ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 535 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

111 - 115

130 11 0
By Azure5549

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၁၁)အိမ်မက်ကမ္ဘာ

လုံချန်၏ စကားက လူအများကိုထိတ်လန့်သွားစေသည်။ချူယောင် မျက်နှာတစ်ခုလုံးဖြူဖွေးသွား၏။
သို့ရာတွင် ချူဖန်သည် မည်သို့မျှ မဖြစ်ပဲ တည်ငြိမ်စွာဖြင့်သာ လုံချန်ကိုကြည့်နေခဲ့သည်။ရှပိုင်ချီက
သူမ မျက်စိကိုပင် သူမ မယုံနိုင်ဖြစ်နေ၏။

"နင်က သတ္တမမြောက်မင်းသားကိုသတ်စေချင်.....ချင်....."

ရှပိုင်ချီ၏ စကားက မဆုံးလိုက်။သူမ၏ ၀မ်းဗိုက်ကို ဓားရှည်ကြီး တစ်ချောင်းက ဖောက်ထွက်လာ၏။
မယုံနိုင်ဟန်ဖြင့် သူမက သူမ၏ ၀မ်းဗိုက်ကို ငုံ့ကြည့်၏။

"ဒါ..ဒါ...ဘာ့ကြောင့်..."

ရှပိုင်ချီမှာမြေပေါ်သို့ အရုပ်ကြိုးပြတ်လဲကျကာ အသက်ပျောက်သွားလေတော့သည်။နောက်ဆုံး အသက်
ထွက်သွားချိန်ထိ သူသည် သူမကို မည်သည့်အတွက်ကြောင့်သတ်သည် ကိုနားမလည်သွားခဲ့ချေ။
ကျန်းယောင်ယင်က ငူငူကြီး စိုက်ကြည့်နေ၏။သူ့လက်ထဲတွင် ကိုင်ထားသည့် ဓားရှည်ကြီးသည် ရှ
ပိုင်ချီ၏ ၀မ်းဗိုက်သို့ ထိုးစိုက်လျှက်ပင် ရှိနေသေးသည်။လုံချန်က အသာအယာပြုံးသည်။သူသည်
ကွက်ကျော်မြင်ခဲ့သည်ဟု ဆိုရမည်။

ယခင်တုန်းက သူပေးလိုက်သည့် ဆေးကြောင့် ကျန်းယောင်ယင်သည် ညဘက်တွင် အိပ်လို့မရ၊ဝိညာဉ်
များ၏ နှောင့်ယှက်မှုကိုခံနေရသည်။နောက်ဆုံးတွင် ကျန်းယောင်ရင် ၏ ဒူးထောက်တောင်းပန်မှု
ကြောင့် သူက ခွင့်လွှတ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ကျန်းယောင်ရင်သည် နောင်တမရခဲ့ချေ။လုံချန်ကို
အခွင့်သာလျှင် ပြန် ကလဲ့စားချေရန် တေးထားခဲ့၏။ထိုအကြောင်းကို လုံချန်ကလည်း သိသည်ဖြစ်ရာ
အဆိပ်ဖြေဆေးကို မပေးပဲ အခြားဆေးတစ်မျိုးကို ပေးခဲ့ခြင်းဖြစ်လေသည်။

ထိုဆေးက သူ အထူးဖော်စပ်ထားသည့်ဆေးဖြစ်ပြီး သာမာန်အချိန်များတွင် အစွမ်းမပြပဲ သူ့၏ ချီဓာတ်
ဖြင့် ထိန်းချုပ်သည့်အချိန်တွင် အစွမ်းပြကာ တစ်ဖက်လူအား စိတ်ကြိုက်ကိုင်တွယ် ခိုင်းစေနိုင်၏။

"အခု မင်းအလှည့်ပဲ"

ကျန်းယောင်ရင် က လုံး၀မနား။လည်ပင်းထက်သို့ ဓားတင်၍ လှီးချလိုက်၏။သွေးများ ဖြာကနဲ ကျ
လာကာ ကျန်းယောင်ရင် မှာ အရုပ်ကြိုးပြတ်ဖြစ်သွားလေသည်။လူများမှာ ၎င်းတို့နှစ်ယောက်ကိုကြည့်
၍ ကျောထဲမှ စိမ့်၍ နေအောင်ကြောက်နေမိသည်။မြင်ကွင်းကား ရက်စက်လွန်း၊ကြောက်မက်ဖွယ်
ကောင်းလွန်း၏။စကားတစ်ခွန်းနှင့်ပင် လူတစ်ယောက်သည် ကိုယ့်ကိုကိုယ် သတ်သေသွား၏။

လုံချန်က ကြောက်လန့်နေသည့် ရဲမက်များကို စိတ်မ၀င်စားချေ။ထို့နောက် တပ်မှုး များကို အမိန့်ပေး
ပြီး လူကြမ်းလေးနှင့် နှင်းပွင့်လေးအား လုံအိမ်တော်သို့ ပြန်သယ်သွားခိုင်းလိုက်သည်။နှင်းပွင့်လေးဒဏ်
ရာကပြင်းသည်။သူ့၏ အတွင်းအဂါင်္ အစိတ်အပိုင်းအတော်များများပျက်ဆီးသွားသည်။သို့သော် အသက်
ရှင်နေသေးသည်ဖြစ်ရာ လုံချန်အတွက် သိပ်ကိစ္စမရှိ။ထို့ပြင် နှင်းပွင့်လေးကဲ့သို့ မှော်သားရဲများသည်
နာလန်ထနှုန်း လွန်စွာမြန်ဆန်သည့် အမျိုးများဖြစ်သည်။

နှင်းပွင့်လေးကို ဆေးအချို့တိုက်ကျွေးပြီးနောက် လုံချန်က လူကြမ်းလေး ဒဏ်ရာများကိုကြည့်သည်။
လူကြမ်းလေး၏ ဆဲလ်များသည် ယာယီရပ်တန့်နေသည့် အခြေအနေတွင် ရှိနေကြောင်း သူသိရသည်။
အရိုးဆွေးအပ်များသည် လူကြမ်းလေး၏ ခန္ဓာကိုယ်အား အမှန်တစ်ကယ် ထိခိုက်စေခဲ့ကြောင်းထင်ရှား
သည်။လူကြမ်းလေး ပြန်လည် ထူထောင်လာစေရန် အချိန်အနည်းငယ် ပိုယူရပေဦးမည်။

ရှီဖန်နှင့် အခြားသူများမှာမူ ကံကောင်းသည်ဟု ပြောရမည်။ဒဏ်ရာ ကြီးကြီးကျယ်ကျယ်မရကြချေ။
ဒဏ်ရာ အပြင်းဆုံးသူသည်ပင် အသက်ရှင်သေးသည်။အခြေအနေ အရပ်ရပ်ကို စီစဉ်ပြီးနောက် လုံ
ချန်သည် မည်သို့မျှ မခံနိုင်တော့ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေတော့သည်။ဤတစ်ကြိမ်
တိုက်ခိုက်ခဲ့ရသည် တိုက်ပွဲသည် သူ့ဘ၀၌ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်သည်။သူ့၏ စိတ်စွမ်းအင်သာ
လွန်စွာ မထက်မြက်လျှင် လုံချန် သတိမေ့နေသည်မှာ ကြာပြီဖြစ်သည်။

ယခုတော့ အရာအားလုံးပြီးသွားပြီဖြစ်ရာ သူက စိတ်အေးလက်အေးဖြစ်နေသည်။လုံချန် အိပ်မောကျ
နေသည်မှာ ကိုမာ ၀င်နေသကဲ့သို့ပင် ထင်ရ၏။အိပ်မက်ထဲတွင် သူ့ခန္ဓာကိုယ်က လေပေါ်မြောက်
တက်လာသည်။ထိုသို့မြောက်တက် နေသည်မှာ အချိန်မည်မျှကြာပြီဖြစ်မှန်း သူမသိချေ။သို့သော် နောက်
ဆုံး သူ မျက်လုံးဖွင့်လိုက်ချိန်တွင် ကုဋေနှင့် ချီသော ကြယ်များ တစ်လက်လက်တောက်ပနေသည့်
ဗလာနယ်တစ်ခုထဲသို့ ရောက်နေသည်ကို သိလိုက်ရသည်။

