ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

146 - 150

115 9 0
By Azure5549

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၄၆)ချစ်သွေးဧကရီ

"လုံချန် ရှင်အဆင်ပြေရဲ့လား" ထန်၀မ်အာက
စိုးရိမ်တကြီးမေးသည်။သည်ကိစ္စနှင့်ပတ်သတ်၍
သူမတွင်
အပစ်မကင်းဟု ယခုထိခံစားနေရသည်။သူမ
နမော်နမဲ့နိုင်မိ၍သာ လီရှင်းရှောင်အဖို့ လုံချန်ကို
ချောင်း
မြောင်းတိုက်ခိုက်ရန်
အခွင့်ရသွားခဲ့ခြင်းဖြစ်သည်။သူမသည် လုံချန်ကို
နောက်တစ်ကြိမ်နာကျင်မိစေပြန်ပြီ။
"အလှနတ်ဘုရားမလေး...ကျုပ်ကို
ဒီလောက်ဂရုစိုက်လာတာက
ကျုပ်အပေါ်အမြင်တစ်မျိုးနဲ့များမြင်
လာလို့လား" လုံချန်သည် သူမကို
အသည်းယားစဖွယ်ကောင်းအောင်
မျက်စိတစ်ဖက်ကို မှိတ်ပြလိုက်၏။
သူမစိတ်ထဲမှ လိပ်ပြာမသန့်သလိုဖြစ်နေသော
ခံစားချက်များချက်ခြင်း
ပျောက်ကွယ်သွားသည်။သည်
ကောင်သည် တစေ ္ဆ သရ ဲ တစ်ကောင်ပင်
ဖြစ်နေရော့သလား။
"ကောင်စုတ်...နင်သေချင်နေပြီလား"
ထန်၀မ်အာက သူ့ကိုစိုက်ကြည့်လိုက်သည်။
"ဟီးဟီး ဟုတ်တယ်...မင်းကိုတော့ ငါ
တဖြည်းဖြည်းကြိုက်မိလာပြီနဲ့တူတယ်" လုံချန်က
တဟားဟား ရယ်နေ၏။
"ဟင်..နင်က
တစ်ကယ့်ကောင်စုတ်ပ.ဲ ..ငပွေးကောင် ..
နင့်ကိုဘယ်လို စကားကောင်းကောင်းပြော
ရမလည်း .. ဟမ်..နေဦး နင့်ကို ဘယ်သူက
ပြန်ကြိုက်လို့လည်း...ငါ့ကိုအသားယူချင်တယ်ပေါ့"
လုံချန်
၏ ဆိုလိုရင်းကို ထန်၀မ်အာ နားလည်ချိန်တွင်
နောက်ကျသွားပြီဖြစ်ရာ သူမသည် လုံချန်၏ အင်္ကျ
ီ စကို လည်ပင်းမှ ဆွဲလိုက်လေ၏။
"ဟေးဟေး...အလှနတ်ဘုရားမလေး...အဲ့ဒိလိုမလု
ပ်နဲ့လေ မင်းပုံရိပ်ကို ထိခိုက်မှာ မကြောက်ဘူးလား
ညီအကိုတွေက ကျုပ်တို့နှစ်ယောက်ကို
ကြည့်နေကြတယ် အစောပိုင်းကပဲ မမ အတွက်
ကျုပ်တို့က
သက်စွန့်ဆံဖျား တိုက်ခိုက်ပြီးသွားပြီလေ
ဒီလိုဆက်ဆံတာက ရက်စက်တာပေါ့ ညီအကို
တွေကြောက်
ကုန်မှာကို မစိုးရိမ်ဘူးလား" လုံချန်က
အပြစ်ကင်းစင်ဟန်လေးဖြင့်ပြောရာ ထန်၀မ်အာ
လှည့်ကြည့်
လိုက်လျှင် အကြည့်ပေါင်းများစွာက
သူမတို့နှစ်ယောက်ထံသို့ရောက်နေကြောင်း
တုန်လှုပ်စွာ သိ
ရလိုက်ရ၏။
သို့ကြောင့် ဆွဲထားသည့် လုံချန်၏ ကော်လံစကို
ခပ်မြန်မြန် လွှတ်ပေးရ၏။
"အဟမ်း ဒီအချိန်မှာ လူတိုင်းက အစွမ်းကိုယ်စီ
ကောင်းကောင်းထုတ်ပြနိုင်ကြတာပ ဲ
ကျွန်မမှတ်ထား
ပါတယ်...အန္တေဝါသိက တပည့်အဆင့်ကို
ရောက်တာနဲ့ ကျွန်မအဖွဲ့ကို ကျွန်မက
လုံးဝမေ့ထား
မှာမဟုတ်ပါဘူး"
"ကဲ...ကောင်းပြီ မင်းတို့အကုန်လုံးသွားလို့ရပြီ
မင်းတို့ကိုယ်စီမှာ ကျောက်စိမ်းပြားတွေ
စုံပြီဆိုပေမယ့်
ဒီစမ်းသပ်နယ်မြေမှာ အခွင့်အလမ်းကောင်းတွေ
တစ်ပုံကြီးပ ဲ အချိန်ဆိုတာ တန်ဖိုးကြီးတယ.် .မဖြုန်း
တီးကြနဲ့"
ထန်၀မ်အာ၏ စကားဆုံးလျှင် လူတိုင်းက
၀မ်းမြောက်၀မ်းသာ ဖြင့်
လက်ခုပ်တီးကြသည်။သည့်နောက်
တွင် တစ်ယောက်ပြီး
တစ်ယောက်ထွက်ခွာသွားကြတော့သည်။နောက်
ဆုံးတွင် လုံချန် ထနဝ် မ်အာ
နှင့် ချင်ယုတို့ သုံးယောက်သာ ထိုနေရာ၌
ကျန်ရစ်ခဲ့ကြ၏။ချင်ယုသည် ကိုးလွှာ သစ်ခွကို
ဂရုတစိုက်
ဖြင့်ခူး၍ ထန်၀မ်အာကိုပေးသည်။
ထန်၀မ်အာက ကိုးလွှာသစ်ခွကို
မြတ်နိုးစွာဖြင့်ယူသည်။သူမ ပြုံးလိုက်စဉ်တွင်
သူမ၏ မျက်လုံးကလေး
များမှာလိုက်၍ ရီနေသကဲ့သို့ဖြစ်နေ၏။
"ချင်ယုလည်း သွားလို့ရပါပြီ.." ထန်၀မ်အာက
ကိုးလွှာသစ်ခွကို
သိမ်းဆည်းထားလိုက်၏။ချင်ယုသွား
လျှင်သူ နှင့် ထန်၀မ်အာသာ ကျန်ခဲ့တော့မည်ဟု
လုံချန်ကတွေးမိသည်။သို့ကြောင့်
ကမန်းကတမ်းပြော
ရ၏။
"ချင်ယု မိန်းကလေး မသွားပါနဲ့ဦး"
ချင်ယုသည် လမ်းလျှောက်နေရာမှ
တုန့်ကနဲရပ်ကာ နားမလည်နိုင်ဟန်ဖြင့်မေးသည်။
"ဘာလို့လည်း ... ဘာကိစ္စများရှိသေးလို့လည်း"
"အဟမ်း ကျုပ်ရဲ့ ဒဏ်ရာက သိပ်ပြင်းတယ်
ချင်ယုမိန်းကလေးက ကျုပ်ကို
ကူညီမယ်လို့မျှော်လင့်
ပါတယ် ဘယ်လိုပဲဖြစ်ဖြစ်
ချင်ယုမိန်းကလေးနဲ့လည်း ကျုပ်
ပိုရင်းနှီးမှုရတာပေါ့ ဘယ်လိုလည်း"
သည်သို့ပြောပြီးနောက်သူသည်
ချင်ယုသဘောတူပါစေ ဟု ဆုတောင်းရင်း
တောက်ပသော မျက်
၀န်းများဖြင့်ကြည့်နေသည်။ထန်၀မ်အာ နှင့်
နှစ်ယောက်တည်းကျန်ခဲ့မည့် အဖြစ်ကိုတွေး၍ သူ
ကြောက်လှ၏။ထန်၀မ်အာ သည့် နူးညံ့သည့်
မိန်းမလှလေး ဖြစ်လင့်ကစား
သည်မိန်းကလေးကား
အလွန်ကြောက်မက်ဖွယ်ကောင်းသည် ဟု သူက
အစဉ်တွေးနေ မိခဲ့သည်။
မှန်သည်။လုံချန် ဘာကိုတွေးနေသည်ကို
ချင်ယုကမသိ။သူ၏ စကားက
ကျိုးကြောင်းဆီလျှော်သည်ဟု
စဉ်းစားမိ၍ ခေါင်းငြိမ့်လက်ခံတော့မည့်အချိန်တွင်
ထန်၀မ်အာက ကြားဖြတ်ပြောလသည်။
"ချင်ယု မိန်းကလေး လုံချန် ဒဏ်ရာရတာက
ကျွန်မကြောင့်လေ ဒါ့ကြောင့်ဒါက ကျွန်မ
တာ၀န်ယူ
ရမယ့်ကိစ္စပ ဲ ဒီလိုမှမဟုတ်ရင် လူတွေက ကျွန်မက ို
ကဲ့ရဲ့ကြတော့မှာပေါ့" သူမသည် အလွန်တရာ
အပြစ်မကင်းသည့် ဟန်လေးဖြင့်ပြော၏။
ချင်ယုက ခေါင်းငြိမ့်လေသည်။
"၀မ်လေး...နောက်ဆုံးတော့
အရွယ်ရောက်လာခဲ့ပြီပဲ လူတစ်ယောက်ကို
ဘယ်လိုဂရုစိုက်ရမလည်း
ဆိုတာကို တွေးတတ်လာပြီ ဒါက
ကောင်းတဲ့ကိစ္စပ.ဲ ..ကျွန်မတို့လ ို
သိုင်းသမားတွေဟာ သူတပါးရဲ့
ကျေး ဇူးကိုမှတ်ထား တတ်ရတယ်"
"ဟိုလေ မမချင်ယု လုံချန်ရဲ့ ဒဏ်ရာကိုကုဖို့
ဆိတ်ငြိမ်တဲ့နေရာလိုတယ် မမ
အရင်သွားရင်ဘယ်လိုလည်း"
ထန်၀မ်အာက ပြုံး၏။
"ကောင်းပါပြီ ဂရုစိုက်ကြပါ" ချင်ယုသည် လုံချန်၏
အသနားခံနေသည့်အကြည့်ကို သတိပြုမိဟန်မရှိ
ပဲတောင်ကြားလမ်းကလေးအတိုင်းထွက်သွားရာ
သူနှင့် ထန်၀မ်အာသာ
ကျန်ခဲ့တော့၏။လေပြေလေး
ဖြတ်တိုက်လာလျှင် သူ့နှလုံးသားကို
လက်အေးကြီးဖြင့် ဖျစ်ညှစ်လိုက်သလို
လုံချန်ထင်မိလေသည်။
ထန်၀မ်အာက လုံချန်ကိုကြည့်၍ ပြုံး၏။သူမ၏
အပြုံးသည် ပန်းကလေးများပွင့်လာသည်နှင့်တူ၏။
သူမကား လုံချန်ကိုမည်သည့်စကားတစ်ခွန်းမှ
မပြောသေးပေ။
"လောကမှာ ဘယ်အလှတရားက
ကြောက်ဖို့ကောင်းလည်းဆိုတာကိုတော့ကျုပ်လည်
းမသိဘူး
ကျုပ်တော့ အရိုးတွေတောင်
တုန်လာသလိုခံစားရတယ်" လုံချန်က သူမကို
ကြောက်လန့်ဟန်ဖြင့်
စိုက်ကြည့်နေသည်။
သာမာန်အာဖြင့် လှပသော
မိန်းမပျိုကလေးတစ်ဦးကို ကြည့်ရှုရခြင်းသည်
ပျော်ရွှင်မှုတစ်မျိုးဖြစ်
နိုင်ပါ၏။သို့သော် ထိုလှပမှုသည် မကောင်းသော
အတွေးများကို တွေးနေလျှင် ယင်းမှာ လှပမှု
မဟုတ်ပ ဲ ကျိန်စာပင်ဖြစ်လေသည်။
"သြ ရှင်က သိပ်သတ္တိကောင်းတာလေ ...
ဘယ့်နှယ့်ကြောင့်
တုန်လှုပ်နေရတာလည်းရှင်ရယ်" ထန်
၀မ်အာက သူ့ကိုကြည့်၍ ရယ်နေသည်။သူမသည်
ရှေ့သို့ခြေလှမ်းတိုးလာလျှင် လုံချန်နှင့် သူမ၏
ကြား အကွာအဝေးမှာ ပို၍ ကျဉ်းမြောင်းလာ၏။
လုံချန်လည်း နောက်သို့ ခြေတစ်လှမ်းကပျာကယာ
ဆုတ်ရ၏။
"မင်း...မင်းနော်...ဘာတွေ
တွေးနေတာလည်း..ငါ့ခန္ဓာကိုယ်ကိုသာ
မင်းရချင်ရမယ် ငါ့စိတ်နှလုံးကို
တော့မင်းရမှာမဟုတ်ဘူး"
"ကောင်စုတ်" ထန်၀မ်အာက သူ၏ ကော်လံစကို
ဒေါသတကြီးဖြင့် ဆွဲလိုက်ပြန်သည်။
"ဒီမယ်နော်...ရှင် ဘာတွေတွေးနေတာလည်း
ကျွန်မကထန်၀မ်အာ..ရှင့်လို မျက်နှာအင်မတန်
ပြောင်တဲ့ ငပွေးကို ဂရုစိုက်မယ်ထင်နေလား
ဘာခန္ဓာကိုယ်...ဘာနှလုံးသားလည်း...ဟင်...
အတော်မျက်နှာပြောင်နိုင်လွန်းတဲ့ကောင်..."
ယခုတော့ သူမသည် သူ၏ ကော်လံစကို
ဆုပ်ကိုင်ထားကာ သူမ၏ မျက်နှာကလေးသည်
သူ၏ မျက်နှာ
နားသို့ အလွန်နီးကပ်နေခဲ့သည်။သူမ၏
မျက်နှာကလေးမှာ ဒေါသတကြီးဖြစ်နေသည့်တိုင်
ချိုလွန်း
သော မက်မွန်သီးကလေး တစ်လုံးနှင့်တူလှရာ
လူတိုင်း၏ စိတ်ကု ိ တစ်ကိုက်လောက်
ကိုက်ချင်လာ
အောင် လှုံ့ဆော်၍ နေပေသည်။
ထို့ပြင် သူမ၏ ကိုယ်သင်းနံ့ ကလေးသည်လည်း
လုံချန်၏ နှာခေါင်းထဲသို့ ၀င်လာခဲ့ပြန်ပါ၏။ယင်းသို့
သော အခြေအနေသည် စျာန်ရသော
ရသေ့များပင် စျာန်လျှောနိုင်သည့်အခြေအနေ မျိုး
ဖြစ်လျှက်
ရှိရာ စိတ်ဓာတ်အလွန်မာပါသည့် ဆိုသည့်
လုံချန်ပင် တံတွေးမြိုချမိလေတော့သည်။
"ကောင်စုတ် နင်က ငါ့ကို ဒီလို ငထန်ကောင်
မျက်လုံးတွေနဲ့ကြည့်ရဲတယ်ပေါ့ နင့်မျက်လုံးတွေကို
ဖောက်ထုတ်ပစ်လိုက်မယ်လို့ ပြောရင် ယုံမလား"
