အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {...
By KhatSixx
403K 19.3K 635
Romance ဆန်ဆန် ဇာတ်အိမ်လေးနဲ့ အချိုတစ်လိုင်း ကြိုက်တတ်သူလေးတွေ အတွက် 💙🫰 အော်သာ - မိုင်းမိုင် Romance ဆန္ဆန္... More
ဇာတ်လမ်း အညွှန်း - ဇာတ္လမ္း အၫႊန္း
အခန်း (၁)
အခန္း (၁)
အခန်း (၂)
အခန္း (၂)
အခန်း (၃)
အခန္း (၃)
အခန်း (၄)
အခန္း (၄)
အခန်း (၅)
အခန္း (၅)
အခန်း (၆)
အခန္း (၆)
အခန်း (၇)
အခန္း (၇)
အခန်း (၈)
အခန္း (၈)
အခန်း (၉)
အခန္း (၉)
အခန်း (၁၀)
အခန္း (၁၀)
အခန်း (၁၁)
အခန္း (၁၁)
အခန်း (၁၂)
အခန္း (၁၂)
အခန်း (၁၃)
အခန္း (၁၃)
အခန်း (၁၄)
အခန္း (၁၄)
အခန်း (၁၅)
အခန္း (၁၅)
အခန်း (၁၆)
အခနျး (၁၆)
အခန်း (၁၇)
အခန္း (၁၇)
အခန်း (၁၈)
အခန္း (၁၈)
အခန်း (၁၉)
အခန္း (၁၉)
အခန်း (၂၀)
အခန္း (၂၀)
အခန်း (၂၁)
အခန္း (၂၁)
အခန်း (၂၂)
အခန္း (၂၂)
အခန်း (၂၃)
အခန္း (၂၃)
အခန်း (၂၄)
အခန်း (၂၄)
အခန်း (၂၅)
Warning 21+ 🚨🚨🚨
Warning 21+ ( Zawgyi )🚨🚨🚨
အခနျး (၂၆) [Mature 21++🚨🚨🚨]
အခန်း (၂၆) [Mature 21++🚨🚨🚨]
အခနျး (၂၇)
အခန်း (၂၇)
အခနျး (၂၈)
အခန်း (၂၈)
အခနျး (၂၉)
အခန်း (၂၉)
အခနျး (၃၀)
အခန်း (၃၀)
အခနျး (၃၁)
အခန်း (၃၁)
ဇာတ်သိမ်းပိုင်း
( ဇာတ်သိမ်းပိုင်း )
အခန်း (၂၅)
5.6K 379 6
By KhatSixx
အချစ်တွေနဲ့ မိုးထားတဲ့ အိမ်
အခန်း (၂၅)
မိုင်းမိုင်
အတွေးများ အလုံးရင်းလိုက်ဖြင့် ခေတ်သစ် ဆိုင်ကယ်လေးသည် " Coffee Garden " ဆိုင်လေးသို့ ရောက်လာခဲ့သည်။ အဖြူရောင်နှင့် ချောကလတ်ရောင် နှစ်မျိုးစပ် ရောစပ်ထားသည့် ထိုဆိုင်လေးသည် ကော်ဖီဆိုင်တစ်ခု၏ ပြယုဂ်လေးသာဖြစ်သည်။ မကျဉ်းလွန်း မကျယ်လွန်း အကျယ်အဝန်းလေးနှင့် ထိုဆိုင်လေးသည် သပ်သပ်ရပ်ရပ် ရှိလှပါ၏။
မနက် (၁၀) နာရီ ဝန်းကျင် ရောက်ပြီဖြစ်၍ ကော်ဖီဆိုင်လေးထဲတွင် တစ်ဝိုင်းစာမျှပင် ဧည့်သည် ရှိပါသည်။ ခေတ်သစ် ဆိုင်ကယ်လေးကို ဆိုင်ရဲ့ မှန်တံခါး တစ်နေရာတွင် ရပ်လိုက်ပါသည်။ ထို့နောက် ဆိုင်လေးထဲ ဝင်ဝင်ချင်းပင် ဒီယံပျိုးသည် သူ့အား ပြုံးရွှင်စွာ ကြိုဆိုလေတော့သည်။
