အကိုလေးရဲ့ ဖန်အိမ်စောင့်

Oleh MikkyLay1

17.2K 1.2K 682

ပြန်လည်မွေးဖွားလာပြီးနောက် ရိုင်းစိုင်းတဲ့အကိုလေးကို ယဉ်ပါးအောင်လေ့ကျင့်ပေးခြင်း ... Rebirth ပုံစံမျိုးဖြစ်ပြ... Lebih Banyak

ဇာတ်ကောင်မိတ်ဆက်❤️
အပိုင်း ( ၂ )
အပိုင်း ( ၃ )
အပိုင်း ( ၄ )
အပိုင်း ( ၅ )
အပိုင်း ( ၆ )
အပိုင်း ( ၇ )
အပိုင်း ( ၈ )
အပိုင်း ( ၉ )
အပိုင်း ( ၁၀ )
အပိုင်း ( ၁၁ )

အပိုင်း (၁)

2.4K 144 36
Oleh MikkyLay1

အဖြူရောင်မြူနှင်းများက ကောင်းကင်ယံကနေ မြေပြင်ပေါ်သို့ တဖွဲဖွဲကျနေပြီး ပတ်ဝန်းကျင်ကို မှုန်ဝါးဝါးသာ မြင်နေနိုင်တယ် ။ မြောက်ဘက်မှလေအေးတွေက ပြတင်းပေါက်ကနေတဆင့် အခန်းတွင်းသို့ဝင်ရောက်လာခြင်းကြောင့် ချမ်းစိမ့်မှုကို ပြင်းပြင်းထန်ထန်ခံစားရစေတယ် ။

ဆောင်းတွင်းကာလ နံနက်ခင်းဟာ လှပပေမဲ့ နွေးထွေးလှတဲ့အိပ်ယာပေါ်ကနေ မထချင်လောက်​အောင်ချမ်းအေးလွန်းတာကြောင့် အအေးမိလွယ်တဲ့ မြတ်ရှားအတွက်ကတော့ ဆောင်းရာသီကို သိပ်ပြီးသဘောမကျလှဘူး ။ အိပ်ယာဘေးကနှိုးစက်မှ အသံများထွက်ပေါ်လာချိန်မှာတော့ မြတ်ရှားတစ်ယောက် အိပ်ယာပေါ်ကနေမထချင်လဲ ထရတော့တယ် ။

' တီတီ ... တီတီ ... တီတီ '

သူ့ရဲ့ဖောင်းမို့နေတဲ့မျက်လုံးတွေကိုပွတ်သပ်ရင်း အိပ်ယာကနေထပြီး မပိတ်မချင်းအဆက်မပျက်မည်နေတဲ့နာရီကိုလက်လှမ်းကာ ပိတ်လိုက်ရတယ် ။ နာရီကိုကြည့်လိုက်တော့ မနက် ၄ နာရီသာရှိသေးတယ် ။ နာရီရဲ့ဘေးမှာထောင်ထားတဲ့ ပြက္ခဒိန်ပေါ်မှာရေးမှတ်ထားသည့် HBD ဆိုတဲ့စာလုံးကြီးကြီးထံ မြတ်ရှား အကြည့်ရောက်သွားချိန်မှာတော့ စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားပြီးနောက် စတင်ပြင်ဆင်တော့တယ် ။

ဖြူဖွေးနေတဲ့အသားအရေက ရေပူနဲ့ထိလိုက်ချိန်မှာ နီရဲလို့သွားတယ် ။ ချမ်းအေးမှုကြောင့် ပန်းဆီရောင်နှုတ်ခမ်းသားလေးတွေက တုန်ရင်နေပြီး ရေအပူကြောင့်မျက်လုံးတွေပါရဲတက်နေတယ် ။ နက်မှောင်နေတဲ့ဆံနွယ်တွေက နှဖူးပြင်ထက်မှာ ကပိုကရိုကျနေပြီး ချောမောလှပတဲ့မျက်ဝန်းလေးတွေကို ကွယ်ဝှက်ထားတယ် ။

အာလုံးကိုခြုံငုံကြည့်လိုက်ရင် မြတ်ရှားဟာ ချောမောလှပပြီး မြင်သူတိုင်းငေမောရသည့်အထဲမှာပါသူတစ်ယောက်ပေါ့ ။ ခန္ဓာကိုယ် ကိုယ်လုံးကိုယ်ပေါက်က သူနဲ့ရွယ်သူ တစ်ခြားယောက်ျားလေးများနှင့်ယှဉ်လျှင် သေကွေးပြီး ငယ်ရွယ်သည့်လူငယ်လေးနှင့်တူနေတာကလွဲရင် အားလုံးပြီးပြည့်စုံသည့် သူဦးဖြစ်တယ် ။ ဒါကလဲ သူငယ်စဉ်ကအမြဲဖျားနာတတ်ပြီး တစ်ခြားကလေးတွေထက် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနောက်ကျခဲ့လို့ပဲ ။

တကယ်တော့ သူ့အသက်ဟာ ၃၁ နှစ်ဖြစ်ပြီး ဒီနှစ်က အသက် ၃၁ နှစ်ပြည့်မွေးနေ့ဖြစ်တယ် ။ ဒါပေမဲ့ သူများတွေလို ပျော်ပွဲရွှင်ပွဲတွေမပြုလုပ်ပဲ တစ်ယောက်ထည်းဖြတ်သန်းရမဲ့ သာမန်နေ့တွေထက်မပိုဘူး ။ ကံကောင်း၍ အားလပ်ရက်နဲ့တိုက်ဆိုင်နေတာကြောင့် အလှူလုပ်ကာ ကုသိုလ်ယူရင်း မရောက်ဖြစ်တာကြာပြီဖြစ်တဲ့နေရာသို့ သွားရန်ပြင်နေခြင်းဖြစ်တယ် ။ ထိုနေရာကတော့ မြတ်ရှားငယ်စဉ်က နေထိုင်ခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ မိဘမဲ့ဂေဟာလေးထံ ...

ဆောင်းတွင်းကာလမို့ မြူနှင်းတွေက မန္တလေးမြို့ကြီးရဲ့ အလှတရားတွေကိုဖုံးအုပ်ထားတယ် ။ ကျုံးကြီးရဲ့နဘေးကနေဖြတ်လာချိန်မှာ ရေခိုးရေငွှေ့တွေကြောင့် ပတ်ဝန်းကျင်က ပိုပြီးမှုန်ဝါးလာကာ အအေးပိုလာတယ် ။ ​ဆောင်းတွင်းကာလမှာမွေးဖွားလာခဲ့တဲ့မြတ်ရှားကတော့ အအေးဒါဏ်မခံနိုင်တဲ့အပြင် အေးလာလျှင်ခန္ဓာကိုယ်တစ်ကိုယ်လုံး ကိုက်ခဲနာကျင်ပြီး ချမ်းတုန်ကာအဖျားတတ်သည့်အကျင့်ရှိ၍ ဆေးကြိုသောက်ထားရတယ် ။ ခန္ဓာကိုယ်တစ်ခုလုံးကိုလဲ နွေးထွေးအောင် အနွေးထည်ထူထူဝတ်ဆင်ထားရသေးတယ် ။ မန္တလေးကနေ မနက်အစောပိုင်းကတည်းက ထွက်လာခဲ့၍ ဂေဟာသို့ နေ့လည်စာစားပြီးချိန်မှာ ရောက်ရှိခဲ့လေတယ် ။

ကျောင်းလေးကတော့ အရင်လိုပဲ မပြောင်းမလဲသေးဘူး ။ သစ်တောငယ်လေးကိုခြံဝန်းခပ်ထားပြီး အလယ်မှာအစီအရီဆောက်ထားတဲ့အဖြူရောင်ကျောင်းဆောင်လေးတွေက ဟိုးအရင်ကအတိုင်းပဲ ။ ကျောင်းရှေ့မှာဘောလုံးကွင်းပြင်ကြီးလဲရှိနေသေးတယ် ။ ပြောင်းလဲသွားတာဆိုလို့ သစ်ပင်တွေကပိုကြီးလာပြီး ကျောင်းလေးကအနည်းငယ်ဟောင်းနွမ်းသွားတာလေးပါပဲ ။ သူဒီနေရာကိုမရောက်ဖြစ်တာ ၁၀ နှစ်တောင်ရှိခဲ့ပြီ ။

ကျောင်းရဲ့အရှေ့မှာဆော့ကစားနေတဲ့ ကလေးငယ်လေးတွေရဲ့ဆူညံအော်ဟစ်သံတွေက ကျောင်းဝိုင်းတွင်း စဝင်လာကတည်းက မြတ်ရှားရဲ့အကြာအာရုံထဲကိုဝင်ရောက်လာပြီး နှုတ်ခမ်းတွေက အထပ်သို့ကွေးညွှတ်ကာပြုံးမိစေတယ် ။ ဒီလိုကြည်နူးတဲ့ခံစားမှုမျိုးမရရှိခဲ့တာ ဘယ်လောက်တောင်ကြာနေပြီလဲ သူမမှတ်မိတော့ဘူး ။

" ကောင်လေး "

ကျောင်းစောင့်ဦးလေးကြီးက ကျောင်းဝိုင်းထဲဝင်လာတဲ့ကားရဲ့နဘေးကိုရောက်လာပြီး အတွေးလွန်နေတဲ့မြတ်ရှားကို လှမ်းခေါ်လိုက်တော့မှ မြတ်ရှားအသိပြန်ဝင်လာခဲ့တယ် ။ မြတ်ရှားက ကျောင်းစောင့်ဦးလေးကြီးကို တရိုတသေနှုတ်ဆက်ပြီးနောက် ကားအနောက်ဖုံးထဲမှာပါလာတဲ့ပစ္စည်းတွေနဲ့စားစရာမုန့်အစုံကို ချပေလိုက်တယ် ။

အစကဆူညံနေတဲ့ကလေးတွေက တစ်စတစ်စကားနဘေးမှာဝိုင်းလာကြပြီး များပြားလွန်းတဲ့ပစ္စည်းတွေကိုစိတ်ဝင်တစ်စားကြည့်နေကြလေရဲ့ ။ သူတို့လေးတွေအတွက်တော့ သရေစာမုန့်တွေအစုံရတော့မှာမို့ အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ နေ့လေးတစ်နေ့ဖြစ်သွားခဲ့တယ် ။ တစ်ချို့ကလေးမလေးတွေက သူတို့အရှေ့ကချောမောလှပသည့် အကိုချောချောလေးထံ မျက်လုံးမခွာနိုင်ပဲ ငေးမောနေကြတယ် ။

အသက် ၃၀ ကျော်နေပြီဖြစ်တဲ့မြတ်ရှားက မထင်ထားလောက်အောင်နုပျိုပြီး လှပနေတုန်းပဲ ။ ဒီအလှကသူ့အမေဆီကနေအမွေရထားတာလို့ပြောရင်မမှားဘူး ။ ရှမ်းဗမာကပြားလေး ခွန်းမြတ်ရှားက ရုပ်ချောပြီးသဘောအလွန်ကောင်းသူလဲဖြစ်တယ် ။

" ကလေးတို့ မင်းတို့အတွက် အကိုမုန့်တွေအများကြီးယူလာတယ် အတန်းစီပြီး တစ်ယောက်ချင်း လာယူနော် "

မြတ်ရှားက ဂေဟာရှိကလေးတွေအားလုံးကို ပါလာတဲ့မုန့်တွေဝေပေးလိုက်တယ် ။ ဘေးနားကနေ ဆရာ ဆရာမတစ်ချို့ကလဲ လာရောက်ကူညီပေး၍ မုန့်ဝေပေးခြင်းကအလွယ်တကူပြီးမြောက်သွားခဲ့တယ် ။ မုန့်ထုတ်လေးတွေနဲ့အအေးဘူးလေးတွေပိုက်ပြီး ကလေးငယ်လေးတွေက ပျော်ရွှင်စွာခုန်ပေါက်ရင်း အသီးသီးမိမိနေရာထံသို့ ပြန်သွားကြတယ် ။

ဆရာမလေးတွေတစ်ချို့က မြတ်ရှားလိုလှပတဲ့ အမျိုးသားကိုမမြင်ဖူး၍ ခိုးခိုးပြီးကြည့်နေကြပေမဲ့ စကားမပြောရဲကြဘူး ။ မြတ်ရှားက လှပပြီးတည်ငြိမ်အေးချမ်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့အပြင် သူ့ရဲ့ခန္ဓာကိုယ်နဲ့လိုက်ဖက်စွာဝတ်ဆင်ထားပုံက အရမ်းကိုလူကြီးလူကောင်းဆန်လွန်းလှတယ် ။ သူကသူ့အသက်အရွယ်ယောက်ျားသားတွေနဲ့ယှဉ်ရင်ခန္ဓာကိုယ်သေးပေမဲ့ အမျိုးသမီးတွေနဲ့ယှဉ်ရင်တော့ အရပ်ကခေါင်းတစ်လုံးစာပိုမြင့်တဲ့အတွက် သူမတို့အားကိုချင်စရာ လူကြီးလူကောင်းပုံစံမျိုးပဲ ။ သူကသဘောကောင်းပေမဲ့ တော်ယုံပြုံးတာရှားတယ် ။ သူကြုံတွေ့ခဲ့ရတဲ့ လောကဓံတွေကြောင့်လဲပါတာပေါ့ ။ ဒါပေမဲ့သူကနူးညံ့ပြီးသဘောကောင်းတဲ့လူတစ်ယောက်ဆိုတာကို သူနဲ့စကားပြောကြည့်တဲ့အခါ သိလိမ့်မယ် ။

ထိုစဉ်အသက်ကြီးရင့်ပြီဖြစ်တဲ့ ကျောင်းအုပ်ဆရာမကြီးက သူတို့ရှိရာထံ လျှောက်လှမ်းလာတယ် ။ သူမရဲ့မျက်လုံးတွေက မှုန်နေပြီဖြစ်၍ လူငယ်လေးကဘယ်သူလဲဆိုတာသိရဖို့ မျက်ခုံးတွေကိုကျုံ့ကာ ကြိုးစားပြီးကြည့်နေရတယ် ။ မြတ်ရှားက ဆရာမကြီးကိုမြင်တော့ အပြေးလေးသွားပြီး လက်ကိုဆုတ်ကိုင်ကာ ပျော်ရွှင်နေတဲ့အသံဖြင့် နှုတ်ဆက်လိုက်တယ် ။

" မေမေကြီး "

သူမက လူငယ်လေးရဲ့ရုပ်ရည်ကိုမခန့်မှန်းနိုင်ခဲ့ပေမဲ့ ခေါ်သံကိုကြားတော့ ချက်ချင်းပြုံးသွားတယ် ။

" မြတ်ရှားလေး "

" ဟုတ်ကဲ့ ... ကျွန်တော်မြတ်ရှားပါ "

" အိုး ... ကလေးလေးတောင် အရွယ်ရောက်လာပြီပဲ "

သူမက မြတ်ရှားကိုကြည့်ကာ အားရဝမ်းသာဖြင့် ပွေ့ဖက်လိုက်တယ် ။ မွေးကတည်းက သူမလက်ထဲမှာပဲကြီးပြင်းခဲ့တဲ့ ဒီကလေးလေးက တစ်ခြားကလေးတွေထက်သူမအပေါ်မိဘအရင်းလိုခင်သွယ်ပြီး သူမကလဲ မြေးအရင်းတစ်ယောက်လိုသဘောထားခဲ့တယ် ။ သူ့ရဲ့အမေနန်းခွန်းချယ်​ကလဲ သူမရဲ့သမီးအရင်းလေးတစ်ယောက်လိုပါပဲ ။ ခုတော့မရှိတော့ရှာဘူး ။

မြတ်ရှားကို ချမ်းသာတဲ့ မိသားစုတစ်စုက မွေးစားဖို့တောင်းခံလာတော့ သူမမထည့်ပေးချင်ပေမဲ့ ကလေးရဲ့ရှေ့ရေးကိုတွေးပြီး ဒီလိုနေရာမှာရှင်သန်ရတာထက် ထောက်ပံ့ပေးမဲ့မိသားစုရှိတာက ကလေးရဲ့ရှေ့ရေးကိုပိုအဆင်ပြေစေတာကြောင့် ထည့်ပေးလိုက်ရတယ် ။ ခုဆိုမြတ်ရှားလေးထွက်သွားတာ ၁၂ တောင်ရှိခဲ့ပြီ ။ သူမရှေ့ကလူငယ်လေးက ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတာမြင်ရတော့ သူမပျော်မဆုံးဖြစ်ရတယ် ။

မြတ်ရှားကပါလာတဲ့လက်ဆောင်ပစ္စည်းတွေကို ဆရာ/ဆရာမတွေနဲ့အဖွားကို ပေးလိုက်တယ် ။ အဖွားအတွက်ကတော့ ပိုများတာပေါ့ ။ သူမလာတာကြာပြီဆိုပေမဲ့ အမြဲအလုပ်ကရတဲ့လစာလေးတွေကို ဒီကျောင်းအတွက်လိုရာသုံး ထောက်ပံ့ဖြစ်ခဲ့တယ် ။ ဒိထပ်အဆင်ပြေရင်တော့ ကလေးတွေအတွက်ပိုကောင်းမွန်တဲ့ အဆောင်သစ်တွေပါထပ်ဆောက်ပေးဖို့စဉ်းစားထားတယ် ။

အဖွားကရှမ်းခေါင်းပေါင်းကြီးကိုပေါင်းထားပြီး လှပစွာဝတ်ဆင်ထားတယ် ။ သူမကအရမ်းကိုလှပတင့်တယ်ပေမဲ့ သူ့မမျက်နှာလေးကချောင်ကျနေပြီး အသားကလဲဝါနေတယ်လို့ မြတ်ရှားမြင်မိတာနဲ့ မေးကြည့်လိုက်တယ် ။

" ​မေမေကြီး ဘာလို့နေရင်းကိုခေါင်းပေါင်းဝတ်ထားရတာလဲ ... ပြီးတော့အသားကလဲဝါနေသလိုပဲ ... နေရောကောင်းရဲ့လားဟင် "

သူမက သူမလက်ဖဝါးလေးကိုဆုတ်ကိုင်ထားတဲ့ မျက်ရှားလက်လေးကို ပြန်ဆုတ်ကိုင်ထားပြီး ...

