ လမ္းတေလွ်ာက္တြင္လည္း မြန္းစတား မ်ိဳးစိတ္အမ်ိဳးမ်ိဳးက ေထာင္ေသာင္းခ်ီေအာင္ ရွိေနဦးမည္။ က်န္းက်ိရင္ ရွိေနေသာ အေရွ႕ဘက္ျခမ္းရွိ မြန္းစတားအမ်ားစုမွာ အဆင့္နိမ့္မ်ားျဖစ္သည္။ ဂိမ္းထဲတြင္ အေရွ႕ဘက္ျခမ္း အျမင့္ဆုံးမွာ Level 30 ပတ္ခ်လည္ေလာက္ ျဖစ္သည္။

အေနာက္ဘက္ ေတာ႐ိုင္းေျမတြင္ေတာ့ မြန္းစတားမ်ား၏ အဆင့္မွာ အေတာ္ေလး ျမင့္ၿပီး ဂိမ္းထဲတြင္ အျမင့္ဆုံးကစားသမားမ်ားျဖစ္ေသာ Level 80 ေလာက္ရွိသူမ်ားသာ ထိုေနရာကို ျဖတ္သြားရဲသည္။ အေနာက္ဘက္ပိုင္း ေတာနက္ထဲတြင္ မေရမတြက္ႏိုင္ေသာ Level 90 ရွိေသာ လွ်ိဳ႕ဝွက္မစ္ရွင္ေတာ္ေတာ္မ်ားရွိေသးၿပီး မည္သည့္ကစားသမားကမွ ထိုမစ္ရွင္မ်ားကို မဖြင့္ႏိုင္ေသးေပ။

ေနာက္ဆုံးတစ္ေခါက္ သူတကယ့္ကမာၻသို႔ ျပန္ေရာက္သြားသည့္အခ်ိန္တြင္ ဂိမ္းေျမပုံကို ေလ့လာခဲ့သည္။ နဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္းအေနာက္ပိုင္းသည္ Level 60 မွ 100 ၾကားဇြန္ဘီမ်ားအရွိေသာ "မရဏေတာင္ၾကား" ႏွင့္ ဆက္စပ္ေနသည္။ ဤေတာင္ၾကားသည္ လက္တေလာတြင္ အျမင့္ဆုံးဟူေသာ ကစားသမားမ်ားပင္ ရွင္သန္ရန္ ခက္ခဲေသာ ေနရာျဖစ္သည္။

အေနာက္ဘက္ပိုင္း ေျမပုံသည္လည္း ယခုအခ်ိန္အထိ မပြင့္လာေသးေပ။ သို႔ေသာ္ ေကာလာဟလတစ္ခ်ိဳ႕က ထိုအေနာက္ပိုင္းရွိ မရဏေတာင္ၾကားတြင္ ေဒါက္တာဝိုင္၏ လွ်ိဳ႕ဝွက္အေျခစိုက္စခန္း ရွိသည္ဟု ေျပာၾကသည္။

နဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္း အေရွ႕ဘက္တြင္ Level 20 ရွိ"အထီးက်န္တံငါ႐ြာ" ဟုေခၚေသာ ထူးဆန္းေသာ နယ္ေျမတစ္ခု ရွိသည္။ တံငါ႐ြာထဲမွ လူမ်ားအားလုံးသည္ ထူးဆန္းစြာပင္ ဇြန္ဘီမ်ားအျဖစ္သို႔ ေျပာင္းလဲသြားခဲ့သည္။ လယ္ဗယ္က သိပ္မျမင့္ေသာ္လည္း နာမည္အတိုင္းပင္ တံငါ႐ြာသည္ ေလာကႀကီးႏွင့္ အဆက္အသြယ္ျပတ္ေနေလသည္။

ဤကမာၻေပၚတြင္ မည္သည့္ ဆက္သြယ္ေရး လမ္းေၾကာင္းမွ မရွိေသာ ေနရာကို သြားျခင္းမွာ မည္သည့္ အက်ိဳးအျမတ္မွ မရွိႏိုင္ေပ။ က်န္းက်ိရင္ သာမန္ ေတာတြင္းႏွင့္ ဆက္စပ္ေနေသာ ခ်ိဳင့္ဝွမ္းေျမာက္ဘက္ကိုလည္း စနည္းနာၾကည့္ခဲ့သည္။ သူ႔အေနႏွင့္ ဤေနရာမွ ထြက္လွ်င္ လူသားအေျခစိုက္စခန္းတစ္ခုခုသို႔ ဝင္ရန္ လိုအပ္သည္။

