ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

121 - 125

110 10 0
By Azure5549

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၂၁)မီးတောက်ရေပုတ်သင်

ညဉ့်အမှောင်၌ အလင်းရောင်သည် မီးအိမ်တစ်ခုမှ ထွက်လာသကဲ့သို့ဖြစ်နေသည်။ပထမတွင် ယင်းအလင်း
ရောင်သည် ကြယ်ရောင်ဖြစ်နိုင်သည်ဟု လုံချန်က ယူဆသည်ဖြစ်ရာ သိပ်ဂရုမစိုက်မိပေ။သို့သော် ထိုအလင်း
ရောင်မှာ မီးတောက်တစ်ခု  ဖြစ်မှန်း ယခုမှ လုံချန်နားလည်သွားခြင်းဖြစ်သည်။မြင်မြင်သမျှ သဲများဖြင့်သာ ပြည့်နှက်
နေသော အရပ်၌ မီးကိုမြင်ရသည်မှာ သာမာန်တော့ လုံး၀မဟုတ်ချေ။သို့သော် ထိုနေရာသည် သူ့အတွက်
လုံခြုံ မှု အတန်အသင့်ရှိနိုင်သည်ဟု သူ့၏ စိတ်က  ပြောနေပြန်သည်။

အကယ်၍ သူ တစ်ယောက်တည်းသာ ဤ ကင်းမြီးကောက်များနှင့် ရင်ဆိုင်ရလျှင် ပြဿနာသိပ်မရှိလှ။ကင်းမြီး
ကောက်များကို မနိုင်လျှင်တောင် သူ့ကိုယ်သူ ဆေးမီးတောက်ဖြင့်ကာကွယ်၍ လွတ်အောင်ပြေးနိုင်သေးသည်။
သို့ရာ၌ နှင်းပွင့်လေးမှာမူ ထိုသို့မဟုတ်ချေ။နှင်းပွင့်လေးသည် တတိယ အဆင့် ကြက်သွေးမီးတောက် မှော်
သားရဲဖြစ်၍ လေနှင့်မီးကို ထိန်းချုပ်နိုင်သည့် စွမ်းအားသည် မွေးစဉ်ကပင် ပါလာသည့်တိုင် သူသည် ယခု
အခါတွင် ဒုတိယအဆင့် မှော်သားရဲသာဖြစ်ပြီး အရွယ်မရောက်သေးချေ။သူ့တွင် လေဓားကဲ့သို့သော
မွေးရာပါ စွမ်းအားမျိုးပါလာသော်လည်း ယင်းကို ထိန်းချုပ်ရာ၌ မသေမသပ်ဖြစ်နေသေးသည်။

ကြက်သွေးရောင်မီးတောက် နှင်းဝံပုလွေသည် တတိယအဆင့်သို့ရောက်မှသာလျှင် ၎င်း၏ စွမ်းအားကို
အပြည့်အ၀အသုံးချနိုင်မည်ဖြစ်သည်။၎င်းတို့တွင် မီးစွမ်းအင်နိုးထလာသည့်အခါ၌ မီးဓာတ်နှင့် လေဓာတ်
ပေါင်းစပ်ကာ ၎င်းတို့အား တတိယအဆင့်မှော်သားရဲများတွင် ထိပ်တန်းအဆင့်မှော်သားရဲများအဖြစ်သို့ရောက်
သွားစေသည်။ယင်းကဲ့သို့ တတိယအဆင့် မရောက်သေးခင်တွင် နှင်းပွင့်လေးအနေဖြင့် မီးအပူရှိန်ကို
အနည်းငယ်သာ ခံနိုင်ဦးမည်ဖြစ်ကာ လုံချန်၏ ဆေးမီးတောက်ကဲ့သို့ အလွန်ပြင်းထန်သည့် မီးတောက်မျိုးကို
မူ ခံနိုင်ရည်လုံး၀ရှိမည်မဟုတ်ပေ။သို့ဖြစ်၍ နှင်းပွင့်လေးမှာ သူ့၏ မဟာအားနည်းချက်ကြီးဖြစ်လာရလေသည်။

"နှင်းပွင့်လေး အဲ့ဒိအလင်းရောင်ရှိတဲ့ဘက်ကိုဦးတည်ပြီးပြေး" လုံချန်နောက်သိ့ု လှည့်ကြည့်လိုက်ချိန်တွင်
ကင်းမှီးကောက်အုပ်ကြီးမှာ သူတို့ နှင့်မီတာသုံးရာခန့်အကွာသို့ရောက်နေပြီကို တွေ့ရသည်။ကင်းမြီးကောက်
များ၏ ပိုင်နက်ဖြစ်သော ဤကန္တာရတွင် နှင်းပွင့်လေး၏ ပြေးနှုန်းသည် များစွာကျဆင်းလျှက်ရှိသည်။သူတို့နှစ်ယောက်မှာ
မုဆိုးများလက်မှ အသက်လုပြေးနေရသော သားကောင်များပမာဖြစ်နေ၏။လုံချန် လက်ကိုဆန့်ထုတ်လိုက်သည်။
ဆေးမီးတောက်သည် သူ့၏ ခန္ဓာကိုယ်တွင် လည်ပတ်နေရာမှ လက်ဖဝါးထဲသို့ မီးလုံးတစ်လုံးအဖြစ်ရောက်လာ၏။

ဤသို့ပြုလုပ်ခြင်းသည် သိုင်းပညာကို အသုံးချခြင်းမဟုတ်။ရိုးရိုးမီးတောက်ကိုအသုံးပြုခြင်းသာဖြစ်သည်။
လုံချန်  ထိုသို့ မီးတောက်ကို သိုင်းပညာကဲ့သို့ အသုံးချခြင်းအား အခြားဆေးပညာရှင်များသာ မြင်ပါမူ
သေချာပေါက်လေးစားကြမည်ဖြစ်၏။သာမာန် ဆေးပညာရှင်များသာ မီးကို ဤကဲ့သို့အသုံးချလျှင်
ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ဖြစ်ပေမည်။၎င်းတို့အနေဖြင့် အမြူတေ တေဇောကို အသုံးပြုလျှင်
ပင် ဤကဲ့သို့ အသုံးမချနိုင်ကြချေ။

မီးတွင်မျက်စိမရှိ။ဆေးပညာရှင်များအဆက်ဆက် တပည့်များအား ယင်းသို့ သင်ကြားပေးခဲ့ကြလေသည်။
သာမာန် အဆင့်သုံးဆေးပညာရှင်တစ်ယောက်၊တစ်နည်းအားဖြင့် ဆေးဆရာတစ်ဦးသည် နောက်တစ်
ဆင့်သို့ တက်ရန်အတွက် မီးတောက်တစ်မျိုးမျိုးကို ၎င်း၏ ဇီဝတေဇော အဖြစ်သို့ သန့်စင်ထားရန်လို
သည်။

ထိုသို့သန့်စင်ထားသည့်မီးတောက်ကို အမြူတေ တေဇောဟု ခေါ်၏။သည်မီးတောက်သည် ပြင်ပ ရူပ
ခန္ဓာကို သန့်စင်ပေးရန်လိုသည်သာမက အရူပ ခန္ဓာဖြစ်သော ဝိဥာဉ်ကိုပါ သန့်စင်ပေးရန်လိုသည်။
ယင်းသို့ သန့်စင်ရင်းဖြင့် ခန္ဓာနှစ်ပါး ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည့်အခါတွင် ဆေးဘုရင်အဆင့်သို့
တက်လှမ်းနိုင်မည်ဖြစ်သည်။

ဆရာကြီးယွမ်ချီ၊ဝေချိုင်နှင့် ၀မ်လုရန် တို့ သုံးယောက်စလုံးမှာ ဆေးပညာရှင်တွေချည်းသာ ဖြစ်လင့်
ကစား ဆရာကြီးယွမ်ချီတစ်ယောက်တွင်သာ အမြူတေ တေဇောရှိ၏။ယင်းသို့ ဖြစ်ရခြင်းမှာ ဆရာ
ကြီးယွမ်ချီ၏ ပါရမီသည် ၎င်းတို့ထက်ပို၍ ကောင်းခြင်းကြောင့်ဟုတ်ပဲ အနာဂါတ်အတွက် ကြိုတင်ပြင်ထားခဲ့
ခြင်းကြောင့်သာဖြစ်သည်။ဆရာကြီးယွမ်ချီ အနေနှင့် အနာဂါတ်တွင် အထူးကောင်းမွန်းသည့် မီးတောက်
တစ်မျိုးကို ရှာတွေ့ချင်မှ ရှာတွေ့နိုင်မည်ဟု စဉ်းစားထားခဲ့ခြင်းကြောင့် သူ့၏ မီးတောက်ကို အမြူတေ
တေဇောအဖြစ်သို့ အသွင်ပြောင်းထားခဲ့လေသည်။

ဝေချိုင် နှင့် ၀မ်လုရန် တို့နှစ်ယောက်မှာမူ အခြားသော ဆေးပညာရှင်များကဲ့သို့ ယင်းသို့ပြောင်းလည်း
ထားရန် မလိုလားပေ။အဘယ့်ကြောင့်ဆိုသော် အမြူတေ တေဇောမှာ ၎င်းတို့ အနာဂါတ်အတွက်လွန်
စွာအရေးကြီးခြင်းကြောင့်ဖြစ်သည်။သင့်တော်သည့် ဆေးမီးတောက် တစ်ခုခုကို ရှာမတွေ့လျှင် အမြူ
တေ တေဇောအဖြစ်သို့ ပြောင်းရန် သူတို့အတွက် မလွယ်ချေ။

ဆေးပညာရှင်အများစုမှာ ဘိစ်မီးတောက်များကိုသာ ၎င်းတို့၏ ဆေးမီးတောက်အဖြစ် ရွေးချယ်ကြ၏။
မီးတောက်ပိုင်ရှင် သားရဲမှာ အဆင့်မြင့်လေလေ မီးတောက်သည် ပို၍ အစွမ်းထက်လေလေပင်ဖြစ်သည်။
ဆေးပညာရှင်များ၏ မီးတောက်ထုတ်လွှတ်နိုင်စွမ်းကို ပို၍ ထက်မြက်အောင် လုပ်ပေးနိုင်သည့် ထိပ်
တန်း ဘိစ်မီးတောက် အမျိုးအစားများလည်းရှိသေးရာ ၎င်းတို့အား အဆင့်များ အမျိုးမျိုးခွဲ၍ သတ်မှတ်
ထားကြလေသည်။သို့သော် ယွမ်ချီ၊ဝေချိုင် နှင့် အခြားဆေးပညာရှင်များ၌ ရှိသော ဘိစ်မီးတောက်များ
မှာမူ ထိပ်တန်းအဆင့်မီးတောက်များတွင် မပါ၀င်ကြချေ။

ဝေချိုင် နှင့် ၀မ်လုရန်တို့မှာ ထိပ်တန်းအဆင့်မ၀င်သော ဘိစ်မီးတောက်များအား ၎င်းတို့၏ အမြူတေ
မီးတောက်အဖြစ်သို့ ပြောင်းလည်းရန် ဆန္ဒမရှိကြချေ။အကယ်၍ ထိုသို့ ထိပ်တန်းမီးတောက်မျိုးကို
၎င်းတို့ ရခဲ့သည် ရှိသော် ၎င်းတို့၏ အနာဂါတ်မှာ အလားအလာ လွန်စွာကောင်းသွားပြီဖြစ်သည်။

သို့သော် ကံဆိုးစွာဖြင့် သူတို့နှစ်ဦး၏ အိပ်မက်သည် ဆရာကြီးယွမ်ချီကြောင့်ပျက်ဆီးခဲ့ရသည်။အကယ်
၍ သူတို့ နှစ်ယောက်သာ အမြူတေ တေဇောကို သန့်စင်ပြီးသား ဖြစ်နေပါမူ သေဆုံးသွားသူသည် ဆရာ
ကြီးယွမ်ချီဖြစ်သွားလိမ့် မည်ဖြစ်သည်။

သို့ရာတွင် ဆရာကြီးယွမ်ချီ ကဲ့သို့ အမြူတေ တေဇောကို သန့်စင်ပြီးသား သူ တစ်ယောက်ပင် ဆေး
မီးတောက်ကို ယင်းကဲ့သို့ ဖိနှိပ်၍ သိုင်းပညာအဖြစ် အသုံးမချရဲပေ။ဤသို့ အသုံးချန်ရန်မှာ မီးတောက်
ကို နိုင်နင်းကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ရန်လိုသည်။မီးတောက်များမှာ မူလကပင် လောင်းကျွမ်းတတ်သည့်
သတ္တိရှိရာ ၎င်းတို့အား ဖိနှိပ်လျှင် ပေါက်ကွဲမည်သာဖြစ်သည်။

ချွတ်ချော် တိမ်းစောင်းမှု အနည်းငယ်ဖြစ်လျှင် ဘာမှ မကျန်အောင် လောင်မြိုက်ဝါးမြိုသွားမည်ဖြစ်သည်။
သို့သော် ဆေးနတ်ဘုရား၏ မှတ်ဥာဏ်များရရှိထားသော လုံချန်အတွက်မှာမူ အခြားသူများနှင့် မတူ
ချေ။ထို့ပြင် တောစောင့်နတ်၏ ကူညီမှုကြောင့် ချီလမ်းကြောင်းများ ကျယ်လာသည်ကိုပါ ထပ် ပေါင်း
လျှင် အခြားသူများအတွက် ဓားသွားပေါ်၌ လမ်းလျှောက်ရသကဲ့သို့ ဖြစ်သော အလုပ်သည် သူ့အတွက်
ကလေးကစားစရာ ကဲ့သို့ဖြစ်နေလေသည်။

ကင်းမြီးကောက်အုပ်၏ အလယ်သို့ လုံချန်က မီးလုံးကြီးတစ်လုံး ပစ်လွှတ်လိုက်၏။မီးရှုးမီးပန်း များ ပေါက်ကွဲ
သကဲ့သို့ ပေါက်ကွဲသံကြီး ထွက်လာကာ ကင်းမြီးကောက်အုပ်ကို မီးများက ဝါမြိုသွားလေသည်။
ကင်းမြီးကောက်အုပ်ထံမှ နားမခံသာစရာ အော်သံများထွက်လာပြီး မီးများစွဲလျှက် အဝေးသို့ ပြေးကြ
လေသည်။

"ဆေးမီးတောက်ရဲ့ ပြင်းအားက အဆင့်အတော်နိမ့်သေးတာပဲ" လုံချန် သက်ပြင်းချလိုက်သည်။သူပိုင်
ဆိုင်ထားသည့် ဘိစ်မီးတောက်သည် ဆေးများ သန့်စင်ရာတွင် အတော်အသင့်ကောင်းမွန်သည့်တိုင်
အောင် တိုက်ခိုက်ရာ၌ လွန်စွာအဆင့်နိမ့်နေသေး၏။အထူးသဖြင့် ဤသို့သော မှော်သားရဲကြီးများ
နှင့်တိုက်ခိုက်ရာတွင် အတော်ပင် သိသာသည်။အကယ်၍ သူသည် ထို မှော်သားရဲကြီးများကို ဒဏ်ရာ
ရအောင် တိုက်ခိုက်လိုလျှင် ဆေးမီးတောက်များကို အကုန်စုစည်းအသုံးပြုရမည်ဖြစ်သည်။

သို့ရာ၌ ဆေးမီးတောက်ကို အသုံးပြုရာ၀ယ် အကန့်အသတ်ရှိနေ၏။ထို့ကြောင့် သူ့အနေနှင့် ဆေးမီး
တောက်ကို အသုံးပြု၍ အများဆုံး တစ်ကြိမ်သာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။သို့သော် ယခုအချိန်တွင်
လုံချန်၏ တိုက်ခိုက်မှုသည် ကင်းမြီးကောက်အုပ် အား အနိုင်ယူရန်မဟုတ်။ယခု သူ့၏ တိုက်ခိုက်မှု
ကြောင့် ကင်းမြီးကောက်များမှာ များစွာကြောက်လန့်သွားသည်ဖြစ်ရာ ယင်းတို့၏ ပြေးနှုန်းမှာလည်း
သိသိသာသာ ကျသွားသည်။

ကင်းမြီးကောက်အုပ်သည် လုံချန်တို့အား ပြန်မီလာလျှင် လုံချန်က မီးလုံးဖြင့် ပစ်ပြန်ရာ နောက်သို့ပြန်
ဆုတ်ပြေးကြပြန်သည်။ဤသို့ဖြင့် ကင်းမြီးကောက်အုပ်မှာ လုံချန်တို့ကို မီလာလိုက်  လုံချန်က မီးလုံး
ဖြင့်ပစ်၍ နောက်သို့ဆုတ်လိုက် ဖြင့် သူတို့နှစ်ယောက်ကို မမီအောင်ရှိနေလေ၏။

သို့သော် လုံချန် အံ့အားသင့်မိတာတစ်ခုရှိသည်။သူ လှမ်းမြင်နေရသည့် အလင်းရောင်လေးမှာ တစ်နာ
ရီခန့် ကြာအောင် ခရီးနှင်လာသည့်တိုင် အနည်းငယ်သာပိုထင်ရှားလာသည်မှ လွဲ၍ ထင်ထင်ရှားရှား
မမြင်ရသေးချေ။ကင်းမြီးကောက်များမှာမူ အစာမကြေဟန်ဖြင့် သူတို့နှစ်ယောက် နောက်မှ တောက်
လျှောက်လိုက်လျှက်ရှိသည်။သို့သော် လုံချန်ပစ်လွှတ်သည့် မီးလုံးသည် သူ့၏ ဆေးမီးတောက်ကို များ
စွာ မကုန်ခမ်းစေသောကြောင့် သူ့အနေဖြင့် အချိန်ကြာမြင့်စွာ ဆက်တိုက်ပစ်လွှတ်နိုင်လေသည်။