                                    >> ဝုန်း <<

ဗလာနယ်သည် ရုတ်တရက် ပေါက်ကွဲ၍ ပွင့်ထွက်လာသည်။လက်သီးတစ်ချက်သည် ဗလာနယ်တစ်ခု
လုံးကို ပြိုကျ ပျက်ဆီးသွားစေပါ၏။သူ့ ဘေးပတ်လည်တွင် ရှိသော ကမ္ဘာသည် မှန်တစ်ချပ်ကဲ့သို့ တစ်
စစီ ကွဲကျေသွားသည်။လုံချန် အံ့အားသင့်နေသည်။လုံချန်က ထိုလက်သီးပိုင်ရှင်ကို ကြည့်လိုက်သည်။

ထိုလူကိုမြင်လျှင် လုံချန်သည် အံ့သြလွန်း၍ အသံထွက် အော်မိမတတ်ပင်ဖြစ်သွား၏။အကြောင်းမှာ
ထိုလူ၏ နောက်ကျောတွင် သူ့၏ အလင်းစက်ကွင်းကဲ့သို့ အရာ တစ်ခုရှိနေသောကြောင့်ဖြစ်သည်။
သို့ရာတွင် ထိုလူ၏ အလင်းစက်ကွင်းက သူ့ထက် ပိုကြီးသည်။လုံချန်၏ အလင်းစက်ကွင်းသည် မီ
တာသုံးရာခန့်သာ ရှိသော်လည်း ထိုလူ၏ အလင်းစက်ကွင်းမှာမူ အတိုင်းအဆမရှိကြီးမားကာ စကြာ၀
ဠာ တစ်ခုလုံး သို့တိုင် လွှမ်းခြုံထားလေသည်။

ရုတ်တရက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သံ တစ်သံ သည် အဝေးတစ်နေရာမှကြယ်များကို မှိတ်တုတ်
မှိတ်တုတ် ဖြစ်ကုန်စေ၏။တောင်တစ်လုံး အရွယ်အစားခန့်ရှိသည့် မှော်သားရဲကြီးတစ်ကောင်က ဗလာနယ်တွင် ပေါ်လာသည်။
၎င်းးတွင် ခေါင်းသုံးလုံးနှင့် အမြီးကိုးချောင်းရှိသည်။၎င်း သည်  ဒဏ္ဍာရီလာ မှော်သားရဲ
ဖြစ်ကာ နက်မှောင်သော အမွှေးအမျှင်တို့မှာ   ခန္ဓာကိုယ် တစ်ခုလုံးသို့ ဖုံးအုပ်လျှက်ရှိသည်။

ကြောက်စရာကောင်းသည့် ထိုသားရဲ ကြီးထံမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်လာလျှင်
ယင်း အလင်းတန်းဖြတ်သွားသည့်လမ်းကြောင်းတွင် ရှိသော ကြယ်များမှာ ပေါက်ကွဲ၍ မှိန်ဖျော့
ပျောက်ကွယ်သွားကြသည်။၎င်းအလင်းတန်းက အလင်းစက်ကွင်းနှင့်လူ ထံသို့ တည့်တည့်၀င်သွား
သည်။

ထိုလူက အလင်းတန်းကို လက်ဝါးဖြင့်ကာလိုက်သည်။ထိုသို့ ကာလိုက်ချိန်တွင် သူ့၏ နောက်ကျောမှ
အလင်းစက်ကွင်းက တုန်လာ၏။ဗလာနယ်တွင် လှိုင်းများ တစ်ဖြတ်ဖြတ် ရိုက်သွားသည်ကို
သာ လုံချန် မြင်လိုက်ရသည်။ထိုလှိုင်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် မရေမတွက်နိုင်သော
ကြယ်များမှာ မီးရူး မီးပန်းများကဲ့သို့ ပေါက်ကွဲ၍ ပျောက်ကွယ်ကုန်ကြတော့သည်။မြင်ကွင်းကား ကမ္ဘာ
စတည်သည့် မြင်ကွင်းနှင့်မခြားတော့ချေ။

ဧရာမ မှော်သားရဲ ကြီးနှင့် တိုက်ခိုက်နေသည့် ထိုလူကို လူချန်က ကြက်သေသေ ၍ ကြည့်နေမိသည်။
၎င်းတို့နှစ်ယောက် တိုက်ခိုက်သည့်နေရာတွင် ဗလာနယ် သည် တွန့်လိပ် ၍ သွားတတ်လေသည်။
ဤစွမ်းအားမျိုးသည် ကမ္ဘာတစ်ခုလုံးကိုပင် ဖျက်ဆီးလိုက်နိုင်စွမ်းရှိလေသည်။လုံချန်က ကြောက်လန့်
စွာဖြင့် ဆက်ကြည့်နေမိ၏။ဗလာနယ် ၏ အဟ လေးတစ်ခုမှနေ၍ ထိုလူ၏ နောက်တွင် တစ်စုံတစ်
ယောက်ရှိနေသည်ကို လုံချန် ရုတ်တရက်မြင်လိုက်ရသည်။သို့သော် သိပ်မပြတ်သား ပေ။

ထိူလူသည် ယောက်ကျာင်္းတစ်ယောက် သို့မဟုတ် မိန်းမတစ်ယောက်ဖြစ်သည်ကို လုံချန် ကွဲပြားစွာ
မသိရချေ။သို့သော် ထိုသူကို ရင်းနှီးသည်ဟု သူ ခံစားရသည်။လုံချန်က ထိုသူကို သဲသဲ ကွဲကွဲ မြင်ရ
ရန် ကြိူးစားကြည့်သည်။သို့သော် မှော်သားရဲကြီးနှင့် တိုက်ခိုက်နေသည့်သူက ရုတ်တရက် သူ့ဘက်
လှည့်လာ၏။မြင်ကွင်းသည် သိပ်မကောင်း။မှုန်ဝါးဝါးဖြစ်နေရာ ထိုသူ၏ မျက်လုံးအစုံမှလွဲ၍ အခြား
မည်သည့်အစိတ်ပိုင်းကိုမှ လုံချန် ကောင်းကောင်းမမြင်ရချေ။

ထိုမျက်လုံးတစ်စုံသည် လွန်စွာ နက်ရှိုင်းလှ၏။မျက်စိသူငယ်အိမ်များ အတွင်း၌ ကြယ်ကိုလုံးသည်
တစ်လက်လက်တောက်ပလျှက် ရှိလေသည်။လုံချန် ရင်တွေ တစ်ဒိန်းဒိန်းခုန်လာသည်။အလင်းစက်
ကွင်းနှင့် ထိုကြယ်များ....ဤအရာသည် ကြယ်ကိုးလုံးသိုင်းပညာပင် မဟုတ်လော။

"အချိန်တွေ ကုန်နေပြီ"

သံလိုက်ကဲ့သို့ အလွန်တရာ ဆွဲငင်ဓာတ်ရှိသည့် အသံတစ်မျိုးကို လုံချန် စိတ်ထဲတွင်ကြားရ၏။ဗလာနယ်
သည် လုံး၀ ကွယ်ပျောက်သွား၏။ချွေးများရွှဲနစ်၍ လုံချန် ရုတ်တရက် နိုးလာသည်။အိမ်မက်ကို သူ
အသေးစိတ်မှတ်မိနေသည်။အိမ်မက်သည် သာမာန် အိမ်မက် မျိုး မဟုတ်ချေ။

"အချိန်တွေ ကုန်နေပြီ ဘာကိုဆိုလိုတာလည်း သူ့အချိန်ကုန်တာကို ပြောတာလား ငါ့အချိန်ကုန်တာကို
ပြောတာလား"

"ဒီလူက ဘယ်သူလည်း ဗလာနယ်က တစ်ချက်တည်း နဲ့ ပေါက်ကွဲပျက်စီးသွားတယ် အဲ့တာ ဘယ်လော
ကလည်း"

"ထူးဆန်းတဲ့ မှော်သားရဲကောင်ကကော ဘာလည်း အဲ့ဒိလူရဲ့နောက်ကျောဘက်က လူတစ်ယောက်က
ကော ဘာ့ကြောင့် ရင်းနှီးနေသလို ငါခံစားနေရတာလည်း"

"ဘာတွေဖြစ်ကုန်တာလည်း"

သူ့ခေါင်းထဲတွင် မေးခွန်းများပလုံစီထနေသည်။ရှောင်ဟွာ သူ့အား ကယ်တင်ခဲ့စဉ် သတိမေ့နေတုန်း
ကလည်း အသံတစ်သံကို ပီပီသသကြားဖူးသည်။

"မင်းသတိရမှဖြစ်မယ် မင်းလုပ်ရမယ့်တာ၀န်တွေ အများကြီးရှိနေသေးတယ်"

"မင်းပိုပြီး အစွမ်းထက်လာရမယ် ရန်သူအများအပြား မင်းကိုသတ်ဖို့ စောင့်နေတယ်"

"မင်းရဲ့ ကံဟာ ကောင်းကင်နဲ့မြေကြီးကို ပြောင်းပြန်လှန်ပစ်နိုင်တယ် နတ်ဘုရားတွေ မိစ္ဆာတွေ အကုန်
လုံး မင်းခြေထောက်အောက်ရောက်လာလိမ့်မယ် လုံချန် မြန်မြန်ထ...."

