ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

116 - 120

114 9 0
By Azure5549

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၁၆)စကားစစ်ထိုးပွဲ

လုံချန်က နောက်သို့လှည့်ကြည့်လျှင် အသံရှင်မှာ အစောပိုင်းက သူ့ဘေးမှ အလွန်လျှင်မြန်သည့်
နှုန်းဖြင့် ဖြတ်သွားသူ အဖိုးကြီးဖြစ်နေကြောင်းသိရသည်။အဖိုးကြီးမှာ မျက်နှာ၌ အရေးအကြောင်းများ
ဖြင့် အပြည့်ဖြစ်နေရာ အတော်လေးကြောက်ဖို့ကောင်းနေသည်။အထူးသဖြင့် သူတို့သုံးယောက်၏
ရှေ့သို့ ရောက်လာသည့်အခါတွင် ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း တွေ့ကြရသည်။

လုံချန်က မည်သို့မှ ပြန်မပြောချေ။အဖိုးကြီးက စိတ်မရှည်ဟန်ဖြင့်အော်သည်။

"ငါ...အဖိုးကြီး မေးနေတယ်လေ မင်းကလုံချန် ဟုတ်သလား မဟုတ်ဘူးလား"

"ဟုတ်ပါတယ် ကျုပ်က လုံချန်ပါ ကျုပ်ကို သိလို့လား" လုံချန်က အနည်းငယ် ဦးနှောက်ခြောက်
သွားသော်လည်း ပြန်ဖြေလိုက်ပါသည်။

"မင်းက လုံချန်ပေါ့" အဖိုးအို က အံကြိတ်သည်။အဖိုးအို၏ မျက်လုံးများသည် သားရဲကောင်၏ သွေး
ဆာရက်စက်သော  မျက်လုံးများကဲ့သို့ဖြစ်လာရာ များစွာကြောက်မက်ဖွယ်ကောင်းလေသည်။သုံး
ယောက်သား နောက်သို့ ပြိုင်တူ ဆုတ်မိလိုက်ကြ၏။လုံချန်က သူ၏ ချီစွမ်းအင်များကို လှည့်ပတ်ထား
ကာ တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားသည်။အဖိုးအိုထံမှ များစွာကြောက်မက်ဖွယ်ကောင်း လှသော
အော်ရာများကို သူ အာရုံခံမိနေသည်။

"စီနီယာက ဘာများလိုအပ်လို့ပါသလည်း"

အဖိုးအိုက သူ့ကို ဓားတစ်စင်းကဲ့သို့စူးရှသည့်အကြည်ြ့ဖြင့်ကြည့်သည်။ပြီးမှ အေးစက်သည့်လေသံဖြင့်
ပြော၏။

"မင်းတို့ အငယ်တွေက ကိုယ့်ထက်အကြီးကို တွေ့ရင်နှုတ်ဆက်ရမယ်ဆိုတာကိုနားမလည်ဘူးလား"

လုံချန် အံ့အားသင့်မိသလို သူ့အား ကြောက်မက်ဖွယ်ရာအော်ရာတစ်မျိုးဖြင့်ထိန်းချုပ်လိုက်သည်ကို
လည်းခံစားမိသည်။တန်ပေါင်းများစွာလေးသည့် စွမ်းအားတစ်ခုသည် သူ့ကိုယ်ပေါ်သို့ ဖိထားလေရာ
အသက်ရှုရန်ပင်ခက်လာသည်။လူကြမ်းလေးမှာမူ မည်သို့မှသိပ်မဖြစ်။ခံနိုင်နေသည်။

သို့သော် ချူယောင်၏ မျက်နှာ မှာ ရုတ်တရက် ဖြူဖွေးလာပြီး လဲကျမည်ကဲ့သို့ဖြစ်လာရာ လုံချန်က
သူ့အနားသို့ခေါ်ထားရသည်။သူက ချီစွမ်းအင်ကို အသုံးပြု၍ ထို ကြောက်မက်ဖွယ်ရာ စွမ်းအင်ကို
ခုခံနေသည်။

"ခင်ဗျား ဆေးများ မှားစားလာတာလား" လုံချန်က မကျေမနပ်ဖြင့် အဖိုးကြီးကို ကျိန်ဆဲ၏။သည် အဖိုး
ကြီးသည် ရူးများပင်နေသလား။

"မောက်မာတဲ့ကောင်လေး...အကြီးတွေကိုလေးစားတတ်အောင် ဒီနေ့တော့ ကျုပ်အဖိုးကြီးက သင်
ခန်းစားပေးမှဖြစ်တော့မယ်" သူ့၏ ချီစွမ်းအင်ကို လုံချန်က တောင့်ခံရန်ကြိုးစားနေသည်ကို မြင်သည်
တွင် အဖိုးကြီးသည် အနည်းငယ်မျှ အံ့အားသင့်သွားပြီး ချီစွမ်းအင်များကို ထပ်လွှတ်လိုက်ပြန်သည်။

လူကြမ်းလေး၏ဒေါသတကြီး ကြုံးဝါးအော်ဟစ်သံထွက်လာ၏။သူ့ ခန္ဓာကိုယ်တစ်ခုလုံးက အနီရောင်
သို့ပြောင်းသွားသည်။လူကြမ်းလေးသည် သူ့၏ ချီစွမ်းအင်ကို တောင့်ခံနိုင်သည်အား မြင်လျှင် အဖိုးအို
သည် အံ့အားသင့်ရပြန်၏။သူထုတ်လွှတ်ခဲ့သည့် ချီစွမ်းအင်သည် ကျင်ကျီ သိုင်းသမားတစ်ယောက်ပင်
ဗိုင်းကနဲ ပစ်လဲကျသွားစေနိုင်သည့် ပမာဏဖြစ်လေသည်။

သို့သော် ဤကလေးနှစ်ယောက်ကား ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့်ပင် သူ့၏ ချီစွမ်းအင်ကိုတောင့်
ခံထားနိုင်ကြသည်။လုံချန်သည် ချီစွမ်းအင်အများအပြားကို အဓိက တောင့်ခံနေရသူဖြစ်သည့်တိုင်
ချူယောင်မှာ  မျက်နှာများဖြူဖွေး၍ ဝေါ့ကနဲ သွေးတစ်ပွက်ကို ထိုးအန်လေ၏။

"စောက်အဖိုးကြီး သေပေတော့" လုံချန် ဒေါသ ထောင်းကနဲထွက်သွားသည်။အလင်းစက်ကွင်းကို သူ
နှိုးတော့မည့် အချိန်မှာပင် ရင့်ကျက်တည်ငြိမ်သည့်အသံ တစ်သံကိုကြားရသည်။

"တော်ကြတော့"

အသံသည် သိပ်မကျယ်။တည်ငြိမ်၍ ဒေါသ သံလည်းမပါပေ။သို့ရာတွင် အဖိုးအိုမျက်နှာမှာ ချက်ချင်းဖြူ
ဖွေးသွား၏။သူက စိတ်မပါလက်မပါနှင့် ချီစွမ်းအင်များကို ပြန်သိမ်းလိုက်ရသည်။သူ့အပေါ်သက်ရောက်
နေသော ဖိအားသည် ရုတ်ချည်းပေါ့ပါးသွားသည်ကို လုံချန် ခံစားမိသည်။ချူယောင်မှာ ဖိအားမှ လွတ်
မြောက်သွားသော် သူမမျက်နှာသည် ဖြူဖွေးနေတုန်းပင်ဖြစ်၏။

ထိုအချိန်ရောက်မှ သူ့ပတ်၀န်းကျင်၌ လူအများအပြားရောက်နေသည်ကို လုံချန်မြင်မိသည်။ထိုလူများ
က သူတို့နှင့် အဖိုးကြီးကို အနည်းငယ် အံ့သြ ဟန်ဖြင့် ကြည့်လျှက်ရှိသည်။ထိုလူအုပ်စုမှာ လူ 7 ယောက်
ပါသော အဖွဲ့ဖြစ်ကာ အဖိုးအိုတစ်ယောက်နှင့် အသက်သုံးဆယ် ခန့် ရှိမည်ထင်ရသော အမျိုးသမီး
တစ်ယောက်သည် အထူးသဖြင့် လူအုပ်ထဲတွင် ပေါ်လွင်နေသည်။

သို့ရာတွင် ထိုအမျိုးသမီး ပုံစံသည် အေးတိအေးစက်နိုင်လှ၏။အစောပိုင်းက အသံသည် ထိုအဘိုးကြီး
ထံမှလာခြင်းဖြစ်သည်။ထိုအဖိုးကြီးက စူးရှလှသည့်အကြည့်ဖြင့် လုံချန်ကို တိုက်ခိုက်ခဲ့သည့် အဖိုးကြီး
ူကိုကြည့်နေ၏။

"နှစ်တွေ ဒီလောက်ကြာတာတောင် မင်းရဲ့သိုင်းပညာက ဒုံရင်းက ဒုံရင်းဖြစ်နေတာမဆန်းဘူး မင်းသိုင်း
ပညာကရှက်စရာကောင်းတဲ့ အဆင့်ဖြစ်နေပြီ"

အဖိုးအိုစကားကြောင့် အခြားသူများ၏ မျက်နှာတွင် အနည်းငယ်ထူးဆန်းသည့်အရိပ်အယောင်များ
ပေါ်သွားကြပြီး ရယ်ချင်ဟန်လည်းဖြစ်သွားကြ၏။သို့သော် ၎င်းတို့သည့် ယင်းအဘိုးအို
ထိုသို့အပြောခံရခြင်းအပေါ် ၌ ကျေနပ်နေကြသည်မှာ ထင်ရှားလေသည်။

ထို အဖိုးအို၏မျက်နှာမှာ ချက်ချင်းရဲတက်သွားသည်။သူ့အကြည့်များထဲတွင် မည်မျှဒေါသ
ထွက်နေသည်ကိုမြင်နိုင်သည်။သို့ရာတွင် သူကား ဒေါသကို မပေါက်ကွဲဝံ့ချေ။သို့တိုင်အောင် သူက
ပြန်ပြောဖြစ်အောင် ပြောလိုက်သေး၏။

"ဒီကောင်လေးက သိပ်ရိုင်းတယ် ကျုပ်က ဘာ့ကြောင့် သင်ခန်းစားမပေးရမှာလည်း အကြီးအကဲ
တုဖုန်း အနေနဲ့ ဒီကောင်လေးဘက်က ကာကွယ်ပေးဖို့မလိုဘူးမလား"

"ကျိုး ချန်ချင် ပေါက်ကရလုပ်နေတာတွေကိုတော်တော့ အခုလိုမင်းလုပ်ရတာဟာ ဒီတစ်ခေါက်
မင်းအတွက်အမြတ်ဘာမှ မထွက်လို့ ကောင်လေးအပေါ် ဒေါသတွေပုံချတာမလား မင်းတို့ရွှယ်ယူ
ဂိုဏ်းက လူတွေက အတော်အရှက်မဲ့တာပဲ" အဖိုးအို က အေးစက်စွာပြောသည်။

အဖိုးအိုပြောစကားအား ကြားသည်တွင် ထိုအဖိုးကြီးသည် အဘယ့်ကြောင့်သူ့ကိုပစ်မှတ် ထားရ
ကြောင်း လုံချန်နားလည်သွားသည်။အကြောင်းမှာ အဖိုးကြီးနှင့် ၀တ်ရုံဖြူသည် တစ်ဂိုဏ်းတည်းသား
များဖြစ်သော ကြောင့်ဖြစ်လေသည်။အကယ်၍ သူ့ သိုင်းပညာသာ ယခုထက်အဆင့်မြင့်နေလျှင်
လုံချန်သည် ဤ သောက်ရူးကြီးအား ပါးတစ်ချက်လောက်ပိတ်ရိုက်ပြီးသား ဖြစ်နေမည်ဖြစ်၏။

"သွဲ့ကျောင်းအဆင့် သိုင်းသမားကြီးတစ်ယောက်က သွေးနှောအဆင့် သိုင်းသမားငယ်လေး
တစ်ယောက်ကို တိုက်ခိုက်တယ် ဆိုတာ မျက်နှာ သိပ်ပြောင်ရာကျမနေဘူးလား" အခြားလူတစ်ယောက်
ကလည်း၀င်ပြောသည်။

ကျိုးချန်ချင် သည် တုဖုန်း တစ်ယောက်ကိုသာ ကြောက်၍ အခြားသူများကိုမူ မကြောက်ချေ။ထိုလူက သူ့ကို
အထက်ပါအတိုင်းပြောလျှင် သူကလည်း မထီမဲ့မြင်ဖြင့်ပြန်ပြောလေသည်။

"ခင်ဗျားမကျေနပ်ရင် လက်သီးချင်းရှင်းကြတာပေါ့ ဘာ့ကြောင့် မိန်းမတစ်ယောက်လိုပြောနေတာလည်း"

ထိုလူသည် ဒေါသထွက်သွားဟန်ဖြင့် တစ်ခုခုပြန်ပြောမည်ပြင်လျှင် တုဖုန်းက လက်ဝေ့ယမ်း၍ စကား
၀ိုင်းကို ၀င်ထိန်းသည်။

"ခင်ဗျားတို့ နှစ်ယောက်စလုံးက ဂိုဏ်းအသီးသီးက နာမည်ကျော်တွေပဲ ဂျူနီယာ တစ်ယောက်ရှေ့မှာ
အကြည်ညိုတန်အောင် မလုပ်ကြစမ်းပါနဲ့ ဒီကိစ္စကို ဒီမှာပဲရပ်လိုက်ကြရအောင်"

တုဖုန်း စကားကြောင့် လူအုပ်က မည်သို့မှဆက်မပြောကြတော့။ထိုစဉ် အဖိုးကြီးတစ်ယောက်သည်
ဖော်ရွေသည့်ဟန်ဖြင့် လုံချန်ကို ပြောလာသည်။

"လူငယ်လေး မင်းက ဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ကို အနိုင်ယူလိုက်တယ်ဆို ကျုပ်က ဒါကိုအစက
မယုံဘူး ဒါပေမယ့် သွဲ့ကျောင်းအဆင့် သိုင်းသမားကြီးတစ်ယောက်ရဲ့ အော်ရာကို တောင့်ခံနိုင်တာ
မြင်တာ မှပဲ ကျုပ်လည်းယုံတော့တယ် ဒီလိုဆိုဘယ့်နှယ့်လည်း ကျုပ်တို့ ချင်ဟိုင် ဂိုဏ်းကို ၀င်ပါလား
မင်းရဲ့ ပါရမီပါပုံနဲ့ဆိုရင် အနည်းဆုံးတော့ ပင်မဂိုဏ်းသားဖြစ်ကိုဖြစ်တယ်"

ထိုအဖိုးအို၏ စကားကိုကြားလျှင် လူတိုင်း အမူအယာပြောင်းကုန်ကြ၏။

"ကျုပ်တို့ ကွေ့ယွမ် ဂိုဏ်းကို၀င်ဖို့ကောစိတ်၀င်စားလား ၀င်မယ်ဆိုရင် ပင်မဂိုဏ်းသားဖြစ်ဖို့ကျိန်းသေ
အာမခံတယ်"

"လူငယ်လေး ကျုပ်ပြောရဦးမယ် ကျုပ်တို့ဂိုဏ်းကို၀င်မယ်ဆိုရင် ပင်မဂိုဏ်းသားတစ်ယောက်ဖြစ်ဖို့
အာမခံရုံတင်မကဘူး ကျုပ်တို့ဂိုဏ်းရဲ့ ဂိုဏ်းခေါင်း သမီးဟာ တစ်ဂိုဏ်းလုံးမှာ အချောဆုံး အလှဆုံး
လေး....လူငယ်လေးသာ ကျုပ်တို့ဂိုဏ်းကို ၀င်ရင် ဟဲဟဲ..."