မြင်ကွင်းသည် ထူးဆန်းနေသည်။ညဉ့်အမှောင်ယံ၀ယ် လုံချန်နှင့် နှင်းပွင့်လေးမှာ ဝေးကွာသောအရပ်
တစ်ခုမှ လာသော အလင်းရောင်လေးစီသို့ ဦးတည်၍ ပြေးနေကြသည်။၎င်းတို့နှစ်ယောက်၏ နောက်
တွင် မူ ဧရာမ ကင်းမြီးကောက်ကြီးများသည် ထပ်ကြပ်မကွာလိုက်လျှက်ရှိ၏။မကြာခဏ ဆိုသလိုပင်
မီးရူး၊မီးပန်း ကဲ့သို့ မီးလုံးကြီးများကြောင့်လည်း ပိန်းပိတ်အောင် မှောင်လျှက်ရှိသည့် ကန္တာရသည် ၀င်း
ကနဲ၊ထိန်ကနဲ ဖြစ်သွားတတ်ပြန်သည်။

တစ်ညခန့် ပြေးပြီး နောက် ကောင်းကင်တွင် အလင်းရောင်မြင်စပြုလာ၏။နောက်ဆုံးတွင် မီးအလင်း
ရောင် ထွက်ပေါ်လာရာ အရပ်ကို လုံချန်ရောက်သွားသည်။ထိုနေရာမှာ တောင်ကုန်း ကလေးတစ်ခု
ဖြစ်၏။တောင်ကုန်းသည် သိပ်မကြီးလှ။ပေသုံးရာ ခန့်သာရှိမည်။ထို့ပြင် တောင်ကုန်းသည် ပြောင်ရှင်း
နေပြီး သုဿန် တစပြင် ကဲ့သို့ထင်ရသည်။ယင်း တောင်ကုန်းကလေး၏ ထိပ်တွင် ဂူကလေးတစ်ဂူ
လည်းရှိရာ အလင်းရောင်သည် ထိုဂူကလေးထဲမှ လာခြင်းဖြစ်သည်။

တောင်ကုန်းကလေး ပေါ်သို့ လုံချန် အပြေးတက်လျှင် ပြင်းထန်သော အပူရှိန်၏ ရိုက်ခတ်မှုကို ခံ
စားလိုက်ရသည်။အပူရှိန်သည် လွန်စွာ ပြင်းထန်လှရာ အနီးပတ်၀န်းကျင်မှ လေထုသည် ပင် လောင်ကျွမ်း
တော့မယောင်ထင်ရသည်။ဂူ၏ အပေါက်၀သို့ သူရောက်လျှင် ဂူထဲ၌ မီးတောက်များ လောင်ကျွမ်း
လျှက်ရှိသည်ကို မြင်ရသည်။

ဤမျှဝေးလံသည့် နေရာထိရောက်အောင် သူတို့နှစ်ယောက်နောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်
ကိုကြည့်လျှင် ကင်းမြီးကောက်များသည် ဤဒေသအား လွန်စွာကျွမ်းကျင်ပုံရ၏။တောင်ကုန်းကလေး
ပေါ်သို့ လုံချန်တက်သွားသည်ကို မြင်သည်တွင် ကင်းမြီးကောက်များမှာ ရှေ့ဆက်မလိုက်ကြတော့ပဲ
ထိုနေရာတစ်ဝိုက်တွင်သာ လှည့်ပတ်နေကြလေသည်။

ကင်းမြီးကောက်များ မလိုက်တော့လျှင် လုံချန်လည်း ပြေးနေရာမှ ရပ်လိုက်၏။အဘယ့်ကြောင့်ဆိုသော်
နှင်းပွင့်လေးမှာ အပူရှိန်၏ ရိုက်ခတ်မှုအား စတင်ခံစား နေရသည်ကိုမြင်သော ကြောင့်ဖြစ်သည်။
သို့သော် နှင်းပွင့်လေးမှာ ကြက်သွေးမီးတောက် နှင်းဝံပုလွေ တစ်ကောင်ပင်ဖြစ်ရာ သူ့တွင် မီးတောက်
စွမ်းအင်မရှိသေးသော်လည်း အပူဒဏ်ကို အခြား  မှော်သားရဲများထက် များစွာပို၍ ခံနိုင်လေသည်။

ကင်းမြီးကောက်များမှာ ခဏ ရပ်တန့်နေကြပြီး လက်လျှော့လိုက်ဟန်ဖြင့် ၎င်းတို့၏ ပိုင်နက်နယ်မြေ
သို့ ရုတ်ချည်း ပြန်လှည့်သွားကြတော့သည်။ထိုအခါမှ လုံချန်လည်း အနည်းငယ် စိတ်သက်သာရာ
ရသည်။အနည်းဆုံးတော့ ရက်စက်၊ကြမ်းကြုတ်သည့် အဆိပ်ပြင်း ကင်းမြီးကောက်များထံမှ သူတို့နှစ်
ယောက် အသက်ရှင်ရက် လွတ်မြောက်လာကြသည်။သို့သော် ထိုသို့ခွေးပြေး ၀က်ပြေး ပြေးလာရခြင်း
အတွက်မူ လုံချန် အနည်းငယ် စိတ်ဓာတ်ကျသည်။

သို့ရာတွင် သူထိုသို့ တွေးသလိုပင် သိုင်းပညာဆိုသည်မှာလည်း ယင်းကဲ့သို့သာဖြစ်သည်။ရန်သူများ
သည် သူတို့ ကျွမ်းကျင်သည့် နယ်ပယ်တွင်သာ သူနှင့် အမြဲတစေ တိုက်ခိုက်နေမည်မဟုတ်ပေ။
အကယ်၍ သူသည် ပို၍ အစွမ်းထက်လိုလျှင် သူ့၏ အားနည်းချက်များကို လျှော့ချ ယုံသာရှိလေသည်။

တစ်ခုခုမှားနေပြီဟု လုံချန် ရုတ်တရက်နားလည်လိုက်၏။ကင်းမြီးကောက်ကြီးများ ပြန်ပြေးသွားကြ
သည့် အလျှင်သည် သူနှင့် နှင်းပွင့်လေး တို့နောက်ကို လိုက်တုန်းကထက်ပင် များစွာ မြန်နေသည်။
ကြည့်ရသည်မှာ ဤနယ်မြေတွင် တစ်စက္ကန့်ပင် မနေလိုသည့်ပုံစံဖြစ်နေ၏။လုံချန် စိတ်ထဲ ထိတ်ကနဲ
ဖြစ်သွား၏။ခေါင်းကို နောက်သို့လှည့်ကြည့်လိုက်၏။

မည်သည့်အတွက်ကြောင့်မှန်းမသိ။ဂူထဲမှ အလင်းရောင်ကလေးမှာ ပျောက်ကွယ်သွားချေပြီ။
အကြောင်းမှာ အလွန်ကြီးမားသည့် အကောင်ကြီးတစ်ကောင်သည် ကိုးပေ ခန့်ရှိသည့်  ဂူ၀ကို
ခန္ဓာကိုယ်ကြီးဖြင့် ပိတ်၍ ရပ်နေသောကြောင့်ဖြစ်သည်။ထိုအကောင်ကြီး၏ ဦးခေါင်းတွင် မီးအိမ်
နှစ်ခုကဲ့သို့ ဧရာမ မျက်လုံးကြီးများရှိပြီး သူနှင့် နှင်းပွင့်လေးကို မျက်စိမလွှဲတမ်း စိုက်ကြည့်ထားလေ
သည်။

"မီးတောက် ရေပုတ်သင်" လုံချန် အလန့်တကြား အော်မိ၏။

မီးတောက်ရေပုတ်သင် သည် အလွန်၊အင်မတန်ရှားပါသည့် မီးဓာတ်ပိုင်ဆိုင်သော မှော်သားရဲ
ဖြစ်၏။၎င်း၏ ခန္ဓာကိုယ်မှာ အိမ်မြှောင်တစ်ကောင်နှင့် တူပြီး မီးဓာတ်အား စုပ်ယူစားသုံးခြင်းဖြင့်
အသက်ရှင်သန်ရသည်။အရွယ်ရောက်လျှင် ၎င်းသည် အဆင့်သုံးမှော်သားရဲ အဖြစ်သို့ပြောင်းသွား
လေသည်။

ကင်းမြီးကောက်များ အဘယ့်ကြောင့် ခွေးပြေး၀က်ပြေး ပြေးသွားကြမှန်းလုံချန် ယခုမှပင်နားလည်
သည်။မီးတောက်ရေပုတ်သင်သည် ၎င်းတို့အလွန်အမင်းကြောက်သော အကောင်ဖြစ်သည်။

၀ုန်း...

မီးတောက်ရေပုတ်သင်မှာ ၎င်း၏ နယ်မြေကို လူစိမ်းတစ်ယောက် ကျူးကျော်လာခြင်းအား ဒေါသထွက်
ဟန်ဖြင့် လုံချန်စီသို့ ပြေး၀င်လာသည်။ရေပုတ်သင် ဂူထဲက ထွက်လာမှ ၎င်း၏ ခန္ဓာကိုယ်ကို လုံချန်
ကောင်းကောင်းမြင်ခွင့်ရ၏။၎င်း၏ ခန္ဓာကိုယ်မှာ ပေကိုးဆယ်ခန့်ရှည်ရာ သူနှင့်နှိုင်းယှည်လျှင် ဆင်နှင့်
ဆိတ်ပမာဖြစ်နေသည်။

အူး....

နှင်းပွင့်လေးသည် မာန်ဖီ၍ တိုက်ခိုက်တော့မည်ပြင်လျှင် လုံချန်က ဘေးမှ ဆွဲထားရသည်။

"ဒီကောင်က ငါ့အတွက်ပဲ နှင်းပွင့်လေး မင်း နည်းနည်းနောက်ဆုတ်နေစမ်း"

လုံချန်သည် ရေပုတ်သင်ကို ကြည့်၍ အံ့သြလျှက်ရှိသလို စိတ်လှုပ်ရှားလျှက်လည်းရှိသည်။အဘယ့်
ကြောင့်ဆိုသော် ရေပုတ်သင်ကဲ့သို့ ရှားပါးသည့် မီးဓာတ်မှော်သားရဲတွင် မီးအမြူတေရှိကို ရှိမည်ဖြစ်
သောကြောင့်ပင်။

ဆေးဆရာအသင်းသို့ ၀င်ပြီးနောက်ပိုင်းတွင် ဆေးဆရာအသင်း၏ ဆေးကျမ်းများ၊မှတ်တမ်းများကို
လုံချန် ဖတ်ရှုလေ့လာခဲ့ရာ ဘိစ်မီးတောက်အဆင့်များ ဟု ခေါ်သည့် ကျမ်းတစ်စောင်ကိုလည်းတွေ့
ခဲ့ရသည်။အကယ်၍ လုံချန် မှတ်မိသည်သာ မမှားလျှင် မီးတောက် ရေပုတ်သင်၏ မီးအမြူတေ
အဆင့်သည် 97 ဖြစ်သည်။ဆိုလိုသည်မှာ ၎င်းသည် လွန်စွာရှားပါးသည့် ရတနာဖြစ်သည်။

ဆရာကြီးယွမ်ချီ၊ဝေချိုင်နှင့် ၀မ်လုရန် ကဲ့သို့ ဆေးပညာရှင်ကြီးများသည် ၎င်းတို့၏ တစ်ဘ၀လုံး ဤသို့
သော အရာမျိုးကို မမြင်၊မတွေ့ဖူးခဲ့ပဲ နေထိုင်သွားခဲ့ရသည်။ဤအရာကား ဆေးလမ်းစဉ်ကို ကျင့်ကြံလိုက်
စားသူ တစ်ယောက်အား ရူးမတတ်ဖြစ်သွားအောင်ပင် ဆွဲဆောင်နိုင်သည့်အရာဖြစ်ချေရာ လုံချန်ကို
လည်း ထိုဆေးဆရာများထဲမှ ချန်လှပ်ခဲ့ရန်မသင့်တော်ပေ။

မီးတောက်ရေပုတ်သင်ထံမှ ထုတ်လွှတ်သောမီးတောက်သည်လွန်စွာပြင်းထန်လှရာ နှင်းပွင့်လေးအနေ
နှင့် တောင့်ခံနိုင်မည်မဟုတ်။ထို့ကြောင့် သူက နှင်းပွင့်လေးကို ခပ်ဝေးဝေးသို့ လွှတ်လိုက်ရခြင်းပင်။
နှင်းပွင့်လေးသာ ရှိနေလျှင် သူသည် မီးတောက်ရေပုတ်သင်ကို စိတ်လွတ်ကိုယ်လွတ်တိုက်ခိုက်နိုင်
လိမ့်မည်မဟုတ်ချေ။

နှင်းပွင့်လေးက နာခံစွာဖြင့် တစ်မိုင်ခန့်အကွာသို့ပြေးသွားသည်။ထိုစဉ် မီးတောက်ရေပုတ်သင်မှာ လုံ
ချန်၏ အရှေ့သို့ရောက်လာပြီး ဧရာမပါးစပ်ကြီးကို ဖွင့်၍ ကိုက်ချလိုက်လေသည်။

"မင်းကများ" နံဟောင်လှသည့် အနံ့တစ်မျိုးရ၏။လုံချန်က မြေပြင်တွင် ခြေတစ်ချက်စောင့်၍ ခုန်
လိုက်၏။မီးတောက်ရေပုတ်သင်မှာ သဲပြင်သို့သာ ဟပ်မိသွားလေသည်။လုံချန်က သူ၏ ညာလက်သီး
ဖြင့်လှမ်းထိုးရန်ပြင်၏။ယင်းသို့ ထိုးမိတော့မည့်အခိုက်၌ သူ့နောက်စေ့ဘက်မှ နေ၍ လေလှိုင်းကြီးတစ်
ခုပြင်းထန်စွာ ရိုက်ခတ်လာသလို ထင်မိ၏။

၀ုန်း....

ဥက္ကာခဲ လာမှန်သလို လုံချန် ခံစားလိုက်ရသည်။တောင်ကုန်းကလေးအထက်သို့ သူ ချက်ချင်းလွင့်စင်
သွား၏။ထိုအခါမှ တောင်ကုန်းကလေးသည် ကျောက်သားမှဖြစ်ပေါ်နေသော ကျောက်တောင်တစ်ခု
ဖြစ်မှန်း အံ့သြစွာဖြင့်သိရသည်။ကျောက်တောင်ဖြင့် တိုက်မိသဖြင့် ခေါင်းသည် မူးဝေနေ၏။မီးတောက်
ရေပုတ်သင်က သူ့ကို အမြီးဖြင့်ရိုက်ချလိုက်မှန်း ယခုမှ နားလည်ရသည်။

တစ်ကိုယ်လုံးကိုက်ခဲ နေသလိုခံစားရ၏။အားက အတော်ကလေးပြင်းသည်။သာမာန်လူတစ်ယောက်
ဆိုလျှင် အသားပြားဘ၀သို့ ပြောင်းသွားနိုင်လောက်ပေသည်။မီးတောက်ရေပုတ်သင်က မာန်ဖီသံပေး
၍ ပြေး၀င်လာပြန်၏။လုံချန်က ဟမ့်ကနဲ အသံပြုကာ မြေပြင်သို့ခြေ တစ်ချက်စောင့်လိုက်၏။သူ၏ လက်
ထဲတွင် အေးစက်စက် အရောင်တောက်နေသည့် ဓားရှည်တစ်လက်ရောက်လာသည်။

"လေခွဲဓား"

ချစ်ခြင်းများစွာဖြင့်
MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၂၂)နီဒန်

လုံချန်က မီးရေပုတ်သင်၏ ဦးခေါင်းကို ဓားဖြင့်ပိုင်းချလိုက်သည်။ထိုဓားတွင် လွန်စွာကြောက်မက်ဖွယ်
ကောင်းသည့် ဓားချီ အလင်းတန်းများသည် တလက်လက် ဖြာထွက်လျှက်ရှိ၏။သို့သော် လုံချန် အံ့အား
သင့်ရသည်။သူပိုင်းချ လိုက်သည့် ဓားက ရေပုတ်သင်၏ ဦးခေါင်းကို အနည်းငယ်စိုက်၀င်ရုံသာရှိသည်။
မာကျောသော အရေပြားအား မဖောက်နိုင်သကဲ့သို့ဖြစ်နေ၏။

"အရေခွံက ကြောက်စရာကောင်းအောင်ကိုမာတာပါလား"

လုံချန်၏ ဓားသည် အလွန်ထက်သည့်ဓားဖြစ်၏။သို့ရာ၌ ၎င်းသည် သူနှင့်သိပ်မသင့်တော်ဟု လုံချန်ထင်
မိသည်။ဤခပ်ပေါ့ပေါ့ဓားလေးဖြင့် ဆိုလျှင် သူ့၏ ခွန်းအားကို အပြည့်အ၀အသုံးချနိုင်မည်မဟုတ်ပေ။
မီးရေပုတ်သင်၏ ဦးခေါင်းကို ဓားဖြင့် ခုတ်လိုက်သည်နှင့် တပြိုင်နက် ရေပုတ်သင်၏ အမြီးရှည်ကြီးက
ကျာပွတ် တစ်ချောင်းကဲ့သို့ သူ့ထံပြေး၀င်လာပြန်၏။

လုံချန်က ဟမ့်ကနဲ အသံပြုကာ ရေပုတ်သင်၏ ဦးခေါင်းပေါ်သို့ခုန်တက်လိုက်၏။

၀ုန်း...

