(Unicode)
"Jin hyung ပြောထားတဲ့ကိစ္စ "
စားပွဲပေါ်ကို စာအိတ်တစ်ခုကို တိုးပေးကာ ပြောလာတဲ့ Namjoon။
"အဲ့ကိစ္စစုံစမ်းရင်းနဲ့ Yoongi ရဲ့ အကြောင်းပါ တခါတည်းစုံစမ်းလိုက်တာ"
ကျွန်တော်သူ့ကိုခေါင်းညိတ်ပြလိုက်သည်။
"Yoongi က ကျွန်တော်တို့ ထင်မထားလောက်တဲ့အထိကို သနားစရာကောင်းတယ် Jin Hyung ~ သူ့ကို သူဒေါ်လေးတို့က ခေါ်ထားပေးတာတဲ့~ ပတ်ဝန်းကျင်က ပြောကြတာတော့ ကောင်လေးရဲ့ဦးလေးက တော်တော်ဆိုးတယ်တဲ့~ တချိန်လုံးအရက်သောက်ပြီး မူးနေတာလို့ပြောတယ် Jin Hyung ~ Yoongi ကပဲ သူ့ညီမလေးရဲ့ ဆေးရုံစရိတ်တွေကို ထောက်ပံ့ပေးနေတာတဲ့~ သူ့ဦးလေးကလည်း တစ်ခါတလေဆို ကလေးကိုတောင် ရိုက်တယ်လို့ပြောကြတယ်~ Jin Hyung ဖြစ်နိုင်ရင် Yoongi ကို ဒီထက်ပိုပြီး ဂရုစိုက်ပေးလိုက်ပါ~ ပြီးတော့ အဲ့နေ့ကကိစ္စကို အကုန်ဆုံးစာအိတ်ထဲမှာ ထည့်ထားတယ်~ ကျွန်တော်သွားတော့မယ် "
ပြန်ခါနီးပြောသွားတဲ့ Namjoon စကားကြောင့် စာအိတ်ကို အမြန်ဖောက်လိုက်သည်။ ထွက်ကျလာတဲ့ ဓာတ်ပုံတွေနဲ့ စာရွက်တွေကို သေချာကောက်ကြည့်လိုက်တော့ ကျွန်တော့်ကိုပေးခဲ့တဲ့အခန်းနံပါတ်က Hanna နာမည်နဲ့ငှားထားတဲ့ အခန်းပင်။ အဲ့ဒါဆို အရာအားလုံးက Hanna ရဲ့ ကြံစည်မှုဟု အမည်တပ်ဖို့ရာ လုံလာက်သွားပြီ။ ဒါတွေကိုကြည့်ရင်း Yoongi အပေါ်မှာ တဖြည်းဖြည်းအပြစ်ရှိလာသလို ခံစားလာရသည်။
ထိုနေ့က~
"အေး ငါရောက်ပြီ လာခဲ့မယ်"
Seokjin ဖုန်းချကာ ကားပေါ်ကဆင်းပြီး ဟိုတယ်တစ်ခုရဲ့ အပေါ်ဆုံးထပ်ကို တက်သွားသည်။ အပေါ်ဆုံးထပ်ရောက်တာနဲ့ ဆူညံနေသော အရက်ဘားမှအသံတွေက Seokjin ကို ကြိုဆိုနေဟန်။
"Bro~~"
ပခုံးဖက်ကာ နှုတ်သက်လာတဲ့ Namjoon ကို ခေါင်းငြိမ့်နှုတ်ဆက်ပြရင်း ဘေးနားက ဝိုင်ခွက်ကို လှမ်းယူလိုက်သည်။
"ဘာလို့နောက်ကျနေတာလဲ Oppa ~"
ရေကူးကန်ကနေ တက်လာသော Hanna က ပြောလာတာကြောင့် ခါးကနေပွေ့ဖက်ကာ နှုတ်ခမ်းပါးတို့ကို ခပ်ကြမ်းကြမ်းအနမ်းပေးပြီး နှုတ်ဆက်လိုက်သည်။ Namjoon ကတော့ ပြုံးကာကြည့်ရင်း သူတို့ဆီလာဖို့ပြောရင်း ထွက်သွားသည်။
"Happy birthday ~~"
"ဒီတိုင်းကြီးလား လက်ဆောင်ရော"
လက်ဖဝါးဖြန့်ကာ စ,နေတဲ့သူမကြောင့်
