အပိုင်း-၁ [ကျောင်းလူသတ်မှု့]
"စီနီယာ၊ စီနီယာ နားထောင်နေလား?"ကောင်မလေးသည် သူ့မပါးပြင်တွေက အနည်းငယ် ရှက်သွေးဖြာနေကာ သူ့မလက်တွေကို အနောက်မှာ ဂရုတစိုက်ထားလိုက်ပြီး သူ့မလက်သည်းများကို စိတ်လှုပ်ရှားစွာထိုးဆိတ်နေလျှက် သူမအရှေ့က တွေဝေနေသော လူငယ်လေးကို မျှော်လင့်တကြီး ကြည့်နေသည်။
ဒီကောင်လေး၏ အသွင်အပြင်သည် ထင်ရှားပေါ်လွင်ပြီး သူ့မှာဆန်းပြားတဲ့ဆံပင်ပုံစံမရှိပေမယ့် မျက်လုံးများက ကြယ်ပွင့်များကဲ့သို့ တောက်ပနေပြီး စိတ်ရှုပ်နေတဲ့အချိန်မှာပင် လူတွေကို ကြည်လင်ပြတ်သားသော စိတ်ခံစားမှု့ကို ပေးစွမ်းနိုင်သည်။
အထူးသဖြင့် ကောင်လေး၏ ညာဘက်မျက်လုံးအောက်က မျက်ရည်ခံမှဲ့သည် မူလက ကြည်လင်သောမျက်လုံးများကို အနည်းငယ် ဆွဲဆောင်မှု့ထပ်ပြီး ထည့်လိုက်သည်။
စုကျင်းယန်သည် သူရုတ်တရက် အသိပြန်ဝင်မလာခင် ကောင်မလေးမှ အကြိမ်ပေါင်းများစွာ ခေါ်ခံလိုက်ရသည်။သူ့စိတ်သည် အနည်းငယ် ရှုပ်ထွေးနေဆဲဖြစ်သည်။ထိုအခိုက်တန့်တွင် သူ့နှလုံးက စက္ကန့်အနည်းငယ်လောက်ရပ်တန့်သွားပြီး သူ့ဦးနှောက်က ဗလာဖြစ်သွားသလို ခံစားလိုက်ရပြီး အခုပဲ ထူးဆန်းတဲ့ စိတ်ခံစားမှု့ကို ကြုံတွေ့လိုက်ရသည်။
"အာ? တောင်းပန်ပါတယ် ငါအခုပဲ စိတ်ရှုပ်သွားလို့ ထပ်ပြီးပြောနိုင်မလား?"
ကောင်မလေးက သူမမျက်လုံးများကိုလိမ့်ရင်း ပြုံးလိုက်သည်။သူ့မေ့လျော့တတ်ခြင်းကြောင့် သူမကဒေါသမထွက်ပေ "ညီမပြောတာက ညီမမွေးနေ့က ဒီပိတ်ရက်လေ။ညီမရဲ့ မွေးနေ့ပါတီကို လာနိုင်မလားလို့?"