လုံချန်၏ ထူးထူးဆန်းဆန်း အကြည့်များကိုမြင်
လျှင်သူမ ဒေါသပိုထွက်လာသည်။
လုံချန်သည် ကပျာကယာ
မျက်စိမှိတ်ရသည်။တောင်စဉ်ရေမရ
အတွေးများသည် သူ၏ ခေါင်းထဲ၌
လူးလာ ကူးခတ်လျှက်ရှိသည်။သူသည်
ထန်၀မ်အာနှင့် မျက်နှာချင်းဆိုင်ရမည့် အစား ဟို
မျောက်ဝံ(လီရှင်း
ရှောင်)ကိုသာအမွေးတစ်ပင်ခြင်း
နှုတ်ပစ်လိုက်ချင်မိသည်။
"ကောင်စုတ် နင်ကဘာလည်း
မျက်စိမှိတ်ပြီးတော့ငါ့ကို ရန်စတာလား
ငါ့ကိုတောင်မကြည့်တော့ဘူး
ဆိုတဲ့သဘောလား" ထန်၀မ်အာက သူ့ကို
သည်နည်းဖြင့်လည်း အလွတ်ပေးချင်ပုံမရချေ။
လုံချန် ဘာပြောရမှန်းမသိတော့။သည်မိန်းမကား
ရစ်လွန်းလှသည်။သူနှင့်စာလျှင် မန်ချီနှင့်
ချူယောင်
က ပို၍ နူးညံ့သိမ်မွေ့၏။
"ကျွန်မကို တံတားပေါ်မှာ အရှက်မရှိတဲ့
မိန်းမလို့ပြောသွားတဲ့နေ့ကို မှတ်မိသေးလား ဒါဟာ
လူတစ်ယောက်က ကျွန်မကို ပထမဆုံးအကြိမ်
ဒီလိုပြောဖူးတာပဲ ပြောစမ်း ရှင့်ကိုရှင် ကောင်စုတ်
ဆိုတာကိုလက်ခံလား" အတိတ်ကို သတိရလျှင်
ထန်၀မ်အာမှာ ဒေါသပိုထွက်လာမိသည်။
လုံချန်က မည်သို့မျှ ပြန်မပြောပဲ ဆိတ်ဆိတ်သာနေ
နေ ရာမှ ရုတ်တရက် ပါးစပ်နှင့်အပြည့်သွေး
များ ဝေါ့ကနဲထိုးအန်ကာ ထန်၀မ်အာ၏
ရင်ခွင်ထဲသို့ အရုပ်ကြိုးပြတ်လဲကျသွား၏။
ထိုအခါမှ လုံချန်၏ မျက်နှာမှာ ဖြူဖျော့နေသည်ကို
ထိတ်လန့်စွာဖြင့် သူမနားလည်သွားသည်။
လီရှင်းရှောင်၏ ချောင်းမြောင်းတိုက်ခိုက်မှုသည်
လုံချန်အား အကြီးအကျယ်ဒဏ်ရာ ရစေခဲ့ပါသည်။
"တောင်းပန်ပါတယ် ရှင်ဒဏ်ရာ ရနေတာကို
ကျွန်မမေ့နေ ခဲ့တာပဲ" ထန်၀မ်အာ
ပျာယာခတ်သွား၏။
သူမက ကျောက်တုံးကြီးတစ်တုံးဘေး၌ လုံချန်ကို
ညင်သာစွာ မှီနေစေသည်။လုံချန်၏ ခန္ဓာကိုယ်
ထဲသို့၀င်သွားသော မိုးကြိုးအမြူတေသည်
လုံချန်၏ ခန္ဓာကိုယ်အား လောင်စွာအဖြစ်
အသုံးပြုကာ
ဆက်တိုက် လှိုက်စားလျှက်ရှိသည်။ထိုအမြူတေကို
ဖယ်ထုတ်ရန်မှာ လွန်စွာခဲယဉ်းလေသည်။
ထို့ကြောင့်ပင် မိုးကြိုးသစ်စေ့ ဝါ
မိုးကြိုးအမြူတေဟု
ခေါ်ခြင်းဖြစ်သည်။လူတစ်ယောက်၏ ခန္ဓာကိုယ်
ထဲသို့ ထိုအရာ ၀င်ရောက်သွားလျှင် ယင်းက
ထိုလူ၏ ခန္ဓာကိုယ်ကို မရပ်မနား ဖျက်ဆီးလေရာ
ခံရသူအဖို့ အင်မတန်နာကျင်ရလေ၏။
လီရှင်းရှောင်ကလည်း လုံချန်သည် သိုင်းပညာ၌
အတော်အဆင့်မြင့်သည်ကို
ကောင်းကောင်းသိသည်။
သည် မိုးကြိုးအမြူတေသည် သူ့ ခန္ဓာကိုယ်၏ ပင်မ
စွမ်းအင်မှ ဖွဲ့စည်းဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယင်းက လုံချန်ကို
မသတ်ဖြတ်နိုင်သည့်တိုင်အောင် ယင်းကို
ခန္ဓာကိုယ်ထဲမှ မထုတ်ပစ်နိုင်လျှင်
လပေါင်းများစွာ သိုင်းမကျင့်နိုင်အောင်တော့
စွမ်းဆောင်နိုင်လိမ့်မည်။
သို့ရာတွင် သူသည် လုံချန်၏ ခန္ဓာဗေဒ
ကိုလျှော့တွက်မိနေတုန်းပင်ဖြစ်၏။လုံချန်သာ ဆန္ဒ
ရှိလျှင်
ဖုန်ဖူ အကာအကွယ်နှင့် မိုးကြိုးအမြူတေ ကို
အချိန်မရွေးဖယ်ထုတ်နိုင်စွမ်းရှိသည်။သို့သော်
လုံချန်
သည် ထိုသို့မလုပ်ခဲ့။အဘယ့်ကြောင့် ဆိုသော်
လုံချန်သည် လီရှင်းရှောင် ၏ ခန္ဓာကိုယ်မှ ပြဿ
နာ တစ်ရပ်ကို
စဉ်းစားမိထားသောကြောင့်ပင်။ထိုပြဿနာမှာ
သူခံခဲ့ရသည့် ကောင်းကင်ဘုံ၏
အပြစ်ပေးခြင်းဖြစ်သည်။
ယခင် သူခံစားခဲ့ရသော ကောင်းကင်ဘုံ၏
အပြစ်ပေးခြင်းသည် သူ့၏ စိတ်ဓာတ်ကို
စမ်းသပ်ခြင်း
သာဖြစ်ကြောင်း တောစောင့်နတ်၏ အဆိုရ
သိရ၏။သို့ရာ၌ သည်ကဲ့သို့ စမ်းသပ်မှုလေးကပင်
သူ့
ကိုသေလုမျောပါးဖြစ်သွားစေသည်။ထိ့ုပြင်
ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းသည် သူ့ထံသို့
နောက်တစ်ကြိမ်ထပ်လာဦးမည်ဟု လုံချန်
ယူဆထား၏။
ယခုတစ်ကြိမ်လာလျှင် သူ၏ စ်ိတ်ဓာတ်ကို
စမ်းသပ်ခြင်းမဟုတ်တော့ပ ဲ ပို၍
ပြင်းထန်လာမည်ဖြစ်
သည်။လီရှင်းရှောင်၏ မိုးကြိုးအမြူတေသည်
ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းအား တန်ပြန်နိုင်
မည့်နည်းလမ်းကို သူ့အား
စဉ်းစားနိုင်စေခဲ့သည်။နောင်အနာဂါတ်တွင်
ကောင်းကင်ဘုံ၏ အပြစ်
ပေးမှုအား ခံနိုင်ရည်ရှိစေရန် မိုးကြိုးဓာတ်နှင့်
သူ့ခန္ဓာကိုယ်သည် အကျွမ်းတ၀င် ဝါ
တစ်နည်းအားဖြင့်
မိုးကြိုပြီးနေရန်လိုသည်။
ဤနည်းကား အတော်ကလေး
ရူးကြောင်ကြောင်နိုင်သော်လည်း
မိုးကြိုးပစ်ခြင်း၊လျှပ်စီးကြောင်းများ
အဆက်မပြတ်ရိုက်ခတ်စေခြင်းဖြင့် သူ၏
ခန္ဓာကိုယ်သည် မိုးကြိုးစွမ်းအင်များဖြင့်
တဖြည်းဖြည်းနေ
သားတကျ ဖြစ်လာကာ မိုးကြိုးပြီးလာပေမည်။
ထို့ကြောင့်ပင် သူသည် လီရှင်းရှောင်ကို
ဆက်တိုက်အာရုံစိုက်နေခဲ့ခြင်းဖြစ်ပါသည်။လီရှင်းေ
ရှာင်သည်
သူ့ကို မနှစ်သက်လျှင်လည်း
ရန်သူအဖြစ်နေသည်မှာ ပို၍
ကောင်းသည်။သည်သို့ဖြင့် အနာဂါတ်တွင်
ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်များ မရှိမည်ကို
ပူရတော့မည်မဟုတ်ပေ။လီရှင်းရှောင်က သူ့ကို
ချောင်း
မြောင်း တိုက်ခိုက်ခဲ့သည့်အချိန်၌ သူသည်
ထိုဖြစ်နိုင်ချေကု ိ စဉ်းစားမိရာ လီရှင်းရှောင်၏
မိုးကြိုး
အမြူတေကို သူ၏ ခန္ဓာကိုယ်ထဲသို့ တမင်
အ၀င်ခံလိုက်ခြင်းဖြစ်၏။
ထန်၀မ်အာ၏ လေသံက ရုတ်တရက်
နူးညံ့သွားသည်ကို ကြားလျှင် လုံချန်သည် ရင်များ
တဒုန်းဒုန်းခုန်
လာပြီး ဂွင်ဆင်ရန်
အကြံတစ်ခုရလာသည်။သူသည်
မိုးကြိုးအမြူတေအား သူ၏ အတွင်း အစိတ်အ
ပိုင်းများကို ဖျက်ဆီးစေလိုက်ပြီး အော်ရာများ
၀ရုန်းသုန်းကားဖြစ်လာစေခဲ့သည်။
"မမ ၀မ်အာ..ကျုပ်..ကျုပ် တောင်းပန်ပါတယ်
ကျုပ်က ငပွေးတစ်ယောက်ဖြစ်ချင်ဖြစ်မယ်
ဒါပေမယ့်
ကျုပ်ကို ခွင့်လွတ်မယ်လို့မျှော်လင့်ပါတယ်"
လုံချန်၏ အော်ရာများမှာ
ကသောင်းကနင်းဖြစ်လာ၏။သူ၏
မျက်လုံးများကလည်း မှုန်းမှိုင်းလာကြ၏။
ထန်၀မ်အာ သည်
လွန်စွာတုန်လှုပ်သွားမိ၏။ပထမတွင် သူမသည်
လုံချန် ဟန်ဆောင်နေခြင်းဖြစ်မည်
ဟု တွေးမိသောကြောင့် သူမ၏ ချီဓာတ်ဖြင့်
လုံချန်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရာ
တစ်ကယ်ပင်
အတွင်းအဂါင်္များ အလုပ်လုပ်မှု
ရပ်လာသည်ကိုမြင်ရ၏။ယင်းကား ဟန်ဆောင်၍
ရသည်မျိုးမဟုတ်ပေ။
သူမ မှာ လုံချန်ကို လွန်စွာ သနားနေမိသည်။
"လုံချန် ရှင် ကောင်းသွားမှာပါနော်..ကျွန်မမှာ
အဆင့်မြင့်ဆေးတွေရှိတယ်
ဒီဆေးလေးသောက်လိုက်
ပါဦး" ထန်၀မ်အာသည် သူမ၏
သိုလှောင်လက်စွပ်ကွင်းထဲမှ ဆေးအချို့ထုတ်၍
လုံချန်ကိုတိုက်ကျွေး
သည်။
လုံချန်သည် ခေါင်းကိုယမ်း၍
ချိနဲ့သည့်လေသံဖြင့်ပြောသည်။
"မရတော့ဘူး မိုးကြိုးအမြူတေက ကျုပ်ရဲ့
ချီလမ်းကြောင်းတွေကိုရောက်နေပြီ"
"ဒါဘယ်လိုဖြစ်နိုင်မှာလည်း...ခွေးကောင်
လီရှင်းရှောင်က အရမ်းရက်စက်တာပဲ"
ထန်၀မ်အာသည်
အံကလေးကို တင်းတင်းကြိတ်ထားမိသည်။သူမ
လွန်စွာ၀မ်းနည်းနေမိပါသည်။မိုးကြိုးအမြူတေသ
ည်
အတွင်းအဂါင်္ အစိတ်အပိုင်းများကို
ရောက်ရှိသွားလျှင် သိပ်မဆိုးလှ။ချီဓာတ်ကို
အသုံးပြုနိုင်သေးသမျှ
၎င်းကို ပြန်ထုတ်နိုင်သေးသည်။
သို့သော် ချီလမ်းကြောင်းများကိုရောက်သွားလျှင်
ယင်းသည် အပ်များကဲ့သို့ ချီလမ်းကြောင်းကို
သွား၍ စိုက်သောကြောင့် ချီလမ်းကြောင်း၏
ဖွဲ့စည်းပုံသည်ပျက်ယွင်းသွားရသည်။သည်သို့ဖြစ်
လျှင်
ထိုလူသည် မသေလျှင်တောင်မှ သိုင်းကျင့်၍
မရတော့ပေ။ထန်၀မ်အာ၏ စကားကို
လီရှင်းရှောင်ကြား
လျှင် သွေးပင်အန်နိုင်သည်။
သူအဖို့ ယခုထက်အကြိမ်ထောင်ပေါင်းများစွာ
ရက်စက်သည်ဟု ဆိုလျှင် ပင် သူတပါး၏
ချီလမ်းကြောင်း
ထဲသို့ ယခုလို မိုးကြိုးအမြူတေကို
အရောက်ခံမည်မဟုတ်ချေ။၎င်းမှာ
မိုးကြိုးစွမ်းအင်ဖြင့် သူတိုက်ခိုက်
လိုက်စဉ်တွင် လုံချန်က တမင်သက်သက်
ဆွဲယူခဲ့သောကြောင့်သာဖြစ်၏။
"အဟွတ်...အဟွတ်..." လုံချန်သည်
ချောင်းတဟွတ်ဟွတ်ဆိုးနေ၏။သူမျက်နှာကား
နောက်ဆုံးအချိန်
ရောက်လာဘိသကဲ့သို့ ဖြူဖွေးနေ၏။အသက်ရှုရ
ခက်လာသည် ထင့် စကားမပြောနိုင်တော့ပေ။
လုံချန်သည် သူ၏ပါးစပ်ကို ညွှန်ပြရင်း
ထန်၀မ်အာကို အသနားခံသည့် အကြည့်ဖြင့်
ကြည့်၏။ထန်၀မ်
အာသည် ပါးစပ်အဟောင်းသားဖြင့် သူ့ကို
ကြည့်လေ၏။
"ရှင်က ကျွန်မကို နှုတ်ခမ်းခြင်းတေ့ပြီး
ကူညီပေးစေချင်တာလား"