" ​နေကောင်းတာပေါ့ ... ဒီနေ့ကမြတ်ရှားလေးမွေးနေ့မလို့ အဖွားကဒီလိုပြင်ဆင်ထားတာ ... ဒီဝတ်ဆုံးလေးက မြတ်ရှားလေးမေမေ ခွန်းချယ်ဝယ်ပေးထားတာလေးလေ ... ဖွားဖွားနဲ့လိုက်ရဲ့လား "

" အရမ်းလိုက်တယ် ... အဲ့ဒါကြောင့်မေမေကြီးက ဒီနေ့လှလှပပလေးပြင်ဆင်ထားတာပေါ့လေ "

" ဒါပေါ့ ... မြတ်ရှားလေးမွေးနေ့မှာ ဖွားဖွားကလှလှလေးဖြစ်​နေအောင်ကိုပြင်ထားတာ "

မြတ်ရှားစိတ်ထဲမှာ ဘာကြောင့်မှန်းမသိ ဝမ်းနည်းသလိုခံစားနေရတယ် ။ အမေ့ရဲ့အကြောင်းကိုပြောလိုက်လို့များလား ။ ဖြစ်နိုင်ပါတယ် ဒါကသူဖြစ်နေကြခံစားချက်မျိုးပဲ​လေ ...

မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့မြေးအဖွားတွေစကားတွေပြောနေစဉ် မြတ်ရှားထံသို့ ဖုန်းကောတစ်ခုဝင်လာတယ် ။ ဖုန်းကိုင်လိုက်တော့ တစ်ဖက်ကလူဟာ မောဟိုက်နေပြီး ကြောက်လန့်နေတဲ့အသံဖြင့်ဆိုလာခဲ့တယ် ။

" မြတ် ... မြတ်ရှားလား "

မခေါ်စဖူးဒါရိုက်ဘာဦးကျော်က ဖုန်းခေါ်လာခြင်းဖြစ်တယ် ။ သူ့ရဲ့အသက်ရှူသံတွေပြင်းထန်နေပုံထောက်ရင် ကိစ္စကြီးတစ်ခုခုဖြစ်နေပြီဆိုတာ မြတ်ရှားသဘောပေါက်လိုက်တယ် ။

" ဟုတ်ကဲ့ ... ဦးကျော် ... ပြောပါ "

" ဟိုလေ ... အ အကိုလေး အက်စိဒန့်ဖြစ်လို့ ... အိမ်တော်ကိုအမြန် ... "

" ဘာ !! အကိုလေး အက်စိဒန့်ဖြစ်လို့ ဟုတ်လား "

တစ်ဖက်လူရဲ့စကားကိုပင်ဆုံးအောင်နားမထောင်တော့ပဲ မြတ်ရှားအလန့်တကြားဖြင့်ပြန်အော်မိသွားတယ် ။ အကိုလေးနဲ့ပတ်သပ်လာရင် သူ့ရဲ့ခံစားမှုတွေက အလိုလိုပြင်းထန်နေကာ သူ့ရင်ထဲကပူလောင်လာတယ် ။ အကိုလေးကဘယ်လိုဖြစ်ပြီး မန္တလေးကိုပြန်ရောက်လာတာလဲ ။ သူ့ကိုလဲကြိုမပြောပဲ အမြဲထိတ်လန့်အောင်ပဲလုပ်တယ် ။ ဒီလိုမှန်းသိရင် သူဂေဟာကို​တောင် ထွက်လာမိမှာမဟုတ်ဘူး ။

ဖုန်းကိုင်ထားတဲ့လက်တွေကတုန်နေပြီးတော့ ခြေထောက်တွေကပြေးထွက်သွားဖို့ပြင်နေမိတယ် ။ ပြီးတော့မှသတိရသွားကာ အဖွားကိုနှုတ်ဆက်လိုက်တယ် ။

" မေမေကြီး ကျွန်တော် ... "

" သွားပါမြတ်ရှားလေး ... မင်းရဲ့အကိုလေးကိုဂရုစိုက်လိုက်ပါ ... သူတို့မိသားစုက သားရဲ့ကျေးဇူးရှင်တွေ ... သူတို့ကျေးဇူးကိုသားမမေ့ရဘူး ... နောက်အခွင့်ကြုံရင်တော့ မေမေကြီးဆီလာလည်ပေါ့ "

" ဟုတ်ကဲ့ ... ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ် "

သူ့ရဲ့အသံတွေကတုန်နေပြီး ကြောက်ရွံ့နေတာကိုမြင်ရတော့ အဖွားက သတိပေးစကားဆိုလိုက်တယ် ။

" ကားကိုဂရုစိုက်ပြီးမောင်းနော် "

" ဟုတ်ကဲ့ "

မြတ်ရှားက ထွက်မသွားမှီ သူမကိုလက်အုပ်ချီပြီး ကန်တော့ပြီးမှ ထွက်ခွာသွားတယ် ။ ကားလေးကျောင်းဝင်းထဲကနေထွက်သွားတဲ့အချိန်ထိ သူမရပ်ကြည့်နေခဲ့တယ် ။ သူမရဲ့ဒူးတွေကတဖြေးဖြေးယိုင်နဲ့လာပြီး အားမတင်းနိုင်တော့ပဲ လဲကျသွားတယ် ။

" ဆရာမကြီးရှင့် ... ဆရာမကြီး "

ဘေးနားကဆရာမလေးတွေက တွဲထူပေးထားပြီးအော်ခေါ်နေကြတယ် ။ သူမကတော့မျက်နှာလေးကပြုံးနေပေမဲ့ မျက်လုံးတွေကတော့ပိတ်ကျသွားလေတယ် ။

မြတ်ရှားတစ်ယောက် အတွေးတွေယောက်ယက်ခပ်နေပေမဲ့ ဂေဟာထဲကနေပြန်ထွက်လာတော့ ရင်းနီးတဲ့ပတ်ဝန်းကျင်တွေနဲ့ပြန်ဆုံလိုက်ရချိန်မှာ အတိတ်ကတွေ့ဆုံမှုလေးတစ်ခုကို ပြန်သတိရသွားခဲ့လေတယ် ။ ဒါတွေကအတိတ်ကဆိုပေမဲ့လဲပေါ့ ...

လွန်ခဲ့သော ၁၃ နှစ်ခန့်က ~~~

​မြတ်ရှားက ဒီဂေဟာမှာပဲမွေးပြီး ဒီဂေဟာမှာပဲကြီးပြင်ခဲ့သူတစ်ယောက်ပေါ့ ။ သူ့အမေနန်းခွန်းချယ်က ဒီကျောင်းရဲ့ဆရာမလေးတစ်ယောက် ကျောင်းအုပ်ဖွားဖွားကြီးရဲ့အချစ်တော်လေး ။ သူမကသဘောကောင်းပြီးနှုတ်ချိုတဲ့အပြင် လှပတဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားတဲ့ ရှမ်းမလေးတစ်ယောက် ။ ဒါပေမဲ့ဗမာစကားနဲ့ မြန်မာစာကောင်းကောင်းတတ်တဲ့အပြင် မြန်မာစာဆရာမလေးတစ်ယောက်လဲဖြစ်တယ် ။

မြတ်ရှားကအဖေမရှိပဲမွေးလာခဲ့တဲ့ကလေးမို့ သိမ်ငယ်ရပေမဲ့ အမေ့ရဲ့အချစ်တွေကိုအပြည့်အဝရရှိသူမို့ ဘာကိုမှမမှုခဲ့ဘူး ။ ကံဆိုးတာက သူ့မှာမွေးရာပါအားနည်းတဲ့ရောဂါရှိနေပြီး သူ့ရဲ့အသက် ၆ နှစ်အရွယ်ခန္ဓာကိုယ်က ၄ နှစ်အရွယ်လောက်သာရှိနေခဲ့တယ် ။ ဒါကြောင့်သူ့ကို သာမန်ကလေးတွေနဲ့အတူမထားပဲ အမေနဲ့အဖွားကပဲသီးသန့်စောင့်ကြည့်ပေးခဲ့တယ် ။

နှေးကွေးတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကြောင့် ကျောင်းနေစဉ်အရွယ်မှာ သာမန်ကလေးတွေထက် သုံးနှစ်နောက်ကျပြီးမှ ကျောင်းတက်ခဲ့ရတယ် ။ ကံကောင်းတာတစ်ခုက သူဟာဉာဏ်ကောင်းပြီးစာတော်ကာ ထူးချွန်ဆုများပင်ရရှိခဲ့တယ် ။ သူ့အသက် ၁၈ နှစ်အရွယ်မှာ သူနဲ့ရွယ်တူတွေ သက္ကသိုလ်တက်နေကြပေမဲ့ သူကတော့ ၁၀ တန်းသာရှိသေးတယ် ။

မြတ်ရှားအသက် ၁၅ နှစ်မှာ ရုတ်တရပ် အမေဖြစ်သူ ဆုံးသွားခဲ့တယ် ။ ကံတရားက အရမ်းကိုမြန်ဆန်လွန်းလို့ မယုံကြည်နိုင်ခဲ့ဘူး ။ အဲ့ဒိနေ့ကသူ့မွေးနေ့လဲဖြစ်သလို သူနဲ့အမေနဲ့ဖုန်းပြောနေတဲ့အချိန်မှာပဲ ဆူညံတဲ့ကားတိုက်သံကြားလိုက်ရပြီး ဒါဟာသူနဲ့သူ့အမေရဲ့နောက်ဆုံးဆယ်သွယ်မှုလေးတစ်ခုဖြစ်သွားခဲ့တယ် ။ ရဲတွေပြောတာတော့အမေက ကာအက်စိဒန့်ဖြစ်ပြီး ကားကခြောက်ထဲထိုးကျသွားလို့ အလောင်းတောင်ပြန်မကောက်နိုင်ခဲ့ဘူးတဲ့ ။ ကားလမ်းဘေးမှာကျန်နေခဲ့တဲ့ အမေ့ရဲ့ဖုန်းနဲ့ အထဲမှာမွေ့နေ့ကိတ်လေးနဲ့ကစားစရာအရုပ်လေးတွေပါတဲ့ လက်ဆွဲခြင်းတောင်းလေးရယ် ပြီးတော့အမေအမြဲပန်နေကြဆံထိုးလေးရယ်လာပေးသွားတယ် ။ ဒါကြောင့်အမေသေပြီဆိုတာကို မြတ်ရှား အချိန်အတော်ကြာကြာလက်မခံနိုင်ခဲ့ဘူး ။ သူအချစ်ရဆုံးသူကိုဆုံးရှုံးရတဲ့ဒီမွေးနေ့ရက်က သူ့အတွက်တော့ ပြဿဒါတစ်ခုလိုပဲ ။

ဒီလိုနဲ့ တစ်နေ့မှာ အမေ့ရဲ့ကျန်ရှိနေတဲ့ဆံထိုးလေးမြှုတ်ထားတဲ့ သစ်ပင်အောက်ကိုသွားပြီး အမေ့ကိုရည်စူးပြီးတော့ ကန်တော့ခဲ့တယ် ။ မြတ်ရှားသစ်ပင်ရိတ်အောက်မှာထိုင်ရင်း ကျောင်းစာအုပ်ကိုဖတ်နေစဉ် ဂေဟာထဲဝင်လာတဲ့အနက်ရောင်ကြောင်လေးကိုတွေ့ကာ ပွေ့ချီပြီးချော့မြှူလိုက်တယ် ။ သူကလူတွေထက် တိရိစ္ဆန်လေးတွေကိုပိုချစ်တယ် ။ သူတို့ကဟန်မဆောင်တတ်ဘူး ကွယ်ရာမှာသူများအတင်းလဲမပြောတတ်ဘူး ။ မြတ်ရှားအတွက်ကတော့ လူတွေသူ့အပေါ်ဘယ်လိုပြုမူနေပါစေ လစ်လျှူရှုထားပြီး အရေးမစိုက်ပဲနေလိုက်တယ် ။ ဒါကသူ့အမေသင်ပေးခဲ့တဲ့ အေးချမ်းတဲ့နည်းလမ်းပဲ ။

ကြောင်လေးက လူနဲ့ရင်းနီးတာကြောင့် လူကိုပွတ်သပ်ကာ ချစ်စရာကောင်းအောင် ပြုမူနေတယ် ။ ထိုစဉ်တန်ဖိုးကြီးဇိန်ခံကားတစ်စီးက ကျောင်းဝန်းထဲဝင်လာပြီး ချမ်းသာတဲ့အမျိုးသမီးနဲ့အမျိုးသားတို့ ဆင်းလာကြတယ် ။ မြတ်ရှားက တန်ဖိုးကြီးကားကို တစ်ကြိမ်တစ်ခါမှမမြင်ဖူး၍ ငေးကြည့်နေစဉ်ကြောင်လေးထွက်သွားတာကို သတိမထားလိုက်မိဘူး ။

ကားရဲ့အနောက်ခန်းထဲမှာတော့ ငယ်ရွယ်ပြီးခက်ထန်တဲ့မျက်နှာထားနဲ့ကောင်လေးတစ်ယောက်ထိုင်နေကာ တစ်စုံတစ်ရာကိုအလိုမကျတဲ့ပုံစံပေါ်နေတယ် ။ သူကမိဘတွေနောက်လိုက်မသွားပဲ ပေကပ်ကပ်နဲ့ ကားပေါ်မှာထိုင်နေပြီး ကားသမားကိုဆူငေါက်နေပုံပေါ်တယ် ။ ကားသမားက မျက်နှာငယ်ဖြင့်ခေါင်းငုံ့နေတော့ ထိုကောင်လေးက အလိုမကျစွာ ကားတံခါးကို ကန်ဖွင့်ပြီးဆင်းလာပြီးတဲ့နောက် စောင့်ပိတ်ချလိုက်တယ် ။ တံခါးပိတ်သံကကျယ်လောင်လွန်းတော့ မြတ်ရှားလန့်သွားပြီး ထိုခက်ထန်တဲ့ကောင်လေးကို ဆက်မကြည့်ရဲတော့ဘူး ။