စကားပြောပြီးနောက် ကောင်မလေးက သူမမျက်နှာပေါ်မှာ ရှက်နေတဲ့အမူရာနဲ့ သူ့မခေါင်းကို ထပ်ပြီးငုံ့လိုက်သည်။
စုကျင်းယန်သည် ကျောင်း၏ ဂရင်းအော့လစ်စိုက်ပျိုးရေး ကလပ်၏ ဒုဥက္ကဠဖြစ်သည်။ဂရင်းအော့လစ်သည် ကျောင်းမှာ အလွန်နာမည်မကြီးသော ကလပ်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။ဒီကလပ်ကို ပါဝင်သောကျောင်းသားများသည် နှစ်ဝက်တစ်ခုတောင် မရှင်သန်နိုင်ခင် ထွက်သွားကြသည်။
ဒါပေမယ့် ချောမောလှပသောလူ စုကျင်းယန် အထက်တန်းကျောင်း သူ့ပထမနှစ်မှာ ဂရင်းအော့လစ်ကို လာပြီးကတည်းက မိန်းကလေးများသာမက ကျောင်းက ယောကျာ်းလေးများကလည်း သူတို့ကိုယ်သူတို့ စုစည်းပြီး ဒီကလပ်တွင် ပါဝင်လာချင်ခဲ့ကြသည်။အခုတော့ စုကျင်းယန်က အထက်တန်း တတိယနှစ်မှာဖြစ်ပြီးတော့ သူ့ပါဝင်ဆင်နွဲမှု့ကြောင့် ဂရင်းအော့လစ်သည် ကျောင်းမှာ ရေပန်းအစားဆုံးကလပ်ဖြစ်လာခဲ့သည်။
ဒါပေမယ့် စုကျင်းယန်သည် လူမှု့ဆက်ဆံရေးကို မကြိုက်ပေ။အရင်နှစ်က သူ့ကိုဆွဲဆောင်ဖို့ လာခေါ်တဲ့ စီနီယာ အကိုနှင့် အစ်မတွေကြောင့်သာ မဟုတ်ရင် သူလက်ရှိတွင် ဒုဥက္ကဌဖြစ်နေမှာမဟုတ်ပေ။သူဘာမှမဖြစ်ချင်ပေ အထက်တန်း ဒုတိယနှစ်မှာ ဂုဏ်သရေရှိစွာ အနားယူချင်တာဖြစ်သည်။
သို့သော် ဂရင်းအော့လစ်က သူ့တည်ရှိမှု့သည် သင့်လျော်ပြီး အထူးလာဘ်ကောင်ဖြစ်သည်: ဥက္ကဌတွေ သုံးကြိမ်ပြောလဲသွားစဥ် သူက ပထမနှစ်မှ စီနီယာနှစ်အထိ ဒုဥက္ကဌဖြစ်ခဲ့သည်။
သူမရှေ့ကကောင်မလေးသည့် စုန့်ခဲယင်ဖြစ်ပြီး သူမသည် ဂရင်းအော့လစ်ကလပ်၏ ဥက္ကဌအသစ်ဖြစ်သည်။
စုကျင်းယန်သည် သူမ၏ပုံရိပ်ကို ထိခိုက်စေမည်ကို အနည်းငယ်ရှက်ရွံခဲ့သည်။နောက်ဆုံးမှာတော့ သူမသည် သူ့တိုက်ရိုက်ဂျူနီယာဖြစ်ပြီး ကလပ်တစ်ခုထဲတွင်ဖြစ်တဲ့အတွက်ကြောင့် သူ့နောက်ဆုံးခေါင်းညိတ်လိုက်သည် "အိုခေ။"
စုန့်ခဲယင်မျက်နှာသည် ရွှင်လန်းမှု့အပြည့်ရှိနေပြီး ပျော်ရွှင်မှု့ကြောင့် ခုန်ပေါက်လုနီးပါးဖြစ်ကာ စိတ်လှုပ်ရှားစွာပြောလိုက်သည် "ဒါဆို အဲ့ဒါအတည်ပဲ နောက်မှတွေ့မယ် စီနီယာ။"
စကားပြောပြီးနောက် စုကျင်းယန်က နောင်တရပြီး သူ့အဖြေကို ပြန်ရုတ်သိမ်းလိုက်မှာကို ကြောက်နေသလိုမျိုး စုကျင်းယန်ရန်မြင်ကွင်းမှ ခုန်ထွက်သွားပြီး ကောင်မလေးက အရမ်းပျော်ရွှင်နေတဲ့မုရှိတယ်ဆိုတာကို အဝေးကနေတောင် လှမ်းမြင်နိုင်သည်။
စုကျင်းယန် သူ့လက်ထဲမှာ အတန်းအတွက် ဖတ်စာအုပ်များကို ကိုင်ထားပြီး နေရာတွင်ရပ်နေကာ သူ့ခေါင်းကိုပုတ်ရင်း သူအလွန်အရေးကြီးတဲ့ တစ်စုံတစ်ခုကိုမေ့နေသလို ခံစားလိုက်ရသည်။
သို့သော် သူအချိန်အကြာကြီးဆွဲမနေဘဲ သင်ကြားရေးအဆောက်ဦးစီသို့ ဆက်လျှောက်သွားလိုက်သည်။
