ချစ်ချင်လို့ ချစ်တာ ( Complet...
By -Pont-00
346K 14.2K 361
ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက... More
အမှာစာ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
Photo
21
22
23
24
25
26
27
28
29
No update
29. (ZawGyi)
30
30 (ZawGyi)
31 (ZawGyi )
A/N
32
32(ZawGyi )
33
33(ZawGyi )
☘️
34
34(ZawGyi )
35
35(ZawGyi )
Hello
36
36(ZawGyi)
37
37(ZawGyi )
38
38(ZawGyi )
FB acc & page
39
39(ZawGyi )
40
40(Zawgyi)
41
41(Zawgyi)
42
42( ZawGyi)
43
43(Zawgyi)
44
44(Zawgyi)
45
45(Zawgyi)
46
46(Zawgyi)
47
47(Zawgyi)
No update
48
48(ZawGyi)
49
49(ZawGyi )
50
50(ZawGyi)
51
(51) Zawgyi
52
52(Zawgyi)
53 -1. (final)
53-1(final) Zawgyi
53-2 (final)
53-2(final) Zawgyi
Extra (1)
Extra (1) ZawGyi
31
4.6K 214 1
By -Pont-00
.........
ရေတံခွန် မှာ ရေမဆော့ပဲ သူများတကာ ရေဆော့ကာ ပျော်မြူးနေသမျှကို ထိုင်ကြည့်လာတဲ့  ခန့်စေ၏ အချစ်တော်လေး
ထွန်းလမင်းသာ မှာ ဝိန်းကောင်ရေတံခွန်မှ ထွက်လာပြီး အိမ်ပြန်လမ်း တစ်လျှောက်လုံး ခန့်စေနှင့် ပြဿနာ ကြီးကြီးမားမား မရှိခဲ့ပါပဲ စကားတစ်ခွန်းမှ မဆို ၊ မေးလျှင်တောင် ပြန်မဖြေပဲ အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာတာမို့ အရှေ့မှ ဆိုင်ကယ်မောင်းသူ ခန့်စေမှာ နေမထိထိုင်မသာ ဖြစ်ရသည်။
ဒါကြောင့် မနေနိုင်သည့် အဆုံး ခန့်စေမှာ ဆိုင်ကယ်ရပ်ကာ မေးမြန်ရသည်။ထိုအခါမှ  ချစ်ရသူလေးဆီက အသံထွက်လာတော့သည်။
"ဘာလို့ ဆိုင်ကယ် ရပ်လိုက်တာလဲ ~~~"
" မောင့် လမင်းက မောင့်ကို စကားပြန်မပြောလို့လေ"
".........."
" ဘာဖြစ်နေတာလဲ မောင့် ကိုပြော "
" ဘာမှ မဖြစ်ပါဘူး "
"မလိမ်တတ်ပဲ လိမ်နေပြန်ပြီ  ဟိုနှစ်ယောက် ဖြစ်တဲ့ကိစ္စ စိတ်မကောင်း ဖြစ်နေတာလား "
" အင်း~~~အိုက်လျှမ်း အဲ့လိုတစ်ခါမှ ဝမ်းနည်းပြီး ငိုတာမမြင်ဖူးဘူး ငါ့ သူငယ်ချင်းလေးက ပျော်ပျော်နေတတ်တယ်"
" စလိုက်တာလို့ မောင့်ကို သန့်ကြီး ပြောတယ် သူ မရ ရအောင် ချော့မှာမို့ မောင့် လမင်းက အရမ်းမတွေးနဲ့ "
" သူ စတာကြီးက ရေထဲ ကန်ချတာကြီးကို မင်းသူငယ်ချင်းက လွန်လွန်းတယ် "
"အင်းပါ မောင် အဲ့ကောင်ကို ဆုံးမပေးမယ် ဟုတ်ပြီလား "
"အင်း "