PATRIARCH MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၄၇)မိုးကြိုးအမြူတေဓာတ်အားသန့်စင်ခြင်း

ထန်၀မ်အာ၏ လှပသောမျက်နှာကလေးမှာ
ဖြန်းကနဲ နီသွား၏။သူမသည်
မိန်းမပျိုးကလေးတစ်ဦးဖြစ်
၏။မည်သို့လျှင် နှုတ်ခမ်းခြင်းတေ့၍
ကူညီပေးနိုင်ပါမည်နည်း။သို့သော် လုံချန်မှာ
သေလုမျောပါးဖြစ်နေ
ချေပြီ။နောက်ဆုံးစကားအချို့ကို သူမအား
ပြောခဲ့ချင်ဟန်တူ၏။သူသည်
စကားပြောချင်သော်လည်း
အသက်ကို ကောင်းစွာ မရှုနိုင်သောကြောင့်
ပြောနိုင်စွမ်းမရှိဖြစ်နေလေ၏။
"ဟင့်အင်း...အဲ့လိုတော့ကျွန်မ မလုပ်နိုင်ဘူး"
ထန်၀မ်အာ၏ မျက်နှာကလေးမှာ ပန်းသီးမှည့် တစ်
လုံးလို ရဲတွတ်သွား၏။
"ကျုပ်.."
လုံချန်သည် တစ်ခုခုကို ပြောချင်၏။သို့သော်
ပြောနိုင်စွမ်းမရှိဖြစ်နေ၏။စကားတစ်ခွန်းပြောပြီး
လျှင်
သူသည် ချောင်းများဆိုးနေရာ ကျန်သော
စကားကို
ဆက်ပြောနိုင်စွမ်းကင်းမဲ့နေသည်။လုံချန်၏
အော်ရာမှာ မီးစာကုန်ကာနီးသည့် ဖယောင်းတိုင်
တစ်တိုင်ကဲ့သို့ မှိန်သထက်မှိန်လာ၏။အချိန်မရွေး
သေသွားနိုင်သည်ကဲ့သို့ဖြစ်လာသည်။
ထန်၀မ်အာသည်
သူ့ကိုတစ်ချက်ကြည့်လိုက်၏။ထို့နောက်
ပတ်၀န်းကျင်ကို အကဲခတ်လျှင် မည်သူ
မှ မရှိသည်ကိုသူမသတိထားမိသည်။
"ကောင်းပြီ ရှင်ကသေတော့မှာဆိုတော့ ရှင့်ကို
နောက်ဆုံးစကား ပြောခွင့်ရအောင်
ကျွန်မကူညီပေး
မယ်" ထန်၀မ်အာသည် အံကလေးကိုကြိတ်၍
လုံချန်အနားသို့ တရွေ့ရွေ့ကပ်လာ၏။လုံချန်၏
မျက်လုံးများ တောက်ပလျှက် သူမကို
ကျေးဇူးတင်ဟန်ဖြင့်ကြည့်သည်။ထန်၀မ်အာ၏
နှလုံးသား
သည် တဆစ်ဆစ်နာကျင်လာသည်။
သူမ၏ ချယ်ရီရောင်နှုတ်ခမ်းပါးကလေးသည်
လုံချန်၏ နှုတ်ခမ်းနားသို့
တရွေ့ရွေ့နီးကပ်လာခဲ့သည်။
လုံချန်က မျက်လုံးများ မှိတ်ထားသည်။
လုံချန်သည် ဤသို့
စိတ်ထဲမှတွေးနေမိသည်။နောက်ဆုံးတော့ငါ
အတိုးကော အရင်းကော ပေါင်းပြီး
ပြန်ရပြီ။အကယ်၍ ထန်၀မ်က စ၍ လုံချန်ကို
နမ်းနေသည်ကို သိကြလျှင်
လူများမနာလိုခြင်းကြောင့်
ရူးကုန်၊မကုန်အား မည်သူသိနိုင်မည်နည်း။သူမ၏
အနမ်း သူ၏ နှုတ်ခမ်းထက်သို့ ရောက်လာမည့်
အချိန်ကို စောင့်နေစဉ် ပေါင်ထက်မှ စူး၍ နာသည့်
နာကျင်မှုကို လုံချန် ခံစားလိုက်ရလေသည်။
"အိုက်ယားးးးး" လုံချန်မျက်လုံးဖွင့်၍
ကြည့်သည်တွင် သူ့ကို ပြုံးကြည့်နေသော
ထန်၀မ်အာကိုတွေ့သည်။
သူမသည် ရက်စက်စွာဖြင့် သူ၏ ပေါင်ကို
ဆိတ်နေသည်ကို လုံချန်တွေ့သည်။
"ဟေ့..မင်းရူးသွားပြီလား
သေတော့မယ့်လူတစ်ယောက်ရဲ့ပေါင်ကို
ဘာ့ကြောင့်ဆိတ်ရတာလည်း" လုံချန်
က ဒေါသတကြီးဖြင့်ပြောသည်။သည့်နောက်မှ
သူဟန်ဆောင်နေတာ ပေါ်သွားပြီဆိုတာကို
သေဘာ
ပေါက်ရသည်။
"သေခါနီးလူတစ်ယောက်က အဲ့ဒိလို
ပြန်ပြောဖို့ကျတော့ တတ်နိုင်သားနော်..."
"ဟိုလေ..အဲ့တာက ကျုပ်သာသေသွားရင် မင်းက
လူသေတစ်ယောက်ကိုကြည့်ပြီးအရမ်းကြောက်
နေမယ်လို့ စဉ်းစားမိလို့ မသေတော့ဘူးလို့
ဆုံးဖြတ်လိုက်တာပါ" လုံချန်က ရှက်ကိုး
ရှက်ကန်းဖြင့်ရယ်
သည်။
ထန်၀မ်အာက လက်သီးကလေးဖြင့် သူ့ကို
ထိုးသည်။လုံချန်သည် သူမ၏
လက်သီးဆုပ်ကလေးများ
ကို ကာကွယ်နေရသည်။သို့သော် သူမ၏
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာမှာ ခွန်အားသိပ်မရှိလေရာ
လုံချန်
အဖို့
ပန်းနှင့်ပေါက်သကဲ့သို့သာရှိသည်။နောက်ဆုံးတွင်
လက်သီးဆုပ်ကလေးများဖြင့် ထိုးနေခြင်းကို
သူမရပ်လိုက်၏။မောပန်းသွား၍ပဲလား
စိတ်ဆိုးပြေသွား၍ပဲလားဆိုသည်ကိုတော့
လုံချန်မသိချေ။
"ကဲ..ထေတာ့
စကားကောင်းကောင်းပြောရအောင်"
ထန်၀မ်အာကပြောသည်။
လုံချန်က သူမကို မသိမသာခိုးကြည့်လျှင်
သူမသည် မတ်တပ်ရပ်နေပြီး အမူအယာမှာ
ယခင်ကထက်
ပျော့ပျောင်းသွားသည်ကိုတွေ့ရသည်။ထိုအခါမှ
လုံချန်က မြေပြင်တွင်လက်ထောက်၍
ရယ်လိုက်သည်။
"မမ၀မ်အာက ကျုပ်ဟန်ဆောင်နေတာကိုဘယ်လို
လုပ်သိတာလည်း"
လုံချန် စိတ်ဓာတ်
အတော်ကျသွားသည်။အောင်မြင်ခါနီးမှ
သူ့အစီအစဉ်သည် ပျက်ဆီးသွားရ၏။
သူ၏ ဟန်ဆောင်မှုတွင် လုံး၀ဟာကွက်မရှိဟု
လုံချန်တွက်ထားခဲ့သည်။သူ၏
အမူအယာ၊လှုပ်ရှားမှု
ကုန်ကုန်ပြောရလျှင် အသက်ရှုသည့်နေရာမှာပင်
ချို့ယွင်းမှုမရှိချေ။
"ဟမ့် ရှင်က သရုပ်ဆောင်တော့ ကောင်းသားပဲ
ဒါပေမယ့် ကျွန်မကို လှည့်ဖြားနိုင်မယ်လို့ထင်လား"
ထိုသို့ပြောရသော်လည်း ထန်၀မ်အာမှာ စိတ်ထဲမှ
သက်ပြင်းကြိတ်ချမိသည်။အစတွင် လုံချန်၏
သရုပ်
ဆောင်မှုတွင် သူမသည်
အမှန်ပင်မျောပါသွားခဲ့သည်။ယင်းသို့ လုံချန်
သရုပ်ဆောင်နေသည်ဟုသိ
ရခြင်းမှာလည်း အလွန့် အလွန့် အရေးမကြီးသော
အမှားသေးသေးလေး တစ်ခုကို သူ လုပ်မိသော
ကြောင့်ဖြစ်သည်။
လုံချန်နှင့်မနီးမဝေးတွင်
ပေါင်းပင်နှင့်ချုံပုတ်အချို့ရှိသည်။သူ၏
ခြေထောက်တစ်ချောင်းသည် မြက်
ပင်ကြားထဲမှ
အသီးတစ်မျိုးအပေါ်သို့တင်မိလျှက်သားဖြစ်နေခဲ့
သည်။ထိုအသီးတွင် အမွေးများရှိရာ
အမွေးတွင်
အဆိပ်ဓာတ်အနည်းငယ်ပါ၏။ယင်းအဆိပ်သည်
ပြင်းထန်သည့်အဆိပ်မျိုးမဟုတ်သည့်
တိုင် ထိမိလျှင် လွန်စွာယားယံသည်။
လုံချန်သည် ထိုယားယံမှုကို
တစ်ချိန်လုံးတောင့်ခံထားသော်လည်း
သူအနိုင်ရတော့မည်ဟု
ထင်သည့်အချိန်၌ ယားနေသော ခြေထောက်ကို
အခြားခြေထောက်ဖြင့် မသိမသာကုတ်
လိုက်မိသည်။ထို့ကြောင့် ထန်၀မ်အာက လုံချန်
သရုပ်ဆောင်နေခြင်းဟု သိသွားခြင်းပင်။
သေခါးနီးလူတစ်ယောက်က မည်သို့ဖြင့်
ယားယံခြင်းကို ကုတ်နိုင်စွမ်းရှိပါမည်နည်း။
တစ်ချိန်တည်းတွင် သူမသည် ချီစွမ်းအင် ဖြင့် သူ၏
ခန္ဓာကိုယ်သို့ မသိမသာ အာရုံခံကြည့်ရာ
လုံချန်သည် သူ၏ ချီစွမ်းအင်ကို ကျွမ်းကျင်စွာဖြင့်
ဖုံးကွယ်ထားသည့်တိုင် သူမကား အာရုံခံ
နိုင်ခဲ့သည်။
လူအများသေဆုံးသည့်အခါတွင် ၎င်းတို့၏
စိတ္တစွမ်းအင်သည် အားနည်းလာတတ်ပြီး
၎င်းတို့နှင့်
အတူ ပျောက်ကွယ်သွားတတ်လေသည်။သည်မျှ
များပြားသည့် ချီစွမ်းအင်များမှာ မည်သို့ဖြင့်သေ
တော့မည့် လူတစ်ယောက်တွင် ရှိလေမည်နည်း။
ထန်၀မ်အာက သူ့ကို ပြောရန် ငြင်းဆန်နေလျှင်
လုံချန်သည် သက်ပြင်းချလိုက်သည်။
"မိုးကြိုးအမြူတေကို ရှင့်ခန္ဓာကိုယ်ထဲ
စုပ်ယူရလောက်အောင် ရှင်က
ဘာ့ကြောင့်မိုက်မဲတာလည်း
ရှင့်အတွင်းအဂါင်္တွေသာ မပျက်ဆီးဘူးဆိုရင်
ကျွန်မ ရှင့်ကို ကူညီပေးနိုင်တယ် ...
ရက်အနည်းငယ်
အတွင်းမှာ လုံးဝကောင်းသွားလိမ့်မယ်"
"ဒါပေမယ့် အခုတော့ မိုးကြိုးအမြူတေက ရှင့်ရဲ့
ချီလမ်းကြောင်းတွေထဲ ၀င်ရောက်သွားပြီဆိုတော့
ဒါကို ပြန်ထုတ်နိုင်ရင်တောင် ရှင့်ရဲ့
ချီလမ်းကြောင်းတွေက ကြီးကြီးမားမား
ပျက်ဆီးသွားမှာပဲ
ဒီလိုပျက်ဆီးသွားရင်
ပြန်ကောင်းဖို့အချိန်အများကြီးယူရမယ်
ဒါဆိုရှင့်အတွက်အချိန်တွေ
သိပ်ကုန်တာပေါ့" လုံချန်သည် အဘယ့်ကြောင့်
ထိုသို့လုပ်ခဲ့မှန်း သူမ နားမလည်နိုင်ဖြစ်နေသည်။
ထို့ပြင် လုံချန်သည် လွန်စွာ လည်သော သူ
တစ်ယောက်ဖြစ်ကြောင်းလည်းသူမသိသည်ဖြစ်ရာ
သူ၏ ရည်ရွယ်ချက်ကို မမှန်းဆတတ်အောင်
ဖြစ်နေတော့သည်။
"ဒီကမောင်လေးက မမနတ်သမီးကလေးကို
အပြစ်လုပ်မိတဲ့အတွက် ကိုယ့်ကိုကို အပစ်ပေးတဲ့
အနေနဲ့ ဒီလိုလုပ်လိုက်မိတာပါ" လုံချန်က
သက်ပြင်းချ၏။သို့သော် ထိုသို့ပြောပြီးပြီးချင်း သူ၏
ပေါင်မှ စူးကနဲအောင့်လာသည်ကို
ခံစားရပြန်သည်။
"တော့ပါတော့ မလိမ်ဆွဲပါနဲ့တော့
ကျုပ်အမှန်အတိုင်းပြောပြပါ့မယ် ဟုတ်ပြီလား"
ထိုအခါမှ သူမက
လိမ်ဆွဲနေခြင်းကို ရပ်၍ သူ့ကို မကျေမနပ် ဟန်
ကလေးဖြင့်ကြည့်သည်။
"အစောကတည်းက အမှန်အတိုင်းပြောရင် ရှင့်ကို
လိမ်ဆွဲမလား ဘာလို့ပေါက်ကရတွေ
လျှောက်ပြောနေလည်း"
လုံချန်က သူ့ပေါင်ကို ပွတ်၍
သံသယ၀င်ဟန်ဖြင့်မေးသည်။
"တစ်ခါက ကုရန် ကျုပ်ကိုပြောဖူးတယ်
ထန်၀မ်အာဟာ အတော်ကလေးဖော်ရွေတယ်တဲ့
ဒီကောင့်
စကားကို အခု ကျုပ်တော့သံသယ
တောင်၀င်လာပြီ"
ထန်၀မ်အာက ချိုသာစွာဖြင့် ပြုံးလိုက်လျှင်
သူမ၏ပါးချိုင့်ကလေးနှစ်ဖက်ပေါ်လာသည်။
"အခုတော့ ရှင်သိပြီမလား" ထန်၀မ်အာ၏ အသံက
အပြစ်ကင်းဟန်ပေါက်နေသည်။
"သိပါပြီ" လုံချန် ခေါင်းတဆတ်ဆတ်ငြိမ့်နေသည်။
"ဟမ့် သိပါပြီ ဆိုတာ ဘာကို ဆိုလိုတာလည်း
ကဲ...မနာချင်ရင်မြန်မြန်ပြောနော်..အမှန်အတိုင်ြးေ
ပာ"
လုံချန်ကသက်ပြင်းချသည်။ထန်၀မ်အာတွင်
နွေးထွေးဖော်ရွေသည့်အခြမ်းနှင့် ကြမ်းတမ်း၍
မာနကြီး
သည့်အခြမ်းဟူ၍ နှစ်ခြမ်းရှိရာ သူကတော့
ကံဆိုးစွာဖြင့်
ဒုတိယအခြမ်းကိုသာတွေ့နေရလေသည်။
လုံချန်က မချိုမချဉ်ဖြင့် ပြုံးသည်
"မမကို ကျူပ်ပြောပြလို့ရပါတယ် ဒါပေမယ့်
ဒီကိစ္စကိုအခြားသူတွေကို
မပြောပါဘူးဆိုတဲကတိကို
တော့ပေးပါ"
လုံချန်၏ ပုံစံမှာ
အလေးအနက်ဖြစ်သွားသည်ကိုမြင်လျှင်
ထန်၀မ်အာ သည် အံ့သြသွားမိသည်။
သည်ကဲ့သို့ ကတိမျိုးကို သူမသည်
မပေးချင်လှသော်လည်း ခေါင်းငြိမ့်လိုက်ပါ၏။
"မစိုးရိမ်ပါနဲ့ ကျွန်မက နှုတ်ဖွာတတ်သူ
တစ်ယောက်မဟုတ်ဘူး"
"ကျုပ်က လီရှင်းရှောင်ရဲ့ စွမ်းအင်ကို ယူပြီး
ကျုပ်ရဲ့ကိုယ်ပိုင်စွမ်းအင်အဖြစ် သန့်စင်ကြည့်မလို့"
ထန်၀မ်အာ အကြီးအကျယ် အံ့အားသင့်သွား၏။
"ရှင်ရူးနေလား...ဒါက
ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း"
"ဘာ့ကြောင့်မဖြစ်နိုင်ရတာလည်း"
လုံချန်ကနားမလည်ချေ။
"ရှင် နောက်နေတာလား လီရှင်းရှောင်က သူရဲ့
မျိုးရိုးစဉ်ဆက်ကနေ အမွေခံပြီး ပါလာတာ
မျိုးဆက်သွေးကြောင့်သာ မဟုတ်ရင် ဒီစွမ်းအင်က
ရှင့်ခန္ဓာကိုယ်ထဲမှ ဘယ်လိုမှ မနေဘူး ရှင့်
ခန္ဓာကိုယ်ကိုဖျက်ဆီးသွားလိမ့်မယ် ဒီလိုတွေးတော
ပုံ တွေးတောနည်းက တော်တော် ရူးသွပ်ရာ
က်တာပဲ"
"ဒါဆို လုံး၀မဖြစ်နိုင်ဘူးပေါ့" လုံချန်ကမေးသည်။
"အမှန်ပဲ.. ဒီစွမ်းအင်ကြောင့် ရှင့်ရဲ့ ဒန်တမ်
ပျက်ဆီးသွားလိမ့်မယ်
ကျွန်မအကြံပေးမယ်...ရှင်က
မုန်းစရာကောင်းပေမယ့် ရှင့်ရဲ့ သိုင်းပညာက
မဆိုးဘူး သေသွားရင် နှမျောဖို့ကောင်းတယ် ဒီလို
တွေ မလုပ်ပါနဲ့ရှင်...."
လုံချန်က ပြုံးသည်။
"ကျုပ်ကို ဒီလောက်ဂရုစိုက်တာကို
ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျုပ်က
ဆုံးဖြတ်လိုက်ပြီ"
"ရှင့်အသက်ကိုတောင် ရှင်မနှမျောဘူးလား"
ထန်၀မ်အာ ဒေါသထွက်လာသည်။
"ခင်ဗျားပဲပြောခဲ့တယ်လေ ကျုပ်က
လူဆိုးတစ်ယောက်ဆို...လူဆိုးတွေက
လွယ်လွယ်နဲ့မသေ
ဘူးလေ ဟဲဟ"ဲ လုံချန်ကပြုံး၏။ထန်၀မ်အာ၏
ရှင်းပြမှုကြောင့် သူ၏ ယုံကြည်ချက် သည် ပို၍
ပြင်းထန်လာခဲ့သည်။
အခြားသူများသည်
သေချင်သေသွားနိုင်သည်။သို့သော်သူသည်
မသေနိုင်။သူ့၌ ဒန်တမ်ပင်မရှိချေ။
သို့ဆိုလျှင် မရှိသည့် ဒန်တမ်က
မည်သို့ပျက်ဆီးနိုင်မည်နည်း။အကယ်၍
ပျက်ဆီးစရာရှိလျှင် သူ၏
ခြေဖုဝါးမှ
ဖုန်ဖူကြယ်သာလျှင်ဖြစ်နိုင်သည်။သို့သော်လက်ေ
တွ့၌ ယင်းသို့ဖြစ်ရန်မှာလည်း အပုံတစ်သိန်း
တွင် တစ်ပုံပင်မဖြစ်နိုင်ပေ။
"မမ၀မ်အာ သွားချင်သွားတော့လေ
မိုးကြိုးအမြူတေကို သန့်စင်ဖို့ ကျုပ်လုပ်ဦးမယ်"
"ဒီနေရာမှာပဲ သန့်စင်လေ ကျွန်မက
ပတ်၀န်းကျင်ကို ကြည့်ပေးထားမယ် တစ်ခုခုဖြစ်လို့
ရှင်
သေခါနီးဖြစ်နေရင်လည်း ကျွန်မကယ်လို့ရတာပေါ့"
ထန်၀မ်အာက ခေါင်းယမ်းသည်။ထို့နောက်
မလှမ်းမကမ်းတွင်ရှိသော နေရာတစ်ခုတွင်
သွားထိုင်နေတော့၏။
လုံချန်က
အနည်းငယ်ပြုံးသည်။သည်မိန်းကလေးသည်
ရံဖန်ရံခါ၌ ရက်စက်တတ်သော်လည်း စိတ်
ကောင်းကလေးတော့ရှိသည်။မျက်လုံးများကို
အသာအယာမှိတ်၍ ချီဓာတ်ကို လှည့်ပတ်ကာ
မိုးကြိုး
စွမ်းအင်ကို သန့်စင်ရန် သူ လုပ်သည်။
မိုးကြိုးဓာတ်က သူ၏
စွမ်းအင်ကိုတောင့်ခံနေ၏။သာမာန်
သွေးနှောသိုင်းသမားတစ်ယောက်ဆိုလျှင်
ထိုသိုလုပ်၍ မရ။ ဒန်တမ်ပျက်ဆီး၍
သိုင်းကျင့်၍မရသောဘ၀သို့ရောက်သွားပေမည်။
သို့သော်လုံချန်
၏ ချီလမ်းကြောင်းများမှာမူ တောစောင့်နတ်မင်း၏
ပြုပြင်ပေးခဲ့မှုကြောင့် မူလကထက်ပို၍ ကြီးလာ
သလို ဒဏ်ခံနိုင်စွမ်းလည်း အဆမတန်
တိုးတက်နေ၍သာ ယင်းသို့မဖြစ်ခြင်းဖြစ်သည်။
သူသည် ဖုန်ဖူကြယ်မှ စွမ်းအင်များကိုစုပ်ယူ၍
မိုးကြိုးစွမ်းအင်ပေါ်သို့တင်ပေးလိုက်ရာ
မိုးကြိုးစွမ်းအင်
မှာ အပြင်းအထန်ပြန်ခုခံနေသည်။သို့ရာတွင် သူ၏
ချီလမ်းကြောင်းများကား သံပိုက်များတမျှ မာ
ကြောလေရာ
မိုးကြိုးအမြူတေအဖို့မည်မျှပင်ရုန်းကန်
ခုခံစေကာမူ အချည်းနှီးပင်။
နောက်ဆုံး၌ မိုးကြိုးအမြူတေသည်
လှုပ်ရှားခြင်းမရှိတော့ပဲ သူ၏ အမိန့်ကို
နာခံလာသည်။လုံချန်က
လီရှင်းရှောင်၏ ဗီဇကို မိုးကြိုးစွမ်းအင်မှ
ဖယ်ထုတ်၍ သူ၏ စိတ်စွမ်းအင်
အားသွင်းလိုက်သည်။ဤ
မိုးကြိုးအမြူတေသည် ယခုတော့ သူ၏ ကိုယ်ပိုင်
စွမ်းအင်ကဲ့သို့ဖြစ်သွားချေပြီ။
ယခင်ကပင် ဘိစ်မီးတောက်ကို သန့်စင်ခဲ့ဖူးသော
သူ့အဖို့ မိုးကြိုးအမြူတေကို သန့်စင်ရသည်မှာ
အခက်အခဲနည်းနည်း ရှိသည်မှလွဲ၍
များစွာခက်ခဲမှု မရှိလှချေ။ခြောက်နာရီခန့်ကြာလျှင်
လုံချန်က
မျက်လုံးများကိုဖွင့်လိုက်သည်။သူသည် လွန်စွာ
မောဟိုက်နေ သလို လွန်စွာမှလည်း စိတ်လှုပ်ရှား
လျှက်ရှိပါသည်။