သူ့အနောက်ဘက်မှာ ထောင့်နားမှာ ဝှက်နေပြီး သစ်ရွက်များ ကြေမွခံနေရသည့် အသံရှိနေသည်။
အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်က သူ့ခေါင်းကိုထွက်လိုက်ပြီး နံရံထောင့်နားကို သူ့လက်ချောင်းများဖြင့်တူးရင်း စုကျင်းယန်ထွက်သွားတဲ့ဘက်ကို မှောင်မည်းနေတဲ့ အမူရာနဲ့ ကြည့်နေသည်။
အခု စကားဝိုင်းကနေ သူဘယ်လောက်ကြားခဲ့ရလဲ နေနေသာသာ ထိုအနေအထားအတိုင်း သူဘယ်လောက်ကြာအောင်ရပ်နေလဲ မသိပေ။
ကောင်လေးက လှောင်ပြောင်လိုက်သည်။
တချို့လူတွေက ထပ်ပြီးမပြုမှု့ကြဘူးပဲ။
"ဟမ့်။"
မင်းမပိုင်ဆိုင်တဲ့အရာတွေကို စိတ်ကူးမယဥ်သင့်ဘူး။
ကောင်လေးသည် ထောင့်နားမှထွက်လာပြီး စုကျင်းယန်ထွက်ခွာသွားသည့် ခြေလှမ်းများနောက်လိုက်ကာ စုကျင်းယန်နောက်ကျောကို ဆက်တိုက် စိုက်ကြည့်ရင်း သူ့အကြည့်များက အနည်းငယ် ထင်ယောင်ထင်မှားဖြစ်မှု့နှင့် ရူးသွပ်မှု့တို့ဖြင့် ပြည့်နှက်နေသည်။
ကျနော့်ရဲ့ စီနီယာ။
ဒီနေ့လဲ လှမြဲလှနေဆဲပဲ။
ကောင်လေး တင်းကျပ်စွာ ဆုတ်ကိုင်ခဲ့သော နံရံထောင့်နေရာတွင် အပေါက်ငါးပေါက်ပေါ်လာပြီး သူခွန်အားဘယ်လောက်သုံးခဲ့တယ်ဆိုတာ ဘယ်သူမှမသိနိုင်ပေ။
လေညင်းကတိုက်ခတ်သွားပြီး မြေပြင်ပေါ်က သစ်ရွက်များက လွင့်သွားသည်။
စုကျင်းယန် သင်ကြားရေးအဆောက်အုံထဲကို လျှောက်သွားသည်နှင့် အကြည့်ပေါင်းများစွာသည် သူ့ပုံသဏ္ဍာန်ဆီသို့ ချက်ချင်း စုပြုံလာသည်။ထိုတောက်ပနေသောအကြည့်များသည် သူ့ကိုရပ်တန့်သွားစေပြီး သူမဖော်ပြနိုင်တဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။
ထူးဆန်းလိုက်တာ။
စုကျင်းယန် မနေနိုင်ပဲ လှောင်ပြောင်လိုက်သည်။
အဲ့ဒါက နေတိုင်းလိုမျိုး တူတူပဲဆိုတာ သိသာပင်မယ့် သူဘာလို့ ဒီနေ့ နည်းနည်း ထူးဆန်းတယ်လို့ ခံစားနေရတာလဲ?ဒါပေမယ့် သူဘာထူးဆန်းနေလဲဆိုတာကို အတိအကျ မညွှန်ပြနိုင်ပေ။
"စီနီယာ ကျင်းယန်၊ စီနီယာအတွက် ညီမကိုယ်တိုင်လုပ်ထားတဲ့ ကိတ်လေးပါ။"ကောင်မလေးသည် ပြေးထွက်လာပြီး လက်ရာမြောက်သော ဘူးလေးကို သူမလက်ထဲတွင်ကိုင်ထားပြီး စုကျင်းယန်ကို ကမ်းပေးလိုက်သည်။
စုကျင်းယန် ရှက်ရွံစွာဖြင့် ရပ်တန့်သွားသည်။
တစ်ယောက်ဦးဆောင်လိုက်လို့ ဖြစ်နိုင်သည် ကြိုးစားကြည့်ဖို့ စိတ်အားထက်သန်နေသော ကျန်တဲ့တခြားလူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။
"စီနီယာ၊ စီနီယာ၊ ဒါကလဲ ငါမင်းအတွက်လုပ်ထားတဲ့ အချစ်ထမင်းဘူးပါ။"
"စီနီယာ ကျင်းယန် ငါမင်းကိုကြိုက်တယ်။ဒါ ငါရေးခဲ့တဲ့ ရည်းစားစာပါ။"
"စီနီယာစု ငါကိုယ်တိုင် မင်းအတွက်ထိုးထားတဲ့ အဆောင်ကိုလက်ခံပေးနိုင်မလား?"