"ခုနက ပေးပြီးပြီလေ "
"ဟာ~Oppa ကလည်း"
ရှက်ပြုံးလေးပြုံးပြီး ပြောနေတဲ့သူမကိုကြည့်ပြီး ကျွန်တော် ဘောင်းဘီအိတ်ထဲကနေ ဗူးလေးတစ်ခုကို ထုတ်ယူလိုက်သည်။
"ရော့ မွေးနေ့လက်ဆောင်~ အသဲလေး လိုချင်နေတဲ့ ဆွဲကြိုး"
ကျွန်တော်ပေးတဲ့ဗူးကိုဖွင့်ကာ ဆွဲကြိုးကိုလှမ်းပေးလာတဲ့ သူမကြောင့် သူမရဲ့လည်တိုင်မှာ ဆင်မြန်းပေးလိုက်၏။
"Oppa ~ကိတ်ခွဲရအောင် "
လက်မောင်းကိုချိတ်ကာဆွဲခေါ်နေတဲ့ သူမကြောင့် ဦးတည်ရာက စင်ပေါ်သို့။ ဘားမှသီချင်းသံတိတ်သွားပြီး Birthday song ထွက်ပေါ်လာတာကြောင့် အကုန်လုံးက လိုက်ဆိုပေးကြသည်။ ကိတ်မုန့်ကို မီးမှုတ်ကာ ကိတ်ကိုခွဲပြီး ပထမဦးဆုံးကိုယ်တိုင်ခွံ့ကျွေးတဲ့သူမကြောင့် ပါးကိုနမ်းလိုက်တော့ သူမကပြုံးသည်။
"Oppa ရော့"
ဝိုင်ခွက်ကိုကမ်းပေးကာ လက်ချင်းချိတ်လာတဲ့သူမကြောင့် love shot သောက်ပေးတော့ အကုန်လုံးက အော်ဟစ်ကာ အားပေးကြ၏။
"ကိုယ် Namjoon တို့ဆီသွားဦးမယ်~ အသဲလေးနေခဲ့လိုက်ဦး"
ကျွန်တော်ပြောတော့ ခေါင်းငြိမ့်ပြတာကြောင့် သူမကိုထားခဲ့ကာ Namjoon တို့ဆီ လျှောက်လာခဲ့သည်။
"Seokjin Hyung ~Hanna က Hyung ကို တကယ်ကြွေနေတာထင်တယ်"
အရက်ခွက်ကမ်းပေးကာ စကားဆိုလာတဲ့ Hoseok ကြောင့်
"ဟုတ်မှာပေါ့~ ဒါပေမယ် ငါမှမကြိုက်တာ~ ငါ့အတွက်က အပျင်းပြေစေတဲ့အဆင့်ပဲ ရှိတယ်"
ကျွန်တော့်စကားကို သူတို့က ရယ်ကြသည်။
"Seokjin Hyung ကို ခြေချုပ်နိုင်မဲ့သူကိုတော့ တွေ့ချင်မိသား"
Namjoon ရဲ့စကားကြောင့် ကျွန်တော်ခေါင်းခါမိသည်။ ကျွန်တော်လည်း တွေ့ချင်ရှိသား။
သူတို့နဲ့ စကားပြောနေရာကနေ တဖြည်းဖြည်းလူက မူးလာသလို ခံစားလာရသည်။ ခပ်နှောက်နှောက်ဖြစ်လာတဲ့ ခေါင်းကြောင့် အိမ်ပြန်ဖို့ရာ ထလိုက်သည်။
"Jin Hyung ~ဘယ်လဲ~ ပြန်တော့မလို့လား"
Jungkook ရဲ့ အမေးကို ခေါင်းငြိမ့်ပြကာ ထွက်လာခဲ့သည်။
"Oppa ~~"
အနားရောက်လာတဲ့ Hanna ကြောင့်
"ကိုယ်ပြန်တော့မယ် ~"
"နေဦး~~Oppa ကြည့်ရတာ မူးနေပြီထင်တယ်~ ကားမမောင်းနဲ့တော့~ ဒီမှာပဲ ခဏအိပ်လိုက်တော့လေ~ ပြီးမှပြန်လိုက်"