"နေစမ်းပါဗျာ ဒါကတော့ချဲ့ကားလွန်းတယ် ဘယ့်နှယ် ခင်ဗျားတို့ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးက အခုမှ
8 နှစ်ပဲ ရှိသေးတာကို အခြားနည်းတွေနဲ့ သိမ်းသွင်းစမ်းပါ"

"ဘာ...ဒီလေူငယ်လေးက သိုင်းမကျင့်တော့ဘူးလား ဆယ်နှစ်လောက်စောင့်လိုက်ရင်  အဆင်ပြေ
ပြီလေ ကျုပ်ပြောတာ မဟုတ်လို့လား"

လုံချန် ဘာပြောရမှန်းမသိဖြစ်နေ၏။ချူယောင် နှင့် လူကြမ်းလေးမှာ  ကြက်သေသေနေကြ
သည်။၎င်းတို့၏ စကားအားနားထောင်လျှင် ယင်းအဖိုးကြီးများသည် ယင်းတို့၏ ဂိုဏ်းအသီးသီးတွင်
အဆင့်မနိမ့်ကြသူများဖြစ်မှန်း သိသာသည်။ထိုအဖိုးကြီးများ၏ သိုင်းပညာမှာလည်း များစွာအဆင့်မြင့်
ပြီး သူ့အား တိုက်ခိုက်ခဲ့သော ချန်ချင်၏ သိုင်းပညာအဆင့်ခန့်ရှိပေသည်။

ဤမျှ အစွမ်းထက်သူများက လုံချန်အား သူတို့ဂိုဏ်းအသီးသီးသို့ ၀င်စေရန် အပြိုင်အဆိုင်ဖြစ်နေကြ
၏။လုံချန် မထင်မှတ်ထားသည့်အဖြစ်ပင်။မူလတွင် လုံချန်က ထိုဂိုဏ်းအသီးသီးသို့ တောင်းတောင်း
ပန်ပန် ဖြင့် ခွင့်တောင်း၍ ၀င်ရလောက်မည်ဟု တွေးထားခြင်းဖြစ်သည်။

"ဟမ့်...ကောင်လေး မင်းကြောင့် ငါတို့ရွှယ်ယူ ဂိုဏ်းက ဒီတစ်ကြိမ် တော်တော်လေး ဆုံးရှုံးမှုတွေ
ဖြစ်သွားတယ် မင်းသာငါတို့ ဂိုဏ်းကို ၀င်မယ်ဆိုရင် ပြီးတာတွေကို သင်ပုန်းချေလိုက်မယ်...
ပြီးတော့ မင်းကို ကောင်းကောင်း သင်ကြားပေးမယ်" ကျိုးချန်ချင်မှာ ဒေါသပြေသွားဟန်ဖြင့်
အရှက်မရှိစွာ ၀င်ပြောလေသည်။

ကျိုးဝေချင် အနေနှင့် ယခုအကြိမ် ဆေးဆရာ အသင်းသို့လာရခြင်းမှာ သူတို့ ရွှယ်ယူ ဂိုဏ်း၏
အကျိုးအမြတ်အတွက် လာရောက်ညှိနှိုင်းခြင်းဖြစ်သည်။မည်သို့ဆိုစေ မှော်ကျောက်တုံး သိုက်ကို
အရင်တွေ့သူက သူတို့ဂိုဏ်း ဖြစ်သည်။သို့သော် နောက်ဆုံး၌ ညှိုနှိုင်းမှုသည် အဆင်မပြေ။ဖီးနစ်
၏ အနီးအပါးတွင် ဂိုဏ်း 7 ဂိုဏ်းရှိရာ စည်းမျဉ်းများအရ ဆိုသော် မှော်ကျောက်တုံး သိုက်ကို
ဂိုဏ်း 7 ဂိုဏ်း ညီညီမျှမျှ ခွဲဝေယူရန်ဖြစ်သည်။ဤသို့ဆိုလျှင် မည်သည့်ပြဿနာမှ ရှိလိမ့်မည်မဟုတ်
ချေ။

သို့ရာတွင် ရွှယ်ယူ ဂိုဏ်းသည် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းကြောင့် အကျိုးအမြတ် ခွဲဝေရေး
အဖွဲ့မှ ထုတ်ပယ်ခံခဲ့ရရာ မှော်ကျောက်တုံး တစ်တုံးကိုပင် ရပိုင်ခွင့်မရှိတော့ပေ။ထို့ကြောင့်ပင် ကျိုး
ချန်ချင်က ဒေါသသိပ်ထွက်ရခြင်းဖြစ်သည်။သို့သော် သူလည်း မည်သို့မှ မတတ်နိုင်တော့။ဖီးနစ်တွင်
တုဖုန်းလည်း ရှိနေခြင်းကြောင့် ဒေါသများကို မြိုချထားရန်သာတတ်နိုင်သည်။

ထို့ကြောင့် ဒေါသထွက်ထွက်နှင့် ဆေးဆရာအသင်းမှ သူ ထွက်လာချိန်တွင် လုံချန်နှင့် အခြားသူ
နှစ်ယောက် ဆေးဆရာအသင်းသို့လာနေသည်ကို သူ မြင်လိုက်သည်။သူ၏ သိုင်းပညာအဆင့်
နှင့်ဆိုလျှင် လုံချန်ကို တစ်ချက်ကြည့်ရုံနှင့် သွေးနှောအဆင့် လက်သစ် သိုင်းသမားလေးတစ်
ယောက်မှန်းတန်းသိလေသည်။

သို့သော် သွေးနှောသိုင်းသမားလေးတစ်ယောက်သည် ဤမျှ ပြင်းထန်သည့် ချီစွမ်းအင်အား မျက်
နှာတစ်ချက်မပျက်တောင့်ခံနိုင်သည်ကိုမြင်ရလျှင် အနှီသိုင်းသမားလေးမှာ သွေးနှောအဆင့်ပင်ဟုတ်
ပါလေစဟု သူ သံသယဖြစ်သွားမိသည်။စင်စစ် သူ နောက်သို့လှည့်၍ လုံချန်၏ နာမည်ကို မေး
လိုက်စဉ်ကပင် ဤကောင်လေးမှာ သူတို့ဂိုဏ်းကို အကြီးအကျယ်ဆုံးရှုံးမှုများဖြစ်အောင်လုပ်ခဲ့
သည့် လုံချန် ဆိုသည့် ကောင်လေးမှန်းသူသိသည်သာ။

သို့သော် ဂိုဏ်းများ၏ ကျင့်၀တ်အရ သာမာန်အရပ်သားများအား တိုက်ရိုက်ပြဿနာရှာရန် မဖြစ်နိုင်
လေရာ အကြီးကို မရိုမသေ ပြုသည်ဟု အကွက်ဆင်၍ လုံချန်ကို သူက တမင် ဖိနှိပ်ရန်ကြံစည်ခြင်းဖြစ်သည်။
ယခုတော့ ဂိုဏ်းအသီးသီးက လုံချန်ကို ရရန် အသည်းအသန်ဖြစ်နေကြသည်။ရွှယ်ယူ ဂိုဏ်းအနေနှင့်
မှော်ကျောက်တုံးများ တစ်တုံးမှ ရပိုင်ခွင့်မရှိတော့သည်ဖြစ်ရာ လုံချန်ကဲ့သို့ လွန်မင်းစွာပါရမီကောင်း
သူတစ်ယောက်ကို ဂိုဏ်းသို့ ပါအောင်ခေါ်နိုင်ခဲ့လျှင် ဂိုဏ်းအနေဖြင့် သိပ်ဆုံးရှုံးမှုမရှိဟု ဆိုရမည်။

သို့သော် ကျိုးချန်ချင်က ဤသို့ပြောလာသည့်အခါတွင် စကားဝိုင်းသည် ရုတ်တရက်တိတ်ဆိတ်သွား
တော့သည်။သူ့ကို ဝိုင်းကြည့်နေကြသည့် လူတိုင်း၏ အကြည့်များတွင် လှောင်ပြောင်မှု၊အထင်အမြင်
သေးမှုများစွက်နေသည်ကို သူသိနေ၏။

လူတိုင်း သက်ပြင်းကိုယ်စီချမိကြသည်။ဤကိစ္စကား လုံချန် ဆုံးဖြတ်မှရမည့်ကိစ္စပင်ဖြစ်သည်။

"ဘယ်လိုလည်း ကောင်လေး ငါတို့ ရွယ်ယူ ဂိုဏ်းကို လိုက်ခဲ့မလား သေသေချာချာစဉ်းစားနော"

ကျိုးချန်ချင်က လုံချန်ကို အဓိပ္ပါယ်ပါပါစိုက်ကြည့်သည်။သူ့စကားတွင် ခြိမ်းခြောက်သံများ ပါနေသည်။

"ဟားဟားဟား"

လုံချန်က ရုတ်တရက် မျက်ရည်များထွက်သည်ထိ ရယ်လေသည်။

"ကောင်လေး ဘာရယ်စရာပါလို့လည်း" ကျိုးချန်ချင်က ဒေါသတကြီးဖြင့်ပြော၏။

"ဘာမှ မဟုတ်ပါဘူး ခင်ဗျားရဲ့ အခွက်ပြောင်နိုင်မှုကို တော်တော်ရယ်ချင်လို့ပါ ခင်ဗျားကို ပြောချင်
တာလေးတွေရှိတယ်"

"ဘာကို ဆိုလိုတာလည်း" ကျိုးဝေချင်က မျက်စိကို မှေးကျဉ်း၍ ရေခဲတမျှ အေးစက်သသည့်အကြည့်ဖြင့်
လုံချန်ကိုကြည့်သည်။လုံချန်က နှစ်လိုဖွယ်ကောင်းစွာပြုံး၍ စကားတစ်ခွန်းကို ပြောသည်။

"လဲ..သေ...လိုက်"

"မင်း..."

ကျိုးချန်ချင်သည် ဒေါသထွက်လွန်းသဖြင့် ဆံပင်များပင် တစ်ချောင်းချင် ထောင်ကုန်ရာ ခြင်င်္သေ့ကြီး
တစ်ကောင်ကဲ့သို့ဖြစ်နေ၏။သူသည် ဤကောင်လေးကို ပါးပိတ်ရိုက်ပစ်လိုက်ချင်သည်။သို့သော် ထိုသို့
သူ မလုပ်ဝံ့။

"ကောင်းပြီလေ မင်းစောင့်နေစမ်းပါ"

ထိုသို့ပြောပြီးနောက် ကျိုးချန်ချင်သည် ခြာကနဲလှည့်၍ထွက်သွားတော့သည်။သူသည် ဒေါသကို မနည်း
ထိန်းထားရမှန်းမည်သူမှ မသိကြချေ။ဤနေရာ၌ ဒေါသများပေါက်ကွဲမိမည်ကို သူကြောက်လှသည်။
ကျုံးဝေချင် ဒေါသတကြီးဖြင့် ခြာကနဲလှည့်ထွက်သွားသည်ကို မြင်လျှင် လူများမှာ တစ်ဟာုးဟားဖြင့်
ပွဲကျနေကြတော့၏။

ပြီးမှ မည်သည့်ဂိုဏ်းကို ၀င်ရန် စဉ်းစားထားကြောင်း လုံချန်ကို တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြ
သည်။လုံချန်က တင်္ဂ စဉ်းစားနေသည်။ထို့နောက် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော တုဖုန်းကို
ခေါင်းမော့၍ လှမ်းမေးလိုက်၏။

"စီနီယာ...စီနီယာရဲ့ဂိုဏ်းကို ၀င်ရင် ကော ကျုပ်က ဘယ်လိုမျိုးဂိုဏ်းသားဖြစ်လာမလည်း"

တုဖုန်းက မှိတ်ထားသော မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ထို့နောက် သူသည် လုံချန်ကိုကြည့်၍
စိတ်မသက်သာသည့် မျက်နှာဖြင့်ပြော၏။

"ကျုပ်  ဂိုဏ်းကို ၀င်ဖို့ကတော့ သိပ်ကို ခက်ခဲလိမ့်မယ်"

MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၁၇)ဂိုဏ်းရွေးချယ်ခြင်း

တုဖုန်းစကားသည် လုံချန်အပါအ၀င်အခြားသူများ အားလုံးကို အံ့အားသင့်သွားစေသည်။
ဤအဖိုးအိုးကား လွန်စွာအစွမ်းထက်သူတစ်ယောက်ဖြစ်သည်ဟု လုံချန်က မသိစိတ်ဖြင့် သိနေ၏။
ထို့ပြင် အဖိုးအိုသည် လွန်စွာဖြောင့်မတ်၍ သမာသမတ် ရှိသူတစ်ယောက်ဖြစ်ကြောင်းကိုလည်း
လုံချန် သိနေပါ၏။

အခြားသူများအားလုံးက သူ့ကို သူတို့၏ ဂိုဏ်းအသီးသီးသို့ ၀င်ရန် မဲဆွယ်နေကြချိန်တွင် အဖိုးအို
သည် တိတ်ဆိတ်နေခဲ့သည်။ယင်းသို့ တိတ်ဆိတ်နေခြင်းသည် သူ့၏ သိချင်စိတ်ကို ပို၍ ပြင်းပြစေ
သည်။အဖိုးအို၏ ဂိုဏ်းသည် မည်မျှ အစွမ်းထက်မြက်နေ၍ သူ့အား ဤသို့သော စကားမျိုးကို ပြော
သနည်း။သိပ်ကို စပ်စုချင်စရာပင်မဟုတ်လား။

"တု အကြီးအကဲ အကြီးအကဲရဲ့ဂိုဏ်းဟာ သိပ်အဆင့်မြင့်တယ်ဆိုတာကို ကျုပ်တို့လည်း အသိပါပဲ
ဒါပေမယ့် လုံချန်ရဲ့ ညာဏ်ရည်နဲ့ဆိုရင်...ဒါဟာ" လူတစ်ယောက်က နားမလည်နိုင်ဟန်ဖြင့်ပြော၏။

တုဖုန်း က လုံချန်ကိုကြည့်သည်။

"လုံချန်ရဲ့ ပါရမီနဲ့ဆိုရင် ကျုပ်တို့ ရွှမ်ရှင်းဘုရားကျောင်းကို ၀င်ဖို့ကဘာမှ မခက်ခဲပါဘူး ဒါပေမယ့်
စိတ်ဝိညာဉ် စိတ်ဝိညာဉ်အရင်းအမြစ်နဲ့ဒန်တမ်မရှိသူ တစ်ယောက်အပေါ်ကို ကျောင်းတော်က
ဘယ်လိုမှ ရင်းနှီးမှု တွေ လုပ်မှာမဟုတ်ဘူးလေ ဒါ့ကြောင့် ခင်ဗျားတို့ ဂိုဏ်းတွေကို ၀င်လိုက်တာထက်
ကျုပ်ဂိုဏ်းကို ၀င်ရင် ပိုပြီးဆိုးလိမ့်မယ်"

"ဘယ်လို" အကြီးအကဲများ အကုန်လုံး အံံအားသင့်ကုန်ကြသည်။လုံချန်သည် စိတ်ဝိညာဉ် အရင်းအမြစ်
မရှိပဲ မည်သို့ သိုင်းကျင့်လေသနည်း။

"လူငယ်လေး ကျုပ်ကိုခွင့်ပြုပါ" အကြီးအကဲတစ်ယောက်က လုံချန်၏ ပုခုံးကိုကိုင်သည်။ထိုအကြီးကဲ
ဘာလုပ်မည်ကို သိသည့်လုံချန်ကလည်း ငြိမ်နေလိုက်၏။အကြီးအကဲ၏ ချီစွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲ
သို့ ၀င်ရောက်ခွင့်ပြုထားသည်။

ထို့နောက်တွင် အဆိုပါအကြီးအကဲမှာ လက်လျှော့ချင်သေးဟန် မတူပဲ ဒုတိယအကြိမ်ထပ်စမ်းသပ်
ပြန်သည်။စိတ်ကျေနပ်လောက်မှ သူသည် လုံချန်၏ ပုခုံးပေါ်သို့ တင်ထားသော လက်များကိုလွှတ်၍
အခြားသူများအား စိတ်ပျက်လက်ပျက် ဖြင့်ခေါင်းယမ်းပြ၏။

"သူ့မှာ စိတ်ဝိညာဉ်အရင်းအမြစ်ရှိမနေဘူး" အဘိုးအိုက သက်ပြင်းချ၏။

ချက်ချင်းလိုလိုပင် အခြားသော အကြီးအကဲများ၏ စိတ်လှုပ်ရှားမှုများသည် ရေအငွေ့ပျံသကဲ့သို့
ပျောက်ကုန်ကြတော့သည်။လုံချန်က မဲ့ပြုံးပြုံးသည်။ယခုအချိန်၌ သူ့တွင် စိတ်ဝိညာဉ်အရင်း အမြစ်
မရှိခြင်းသည် ပြဿနာ တစ်ခုဖြစ်လာချေပြီ။

"စီနီယာ ရွှမ်ရှင်းကျောင်းတော်ကို ကျွန်တော် ၀င်ရောက်ရင် ဘယ်လိုနေရာမျိုးနေရမလည်း" လုံချန်
ကမေးသည်။ယခုအခါတွင် သူ၏ မျှော်လင့်ချက်ဖြစ်သည့် ပင်မဂိုဏ်းသားဖြစ်ရန်မှာ မဖြစ်နိုင်တော့ချေ။
သူ့ကို လက်ခံလျင်ပင် ကံကောင်းသည်ဟူ၍ ဆိုရမလိုဖြစ်နေ၏။အခြားသူများထံမှ သူကြားဖူးထားသည်။
ရွှမ်းရှင်း ဘုရားကျောင်းသည် တပည့်လက်ခံရာ၌ လွန်စွာစည်းကမ်းတင်းကျပ်သည်ဟုဆိုသည်။

"ဒီလိုပါ ကျွန်တော်က ဆေးဆရာလည်းဖြစ်ပါတယ်" သူသည် ဆေးဆရာတစ်ယောက်လည်းဖြစ်ကြောင်း
အကြီးအကဲများ လက်ခံလာချင်စေရန် လုံချန်က ထည့်ပြောရ၏။ဆေးဆရာဆိုသည့် စကား ကြား
သည်နှင့် ၎င်းတို့ထဲမှ အချို့သောအကြီးအကဲများ၏ အကြည့်များမှာ စိတ်၀င်စားမှုဖြင့် တဖန် ပြန်
လည်အရောင်တောက် လာကြပြန်သည်။

