အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {...

By KhatSixx

376K 18.5K 622

Romance ဆန်ဆန် ဇာတ်အိမ်လေးနဲ့ အချိုတစ်လိုင်း ကြိုက်တတ်သူလေးတွေ အတွက် 💙🫰 အော်သာ - မိုင်းမိုင် Romance ဆန္ဆန္... More

ဇာတ်လမ်း အညွှန်း - ဇာတ္လမ္း အၫႊန္း
အခန်း (၁)
အခန္း (၁)
အခန်း (၂)
အခန္း (၂)
အခန်း (၃)
အခန္း (၃)
အခန်း (၄)
အခန္း (၄)
အခန်း (၅)
အခန္း (၅)
အခန်း (၆)
အခန္း (၆)
အခန်း (၇)
အခန္း (၇)
အခန်း (၈)
အခန္း (၈)
အခန်း (၉)
အခန္း (၉)
အခန်း (၁၀)
အခန္း (၁၀)
အခန်း (၁၁)
အခန္း (၁၁)
အခန်း (၁၂)
အခန္း (၁၂)
အခန်း (၁၃)
အခန္း (၁၃)
အခန်း (၁၄)
အခန္း (၁၄)
အခန်း (၁၅)
အခန္း (၁၅)
အခန်း (၁၆)
အခနျး (၁၆)
အခန်း (၁၇)
အခန္း (၁၇)
အခန်း (၁၈)
အခန္း (၁၈)
အခန်း (၁၉)
အခန္း (၁၉)
အခန်း (၂၀)
အခန္း (၂၀)
အခန်း (၂၁)
အခန္း (၂၁)
အခန်း (၂၂)
အခန္း (၂၂)
အခန်း (၂၃)
အခန္း (၂၃)
အခန်း (၂၄)
အခန္း (၂၄)
အခန်း (၂၅)
အခန္း (၂၅)
Warning 21+ 🚨🚨🚨
Warning 21+ ( Zawgyi )🚨🚨🚨
အခန်း (၂၆) [Mature 21++🚨🚨🚨]
အခန္း (၂၆) [Mature 21++🚨🚨🚨]
အခန်း (၂၇)
အခန္း (၂၇)
အခန်း (၂၈)
အခန်း (၂၈)
အခန်း (၂၉)
အခနျး (၃၀)
အခန်း (၃၀)
အခနျး (၃၁)
အခန်း (၃၁)
ဇာတ်သိမ်းပိုင်း
( ဇာတ်သိမ်းပိုင်း )

အခန်း (၂၉)

4.3K 312 6
By KhatSixx

အချစ်တွေနဲ့ မိုးထားတဲ့ အိမ်
အခန်း (၂၉)
မိုင်းမိုင်

" မေမေ ဘာလို့ သားတို့နှစ်ယောက်ကို သဘောမတူနိုင်ရတာလဲ "

နံနက်ခင်းကော်ဖီဝိုင်းလေးသည် ထုံးစံမပျက် ဒေါ်မြသွေးတို့ သားအမိနှစ်ယောက်သာ ရှိပါ၏။

" မေမေ ယောင်္ကျားလေးချင်း ချစ်တာ သဘောမတူနိုင်ဘူးဆိုတာ သားကိုပြောပြီးပြီပဲ။ သားက အဲ့ကောင်လေးအတွက် မေမေ့ကိုတောင် အာခံနေပြီလား "

" သား အာခံတာ မဟုတ်ဘူး မေမေ။ တောင်းဆိုနေတာပါ၊ သား ယံလေးကို တကယ်ချစ်တာ...နှလုံးသားထဲကနေ လိုလိုလားလားနဲ့ မေတ္တာသက်ဝင်မိသွားတာ မေမေ။ အပျော်တွဲနေတာလည်း မဟုတ်ဘူး၊ မေမေ ဒီတစ်ခုပဲ သားကို လိုက်လျောပေးလို့မရဘူးလား မေမေရာ။

သား နောက်ဆို လိမ္မာပါမယ်၊ စာလည်းကြိုးစားမယ်၊ မေမေဖြစ်စေချင်တာ မှန်သမျှလည်း သား ရအောင် လုပ်နိုင်ပါတယ်။ ယံလေးနဲ့ သဘောတူပေးဖို့ တစ်ခုပဲ သားဆန္ဒကို မေမေ လိုက်လျောပေးလို့မရဘူးလား ဟင် "