ထိုစကား သုံးခွန်းသည် သူ့စိတ်ထဲတွင် ပဲ့တင်သံထပ်နေသည်။ထိုစကားသုံးခွန်း နှင့် သူမက်ခဲ့သည့်
အိပ်မက်သည် ဆက်စပ်နေပုံရ၏။သို့သော် ဤအရာကား ရှင်းရှင်းလင်းလင်း မရှိသည့် တစ်ပိုင်းတစ်စ
ကောက်ချက်များလည်းဖြစ်သည်။ဂွင်းဆက်များကဲ့သို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိစေရန် ကြားတွင်
ပျောက်နေသည့် ဂွင်းဆက်များလိုသည်။ထိုမှသာ ရုပ်လုံးပေါ်လာပေမည်။

လုံချန်က သူ့ ခေါင်းကိုပွတ်လိုက်သည်။သူ့ခေါင်းသည် ပေါက်ကွဲ မတတ်ဖြစ်နေ၏။ထိုအကြောင်းအရာ
များကို သူက မည်သို့မျှနားမလည်။ထိုကြောင့် ရုပ်လုံးဖော်ရန် ကြိုးစားနေခြင်းကို လက်လျှော့လိုက်
တော့သည်။သို့သော် သူ့တွင် သေချာတာတစ်ခုတော့ရှိသည်။သူ့ခေါင်းထဲတွင် ရှိသည့် ဤမှတ်ညာဏ်
များသည် တိုက်ဆိုင်စွာဖြင့် ပေါ်ပေါက်လာခြင်းလုံး၀မဟုတ်ပေ။

သူသည် သိုင်းကျင့်၍ မရအောင်ဖျက်ဆီးခံလိုက်ရသော်ငြား ကြယ်ကိုးလုံးသိုင်းပညာတွင် ဒန်တမ်မလို
အပ်ချေ။ဆယ်ခုမြောက် စွမ်းအင်စက်ကွင်း သူ့တွင် ပေါ်ပေါက်လာကတည်းက ကြယ်ကိုလုံးသိုင်းပညာ
ကို သူ သံသယ ၀င်ခဲ့သည်။ဤသိုင်းပညာသည် ကိုယ်နှင့်တိုင်း၍ ချုပ်ထားသည့် အင်္ကျီကဲ့သို့ သူနှင့်
ကွက်တိကျလှ၏။

ဆယ်ခုမြောက် စွမ်းအင်စက်ကွင်းပေါ်ပေါက်လာသည့်အချိန်တွင် ဒန်တမ်ပတ်လည်၌ ချီဓာတ်များ အလွန်
ပြင်းထန်စွာ စီးဆင်းလာသည်ကို သူသတိထားမိခဲ့ပါသည်။သူသည် ကံတရား သို့မဟုတ် တိုက်ဆိုင်မှု
များကို အယုံအကြည်ရှိသူ တစ်ယောက် မဟုတ်ချေ။အကယ်၍ သူ့ဒန်တမ်တွင် ချီစွမ်းအင်များသာ ရှိ
နေပါမူ စွမ်းအင်စက်ကွင်းဆယ်ခုသည် ပေါက်ကွဲသွားပေမည်။သူပင် ပေါက်ကွဲ၍ သေကောင်း သေသွား
နိုင်၏။

ထို့ပြင် သူ နှစ်ကြိမ်တိုင်တိုင် ကြားခဲ့ရသည့် စကာသံသည် တိုက်ဆိုင်မှုတစ်ခု ပို၍ပင် မဖြစ်နိုင်ချေ။ဖြစ်
နိုင်သည်မှာ ယင်းသည် အစီအစဉ်ကျနစွာဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်တန်ရာသည်။

လုံချန်က စဉ်းစားရင်းဖြင့် ရုတ်တရက် ရယ်လိုက်၏။အသံရှင် ပြောခဲ့သည့် တာ၀န်များဆိုသည်မှာ သွေး
နှောအဆင့်သာ ရှိသေးသည့် သူ့လို လူမျိုးနှင့် အမြင်မတော် ဆင်တော်နှင့် ခလောက်ဆိုသကဲ့သို့ဖြစ်
နေသည်။သို့သော် ထိုလူကို ပြန်မြင်ယောင်မိသည့်အခါတွင် ရင်များ တစ်ဒိန်းဒိန်းခုန်လာရသည်။

"ဒီ အလင်းစက်ကွင်းနဲ့ ကြယ်တွေကိုကြည့်ရင် ဒီလူက ကြယ်ကိုးလုံးသိုင်းပညာကို အသုံးပြုနေတာပဲဖြစ်
ရမယ် ဒါဆို ငါလည်း တစ်နေ့ကျရင် သူ့လို ဖြစ်လာမယ်လို့ ဆိုလိုတာများလား"

နောက်ဆုံးတွင် ထိုပြဿနာ၏ ဖြေရှင်းရခက်သည့် အပိုင်းသို့ လုံချန်ရောက်သွားသည်။သူ့၏ လက်ရှိ
သိုင်းပညာ အဆင့်ကို သူ စိတ်ပျက်မိသည်။

"ကောင်းပြီလေ ဒီလမ်းကြောင်းကိုပဲ ငါဆက်လျှောက်ရမှာပေါ့ ဘာပဲဖြစ်ဖြစ်ကိစ္စမရှိဘူး  တစ်နေ့နေ့
ငါလည်း ဒီလို အဆင့်မျိုး ဖြစ်ကောင်းဖြစ်လာနိုင်တာပဲ"

လုံချန်က မိမိ ကိုယ်ကို နှစ်သိမ့်နေသည်။ဤသို့ အသံရှင်၏ အဆင့်မျိုးဖြစ်လာလိမ့်မည်ဟူ၍ သူ့ကိုယ်သူ
အားပေးခြင်းမှာ လိမ်ပြောနေသည်ဟု လုံချန်က ခံစားရသည့်တိုင် ထိုသို့ နှစ်သိမ့်ခြင်းဖြင့် အနည်း
ဆုံးတော့ သူ့တွင် ပန်းတိုင်ရှိသွားပြီဖြစ်သည်။

ထို့နောက်တွင် လုံချန်က သူ့၏ ခြေဖုဝါးမှ ဖုန်ဖူကြယ်ကို စစ်ဆေးကြည့်ရန် သတိရ၏။ဖုန်ဖူကြယ်သည်
ယခင်ကနှင့် လားလားမျှမတူတော့ပဲ အသက်ဓာတ်များဖြင့် လွန်စွာပြည့်၀လျှက်ရှိပြီး စွမ်းအင်များကို
အတိုင်းအဆမဲ့ ထုတ်လွှတ်နေ၏။၀တ်ရုံဖြူနှင့် တိုက်ခိုက်စဉ်က ပေါ်လာခဲ့သည့် ဖုန်ဖူ အကာအကွယ်
မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း လုံချန် ပြန်အမှတ်ရမိသည်။

"ဒါဆိုရင် ကြယ်ကိုးလုံး သဏ္ဍန်ပြောင်းမှုဟာ ကြယ်တစ်လုံးချင်းစီရဲ့ ဆင့်ကဲတိုးတက်မှုဖြစ်စဉ် ကိုးမျိုးကို
ဆိုလိုတာပေါ့ ... ဆင့်ကဲတိုးတက်ရင်းနောက်ဆုံးမှာ တစ်ကယ့်ကြယ်တစ်လုံးအဖြစ် ရောက်သွားရင်
သူ့ရဲ့ အပြည့်စုံ ဆုံး အဆင့်ကိုရောက်ပြီပေါ့"

