17 01
အပိုင်း (၁၇) ကြောင်ကလေးကို ပြန်ပို့ပြီ
သန္ဓေပြောင်းဆိတ်ဘော့စ်သည် နေ့လည်ခင်းတိုင်း မြောက်ပိုင်းတောင်စောင်းများတွင် အစာရှာလေ့ရှိသည်။ ကျန်းကျိရင်သည် ထိုနယ်မြေကို အတော်လေး အချိန်ယူပြီး လေ့လာထားခဲ့ကာ ခြုံပုတ်တစ်ခုကို ကွယ်၍ ထိုင်ချောင်းသည်။ ကြောင်ကလေးသည် သူ၏ တီရှပ်ထဲတွင် နေနေပြီး နေရာအနှံ့ လိုက်ပြီး ပွတ်နေသည်။ သို့သော် ကလေးသည် အလွန်လိမ္မာကာ အသံတစ်စက်မှ မထွက်ပေ။ ကျန်းကျိရင် ကြောင်ကလေး၏ အမွှေးပွပွတို့ကို ပွတ်ပေးလိုက်ပြီး ဂုတ်ကလေးကို ကုတ်ပေးလိုက်သည်။
ဆိတ်ဘော့စ်သည် ပုံမှန်အချိန်အတိုင်း ပေါ်လာသည်။ ၎င်းသည် အလွန်အစားစားနေချိန်တွင် အလွန်သတိရှိသည်။ ၎င်း၏ မြင့်မား ချွန်ထက်နေသော ချိုနှစ်ချောင်းတွင် မြူပြပြာတို့ ရစ်သိုင်းနေပြီး ၎င်း၏ စွမ်းရည်အရှိန်အဝါကို ဖော်ပြထားသလိုပင်။
သူသတိ လွတ်သွားမည့်အချိန်ကို အခွင့်ကောင်းယူ၍ ကျန်းကျိရင် တိတ်တဆိတ် စွမ်းအားတို့ စုစည်းလိုက်သည်။ သူ့မျက်ဝန်းတစ်စုံက ကျဉ်းမြောင်းသွားပြီး လက်ဝါးထဲတွင် မီတာဝက်လောက်ရှိသော ရေခဲချွန်များက ပစ်ရန်အသင့်အနေထားဖြင့် ပေါ်လာသည်။ ရေခဲချွန်များကို ဆိတ်ဘော့စ်၏ ဝမ်းဗိုက်ပိုင်းတည့်တည့်သို့ ချိန်လိုက်၏။
ဆိတ်ဘော့စ်သည် အန္တာရာယ်အသိကို အာရုံခံမိသွားပြီး လေအေးတို့က သူ၏ နှာခေါင်းဝမှ ရေခဲငွေ့များသဖွယ်ထွက်လာသည်။ သဘာဝအသိစိတ်တို့အရ သူ၏ ဝမ်းဗိုက်ပိုင်းကို ကာကွယ်ရန် ရေခဲဒိုင်းကာတစ်ခု ဖန်တီးလိုက်သည်။
ရေခဲဒိုင်းနှင့် ရေခဲချွန်များ ထိပ်တိုက်ထိမိပြီး နှစ်ဖက်လုံးမှ လက်နက်တို့ တစ်ချိန်ထဲ ကျိုးပျက်သွားသည်။ သို့သော် နောက်တစ်စက္ကန့်တွင် ပြိုကွဲသွားသော ရေခဲတို့ ပြန်ဖွဲ့စည်းလာပြီး ယခင်ကထက် သေးငယ်သော်လည်း ပို၍ မာလာသော ရေခဲချွန်များ ပြန်ဖြစ်တည်လာကာ ဆိတ်၍ မကာကွယ်ထားသော ပျော့ကွက်ဝမ်းဗိုက်ပိုင်း တည့်တည့်သို့ တိုးဝင်သွားသည်။