ရင်တွင်းခံစားချက်မို့လားမသိ ခေတ်သစ်ရင်ထဲ တင်းကျပ်စွာ စို့နင့်နေသည်။ ပြောနေရင်းကပင် မျက်ရည်ဥများ ဝေ့သီလာရသည်။

" မေမေ မလိုက်လျောနိုင်တာကလည်း အဲ့တစ်ခုတည်းပဲ သား။ မေမေ သားအပေါ်မှာ အများကြီး မျှော်လင့်ထားတယ်ဆိုတာ သားလည်းသိတယ်။ မေမေ သားကို သင့်တော်တဲ့ မိန်းကလေးတစ်ယောက်နဲ့ပဲ လက်ထပ်စေချင်တယ်။ မေမေတို့ရဲ့ မင်းမျိုးနွယ် မျိုးဆက်အတွက် သားမှာ တာဝန်အပြည့်ရှိတယ်။

မျိုးဆက်ပျက်သွားမှာ မေမေ မလိုချင်ဆုံးပဲ။ သား အဲ့ကောင်လေးနဲ့ယူလိုက်လို့ ပတ်ဝန်းကျင်က ခနဲ့နေရင်တောင် မေမေ ဂရုမစိုက်ဘူး။ မေမေ သားကို အမြဲအလိုလိုက်ခဲ့တယ်နော်။ အခုထိ သား ဆိုးသမျှကို မေမေကပဲ နားလည်ခွင့်လွှတ်ရင်း သား ဖြစ်ချင်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့တာ။

မေမေရဲ့ ဆန္ဒတော့ သားကို မငြင်းပယ်စေချင်ဘူး။ မေမေ အဲ့ကောင်လေးနဲ့ ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူး ခေတ်သစ် "

မနက်ခင်း ကော်ဖီဝိုင်းလေးသည် အရင်လို ရယ်မောသံများဖြင့် မဟုတ်။ အခြေအနေသည် ရုတ်ချည်း တိတ်ဆိတ်သွားလေသည်။

" ဟာဗျာ မေမေကလည်းဗျာ။ ဒါဆို ဒီလိုလုပ်ရင်ရော၊ မေမေက သားကို မျိုးဆက်ရစေချင်တာမလား။ သားတို့ ယံလေးတို့ရဲ့ ဂေဟာက ကလေးတစ်ယောက်လောက် မွေးစားလိုက်ရင်ရော မေမေ "

" မဖြစ်နိုင်တာတွေ မပြောစမ်းနဲ့ ခေတ်သစ်။ မေမေလိုချင်တာ မင်းရဲ့သွေးသားစစ်စစ်ပဲ။ မေမေ့စိတ်ကို နားလည်ပေးပါလား သားရယ်။ သားက မေမေ့ရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်လေ။ သားကို မေမေ သိပ်ချစ်တယ်။ သား ပျော်နေရင် မေမေလည်း ပျော်တယ်။

ကိုယ့်သားသမီး မပျော်ရမှာကို ဘယ်မိဘက လုပ်ချင်မှာလဲ။ ဒါပေမယ့် သားရယ် မေမေ့ဆန္ဒကိုတော့ သားက နားလည်ပေးရင် သိပ်ကောင်းမှာပဲ "

‌ခေတ်သစ်လည်း ထိုင်နေရာမှ ထကာ ဒေါ်မြသွေး ပခုံးလေးကို အနောက်ကနေ သိုင်းဖတ်လိုက်လေသည်။

" သားလည်း မေမေကို သိပ်ချစ်ပါတယ်။ မေမေဟာ ကမ္ဘာပေါ်မှာ သားရဲ့ ပထမဦးဆုံး ချစ်ရတဲ့သူပဲလေ။ မေမေ့ကို အမြဲစိတ်ချမ်းစေချင်တယ်။ ပျော်စေချင်တယ်။ မေမေ ပြုံးပျော်နေတာပဲ သားကလည်း မြင်ချင်တာပါ။