လုံချန် ခုန်လိုက်သည့်အချိန်တွင် ရေပုတ်သင်၏ အမြီးက သူ့ထံပြေး၀င်လာပြန်သည်။ထိုအမြီးကို လုံ
ချန်က ခုန်၍ ရှောင်လိုက်သည်ဖြစ်ရာ ရေပုတ်သင်မှာ သူ့အမြီးနှင့် ခေါင်း ပြန်မိတ်ဆက်မိတော့သည်။
လုံချန် ငိုရခက်၊ရယ်ရခက်ဖြစ်သွား၏။ရေပုတ်သင်က ဒေါသထွက်ဟန်ဖြင့် အော်ဟစ်လိုက်၏။ရုတ်ချည်း
ဆိုသလိုပင် သူ့၏ ၀မ်းဗိုက်က လေဖြည့်ထားသည့် ပူပေါင်းတစ်ခုခဲ့သို့ ဖောင်းကားတက်လာ၏။

ယင်းနောက် ပါးစပ်ကိုဟ၍ လုံချန်ကို မီးဖြင့်မှုတ်လေသည်။မီးတောက်များသည် လုံချန်ကို ရုတ်ချည်းဝါး
မျိုပစ်လိုက်ကြ၏။

"ဆေးမီးတောက် ခန္ဓာကိုယ်ကို ကာကွယ်စမ်း"

လုံချန်က ဆေးမီးတောက်ဖြင့် မိမိ ကိုယ်ကို ကာကွယ်ထားလိုက်ရ၏။ဤအချက်ကြောင့်ပင် သူက နှင်း
ပွင့်လေးကို ခပ်လှမ်းလှမ်းတွင် ရှောင်ခိုင်းထားလိုက်ခြင်းဖြစ်သည်။ထိုမျှ ပြင်းထန်လှသည့် မီးတောက်
များကို နှင်းပွင့်လေးအနေနှင့် ဘယ်လိုမှ ခံနိုင်စရာအကြောင်းမရှိချေ။

ယင်းသို့ ဆေးမီးတောက်ဖြင့် ကာကွယ်လိုက်သော်ငြား ရေပုတ်သင်၏မီးတောက်သည် သူ့အား တစ်မြေ့
မြေ့ဖြင့် လောင်ကျွမ်းလျှက် ရှိသည်ကိုလုံချန် သိလိုက်ရ၏။မီးဖိုထဲသို့ ရောက်နေသလို လုံချန်ခံစားရကာ
ဆေး မီးတောက်ကလည်း အားအနည်းငယ်ပျော့လာ၏။

ရေပုတ်သင်၏ မီးတောက်များထဲမှ လုံချန်ခုန်ထွက်လိုက်သည်။ရေပုတ်သင်ကို ထိပ်တိုက်ရင်ဆိုင်
လျှင် သူ့အတွက်အကျိုးမရှိ။မီးလောင်ခံရသဖြင့် သဲပြင်သည် ပုံဆောင်ခဲအသွင်သို့ စတင်ပြောင်းလည်း
လာရာမှ တစ်ချို့နေရာများ၌ ပူးပြင်းလှသော ကြောင့် ဖန်အဖြစ်သို့ပင် ပြောင်းကုန်ကြလေပြီ။

လုံချန် အံ့အားသင့်မိသကဲ့သို့ စိတ်လည်းလှုပ်ရှားနေသည်။ဤဘိစ်မီးတောက်ကား ထိပ်တန်းအဆင့်
မီးတောက်သတ်မှတ်ချက်များတွင် ပါ၀င်ထိုက်ပါပေသည်။အကယ်၍ သူသည် ထိုမီးတောက်ကို ရရှိပြီး
သူ့၏ ကိုယ်ပိုင်ပညာဖြင့် သန့်စင်လိုက်သည်ရှိသော် သူ၏ တိုက်ခိုက်ရေးပညာရပ်သည် များစွာတိုး
တက်သွားမည်ဖြစ်သည်။ယင်းမှာ ဆေးပညာရှင်များ၏ ကြောက်စရာကောင်းသည့် အရည်အချင်း
တစ်ရပ်လည်းဖြစ်ရာ ၎င်းတို့သည် ဘိစ်မီးတောက်များထံမှ မီးတောက်၏ တန်းခိုးစွမ်းအင်အား ထုတ်
ယူနိုင်စွမ်းရှိကြသကဲ့သို့ ထိုမီးတောက်ကိုပင် မီးတောက်ပိုင်ရှင် မှော်သားရဲများထက်ပို၍ စွမ်းအားပြင်း
စွာ အသုံးချနိုင်စွမ်းလည်း ရှိကြလေသည်။

"ငါ...အချိန်ဆွဲပြီးတိုက်နေလို့တော့မဖြစ်တော့ဘူး"

လုံချန်၏ နောက်ကျောတွင် အလင်းစက်ကွင်းပေါ်လာ၏။သို့သော် လုံချန်ကပင် ထိုအလင်းစက်ကွင်း
ကို ပြန်သိမ်းလိုက်ပြန်သည်။အဘယ်ကြောင့်ဆိုသော် အလင်းစက်ကွင်းအား အသုံးပြုရာ၌ ကန့်သတ်
ချက်များရှိနေခြင်းကြောင့်ဖြစ်လေသည်။အလင်းစက်ကွင်းသည် ပတ်၀န်းကျင်မှ ချီးစွမ်းအင်ကို စုပ်ယူ
၍ လုံချန်၏ တိုက်ခိုက်နိုင်စွမ်းကို ဆတိုးပေးခြင်းဖြစ်သည်။

သို့သော် မြက်တစ်ပင် ပင် မရှိသည့် လွင်တီးခေါင် သဲကန္တာရ၌မူ စုပ်ယူစရာ ချီစွမ်းအင်လည်း ရှိ
မည်မဟုတ်ချေ။ထိုသို့ စုပ်ယူစရာမရှိလျှင် အလင်းစက်ကွင်းသည် သူ့၏ ဖုန်ဖူကြယ်မှ စွမ်းအင်များကို
စုပ်ယူမည်သာဖြစ်သည်။ဤသို့ဆိုလျှင် အဓိပ္ပါယ်ရှိလိမ့်မည်မဟုတ်ပေ။သူ့အနေနှင့် ဖုန်ဖူကြယ်၏ စွမ်း
အားသက်သက်ကိုသာ အသုံးချလျှင် ပို၍ အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။

"ဖုန်ဖူ အကာအကွယ်"

လုံချန်၏ မျက်စိသူငယ်အိမ်တွင် ကြယ်လေးတစ်ပွင့်ပေါ်လာ၏။ထို့အတူ ကိုယ်ရောင်ကိုယ်ဝါများလည်း
ရုတ်ချည်း တောက်ပလာခဲ့သည်။ချီတန်ခိုး သည် ကောင်းကင်ထက်သို့ တစ်ရှိန်ရှိန်တက်လျှက်ရှိ၏။
ရေပုတ်သင်၏ အမြီးသည် လုံချန်ထံ ပြေး၀င်လာခဲ့ပြန်သည်။လုံချန်၏ အော်ဟစ်ကြုံး ဝါး လိုက်သံသည်
မိုးခြိမ်းသွားသလိုပင်ထင်ရလေသည်။

လုံချန်သည် ရေပုတ်သင်၏ အမြီးကို လက်ဖြင့်ကိုင်ကာ သဲပြင်ထက်တွင် စောင့်ချလိုက်၏။

"ဝုန်း"

သဲများသည် လှိုင်းထ၍ အရပ်လေးမျက်နှာသို့ တလိမ့်လိမ့်ဖြင့် ရိုက်ခတ်လေရာ ခပ်လှမ်းလှမ်းတွင်
ရှိနေသော နှင်းပွင့်လေးမှာ နောက်သို့ အလျှင်အမြန်ဆုတ်ပြေးသည့်တိုင်အောင် ဧရာမ သဲလှိုင်းကြီး
၏ အောက်၌ နစ်မြုပ်သွားလေသည်။

သို့သော် အောက်ကြမ်းခင်းမှာ သဲပြင်သာဖြစ်နေလေရာ အားသိပ်မပါဖြစ်နေ၏။လုံချန်၏ အကြည့်
သည် ကျောက်တောင်ကုန်းကလေး ထံသို့ရောက်သွားသည်။ပြီးလျှင် သူသည် မီးရေပုတ်သင်ကို တစ်
၀ီဝီမြည်အောင် စလှည့်တော့သည်။မီးရေပုတ်သင်မှာ လုံချန်၏ လက်ထဲတွင် ရုန်းကန်နေသော်လည်း
မလွတ်မြောက်နိုင်ဖြစ်နေ၏။

ထိုသို့လှည့်ရင်းဖြင့် အရှိန်အလွန်းပြင်းလာသည့်အချိန်တွင် လုံချန်သည် လှည့်နေရာမှ ရုတ်တရက် ရပ်
လိုက်ရာ ရေပုတ်သင်မှာ ကြယ်ကြွေကျသကဲ့သို့ ကျောက်တောင်ကုန်းကလေးဆီသို့ ဦးတည်၍ ဝုန်းက
နဲ ပြေး၀င်သွားလေသည်။

၀ုန်း....

အလွန်တရာ မာကျောသည့်ကျောက် တောင်ကုန်းကလေးမှာ သိမ့်ကနဲ လှုပ်၍ သွား၏။ကျောက်
တောင်ကလေး၏ ဘေးတစ်ဖက်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်နေသည်။ဤတောင်ကုန်းကလေး
သည် မည်သည့်ကျောက်သားဖြင့် ဖွဲ့စည်းထားသည်ဆိုသည်ကို လုံချန်မသိသော်လည်း ထူးဆန်းစွာ
ဖြင့် လွန်စွာမာကျောသည်ဆိုသည်ကိုတော့ သိလေသည်။

မီးရေပုတ်သင်၏ ခန္ဓာကိုယ်ပင် ကျောက်တောင်ကုန်းကလေးကို ကွဲကြေသွားအောင် မစွမ်းဆောင်နိုင်
ရှာပေ။ထိုအစား မီးရေပုတ်သင်၏ တစ်ကိုယ်လုံးမှ အရိုးများမှာ ကျိုးကြေကုန်သည့် အပြင် အကြေး
ခွံများကွာ၍ သွေးများသည် ရေပန်းကဲ့သို့ ပန်းထွက်နေသည်။

"ဝေါင်း"

သို့သော်လုံချန်အဖို့အံ့အားသင့်စရာ ဖြင့် ကြုံရပြန်၏။မီးရေပုတ်သင်သည် ဒဏ်ရာများ လွန်စွာပြင်းထန်
နေသည့်တိုင် သေဆုံးခြင်းမရှိပဲ ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ သူ့ဆီ ၀င်လာပြန်လေသည်။

"ဟမ့် ဒီလိုဆိုတော့လည်း မင်းကို အဆုံးသတ်ပေးရတော့တာပေါ့"

လုံချန်သည် တိုက်ခိုက်တော့မည် ပြင်လျှင် တစ်ခုခုကို သတိရသွားပြီး ရင်ထဲထိတ်ကနဲဖြစ်သွား၏။

"သေစမ်း...အချိန်စေ့သွားပြီဟ" ဖုန်ဖူအကာအကွယ်အား အချိန်အကန့်အသတ်နှင့် အသုံးပြုရသည်
ကို သူ မေ့သွားခြင်းဖြစ်၏။အလင်းစက်ကွင်းကြောင့်သာ မဟုတ်လျှင် ဖုန်ဖူအကာအကွယ်၏ အသုံး
ပြုရန် ကြာချိန်မှာ ပို၍ပင် တိုလေသည်။

ပြေး၀င်လာသည့် မီးရေပုတ်သင်ကိုကြည့်၍ လုံချန်သည် လက်သီးဖြင့်ထိုးလိုက်၏။သို့ရာ၌ ဖုန်ဖူအကာ
အကွယ်၏ စွမ်းအားမရှိတော့သည်ဖြစ်ရာ မီးရေပုတ်သင်ကဲ့သို့သော တတိယအဆင့် မှော်သားရဲတစ်
ကောင်ကို မည်သို့မျှ ယှဉ်နိုင်ခြင်းမရှိတော့ချေ။လုံချန် နောက်သို့လွင့်သွား၏။၀မ်းဗိုက်မှ စူးကနဲအောင့်
လာသည်။သွေးပင် အန်မိမတတ်ဖြစ်သွားရ၏။

"မှော်သားရဲ တွေရဲ့ ခန္ဓာကိုယ်က တစ်ကယ့်ကို ကြောက်စရာကောင်းတာပဲ" သူသည် ဤသို့တွေးမိ၏။
သို့တိုင်အောင် သူ ထိုသို့တွေးသည်ကို အခြားသူများသိလျှင် သူ့အားပစ်ပစ်နှစ်နှစ်ဝိုင်းဆဲကြမှာပင်။
ဤအကောင်သည် တတိယအဆင့်ရှိ မှော်သားရဲဖြစ်၏။၎င်းအား ကျင်ကျီသိုင်းသမားများပင် တစ်
ယောက်ခြင်း တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။

ထို့ပြင် မီးရေပုတ်သင်သည် တတိယအဆင့် မှော်သားရဲများတွင်မှ ထိပ်တန်းအဆင့်တွင် အပါအ၀င်
ဖြစ်၏။လုံချန်ဆိုသည်မှာ သွေးနှောအဆင့် ရှိ သိုင်းသမားတစ်ဦးပင် ဖြစ်သော်ငြား မီးတောက်ရေပုတ်
သင်ကို ပြင်းထန်စွာခုခံထားနိုင်ဆဲ ဖြစ်သည်။သူ၏ ခန္ဓာကိုယ်သည် မီးတောက်ရေပုတ်သင်ထက်ပင်
ပို၍ မာလေသလား။မေးခွန်းထုတ်စရာဖြစ်နေပါ၏။

၀ုန်း...ဝုန်း...ဝုန်း...

လုံချန်မှာ ၎င်း၏ တိုက်ခိုက်မှုကို ကြိုးစား၍ ရှောင်ပါသော်လည်း မီးတောက်ရေပုတ်သင်သည် ရူးသွပ်
သွားသကဲ့သို့ပင် ထင်ရကာ တရကြမ်းတိုက်ခိုက်မှုကြောင့် မြေကြီးသည် တသိမ့်သိမ့်တုန်၍ နေလေသည်။

"ဒီလောက်ဒဏ်ရာတွေ ရ နေတာတောင် ရေပုတ်သင်ရဲ့တိုက်ခိုက်နိုင်စွမ်းက ကျမသွားပါလား"

လုံချန် ကျိန်ဆဲနေမိသည်။သူ၏ ဓားရှည်ကြီးသည် မီးတောက်ရေပုတ်သင် အား မည်သို့မျှ မခြိမ်း
ခြောက်နိုင်ဖြစ်နေ၏။ထို့ပြင် ဖုန်ဖူအကာအကွယ်လည်း သူ့တွင် မရှိတော့သည်ဖြစ်ရာ တိုက်ခိုက်နိုင်
စွမ်းမှာ သိသိသာသာကျဆင်းသွားသည်။ဤအတိုင်း ဆက်သွားလျှင် သူ ထွက်ပြေးရပေတော့မည်။

သူ့အဖြစ်ကား မျက်စိရှေ့တွင် ရတနာသိုက်ကြီးအားတွေ့ပါလျှက်နှင့် မရနိုင်သကဲ့သို့ဖြစ်နေ၏။ဤအဖြစ်
သည် လောကတွင် နာကျင်စရာအကောင်းဆုံး အဖြစ်လည်း ဖြစ်၏။ယခင်က သူ့တွင်ရှိသော ဓားရှည်
ကြီးမှာ ကျိုးသွား၍သာ မဟုတ်လျှင် ဤမီးတောက်ရေပုတ်သင်ကို သူသည် ကျိန်းသေပေါက် ခုတ်ဖြတ်
ပစ်လိုက်နိုင်မည်ဖြစ်သည်။

တစ်ဖြည်းဖြည်းဖြင့် မီးတောက်ရေပုတ်သင်၏ ခန္ဓာကိုယ်မှ အကြေးခွံများမှာ ကွာကျသည်ထက်ကွာ
ကျလာပြီး အသားနုပေါ်လာ၏။သူ့၏ လည်ပင်းတွင် လည်း အကြေးခွံများ ကွာကျနေသည်ဖြစ်ရာ
လုံချန်က ထိုနေရာသို့ ဓားဖြင့်ထိုးရန်ကြံနေသည်။သို့သော် ထိုနေရာပတ်လည်၌ အခြားအကြေးခွံ
များရှိသေးသဖြင့် ဓားသည် စိတ်ရှိတိုင်း တိုးမပေါက်ဖြစ်နေသည်။

ယခုအခါ၌ လုံချန်၏ ပြင်ပ ခွန်အားသည် သိသာစွာကျဆင်းနေပြီဖြစ်သလို မီးတောက်ရေပုတ်သင်က
လည်း စွမ်းအင်များ မကုန်ခမ်းနိုင်ဟု ထင်မှတ်ရလောက်အောင် ကြမ်းတမ်းစွာ တိုက်ခိုက်လျှက်ရှိသည်။

"အိုး....ဟုတ်သားပဲဟ" လုံချန်၏ မျက်လုံးသည် အရောင်တစ်ချက်လက်ကနဲဖြစ်သွားသည်။သူ တစ်ခုခု
ကို သတိရသွားသည်။ထိုအကြောင်းကို တွေးမိလျှင် လုံချန်သည် ပျော်ရွှင်စွာဖြင့် ပို၍အာရုံစိုက်လိုက်၏။
ပြေး၀င်လာသည့် မီးတောက်ရေပုတ်သင်ကို သူသည် ခုန်ရှောင်ပြီးလျှင် လေထဲ၌ သိုလှောင်လက်စွပ်
ကိုပွတ်လိုက်ရာ  အထဲမှ လွန်စွာကြီးမားသော ပစ္စည်းတစ်ခုထွက်လာ၏။