စုကျင်းယန် သု့ရှေ့မြင်ကွင်းကို မြင်လိုက်ရတော့ အနည်းငယ် အသက်ရှုကြပ်သလိုခံစားလိုက်ရပြီး ထွက်ပြေးလုနီးပါးဖြစ်သွားသည်။သူ တုန့်ဆိုင်းမှု့မရှိဘဲ အဝေးကိုလျှောက်သွားရင်း တောင်းပန်လိုက်သည်။
စုကျင်းယန် သတိမထားမိတာက ဒီမြင်ကွင်းကိုကြည့်ရင်း တံခါးနားမှာ တိတ်တဆိတ် မတ်တပ်ရပ်နေတဲ့ လူတစ်ယောက်ဖြစ်သည်။
သူ့အမူရာက ဖုန်းကွယ်လို့မရနိုင်သည့် အမုန်းတရားတွေ ဒေါသတွေနဲ့ ပြည့်နှက်နေသည်။
သေစမ်း!ဒီညစ်ပေတဲ့လူတွေကတော့ ငါ့စီနီယာကို ဘာလို့လာနှောက်ယှက်တာလဲ!
ငါသူတို့ကို မမြင်စေချင်ဘူး။
ဒါငါပိုင်တာ။
စီနီယာက ငါ့ကိုပဲကြည့်နေရင် ကောင်းလိမ့်မယ်။
အဲ့ဒါကို စဥ်းစားရင်း ကောင်လေးက သူ့မျက်လုံးများကို အနည်းငယ် ကျဥ်းမြောင်းရင်း သူ့ဘာတွေးနေလဲဆိုတာကို ဘယ်သူမှမပြောနိုင်ဘဲ ရုတ်တရက် လှောင်ရီသံထွက်လာခဲ့သည်။
ဟုတ်တယ် သူ့ကိုငါတစ်ယောက်ပဲပိုင်ဆိုင်ရင် အဆင်ပြေသွားလိမ့်မယ်!
စီနီယာကို ငါ့စီကနေ အဝေးကိုယူသွားမဲ့ လူတွေအများကြီးရှိတော့မှာ မဟုတ်ဘူး!
စီနီယာက သူ့အားနည်းတဲ့ဘက်ခြမ်းကို ငါ့ရှေ့မှာပြရင် လှပနေမှာပဲ။
နောက်ဆုံးတွင် သူအတန်းကို ပြေးသွားပြီးနောက် စုကျင်းယန် နေရာတွင် ထပ်ပြီးအေးခဲသွားပြန်ပြီး သူတို့၏မျက်လုံးများတွင် အရူးအမှုးအလင်းရောင်နဲ့ သူ့အတန်းဖော်များ၏ တညီတညာထဲ အာရုံစိုက်မှု့ကို ရရှိလိုက်ပြန်သည်။
သို့သော် သူ့ကို အရမ်းနီးကပ်လာတာ မလိုချင်ဘူးနှင့် လက်ဆောင်များကို လက်မခံချင်လို့ အရင်က ပြောထားလို့ဖြစ်နိုင်သည် အတန်းထဲရှိ ကျောင်းသားများသည် တောက်လောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရုံသာဖြစ်ပြီး တခြားအလွန်အကြူးအမူရာများ မပြုလုပ်ခဲ့ပေ။
စုကျင်းယန် သူ့ထိုင်ခုံမှာ ချော့မွေ့စွာ ပြန်ထိုင်လိုက်သည်။
ဝတ္ထုထဲတွင်ဖော်ပြထားသည့်အတိုင်း သူ့ထိုင်ခုံတွင် လက်ဆောင်များ အပုံလိုက်ရှိမနေပေ၊ သူတို့အတန်း၏ အနှစ်သက်ဆုံးဖြစ်သောကြောင့် သူတို့၏မျက်လုံးထဲတွင် စုကျင်းယန်နှင့် ဘယ်သူမှ မထိုက်တန်ပေ။
လက်ဆောင်များနှင့် အဲ့လိုမျိုးတွေကို သေချာပေါက် ရှင်းထုတ်ပစ်ရမည်။
အတန်းခေါင်းလောင်းမြည်သည်နှင့် အတန်းပိုင် မစ္စချောင်သည် အလွန်အကြူးစားခြင်းကနေ ပူနေသောဗိုက်နှင့် ဝင်လာခဲ့သည်။
သူမက ကျောက်သင်ပုန်းကိုကြည့်ရင်း သူမမျက်လုံးများက မျဥ်းတစ်ကြောင်းလို ကျဥ်းမြောင်းသွားပြီး မျက်မှောင်ကြုံလိုက်သည်။