နောက်ဆုံးတွင် ပြောင်းလည်းမှုကိုးမျိုးက အဘယ့်ကြောင့် တိုက်ခိုက်နေစဉ်အတွင်း၌သာ ဖြစ်ပွား
သည်ကို လုံချန်နားလည်သွားခဲ့သည်။ထိုတိုက်ပွဲ မတိုင်ခင်က သူ၏ ဖုန်ဖူကြယ်သည် ပြောင်းလည်းမှု ရှစ်မျိုး
သာရှိခဲ့ရာ ပြောင်းလည်းခြင်း ကိုးမျိုးသို့ မရောက်နိုင်ခဲ့ပေ။သို့သော် ထိုနေ့တွင် လုံချန် အကြီးအကျယ်
ဒေါသထွက်ရာမှ ဖုန်ဖူကြယ်၏ နောက်ဆုံးတစ်ဆင့်သည် ပြောင်းလည်းသွားခဲ့ပြီ ပြည့်စုံသည့်အဆင့်သို့
ရောက်သွားခဲ့ခြင်းဖြစ်လေသည်။

ယခုအချိန်တွင်မူ သူသည် ဖုန်ဖူ အကာအကွယ်ကို အချိန်ကြာမြင့်စွာ မဖန်တီးထားနိုင်ပေ။သို့သော်
ကြယ်ကိုးလုံး သိုင်းပညာ၏ အခြားလျှို့ဝှက်ချက်တစ်ခုကို ထပ်သိရသောကြောင့် လုံချန်က လွန်စွာ
ကျေနပ်နေ၏။ဤသို့ သိရခြင်းသည် နောင်အနာဂါတ်၌ သူ့အတွက် အကူအညီတစ်ခုဖြစ်လာလိမ့်မည်။

ဖုန်ဖူအကာအကွယ်၏ တန်ခိုး သည် လွန်စွာထက်မြက်လှ၏။သို့ဖြစ်ရာ အချိန်အနည်းငယ်သာဖန်တီး
နိုင်တော့ကော ဘာဖြစ်သနည်း။ထိုအချိန်အတောအတွင်း ရန်သူကို အနိုင်တိုက်ခိုက်နိုင်ပင်လျှင် သူ့
အတွက် လုံလောက်ပေပြီ။

ရုတ်တရက် လုံချန် အခြားကိစ္စ တစ်ခုကို တွေးမိပြန်၏။ထူးခြားဆန်းကြယ်သည့် အိမ်မက်မှလန့်
နိုးလာစဉ်တွင် အချက်ကလေးတစ်ချက်သည် သူ့အာရုံ၌လာပေါ်သည်။လုံချန်သည် မျက်စိကို
အသာအယာမှိတ်ပြီး ထို အချက်ကိုပြန်စဉ်းစားနေ၏။နောက်ဆုံး၌ ထိုအချက် ကို သူမှတ်မိသွားကာ
မှိတ်ထားသော မျက်စိကိုဖွင့်လိုက်လျှင် မယုံနိုင်ဟန်များက သူ့မျက်၀န်းတွင် အထင်းသားပေါ်နေတော့သည်။

ချစ်ခြင်းများစွာဖြင့်…

MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၁၂)သောကြာကြယ်

အိပ်မက်ထဲမှ တစ်စွန်းတစ်သိခဲ့ရသည့် တစ်ပိုင်းတစ်စ သတင်းစကားလေးမှာ သောကြာကြယ်ဆိုသည့်
ဆေးဖော်စပ်နည်းတစ်ခုဖြစ်မည်ဟု လုံချန်ထင်မထားမိခဲ့ချေ။ဤအချက်ကြောင့် လုံချန် ရူးသွပ်
မတတ် ပျော်ရွှင်သွားရ၏။

သောကြာကြယ်သည် ကြယ်ကိုးလုံးသိုင်းပညာမှ ဒုတိယမြောက် ကြယ်ဖြစ်၏။၎င်းသည် ညာဖက်လက်
ဖုဝါး၏ အလယ်တည့်တည့်တွင်တည်ရှိပြီး သူ့၏ ဘယ်ခြေထောက်တွင် ရှိသော ဖုန်ဖူကြယ်နှင့် ဆန့်
ကျင်ဘက်၌ တည်ရှိနေခြင်းဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော် လုံချန်သည် ကြယ်ကိုးလုံးသိုင်းပညာ၏ ဒုတိယအဆင့်ကို မည်သို့ကျင့်
ရမည်ကို သိပြီ ဟူ၍ ပြောလို့ရသည်။အပြည့်စုံ ဆုံး အဆင့်သို့ရောက်သွားပြီဖြစ်သည့် ဖုန်ဖူကြယ်
ကြောင့်လည်း လုံချန်က ယုံကြည်ချက်များ သိပ်ရှိနေပါ၏။

အကယ်၍ ဒုတိယ ကြယ်တစ်ခုကိုသာ သူ ဖွင့်နိုင်ခဲ့သော် သူ့တွင် ဒန်တမ် နှစ်ခုရှိသည်နှင့် ညီမျှ
သွားမည်ဖြစ်သကဲ့သို့ သူ့၏ လှုပ်ရှားမှု ဝါ ကိုယ်ဖော့ပညာသည်လည်း ယခင်ကနှင့် မနှိုင်းယှဉ်သာ
အောင် ပို၍ မြန်လာလိမ့်မည်။

ဖုန်ဖူကြယ် တစ်ခုထဲ နှင့်ပင် သူ့၏ ခွန်အားမှာ လွန်စွာ ကြီးမားလေရာ အကယ်၍ သောကြာကြယ်
၏ အစွမ်းကိုပါ ထပ်ရ၍ ကြယ်နှစ်လုံး၏ စွမ်းအားဖြင့်ဆိုလျှင် သူ့၏ စွမ်းအားသည် မည်မျှကြောက်မက်
ဖွယ် ကောင်းလာလိမ့်မည်နည်း။အိမ်မက်ထဲမှ အလင်းစက်ကွင်းပိုင်ရှင်၏ မျက်လုံးထဲ၌ မြင်ခဲ့ရသော
ကြယ်ကိုးလုံးကို သူ ပြန်စဉ်းစားမိသည်။လုံချန် ရင်တွေ တစ်ဒိန်းဒိန်းခုန်လာပါသည်။တစ်နေ့တွင် သူ
သည်လည်း ထိုလူကဲ့သို့ အစွမ်းထက်ကောင်း ထက်လာပေမည်။

"နေပါဦး...ဘာလည်းဟ" ဆေးဖော်စပ်နည်းကို ကြည့်လိုက်သည့်အခါတွင် အံ့အားကြီးစွာသင့်၍
လုံချန် ထခုန်မိသည်။

"မီးအိမ်မြောင်ရဲ့ ဦးချို....ရေခဲမြွေရဲ့ သွေး....ကွီလင် အသီး...ရသာကိုးပါး ကူတင်...အမတ ဂန္ဓမာပန်း"

သောကြာကြယ် ဆေးဖော်စပ်နည်းတွင် ထည့်ရသည့် ပါ၀င်ပစ္စည်းအမျိုးပေါင်းသုံးဆယ်ကျော်သည်
ရှားပါး ဆေးပစ္စည်းများ ဖြစ်နေသည်ကို လုံချန် အံ့သြစွာဖြင့်သိလိုက်ရ၏။ထိုဆေးအမယ်များတွင်
အရှားပါးဆုံးမှာ ကွီလင်သီးဖြစ်လေသည်။

အကယ်၍ ကံကောင်းထောက်မစွာဖြင့် ကွီးလင်းသီးကို သူ ရခဲ့မည်ဆိုလျှင်ပင် လက်ရှိဖုန်ဖူကြယ်အား
သူကြွေးခဲ့ရသည့် အတိုင်းအတာနှင့် ဆေးဖော်စပ်ရသော် မည်သို့မျှ လောက်ငှသည့် ပမာဏလောက်
ထိ ရနိုင်မည်မဟုတ်ဟု သူယူဆသည်။သူ့၏ စိတ်လှုပ်ရှားမှုသည် မီးကို ရေဖြင့် ငြိမ်းသတ်လိုက်ဘိ
သကဲ့သို့ ချက်ခြင်းဟုတ် ကနဲ ပြန်ပျောက်သွား၏။

ကြယ်ကိုးလုံးသိုင်းပညာသည် ဒဏ္ဍာရီလာ သိုင်းပညာတစ်မျိုးဖြစ်ရာ ၎င်းတွင် အသုံးပြုသည့် ဆေး
အမယ်များသည်လည်း ရှေးရှေး ခေတ်မှ ဖော်စပ်နည်းများဖြစ်လေ၏။ယခုခေတ်တွင်မူ ထိုဆေးအမယ်
အများစုသည် ရှားပါးကုန်ကြလေပြီ။ထိုဆေးအမယ်များကို သူ မည်သို့ရှာဖွေ စုဆောင်းရမည်နည်း။