ခန့်စေမှာ သူလေးအကြိုက် မနည်း ချော့ပြောပြီး ခေါ်လာရာ မိုင်းနောင်မြို့  မီးတပ်စခန်း အကျော်  ကုန်းတက်နားရောက်ချိန်တွင် လှမ်းမြင်နေရသော စော်ဘွားကုန်း ပေါ်မှ စေတီကြောင့် တိတ်ဆိတ်ကာ ပြန်လည်လိုက်ပါလာတဲ့ အသေးလေးက ကျောကုန်းကို ပုတ်ကာ  စော်ဘွားကုန်းပေါ်တက်သည့် လမ်းကြားနား မရောက်ခင် ခေါက်ဆွဲဆိုင်ရှေ့နား၌ ရပ်ရန် ပြောလာ၏။
ခေါက်ဆွဲဆိုင်သည် ကားလမ်းဘေးတွင် ဖွင့်ထားသည်မို့ လွတ်မည့်နေရာတွင် ခဏရပ်ပေးလိုက်ရသည်။
" ခန့်စေထွဋ်နောင် အဲ့ကုန်းကစော်ဘွားမိဖုရား
           မြုပ်ထားတဲ့ ကုန်းဆို"
" အင်း ပြောတာပဲ "
"ဘာကို ပြောတာပဲလဲ ဒီမှာ မွေးပြီး ကြီးလာတာမဟုတ်ဘူးလား
    သိထားရမှာပေါ့  "
"မောင်က ရန်ကုန်သား ရန်ကုန်မှာ မွေးပြီး တစ်နှစ်သားလောက်မှာ
  ဒီ ရောက်လာတာ "
"  ဘာထူးလည်း!.... အဲ့ကုန်းပေါ် တက်ချင်လို့ ငါ့ကို လိုက်ပို့ပါလားဟင် "
"အဲ့ကုန်းပေါ် တက်ပြီး ဘာလုပ်မှာလည်း မောရုံပဲရှိတယ် အမြင့်ကြီးကို ကျောက်ဆောင်တွေနဲ့ ပြုတ်ကျနေမှ မောင် စိတ်မချပါဘူး "
"ဘာလုပ်ရမှာလည်း မမြင်ဘူးလား ကုန်းပေါ်မှာ ဘုရားတည်ထားတာကို "
" အဲ့အပေါ် အတွဲတွေ မတက်ရဘူးလို့ မောင် ကြားဖူးတယ် "
" အဲ့ ..."
" စုံဂဏာန်း၊ အထူးသဖြင့်အတွဲ‌ေတွတက်ရင် အဲ့အတွဲက ပြတ်ကို ပြတ်တယ်တဲ့ မောင် မြင်လည်း မြင်ဖူးတယ် "
" မင်းက ယုံတယ်ပေါ့ "
" မောင် အဲ့လိုတွေ မယုံတာ မှန်ပေမယ့် မင်းနဲ့ ပတ်သတ်မယ်ဆို
  မောင် ဂရုမစိုက်ခဲ့တဲ့ အရာတွေကအစ မောင် ယုံကြည်ချင်တယ် "
" အဲ့ ကုန်းပေါ်မှာ ဘာလို့ မိန်းမတစ်ယောက်ကို မြုပ်ရတာလဲ မင်းသိလား "
"လာ ...လမ်းဘေးမှာ ရပ်နေရတာ နေပူတယ် ဟို အောက်ကစေတီနားမှာ ထိုင်ရင်း ပြောပြမယ် အဲ့စေတီကကြည့်ရင်လည်း စော်ဘွားကုန်းကို မြင်ရတာပဲ "
နေပူထဲရပ်ကာ စပ်စုနေသော အသေးလေးကြောင့်  စော်ဘွားစေတီကုန်းအောက်တွင် ရှိနေသော စေတီတော်ကြီး အနားခေါ်သွားကာ  နှင်းသီးပင် ဟု အခေါ်ရှိကြသော အပင်အောက် ဆိုင်ကယ် ရပ်ကာ ထိုင်ရင်း သူလေး သိချင်တာကို
ငယ်စဉ်ကတည်းက အမျိုးမျိုးသော လူတချို့၏ ပြောဆိုမှု ၊
ပါးစပ်ရာဇဝင်တွင်ခဲ့သော ကြားဖူးနားဝ တချို့ကို ပြောပြရသည်။
" လာ ...မောင့်နား လာထိုင် ဒီကနေ အဲ့ကုန်းပေါ်ကို ကြည့်ရင်းနဲ့
မောင်ပြောတာကို နားထောင်ပေါ့" 
လမင်းမှာ ခန့်စေဘေး ဝင်ထိုင်ကာ  စိတ်ဝင်တစား ဖြင့်  ခန့်စေမျက်နှာအား ကြည့်ကာ ပြောလာမည့် စကားကို နားထောင်နေ၏။
" ဒီမြို့မှာ စော်ဘွားအနွယ်ဝင်တွေ ရှိသေးပေမယ့် အကုန်လုံးက