လက်ကိုဆွဲကာပြောနေတဲ့ သူမရဲ့စကားကို ခေါင်းငြိမ့်ပြလိုက်တော့ waiter တစ်ယောက်ကို အကူအညီတောင်းနေတဲ့ သူမကို ဝိုးတဝါးတော့ မြင်မိသေးသည်။ ထို့နောက် သူမ,ပြောတဲ့စကားတွေကို မကြားရတော့ပဲ waiter ပေးတဲ့ အခန်းနံပါတ်ကိုကြည့်ကာ ဟိုတယ်ထဲလျှောက်လာမိသည်။ တဖြည်းဖြည်းနဲ့လူက တစ်ခုခုလိုအပ်လာသလို ပူလောင်လာသလို ဖြစ်လာရသည်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် ထိုကိစ္စက တော်တော်ဆိုးဆိုးဝါးဝါးပါပဲ။
"အာ ဒီမှာပဲ "
အခန်းတံခါးကိုဆွဲဖွင့်ကာ အထဲဝင်လိုက်တော့ မတ်တပ်လေးရပ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ လူက အရမ်းကို ပူထူနေတာကြောင့် ကောင်လေးကိုဆွဲဖက်ကာ နှုတ်ခမ်းပါးတွေကို နမ်းလိုက်သည်။ ရုန်းကန်နေတာသိပေမယ့် မတတ်နိုင်တော့ နောက်တော့ပဲ ကြည့်ရှင်းတော့မယ်။ ထိုနေ့ညက ထိုကောင်လေးရဲ့ တောင်းပန်သံတွေ အော်ဟစ်သံတွေကို ဆန့်ကျင်ကာ ကိုယ့်ဆန္ဒကိုပဲ ဖြည့်တင်းမိသည်ထင်သည်။
အလင်းရောင်စူးစူးကြောင့် မျက်စိကိုဖွင့်အကြည့်မှာတော့ အဖြူရောင်မျက်နှာကျက်တစ်ခု။ ခပ်နောက်နောက်ဖြစ်နေတဲ့ ခေါင်းကိုတစ်ချက်ရိုက်ကာ စဉ်းစားကြည့်တော့ ခေါင်းထဲမှာပေါ်လာတဲ့ ညက အဖြစ်အပျက်ကြောင့် ဘေးနားကိုကြည့်မိတော့ မျက်ရည်တွေတောင်မခြောက်သေးပဲ အိပ်ပျော်နေသော ကောင်လေးတစ်ယောက်။
အိပ်ရာပေါ်ကနေထကာ ရေပန်းအောက်မှာရပ်နေရင်း မနေ့ညက ဖြစ်ပျက်သွားသော ကိုယ့်အခြေအနေကို စဉ်းစားနေမိသည်။ ဘယ်လိုကနေ ဘယ်လိုဖြစ်သွားလဲ စဉ်းစားမရ~။
ရေချိုးခန်းထဲကနေထွက်လာတော့ စောင်ကိုကိုယ်တစ်ခုလုံး လုံနေအောင်ထုပ်ပြီး အိပ်ရာခေါင်းရင်းမှာ ကုပ်ကုပ်လေးထိုင်နေတဲ့ကောင်လေး။ နှုတ်ခမ်းမှာပေါက်ရာတချို့အပြင် လည်ပင်းသားဖွေးဖွေးတွင် မြင်နေရသော အနီကွက်တွေဟာ ကောင်လေးကို ပို၍ပင်လှပစေသည်ဟု တွေးလိုက်မိသေး၏။ သူ့ကိုမြင်တော့ အလန့်တကြားနဲ့ စောင်ကိုဆွဲယူနေပြန်သည်။ ဘာလို့များ အခုမှစဖြစ်ဖူးသလို ဟန်ဆောင်နေရတာလဲ။
တဘတ်နဲ့ခေါင်းသုတ်ရင်း ပိုက်ဆံအိတ်ထဲကနေ ချက်လက်မှတ်တစ်စောင်တို ကောင်လေးဆီပစ်ပေးလိုက်သည်။
"ဒီလောက်ကို လုံလာက်ပြီမလား ~ထပ်လိုသေးလား"
အင်္ကျီကြယ်သီးတပ်ရာကနေ မေးလိုက်တော့
"ကျွန်~ကျွန်တော်က အဲ့လိုလူမဟုတ်ပါဘူး"