ဤဆေးအမယ်များကို စုဆောင်းရာတွင် လည်း ဆေးဖော်ရန် လုံလောက်သည့်ပမာဏ တစ်ခုထိ
ရောက်ရန် လိုနေသေးသည်။ယေဘူယျ အားဖြင့် ထိုသို့ရှာဖွေ စုဆောင်းရန်မှာ ကောင်းကင်ဘုံသို့
တက်သလိုပင် ခက်လှ၏။လက်လျှော့ချင်စရာ ကောင်းလှသည့် အလုပ်ဖြစ်သည်။

ဒုတိယကြယ်၌ပင် ထိုပြဿနာမျိုးကြုံနေလျှင် တတိယကြယ်၊စတုထ္ထကြယ်များတွင် မည်မျှလောက်
ခက်လိမ့်မည်နည်း။သို့သော် စဉ်းစားရင်းဖြင့် သူ့၏ အတွေးကြောင်နေမှုကို လုံချန် တဟားဟား ရယ်
မိသည်။ဖီးနစ်တွင် မရှိတော့ကော ဘာဖြစ်သနည်း။ဖီးနစ်တွင်မရှိ၍ ဖီးနစ်၏ အပြင်ဘက်လောကတွင်
လည်းမရှိဟုမဆိုလို။ရှိနိုင်သည်သာ။

သူ ၀န်မခံချင်သော်လည်း ၀တ်ရုံဖြူနှင့်ဟွာယွန်အိမ်တော်မှ ပိုင်လင်တို့ပြောသွားသည့် သူသည်
ကျယ်ပြောသည့် လောကကြီးကို မသိသည့် ရေတွင်းထဲမှ ဖားတစ်ကောင်ဖြစ်နေသည့် ဆိုသည့်စကား
ကို မဖြစ်မနေ ၀န်ခံရပေမည်။

ထိုသို့ဆိုလျှင် ကျယ်ပြောသည့် လောကကြီးထဲသို့ သူ အဘယ့်ကြောင့်မသွားသင့်ပါသနည်း။
ထို့ပြင် သူ့၏ ဇနီးလောင်ကိုလည်း သွားတွေ့ရဦးမည်။မည်သို့ဆိုစေ အချိန်အတော်ကြာသွားပြီ
ဖြစ်ရာ သူမသည် သူ့ကိုပင် မေ့ကောင်းမေ့နေလောက်ပေပြီ။စိုးရိမ်စရာ ကောင်းလှ၏။

ဆရာကြီးယွမ်ချီပြောခဲ့ သည့် ဆေးတောင်ကြား ဆိုတာကိုလည်း သူသတိရမိသည်။ဆေးဆရာများ
၏ အန္တိမ ပန်းတိုင် မြေမြတ်ဖြစ်သော ဆေးတောင်ကြားဆိုသည်မှာ မည်သို့ရှိသနည်း။သူ သိချင်လှပါ
သည်။

အကယ်၍ ဆေးတောင်ကြားသို့သာ သူ၀င်ခွင့်ရခဲ့သော် ကြယ်ကိုးလုံးသိုင်းပညာကို လေ့ကျင့်ရာ၌
လိုအပ်သည့် ရှားပါဆေးအမယ်များအား အလွယ်တစ်ကူ ရနိုင်မည်လော။ဤသို့ဆိုလျှင် သူ့၏ပြဿ
နာများသည် အလွယ်တကူ ဖြေရှင်းပြီသား ဖြစ်သွားမည် မဟုတ်ပါလား။

ဤသို့ ဤနှယ် စဉ်းစားမိသည်တွင် နောက်ဆုံး၌် တိမ်မည်းများဖြင့် ဖုံးအုပ်ထားသော ကောင်း
ကင်ကြီးသည် တိမ်မည်းများ လွင့်စင်၍ ကြယ်လင်သည့် ကောင်းကင်ပြာကြီးကို မြင်လိုက်ရဘိသကဲ့သို့
လုံချန်၏ စိတ်အစဉ်သည်လည်း ရှင်းလင်းပေါ့ပါးသွားလေသည်။ထိုစဉ် သူ့အခန်းတံခါး သည် ကျွီကနဲ
မြည်သံဖြင့် ပွင့်လာပြီး ရေနှင့် မျက်နှာသုတ်ပုဝါ ထည့်ထားသော ဇလုံ တစ်လုံးကိုကိုင်ကာ မိန်းမငယ်
လေးတစ်ယောက်၀င်လာသည်။

"ညီမက အကိုမနိုးအောင် အသာလေး ၀င်လာတယ်ပေါ့" လုံချန်က တစ်ဟားဟားရယ်နေ၏။

အနှီမိန်းကလေးသည် ချောမောလှပသည့် မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး ပိတုန်းရောင်ဆံနွယ်
များက လှိုင်းများထ၍ ပုခုံးနှစ်ဖက်တွင် ကျနေသည်။သူမ၌ သောက်ရှုးကြယ်နှင့် တူသော ကြည်လင်
သည့် မျက်လုံးကလေး၊လခြမ်းလေးနှင့် တူသော ဇင်ယော်တောင် မျက်ခုံးလေးများရှိ၏။သူမကား ဖီး
နစ် ၏ တတိမြောက် မင်းသမီးကလေးတစ်ပါးဖြစ်သည့် ချူယောင်ပင် ဖြစ်ပါသည်။

သူမက ခေါင်းယမ်းပြီး လုံချန်၏ အိပ်ယာကိုကြည့်လိုက်သည်။လုံချန်သည် တစ်ဟားဟား ရယ်၌ သူမ
ကို စနေလျှင် သူမ မျက်နှာလေးမှာ ရှက်သွေးများကြွပြီး ရဲပဒေါင်းခတ်နေတော့သည်။

"အကိုထတော့လေ ကျွန်မ မျက်နှာသစ်ပေးမယ်" သူမက ဇလုံကိုအသာချပြီး ရေစိမ်ထားသည့် မျက်
နှာသုတ်ပုဝါကို အကြိမ်တော်များများ ညှစ်လိုက်၏။ထို့နောက် လုံချန် ထံသို့လျှောက်သွားသည်။
သူမက မျက်နှာနီနီလေးနှင့်ပင် လုံချန်၏ မျက်နှာကို ဂရုတစ်စိုက် ဖြင့် ညင်သာစွာ သုတ်ပေးနေသည်။
သူမထံမှရသော သင်ပျံသည့် မွှေးရနံ့လေးနှင့် သူမ၏ ရင်ခုံသံများသည် သူ့ရင်ကို နွေးထွေးစေပါ၏။
လုံချန်က သူမ၏ ထွာဆိုင်သာသာ သေးကျဉ်းသော ခါးလေးကို တင်းကျပ်စွာဖက်ထားလိုက်သည်။

(ဒီနေရာကို မပြန်ပဲ ချန်ခဲ့ရင်ကောင်းမလား ငိငိငိငိ)

ထို့နောက်သူသည် ချူယောင်ကို ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။သူ့၏ ရင်ခွင်ကျယ်ကြီး၌ သူမ
ခေါင်းလေးကို အသာ မှေးစက်ထားရာမှ သူမ၏ ရင်ခုံသံများ တစ်ဖြေးဖြေးမြန်လာ၏။သူမတို့နှစ်
ယောက်မှာ တစ်ယောက်ကို တစ်ယောက်မည်သည့်စကားမှ မပြောကြ။ချစ်ခြင်း၏ တေးသံစဉ်
သည် စကားလုံး ထောင်၊သောင်းတို့ထက် ပို၍ ထိရောက်ပါပေ၏။

အချိန် ဘယ်လောက်ကုန်သွားသည်မသိ။ချူယောင်က သူမ၏ လက်ကလေးဖြင့် လုံချန်၏ ပါးပြင်ကို
ပွတ်သပ်လိုက်သည်။ထို့နောက်သူမက ခပ်တိုးတိုးလေသံဖြင့် ပြော၏။

"အကို ကျွန်မတို့နှစ်ယောက် မခွဲမခွာပဲ ဘယ်တော့များမှ တသက်လုံး အတူတူနေကြရမှာလည်းဟင်"

လုံချန် ရင်တွေဒိန်းကနဲဖြစ်သွားသည်။ဤစကားသည် သူ့အား မိန်းမပျိုကလေးတစ်ယောက်ကို သွား
အမှတ်ရစေသည်။သူမသည် လွန်စွာချောမောလှပသည် ဟု မဆိုနိုင်သော်လည်း သူမမျက်၀န်း၌
သူ့အပေါ်ချစ်သော အချစ်များဖြင့် ပြည့်ရွှမ်းနေသည်။