  သူ့ဘာသာပဲ နေကြတာ များတယ်  အရင်က စော်ဘွားဟော်နန်းတည်နေရာက အခု တပ်မ တည်ထားတဲ့ ရုံးနားမှာ။ ဟော်နန်း မီးလောင်သွားလို့ နောင်လာနောက်သားတွေကို
ဒါ တို့ မိုင်းနောင်စော်ဘွားတွေရဲ့ ဟော်နန်းပါလို့ ပြစရာ သစ်တိုသစ်စ တောင် မကျန်ခဲ့ဘူး ။
ကျန်တာကတော့ စော်ဘွားအနွယ်ဝင်တွေကအစ
သိုသိုသိပ်သိပ်နဲ့ နေကြတာမို့
ဘယ်ရာဇဝင်၊ ဘယ်အကြောင်းအရာ တွေက အစစ်အမှန် မှန်း
မောင် တို့လည်း သိပ်မသိကြဘူး။ ဒီစေတီရဲ့ ဘေးက တောင်ယာပြောင်းခြံထဲမှာ စော်ဘွားအနွယ်အဝင်ရဲ့ အုတ်ဂူရှိတယ် စေတီနဲ့ နီးနီးလေး ။ပြီးရင် ဟိုမှာ မြင်လား လယ်ကွင်းစေတီရှေ့မှာ ခြံဝန်းနဲ့ သပ်သပ်ရှိနေတာလည်း စော်ဘွားဂူတွေပဲ။ ဒီနှီးဘုရားပတ်ဝန်းကျင်က အရင်က စော်ဘွား သင်္ချိုင်း ဖြစ်ခဲ့ပုံ ရတယ်။  
လမင်း တက်ချင်နေတဲ့ အဲ့ကုန်းပေါ်မှာက
စော်ဘွားအနွယ်ဝင် အမျိုးသမီးတစ်ယောက်ကို မြုပ်နှံထားတာ ။
သူ သေဆုံးသွားတုန်းက မြုပ်နှံမယ့်နေ့ မိုးတွေ အရမ်းရွာနေခဲ့တယ်တဲ့ ။ သူ့အလောင်းကို မြေပြန့်နေရာ ဘယ်နေရာမှာမှ မြုပ်လို့မရအောင် အဲ့နေ့က မိုးကြိုးတွေ ဆက်တိုက်လိုလို ပစ်နေခဲ့တယ်လို့ ပြောကြတယ်။ နောက်ဆုံး အဲ့တောင်ကုန်း တစ်ကုန်းပဲ ကျန်တာ အဲ့မှာပဲ ရတာမို့  အဲ့ကုန်းပေါ်မှာ မြုပ်ခဲ့ပြီး သူအလောင်း မြေမြုပ်ထားတဲ့အပေါ်မှာ ဘုရားတည်ခဲ့ပေးတာလို့ ပြောကြတာပဲ။
တစ်ကယ့် ရာဇဝင်အစစ်အမှန်ကိုတော့ စော်ဘွားအနွယ်အဝင်တွေသာ သိလိမ့်မယ် ။ မောင် အခုပြောပြတာ တချို့တလေရဲ့ အပြောကြောင့် ကျန်ခဲ့တဲ့ ဒဏ္ဌာရီလိုလို ပါးစပ်ရာဇဝင် လေးပါပဲ။ အဲ့ကုန်းပေါ်ကို တော်ရုံ ဘယ်လူမှ သိပ်မတက်ကြဘူး။
အချစ်ရေးမှာကံမကောင်းပဲ သေဆုံးခဲ့တာမို့ သူ့ကို မြုပ်နှံထားတဲ့ အဲ့ကုန်းအပေါ်  သမီးရည်းစားအတွဲတွေ တက်သွားရင် ပြန်ဆင်းလာပြီး နောက်နေ့မှာ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲပြတ်စဲသွားကြတာချည်းပဲ ။ ဒါကတော့ မောင်လည်း မြင်ဖူးတာပါ။ 
စုံဂဏာန်း အတက်မခံဘူး ပြောကြတာပဲ ဒီရပ်ခံမြို့ခံတွေ အဲ့ကုန်းပေါ် သိပ်မတက်ကြဘူး ။ အဲ့ပေါ်က စေတီအောက်ဘက်မှာ ဆင်းတုတော် တစ်ဆူရှိတယ် တော်တော်ပျက်စီးနေပြီ ။ မပြုပြင်ကြဘူး  ဂူပေါ်ကတည်ထားတဲ့ စေတီကို သေချာကြည့်လိုက်
ထီးတော်တွေ လုံးဝမရှိဘူး ။ ဘာကြောင့်လဲတော့ မောင်လည်း မသိဘူး။ အကြောင်းအရင်း တစ်ခုခုရှိလို့ ပြုပြင်ချင်ပေမယ့် ပြုပြင်ပေးလို့ မရတာ ထင်ပါတယ်။