သူမစပြီးမဆူပူခင် အတန်းစောင့်ကြည့်နေရာမှ ကျောင်းသားသုံးယောက်က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး တညီတညွတ်ထဲ ပြောလိုက်သည် "ကျနော်တောင်းပန်ပါတယ်ဆရာမ ဒီနေ့ကျနော့်ဂျူတီပါ။"
စကားပြောပြီးသည်နှင့် သူတို့သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်နေပြီး သူတို့နောက်မှာလည်း မတ်တပ်ရပ်ပြီး အပြစ်ဝန်ခံလိုသော ကျောင်းသားအချို့ရှိပင်မဲ့ ရှက်ရွံစွာပဲ တုန့်ဆိုင်းစွာ ပြန်ထိုင်လိုက်သည်။
ဒီမြင်ကွင်းကိုမြင်တော့ စုကျင်းယန် မျက်ခုံးများက ကျုံ့သွားပြီး သူမနေနိုင်ဘဲ တိတ်တဆိတ် သူ့စိတ်ထဲမှာ သူ့ဂျူတီရက်ကို တွက်ချက်လိုက်သည်။
သူ့ခေါင်းကို ရှက်ရွံစွာငုံ့လိုက်သည်။
ဒီနေ့ သူက အမှန်တကယ် ဂျူတီကျတဲ့သူဖြစ်သည်။
မစ္စချောင်က ဒီတိုက်ပွဲကိုမြင်တော့ သူမချက်ချင်း ဘာဖြစ်နေလဲဆိုတာ နားလည်သွားသည်။
သူမကိုယ်တိုင်လဲ စုကျင်းယန်ကို မျက်နှာသာပေးသည်၊ တခြားသူများရှေ့တွင် သူမသည် ခက်ထန်သောအမျိုးသမီးဖြစ်သော်လည်း သူမသည် စုကျင်းယန်ကို နည်းနည်းလေးတောင် အပြစ်တင်ဖို့ တုန့်ဆိုင်းနေသည်။
ဘာလို့လဲဆိုတာ ဘယ်သူမှမသိပင်မဲ့ လူတွေက စုကျင်းယန်ကို မြင်သောအခါ သူတို့၏စိတ်ခံစားချက်သည် အထူးသဖြင့် ကောင်းမွန်လာပြီး သူတို့သည် သက်တောင့်သက်သာရှိသလို ခံစားရလိမ့်သည်။သူတို့သည် စိတ်တိုဒေါသထွက်ပြီး စိတ်ဓါတ်ကျနေရင်တောင် သူတို့သည် ရုတ်တရက် ပျော်ရွှင်လာသလို စတင်ခံစားရလိမ့်မည်။
စုကျင်းယန် မတ်တပ်ရပ်ပြီး သူ့အမှားကို ဝန်ခံတော့မည်ဖြစ်သည်။
မစ္စချောင်သည် နှစ်ကြိမ်လောက် ချောင်းဆိုးသလို ဟန်ဆောင်လိုက်ပြီး "အဲ့ဒါဆိုလဲ ကောင်းပြီး အခုတော့ မင်းကိုလွတ်ပေးလိုက်မယ်။"
စကားပြောပြီးနောက် အတန်းထဲမှ ကျန်သည့်ကျောင်းသားများသည် စိတ်သက်သာရသလို သက်ပြင်းချလိုက်သည်။
ထို့နောက် ချက်ချင်း သူမကပြောလိုက်သည် "ဒါပေမယ့် မင်းတို့တွေ နောက်တစ်ကြိမ် အဲ့လိုထပ်လုပ်ရဲရင်....ဟမ့် ငါ့အကြောင်း မင်းတို့သိပါတယ်။"
ကျောင်းသားများသည် သူတို့ခေါင်းကို ရှက်ရွံစွာ ငုံ့လုက်သည်။
နောက်ဆုံးတော့ နတ်ဆိုးက နတ်ဆိုးပါပဲ။
စုကျင်းယန် ထိုင်ခုံက ပြတင်းပေါက်ဘေးမှာဖြစ်ပြီး ထိုင်ခုံဖော်မရှိသော တစ်ယောက်ထဲသောသူဖြစ်သည်။
အမည်မသိ အကြောင်းရင်းတချို့ကြောင့် သူ့စာအုပ်ထဲတွက် မူလက မြှပ်ထားသော သူ့ခေါင်းကိုမော့လိုက်ပြီး မထင်မှတ်ဘဲ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