ထိုအရာကြီးမှာ ကြီးမားသော အမြီးကြီးတစ်ချောင်းဖြစ်၍ အစွန်းတွင် အဆိပ်ဆူးကြီးတစ်ခုပါ၏။လုံချန်
သည် အာရုံကို အပြည့်အ၀စိုက်ကာ မီးတောက်ရေပုတ်သင်၏ အကြေးခွံမရှိတော့သည့် လည်ပင်း
နေရာကို အဆိပ်ဆူးဖြင့်ထိုးချလိုက်လေသည်။ကန္တာရ ကင်းမြီးကောက်ကြီး၏ အဆိပ်ဆူးသည် မီး
ရေပုတ်သင်၏ ခန္ဓာကိုယ် အား မြဲမြံစွာစိုက်၀င်သွားပါသည်။

ထိုသို့စိုက်၀င်သွားသည်နှင့် အဆိပ်ဆူးထဲမှ အဆိပ်များမှာ မီးရေပုတ်သင်၏ ခန္ဓာကိုယ်ထဲသို့ အလိုလို
၀င်သွားကြလေသည်။မီးရေပုတ်သင်မှာ သွေးရူးသွေးတမ်းဖြင့် ရုန်းကန်ရင်း အဆိပ်ဆူးကို ခါထုတ်
ရန်ကြိုးစား၏။သို့သော် အဆိပ်သည် သူ၏ ကိုယ်ထဲသို့ရောက်နှင့်ပြီးဖြစ်၍ ယခုအချိန်မှ အဆိပ်ဆူး
ပြုတ်ထွက်သွားလျှင်လည်း အသုံး၀င်တော့မည်မဟုတ်ပေ။

မီးတောက်ရေပုတ်သင်၏ အရေပြားမှာ တစ်ခဏ ခြင်းမဲနက်လာနေသည်ကို လုံချန်တွေ့နေရသည်။
လုံချန် ခပ်မြန်မြန်ခုန်၍ ရှောင်လိုက်၏။သူ၏ ရည်ရွက်ချက် အောင်မြင်ပေပြီ။ဆက်တိုက်ခိုက်နေရန်
မလိုတော့။အချိန်စောင့်ရန်သာလိုသည်။ကန္တာရကင်းမြီးကောက်၏ အဆိပ်သည် သူ ထင်ထားသည်ထက်
ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းပါ၏။မီးရေပုတ်သင်လို မှော်သားရဲပင် ထိုအဆိပ်ဒဏ်ကို မခံနိုင်။
မိနစ်အနည်းငယ်အတွင်း ၎င်းမှာ အဆိပ်တက်၍ သေတော့မလိုဖြစ်လာသည်။

ပုံမှန်အတိုင်း တိုက်ခိုက်မည်ဆိုလျှင် ကင်းမြီးကောက်များသည် မီးရေပုတ်သင်ကို မနိုင်ချေ။အဘယ့်
ကြောင့်ဆိုသော် ၎င်းတို့သည် မီးရေပုတ်သင်၏ မာကျောလှသော အရေပြားကို မဖောက်နိုင်သည့်
အတွက်ဖြစ်သည်။ထိုသို့ဖြစ်သည့်တိုင်အောင် မီးရေပုတ်သင်၏ အမြီးမှာမူ ၎င်းတို့၏ အရေးပြားအား
အလွယ်တကူထိုးဖောက်နိုင်လေသည်။

ထို့ကြောင့် ကင်းမြီးကောက်များအကြောက်ရဆုံးသော ရန်သူသည် မီးရေပုတ်သင်ဟု ပြောကြခြင်းဖြစ်
သည်။သို့သော်လည်း မီးရေပုတ်သင်မှာ ကင်းမြီးကောက်များကို အမြဲတမ်းနိုင်နေသည်မဟုတ်။သူ့၏
အရေပြားပေါက်ပြဲခဲ့လျှင် ကင်းမြီးကောက် အဆိပ်ကြောင့် ချက်ချင်း ဘုန်းကနဲ လဲ၍ သေဆုံးသွားမည်
သာဖြစ်သည်။

အချိန်အတော်ကြာအောင် ရုန်းကန်နေပြီးလျှင် မီးရေပုတ်သင်မှာနောက်ဆုံး၌ ငြိမ်ကျသွားတော့သည်။
သို့သော်လုံချန်သည် မီးရေပုတ်သင်အနားသို့ မသွားသေးပဲ နှစ်နာရီခန့်စောင့်ကြည့်ပြီးမှ နှင်းပွင့်လေး
နှင့်အတူ အနားသို့ကပ်လာခဲ့သည်။

မီးရေပုတ်သင်၏ ၀မ်းဗိုက်ကို လုံချန် ခွဲလိုက်သည်။၀မ်းဗိုက်အတွင်း၌ ခြေဖဝါးအရွယ်ခန့်ရှိသော မီးလုံး
တစ်လုံးရှိ၏။၎င်းသည် နှင်းကဲ့သို့ စွတ်စွတ်ဖြူသော ပကတိအဖြူရောင်ဖြစ်ကာ ကြောက်မက်ဖွယ်
ရာ စွမ်းအင်လှိုင်းများ တဖြတ်ဖြတ်ဖြင့်ရိုက်ခတ်လျှက်ရှိသည်။

"ဟီးဟီး ငါတော့ နီဒန် ကိုရပြီ" လုံချန် လှိုက်ကနဲပျော်သွား၏။ဤအရာသည် မီးရေပုတ်သင်၏ တန်ဖိုး
အရှိဆုံးအပိုင်းဖြစ်သည်။မှော်သားရဲအများစု၏ အမြူတေစွမ်းအင် သည် ၎င်းတို့၏ ဦးခေါင်းထဲ၌ ရှိ
တတ်ကြသော်လည်း မှော်သားရဲတိုင်းတော့မဟုတ်ချေ။အချို့မှော်သားရဲများ၏ ရတနာဟု ခေါ်ရမည့်
အမြူတေဓာတ်များမှာမူ နီဒန်ဟု ခေါ်သည့်နေရာတွင် ရှိတတ်လေသည်။

ပုံမှန်အတိုင်းဆိုလျှင် မှော်သားရဲများမှာ ၎င်းတို့သေတော့မည်ကိုသိသည်နှင့် အမြူတေစွမ်းအင်များကို
အကုန်အစင်အသုံးပြုပစ်တတ်ကြ၏။သို့ဖြစ်ရာ ၎င်းတို့သေဆုံးသည့်အချိန်တွင် နီဒန်၌ မည်သည့်
စွမ်းအင်မှ မကျန်ခဲ့တော့ချေ။

ယခုအခါတွင်မူ မီးရေပုတ်သင်၏ နီဒန်မှာ စွမ်းအင်များဖြင့် ပြည့်ဖြိုးနေလေရာ လုံချန်များစွာစိတ်လှုပ်
ရှားရသည်။ထိုသို့ စွမ်းအင်များပြည့်ဖြိုးနေရခြင်းသည် မီးရေပုတ်သင်မှာ သူနှင့်တိုက်ခိုက်စဉ်အတွင်း
၎င်း၏ အမြူတေစွမ်းအင်ကို တစ်ကြိမ်သာအသုံးပြုခဲ့ခြင်းကြောင့်ဖြစ်သည်။နီဒန်ထဲတွင် ရှိသော စွမ်း
အင်ပမာဏမှာ များပြားလေ ယင်းမှ ထုတ်ယူရရှိသော ဘိစ်မီးတောက်သည် ပို၍ သန့်စင် အစွမ်းထက်
လေဖြစ်သည်။

သို့တိုင်အောင် ယခုချက်ခြင်း အသုံးပြုရန်ကား မဖြစ်နိုင်သေးချေ။ထိုနီဒန်ထဲမှ ဘိစ်မီးတောက်ကိုထုတ်
ယူရန် သူ့အတွက် လိုအပ်သည်များအား ပြင်ဆင်ထားရန်လိုသည်။သို့မဟုတ်လျှင် ဘိစ်မီးတောက်၏
အမြူတေစွမ်းအင် ဆုံးရှုံးသွားလိမ့်မည်။

"ဝု..ဝု..ဝု"

နှင်းပွင့်လေးမှာ မီးရေပုတ်သင် အသေ ကောင်ကိုကြည့်ပြီး ဟောင်နေသည်။

"ငါ့အတွက် ရွေးချယ်စရာမရှိလို့ပါကွာ" လုံချန်က တောင်းပန်သံဖြင့် ပြော၏။အလွန်ကောင်းသည့် တတိယ
အဆင့် မှော်သားရဲ အသေကောင်မှာ မျက်စိရှေ့တွင် ရှိနေသော်လည်း စားလို့မရဖြစ်နေသည်။
သူလည်း မည်သို့မျှ မတတ်နိုင်ချေ။ကင်းမြီးကောက်၏ အဆိပ်သည် လွန်စွာပြင်းထန်လေရာ
မီးရေပုတ်သင်အသေကောင်အား စားခဲ့သော် ထိုအဆိပ်ကို နှင်းပွင့်လေးပါ  ဆက်၍ မိသွားနိုင်သည်။

"ဂူထဲသွားကြည့်ကြစို့ ဘာတွေများရှိဦးမလည်း မသိဘူး"

လုံချန်နှင့် နှင်းပွင့်လေးတို့ နှစ်ယောက်မှာ ဂူထဲသို့၀င်လာကြသည်။လွန်စွာပူပြင်းသည့် ချီစွမ်းအင်သည်
ဂူထဲမှ နေ၍ လှိုင်းများအဖြစ်ရိုက်ခတ်လျှက် ရှိသဖြင့် လေသည် လှိုက်၍ လှိုက်၍ ပူနေလေသည်။
ဂူအတွင်းပိုင်းသည် အတော်ကလေး ကျယ်၀န်းကြောင်း တွေ့ရ၏။သို့သော် အစီအရီ ဖြစ်နေသော
ဥများအားတွေ့လျှင် လုံချန်နှင့်နှင်းပွင့်လေးမှာ မျက်လုံးများ အရောင်တလက်လက်တောက်ပလာကြ
လေတော့သည်။

ချစ်ခြင်းများစွာဖြင့်....

MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၂၃)လောင်မီးကျလျှက်နတ်တို့စက်

သူတို့နှစ်ယောက်၏ရှေ့၌ စုစုပေါင်းဥလေးလုံးရှိနေ၏။ဥများ၏ အရွယ်အစားမှာ
လုံချန်၏ပုခုံးအရွယ်ခန့်ရှိပြီး ဥလေးလုံး အပေါ်၌ သွေးစက်များ
သွေးစက်များကိုလက်ဖြင့်စမ်းသပ်ကြည့်လိုက်သည်။ဥများမှ သွေးညှီနံ့အချို့ရနေ၏။သွေးများသည်
လတ်လတ်ဆတ်ဆတ် ဖြင့်ရှိရာမခြောက်တတ်သေးပေ။လုံချန်ရင်များတစ်ဒုန်းးဒုန်းးခုန်လာ၏။မီးတောက်ရေပုတ်
သင်ကား ဥ ဥပြီးကာစ၊အားအနည်းဆုံးအချိန်ဖြစ်နေခြင်းဖြစ်၏။သူ၏
တိုက်ခိုက်နိုင်စွမ်းသည် မူလအခြေအနေထက်ထက်၀က်ခန့်ပင် ရှိ
ကောင်း မှ ရှိနိုင်လိမ့်မည်။

ထိုသို့တွေးမိလျှင် ကျော၌ ချွေးစေးများပင်
ပြန်လာရသည်။သူသည် တတိယအဆင့်မှော်သားရဲများ၏ ကြောက်စရာကောင်းပုံကို
လျှော့တွက်မိခဲ့၏။မှော်သားရဲများမှာတတိယအဆင့်သို့ရောက်လျှင်လုံး၀ ပြောင်းလဲသွားကြ၏။သူတို့သည်သူတို့၏မွေးရာပါ တန်ခိုးစွမ်းအင်များကို
အသုံးချလာနိုင်ခြင်းကြောင့် တိုက်ခိုက်ရာတွင် လွန်စွာ
ကြောက်စရာကောင်းလာလေသည်။လုံချန်မှာ တွေးလေ ကြက်သီးထလေဖြစ်နေသည်။အကယ်၍
မီးတောက်ရေပုတ်သင်သာ အားအနည်းဆုံးအခြေအနေသို့ ရောက်မနေလျှင် ဤနေရာမှ
သူတို့နှစ်ယောက် အသက်ရှင်လျှက်ပင် ထွက်ပြေးလွတ်မြောက်ရန် မလွယ်ကူချေ။

"ဝု..ဝု" လုံချန် တစိမ့်စိမ့်တွေးနေစဉ်မှာပင်နှင်းပွင့်လေးမှာ ဥများကိုကိုက်ဝါးနေသည်။သို့သော် ဥသည်
ကြီးလွန်းသဖြင့် နှင်းပွင့်လေး၏သွားများဖြင့်ဆိုလျှင် အားထည့်၍ကိုက်မရဖြစ်နေ၏။
"ဟီးဟီး အသားမစားရတော့ ဥစားတာပေါ့ကွာ"
လုံချန်က အသာအယာပြုံး၍ ဥတစ်လုံးကိုလက်သီးဖြင့်ထိုးခွဲလိုက်သည်။ဥပေါ်၌
အက်ကြောင်းများထင်လာသည်။ဥသည် သံတစ်မျှမာကြောလင့်ကစားလွန်စွာလည်း ကြွပ်ဆတ်လေသည်။

ဥ၏အကာတစ်ခုကို လုံချန်က ဖဲ့လိုက်သည်နှင့်
အထဲမှအရည်များစီးထွက်လာသည်။ထိုအကာရည်
များကို နှင်းပွင့်လေးကအငမ်းမရသောက်မျိုနေ၏။မျက်စိတမှိတ်အတွင်းဥအတွင်းရှိ အကာအရည်
များကို နှင်းပွင့်လေးကကုန်စင်အောင်သောက်ပစ်လိုက်သည်။ဥ၏ အကာအရည်များကို သောက်ပြီးပြီးခြင်းနှင်းပွင့်လေး၏ အရောင်အဝါသည် ပို၍တောက်ပလာ
ခဲ့ရာ လုံချန်အံ့အားသင့်ရသည်။နှင်းပွင့်လေး သည်နောက်ထပ်တစ်ဆင့်သို့ ထပ်တက်သွားပြီဟူသည့်
လက္ခဏာဖြစ်သည်။

ဥများသည် တတိယအဆင့်မှော်သားရဲကောင်၏ ဥများဖြစ်၏။ဆေးဆရာတို့
လွန်စွာလိုချင်တပ်မက်ကြသည့်ရတနာများလည်ဖြစ်ချေသည်။သို့သော် သူက နီဒန်ကို ရပြီး ဖြစ်သောကြောင့်ဥများကို သိပ်စိတ်မ၀င်စားတော့။နှင်းပွင့်လေး၏ပြေးနှုန်းယခုထက်မြန်လာရန် လုံချန်ကမျော်လင့်နေသည်။နှင်းပွင့်လေးကအကာရည်များကို လျှင်မြန်စွာသောက်နေသည်ကို မြင်လျှင် လုံချန်သည်အခြားဥနှစ်လုံးကို ထပ်၍ ခွဲလိုက်သည်။နှင်းပွင့်လေးကား သူ့အား
စိတ်မပျက်စေခဲ့ပေ။သူသည် ဥလေးလုံးစလုံးကုန်အောင်သောက်၏။ထို့နောက် ကြမ်းပြင်တွင် ချက်ချင်းလှဲ၍မျက်လုံးများ ပိတ်ထားလိုက်၏။သူ၏စွမ်းအင်များမှာ်စတင်၍ တရှိန်ထိုးတိုးပွားလာနေသည်ဖြစ်ရာခန္ဓာကိုယ်တွင်းကမောက်ကမများဖြစ်နေလေသည်။

"နောက်တဆင့်ကိုများ တက်သွားပြီလား"လုံချန်ပျော်သွားသည်။နှင်းပွင့်လေးသည်
တတိယအဆင့်မှော်သားရဲဖြစ်၍အထူးသဖြင့်မျိုးရိုးအလွန်သန့်သည်။ထို့ပြင်တောစောင့်နတ်မင်းတိုက်ကျွေးခဲ့သည့်ဆေးကြောင့် နာမ်ဝိညာဉ်လည်း နိုးထလာခဲ့ရာ သူ့၏တိုးတက်မှုမှာလွန်စွာလျှင်မြန်နေတော့သည်။ဥလေးလုံး၌စွမ်းအင်အမြောက်အများ
ပါ၀င်သည်။ယခုအခါ၌ မီးတောက်ရေပုတ်သင်၏ ဥလေးလုံးမှ စွမ်းအင်များကို နှင်းပွင့်လေး၏ ခန္ဓာ
ကိုယ်က အငမ်းမရစုပ်ယူနေသည်။သူ၏ အရောင်အဝါက တောက်ပသည်ထက်ပို၍
တောက်ပလာခဲ့သည်။လုံချန် ခေါင်းငြိမ့်လိုက်၏။