တိုးလျလျအသံကြောင့် ကျွန်တော်ပြုံးမိလိုက်သည်။ အေးလေ~ လုပ်ခဲ့လူကတော့ လုပ်တယ် ဘယ်ပြောမလဲ။ လက်ကကြယ်သီးကိုတပ်ရင်း သူအနားသွားထိုင်ကာ
"လိုသေးရင်ပြော~ ဒါပေမယ့် မင်းအတွက်တော့ ဒီပမာဏက တော်တော်များမယ်ထင်တယ်~ ဒါကိုယူပြီး ငါတို့ထပ်မတွေ့ရအောင်"
သူ့မျက်နှာကိုဆွဲမော့ကာ ပြောလိုက်တော့ မျက်ရည်တွေဝိုင်းလာပြန်တဲ့ကောင်လေး။ ဘာလို့ရိုးသားချင်ယောင်ဆောင်နေရတာလဲ။ အပေါ်ဝတ်ကိုဝတ်ကာ အပြင်ထွက်ဖို့တံခါးဖွင့်လိုက်တော့ အခန်းပေါက်မှာရပ်နေတဲ့ လူကြီးတစ်ယောက်က အခန်းထဲကို ဒေါသတကြီးဝင်လာကာ
"Min Yoongi~~ဒါဘယ်လိုတွေဖြစ်နေတာလဲ~ မင်းက ဒီမှာသာယာနေတာ~ ငါကတော့ ကွိုင်တွေတက်လို့ မင်းက မင်း~"
ပြောနေရင်း ကျွန်တော့်ဘက်လှည့်လာကာ လူကို ခေါင်းဆုံးခြေဆုံးကြည့်နေတဲ့ ဦးလေးကြီးကြောင့် ထိုကောင်လေးကို ဒေါသတကြီးကြည့်လိုက်မိသည်။ ဘာလဲ ဒါက။
"အာ မြင်ဖူးပါတယ် စဉ်းစားနေတာ Kim group က သားကို~ အဟက် သူများတူကို ဒီလိုလုပ်ထားပြီးရင်တော့ တာ၀န်ယူရမှာပေါ့"
ကျွတ် အရှုပ်တွေ~ ကျွန်တော်ခေါင်းကို တစ်ချက်ဖွလိုက်ကာ
"စောက်ရှုပ်တွေ~ ပြော ဘယ်လောက်ထပ်ပေးရမှာလဲ"
ကျွန်တော့်စကားကို အဲ့လူကြီးက ဟက်ဟက်ပက်ပက်ရယ်သည်။
"ဒီလောက်ပိုင်ဆိုင်မှုတွေရှိနေတာကို ငွေနဲ့ပဲ ကြေအေးရမှာလား"
သူက ညစ်ကျယ်ကျယ်ပြုံးကာ
"ငါ့တူကို လက်ထပ်ယူပါ"
"ဦးလေး~~"
ကောင်လေးရဲ့အသံကြောင့် ထိုလူကြီးက တောက်တစ်ချက်ခေါက်ကာ
"တိတ်စမ်း Min Yoongi~ ငါက မင်းကောင်းစားဖို့ လုပ်ပေးနေတာ~ မင်းက မင်းအဒေါ်ကို သေစေချင်လို့လား"
အဟက် ~လာပြီး ဇာတ်လမ်းရိုက်နေကြပြန်ပြီ။
"တော်စမ်းပါ ဘယ်လောက်လိုချင်တာလဲသာပြောလိုက်~ ကျုပ်က ရူးနေလို့ ဒီလိုပိုင်းလုံးကောင်ကို လက်ထပ်ရမှာလား"
"အေး လက်မထပ်ရင်ရတယ်~ နောက်မှာရှိတဲ့ကင်မရာနဲ့ ရိုက်ထားတဲ့ video ကို ဖြန့်လိုက်ရုံပဲ~ မင်းကို တရားစွဲပြီးတော့ ထောင်ထဲပို့လို့ရသေးတယ်"
ကျွန်တော် ဒေါသဖြစ်စွာ တောက်တစ်ချက်ခေါက်လိုက်သည်။ ဒါလုံးဝလုပ်ကြံခံရတာ။ ပိုင်းလုံးကောင်တွေ။ Min Yoongi တဲ့လား ရွံလိုက်တာ။ မင်းက ငါ့အတွက် ဂြိုလ်ဆိုးပဲ။