"ဒီ လည်ဆွဲလေးကိုမြင်ရင် ရှင့်ကို အသည်းနင့်အောင်ချစ်ခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက်
ရှိခဲ့ဖူးတယ် လို့ သတိရပေးပါ"

လည်ပင်းမှ လည်ဆွဲလေးကို ကိုင်၍ လုံချန်သည် သက်ပြင်းကို လေးလေးပင်ပင်ကြီးချမိသည်။
သူ့စိတ်အစဉ်သည် ရွာငယ်လေးထံသို့ ခရီးနှင်ပြန်လေပြီ။ယခုအခါတွင် သူမ မည်ကဲ့သို့နေမည်နည်း။

"ဘာဖြစ်လို့လည်း" လုံချန်ငိုင်ကျ သွားသည်ကို မြင်သောကြောင့် ချူယောင်က တစ်ခုခုပဲဟူ၍ တွေး
မိ၏။

လုံချန်က အဖြစ်အပျက်ကို အစမှအဆုံးတိုင် ခရေစေ့တွင်းကျ ပြောပြသည်။ယင်အမတ်ကြီး လိုက်
သတ်၍ သေပြေး ရှင်ပြေး ပြေရသည်မှစကာ ရှောင်ဟွာ သူ့ကို ကယ်ဆယ်သည် အထိဖြစ်သည်။

"လုံချန် အဲ့ဒိ အမျိုးသမီးလေးက ရိုးသားလိုက်တာနော်  ဘာလို့ အဲဒိကောင်မလေးကို အကို
က ငြင်းလိုက်တာလည်း" ရှောင်ဟွာ၏ ဇာတ်လမ်းကို နားထောင်ပြီး ချုယောင်သည် များစွာ
သနားနေမိသည်။(ကတောက်...ရှားတယ်..ဒီလိုကောင်မလေးမျိုး)

သူမသည် မင်းသမီးဖြစ်ချင်ဖြစ်မည်။သို့သော် ဤလောက၀ယ် ခွန်အားကြီးမားသော ယောကျာင်္း
ကောင်း၊ယောကျာင်္းမြတ်တို့သည် ဇနီးအများအပြားယူလေ့ရှိသည်ကို သူမသိသကဲ့ သို့ နားလည်ပေး
၍လည်းရ၏။သူမသည် လုံချန်၏ အချစ်ကို သူမတစ်ဦးတည်း သိမ်းပိုက်ထားရန် မည်သည့်အခါကမှ
မစဉ်းစားခဲ့ချေ။ရှောင်ဟွာကို သမ သနားသည်။သို့တိုင်အောင် တစ်ချိန်တည်းတွင် ရှောင်ဟွာကဲ့သို့
အဖြစ်မျိုး သူမကြုံမှာကိုလည်း ကြောက်လာ၏။

ယုန်ကလေး တစ်ကောင်ကဲ့သို့ ကြောက်လန့်နေသည့် ချုယောင်ကိုမြင်လျှင် လုံချန်က နဖူးလေးကို
ခပ်ဖွဖွလေးနမ်းလိုက်သည်။

"အကိုတို့ တစ်ယောက်အပေါ်တစ်ယောက် ကတိပေးထားကြတာကို မေ့ထားတာလား ချူယောင်"

ချူယောင် မျက်နှာလေး နီရဲသွားသည်။ထို့နောက် သူမက လေသံတိုးတိုးလေးဖြင့် ပြော၏။

"အကို ကျွန်မတို့ နှစ်ယောက် တစ်ကယ်ပဲ တစ်သက်လုံး အတူတူနေကြရမှာပါနော်"

ဘာ့ကြောင့်ရယ် မသိ။ချူယောင် တစ်ခုခုကို ကြောက်နေသည်။

"ဒါပေါ့ကွာ အကိုတို့ တစ်သက်လုံး အတူတူ နေကြရမှာပေါ့" လုံချန်က ချူယောင် ၏ ပါးလေးကို
ပွတ်သတ်လိုက်သည်။

"ဒါ...ဒါပေမယ့်..ရှောင်ဟွာလို  ကျွန်မကိုထားခဲ့မှာကို ကျွန်မကြောက်တယ်" ချုယောင် မျက်ရည်စ
လေးများ ကျလာလျှင် လုံချန်၏ နှလုံးသားများ နာကျင်သွားရသည်။(စောင် အာ အက်တွေ -_-)

"အဲ့ဒိလို ဘယ်ဟုတ်ပါ့မလည်းကွာ ရှောင်ဟွာက သူ့ရွာကလေးကို ကာကွယ်ချင်တယ် ဒါ့ကြောင့်
သူမူဟာ ရွာကနေ အကို့နောက်ကိုမလိုက်ခဲ့ဘူးလေ အကိုလည်း အတူတူပါပဲလေ အကို့မှာတစ်
သက်လုံး စောင့်ရှောက်ကာကွယ်ပေးရမယ့်သူလေးရှိတယ် အဲ့တာ ဒီကောင်မလေးပေါ့" လုံချန်က
ပြုံးရင်းပြောသည်။

"ဟေး...မျက်နှာလေးက ဘာဖြစ်သွားတာလည်းကွ" ချုယောင်သည် မျက်နှာလေးများနီမြန်းသွားပြီး
လုံချန်၏ ရင်ဘတ်ကို လက်သီးဆုပ်လေးများဖြင့် ခပ်ဖွဖွထုလိုက်၏။လုံချန်က သူမကို စနေမှန်း သိသည်။
သို့သော် သူမမျက်နှာလေးက ရဲပဒေါင်းခတ် နေတုန်းပင်။

လုံချန်က သဘောကျစွာဖြင့် နှစ်နှစ်ခြိုက်ခြိုက်ရယ်နေသည်။ချူယောင် စိတ်ဆိုးသွားပုံလေးက သိပ်
ချစ်စရာ ကောင်းနေသည်မဟုတ်လား။လုံချန်က သူမ၏ သေးကျဉ်သော ခါးလေးကို ဖက်ထား
သည်။ဤကဲ့သို့ပင် ထာ၀ရ သူနေချင်မိပါ၏။

သို့ရာတွင် လုံမိသားစု၏ ပြဿနာများ ပြေလည်သွားသော်လည်း လုံး၀ အဆုံးသတ်သွားခြင်းမ
ဟုတ်ကြောင်းကို သူသိသည်။သူ့တွင် လုပ်စရာ အလုပ်ပေါင်းများစွာ ကျန်နေသေးသည်လေ။

"လုံချန်...မန်ချီဆိုတာ ဘယ်သူလည်းဟင်" ချူယောင်က ရုတ်တရက်မေးလာသည်။

လုံချန် ရုတ်တရက် ကြောင်သွားကာ မည်သို့ဖြေရမှန်းမသိဖြစ်နေ၏။

"ကျွန်..ကျွန်မက ဘာအဓိပ္ပါယ်နဲ့မှ မေးတာမဟုတ်ပါဘူး  မမ မန်ချီအကြောင်းကို နည်းနည်း
လောက်သိချင်လို့ပါ နောင်ဆိုရင် ကျွန်မက သိခွင့်ရှိမယ်မလား" လုံချန် ငိုင်သွားသည်ကိုမြင်သော
ကြောင့် ချူယောင်က ကပျာကယာ ရှင်းပြရှာသည်။လုံချန်က ခေတ္တမျှ စဉ်းစားခန်း ၀င်နေ၏။
ဤအကြောင်းကို သူ့အမေထံမှ ချူယောင်သိခြင်းဖြစ်လိမ့်မည်။

"ကျေးဇူးတင်ပါတယ်ကွာ" လုံချန်က သူမကို ရုတ်တရက် ကျေးဇူးတင်လိုက်သည်။

"ဘာ့ကြောင့် ကျွန်မကို ကျေးဇူးတင်တာလည်း အကို" ချုယောင် နားမလည်။

"အင်ပါယာရဲ့ မင်းသမီးလေးတစ်ပါးကို အကိုက အခက်တွေ့အောင်လုပ်မိပြီလေ"

ချုယောင်၏ မန်ချီအပေါ်သို့ မမဟု ခေါ်သည့်စကားကို ကြည့်လျှင် ချူယောင်သည် ပထမနေရာ
(မယားကြီး)တွင် နေလိုဟန်မရှိကြောင်း သူ သိသည်။ယင်းကား မိန်းမ တစ်ယောက်၏ အကြီးအကျယ်
ဆုံးသော အနစ်နာခံမှုလည်းဖြစ်လေသည်။