Patriarch MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၄၈)ကျရှုံးခြင်း

လုံချန်မျက်လုံးဖွင့်လိုက်သည့်အခါတွင်
ထန်၀မ်အာက
ရုတ်တရက်သတိပြုမိသောကြောင့်မေးသည်။
"ဘယ်လိုလည်း...အလုပ်ဖြစ်လား"
လုံချန်က ပြုံး၍
လက်ညှိုးထောင်ပြ၏။အတွေးတစ်ချက်တွင် သူ၏
လက်ညှိုး၌ ချက်ချင်း လျှပ်စီးဓာတ်များ
ဖြတ်ပြေးလာသည်။မိုးခြိမ်းသံကဲ့သို့ တဂျိုးဂျိုး
တဂျိမ်းဂျိမ်းသံများလည်း ကြားရ၏။
ထန်၀မ်အာ သူမ၏ ပါးစပ်ကို
လက်ဝါးကလေးဖြင့်အုပ်၍ မြင်ကွင်းကို
မယုံနိုင်ဟန်ဖြင့်ကြည့်လေသည်။
လုံချန်၏ အစီအစဉ်သည် လွန်စွာရူးသွပ်ရာကျပြီး
မည်သို့မျှ ဖြစ်နိုင်လိမ့်မည်မဟုတ်ဟု သူမက ယုံ
ကြည်ထားခဲ့လေသည်။
ယခုတော့ သူမ လုံး၀ မဖြစ်နိုင်ဟုထင်ထားသော
ကိစ္စကို လုံချန်က ရအောင်လုပ်ပြသွားချေပြီ။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလည်း" ထန်၀မ်အာသည်
ခပ်တိုးတိုးရေရွတ်လျှက်ရှိပြီး လုံချန်၏ လက်၌
ဖြတ်
ပြေးလျှက်ရှိသောလျှပ်စီး ဓာတ်ကလေးကို
သေသေချာချာကြည့်နေသည်။
"ဟီးဟီး...ဘယ်လိုလည်း အခုကစပြီး ကျုပ်ကို
ကောင်းကောင်းဆက်ဆံနော် ဒါမှပဲ
ခင်ဗျားအဖွဲ့ထဲမှာ
ကျုပ်ကိုဆက်ရှိနေအောင်
ကောင်းကောင်းဆွဲဆောင်ထားနိုင်မှာ"
"ဟဲဟဲ ကောင်းကောင်း ဆက်ဆံတာနဲ့လည်း
မလုံလောက်သေးဘူးဗျ ...
ကျုပ်တို့နှစ်ယောက်ရဲ့ဆက်
ဆံရေးကို ပိုခိုင်မြဲချင်ရင် အခြားနည်းလမ်းတွေကို
ခင်ဗျားစဉ်းစားထားရမယ် ဥပမာ ခင်ဗျားနှလုံးသား
ကိုကျုပ်ကို ပေးအပ်လိုက်တာမျိုးပေါ့" လုံချန်က
အလေးအနက်မျက်နှာဖြင့်ပြောသည်။
"ကျွတ်...ရှင့်လို့ သွေးနှောအလယ်အဆင့်
ကောင်လေးတစ်ယောက်ကို ကျွန်မနှလုံးသား
ပေးရမှာ တန်
လို့လား ကဲ...ကိုယ်တော်ချော
အိမ်မက်ကနေထပါတော့ရှင်..." ထန်၀မ်အာက
သူ့ကို အထင်သေးဟန်
ဖြင့်ကြည့်၍ ပြောသည်။
"နေဦး...ကျုပ်ရဲ့သိုင်းပညာအဆင့်ကို
ခင်ဗျားဘယ်လိုသိလည်း" လုံချန်
အံ့အားသင့်နေသည်။
"ရှင်ကျိုးဝူနဲ့တိုက်ခိုက်နေတုန်းက ကျိုးဝူ
သားရဲသဏ္ဍန်ပြောင်းလိုက်တဲ့အချိန်မှာ ရှင့်ရဲ့
အော်ရာတွေ
ထွက်လာတယ်လေ အော်ရာကို ရှင်က
ကျွမ်းကျွမ်းကျင်ကျင်ဖျောက်ထားပေမယ့်လို့
ကျွန်မရဲ့အာရုံခံ
နိုင်မှုကနေတော့ ဘယ်ပြေးလွတ်လိမ့်မလည်း
ပြီးတော့ ကျွန်မထင်တယ် ဒါကို သတိပြုမိတာ
ကျွန်မ
တင်မဟုတ်ဘူး လီရှင်းရှောင်လည်း ပါလိမ့်မယ်"
ထန်၀မ်အာသည် အရေးမပါသည့်ဟန်ဖြင့်ပြော၏။
"အား...မဟာပါရမီ့ရှင်တွေက တော်တော်
ကြောက်စရာကောင်းတာပဲ " လုံချန်က
သက်ပြင်းချသည်။
နောင်တွင် သူ ပို၍
သတိထားရပေတော့မည်။လုံချန်အနေနှင့်သူ၏
သိုင်းပညာအဆင့်အတန်းကို
အများသိ အောင် ထုတ်ပြချင်သည့်
ဆန္ဒမရှိချေ။အကြောင်းမှာ ဤနေရာသို့
၀င်ခွင့်လာရောက်ဖြေ
ဆိုကြသူတိုင်းသည် သွေးနှော
ထိပ်တန်းအဆင့်များသာဖြစ်လေရာ
တစ်နည်းအားဖြင့် ကောင်းကင်
အဆင့်ကိုး သိုင်းသမားများဖြစ်ကြလေ၏။
ထို့ပြင် ၀င်ခွင့်ဖြေဆိုသူအများစုသည်
အဆင့်မြင့်သွေးနှောအဆင့်မှ ကျင်ကျီအဆင့်သို့
မည်သည့်အချိန်
တွင်မဆို ၀င်နိုင်ကြသည့် အဆင့်များသို့တိုင်
ရောက်နေကြပြီး ဆေးဝါးများအသုံးပြု၍ ၎င်းတို့၏
သိုင်း
အဆင့်ကို ပြန်နှိမ့်ထားကြရလေသည်။
ဤနေရာ၌ သူတစ်ယောက်ထဲလျှင်
ကောင်းကင်အဆင့်ခြောက်
သိုင်းသမားတစ်ယောက်ဖြစ်
ကောင်းဖြစ်နေနိုင်သည်။သို့ဖြစ်၍ သူ၏ သိုင်းပညာ
အဆင့်အတန်းကို အခြားသူများ မသိစေလိုပေ။
လူတိုင်း၏ အကြီးအကျယ် အာရုံစိုက်ခံရခြင်းကို
သူ မကြိုက်လှပေ။
"မဟာပါရမီ့ရှင်ဆိုတာက ရှင့်ကိုပြောရမှာ
ဒီလိုမဖြစ်နိုင်တဲ့အလုပ်ကြီးကိုတောင်
ဖြစ်အောင်လုပ်နိုင်
စွမ်းရှိတယ်" ထန်၀မ်အာက သူ၏
လက်ညှိုးကိုပြရင်းပြောသည်။
ထန်၀မ်အာအနေနှင့် လုံချန်ကို
မချီးကျူးချင်လှသော်လည်း သူမ
လွန်စွာအံ့အားသင့်ခဲ့ရသည်ဆိုခြင်း
ကို တော့ ၀န်ခံရပေမည်။သူသည်
လူတစ်ယောက်၏ စွမ်းအင်ကို ခိုးယူ၍
ကိုယ်ပိုင်စွမ်းအင်အဖြစ်
ပြောင်းလည်းအသုံးချနိုင်ခဲ့၏။သည်သို့သော
စွမ်းရည်မျိုးကား
ကြောက်ခမန်းလိလိပင်ဖြစ်ချေသည်။
လုံချန်က စိတ်ပျက်လက်ပျက်ဖြင့်
ခေါင်းယမ်းသည်။
"အာ...ဘယ်ကသာ ရှားမှ ရှားတဲ့ ပါရမီရမှာလည်း
ဒါက အောင်မြင်သေးတာမဟုတ်ဘူး"
"ဘယ်လို သူ့ရဲ့ စွမ်းအင်ကို
ရှင့်ရဲ့့စွမ်းအင်အဖြစ်ပြောင်းယူနိုင်ပြီမဟုတ်လား"
ထန်၀မ်အာက နားမလည်
နိုင်ဟန်ဖြင့်ပြော၏။
"သူ့ရဲ့စွမ်းအင်ကို
ကျုပ်ရဲ့ကိုယ်ပိုင်စွမ်းအင်အဖြစ်ပြောင်းယူနိုင်တယ်
ဆိုပေမယ့် ကျုပ်ရဲ့ကိုယ်ပိုင်စွမ်း
အင်က မိုးကြိုးအမြူတေတွေ ပိုများလာအောင်
ပြောင်းလည်းနိုင်စွမ်းမရှိဘူး တစ်နည်းအားဖြင့်
ဆိုရင်
ကျုပ်ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မိုးကြိုးဓာတ်တွေက
လီရှင်းရှောင်ပေးလိုက်တဲ့ ဓာတ်တွေအကုန်ပဲ"
"ဆိုလိုတာက ဒီစွမ်းအင်တွေကို ကျုပ်
သုံးလို့ကုန်သွားတာနဲ့
မိုးကြိုးဓာတ်ပြန်ရအောင်လုပ်ဖို့ ရင်းမြစ်
တစ်ခုရှာရမယ် တစ်ကယ်တမ်းပြောရရင်
နေ့တ၀က်လောက် ကျုပ် ကြိုးစားခဲ့ရတာက ဘာမှ
အရာ
မထင်ဘူးလို့တောင်ပြောလို့ရတယ်" လုံချန်က
စိတ်ပျက်လက်ပျက်ဖြင့်ရှင်းပြသည်။
ဤမိုးကြိုးဓာတ်သည် သူ့တွင်ရှိသော
ဆေးမီးတောက် ဖြင့်မတူ။သူ၏ ချီဓာတ်သည်
မည်သည့်အချိန်
တွင်မဆို
ဆေးမီးတောက်အဖြစ်သို့ပြောင်းလည်းနိုင်လေရာ
သူ့၌ ချီဓာတ်လုံလုံလောက်လောက်သာ
ရှိလျှင် ဆေးမီးတောက်ကို
အချိန်မရွေးထုတ်လွှတ်၍ ရပေသည်။
သို့သော် မိုးကြိုးဓာတ်ကား
ယင်းသို့မဟုတ်ချေ။တစ်ခါအသုံးပြုပြီးလျှင်
ထာ၀ရကုန်ခမ်းသွားမည်ဖြစ်
သောကြောင့် ဆက်တိုက်စုပ်ယူ၍ ရသော
စွမ်းအားအရင်းအမြစ်တစ်ခုကို
သူရှာရမည်။ဖြစ်ကောင်း
ဖြစ်နိုင်သည်မှာ အနာဂါတ်တွင် သူသည်
လီရှင်းရှောင်နှင့် မကြာခဏ ရန်ဖြစ်နေမှပဲ
အဆင်ပြေလိမ့်
မည်။
သို့သော် လီရှင်းရှောင်ကလည်း
ငတုံးတစ်ယောက်မဟုတ်လေရာ
တစ်ချိန်တွင်သံသယ ကောင်းကောင်း
၀င်လာလိမ့်ပေမည်။နောက်ပိုင်း လုံချန်နှင့်
တိုက်ခိုက်ရန် ငြင်းဆန်လာသည့်အချိန်တွင်
လုံချန်၌
မိုးကြိုးစွမ်းအင်သည် လုံး၀
ကုန်ဆုံးသွားလိမ့်မည်ဖြစ်သည်။ထို့ကြောင့် လုံချန်
စိတ်ပျက်ရခြင်းပင်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလုပ်နိုင်တာကတင်
ရှင်ခန္ဓာကိုယ်ဟာ
အင်မတန်အထင်ကြီးစရာကောင်းနေပြီ
ဒါပေမယ့် ရှင့်ရဲ့လက်ရှိ ပြဿနာကို ဖြေရှင်းဖို့
ကျွန်မမှာနည်းလမ်းတစ်ခုတော့ရှိတယ်"
ထန်၀မ်အာက
ခပ်ဖွဖွပြုံးလိုက်၏။
"တစ်ကယ်လား" လုံချန်က
အံ့အားသင့်ဟန်ဖြင့်မေးသည်။
"တစ်ကယ်ပေါ့...ရှင်သာ အဲ့ဒိနေရာကိုသွားရင်
ပြဿနာကပြေလည်ပြီ" ထန်၀မ်အာသည်
ကောင်းကင်
ကိုလက်ညှိုးထိုးပြရင်းပြော၏။
"လေထုရဲ့ အလယ်လောက်မှာ မုန်တိုင်းတွေတိုက်
မိုးကြိုးတွေပစ်နေတဲ့နေရာတစ်ခုရှိတယ် အဲ့ဒိနေ
ရာကနေ မိုးကြိုးဓာတ်တွေကို ရှင်
သွားစုပ်လာခဲ့ပေါ့ ဟားဟား" ထန်၀မ်အာက
တဟားဟားဖြင့် ရယ်
နေသည်။
လုံချန်က မကျေမနပ်ဖြင့်ပြော၏။ "မင်းက..ကျုပ်ကို
ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို နောက်တစ်ကြိမ်
ခံယူခိုင်းတာလား"
"မဟုတ်ပါဘူးရှင်ရယ်...ကျွန်မတစ်ကယ်ပြောတာပ
ါ...ကောင်းကင်ပေါ်ကို ပျံသန်းတဲ့နေရာမှာ
ကျွန်မက
အင်မတန်ကျွမ်းကျင်တာလေ...ရှင်သာသွားချင်တ
ယ်ဆို တစ်ခွန်းပဲပြော ရှင့်ကို လိုက်ပို့ပေးမယ်"
ထန်၀မ်အာက ရယ်၍ပြောသည်။သူမက
တခစ်ခစ်ဖြင့် ရယ်နေသော်လည်း လုံချန်သည်
ကောင်း
ကင်ထက်သို့ ကြည့်၍ သူမပြောသည့်နည်းလမ်းမှာ
အလုပ်ဖြစ်နိုင်သည်ဟု စဉ်းစားလျှက်ရှိသည်။
ကောင်းကင်ထက်သို့ကြည့်၍ အတွေးနက်နေသည့်
လုံချန်ကို မြင်လျှင် ထန်၀မ်အာသည် တုန်လှုပ်
စွာဖြင့်ပြောသည်။
"ကျွန်မက သက်သက်နောက်နေတာနော် ...
ရှင်..ရှင် အဲ့ဒိလိုလုပ်ဖို့တစ်ကယ် တွေးနေတာလား"
လုံချန်ကခေါင်းငြိမ့်သည်။
"ခင်ဗျားရဲ့နည်းက မဆိုးဘူး ဒီနည်းကို
စမ်းဖို့အဆင်သင့်ဖြစ်ရင် ခင်ဗျားကိုကျိန်းသေပေါက်
လာရှာပါ့မယ်"
လုံချန်သည် ကိုယ်တွင် ကပ်ငြိနေသည့် ဖုန်များကို
ခါကာ ထင်ချောက်များလိုက်ကောက်၏။လက်တစ်
ပွေ့စာ ရလျှင် ဆေးမီးတောက်ဖြင့် ရှို့ရာ
မီးတောက်မှာ ချက်ချင်း
ဟုတ်ကနဲလောင်ကျွမ်းလာ၏။