ရင်ခွင်ပေါ်ကိုကြည့်လိုက်တော့ ကြောင်လေးကမရှိနေတော့ မြတ်ရှားအနီးအနားကို ရှာဖွေကြည့်လိုက်တယ် ။ ဒါပေမဲ့မတွေ့ရဘူး ။ ခနနေတော့ မနီးမဝေးကကြောင်အော်သံထွက်လာပေါ်လာတယ် ။ အသံကြားရာကိုကြည့်မိတော့ ကြောင်မဲလေးက စောစောကခက်ထန်ကြမ်းတမ်းတဲ့လူငယ်ရဲ့လက်ထဲမှာရှိနေပြီး လည်ဂုတ်ကိုဆုတ်ကိုင်ခံထားရခြင်းကြောင့် တွန့်လူးကာနာကျင်စွာဖြင့်အော်နေတာကို မြတ်ရှားမြင်လိုက်ရတယ် ။

" ကျစ် ... ဒီရုပ်ဆိုးတဲ့ကြောင်က ဘယ်ကရောက်လာတာလဲ ... ရာရာစစငါ့ကားထဲကိုဝင်ဖို့ကြိုးစားတယ် "

" အကိုလေး ... ဒီကြောင်က ကျောင်းကဖြစ်လိမ့်မယ် "

" ဘယ်ကဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ... ဒီကောင်ကို ရှင်းပြစ်လိုက် "

" ဗျာ "

ကြောင်ကကြောက်လန့်ပြီး ရုန်းကန်တော့ ကောင်လေးရဲ့လက်ကိုလက်သဲနဲ့ကုတ်ခြစ်မိသွားတယ် ။

" အား ... ကျစ် ... နာတယ်ဟ "

ကြောင်ကိုကိုင်ပေါက်လိုက်တော့ မြေပြင်ပေါ်မရောက်မှီမြတ်ရှားက အချိန်မှီဖမ်းထားနိုင်လိုက်တယ် ။ ကြောင်လေးက ကြောက်ပြီးတုန်နေသလို မြတ်ရှားလဲဒေါသကြီးတဲ့ထိုကောင်လေးကိုကြည့်ပြီး ဘာအသံမှမထွက်ရဲခဲ့ဘူး ။ ဒီကောင်လေးကအသက်ငယ်ပုံပေါ်ပေမဲ့ အရမ်းခက်ထန်လွန်းနေတယ် ။ မြတ်ရှားလဲကြောင်လေးကိုမကြောက်အောင် ခေါင်းလေးကိုပွတ်ပေးလိုက်တယ် ။

ကောင်လေးက ကြောင်ကိုလူတစ်ယောက်ကဖမ်းလိုက်တာမြင်တော့ ဒေါသထွက်သွားပြီး မျက်မှောင်ကြုတ်လျှက်ဆိုလာတော့တယ် ။

" ကြောင်ပိုင်ရှင်က မင်းလား "

" မဟုတ်ဘူး "

မြတ်ရှားလဲ အလန့်တကြားနဲ့ငြင်းလိုက်တယ် ။ အတန်းထဲမှာပစ္စည်းပျောက်လို့ ဆရာက ပစ္စည်းခိုးတာမင်းလားလို့ မေးခံလိုက်ရတဲ့ခံစားချက်နဲ့အတူတူပဲ ။ သူမှမဟုတ်တာ ဘာလို့ငြိမ်နေမှာလဲ မဟုတ်ဘူးပဲပေါ့ ။

" ဒါဆိုဘာလို့ ငါ့ကိုလာနှောက်ယှက်နေတာလဲ ... အဲ့အကောင်က ရာရာစစငါ့ကိုများ ကုတ်သွားရဲတယ် ... အသက်ရှင်ဖို့မမျှော်လင့်နဲ့ ... ငါ့ကိုပြန်ပေးစမ် "

အမိန့်ပေးသံက အရွယ်နဲ့မလိုက်အောင် ရင့်သီးလွန်းတယ် ။ သူငယ်လေးရဲ့မျက်လုံးထဲမှာ လူသတ်ချင်တဲ့အငွှေ့အသက်တွေပါနေပြီး ကြောင်လေးကိုသာပေးလိုက်ရင် ကြောင်လေးဘဝကမတွေးရဲစရာပဲ ။ သူကယ်မှရတော့မှာမို့ မြတ်ရှားက ကြောင်လေးကိုပို၍တင်းကြပ်စွာပွေ့ဖက်လိုက်ပြီး ထပ်မံငြင်းဆန်လိုက်တယ် ။

" မပေးနိုင်ဘူး ... မင်းသူ့ကို သတ်ခွင့်မပြုဘူး "

အနောက်မှာရပ်နေတဲ့ ဒရိုက်ဘာက ဒေါသကြီးတဲ့သခင်လေးကိုလဲမတားရဲသလို ခေါင်းမာနေတဲ့ကောင်လေးကိုလဲသနားမိပြန်တယ် ။ ဒါပေမဲ့ ဒီပွဲမှာသူပါဝင်ဖို့ စိတ်ကူးမရှိဘူး ။ သူ့နေရာမှာတစ်ခြားသူဆိုရင်လဲ မသိဟန်ဆောင်ကာ ခေါင်းရှောင်ဖို့သာစဉ်းစားကြလိမ့်မယ် ။ ဒီသခင်လေးလို အရွယ်နဲ့မလိုက်အောင် ဒေါသကြီးပြီးရက်စက်တဲ့သူ နှစ်ယောက်မရှိနိုင်ဘူးဆိုတာ သိနေလို့ပဲ ။

မြတ်ရှားက ကြောင်လေးကို အဝေးပြေးအောင်လွှတ်ပေးလိုက်တာမြင်တော့ ကောင်လေးရဲ့ဒေါသတွေက ပေါက်ကွဲထွက်သွားပြီး မြတ်ရှားအားအင်္ကျီကော်လံကနေဆွဲကိုင်ကာ ကိုယ်သေးသေးလေးကို ဆွဲစောင့်လိုက်တယ် ။ ခန္ဓာကိုယ်ချင်းနီးကပ်သွားတော့မှ ထိုကောင်လေးက အရပ်ပိုရှည်ပြီး ခန္ဓာကိုယ်က မြတ်ရှားထက်ထွားကာ ပိုပြီးလဲဆွဲဆောင်မှုရှိနေမှန်း သိလိုက်ရတယ် ။ သူခုနကချီးကျူးလိုက်တဲ့ကောင်လေးက သူ့ရဲ့မျက်နှာကို လက်သီးနဲ့ပိတ်ထိုးလိုက်လိမ့်မယ်လို့ မြတ်ရှားထင်မထားခဲ့ဘူး ။

' ခွပ် '

အားပြင်းတဲ့လက်သီးကြောင့် နှုတ်ခမ်းဒေါင့်ကသွေးများစီးကျလာပြီး ငံကျိကျိအရသာကိုပါ ခံစားလိုက်ရတယ် ။ မွေးကတည်းကနေ ခုအချိန်ထိ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမခံရဘူးတဲ့မြတ်ရှားတစ်ယောက် ကြောက်လန့်ပြီးမလှုပ်ရှားရဲတော့ဘူး ။ နောက်ထပ်ကျရောက်လာမဲ့ လက်သီးချက်ကိုသာ မျက်လုံးစုံမှိတ်ထားပြီး မျက်နှာကိုကွယ်လျှက် အတတ်နိုင်ဆုံးရှောင်ဖယ်ဖို့ကြိုးစားလိုက်တယ် ။ နောက်မှာရပ်နေတဲ့လူကလဲ မတားစီးရဲတာကြောင့် အကူအညီပြေးခေါ်ဖို့ထွက်သွားပုံရတယ် အကူအညီတောင်းခံသံကိုကြားလိုက်ရတယ် ။ မျက်နှာပေါ် နောက်ထပ်လက်သီးချက်မရောက်လာခင်မှာပဲ အမျိုးသားတစ်ယောက်ရဲ့ မာထန်တဲ့အော်သံ ထွက်ပေါ်လာခဲ့ ။

" ဇျာန်ဇိုင်းထက် ... ခုချက်ချင်းရပ်စမ်း "

ထိုအခါမှ ဒေါသထွက်နေတဲ့ကောင်လေးရဲ့ ချိန်ရွယ်ထားတဲ့လက်သီးက ဖြေလျော့သွားတယ် ။ဒါပေမဲ့သိပ်တော့ကျေနပ်ပုံမရသေးဘူး ။ သူကမြတ်ရှားကိုခြေထောက်နဲ့တစ်ချက် ကန်လိုက်သေးတယ် ။ မျက်နှာပေါ်အထိုးခံရတာထက်တော့ခံသာပါသေးတယ် ။

အနောက်ကရောက်လာတဲ့လူက ကားပေါ်ကဆင်းသွားတဲ့ ချမ်းသာသည့်လင်မယားဖြစ်တယ် ။ ဦးလေးကြီးကလဲ သူ့အရှေ့ကကောင်လေးလို မာထန်တဲ့မျက်နှာထားရှိနေခြင်းကြောင့် သားအဖမှန်း မြတ်ရှားသဘောပေါက်သွားတယ် ။ တော်တော့်ကိုတူကြတာပဲ ။ အမျိုးသမီးကတော့ ဦးလေးကြီးထက်အသက်ပိုငယ်ပုံပေါ်တယ် ။ ချိုသာသည့်မျက်ဝန်းများနဲ့ သနားဂရုဏာသက်စွာ သူ့ကိုကြည့်လာတယ် ။ ပြီးနောက် သူမက မြေပြင်ပေါ်လဲကျကာ ဒါဏ်ရာရထားတဲ့ မြတ်ရှားကို ဆွဲထူးပေးလာတယ် ။

" အဆင်ပြေရဲ့လား "

မြတ်ရှားလဲ ကိုယ်ပေါ်ကဖုန်တွေကိုခါလိုက်ပြီး ...

" အဆင်ပြေပါတယ်ဗျ "

သူ့အရှေ့ကကောင်လေးကိုကြည့်လိုက်တော့ အပြစ်ရှိတဲ့စိတ်ရှိပုံမပေါ်တဲ့အပြင် တားစီးလိုက်တဲ့ထိုလူတွေကို မကျေမနပ်ဖြင့်တောင် ကြည့်နေသေးတယ် ။ ဦးလေးကြီးက သူ့သားဖြစ်သူရဲ့ပုံစံကိုကြည့်ကာ စိတ်ပျက်လက်ပျက်အသံဖြင့် ဆိုလာတယ် ။

" ဇိုင်းထက် ... မင်းကိုဘာပြဿနာမှမရှာပဲ အငြိမ်နေဖို့ ငါမပြောခဲ့ဘူးလား "

" ကျွန်တော်က ဘာလုပ်နေလို့လဲ ... သူကအရင်လာရှုတ်တာ "

" တော်တော့ ... မင်းကစပြီးသူ့ကိုထိုးလိုက်တာ ငါမမြင်ဘူးထင်နေလား "

" သူကအရင်ထိုးအောင်လာလုပ်တာလေ ... ဘာလို့ကျွန်တော့အပြစ်ဖြစ်ရမှာလဲ "

" မင်းရဲ့အကျင့်တွေက ဘာကြောင့်ဒီလောက်ထိဆိုးရွားနေတာလဲ ဟမ် ... ငါ့ရဲ့သင်ပြမှုတွေကို ဂရုမစိုက်တာလား "

" အဖေ့သားကဒီပုံစံအတိုင်းပဲ ... ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး "

" မင်း "

သားအဖနှစ်ယောက်ရဲ့အခြေအနေကတင်းမာလာတော့ ဘေးနားကအမျိုးသမီးက အခြေအနေကိုထိန်းဖို့စကားချိုချိုလေးနဲ့ဆိုလိုက်တယ် ။

" တော်ပါတော့အကိုရယ် ... ဇိုင်းကငယ်ပါသေးတယ် ... ကြီးလာရင်သူပြောင်းလဲသွားမှာပါ "

" မင်းကဘာကြောင့် သူ့ဘက်ပါနေရတာလဲ ... ဒီကောင်ကပိုပိုဆိုးဖို့ပဲရှိတယ် "

သူမကသားအဖနှစ်ယောက်ကိုတားလို့မရတော့ စကားလမ်းကြောင်းလွှဲဖို့ မြတ်ရှားထံလှည့်လာပြီး အပြုံးချိုလေးနဲ့မေးလာတယ် ။

" ဒါနဲ့ မင်းက ခွန်းမြတ်ရှားလား "

မြတ်ရှားက သူ့အားမေးလာတော့ ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်တယ် ။

" ဟုတ်ကဲ့ဗျ "

" မကြောက်ပါနဲ့ ... အန္တီသားအစား တောင်းပန်ပါတယ်နော် "

" ဘယ်သူက ခများသားလဲ ... မိထွေးကမိထွေးလိုနေ "

ကောင်လေးရဲ့ဒေါသတွေက သူမထံဦးတည်လာတော့ သူမက သူဌေးကြီးရဲ့လက်ကို အားကိုးတကြီးဆွဲကိုင်လိုက်တယ် ။ သူဌေးကြီးကလဲ သူ့သားကိုအသံမာမာနဲ့ သတိပေးလိုက်တယ် ။

" ဇိုင်းထက် ... တော်တော့ "

" အဖေကအမြဲ အဲ့မိန်းမဘက်ကပဲ ... အဲ့ဒါကိုမကြိုက်တာ ... ဘယ်သူက သူ့သားမလို့လဲ ... စောက်ရေးမပါတာတွေ "

ထိုအခါ သူမက သနားစရာကောင်းအောင် အသံတိုးတိုးဖြင့် ဆိုလာတယ် ။

" အန်တီလီက သားဇိုင်းကို ပြဿနာမဖြစ်စေချင်လို့ပါ ... သားခုလိုဒေါသထွက်လွယ်ရင် လူတွေက သားကိုအပြစ်ဆိုကြလိမ့်မယ် "

" ဒါဆိုလဲသူတို့ကိုပိုက်ဆံနဲ့ပြစ်ပေါက်လိုက်ရင်ပြီးပြီပဲမဟုတ်လား ... ခများတို့လုပ်နေကြပဲလေ ... ဘာကိုဂရုစိုက်နေရမှာလဲ "

" ဒီကောင်ကတော့ "

" အကို တော်ပါတော့ "

ထိုကောင်လေးကနှာတစ်ချက်မှုတ်လိုက်ပြီး ဘာဆိုဘာမှဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ ကားပေါ်ပြန်တက်သွားကာထိုင်နေတယ် ။ မြတ်ရှားကသူတို့ကိုကြည့်ပြီး အနည်းငယ်သဘောပေါက်သွားတယ် ။ ချမ်းသာကြွယ်ဝပေမဲ့ ဒီကောင်လေးကလဲ သူတို့မိဘမဲ့တွေလို မိဘမေတ္တာအပြည့်အဝမရရှာဘူးဆိုတာကိုပေါ့ ။ မြတ်ရှာကောင်လေးကိုတောင် အနည်းငယ်သနားမိသွားတယ် ။

သူဌေးကြီးက ညည်းညူလာတယ် ။

" သူ့ရဲ့ပုံစံကိုကြည့်ပါအုံး ... အသက်ကဖြင့် ၁၅ နှစ်ပဲရှိသေးတယ် ... ကြီးလာရင်သူ့ကိုဘယ်လိုထိန်းကျောင်းရမလဲ ငါဖြင့်တွေးပြီးရင်မောတယ် "

" အကိုရယ် ဇိုင်းကငယ်ပါသေးတယ် ... သူပြောင်းလဲမှာပါ "

ကောင်လေးကခုထိ ဒေါသမပြေသေးတဲ့ပုံစံနဲ့ မျက်မှောင်ကြုတ်လျှက် ကားပေါ်မှာထိုင်နေပြီး သူ့အကြည့်တွေကတော့ မြတ်ရှားထံရောက်နေတယ် ။ မြတ်ရှားက ကောင်လေးရဲ့စူးရဲတဲ့အကြည့်တွေကိုရှောင်ရှားဖို့ ခေါင်းကိုငုံ့ထားလိုက်တယ် ။ သူထွက်သွားချင်ပေမဲ့ ထွက်သွားလို့မရသေးဘူး ။ အကြောင်းကသူတို့အနားကို ဂေဟာမှူးရောက်လာခြင်းကြောင့်ပဲ ။

" ဦးဇျာန်ရှိုင်းနဲ့ မအင်္ဇလီ ... ရှင်တို့ မြတ်ရှားလေးကို မွေးစားချင်တာ သေခြာရဲ့လား "

ထိုစကားက မြတ်ရှားကို ခေါင်းနပမ်းကြီးသွားစေတယ် ။

ဘာ !! မွေးစားမယ်ဟုတ်လား ။ ဘယ်သူက ဒီကြမ်းတမ်းတဲ့လူဆိုးကောင်ရှိတဲ့နေရာမှာ နေချင်မှာလဲ ... မလိုက်နိုင်ပါဘူး ...