သင်ကြားရေး အဆောက်အုံအောက်ပိုင်းသည် သေးငယ်သော ပန်းမွေ့ယာအဖြစ် အထူးပုံဖော်ထားပြီး နည်းနည်း ဝေးသောနေရာတွင် ကစားကွင်းရှိသည်။သတို့အတန်းသည် လေးလွှာတွင်ရှိပြီး ပြတင်းပေါက်အပြင်ဘက်ကို ခေါင်းမထုတ်ဘူးဆိုရင် သူ့အနေအထားကနေ သိပ်မဝေးတဲ့နေရာက ကစားကွင်းကိုသာမြင်နိုင်သည်။
မနက်ပိုင်းတွင် ပထမအတန်းဖြစ်တဲ့အတွက်ကြောင့် ဘယ်သူ့ကာယအတန်းမှာ ဒီအချိန်မှာ အချိန်မဆွဲဘဲ ကစားကွင်းတွင် လူမရှိလုနီးပါးဖြစ်သည်။
သို့သော် ချွင်းချက်ရှိသည်။
စုကျင်းယန် သူ့ခေါင်းကိုမြှောက်လိုက်သည်နှင့် ကစားကွင်းအလယ်မှာ မတ်တပ်ရပ်နေတဲ့ လူတစ်ယောက်ကို သတိထားမိလိုက်ပြီး သင်ကြားရေး အဆောက်အဦးကို မျက်နှာမူလျှက် အမူမယှက်နှင့် သူ့ကိုယ်သူ နေဆီသို့ အမြဲတမ်း လှည့်နေသော နေကြားပန်လေးကဲ့သို့ တစ်စုံတစ်ခုကို ကြည့်နေသည်။
သို့သော်လည်း အကွာအဝေးက ဝေးလွန်းပြီး စုကျင်းယန် ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း နေကြာပန်း၏ တင်စားမှု့ကို တွေးမိတာကြောင့်ဖြစ်နိုင်သည် ၎င်းသည် အနည်းငယ် ချစ်စရာကောင်းတယ်လို့ အကြောင်းတစ်ခုခုကြောင့် ခံစားလိုက်မိပြီး သူ့မျက်လုံးများကို ကွေးညွှန့်ပြီး သူ့နှုတ်ခမ်းထောင့် မြင့်သွားကာ ပြုံးလိုက်သည်။
လုရီချန် တစ်နေရာထဲရပ်နေပြီး သင်ကြားရေး အတောက်အဦးဘက်ကို စွဲလမ်းစွာ စိုက်ကြည့်နေသည်။ဒီလောက် အကွာဝေးကနေ အရာဝတ္ထုတွေကို သာမန်မျက်စိဖြင့် တွေ့မြင်ရန် သဘာဝအားဖြင့် မဖြစ်နိုင်သော်လည်း သေချာပေါက် သူကချွင်းချက်တစ်ခုဖြစ်သည်။သူက ရှင်းရှင်းလင်းလင်း မြင်နိုင်ရုံသာမက သူက အလွန်ပြင်းထန်စွာ စိုက်ကြည့်နေသည်။
စုကျင်းယန် သူ့ခေါင်းကိုမြှောက်လိုက်သည့် အခိုက်တန့်တွင် သူ့အမူရာက ချက်ချင်း ရေခဲမြစ်ကနေ မီးတောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူမျက်လုံးများက ပြုးကျယ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက စိတ်လှုပ်ရှားသော မက်ဆေ့များထွက်ပေါ်လာသည်။
စီနီယာက ငါ့ကြည့်လိုက်တယ်။
ဟီးဟီး။
စီနီယာ ပြုံးလိုက်တဲ့ပုံလေးက အရမ်းလှတာပဲ။
အထူးသဖြင့် သူ့ညာဘက်မျက်လုံးထောင့်အောက်က မျက်ရည်ခံက ငါတကယ်ပဲ လျှက်လိုက်ချင်တယ်။
အဲ့ဒါကို စဥ်းစားရင်း လုရီချန် လျှာထိပ်သည် သူ့အပေါ်ရှေ့သွားကိုထိလိုက်ပြီး လျှောဆင်းလာသည်။
ရုတ်တရက် အမျိုးသားဆရာက အဝေးက ကစားကွင်းမှ ပုံသဏ္ဍာန်ကို သတိထားမိပြီး အော်ဟစ်ရင်း လျှောက်သွားလိုက်သည်။
"ဟေး! အဲ့မှာရပ်နေတာ ဘယ်သူလဲ!အတန်းထဲ သွားတော့!"