ဤသည်မှာ ကျန်းကျိရင်၏ နောက်ဆုံးပေါ် နိုးထလာသော ရေခဲ skill ဖြစ်သည်။ ဆိတ်ဘော့စ်သည် ဒဏ်ရာရသွားသည့်အချိန်တွင် အလွန်ဒေါသထွက်သွားပုံရသည်။ ဒေါသတကြီး အသံရှည်ကြီးဖြင့် အော်လိုက်သည်။ သူ့ပတ်ပတ်လည်မှ အပူချိန်သည်လည်း ရုတ်တရက် ကျဆင်းသွားပြီး အစိမ်းရောင်မြက်ပင်တို့ ဖုံးလွှမ်းသွားလောက်အောင် မြူဖြူဖြူတို့ ထူထပ်သွားသည်။
ကျန်းကျိရင် သူ၏ လှုပ်ရှားမှုတို့ နှေးလာသလို ခံစားလိုက်ရပြီး သူ၏ ရေခဲလုံးတို့၏ အရှိန်သည်လည်း ကျဆင်းသွားသည်။ သူမျက်မှောင်ကြုတ်လိုက်ပြီး ပြိုင်ဘက်တို့၏ အစွမ်းသက်ရောက်မှု အားနည်းသွားစေမည့် ဆေးကို သောက်လိုက်သည်။ အနွေးဓာတ်တစ်ခုက သူ့ကို ဖုံးလွှမ်းသွားပြီး ပို၍ နေလို့ကောင်းသွားသည်။
ဤလှုပ်ရှားမှုသေးသေးလေးက ဆိတ်ဘော့စ်ကို သတိပေးလိုက်သလို ဖြစ်သွားသည်။
၎င်း၏ နားရွက်တို့ လှုပ်ခတ်သွားပြီး တောက်ပနေသော မျက်လုံးများက မှော်ဆန်သော အပြာရောင်အလင်းတန်းတို့ဖြင့် တောက်ပလာပြီး ကျန်းကျိရင်ကို စူးရှစွာ စိုက်ကြည့်တော့သည်။
ရုတ်တရက် ဤအေးခဲသံရေခဲခွာနှစ်ဖက်က မြင့်တက်လာပြီး ကျန်းကျိရင် ခေါင်းကို ပေါက်ဖို့လုပ်သည်။ ကျန်းကျိရင်သည် မျက်စိတစ်မှိတ်အတွင်းတွင် နင်းခြေခံရတော့မလို ဖြစ်သွားသည်။ ကျန်းကျိရင် အချိန်မှီ ရေခဲလုံးတစ်လုံးပစ်လိုက်ပြီး သီသီလေး ရှောင်လိုက်နိုင်၏။ သို့သော် ရေခဲလုံးက မလုံလောက်ခဲ့။ ဆိတ်ဘော့စ်၏ အရှိန်နှုန်းကို သူလျော့တွက်လိုက်မိသည်။
နှစ်ယောက်စလုံးက ရေခဲစွမ်းအားရှင်များဖြစ်ကြရာ သူတို့သည် အချိန်ကြာတိုက်ပွဲတစ်ခုကို ဆင်နွှဲရမည်ဖြစ်သည်။ ဆိတ်ဘော့စ်၏ အမြန်နှုန်းသည် ကျန်းကျိရင် မယှဉ်နိုင်လောက်သည့် အနေအထားဖြစ်သည်။ ဘော့စ်တစ်ယောက်အနေဖြင့် ကျန်းကျိရင်၏ တိုက်ခိုက်မှုများသည် သူ့အတွက် အယားပြေရုံလောက်သာ ရှိသေးသည်။