ထိုနေ့က အဖြစ်အပျက်ကိုတွေးမိရင်း ဆိုဖာပေါ်ခေါင်းမှီချကာ မျက်နှာကို သပ်ချလိုက်မိသည်။ ဒီတိုင်းဆို တရားခံက Hanna ဖြစ်နေတာကိုမသိပဲ Yoongi ပေါ်မှာချည်းပဲ အပြစ်ကိုပုံချခဲ့မိသည်တဲ့လား။ ထိုအကြောင်းကိုတွေးရင်းနဲ့ ရင်ထဲမွန်းကြပ်လာသည်။ ကျွန်တော်လက်သီးနဲ့ထိုးတာကို ဘာမှပြန်မလုပ်ခဲ့ဘဲ တောင်းပန်တဲ့မျက်ဝန်းတွေနဲ့ သူ့ရဲ့ပုံရိပ်တွေက မျက်စိထဲမှာ ပြန်မြင်ယောင်လာသည်။
Yoongi ကိုတွေ့ချင်လာလို့ အပေါ်ဝတ်ကိုဆွဲကာ ကားရှိရာ အပြင်ဘက်သို့ထွက်လိုက်တော့ ခြံတံခါးဝကနေ ခေါင်းငိုက်စိုက်ပြီး လျှောက်လာတဲ့သူ။
"Yoongi ~"
ကျွန်တော်ခေါ်တာကြောင့် ခေါင်းထောင်ကြည့်လာတဲ့ သူ့ဆီကို ပြေးသွားကာ လက်မောင်းအစုံကို ဆုပ်ကိုင်လိုက်မိသည်။ သူကတော့ သူ့မူပိုင်အတိုင်း အူကြောင်ကြောင်နဲ့ ပြန်ကြည့်လာ၏။
"Yoongi အဲ့နေ့က ဘာလို့ ဟိုတယ်ရောက်နေတာလဲ"
ကျွန်တော့်မေးခွန်းအဆုံးမှာ သူ့မျက်ဝန်းတွေဟာ ထိတ်လန့်သလို လှုပ်ရှားလာသည်။
"Jin~Jin hyung ~"
"ဖြေစမ်းပါ ဘာလို့ရောက်နေတာလဲ"
"ကျွန်တော်ပြောရင် ယုံမှာလား"
"ယုံတယ် ယုံတာမို့ ပြောပေးပါ"
တိုးလျလျထွက်ကျလာတဲ့ သူ့စကားသံကို ခပ်မြန်မြန် အဖြေပေးလိုက်တော့ သူကသက်ပြင်းတစ်ချက်ချကာ
"ကျွန်တော်မေမေ့ကို လာရှာတာ~ ဦးလေးက အဲ့မှာဆိုလို့ မေမေ့ကိုလာရှာတာ~ Jin Hyung ဝင်လာတော့ ပြန်ထွက်မလို့လုပ်တယ်~ ဒါပေမယ့်~ ဒါပေမယ့်"
"Yoongi က အမေကိုလာရှာတာပေါ့"
"Jin Hyung မယုံဘူးမလား~ကျွန်တော့်စကားကို~ ကျွန်တော်"
ပြောနေရင်းနဲ့ ငိုရှိုက်လာတဲ့သူကြောင့် ရင်ခွင်ခဲ့မှာပွေ့ဖက်ထားလိုက်ကာ
"ယုံတယ် ယုံတာမို့ မငိုပါနဲ့ ~မငိုပါနဲ့ ကလေးရယ်~ ကိုယ်က ဒါတောင်မသိဘဲ ကလေးကိုပဲ အပြစ်တွေပုံချခဲ့မိတာ"
ကျွန်တော်ပြောကာမှ ပိုပြီးသည်းထန်စွာငိုလာတဲ့သူ့ကို ဖက်ထားရင်း မျက်ရည်ဝိုင်းမိသည်။ ဘယ်လောက်တောင် နာကျင်ခဲ့ရလိမ့်မလဲ။
"Jin Hyung ~~"
လက်ထဲရောက်လာတဲ့ ကော်ဖီခွက်ပူပူလေးကြောင့် ကြည့်လိုက်တော့ ကောင်လေးက ဝရံတာမှာထိုင်နေတဲ့ ကျွန်တော့်လက်ထဲကို ကော်ဖီခွက်ထည့်ပေးကာ ဘေးနားမှာလာထိုင်သည်။
"Yoongi ~ကိုယ်တောင်းပန်ပါတယ်"
ကျွန်တော်တောင်းပန်စကားဆိုတော့ သူကခေါင်းခါပြကာ