"လူငယ်လေး ကျုပ်တို့ ဂိုဏ်းကို၀င်ရင် ပင်မဂိုဏ်းသားနေရာချက်ချင်းပေးမယ်" အကြီးအကဲတစ်
ယောက်က တွေတွေဝေ၀နှင့်ဆိုလာသည်။ယင်းသို့ကမ်းလှမ်းသည်မှာ ထိုအကြီးအကဲ တစ်ယောက်
သာဖြစ်ပြီးအခြားသူများမှမူ တုပ်တုပ်ပင်မလှုပ်ကြချေ။ဂိုဏ်းတစ်ခုတွင် ပင်မဂိုဏ်းသားဆိုသည့်နေ
ရာသည် လွန်စွာ အရေးကြီးသည့်နေရာဖြစ်သည်။

သည်ဂိုဏ်းများအဖို့ ဂိုဏ်းသားများအပေါ်တွင် နှစ်စဉ်နှစ်တိုင်း အရင်းအမြစ်များအား သုံးစွဲနေကြရရာ
ဆေးဆရာ တစ်ယောက်ပင် ဖြစ်ပါစေ စိတ်ဝိညာဉ် အရင်းအမြစ်မရှိသူ တစ်ယောက်အပေါ်တွင်မူ
မရင်းနှီးလိုကြချေ။ဆေးဆရာဆိုသည်မှာ လွန်စွာရှားပါသည့်မှန်သော်လည်း ငွေရှိလျှင် ဆေးများကို
၀ယ်ယူ၍ ရသည်သာဖြစ်သည်။သို့ဆိုလျှင် ဆေးဆရာတစ်ယောက်အား ပင်မဂိုဏ်းသားနေရာ ပေး
လိုက်ခြင်းထက် ဆေးများ တိုက်ရိုက်၀ယ်ယူခြင်းက ပို၍ အကုန်အကျသက်သာပေမည်။

ထို့ပြင် ၎င်းတို့၏ ဂိုဏ်းများကလည်း ယခုမှစတည်ထောင်သည့်ဂိုဏ်းများမဟုတ်ကြ။

"စီနီယာရဲ့ စိတ်စေတနာ ကောင်းမှုကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဒါပေမယ့် ကျွန်တော်က
ရွှမ်ရှင်းကျောင်းတော်ကို သိပ်ကို ၀င်ချင်နေမိလို့ပါ" လုံချန်က ရိုသေစွာဖြင့် ငြင်းပယ်သည်။
ထိုအကြီးအကဲက ခေါင်းငြိမ့်သည်။လုံချန်သည် သူ၏ ကမ်းလှမ်းချက်ကို ငြင်းဆန်သော်လည်း လွန်စွာ
ယဉ်ကျေးစွာဖြင့် ငြင်းပယ်သည်ဖြစ်ရာ ထိုအကြီးအကဲက ကျေနပ်လေသည်။

လုံချန်၏ ပြတ်သားသည့် ပုံစံအားကြည့်၍ တုဖုန်းသည် သက်ပြင်းချ၏။

"ရွှမ်ရှင်း ကျောင်းတော်က သုံးနှစ်ကိုတစ်ကြိမ် ဂိုဏ်းသားလက်ခံတယ် မင်းဒီလောက်ဆန္ဒပြင်းပြ
နေရင် ကျုပ် ၀င်ခွင့်လက်မှတ်ပေးလိုက်မယ်"

လုံချန် ထိတ်ကနဲ ပျော်သွား၏။ရွှမ်းရှင်း ကျောင်းတော်သို့ ၀င်ခွင့်ရသည်နှင့် သူ့အတွက်အဆင်ပြေ
ပြီဖြစ်သည်။သူ့၏ အစွမ်းအစ ကို သူယုံသည်။ရွှမ်ရှင်းတွင် ပထမနေရာ ကို သူ ကျိန်းသေရလိမ့်မည်။
ဂိုဏ်းတစ်ဂိုဏ်းသည် ကြီးမားလေ ထိုဂိုဏ်း၏ အခြေလည်း ခိုင်လေဖြစ်၏။

"စီနီယာ ကျွန်တော် တို့ သုံးယောက်လုံး ကျောင်းတော်ကို၀င်ရောက်ခွင့်ရှိမလား" လုံချန်က ခပ်ရွံ့ရွံ့
ဟန်ဖြင့်ပြော၏။

"မင်းရဲ့ ဟိုသူငယ်ချင်းတစ်ယောက်ကတော့ ၀င်ခွင့်မလိုပါဘူး တိုက်ရိုက်၀င်လို့ရတယ် ပင်မဂိုဏ်း
သားတောင် ဖြစ်ချင်ဖြစ်လာလိမ့်မယ်" တုဖုန်းကပြော၏။လုံချန် မျက်လုံးပြူးသွားသည်။လူကြမ်းလေး
က လုံချန်ကိုစိုက်ကြည့်နေသည်။ဘာတွေပြောနေသည်ကို သူနားမလည်ပေ။

သူသာလျှင်မက အခြားသော အကြီးအကဲများပါ ပါးစပ်တွေပြဲကုန်သည်။ရွှမ်ရှင်း ကျောင်းတော်၏ ဂိုဏ်း
သားရွေးချယ်မှုက သိပ်ကိုတင်းကျပ်လွန်းသည်လေ။

"ဒီကောင်လေးရဲ့  ခန္ဓာကိုယ်က သိပ်ထူးခြားတယ် ကျုပ်ရဲ့ ကျောင်းတော်မှာရှိတဲ့ အကြီးအကဲတစ်
ယောက်ရဲ့ ခန္ဓာကိုယ်မျိုးပဲ ဒီကောင်လေးကိုသာမြင်ရင် သူ သိပ်၀မ်းသာမယ်လို့ ကျုပ်ထင်တယ်" တုဖုန်း
ကပြောသည်။

"မင်းရဲ့ သူငယ်ချင်း နောက်တစ်ယောက် ကတော့"

"ဒီညီမလေးက ကျွန်မတို့ရဲ့ ကောင်းကင်နန်းတော် ဂိုဏ်းကို ၀င်လို့ရတာပဲ" တစ်ချိန်လုံး မည်သည့်စကား
မှ မပြောသည့် ခပ်ချောချော အမျိုး သမီးထံမှ အသံထွက်လာသည်။ထိုအမျိုးသမီးသည် ချူယောင်ထံ
သို့သွားကာ ပြုံးလိုက်၏။

"ညီမလေး မမတို့ရဲ့ ကောင်းကင်နန်းတော်ဂိုဏ်းကို လိုက်ခဲ့နော်...ညီမလေးရဲ့ ပါရမီနဲ့ဆိုရင် မမတို့ရဲ့
ကောင်းကင် နန်းတော်ဂိုဏ်းက အသင့်တော်ဆုံးပဲ"

ချူယောင်သည် အံ့အားသင့်လျှက်ရှိရာမှ ရှက်ရွံ့စွာဖြင့် လုံချန်ကိုကြည့်သည်။သူမက ခေါင်းခါသည်။

"ကျွန်မ လုံချန်နဲ့မခွဲချင်ဘူး ဒါ့ကြောင့်....."

ခပ်ချောချော အမျိုးသမီးသည် လုံချန်ကို တစ်ချက်ကြည့်၍ ခေါင်းယမ်းလေသည်။

"သိုင်းသမားတွေ အတွက် သိုင်းကျင့်ဖို့ရာက အရေးအကြီးဆုံးပဲ အချစ်အတွက်နဲ့ မင်းရဲ့ ပါရမီတွေ
ကိုဘာ့ကြောင့်အဆုံးရှုံးခံလိုက်မှာလည်း ကောင်လေး...သူမက ရှားပါး သစ်သားဓာတ်ပါတဲ့
သိုင်းသမားနော် သူမရဲ့ပါရမီကို မင်း အလကား ဖြစ်မသွားစေချင်ဘူးမလား"

ခပ်ချောချော အမျိုးသမီးသည် ချူယောင်အပေါ်၌ လွန်စွာနွေးထွေးသလောက် သူ့အပေါ်တွင် အေး
တိအေးစက်နိုင်လှသည်ဟု လုံချန်ထင်သည်။သစ်သားဓာတ်ပါသည့် သိုင်းသမာြးဖြစ်သည်တဲ့လား။
၎င်းသည် မည်သည်ကိုဆိုလိုခြင်းဖြစ်သနည်း။လုံချန် နားမလည်ချေ။သို့သော် အနှီအမျိုးသမီး ထိုစကားကို
ပြောချိန်တွင် အခြားအကြီးအကဲများအားလုံးသည် သက်မကိုယ်စီ ချလိုက်ကြလေသည်။

"ညီမလေး ဒါက အစွမ်းရှိတဲ့ သစ်သားအပိုင်းအစလေး တစ်ခုပဲ ညီမလေးရဲ့ ချီဓာတ်ကို ဒီထဲထည့်လိုက်"

ခပ်ချောချောအမျိုးသမီးက နွယ်မျှင်လေးတစ်မျှင်အား ချူယောင်ကို ပေးရာ ချူယောင်က နားမလည်
နိုင်ဟန်ဖြင့်ယူရသည်။အခြားအကြီးအကဲများကလည်း သူမကို နီးနီးကပ်ကပ် ကြည့်နေကြသောကြောင့်
ချူယောင်က အနည်းငယ် ကြောက်လန့်နေ၏။

"မကြောက်နဲ့ အကိုရှိတယ် သူ ပြောတဲ့အတိုင်းလုပ်ကြည့်လိုက်" လုံချန်က သူမကို ညင်သာစွာ
နှစ်သိမ့်ရသည်။လုံချန်၏ စကားကို ကြားမှ ချူယောင်စိတ်အေးသွားသည်။သူမသည် မျက်လုံးများကို
မှိတ်၍ စိတ်ကို အတတ်နိုင်ဆုံး ဖြေလျှော့ထားလိုက်သည်။ထို့နောက် ဒန်တမ်ထဲမှ ချီစွမ်းအင်များကို
သစ်နွယ်လေးထဲသို့ ခပ်ဖြေးဖြေးထည့်သည်။

တင်္ဂ ကြာလျှင် လုံချန်နှင့် အကြီးအကဲများမှာ ချူယောင်ကို ကြည့်၍ အံ့အားသင့်ကြရသည်။မူလတွင်
ငုတ်တိုလေးဖြစ်နေသည့် နွယ်လေးသည် အကိုင်းအခက်များ ထွက်လာကာ တစ်တည်းသော အကိုင်း
တစ်ခုတွင် ပန်းပွင့်လေးတစ်ပွင့် ပွင့်လာလေသည်။ထိုပန်းပွင့်လေးကို မြင်လျှင် ခပ်ချောချောအမျိုး
သမီး၏ နှုတ်ခမ်းထက်၌ ကျေနပ်သော အပြုံးရိပ် တစ်ခုပေါ်လာ၏။သူမ ထင်ထားသည့်အတိုင်းပင်။

သူမသည် ချူယောင်ကို စတွေ့စဉ်ကပင် သစ်သားဓာတ်ပါသည့် သိုင်းသမား တစ်ဦးဖြစ်မည်ဟု
ရိပ်မိနေခဲ့သည်။ချူယောင်၏ သစ်သားစွမ်းအားသည် မည်မျှ အစွမ်းထက်သည်ကိုသာ သူမမသိခြင်းဖြစ်
၏။နွယ်ပင်၌ ပွင့်နေသည့် ပန်းကလေး ကို ကြည့်လျှင် ချူယောင် သည် သစ်သားဓာတ်နှင့် ပတ်သတ်
သည့် သိုင်းကျင့်စဉ်ကို ကျင့်ကြံ့နိုင်မည်ဖြစ်ကြောင်းထင်ရှား၏။သစ်သားဓာတ်ပါသော သိုင်းသမားများ
မှာ တစ်သန်းတွင် တစ်ယောက်၊ လွန်စွာရှားပါးလှသည်။

ခပ်ချောချောအမျိုးသမီးသည် သူမ၏ဂိုဏ်းသို့ ပြန်ရန် စဉ်းစားနေချိန်မှာပင် ချူယောင်၏လက်ထဲမှ
နွယ်ပင်လေးတွင် ဒုတိယ ပန်းလေးတစ်ပွင့် ပွင့်လာပြန်၏။ခပ်ချောချော အမျိုးသမီး မျက်လုံးပြူးသွား
သည်။သို့ရာတွင် ထိုမျှနှင့်ရပ်မသွားပဲ တတိယ ပန်းတစ်ပွင့် ထပ်ပွင့်လာပြန်၏။

"အဟမ်း  ကောင်းပြီ ညီမလေးရဲ့ ပါရမီက မဆိုးဘူး စွမ်းအားတွေ အကုန်မခံနဲ့တော့" ခပ်ချောချော
အမျိုးသမီးသည် ချူယောင်၏ လက်ကို ဂရုတစိုက်ဖြင့် ဆွဲယူလိုက်သည်။

"မမ..ကျွန်မ မပင်ပန်းသေးပါဘူး ဆက်လုပ်လို့ရသေးတယ်....."

"ညီမလေး ဆက်လုပ်လို့ရသေးတာကို မမသိတယ် ဒါပေမယ့် ညီမလေးအတွက်ဒါက ပထမဆုံး
အကြိမ်ဆိုတော့ စွမ်းအင်တွေကို ဒီလောက်မသုံးရဘူး"

"ဟုတ်ကဲ့ပါမမ" ချုယောင်က သူမစကားကို နားထောင်လိုက်သည်။

"ညီမလေးက သိပ်ချစ်ဖို့ကောင်းတာပဲ မမနာမည်က ဟွာယု တဲ့ နောက်ဆိုရင် မမဟွာလို့ပဲခေါ်
ပေါ့ ညီမလေးကချစ်ဖို့ကောင်းတော့ ဂိုဏ်းကလူတွေသိပ်ချစ်ကြမှာပဲ" ဟွာယုသည် အတော်ပင်
ကျေနပ်လျှက်ရှိရာ သူမကို ကြည့်ရသည်မှာ ရှိရင်းစွဲ အသက်ထက်ပင်ပို၍ ငယ်သွားသကဲ့သို့ထင်ရ
လေသည်။

"ဂုဏ်ယူပါတယ် အကြီးအကဲဟွာ အကြီးအကဲရဲ့ ဂိုဏ်းကတော့ နောက်တစ်ခါထပ်ပြီး အင်အား
ကြီးလာဦးတော့မှာပဲ" တုဖုန်းက ၀မ်းသာစကားဆိုသည်။

တုဖုန်းနှင့်ဟွာယုသည် လွန်စွာရင်းနှီးဟန်ရှိပြီး ကောင်းကင်နန်းတော်ကိုလည်းကောင်းကောင်းသိဟန်
တူသည်။ဂိုဏ်းများအနေဖြင့် ဂိုဏ်းသားလက်ခံရာတွင် စိန်ခေါ်မှုများဖြင့် အလွန်အမင်းရင်ဆိုင်ရလေ့
ရှိကာ ဂိုဏ်းသားအသစ်တစ်ယောက် ဂိုဏ်းထဲသို့အောင်မြင်စွာရောက်လာပြီဆိုလျှင်လည်း သားအရင်း
ကဲ့သို့ပင် တန်ဖိုးထားတတ်ကြလေသည်။

"ဟီးဟီး ကျေးဇူးတင်ပါတယ်ရှင်" ဟွာယုမှာ မူလအတိုင်းတည်တည်ငြိမ်ငြိမ်ဖြစ်နေသည်ဟု
ထင်ရသော်လည်း သူမ၏ စိတ်လှုပ်ရှားမှုများကိုကား ကွယ်ဝှက်မထားနိုင်ပါချေ။

"မမ ကျွန်မ လုံချန်နဲ့ မခွဲနိုင်ဘူး..." ချူယောင်က လုံချန်ကိုကြည့်သည်။

"အိုက်ယား အရူးမလေး ရွှမ်ရှင်း ကျောင်းတော်နဲ့ ကောင်းကင်နန်းတော်က နီးနီးလေးရယ်
ကြားမှာ တောင်တစ်လုံးပဲခြားတယ် ခဲနဲ့လှမ်းပေါက်တောင် ထိတယ်...ညီမလေးတို့အချင်းချင်း
ဆန္ဒရှိတဲ့အခါ တွေ့လို့ရသားပဲ" ဟွာယုက ပြုံးသည်။

"တစ်ကယ်လား" ချူယောင်က မေးသည်။

"တစ်ကယ်ပေါ့ရှင်...မမက ညီမလေးကိုလိမ်မလား မမကို မယုံဘူးဆိုရင် ဒီအကြီးအကဲတွေကို
မေးကြည့်လေ ကျွန်မပြောတာ ဟုတ်တယ်မလား အကြီးအကဲတို့" ရှောင်ဟွာက မေးသည်။

"ဟုတ်တယ် အမှန်ပါပဲ ကြားမှာ တောင်တစ်လုံးပဲခြားတယ်" အကြီးအကဲတစ်ယောက်က အလေး
အနက်အမူအယာဖြင့်ပြောသည်။

"အမှန်ပဲ ကျောက်ခဲနဲ့ ပစ်ရင်တောင်ထိတယ်" အခြားအကြီးအကဲတစ်ယောက်ကလည်း ဖြည့်စွက်
ပြော၏။သို့သော် မည်သည့်အတွက်ကြောင့်ရယ်မသိ။၎င်းတို့ကြားတွင် တစ်ခုခု ထူးဆန်းနေသကဲ့သို့
လုံချန်ခံစားရသည်။လုံချန်သည် တစ်ခုခုပြောတော့မည်ပြင်လျှင် ခပ်ချောချော အမျိုးသမီးသည် သူ့
ထံလျှောက်လာ၏။ထို့နောက် သူမသည် လုံချန်၏ လက်မောင်းတစ်ဖက်ကို ကိုင်၍ အလွန်ဖော်
ရွေဟန်ဖြင့် ပြောသည်။

"လုံချန်...ညီမလေးကို အကောင်းဆုံးဖြစ်စေချင်ရင် ကောင်းကင်နန်းတော် ဂိုဏ်းကို ထည့်လိုက်ပါ"

"စီနီယာ..."