ကြောက်စရာအကောင်းဆုံးမှာ သူသည် ယခုတွင် တကယ့်အစစ်ကြီး ဘော့စ်နှင့် အပြင်မှာ တိုက်ခိုက်နေရခြင်းဖြစ်ကာ ကီးဘုတ်လေး မောက်စ်လေးကိုင်ပြီး ဇာတ်ကောင်လေးကို လိုသလိုထိန်းချုပ်၍ အခြေအနေတစ်ခုလုံးကို အမြင်ကနေ ထိန်းချုပ်သည့် ပွဲမျိုးမဟုတ်တော့ကာ သေခြင်းရှင်ခြင်းက ကိုယ်တိုင်တိုက်မှရမည့် တိုက်ပွဲဖြစ်နေပြီဖြစ်သည်။ သေသွားလျှင် စားပွဲပေါ်မှာထိုင်ပြီး ပြန်ရှင်လာအောင် စောင့်နေနိုင်သည့် အနေအထားမျိုးလည်း မဟုတ်တော့ပေ။
ထို့အပြင် မွန်းစတားအားလုံးသည် ရေးထားသော ဒေတာသေများမဟုတ်ဘဲ ခန့်မှန်းမရနိုင်သော ကျန်းကျိရင် မယှဉ်နိုင်သော အစစ်အမှန်များ ဖြစ်သည်။
ကျန်းကျိရင်သည် HP ပြန်ပြည့်သော ဆေးကို သောက်ခဲ့ခြင်းကြောင့်သာ ဆိတ်ဘော့စ်ကို လှည့်၍ တိုက်ခိုက်နိုင်နေခြင်းဖြစ်သည်။ သူ၏ အင်အားသည်လည်း အလွန်လျင်မြန်စွာ ကျဆင်းလာကာ ဆိတ်ဘော့စ်ကို ထပ်၍ မယှဉ်နိုင်တော့ပေ။
ယခုတွင် သူသည် ဘေးကင်းဇုံအထိ လုံလုံခြုံခြုံ ချောချောမွေ့မွေ့ပြေးသွားနိုင်ရန်သာ မျှော်လင့်မိတော့သည်။ ချက်ချင်း နောက်လှည့်လိုက်ပြီး ရေခဲချွန်သုံးခု ပစ်လိုက်၏။ တစ်ခုက ဆိတ်ဘော့စ်ကို ထိသွားပြီး နှစ်ခုက လွဲသွားသည်။ သို့သော် 17 01
17 02
ဤအခိုက်အတန့်တွင် ဆိတ်ဘော့စ်၏ အမြန်နှုန်းသည် နှစ်ဆမျှ ပိုတိုးလာပြီး ပို၍ အင်အားပြည့်ဝလာပုံလည်း ရသည်။
ချွန်ထက်သော ချိုနှစ်ချောင်းသည်လည်း ရေခဲပြာရောင်တောက်လာကာ ကျန်းကျိရင်၏ ရင်ဘက်တည့်တည့်သို့ ဝင်ခွေ့တော့သည်။ ကျန်းကျိရင် သူ့လက်များကို ရင်ဘက်ပေါ်တင်လိုက်သည်။ ကြည်လင်သော ရေခဲအလွှာတစ်ခု ရင်ဘက်ပေါ်တွင် ပေါ်လာသည်။ ဤသည်မှာ ရေခဲလက်အိတ်၏ စကေးဖြစ်သည့် အေးခဲရေနံရံဖြစ်သည်။
ရေခဲနံရံပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲရာများပေါ်လာပြီး ကွဲထွက်သွားသည်။ ထို့နောက် ချွန်ထက်မာကြောသော ချိုနှစ်ချောင်းက ရေခဲရောင်လက်နေကာ ကျန်းကျိရင်၏ ဘယ်ဖက်ပုခုံးကို ထိုးဖောက်သွားသည်။ သွေးများ ပန်းထွက်လာပြီး ရေခဲချပ်တို့က ဒဏ်ရာကို ချက်ချင်းရစ်ပတ်သွားကာ သွေးတိတ်သွားသည်။ အရေပြားတို့သည် အပြာရောင်ခရမ်းရောင်များ သမ်းလာပြီး ဆိတ်ဘော့စ်၏ တိုက်ခိုက်မှုများကြောင့် သူထိခိုက်လာခြင်း....