" ဟင်...ကိုကို့ မျက်နှာမကောင်းပါလား၊ နေမကောင်းတာလား "
နဖူး‌စပ်လေးဆီ ဒီယံပျိုး လက်ဖမိုးလေးဖြင့် စမ်းကြည့်လိုက်ပါသည်။
" ကိုယ် နေကောင်းပါတယ် ယံလေး "
" ဒါဆို မျက်နှာမကောင်းတာက "
ထောင့်စွန်းနားကစားပွဲဝိုင်းလေးသို့ ထိုင်လိုက်ကြပြီးနောက်တွင် လွှမ်းရတုပိုင်သည် ခေတ်သစ်သောက်နေကျ Love Coffee လေးကို စားပွဲလေးပေါ်သို့ တင်ပေးလိုက်သည်။
" ကဲ...ယံယံ စကားအေးဆေးပြောလို့ရတယ်နော်။ လူလည်းရှင်းတော့ ငါတို့ပဲ ကြည့်လုပ်လိုက်မယ်။ မင်းသားလေးနဲ့ နှစ်ပါးသွား ကလိုက်ကြပါဦး "
" လွှမ်း...ကောင်စုတ် "
သုံးယောက်သား ပြိုင်တူ ပြုံးလိုက်ကြတော့သည်။
" ကိုကို...ဘာဖြစ်တာလဲဆိုတာ ယံလေးကို ပြောလို့ဖြစ်တယ်မလား "
ထိုအခါမှ ခေတ်သစ် သက်ပြင်းရှည်လေးတစ်ချက်ကို လေးလံစွာ မှုတ်ထုတ်လိုက်သည်။
" ယံလေး...မေမေ့ကို ကိုယ် ဒီနေ့ ပြောပြလိုက်တယ်။ မေမေက ကိုယ်တို့ကို လက်ခံပေးလို့ မရဘူးတဲ့ ခလေးရယ်။ ကိုကို အဲ့ဒါကြောင့် စိတ်မကောင်းဖြစ်နေတာ "
ခေတ်သစ် လက်ကလေးပေါ်သို့ ဒီယံပျိုး အုပ်မိုးကိုင်လိုက်သည်။ ဒီယံပျိုးဆီက နွေးထွေးခြင်းသည် ခေတ်သစ် စိတ်ညစ်မှုများကိုပင် တဒင်္ဂ ပျောက်ကွယ်နိုင်စွမ်း ရှိပါ၏။
" စိတ်ညစ်စရာလား ကိုယ်ရယ်။ ဒီလိုဖြစ်လိမ့်မယ်ဆိုတာလည်း ယံလေး ထည့်တွက်ပြီးသားပါ။ ယောင်္ကျားလေးချင်း သဘောမတူဘူးဆိုတာ မိဘနဲ့သားသမီးကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်မတူညီမှုပဲ။ ဒါကို ကိုယ်က အကောင်းဆုံး နားလည်ရမယ်လေ။
ယံလေးနဲ့ကိုကိုက ယံလေးတို့အချစ်တွေ စစ်မှန်ပါတယ်ဆိုတာ သက်သေပြပေးနိုင်ရမယ်လေ။ ဒါဆိုရင် တချိန်ကျ ကိုယ့်မေမေလည်း ယံလေးတို့ကို ခွင့်ပြုနိုင်တာပဲ။ မကြိုးစားကြည့်ရသေးပဲနဲ့ စိတ်ဓာတ်ကျနေလို့ရမလား။ ယံလေးတို့ လက်တွဲမဖြုတ်ဘဲ ယောင်္ကျားလေးချင်း ချစ်တဲ့အချစ်ကလည်း အချစ်စစ်မှန်ကြောင်း ကိုယ့်မေမေရော ပတ်ဝန်းကျင်ကလူတွေပါ မြင်သာအောင် ယံလေးတို့က ပိုချစ်ပြရမယ် မဟုတ်လား "
ထိုအခါမှ ခေတ်သစ်မျက်နှာလေးသည် တစ်ဖန် ပြန်ဝင်းပလာလေသည်။