"ဘာစီနီယာတုန်း....ကျုပ်ကို မမလို့ပဲခေါ်စမ်းပါ စီနီယာဆိုလို့ခေါ်တာကိုနားထောင်ရတာ အသက်
တော်တော်ကြီးသွားသလိုခံစားရတယ်"

ထို့နောက် သူမသည် အသံကိုနှိမ့်၍ လုံချန်နှင့်သူမ နှစ်ကိုယ် ကြားရုံလေသံဖြင့်ပြောလေသည်။

"ကောင်လေး ငါပြောတာကိုလက်မခံရင် မင်းကို ငါ အရှက်ခွဲမှာနော်"

လုံချန်ပါးစပ်ပြဲသွားသည်။ထို့နောက် တင်္ဂ သူတိတ်ဆိတ်သွား၏။

"လုံချန် ... ချူယောင်ဟာ ကောင်းကင်နန်းတော်ဂိုဏ်းမျိုးနဲ့ သာ သင့်တော်တယ် ဒီလိုမှမဟုတ်ရင်
ဒီလောက်အဖိုးတန်တဲ့ပါရမီရှင်တစ်ယောက် က အလကားဖြစ်သွားလိမ့်မယ်"

နောက်ဆုံး၌ တုဖုန်းမှာ မနေသာ။၀င်၍ ပြောရတော့သည်။

"ကောင်းပြီလေ တောင်တစ်လုံးပဲခြားတယ်ဆိုတော့လည်း ကျွန်တော်တို့  ဆန္ဒရှိတဲ့အခါ တွေ့လို့
ရတာပဲ" လုံချန်က ပြုံးသည်။

ထိုအခါမှသာ ဟွာယု သည် လုံချန်၏လက်မောင်းကိုလွှတ်ကာ တဟားဟား ရယ်၏။

"မောင်လေးက စိတ်ထားမြင့်မြတ်လိုက်တာ....ဒါမှ ယောကျာ်းကောင်းလို့ ခေါ်ထိုက်တာ မောင်လေးရဲ့"

သူမသည် ထိုသို့ချီမွမ်းပြီးနောက်လုံချန်အား 'ကောင်လေး မင်းက ငတုံးတစ်ယောက်တော့မဟုတ်ဘူးပဲ' ဟူ
သည့်အကြည့်မျိုးဖြင့်လှမ်းကြည့်လိုက်သေးသည်။လုံချန် မည်သို့ပြောရမည်မသိဖြစ်နေသည်။
အဆင့်မြင့်သိုင်းသမားကြီးများ၏ ဦးဏှောက်သည် တစ်ခုခုပင်ဖြစ်နေကြသည်လား။ထိုသို့မဟုတ်လျှင်
အနှီအဆင့်မြင့် သိုင်းသမားကြီးတို့၏ တွေးတောပုံအား သာမာန်လူများကပင် လိုက်မမှီနိုင်ကြခြင်း
ပေလား။သူလည်း မပြောတတ်ပါချေ။

နောက်ဆုံးတွင် လုံချန်နှင့် လူကြမ်းလေးတို့က ရွှမ်ရှင်း
ကျောင်းတော်သို့ ဂိုဏ်းသားအဖြစ်၀င်ရောက်
ရန် ဆုံးဖြတ်လိုက်ကြသကဲ့သို့ ချူယောင်ကလည်း ကောင်းကင်နန်းတော်ဂိုဏ်းသို့  ဟွာယုနှင့်
အတူ လိုက်ပါသွားမည်ဖြစ်သည်။သူတို့အဖွဲ့သည် မှော်ကျောက်တုံးမိုင်း၏ အကျိုးအမြတ်ခွဲဝေရေး
ကိစ္စ ဝိစ္စများ ပြီးပြတ်ချိန် ရက် အနည်းငယ်အတွင်း မိမိတို့ ဂိုဏ်းအသီးသီးတို့ပြန်ကြမည်ဖြစ်သည်။

လုံချန် က ချူယောင်နှင့်အတူ ပြန်တော့မည့် အချိန်တွင် ခပ်ချောချောအမျိုးသမီးသည် သူ့ကို
နောက်တစ်ကြိမ်ထပ်ကြည့်ပြီး ပြုံး၍ သတိပေးသည်။

"ကောင်လေး ချူယောင်က ရှန်ရှင်း အဆင့်ကို မရောက်မချင်း လုံး၀သန့်စင်တဲ့ အပျိုဖြစ်နေရမှာနော်
မင်းတစ်ခုခု လုပ်လို့ကတော့ မင်း..ဟာကို ဖြတ်ပြီး ခွေးစာကျွေးပစ်မယ်"

လုံချန် နောက်တစ်ကြိမ်ထပ်၍ ပါးစပ်ပြဲသွားပြန်ပါ၏။

MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၁၈)မိုင်တစ်သောင်းသို့တစ်ကိုယ်တော်ခရီး

လုံချန်သည် အိမ်ပြန်ရောက်သည်နှင့် သူ့အချိန်အများစုကို မိဘ များနှင့်သာကုန်ဆုံးစေခဲ့ပါသည်။
ကျယ်ပြောသည့်လောကကြီးထဲသို့ သူသည် ခရီးထွက်ရပေတော့မည်။ထို့ကြောင့်လက်ကျန်အချိန်
ကလေးများသည် သူ့အတွက် ရွှေထက်ပင်တန်ဖိုးကြီးမားပါ၏။တစ်ကြိမ်တွင် သူနှင့် ချူယောင်က
အင်ပါရီယာ နန်းတွင်းသို့အလည်အပတ်သွားရောက်ရာ ချူဖန် သည်အတော်ကလေးအံ့အားသင့်
နေသည်။

"ဘယ်လိုလည်းကွ အခုပြည့်ရှင်မင်းတြားကြီးဖြစ်တော့မယ်ဆိုတော့ ရာဇအိနြေ္ဒတွေ အပြည့်နဲ့ပါလား"

လုံချန်က ချူဖန်ကို စနေ၏။ချူဖန်က သူတို့နှစ်ယောက်လာလည်သည့်အတွက် အတော်ကလေးပျော်
နေသည်။

"အကိုလုံ...မမ...ဘယ်လိုလုပ် ရောက်လာကြတာလည်း"

"မမတို့က အနာဂတ်ရဲ့ ရေမြေ့သခင် ဘုရင် လေးကိုလာကြည့်တာပါကွ ... ထင်ထားတဲ့အတိုင်းဘုရင်
လေးက ထက်မြက်သားပဲ" ချူယောင်က ပြောရင်းတဟားဟားရယ်၏။ချူဖန်သည် မျက်နှာများ နီမြန်း
၍ ရှက်ရွံ့ဟန်ဖြင့် ပြောလေသည်။

"အင်ပါယာ တစ်ခုလုံးက အခုဆိုရင် ထိန်းမနိုင်သိမ်းမရ ဖြစ်နေတယ်...အခု အဲ့ဒိကိစ္စတွေကို ကျွန်
တော်ကိုင်တွယ်နေရတော့ အိပ်ချိန်တောင်အနိုင်နိုင်ဖြစ်နေတော့တာပဲ"

လုံချန်က ချူဖန်၏ မျက်လုံးကို ကြည့်လိုက်သည်။မှန်သည်။အိပ်ရေးပျက်လွန်းသည်ကြောင့်ထင့်
ချူဖန်၏ မျက်၀န်းများသည် နီရဲနေကြသည်။

"ခေါင်းဆောင်တစ်ယောက်ရဲ့ အကောင်းအဆုံးအရည်းအချင်းဟာ ကိုယ့်လူတွေ့ကို သူ့နေရာနဲ့သူ ခိုင်း
တတ်ဖို့ပဲ ဒီလိုမဟုတ်ပဲ ကြောင်အလုပ်၊ကြောင်မလုပ်ရင် ပင်ပန်းလွန်းလို့ မင်း သေဖို့ပဲရှိမယ် ဖီးနစ်ကို
စတည်ထောင်ကတည်းက အုပ်ချူပ်သူ မင်းအဆက်ဆက်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊အတိုင်ပင်
ခံတွေရှိကြတယ် အရည်အချင်းမမှီတဲ့ မင်းတွေဘေးမှာတော့ ဖော်လံဖား၊ညာဝါးစား တဲ့သူတွေပဲ
ရှိတာပေါ့ကွာ အုပ်ချူပ်သူ မင်းတစ်ပါးဟာ အခြားသူတွေရဲ့ကောင်းကွက်ဆိုးကွက်ကို မြင်တတ်ရတယ်
နောက်ပြီးတော့  မင်းမှာ ဘာနဲ့မှ ဖျားယောင်းလို့မရတဲ့ ခိုင်မာတဲ့ စိတ်ထား ရှိထားရမယ်....မင်းအာ
ဏာကို အင်ပါယာတစ်ခုလုံး လွှမ်းချင်လား...ရတယ်...မင်းအနေနဲ့ ရက်စက်တတ်ရမယ် အကြင်နာ
မဲ့ရမယ်"

လုံချန်သည် သူ့၏ နောက်ဆုံးစကားကို တင်းမာခက်ထန်သည့် မျက်နှာဖြင့်ပြောလေရာ ချူဖန်နှင့်
ချူယောင်တို့ များစွာတုန်လှုပ်မိကြလေသည်။

"ရက်စက်တဲ့မင်းတစ်ပါးဖြစ်လာဖုိ့အတွက် လူအများအပေါ်ရက်စက်ရုံတင်မကဘူး မင်းကိုယ်မင်းလည်း
ရက်စက်ရမယ် အဲ့ဒိလိုမှ မဟုတ်ရင် မင်းရဲ့နေရာကို ထိန်းထားနိုင်ဖို့သိပ်ကိုခက်လိမ့်မယ်" လုံချန်က
လေးနက်စွာပြောသည်။

"လုံချန် ဖီးနစ်က အခု အေးချမ်းနေပါပြီ ဖီးနစ်ကို တစ်ချိန်လုံးကျားချောင်းသလို ချောင်းနေတဲ့ မဟာရှ
ကလည်း အခုဆိုရင် ပြည်တွင်းရေးတွေနဲ့ ရှုပ်ထွေးနေတယ် အနာဂါတ်မှာ ဖီးနစ်ရဲ့ ရန်သူဆိုတာ
မရှိတော့ပါဘူး ဘာ့ကြောင့် ချူဖန်ကို ကြောက်လန့်အောင်လုပ်နေတာလည်း" ချူယောင်က မကျေ
မနပ်ဖြင့်ပြောသည်။

"မမ... အကိုလုံ ပြောတာမှန်တယ် ထက်မြက်တဲ့ အုပ်ချူပ်သူ ဘုရင်အဆက်ဆက်ဟာ ရက်စက်သူ
တွေကြီးပဲ အခု ကျွန်တော်တို့မင်းဆက်ရဲ့ ရန်သူကို အကိုလုံတို့သားအဖက သုတ်သင်ရှင်းလင်း
လိုက်တယ် ဒါပေမယ့် အင်ပါယာ ဟာ နောက်တစ်ဖန် ပြန်ကျဆင်းလာတာနဲ့ အင်အားကြီးတဲ့ရန်သူ
နဲ့ ရင်ဆိုင်လာရဦးမှာပဲ တစ်ကယ်လို့ ကျွန်တော်သာ ရက်စက်တဲ့နှလုံးသားမရှိပဲ သာမာန်လေးပဲ
အုပ်ချူပ်နေခဲ့ရင် ကျွန်တော်ဟာ နောက်ပိုင်းမျိုးဆက်အတွက် မျက်နှာပြစရာမရှိပဲ ဖီးနစ်လည်း ကျွန်
တော့်လက်ထက်ကနေစပြီး အာဏာကျဆင်းလာလိမ့်မယ် အဲ့ဒိအချိန်...ကျွန်တော့်ရဲ့ သားစဉ်၊မြေးဆက်
လက်ထက်ရောက်လာခဲ့ရင် အင်ပါယာတစ်ခုလုံးတောင် ပြိုလဲကျသွားနိုင်တယ် အကိုလုံ...ကျွန်တော်
နားလည်ပြီ" ချူဖန်ကပြောသည်။

"မင်းက အကိုလုံ...အကိုလုံ..ဆိုပြီး ခေါ်နေတာ သိပ်မကောင်းလှဘူးကွ...အဲ့ဒိတော့ ယောက်ဖတော်
လို့ ခေါ်တာ ပိုကောင်းမယ်နဲ့တူတယ်"

"လုံချန်...ရှင်....လူဆိုး" ချူယောင်သည် အရှက်အကြောက်ကြီးသူလေးတစ်ယောက်ဖြစ်၏။သူမသည်
လုံချန်ကို လှမ်းရိုက်၍ မျက်နှာလေးနီကာ တစ်ချိုးတည်းပြေးလေတော့သည်။ချူယောင်ထွက်သွားသည်
နှင့် လုံချန်က ချူဖန်ဘက်သို့လှည့်၍ ပြောသည်။

"မင်း မမ နဲ့ ငါက ဖီးနစ်ကတွေ သွားရတော့မယ် အခုနန်းတွင်းကိုလာတာက ညီလေးကို လာနှုတ်ဆက်
တာလေ"

၀မ်းနည်းနာကျင်မှုများကို ချူဖန်၏ မျက်၀န်းတွင် သူ အထင်သားတွေ့ရသည်။

"ကျွန်တော် သိပြီးပါပြီ မမ နဲ့ ကျွန်တော်ဟာ အခုအရွယ်ရောက်လာတဲ့အထိ တစ်ယောက်အပေါ်
တစ်ယောက် မှီခိုပြီးနေခဲ့ရတာ အန္တာရာယ်ကင်းကင်းနေရဖို့အတွက် ကျွန်တော်တို့မောင်နှမ နှစ်ယောက်
ဟာ ဟန်ဆောင်မျက်နှာဖုံးကိုယ်စီ စွပ်ခဲ့ရတယ် နောက်ဆုံးတော့ ကျွန်တော်တို့ခွဲရတော့မှာပေါ့...မမ
ဟာ အကိုလုံကို အရမ်းချစ်တယ် ဆိုတာ ကျွန်တော်သိတယ် အကိုကလည်း မမကို ရတနာ တစ်ပါး
လိုတန်ဖိုးထားတယ် ဆိုတာ ကျွန်တော်သိရတော့ စိတ်ချပါပြီ"

"စိတ်မပူပါနဲ့ ညီလေး မင်းမမထိခိုက်စေမယ့် အလုပ်မျိုးကိုငါက ဘယ်တော့မှလုပ်မှာ မဟုတ်လို့
မင်း စိတ်အေးအေးနဲ့သာ တိုင်းပြည်ကို အုပ်ချူပ်ပါ" လုံချန်က ပြော၏။

ချူယောင်နှင့် လုံချန် သည် နန်းတော်မှ ထွက်ခွာတော့မည့်အချိန်တွင်  နန်း၀တ်နန်းစားဖြင့် လွန်စွာ
သပ်ရပ်နေသည့် ဖက်တီးယုကို တွေ့သည်။

"အကိုလုံ အခုမှတွေ့တော့တယ်...ကျွန်တော်တို့ အကိုလုံတို့ကို နှုတ်ဆက်ဖို့အတွက် စားပွဲ၊သောက်ပွဲ
ပြင်ထားတယ်"

"မင်းတို့ ဘယ်လို သိတာလည်း" လုံချန် အံ့သြနေ၏။

"မေးစရာလိုသေးလားဗျာ ဒီအကြောင်းကို မြို့တော်မှာ မသိတဲ့သူ တစ်ယောက်မှ မရှိတော့ဘူး မြန်မြန်
သွားကြရအောင် မမူးမချင်း အိမ်မပြန်ရဘူးဗျာ"

"လုံချန် မင်းက တစ်ကယ်သွားတော့မလို့လား" စားသောက်ဆိုင်တွင် ရှီဖန်တို့ ရောက်နေကြပြီဖြစ်သည်။

လုံချန်က ခေါင်းငြိမ့်သည်။

"ပိုပြီး ကျယ်ပြောတဲ့လောကကြီးကို ငါကြည့်ချင်တယ်...ရှီဖန် မင်းလည်းလိုက်ခဲ့ပါလား"

ရှီဖန် မျက်လုံးများ အရောက်တာလာကြသည်။သို့သော် လျင်မြန်စွာဖြင့် ပြန်လည်မှိန်ဖျော့သွားကြပြန်၏။
ရှီဖန် ကခေါင်းယမ်းသည်။

"အင်း .. မေ့တော့မလုိ့ပဲ ငါ့ရဲ့အစွမ်းအစလေးနဲ့ ဘယ်လိုလုပ်တတ်နိုင်မှာလည်း"