ကျန်းကျိရင် မြေပေါ်သို့ ဖင်ထိုင်ရက် ကျသွားသည်။ သူ၏ မျက်ဝန်းများထဲတွင် နာကျင်မှုတို့ မဖုံးဖိနိုင်တော့သည့် အရိပ်အငွေ့များပေါ်လာသည်။
ရုတ်တရက် တစ်နေရာလုံးကို ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုက ဖုံးအုပ်သွားသည်။
မူးဝေနေသော ကျန်းကျိရင်သည် သံသယဖြစ်စွာဖြင့် ခေါင်းယမ်းလိုက်ပြီးပြန်ကြည့်လိုက်ရာ ပုံမှန်ထက် ဘာမှ မထူးနေသည်ကိုသာ တွေ့လိုက်ရသည်။ သူ့ရှေ့မှ ဆိတ်ဘော့စ်သည်လည်း ပုံမှန်မဟုတ်တာ တစ်ခုခုကို ခံစားမိသွားဟန်တူသည်။ ၎င်းသည် တိတ်တဆိတ် နောက်ဆုတ်သွားပြီး ခွာတို့ကို မလွယ်ကူသလို နောက်ယှက်နေကာ သူ့ကိုယ်တစ်ခုလုံးကို ထူထဲသော ချပ်ဝတ်တစ်ခုဖြင့် ဖုံးလွှမ်းထားသည်။
ကျန်းကျိရင်၏ တီရှပ်ထဲတွင် အိမ်လုပ်နေနေသော ကြောင်ကလေးမှာ နောက်ဆုံးတွင် ဆက်၍ သည်းမခံနိုင်တော့စွာ ရုတ်တရက် ခုန်ထွက်လာသည်။ ရေခဲပြာရောင်မျက်ဝန်းများက အေးစက်နေကာ အားလုံးကို ဝါးမျိုတော့မည့် တွင်းနက်ကြီးလို မှောင်မိုက်နေသည်။
သူ၏ သေးငယ်ပြီး နီရဲနေသော ပါးစပ်သေးသေးလေးကို ဟလိုက်ကာ ခနအတွင်း သာမန်ဘောလုံးတစ်ခုံးလောက်ထိ ကြီးလာသည့် ရေခဲလုံးသေးသေးလေးကို ထွေးထုတ်လိုက်သည်။ ထိုရေခဲလုံးသည် ဆိတ်ဘော့စ်ကို လျှပ်စီးအလားအလျင်ဖြင့် ဖြတ်တိုက်သွားသည်။ ဆိတ်ဘော့စ်မှာ ပုန်းရန်ပ်င အချိန်မရလိုက်ဘဲ ရေခဲလုံးကို ခေါင်းနှင့် စီးတိုက်လိုက်ရသည်။
ရေခဲလုံးက ပျောက်ကွယ်သွားသော်လည်း ၎င်း'၏ ပျက်စီးခြင်းသက်ရောက်မှုကတော့ ထိုနေရာမှာတင် ရပ်မသွားခဲ့ပေ။ ထိသွားသည့် နေရာမှစ၍ ဆိတ်ဘော့စ်၏ တစ်ကိုယ်လုံး လျင်မြန်စွာ အေးခဲလာသည်။ စက္ကန့်သုံးဆယ်အတွင်းမှာပင် ကျန်းကျိရင်ရှေ့တွင် ဆိတ်ပုံစံ ရေခဲပန်းပုတစ်ခု ပေါ်လာသည်။ ထို့နော်က အတွင်းဘက်မှစ၍ ရေခဲပန်းပုက ရေခဲစများအဖြစ် ကြွေကျလာပြီး မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ကျလာသည်။
ရေခဲစများသည် တဖြည်းဖြည်းချင်း ပျော်ကျလာသည်။ အပြာရင့်ရောင် တောက်ပနေသော သလင်းအမြုတေတစ်ခုက ကျန်းကျိရင် ခြေထောက်နားထိ လှိမ့်လာသည်။ ဆိတ်ဘော့စ်၏ အမြုတေ ဖြစ်လေသည်။
ကျန်းကျိရင် သလင်းအမြုတေကို လက်တစ်ဖက်ဖြင့် ကုန်းကောက်လိုက်သည်။ သူ၏ လက်တစ်ဖက်မှာ ကြောင်ငယ်လေးကို ချီထားရသောကြောင့် မအားပေ။ ကလေးကို မျက်လုံးရှေ့ထိရောက်အောင် မြှောက်လိုက်ပြီး မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်။