အကယ်၍ နှင်းပွင့်လေးသည်တတိယအဆင့်သို့ ရောက်လျှင် မီးရေပုတ်သင်ကိုကျိန်းသေပေါက်အနိုင်ယူတိုက်ခိုက်နိုင်သွားမည်ဖြစ်သ
ည်။ထိုအချိန်၌တတိယအဆင့်မှော်သားရဲတစ်ကောင်ကို လုံချန်က ပိုင်ဆိုင်သွားပြီဖြစ်သည်။
ထို့ပြင် ကြက်သွေးမီးတောက် နှင်းဝံပုလွေသည်တတိယအဆင့်မှော်သားရဲများ၌ ထိပ်တန်းအဆင့်
မှော်သားရဲတစ်ကောင်ဖြစ်ရာ လုံချန်သည်စဉ်စားတွေးတော ရင်းဖြင့် များစွာ
စိတ်လှုပ်ရှားနေရသည်။မှော်သားရဲများအဖို့ အဆင့်တက်ရန် အချိန်တစ်ခု
လိုမှန်းသူသိသည်။ထို့ကြောင့် သူသည် နှင်းပွင့်လေးကို ကာကွယ်ပေးထားရန်လိုသည်။
ကံကောင်းစွာဖြင့် ဤနယ်မြေမှာမီးတောက်ရေပုတ်သင်၏နယ်မြေဖြစ်နေသောကြောင့် အခြားသား
ရဲများ ၀င်ထွက်သွားလာခြင်းမပြုဝံ့ကြ။ယခုအခါမှပင် လုံချန်က ဂူတစ်ခုလုံးသို့
အနှံ့အပြားလိုက်ကြည့်ခွင့်ရ၏။

ဂူသည် အတွင်းပိုင်း၌ အတော်ကလေးကျယ်သည်ကို တွေ့ရသည်။
ဂူကို အပြင်မှ ကြည့်လျှင် သံအိုးကြီးတစ်အိုးကိုအဖုံးဖုံးထားသကဲ့သို့ထင်ရသည်။ထိုသို့
ဂူအနှံ့လိုက်ကြည့်ရင်း ဖြင့် ကျောက်ရည်ပူများဖြင့် ပြည့်နှက်နေသည့်ကန်တစ်ကန်ကိုတွေ့၏။ကန်ထဲ၌ ကျောက်ရည်ပူများက တစ်လိမ့်လိမ့်ဖြင့် လှိုင်းများထနေ၏။
"ကျောက်ရည်ပူထဲ မှာ တစ်ခုခုတော့ရှိရမယ်"လွင်တီးခေါင် ကန္တာရ၀ယ် ဤမျှ ကြောက်မက်ဖွယ်
ကောင်းသည့် ကျောက်ရည်ပူ ကန်တစ်ခုရှိနေကြောင်းမည်သူကစဉ်းစားမိပါမည်နည်း။သို့သော်
ကင်းမြီးကောက်ကြီးများနှင့်မီးတောက်ရေပုတ်သင်ကြောင့် ထိုအချက်ကိုအပြင်ကမ္ဘာမှ မသိနိုင်ခြင်း
လည်းဖြစ်နိုင်လေသည်။ထို့ပြင် သိုင်းသမားအများစုသည် ဤနယ်မြေအား
လွင်တီးခေါင်ကြီး အဖြစ်ပင် သိထားကြလေရာမည်သူမျှ
ဖြတ်သန်းသွားလာချင်စိတ်မရှိကြချေ။ထို့ကြောင့်ပင် ဤနေရာကို မည်သူမျှ မသိသေးခြင်း
ဖြစ်တန်ရာသည်။

သို့မဟုတ်လျှင်မီးတောက်ရေပုတ်သင် ရှိသည် ဆိုသည့်သတင်းကြားသည်နှင့်ပင်
အခြားသောဆေးလမ်းစဉ် လိုက်စားသူများမှာသူ့ထက်အရင် အလုအယက်
ရောက်လာကြမည်သာ။
ထိုသို့ဖြစ်လျှင် သူလည်းဘာမျှရတော့မည်မဟုတ်ပေ။ကန်သည်မီတာသုံးဆယ်ခန့်ကျယ်
ပြီး ကျောက်ရည်ပူများသည် လှိုင်းလုံးများကဲ့သို့တလိမ့်လိမ့်ဖြင့် ကန် နံဘေး ဘောင်များကို
ရိုက်ခတ်လျှက်ရှိသည်။အပူလှိုင်းများမှာကျောက်ရည်ပူများမှ တစ်ဆင့်တရှိန်ရှိန်ထွက်လျှက်ရှိ၏။လုံချန်ကမိမိ ကိုယ်ကို ဆေးမီးတောက်ဖြင့်ကာကွယ်ထားလင့်ကစားအသက်ရှုရအနည်းငယ်ခက်နေ၏။

မီးတောက်ရေပုတ်သင် သည်။ဤကျောက်ရေပူကန်မှ မီးစွမ်းအင်များအားစုပ်ယူစားသုံးနေမှန်း
လုံချန်သဘောပေါက်သွားသည်။မီးတောက်ရေပုတ်သင်မှာ အုပ်စုဖွဲ့၍ နေတတ်သည့် မှော်သားရဲမျိုး ဖြစ်မနေသည်ကတော်သေးသည်ပြောရမည်။ထို့ပြင် ၎င်းသည်ဒွိလိင် သဘာ၀ရှိသည့်(ဗျိုင်းများကဲ့သို့)
မှော်သားရဲကောင်လည်းဖြစ်ရာ ၎င်း၏ အဖော်မှလာရောက်တိုက်ခိုက်မည်ကိုလည်း လုံချန်အတွက်
မစိုးရိမ်ရပေ။
ရွီး....ရွှီ...
ကန်ဘေးမှ လေထုသည် လှိုင်းများအသွင့်ဖြင့်ရိုက်ခတ်လျှက် ကန်ထဲမှ ကျောက်ရည်ပူများသည်
တစ်မီတာအမြင့်ထိရောက်အောင်အပေါ်သို့ရုတ်ချည်းကြွတက်လာ၏။လုံချန်နောက်သို့မြန်မြန်ဆုတ်ပြေးရသည်။ကျောက်ရည်ပူများသည်တစ်မီတာအမြင့်သို့ရောက်လျှင် တိုးလျှိုပေါက်ထွင်းဖောက်မြင်
ရသည့် အပြာရောင် မီးတောက်တစ်ခုပေါ်ထွက်လာသည်။

ထိုမီးလုံးကလေးပေါ်လာသည်နှင့် ပတ်
၀န်းကျင်သည် ကြွက်ကြွက်ဆူအောင် ပူလာ၏။ချက်ချင်း လောင်ကျွမ်းသွားတော့မည်ကဲ့သို့
လုံချန်ထင်မိလိုက်၏။ဖုန်ဖူကြယ်ကိုအမြင့်ဆုံးစွမ်းအင်ဖြင့်လည်ပတ်စေလျှက်ပြန်ဆုတ်ပြေးရသည်။သို့တိုင်အောင်များစွာထိတ်လန့်စရာကောင်းသည့် အချက်တစ်ချက်ကား သူ့၏ အင်္ကျီ
များမီးစွဲလောင်သွားခြင်းဖြစ်လေသည်။မီးတောက်ပေါ်လာသည်နှင့်သူ့ အင်္ကျီ များက
ချက်ချင်းပြာအဖြစ်တန်းပြောင်းသွား၏။

ထိုအခိုက်သူ၏ ဆေးမီးတောက်ကလည်း အ
တော်အတန်အားပျော့သွားသည်။အပြာရောင် မီးလုံးကလေး ပေါ်လာချိန်နှင့်
ပြန်ပျောက်ကွယ်သွားချိန်သည်
၀င်သက်၊ထွက်သက် တစ်ခါရှိုက်စာသာ ရှိသည့်တိုင် လုံချန်မှာ မူမျက်လုံးများပြူးသွားရသည်။
မြေမီးတောက်...ဤအရာကား မြေမီးတောက်ပင်...ထိုမီးတောက်အမျိုးအစားသည်မြေတွင်းများ၊လိုဏ်ခေါင်း နက်နက်များအတွင်း၌
ဖြစ်ပေါ်နေတတ်ကြပြီး လွန်စွာကြောက်မက်ဖွယ်ကောင်းအောင်ပူပြင်း၊လောင်ကျွမ်း တတ်သည့် သတ္တိရှိ၏။မြေမီးတောက်ကို လုံချန်က သူ၏ ဆေးနတ်ဘုရားမှတ်ဥာဏ်များမှ တဆင့်သိခြင်းဖြစ်သည်။

လုံချန်ကလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်၏။ရင်များတစ်ဒိန်းဒိန်းခုန်နေသည်။သူရထား
သည့် ဘိစ်မီးတောက်ဆိုသည်မှာမြေမီးတောက်နှင့် ယှဉ်လျှင်ကောင်းကင်နှင့်မြေကြီး၊ဆီနှင့်ရေ၊
မည်သို့မျှ မယှဉ်နိုင်ပေ။နောက်တစ်ချက်မှာဤမီးတောက်သည် ယခုမှ
စတင်ဖွဲ့စည်းကာစဖြစ်၍ သိမ့်မွေ့သေးသည်။ရုန့်ရင်းကြမ်းတမ်းမှုများ မရှိသေး။သို့ဖြစ်၍ မိမိ၏ ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ပြောင်းလည်းရန်အသင့်တော်ဆုံးအချိန်လည်းဖြစ်နေသည်။သို့သော် လုံချန်အဖို့ ကြည့်နေရုံသာတတ်နိုင်၏။ဆေးနတ်ဘုရား၏မှတ်ဥာဏ်များအရဆိုလျှင် အစုတ်ဆုံး ဆိုသည့် မြေမီးတောက်ပင်လျှင်သူ့လိုလူတစ်ယောက်အတွက်ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလည်းလို့မရနိုင်ချေ။သူ့ကိုမဆိုထားဘိ။

တုဖုန်းကဲ့သို့ပညာရှင်ကြီးပင်လျှင်
ချက်ချင်းမီးလောင်ပြာကျသွားစေနိုင်သည့် မီးတောက်မျိုးဖြစ်လေသည်။
"တောက်...တော်တော်ရက်စက်တဲ့ပြက်လုံးပါလား
" လုံချန်
ငိုချင်စိတ်ပင်ပေါက်လာသည်။တန်ဖိုးကြီးသည့်ရတနာတပါးသည် သူ့ရှေ့တွင် ရှိနေသည့်တိုင်
ယူလို့မရဖြစ်နေ၏။ယင်းကားလွန်စွာရက်စက်သည့် အပြစ်ပေးမျိုးခြင်းပင်ဖြစ်မည်ဟု လုံချန်ထင်မိသည်။တဖန်ပြန်လည် ငြိမ်သက်သွားသည့်ကျောက်ရေပူကန်ကို ကြည့်၍ လုံချန်သည်
သက်ပြင်းတစ်ချက်ကိုလေးလေးပင်ပင်ကြီးချမိပါ၏။သူ့အတွက်မူမြေမီးတောက်ကိုလိုချင်သည် ဆိုသည်မှာကလေးများငယ်စဉ်က လမင်းကြီးကို ကြည့်၍လိုချင်တပ်မက်စိတ်မျိုးဖြစ်ပေါ်ပုံနှင့်သာ
တူပေမည်။ကိုယ့်သေတွင်း ကိုယ်တူးမည့်အလုပ်မျိုး လုံချန်လုပ်လိမ့်မည် မဟုတ်ပေ။

ထို့နောက်သူသည် နှင်းပွင့်လေးအိပ်နေသည့်နေရာသို့ပြန်လာခဲ့၏။လုံချန်သည်အံ့အားသင့်လျှက်ပင်
ရှိနေသေးသည်။ဤနေရာ၌ မြေမီးတောက်ဖြစ်ပေါ်နေ၏။ထိုသတင်းသာ အပြင်လောကသို့
ပျံ့နှံ့ခဲ့သော်အုတ်အော်သောင်းတင်းဖြစ်ကုန်ကြလိမ့်မည်။ထိုသို့မဖြစ်စေရ။ဤသတင်းအပြင်သို့
ပြန့်လို့မဖြစ်။ရတနာသိုက်မုဆိုးများချက်ချင်းရောက်လာကြပေလိမ့်မည်။
သူသည် ဂူတစ်ခုလုံးအားစေ့စေ့စပ်စပ်ကြည့်ရှု၏။ဂူအ၀င်ပေါက်မှ စကာမြေပုံတစ်ခုကို အသေးစိတ်
ဆွဲ၏။အတိုင်းအတာများကိုအသေးစိတ်ပြန်တိုင်း၏။သူသည်
ကျောက်တောင်ကုန်းကလေး၏ ပတ်၀န်းကျင်မှ ဧရာမကျောက်တုံးကြီးတစ်တုံးကိုလည်းတွေ့ရာ
ထိုကျောက်တုံး၏ အရောင်သည် ကျောက်တောင်ကုန်းကလေး၏ အရောင်နှင့် ခွဲ၍
မရလောက်အောင်တူလေသည်။ထိုကျောက်တုံးကြီးကို သူက လိုချင်သည့်
အရွယ်အစားရောက်အောင်စဖြတ်သည်။သူ့၏ဓားရှည်ကြီးမှာ ကျောက်တုံးကြီးအား အလွယ်တကူ
မဖြတ်နိုင်လင့်ကစား အချိန်ယူ၍ စိတ်ရှည်ရှည်ဖြင့်
ဖြတ်လျှင်ကျောက်တုံးကြီးသည် လိုချင်သည့် အရွယ်သို့
ပုံစံပေါ်လာ၏

။ကျောက်တုံးသည် ကျောက်တောင်ကလေး၏
ဂူအ၀င်အ၀ နှင့် ပုံသဏ္ဍန်၊အရောင်အသွေးခွဲမရအောင်တူနေမှဖြစ်မည်။ဤနေရာမှ သွားသည်နှင့် သူသည်ကျောက်တောင်ကုန်းကလေးအ၀ကို ကျောက်တုံးကြီးဖြင့်ပိတ်ခဲ့မည်ဖြစ်၏။ထိုသို့ဆိုလျှင်
အနည်းငယ်မျှ လုံခြုံသွားမည်။အခြားသူများသတိမထားမိစေရန်သာ မျှော်လင့်ရသည်။
ကျောက်တုံးကြီးသည် လွန်စွာမာကြောလှ သဖြင့်လုံချန်မှာ သူ၏ ခွန်အားကို အကုန်အသုံးမပြုရဲဖြစ်
နေ၏။သို့မဟုတ်လျှင် သူ၏ ဓားရှည်ကြီးကျိုးသွားနိုင်သည်။ထို့ကြောင့်
ကျောက်တုံးအားဖြတ်ရာ၌ အချိန်အတော်ကလေး ယူနေရ၏။သုံးရက်တိုင်တိုင်ဖြတ်ပြီးမှသာ ကျောက်တုံးကြီးသည်လိုချင်သည့်ပုံစံသို့၀င်လာသည်။လုံချန်သည်ဖုန်ဖူအကာအကွယ်ကို ဖန်ဆင်း၍
တန်ပေါင်းများစွာလေးသော ကျောက်တုံးကြီးအား ဂူအ၀သို့သယ်ယူလာခဲ့သည်။ထို့နောက်တဖန် ကျောက်တုံးအနားစွန်းများကိုညီသွားစေရန် ဂရုတစိုက်ဖြင့်
ညှိပြန်၏။

ငါးရက်မြောက်နေ့တွင် လုံချန်က နဖူးပေါ်မှ ချွေးများကိုသုတ်ပစ်လိုက်၏။နောက်ဆုံး၌ ကျောက်တုံးကြီးမှာဂူအ၀င်အ၀နှင့်အံကျ ဖြစ်သွားချေပြီ။ဂူနှင့် ကျောက်တုံးထိစပ်နေသည့်နေရာတွင် ဖြစ်ပေါ်နေသောအက်ကြောင်းများကို ရွှံ့စေးဖြင့် လုံချန်က ပိတ်သည်။ထို့နောက်မြေပုံကို ထုတ်၍ လက်ရှိ ရောက်နေသည့်နေရာကိုအမှတ်အသားပြုလိုက်၏။မည်သို့ဆိုစေ ကန္တာရကား အဆုံးအစ
မရှိကျယ်ပြောလွန်းလှ၏။ဤတောင်ကုန်းငယ်ကလေးတစ်ခုကိုမြေပုံတွင် သာ မှတ်မထားလျှင် မည်သို့မျှပြန်ရှာရန် မဖြစ်နိုင်ချေ။ကိစ္စ ဝိစ္စများ ပြီးပြတ်လျှင်လုံချန်ကနှင်းပွင့်လေး၏ ကျောပေါ်သို့ခုန်တက်၍မပြီးဆုံးသေးသည့် ခရီးရှည်ကြီးကို ဆက်ပြန်သည်။မြေပုံအတိုင်းသွား၍ လ၀က်ခန့်ရှိလျှင်ရွှမ်ရှင်းကျောင်းတော်၏နယ်မြေထဲသို့ရောက်လာပြီဖြစ်ရာ လုံချန်
အနည်းငယ်စိတ်အေးရသည်။ဂိုဏ်း၀င်ခွင့်ကျင်းပမည့်ရက်ကအတော်လိုသေးသည်။ထို့ကြောင့် လုံချန်
က နှင်းပွင့်လေး ကျောထက်တွင်ထိုင်၍ခပ်ဖြေးဖြေး ဇိမ်ဆွဲ၍တရွေ့ရွေ့ခရီးဆက်တော့၏။သို့သော် သူတို့နှစ်ယောက်မှာ ထူထပ်လှသော မိုးသစ်တောတစ်ခုထဲသို့ ၀င်၀င်ခြင်းမှာပင် သူတို့လမ်းအား
လူတစ်စုကတားဆီးထားလိုက်ကြလေသည်။

MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၂၄)ထိုလူတစ်စု

အရှေ့တွင် လူတစ်စုကသူသွားမည့်လမ်းကိုပိတ်ထားကြ၏။ထိုလူများမှာ
အဘိုးကြီးနှစ်ယောက်နှင့်လူငယ်တစ်ယောက်တို့ဖြစ်သည်။ထိုအဘိုးကြီး
နှစ်ယောက်မှ တစ်ယောက်သော အဘိုးကြီးသည်
ဆံပင်များ ဖွေးဖွေးလှုပ်အောင် ဖြူနေလင့်ကစားသာမာန်အဘိုးအိုများနှင့်မတူလှပဲ လွန်စွာ သွက်
လက် ဟန်ပေါက်နေသည်။လူငယ်မှာမူ 17 နှစ်ပတ်လည်
ခန့်သာရှိပုံရသေးသည်။လူငယ်၏ရုပ်ရည်သွင်ပြင်သည် မဆိုးဟု ဆို
ရမည့်တိုင် မောက်မာဟန်များက သူ့၏ချောမောသည့်
ရုပ်ရည်ကုဖိ ျက်ဆီးထားသကဲ့သို့ဖြစ်နေသည်။"ရပ်စမ်း" လုံချန်ကို ထိုလူငယ်က တစ်ချက်သာ
လှမ်းကြည့်ပြီး များစွာစိတ်၀င်စားဟန် မရှိလှပဲ
အမိန့်လှမ်းပေးလိုက်၏။"ဒါက အသစ်၀င်လာတဲ့ ဂိုဏ်းသားတွေကို
ကြိုဆိုတဲ့ပုံစံလား" လုံချန်အနည်းငယ်ထူးဆန်းသလို ခံ
စားမိ၏။

"အသစ်၀င်လာတဲ့ ဂိုဏ်းသားတွေကိုကြိုဆိုတယ်ဟုတ်စ...သိပ်မှန်တာပေါ့ကွာ
တို့တစ်တွေက လူသစ်ကလေးတွေကို ကြိုဆိုနေကြတာ...ဒီမယ်
ကောင်လေး မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကိုနားထောင်
ဖို့ငါ့မှာ အချိန်မရှိဘူး မင်းလက်ကသိုလှောင်လက်စွပ်ကို ငါ့ကိုပေးစမ်း"လူငယ်က မောက်မာစွာပြောသည်။လုံချန် အံ့အားသင့်နေသည်။သူသည်
ရွှမ်ရှင်းကျောင်းတော်သို့လွန်စွာဝေးကွာသည့်အရပ်မှပင်လာခဲ့ရပြီး ရွှမ်းရှင်း၏ နယ်နမိတ်သို့ရောက်ကာမှဓားပြများနှင့် ရင်ဆိုင်တွေ့နေရခြင်းပေလား။
"ကောင်လေး မင်းက တော်တော်တုံးတာပဲ ဒီကသခင်ကြီးရဲ့့စကားက ရှင်းရှင်းလေး...မြန်မြန်လုပ်
ငါ အချိန်မရဘူး" လုံချန်ကကြောင်တောင်တောင်နှင့် စိုက်ကြည့်နေလျှင်
လူငယ်သည် စိတ်မရှည်ဖြစ်လာပုံရ၏။ထိုလူငယ်၏ ကိုယ်ရောင်ကိုယ်ဝါကို
ကြည့်လျှင် လူငယ်သည် သွေးနှောအဆင့်နှောင်းပိုင်း သိုင်းသမားတစ်ယောက်ဖြစ်မှန်း
လုံချန်ကသိသည်။

လူငယ်၏ နောက်တွင် ရပ်နေသော
အဘိုးကြီးနှစ်ယောက်မှာမူကျင်ကျီအဆင့်သိုင်းသမား ကြီးများဖြစ်
ကြ လေသည်။"ရွှမ်ရှင်း ကျောင်းတော်ရဲ့ ပရဝုဏ် အတွင်းမှာဂိုဏ်းသားတွေဆီကနေ လုယက်ရဲတယ်ဆိုတော့မင်းဟာ အတော်ကလေး
အကြောက်အလန့်မဲ့တာပဲ" လုံချန်ကလေးစားသည့်လေသံဖြင့် ပြောသည်။
"ဟမ့်...ပထမအချက်...ဒီနေရာက ရွှမ်ရှင်းရဲ့နယ်နိမိတ်မဟုတ်သေးဘူး ရွှမ်ရှင်းကိုရောက်ဖို့ ဒီ
ကနေမိုင်ငါးဆယ်လောက်လိုသေးတယ်"
"ဒုတိယ တစ်ချက် ရွှမ်ရှင်း ကျောင်းရဲ့ ၀င်ခွင့်ကိုမင်းမအောင်သေးတဲ့အတွက် မင်းက သူတို့ရဲ့ ဂိုဏ်း
သားတစ်ယောက် မဟုတ်သေးဘူး"
"တတိယတစ်ချက် ဒီကျောင်းစုတ်အကြောင်းကိုမပြောစမ်းပါနဲ့ ဒီကျောင်းစုတ်က ၀င်ခွင့်ကို အရမ်း
တင်းကျပ်ထားတာကလား...ဒီက သခင်ကြီးလို
ပါရမီရှင်တစ်ယောက်ကိုတောင် ငြင်းလွှတ်လိုက်ရဲ
တယ်လေ"

"မင်းလို သွေးနှောအလယ်အဆင့်ပဲ ရှိသေးတဲ့
ကောင်လေးတစ်ယောက်ဆိုရင်တော့ ရွှမ်ရှင်းကျောင်းတော်၀င်ခွင့်ဆိုတာသိပ်စိတ်ကူးယဉ်ရာကျမယ်

အချိန်တွေကုန်တယ်..မင်းလက်ထဲက သိုလှောင်လက်စွပ်ကို ပေးစမ်း"
လူငယ်က နောက်ဆုံးစကားကိုဒေါသဖြင့်အော်ပြောလိုက်၏။ဤလူငယ်သည်အသိုင်းအဝိုင်းတောင့်တင်းသော
ဆွေကြီးမျိုးကြီးမှ လာသူတစ်ယောက်ဖြစ်မည်ဟုလုံချန် ရိပ်မိသည်။ထိုသို့မဟုတ်လျှင်
ကျင်ကျီအဆင့် သိုင်းသမားကြီးနှစ်ယောက်ကသူ့အား ကာကွယ်ပေးနေစရာ အကြောင်းမရှိချေ။

သို့ရာ၌ လုံချန်လည်းရွှမ်ရှင်းကျောင်းတော်အကြောင်းကို ယခုမှပင်
သဘောပေါက်သွားသည်။ရွှမ်ရှင်းသည် အနာဂါတ်၌ အလား အလာ မရှိသည့်
ပါချီပါချက် များကို ဂိုဏ်း၀င်တပည့်အဖြစ်လက်ခံချင်ပုံမရချေ။ထို့ကြောင့် ဤလူငယ်သည် သူ့ဒေါသကို
လုံချန် အပေါ်တွင် ပုံချလိုက်ပုံရသည်။လုံချန်မှာငိုရခက် ရယ်ရခက်ဖြစ်နေသည်။

"မင်း...ကံဆိုးသွားတာကိုတော့ ငါလည်းစိတ်မကောင်းပါဘူး ဒါပေမယ့်
လူငယ်တစ်ယောက်ဟာ အခက်အခဲတွေနဲ့ ကြုံရတာကလည်း ကောင်းတဲ့ကိစ္စပ ဲ
မင်းကိုကြည့်ရတာ ငယ်ပုံရပါသေးတယ်ကြိုးစားလို့ရသေးတာပဲ" လုံချန်က နှစ်သိမ့်သည်။
"ကောင်လေး မင်းကတော့ ဒါနဲ့ ဆုံးမမှရတော့မယ်နဲ့တူတယ်"
လူငယ်ဒေါသထောင်းကနဲထွက်သွားပုံရ၏။လက်ထဲသို့

ဓားတစ်ချောင်းရောက်လာကာ ထိုဓားဖြင့်လုံချန်က ို ညွှန်ပြရင်းပြောသည်။လုခံ ျန်၏ လေသံက
ရေခဲတမျှ အေးစက်လာသည်။"မင်းဓား အစုတ်နဲ့ ငါ့ကို ဒီလိုလာမရွယ်နဲ့"
"ဟေ့ကောင် ဒုတိယအဆင့်မှော်သားရဲကိုပိုင်ဆိုင်လို့ ဆိုပြီးမင်းကိုမင်းသိပ်မောက်မာမနေနဲ့"
လူငယ်က ကျိန်ဆဲရင်း လုံချန်၏ရှေ့သို့မျက်စိတမှိတ်အတွင်း ဖြတ်ကန ဲရောက်လာသည်။လူငယ်၏
သိုင်းပညာက သွေးနှောအဆင့်၌ သာရှိနေလင့်ကစား တိုက်ခိုက်နိုင်စွမ်းသည်
ကျင်ကျီသိုင်းသမားတစ်ယောက်၏ အဆင့်မျိုးဖြစ်နေသည်။လုံချန်က
လူငယ်ကို သိပ်ဂရုမစိုက်လှသော်လည်း ပြဿနာ
တစ်ခုကို စဉ်းစားမိလေသည်။ဤလူငယ်သည်သွေးနှောအဆင့်နှင့်ပင် ကျင်ကျီသိုင်းသမား
တစ်ယောက်နှင့် ယှဉ်တိုက်ခိုက်နိုင်သည်။ထို့ပြင် သူ့၏ အရောင်အဝါကု ကြည့်လျှင်လည်း
အခြေခံလွန်စွာခိုင်မာသည်ကို သိနိုင်၏။သူသည်အမှန်ပင်ပါရမီရှင်တစ်ယောက်ဖြစ်လေသည်။

သို့တိုင်အောင်ဤကဲ့သို့ပါရမီရှင်တစ်ယောက်ပင် ရွှမ်ရှင်းသို့၀င်ခွင့်မရ။ငြင်းပယ်ခြင်းခံရသည်။ရွှမ်ရှင်းသည်
၎င်း၏ ဂိုဏ်း၀င်ခွင့်အားမည်မျှတင်းကျပ်ထားကြောင်းသိသာသည်။ဤသို့သာဆိုလျှင် ရွှမ်ရှင်း၌ ပါရမီရှင်လူဇော်များနှင့်သာ ပြည့်နှက်နေရပေမည်။ယခုတစ်ကြိမ်က လုံချန်အဖို့ ရွှမ်ရှင်းတွင်
တွေ့ကြုံလာရမည့်သူ့အနာဂါတ်ကို မျှော်တွေးရင်း

ဖိအားတစ်ချို့ကို ခံစားရသကဲ့သို့
များစွာလည်းစိတ်လှုပ်ရှားမိသည့်ပထမဆုံးအကြိမ်ပင်။"ဒီလောက်တောင် သေချင်တဲ့ကောင်...သေစမ်း"လူငယ်က သူ့အား ဖုတ်လေသည့်ငပိ ရှိသည်ဟုပင်
မထင်ပဲ အတွေးနက်ပုံရသည့် လုံချန်ကိုမြင်လျှင်ဒေါသကို မည်သို့မျှ မထိန်းနိုင်ဖြစ်သွားသည်။မူလ၌
သူသည် လုံချန်ကို ကြောက်လန့်သွားစေရန်သာအနည်းငယ် ခြောက်လှန့်မည်ဟု
စဉ်းစားထားခဲ့ခြင်းဖြစ်သည်။ယခုမူ ဒဏ်ရာပြင်းပြင်းထန်ထန် ရ
အောင် လုပ်၍ သင်ခန်းစားပေးမည်ဟုဆုံးဖြတ်လိုက်တော့သည်။သူ့ဓားက လုံချန်၏ ၀မ်းဗိုက်သို့ ဦးတည်၍ပြေး၀င်လာ၏။

"ဒီ ဓားလေးနဲ့လား"ထိုစဉ်။ဧရာမ လက်သည်းကြီးတစ်ဖက်သည်
လူငယ်၏ ခန္ဓာကိုယ်သို့ ဦးတည်၍ပြေး၀င်လာသည်။လူငယ်သည် နောက်သို့ ဖုန်းကနဲ
လွင့်စဉ်သွားပြီးလျှင် သွေးများ ဝေါ့ကနဲထိုးအန်လေ၏။အခြေအနေ
ကို မသိမသာ အကဲခတ်လျှက်ရှိသောအဘိုးကြီးနှစ်ဦးက လူငယ်ကလေးကို
အံ့အားသင့်စွာဖြင့်ပြေးဖမ်းထားလိုက်ကြရသည်။
"မင်း"လုံချန်ကို ကြည့်၍ လူငယ်ကလေးကတစ်ခုခုပြောချင်သည်။သို့သော် သွေးများ
နောက်တစ်ကြိမ် ပွက်ကန ဲ အံချလိုက်ပြန်သည်။
"မင်းရဲ့ မှော်သားရဲကတတိယအဆင့်ပါလား"
အဘိုးကြီးနှစ်ယောက်သည်များစွာထိတ်လန့်သွားမိ၏။လုံချန်ကပြုံး၏။တတိယအဆင့် မှော်သားရဲနှင့်
ရွှမ်ရှင်းသို့ ၀င်လျှင် ကြွားလွန်းရာကျမည်ဟု
လုံချန်ကထင်သည်။ထို့ကြောင့် ဆေးအချို့စီရင်၍နှင်းပွင့်ကလေး၏ ကိုယ်ရောင်ကို
ဖျောက်ထားလိုက်ခြင်းဖြစ်သည်။ထိုသို့ဖျောက်ထားခြင်းကြောင့် အခြားသူများ
အမြင်၌ နှင်းပွင့်ကလေးမှာ ဧရာမဒုတိယအဆင့်မှော်သားရဲကြီးတစ်ကောင်သာ ဖြစ်နေသည်။ယခုကဲ့သို့တိုက်ခိုက်မှပင် နှင်းပွင့်ကလေးအား
တတယအဆင့်မှော်သားရဲ
ဖြစ်မှန်းသိကြရလေသည်။ယခုတစ်ကြိမ်ကအဘိုးကြီးနှစ်ယောက်အတွက် အမှန်ပင်
ကြမ္မာဖန်သည်ဟု ပြောရမည်။မူလတွင် သူတို့နှစ်ယောက်သည်ရွှမ်ရှင်းကျောင်းတော်သို့သွား၍ ၀င်ခွင့်ဖြေဆိုမည့်သူတို့သခင်ကလေးအား လမ်းခရီးတွင် စောင့်ရှောက်ရန်နှင့်
ကူညီရန်အတွက်သာလိုက်ပါလာကြခြင်းဖြစ်သည်။

သို့သော်ရွှမ်ရှင်းသည် သူတို့သခင်လေး၏ ၀င်ခွင့်ကိုငြင်းပယ်လိုက်၏။ထိုသို့ ငြင်းပယ်ခြင်းအတွက်
သခင်ကလေးမဆိုထားနှင့် သူတို့ပင် လွန်စွာဒေါသထွက်ကြရသည်။ထို့ကြောင့် ရွှမ်ရှင်းသို့ လာရောက်ကြသူများထံမှပစ္စည်းများ လုယက်မည်ဟုသော သခင်ကလေး၏
အကြံကို သူတို့ကသဘောတူလိုက်ကြခြင်းပင်။ထိုသို့သဘောတူရခြင်း၏ ပထမအချက်မှာ သခင်က
လေး၏ ဒေါသကို ပြေပျောက်စေရန်ဖြစ်၍ဒုတိယတစ်ချက်သည် ရွှမ်ရှင်းသို့လာကြသူများသည် မည်
မျှ အစွမ်းထက်ကြောင်း ကြည့်ရှုလို၍ ဖြစ်သည်။

"ခင်ဗျားတို့ စည်းမျဉ်းကိုတော့သိမယ် ထင်တာပဲ"
လုံချန်က စကားကို အဓိပ္ပါယ်ပါပါဖြင့်ပြောသည်။
"ကျုပ်တို့တောင်းပန်ပါတယ်...ချင်းချက်ထွက်သွား
ပါတော့မယ်"

အဘိုးကြီးတစ်ယောက်က အလောတကြီးပြောသည်။ပြီးလျှင် သူသည်
အခြားအဘိုးကြီးတစ်ယောက်ကိုအဓိပ္ပါယ်ပါပါဖြင့်ကြည့်လိုက်၏။
သို့ရာ၌ ကျန် အဘိုးကြီးတစ်ယောက်မှာတင်္ဂတွေဝေနေပြီးလျှင် ရေခဲတမျှ
အေးစက်သည့်လေသံ
ဖြင့်ပြောလေသည်။

"ကောင်လေး..မင်းက ငါ့ကို ဒီနည်းနဲ့လှည့်ဖျားလို့
ရမယ်ထင်လား...မင်းမှာတတိယအဆင့် မှော်
သားရဲ ရှိတယ်ဆိုပေမယ့် ငါတို့နှစ်ယောက်က
မင်းရဲ့ခွေးကို ထိန်းချုပ်နိုင်ရင် မင်းဆိုတာ အမှိုက်
ပဲ...မင်းကများငါတို့ကို ခြိမ်းခြောက်ရဲသလား"

လုံချန်က မျက်မှောင်ကြုံ့၏။ဘ၀င်အတော်မြင့်ဟန်
တူသည့် အဘိုးကြီးကို လုံချန် သေသေချာချာကြည့်လိုက်ပြီးမှ ပြောသည်။
"ဒါဆို ခင်ဗျားက ဘာလုပ်ချင်လည်း"
"ကောင်လေး... ငါတို့မိသားစုရဲ့ သခင်လေးက
မင်းတို့လို လူဆင်းရဲတွေကို ဂရုစိုက်တာမဟုတ်ဘူး
....လုယက်တယ်ဆိုတာကလည်း
အပျော်ပဲလုပ်တာ"

"မင်းရဲ့ မှော်သားရဲကြောင့် ငါတို့သခင်လေး
ဒဏ်ရာရ သွားကတည်းက မင်းသေသင့်နေပြီ...
ဒါပေမယ့်ဒီနေရာက ရွှမ်းရှင်းရဲ့ နယ်မြေနားကို
ရောက်နေတော့ ငါတို့လူမသတ်ချင်ဘူး"