"ရှင် ဘာလုပ်ဖို့စဉ်းစားနေတာလည်း"
ထန်၀မ်အာကမေးသည်။
"ခင်ဗျား ကျုပ်ကို ကူညီခဲ့တာကို
ကျေးဇူးတင်ပါတယ် ကျုပ်မအောင်မြင်ခဲ့ပေမယ့်
ကျေးဇူးတင်တဲ့
အနေနဲ့ အစားအသောက်ကလေး ဘာလေး
ကျွေးဖို့ပေါ့" လုံချန်ကရယ်သည်။
သူမမျက်နှာကလေးသည် ဖြန်းကနဲ
နီသွား၏။သူပြောသည်မှာ ပါးစပ်ခြင်းတေ့၍
ကူညီပေးသည့်ကိစ္စ
ကိုဖြစ်မှန်း သူမ သိ၏။သူမသည်
ရှက်ရွံ့ဟန်ကလေး တွင် ဒေါသအနည်းငယ်စွက်၍
လုံချန်ကိုပြော
လေသည်။
"လုံချန် ရှင် နောက်တစ်ခါ အဲ့ဒိလို ပေါက်ကရတွေ
လုပ်ရင် ကျွန်မ ခွင့်မလွတ်ဘူးနော်"
"မစိုးရိမ်ပါနဲ့လေ ဒါကကျုပ်တို့နှစ်ယောက်သာ
သိတဲ့ လျှို့ဝှက်ချက်ပါ အခြားဘယ်သူ့ကိုမှ ကျုပ်
မပြောပါဘူး" လုံချန်သည် လေးနက်သည့်
မျက်နှာထားဖြင့် ကတိပေးရ၏။
သူစကားပြောသည့် ပုံစံသည်
အနည်းငယ်ထူးဆန်းနေသည်ဟု
သူမထင်မိလင့်ကစား လုံချန်၏
လေးနက်သည့်မျက်နှာထားကို မြင်သည်တွင်
စိတ်သက်သာရာ ရတော့သည်။
"ရှင်က လီယီ ငါးတွေကို ဖမ်းထားတာလား"
ထန်၀မ်အာက အံ့အားသင့်ဟန်ဖြင့်မေးသည်။
"ဟီးဟီး ဒါကဘာမှ
မဟုတ်သေးဘူးလေ...မနက်ဖန်ကျရင်
မင်းလေးစားဖို့ ကျုပ်က နဂါးနှစ်ကောင်
တောင်ဖမ်းပေးဦးမယ်" လုံချန်သည်
ခွက်တစ်လုံးကို ရေထည့်၍ ငါးများကို
သန့်စင်၏။ထို့နောက်
ငါးမှ အမြူတေများကို ထုတ်ယူ၍
သပ်သပ်ဖယ်ထား၏။
"အပြောကလည်း
ကြီးလိုက်တာလွန်ရော...နဂါးဆိုတာ
ဒဏ္ဍာရီမှာပဲရှိတဲ့ သားရဲ..တစ်ကယ် အပြင်မှာ
ရှိမရှိ ဘယ်သူမှ မသိဘူး ရှင်က
ဘယ်လိုဖမ်းမှာလည်း"
"လူဆိုတာ အိပ်မက်ရှိရတယ် တစ်နေ့ကျရင်
ဒီအိပ်မက် က တစ်ကယ်ဖြစ်လာ မလာ ဘယ်သူ
ပြောနိုင်မလည်း..ဒါ့ကြောင့် အိပ်မက်ဆိုတာ ရှိကို
ရှိရတယ် အိပ်မက်မရှိရင် ဘ၀ဆိုတာ ဆားမပါ
တ ဲ့ ဟင်းတစ်ခွက်လိုပ"ဲ
"အိပ်မက်နဲ့ အပြောကြီးတာက
တစ်ခြားစီပဲရှင့်....နှစ်ခုကို ရောမပစ်လိုက်နဲ့"
ထန၀မ်အာကလည်းပြန်
ပြောသည်။
"အား တော်ပြီ ... တော်ပြီ...
အကောင်းမမြင်တတ်တဲ့ သူတွေနဲ့
စကားမပြောတော့ဘူး ပျင်းစရာ
ကောင်းတယ်" လုံချန်က ခေါင်းယမ်း၍ ငါးများကို
ချက်ပြုတ်သည့်နေရာတွင်
အာရုံစိုက်ထားလိုက်သည်။
"ရှင်..." ထန်၀မ်အာက
မျက်မှောင်ကြုံ့လိုက်၏။ပြီးမှ တစ်စုံတစ်ခု ကို
တွေးမိဟန်ဖြင့် ထိုင်ချလိုက်သည်။
"လုံချန် ရှင်ဟာ အင်မတန်ထူးဆန်းတယ်လို့ ကျွန်မ
သတိထားမိတယ် လူတစ်ယောက်ကို ဘယ်လို
စကားကောင်းကောင်းပြောရမယ်ဆိုတာကို
ရှင်မသိဘူးလား"
"အား...ဒီမေခွန်းက..ဒီမေးခွန်းရဲ့
အရေးပါတဲ့အချက်ကို ပြန်ဖြေရရင် အရင်ဆုံး
စကားကောင်းကောင်းပြော
လို့ရမယ့် လူတစ်ယောက်နဲ့ တွေ့မှ ဖြစ်မယ်"
"ရှင်...ကောင်စုတ်..." ထန်၀မ်အာက မည်သို့မျှ
မခံနိုင်တော့ပဲ လုံချန်၏ ခေါင်းကို လက်ကလေးဖြင့်
လှမ်းရိုက်လိုက်၏။
"ရှင်က ကျွန်မကို
စကားကောင်းကောင်းပြောလို့မရတဲ့သူလို့ပြောနေ
တာလား"
"ဒီမှာ..သိပ်လှတဲ့ မမထန်၀မ်အာ အခုပုံစံက
စကားကောင်းကောင်းပြောလို့ရတဲ့ပုံစံပေါက်နေလ
ား"
သူမသည် မျက်နှာကလေးနီရဲ၍
ချက်ချင်းပြန်ပြော၏။ "ကျွန်မက လုံး၀ကို
သာမာန်လူတစ်ယောက်ပ ဲ
ရှင်နဲ့တွေ့လို့ ဒီလိုတွေဖြစ်ကုန်တာ"
"ကောင်းပါပြီဗျာ ငါးတွေလည်း ကျက်ပြီ စားကြစို့"
လုံချန်က ငါးတစ်ကောင်ကို
လှမ်းပေးသည်။ထန်၀မ်အာသည် ငါး၏ မွှေးရနံ့ကို
ရလျှင် သွားရည်များယို
လာ၏။လုံချန်ကို ကြည့်၍ သူမမှာ အနည်းငယ်
မနေတတ်သလိုဖြစ်နေသည်။
"စားသာ စားစမ်းပါ ခင်ဗျားစားမှ ကျုပ်ကို ဆူပူ
နိုင်ဖို့ အားတွေရှိမှာ" လုံချန်က သူမကို
စနောက်နေ၏။
သူမသည် မျက်နှာကလေးနီစွေး၍ ငါးကို
တစ်ကိုက် ကိုက်သည်။
"အရသာ ရှိလိုက်တာ" ထန်၀မ်အာ
အတော်အံ့အားသင့်မိ၏။လီယီငါးကား နာမည်နှင့်
လိုက်လှချေသည်။
ဤငါး၏ နာမည်သည်
လွန်စွာထင်ရှားလှသော်လည်း စားဖူးသူမှာမူ
အနည်းငယ်သာရှိလေသည်။
"ဟားဟား ကျုပ်ပြောခဲ့တယ်မလား ကျုပ်ကို
ကောင်းကောင်းဆက်ဆံရင် ဒါမျိုးတွေ
နေ့တိုင်းစားရမယ်
ဟဲဟဲ မင်းရဲ့နှလုံးသားကို ကျုပ်ကိုပေးရင်တော့
ဒါမျိုး မစားချင်မှ အဆုံးဖြစ်သွားစေရမယ်" လုံချန်
ကစားနေရင်းမှ လှမ်းပြောသည်။
"ဟမ့်..အိပ်မက်ကလေးကတော့
လှသားပဲ...ဒါပေမယ့် မိန်းကလေးတစ်ယောက်ကို
ဒီလို လွယ်လွယ်
နဲ့ လှည့်စားလို့ရမယ်လို့ ရှင်ထင်နေလား"
ထန်၀မ်အာသည် လုံချန်၏ အစ အနောက်များနှင့်
နေသား
တကျ ဖြစ်သွားပုံရသည်။စိတ်ဆိုးခြင်းမရှိတော့ချေ။
ငါးတစ်ကောင်ကုန်လျှင် သူမသည်
နောက်ထပ်ငါးတစ်ကောင်ကို
ချက်ချင်းယူစားပြန်၏။လုံချန်၏ ရှေ့
တွင် ရှက်ရွံ့နေခြင်းပင် မရှိတော့ချေ။
"ဟင်....ရှင်က မီးကို
ကောင်းကောင်းထိန်းချုပ်နိုင်တာပဲ ရှင်က
ဆေးကျင့်စဉ်ကို လိုက်စားသူလား"
ထန်၀မ်အာက စားနေရင်းမေးသည်။
"အမှန်ပဲ ကျုပ်က ဆေးပညာရှင်"
လုံချန်ကပြန်ဖြေသည်။
"ဒါကကောင်းတာပဲ ဒါပေမယ့် ဘာလို့
သိုင်းလမ်းကြောင်းကို ရွေးလိုက်တာလည်း"
ထန်၀မ်အာက
နားမလည်နိုင်ဖြစ်နေသည်။
"ဆေးတွေ နေ့တိုင်းသန့်စင်နေရတာက
စိတ်၀င်စားဖို့ကောင်းတယ်လို့ ထင်လို့လား
သိုင်းကျင့်စဉ်
တွေကမှ
ပိုပြီးစိတ်၀င်စားဖို့ကောင်းဦးမယ်...ကောင်မလေး
တွေနဲ့လည်း နေ့တိုင်းတွဲလို့ရမယ်"
"ကောင်စုတ် ရှင့်ကို ဘယ်လိုမှ စကား
အကောင်းပြောလို့မရပါလား ရှင့်ဆရာက
သိုင်းလမ်းကျောင်းကို
ရွေးချယ်ဖို့ သဘောတူခဲ့တယ်ပေ့ါ" သူမက
ခွန်းတုံ့ပြန်ရင်းဖြင့် ပြန်မေးသည်။
လုံချန်သည် ထိုစကားကို ကြားသည့်အခါတွင်
ခေတ္တငြိမ်သက်သွားသည်။ဆရာကြီးယွမ်ချီ၏
ပုံရိပ်သည်
သူ၏ အာရုံ၌ ပြန်ပေါ်လာ၏။ယွမ်ချီ ၏
ပြာအဖြစ်သို့ပြောင်းသွားသည့်
နောက်ဆုံးမြင်ကွင်းကား
မနေ့တနေ့က ဖြစ်ပျက်ခဲ့သလို သူ၏စိတ်ထဲတွင်
လတ်ဆတ်နေဆဲပင်ရှိပါသည်။
လုံချန်ကခေါင်းခါလိုက်သည်။
"သူ..ခွင့်ပြုမှာပါလေ"
"ခွင့်ပြုမှာပါ ဆိုတာဘာကိုပြောတာလည်း" သူမက
မကျေမနပ်ဟန်ကလေးဖြင့်မေး၏။
"ဘာ့ကြောင့်လည်းဆိုတော့ သူက သေသွားပြီလေ
ဒီတော့ သူ့ရဲ့စိတ်ကို ကျုပ်လည်းမသိ
နိုင်ဘူးပေါ့" လုံချန်သည်
ခပ်ဖွဖွကလေးပြုံးလိုက်၏။သို့ရာတွင် သူ၏ အပြုံး၌
နာကျင်မှုအနည်းငယ်
ရောစွက်နေလေသည်။လုံချန်၏ မျက်၀န်း၌
၀မ်းနည်းသည့် အငွေ့အသက်များကိုမြင်လျှင်
ထန်၀မ်အာ စိတ်မကောင်းဖြစ်ရသည်။လုံချန်
၀မ်းနည်းခြင်းကို သူမ ယခုတစ်ကြိမ်သာ ပထမ
ဆုံးမြင်ဖူးခြင်းဖြစ်သည်။
"ကဲ..ကျုပ်တို့
စားလည်းပြီးပြီးဆိုတော့...ကျုပ်ပြောတကိုမှတ်ထား
ဦး ... လီယီငါးတွေကိုစားချင်ရင်
ကျုပ်ကို
ကောင်းကောင်းဆက်ဆံရမယ်..ကျုပ်သွားဦးမယ်"
လုံချန်ကမတ်တပ်ရပ်လိုက်သည်။
လုံချန်သွားတော့မည်ကိုမြင်သည်တွင်
မည်သည့်အတွက်ကြောင့်မှန်းမသိ သူမ၏
စိတ်ထဲ၌ ၀မ်းနည်း
မှုအချို့ကို ခံစားရသည်။
"နေဦး...လုံချန် ရှင့်မှာ ကျောက်စိမ်းပြားတွေ
စုံပြီလား"
"မစုံသေးဘူး" လုံချန်က
ခေါင်းခါသည်။မည်သို့ပင်ဖြစ်စေ သူ့တွင်
အချိန်လုံလုံလောက်လောက်ရှိ
ခြင်းကြောင့်အ လျှင် လိုစရာမလိုပေ။
"ကျွန်မမှာ လေးခုစုံသွားတဲ့ ဟာ ရှိတယ် ကျွန်မ
ရှင့်ကိုပေးမယ်" ထန်၀မ်အာက သူ့ကို
ကျောက်စိမ်းပြား
ပေးလိုက်သည်။
သူ၏ ကျောက်စိမ်းပြားနှင့်မတူသည့်အချက်မှာ
သူမ ပေးသည့်ကျောက်စိမ်းပြားတွင်
ရှင်း၊သ၊ရွှမ်း၊ဟောင်
ဟူသည့် စာလေးလုံး
ဆုံသွားပြီဖြစ်၏။ကျောက်စိမ်းပြားလေးချပ်မှာ
တစ်ချပ်ထဲအဖြစ်သို့ စုပေါင်းပြီး
လျှင် ပြန်ခွဲထုတ်၍ မရတော့ပေ။
လုံချန်က ပြုံး၍ ယူလိုက်သည်။
"သြ...ဒါက လီယီငါးကျွေးခဲ့လို့ ကျေးဇူးတင်တဲ့
အနေနဲ့ပေးတာပေါ့ ကောင်းပါပြီ
ကျေးဇူးတင်ပါတယ်....
ဒါပေမယ့် ဒီလောက်ကလေးနဲ့တော့ မင်းအပေါ်ကို
သစ္စာမရှိနိုင်သေးဘူးနော် မင်းရဲ့နှလုံးသားကို မရ
မခြင်းပေါ့"
"သေလိုက်"
ထန်၀မ်အာ စိတ်ဆိုးသွားပြန်သည်။လုံချန်ကား
ခဏသာ စကားကောင်းကောင်းပြောလို့ရပြီး
ပေါက်က
ရများ ပြန်ပြောနေပြန်သည်။သူမက လုံချန်ကို
လှမ်းကန်လိုက်၏။
လုံချန်က သူမ၏ ခြေကန်ချက်ကို ရယ်မော၍
ရှောင်ကာ တောင်ကြားလမ်းကလေးထဲသို့
၀င်ရောက်
ပျောက်ကွယ်သွာ့းသည်။လုံချန် မရှိတော့လျှင်
ထန်၀မ်အာလည်း စိတ်ဆိုးပြေသွားပြီး ရယ်မော
နေမိသည်။ထို့နောက် ခံစားချက် အချို့ကို
သိမ်းဆည်း၍ သူမလည်း
တောင်ကြားလမ်းကလေး
မှ ပျောက်ကွယ်သွားတော့သည်။