ကြောင်ကလေးသည် သူ့ကို မကျေမနပ်ဖြင့် စိုက်ကြည့်သည်။ ကျန်းကျိရင် ကလေးကို သူ၏ တီရှပ်ထဲသို့ ပြန်ထည့်လိုက်သည်။ ကြောင်ကလေးသည် ကော်လာထဲသို့ ချက်ချင်းဝင်သွားပြီး ချွဲတဲတဲဖြင့် လိုက်ပွတ်သပ်ပြန်သည်။ စောနက ကြီးမားသော ပူးပေါင်းတိုက်ခိုက်မှုကြီးလုပ်ခဲ့သည်မှာ သူမဟုတ်သလို သူ၏ အမွှေးပွပွ ခေါင်းသေးသေးလေးဖြင့် ကျန်းကျိရင်၏ လည်ပင်းကို ပွတ်သပ်သည်။
ဂူထဲသို့ ပြန်ရောက်ချိန်တွင် မှောင်နေပီဲဖြစ်သည်။ ကြမ်းတမ်းသော တိုက်ပွဲကြောင့် ကျန်းကျိရင် အတော်လေး အားကုန်သွားသည်။ ရိုးရှင်းသော အစားတစ်နပ်ကို စားလိုက်ပြီး ကြောင်ကလေးကို ကြည့်လိုက်ရာ ကြောင်ကလေးက ပင်လယ်ငါးဟင်းရည်နှင့် နို့ကို ရှုတည်တည်ကြီး ကြည့်နေသည်ကို မြင်လိုက်ရသည်။
ကလေးသည် ယနေ့တွင် အစားကို လုံးဝ မထိပေ။
'မစားချင်လို့လား'
'စားချင်စိတ်မရှိတာများလား'
'ပါးစပ်ပျက်နေတာလား'
'ချေးများလာတာလား'
17 03
ကျန်းကျိရင်၏ မျက်ခုံးတို့ ပင့်တက်သွားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ
"သားသား စားရမယ်လေ ဒါမှ မင်းလေး မြန်မြန် ကြီးလာမှာပေါ့"
ကြောင်ကလေးသည် သူ့ကို ကြည့်နေပြီး လုံးဝ မလှုပ်လာသေးပေ။
ကျန်းကျိရင်မှာ ရွေးစရာမရှိတော့ပေ။ နို့ပန်းကန်ကို စောင်း၍ နို့အချို့ကို သူ့လက်ဝါးထဲ ထည့်လိုက်ပြီး ကျွေးကြည့်သည်။
"နည်းနည်းလောက် သောက်ရမယ်လေ အွန် လာ"
ကြောင်ကလေးသည် သူ့မျက်နှာကို မော့ကြည့်၍ သူ့လက်ဝါးထဲမှ နို့ကို တစ်လှည့်ကြည့်သည်။ ကြည့်ရသည်မှာ တစ်စုံတစ်ခုကို တွေးနေသလိုပင်။
တစ်ခနလောက်ကြာပြီးနောက် မခုခံနိုင်တော့ဟန်ဖြင့် ကျန်းကျိရင်၏ လက်နားသို့ ခြေတိုတိုလေးများဖြင့် လျှောက်လာသည်။ ကျက်သရေရှိမြင့်မြတ်လှသော ခြေလှမ်းများဖြင့် လျှာလေးထုတ်ပြီး လျက်သည်။ ညနေပိုင်းတွင် ကျန်းကျိရင် ပျင်းတိပျင်းရွဲဖြင့် ဂိမ်းကမ္ဘာထဲမှ သူ၏ ပိုင်ဆိုင်မှုလေးများကို ထုတ်၍ ရေတွက်နေသည်။ ကြောင်ကလေးကလည်း သူ့နားထိ လှိမ့်လာပြီး သူ့အာရုံကို ရဖို့ အသည်းအသန် ကြိုးစားသည်။ တစ်ခါတစ်လေ ဟိုဘက်က ဝင်တိုက်လိုက် သည်ဘက်က ဝင်တိုက်လိုက် လုပ်တတ်သေးသည်။
အချိန်တို့ တဖြည်းဖြည်းနှင့် ကုန်လာသည်။ ဘေးမှ တွယ်တာရာလေးက ရူးရူးမိုက်မိုက်ဟန်ပန်ဖြင့် လျှောက်ပြေးနေတော့သည်။ ကျန်းကျိရင်မှာ သူနှင့် ဆော့ပေးရန် အချိန်မရှိသော တစ်ခါတစ်လေ ခေါင်းလေးကို ပွတ်ပေးတာသာ လုပ်ပေးခဲ့သည်။ ကြောင်ကလေးသည် သူ့လုပ်ရပ်ကြောင့် ဝမ်းနည်းသွားပြီး ခပ်တိုးတိုးလေး ငိုရှိုက်သံပြုကာ ကျန်းကျိရင်၏ မေးစေ့ကို ခေါင်းလေးဖြင့် သွားပွတ်သည်။