"မင်းရဲ့ သိုလှောင်လက်စွပ်ကို ငါတို့ကိုပေး ပြီးရင်
သခင်ကလေးကို ကန်တော့ပြီးတောင်ပန်းလိုက်ရင်
ဒီကိစ္စက ပြီးပြီပေါ့"

ထို့နောက်သူသည်နှင်းပွင့်ကလေးကို ညွှန်ပြရင်း ဆက်ပြောပြန်သည်။

"ဒီတိရိစ္ဆာန်ကောင်ကြောင့် သခင်ကလေးအကြီးအကျယ်ဒဏ်ရာရတဲ့အတွက်
ဒီတိရိစ္ဆာန်ကောင်ကတော့သေရမယ်"လုံချန်က အဘိုးကြီးကို အရူးတစ်ယောက်ကို
ကြည့်နေရသကဲ့သို့ကြည့်၍ ခေါင်းခါသည်။

"ခင်းဗျားက
တစ်ကယ့်သောက်ရူးကြီးပဲ...မွေးကတည်း
အသေလေး မွေးလာရမှာ"

"မိုက်ရိုင်းလိုက်တဲ့ကောင်လေး"
အဘိုကြီးက ဒေါသပေါက်ကွဲကာ လုံချန်ကို သူ့၏ကိုယ်ရောင်ဝါများဖြင့်
ချုပ်ထားလိုက်သည်။သို့သော်လုံချန်က မည်သို့မျှဖြစ်ဟန်မတူပ ဲ အဘိုးကြီးက ို
ဇိမ်ပြေနပြေ ကြည့်နေလေသည်။လုံချန်၏သိုင်းပညာက
အချိန်တိုအတွင်း အဆင့်လေးမှအဆင့်ခြောက်သွေးနှောအဆင့်ထိတိုင်အောင်တိုး
တက်လာခဲ့ပြီုဖစ်သည်။ထိုသို့တိုးတက်လာရခြင်းသည်ကြယ်ကိုးလုံးသိုင်းပညာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သို့ရာ
၌ အဆင့်တစ်ခုသို့ တက်တိုင်း သူ့ခန္ဓာကိုယ်ကအသစ်ဖြစ်ဖြစ်သွားသကဲ့သို့ခံစားရသည်။သူ၏
ခွန်အားများ တိုးပွားလာခြင်းနှင့်အတူ မိမိကိုယ်ကို
ယုံကြည်မှုသည်လည်း တိုးပွားလာခဲ့ရာ ၎င်းသည်သွေးကြီးခြင်း မဟုတ်ပ ဲ တာအိုနှလုံးသား
စတင်ဖြစ်ပေါ်လာခြင်းဖြစ်လေသည်။မည်မျှပင် ဆိုးရွားသည့်
အခြေအနေနှင့်
ကြုံတွေ့ရသည်ဖြစ်စေ သူ့တွင် တုန်လှုပ်တတ်သည့်
စိတ်မျိုးမရှိတော့ပါချေ။အဘိုးကြီးနှစ်ယောက်နှင့်လူငယ်ကို မြင်စဉ်ကပင် လုံချန်သည် ၎င်းတို့၏တိုက်ခိုက်နိုင်စွမ်းကို
ကြိုတင်တွက်ဆထားပြီးဖြစ်သည်။ထိုအဘိုးကြီးနှစ်
ယောက်၏ သိုင်းပညာသည် ရှယိုယုလောက်
သာရှိချေမည်။

ယခင်ကပင်ထိုအဆင့်လောက်မျိုးကို လုံချန်ကစိတ်ကူးထဲမထည့်ထားတတ်ရာ
ယခုအခါဆိုလျှင် ပြောစရာ ပင်လိုမည်မဟုတ်ချေ။
အဖိုးကြီးသည် လုံချန်ကို ကိုယ်ရောင်ဝါဖြင့်
ချုပ်ထားလိုက်သည်ကမှန်သည်။သို့သော်တစ်ခုခုမှားနေ
သလို ခံစားရလေသည်။လုံချန်သည်သူချူပ်ထားသည့်နေရာတွင် မရှိတော့ပဲ
ပုံရိပ်ယောင်ကဲ့သို့ဖြစ်နေသည်ဟု သူ ထင်လာ၏။အဘိုးကြီးသည်
ရုတ်တရက် လှုပ်ရှားလိုက်လျှင် သူ့၏ ပုံရိပ်ကနောက်တွင် အရိပ်ပေါင်းများစွာထပ်လျှက် ကျန်ရစ်ခဲ့ပြီး
သူကမူ လုံချန်၏ ရှေ့သို့ ဘွားကနဲရောက်လာကာလက်သီးဖြင့်ထိုးချလိုက်လေသည်။

"မောက်မာတဲ့ကောင်လေး....အကြီးတွေကိုဘယ်
လိုရိုသေရတယ်ဆိုတာကို သင်ပေးရမယ်"
လုံချန်က မထီမဲ့မြင်ဟန်ဖြင့်လက်သီးနှင့်ပြန်ထိုးသည်။လက်သီးနှစ်ခုဆုံလျှင်
အုန်းကနဲ အသံကြီးမြည်ဟည်း၍ ချီလှိုင်းက အရပ်လေးမျက်နှာသို့
တဖြတ်ဖြတ် ရိုက်ခတ်သွား၏။သို့သော်အဘိုးကြီးနှစ်ယောက်အတွက် အံ့အားသင့်ဖွယ်ကောင်းနေသည်ကကျင်ကျီသိုင်းသမားတစ်ယောက်၏
တိုက်ခိုက်ခြင်းကိုခံရသည့်တိုင် လုံချန်၏ ခန္ဓာကိုယ်သည်အနည်းငယ်မျှပင် လှုပ်ခါသွားခြင်း
မရှိခြင်းကိုပင်ဖြစ်သည်။

"လူတစ်ယောက်ကို
ဘယ်လိုရိုသေရတယ်ဆိုတာကို ခင်ဗျားလို
သောက်ရူးကြီးကိုလည်း ကျုပ်သင်
ပေးမှပဲ"

သူ့၏လက်က အနည်းငယ်တင်းကျပ်လာသယောင်အဘိုးကြီးထင်မိသည်။ထိုအခါမှ သူ့လက်ကို လုံ
ချန်က ဆုပ်ကိုင်ဖျစ်ညှစ်ထားကြောင်း အဘိုးကြီး
သိလိုက်၏။လုံချန်က အားအနည်းငယ်ထပ်ထည့်၍အဘိုးကြီးကို လွှဲယမ်းကာ
ပစ်ပေါက်လိုက်သည်။အဘိုးကြီးသည် ဝီးကနဲမြည်သံကြီးဖြင့်လွင့်သွားကာ
သစ်ပင်များဖြင့် တစ်ပင်ပြီးတစ်ပင်တိုက်မိ၏။သို့သော် အားသည် အတော်ကလေး
ပြင်းလှရာ ကျောက်
တုံးကြီး တစ်တုံးဖြင့် ဝုန်းကနဲ စောင့်ပြီးမှသာရပ်သွားတော့သည်။
အဘိုးကြီးသည် သွေးများဝေါ့ကနဲထိုးအန်၏။ပတ်၀န်းကျင်သည် ရုတ်ချည်း
သုဿန်တစပြင်ကဲ့သို့တိတ်ဆိတ်သွားလေသည်။ဒဏ်ရာအပြင်းထန်ရထားသော သခင်ကလေးမှာ မိမိဒဏ်ရာများကို
မေ့၍ လုံချန်ကို အကြောင်သားကြည့်နေသည်။

"ဘယ်လို လူမျိုးကို ရိုသေရတယ်ဆိုတာကို
ခင်ဗျားတို့ သဘောပေါက်ပြီလား"လုံချန်၏ မျက်နှာထက်၌ မခိုးမခန့်အပြုံးတစ်ခုပေါ်လာသကဲ့သို့ သူ၏
မျက်လုံးများကလည်း နားလည်ရခက်သည့် အရောင်တမျိုးဖြင့်တဖြတ်ဖြတ်လက်လျှက်ရှိလေသည်။

MK AUNG

#

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်

အခန်း(၁၂၅)နှင်းပွင့်ကလေး၏ တန်ခိုးစွမ်းအား

လုံချန်၏ အသံကြားမှ အဘိုးကြီးနှစ်ယောက်နှင့်
လူငယ်လေးက မင်တက်နေရာမှသတိပြန်၀င်လာသည်။ရွှမ်ရှင်းကျောင်းတော်ကို ၎င်းတို့
လျှော့တွက်မိချေပြီ။ဂိုဏ်းသားအဖြစ်၀င်ခွင့်လာဖြေသူ လူငယ်ကလေး
တစ်ယောက်ကပင်လွန်စွာကြောက်မက်ဖွယ်ကောင်းနေသည်။အထူးသဖြင့် ဤလူငယ်ပင်ဖြစ်သည်။
ဤလူငယ်၏ သိုင်းပညာမှာ လုံချန်ထက်ပင်မြင့်မားသော်ငြားတစ်ကယ်တမ်းတိုက်ခိုက်သည့်အခါတွင်
လုံချန်ကို မည်သို့မျှမယှဉ်နိုင်ဖြစ်နေ၏။ကျင်ကျီသိုင်းသမား များကိုပင်အသာအယာတိုက်ခိုက်သွား
သည့် လုံချန်ကို ကြည့်လျှင် ၎င်း၏သိုင်းပညာအဆင့်အတန်းမှာ ဘယ်လိုမှ
လျှော့တွက်၍ ရမည်မဟုတ်ကြောင်း အဘိုးကြီးနှစ်ယောက် က ယခုမှရိပ်စားမိကြသည်။

"ကျုပ်တို့ တောင်းပန်ပါတယ် ...ကျုပ်တို့ကိုခွင့်လွတ်ပါ အခုပဲ
ဒီနေရာကနေသွားပါတော့မယ်"

ဒဏ်ရာမရသည့် အဘိုးကြီးက လုံချန်ကိုခပ်မြန်မြန်တောင်းပန်လိုက်၏။ထို့နောက်သူက
လဲကျနေသောအဘိုးကြီး နှင့်လူငယ်ကလေးကို တွဲထူလိုက်၏။

"အိုးး.. ဒီလိုနဲ့ သွားကြတော့မလို့လား" လုံချန်က
မျက်မှောင်ကြုံ့၏။

"ဆရာက ဘာများအလိုရှိသေးလို့ပါလည်း ခင်ဗျာ"အဘိုးကြီးက ခပ်မြန်မြန်ပြန်မေးသည်။
လုံချန်က မသက်မသာဟန်ဖြင့် နှုတ်ခမ်းကိုတွန့်ကွေး၍

"ကျုပ်က ထပ်ပြောနေစရာလိုသေးလား ...
ခင်ဗျားသဘောမပေါက်ဘူးလား"

ဟုပြောရာ...အဘိုးကြီး နှစ်ယောက်နှင့် လူငယ်မှာမင်တက်သွားကြပြီး လူငယ်က ဒေါသတကြီးဖြင့်...

"ကောင်လေး ဒါကဒီလိုဖြစ်ပြီးသွားမှတော့
မင်းကဘာတွေလိုချင်နေသေးတာလည်း
မင်းကိုတော့
ငါတို့ဦးချပြီး မတောင်းပန်နိုင်ဘူးနော်"
ဟု
ပြောလေသည်။

"ကျွစ်....မင်းကို ဘယ်သူကတောင်းပန်ခိုင်းနေလို့လည်း ပထမ မင်းက
ငါ့ဆီကနေ လုယက်ဖို့ကြံတယ် အခုတော့မင်းအကြံမအောင်ဘူး...မင်း..ငါ့ကို
တစ်ခုခုပြန်လျှော်ပြီး တောင်းပန်သင့်တယ်လို့မထင်ဘူးလား" ဟု

အထင်အမြင်သေးဟန်ဖြင့်ပြောလိုက်လေသည်။
လူငယ်ကလည်း ဒေါသတကြီးဖြင့်....

"မင်းဘာကိုဆိုလိုတာလည်း" ဟု ပြန်မေးသည်။
"ငတုံးကောင် မင်းခေါင်းထဲ မှာချေးပဲ ရှိတာလား

ငါဒဲ့ပဲ ပြောတော့မယ် မင်းရဲ့သိုလှောင်လက်စွပ်ကိုငါ့ ပေးစမ်း...နေဦး
မင်းတို့အကုန်လုံးရဲ့လက်စွပ်တွေကိုပေး" ဟူ၍လုံချန်က စကားကို တစ်လုံးခြင်း
ပြောလိုက်သည်။

"ဘာ..." လူငယ်ကလေး အပါအ၀င်
အဘိုးကြီးနှစ်ယောက်မှာအံ့အားသင့်ကုန်ကြသည်။သူတို့၏ လုယက်မည့်အကြံက မအောင်သည့်အပြင် သူတို့ပါပြန်၍လုယက်ခံနေရလေပြီ။

"ကျုပ်ကို အံ့အားသင့်သလိုကြည့်မနေကြနဲ့ ဒါက
ကာလဝိပါတ်နောက်ပိုးတက်တာပ ဲ ခင်ဗျားတို့
ကံကြမ္မာကို ခင်ဗျားတို့လက်ခံလိုက်"

လုံချန်က
အကြံပေးသည့်ပုံစံဖြင့်ပြောသည်။
"ခွေးကောင် မင်းက လူချန်မိသားစုကို ရန်စတာပဲမင်းတို့တမိသားစုလုံးကို ကျူပင်ခုတ်
ကျုငုတ်မကျန်ရှင်းပစ်လိုက်နိုင်တယ်လို့ ငါပြောရင် မင်းယုံမလား"လူငယ်က ဒေါသတကြီးဖြင့် လုံချန်ကို ဆဲရေး၏။လုံချန်၏ အကြည့်ထဲ၌ သွေးဆာ ရက်စက်သည့်
အငွေ့အသက်များသမ်းလာသည်။နှင်းပွင့်ကလေး
၏ကျောကို လုံချန် ခပ်သာသာပုတ်လိုက်သည်။
"ဝေါင်း"

နှင်းပွင့်ကလေး၏ရုတ်တရက်ဟိန်းဟောက်လိုက်သံကမိုးသစ်တောတစ်ခုလုံးကိုပဲ့တင်သံထပ်သွားပြီး
အဘိုးကြီး နှစ်ယောက်နှင့် လူငယ်ကလေး၏နားထဲတွင် တုန်ခါ၍ကျန်ရစ်ခဲ့လေသည်။နှင်းပွင့်ကလေး
က ပါးစပ်ကိုဟလိုက်၏။သူ၏ ပါးစပ်ထဲ၌
လခြမ်းပုံသဏ္ဍန် လေးဓားတစ်စင်းပေါ်လာသည်။ထိုသို့ပေါ်လာသည်နှင့် ပတ်၀န်းကျင်လေထုသည် လှိုင်းများ
တဖြတ်ဖြတ်ထလာ၏။

"မကောင်းတော့ဘူး"
အဘိုးကြီးနှစ်ယောက်နှင့် လူငယ်ကလေးမှာ
လုံး၀လှုပ်၍ မရတော့မှန်း ယခုမှကြောက်လန့်စွာဖြင့်နားလည်လိုက်ကြသည်။ဖိအားတစ်မျိုးက၎င်းတို့အပေါ်
တွင် ဖိထားလေရာ ရုန်းထွက်၍မရဖြစ်နေသည်။"လူငယ်ကလေးကျုပ်တို့ကောင်းကောင်းဖြေရှင်းလည်း
နောက်မကျသေးပါဘူး" ဒဏ်ရာမရသည့် အဘိုးကြီးထံမှ အော်ပြောသံထွက်လာသည်။သို့သော်
သူ့စကား မဆုံးခင်မှာပင် သူ၏ အတွင်းအဂါင်္များကဖိအားကြောင့် ပေါက်ကွဲထွက်တော့မည်ကဲ့သို့
ခံစားလာရသည်။

ယင်းကား တတိယအဆင့်မှော်သားရဲတစ်ကောင်၏ဖိအားပင်ဖြစ်သည်။၎င်းတို့ပိုင်ဆိုင်သော တန်ခိုး
စွမ်းအားဖြင့် ရန်သူကို မလှုပ်နိုင်အောင်ချုပ်ထားနိုင်စွမ်းရှိကြလေသည်။အဘိုးကြီးနှစ်ယော
က်နှင့် လူငယ်မှာ ၎င်းတု့ဘိ ယ်လောက်မိုက်မဲမှန်း ယခုမ ှ
နားလည်သွားကြ၏။တတိယ အဆင့်မှော်သားရဲကိုပိုင်ဆိုင်သော သိုင်းသမားတစ်ယောက်ကို သူတို့
ရန်စမိလျှက်သားဖြစ်နေချေပြီ။
အဘိုးကြီးနှစ်ယောက်နှင့် လူငယ်မှာကြောက်လှပါသော်လည်း အသံပင်မထွက်ရ ဲ
ဖြစ်နေသည်။အဘယ်ကြောင့်ဆိုသော် နှင်းပွင့်ကလေး၏
ပါးစပ်တွင်ဖြစ်ပေါ်နေသည့် လေဓားကတဖြည်းဖြည်း
ကြီးမားလာခြင်းကြောင့်ဖြစ်သည်။ထို့ပြင်ခံရခက်လှသော တရွှီရွှီ မြည်သံကြီးကြောင့်လည်း
နားစည်များကို အပ်နှင့်ဆွသလို ခံစားနေရသည်။တစ်ချိန်တည်းတွင် ၎င်းတို့အပေါ်၌
သက်ရောက်လျှက်ရှိသည့် ဖိအားကလည်းတဖြည်းဖြည်း ပို၍
များလာသည်။လူငယ်ကလေးနှင့်ဒဏ်ရာရနေသော အဘိုးကြီးမှာ မြေကြီးထက်သို့
ဗိုင်းကနဲလဲကျသွားပြီး ဖိအားကြောင့်မလှုပ်မရှားနိုင်ဖြစ်နေလေသည်။ကျန်အဘိုး
ကြီးတစ်ယောက်သာ ဖိအားကိုတောင့်ခံထားနိုင်သည်။သို့ရာတွင်မူ ူသူ၏
ပါးစောင့်ထောင့်မှ သွေးစီးကြောင်းတစ်ခုကစီးကျလာ၏။