လူသားအေျခစိုက္စခန္းတစ္ုခုခုကို ရွာေတြ႕မွသာ ဤေဘးကင္းဇုံမွ ထြက္ခြာႏိုင္မည္ျဖစ္သည္။ ထို႔ေၾကာင့္ သူသည္ သာမန္က်ေသာ ေနရာျဖစ္သည့္ ေျမာက္ဘက္သို႔ တစ္ရက္နည္းနည္းခ်င္း သြားဖို႔ ဆုံးျဖတ္လိုက္သည္။
18 04
က်န္းက်ိရင္ ယင္ေရွာက္ရွန္း၏ ေခါင္းကေလးကို ပြတ္ေပးကာ

"ေရွာက္ရွန္း ေၾကာက္ေနလား"

ေၾကာင္ကေလးမွာ အခုထိ ေကာင္းေကာင္းႏိုးမလာေသးေပ။ မ်က္လုံးမဖြင့္ဘဲ က်န္းက်ိရင္ကို "အု" ဟူသည့္ အသံသာ ေပး၍ ျပန္အိပ္ေနသည္။ က်န္းက်ိရင္ ရယ္ေမာလိုက္ၿပီး ဤေၾကာင္ကေလးကို ပိုင္ဆိုင္ထားသည့္ သူ႔ကိုယ္သူ ဂုဏ္ျပဳစကားေျပာလိုက္သည္။ လူသားမ်ားသည္ သဘာဝကေပးသည့္ ဆက္ဆံေရးေကာင္းသည့္ သတၱဝါဆိုသည့္ ဂုဏ္ပုဒ္ကို ပိုင္ဆိုင္ထား၏။ အခ်ိန္အၾကာႀကီး တစ္ေယာက္တည္းေနရမည္ဆိုလွ်င္ ထိုလူသည္ တျဖည္းျဖည္းႏွင့္ စိတ္ထဲ အထီးက်န္ၿပီး နာက်င္လာလိမ့္မည္။

ရလဒ္အေနႏွင့္ က်န္းက်ိရင္သည္ သူ၏ ေခါင္းမာခြၽဲသဲလွသည့္ ေၾကာင္ကေလးကို အေဖာ္ျပဳ၍ ေန႔တိုင္း လယ္ဗယ္တက္ရန္ အမဲလိုက္လိုက္ ေဆးပင္ခူးလိုက္ ေဆးေဖာ္လိုက္ ေဈးေရာင္းလိုက္ႏွင့္ ဘဝကို သာသာယာယာ ျဖတ္သန္းေနခဲ့သည္။

ဆယ္ရက္ၾကာေသာ္ အလန္းျမည္သံေၾကာင့္ ႏိုးလာကာ က်န္းက်ိရင္ ေရမိုးခ်ိဳး၍ အလုပ္သြားရန္ ျပင္ဆင္လိုက္သည္။

လက္ရွိတြင္ သူ၏ ေရခဲစြမ္းရည္မွာ အဆင့္သုံး ေရာက္ေနၿပီး တိက်မႈစြမ္းရည္မွာ အဆင့္ ႏွစ္ေရာက္ေနၿပီျဖစ္သည္။ စြမ္းရည္မ်ား အဆင့္သုံးသို႔ ေရာက္သြားလွ်င္ ဂိမ္းသည္ ကစားသမားမ်ားကို လႈပ္ရွားမႈအႀကီးႀကီးတစ္ခု လုပ္ႏိုင္မည့္ skill တစ္ခု ႏိုးထေစသည္။ ဤတစ္ႀကိမ္တြင္ က်န္းက်ိရင္ ကံေကာင္းသြားသည္။ "king's skill" အမ်ိဳးအစားထဲတြင္ ပါဝင္ေသာ "freeze-break" ဟုေခၚေသာ "ေအးခဲခ်ိဳးျဖတ္" skill ကိုရခဲ့သည္။ ဤသည္မွာ ထိုေန႔က ေၾကာင္ငယ္ေလး ဆိတ္ေဘာ့စ္ထံတြင္ သုံးခဲ့ေသာ skill ျဖစ္သည္။