"ကောင်းပါပြီ ကောင်းပါပြီ "
ကျန်းကျိရင်သည် အကောင်သေးသေးလေးကို ချီလိုက်ပြီး နောက်ကျောလေးကို ပွတ်သပ်ပေးလိုက်သည်။
"မင်းလေးက အကောင်းဆုံးပါပဲ ပါးပါးက မင်းကို အကြိုက်ဆုံးနော် ထပ်ပြီး စိတ်မဆိုးပါနဲ့တော့ ဟုတ်ပြီလား"
ကြောင်ကလေးသည် နာခံစွာဖြင့် ငြိမ်ငြိမ်လေး နေပေးလိုက်သည်။
item storeကို ကြည့်လိုက်ရာ ကျန်းကျိရင်သည် သူ့တွင် လက်ကျန်ငွေ ယွမ်သုံးရာသာ ကျန်တော့ကြောင်း သိလိုက်၏။ သူကတော့ ငွေကို ရေလိုသုံးနေမိပြီ။ ဘာမှလည်း ပြန်မရနိုင်ဘဲ ငွေတို့က အလွန်မြန်စွာ ကုန်သွားသည်။ ဒီလိုမျိုး တစ်ချိန်လုံး ဖြုန်းပဲ ဖြုန်းနေလို့ မဖြစ်တော့ဟု တွေးမိသည်။
သို့သော် သူကတော့ တစ်ခုခု အကျိုးရှိတာ လုပ်မှဖြစ်ဦးမည်။ သို့သော် ရင်းမြစ်များကို တိုးလာအောင်လုပ်ဖို့မှာ သေချာပလန်ချဖို့ လိုအပ်သည်။ တွေးကြည့်လိုက်ပြီး မည်သည့်အကြံဉာဏ်မှ ထွက်မလာသော ကျန်းကျိရင်သည် တဖြည်းဖြည်းချင်း အိပ်ငိုက်လာသည်။
ကြောင်ကလေးသည်လည်း ငြိမ်သွားသည်။ သူသည် ကျန်းကျိရင်ပေါ်မှ ငြင်သာစွာ ခုန်ချလိုက်ပြီး ကျန်းကျိရင်၏ မျက်နှာဘေးသို့ လျှောက်သွားကာ ဗိုက်ပေါ်သို့ ခေါင်းလေးတင်ပြီး လှဲလိုက်သည်။ ကြောင်မျက်လုံးနှစ်လုံးမှာ အိပ်ငိုက်နေသော လူသား၏ မျက်နှာကို အာရုံစူးစိုက်မှုအပြည့်ဖြင့် ငေးကြည့်နေခဲ့သည်။
အပြင်တွင် မှောင်နေလေပြီ။
လေပြင်းတစ်ချက် တိုက်သွားပြီး ဂူထဲတွင် အိပ်ပျော်နေသော ကြောင်ဖြူလေးတစ်ကောင်ကို ကိုင်ထားသော လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။ သူကိုင်ထားသော တစ်ကောင်နှင့် တစ်ထပ်တည်းတူညီနေသော ကျန်းကျိရင်ဘေးမှ ကြောင်ကို အံ့ဩစွာဖြင့် ကြည့်နေမိသည်။
ထိုကြောင်သည် ကျန်းကျိရင်၏ နှုတ်ခမ်းကို နူးညံ့စွာ လျက်လိုက်သည်။ ထို့နောက် ရေခဲပြာရောင် မျက်ဝန်းများတွင် စိတ်ကျေနပ်မှုတို့ ဖြတ်ပြေးသွားသည်။
ထိုကြောင်သည် နောက်ထပ် အသက်ရှူသံတစ်ခုကို ကြားလိုက်မိသည့်အချိန်တွင် ချက်ချင်း သတိကပ်သွားသလို ဖြစ်သွားပြီး ရန်လိုသော မျက်ဝန်းတို့ဖြင့် မကြိုဆိုသော ဧည့်သည်ကို စိုက်ကြည့်လေသည်။ သို့သော် ရုတ်တရက်ပေါ်လာသော လူ၏ ပုံပန်းသွင်ပြင်ကို မြင်ပြီးသည့်နောက်တွင်တော့ စိတ်အေးသွားသလို ဖြစ်သွားပြီး ဂုဏ်မောက် တင်းမာသော မျက်နှာထားပြန်ဖြစ်သွားသည်။