PATRIARCH MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၄၉)ထပ်ကြပ်မကွာ

လုံချန်သည် ထန်၀မ်အာနှင့်လမ်းခွဲ ခဲ့ပြီးလျှင်
ကျောက်စိမ်းပြားမှ မြေပုံကိုထုတ်၍
သူရောက်နေသည့်
နေရာကိုကြည့်သည်။ယခု သူရောက်နေသည့်
နေရာမှာ စမ်းသပ်နယ်မြေ၏ အစွန်အဖျားတွင်သာ
ရှိ
သေးသည်ကိုသိရ၏။နောက်ဆုံးစမ်းသပ်မှုနယ်မြေ
သို့ ၀င်ရန်မှာ မြစ်ကြီးတစ်စင်း နှင့် တောင်ကြီး
တစ်တောင်ကိုဖြတ်သွားရမည်။
သို့သော် အချိန်တစ်ပတ်ပင် မပြည့်သေးမီ
စမ်းသပ်မှုတွင် သူ အတော်ခရီးရောက်နေချေပြီ။ထို့
ကြောင့် သူ၌ အချိန်များစွာပိုနေသည်။လုံချန်သည်
လူသူကင်းမဲ့သည့် ဂူတစ်ခုကို ရှာ၍ ငါးထဲမှ
အမြူတေများကိုထုတ်ယူသည်။
လီယီငါး၏ အမြူတေသည်
ပဲ့စေခန့်သာရှိသည်။ရုတ်တရက်ကြည့်လျှင်
သာမာန် ပဲစေ့ကလေး
တစ်စေ့လိုသာ ထင်ရ၏။ထို့နောက်သူက
အမဲရောင်ဆေးလုံးကလေးတစ်လုံးကို
သိုလှောင်လက်
စွပ်ထဲမှ ထုတ်ယူသည်။ထိုဆေးလုံးကို ချေပြီး
ရေခွက်ထဲသို့ ထည့်လိုက်သည်နှင့် ရေသည် မဲနက်
နေသည့်အရောင်သို့ ချက်ချင်းပြောင်းသွားသည်။
လီယီငါး၏ အမြူတေများကို ဆေးထည့်ထားသော
ရေခွက်ထဲသို့ ထည့်လိုက်သည်နှင့် ရေက
ချက်ချင်းပွက်ပွက်ဆူလာသည်။ပူစီပေါင်းများ
ထလာပြီး စွမ်းအင်အနည်းငယ်ထွက်လာသည်။
လုံချန် ပြုံးလိုက်သည်။ဤနည်းဖြင့်သာ
လီယာငါးများ၏ အမြူတေကို ဆွဲထုတ်နိုင်သည်။
နဖူးကို ထိလိုက်လျှင် သူ၏ ချီစွမ်အင်းများသည်
လည်ပတ်လာ၏။လည်ပတ်နေသည် ဝဲ ကဲ့သို့
အရာတစ်ခုက သူ၏ မျက်ခုံးနှစ်ခုကြားတွင်
ပေါ်ပေါက်လာပြီး လီယီငါး၏ အမြူတေများကို
အငမ်းမရစုပ်ယူတော့ သည်။
မျက်စိတ်တမှိတ်အတွင်း လီယီငါး၏ အမြူတေများ
တက်တက်စင်အောင်ကုန်သွားသည်။
လုံချန်သည် မျက်စိမှိတ်ကာ သူ၏
လက်ရှိအခြေအနေကို အာရုံခံသည်။လီယီငါး၏
အမြူတေ
ကြောင့် သူ၏ သိုင်းအဆင့်အတန်းက
မသိမသာလေး တက်လာသည်။သို့သော်
သိပ်တော့မသေချာ။
လွန်စွာနည်းပါးသည့် အဆင့်ကလေးသာ
တက်သွားခြင်းကြောင့်ဖြစ်သည်။
ယခု သူ့လက်ထဲတွင် လီယီငါး အမြူတေ
အခုနှစ်ဆယ်ကျန်သေးသည်။
၀ုန်း....ဝုန်း...
သူက ထို အခုနှစ်ဆယ်ကို
ရေခွက်ထဲထည့်လိုက်ပြန်သည်။ရေခွက်ထဲမှ
ရေများပွက်ပွက်ဆူလာပြန်သည်။
လုံချန်၏ မျက်ခုံးနှစ်ခုကြားတွင် ဝဲကဲ့သို့သော
စွမ်းအင်စက်၀န်းတစ်ခုပေါ်လာပြန်ကာ လီယီငါး
အမြူတေများကိုစုပ်ယူလေသည်။သည်သို့သော
စွမ်းအင်များက သာမာန်မျက်လုံးမျိုးဖြင့်မတွေ့
မမြင်နိုင်ပေ။စိတ်ဝိညာဉ်နှင့် သာ
အာရုံခံနိုင်၏။လုံချန်၏ မျက်နှာတွင်
အပြုံးတစ်ခုပေါ်လာသည်။
လီယီငါးအမြူတေများမှ အစွမ်းထက်သော
စွမ်းအင်များက သူ၏ စိဝိညာဉ်ထဲသို့
စီး၀င်နေသည်။
သူအာရုံခံမိနေပါ၏။သူ၏ စိတ္တစွမ်းအင်များက ပို၍
အစွမ်းထက်မြက်လာသည်။လီယီငါး၏ အမြူတေ
များ၌ စိတ္တစွမ်းအားကား မပါ၀င်ပေ။သို့သော်
စိဝိညာဉ်ကိုမူ အားဖြည့်ပေးနိုင်သည့်
အစွမ်းရှိသည်။
အကယ်၍ စိတ္တစွမ်းအားက
သစ်ပင်တစ်ပင်ဖြစ်လျှင် လီယီငါး အမြူတေသည်
မြေသြဇာနှင့်တူသည်။
လီယီငါး အမြူတေများ၏ အားဖြည့်မှုဖြင့် သူ၏
စိတ္တစွမ်းအားမှာ တဖြည်းဖြည်း
အစွမ်းပိုထက်လာသည်
ကို လုံချန် ခံစားနေမိသည်။ယင်းက တိုးတက်မှု
အနည်းငယ်သာ ဖြစ်သည် ဟု ဆိုငြား သူ အလွန်
ပျော်ရသည်။
စိတ္တစွမ်းအားမှာ လူတစ်ယောက် မွေးဖွားစဉ်ကပင်
ပါလာခဲ့သောအရဖြစ်သည်။ယင်းကို တော်ရုံဖြင့်
အဆင့်မြှင့်၍မရ။နောက်တစ်ဆင့်သို့ တက်မှသာ
အဆင့်မြင့်နိုင်သည်။ယင်းကို
အဆင့်မြင့်ပေးနိုင်သည့်
ရတနာများမှာ လွန်စွာရှားသည်။ထို့ပြင်
ယင်းရတနာများတွင် လီယီငါး၏ အမြူတေ
လည်းပါ၀င်ကြောင်း
မည်သူမှ မသိကြချေ။
လူအများက လီယီငါးကို စားစရာ
အနေဖြင့်သာသိသည်။လီယီငါး၏ အမြူတေကိုမူ
အမှိုက်ဟုထင်ကြ
သည်။
"ဒီ အသက်လက်စွပ်ရဲ့ အရည်အသွေးက
တော်တော်ညံ့တာပဲ ဒီလိုမှ မဟုတ်ရင် ငါးတွေ
များများဖမ်း
ပြီး မွေးထားလို့ရမယ်"
လုံချန်က နှမြောတဿစွာဖြင့်
သက်ပြင်းချမိသည်။လီယီငါးများကား
မျိုးပွားနည်းသည့် အပြင် အသန့်
အလွန်ကြိုက် သူများဖြစ်သည်။သူတို့နေထိုင်နိုင်ရန်
သန့်ရှင်းပြီး သဘာအ၀ အတိုင်းဖြစ်နေသည့် နေရာ
တစ်ခုရှိရမည်။ထို့ကြောင့် မွေးမြူထားရန်
လွန်စွာခက်လှ၏။
ယခု အသက်လက်စွပ်က ငါးများကို
ရှင်သန်အောင် ထားနိုင်သည့်တိုင်
မျိုးပွားနိုင်စွမ်းရှိမည်တော့မဟုတ်
ပေ။ယင်းမှာ အနည်းငယ်
စိတ်ပျက်စရာကောင်းသည်။လီယီငါး အမြူတေက
စွမ်းအင်အနည်းငယ်ကို
သာပေးစွမ်းနိုင်သော်လည်း
အလွန်အမင်းသန့်စင်၏။
သူ့တွင် ငါးများ လုံလုံလောက်လောက် ရှိနေသမျှ
စိတ်ဝိညာဉ်ကို မပြတ် အားဖြည့်ပေးနိုင်မည်ဖြစ်
သည်။မိုးရေများ တစ်ပေါက်ခြင်းစုဆည်း၍
မြစ်ချောင်းများဖြစ်ပေါ်လာရသည်။သူ့တွင်
အချိန်လုံ
လုံလောက်လောက်ရှိလျှင် သူ၏စိတ်ဝိညာဉ်
စွမ်းအားက ပို၍ အစွမ်းထက်လာမည်သာ။
ဆေးကျင့်စဉ် လိုက်စားသူများအတွက်မူ
စွမ်းအားကြီးသော စိတ်ဝိဥာဉ်
သည်အရာရာပင်ဖြစ်သည်။
လီယီငါများကို သူတွေ့ခဲ့ရသည့် ရေကန်သည်
သိပ်မကြီးပေ။ထိုရေကန်မှ ငါးများကို ဆက်တိုက်
မျှားနေလျှင် မကြာခင် တက်တက်စင်
ပြောင်သွားမည်ဖြစ်သည်။
လုံချန် ထိုသို့လုပ်မည်ဆိုလျှင်ပင် ရွှမ်ရှင်းက သူကို
လုပ်ခွင့်ပေးချင်မှ ပေးလိမ့်မည်။ထို့ကြောင့် သူ့
အတွက် တစ်ကြိမ်သာ
အခွင့်အရေးရှိသည်။လီယီငါးမှ စွမ်းအင်များကို
စုပ်အယူအပြီးတွင် လုံချန်က
ပို၍ သက်တောင့်သက်သာဖြစ်လာသလို
ခံစားရသည်။
လုံချန်က အတွင်းဒဏ်ကုဆေး
အနည်းငယ်ကိုလည်းသောက်သည်။သည်ဆေးသ
ည် မိုးကြိုးဓာတ်ကြောင့်
ရရှိခဲ့သော အတွင်းဒဏ်အများစုကို
ကုသပေးလိမ့်မည်ဖြစ်သည်။
"အနီးအနားတွေက ို လှည့်ပတ်ကြည့်ဦးမှပ ဲ
အချိန်တွေကုန်တယ်"
လုံချန်က ဂူထဲမှ ထွက်၍
မြေပုံအတိုင်းလျှောက်လာခဲ့၏။လမ်းတွင် သူကဲ့သို့
ဟိုရှာသည်ရှာဖြင့် ရတနာ
များကို ရှာဖွေနေသော
၀င်ခွင့်ဖြေဆိုသူများကိုလည်းတွေ့ရသည်။လူတိုင်း
က မြေပုံမှ နောက်ဆုံး
နေရာသို့ သွားနေကြခြင်း
ဖြစ်ဟန်တူသည်။အဖြစ်နိုင်ဆုံးမှာ သူတို့ကား
ပထမအတားအဆီးဖြစ်သည့်
မြစ်ကြီးကိုဖြတ်ကူးရန် ပြင်ဆင်နေကြခြင်းဖြစ်မည်။
လူအများက လုံချန်ကိုမြင်လျှင်
ကြောက်လန့်တကြားဖြင့်ကြည့်ကြသည်။သို့သော်
လုံချန်က သူတို့ကို
ဂရုမစိုက်သည်ကိုမြင်မှ စိတ်အေးကြရသည်။
"မင်းကြားပြီပြီလား...မနေ့က လီရှင်းရှောင်ရဲ့
ငယ်သားတစ်ယောက်ကို
ဒီကောင်သတ်လိုက်တယ်"
"ကြားပြီပြီ..ကျူးဝူဆိုတာ
အလွန်အမင်းအစွမ်းထက်လွန်းလို့
လီရှင်းရှောင်ရဲ့ညာ လက်ရုံးဖြစ်နေတဲ့
သူတစ်ယောက်...ဒီလိုလူတစ်ယောက်က
လုံချန်လက်မှာ သေသွားရတာ
စဥ်းစားရခက်တယ်"
"ကျိုးဝူကို သတ်ပြီးတော့ ဘာပြစ်ဒဏ်မှ မခံရပဲ
ပြိုင်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ခွင့်ဆက်ပြုတယ်လို့လည်း
ငါကြားတယ်"
လူအများက
သက်ပြင်းပြိုင်တူချမိကြသည်။စမ်းသပ်မှုမတိုင်မီတွ
င် လုံချန်က နှင်းပွင့်ကလေးကို စီးနင်း
၍ ချီရှင်နှင့် ပြင်းပြင်းထန်ထန်
တိုက်ခိုက်ကြသေးသည်။သူတို့က လုံချန်ကို
မိသားစုအားကိုးဖြင့် ပျက်
ဆီးနေသော
လူငယ်တစ်ယောက်ဟုယူဆထားကြသည်။တတိ
ယအဆင့် မှော်သားရဲကား သူ၏
တစ်ကယ့် အစစ်အမှန် စွမ်းအားမဟုတ်ချေ။
အကြောင်းမှာ
တစ်ကယ့်သိုင်းပညာရှင်တစ်ယောက်က
မှော်သားရဲတစ်ကောင်အားကိုးဖြင့် တိုက်ခိုက်
စရာမလိုခြင်းကြောင့်ဖြစ်သည်။ထို့ကြောင့် သူတု့ကိ
လုံချန်ကို ဘယ်သောအခါကမှ အဆင့်မြင့်သိုင်း
သမားတစ်ယောက် ဟုမတွက်ထားကြပေ။
"လုံချန်က တစ်ကယ်တော့
သိုင်းပညာကိုလျှိုထားတဲ့သူတစ်ယောက်ကွ...သူ
ဟာ မဟာပါရမီ့ရှင်
တွေနဲ့တောင်
ရင်ဘောင်တန်းနိုင်မယ်လို့ငါထင်တယ်"
တစ်ယောက်က သက်ပြင်းချသည်။
"ကျွတ် ဒီကောင်ကလား... ဘာ့ကြောင့်ဒီကောင့်ကို
မဟာပါရမီ့ရှင်တွေနဲ့ နှိုင်းရတာလည်း လီရှင်း
ရှောင်ရဲ့လက်ချက်နဲ့ ဒီကောင်သွေးအန်သွားတာ
မင်း မမြင်ဘူးလား"
"သူက ကိုယ့်ထက်အားနည်းတဲ့သူတွေ ကိုပဲ
အနိုင်ကျင့်တာပါကွာ..မဟာပါရမီ့ရှင်တွေရှေ့မှာေ
တာ့
တစ်ချက်တောင်ခံနိုင်တာမဟုတ်ဘူး"
တစ်ယောက်က နှုတ်ခေါင်းရှုံ့သည်။သူက လုံချန်ကို
အထင်သေး
နေမှန်းသိသာသည်။
မှန်သည်။ကျိုးဝူကို သူသတ်လိုက်သည့် သတင်းက
အုတ်အော်သောင်းနင်း ပျံ့နှံ့နေသည်ကို
သူမသိချေ။
မဟာပါရမီ့ရှင်ငါးယောက်ပြီးလျှင် သူကား
နံပါတ်တစ်ယောက်ဖြစ်သည်ဟု လူအများက
ထင်ကြေးပင်
ပေးနေကြသည်။တောင်မှ လွန်သော် ပြန့်ပြူးသော
လွင်ပြင်တစ်ခုသို့ လုံချန်ရောက်သည်။
လွင်ပြင်တွင် သစ်ပင်အချို့သာ
ကျဲပါးစွာပေါက်နေကြ၏။
ချုံပင်များကား
နေရာအနှံ့ဒင်းကြမ်းပြည့်နေသည်။ချုံပင်များမှာ
မီတာရာပေါင်းများစွာထိ မြင့်ရာ
ထိုအထဲ၀င်သွားလျှင် လမ်းပျောက်ရန်
အလွန်အမင်းလွယ်သည်။လုံချန်က
ပတ်၀န်းကျင်ကိုတစ်ချက်
အကဲခတ်ပြီး ချုံတောထဲ ၀င်ရန်ဆုံးဖြတ်သည်။
ချုံတောထဲတွင် လမ်းလျှောက်ရ
အတော်ခက်သည်။ချုံများတွင် ဆူးများရှိကာ
အများစုမှာ အဆိပ်ရှိ
ကြသည်။အဆိပ်ဆူးအများစုက လုံချန်၏
အကာကွယ်ကို မဖောက်နိုင်လင့်ကစား
အ၀တ်အစားများကို
ငြိတွယ် တတ်သောကြောင့်
လမ်းလျှောက်ရသည်က သက်တောင့်သက်သာ
မဖြစ်ပေ။အနည်းငယ်
မရုမစိုက်မိလျှင် ၀တ်ရုံကို အပြဲပြဲ
ဖြစ်သွားစေနိုင်သည်။
နည်းလမ်းတစ်ခုခုကို မစဉ်းနိုင်လျှင်
ကိုယ်လုံးတီးနှင့် သူ
လမ်းလျှောက်ရတော့မည်။ထိုစဉ် လူတစ်
ယောက်က သူ့ဘေးမှ
ရုတ်တရက်ဖြတ်ပြေးသွားသော ကြောင့် လုံချန်
အံ့သြသွားသည်။
ဤ အဆိပ်ဆူးများကို ဂရုမစိုက်ရလောက်အောင်
သည်လူက မည်မျှ အစွမ်းထက်နေသနည်း။
သို့သော် ထိုလူကိုမြင်လျှင် လုံချန်က တဟားဟား
ရယ်မိသည်။
ထိုလူက ခန္ဓာကိုယ်တစ်ခုလုံး အပြည့်
ရွှေနှင့်ပြုလုပ်ထားသော ချပ်၀တ်များကို
၀တ်ထားသည်။
လုံချန်က ခေါင်းခါသည်။သိုလှောင်လက်စွပ်ထဲတွင်
ရှာဖွေရာ ချပ်၀တ်တန်ဆာ အများအပြားကို
တွေ့ရသည်။သူထံမှ ဓားပြလာတိုက်သော
လူငယ်ကို လုံချန် ကျေးဇူးတင်မိသည်။
ထိုလူငယ်၏ လက်စွပ်ထဲမှ ချပ်၀န်တန်ဆာများကို
သူရခြင်းဖြစ်၏။
ထိုအထဲမှ သူနှင့်အဆင်ပြေသည့်
ကြေးဖြင့်ပြုလုပ်ထားသည့်
ချပ်၀တ်တန်ဆာတစ်ခုကိုတွေ့၏။
ထိုချပ်၀တ်ကို ၀တ်လိုက်လျှင် ဆူးများကိုဂရု
စိုက်စရာမလိုတော့ပေ။ထို့ပြင် လက်စွပ်ထဲမှ ခေါင်း
စွပ်တစ်ခုကိုလည်းတွေ့ရာ သူနှင့်
အနေတော်ဖြစ်နေသည်။
"ဟားဟား ကွက်တိပ"ဲ ခေါင်းစွပ်က
မျက်လုံးနှစ်လုံးသာ ကြည့်လို့ရစေရန်
ဖော်ထားသော ခေါင်းစွပ်
မျိုးဖြစ်သဖြင့် သူကိုသိသူတစ်ယောက်ပင်
မှတ်မိတော့မည်မဟုတ်ပေ။
လုံချန်က ပြေးကောင်းကောင်းနှင့်
ပြေးနေစဉ်အရှေ့၌
သူကဲ့သို့ပြေးနေသူနှစ်ယောက်နှင့် ထိပ်တိုက်
တိုးတော့သည်။
"သေစမ်း"
ထိုနှစ်ယောက်၏ အရှိန်က သူနှင့်စာလျှင်
လိပ်ကဲ့သို့ဖြစ်နေ၏။
"ရှေ့ကဖယ်စမ်း...ငါရပ်လို့မရဘူး"
၀ုန်း...
လုံချန်၏
အော်ဟစ်သံကမဆုံးလိုက်။ထိုနှစ်ယောက်နှင့်
၀င်တိုက်မိတော့သည်။
ထိုနှစ်ယောက်မှာ ကြောက်လန့်တကြားအသံဖြင့်
လေပေါ်သို့ လွင့်သွားပြီး မြေပြင်ထက်
အရှိန်ပြင်းစွာ
၀ုန်းကနဲပြုတ်ကျလာ၏။
"တောင်းပန်ပါတယ်..ဒါက ကျုပ်မှားတာပါ"
လုံချန်က တောင်းပန်သည်။
"ခွေးကောင် မင်းရဲ့ကျောက်စိမ်းပြားကိုပေးစမ်း"
ထိုနှစ်ယောက်က မြေပြင်မှ
လေးဘက်ထောက်ထကာ လုံချန်၏
ကျောက်စိမ်းပြားကို လက်ညှိုးထိုး၍
ပြောသည်။ထိုနှစ်ယောက်က မျက်နှာဖုံးများကို
ချွတ်လိုက်သည်တွင် ၎င်းတို့၏ နှာခေါင်းများ
သွေးများ
ယိုနေကြောင်း လုံချန်တွေ့ရသည်။မြေပြင်သို့
ပြင်းပြင်းထန်ထန် စောင့်မိသွားပုံရ၏။
"တောက်...နာလိုက်တာကွာ
ငါ့နှာခေါင်းတောင်ရှိသေးရဲ့လားမသိဘူး
ဟေ့ကောင် ဘာကြည့်နေတာ
လည်း မင်းရဲ့ကျောက်စိမ်းပြားကို ပေး"
တစ်ယောက်က နာကျင်မှုကြားမှ
ဒေါသတကြီးဖြင့်ပြောသည်။
"တောင်းပန်ပါတယ် အခုမှ စပြေးဖူးတာဆိုတော့
သိပ်အကျွမ်းမ၀င်သေးလို့ပါ..ဒါက ဂျူနီယာညီလေး
ရဲ့တောင်းပန်မှုပါ"
လုံချန်က သူ၏ အမှားဖြစ်သည်ဟု
ခံစားမိသောကြောင့် ရှင်းဟု စားလုံးပါသော
ကျောက်စိမ်းပြားကို
သူတို့နှစ်ယောက်အား ပေးသည်။ထိုနှစ်ယောက်က
ကျောက်စိမ်းပြားကို ယူ၍ လုံချန်ကို ဆဲဆို
ကြသေး၏။
"ကောင်လေး ဒီတစ်ခါတော့
မင်းကံကောင်းသွားတယ်
နောက်တစ်ခါဆိုဂရုစိုက်ကြားလား"
"ဟုတ်ကဲ့ပါ...နောက်တစ်ခါ ကျုပ်
လုံး၀ဂရုစိုက်ပါ့မယ်" လုံချန်က ရယ်မော၍
ပြောသည်။
"ကောင်းပြီလေ သွားစို့...ဆရာချီက ငါတို့ကို
မြန်မြန်လူစုကြလို့မှာထားတာ ဒီကောင်လေးကို ဒီ
တစ်ခါတော့ရှိစေတော့ ဆရာချီကိစ္စက
ပိုအရေးကြီးတယ်" တစ်ယောက်က ထိုသို့ပြော၍
နောက်
တစ်ယောက်ကို ဆွဲကာ ထိုနေရာ မှ
ထွက်သွားလေသည်။
သူတို့နှစ်ယောက်ထွက်သွားသည်နှင့်
လုံချန်တစ်ယောက်သာကျန်ခဲ့သည်။ဆရာချီဆိုသူ
က မည်သူနည်း။
မဟာပါရမီ့ရှင် ချီရှင် ကိုပြောချင်းလား။လုံချန်
စဉ်းစားနေသည်။သူတို့နှစ်ယောက်ပြေးသွားသည့်
ဘက်ကို လုံချန်ကြည့်သည်။ဟဲဟဲ ချီရှင်
မင်းဘာတွေ ကြံနေတယ်ဆိုတာကို
ကြည့်ကြရသေးတာပေါ့

