အပိုင်း ( ၇ )

642 60 39
                                    

မြတ်ရှားသေဆုံးသွားချိန်မှာ သူ့ရဲ့စိတ်ဝိဉာဉ်ဟာ လေဟာနယ်ထဲမှာ လွင့်ပျံနေပြီး သူဆွဲလမ်းနေတဲ့အတိတ်ကပုံရိတ်တွေဟာ ရုပ်ရှင်ပြကွက်တစ်ခုလို သူ့ရဲ့အရှေ့မှာ တစ်ခုပြီးတစ်ခုပြသနေတယ် ။ ဒါကသေဆုံးသူတစ်ယောက်အတွက် အတိတ်ကပုံရိတ်တွေရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်းများလား ။ သူဒါတွေအပေါ် ဆွဲလမ်းစိတ်ထားမိရင် ဘဝကူးမဖျောင့်နိုင်ဘူး ။ ဒါကြောင့်အတတ်နိုင်ဆုံး စိတ်ခံစားမှုအပေါ် အာရုံမရောက်နိုင်အောင် သူ့ရဲ့မျက်လုံးတွေကို ဖြေးဖြေးခြင်းပိတ်လိုက်ကာ သူ့ရဲ့စိတ်ဝိဉာဉ် အငွေ့တစ်ဖွယ်ပျောက်ကွယ်သွားဖို့ကိုသာ စောင့်ဆိုင်းနေလိုက်တယ် ။

အချိန်တွေဘယ်လောက်ကြာသွားလဲမသိ အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေရာကနေ အလွန်ဆူညံတဲ့အော်ဟစ်သံတွေထွက်ပေါ်လာချိန်မှာတော့ မြတ်ရှားအသိပြန်ဝင်လာခဲ့တယ် ။

" ဟေး ထမင်းစားဆင်းပြီ ထ ထ "

ပခုံးထပ်ကို တစ်စုံတစ်ရာလာထိခပ်သည့် ခံစားမှုက မြတ်ရှားကိုအိမ်မက်ဆိုးကနေ နိုးထလာစေခဲ့သလို အလွန်လန့်ဖြန့်သွားကာ ဒုံးဆိုသည့်အသံနှင့်အတူ ကြမ်းပြင်ပေါ်လဲကျသွားလေတယ် ။ သူဟာသေဆုံးသွားပြီဆိုတာ မြတ်ရှားသိနေပေမဲ့ သူ့ရဲ့ကျောက နာကျင်နေသည့်ခံစားမှုကို ရရှိနေ၍ မြတ်ရှားအခြေအနေကို နားလည်နိုင်ဖို့ ကြိုးစားနေမိတယ် ။

သူ့ရဲ့အမြင်အာရုံတွေက မှောင်မိုက်သည့်ဟင်းလင်းပြင်ကြီးကနေ ရုတ်ခြည်အလင်းတန်းတစ်ခုတိုးဝင်လာခြင်းကြောင့် မျက်လုံးတွေကို လက်ဖြင့်အုပ်မိုးကာ ကာစီးလိုက်တယ် ။ ဒါကဘဝကူးသွားတာလား ?

" မြတ်ရှား အဆင်ပြေရဲ့လား "

နူးညံ့တဲ့အသံတစ်စထွက်ပေါ်လာခြင်းကြောင့် မျက်လုံးတွေကိုကာထားတဲ့လက်တွေကို မြတ်ရှားဖယ်လိုက်ကာ အသံကြားရာကိုကြည့်မိတော့ စိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ် ။ ထိုကောင်လေးက မျက်မှန်ထူထူသပ်ထားပြီး ဆံနွယ်တွေက အနည်းငယ်လိပ်ကောက်နေကာ အသက်ငယ်ရွယ်ပုံပေါ်တယ် ။ ရင်းနီးတဲ့ထိုမျက်နှာအား အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီးနောက် မြတ်ရှား သတိလက်လွတ် ရေရွတ်လိုက်မိတယ် ။

အကိုလေးရဲ့ ဖန်အိမ်စောင့်Where stories live. Discover now