သို႔ေသာ္ ဤ skill သည္ သူ႔အတြက္ အဆင့္နိမ့္အဆင့္သာ ရွိေသးၿပီး သူ၏ ၿပိဳင္ဘက္၏ ခႏၶာကိုယ္ အဆိပ္အပိုင္းတစ္ခုကိုသာ ေအးခဲသြားေစႏိုင္သည္။

သူ႔အတြက္ စိတ္အလႈပ္ရွားသြားေစဆုံး ကိစၥမွာ တစ္ႏွစ္ေက်ာ္ၾကာေအာင္ ဂိမ္းေဆာ့လာရသည့္ ေနာက္ဆုံးတြင္ ပထမဆုံးအေနႏွင့္ ဂိမ္းထဲမွ ေငြျမင္ရေလၿပီ။

သူတင္ထားခဲ့ေသာ ဆိုင္ခန္းထဲမွ ပစၥည္းမ်ားထဲမွ အခု ရွစ္ဆယ္ေက်ာ္ ေရာင္းခဲ့ရၿပီး သူေရာင္းထားသည့္ ပစၥည္းမ်ား အာလုံးလိုလို ေရာင္းကုန္သြားျခင္း ျဖစ္သည္။

'ဟီးဟီး အရမ္းေတာ့ မဟုတ္ေပမဲ့ ဆိုင္ငွားခေတာ့ ေၾကသြားၿပီ'

ထို႔ေနာက္တြင္ ဖိုရမ္ထဲမွ ပို႔စ္အသစ္တစ္ခုကို ေတြ႕ခဲ့သည္။

<Tomorrow>၏ နယ္ေျမတို႔ကို သာမန္အဆင့္၊ လက္ေ႐ြးစင္အဆင့္ ႏွင့္ ဗဟ္ိုအဆင့္ ဟူ၍ လယ္ဗယ္ သုံးဆင့္ ပိုင္းလိုက္သည္။ လတ္တေလာတြင္ လက္ေ႐ြးစင္ အလယ္အလတ္ေလာက္ က်ယ္ေသာ လက္ေ႐ြးစင္အဆင့္ နယ္ေျမတစ္ခုကို ဖြင့္လွစ္ခဲ့သည္။ ထို႔အျပင္ ၎နယ္ေျမကို ဖြင့္လွစ္သည့္အေနျဖင့္ စြမ္းအားအမ်ိဳးမ်ိဳးျဖင့္ မြမ္းမံထားေသာ ဝတ္စုံမ်ားကို ျဖန႔္ခ်ီမည္သာ မက ဖက္ရွင္ပိုင္းဆိုင္ရာႏွင့္ သက္ေရာက္မႈအမ်ိဳးမ်ိဳးကို ရရွိႏိုင္မည့္ items မ်ားအျပင္ အိမ္ေမြးတိရစာၦန္မ်ားအတြက္ အထူးထုတ္ ကုန္ပစၥည္းအမ်ိဳးမ်ိဳးကိုပါ ေရပန္းစားလူႀကိဳက္မ်ားမႈအလိုက္ ထုတ္လုပ္ ေရာင္းခ်သြားမည္ ျဖစ္သည္။

ရလဒစ္ကေတာ့ နယ္ေျမကို ဖြင့္လွစ္လိုက္သည္ႏွင့္ တၿပိဳင္နက္ ကစားသမား အသင္းအဖြဲ႕မ်ားက ေန႔စဥ္ ဂိမ္းထဲဝင္၍ ေတာက္ေလ်ာက္ ရွင္းလင္းၾကေတာ့သည္။ နယ္ေျမထဲမွ ဒုတိယေဘာ့စ္မွာ မီးျဒပ္စင္စြမ္းအင္ရွိသူ ျဖစ္ေသာ္လည္း သူ၏ မီးစြမ္းရည္တြင္ အဆိပ္တို႔လည္း ပါဝင္ေနသည္။ သူ၏ မီးႏွင့္ ထိမိသူတို႔သည္ ပူေလာင္သြားမည္သာမက မူးေဝျခင္း၊ ေသြးယိုျခင္းႏွင့္ ထုံထိုင္းျခင္းတို႔ကဲ့သို႔ ေနာက္ဆက္တြဲ ဆိုးက်ိဳးဒဏ္ရာမ်ားကို ခံစားရမည္ျဖစ္သည္။