PATRIARCH MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၅၀)ပျားလိုက်မုဆိုး

လုံချန်က ထိုသူနှစ်ယောက်နောက်မှ
ခိုးချောင်ခိုးဝှက်လိုက်လာသည်။မိုင်ငါးဆယ်ခန့်သွာ
းမိလျှင် လူအုပ်
ကြီးတစ်ခုအတွင်းသို့ သူ
ရောက်သွားသည်။လူအုပ်ကြီးအရှေ့မှ
လူတစ်ယောက်က ရွှေရောင်ချပ်၀တ်ကို
၀တ်ထားကာ ဆံပင်တွင် စာပေသမားတို့
၀တ်ဆင်လေ့ရှိသည် ဆံပင်အကာ တစ်ခုကို
အုပ်ထားသည်။
ထိုသူကား ချင်ရှုပင်။
သူ့ရှေ့တွင် လူ 70 ဆယ်ခန့်စုရုံးလျှက်ရှိရာ
ထိုလူများအားလုံး ရွှေရောင်ချပ်၀တ်တန်ဆာများကို
မျက်
လုံးနှစ်လုံးပေါ်ရုံသာ ဖော်၍
၀တ်ဆင်ထားကြ၏။လုံချန်က
စပ်စုချင်သွားသည်။သည်လူများ ဘာလုပ်
ရန်ကြံစည်နေကြသနည်း။အဘယ်ကြောင့်
သည်လူအုပ်ကြီးက ဆူဆူညံညံ
ဖြစ်နေကြသနည်း။သူသိ
ချင်နေပါ၏။
"ဘာလို့ အဲ့ဒိမှာရပ်နေလည်း ဒီကိုမြန်မြန်လာလေ"
ခေါင်းစွပ်ဆောင်းထားသူ တစ်ယောက်က ခပ်ကြမ်း
ကြမ်း လေသံဖြင့်အော်ဟစ်ရာ...
"လာပါပြီ..လာပါပြီ" လုံချန်က
ခပ်မြန်မြန်ပြေးသွားရသည်။ထိုသူနောက်တွင်
ဒါဇင်နှင့်ချီသောလူများ
ရှိနေသည်။ထိုသူများက သည်လူနှင့်
အတူတူလာခြင်း ဖြစ်ဟန်ရှိသည်။
"ဆရာချီ ကျုပ်တို့လူစုံပြီ စောင့်စရာမလိုတော့ဘူး"
ဟု ထိုလူက သူ့လူများကို ခေါ်ကာ ချီရှင်ကို ရို
ရိုသေသေပြောရာ...ချီရှင်က သူ့ကိုပြန်ပြောသည်။
"ဘယ်လိုလည်း လုံချန်သတင်းကို
မင်းကြားသေးလား"
ထိုလူက ခေါင်းယမ်း၍.. "ကျုပ်တို့ ညီအကိုတွေ
သူ့ရဲ့ သဲလွန်စကို လုံး၀မတွေ့ဘူးဖြစ်နေတယ်
ဒါပေမယ့်
ဒီကောင် ဒဏ်ရာတွေကြိတ်ကုနေတယ်လို့
ကျုပ်ထင်တယ် လီရှင်းရှောင်ရဲ့ မိုးကြိုးစွမ်းအင်ကို
ခံနိုင်တဲ့သူ ရှားတယ်လေ" ဟုပြောသည်။
ချီရှင်က မျက်မှောင်ကုပ်ကာ .. "ဒီကောင့်ကို
ထန်၀မ်အာက သိပ်အရေးပေးတယ်လို့
ကျုပ်ကြားတယ်
ဟမ့် ဒီကောင့်ကျုပ်နဲ့မတွေ့တာ ကောင်းလိမ့်မယ်
... ဒီလိုမှမဟုတ်ရင် ကျုပ်တို့ချီအိမ်တော်ရဲ့ နှစ်
တစ်သောင်း ဂူကောင်တွေအကြောင်း
သိစေရတာပေါ့.... ဒီလိုသာဆို ဒီကောင့်ဘ၀က
သေတာ
ထက်တောင် ဆိုးသွားဦးမယ်" ဟု
အေးစက်တင်းမာစွာပြောသည်။
စမ်းသပ်ပွဲမစမီတွင် ချီရှင်သည် အရှက်ခွဲရန်
ရည်ရွယ်ချက်ဖြင့် လူအချို့စေလွှတ်၍ လုံချန်အား
ဦးချတောင်းပန်စေရန် ဖိအားပေးခဲ့သော်လည်း
နောက်ဆုံး၌ နှင်းပွင့်ကလေး၏
ရှေ့မှောက်တွင်သူသာ
အရှုံးပေးခဲ့ရခြင်းကြောင်း များစွာ
မျက်နှာပျက်ခဲ့ရသလို လုံချန်အပေါ် သူ၏
မုန်းတီးမှုသည်လည်း အရိုး
ထိတိုင်အောင် စိမ့်၀င်သွားလေတော့သည်။
စမ်းသပ်နယ်မြေ အတွင်းသို့ရောက်သည့်အခါ
တွင်လည်း သူသည် လုံချန်၏ သတင်းကို တရစပ်
စုံစမ်းခဲ့ပါသည်။သို့ရာတွင် စမ်းသပ်နယ်မြေသည်
လွန်စွာကြီးမားသည့်အတိုင်း ကောက်ရိုးပုံထဲ အပ်
ပျောက် ရှာသကဲ့သို့ဖြစ်နေ၏။
"ကဲ ကောင်းပြီ လူတိုင်း နားထောင်ကြ
ငါတို့ဒီတစ်ခါလုပ်ရမယ့် ကိစ္စက ပျားလိုက်ရမှာပဲ
ငါတို့ရဲ့ပစ်မှတ်က ပျားအုံအတွင်းက
ပျားရည်ကိုရဖို့ပဲ" ဟု ချင်ရှင်က ပြောသည်။
လူတိုင်း၏ အမူအရာသည်
ထူးဆန်းသွား၏။သည်မျှလောက် များပြားသည့်
လူများကို စုရုံးစေခြင်း
သည် ပျားလိုက်ဖို့တဲ့လား။
"သေသေချာချာ နားထောင်ကြစမ်း အခုငါတို့
အမဲလိုက်ရမယ့် ပျားတွေက
သာမာန်ပျားတွေမထင်
နဲ့ ကျောက်စိမ်းလိပ်ပြာ လို့ခေါ်တဲ့
မှော်သားရဲတွေကွ" ဟု ချီရှင်က လူအုပ်ကြီး
မည်သု့ေိ တွးမည်က ို
သိထားသည့်အတိုင်းရှင်းပြရာ...
ကျောက်စိမ်းလိပ်ပြာဟု သော စကားကိုကြားလျှင်
လူအချို့သည်
မျက်နှာသိသိသာသာပျက်ကုန်ကြလေသည်။
ကျောက်စိမ်းလိပ်ပြာ ဟု ခေါ်ကြသော
ပျားအမျိုးအစားသည် လွန်စွာမှ လှပပြီး
အတောင်ပံရှည်
ကြီးများမှာ
ကျောက်စိမ်းရောင်တောက်နေ၏။ထို့ကြောင့်
ထိုပျားမျိုးကို ကျောက်စိမ်းလိပ်ပြာဟု
ခေါ်ခြင်းဖြစ်သည်။
ကျောက်စိမ်းလိပ်ပြာသည် အရွယ် သိပ်မကြီးလှပဲ
လက်တစ်ဝါးအရွယ်သာရှိကာ ပထမအဆင့်မှော်
သားရဲဟု သတ်မှတ်ကြသည်။သို့ရာတွင်
ယင်းတို့သည် တစ်ကယ့်မှော်သားရဲများ
မဟုတ်ကြ။
အဘယ့်ကြောင့် ဆိုသော် ယင်းတို့တွင် နီဒန်
သို့မဟုတ် ခရစ်စတယ် အမြူတေ မရှိကြသော
ကြောင့်ဖြစ်သည်။
အသေးစိတ်အမျိုးအစားခွဲလျှင် ယင်းတို့သည်
အင်းဆက်များသာဖြစ်သည်။သို့သော် ယင်းတို့၏
ကြောက်မက်ဖွယ်ရာ အကောင်းဆုံးအပိုင်းကား
အဆိပ်ပင်ဖြစ်၏။ယင်းအဆိပ်သည် အသက်ကို
သေစေ အောင်မပြင်းထန်သော်ငြား လွန်စွာမှ
နာကျင်သည်။ကျောက်စိမ်းလိပ်ပြာ ပျားတစ်ကောင်
၏ တုပ်ခြင်းကိုခံရလျှင် အတုပ်ခံရသူအဖို့
ကိုယ့်ကိုကိုယ် ပင်
သတ်သေချင်စိတ်ပေါက်မိသည်အထိ
ဖြစ်သည်။
ထို့ပြင် ကျောက်စိမ်းလိပ်ပြာ ပျားအမျိုးအစားမှာ
အုပ်စုဖွဲ့၍ နေကြသော အမျိုးဖြစ်ရာ ပျားအုံတစ်အုံ
တွင် ပျားအကောင်ရေ ထောင်ဂဏန်းမှ
သောင်းဂဏန်းအထိရှိကြ၏။ထို
ပျားဆယ်ကောင်၏ တုပ်ခြင်း
ကို ခံရသော် နာကျင်မှုကြောင့် ရူးသွားရန်
လုံလောက်လေသည်။
သူတို့အုပ်စုသည် ချပ်၀တ်များ
၀တ်ဆင်ထားကြသည်ဆိုရာတွင် ပြေးလွှားရာတွင်
အနှောင့်အယှက်
မဖြစ်စေရန်
ဒူးခေါင်းများ၊ခြေထောက်များ၊တံတောင်ဆစ်များ
တွင်သာ ၀တ်ဆင်ထားကြခြင်းဖြစ်သည်။
သို့ဖြစ်၍ ပျားများကို ဤချပ်၀တ်တန်ဆာ များဖြင့်
ကာကွယ်ရန် မဖြစ်နိုင်ပေ။
လူတိုင်းသည် ကြောက်ရွံ့မှုကြောင့်
တုန်တုန်ယင်ယင်ဖြစ်နေကြသည်။၎င်းတို့၏
မျက်နှာကို မျက်နှာဖုံး
များဖြင့် ကာထားကြသည့်တိငု်
မျက်လုံးများထဲတွင်မူ ကြောက်လန့်မှုကို
အထင်းသားမြင်နိုင်ကြလေ၏။
"မင်းတို့ ကြောက်စရာမလိုဘူး...တို့မှာ
လူတွေအများကြီးရှိတာပဲ အဲ့ဒိတော့ ပျားအုံထဲကို
မြန်နိုင်
သမျှ မြန်မြန်၀င်မယ် ပျားရည်ကို ယူ
ပြီးရင်ပြန်ထွက် ဒါပဲ လိုတယ်"
"ငါတို့သာ မြန်မြန်လုပ်နိုင် ဘာပြဿနာမှာမရှိဘူး
ဒါဟာ ငါတို့ရဲ့ပထမဆုံးအကြိမ် အတူတကွ
ပူးပေါင်းလုပ်ဆောင်မှုပဲ လူတိုင်းစိတ်ထက်သန်မှု
ရှိကြမယ်လို့ ကျုပ်ယုံတယ်" ဟု ချီရှင်က လူ
တိုင်းကိုပြောသည်။
သူဆိုလိုသည့် အဓိပ္ပါယ်က ရှင်းသည်။သူ၏
အဖွဲ့သို့၀င်ချင်လျှင် ယခုတာ၀န်ကို
ပြီးဆုံးအောင်လုပ်ရမည်။
ထိုသို့မဟုတ်လျှင် အဖွဲ့မှ
နှင်ထုတ်ခြင်းကိုခံရမည်ဟူ၍ဖြစ်၏။လူတိုင်း
ထိတ်ကနဲဖြစ်ကုန်ကြသည်။
ချီရှင်အဖွဲ့သို့ ၀င်ခွင့်ရသူအများစုသည်
သူတို့မိသားစုများနှင့် ချီရှင်၏ မိသားစု၏
ဆက်ဆံရေးကြောင့်
သာဖြစ်ရာ အဖွဲ့့အတွင်းမှ ထုတ်ပယ်ခြင်းကို
ခံရသော် ရွှမ်ရှင်းတွင် တစ်ယောက်တည်း ရပ်တည်
နိုင်ရန် မလွယ်ချေ။
"ကောင်းပြီ လူတိုင်း ကျုပ်နဲ့လိုက်ခဲ့ကြ"
ချီရှင်သည် ခေါင်းစွပ်ကို
လုံအောင်စွပ်လိုက်၏။လုံချန်သည် သိချင်စိတ်ဖြင့်
လူအုပ်ကြီးနှင့် လိုက်သွား
သည်။ကျောက်စိမ်းလိပ်ပြာ ဟုခေါ်သော ပျားကို
သူသိသည်။သို့သော် သူလိုချင်သည်မှာ ပျားဘုရင်
မ၏ ပျားရည်သာဖြစ်သည်။ကျောက်စိမ်းလိပ်ပြာ
ပျားဘုရင်မသည် အရွယ်ရောက်လျှင် မှော်သားရဲ
အဆင့်သို့ ပြောင်းသွားလိမ့်မည်ဖြစ်၏။
သာမာန်ပျားများမှာ ပျားဘုရင်မကဲ့သို့
အဆင့်တက်နိုင်ခြင်းမရှိချေ။မွေးဖွားစဉ်မှ
သေဆုံးသည်အထိ
၎င်းတို့မှာသာမာန် ပျားများဘ၀သာ
ရှိကြသည်။သို့သော် ပျားဘုရင်မကား
ထိုသို့မဟုတ်ချေ။
ပျားဘုရင်မ၏ ခန္ဓာကိုယ်သည် လွန်စွာကြီးမား၍
နှစ်တစ်ရာကြာလျှင် အဆင့်တစ် မှော်သား
ရဲ အစစ် ဖြစ်လာသည်။
နှစ်သုံးရာ ကြာသော်
အဆင့်နှစ်သို့ရောက်သည်။အဆင့်နှစ်
ပျားဘုရင်မသာလျှင် ဘုရင်မ ပျားရည်
ကို ထုတ်လုပ်နိုင်သည်။သာမာန်ပျားများ၏
ပျားရည်မှာမူ စိတ်ကို တည်ငြိမ်စေခြင်း၊နာကျင်မှုကို
သက်
သာစေခြင်း၊အဆိပ်များကို ပြေစေခြင်း
စသည်အာနိသင်များ ရှိသည်။ထို့ပြင် ထို ပျားရည်
၏ အာ
နိသင်သည် ဆေးဝါးများနှင့် ယှဉ်လျှင်
လွန်စွာအစွမ်းထက်လေသည်။
သို့ရာတွင် ပျားဘုရင်မ၏ ပျားရည်ကား
ရတနာတစ်ပါးဖြစ်လေသည်။ထိုရတနာသည်
စိတ်ဝိညာဉ်ကို
ငြိမ်သက်မှုပေးခြင်းဟုသည့် နေရာ၌ လွန်မင်းစွာ