" သေချာပါတယ်ရှင် ... ကျွန်မတို့ ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ပေးမှာပါ "

" ဒါပေမဲ့ ရှင်တို့မှာလဲ သားတစ်ယောက်ရှိနေတာပဲ "

" အမှန်တိုင်းပြောရရင် ကျွန်မက ကလေးမရနိုင်ဘူး ... ကျွန်မတို့ ၂ ယောက်လုံးကလဲအလုပ်များတော့ သားလေးကိုအဖော်မပြုပေးနိုင်ဘူးလေ ... ဒါကြောင့်သားလေးအတွက်အဖော်တစ်ယောက်လောက်ရအောင်မွေးစားချင်တာပါ "

" မြတ်ရှားလေးက လူကောင်ကသေးနေပေမဲ့ အသက်က ၁၈ နှစ်ရှိပြီ ... ရှင်တို့သားထက်ကြီးမယ်ထင်တယ် "

" ဇိုင်း ထက် ၃ နှစ်ကြီးတာပဲ ... ကိစ္စမရှိပါဘူး သူ့မှာအကိုတစ်ယောက်ရတော့ ပိုကောင်းသွားတာပေါ့ "

မြတ်ရှားကငြင်းဖို့ကြိုးစားပေမဲ့ ဂေဟာမှူးကစကားပြောလာ၍ သူဘာမှဝင်မပြောနိုင်ဘူး ။

" သူကခုမှ ၁၀ တန်းပေမဲ့ စာအရမ်းတော်တဲ့ကလေးပါ ... ဒီမှာကကျောင်းငယ်လေးတွေပဲရှိပြီး သူ့ရဲ့ပညာရေးကို အများကြီးအထောက်အကူမပြုနိုင်မှာစိုးမိတယ် ... သူ့ရဲ့အနာဂတ်ကိုမြှင့်တင်ပေးဖို့က ကျွန်မရဲ့အိမ်မက်ပါပဲ "

ဂေဟာမှူးကအသက်ကြီးနေပြီဖြစ်သလို မြတ်ရှားအတွက်တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တယ် ။ သူဒီမှာဆက်နေရင် ဆယ်တန်းအောင်ရင်တောင်မှ တက္ကသိုလ်ဆက်တက်နိုင်မှာမဟုတ်ဘူး ။ သူ့အမေလိုပဲဒီကျောင်းမှာဆရာအဖြစ်ဝင်လုပ်ဖို့ပဲရှိတယ် ။ အဖွားကသူ့အပေါ်အများကြီးမျှော်မှန်းထားတာမြင်ရတော့ မြတ်ရှားငြင်းဆန်ဖို့စဉ်းစားထားတဲ့စကားလုံးတွေကိုမျိုချလိုက်ပြီး နှုတ်ဆိတ်နေမိတယ် ။

သူဌေးကြီးကဝင်ပြောလာတယ် ။

" စိတ်ချပါ ... ကျွန်တော့သားနေတဲ့ ကိုယ်ပိုင်ကျောင်းမှာပဲ သူ့ကိုထားပေးမှာ ... တက္ကသိုလ်အတွက်ကတော့မပူပါနဲ့ ... ဘွဲ့ရတဲ့ထိထားပြီး အလုပ်လဲပေးမှာပါ "

မြတ်ရှားက သူတို့ပြောနေတာတွေကို ငြိမ်ငြိမ်လေးနားထောင်နေပြီး သူ့ကိုသူများမိသားစုထံပေးဖို့ ဆုံးဖြတ်လိုက်တဲ့အဖွားကိုတစ်လှည့် ခက်ထန်ကြမ်းတမ်းတဲ့ ကောင်လေးကိုတစ်လှည့်ကြည့်ကာ နောက်ဆုံးဝမ်းနည်းမျက်ရည်တွေက ထိန်းမနိုင်အောင်ကျလာတယ် ။ ထိုနေ့က သူထိုဂေဟာလေးထံကနေနှုတ်ဆက်ထွက်ခွာလာခဲ့ရပြီး ကြမ်းတမ်းရက်စက်တဲ့ အကိုလေးရဲ့အနိုင်ကျင့်မှုတွေကို စတင်ရင်ဆိုင်ရတော့မယ်ဆိုတာ သိနေခဲ့တယ် ။

အိမ်တော်ကြီးထံစရောက်တော့ သူဌေးမနဲ့သူဌေးကြီးက ကိုယ့်အိမ်လိုသဘောထားပြီးနေဖို့ပြောကာ အလုပ်ကိစ္စနဲ့ နှစ်ယောက်စလုံးအပြင်ထွက်သွားချိန် ထိုကောင်လေးကစပြီးပြဿနာရှာတော့တယ် ။ မြတ်ရှားကအဝတ်ထုတ်လေးကိုကိုင်ပြီး ရောင်လည်လည်လေးလျှောက်ကြည့်နေတဲ့အချိန် ထိုကောင်လေးက နှာခေါင်းရှုံ့လိုက်ပြီး အစေခံတွေကိုလှမ်းခေါ်ကာ အမိန်ပေးလိုက်တယ် ။

" သူ့ကိုအိမ်တော်ထဲကနေထုတ်ပြီး ဂိုထောင်ထဲမှာသွားထားလိုက် ... ငါသူ့ကိုမမြင်ချင်ဘူး "

ဒီကောင်လေး ဒီအချိုးချိုးမယ်ဆိုတာ မြတ်ရှားကထင်ပြီးသား ။ ဒီကောင်လေးကသူ့တင်မကဘူး ဒီအိမ်မှာရှိတဲ့လူတွေအားလုံးကို လူလို့ထင်ပုံမပေါ်ဘူး ။ အစေခံတွေကလဲ မြတ်ရှားကိုသနားတဲ့အကြည့်တွေနဲ့ကြည့်လာကြတယ် ။ သူတို့လဲဒီသခင်လေးရဲ့ဒေါသကိုကြောက်ရသလို အမိန့်ကိုလဲမလွန်ဆန်ရဲကြဘူး ။ ဘယ်သူမှ မြတ်ရှားကိုမကူညီနိုင်တဲ့အဆုံးမှာ အိမ်တော်ထိန်းဦးလေးကြီးက ဝင်ပြောလာတော့တယ် ။

" သခင်လေးဇိုင်း ... ဒီကလေးက သခင်လေးရဲ့မိဘတွေမွေးစားလိုက်တဲ့ခလေးပါ ... သူ့ကိုပစ္စည်းတစ်ခုလို စွန့်ပြစ်လို့မရပါဘူး "

" ဘာကြောင့်မရရမှာလဲ ... ငါမလိုချင်တာကို ဘာကြောင့် ဒီအိမ်ကြီးမှာထားဖို့လိုမှာလဲ ... သွား ခုချက်ချင်းဆွဲထုတ်သွာ ... ငါထွက်လာလို့သူ့ကိုမြင်​ရင် မင်းတို့အားလုံးအသေပဲ "

ပြောပြီးနောက် အခန်းထဲသို့ဝင်သွားကာ တံခါးကိုတောင် မညှာမတာစောင့်ပိတ်လိုက်သေးတယ် ။ ဘယ်လောက်ရိုင်းစိုင်းလိုက်သလဲဆိုတာ မြင်နေရတာတောင် မြတ်ရှားဖြင့် မယုံနိုင်သေးဘူး ။ သူကလူသာဆင်းရဲရင်ဆင်းရဲမယ် ဒီလိုအရိုင်းအဆိုင်းတွေက ဘယ်လောက်ပဲချမ်းသာနေပါစေ အထင်ကိုမကြီးတာ ။ နှင်ထုတ်တော့လဲ သဘောပဲလေ ... သူပြန်ချင်နေတာနဲ့အတော်ပဲ ...

မြတ်ရှားအထုတ်ကိုမပြီး ပြန်ထွက်မယ်လုပ်တော့ ဦးလေးကြီးကတားစီးလိုက်တယ် ။

" မင်းကိုစာချုပ်စာတန်းနဲ့တကွ မွေးစားလိုက်ပြီမို့ ထွက်သွားလို့မရပါဘူး "

အိမ်တော်ထိန်းက မြတ်ရှားနားလျှောက်လာကာ ပခုံးကိုပုတ်ပေးလိုက်ပြီး ...

" သခင်လေးဇိုင်းကိုတော့ စိတ်မဆိုးပါနဲ့ သူစိတ်ပြေသွားရင် မင်းကိုလက်ခံပေးလိမ့်မယ် ... ခုသူကအထီးကျန်နေလို့ ဒေါသနဲ့ဖြေဖျောက်နေရတာ ... ရှေ့ရှောက် မင်းကပဲသခင်လေးကို ပြုစုစောင့်ရှောက်ပေးပါ ... ပြီးတော့ အကိုလေးလို့ ခေါ်ဖို့လဲမမေ့နဲ့နော် ... သူကမင်းထက်ငယ်ပေမဲ့ မင်းရဲ့အကိုလေးပဲ ... မင်းသူ့ကိုစောင့်ရှောက်ပေးရမဲ့ဝတ္တရားတွေကို ဦးလေးကသင်ကြားပေးမယ် ... လိမ်လိမ်မာမာနဲ့စကားနားထောင်ရင် မင်းဒီမှာနေရတာ ပျော်စရာကောင်းလာမှာပါ "

မြတ်ရှားထွက်သွားချင်ပေမဲ့ အဖွားရဲ့မျှော်လင့်ချက်တွေကိုလဲ ရိုက်မချိုးချင်ဘူး ။ သူကဆင်းရဲတဲ့သူမို့ ချမ်းသာတဲ့လူတွေရဲ့အမိန့်ကို ဘယ်တွန်းလှန်နိုင်ပါ့မလဲ ။ သူ့ကိုမွေးစားလိုက်တာက သူကောင်းစားဖို့အတွက်ပဲမဟုတ်ဘူးဆိုတာသူသိတာပေါ့ ။ ဒီအတွက် သူပြန်ပေးရမဲ့တန်ရာတန်ကျေးက ဒီဆိုးသွမ်းတဲ့သခင်လေးကို စောင့်ရှောက်ပေးဖို့ပဲ မဟုတ်လား ။ သူ့တာဝန်ကိုပဲသူကျေပွန်အောင်ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်တယ် ။