ချူယောင်က ခေါင်းခါသည် "ကျွန်မကိုယ် ကျွန်မ အပြစ်မတင်ပါဘူး တစ်ကယ်ဆိုရင် ကျွန်မ
ပျော်တောင် ပျော်နေသေးတာ ကျွန်မတစ်၀လုံး လှောင်အိမ်ထဲက ငှက်ကလေး တစ်ကောင်လို
အထီးကျန်ဆန် ခဲ့ရတယ် ဘာ့ကြောင့်ရယ်လို့ ကျွန်မမသိပေမယ့် အကို့ကို မြင်မြင်ချင်းမှာပဲ
ထူးဆန်းတဲ့ခံစားမှု တစ်မျိုးကို ခံစားမိတယ် အခုတော့ဒါဟာ ကံတရား ဖြစ်တယ်လို့ ကျွန်မ
သဘော ပေါက်သွားခဲ့ပြီ"

"အမှန်ပဲ ချူယောင်...အမှန်ပဲ...ဒါဟာ ကံတရားပဲ အကိုတို့ စတွေ့တုန်းကဆိုရင် အကိုတောင်
ကံကောင်းလို့ မသေတာလေ" လုံချန်က တဟားဟား ရယ်သည်။

"ရှင်...ရှင်လည်း အဲ့ဒိတုန်းက ကျွန်မကို ရိုက်ခဲ့တာပဲလေ...လူဆိုး..." ချူယောင်က မျက်နှာနီနီ
လေးဖြင့် လုံချန်၏ ဗိုက်ခေါက်ကို လိမ်ဆွဲလိုက်သည်။သူတို့နှစ်ယောက် စတွေ့စဉ်းတုန်းက အဖြစ်
ကို တွေးမိလျှင်နှစ်ယောက်သားသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မောမိကြ
ကာ တစ်ယောက်ကို တစ်ယောက် တင်းကျပ်စွာဖက်ထားလိုက်ကြလေသည်။

လုံချန်က မန်ချီနှင့်ပတ်သတ်၍ နှင်းပွင့်လေးအကြောင်းကိုပါ မခြွင်းမချန် အကုန်လုံးပြောပြလိုက်
၏။

"လုံချန် အကိုက လူကောင်းတစ်ယောက်ပါ" လုံချန်၏ စကား အဆုံးတွင် သူမသည် လုံချန်၏ ပါး
ကို ငြင်ငြင်သာသာလေး ပွတ်သပ်လေသည်။သူနှင့်စတင် ဆုံစည်းကတည်းကစ၍ သူမသည် သူ့၏
နောက်ကြောင်းကို အကုန်သိပြီးဖြစ်သည်။လုံချန် မည်မျှနာကျင်ခံစားခဲ့ရသနည်း။သူမခံစားခဲ့ရသည်
ထက်ပင် များစွာပိုလေသည်။

ထိုသို့ဖြစ်သည့်တိုင်အောင် လုံချန်သည် မန်ချီနှင့် လက်ထပ်ပွဲပျက်ရသည့်အပေါ်တွင် မည်သည့်
အာဃာတ အငြိုးအတေးမှ မရှိပဲ လက်သင့်ခံခဲ့သည်။သူမ အမြင်တွင်မူ လုံချန်သည် လွန်စွာ
ကြင်နာ သနားတတ်သူတစ်ယောက်ဖြစ်လေသည်။

သို့သော် လုံချန်ကား မန်ချီနှင့်ပတ်သတ်၍ မည်သို့ လုပ်ရမည်မသိဖြစ်နေသည်။မန်ချီသည် ကြင်နာ
သနားတတ်သူ ဖြစ်သည့်တိုင် မုန့်ကိုသာဝေစားမည်၊အချစ်ကိုတော့မဝေ စား ဟူသည့် မိန်းမတို့
၏ သဘာ၀ ဗီဇ ကလည်း ရှိသေးသည်။ရှင်းရှင်းပြောရလျှင် မန်ချီ၏ စိတ်ကို သူ သေသေချာချာ
မသိသေးပေ။ဤကိစ္စမျိုးကား မိန်းမသားတို့အနေဖြင့် မည်သို့မျှ လက်မခံနိုင်သည့် ကိစ္စပင် မဟုတ်
ပါလား။ထို့ပြင် မန်ချီသည် သူ့ကို တစ်ကယ်ချစ်လား၊မချစ်လား ဆိုသည်ကို လုံချန် ကိုယ်၌ ကလည်း
သိပ်မသေချာပေ။အကြောင်းမှာ တစ်ဖက်သတ် ချစ်နေရသူသည် သူကိုယ်တိုင်သာ ဖြစ်သောကြောင့်
ဖြစ်လေသည်။

ဤသို့ တောင်တောင်အီအီ စဉ်းစားပြီး လုံချန် ခေါင်းများကိုက်လာပြန်သည်။လုံမိသားစုကိစ္စသည် ပြေ
လည်ရုံသာ ရှိသေးသည့်အချိန်တွင် နောက်ထပ်ဖြေရှင်းရမည့် ပြဿနာများကား ၀ရုန်းသုန်းကား
၀င်လာပြန်ချေပြီ။

ထိုစဉ် အခန်းအပြင်မှ ခြေသံများ ရုတ်တရက်ကြားလာရသောကြောင့် ချူယောင်က လုံချန်၏
ရင်ခွင်ထဲမှ ကြောက်လန့်တကြားဖြင့် ရုန်းထွက်လိုက်၏။

ချစ်ခြင်းများစွာဖြင့်….
MK AUNG

#

ဆေးသိဒ္ဓိရှင်
အခန်း(၁၁၃)လျှို့ဝှက်ချက်

လုံချန်၏ အခန်းတံခါးသည် ကျွီကနဲ မြည်သံဖြင့်ပွင့်လာ၏။အခန်းထဲသို့ ၀င်လာသူမှာ လုံချန်၏ ဖခင်
နှင့် မိခင်ဖြစ်သည်။လုံချန် ထူထူထောင်ထောင် ဖြစ်လာသည်ကို မြင်လျှင် သူတို့နှစ်ယောက်က လွန်စွာ
ပျော်ရွှင်နေကြသည်။

"သား ကျန်မာရေး အခြေအနေ ဘယ်လိုလည်း " လုံရှင်းရှောင်က သူ့ကိုစူးစမ်းဟန်ဖြင့် ကြည့်သည်။

"သား အတော်လေး ကောင်းသွားပါပြီ" လုံချန်ကပုခုံးတွန့်သည်။သူ့၏ ဖုန်ဖူကြယ်သည် အစစ် အမှန်
ဖုန်ဖူကြယ် အဖြစ်သို့ပြောင်းသွားသည်မှစကာ သူ့၏ နလန်ထနှုန်းသည် လွန်စွာလျှင်မြန်လာခဲ့သည်။
သူသတိရလာသည်နှင့် သူ၏ ဒဏ်ရာများမှာ လုံး၀နီးပါး ကောင်းသလောက်ဖြစ်နေပြီဖြစ်၏။

"အဖေ့ရဲ့ ဒဏ်ရာတွေကော" လုံချန်က စူးစမ်းလိုက်သည်။လုံချန်သည် အပြင်းအထန်တိုက်ခိုက်ခဲ့ရ
သော်လည်း သူ့၏ ဒဏ်ရာများက သိပ်မပြင်းထန်ပေ။တစ်နည်းအားဖြင့် လုံရှင်းရှောင်၏ ဒဏ်ရာများ
က သူ့ထက်ပို၍ ပြင်းထန်သည်။

လုံရှင်းရှောင်က အသာအယာပြုံး၏။

"အဖေက စိုးရိမ်စရာမရှိတော့ပါဘူး ဆေးဆရာအသင်းက အဖေကို ဆေးတွေ ပို့ပေးတယ်လေ ဆေး
ဆရာအသင်းရဲ့ အကြီးအကဲ အသစ်က အဖေ့ဒဏ်ရာတွေကို ကုပေးတယ်လေ နောက်ရက်နည်း
နည်းလောက်ဆိုရင် ဒဏ်ရာတွေ ပျောက်သလောက်ဖြစ်ပါပြီ"

ထိုသို့ပြောပြီး လုံရှင်းရှောင်က ဂုဏ်ယူနေသည်။လုံချန်ကြောင့်သာ ဆေးဆရာအသင်းက လုံမိသား
စုကို အရေးတစ်ယူ ဆက်ဆံခြင်းမဟုတ်လား။