" ယံလေးက မေမေလက်ခံလာနိုင်မယ်ဆိုတာ အခိုင်အမာ ယုံကြည်ရဲလို့လား "
" အင်း သေချာပေါက် ဆိုတာထက် ယံလေး ပြောပြနိုင်တာက အချစ်သာစစ်မှန်ရင် ပေါင်းဆုံရမယ်လို့ ယံလေးကတော့ ယုံကြည်တယ် "
" ဒါဆို ကိုယ် တစ်ခုမေးပါရစေ။ ယံလေးက ကိုယ့်ကို တစ်သက်စာ ချစ်မြတ်နိုးနိုင်မယ်လို့ရော ယုံကြည်လား။ ကိုယ့်လက်ကိုတွဲပြီး ကိုယ်နဲ့ အတူတူ တစ်သက်လုံး အတူတူနေနိုင်မယ်လို့ရော ယံလေး ယုံကြည်လား "
ထိုအခါ ဒီယံပျိုးသည် ခေတ်သစ် မျက်ဝန်းနက်နက်လေးဆီသို့ အချစ်ရိပ်များဖြင့် နူးညံ့စွာ ညှို့ယူလိုက်သည်။
" ယံလေး ကိုကို့အချစ်ကို လက်ခံဖို့ စဉ်းစားဆုံးဖြတ်လိုက်ကတည်းက ယံလေးဘက်က အခြမ်းကို အားလုံးရှင်းလိုက်ပြီးသားပါ။ ကိုကိုနဲ့ မဆုံခင်မှာပဲ ယံလေးမှာ ကောင်မလေး ချစ်သူရှိတယ်။ ပွင့်ပွင့်လင်းလင်း မညှာတမ်း ပြောရရင် ပထမဦးဆုံး အသဲကွဲတဲ့ဒဏ်ကို မခံစားနိုင်လို့ ယံလေး အနီးနားက သူ့ကို ဖြေဆေးတစ်ခုအနေနဲ့ မှီရာနွယ်တစ်မျှင်အဖြစ် သူ့ကို ချစ်ရေးဆိုခဲ့တယ်။ ကိုယ့်စိတ်ခံစားချက်ကို ဖြေသိမ့်ချင်ဇောနဲ့ ယံလေး အဲ့ဒီအမှားကို လက်ဝယ်ယူခဲ့မိတယ် ကိုကို။
ကိုကို ယံလေးတို့ဆိုင် ပထမဆုံးရောက်တဲ့နေ့က ကိုယ်နဲ့ စကားပြောလိုက်တိုင်း အကြောင်းပြချက်မရှိ ယံလေး နှလုံးသားလေး ခုန်ပေါက်ယိမ်းထိုးနေခဲ့တယ်။ နောက်မှ အချစ်ဆိုတာကို ဒုတိယအကြိမ် ယံလေး ပြန်ခံစားခဲ့လာရတယ်။
ကိုကို့ကို အဖြေမပေးခင်တစ်ရက်ကပဲ ယံလေး အဲ့ဒီကောင်မလေးကို တောင်းပန်ပြီး အဆက်သွယ်ဖြတ်ခဲ့တယ် ကိုကို။ ဒါဟာ ကိုယ်နဲ့ ချစ်သူမဖြစ်ခင်တည်းက ယံလေး ကိုယ့်အပေါ် စောင့်စည်းခဲ့တဲ့ ချစ်ခြင်းသစ္စာပါ။
တစ်သက်စာထိ ချစ်မြတ်နိုးနိုင်တာပေါ့။ တစ်သက်လုံးလည်း ကိုကို့လက်တွဲပြီး အရာအားလုံးကို ရင်ဆိုင်ဖို့လည်းယံလေးမှာ သတ္တိရော ခွန်အားပါ အပြည့်ရှိတယ်။ ချစ်တယ် ကိုကို။ ယံလေး ကိုကို့ကို သိပ်ချစ်တယ် "
ဒီယံပျိုး ရင်ထဲက ချစ်မေတ္တာစကားများသည် ခေတ်သစ်အတွက် နှစ်ခါထပ်မေးစရာမလိုအောင် လုံလောက်ပြည့်စုံပါ၏။ ခေတ်သစ် သူ၏လက်ကလေး ဆုပ်ကိုင်ကာ တစ်ချက် နမ်းရှုံ့လိုက်လေသည်။
