အပိုင်း ( ၈ )

615 66 41
                                    

လွန်ခဲ့သောနာရီဝက်က ~~~

" ဟျောင့် ဇိုင်းထက် နေ့လည်စာသွားမစားသေးဘူးလား ကန်တင်းမှာ ငါနေရာဦးခိုင်းထားတယ် "

ဖုန်းကိုသာအဆက်မပြတ်နှိပ်ပြီး ဂိမ်းဆော့နေတဲ့ ဇိုင်းထက်က ဘေးကလူရဲ့ပြောစကားတွေကို နားမဝင်ပေ ။ ထိုစဉ်တစ်ယောက်က ဝင်ပြောလာတယ် ။

" သူက ဘယ်တုန်းက ကန်တင်းလိုလူရှုတ်တဲ့နေရာမျိုးမှာ သွားစားဖူးလို့လဲ မကြာခင်သူ့ရဲ့အစေခံလေးက စားစရာအပြည့်နဲ့ရောက်လာလိမ့်မယ် "

အားလုံးက တံခါးဝကနေအပြေးဝင်လာမဲ့ကောင်လေးရဲ့ပုံစံကိုတွေးပြီး ရယ်မောနေကြတယ် ။ ဒါပေမဲ့ အချိန်ကြာသည်ထိ တံခါးဝကနေဘယ်သူမှဝင်မလာတဲ့အပြင် အခန်းထဲကလူတွေပါဘယ်သူမှမရှိတော့ပဲ သူတို့အဖွဲ့သာကျန်နေတော့တယ် ။

" မဟုတ်သေးပါဘူး သူဘယ်တုန်းကမှနောက်မကျဖူးဘူးလားလို့ မေ့နေတာများလား "

" မဖြစ်နိုင်တာ သူ့ရဲ့မင်းသားလေးစားဖို့ ဘာမဆိုအပြေးအလွှားဝယ်လာပေးတဲ့အစေခံလေးက မေ့နေတာဖြစ်နိုင်ပါ့မလား "

" ဒါဆိုသူ့ကို တစ်ယောက်ယောက်ကများ အနိုင်ကျင့်နေလို့လား "

' ဒုံး '

ရုတ်တရပ်ခုံကိုလက်သီးဖြင့်ထုလိုက်တဲ့အသံကြောင့် စကားပြောနေတဲ့သူတွေ တိတ်ဆိတ်သွားလေတယ် ။

" ချီး ရှုံးပြီ "

ဇိုင်းထက်က လက်ထဲကဖုန်းကိုလွှတ်ချလိုက်ပြီး ဘေးနားမှာစကားလာပြောနေတဲ့ကောင်တွေကို မျက်စောင်းထိုးကာ ကြည့်လိုက်တယ် ။ သူတို့ကလဲ အပြစ်ရှိသည့်နယ် သူတို့ပါစပ်သူတို့ပိတ်ရင်း ငြိမ်သွားကြတယ် ။ ထိုစဉ်အခန်းဝသို့ကျောင်းသားတစ်ယောက်ပြေးလာပြီး မောဟိုက်စွာဖြင့်ပြောလာတယ် ။

" ဟျောင့်တွေ ကန် ကန်တင်းမှာ ထိုက်အောင်တို့အဖွဲ့ နဲ့ ရန်လင်းခန့်တို့ ရန်ဖြစ်နေကြတယ် "

" ဘာများလဲလို့ အဲ့ဒါကြောင်းအုပ်သွားတိုင်လေ ငါတို့နဲ့ဘာဆိုင်လို့လဲ "

" မဟုတ်ဘူး ရန်လင်းခန့်အနားမှာ ခွန်းမြတ်ရှားလဲရှိနေတယ် "

အကိုလေးရဲ့ ဖန်အိမ်စောင့်Where stories live. Discover now