" ကောင်းပါပြီဦးလေး .... ကျွန်တော်ကြိုးစားပါ့မယ် "

~~~~~~~~~~~~~~~~~~~~~~~~~~~~~

To Be Continued ....

( A/N - ကိုယ့်ရဲ့အားနည်းချက်က မြန်မာဝတ္ထုကို မြန်မာဆန်ဆန်မဟုတ်ပဲ စိတ်ကူးယဉ်ဆန်ဆန်ပဲရေးတတ်တာမို့ အကြိုက်မတူရင်တောင် အကြိုက်တွေ့ဖို့မျှော်လင့်ပါတယ် ... နောက်ထပ်မိသားစုဝင်အသစ်လေးကိုလဲ ဆက်ပြီးအားပေးပါအုံးနော် ...

ပြန်လည်မွေးဖွားတဲ့ပုံစံမျိုးဆိုပေမဲ့ ဒီဘဝကအကြောင်းအရာလေးတွေ နောက် သုံးလေးပိုင်းလောက်ပြီးမှ ပြန်လည်မွေးဖွားခြင်းစတင်မှာပါ ... မြတ်ရှားနဲ့အကိုလေးတို့ ဒီဘဝမှာ ဘယ်လိုအဆုံးသပ်ပြီး ဘဝသစ်မှာဘယ်လိုရှေ့ဆက်ကြမလဲ စောင့်မျှော်ပေးပါ ...

ဖတ်ပြီးရင် ကြယ်လေးကိုနှိပ်ခဲ့ဖို့မမေ့နဲ့နော် ... ဒါဒါလေးတွေရဲ့အားပေးမှုက နောက်တစ်ပိုင်းဆက်ရေးဖို့အတွက် အားဆေးပါပဲ 🥰❤️ )

အျဖဴေရာင္ျမဴႏွင္းမ်ားက ေကာင္းကင္ယံကေန ေျမျပင္ေပၚသို႔ တဖြဲဖြဲက်ေနၿပီး ပတ္ဝန္းက်င္ကို မႈန္ဝါးဝါးသာ ျမင္ေနနိုင္တယ္ ။ ေျမာက္ဘက္မွေလေအးေတြက ျပတင္းေပါက္ကေနတဆင့္ အခန္းတြင္းသို႔ဝင္ေရာက္လာျခင္းေၾကာင့္ ခ်မ္းစိမ့္မႈကို ျပင္းျပင္းထန္ထန္ခံစားရေစတယ္ ။

ေဆာင္းတြင္းကာလ နံနက္ခင္းဟာ လွပေပမဲ့ ေႏြးေထြးလွတဲ့အိပ္ယာေပၚကေန မထခ်င္ေလာက္​ေအာင္ခ်မ္းေအးလြန္းတာေၾကာင့္ အေအးမိလြယ္တဲ့ ျမတ္ရွားအတြက္ကေတာ့ ေဆာင္းရာသီကို သိပ္ၿပီးသေဘာမက်လွဘူး ။ အိပ္ယာေဘးကႏွိုးစက္မွ အသံမ်ားထြက္ေပၚလာခ်ိန္မွာေတာ့ ျမတ္ရွားတစ္ေယာက္ အိပ္ယာေပၚကေနမထခ်င္လဲ ထရေတာ့တယ္ ။

' တီတီ ... တီတီ ... တီတီ '

သူ႕ရဲ႕ေဖာင္းမို႔ေနတဲ့မ်က္လုံးေတြကိုပြတ္သပ္ရင္း အိပ္ယာကေနထၿပီး မပိတ္မခ်င္းအဆက္မပ်က္မည္ေနတဲ့နာရီကိုလက္လွမ္းကာ ပိတ္လိုက္ရတယ္ ။ နာရီကိုၾကည့္လိုက္ေတာ့ မနက္ ၄ နာရီသာရွိေသးတယ္ ။ နာရီရဲ႕ေဘးမွာေထာင္ထားတဲ့ ျပကၡဒိန္ေပၚမွာေရးမွတ္ထားသည့္ HBD ဆိုတဲ့စာလုံးႀကီးႀကီးထံ ျမတ္ရွား အၾကည့္ေရာက္သြားခ်ိန္မွာေတာ့ စကၠန႔္အနည္းငယ္မွ် ရပ္တန႔္သြားၿပီးေနာက္ စတင္ျပင္ဆင္ေတာ့တယ္ ။

ျဖဴေဖြးေနတဲ့အသားအေရက ေရပူနဲ႕ထိလိုက္ခ်ိန္မွာ နီရဲလို႔သြားတယ္ ။ ခ်မ္းေအးမႈေၾကာင့္ ပန္းဆီေရာင္ႏႈတ္ခမ္းသားေလးေတြက တုန္ရင္ေနၿပီး ေရအပူေၾကာင့္မ်က္လုံးေတြပါရဲတက္ေနတယ္ ။ နက္ေမွာင္ေနတဲ့ဆံႏြယ္ေတြက ႏွဖူးျပင္ထက္မွာ ကပိုကရိုက်ေနၿပီး ေခ်ာေမာလွပတဲ့မ်က္ဝန္းေလးေတြကို ကြယ္ဝွက္ထားတယ္ ။

အာလုံးကိုၿခဳံငုံၾကည့္လိုက္ရင္ ျမတ္ရွားဟာ ေခ်ာေမာလွပၿပီး ျမင္သူတိုင္းေငေမာရသည့္အထဲမွာပါသူတစ္ေယာက္ေပါ့ ။ ခႏၶာကိုယ္ ကိုယ္လုံးကိုယ္ေပါက္က သူနဲ႕႐ြယ္သူ တစ္ျခားေယာက္်ားေလးမ်ားႏွင့္ယွဥ္လွ်င္ ေသေကြးၿပီး ငယ္႐ြယ္သည့္လူငယ္ေလးႏွင့္တူေနတာကလြဲရင္ အားလုံးၿပီးျပည့္စုံသည့္ သူဦးျဖစ္တယ္ ။ ဒါကလဲ သူငယ္စဥ္ကအၿမဲဖ်ားနာတတ္ၿပီး တစ္ျခားကေလးေတြထက္ ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈေနာက္က်ခဲ့လို႔ပဲ ။

တကယ္ေတာ့ သူ႕အသက္ဟာ ၃၁ ႏွစ္ျဖစ္ၿပီး ဒီႏွစ္က အသက္ ၃၁ ႏွစ္ျပည့္ေမြးေန႕ျဖစ္တယ္ ။ ဒါေပမဲ့ သူမ်ားေတြလို ေပ်ာ္ပြဲ႐ႊင္ပြဲေတြမျပဳလုပ္ပဲ တစ္ေယာက္ထည္းျဖတ္သန္းရမဲ့ သာမန္ေန႕ေတြထက္မပိုဘူး ။ ကံေကာင္း၍ အားလပ္ရက္နဲ႕တိုက္ဆိုင္ေနတာေၾကာင့္ အလႉလုပ္ကာ ကုသိုလ္ယူရင္း မေရာက္ျဖစ္တာၾကာၿပီျဖစ္တဲ့ေနရာသို႔ သြားရန္ျပင္ေနျခင္းျဖစ္တယ္ ။ ထိုေနရာကေတာ့ ျမတ္ရွားငယ္စဥ္က ေနထိုင္ခဲ့တဲ့ ရွမ္းျပည္ေတာင္ပိုင္းမွာရွိတဲ့ မိဘမဲ့ေဂဟာေလးထံ ...

ေဆာင္းတြင္းကာလမို႔ ျမဴႏွင္းေတြက မႏၲေလးၿမိဳ႕ႀကီးရဲ႕ အလွတရားေတြကိုဖုံးအုပ္ထားတယ္ ။ က်ဳံးႀကီးရဲ႕နေဘးကေနျဖတ္လာခ်ိန္မွာ ေရခိုးေရေငႊ႕ေတြေၾကာင့္ ပတ္ဝန္းက်င္က ပိုၿပီးမႈန္ဝါးလာကာ အေအးပိုလာတယ္ ။ ​ေဆာင္းတြင္းကာလမွာေမြးဖြားလာခဲ့တဲ့ျမတ္ရွားကေတာ့ အေအးဒါဏ္မခံနိုင္တဲ့အျပင္ ေအးလာလွ်င္ခႏၶာကိုယ္တစ္ကိုယ္လုံး ကိုက္ခဲနာက်င္ၿပီး ခ်မ္းတုန္ကာအဖ်ားတတ္သည့္အက်င့္ရွိ၍ ေဆးႀကိဳေသာက္ထားရတယ္ ။ ခႏၶာကိုယ္တစ္ခုလုံးကိုလဲ ေႏြးေထြးေအာင္ အေႏြးထည္ထူထူဝတ္ဆင္ထားရေသးတယ္ ။ မႏၲေလးကေန မနက္အေစာပိုင္းကတည္းက ထြက္လာခဲ့၍ ေဂဟာသို႔ ေန႕လည္စာစားၿပီးခ်ိန္မွာ ေရာက္ရွိခဲ့ေလတယ္ ။

ေက်ာင္းေလးကေတာ့ အရင္လိုပဲ မေျပာင္းမလဲေသးဘူး ။ သစ္ေတာငယ္ေလးကိုၿခံဝန္းခပ္ထားၿပီး အလယ္မွာအစီအရီေဆာက္ထားတဲ့အျဖဴေရာင္ေက်ာင္းေဆာင္ေလးေတြက ဟိုးအရင္ကအတိုင္းပဲ ။ ေက်ာင္းေရွ႕မွာေဘာလုံးကြင္းျပင္ႀကီးလဲရွိေနေသးတယ္ ။ ေျပာင္းလဲသြားတာဆိုလို႔ သစ္ပင္ေတြကပိုႀကီးလာၿပီး ေက်ာင္းေလးကအနည္းငယ္ေဟာင္းႏြမ္းသြားတာေလးပါပဲ ။ သူဒီေနရာကိုမေရာက္ျဖစ္တာ ၁၀ ႏွစ္ေတာင္ရွိခဲ့ၿပီ ။

ေက်ာင္းရဲ႕အေရွ႕မွာေဆာ့ကစားေနတဲ့ ကေလးငယ္ေလးေတြရဲ႕ဆူညံေအာ္ဟစ္သံေတြက ေက်ာင္းဝိုင္းတြင္း စဝင္လာကတည္းက ျမတ္ရွားရဲ႕အၾကာအာ႐ုံထဲကိုဝင္ေရာက္လာၿပီး ႏႈတ္ခမ္းေတြက အထပ္သို႔ေကြးၫႊတ္ကာၿပဳံးမိေစတယ္ ။ ဒီလိုၾကည္ႏူးတဲ့ခံစားမႈမ်ိဳးမရရွိခဲ့တာ ဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ သူမမွတ္မိေတာ့ဘူး ။

" ေကာင္ေလး "

ေက်ာင္းေစာင့္ဦးေလးႀကီးက ေက်ာင္းဝိုင္းထဲဝင္လာတဲ့ကားရဲ႕နေဘးကိုေရာက္လာၿပီး အေတြးလြန္ေနတဲ့ျမတ္ရွားကို လွမ္းေခၚလိုက္ေတာ့မွ ျမတ္ရွားအသိျပန္ဝင္လာခဲ့တယ္ ။ ျမတ္ရွားက ေက်ာင္းေစာင့္ဦးေလးႀကီးကို တရိုတေသႏႈတ္ဆက္ၿပီးေနာက္ ကားအေနာက္ဖုံးထဲမွာပါလာတဲ့ပစၥည္းေတြနဲ႕စားစရာမုန႔္အစုံကို ခ်ေပလိုက္တယ္ ။

အစကဆူညံေနတဲ့ကေလးေတြက တစ္စတစ္စကားနေဘးမွာဝိုင္းလာၾကၿပီး မ်ားျပားလြန္းတဲ့ပစၥည္းေတြကိုစိတ္ဝင္တစ္စားၾကည့္ေနၾကေလရဲ႕ ။ သူတို႔ေလးေတြအတြက္ေတာ့ သေရစာမုန႔္ေတြအစုံရေတာ့မွာမို႔ အရမ္းကိုေပ်ာ္႐ႊင္စရာေကာင္းတဲ့ ေန႕ေလးတစ္ေန႕ျဖစ္သြားခဲ့တယ္ ။ တစ္ခ်ိဳ႕ကေလးမေလးေတြက သူတို႔အေရွ႕ကေခ်ာေမာလွပသည့္ အကိုေခ်ာေခ်ာေလးထံ မ်က္လုံးမခြာနိုင္ပဲ ေငးေမာေနၾကတယ္ ။

အသက္ ၃၀ ေက်ာ္ေနၿပီျဖစ္တဲ့ျမတ္ရွားက မထင္ထားေလာက္ေအာင္ႏုပ်ိဳၿပီး လွပေနတုန္းပဲ ။ ဒီအလွကသူ႕အေမဆီကေနအေမြရထားတာလို႔ေျပာရင္မမွားဘူး ။ ရွမ္းဗမာကျပားေလး ခြန္းျမတ္ရွားက ႐ုပ္ေခ်ာၿပီးသေဘာအလြန္ေကာင္းသူလဲျဖစ္တယ္ ။

" ကေလးတို႔ မင္းတို႔အတြက္ အကိုမုန႔္ေတြအမ်ားႀကီးယူလာတယ္ အတန္းစီၿပီး တစ္ေယာက္ခ်င္း လာယူေနာ္ "

ျမတ္ရွားက ေဂဟာရွိကေလးေတြအားလုံးကို ပါလာတဲ့မုန႔္ေတြေဝေပးလိုက္တယ္ ။ ေဘးနားကေန ဆရာ ဆရာမတစ္ခ်ိဳ႕ကလဲ လာေရာက္ကူညီေပး၍ မုန႔္ေဝေပးျခင္းကအလြယ္တကူၿပီးေျမာက္သြားခဲ့တယ္ ။ မုန႔္ထုတ္ေလးေတြနဲ႕အေအးဘူးေလးေတြပိုက္ၿပီး ကေလးငယ္ေလးေတြက ေပ်ာ္႐ႊင္စြာခုန္ေပါက္ရင္း အသီးသီးမိမိေနရာထံသို႔ ျပန္သြားၾကတယ္ ။

ဆရာမေလးေတြတစ္ခ်ိဳ႕က ျမတ္ရွားလိုလွပတဲ့ အမ်ိဳးသားကိုမျမင္ဖူး၍ ခိုးခိုးၿပီးၾကည့္ေနၾကေပမဲ့ စကားမေျပာရဲၾကဘူး ။ ျမတ္ရွားက လွပၿပီးတည္ၿငိမ္ေအးခ်မ္းတဲ့မ်က္ႏွာေလးကိုပိုင္ဆိုင္ထားတဲ့အျပင္ သူ႕ရဲ႕ခႏၶာကိုယ္နဲ႕လိုက္ဖက္စြာဝတ္ဆင္ထားပုံက အရမ္းကိုလူႀကီးလူေကာင္းဆန္လြန္းလွတယ္ ။ သူကသူ႕အသက္အ႐ြယ္ေယာက္်ားသားေတြနဲ႕ယွဥ္ရင္ခႏၶာကိုယ္ေသးေပမဲ့ အမ်ိဳးသမီးေတြနဲ႕ယွဥ္ရင္ေတာ့ အရပ္ကေခါင္းတစ္လုံးစာပိုျမင့္တဲ့အတြက္ သူမတို႔အားကိုခ်င္စရာ လူႀကီးလူေကာင္းပုံစံမ်ိဳးပဲ ။ သူကသေဘာေကာင္းေပမဲ့ ေတာ္ယုံၿပဳံးတာရွားတယ္ ။ သူႀကဳံေတြ႕ခဲ့ရတဲ့ ေလာကဓံေတြေၾကာင့္လဲပါတာေပါ့ ။ ဒါေပမဲ့သူကႏူးညံ့ၿပီးသေဘာေကာင္းတဲ့လူတစ္ေယာက္ဆိုတာကို သူနဲ႕စကားေျပာၾကည့္တဲ့အခါ သိလိမ့္မယ္ ။

ထိုစဥ္အသက္ႀကီးရင့္ၿပီျဖစ္တဲ့ ေက်ာင္းအုပ္ဆရာမႀကီးက သူတို႔ရွိရာထံ ေလွ်ာက္လွမ္းလာတယ္ ။ သူမရဲ႕မ်က္လုံးေတြက မႈန္ေနၿပီျဖစ္၍ လူငယ္ေလးကဘယ္သူလဲဆိုတာသိရဖို႔ မ်က္ခုံးေတြကိုက်ဳံ႕ကာ ႀကိဳးစားၿပီးၾကည့္ေနရတယ္ ။ ျမတ္ရွားက ဆရာမႀကီးကိုျမင္ေတာ့ အေျပးေလးသြားၿပီး လက္ကိုဆုတ္ကိုင္ကာ ေပ်ာ္႐ႊင္ေနတဲ့အသံျဖင့္ ႏႈတ္ဆက္လိုက္တယ္ ။

" ေမေမႀကီး "

သူမက လူငယ္ေလးရဲ႕႐ုပ္ရည္ကိုမခန႔္မွန္းနိုင္ခဲ့ေပမဲ့ ေခၚသံကိုၾကားေတာ့ ခ်က္ခ်င္းၿပဳံးသြားတယ္ ။

" ျမတ္ရွားေလး "

" ဟုတ္ကဲ့ ... ကြၽန္ေတာ္ျမတ္ရွားပါ "

" အိုး ... ကေလးေလးေတာင္ အ႐ြယ္ေရာက္လာၿပီပဲ "

သူမက ျမတ္ရွားကိုၾကည့္ကာ အားရဝမ္းသာျဖင့္ ေပြ႕ဖက္လိုက္တယ္ ။ ေမြးကတည္းက သူမလက္ထဲမွာပဲႀကီးျပင္းခဲ့တဲ့ ဒီကေလးေလးက တစ္ျခားကေလးေတြထက္သူမအေပၚမိဘအရင္းလိုခင္သြယ္ၿပီး သူမကလဲ ေျမးအရင္းတစ္ေယာက္လိုသေဘာထားခဲ့တယ္ ။ သူ႕ရဲ႕အေမနန္းခြန္းခ်ယ္​ကလဲ သူမရဲ႕သမီးအရင္းေလးတစ္ေယာက္လိုပါပဲ ။ ခုေတာ့မရွိေတာ့ရွာဘူး ။

ျမတ္ရွားကို ခ်မ္းသာတဲ့ မိသားစုတစ္စုက ေမြးစားဖို႔ေတာင္းခံလာေတာ့ သူမမထည့္ေပးခ်င္ေပမဲ့ ကေလးရဲ႕ေရွ႕ေရးကိုေတြးၿပီး ဒီလိုေနရာမွာရွင္သန္ရတာထက္ ေထာက္ပံ့ေပးမဲ့မိသားစုရွိတာက ကေလးရဲ႕ေရွ႕ေရးကိုပိုအဆင္ေျပေစတာေၾကာင့္ ထည့္ေပးလိုက္ရတယ္ ။ ခုဆိုျမတ္ရွားေလးထြက္သြားတာ ၁၂ ေတာင္ရွိခဲ့ၿပီ ။ သူမေရွ႕ကလူငယ္ေလးက ေကာင္းေကာင္းမြန္မြန္ႀကီးျပင္းလာတာျမင္ရေတာ့ သူမေပ်ာ္မဆုံးျဖစ္ရတယ္ ။

ျမတ္ရွားကပါလာတဲ့လက္ေဆာင္ပစၥည္းေတြကို ဆရာ/ဆရာမေတြနဲ႕အဖြားကို ေပးလိုက္တယ္ ။ အဖြားအတြက္ကေတာ့ ပိုမ်ားတာေပါ့ ။ သူမလာတာၾကာၿပီဆိုေပမဲ့ အၿမဲအလုပ္ကရတဲ့လစာေလးေတြကို ဒီေက်ာင္းအတြက္လိုရာသုံး ေထာက္ပံ့ျဖစ္ခဲ့တယ္ ။ ဒိထပ္အဆင္ေျပရင္ေတာ့ ကေလးေတြအတြက္ပိုေကာင္းမြန္တဲ့ အေဆာင္သစ္ေတြပါထပ္ေဆာက္ေပးဖို႔စဥ္းစားထားတယ္ ။

အဖြားကရွမ္းေခါင္းေပါင္းႀကီးကိုေပါင္းထားၿပီး လွပစြာဝတ္ဆင္ထားတယ္ ။ သူမကအရမ္းကိုလွပတင့္တယ္ေပမဲ့ သူ႕မမ်က္ႏွာေလးကေခ်ာင္က်ေနၿပီး အသားကလဲဝါေနတယ္လို႔ ျမတ္ရွားျမင္မိတာနဲ႕ ေမးၾကည့္လိုက္တယ္ ။

" ​ေမေမႀကီး ဘာလို႔ေနရင္းကိုေခါင္းေပါင္းဝတ္ထားရတာလဲ ... ၿပီးေတာ့အသားကလဲဝါေနသလိုပဲ ... ေနေရာေကာင္းရဲ႕လားဟင္ "

သူမက သူမလက္ဖဝါးေလးကိုဆုတ္ကိုင္ထားတဲ့ မ်က္ရွားလက္ေလးကို ျပန္ဆုတ္ကိုင္ထားၿပီး ...

" ​ေနေကာင္းတာေပါ့ ... ဒီေန႕ကျမတ္ရွားေလးေမြးေန႕မလို႔ အဖြားကဒီလိုျပင္ဆင္ထားတာ ... ဒီဝတ္ဆုံးေလးက ျမတ္ရွားေလးေမေမ ခြန္းခ်ယ္ဝယ္ေပးထားတာေလးေလ ... ဖြားဖြားနဲ႕လိုက္ရဲ႕လား "

" အရမ္းလိုက္တယ္ ... အဲ့ဒါေၾကာင့္ေမေမႀကီးက ဒီေန႕လွလွပပေလးျပင္ဆင္ထားတာေပါ့ေလ "

" ဒါေပါ့ ... ျမတ္ရွားေလးေမြးေန႕မွာ ဖြားဖြားကလွလွေလးျဖစ္​ေနေအာင္ကိုျပင္ထားတာ "