ထိုသို့ရှိစဉ် တောအုပ်ထူထူထဲမှ လူနှစ်ယောက်ကထိုမြင်ကွင်းကိုကြည့်နေကြသည်။၎င်းတို့၏ အ၀တ်
အစားများသည် တောအုပ်နှင့် ချွတ်စွပ်ခွဲ၍မရအောင်တူသည့် အပြင်
ပုန်းကွယ်သည့်နေရာ၌လည်း လွန်စွာကျွမ်းကျင်သူများဖြစ်လေရာ
၎င်းတို့ဘေးမှ ဖြတ်လျှောက်သွားလျှင်ပင်သတိထားမိရန်ခက်လှ၏။

"ငါတို့ ၀င်ပါလိုက်ကြမလား"တစ်ယောက်ကမေးသည်။
"မလိုဘူး...ဒီနေရာကရွှမ်ရှင်းကျောင်းတော်ရဲ့နယ်မြေမဟုတ်ဘူး
တို့အလုပ်က ဂိုဏ်းသားတွေအသက်အန္တာရာယ်မဖြစ်အောင်ကာကွယ်ပေးဖို့ပဲ
ဒီပြင့်အလုပ်တွေက တို့နဲ့မဆိုင်ဘူး" အခြားတစ်
ယောက်က ပြန်ပြောသည်။

"ဒီသုံးယောက်က တော်တော်တုံးတဲ့သုံးယောက်ပဲကြက်သွေးမီးတောက်နှင်းဝံပုလွေကိုတောင်မသိ
ဘူးလားမသိဘူး....အခုတော့ကိုယ့်သေတွင်းကိုယ်တူးမိလျှက်သားဖြစ်သွားပြီ
ဒါပေမယ့် ဟိုသူငယ်လေးကတော့ နောက်ခံအင်အား အတော်ကလေး
တောင့်တင်းပုံရတယ်"

လုံချန်၏ နှင်းဝံပုလွေကိုကြည့်၍ တစ်ယောက်ကအားကျဟန်ဖြင့်သက်ပြင်းချသည်။
၎င်းတို့နှစ်ယောက် အခြင်းခြင်း ပြောနေစဉ်မှာပင်လေဟာနယ်က လှိုင်းများတဖြတ်ဖြတ်ရိုက်၍
နှင်းပွင့်ကလေး၏ ပါးစပ်မှ အလင်းတန်းကအဘိုးကြီးနှစ်ယောက်နှင့် လူငယ်ကလေးထံ
ရွှီးကနဲပြေး၀င်သွားတော့သည်။
"ဝုန်း"

လေဓားက၎င်းသွားရာလမ်းတစ်လျှောက်တွင်ရှိသည့်ကျောက်တုံးကြီးများ၊သစ်ပင်ကြီးများကို ဖျက်
ဆီးသွားရာ မိုင်အတော်များများသို့တိုင်အောင်ရောက်လေသည်။ဖုန်များငြိမ်ကျသွားသည့်အချိန်တွင်
မီတာပေါင်းများစွာကျယ်သည့်စွပ်ကြီးကြီးတစ်ခုဖြစ်ကျန်ရစ်ခဲ့သည်ကိုလူတိုင်းတွေ့နိုင်ကြသည်။
အဘိုးကြီးနှစ်ယောက်နှင့် လူငယ်ကလေးမှာ
မျက်နှာများစွတ်စွတ်ဖြူလျှက်ရှိကာ မြင်ကွင်းကိုထိတ်လန့်စွာ ကြည့်နေကြသည်။
အချိန်အတော်ကြာမှသာ မင်တက်နေရာမှသတိပြန်၀င်လာကြသည်။သို့ရာတွင်
၎င်းတို့အနေဖြင့်လုံချန် သို့မဟုတ် နှင်းပွင့်ကလေးကိုကြည့်ပင်မကြည့်ရဲကြတော့ချေ။ထိုသို့ဖြင့်
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားလေသည်။

"ကျုပ်တို့ကို မသတ်တဲ့အတွက်
ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျုပ်တို့အမှားကြီး
ကျူးလွန်မိပါတယ်"

အဘိုးကြီး၏ အသံက တုန်ယင်လျှက်ရှိ၏။အစောပိုင်းကလေဓားကို လုံချန်က တမင်လွှဲ၍ ပစ်လိုက်မှန်း
သူသိ၏။သို့မဟုတ်လျှင် သူတို့ သုံးယောက်မှာအစပင်ရှာမရဖြစ်သွားပြီ ဖြစ်သည်။လုံချန်က
အပြင်ပန်းတွင် လွန်စွာတည်ငြိမ်သည့်ပုံပေါက်နေသော်လည်း စိတ်ထဲ၌မူ
ကုလားဘုရားလှည့်သကဲ့သို့ တဒိန်းဒိန်းဖြစ်နေ၏။

နှင်းပွင့်ကလေးတတိယအဆင့်သို့ရောက်သည်မှစကာနှင်းပွင့်ကလေးသည် မည်မျှကြောက်မက်
ဖွယ်ကောင်းကြောင်း သူလည်း ယခုမှပင်ပထမဆုံးအကြိမ်အဖြစ်မြင်ဖူးခြင်းဖြစ်လေသည်။နှင်
းပွင့်ကလေးကား တတိယအဆင့်မှော်သားရဲများတွင်ထိပ်တန်းမှော်သားရဲ တစ်ကောင်ဖြစ်ထိုက်၏။
ယခုလိုတိုက်ခိုက်မှုကို ကန္တာရထဲမှမီးရေပုတ်သင်ပင် ခံနိုင်မည်မဟုတ်ပေ။သူသည် အံ့အားသင့်မိသလို လွန်စွာလည်းပျော်ရွှင်နေသည်။နှင်းပွင့်ကလေး၏ စွမ်းအင်က
သူ့စွမ်းအင်ပင်ဖြစ်၏။

ဤမျှ အစွမ်းထက်သည့်မှော်သားရဲတစ်ကောင် ပိုင်ဆိုင်ထားသည် ဆိုလျှင်တော်ယုံတန်ရုံ အန္တာရာယ်များကို
ဂရုစိုက်စရာပင်မလိုတော့။လုံချန်က အဘိုးကြီးကိုအေးအေးဆေးဆေးလေသံဖြင့်ပြန်ပြောလိုက်သည်။

"အခု ကျုပ်တို့မိသားစုကို ခင်ဗျားသုတ်သင်ချင်သေးလား"
လူငယ်က ကြောက်ရှာလွန်းသဖြင့်တုန်တုန်ခိုက်ခိုက်ဖြစ်နေ၏။ငရဲတံခါး၀မှ
လက်မတင်ကလေးလွတ်မြောက်လာသူတစ်ယောက်လိုဖြစ်နေသည်။အစော
ပိုင်းက ထွက်ခဲ့သည့်ဒေါသများပင် သူ့တွင်ကြက်ပျောက် ငှက်ပျောက်ပျောက်သွားချေပြီ။သူသည်
စကားပြောချင်သော်လည်း ကြောက်လွန်းသဖြင့် ပြောလို့မရဖြစ်နေ၏။
အဘိုးကြီက ထိုမြင်ကွင်းကိုမြင်လျှင် လက်တွင်၀တ်ထားသော သိုလှောင်လက်စွပ်ကို
ချွတ်လိုက်သကဲ့သို့အခြားအဘိုးကြီး တစ်ယောက်နှင့်လူငယ်ကလေး၏ သိုလှောင်လက်စွပ်များကိုလည်းချွတ်ယူလိုက်၏။ထို့နောက် မြေပြင်တွင် ဒူးထောက်ချ၍
လက်အစုံကို ရိုသေစွာဖြင့်အပေါ်သို့မြှောက်လိုက်၏။

"ကျုပ်တို့ရဲ့ သိုလှောင်လက်စွပ်တွေကို
လက်ခံပါခင်ဗျာ"

အဘိုးကြီး၏လက်သည် ရုတ်တရက်အလေးချိန်မဲ့သကဲ့သို့ဖြစ်ကာ လက်စွပ်များ ရုတ်ချည်းပျောက်
သွား၏။အဘိုးကြီးသညလွန်စွာအံ့အားသင့်မိလေသည်။အဘိုးကြီးက
ခေါင်းကိုမော့၍ ကြည့်လျှင်လုံချန်၏ လက်ထဲသိုသိုလှောင်လက်စွပ်များရောက်နေသည်ကို
တွေ့သည်။သူ အတော်ကလေး ထိတ်လန့်သွားမိသည်။လုံချန်၏ လှုပ်ရှားမှုကို
သူမတွေ့လိုက်ရ။ကြောက်စရာကောင်းလောက်အောင်လျှင်မြန်လှချေသည်။
သို့သော် အမှန်တစ်ကယ်တွင် လုံချန်က သူ၏စိတ်စွမ်းအင်ကိုအသုံးပြု၍ လက်စွပ်များကို
လှမ်းယူလိုက်ခြင်းသာဖြစ်သည်။အဘိုးကြီးမှာမူ

ဒူးထောက်နေသောကြောင့် လုံချန်ထိုသို့လှမ်းယူသည်ကိုမမြင်လိုက်ရချေ။လုံချန်က သူ၏ နတ်အသိကို
လက်စွပ်ထဲထည့်လိုက်သည်။လက်စွပ်များထဲတွင်
နေရာအတော်များများကျန်နေကြောင်းလုံချန်တွေ့ရသည်။အထူးသဖြင့် လူငယ်ကလေး၏ လက်စွပ်
ထဲ၌ နေရာလွတ်အတော်များများကျန်နေသည်။လုံချန်က စိတ်ထဲတွင် ကြိတ်ပျော်နေသော်လည်း
အပြင်ပန်း၌ တည်တည်ငြိမ်ငြိမ်ပုံ ဖမ်းထားသည်။

"ကဲကဲ...ကျုပ်ခင်ဗျားတို့ကို ခွင့်လွတ်လိုက်ပြီ
ခင်ဗျားတို့သွားလို့ရပြီ"

အဘိုးကြီးနှစ်ယောက်နှင့် လူငယ်ကလေးက၎င်းတို့အား မသတ်သည့်အတွက် ရိုသေစွာဖြင့်
ဦးညွှတ်လိုက်ပြီး
စိတ်ဓာတ်ကျဟန်ဖြင့်လှည့်ထွက်သွားကြလေတော့သည်။လုံချန်က သူ၀တ်ထားသည့်
သိုလှောင်လက်စွပ်ကို ချွတ်၍ လက်စွပ်များထဲမှအကြီးဆုံး တစ်ကွင်းကို ရွေး၀တ်လိုက်သည်။
ထိုလက်စွပ်ထဲ၌ ပစ္စည်းများ တောင်ပုံယာပုံရှိနေ၏။သို့ရာ၌ ထိုပစ္စည်းများကိုကြည့်၍ လုံချန်
ဆဲချင်သွားသည်။လက်စွပ်ထဲ၌ ရှိသောပစ္စည်းအများစုမှာဆေးများ၊လက်နက်များဖြစ်ပြီး
ကုတင်ခပ်ကြီးကြီးတစ်လုံးနှင့် များစွာသောဇိမ်ခံပစ္စည်းများလည်း ပါသေးသည်။
ဤလူငယ်ကား ပျက်ဆီးနေသောလူငယ်တစ်ယောက်ပင်ဖြစ်ရမည်ဟု လုံချန်ကောက်ချက်ချမိသည်။
ကုတင်၊ လှပစွာရက်လုပ်ထားသည့်တန်ဖိုးကြီးစောင်တစ်ထည်နှင့် ရွက်ဖျင်တဲများကို
လုံချန်ကလက်စွပ်ထဲမှထုတ်ယူလိုက်သည်။ဤပစ္စည်းများမှာ
တန်ဖိုးကြီးပစ္စည်းများဖြစ်ကြပြီး အချို့အရာများဆိုလျှင် သူပင်မမြင်ဖူးသည့်
အရာများဖြစ်နေသည့်တိုင်သူတပါးအသုံးပြုထားပြီးဖြစ်သော ပစ္စည်းများ
ကို ဆက်သုံးစွဲရန် လုံချန် စိတ်မသန့်ချေ။

သို့သော် အဘိုးကြီး တစ်ယောက်၏ လက်စွပ်ထဲမှရှာတွေ့သော ပစ္စည်းတစ်ခုကြောင့် လုံချန်
စိတ်ကျေနပ်သွားမိသည်။ထိုအရာသည်သံမဏိလှံတစ်ချောင်းဖြစ်ကာနက်ပြောင်သောအရောင် ရှိလေသည်။
လှံသည် အမြင်တွင် သိပ်မလှ။ ထို့ပြင်သံမဏိကလည်း ရှားပါးပစ္စည်းမဟုတ်သည့်တိုင်
အလေးချိန်ကတော့ မဆိုးဟူ၍ ပြောလို့ရသည်။ပိုကောင်းသည်က ထိုလှံ၏ အရှည်မှာ
လေးပေခန့်ရှိပြီး သုံးတန်ခန့်လေးသည်။သူနှင့်ကွက်တိ လုပ်ထားသည်ဟုပင်ပြောလို့ရသည်။လက်စွပ်ထဲမှ
မလိုအပ်သည့် ပစ္စည်းများကို ထုတ်ပစ်ပြီးလျှင်လုံချန်ကခရီးဆက်လေသည်။

လုံချန် ထွက်သွားသည်နှင့် တောထဲတွင်ပုန်းအောင်းနေသော လူနှစ်ယောက်
ရောက်လာ၏။လုံချန်ထွက်သွားသည့် ဘက်ကိုကြည့်၍
တစ်ယောက်က ပြောသည်။

"အင်း နောက်ထပ် မဟာပါရမီရှင် တစ်ယောက်
ထွက်ပေါ်လာဦးတော့မယ်နဲ့တူတယ်"

"အမှန်ပဲ _______ဒီတစ်ကြိမ်
ဂိုဏ်း၀င်ခွင့်လာဖြေကြသူတွေက
နောက်ခံအင်မတန်ကောင်းတဲ့သူတွေချည်းပ"ဲ

ကျန်တစ်ယောက်က ခေါင်းငြိမ့်သည်။
"ငါတို့ ဝါရင့်ဂိုဏ်းသားတွေကိုဒီဂိုဏ်းသားအသစ်လေးတွေက
သိပ်မကြာခင်ကျော်တက်ကုန်ကြတော့မှာပဲ"

အခြားတစ်ယောက်ကခေါင်းငြိမ့်ထောက်ခံသည်။ထို့နောက်
လုံချန်ထားသွားခဲ့သည့်လက်စွပ်ထဲမှ ပစ္စည်းများကိုကြည့်၍ ထိုသူက
တွေတွေဝေ၀ဖြင့်ပြောသည်။

"ဒါတွေက.."
ထိုနှစ်ယောက်မှာ တစ်ယောက်ကို
တစ်ယောက်ကြည့်၍ရယ်လိုက်ကြလေသည်။ထို့နောက် သူတို့
နှစ်ယောက်က ထိုပစ္စည်းများကိုလိုက်ကောက်ကြတော့သည်။ယင်းပစ္စည်းများက
သူတို့အသုံးပြုဖူးသည့် ပစ္စည်းများထက် အဆပေါင်းများစွာ
အရည်အသွေးကောင်းလေသည်။အခြားသူ
အသုံးပြုထားသောပစ္စည်း ဖြစ်သည် မဖြစ်သည် ကို ၎င်းတို့
ဂရုမစိုက်ကြချေ။

လုံချန် ခရီးထွက်လာရာမှမိုင်ငါးဆယ်အရောက်တွင် ဧရာမ
မြစ်ကြီးတစ်စင်းသို့ရောက်သွားသည်။
မြစ်က မီတာပေါင်းများစွာ ရှည်ဟန် ရှိပြီးကမ်းနှစ်ခုကို
တံတားတစ်စင်းထိုးထားသည်။ထိုတံတားကိုကြည့်၍ လုံချန်
ရင်ခုန်သံများမြန်လာ၏။မြေပုံအရဆိုလျှင်
ဤမြစ်ကိုကျော်ပြီးပါက ရွှမ်ရှင်းကျောင်း
တော်၏ နယ်နမိတ်သို့ လုံးဝရောက်ရှိသွားပြီဖြစ်သည်။
လုံချန်က နှင်းပွင့်ကလေးကို အသော့နှင်၍
တံတားပေါ်သို့တက်လိုက်၏။တံတားပေါ်သို့
ရောက်တော့မည့် အချိန်တွင် သူ့နောက်မှ ဝုန်းကနဲ
အသံဖြင့် လေပွေတစ်ခုဖြတ်တိုက်သွား
သလို ခံစားလိုက်ရလေသည်။

PATRIARCH MK AUNG

Continue Reading

You'll Also Like

211K 5K 166
Author: Moxibustion Tail Demon Fox/灸尾妖狐 Category: Danmei fanfiction Status: 167 chapter Introducing: It's not scary to be dressed as cannon fodder in...
539K 18.4K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...
26.9K 592 42
A student from the Paldea region took an interest in traveling to other regions to learn new things.
168K 25.7K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...