" ကိုယ် လူ‌ရွေးမမှားဘူးဆိုတာ ကျိန်းသေပေါက် သေချာသွားပြီပဲ။ ဟုတ်ပြီ ယံလေး...ကိုယ်တို့ လက်တွဲပြီး အတူတူ ရင်ဆိုင်ကြမယ်။ ကိုယ်တို့ အချစ်တွေ စစ်မှန်ကြောင်းလည်း အချိန်တစ်ခုကျရင် မေမေ သိလာအောင် ကိုယ်တို့ကြိုးစားကြမယ်။ ယံလေးနဲ့ အတူတူ ဆိုတဲ့ အသိနဲ့တင် ကိုကို ခွန်အားတွေ ပြည့်လာရပြီ။
ချစ်တယ် ယံလေးရယ်။ မင်းကို ကိုကို သိပ်ချစ်တယ် "
ထိုနေ့က ကော်ဖီအရသာလေးသည် ချိုမြမြ အရသာလေးနှင့် ပျော်ဝင်ခဲ့ပါသည်။ Love Cofee အရသာလေးသည် ချစ်သူနှစ်ဦး၏ အချစ်ကို ပိုမိုနူးညံ့ အချစ်ပိုအောင် ထောက်ပံ့နိုင်စွမ်း ရှိလှပါ၏။
💙
" မောင်...မနက်က ပုံရိပ်ထည့်ပေးလိုက်တဲ့အတိုင်းပါလား ထမင်းချိုင့်က။ ထမင်းတွေ မစားဘူးလား "
ရေချိုးခန်းလေးထဲက ပုံရိပ် ထွက်လာသည်။ ပုံရိပ်တို့ အခန်းလေးသည် (၁၃ပေ ၃၀ ပေ) အနေအထားလေးနှင့် အိပ်ခန်းလေးနှင့် ရေချိုးခန်း တွဲရက်ဆောက်ထားသည့် တန်ဖိုးနည်း တိုက်ခန်းလေးထဲက တစ်ခုအပါအဝင်ဖြစ်ပါ၏။
" မောင်...ထမင်း ဘာလို့ မစားတာလဲ။ ဟင်း မကြိုက်လို့လား မောင် "
ကုတင်ပေါ် လှဲနေသည့် သက်ဦးဇင်သည် ခေတ္တ ထထိုင်လိုက်သည်။
" မောင် နေ့လည်က ကုန်တွေ လိုက်ချပေးနေတာနဲ့ အချိန်လွန်သွားတာ။ ပြီးတော့ ထမင်းချိုင့်က မောင်တို့က ဈေးထဲက ကြီးလှရွှေဆီမှာထားတော့ မောင်က နေ့လည်ကျ ဂေါဝိန်ဆိပ်ဘက် ရောက်နေပြီ ပုံရိပ်ရဲ့။ ကွမ်းယာလည်း ဝါးနေတော့ မောင်လည်း ထမင်းစားချိန်တွေဆို သတိမထားမိသွားတာ။ ဒီနေ့က ထမင်းစားဖို့ အချိန်ကြည့်တော့ ညနေ သုံးနာရီကျော်သွားတာရယ် မောင် ဂေါဝိန်ဆိပ်ရောက်နေတာနဲ့ အဲ့နားက ကြာဇံကြော်ပဲ မောင် စားလိုက်တော့တယ် "
" မောင်ရယ် အစာစားချိန်တော့ မှန်အောင် စားမှပေါ့။ အစာချိန်တွေ လွန်ရင် အစာအိမ်ရောဂါတွေဖြစ်နေမယ် မောင်။ ကျန်းမာရေးလည်း သတိထားဦးမှပေါ့ မောင်ကလည်း "
ထိုအခါ သက်ဦးဇင်လည်း ပုံရိပ် ကိုယ်လုံးလေးကို လက်တစ်ဖက်ဖြင့် စွေ့ကနဲ ပွေ့ဖတ်လိုက်ပါ၏။ ပုံရိပ်လည်း ပုံ့ပုံ့ကလေးအနေအထားဖြင့် သူ၏ ရင်ခွင်ထဲတွင် ပါသွားရသည်။