ျမတ္ရွားစိတ္ထဲမွာ ဘာေၾကာင့္မွန္းမသိ ဝမ္းနည္းသလိုခံစားေနရတယ္ ။ အေမ့ရဲ႕အေၾကာင္းကိုေျပာလိုက္လို႔မ်ားလား ။ ျဖစ္နိုင္ပါတယ္ ဒါကသူျဖစ္ေနၾကခံစားခ်က္မ်ိဳးပဲ​ေလ ...

မေတြ႕ျဖစ္တာၾကာၿပီျဖစ္တဲ့ေျမးအဖြားေတြစကားေတြေျပာေနစဥ္ ျမတ္ရွားထံသို႔ ဖုန္းေကာတစ္ခုဝင္လာတယ္ ။ ဖုန္းကိုင္လိုက္ေတာ့ တစ္ဖက္ကလူဟာ ေမာဟိုက္ေနၿပီး ေၾကာက္လန႔္ေနတဲ့အသံျဖင့္ဆိုလာခဲ့တယ္ ။

" ျမတ္ ... ျမတ္ရွားလား "

မေခၚစဖူးဒါရိုက္ဘာဦးေက်ာ္က ဖုန္းေခၚလာျခင္းျဖစ္တယ္ ။ သူ႕ရဲ႕အသက္ရႉသံေတြျပင္းထန္ေနပုံေထာက္ရင္ ကိစၥႀကီးတစ္ခုခုျဖစ္ေနၿပီဆိုတာ ျမတ္ရွားသေဘာေပါက္လိုက္တယ္ ။

" ဟုတ္ကဲ့ ... ဦးေက်ာ္ ... ေျပာပါ "

" ဟိုေလ ... အ အကိုေလး အက္စိဒန႔္ျဖစ္လို႔ ... အိမ္ေတာ္ကိုအျမန္ ... "

" ဘာ !! အကိုေလး အက္စိဒန႔္ျဖစ္လို႔ ဟုတ္လား "

တစ္ဖက္လူရဲ႕စကားကိုပင္ဆုံးေအာင္နားမေထာင္ေတာ့ပဲ ျမတ္ရွားအလန႔္တၾကားျဖင့္ျပန္ေအာ္မိသြားတယ္ ။ အကိုေလးနဲ႕ပတ္သပ္လာရင္ သူ႕ရဲ႕ခံစားမႈေတြက အလိုလိုျပင္းထန္ေနကာ သူ႕ရင္ထဲကပူေလာင္လာတယ္ ။ အကိုေလးကဘယ္လိုျဖစ္ၿပီး မႏၲေလးကိုျပန္ေရာက္လာတာလဲ ။ သူ႕ကိုလဲႀကိဳမေျပာပဲ အၿမဲထိတ္လန႔္ေအာင္ပဲလုပ္တယ္ ။ ဒီလိုမွန္းသိရင္ သူေဂဟာကို​ေတာင္ ထြက္လာမိမွာမဟုတ္ဘူး ။

ဖုန္းကိုင္ထားတဲ့လက္ေတြကတုန္ေနၿပီးေတာ့ ေျခေထာက္ေတြကေျပးထြက္သြားဖို႔ျပင္ေနမိတယ္ ။ ၿပီးေတာ့မွသတိရသြားကာ အဖြားကိုႏႈတ္ဆက္လိုက္တယ္ ။

" ေမေမႀကီး ကြၽန္ေတာ္ ... "

" သြားပါျမတ္ရွားေလး ... မင္းရဲ႕အကိုေလးကိုဂ႐ုစိုက္လိုက္ပါ ... သူတို႔မိသားစုက သားရဲ႕ေက်းဇူးရွင္ေတြ ... သူတို႔ေက်းဇူးကိုသားမေမ့ရဘူး ... ေနာက္အခြင့္ႀကဳံရင္ေတာ့ ေမေမႀကီးဆီလာလည္ေပါ့ "

" ဟုတ္ကဲ့ ... ဒါဆိုကြၽန္ေတာ္သြားလိုက္ပါအုံးမယ္ "

သူ႕ရဲ႕အသံေတြကတုန္ေနၿပီး ေၾကာက္႐ြံ႕ေနတာကိုျမင္ရေတာ့ အဖြားက သတိေပးစကားဆိုလိုက္တယ္ ။

" ကားကိုဂ႐ုစိုက္ၿပီးေမာင္းေနာ္ "

" ဟုတ္ကဲ့ "

ျမတ္ရွားက ထြက္မသြားမွီ သူမကိုလက္အုပ္ခ်ီၿပီး ကန္ေတာ့ၿပီးမွ ထြက္ခြာသြားတယ္ ။ ကားေလးေက်ာင္းဝင္းထဲကေနထြက္သြားတဲ့အခ်ိန္ထိ သူမရပ္ၾကည့္ေနခဲ့တယ္ ။ သူမရဲ႕ဒူးေတြကတေျဖးေျဖးယိုင္နဲ႕လာၿပီး အားမတင္းနိုင္ေတာ့ပဲ လဲက်သြားတယ္ ။

" ဆရာမႀကီးရွင့္ ... ဆရာမႀကီး "

ေဘးနားကဆရာမေလးေတြက တြဲထူေပးထားၿပီးေအာ္ေခၚေနၾကတယ္ ။ သူမကေတာ့မ်က္ႏွာေလးကၿပဳံးေနေပမဲ့ မ်က္လုံးေတြကေတာ့ပိတ္က်သြားေလတယ္ ။

ျမတ္ရွားတစ္ေယာက္ အေတြးေတြေယာက္ယက္ခပ္ေနေပမဲ့ ေဂဟာထဲကေနျပန္ထြက္လာေတာ့ ရင္းနီးတဲ့ပတ္ဝန္းက်င္ေတြနဲ႕ျပန္ဆုံလိုက္ရခ်ိန္မွာ အတိတ္ကေတြ႕ဆုံမႈေလးတစ္ခုကို ျပန္သတိရသြားခဲ့ေလတယ္ ။ ဒါေတြကအတိတ္ကဆိုေပမဲ့လဲေပါ့ ...

လြန္ခဲ့ေသာ ၁၃ ႏွစ္ခန႔္က ~~~

​ျမတ္ရွားက ဒီေဂဟာမွာပဲေမြးၿပီး ဒီေဂဟာမွာပဲႀကီးျပင္ခဲ့သူတစ္ေယာက္ေပါ့ ။ သူ႕အေမနန္းခြန္းခ်ယ္က ဒီေက်ာင္းရဲ႕ဆရာမေလးတစ္ေယာက္ ေက်ာင္းအုပ္ဖြားဖြားႀကီးရဲ႕အခ်စ္ေတာ္ေလး ။ သူမကသေဘာေကာင္းၿပီးႏႈတ္ခ်ိဳတဲ့အျပင္ လွပတဲ့႐ုပ္ရည္ေလးကိုပိုင္ဆိုင္ထားတဲ့ ရွမ္းမေလးတစ္ေယာက္ ။ ဒါေပမဲ့ဗမာစကားနဲ႕ ျမန္မာစာေကာင္းေကာင္းတတ္တဲ့အျပင္ ျမန္မာစာဆရာမေလးတစ္ေယာက္လဲျဖစ္တယ္ ။

ျမတ္ရွားကအေဖမရွိပဲေမြးလာခဲ့တဲ့ကေလးမို႔ သိမ္ငယ္ရေပမဲ့ အေမ့ရဲ႕အခ်စ္ေတြကိုအျပည့္အဝရရွိသူမို႔ ဘာကိုမွမမႈခဲ့ဘူး ။ ကံဆိုးတာက သူ႕မွာေမြးရာပါအားနည္းတဲ့ေရာဂါရွိေနၿပီး သူ႕ရဲ႕အသက္ ၆ ႏွစ္အ႐ြယ္ခႏၶာကိုယ္က ၄ ႏွစ္အ႐ြယ္ေလာက္သာရွိေနခဲ့တယ္ ။ ဒါေၾကာင့္သူ႕ကို သာမန္ကေလးေတြနဲ႕အတူမထားပဲ အေမနဲ႕အဖြားကပဲသီးသန႔္ေစာင့္ၾကည့္ေပးခဲ့တယ္ ။

ေႏွးေကြးတဲ့ ခႏၶာကိုယ္ဖြံ႕ၿဖိဳးမႈေၾကာင့္ ေက်ာင္းေနစဥ္အ႐ြယ္မွာ သာမန္ကေလးေတြထက္ သုံးႏွစ္ေနာက္က်ၿပီးမွ ေက်ာင္းတက္ခဲ့ရတယ္ ။ ကံေကာင္းတာတစ္ခုက သူဟာဉာဏ္ေကာင္းၿပီးစာေတာ္ကာ ထူးခြၽန္ဆုမ်ားပင္ရရွိခဲ့တယ္ ။ သူ႕အသက္ ၁၈ ႏွစ္အ႐ြယ္မွာ သူနဲ႕႐ြယ္တူေတြ သကၠသိုလ္တက္ေနၾကေပမဲ့ သူကေတာ့ ၁၀ တန္းသာရွိေသးတယ္ ။

ျမတ္ရွားအသက္ ၁၅ ႏွစ္မွာ ႐ုတ္တရပ္ အေမျဖစ္သူ ဆုံးသြားခဲ့တယ္ ။ ကံတရားက အရမ္းကိုျမန္ဆန္လြန္းလို႔ မယုံၾကည္နိုင္ခဲ့ဘူး ။ အဲ့ဒိေန႕ကသူ႕ေမြးေန႕လဲျဖစ္သလို သူနဲ႕အေမနဲ႕ဖုန္းေျပာေနတဲ့အခ်ိန္မွာပဲ ဆူညံတဲ့ကားတိုက္သံၾကားလိုက္ရၿပီး ဒါဟာသူနဲ႕သူ႕အေမရဲ႕ေနာက္ဆုံးဆယ္သြယ္မႈေလးတစ္ခုျဖစ္သြားခဲ့တယ္ ။ ရဲေတြေျပာတာေတာ့အေမက ကာအက္စိဒန႔္ျဖစ္ၿပီး ကားကေျခာက္ထဲထိုးက်သြားလို႔ အေလာင္းေတာင္ျပန္မေကာက္နိုင္ခဲ့ဘူးတဲ့ ။ ကားလမ္းေဘးမွာက်န္ေနခဲ့တဲ့ အေမ့ရဲ႕ဖုန္းနဲ႕ အထဲမွာေမြ႕ေန႕ကိတ္ေလးနဲ႕ကစားစရာအ႐ုပ္ေလးေတြပါတဲ့ လက္ဆြဲျခင္းေတာင္းေလးရယ္ ၿပီးေတာ့အေမအၿမဲပန္ေနၾကဆံထိုးေလးရယ္လာေပးသြားတယ္ ။ ဒါေၾကာင့္အေမေသၿပီဆိုတာကို ျမတ္ရွား အခ်ိန္အေတာ္ၾကာၾကာလက္မခံနိုင္ခဲ့ဘူး ။ သူအခ်စ္ရဆုံးသူကိုဆုံးရႈံးရတဲ့ဒီေမြးေန႕ရက္က သူ႕အတြက္ေတာ့ ျပႆဒါတစ္ခုလိုပဲ ။

ဒီလိုနဲ႕ တစ္ေန႕မွာ အေမ့ရဲ႕က်န္ရွိေနတဲ့ဆံထိုးေလးျမႇုတ္ထားတဲ့ သစ္ပင္ေအာက္ကိုသြားၿပီး အေမ့ကိုရည္စူးၿပီးေတာ့ ကန္ေတာ့ခဲ့တယ္ ။ ျမတ္ရွားသစ္ပင္ရိတ္ေအာက္မွာထိုင္ရင္း ေက်ာင္းစာအုပ္ကိုဖတ္ေနစဥ္ ေဂဟာထဲဝင္လာတဲ့အနက္ေရာင္ေၾကာင္ေလးကိုေတြ႕ကာ ေပြ႕ခ်ီၿပီးေခ်ာ့ျမႇူလိုက္တယ္ ။ သူကလူေတြထက္ တိရိစၦန္ေလးေတြကိုပိုခ်စ္တယ္ ။ သူတို႔ကဟန္မေဆာင္တတ္ဘူး ကြယ္ရာမွာသူမ်ားအတင္းလဲမေျပာတတ္ဘူး ။ ျမတ္ရွားအတြက္ကေတာ့ လူေတြသူ႕အေပၚဘယ္လိုျပဳမူေနပါေစ လစ္လ်ႉရႈထားၿပီး အေရးမစိုက္ပဲေနလိုက္တယ္ ။ ဒါကသူ႕အေမသင္ေပးခဲ့တဲ့ ေအးခ်မ္းတဲ့နည္းလမ္းပဲ ။

ေၾကာင္ေလးက လူနဲ႕ရင္းနီးတာေၾကာင့္ လူကိုပြတ္သပ္ကာ ခ်စ္စရာေကာင္းေအာင္ ျပဳမူေနတယ္ ။ ထိုစဥ္တန္ဖိုးႀကီးဇိန္ခံကားတစ္စီးက ေက်ာင္းဝန္းထဲဝင္လာၿပီး ခ်မ္းသာတဲ့အမ်ိဳးသမီးနဲ႕အမ်ိဳးသားတို႔ ဆင္းလာၾကတယ္ ။ ျမတ္ရွားက တန္ဖိုးႀကီးကားကို တစ္ႀကိမ္တစ္ခါမွမျမင္ဖူး၍ ေငးၾကည့္ေနစဥ္ေၾကာင္ေလးထြက္သြားတာကို သတိမထားလိုက္မိဘူး ။

ကားရဲ႕အေနာက္ခန္းထဲမွာေတာ့ ငယ္႐ြယ္ၿပီးခက္ထန္တဲ့မ်က္ႏွာထားနဲ႕ေကာင္ေလးတစ္ေယာက္ထိုင္ေနကာ တစ္စုံတစ္ရာကိုအလိုမက်တဲ့ပုံစံေပၚေနတယ္ ။ သူကမိဘေတြေနာက္လိုက္မသြားပဲ ေပကပ္ကပ္နဲ႕ ကားေပၚမွာထိုင္ေနၿပီး ကားသမားကိုဆူေငါက္ေနပုံေပၚတယ္ ။ ကားသမားက မ်က္ႏွာငယ္ျဖင့္ေခါင္းငုံ႕ေနေတာ့ ထိုေကာင္ေလးက အလိုမက်စြာ ကားတံခါးကို ကန္ဖြင့္ၿပီးဆင္းလာၿပီးတဲ့ေနာက္ ေစာင့္ပိတ္ခ်လိဳက္တယ္ ။ တံခါးပိတ္သံကက်ယ္ေလာင္လြန္းေတာ့ ျမတ္ရွားလန႔္သြားၿပီး ထိုခက္ထန္တဲ့ေကာင္ေလးကို ဆက္မၾကည့္ရဲေတာ့ဘူး ။

ရင္ခြင္ေပၚကိုၾကည့္လိုက္ေတာ့ ေၾကာင္ေလးကမရွိေနေတာ့ ျမတ္ရွားအနီးအနားကို ရွာေဖြၾကည့္လိုက္တယ္ ။ ဒါေပမဲ့မေတြ႕ရဘူး ။ ခနေနေတာ့ မနီးမေဝးကေၾကာင္ေအာ္သံထြက္လာေပၚလာတယ္ ။ အသံၾကားရာကိုၾကည့္မိေတာ့ ေၾကာင္မဲေလးက ေစာေစာကခက္ထန္ၾကမ္းတမ္းတဲ့လူငယ္ရဲ႕လက္ထဲမွာရွိေနၿပီး လည္ဂုတ္ကိုဆုတ္ကိုင္ခံထားရျခင္းေၾကာင့္ တြန႔္လူးကာနာက်င္စြာျဖင့္ေအာ္ေနတာကို ျမတ္ရွားျမင္လိုက္ရတယ္ ။

" က်စ္ ... ဒီ႐ုပ္ဆိုးတဲ့ေၾကာင္က ဘယ္ကေရာက္လာတာလဲ ... ရာရာစစငါ့ကားထဲကိုဝင္ဖို႔ႀကိဳးစားတယ္ "

" အကိုေလး ... ဒီေၾကာင္က ေက်ာင္းကျဖစ္လိမ့္မယ္ "

" ဘယ္ကျဖစ္ျဖစ္ ငါဂ႐ုမစိုက္ဘူး ... ဒီေကာင္ကို ရွင္းျပစ္လိုက္ "

" ဗ်ာ "

ေၾကာင္ကေၾကာက္လန႔္ၿပီး ႐ုန္းကန္ေတာ့ ေကာင္ေလးရဲ႕လက္ကိုလက္သဲနဲ႕ကုတ္ျခစ္မိသြားတယ္ ။

" အား ... က်စ္ ... နာတယ္ဟ "

ေၾကာင္ကိုကိုင္ေပါက္လိုက္ေတာ့ ေျမျပင္ေပၚမေရာက္မွီျမတ္ရွားက အခ်ိန္မွီဖမ္းထားနိုင္လိုက္တယ္ ။ ေၾကာင္ေလးက ေၾကာက္ၿပီးတုန္ေနသလို ျမတ္ရွားလဲေဒါသႀကီးတဲ့ထိုေကာင္ေလးကိုၾကည့္ၿပီး ဘာအသံမွမထြက္ရဲခဲ့ဘူး ။ ဒီေကာင္ေလးကအသက္ငယ္ပုံေပၚေပမဲ့ အရမ္းခက္ထန္လြန္းေနတယ္ ။ ျမတ္ရွားလဲေၾကာင္ေလးကိုမေၾကာက္ေအာင္ ေခါင္းေလးကိုပြတ္ေပးလိုက္တယ္ ။

ေကာင္ေလးက ေၾကာင္ကိုလူတစ္ေယာက္ကဖမ္းလိုက္တာျမင္ေတာ့ ေဒါသထြက္သြားၿပီး မ်က္ေမွာင္ၾကဳတ္လွ်က္ဆိုလာေတာ့တယ္ ။

" ေၾကာင္ပိုင္ရွင္က မင္းလား "

" မဟုတ္ဘူး "

ျမတ္ရွားလဲ အလန႔္တၾကားနဲ႕ျငင္းလိုက္တယ္ ။ အတန္းထဲမွာပစၥည္းေပ်ာက္လို႔ ဆရာက ပစၥည္းခိုးတာမင္းလားလို႔ ေမးခံလိုက္ရတဲ့ခံစားခ်က္နဲ႕အတူတူပဲ ။ သူမွမဟုတ္တာ ဘာလို႔ၿငိမ္ေနမွာလဲ မဟုတ္ဘူးပဲေပါ့ ။

" ဒါဆိုဘာလို႔ ငါ့ကိုလာေႏွာက္ယွက္ေနတာလဲ ... အဲ့အေကာင္က ရာရာစစငါ့ကိုမ်ား ကုတ္သြားရဲတယ္ ... အသက္ရွင္ဖို႔မေမွ်ာ္လင့္နဲ႕ ... ငါ့ကိုျပန္ေပးစမ္ "

အမိန႔္ေပးသံက အ႐ြယ္နဲ႕မလိုက္ေအာင္ ရင့္သီးလြန္းတယ္ ။ သူငယ္ေလးရဲ႕မ်က္လုံးထဲမွာ လူသတ္ခ်င္တဲ့အေငႊ႕အသက္ေတြပါေနၿပီး ေၾကာင္ေလးကိုသာေပးလိုက္ရင္ ေၾကာင္ေလးဘဝကမေတြးရဲစရာပဲ ။ သူကယ္မွရေတာ့မွာမို႔ ျမတ္ရွားက ေၾကာင္ေလးကိုပို၍တင္းၾကပ္စြာေပြ႕ဖက္လိုက္ၿပီး ထပ္မံျငင္းဆန္လိုက္တယ္ ။

" မေပးနိုင္ဘူး ... မင္းသူ႕ကို သတ္ခြင့္မျပဳဘူး "

အေနာက္မွာရပ္ေနတဲ့ ဒရိုက္ဘာက ေဒါသႀကီးတဲ့သခင္ေလးကိုလဲမတားရဲသလို ေခါင္းမာေနတဲ့ေကာင္ေလးကိုလဲသနားမိျပန္တယ္ ။ ဒါေပမဲ့ ဒီပြဲမွာသူပါဝင္ဖို႔ စိတ္ကူးမရွိဘူး ။ သူ႕ေနရာမွာတစ္ျခားသူဆိုရင္လဲ မသိဟန္ေဆာင္ကာ ေခါင္းေရွာင္ဖို႔သာစဥ္းစားၾကလိမ့္မယ္ ။ ဒီသခင္ေလးလို အ႐ြယ္နဲ႕မလိုက္ေအာင္ ေဒါသႀကီးၿပီးရက္စက္တဲ့သူ ႏွစ္ေယာက္မရွိနိုင္ဘူးဆိုတာ သိေနလို႔ပဲ ။

ျမတ္ရွားက ေၾကာင္ေလးကို အေဝးေျပးေအာင္လႊတ္ေပးလိုက္တာျမင္ေတာ့ ေကာင္ေလးရဲ႕ေဒါသေတြက ေပါက္ကြဲထြက္သြားၿပီး ျမတ္ရွားအားအကၤ်ီေကာ္လံကေနဆြဲကိုင္ကာ ကိုယ္ေသးေသးေလးကို ဆြဲေစာင့္လိုက္တယ္ ။ ခႏၶာကိုယ္ခ်င္းနီးကပ္သြားေတာ့မွ ထိုေကာင္ေလးက အရပ္ပိုရွည္ၿပီး ခႏၶာကိုယ္က ျမတ္ရွားထက္ထြားကာ ပိုၿပီးလဲဆြဲေဆာင္မႈရွိေနမွန္း သိလိုက္ရတယ္ ။ သူခုနကခ်ီးက်ဴးလိုက္တဲ့ေကာင္ေလးက သူ႕ရဲ႕မ်က္ႏွာကို လက္သီးနဲ႕ပိတ္ထိုးလိုက္လိမ့္မယ္လို႔ ျမတ္ရွားထင္မထားခဲ့ဘူး ။

' ခြပ္ '

အားျပင္းတဲ့လက္သီးေၾကာင့္ ႏႈတ္ခမ္းေဒါင့္ကေသြးမ်ားစီးက်လာၿပီး ငံက်ိက်ိအရသာကိုပါ ခံစားလိုက္ရတယ္ ။ ေမြးကတည္းကေန ခုအခ်ိန္ထိ ၾကမ္းၾကမ္းတမ္းတမ္းဆက္ဆံမခံရဘူးတဲ့ျမတ္ရွားတစ္ေယာက္ ေၾကာက္လန႔္ၿပီးမလႈပ္ရွားရဲေတာ့ဘူး ။ ေနာက္ထပ္က်ေရာက္လာမဲ့ လက္သီးခ်က္ကိုသာ မ်က္လုံးစုံမွိတ္ထားၿပီး မ်က္ႏွာကိုကြယ္လွ်က္ အတတ္နိုင္ဆုံးေရွာင္ဖယ္ဖို႔ႀကိဳးစားလိုက္တယ္ ။ ေနာက္မွာရပ္ေနတဲ့လူကလဲ မတားစီးရဲတာေၾကာင့္ အကူအညီေျပးေခၚဖို႔ထြက္သြားပုံရတယ္ အကူအညီေတာင္းခံသံကိုၾကားလိုက္ရတယ္ ။ မ်က္ႏွာေပၚ ေနာက္ထပ္လက္သီးခ်က္မေရာက္လာခင္မွာပဲ အမ်ိဳးသားတစ္ေယာက္ရဲ႕ မာထန္တဲ့ေအာ္သံ ထြက္ေပၚလာခဲ့ ။