လုရီချန် သူကိုလှည့်လိုက်ပြီး လာနေတဲ့လူကိုကြည့်လိုက်ပြီး သူ့မျက်လုံးများကို အန္တရာယ်ရှိစွာ ကျဥ်းမြောင်းလိုက်သည်။
စိတ်ပျက်စရာကောင်းလိုက်တာ။
သေစမ်း။
ဆရာက ကစားကွင်းကို ပြေးလာပြီး အေးခဲသွားကာ သူ့ခေါင်းနောက်ကို စိတ်ရှုပ်ထွေးစွာ ကုတ်လိုက်သည်။
သူ့ရှေ့က အဆုံးမရှိ မြက်ခင်းပြင်တစ်လျှောက် ဗလာဖြစ်နေသော ကစားကွင်းကိုကြည့်ရင်း ထိုနေရာမှာဘယ်သူမှမရှိပေ။
ထွက်ပြေးဖို့ကြိုးစားရင်တောင် အရမ်းမြန်အောင်ပြေးရန် မဖြစ်နိုင်ပေ။
ငါမှားမြင်တာများ ဖြစ်နိုင်မလား?
ဆရာက သုန်မှုန်စွာ ပြန်လျှောက်သွားပေမယ့် ဒီကိစ္စကို အရမ်းလေးလေးနက်နက် သဘောမထားခဲ့ပေ။
ကြည့်ရတာ ငါအရမ်းအသက်ကြီးနေပြီထင်ပါတယ်၊ ဒါကိုတောင် မှားမြင်ရတယ်လို့။
အမျိုးသားထွက်သွားသည်နှင့် ကစားကွင်းအလယ်မှာ ရပ်နေသည့် ကောင်လေးသည် ထပ်ပြီးပေါ်လာခဲ့ပြီး သင်ကြားရေး အဆောက်အအုံကို စွဲလမ်းစွာ ဆက်ကြည့်နေပြန်သည်။
နောက်တစ်စက္ကန့်တွင် သူ့လည်ပင်းတစ်ဝိုက်မှာ ဝတ်ထားတဲ့ကင်မရာကို ကိုင်လိုက်ပြီး သူ့ပစ်မှတ်ကိုချိန်လိုက်ရင်း ဆုံချက်နဲ့ အလင်းကို ချိန်ညှိလိုက်သည်။
"ကလစ်"အသံနှင့် ဓါတ်ပုံကို ရိုက်ယူလိုက်သည်။
မူလက အလင်းကိုသတိမထားမိပင်မယ့် တစ်စုံတစ်ခုကို ခံစားမိတာကြောင့်ဖြစ်နိုင်သည် စုကျင်းယန်သည် သူ့ခေါင်းကို ထပ်မော့လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။
ထိုအခါမှသာ ကစားကွင်းအလယ်မှာရပ်နေတဲ့ လူသည် ထိုအချိန်တွင် ထွက်ခွာသည်ကို သူသတိပြုမိလိုက်သည်။
ရှင်းမပြနိုင်အောင် သူ နည်းနည်းဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
သူသက်ပြင်းချလိုက်ပြီး ဆက်ပြီးစာလေ့လာလိုက်သည်။