" စိတ်ချပါ။ မောင် ဂရုစိုက်မယ်နော်။ မောင့်ရဲ့ ပုံရိပ်နဲ့ မောင် အချိန်အကြာကြီး အတူတူ ရှိနေချင်သေးတယ်။ မောင် ပုံရိပ်ကို အများကြီး ပျော်ရွှင်အောင် ထားချင်သေးတယ်။ မောင့်ပုံရိပ်...အား အား...ကျွတ် ကျွတ် ကျွတ် "
" မောင် ဘာဖြစ်တာလဲ။ ရရဲ့လား မောင်။ ဘာဖြစ်လို့လဲ "
" အား...ပုံရိပ်၊ မောင် လေအောင့်တာလားမသိဘူး။ ရင်ညွန့်အောက်ပိုင်းက ရုတ်တရတ်နာလာလို့ "
" တွေ့လား၊ ချက်ချင်းကို ဖြစ်ပြီ။ မောင် အစာမမှန်တာတွေက အစာအိမ်ထိတယ် မောင်ရဲ့။ ဗိုက်ဆာတဲ့အခါ အစာမစားဘူးဆိုရင် အစာအိမ်ထဲ အက်ဆစ်ဓာတ်တွေများလာရော၊ အဲ့လိုတဖြည်းဖြည်းနဲ့ အစာအိမ်ရောင်တာတွေဖြစ်တတ်တယ်။ ခဏလေး၊ ပုံရိပ် ဆေးသွားဝယ်လိုက်မယ်နော် "
ပြောပြောဆိုဆိုဖြင့် လှေကားလေးကနေ အမြန်ပြေးဆင်းကာ တိုက်အောက်ထပ်က ကုန်စုံဆိုင်လေးသို့ အပြေးလေး ဆေးဝယ်ရပါ၏။ တော်သေးတာတစ်ခုသည် ဒီတိုက်ခန်း ဝန်းကျင်လေးတွင် လိုအပ်တာ ရနိုင်သည့် ဆိုင်ငယ်ငယ်လေးတွေ ရှိနေခြင်းပါပင်။
ဆေးနှင့်မုန့် ဝယ်လိုက်ပြီး တိုက်ခန်းလေးသို့ အမြန်ပြေးတက်ခဲ့သည်။
" မောင်...ထ ကိတ်မုန့်လေး ခဏစား၊ ပြီးရင် ဒီဆေးလေးသောက်လိုက်ဦး "
ရေအေးအေးလေးတစ်ခွက်ဖြင့် မောင့်ဆီကို ပုံရိပ် လှမ်းပေးလိုက်သည်။
" မောင် မတော်လို့ လေအောင့်တာပါကွာ။ အလုပ်လုပ်ရင်းလည်း ဒီလိုပဲ ခဏခဏ ဖြစ်နေကြ။ ပြီးရင် သက်သာသွားတာပါပဲ ပုံရိပ်ရာ "
" ဘယ်လို ခဏခဏဖြစ်တယ် ဟုတ်လား။ မောင်ရာ ဘာလို့ ခုမှ ပြောရတာလဲ။ တစ်ခုခုများဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ မောင်ရဲ့။ ဆေးခန်းသွားပြကြမယ် လာ ဒါဆိုရင် "
" ကဲ မောင်က စကားအဖြစ်ပြောတာပါ။ ဆေးခန်းသွားဖို့ထိ မလိုပါဘူး ပုံရိပ်ရဲ့။ ဟောဒီက ဆေး သောက်လိုက်မယ်နော်။ ဟုတ်ပြီလား "
ပုံရိပ်လက်ထဲက ကိတ်မုန့်လေးကို ကုန်အောင်စားပြီးနောက်တွင် ဆေးလုံးလေးအား ရေဖြင့်မျှောချလိုက်တော့၏။
" နောက်ဆို အစားပုံမှန်စားပါ...မောင်ရဲ့။ အလုပ်က ပင်ပန်းပါတယ်ဆို အစာစားချိန်က ပုံမှန်မဟုတ်ရင် မောင် တစ်နေ့ကျ ရောဂါတိုးနေမယ်။ အခုချိန် ဘာမှမဖြစ်သေးတောင် အခန့်မသင့်တဲ့ချိန် မောင် ဒုက္ခဖြစ်နေမယ် သိရဲ့လား "