" ဇ်ာန္ဇိုင္းထက္ ... ခုခ်က္ခ်င္းရပ္စမ္း "

ထိုအခါမွ ေဒါသထြက္ေနတဲ့ေကာင္ေလးရဲ႕ ခ်ိန္႐ြယ္ထားတဲ့လက္သီးက ေျဖေလ်ာ့သြားတယ္ ။ဒါေပမဲ့သိပ္ေတာ့ေက်နပ္ပုံမရေသးဘူး ။ သူကျမတ္ရွားကိုေျခေထာက္နဲ႕တစ္ခ်က္ ကန္လိုက္ေသးတယ္ ။ မ်က္ႏွာေပၚအထိုးခံရတာထက္ေတာ့ခံသာပါေသးတယ္ ။

အေနာက္ကေရာက္လာတဲ့လူက ကားေပၚကဆင္းသြားတဲ့ ခ်မ္းသာသည့္လင္မယားျဖစ္တယ္ ။ ဦးေလးႀကီးကလဲ သူ႕အေရွ႕ကေကာင္ေလးလို မာထန္တဲ့မ်က္ႏွာထားရွိေနျခင္းေၾကာင့္ သားအဖမွန္း ျမတ္ရွားသေဘာေပါက္သြားတယ္ ။ ေတာ္ေတာ့္ကိုတူၾကတာပဲ ။ အမ်ိဳးသမီးကေတာ့ ဦးေလးႀကီးထက္အသက္ပိုငယ္ပုံေပၚတယ္ ။ ခ်ိဳသာသည့္မ်က္ဝန္းမ်ားနဲ႕ သနားဂ႐ုဏာသက္စြာ သူ႕ကိုၾကည့္လာတယ္ ။ ၿပီးေနာက္ သူမက ေျမျပင္ေပၚလဲက်ကာ ဒါဏ္ရာရထားတဲ့ ျမတ္ရွားကို ဆြဲထူးေပးလာတယ္ ။

" အဆင္ေျပရဲ႕လား "

ျမတ္ရွားလဲ ကိုယ္ေပၚကဖုန္ေတြကိုခါလိုက္ၿပီး ...

" အဆင္ေျပပါတယ္ဗ် "

သူ႕အေရွ႕ကေကာင္ေလးကိုၾကည့္လိုက္ေတာ့ အျပစ္ရွိတဲ့စိတ္ရွိပုံမေပၚတဲ့အျပင္ တားစီးလိုက္တဲ့ထိုလူေတြကို မေက်မနပ္ျဖင့္ေတာင္ ၾကည့္ေနေသးတယ္ ။ ဦးေလးႀကီးက သူ႕သားျဖစ္သူရဲ႕ပုံစံကိုၾကည့္ကာ စိတ္ပ်က္လက္ပ်က္အသံျဖင့္ ဆိုလာတယ္ ။

" ဇိုင္းထက္ ... မင္းကိုဘာျပႆနာမွမရွာပဲ အၿငိမ္ေနဖို႔ ငါမေျပာခဲ့ဘူးလား "

" ကြၽန္ေတာ္က ဘာလုပ္ေနလို႔လဲ ... သူကအရင္လာရႈတ္တာ "

" ေတာ္ေတာ့ ... မင္းကစၿပီးသူ႕ကိုထိုးလိုက္တာ ငါမျမင္ဘူးထင္ေနလား "

" သူကအရင္ထိုးေအာင္လာလုပ္တာေလ ... ဘာလို႔ကြၽန္ေတာ့အျပစ္ျဖစ္ရမွာလဲ "

" မင္းရဲ႕အက်င့္ေတြက ဘာေၾကာင့္ဒီေလာက္ထိဆိုး႐ြားေနတာလဲ ဟမ္ ... ငါ့ရဲ႕သင္ျပမႈေတြကို ဂ႐ုမစိုက္တာလား "

" အေဖ့သားကဒီပုံစံအတိုင္းပဲ ... ဘယ္ေတာ့မွေျပာင္းလဲမွာမဟုတ္ဘူး "

" မင္း "

သားအဖႏွစ္ေယာက္ရဲ႕အေျခအေနကတင္းမာလာေတာ့ ေဘးနားကအမ်ိဳးသမီးက အေျခအေနကိုထိန္းဖို႔စကားခ်ိဳခ်ိဳေလးနဲ႕ဆိုလိုက္တယ္ ။

" ေတာ္ပါေတာ့အကိုရယ္ ... ဇိုင္းကငယ္ပါေသးတယ္ ... ႀကီးလာရင္သူေျပာင္းလဲသြားမွာပါ "

" မင္းကဘာေၾကာင့္ သူ႕ဘက္ပါေနရတာလဲ ... ဒီေကာင္ကပိုပိုဆိုးဖို႔ပဲရွိတယ္ "

သူမကသားအဖႏွစ္ေယာက္ကိုတားလို႔မရေတာ့ စကားလမ္းေၾကာင္းလႊဲဖို႔ ျမတ္ရွားထံလွည့္လာၿပီး အၿပဳံးခ်ိဳေလးနဲ႕ေမးလာတယ္ ။

" ဒါနဲ႕ မင္းက ခြန္းျမတ္ရွားလား "

ျမတ္ရွားက သူ႕အားေမးလာေတာ့ ေခါင္းၿငိမ့္ကာ ျပန္ေျဖလိုက္တယ္ ။

" ဟုတ္ကဲ့ဗ် "

" မေၾကာက္ပါနဲ႕ ... အႏၲီသားအစား ေတာင္းပန္ပါတယ္ေနာ္ "

" ဘယ္သူက ခမ်ားသားလဲ ... မိေထြးကမိေထြးလိုေန "

ေကာင္ေလးရဲ႕ေဒါသေတြက သူမထံဦးတည္လာေတာ့ သူမက သူေဌးႀကီးရဲ႕လက္ကို အားကိုးတႀကီးဆြဲကိုင္လိုက္တယ္ ။ သူေဌးႀကီးကလဲ သူ႕သားကိုအသံမာမာနဲ႕ သတိေပးလိုက္တယ္ ။

" ဇိုင္းထက္ ... ေတာ္ေတာ့ "

" အေဖကအၿမဲ အဲ့မိန္းမဘက္ကပဲ ... အဲ့ဒါကိုမႀကိဳက္တာ ... ဘယ္သူက သူ႕သားမလို႔လဲ ... ေစာက္ေရးမပါတာေတြ "

ထိုအခါ သူမက သနားစရာေကာင္းေအာင္ အသံတိုးတိုးျဖင့္ ဆိုလာတယ္ ။

" အန္တီလီက သားဇိုင္းကို ျပႆနာမျဖစ္ေစခ်င္လို႔ပါ ... သားခုလိုေဒါသထြက္လြယ္ရင္ လူေတြက သားကိုအျပစ္ဆိုၾကလိမ့္မယ္ "

" ဒါဆိုလဲသူတို႔ကိုပိုက္ဆံနဲ႕ျပစ္ေပါက္လိုက္ရင္ၿပီးၿပီပဲမဟုတ္လား ... ခမ်ားတို႔လုပ္ေနၾကပဲေလ ... ဘာကိုဂ႐ုစိုက္ေနရမွာလဲ "

" ဒီေကာင္ကေတာ့ "

" အကို ေတာ္ပါေတာ့ "

ထိုေကာင္ေလးကႏွာတစ္ခ်က္မႈတ္လိုက္ၿပီး ဘာဆိုဘာမွဂ႐ုမစိုက္တဲ့ပုံစံမ်ိဳးနဲ႕ ကားေပၚျပန္တက္သြားကာထိုင္ေနတယ္ ။ ျမတ္ရွားကသူတို႔ကိုၾကည့္ၿပီး အနည္းငယ္သေဘာေပါက္သြားတယ္ ။ ခ်မ္းသာႂကြယ္ဝေပမဲ့ ဒီေကာင္ေလးကလဲ သူတို႔မိဘမဲ့ေတြလို မိဘေမတၱာအျပည့္အဝမရရွာဘူးဆိုတာကိုေပါ့ ။ ျမတ္ရွာေကာင္ေလးကိုေတာင္ အနည္းငယ္သနားမိသြားတယ္ ။

သူေဌးႀကီးက ညည္းၫူလာတယ္ ။

" သူ႕ရဲ႕ပုံစံကိုၾကည့္ပါအုံး ... အသက္ကျဖင့္ ၁၅ ႏွစ္ပဲရွိေသးတယ္ ... ႀကီးလာရင္သူ႕ကိုဘယ္လိုထိန္းေက်ာင္းရမလဲ ငါျဖင့္ေတြးၿပီးရင္ေမာတယ္ "

" အကိုရယ္ ဇိုင္းကငယ္ပါေသးတယ္ ... သူေျပာင္းလဲမွာပါ "

ေကာင္ေလးကခုထိ ေဒါသမေျပေသးတဲ့ပုံစံနဲ႕ မ်က္ေမွာင္ၾကဳတ္လွ်က္ ကားေပၚမွာထိုင္ေနၿပီး သူ႕အၾကည့္ေတြကေတာ့ ျမတ္ရွားထံေရာက္ေနတယ္ ။ ျမတ္ရွားက ေကာင္ေလးရဲ႕စူးရဲတဲ့အၾကည့္ေတြကိုေရွာင္ရွားဖို႔ ေခါင္းကိုငုံ႕ထားလိုက္တယ္ ။ သူထြက္သြားခ်င္ေပမဲ့ ထြက္သြားလို႔မရေသးဘူး ။ အေၾကာင္းကသူတို႔အနားကို ေဂဟာမႉးေရာက္လာျခင္းေၾကာင့္ပဲ ။

" ဦးဇ်ာန္ရွိုင္းနဲ႕ မအဇၤလီ ... ရွင္တို႔ ျမတ္ရွားေလးကို ေမြးစားခ်င္တာ ေသျခာရဲ႕လား "

ထိုစကားက ျမတ္ရွားကို ေခါင္းနပမ္းႀကီးသြားေစတယ္ ။

ဘာ !! ေမြးစားမယ္ဟုတ္လား ။ ဘယ္သူက ဒီၾကမ္းတမ္းတဲ့လူဆိုးေကာင္ရွိတဲ့ေနရာမွာ ေနခ်င္မွာလဲ ... မလိုက္နိုင္ပါဘူး ...

" ေသခ်ာပါတယ္ရွင္ ... ကြၽန္မတို႔ ေကာင္းေကာင္းမြန္မြန္ျပဳစုေစာင့္ေရွာက္ေပးမွာပါ "

" ဒါေပမဲ့ ရွင္တို႔မွာလဲ သားတစ္ေယာက္ရွိေနတာပဲ "

" အမွန္တိုင္းေျပာရရင္ ကြၽန္မက ကေလးမရနိုင္ဘူး ... ကြၽန္မတို႔ ၂ ေယာက္လုံးကလဲအလုပ္မ်ားေတာ့ သားေလးကိုအေဖာ္မျပဳေပးနိုင္ဘူးေလ ... ဒါေၾကာင့္သားေလးအတြက္အေဖာ္တစ္ေယာက္ေလာက္ရေအာင္ေမြးစားခ်င္တာပါ "

" ျမတ္ရွားေလးက လူေကာင္ကေသးေနေပမဲ့ အသက္က ၁၈ ႏွစ္ရွိၿပီ ... ရွင္တို႔သားထက္ႀကီးမယ္ထင္တယ္ "

" ဇိုင္း ထက္ ၃ ႏွစ္ႀကီးတာပဲ ... ကိစၥမရွိပါဘူး သူ႕မွာအကိုတစ္ေယာက္ရေတာ့ ပိုေကာင္းသြားတာေပါ့ "

ျမတ္ရွားကျငင္းဖို႔ႀကိဳးစားေပမဲ့ ေဂဟာမႉးကစကားေျပာလာ၍ သူဘာမွဝင္မေျပာနိုင္ဘူး ။

" သူကခုမွ ၁၀ တန္းေပမဲ့ စာအရမ္းေတာ္တဲ့ကေလးပါ ... ဒီမွာကေက်ာင္းငယ္ေလးေတြပဲရွိၿပီး သူ႕ရဲ႕ပညာေရးကို အမ်ားႀကီးအေထာက္အကူမျပဳနိုင္မွာစိုးမိတယ္ ... သူ႕ရဲ႕အနာဂတ္ကိုျမႇင့္တင္ေပးဖို႔က ကြၽန္မရဲ႕အိမ္မက္ပါပဲ "

ေဂဟာမႉးကအသက္ႀကီးေနၿပီျဖစ္သလို ျမတ္ရွားအတြက္တစ္ဦးတည္းေသာမိသားစုဝင္ျဖစ္တယ္ ။ သူဒီမွာဆက္ေနရင္ ဆယ္တန္းေအာင္ရင္ေတာင္မွ တကၠသိုလ္ဆက္တက္နိုင္မွာမဟုတ္ဘူး ။ သူ႕အေမလိုပဲဒီေက်ာင္းမွာဆရာအျဖစ္ဝင္လုပ္ဖို႔ပဲရွိတယ္ ။ အဖြားကသူ႕အေပၚအမ်ားႀကီးေမွ်ာ္မွန္းထားတာျမင္ရေတာ့ ျမတ္ရွားျငင္းဆန္ဖို႔စဥ္းစားထားတဲ့စကားလုံးေတြကိုမ်ိဳခ်လိဳက္ၿပီး ႏႈတ္ဆိတ္ေနမိတယ္ ။

သူေဌးႀကီးကဝင္ေျပာလာတယ္ ။

" စိတ္ခ်ပါ ... ကြၽန္ေတာ့သားေနတဲ့ ကိုယ္ပိုင္ေက်ာင္းမွာပဲ သူ႕ကိုထားေပးမွာ ... တကၠသိုလ္အတြက္ကေတာ့မပူပါနဲ႕ ... ဘြဲ႕ရတဲ့ထိထားၿပီး အလုပ္လဲေပးမွာပါ "

ျမတ္ရွားက သူတို႔ေျပာေနတာေတြကို ၿငိမ္ၿငိမ္ေလးနားေထာင္ေနၿပီး သူ႕ကိုသူမ်ားမိသားစုထံေပးဖို႔ ဆုံးျဖတ္လိုက္တဲ့အဖြားကိုတစ္လွည့္ ခက္ထန္ၾကမ္းတမ္းတဲ့ ေကာင္ေလးကိုတစ္လွည့္ၾကည့္ကာ ေနာက္ဆုံးဝမ္းနည္းမ်က္ရည္ေတြက ထိန္းမနိုင္ေအာင္က်လာတယ္ ။ ထိုေန႕က သူထိုေဂဟာေလးထံကေနႏႈတ္ဆက္ထြက္ခြာလာခဲ့ရၿပီး ၾကမ္းတမ္းရက္စက္တဲ့ အကိုေလးရဲ႕အနိုင္က်င့္မႈေတြကို စတင္ရင္ဆိုင္ရေတာ့မယ္ဆိုတာ သိေနခဲ့တယ္ ။

အိမ္ေတာ္ႀကီးထံစေရာက္ေတာ့ သူေဌးမနဲ႕သူေဌးႀကီးက ကိုယ့္အိမ္လိုသေဘာထားၿပီးေနဖို႔ေျပာကာ အလုပ္ကိစၥနဲ႕ ႏွစ္ေယာက္စလုံးအျပင္ထြက္သြားခ်ိန္ ထိုေကာင္ေလးကစၿပီးျပႆနာရွာေတာ့တယ္ ။ ျမတ္ရွားကအဝတ္ထုတ္ေလးကိုကိုင္ၿပီး ေရာင္လည္လည္ေလးေလွ်ာက္ၾကည့္ေနတဲ့အခ်ိန္ ထိုေကာင္ေလးက ႏွာေခါင္းရႈံ႕လိုက္ၿပီး အေစခံေတြကိုလွမ္းေခၚကာ အမိန္ေပးလိုက္တယ္ ။

" သူ႕ကိုအိမ္ေတာ္ထဲကေနထုတ္ၿပီး ဂိုေထာင္ထဲမွာသြားထားလိုက္ ... ငါသူ႕ကိုမျမင္ခ်င္ဘူး "

ဒီေကာင္ေလး ဒီအခ်ိဳးခ်ိဳးမယ္ဆိုတာ ျမတ္ရွားကထင္ၿပီးသား ။ ဒီေကာင္ေလးကသူ႕တင္မကဘူး ဒီအိမ္မွာရွိတဲ့လူေတြအားလုံးကို လူလို႔ထင္ပုံမေပၚဘူး ။ အေစခံေတြကလဲ ျမတ္ရွားကိုသနားတဲ့အၾကည့္ေတြနဲ႕ၾကည့္လာၾကတယ္ ။ သူတို႔လဲဒီသခင္ေလးရဲ႕ေဒါသကိုေၾကာက္ရသလို အမိန႔္ကိုလဲမလြန္ဆန္ရဲၾကဘူး ။ ဘယ္သူမွ ျမတ္ရွားကိုမကူညီနိုင္တဲ့အဆုံးမွာ အိမ္ေတာ္ထိန္းဦးေလးႀကီးက ဝင္ေျပာလာေတာ့တယ္ ။

" သခင္ေလးဇိုင္း ... ဒီကေလးက သခင္ေလးရဲ႕မိဘေတြေမြးစားလိုက္တဲ့ခေလးပါ ... သူ႕ကိုပစၥည္းတစ္ခုလို စြန႔္ျပစ္လို႔မရပါဘူး "

" ဘာေၾကာင့္မရရမွာလဲ ... ငါမလိုခ်င္တာကို ဘာေၾကာင့္ ဒီအိမ္ႀကီးမွာထားဖို႔လိုမွာလဲ ... သြား ခုခ်က္ခ်င္းဆြဲထုတ္သြာ ... ငါထြက္လာလို႔သူ႕ကိုျမင္​ရင္ မင္းတို႔အားလုံးအေသပဲ "

ေျပာၿပီးေနာက္ အခန္းထဲသို႔ဝင္သြားကာ တံခါးကိုေတာင္ မညွာမတာေစာင့္ပိတ္လိုက္ေသးတယ္ ။ ဘယ္ေလာက္ရိုင္းစိုင္းလိုက္သလဲဆိုတာ ျမင္ေနရတာေတာင္ ျမတ္ရွားျဖင့္ မယုံနိုင္ေသးဘူး ။ သူကလူသာဆင္းရဲရင္ဆင္းရဲမယ္ ဒီလိုအရိုင္းအဆိုင္းေတြက ဘယ္ေလာက္ပဲခ်မ္းသာေနပါေစ အထင္ကိုမႀကီးတာ ။ ႏွင္ထုတ္ေတာ့လဲ သေဘာပဲေလ ... သူျပန္ခ်င္ေနတာနဲ႕အေတာ္ပဲ ...

ျမတ္ရွားအထုတ္ကိုမၿပီး ျပန္ထြက္မယ္လုပ္ေတာ့ ဦးေလးႀကီးကတားစီးလိုက္တယ္ ။

" မင္းကိုစာခ်ဳပ္စာတန္းနဲ႕တကြ ေမြးစားလိုက္ၿပီမို႔ ထြက္သြားလို႔မရပါဘူး "

အိမ္ေတာ္ထိန္းက ျမတ္ရွားနားေလွ်ာက္လာကာ ပခုံးကိုပုတ္ေပးလိုက္ၿပီး ...

" သခင္ေလးဇိုင္းကိုေတာ့ စိတ္မဆိုးပါနဲ႕ သူစိတ္ေျပသြားရင္ မင္းကိုလက္ခံေပးလိမ့္မယ္ ... ခုသူကအထီးက်န္ေနလို႔ ေဒါသနဲ႕ေျဖေဖ်ာက္ေနရတာ ... ေရွ႕ေရွာက္ မင္းကပဲသခင္ေလးကို ျပဳစုေစာင့္ေရွာက္ေပးပါ ... ၿပီးေတာ့ အကိုေလးလို႔ ေခၚဖို႔လဲမေမ့နဲ႕ေနာ္ ... သူကမင္းထက္ငယ္ေပမဲ့ မင္းရဲ႕အကိုေလးပဲ ... မင္းသူ႕ကိုေစာင့္ေရွာက္ေပးရမဲ့ဝတၱရားေတြကို ဦးေလးကသင္ၾကားေပးမယ္ ... လိမ္လိမ္မာမာနဲ႕စကားနားေထာင္ရင္ မင္းဒီမွာေနရတာ ေပ်ာ္စရာေကာင္းလာမွာပါ "

ျမတ္ရွားထြက္သြားခ်င္ေပမဲ့ အဖြားရဲ႕ေမွ်ာ္လင့္ခ်က္ေတြကိုလဲ ရိုက္မခ်ိဳးခ်င္ဘူး ။ သူကဆင္းရဲတဲ့သူမို႔ ခ်မ္းသာတဲ့လူေတြရဲ႕အမိန႔္ကို ဘယ္တြန္းလွန္နိုင္ပါ့မလဲ ။ သူ႕ကိုေမြးစားလိုက္တာက သူေကာင္းစားဖို႔အတြက္ပဲမဟုတ္ဘူးဆိုတာသူသိတာေပါ့ ။ ဒီအတြက္ သူျပန္ေပးရမဲ့တန္ရာတန္ေက်းက ဒီဆိုးသြမ္းတဲ့သခင္ေလးကို ေစာင့္ေရွာက္ေပးဖို႔ပဲ မဟုတ္လား ။ သူ႕တာဝန္ကိုပဲသူေက်ပြန္ေအာင္ထမ္းေဆာင္ဖို႔ ဆုံးျဖတ္လိုက္တယ္ ။

" ေကာင္းပါၿပီဦးေလး .... ကြၽန္ေတာ္ႀကိဳးစားပါ့မယ္ "