"မင်းက ဒီနေ့တယ်နှိမ့်ချ လှချည်လား" လုံချန်က တဟားဟားရယ်သည်။

"ဟားဟား အကိုလုံ ရှီဖန်က အမြဲအဲ့ဒိလိုပဲ မြို့တော်ကနေ သူ ဘယ်ခွာချင်ပါ့မလည်း သူ့ ကောင်မ
လေးနဲ့မှ မခွဲနိုင်တာ" ရှုဟူ က ရှင်းပြသည်။

"ကောင်မလေးဟုတ်လား"

"လုံချန် ဒီကောင်တွေပြောတဲ့ပေါက်ကရတွေကို နားမထောင်နဲ့" ရှီဖန် မျက်နှာ ဖြန်းကနဲနီသွား၏။

"အကိုလုံ ရှီဖန်နဲ့ အကိုက ညီအကိုတွေလိုပဲမလား အခုအကိုမှာ နောက်ထပ်ဆွေမျိုးတစ်ယောက်
တိုးတော့မယ်" အခြားတစ်ယောက်ကလည်း ထူးထူးဆန်းဆန်းဖြင့်ရယ်၍ ပြောလာ၏။

"ဘယ်လိုဆွေမျိုးလည်းဟ" လုံချန် သိပ်သိချင်လာသည်။

"ဟီးဟီး နောင်ဆိုရင် အကိုတို့နှစ်ယောက် မယားညီအကိုတွေဖြစ်တော့မယ်လေ" ဖက်တီးယုက တစ်
ခွီးခွီးဖြင့်ရယ်သည်။

လုံချန်နှင့် ချူယောင် နှစ်ယောက်စလုံး အံ့အားသင့်ကုန်ကြသည်။ဤကိစ္စနှင့်ပတ်သတ်၍ သူမတို့
မည်သည့် သတင်းကိုမှ တစ်စွန်းတစ်စ မကြားမိခဲ့ကြ။

"ဟီးဟိး အိမ်ရှေ့စံကျေးဇူးကြောင့် ရှီဖန်နဲ့ ဒုတိယ မင်းသမီး ညက်သွားကြတယ်လေ အခုတော့
ချွေးမ အလှလေးကို ရှီဖန်က အိမ်အပါခေါ်သွားနိုင်ပြီ" လုံချန်နှင့်ချူယောင်က တစ်ယောက်ကို
တစ်ယောက် ကြည့်လိုက်ကြသည်။သူတို့မျက်၀န်းများထဲ၌ အံ့အားသင့်မှုများ အထင်းသားပေါ်နေ
သည်။

ချူဖန်နှင့် ဒုတိယမင်းသမီးသည် ကောင်းမွန်သည့်ဆက်ဆံရေးမျိုး ရှိကြသည်မဟုတ်ချေ။သို့သော်
အဆင့်မြင့် သိုင်းသမားတစ်ဦးဖြစ်ပြီး ပါရမီ အလွန်ကောင်းသည့် ရှီဖန်ကို သိမ်းသွင်းနိုင်စေရန် ချူ
ဖန်သည် ဒုတိယမင်းသမီးကို အသုံးချခဲ့ဟန်တူသည။်ယင်းသည် အုပ်ချူပ်သူ ဘုရင်များ လုပ်လေ့ရှိ
သည့် နည်းပရိယာယ် တစ်ခုသာဖြစ်ရာ အံ့သြစရာ သိပ်မရှိလှပါချေ။

သို့သော် ချူယောင်ကမူ အနည်းငယ် စိတ်မသက်သာသလို ခံစားနေရသည်။လုံချန်က သူမ၏ လက်
ကလေးကို ခုံအောက်မှ နေ၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

"ချူဖန်က သူ့ကိုယ်သူ ဘယ်လိုကာကွယ်ရမယ်ဆိုတာ နားလည်ပါတယ်ကွာ...ဒါကကောင်းတဲ့ကိစ္စ
ပဲ မဟုတ်လား အကိုတို့ သူ့အတွက် စိတ်အေးရတာပေါ့"

ချူယောင်က ခေါင်းငြိမ့်သည်။လုံချန်၏ စကားသည်မှန်သည်။အကယ်၍ချူဖန်သာ ဤကဲ့သို့
နည်းပရိယာယ်များ မတတ်ကျွမ်းလျှင် သူမသည် ချူဖန်အတွက်ပိုပြီး စိတ်ပူရပေလိမ့်မည်။
ချူယောင်က ရုတ်တရက်ပြုံး၍ လုံချန်ကိုကြည့်သည်။

"အကို ကျွန်မကို ထားပြီး ထွက်မပြေးသွားရဘူးနော်"

လုံချန်က ရုတ်တရက် ဒေါသထွက်ဟန်ဖြင့်

"အကို ကောင်မလေးကို ဘယ်သူကထားပြီးထွက်ပြေးရဲလည်း အဲ့ဒိလိုလုပ်လို့ကတော့ အဲ့ဒိကောင်ကို
ကြယ်တွေ လတွေ  မြင်သွားအောင် ကောင်းကောင်းသမပေးလိုက်မယ်"

လုံချန်သည် ဒေါသထွက်ဟန်ဖြင့် တမင်ပြောနေသည်ဖြစ်မှန်း သူမသိသော်လည်း ချူယောင်ကမျက်ရည်
လေးများပင် ထွက်အောင် တခစ်ခစ် ဖြင့်ရယ်လေသည်။သူမ မျက်၀န်းထဲတွင် နွေးထွေးမှု
များဖြင့် ပြည့်နေပါ၏။လုံချန်၏ သူငယ်ချင်း တစ်စုကလည်း မကြာမီ ဖီးနစ်ကို လုံချန်စွန့်ခွာတော့
မည်ကို သိလေရာ မူးအောင်သောက်ကြလေသည်။

လုံချန်မှာ အခြားသူများထက်ပင် ပို၍ သောက်နိုင်သူဖြစ်သည့်အတိုင်း သူ့၏ သောက်နှုန်းကို မည်သူမှ
လိုက်မမီ ဖြစ်နေ၏။ယခုအခါတွင် ချူဖန် နန်းတက်တော့မည်ဖြစ်ရာ လုံချန်နှင့် ပတ်သတ်သော ဤသူ
ငယ်ချင်းတစ်စုတို့မှာ ရာထူးကြီးများဖြင့် ချီးမြှောက်ခြင်းကို ခံကြရသည်။ဤသို့ချီးမြှောက်ခံရခြင်းမှာလည်း
လုံချန်၏ သူငယ်ချင်းများဖြစ်နေ၍သာဖြစ်၏။

လုံချန် ထွက်သွားသည်နှင့် လုံချန်ကို သူတို့ဘ၀တွင် နောက်တစ်ဖန် တွေ့ချင်မှပင် တွေ့တော့မည်ဟု
သဘောပေါက်ကြသည်ဖြစ်ရာ သူငယ်ချင်းတစ်စုတို့မှာ စိတ်လွတ်ကိုယ်လွတ်ဖြင့် သောင်းကျန်းချင်
တိုင်းသောင်းကျန်းကြတော့၏။လုံချန်သည်လည်း ထို့အတူပင်။သူလျှောက်သည့်လမ်းကား နောက်ပြန်
လှည့်၍ မရသည့်လမ်းဖြစ်လေသည်။ဤလမ်းသည် သွေးခင်းလမ်းလည်းမည်၏။သူငယ်ချင်းတစ်စုနှင့်
ဤသို့ လွတ်လပ်စွာ သောက်နိုင်ရန်မှာ နောင်အခါတွင် ဖြစ်ချင်မှပင် ဖြစ်နိုင်တော့မည်။

ထိုသို့ဖြင့် အမူးလွန်ပြီး အတုံးအရုံးလေးဖက်ထောက်ကုန်ကြလျှင် လုံချန်သည် ချူယောင်ကို ဂရုတစိုက်
ဖြင့် ထိန်း၍ အိမ်သို့ ယိုင်ထိုး၊ယိုင်ထိုး ဖြင့် ပြန်လာရ၏။နောက်ရက်အနည်းငယ်အတွင်း လုံချန် အပြင်
မထွက်တော့။သူ့၏ အချိန်အများစုကို မိဘနှစ်ပါး အနားတွင်သာကုန်ဆုံးစေသည်။သို့သော် ရက်သတ္တပတ်
ခန့်ရှိသည်တွင် တုဖုန်း နှင့်သူလူများ ပြန်ရန်စီစဉ်ကြပြီဟု သတင်းကြားရလေသည်။

နောက်ဆုံး၌ ဂိုဏ်းများသည် အကျိုးအမြတ်ကို မည်သို့ ခွဲဝေမည်ဟု သတ်မှတ်ပြီးသွားပြီဖြစ်ရာ မိုင်းတွင်း
ကိစ္စအား ကိုင်တွယ်ရန် လူအနည်းအငယ်ကို ထားခဲ့မည်ဖြစ်သည်။ဖီးနစ်၏ လုပ်ငန်းဆောင်တာများ
ကို အနှောင့်အယှက်မဖြစ်စေရန် ၎င်းတို့သည် မှော်ကျောက်တုံး မိုင်းကို ခပ်သွက်သွက် တူးရန် စီစဉ်ထား
ကြရာ အကြမ်းဖျဉ်းအားဖြင့် 6 လခန့်ကြာမည်ဟု ခန့်မှန်းကြသည်။သို့သော် မှော်ကျောက်တုံးများကို
မည်သို့ ခွဲဝေမည်ဟူသည့် အကြောင်းကိုကား အပြင်လူများ တိတိကျကျမသိကြရချေ။

ဖီးနစ်မြို့ အပြင်တွင် မှော်သားရဲကြီးများ ဘေးချင်းကပ် အစီအရီရှိနေကြသည်။လုံချန် ချူယောင် နှင့်လူ
ကြမ်းလေးတို့သည် မြို့အ၀င်ဂိတ်တံခါးတွင် ရပ်နေကြပြီး လုံရှင်းရှောင်နှင့် လုံအမျိုးသမီးမှာမူ မြို့ရိုး၏
ကင်းမျှော်စင်ပေါ်တွင် ရှိနေသည်။လုံအမျိုးသမီးမှာ မျက်ရည်များပြည့်လျှမ်းသည့် မျက်၀န်းများဖြင့်
လုံချန်ကို လက်ပြနှုတ်ဆက်နေရှာသည်။

ချူဖန်သည် ဘုရင်မင်းမြတ်၀တ်ရုံတော်ကို သပ်ယပ်စွာ၀တ်ဆင်ထားပြီး ခေါင်းထက်၌ သရဖူ တစ်ခု
ရှိနေသည်။ယင်းသရဖူသည် ဘိသိတ်ခံပြီးမှသာ ၀တ်ဆင်ရမည်ဖြစ်သော်လည်း သူ့ မမနှင့် သူ ခွဲခွာ
ရခါနီးချိန်တွင် သူသည် သူမမကို ဘုရင်မင်းမြတ်တစ်ယောက်အဖြစ် မြင်သွားစေချင်သည်ဟူ၍ ချူဖန်၏ တောင်း
ဆိုချက်ကြောင့်ဖြစ်သည်။

"သွားကြစို့" ဟွာယုက ချူယောင်ကို တစ်လက်လက် အရောင်များတောက်နေသည့် ဧရာမ
စာကလေး ငှက်ကြီးတစ်ကောင်၏ ကျောပေါ်သို့တင်ပေးလိုက်သည်။ထို့နောက် စာကလေးသည်
အတောင်ပံများ တစ်ဖြတ်ဖြတ်ခတ်၍ ကောင်းကင်ထက်သို့ ပျံတက်သွားလျှင် ချူယောင်မှာမျက်ရည်
လေးများကျပြီး လက်ပြနှုတ်ဆက်ရင်း မိုးကုပ်စက်ဝိုင်းအတွင်းသို့ မှိန်ဖျော့ပျောက်ကွယ်သွားလေ
တော့သည်။

ထိုသို့ဖြင့် အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် မှော်သားရဲ ကိုယ်စီ စီးနင်း၍ ထွက်ခွာသွားကြ
ရာ အကြီးအကဲ တုဖုန်းတစ်ယောက်သာ သူ့၏ သံသိမ်းငှက်ကြီးတစ်ကောင်နှင့်အတူ ကျန်နေခဲ့သည်။
တုဖုန်းသည် နှင်းပွင့်လေးကိုကြည့်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်လေသည်။

"မင်းမှာ နှင်းဝံပုလွေ တစ်ကောင်ရှိမယ်လုိ့ မထင်မိဘူး ကောင်းတာပဲ မင်းအတွက်ပူစရာမလို
တော့ဘူးပေါ့"

သူ့စကားကို ကြားလျှင် လုံချန်က တစ်ခုခုပဲဟု ရိပ်မိသည်။

"နှင်းပွင့်လေးက အရွယ်မရောက်သေးဘူးလေ သိပ်လည်းမလေးပါဘူး အကြီးအကဲရဲ့ သိမ်းငှက်နဲ့
ခေါ်လို့ရတာပဲ"

တုဖုန်းက ခေါင်းခါသည်။

"ပထမတစ်ချက်က ငါ့ရဲ့ တတိယအဆင့် မှော်သားရဲဟာ မင်းတို့နှစ်ယောက်စလုံးကို ခေါ်သွား
နိုင်ပေမယ့် မှော်သားရဲ တစ်ကောင်အပေါ်ကို မှော်သားရဲတစ်ကောင်တက်တာ သူတို့ လက်မခံဘူး
ဒါဟာ သဘာ၀ရဲ့ နိယာမကို ဖောက်ဖျက်ရာကျတယ်"

"ဒုတိယတစ်ချက်...ငါတို့ ရွှမ်ရှင်းကျောင်းတော်ရဲ့ ဓလေ့အရ ဂိုဏ်းသားအဖြစ်၀င်လိုသူဟာ တော၊တောင်
ထဲကို ကိုယ့်အားကို ကိုးပြီ  ရွှမ်ရှင်းကျောင်းတော်ရောက်တဲ့ အထိလာရတယ် ဒါက စမ်းသပ်မှုလုပ်တာ
ပဲ"

လုံချန် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်ကိုမြင်လျှင် တုဖုန်း က ကမန်းကတမ်း ထပ်ပြောသည်။

"မင်းစိုးရိမ် စရာမလိုပါဘူး ရွှမ်ရှင်းကျောင်းတော်ကို လာဖို့ အချိန်တစ်လ ကျော်ပေးထားတယ် မင်းအတွက်
အချိန်လောက်မှာပါ ဒီမှာ မြေပုံယူထား ရွှမ်ရှင်းကျောင်းတော် ရဲ့ တည်နေရာကို အသေးစိတ်ပြထားတယ်"

"ဒါဆို ကျွန်တော်တို့သုံးယောက်က ကိုယ့်အစီအစဉ်နဲ့ကိုယ်လာရမှာလား" လုံချန်က သိပ်အစာမကြေ။
ထိုသို့ဆိုလျှင် အဘယ့်ကြောင့် သူသည် အကြီးအကဲများထွက်သွားသည့်အချိန်ထိ စောင့်နေရန်လိုအပ်
မည်နည်း။

"သုံးယောက်မဟုတ်ဘူး နှစ်ယောက်ပဲ လူကြမ်းလေးက ငါနဲ့ ကျောင်းတော်ကို လိုက်ခဲ့ရမယ် မင်းက
တော့ ဘာ့ကြောင့်လည်းဆိုတာ သိပြီးသားဖြစ်မှာပါ"

လုံချန် ကြိတ် ဆဲလိုက်မိသည်။ဤအရာသည် မျှတသည်ဟုပြောလို့ရပါမည်လား။သို့သော် သူသီးခံရမည်။
သိမ်းငှက်ကြီးပေါ်သို့တက်၍ ထွက်ခွာသွားသော တုဖုန်းနှင့်လူကြမ်းလေးကို ကြည့်ကာ လုံချန်က
မရယ်ချင် ရယ်ချင့် ဟန်ဖြင့်ရယ်သည်။

"ကြည့်ရတာ ငါတို့နှစ်ကောင်တော့ ကိုယ့်ဟာကို သွားရတော့မယ်ထင်တယ်"

"အူ..."

"ဘာလည်း မင်းက သူတို့နောက်လိုက်ချင်တာလား ဒါဆိုလည်း ဘယ်သူအရင်ရောက်
လည်း ပြိုင်ကြစို့" လုံချန်က ရယ်ပြီး နှင်းပွင့်လေး ပေါ်ခုန်တက်သည်။နှင်းပွင့်လေးက တစ်ချက်
ဟိန်းပြီး အဖြူရောင်အလင်းတန်းတစ်ခုကဲ့သို့ ဒုန်စိုင်းပြေးလေတော့သည်။လုံချန်သည် နောက်သို့
လှည့်၍ တစ်ဖြေးဖြေး သေးငယ်လာသည့် မြို့ရိုးပေါ်မှ ပုံရိပ်နှစ်ခုကို ကြည့်သည်။

"ဖေဖေ...မေမေ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ ကျွန်တော် ဖေဖေ မေမေ တို့စီ ကျိန်းသေ ပြန်လာ
ခဲ့ပါ့မယ်" တစ်ချိန်တည်းတွင် သူသည် သူ့၏ အနာဂတ်အတွက် များစွာ စိတ်လှုပ်ရှားနေသည်။

....