ဒါပေမယ့် မေမေရယ်၊ သား ယံလေးကို သိပ်ချစ်တယ်။ သား နှလုံးသားက ပထမဆုံးဖြစ်လာတဲ့ ချစ်ခြင်းမေတ္တာက ယံလေးနဲ့မှ ဖြစ်လာခဲ့တာ မေမေရဲ့။ သား အရင်က မိန်းကလေးတွေနဲ့ ထည်လဲ တွဲခဲ့တာ မေမေလည်းသိတာပဲ။ သား ဘယ်သူ့ကို ချစ်ပါတယ် လို့ မေမေ့ကိုပြောပြတာကြားဖူးလို့လဲ။

သား နှလုံးသားက အလိုဆန္ဒကို သား မငြင်းပယ်နိုင်ခဲ့ဘူး မေမေ။ ယံလေးကို စွန့်ပစ်လိုက်ဖို့ တွေးမိလိုက်တိုင်းလည်း သား ဘယ်လိုမှ ခံစားလို့မရခဲ့ဘူး။

သား ယံလေးကို သိပ်ချစ်တယ် မေမေရယ်။ ဒီလိုပဲ မေမေကလည်း နားလည်ပေးရင် ကမ္ဘာပေါ်မှာ သားလောက် ပျော်ရွှင်ရဆုံးလူဆိုတာ ရှိမှာမဟုတ်တော့ဘူး "

ခေတ်သစ်စကားများကို ကြားတော့လည်း ဒေါ်မြသွေးမှာ နှုတ်ဆိတ်သွားရပြန်သည်။ သူမ၏ အတ္တနှင့် သူမ၏တစ်ဦးတည်းသော သားလေးပျော်ရွှင်မှုသည် တိုက်ရိုက်ဆက်နွယ်လာတော့ အတွေးများစွာဖြင့် ဆုံးဖြတ်ရခက်နေသည်။

သူမ ပခုံးပေါ်က ခေတ်သစ်လက်လေးကို ကိုင်လိုက်တော့ သူမ သားကို ချစ်သည့်စိတ်တို့သည် ဖိတ်စင်ယိုကျ‌လာလေသည်။

ကမ္ဘာပေါ်မှာ ရှိတဲ့ မိဘတိုင်းသည် မိမိသားသမီးကို ပျော်ရွှင်ပြုံးပျော်နေသည်ကိုပဲ မြင်ချင်ကြပါလိမ့်မည်။ ဒေါ်မြသွေး ကိုယ်တိုင်လည်း ထိုသို့သော အတွေးမျိုးပင် စိတ်ထဲရှိပါ၏။

ပျော်ရွှင်မှုနှင့် ချစ်ခြင်းမေတ္တာသည် ထိပ်တိုက်ရင်ဆိုင်လာရသည့်အခါတွင် ဒေါ်မြသွေး ရင်ထဲ ဝေခွဲရခက်စွာ ခေါင်းရှုပ်သွားရသည်။ ထို့နောက် ကော်ဖီခွက်ထဲက လက်ကျန် ကော်ဖီစက်လေးကို မော့ချလိုက်သည်။

မနက်ခင်း ကော်ဖီဝိုင်းလေးသည်တော့ တိတ်ဆိတ်စွာဖြင့် အဆုံးသတ်သွားရတော့သည်။

💙

" ဒေါ်ကြီးလှရွှေ...ဘယ်လိုလဲ ရောင်းကောင်းရဲ့လား "

သက်ဦးဇင် တွန်းလှည်းလေးကို လမ်းမဘေးရပ်ကာ ရေခဲပုံးလေးထဲက ရေခဲရေအေးအေးလေး တစ်ခွက် သောက်လိုက်သည်။

" အရောင်းကတော့ ပုံမှန်ပါပဲ။ ဈေးသူ၊ ဈေးသားတွေနဲ့ဆိုတော့ သူ့ဟာနဲ့သူ ကုန်တာပါပဲ။ မင်းရော အခုက ကုန်တင်‌ နောက်တစ်ခေါက်လား "

" အင်း ဆိုပါတော့။ ထမင်းစားမလို့ကို ဧည့်သည်က ပစ္စည်းတွေ အများကြီးမို့ တွန်းလှည်းအငှားခေါ်တာနဲ့ လိုက်ချပေးမလို့။ လမ်းက‌လည်း သုံးလမ်းကျော်တင်ဆိုတော့ ခဏလေးနဲ့ တစ်ကြောင်းစာရတော့လည်း နည်းမှတ်လားဗျာ "