" ဟုတ်ပါပြီကွာ။ မောင့်ပုံရိပ်က မောင့်ကို အဲ့လောက် စိတ်ပူတယ်လား "
" အဲ့ထက်တောင် ပိုသေးတယ်။ မောင်သာ တစ်ခုခုဖြစ်ရင် ပုံရိပ် ရင်ကျိုးရချည်ရဲ့။ ပုံရိပ်ကို ချစ်တယ်မလားဟင် မောင် "
" ချစ်တာပေါ့ ကွာ "
" ချစ်တယ်ဆိုရင် မောင့်ကျန်းမာရေးကို ပိုဂရုစိုက်။ မောင့်ရဲ့ ကျန်းမာရေးက ပုံရိပ်ကို ချစ်တာနဲ့ တိုက်ရိုက်အချိုးကျတယ် "
သက်ဦးဇင် ပေါင်ပေါ်သို့ထိုင်ပြီး ဆံပင်လေးတွေကို သပ်ပေးနေလိုက်သည်။
" ဟုတ်ပြီဗျာ။ မောင့်ပုံရိပ်က စကားသိပ်တတ်တော့ မောင် အရှုံးပေးရပြီပေါ့။ မောင် ပိုပြီး ဂရုစိုက်မယ် ဟုတ်ပြီလား "
" ပြီးရော...ဒါဆို ပုံရိပ် ပန်းကန်တွေ ဆေးဦးမယ်။ ထမင်းလည်း ချက်ရဦးမယ်။ ညစာကို စောစော စားကြမယ်နော် "
" ဒါဆို မောင်ရော ပုံရိပ်နဲ့အတူတူ ကူလုပ်ပေးမယ် "
" ဟင့်အင်း နေပါ။ မောင့်ဘာသာ အေးဆေးလေးနေ။ ပုံရိပ် တစ်ယောက်တည်း ရတယ် "
" မရပါဘူး။ မောင်ရော ရှိနေတာပဲ။ ပုံရိပ်နဲ့ အတူတူ ကူလုပ်မှာပေါ့။ လင်မယားဆိုတာ တစ်ယောက်ကိုတစ်ယောက် ကူညီရိုင်းပင်းရတယ်တဲ့ ပုံရိပ်ရဲ့။ မောင့်ပုံရိပ်ကော ပင်ပန်းတာချင်းအတူတူ မောင်က တစ်ယောက်တည်း ဘာမှမလုပ်ဘဲ မနေချင်ပါဘူး "
" ဒါက ပုံရိပ် လုပ်နေကျတွေပါ မောင်ရဲ့ "
ပုံရိပ်နှုတ်ခမ်းလေးဆီ လက်ညှိုးလေးဖြင့် ပိတ်လိုက်တော့သည်။
" ပုံရိပ်ရော မောင်ရော နောက်ဆို အိမ်မှုကိစ္စတွေကို အတူတူ လုပ်ကြမယ်။ နော် ဟုတ်ပြီလား "
မတတ်သာသည့်အဆုံးတွင် ပုံရိပ်လည်း ခေါင်းငြိမ့်လိုက်ရပါတော့၏။
" မောင်လေ ပုံရိပ်ကို အလုပ်တောင်မလုပ်စေချင်ဘူးကွာ။ ပုံရိပ် အလုပ်မလုပ်တော့ပါနဲ့လား ဟင် "
" ဟာ မရပါဘူး။ ပုံရိပ် အလုပ်မရှိဘဲ အိမ်မှာ ကြောင်တောင်တောင်ကြီးတော့ မနေချင်ပါဘူး။ ပုံရိပ် ဟိုတယ်အလုပ်က မပင်ပန်းပါဘူး မောင်ရဲ့။ ဟိုတယ်ထဲမှာပဲ အေးအေးဆေးဆေးလုပ်ရတာ။ မောင့်လို နေပူကြီးထဲ လုပ်ရတာလည်း မဟုတ်ဘူး။