အစွမ်းပြသည်။ကျင့်စဉ် မကျင့်မီ တစ်ငုံခန့်သောက်
ထားလျှင် မည်သည့်အတွေးမှ မ၀င်တော့ပဲ
စိတ်ငြိမ်သည့် အဆင့်သို့
လျှင်မြန်စွာရောက်သွားတော့
သည်။
လုံချန်မှာမူ သူမိဘများထားရစ်ခဲ့သည့်
ကျောက်စိမ်းပြားလေး ရှိသဖြင့် ထို သို့သော
အရာမျိုးကို မလို
အပ်လှသော်လည်း သူမလိုအပ်ခြင်းက
အခြားသူများပါ မလိုအပ်ဟု
မဆိုလိုပါပေ။အခြားသူများအတွက်
ယင်းသည် တန်ဖိုးဖြတ်မရသည့်
ရတနာဖြစ်လေသည်။
ထို့ကြောင့် လုံချန်အတွက် မလိုအပ်ဟု
ထင်ရလင့်ကစား ထိုပျားရည်ကို ရလျှင်
သူအလိုရှိသည့်အခြား
အရာများဖြင့်
လဲယူနိုင်ပေသည်။မိုင်အတော်များများသို့
သွားမိသည်တွင် တဇီဇီ မြည်သံများကို
လုံချန် စ ကြားလာရသည်။လက်ဖဝါး အရွယ်ရှိ
ကျောက်စိမ်းလိပ်ပြာ ပျားများ ပျံသန်းနေသည်ကို
လည်းမကြာခဏမြင်လာကြရသည်။
၎င်းတို့၏ အတောင်ပံသည် လိပ်ပြာတစ်ကောင်၏
အတောင်ပံနှင့်တူလှသော်ငြား လှုပ်ရှားမှုမှာ
အလွန်
လျှင်မြန်၏။
"သတိထားကြ ဒီပျားတွေကို သွားမသတ်ကြနဲ့
အုပ်လိုက်ရောက်လာမယ် " ဟု ချီရှင်က
ပြင်းပြင်းထန်
ထန် သတိပေးသည်။လုံချန်က ခပ်ဖွဖွပြုံးသည်။
ချီရှင်သည် ပျားများ၏
သဘာ၀ကိုသိပုံမရ။အကူအညီ
လိုဟန်ရှိသည်။
ရှေ့သို့အနည်းငယ် ထပ်သွားမိလျှင် ဧရာမ
ပျားအုံကြီးတစ်ခုသည် ရှေ့၌ ဘွားကနဲပေါ်လာရာ
လူတိုင်း၏
ခြေလှမ်းများ
အနည်းငယ်နှေးကွေးသွားကြသည်။ပျားအုံကြီးသ
ည် သာမာန်ပျားအုံများကဲ့သို့ သစ်ပင်
များတွင် ဖွဲ့နေခြင်းမဟုတ်။အိမ်တစ်လုံးစာ
အရွယ်အစားရှိ၍ ဧရာမ
ကျောက်တုံး ကြီးတစ်တုံးပေါ်တွင်
ရှိနေခြင်းဖြစ်သည်။ဧရာမ ပျားအိမ်ကြီးထဲသို့ ၀င်ချီ
ထွက်ချီနှင့် ဗျားများနေကြသော ပျားများကိုမြင်
လျှင် လူအုပ်မှာ ကြောက်လှပြီဖြစ်သည်။
လုံချန်က ပျားအိမ်ကို
သေသေချာချာအကဲခတ်သည်။ပျားအုံအ၀၌
သုံးရောင်စပ်ထားသော အစင်း
ကြောင်းတစ်ခုကို တွေ့ရာ လုံချန် ပြုံးမိသည်။
"မင်းတို့ တစ်ဖွဲ့က ပျားအုံအခြေအနေကို
သွားအကဲခတ်ကြ" ဟု ချီရှင်က ပျားအုံကို
မျက်တောင်မခတ်
တမ်းကြည့်၍ ပြောရာ လူသုံးယောက်တစ်ဖွဲ့သည်
တွေဝြေခင်းမရှိပဲ ရှေ့သို့တက်သွားကာ ပျားအုံနှင့်
မီတာရာပေါင်းများစွာ ကွာသော အကွားအဝေမှ
ပျားအုံအခြေအနေကို မသိမသာ
အကဲခတ်ကြသည်။
ချီရှင်က ကျေနပ်ဟန်ဖြင့်
ခေါင်းငြိမ့်၏။အခြားသူများကမူ တစ်ယောက်ကို
တစ်ယောက်ကြည့်၍ စိတ်
မကောင်းဟန်ဖြင့်
သက်ပြင်းချကြသည်။ထွက်သွားသော
သုံးယောက်အဖွဲ့ကား ချီရှင်၏ အသိအမှတ်ပြု
မှုကိုရချေပြီ။
သို့သော် လုံချန်က သရော်ပြုံး
ပြုံးနေသည်။စိတ်ထဲမှ
သူစဉ်းစားနေခြင်းဖြစ်သည်။သည်ကောင်များကား
ငတုံးတစ်သိုက်ပင်ဖြစ်ချေသည်။ခေါင်းစွပ်များ
ချပ်၀တ်တန်ဆာများ ၀တ်ဆင်ထားပြီး ချီရှင်အား
သစ္စာ
ရှိကြောင်းပြချင်နေသည်။ချီရှင်က သူတို့ကို
မည်သူဖြစ်ကြောင်း ဂရုပြုမိလိမ့်မည်နည်း။
သုံးယောက်အဖွဲ့သည် ပျားများ
သတိမထားမိစေရန် တွားသွား၍
ပျားအုံအနားသို့ကပ်ခဲ့သည်။
ပျားအုံအနားသို့ တစ်ဖြည်းဖြည်း ကပ်သွားသော
သုံးယောက်ကို ကြည့်ကာ လူအုပ်ကြီးသည်
ကြောက်
လွန်းသဖြင့် မေးချင်း တဂွပ်ဂွပ် ရိုက်နေလေသည်။
ချီရှင်ပင် ကြက်သီးများထမိလေသည်။သူသည်
ဤသုံးယောက်အား ပျားရည်မျာ ခိုးယူနိုင်လိမ့်မည်
ဟုမထင်ထား။သူသိချင်သည်မှာ
ပျားအုံအခြေအနေကို
သိချင်ယုံသက်သက်သာဖြစ်သည်။ထိုမှသာ
မည်သို့လုပ်ရမည်ကို သူက အစီအစဉ်
ကောင်းကောင်း ဆွဲနိုင်ပေမည်။
သုံးယောက်အဖွဲ့မှာ ပျားအုံသို့ချည်းကပ်ရာ၌
အလွန်ပိရိသည်။အလုပ်များနေဟန်ရှိသည့်
ပျားများကား
၎င်းတို့ကို သတိမပြုမိကြပေ။သို့သော် မီတာ
တစ်ရာ့ငါးဆယ်ခန့် ရှိလျှင် အလုပ်များနေသော
ပျားများ
သည် ရုတ်တရက်
ရပ်တန့်သွားကြ၏။လောကကြီးတစ်ခုလုံး
တိတ်ဆိတ်ငြိမ်သက်သွားသည်ဟုထင်
ရသည်။
"မြန်မြန်ပြေးတော့" ချီရှင်သည်
ရုတ်တရက်မျက်နှာကွက်ကန ဲ ပျက်၍
လှမ်းအော်လိုက်သော်ငြား
သူ၏ အော်သံအဆုံးတွင် ပျားများသည်
သုံးယောက်အဖွဲ့ထံသို့ ဝုန်းကနဲ
ထိုးဆင်းသွားလေတော့၏။
သုံးယောက်အဖွဲ့မှာ
လွန်စွာထိတ်လန့်သွားကြ၏။ပျားများကို မည်သို့မှ
ပြန်လည် မခုခံနိုင်ပဲ နောက်
ဆုတ်ပြေးကြရသည်။
သို့သော် သုံးယောက်အဖွဲ့မှ တစ်ယောက်မှာ
နောက်ကျသွားကာ ပုခုံး၌
ပျားတစ်ကောင်တုပ်ခြင်းကို
ခံရလေသည်။
"အားးးးး"
ထိုလူ၏ သနားစဖွယ်အော်သံ
ထွက်လာသည်။သူသည် မျက်နှာတွင် ခေါင်းစွပ်
စွပ်ထားခြင်းကြောင့်
မမြင်ရသော်လည်း နာကျင်မှုကြောင့် သူမျက်နှာက
ရှုံ့မဲ့နေမည်ကို လူတိုင်းပြောနိုင်ကြသည်။ကျောက်
စိမ်းလိပ်ပြာ ပျား၏ အဆိပ်သည် နာဗ်ကျောများကို
နာကျင်စေနိုင်သည့် သတ္တိရှိသည့် အပြင် သိုင်းပ
ညာ အနိမ့်အမြင့်နှင့်လည်း
မပတ်သတ်ချေ။သိုင်းပညာ မြင့်မားသူများအဖို့
အဆိပ်ဒဏ်ကို ပိုခံစားကြ
ရလေသည်။
ပျားတုပ်ခြင်းကို ခံရလျှင် ထိုလူသည် သူ၏ ပုခုံးကို
လှမ်းရိုက်လိုက်၏။
"မလုပ်နဲ့" ဟု ချီရှင်က ဒေါသတကြီးဖြင့်
အော်လိုက်သော်လည်း
နောက်ကျသွားချေပြီ။ထိုလူ ရိုက်
လိုက်ခြင်းကြောင့် ပျားမှာ တစစီဖြစ်သွားပြီ ဖြစ်၏။
ဇီ...ဇီ..ဇီ...ဇီ
ထိုလူ ပျားကို ရိုက်သည့်အခိုက်မှာပင်
ပျားအုံတစ်ခုလုံး သိမ့်ကနဲ
လှုပ်ခါသွားသည်။ကျောက်စိမ်းလိပ်ပြာ
ပျားများ ပျားအိမ်ထဲမှ ဒီရေလှိုင်းများကဲ့သို့
တလိမ့်လိမ့်ထွက်လာသည်ကိုမြင်သည်တွင်
ချီရှင်သည်
လွန်စွာကြောက်လန့်နေတော့သည်။
"ပြေးကြတော့" သူ့စကားအဆုံးတွင် ချီရှင်မှာ
မှုန်နေအောင်ထွက်ပြေးလေသည်။သူတို့သည်
ပျားများကို
သွားစမိပြီဟု နားလည်သည်ဖြစ်ရာ လူတိုင်းမှာ
ခြေကုန်သုတ်ပြေးကြရ၏။ထိုသို့ပြေးကြသည့်တိုင်
ပျား
များ၏ အလျှင်ကလည်း လွန်စွာမြန်သည်။လူ
လေး၊ငါးယောက်ခန့် မှာ ပျားတုပ်ခြင်းကို ခံကြရရာ
အော်ဟစ်ညည်းညူကြရ၏။
လူအုပ်ကြီးထဲတွင် လုံချန်သည်
ပျားတုပ်ခံရသူများကို ကြည့်၍
ကြိတ်ရယ်နေ၏။မည်သည့်ပြင်ဆင်မှု
မျိုးမှ မရှိပဲ ကျောက်စိမ်းလိပ်ပြာ ပျားများကို
သွားစခြင်းကား ကိုယ့်သေတွင်း
ကိုယ်တူးသလိုပင်ဖြစ်
သည်။ချီရှင် သည် စာပေသမားဟန်ဖြင့် များစွာ
ဗဟုသုတရှိဟန် နေနေခဲ့သည်။သို့သော် တစ်ကယ်
တမ်း၌မူ သူကား ငတုံးတစ်ယောက်သာပင်။
ပျားအုံမှ မိုင်ငါးဆယ်ခန့်ရောက်လျှင်
ပျားများမှာဆက်လိုက်မလာကြတော့ပဲ
ပြန်လှည့်သွားလေသည်။
သူတို့အုပ်စု မှ လူဆယ်ယောက်မှာ ချက်ချင်း
မြေပေါ်သို့ အရုပ်ကြိုးပြတ်လဲကျပြီး
အော်ဟစ်ညည်းညူ
နေကြရ၏။
၀ုန်း....ဝုန်း....ဝုန်း....
ချီရှင်သည် လက်ကို ဝေ့ယမ်းလိုက်သည် နှင့်
ရေလုံးဆယ်လုံးမှာ ထိုလူဆယ်ယောက်၏
ဦးခေါင်းများကို
ထိမှန်သွားပြီး လူဆယ်ယောက်သည်
ချက်ချင်းသတိမေ့သွားတော့သည်။ချီရှင်၏
မျက်နှာက နီရဲနေ
သည်။ကျောက်စိမ်းလိပ်ပြာ ပျားများ၏ ပျားရည်ကို
ယူရန် ထိုမျှ ခက်ခဲလိမ့်မည်ဟု သူမထင်ထားမိ
ခဲ့ပေ။သူသည် ဒေါသအပြင်းအထန်ထွက်နေ၏။
လူတိုင်း တိတ်ဆိတ်နေကြသည်။သူတို့အပေါင်း
အသင်းများ၏ နာနာကျင်ကျင်
ညည်းညူသံများသည်
သူတို့နားထဲမွ
မထွက်သေးချေ။ထိုသူများအားလုံးသည်
ဂုဏ်သိက္ခရှိကြသူများသာ ဖြစ်သည်။သို့
ဖြစ်သည့်တိုင် ပါးစပ်မှ အော်ဟစ်ညည်းညူ
ကြခြင်းကို ကြည့်လျှင် အနှီပျားများကား မည်မျှ
ကြောက်
စရာကောင်းလိုက်သနည်း။
လူတိုင်း တိတ်ဆိတ်နေကြသည့်အချိန်တွင်
အသံဖျက်ထားသည့် လုံချန်၏ နှာသံ
ထွက်လာသည်။
"ပျားရည်ရဖို့ ကျုပ်မှာ နည်းလမ်းတစ်ခုရှိတယ်"
ချစ်ခြင်းများစွာဖြင့်....

PATRIARCH MK AUNG

္ပဤတွင် စာစဉ် 4 ပြီးပါပြီ။

Continue Reading

You'll Also Like

42.6K 2.1K 75
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
21.3K 446 42
What If Chloe lukasiak has a twin sister who is the favorite?
152K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
13.6K 317 16
An alternate Jason Uchiha timeline