"မလိုပါဘူး~ Jin Hyung က ကျွန်တော့်ကို တောင်းပန်စရာမလိုပါဘူး"
သူ့စကားကြောင့် ကျွန်တော်တစ်ချက်ပြုံးမိသည်။ Yoongi က စိတ်ထားဖြူစင်လွန်းသည်။
"Yoongi ကိုယ့်ကို မမုန်းဘူးလား"
"မမုန်းပါဘူး ~မုန်းစရာအကြောင်းလည်းမရှိဘူး ~Jin Hyung ကြောင့်သာ မဟုတ်ရင် ကျွန်တော်အခုချိန်ထိ ဦးလေးရဲ့လက်ထဲကနေ လွတ်နိုင်မှာမဟုတ်သေးဘူး"
လက်ထဲက ကော်ဖီခွက်ကိုဘေးချကာ သူကိုဖက်တော့ ကြည့်လာတဲ့သူ။
"ဒီတိုင်းလေး ဒီတိုင်းလေး ခဏနေရအောင် "
သူနဲ့ကျွန်တော့်ကြား ခြားနေတဲ့အကွာအဝေးကြောင့် မသက်မသာမဖြစ်စေအောင်လားမသိပေမယ့် သူက ကျွန်တော့်နားကို တိုးလာပေးသည်။
"ကိုယ်လိုလူကို မမုန်းလို့ကျေးဇူးပါ~ နောက်ထပ်ထပ်ပြီး ငိုရမယ့်ကိစ္စ မရှိစေရဘူးလို့ ကိုယ်ကတိပေးပါတယ် Yoongi ရယ်"
"အဲ့လောက်ကြီး မကောင်းပါနဲ့လား Jin Hyung ~ကျွန်တော်တစ်ယောက်တည်း မနေတတ်တော့မှာစိုးတယ်"
အားငယ်တဲ့စကားဆိုလာတဲ့ ကောင်ငယ်လေးကြောင့်
"ကိုယ့်ကို ယုံကြည်ပါလို့တော့ မပြောချင်ဘူး ကလေး~ ဒါက ကိုယ့်ဘက်က ကြိုးစားရမယ့်အပိုင်းမို့~ ဒါပေမယ့် ကိုယ့်နောက်ကနေလိုက်ခဲ့ပေးပါ~ ကလေးက တစ်ယောက်တည်း ဘယ်တော့မှမဟုတ်ဘူး~ ကိုယ်အမြဲရှိနေပေးမယ် ~ ကိုယ်သေသွားရင်တောင်~"
စကားမဆုံးခင်နှုတ်ခမ်းကို လက်ချောင်းလေးနဲ့ လာပိတ်တဲ့ကောင်လေးကြောင့် မေးဆတ်ပြလိုက်တော့ သူက ခေါင်းကို ချစ်စရာကောင်းအောင် ခါပြကာ
"အဲ့လိုတွေ မပြောရဘူး~ စကားနောက် တရားလိုက်တတ်တယ် ဖွ ဖွ"
တကယ်စိုးရိမ်နေပုံရတဲ့ကောင်လေးကြောင့် ကျွန်တော်သူ့ကိုပိုပြီးဖက်လိုက်သည်။ သူကလည်း မရုန်းပါ။ ချစ်တယ်ဆိုတဲ့စကားကို ကိုယ့်ဘက်က မသေချာသေးပဲ လက်လွတ်စပယ် မပြောထွက်ရက်ပါ။ ချစ်တယ်ဆိုတဲ့စကားကို မပြောနိုင်သေးပေမယ့် ကောင်လေးကို ဘယ်တော့မှထားခဲ့မည်မဟုတ်ကြောင်းကို ဆုံးဖြတ်ချက်ချလိုက်သည်။
ကောင်းကင်ကို မော့ကြည့်တော့ ကောင်းကင်ကြီးက တိမ်တွေကင်းမဲ့ကာ ကြယ်လေးတွေနဲ့ လှပနေသည်။
*******************
ဖန်ခွက်တွေကိုသုတ်ရင်း မနေ့ကအကြောင်း စဉ်းစားမိတော့ အောက်နှုတ်ခမ်းကိုကိုက်ကာ ရယ်လိုက်မိသည်။ ကလေးတဲ့။ ဖက်တယ်တဲ့။ တကယ်စဉ်းစားကြည့်တော့ ရှက်စရာကြီးပင်။
"Hyung ဘာတွေသဘောကျနေတာလဲ"