ကြောင်ထံမှ စိုက်ကြည့်ခံနေရသော လေ့သွမ့်မှာ နောက်လှည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်တော် ဘာမှ မမြင်လိုက်ပါဘူး"
17 04
ကြောင်က သူ့ကို လစ်လျူရှုလိုက်ပြီး ကျန်းကျိရင်အနားတွင် မိမိုက်စွာ ကျွမ်းပစ်လိုက်သည်။ ၎င်းသည် ခြေချလိုက်ပြီး ဂူထဲမှ ဘုရင်တစ်ပါးအလား လျှောက်ထွက်သွားသည်။
ငွေလရောင်အောက်တွင် သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် အရပ်ရှည်ရှည်နှင့် ဧကရာဇ်တစ်ပါး အရှိန်အဝါအပြည့်နှင့် လူတစ်ယောက် ဖြစ်သွားသည်။ အနားများတွင် ဖုန်မှုန့်တို့ ပေနေသော အဖြူရောင်ဂျူတီကုတ်သည် ညလေပြေထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး အိမ်မွေးကြောင်တစ်ကောင်အဖြစ် နေခဲ့သူမှာ သူမဟုတ်သည့်အလား မျက်နှာက မည်သည့် ခံစားချက်မှ မရှိသလို တည်ငြိမ်နေသည်။
သွေးအေးပြီး နှလုံးသားမရှိသလို တည်ငြိမ်တယ်။
အိပ်ပျော်နေဆဲဖြစ်သော အမျိုးသားလေးကို နောက်တစ်ကြိမ် လှည့်ကြည့်သည်။ သူ့လက်အောက်ငယ်သားကို လစ်လျူရှုလိုက်ပြီး လက်ကို အသာလေးမြှောက်လိုက်ကာ ဘယ်တုန်းကမှ ပေါ်မလာဖူးသလို ဤနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သူထွက်သွားသည်နောက် လေ့သွမ့်မှာ သူ၏ လှုပ်ရှားမှုတို့ကို ငြင်သာနိုင်သမျှ ငြင်သာပြီး ကြောင်ကလေးကို အိပ်ပျော်နေသော ကျန်းကျိရင်၏ လည်ပင်းနားသို့ အသာလေး တင်ပေးလိုက်သည်။
နောက်တစ်နေ့မနက် ကောင်းကင်ကြီးက ထိန်လင်းနေပြီး သာယာနေသည်။
ကျန်းကျိရင် ယင်ရှောက်ရှန်းကို မနေ့ကအတိုင်း သူ၏ တီရှပ်ထဲသို့ ထည့်လိုက်သည်။
ရလဒ်ကတော့ ယင်ရှောက်ရှန်းလေးက အလွန်အမင်း မပူးပေါင်းနိုင်ဖြစ်ကာ လက်ရောခြေရောဖြင့် အတင်းရုန်းပြီး သူ့ဟာသူ အောက်ဆင်းသွားတော့လေသည်။ ရှောက်ရှန်းသည် သူ့ဟာသူ အားကိုးပြီး ကျန်းကျိရင် ခြေထောက်မှ တွယ်တက်ကာ ဘောင်းဘီအိတ်ကပ်ထဲ ဝင်ချသွားသည်။
ကျန်းကျိရင် ကူကယ်ရာမဲ့သွားပြီး အချွဲတုံးအဂျစ်ကလေး၏ မျက်နှာလေးကို ဆွဲလိုက်ကာ
"နေ့တိုင်း အမျိုးမျိုးကို မရိုးရဘူးနော် သားသားလေး"
ယင်ရှောက်ရှန်း "အောင်းဝ် ?"
'ပါးပါး ဘာကိုပြောချင်တာလဲ....'
..................................................
ဘော့စ်က ရှယ်ကျူးနော် 😊
Zawgyi