ဝေး၍ ဝေး၍ ပျောက်ကွယ်သွားပြီဖြစ်သည့် လုံချန်၏ ပုံရိပ်ကိုကြည့်ကာ လုံအမျိုးသမီးသည် လုံရှင်း
ရှောင်၏ ရင်ခွင်ထဲသို့ ပုံကနဲလဲကျပြီး ပြင်းထန်စွာငိုကြွေးလေတော့သည်။

"မငိုပါနဲ့ မိန်းမရယ် ငါတို့ကလေးက အရွယ်ရောက်နေပြီလေ အတောင်ပံတွေ အစွမ်းကုန်ဖွင့်ပြီး
ကောင်းကင်ထက်မှာ သူ့စိတ်ကြိုက်ပျံသန်းပါစေတော့ကွာ..." လုံရှင်းရှောင်က ဇနီးသည်ကို
နှစ်သိမ့်နေရသည်။

လုံချန်လျောက်မည့်လမ်းကား အတားအဆီး၊ဆူးခလုတ်များဖြင့် ပြည့်နှက်လျှက် ရှိမည်ကို သူကောင်း
ကောင်းသိပါ၏။သို့ရာတွင် သူသည် လဲမကျသေးသရွေ့ တစ်နေ့တွင် လောက၏ ထိပ်ဆုံး၌ ရပ်တည်နိုင်ဦး
မည်ပင်ဖြစ်ပါသည်။

ဤတွင် "ကောင်းကင်ထက်သို့တက်သည့် နဂါး" ဟူသည့် ဆေးသိဒ္ဓိရှင် ပထမတွဲ ပြီးပါပြီ။
ဒုတိယတွဲ မကြာခင်လာပါမည်။

ချစ်ခြင်းများစွာဖြင့်

Patriarch MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၁၉)စတုထ္ထမြောက် သွေးနှောအဆင့်

နက်ရှိုင်းလှသောတောအုပ်ကြီးများ၊မြင့်မားလှသည့်တောင်ကြီးများ၊အပြိုင်အဆိုင်အုပ်မိုးနေကြသော
ကျောက်ကမ်းပါးကြီးများ၊ရံဖန် ရံခါထွက်ပေါ်လာတတ်သည့် မှော်သားရဲ ဟိန်းသံများဖြင့် ပတ်၀န်းကျင်
သည် သက်၀င်လှုပ်ရှားနေသည်။နှင်းပွင့်လေး၏ ကျောပေါ်တွင် လိုက်စီးရသည်မှာ လုံချန်အတွက်
သိပ်အဆင်မပြေလှချေ။

"သောက်အဖိုးကြီး...လူညစ်ကြီး..လူယုတ်မာကြီး" လုံချန်ကား တုဖုန်းကို အဆက်မပြတ်ဆဲနေ
နေသည်။သည်တစ်ကြိမ် သူ နှပ်ချခံလိုက်ရသည်ဟုပြောရမည်။မြေပုံကို ကြည့်လျှင် လုံချန် သေချင်
စိတ်ပင် ပေါက်မိသည်။မြေပုံအရှည်ကြီး၌ ရွှမ်ရှင်းကျောင်းတော်၏ တည်နေရာကို သူ ချက်ချင်းတွေ့
သည်။သို့သော် မြေပုံကို သုံးခေါက်ခန့် ပြန်ကြည့်သည်တွင် ဖီးနစ်မြို့၏ တည်နေရာကို ခြင်တစ်ကောင်
အရွယ်ခန့် အမဲစက်သေးသေးလေးအဖြစ်တွေ့ရ၏။

လုံချန် လုံးဝြကက်သေသေသွားသည်။ထိုသို့ဖြင့် သူသည် မကျေနပ်သေးသည်ဖြစ်ရာ အနီးအပါး မှ
ဖီးနစ်နှင့် အိမ်နီးခြင်းတိုင်းပြည်များကို မြေပုံပေါ်တွင်ရှာကြည့်သည်။ထိုအခါမှ လုံချန် ကြောက်လန့်
တကြားဖြင့်နားလည်သွား၏။ရွှမ်းရှင်း ကျောင်းတော်သည် ဖီးနစ်နှင့် အိမ်နီးခြင်း တိုင်းပြည်များ၏ အကွာ
အဝေးနှင့် နှိုင်းယှဉ်လျှင် မိုင် တစ်သောင်းခန့်ဝေးနေသည်။ထိုအကွာအဝေးသည်ပင် တိုက်ရိုက်ပေါက်
သည့်လမ်းမဟုတ်သေးချေ။

ကြားတွင် တောင်အများအပြား နှင့် အဆင့်မြင့် မှော်သားရဲများနေထိုင်ကျက်စားရာနေရာများကို ဖြတ်
သန်းသွားရပေဦးမည်။တစ်နည်းအားဖြင့် အကယ်၍ လုံချန်သည် ထိုသားရဲကောင်တို့၏ ညစာ မဖြစ်
လိုလျှင် ထို နေရာများသို့ ရှောင်ကွင်းသွားရန်လိုသည်။လုံချန် ဒေါသပြင်းစွာ ထွက်မိသည်။ဤတုဖုန်း
ဆိုသည့် အဘိုးကြီးကား တစ်ကယ့် လူညစ်ကြီးတစ်ယောက်ပင်။သူ့ကို နှပ်ချထားခဲ့သည်။သွေးနှောအ
ဆင့်သာရှိသည့် သိုင်းသမားတစ်ယောက်ကို အနှီအဘိုးကြီးသည် ဤမျှကြမ်းတမ်းသည့် ခရီးရှည်ကြီး
ကို သွားစေချင်သည်တဲ့လား။ကိုယ့်သေတွင်း ကိုယ်တူးခိုင်းသကဲ့သို့ဖြစ်နေ၏။

လုံချန်မသိသည်မှာ ရွှမ်းရှင်းကျောင်းတော်သည် ဂိုဏ်းသားရွေးချယ်ရာတွင် လွန်မင်းစွာ တင်းကျပ်
သည်ဆိုခြင်းကိုပင်ဖြစ်သည်။လုံချန်တွင် စိတ်ဝိညာဉ်အရင်းအမြစ်မရှိ။ထို့ကြောင့် သူ့အနေနှင့် ၀င်ခွင့်
ရရန်ပင်မဖြစ်နိုင်လေရာ တုဖုန်းအဖို့ ဤခရီးရှည်ကြီးဖြင့် ကျောင်းတော်သို့လာရောက်ခိုင်းခြင်းသည်
သူ့အတွက် ချွင်းချက်ထားပေးခြင်းဖြစ်လေသည်။

စိတ်ဝိညဉ်အရင်းအမြစ်မရှိသူ တစ်ယောက်အား ဂိုဏ်းသားအဖြစ် မည်သည့်အတွက်ကြောင့်လက်ခံ
ရမည်နည်းဟု ကျောင်းတော်မှ မေးမြန်းလာခဲ့သော် လုံချန် လာခဲ့သော ဤ မိုင်တစ်သောင်းခရီးရှည်
ကြီးဖြင့် အကြောင်းပြရန် တုဖုန်းက ပြင်ဆင်ထားခဲ့သည်။အကယ်၍ လုံချန်သာ ထို စမ်းသပ်မှုကို
အောင်မြင်လျှင် အခြားအကြီးအကဲများအနေဖြင့် မည်သို့မှ ကန့်ကွက်ကြလိမ့်မည်မဟုတ်ပေ။

လုံချန်က ခရီးလမ်းကြောင်းကိုတွက်ကြည့်သည်။တစ်လအတွင်း ကျောင်းတော်သို့ရောက်ရန် တစ်ရက်
လျှင် မိုင်လေးရာခန့် သူ ခရီးသွားဖို့လိုသည်။အကယ်၍ ဤလမ်းကြောင်းသည် ဖြောင့်ဖြူးနေသည့်
လမ်းကြောင်းသာဖြစ်လျှင် နှင်းပွင့်လေး၏ အလျင်ဖြင့် သူသည် စိုးရိမ်စရာမရှိချေ။သို့သော် တောသည်
လွန်စွာနက်ရှိုင်းလေရာ သူတို့နှစ်ယောက်၏ ခရီးသည် ပို၍ ခက်ခဲပေတော့မည်။ထို့ပြင် မှော်သားရဲများ
၏တိုက်ခိုက်မှုများကိုပါ သူတို့ကြုံတွေ့ရသေး၏။

7ရက်ခန့်မျှ သွားမိလျှင် လုံချန်သည် တိုက်ပွဲကြီးများအတော်ဆင်နွှဲပြီးပြီဖြစ်သည်။သွားရာလမ်းတစ်
လျှောက် ပိတ်ဆို့လျှက် ရှိသော မှော်သားရဲများကို လုံချန်က ရှင်းလင်းသုတ်သင်ခဲ့ရသည်။တစ်ပတ်
အတွင်း သူ သွားခဲ့သည့် ခရီးသည် မိုင်ပေါင်း 550 သာ ရှိသေးရာ သူမျှော်မှန်းထားသည်ထက်များ
စွာနည်းနေသေးသည်။

ယင်းအတွက်ကြောင့်လုံချန်သည် အစာမကြေ။သို့သော် မည်သိုမှလည်း မတတ်နိုင်ချေ။

...

နီရဲနေသော မီးတောက်တစ်ခုက တစ်ဖြောက်ဖြောက်မည်သံပေး၍လောင်ကျွမ်းနေ၏။မီးညွှန့်သည်
သုံးမီတာခန့်အထက်သို့တက်နေရာ ပတ်၀န်းကျင်တစ်ခိုတွင် လင်းကျင်းလျက်ရှိ၏။မီးပုံ၏ ဘေးတွင်
မီတာ များစွာရှည်သောမြွေကြီးတစ်ကောင်ရှိနေသည်။သို့သော် မြွေကြီးမှာ အကြေးခွံများချွတ်
၍ တုတ်ကြီးဖြင့်ထိုးကာ ကင်ထားခြင်းကိုခံနေရလေသည်။

လုံချန် နှင့် နှင်းပွင့်လေးက ကျက်သည် ဆိုရုံဖြင့် မြွေကို မီးပုံပေါ်မှချပြီး အသကုန်လွေးကြတော့၏။
ပုံမှန်အားဖြင့် ဆိုလျှင် လုံချန်သည် ဤမျှ စားလေ့စားထမရှိသော်လည်း တုဖုန်းကို ဒေါသထွက်နေ
သည်ဖြစ်ရာ ဒေါသထွက်လေ မဲ၍ စားလေဖြင့် အသားများအတော်ပင် ပြောင်သွားလေသည်။သို့သော်
နှင်းပွင့်လေးမှာမူ သူ့ထက် လေးငါးဆခန့်ပိုစားနိုင်နေသည်။

ပုံမှန်အားဖြင့် တောနက်ထဲတွင် ယခုကဲ့သို့ မီးပုံဖို၍ ချက်ပြုတ် စားသောက်ခြင်းက လွန်စွာအန္တာရာယ်များ
လှသည်။မီး၏ အလင်းရောင်သည် ရက်စက်ကြုမ်း ကြုတ်သောမှော် သားရဲကောင်များကို ဆွဲဆောင်
သလို ဖြစ်တတ်သည်။သို့သော် လုံချန်က ဤအရာများကို ဂရုလည်း မစိုက်နိုင်တော့ချေ။သူ့တွင်
အချိန်သိပ်မရှိတော့။လက်ကျန်အချိန်ကို မြန်မြန်အသုံးပြုရန် သူလိုသည်။သူသည် နေ့ဘက်တွင်
ခရီးအပြင်း နှင် ပြီး ညဘက်တွင် သိုင်းကျင့်လေသည်။

မှော်သားရဲ တစ်ကောင်ဖြစ်သော နှင်းပွင့်လေးမှာမူ ပြင်ပခန္ဓာကိုယ်သည် လွန်စွာသန်မာသောကြောင့်
ရက်အတန်ကြာသည်ထိတိုင် နေ့ရောညပါ ခရီးနှင်နိုင်စွမ်းရှိလေသည်။ထို့ပြင် နှင်းပွင့်လေးမှာ သိုင်း
ကျင့်ရန်လည်းမလိုအပ်ချေ။အစား စား ရလျင်ပင် သူ့အတွက်လုံလောက်လေသည်။

သို့ရာတွင် သူတို့သွားရာလမ်းတစ်လျောက်လုံး၌ မှော်သားရဲများမှာ ခြေချင်းလိမ်နေသည်။လုံချန်က
စား၊သောက် ပြီးသည်နှင့် နှင်းပွင့်လေးကို အစောင့်အဖြစ်ထား၍ သိုင်းစကျင့်သည်။နှင်းပွင့်လေးမှာ
ယခင်ကထက်များစွာ အကောင်းထွားလာခဲ့ရာ ငါမီတာခန့် ရှည်ထွက်လာပြီးလျှင် အမြင့်က သူ့
အရပ်နီးပါးပင် ရောက်နေပြီဖြစ်သည်။

ထို့ပြင် သူ့၏ အလျှင်ကလည်း ယခင်ကထက်များစွာတိုးတက်လာခဲ့သောကြောင့် တစ်လအတွင်း
ရွှမ်းရှင်း ကျောင်းတော်သို့ရောက်ရန် စိတ်မပူရတော့ပေ။သူသည် မန်ချီကို သိပ်ကျေးဇူးတင်မိသည်။
နှင်းပွင့်လေးကို သူ့ထံ ပို့ပေးလိုက်ခြင်းသည် သူ့အတွက်လွန်စွာအထောက်အကူရသည်။

လုံချန်က မျက်စိကို ခပ်ဖြေးဖြေး မှိတ်လိုက်သည်။တင်္ဂအတွင်း စိတ်ငြိမ်သက် သည့်အဆင့်သို့
သူရောက်သွား၏။သူ့၏ စိတ်သည် ဗလာနယ်သို့ ချည်းကပ်သွားသည်။မီတာ သုံးရာခန့်ရှိသည့်
အလင်းစက်ကွင်းသည် သူ၏ နောက်ကျောတွင်ပေါ်လာပြီး ချီစွမ်းအင်များကို အငမ်းမရစုပ်ယူ၏။

ချီစွမ်းအင်သည် ဖုန်ဖူကြယ်ထဲသို့၀င်ချိန်တွင် ဖုန်ဖူကြယ်သည် ချီစွမ်းအင်ကို ဖိချလိုက်ရာ လွန်
စွာသန့်စင်သည့်ချီစွမ်းအင် အဖြစ်သူ့၏ သွေးနှင့်ပေါင်းစပ်သွားသည်။ထိုသို့ သွေးထဲသို့ ချီဓာတ်
ရောက်သည်နှင့် တည်ငြိမ်စွာလည်ပတ်လျှက်ရှိသော သွေးများမှာ တစ်ဝုန်းဝုန်းဖြင့် ရေများစီးဆင်း
သကဲ့သို့ လျှင်မြန်စွာလည်ပတ် စ၊ီးဆင်းလာကြ၏။

ယင်းကဲ့သို့ ချီဓာတ်၏ သန့်စင်လိုက်မှု ကြောင့် သွေးထဲမှ အညစ်အကြေးများသည် သူ့၏ မွှေးညင်း
ပေါက်များမှ တစ်ဆင့် ချွေးထွက်သကဲ့သို့ အပြင်သို့ထွက်လာလေသည်။ယင်း အညစ်အကြေးများ
မှာ လွန်စွာပြင်းသည့်အနံ့မျိုးရှိသည်။ဤဆင့်ကား ချီပေါင်းစပ်ခြင်းသို့ ချီပျော်၀င်ခြင်းအဆင့်ပင်ဖြစ်
သည်။ထိုကဲ့သို့ သန့်စင်လိုက်မှုကြောင့် သူ့၏ သွေးသည် အညစ်အကြေးများကင်းစင်ပြီး သူ၏ ခန္ဓာ
ကိုယ်သည်လည်း ယခင်ကထက် လွန်စွာ သန်မာလာရသည်။

၀ုန်း....