အသံလာရာကြည့်လိုက်တော့ ကောင်တာပေါ်မှာပါးအပ်ကာ စတော်ဘယ်ရီကိတ်က စတော်သက်ရီသီးလေးတွေချည်း ထိုင်စားနေတဲ့ Tae လေး။
"ရော့~"
ဘေးနားက နွားနို့ခွက်ကိုချပေးတော့ အူယားစရာကောင်းအောင် ပြုံးပြလာပြီး လက်မထောင်ပြလာတဲ့ Tae။ Tae ဟာ ဒီအသက်အရွယ်အထိ ကလေးလေးနဲ့ဆင်တူစွာ ကော်ဖီမသောက်နိုင်သေးပါ။
"ပြော ဘာပြောမလို့လာတာလဲ"
ကျွန်တော်မေးတော့ ခေါင်းထောင်လာပြီး
"Hyung ~လူတစ်ယောက်ကိုတွေ့ရင်လေ စိတ်ရှုပ်ရသလို ရင်တွေလည်း ခုန်လာတယ်~ ပြီးတော့တွေ့ရမှာလည်း ကြောက်မိတယ်~ ဒါပေမယ် သူ့အနားမှာနေတော့ကျပြန်တော့လည်း စိတ်ရှုပ်စရာတွေ အကုန်မေ့ကုန်ရော~ အဲ့လိုလူကို ပြန်ချစ်သင့်လား"
တွေးတွေးဆဆပြောနေတဲ့ Tae လေးကြောင့် ရယ်မိရင်း
"Jungkook လား အဲ့လူက"
"Hyung ကလည်း ဖြစ်နိုင်ပါ့မလား "
ကပျာကယာ ငြင်းနေတဲ့ Tae လေးကြောင့် ထပ်ရယ်မိပြန်သည်။ ကလေးလိုနေလာတဲ့ကောင်လေးလည်း အချိန်တန်တော့ အချစ်နဲ့ တွေ့ဆုံသွားတာပင်။
မြည်လာတဲ့ ဖုန်းကြောင့် Tae ထုတ်ကြည့်ပြီး မျက်နှာကိုမဲ့လိုက်သည်။ ပြီးမှ ကားသော့နဲ့ ပိုက်ဆံအိတ်ကို ကောက်ကိုင်လိုက်ကာ
"Hyung သွားဦးမယ်"
"Jungkook လား"
မျက်နှာကိုရှုံ့မဲ့ပြကာ ထွက်သွားတဲ့ Tae ကို လှမ်းစလိုက်သည်။ Jungkook နဲ့ဆိုရင်တော့ Tae ပျော်ရမှာပါ။ Jungkook ရဲ့အချစ်ကို ကျွန်တော်တောင် ခံစားမိသည်။
"ကြိုဆိုပါတယ်~"
ခေါင်းလောင်းသံကြားလို့ နှုတ်ဆက်ကာမော့ကြည့်လိုက်တော့ ဖန်ခွက်တိုက်နေတဲ့လက်တွေဟာ ရပ်တန့်သွားသည်။
"မာမီလာတယ် သားငယ်လေး"
Jin Hyung အမေက ပြုံးပြပြီး ဝင်လာသည်။
To Be Continued.....................
-
-
-
-
-
-
(Zawgyi)
ထိုနေ့က~
"Bro~~"
"Happy birthday ~~"
"ခုနက ပေးပြီးပြီလေ "
"ဟာ~Oppa ကလည်း"
"Oppa ~ကိတ်ခွဲရအောင် "
"Oppa ရော့"
"Oppa ~~"
"ကိုယ်ပြန်တော့မယ် ~"
"အာ ဒီမှာပဲ "
"ငါ့တူကို လက်ထပ်ယူပါ"
"ဦးလေး~~"
"Yoongi ~"
"Jin~Jin hyung ~"
"Jin Hyung ~~"
*******************
"ရော့~"
"Jungkook လား အဲ့လူက"
"Hyung သွားဦးမယ်"
"Jungkook လား"
"ကြိုဆိုပါတယ်~"
"မာမီလာတယ် သားငယ်လေး"
To Be Continued.....................