ခါးပုံစံထဲက ကွမ်းယာထုတ်လေး ဖြည်ကာ ကွမ်းတစ်ယာကို ပါးစောင်လေးထဲထည့် ဝါးလိုက်တော့၏။ သူသည် နှပ်ဆေးရေများများ၊ နိုက်တီတူး၊အုန်းသီးစိမ်းနှင့် ကွမ်းယာစားတတ်သူလည်း ဖြစ်ပါ၏။ တစ်ခါတစ်ခါ အိတ်ထဲက နှပ်ဆေးရေလက်ကျန်များကိုတောင် သောက်ချင်သောက်တတ်သေးသည်။

" အခုကို နှစ်နာရီကျော်နေပြီ။ ထမင်းလေး ခဏ စားသွားပါဦးလား ငါ့တူရာ "

" နေပါစေ။ ဧည့်သည်ကလည်း အရေးကြီးနေတာနဲ့မို့ အပြန်မှ စားလည်း အဆင်ပြေတယ်။ ဗိုက်ကလည်း မဆာသေးတာမို့ "

" အေးကွယ်၊ မုန့်လက်ဆောင်းလေး သောက်သွားပါလား။ ကြီးရွှေ အလကားတိုက်ပါမယ် "

" မလုပ်ပါနဲ့ ကြီးရွှေရာ။ တစ်ခွက်ရောင်း ဘယ်လောက်မှ မမြတ်တာကို။ မသောက်ချင်ပါဘူး "

ထို့နောက်တွင်တော့ ဒေါ်လှရွှေ၏ ပျံကျ မုန့်လက်ဆောင်းဆိုင်လေးနှင့် မျက်နှာချင်းဆိုင်ရှိ ပွဲရုံလေးထဲသို့ သက်ဦးဇင် ဝင်သွားလိုက်သည်။ ပွဲရုံထဲမှ ဆန်အိတ်၊ ဆီပုံး၊ ကြက်သွန်အိတ်များနှင့် တခြားကုန်ပစ္စည်းများကို တွန်းလှည်းလေးပေါ်သို့ တစ်ခုချင်း ကောက်တင်လိုက်ပါ၏။ ချကာလီတွန်းလှည်းတစ်ခုလုံး ဝန်စည်များနှင့် ပြည့်လျှံသွားချိန်တွင် တွန်းလှည်းလေးထွက်ရန် ပြင်လိုက်တော့၏။

" အမရေ...ပစ္စည်းက ဒါအကုန်ပဲနော်။ သုံးလမ်းကျော် လမ်းထောင့်က တိုက်စိမ်းနော်။ အဲ့အိမ်ရှေ့ရောက်ရင် ဖုန်းဆက်လိုက်မယ် "

" အေး အေး ဟုတ်တယ် ငါ့မောင်။ အမ အရင်ဆိုင်ကယ်နဲ့သွားလိုက်မယ်။ အိမ်ရှေ့က စောင့်လိုက်မယ်နော် "

" ဟုတ်ပြီ ဟုတ်ပြီ "

တွန်းလှည်းလေးထွက်ခွာရန် ဘေးတစ်ဖက်တစ်ချက်စီကို လက်တင်၍ ဟန်ပြင်လိုက်သည်။ ထို့နောက် လမ်းမပေါ် ချကာလီတွန်းလှည်လေးကို တရွေ့ရွေ့ ဆွဲလာလိုက်သည်။ ထိုစဉ်မှာပင် ရုတ်တရတ် လမ်းအချိုးကွေ့မှ ဝင်လာသော ကားတစ်စီးသည် သက်ဦးဇင် တွန်းလှည်းလေးကို အရှိန်မထိန်းနိုင်စွာ ဝင်တိုက်မိတော့သည်။

ဒုန်း...

