အပိုင်း ( ၆ )

1.2K 88 50
                                    

( Uni )

အိမ်တော်အတွင်းမှာတော့ ရှိသမျှအစောင့်တွေနဲ့အစေခံတွေအားလုံးဟာ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ကာ ထိုင်နေကြပြီး ကြောက်လန့်တုန်လှုပ်နေကြတယ် ။ သူတို့အရှေ့မှတော့ ဒေါသထောင်းထောင်းထကာ ပစ္စည်းတွေအဆက်မပျက်ရိုက်ခွဲနေတဲ့ ချောမောသည့်သခင်လေးတစ်ယောက်ရှိနေတယ် ။

ဇျာန်ဇိုင်းထက် အိမ်တော်ပြန်ရောက်ရောက်ချင်း အိမ်ငယ်လေးထံသွားခဲ့ပေမဲ့ သူ့အားအရင်လိုစောင့်မျှော်နေမဲ့ မြတ်ရှားဟာမရှိတော့ပဲ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အခန်းလွတ်တစ်ခုသာ ရှိနေခဲ့တယ် ။ သူပေးခဲ့တဲ့စာချုပ်တွေကလွဲပြီး အခန်းလေးထဲမှာ ထိုလူရဲ့ပစ္စည်း ဘာတစ်ခုမှမရှိနေတော့တာကြောင့် ထွက်ပြေးသွားပြီဆိုတာ သဘောပေါက်သွားတယ်။ ထိုအချိန်ကစပြီး အိမ်တော်တစ်ခုလုံးကိုပတ်ကြမ်းနေခဲ့တာ ခုချိန်ထိ သူ့အား ဘယ်သူမှ မတားစီးနိုင်သေးဘူး ။

မြတ်ရှားကိုလွတ်မြောက်အောင် ကူညီပေးတဲ့တရားခံအား တစ်ယောက်ချင်းရိုက်နှက်ကာ စစ်ဆေးပြီးတဲ့နောက် ဘယ်သူမှနှုတ်မလုံနိုင်တော့ပဲ အားလုံးရဲ့အကြည့်တွေက စိုင်းနောင်ထံရောက်သွားကြတယ် ။ တာဝန်ယူစိတ်အပြည့်ရှိတဲ့စိုင်းနောင်ကလဲ သူတစ်ယောက်ထည်းသာအပြစ်တွေဝန်ခံလိုက်တော့ ဇိုင်းထက်ရဲ့ဒေါသတွေက သူ့အပေါ်စုပုံကျလာကာ ထိုးနှက်လေတော့တယ် ။ ရှောင်ရှင်းသာအချိန်မှီရောက်လာပြီး ဝင်မတားခဲ့ရင် စိုင်းနောင်သွေးထွက်လွန်ကာသေသွားနိုင်ထဲ့ထိ ရိုက်နှက်ခံထားရတယ် ။

" ရှင်ရူးနေလား သူကရှင့်ရဲ့လူယုံတော်မဟုတ်ဘူးလား "

" သူငါ့ကိုအရင် သစ္စာဖောက်တာ သူသာမြတ်ရှားကိုခေါ်ထုတ်မသွားရင် ငါဘာမှလုပ်မှာမဟုတ်ဘူး ခုသူ့ကြောင့် မြတ်ရှားမရှိတော့ဘူး ထွက်ပြေးသွားပြီ ငါအသေသတ်ပြစ်ရင်တောင် ငါ့ကိုဘယ်သူမှလာမတားနဲ့  "

ဇိုင်းထက်ရဲ့ဒေါသတွေကို အားလုံးကသိနေတာကြောင့် ခေါင်းငုံ့ပြီးသာ ငြိမ်နေကြတယ် ။ စိုင်းနောင်ရဲ့ခေါင်းမှာ ဂေါက်ရိုက်တံနဲ့ ရိုက်နှက်ခံထားရတာကြောင့် သွေးများအလိမ့်လိမ့်ထွက်နေပေမဲ့ နာကျင်တယ်တစ်ချက်မငြီးသလို သခင်သေဆိုသေဖို့အဆင်သင့်ရှိနေတယ် ။

အကိုလေးရဲ့ ဖန်အိမ်စောင့်Where stories live. Discover now