ပေါက်ကွဲသံခပ်အုပ်အုပ်ကိုကြားရသည်။လုံချန်က တဟာုးဟားရယ်၏။ထို့နောက်သက်ပြင်းကြီးကိုချ၍
မှိတ်ထားသည့်မျက်လုံးကို ပြန်ဖွင့်လိုက်သည်။အရှေ့ဘက်တွင် ရောင်နီပင်သမ်းချေပြီ။၀တ်ရုံအတွင်း
မှ ကျောက်စိမ်းပြားလေးကို ပွတ်သပ်ကြည့်လျှင် နွေးထွေးသည့်ခံစားမှုတစ်မျိုးခံစားရ၏။ဤအရာသည်
သူမိဘများ ထားခဲ့သည့်တစ်ခုတည်းသော အရာလည်းဖြစ်သည်။ယင်း ကျောက်စိမ်းပြားလေးသည်
အတော်ပင် ဆန်းကျယ်သည်။

အချိန်ပင် မည်မျှကုန်သွားပြီမှန်းမသိချေ။လုံချန်က သူ၏ ခန္ဓာကိုယ်အား စူးစမ်းရာ မည်သည့်ပြောင်း
လည်းမှုမျိုးကိုမှ မတွေ့မိ။လက်သီးတစ်ချက်ထိုးကြည့်ရာ လက်သီးကြောင့် ဖြစ်ပေါ်လာသော စွမ်း
အင်ကြောင့် သူ့ အရှေ့၌ ရှိသော ဧရာမ သစ်ပင်ကြီးသည် မြေပြင်သို့ ဘုန်းဘုန်းလဲကျလေသည်။

"ငါရဲ့ခွန်အားက ပိုတိုးလာပြီ သိုင်းပညာမပါတာတောင် ဒီလောက်ထိပြင်းထန်တယ်...သွေးနှောအဆင့်
ဟာ အတော်အံ့အားသင့်စရာ ကောင်းပါလား" လုံချန်က စိတ်လှုပ်ရှားမှုကြောင့်လက်သီးကို ကျစ်ကျစ်
ပါအောင်ဆုပ်ထားသည်။ယခုအခါတွင် သူ၏ ခန္ဓာအတွင်းမှ သွေးများသည် မူလထက် လေးဆခန့်မျှ
သန့်စင်သွားပြီဖြစ်ရာ ဖြစ်ပေါ်လာသည့်ခွန်အားမှာ သူပင် ပြန်လန့်ယူရသည်။

သို့သော် သွေးနှောအဆင့် သည် ချီအဆင့်ကဲ့သို့မဟုတ်။သွေးကို တစ်ကြိမ်သန့်စင်ပြီးလျှင် သွေးသစ်
လောင်းခြင်း (ဝါ) သွေးအသစ်ထပ်မံ၍ ဖြစ်ပေါ်လာစေရန် အချိန်တစ်ခုကြာသည်။သန့်စင်ပြီးသား သွေး
များကို သိုလှောင်ထားချိန်တွင် သွေးကြောများအတွင်း၌ သွေးအသစ်များပေါ်ပေါက်ရသည်။ထို့နောက်
တွင်မှ သွေးကို ထပ်မံ၍ သန့်စင်နိုင်၏။

ပုံမှန်အတိုင်းဆိုလျှင် ဤဖြစ်စဉ်သည် တစ်လခန့်ကြာမြင့်သည်။သို့သော် ကြယ်ကိုလုံးသိုင်းပညာကြောင့်
ပေလားမသိ လုံချန်မှာမူ သွေးသန့်စင်ပြီးသည်နှင့် နာရီအတော်ကြာကြာတွင် သွေးအသစ်များထပ်
မံဖြစ်ပေါ်လာသည်။

နောက်တစ်ကြိမ်သန့်စင်သည့်အခါတွင် တစ်ရက်လုံးလုံး အချိန်ယူ၍ သန့်စင်ရပြီး တတိယအကြိမ်
သန့်စင်ခြင်းတွင်မူ နှစ်ရက်ခန့်ကြာမြင့်တတ်သည်။လုံချန် သူ၏ သွေးကိုသန့်စင်နေသည်မှာ ဤအကြိမ်
နှင့်ဆိုလျှင် လေးကြိမ်မြောက်ဖြစ်သည်။ထိုသို့ဆိုရသော် သွေးကိုလေးကြိမ်သန့်စင်ပြီးသောကြောင့်
လုံချန်၏ လက်ရှိအဆင့်သည် သွေးနှော စတုထ္ထအဆင့်ဟု ဆိုရမည်ဖြစ်၏။

"အူ"

ုရုတ်တရက် ... နှင်းပွင့်လေး၏ အူသံထွက်လာသောကြောင့် လုံချန်က ပီတိဖြစ်နေသောစိတ်ကို
အတင်း ချိုးနှိမ်လိုက်ရသည်။

"အေးပါ အေးပါ သွားမှာပါကွ"

"ဟားဟား နှင်းပွင့်လေး မင်းပြေးနှုန်းက မနေ့ကထက်တောင်တက်လာသေးပါလား"

နှင်းပွင့်လေး၏ အလျှင်သည် တစ်ဆင့်ပို၍တက်လာပြန်ချေပြီ။

"အူ.."

"ဘာလည်း မင်းက အသားစားလေ အလျင် ပိုမြန်လာလေလား ကောင်းပြီလေ
အဆင့်သုံးမှော်သားရဲကို ဒီနေ့ အမဲလိုက်ကြရအောင်" လုံချန်ကရယ်သည်။

အရှေ့သို့ဆက်သွားလျှင် တောသည် တစ်ဖြည်းဖြည်းကျဲပါးလာပြီး မိုင်ပေါင်းထောင်ချီ ရှိသည့်
ဖုန်းဆိုးမြေကြီး တစ်ခု ဘွားကနဲပေါ်လာသည်။ဖုန်းဆိုမြေ ကား အဝါရောင်သဲများဖြင့် ပြည့်နှက်လျှက်
ရှိကာ လွန်စွာငြီးငွေ့ ဖွယ်ကောင်းလေသည်။

လုံချန်က မြေပုံကို ကပျာကယာထုတ်ကြည့်ပြီး ခေါင်းတဆတ်ဆတ်ငြိမ့်သည်။သူတို့ လမ်းမှန်ပေါ်
မှာပင်ရှိနေသေးသည်။ထိုဖုန်းဆိုးမြေသည် သူတို့ဖြတ်သွားရမည့် နယ်မြေတစ်ခုဖြစ်၏။ဤဖုန်းဆိုးမြေမှ
လွန်သော် ရှေ့တွင် ရေလုံး၀မရှိသည့် ကန္တာရသို့ ရောက်ပြီဖြစ်သည်။နှင်းပွင့်လေးကား သဲများပေါ်တွင်
ပြေးလွှား သွားရန် အဆင်မပြေ။ထို့ကြောင့်တတ်နိုင်သမျှ လမ်းလျှောက်သွားရပေဦးမည်။

ကန္တာရ ၏ ညသည် ရေခဲတစ်မျှအေး၍ အအေးဓာတ်သည် အရိုးများကိုပင် ဖောက်၀င်သကဲ့သို့ထင်ရသည်။
အခြား စိတ်ပျက်ဖွယ် အချက်တစ်ချက်မှာ ကန္တာရတွင် သူ့အတွက် စုပ်ယူစရာ မည်သည့်ချီ
ဓာတ်မှ ရှိမနေခြင်းဖြစ်သည်။ထို့ကြောင့် လုံချန်သည် သိုင်းကျင့်ခြင်းကို လက်လျှော့ကာ နှင်းပွင့်လေး၏
ခန္ဓကိုယ်အပေါ်၌သာ မှီရင်း အိပ်နေရ၏။

"အူ.....ဝူ..."

သန်းခေါင်ယံ လောက်တွင် နှင်းပွင့်လေး၏ ရုတ်တရက် စူးစူးဝါးဝါး မာန်ဖီသံကြောင့် လုံချန် ရုတ်
တရက်လန့်နိုးလာသည်။

ချစ်ခြင်းများစွာဖြင့်.....