အသံအကျယ်ကြီးသည် မိုးခြိမ်းသံကဲ့သို့ ကြောက်မက်ဖွယ်ရာ ဝုန်းကနဲ။

" ဟာ ဟဲ့ ဟဲ့...လုပ်ကြပါဦး "

ထို့နောက်တွင် ချကာလီတွန်းလှည်းအရှေ့ခြမ်း လူဆွဲသည့်နေရာလေးမှာပင် သက်ဦးဇင် ခွေလဲကျ‌သွားတော့သည်။ သွေးများအိုင်ထွန်းကာ ထိုနေရာလေးမှာပင် ရဲရဲ‌နီနေတော့သည်။

" ဟဲ့...ဟဲ့ မောင်သက်ဦးဇင်။ ဟဲ့ ကောင်လေးတွေ ဟိုမှာ သက်ဦးဇင် ကားတိုက်ခံရပြီ။ လာကြစမ်းပါဦး"

ဒေါ်လှရွှေ လမ်းတစ်ဖက်က သက်ဦးဇင် လဲကျသွားသည်ကို မြင်လိုက်ရသောအခါတွင် အသံကျယ်ကြီးဖြင့် အော်ဟစ် အကူညီတောင်းလိုက်သည်။ ထို့နောက် လဲကျနေသော သူ့ထံသို့ လူများ ဝိုင်းအုံလာကြသည်။

" ဟဲ့ ကောင်လေး၊ သက်ဦးဇင်။ သတိလည်းမရတော့ဘူး။ လုပ်ကြပါဦး...အရေးပေါ်ကား ခေါ်ပေးဦး။ ဒီနားဝန်းကျင်က နီးစပ်ရာ ပရဟိတ အသင်းကို ဖုန်းဆက်ခေါ်လိုက်ပါကွယ် "

အနီးနားရှိမိန်းမတစ်ယောက်သည် လူမှုရေးအသင်းတစ်ခုဆီသို့ ဖုန်းဆက်လိုက်ပါ၏။ ထို့နောက် လူလေးယောက်လောက် သူ့ကို မ,၍ နေရိပ်တစ်ခုထဲသို့ ရွှေ့လိုက်ကြသည်။ ရုတ်ရုတ်သဲသဲဖြစ်နေ၍ တိုက်သွားသည့် ကားသမားကို သတိရတော့မှ လိုက်ရှာကြည့်လိုက်တော့ ထိုသူမှာ မရှိတော့ပါ။ တိုက်ပြီးပြီးချင်း လစ်ထွက်ခြင်းဖြစ်ပါ၏။

ဒေါ်လှရွှေသည် သက်ဦးဇင် အိတ်ထဲက ဖုန်းကိုထုတ်၍ မကြာသေးခင်က ဖုန်းအဆက်သွယ်ရှိသော " မောင့်ပုံရိပ် " ဟူသည့် နာမ်စားလေးတစ်ခုဆီ ဖုန်းဆက်လိုက်လေသည်။

" ဟယ်လို...မောင့် "

တစ်ဖက်မှ ဖုန်းဖြေသံကြားရသည်အခါတွင် ဒေါ်လှရွှေသည် ဖုန်းဖြေလိုက်ပါ၏။

" ဟယ်လို...မင်းက မောင်သက်ဦးဇင် နဲ့ အသိလား "

" ဟင် ဘယ်လို...ဘယ်သူလဲဗျ အဲ့တစ်ဖက်က။ ကျွန်နော်က မောင့်ရဲ့ချစ်သူပါ "

" အေးကွယ်။ မောင်သက်ဦးဇင် ရုတ်တရတ် ကားတိုက်ခံရလို့။ အဲ့ဒါ သူ့အသိတွေကို လှမ်းအကြောင်းကြားတာ။ ဆေးရုံကြီးကို လိုက်ခဲ့ပါကွယ်။ ဒေါ်ဒေါ်တို့ သူ့ကို လူမှုရေးအသင်းကားနဲ့ ဆေးရုံကြီးပို့ထားပေးမယ်။ မင်းက သူ့မိတ်ဆွေတွေနဲ့ အမြန်လာခဲ့လိုက်ပါ "

တစ်ဖက်မှ စကားများကို ရုတ်တရတ် ကြားလိုက်ရသည့်အခါတွင် ပုံရိပ်ယောင် အံ့အားသင့်ကာ ခေါင်းနပန်း ကြီးသွားရလေသည်။ မိမိနားကိုပင် မယုံနိုင်အောင် စိတ်သောကများရပါ၏။

" ဗျာ ...မောင် ကားတိုက်ခံရတယ် ဟုတ်လား ဒေါ်ဒေါ်။ မောင် ဘာဖြစ်သွားသေးလဲ ဟင် "