ကဲ..ကဲ... တအား စပ်စု လို့သာ မောင် ပြောပြတာ ။ ရာဇဝင်အစစ်အမှန်ကို မောင်တို့လို့ သာမန်အမျိုးအနွယ်တွေက သိခွင့် မရတာမို့ သိထားသလောက်လေးကို ပြောပြတာ ကျေနပ်တော့ ဟုတ်ပြီလား "
" ဒါပေမယ့် ငါ အဲ့ကုန်းပေါ် တက်ချင်တယ် အဲ့အပေါ်က ဘုရားကို ဖူးချင်တယ်လေ လိုက်ပို့လေ နော် ... "
"  မောင် အဲ့ကုန်းပေါ်ကို တခြားသူတွေနဲ့ အခုချက်ချင်း တက်ဆို
မောင် တက်နိုင်တယ် လမင်း ။ မင်းနဲ့မို့လို့ မောင် မတက်ချင်တာ
မယုံကြည်ပါဘူး ပုံပြင်သာသာပါဆိုတဲ့ အချို့အကြောင်းအရာတွေကို
မင်းကို ချစ်တဲ့ စိတ်ကြောင့် မောင် ယုံပစ်လိုက်ချင်တယ် "
" မင်းပြောတော့ ငါ့ကို  ချစ်တယ် ဆို"
"အင်းလေ မောင် မင်းကို ချစ်တာပေါ့ "
"ချစ်ရင် လိုက်ပို့လေ တစ်ယောက်တည်း အဲ့ကုန်း အမြင့်ကြီးပေါ် မတက်ရဲဘူး "
" ကျန်တာ တောင်းဆိုလို့ရပါတယ်ကွာ "
" အဲ့အပေါ် လိုက်ပို့မှ အဖြေပေးမယ် "
"လမင်း~~~မဆိုးပါနဲ့ကွာ မောင့်ကို ကျန်တာ တောင်းဆိုပါ "
"သူများပြောသလို ဟုတ်ချင်မှ ဟုတ်မှာပေါ့ ပြီးတော့ မင်းနဲ့ငါ ချစ်သူမှ မဟုတ်တာ "
"အခုမဟုတ်လည်း နောက်ကျရင် ဟုတ်လာမှာလေကွာ "
"အယ် ... ပြောရဲလိုက်တာ "
"မဟုတ်လို့လား "
" လိုက်ပို့ လို့...."
" မောင် တောင်အောက်မှာ စောင့်နေမယ် ဟိုကောင်တွေနဲ့ တက်သွားလိုက် ရလား အဲ့လို "
"မရပါဘူး မင်းပါလိုက်ခဲ့ "
" လမင်း မောင့်ကို သေချာကြည့်စမ်း "
"ကြည့်နေတယ် ဘာလဲပြော"
ပေစောင်းစောင်း ကြည့်လာသည့် အသေးလေးက တစ်ကယ့်ကို အဲ့ကုန်းပေါ် အတူတူတက်ရရေး သူ့အရေး လုပ်နေပုံပါ။
အမှန်တစ်ကယ်ကို အတူတူတက်ရမှ ကျေနပ်မည်ဟု ဆုံးဖြတ်ထားပုံ။
ဒီကောင့် ရင်မှာ ဘလောင်ဆူနေပြီ ဆိုတာ သူလေး မသိပါ။
ဒီကောင်က ချစ်နေရသူမို့ သူလေး ဆိုးပြနေတာကို သိပေမယ့်
အရင်က ဘာကိုမှ ဂရုမစိုက်တဲ့ ခပ်ဆိုးဆိုးကောင်တစ်ကောင်က
မယုံကြည်ပါဘူး ။ ကလေးပုံပြင်တွေပါဆိုတဲ့ ဒီ ကုန်း၏ရာဇဝင်ကို
ချစ်ရသူ  (တစ်နည်း/ ကိုယ့်ဘက်ကသာ မြတ်မြတ်နိုးနိုး ဖော်ပြမတတ် ချစ်ရသူ )ရှိလာတာမို့ သူ့သဘောထားကို လျစ်လျူရှုချင်၊ အကြောက်တရားဝင်ချင်ပါသည်။
ချစ်တာကို......နည်းနည်းလေးမှ အထိအခိုက်မခံချင် ။
ချစ်ပါသည် ...ချစ်ရသူထံမှ ထိုစကားမကြားရခင်ကတည်းက။
>>>>><<<<<
-pont-00-
Continue Reading
You'll Also Like
627K 60.1K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
259K 9.4K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
124K 5.6K 40
"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလ...
1M 54.9K 47