~~~~~~~~~~~~~~~~~~~~~~~~~~~~~

To Be Continued ....

( A/N - ကိုယ့္ရဲ႕အားနည္းခ်က္က ျမန္မာဝတၳဳကို ျမန္မာဆန္ဆန္မဟုတ္ပဲ စိတ္ကူးယဥ္ဆန္ဆန္ပဲေရးတတ္တာမို႔ အႀကိဳက္မတူရင္ေတာင္ အႀကိဳက္ေတြ႕ဖို႔ေမွ်ာ္လင့္ပါတယ္ ... ေနာက္ထပ္မိသားစုဝင္အသစ္ေလးကိုလဲ ဆက္ၿပီးအားေပးပါအုံးေနာ္ ...

ျပန္လည္ေမြးဖြားတဲ့ပုံစံမ်ိဳးဆိုေပမဲ့ ဒီဘဝကအေၾကာင္းအရာေလးေတြ ေနာက္ သုံးေလးပိုင္းေလာက္ၿပီးမွ ျပန္လည္ေမြးဖြားျခင္းစတင္မွာပါ ... ျမတ္ရွားနဲ႕အကိုေလးတို႔ ဒီဘဝမွာ ဘယ္လိုအဆုံးသပ္ၿပီး ဘဝသစ္မွာဘယ္လိုေရွ႕ဆက္ၾကမလဲ ေစာင့္ေမွ်ာ္ေပးပါ ...

ဖတ္ၿပီးရင္ ၾကယ္ေလးကိုႏွိပ္ခဲ့ဖို႔မေမ့နဲ႕ေနာ္ ... ဒါဒါေလးေတြရဲ႕အားေပးမႈက ေနာက္တစ္ပိုင္းဆက္ေရးဖို႔အတြက္ အားေဆးပါပဲ 🥰❤️ )

Lanjutkan Membaca

Kamu Akan Menyukai Ini

887K 59.5K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
472K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
409K 39.1K 119
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
437K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...