သို႔ေသာ္ ေနာက္ပိုင္းတြင္ "ပိုင္ေဟာ္ေဆးလုံး" ဟူေသာ ေဆးတစ္မ်ိဳးသည္ မီးအဆိပ္ကို ေျဖႏိုင္ေၾကာင္း ေတြ႕ရွိခဲ့ၾကသည္။ ထိုသတင္းကို ၾကားၿပီးသည္ႏွင့္ ပိုင္ေဟာ္ေဆးလုံးသည္ ကစားသမားမ်ားၾကား အလြန္နာမည္ႀကီးလာေတာ့သည္။

သို႔ေသာ္ ပိုင္ေဟာ္ေဆးလုံးကို ေဖာ္စပ္ရန္ ကုန္ၾကမ္းမ်ားမွာ အလြန္ရွားပါးလြန္းသည္။ ထိုအထဲမွ အရွားပါးဆုံးမွာ နဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္းတြင္သာ ရွိေသာ မ်ိဳးတုံးလုနီးပါးျဖစ္ေနၿပီး အေရအတြက္နည္းလြန္းေသာ မ်ိဳးစိတ္လည္း ျဖစ္သည့္ ႏွင္းက်ားသစ္ေၾကာင္၏ လက္သည္းမ်ားျဖစ္သည္။

ေနာက္ဆုံးတြင္ ကုန္ၾကမ္းမလုံေလာက္မႈေၾကာင့္ ေဆးလုံး၏ ေဈးႏႈန္းက ထိုးတက္သြားေတာ့သည္။ သာမန္ကစားသမားမ်ား၏ ကြန္ပလိန္းမ်ားက ဖိုရမ္ဆာဗာႀကီး က်သြားေလာက္ေအာင္ မ်ားလာေတာ့သည္။ ဤသည္မွာ လုံးဝႀကီး ျပင္းျပင္းထန္ထန္ အႏိုင္က်င့္မႈႀကီးျဖစ္သည္ဟု ကစားသမားမ်ားက ဂိမ္းကုမၸဏီကို စြပ္စြဲေတာ့သည္။

ဤေခတ္တြင္ သတင္းအခ်က္အလက္မ်ားသည္ စီးပြားေရးအခြင့္အလမ္းမ်ားကို ကိုယ္စားျပဳထားသည္ဟု ဆိုႏိုင္သည္။

ထိုည က်န္းက်ိရင္ အိမ္ျပန္ေရာက္သည္ႏွင့္ ဂိမ္းထဲ ခ်က္ခ်င္း တန္းဝင္ၿပီး ေဒါက္တာဝိုင္ကို သြားဖက္ေတာ့သည္။ တစ္ခ်ိန္တည္း အနမ္းသုံးခုကို ေပးလိုက္ၿပီး ေပ်ာ္ေပ်ာ္ႀကီး ေခ်ာကလက္ႏွစ္ဘူး ဝယ္ေကြၽးလိုက္သည္။ item storeကိုၾကည့္၍ အလြန္အူျမဴးေနကာ စာ႐ိုက္၍ ေျပာသည္။
18 05
"ကြၽန္ေတာ့္ စတိုးဆိုင္ေလးကေန ယြမ္တစ္ေထာင္ရတဲ့အခ်ိန္က်ရင္ ကြၽန္ေတာ္ ခင္မ်ားကို သလင္းလက္စြပ္တစ္ကြင္း ‌ဝယ္ေပးမယ္ေနာ္"

item mall၏ လက္ေဆာင္ပစၥည္းမ်ား ဆိုသည့္ အပိုင္းတြင္ သလင္းလက္စြပ္မ်ားသည္ တလက္လက္ေတာက္ပေနၿပီး ေလထဲတြင္ ေမ်ာေနသည္။ ဤလက္စြပ္မ်ားကား ဂိမ္းထဲတြင္ လက္ထပ္သည့္ စုံတြဲမ်ားအတြက္ ထုတ္လုပ္ထားျခင္းျဖစ္သည္။ သို႔ေသာ္ ဂိမ္းထဲတြင္ လက္ထပ္သူအမ်ားစုသည္ လက္စြပ္မဝယ္ၾကေပ။

