အပိုင်း ( ၃ )

954 101 74
                                    

( Uni )

အကိုလေးက ကုတင်ပေါ်မှာလှဲနေပြီး သူ့ရဲ့ဘေးမှာတော့ အမျိုးသမီးတစ်ယောက်ထိုင်နေတယ် ။ သူမလက်တွေကအကိုလေးရဲ့လက်ကို ဆုတ်ကိုင်ထားရင်း အကြည့်ချင်းစုံနေကြတယ် ။ ဘယ်လိုပဲကြည့်ကြည့် မျက်နှာနှစ်ခုက ဒီလောက်နီးကပ်နေပုံထောက်ရင် ရိုးရိုးသားသားစကားဆိုယုံတော့မဖြစ်နိုင်ဘူး ။

သူမကတံခါးဖွင့်သံကြောင့်အနောက်ကိုလှည့်ကြည့်လာတဲ့အချိန်မှာ ဖြူဖွေးနေတဲ့သူမရဲ့မျက်နှာက အနည်းငယ်ရှက်သွေးဖြာနေပြီး နားလေးတွေကရဲနေတယ် ။ မြတ်ရှားကသူထင်နေတာမှန်သွားပြီမို့ သူတို့ကိုမနှောက်ယှက်မိအောင် တံခါးကိုပြန်ပိတ်လိုက်တယ် ။

' နာကျင်လိုက်တာ '

သူ့နှလုံးသားပေါ် လက်တင်ကာ ကျစ်ကျစ်ပါအောင်ဆုတ်လိုက်ရင်း လှိုက်တက်လာတဲ့နာကျင်မှုတွေကို တင်းခံနေမိတယ် ။ သူမျက်ရည်ကျလို့မဖြစ်ဘူး ။ အကိုလေးက သူမျက်ရည်ကျတာမြင်ရင် ဒေါသထွက်တယ် ။ ဒါကြောင့်အကိုလေးရှေ့မှာဆို မြတ်ရှားက အမြဲပြုံးထားရပြီး ခံစားချက်တွေကိုကွယ်ဝှက်ထားရတယ် ။

ဒီတစ်လျှောက်လုံး သူကအကိုလေးဘက်မှာအမြဲရှိနေတဲ့ အကိုလေးအားကိုးလို့ရနိုင်လောက်တဲ့ထိ သန်မာတဲ့လူဖြစ်အောင်သာ နေထိုင်ခဲ့တယ် ။ အကိုလေးရဲ့ကျရှုံးချိန်တိုင်းမှာ သူကသာတစ်ဦးတည်းသောသန်မာစွာနဲ့ အကိုလေးဘေးကနေရပ်တည်ပြီး အဖော်ပြုပေးသူဖြစ်လာခဲ့တယ် ။ ဒါကြောင့်သူမျက်ရည်ကျပြီး အားနည်းတဲ့ပုံကို အကိုလေးတွေ့လို့မဖြစ်ဘူး ။

ထိုစဉ်တံခါးဖွင့်သံကြားရပြီး အခန်းထဲကနေသူမထွက်လာခဲ့တယ် ။ သူမကလှပပြီး အိန္ဒြေရှိလှတဲ့ အမျိုးသမီးကောင်းတစ်ယောက်ပါ ။ သူမရဲ့မိသားစုက အကိုလေးတို့မိသားစုနဲ့တန်းတူယှဉ်နိုင်ပြီး အကိုလေးရဲ့ကုမ္ပဏီဒုက္ခရောက်နေစဉ်က အများဆုံး ကူညီပေးသူလဲဖြစ်တယ် ။

သူမနာမည်းက ရှောင်ရှင်း … မိဘမျိုးရိုးနာမည်က ' ယိ ' သူတို့ကတရုတ်လူမျိုးစစ်စစ်ဖြစ်ပေမဲ့ ဒီနိုင်ငံမှာအနေများပြီး စီးပွားရေးတွေလဲအများကြီး တိုးချဲ့ထားတယ် ။ ဒါတင်မကသေးဘူး သူမက အကိုလေးနဲ့ လူကြီးချင်း စေ့စပ်ထားတဲ့ အမျိုးသမီးတစ်ယောက် ။ ဒီအချက်ကပဲ မြတ်ရှားရဲ့ရင်ကို အစိမ်းလိုက်ခွဲခံရသလို နာကျင်စေတယ် ။

အကိုလေးရဲ့ ဖန်အိမ်စောင့်Where stories live. Discover now