" ဒေါ်ဒေါ်တို့လည်း မသိသေးဘူး။  ကားတိုက်ခံရပြီး လဲသွားတာပဲ၊ သတိမရှိတော့လို့ သွေးထွက်လည်း လွန်နေပြီ ဆေးရုံအမြန်တင်မှရမယ်။ ဟိုကျမှ ဆရာဝန်ကြီးတွေကို ဆေးစစ်ချက်တွေရရင် မေးကြည့်ရမှာပဲ။ မင်းတို့ အမြန်လိုက်ခဲ့ပါကွယ် "

" ဟုတ်ကဲ့ ဒေါ်ဒေါ်။ ပုံရိပ်တို့ အခုပဲ လိုက်ခဲ့ပါမယ်။ အခု ထွက်လာပြီနော် "

ဖုန်းစက်ခရင်ကို ပိတ်လိုက်ပြီးနောက်တွင် မန်နေဂျာရုံးခန်းဆီသို့ ပုံရိပ် အပြေးထွက်လာခဲ့လိုက်သည်။

'ဒေါက် ဒေါက် ဒေါက်'

" ဝင်ခဲ့ပါ "

" ဆရာ..."

" ဟော ပုံရိပ်။ ဘာကိစ္စများရှိလို့လဲ "

" ကျွန်တော် နေ့တစ်ပိုင်းခွင့်ယူချင်လို့ပါ။ ကျွန်တော့်ကောင်လေး ကားတိုက်ခံရလို့ ဆေးရုံတင်ရတယ်တဲ့။ အဲ့ဒါ အရေးပေါ်ကိစ္စဖြစ်လို့ အခုလိုက်သွားမှ ဖြစ်မှာမို့လို့ ခွင့်လေးပေးပါဦးနော် "

" ဪ အေးအေး။ လူမှုရေး ကိစ္စပဲ။ ရပါတယ်။ အခုပဲ အလုပ်ဆင်းလိုက်တော့နော် "

" ကျေးဇူးပါ ဆရာ "

တံခါးလေးကို ငြင်သာစွာ ပိတ်လိုက်ပြီးနောက်တွင် ဝန်ထမ်းဝတ်စုံလေးချွတ်လဲကာ ဆိုင်ကယ်လေးမောင်းပြီး အပြေးထွက်လာခဲ့လိုက်သည်။ စိုးရိမ်စိတ်များသည် တရွေ့ရွေ့တက်နေသည့် လှိုင်းလုံးကြီးများလို တစ်စတစ်စ ကြီးထွားလာခဲ့သည်။

* ဘာမှမဖြစ်ပါစေနဲ့ မောင်ရယ်။ ပုံရိပ် အခုပဲ လာပြီနော်။ မောင့်ဆီ ပုံရိပ် အခုပဲ လာနေပြီ *

ရစ်သိုင်းလာသော မျက်ရည်ဥများသည် မျက်ဝန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက်တွင် ပါးပြင်ပေါ်သို့ ပေါက်ကနဲ စီးကျသွားတော့သည်။ ထိန်းထားရင်းက အိုင်ထွန်းကျဆင်းလာသည့် မျက်ရည်စတို့သည် ပါးပြင်ထက်တွင် ဆက်တိုက် ဆက်တိုက် ကျလာခဲ့တော့သည်။

ဆောက်တည်ရာမဲ့စွာဖြင့် စိတ်အစုံသည် တုန်လှုပ်ခြောက်ချားနေခဲ့သည်။ မြန်ဆန်သည့် နှလုံးခုန်သံသည် ဆိုင်ကယ်မောင်းနေရင်းက တဒုတ်ဒုတ် မြည်ကာ ခါးရမ်းနေတေ့ာသည်။

" မောင် ဘာမှ မဖြစ်ပါစေနဲ့။
  ဘာမှ မဖြစ်ပါစေနဲ့ "

💙💙💙

Continue Reading

You'll Also Like

4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
1.6M 153K 46
(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available
999K 90.1K 73
မှုတ်ထုတ်လိုက်တဲ့ အမွှားလေးတွေမှာ ကိုယ့်အချစ်တွေပါသွားခဲ့သလား.... မှုတ်ထုတ်လိုက်တဲ့အမွှားလေးတွေမှာ ကိုယ့်အချစ်တွေပါသွားခဲ့သလား.... Start- October-12 En...
30K 995 14
My husband is my life ဒီဇာတ်လမ်းဇာတ်ကွက်များသည်စာရေးသူ၏စိတ်ကူးများသာဖြစ်သည်။