က်န္းက်ိရင္ကေတာ့ သူ႔ကိုယ္သူ ေတာ္ေတာ္႐ူးတာပဲဟု ေတြးမိေလသည္။

သူကေတာ့ ဤႏြံထဲမွ ႐ုန္းထြက္ႏိုင္ေတာ့မွာ မဟုတ္ေတာ့ေပ။

သူ႔မ်က္ႏွာကို ျမင္ေနရသ၍....

ဤသို႔ ေတြးမိသည္ႏွင့္ အၿပဳံးမရပ္ႏိုင္ေတာ့ေအာင္ ေပ်ာ္႐ႊင္လာသည္။ သူ၏ သတင္းေကာင္းမ်ားကို ဤလူႏွင့္ မွ်ေဝရသည့္အခ်ိန္တိုင္းတြင္ သူပိုင္ဆိုင္သမွ် အရာရာကို ဤလူအား ေနာင္တမရွိ ေပးႏိုင္သည္ဟု ခံစားရသည္။ သူ႔ေရွ႕မွလူသည္ ေဒတာအတြဲလိုက္ႀကီးျဖင့္ ေရးဆြဲထားေသာ ႐ုပ္လုံးႂကြ ပုံရိပ္ေယာင္တစ္ခုသာ ျဖစ္သည္ကို သိေသာ္လည္း ဤလူအား သူ၏ ခ်စ္သူအစစ္အမွန္အျဖစ္ ေတြးေနမိသည္ကို မရပ္တန႔္ႏိုင္ေတာ့ေပ။ တျဖည္းျဖည္းခ်င္းျဖင့္ ဤလူက သူ၏ ခ်စ္သူျဖစ္ေၾကာင္း ယုံၾကည္လာမိေနေလၿပီ။

'ဒါေပမဲ့ ယင္ညန္ ခင္မ်ားကေရာ ဒါကို သိပါရဲ႕လား'

က်န္းက်ိရင္ သူ႔ေရွ႕မွ ပိတ္သြားေသာ ကြန္ပ်ဴတာစခရင္မည္းမည္းကို ၾကည့္ေနမိသည္။ ျဖည္းျဖည္းခ်င္း မ်က္လုံးမွိတ္လိုက္ၿပီး ဝမ္းနည္းေနေသာ သိမ္ေမြ႕သည့္ အၿပဳံးတစ္ခုက ႏႈတ္ခမ္းပါးတို႔ထက္တြင္ ျဖစ္တည္လာခဲ့သည္။

<Tomorrow>၏ တကယ့္ကမာၻအစစ္မွ ေဒါက္တာဝိုင္ကို ေတြ႕ရန္ ေၾကာက္ေနမိသည္။ သူေတြ႕ရမည့္ ယင္ညန္က သူပိုင္ဆိုင္ထားသည့္ သူ၏ လူ ယင္ညန္ မဟုတ္မည္ကို ေၾကာက္မိပါသည္။

-------------------

မွတ္ခ်က္

႐ႊမ္မန္ ဆိုသည္ တာအိုဘာသာမွ ေမြးစားထားသည့္ စာလုံးျဖစ္ကာ အလြယ္ေျပာရလွ်င္ တိုင္းရင္းေဆး ျဖစ္သည္။

ပိုင္ေဟာ္ ဆိုတာ အပူၿငိမ္းေဆးပါတဲ့

..................................

Continue Reading

You'll Also Like

38.7K 4.5K 51
Title- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်...
26.2K 3.2K 39
"ကိုယ်ရပ်တန့်ပစ်ဖို့​ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်​နေတဲ့ အချိန်​တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapt...
1.5M 195K 159
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
264K 44.7K 127
English name:The Zombie Emperor's Domesticated Cat Type : web novel Genre : Adventure, romance, supernatural, yaoi Status in COO:95 chapters+2 extra...