ပြီးတော့ ပုံရိပ်တို့ ငယ်တုန်း‌လေးမှာ ပိုက်‌ဆံလေးတွေ စုရမယ်လေ မောင်ရဲ့။ ဒါမှ ပုံရိပ်တို့ အသက်ကြီးလာရင် အတူတူနေနိုင်ဖို့ အိမ်လေးတစ်လုံး ဝယ်နိုင်မှာ။ ပုံရိပ်က ဒီတိုက်ခန်းကြီးမှာ အမြဲမနေချင်ပါဘူး။
မောင်နဲ့အတူတူ ကိုယ်ပိုင်အိမ်လေးတစ်ခုမှာ အေးအေးချမ်းချမ်းလေး နေချင်တယ် မောင်။ အဲ့ဒီအိမ်မှာ ပကာသနတွေ မလိုဘူး။ ပုံရိပ်အတွက် မောင်ရှိရင်ပဲ ပြည့်စုံပြီ။
ပုံရိပ်လေ...မောင့်ကို ရင်နင့်နေအောင်ထိ သိပ်ချစ်ရတာပဲ"
သက်ဦးဇင် သူ၏ရင်ခွင်လေးထဲ ပုံရိပ်ကို ဆွဲသွင်းလိုက်သည်။ ပါးပြင်လေးဆီသို့ နှာခေါင်းနစ်မြှုပ်သွားသည်အထိ အားပါးတရ နမ်းရှုံ့လိုက်တော့သည်။
" မင်းကို မောင် အဆုံးရှုံးခံဖို့ လုံးဝဖြစ်နိုင်တော့မှာမဟုတ်ဘူး။ သိပ်ချစ်ဖို့ကောင်းလိုက်တာ ပုံရိပ်ရာ။ စိတ်ချ မောင်တို့အတူတူကြိုးစားကြမယ်။ တစ်နေ့မှာ ကိုယ်ပိုင်အိမ်လေးတစ်အိမ်နဲ့ မောင်တို့ နေနိုင်စေရမယ်ဆိုတာ မောင် ကတိပေးတယ် ပုံရိပ်။
မောင့်ရဲ့ လက်ကိုသာ ယုံယုံကြည်ကြည်တွဲထားပါ။ ဟောဒီလက်တွေနဲ့ မင်းတစ်ဘဝလုံး လုံခြုံနွေးထွေးအောင် မောင်က ကာကွယ်ပေးမယ်။
မောင်လည်း မင်းကို သိပ်ချစ်တယ် ပုံရိပ် "
အချိန်ကြာသည်အထိ ပုံရိပ် ခန္ဓာကိုယ်လေးကို ပွေ့ဖက်ထားမိသည်။ ခန္ဓာကိုယ်နှစ်ခုဖြစ်ပေမဲ့ နှလုံးသားနှစ်စုံသည် တစ်စုံတည်းအဖြစ် ပေါင်းစပ်ဆုံဆည်းသွားမိသည့်အခါတွင် အချစ်ပျိုးပင်လေးသည် လူးလွန့်ရုန်းထွက်လာရတော့သည်။
အချစ်တွေနှင့် ပြည့်နှက်နေသော ထိုတိုက်ခန်းလေးသည် နွေးထွေးလုံခြုံမှုအပြည့်ဖြင့် ပျော်ရွှင်စွာ ရစ်သိုင်းတိုးဝင်လျက်ရှိသည်။
အချစ်တွေမိုးထားလို့ ထင်ပါရဲ့၊ နွေးထွေးခြင်းအပြည့်ဖြင့် လှိုက်ဖိုကြည်နူးစရာပါပင်။
💙💙💙
Continue Reading
You'll Also Like
393K 27.8K 57
232K 14.1K 67
တကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်.....
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
397K 16.1K 46
ကြယ်ကလေးတွေလည်း လင်းလက်နေပါသေးသည်။ လမင်းကြီးလည်း ထိန်ထိန်လင်းနေပါသေးသည်။ ငှက်ကလေးတွေလည်း ပျံဝဲနေပါသေးသည်။ လေကလေးတွေလည်း တိုက်နေဆဲသာ။ ချစ်သေးရဲ့လားတဲ့...