Patriarch MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၂၀)ကန္တာရပင့်ကူ
လုံချန် မျက်လုံးပြူးသွားသည်။ညဉ့်သည်
ပိန်းပိတ်အောင် မဲမှောင်နေလင့်ကစား
မှုန်တိ၊မှုန်ဝါး ကြယ်
ရောင်လေးဖြင့် ဧရာမ အကောင်ကြီးတစ်ကောင်၏
ပုံရိပ်ကိုမြင်နေနိုင်သည်။ထို့ကြောင့် သူက စိတ္တ
စွမ်းအင်များကို မျက်လုံးတွင် စု၍
အမှောင်ထဲသို့ကြည့်လိုက်၏။ထိုအကောင်ကြီးကို
မြင်ရလျှင် သူ့အဖို့
အသက်ရှုပင် မှားမတတ်ဖြစ်ရချေသည်။
၎င်းသည် ပေသုံးဆယ်ခန့်ရှည်သည့်
ဧရာမကင်းမြီးကောက်ကြီး တစ်ကောင်ဖြစ်ကာ
ကြီးမားလွန်းသော ခြေထောက်
ကြီးနှစ်ချောင်းက မြေပြင်ထက်တွင် ဇာဂနာ
များကဲ့သို့ တစ်ချပ်ချပ်ဖြင့် အသည်းယားစဖွယ်
လှုပ်ရှားလျှက်
ရှိပြီး နောက်ကျောဘက်၌ ရှိသည့်
အဆိပ်စူးကြီးဖြင့် သူ့ကို ရွယ်ထား၏။
၎င်း၏ မျက်လုံးနှစ်လုံးသည် လုံချန်နှင့်
နှင်းပွင့်လေးကို
မလွဲတမ်းစိုက်ကြည့်ထားအားကြည့်ခြင်းဖြင့် ကင်း
မြီးကောက်သည် ၎င်းတို့နှစ်ယောက်အား
အစာအဖြစ်မှတ်ယူထားပုံပင်။
"ကန္တာရ ကင်းမြီးကောက်ကြီးပါလား" လုံချန်
ရင်များတဒိန်းဒိန်းခုန်လာ၏။ယင်း
ကင်းမြီးကောက်အ
ကြောင်းကို သူသိသည်။ကန္တာရ
ကင်းမြီးကောက်သည် ရက်စက်ကြမ်းကြုတ်သော
အဆင့်နှစ် မှော်သား
ရဲဖြစ်ကာ အဆင့်သုံးမှော်သားရဲများပင်လျှင်
၎င်းနှင့်တွေ့သော်
ရှောင်ပြေးကြရသည်။အကြောင်းမှာ
ထိုကင်းမြီးကောက်သည် ပုံဖျက်
ကိုယ်ယောင်ဖျောက်ရာတွင်
လွန်စွာကျွမ်းကျင်သောကြောင့်ဖြစ်၏။
ထို့ပြင် ၎င်း၏ အလျင်ကလည်း
များစွာလျင်မြန်လွန်းပြီး သဲကန္တာရသည်
၎င်းအလွန်ကျွမ်းကျင်သော
နေရာပိုင်နက်ဖြစ်သည်။ဤကန္တာရ၏ သဲများသည်
လုံချန်အတွက် အတားအဆီးဖြစ်ကောင်းဖြစ်မည်
ဖြစ်သော်လည်း ကင်းမြီးကောက်အတွက်မူ
ရေထဲမှ ငါးတစ်ကောင်ကဲ့သို့
ကျွမ်းကျင်သွက်လွက်စွာ
သွားလာလှုပ်ရှားနိုင်၏။
မည်မျှ ဆိုရသော် ၎င်း၏ ဧရာမ
ခန္ဓာကိုယ်ကြီးနှင့်ပင် အသံတစ်သံမှ မထွက်အောင်
ပုန်းလျှိုးသွားလာ
နိုင်သည်။ထို့ပြင် ၎င်း၏ ခြေထောက်ကြီး
ခြောက်ခြောင်း က လည်းမည်သည့်အသံ မှ
မထွက်စေရန်
ကူညီပေးကြသေးသည် ဖြစ်ရာ သားကောင်ကို
အနီးသို့ သတိမထားမိစေပဲ ချည်းကပ်နိုင်ပြီး
သားကောင်
မှ သတိထားမိသွားချိန်တွင် ထို သားကောင်လည်း
သေနေပြီဖြစ်သည်။
၎င်း၏
တိတ်တဆိတ်သွားလာတတ်ခြင်း၊ခွန်အားကြီးမား
သည့် ခန္ဓာကိုယ်၊လိုက်လျှောညီထွေ ပုံပြောင်းနိုင်
ခြင်း တို့ကြောင့် ဤကန္တာရတွင် ၎င်းက
မင်းမူနေနိုင်ဖြင်းဖြစ်လေသည်။သို့ရာတွင် ၎င်း၏
ကြောက်စရာ
အကောင်းဆုံးအပိုင်းမှာ ယခု
ဖော်ပြခဲ့သည့်အချက်များ မဟုတ်သေးပ ဲ၎င်း၏
ဧရာမ အဆိပ်ဆူးကြီး
ပင် ဖြစ်လေသည်။ထိုအဆိပ်ဆူးဖြင့် ထိုးခံရသော်
အဆိပ်များသည် တစ်မုဟုတ်ခြင်း တစ်ကိုယ်လုံးသို့
ပျံ့နှံ့လာမည်ဖြစ်သောကြောင့် တတိယ
အဆင့်မှော်သားရဲပင် မခံနိုင် ဘိုင်းကန ဲ ပစ်လဲ၍
သေပဝွဲ င်ရ
လေ၏။
ထို ဧရာမ ကင်းမြီးကောက်ကြီးကား
အဆင့်အမျိုးမျိုးမှ မှော်သားရဲများဖြင့်
တိုက်ခိုက်နိုင်သည့် ရှားပါး
မှော်သားရဲ
တစ်ကောင်လည်းဖြစ်နေပြန်သည်။နှင်းပွင့်လေးသ
ည် အနံ့ခံလွန်စွာ ကောင်းသည့်တိုင်
အောင် 9 ပေအကွာခန့်ရောက်မှ ၎င်းအား
အနံ့ခံမိခြင်းကို ကြည့်လျှင် သားကောင်ကို
ချည်းကပ်ရာ
တွင် မည်မျှ ကျွမ်းကျင် ညင်သာသည်ကို
သိနိုင်သည်။
နှင်းပွင့်လေးသည် ခန္ဓာကိုယ်တစ်ခုလုံးမှ
အမွေးများ ထောင်ထလျှက်ရှိကာ
ဒေါသတကြီးဖြင့်မာန်ဖီ
လျှက်ရှိ၏။သူသည် တိုက်ခိုက်ရန် အသင့်
ဖြစ်နေပြီဖြစ်သည်။
"ကျီ" ကင်းမြီးကောက်က ထူးဆန်းသည့်
အသံတစ်မျိုးဖြင့်အော်၍ နှင်းပွင့်လေးထံ
ပြေး၀င်လာသည်။
ကင်းမြီးကောက်သည် ဧရာမခန္ဓာကိုယ်ကြီးနှင့်ပင်
ဖြစ်လင့်ကစား လှုပ်ရှားမူက သွက်လက်လွန်းလှ၏။
ထို့ပြင် ယင်း၏ အလျှင်ကလည်း
လွန်စွာလျင်မြန်နေသည်။ကင်းမြီးကောက်၏ ဧရာမ
လက်မကြီးနှစ်ခု
က နှင်းပွင့်လေးထံပြေး၀င်သွား၏။
လုံချန်ကိုမူ ကင်းမြီးကောက်သည် ၎င်း၏
ပြိုင်ဘက်တစ်ယောက် မဖြစ်ထိုက်သည့်အလား
နည်းနည်းမှ
ပင် ဂရုမစိုက်ချေ။နှင်းပွင့်လေး က ဒေါသတကြီးဖြင့်
မာန်ဖီ၍ အဖြူရောင် လေဓား ဖြင့်ပစ်လိုက်သည်။
လေးဓားသည် တစ်ရွှီရွှီ မြည်သံပေး၍
ကင်းမြီးကောက်ထံ ပြေး၀င်သွား၏။ယခုအခါတွင်
နှင်းပွင့်လေးမှာ
ခွန်အား အရာတွင် ယခင်ကထက် များစွာပို၍
သန်မာလာပြီဖြစ်ရာ သူ့၏ လေဓားကလည်း
ကိုးပေးအရွယ်
ခန့်ရှိပြီ ဖြစ်သည်။
ချွင်.....
သို့ရာတွင် အတော်ကလေး
အံ့အားသင့်စရာကောင်းသည့် အချက်တစ်ချက်မှာ
သွေးနှောအဆင့်သိုင်း
သမားတစ်ယောက် မဆိုထားဘိ
ကျင်ကျီသိုင်းသမားတစ်ယောက်ကိုပင်
အလွယ်တစ်ကူ သစ်ပစ် နိုင်
စွမ်းရှိသည့် နှင်းပွင့်လေး၏ လေဓားသည်
ကင်းမြီးကောက်၏ လက်မများနှင့်ထိခတ်
သွားသည့် အခါ
တွင်မ ူ ချွင် ကန ဲ ခပ်သာသာ အသံတစ်ခုသာ
မြည်၍ ပျောက်ကွယ်သွားခြင်းဖြစ်သည်။
ကင်းမြီးကောက်သည် ပြေးနေရာမှ အရှိန်သာ
အနည်းငယ်တန့်သွားပြီး ပိုမြန်သည့် နှုန်းဖြင့် ရှေ့သို့
ထပ်ပြေးလာပြန်ချေပြီဒဏ်ရာကား
အနည်းမှပင်မရချေ။
"မာလိုက်တဲ့ ခန္ဓာကိုယ်ကြီးပါလား" လုံချန်
သိပ်ကိုအံ့အားသင့်ရပါ၏။ကန္တာရ ဘုရင်ဟူသည့်
ဘွဲ့နှင့်
အမှန်ပင်ထိုက်တန်လှသည်။ဤမျှအစွမ်းထက်သေ
ာ ခံနိုင်စွမ်းသည် ကျင်ကျီသိုင်းသမား တစ်ယောက်
ကိုပင်
အသက်ရှုမှားမတတ်ဖြစ်သွားစေနိုင်လေသည်။
"လေခွင်းလက်သီး" ဒုတိယမြောက် လေဓားကို
နှင်းပွင့်လေး ပစ်လွှတ်ချိန်တွင် လုံချန်လည်း ရှေ့သို့
ပြေးတက်သွားသည်။နှင်းပွင့်လေးသည်လည်း
ဒုတိယအဆင့်မှော်သားရဲ ဖြစ်သည့်တိုင် ဤကဲ့သို့
ခု
ခံနိုင်စွမ်းအလွန်မြင့်သည့် မှော်သားရဲသည်
အမွေးရှိသော မှော်သားရဲများအပေါ်တွင်
ကျိန်းသေပေါက်
အနိုင်ယူနိုင်သည်ကို လုံချန်သိ၏။နှင်းပွင့်လေး၏
တိုက်ခိုက်မှုသည် ကင်းမြီးကောက်အတွက် မူ သွား
ကြားထိုးတံဖြင့် ထိုးနေသကဲ့သို့သာ ရှိချိမ့်မည်။
၀ုန်း....
လုံချန်၏ လက်သီးသည် မူလတွင်
ကင်းမြီးကောက်၏ ဦးခေါင်းသို့
ဦးတည်တိုက်ခိုက်ခဲ့သော်လည်း
ကင်းမြီးကောက်သည်
လွန်စွာဥာဏ်များလှသည်ဖြစ်ရာ လုံချန်၏
လက်သီးကို ၎င်း၏ လက်မ ဖြင့်ကာ
လိုက်သည်။သဲများဖွာကနဲ
လွင့်စင်သွားသည်။လုံချန်၏ လက်သီးက
ကင်းမြီးကောက်၏ လက်မများ
ကြားတွင် ညပ်နေသည်။သို့သော် သူ၏
ခန္ဓာကိုယ်သည် လွန်စွာသန်စွမ်းသည့်
အဆင့်သို့ရောက်နေ
ပြီဖြစ်သော ကြောင့် ကင်းမြီးကောက်မှာ
သဲထဲသို့နစ်၀င်သွားတော့သည်။သဲပြင်သည်
ရေလှိုင်းများကဲ့
သို့ တလိပ်လိပ်ထ၍လာ၏။
"မကောင်းတော့ဘူး" ကင်းမြီးကောက်ကြီး
သဲထဲသို့၀င်၍ ပျောက်ကွယ်သွားသည်ကိုမြင်လျှင်
လုံချန်
ထိတ်ကန ဲ ဖြစ်ကာ ခုန်ရှောင်လိုက်ရ၏။သူ
အစောပိုင်းက ရပ်နေသည့်နေရာတွင်
ကင်းမြီးကောက်
၏ အဆိပ်ဆူးကြီးက ဘွားကနဲ ပေါ်လာ၏
ခြေတလှမ်းသာ နောက်ကျလျှင် စမုံတုန်းချေပြီ။
သဲများသည် ရေလှိုင်းများကဲ့သို့ တလိပ်လိပ်
ဖြစ်လာပြန်၏။
"နှင်းပွင့်လေး သတိထား
အဲ့ကောင်သဲထဲမှာရှိတယ်" လုံချန်
မျက်နှာဆိုးဆိုးရွားရွားပျက်နေ၏။ဤ ဒုတိယ
အဆင့် မှော်သားရဲ၏ သွားလာ၊လှုပ်ရှားပုံသည်
လေကဲ့သို့ပင်လျှင်မြန်လှသည်။ထို့ပြင်
သူတို့နှစ်ယောက်
တိုက်ခိုက်နေရသည့် နေရာသည်
ကင်းမြီးကောက်၏ ပိုင်နက် ၊ ကင်းမြီးကောက်
ကျွမ်းကျင် သည့်ဒေသ
လည်းဖြစ်နေပြန်ပါ၏။အကယ်၍ ထိုအတိုင်းသာ
ဆက်သွားနေလျှင် လုံချန့်အတွက် တိုက်ခိုက်ရ
အလွန်
အမင်းခက်လာလိမ့်မည်။
နှင်းပွင့်လေးသည် သာမာန် မြေများပေါ်တွင်သာ
အစွမ်းထက်သည့်မှော်သားရဲဖြစ်ရာ ဤကဲ့သို့
သဲပြင်
တွင်မူ ၎င်း၏ အစွမ်း အစကို အပြည့်အ၀
အသုံးမချနိုင်ဖြစ်နေသည်။အချိန်ကြာလာလျှင်
သူတို့နှစ်
ယောက်
အရေးနိမ့်လာနိုင်ချေရှိနေသည်။အကယ်၍
သူတို့နှစ်ယောက်သာ ကင်းမြီးကောက်၏ အဆိပ်
ဆူးဖြင့်ထိုးမိလျင် တစ်ခါတည်း
ကိစ္စပြတ်ပြီဖြစ်သည်။
ထို့ကြောင့် ကင်းမြီးကောက်ကို
သဲထဲမှထွက်လာစေရန်
သူတို့လုပ်ဖို့လိုသည်။လုံချန်သည် သူ့၏ စိတ္တ
စွမ်းအင်ကို ဖြန့်ကျက်၍ ကင်းမြီးကောက်၏
တည်နေရာကိုရှာဖွေလျှက်ရှိသည်။သို့သော်
သူ့အတွက်ကား
စိတ်ပျက်စရာပင်။ဤ ကင်းမြီးကောက်သည်
သဲပြင်တွင် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့
သွားနိုင်လေရာ
မည်သည့် သဲလွန်စ၊လမ်းကြောင်းမှ
မတွေ့ဖြစ်နေသည်။
လုံချန်၏ စိတ္တစွမ်းအင်သည် လေထဲတွင်
မီတာသုံးရာခန့် ဖြန့်ကျက်
အာရုံခံနိုင်စွမ်းရှိသည်ဖြစ်လင့်ကစား
သဲပြင်တွင်မူ တစ်မီတာခန့်သာ
အာရုံခံနိုင်စွမ်းရှိသည်။ထို့ကြောင့်
သိပ်အသုံးမ၀င်လှချေ။
"နှင်းပွင့်လေး မြန်မြန်လှိမ့်ရှောင်လိုက်" လုံချန်
ရုတ်တရက်အော်လိုက်၏။သူနှင့် နှင်းပွင့်လေးက
စိတ်ချင်း
ဆက်သွယ်ထားသည်ဖြစ်ရာ
လုံချန်အော်လိုက်ချိန်တွင် နှင်းပွင့်လေးကလည်း
ဘေးသို့ခုန်ရှောင်အပြီးဖြစ်
နေသည်။သဲပြင်ထဲမှ အဆိပ်ဆူးကြီးသည်
အသည်းယားစဖွယ် ဝေါ
ကနဲထွက်လာပြန်ပါ၏။လုံချန် စိုး
ရိမ်လာသည်။ဤအတိုင်းဆက်သွားနေလျှင်
သူတို့ဘက်မှ အခြေအနေ မ
ကောင်းနိုင်တော့။ကင်းမြီး
ကောက်က သူ့ကိုပါ
ပစ်မှတ်ထားလာနေပြီဖြစ်သည်။
လုံချန် နောက်သို့ ခြေတစ်လှမ်း ရုတ်ချည်း
ဆုတ်လိုက်၏။ထင်ထားသည့်အတိုင်းပင်
အဆိပ်ဆူးကြီး
က သဲပြင်ထဲမှထွက်လာကာ သူ့နံဘေးမှ ဝီး
ကနဲဖြတ်သွားသည်။
"ဘယ်ဘက်ကို မင်းပြေးမလည်း
ကြည့်ရသေးတာပေါ့" လုံချန်၏ ရေခဲတမျှ
အေးစက်သည့် လေသံက
ညဉ့်
အမှောင်ထုကိုဖောက်ထွက်လာလေသည်။ရုတ်တ
ရက် လုံချန်သည် သူ့၏ လက်ကို သဲပြင်သို့ချိန်
၍ ကြုံးဝါးလိုက်သည်။
"ဆေးမီးတောက်"
၀ုန်း.....
မီတာသုံးရာ ခန့်အတွင်းရှိ သဲပြင်သည်
ရေနွေးပွက်ပွက်ဆူသကဲ့သို့ ကျိုက်ကျိုက်
ပူလာသည်ဖြစ်ရာ
ကင်းမြီးကောက်ကြီးမှာ သဲပြင်အောက်တွင်
မနေနိုင်တော့ပဲ စူးစူးဝါးဝါး အော်သံဖြင့်
ခုန်တက်လာ
ခဲ့၏။ဘေးတွင် ရှိနေသည့် နှင်းပွင့်လေးက
ချက်ချင်း လေဓားဖြင့်ပစ်၏။
အစိမ်းရောင်သွေးများ
ဖြာကနဲထွက်လာ၏။ကင်းမြီးကောက်၏ ခုခံနိုင်စွမ်း
ကျဆုံးသွားပြီဖြစ်သည်။
မြင်ကွင်းကို လုံချန် ကြည့်သည်။ကင်းမြီးကောက်၏
သေကွင်း၊သေကွက် ကို လုံချန် ချက်ချင်း သတိ
ထားမိသွားသည်။ထိုနေရာသည် နှင်းပွင့်လေး၏
လေဓားမှန်သွားသည့်နေရာဖြစ်ကာ
ကင်းမြီးကောက်
၏ အပျော့ဆုံးအပိုင်းလည်းဖြစ်သည်။
ကင်းမြီးကောက်၏ အဓိက သေကွင်းသေကွက်
သည် သူ့၏ ၀မ်းဗိုက်ဖြစ်ပြီး ပုံမှန်အတိုင်းဆိုလျှင်
ထို
နေရာကို တိုက်ခိုက်ရန်သိပ်မလွယ်ကူလှ။ထို့ပြင်
ကင်းမြီးကောက်သည် သဲအတွင်း၌ ကျွမ်းကျင်စွာ
သွား
လာနိုင်သည်ဖြစ်ရာ သူ့၏ အားနည်းချက်ကို
သတိထားမိရန်မှာလည်း လွန်စွာ
မလွယ်ကူပြန်ပေ။
ယခုတော့ လုံချန်က သူ့၏ အားနည်းချက်ကို
သတိထားမိသွားပြီဖြစ်သည်။ထို့ကြောင့် သူက
တွေဝေ
မနေတော့ချေ။
နှင်းပွင့်လေး၏ လေဓားထိမှန်ချက်ကြောင့်
ကင်းမြီးကောက်သည် လေထဲသို့
နောက်ပြန်ဂျွမ်းပစ်သွား
၏။လုံချန် လက်ထဲသို့ ဓားရှည်ကြီး
ရောက်လာသည်။
"လေခွဲဓားချက်"
ဓားရှည်ကြီးက ကင်းမြီးကောက်၏ ၀မ်းဗိုက်သို့
ပြေး၀င်သွား၏။အစိမ်းရောင်သွေးများ ဖြာကနဲကျ
လာသည်။လေထုတွင် သွေးညှီနံ့များ တခဏ
ခြင်းဖုံးလွှမ်းသွား၏။ကင်းမြီးကောက်သည်
၀မ်းဗိုက်တစ်
ခုလုံး ဟောင်းလောင်းပွင့်သွားသည့် တိုင်အောင်
ချက်ချင်းမသေ၊အဆိပ်ဆူးကြီး တယမ်းယမ်းဖြင့်
သွေးရူးတန်းရူး တိုက်ခိုက်နေပြန်သည်။
လုံချန်နှင့် နှင်းပွင့်လေးက ကင်းမြီးကောက်နားမှ
ပြန်ဆုတ်လာသည်။ကင်းမြီးကောက်
သေတော့မည်
ကိုသူသိသည်။သို့ရာတွင် ဤကဲ့သို့သော
မှော်သားရဲများသည် အခြား
မှော်သားရဲများဖြင့်မတူချေ။
၎င်းတို့၏ သဘာ၀မှာ သေခါနီးလာလေ
သဲကြီးမဲကြီး တိုက်ခိုက်တတ်လေဖြစ်သည်။
ထို့ကြောင့် ကင်းမြီးကောက်ကို
ကြောက်အကောင်းဆုံး
မှော်သားရဲတစ်ကောင်အဖြစ် ပြောစမှတ် ပြုကြ
ခြင်းဖြစ်လေသည်။ယင်းကဲ့သို့သော
အကောင်မျိုးသည် ခေါင်းပြတ်သွားလျှင် ပင်
ခေတ္တအသက်ရှင်
နိုင်စွမ်းရှိကြသည်။တစ်မိနစ်ခန့်ကြာလျှင်
ဆူညံနေသော အသံဗလံများ
ပြန်လည်တိတ်ဆိတ်သွားသည်။
နှင်းပွင့်လေးကို
ကင်းမြီးကောက်အသေကောင်နားသို့မကပ်ရန်
သူက အမိန့်ပေးရသည်။ထို့နောက်
ကင်းမြီးကောက်အနားသို့ မကပ်သေးပဲ တစ်ကယ်
သေသွားခြင်းဟုတ်မဟုတ် အာရုံခံပြီး သေသွား
ခြင်းသေချာမှာ သူတို့နှစ်ယောက်
ကင်းမြီးကောက်အနားသို့ ကပ်လာကြသည်။
ကင်းမြီးကောက်၏ အဆိပ်ဆူးကို
လုံချန်ဖြတ်ယူလိုက်သည်။လက်ရှိ
သူကိုင်ထားသည့်ဓားသည် ၀တ်ရုံ
ဖြူ၏ ဓားဖြစ်ရာ လွန်စွာထက်လှသည်။ဤမျှ
မာကျောလှသည့် ကင်းမြီးကောက်ကိုပင်
နှစ်ချက်ခန့်သာ
ဖြတ်ရသည်။အဆိပ်ဆူးကြီးသည်
စားပွဲတစ်လုံးစာခန့် အရွယ်ရှိသည်။ထိုအဆိပ်ဆူးမှ
အဝါရောင်အရည်
များ တစ်စက်စက်ကျလျှက်ရှိသည်။
ထိုအရာကား ကင်းမြီးကောက်အဆိပ်ဖြစ်ပြီး
ပမာဏ တစ်ခုသို့ရောက်လျှင် တတိယအဆင့်
မှော်သားရဲ
ကိုပင် သတ်ပစ်နိုင်စွမ်းရှိသည်။ယင်းအား
ကောင်းမွန်စွာ အသုံးချလျှင်
လွန်စွာတန်ဖိုးကြီးသည့် အရာ
တစ်ခုလည်းဖြစ်၏။ထို့နောက် လုံချန်၏ မျက်လုံးက
ကင်းမြီးကောက်၏ လက်မကြီးများထံသို့ရောက်
သွားပြီး အရောင်တစ်လက်လက်
တောက်ပလာပြန်၏။ထိုလက်မများထဲတွင် ရှိသည့်
အသားမှာ အလွန်
ချိုမည်ဖြစ်မှန်းသူသိသည်။လက်မထဲမှ အသားကို
ထုတ်ယူရန် သိပ်မခက်ခဲ။လက်မ
အဆစ်ကိုဖြုတ်ပစ်
ရန်သာလိုသည်။
သူ့အရပ်ထက်ပင် ရှည်သည့် လက်မကြီးများကို
လုံချန်က ဖြုတ်ယူပြီးနောက် နှင်းပွင့်လေး၏
သတိပေး
သည့်အသံဖြင့် အူနေသည်ကိုကြားရသည်။လုံချန်
ထိတ်ကနဲဖြစ်ကာ ပတ်၀န်းကျင်ကို ကြည့်သည်။
သူတို့ထံကို
ဒရောသောပါးပြေးလွှားလာနေကြသည့် ဧရာမ
ပုံရိပ်ကြီးများ။၎င်းတို့၏ အလျှင်သည် သူမတူ
အောင်လျှင်မြန်လှသည်ဖြစ်ရာ
မျက်စိတစ်မှိတ်အတွင်
သူတို့နှစ်ယောက်ရှေ့သို့ရောက်လာကြသည်။
မှန်သည်။ဧရာမ
ကင်းမြီးကောက်ကြီးများပင်။လုံချန် ဆဲ လိုက်မိ၏။
"ငလူးထဲမှ....ကင်းမြီးကောက်တွေက
အုပ်စုနဲ့နေတာလား ငါသိတောင်မသိပါလား"
ထို့နောက် နှင်းပွင့်လေး
၏ ကျောပေါ်သို့ ခပ်သွက်သွက်ခုန်တက်ရ၏။
"မြန်မြန်ပြေး.....မြန်မြန်ပြေးတော့ဟ"
နှင်းပွင့်လေးက လုံချန်၏
စကားကိုပင်ဆုံးအောင်မစောင့်တော့။
မီးရထား ခေါင်းတွဲကြီးလို ဝူး
ကနဲပြေးတော့သည်။သို့ရာတွင် သူသည်
ကင်းမြီးကောက်များ၏ အလျင်
ကို လျှော့တွက်ခဲ့မိတုန်းပင်။ဒါဇင်နှင့်ချီသည့်
ကင်းမြီးကောက်ကြီးများမှာ သူတို့နား
တစ်ဖြည်းဖြည်း
ရောက်လာသည်။
လုံချန်ငိုချင်သလိုပင် ဖြစ်လာ၏။သို့သော်
အရှေ့တွင်
အလင်းရောင်ပျပျလေးတစ်ခုကိုမြင်လေရာ
မည်သို့မှ မစဉ်းစားတော့ပဲ ထိုဘက်သို့
ဦးတည်ချက်ပြောင်း၍ ဒုန်းစိုင်းပြေးရလေသည်။
ချစ်ခြင်းများစွာဖြင့်....
MK AUNG

Continue Reading

You'll Also Like

131K 3.6K 200
Author: Banshenghuan/半生欢 Category: Tanmei Novels Status: 469 chapter (Ongoing) (The end of the world + no heroine + strong) Book 1 Introducing: In t...
538K 18.4K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...
21.1K 444 42
What If Chloe lukasiak has a twin sister who is the favorite?
175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...