"ချန်လေး ဒီရက်ပိုင်းအတွင်း အမေ မင်းအတွက် စိုးရိမ်လိုက်ရတာ ကြည့်စမ်း သားက တော်တော်
တောင် ပိန်သွားတာပဲ"

လုံအမျိုးသမီးက ယခုမှပင် လုံချန်နှင့် စကားပြောရန် အခွင့်အရေးရပြီး လုံချန်၏ ပါးများကိုပွတ်သပ်ကိုင်
တွယ်ကြည့်နေသည်။လုံချန် သူ့အမေကို မည်သို့ပြန်ပြောရမည်မသိ။သူအဖေ့ အမူအယာကလည်းထူး
ဆန်းနေသည်။လုံချန်ရယ်လိုက်၏။

"အမေ သာကျွန်တော့်ရဲ့ ဝိတ်ချနည်းကို သိရင် အတင်းမေးနေတော့မှာပဲ"

လုံရှင်းရှောင်နှင့် ချူယောင်က အူလှိုက်သည်းလှိုက် ရယ်နေကြသည်။လုံအမျိုးသမီးက မကျေမနပ်ဖြင့်
ပြောသည်။

"ဒီကောင်လေးကတော့ ဘာလို့ ဒီလောက်မျက်နှာပြောင်ရတာလည်း အမေကို ပြန်စရဲတယ်ဟုတ်လား"

ထိုသို့ဖြင့် သူတို့လေးယောက် ပျော်ရွှင်စွာဖြင့် စကားပြောနေကြသည်။လုံချန်၏ ကျန်းမာရေး လုံး၀ ကောင်း
မွန်နေသည့် အနေ အထားကို လုံရှင်းရှောင် သတိထားမိသည်။အပြင်းအထန် တိုက်ပွဲကြီးကို တိုက်ခိုက်
ခဲ့သူမှာ သူမဟုတ်သည့်အတိုင်းဖြစ်နေ၏။သူသည် လုံချန်၏ အနေအထားကိုအားရ ကျေနပ်မိသလို
များစွာလည်းအံ့အားသင့်ရသည်။ဤကဲ့သို့ လျှင်မြန်စွာ နလန်ထလာမှုမှာ လူသားတစ်ယောက်၏ ပုံစံ
မျိုးပင် မဟုတ်တော့။မှော်သားရဲ တစ်ကောင်၏ ဗီဇ ကဲ့သို့ဖြစ်နေ၏။

"နှင်းပွင့်လေး နဲ့ လူကြမ်းလေး အခြေအနေ က ကော" လုံချန် ရုတ်တရက် မေးလိုက်၏။

"လူကြမ်းလေးလား....ဒီကောင်လေးက တော်တော့ကို အံ့သြ စရာကောင်းတယ် အရိုးဆွေးအပ်တွေ
ရဲ့ဒဏ်ကို ဒီလောက်ခံရတာတောင် တစ်ညလောက်ပဲ အိပ်တယ် သူ နိုးလာတယ် အရမ်းဆာတယ်
ဆိုပြီး အိမ်မှာရှိရှိသမျှ အကုန်စားပစ်တယ်လေ....အဲ့တာတောင် ဗိုက်မ၀လို့ အမေတို့ သူ့ကို
မြို့ပြင် က စားကျက်မြေကို ပို့ထားရတယ်" လုံအမျိုးသမီးကပြောသည်။

ယခုအခါတွင် လုံအမျိုးသမီးသည် လူကြမ်းလေးကို သူမ၏ မွေးစားသား တစ်ယောက်အဖြစ် လက်ခံ
နေပြီဖြစ်သည်။လုံချန် ပြုံးလိုက်သည်။လူကြမ်းလေး ဤသို့ဖြစ်ရခြင်းမှာ တောစောင့်နတ်မင်းသူ့ကို
ပေးခဲ့သည့် သစ်စိမ်းရည်လေးကို တိုက်လိုက်ခြင်းကြောင့် ဖြစ်မှန်း သူသိ၏။ထိုသစ်စိမ်းရည်လေးတွင်
အသက်ဓာတ်များ လွန်စွာပြည့်၀စွာ ပါ၀င်ပြီး အလွန်လည်းရှားလေသည်။

လုံချန်သာ မမှားလျှင် ထို သစ်စိမ်းရည်မှာ တောစောင့်နတ်မင်း၏ အမြူတေဖြစ်တန်ရာသည်။ဤကဲ့
သို့ လက်ဆောင်မျိုးကား ပေါ့သေးသေးမဟုတ်ပေ။လူကြမ်းလေး၏ အခြားသူများနှင့် မတူသည့် ခန္ဓာ
ကိုယ်တည်ဆောက်ပုံမျိုးဖြင့် ဆိုလျှင် ဤမျှ မြန်ဆန်စွာ နလန်ထလာခြင်းမှာ တောစောင့်နတ်မင်း၏
ဆေးရည်ကြောင့်ပင်ဖြစ်၏။

သို့တိုင်အောင် သူ့၏ ကုန်ခမ်းသွားသည့် စွမ်းအင်များကိုမူ ပြန်လည်ဖြည့်တင်းရန် လိုသေးသည်။
ယခုအချိန်တွင် လူကြမ်းလေး အသားများကို အငမ်းမရ စားကောင်းစားနေနိုင်သည်။

"နှင်းပွင့်လေးကိုတော့ အမေတို့လည်းဘယ်လိုပြန်ကောင်းအောင်လုပ်ရမယ် မသိဘူး သူ့ကို အခန်း
တစ်ခန်းထဲ ထည့်ပေးထားတယ် သူ့နား ဘယ်သူမှကပ်မရဘူးလေ" လုံအမျိုးသမီးက ရှင်းပြ၏။

"သားတို့ သွားကြည့်ကြရအောင်" လုံချန်က အ၀တ်အစားလဲကာ နှင်းပွင့်လေးကို ထားသည့် အခန်း
သို့သွားသည်။အခန်း၏ နံရံတစ်ချပ်သည် ပေါက်ပြဲထွက်နေသည်။အကြောင်းမှာ နှင်းပွင့်လေး၏
ခန္ဓာကိုယ်သည် လွန်စွာကြီးမားလေရာ အခန်းနှင့်မဆန့် ခြင်းကြောင့်ဖြစ်၏။

နှင်းပွင့်လေး အခန်းထဲတွင် လှဲနေသည်ကို သူတို့ လှမ်းမြင်သည်။

"ဝု"

လုံချန်ပင် အနားမရောက်လိုက်။နှင်းပွင့်လေးက သူ့ကိုကြည့်ကာ ပြေးလာ၏။လုံအမျိုးသမီးမှာ ကြောက်
လန့်တကြားဖြင့် အော်မိမတတ်ဖြစ်သွားသည်။ဤမျှ ကြီးမားသည့် သားရဲကောင်ကြိးဖြင့် ရင်ဆိုင်
တိုးလျှင် မည်သူမဆို ကြောက်လန့်မိမှာ သဘာ၀ပင်။လုံရှင်းရှောင်ပင်လျှင် သတိအနေထားဖြင့်နေ
နေရလေသည်။

လုံချန်က ရယ်မော၍ နှင်းပွင့်လေး ခေါင်းကို ပွတ်ပေးသည်။

"ကြည့်ရတာ မင်းလည်း တော်တော်သက်သာသွားပြီပဲ"

သူ့၏ စိတ္တ စွမ်းအားဖြင့်စစ်ဆေးကြည့်ရာ၌ နှင်းပွင့််လေး၏ ကျိုးနေသော အရိုးများမှာ အကုန်ပြန်ကောင်း
သွားပြီဆိုသည်ကို လုံချန်သိရသည်။သို့သော် အချို့နေရာများတွင်တော့ လုံး၀မကောင်းသေးပဲ အက်
ကြောင်းများထင်နေသည်ကို သူ တွေ့၏။

သို့သော် သူ၏ ဆေးများသည် အရည်အသွေးမြင့်ဆေးများဖြစ်ရာ လွန်စွာအာနိသင်ထက်မြက်သည်။
နှင်းပွင့်လေး၏ အံ့သြလောက်ဖွယ်ရာ နလန်ထနှုန်းကို ပါ ထည့်တွက်သော် များစွာစိုးရိမ်ဖို့မလိုချေ။

"မင်းရဲ့ဒဏ်ရာအများစုက ပြန်ကောင်းရုံပဲ  ရှိသေးတယ် ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေ မလုပ်နဲ့
ဦး  ကြားလား" လုံချန်က နှင်းပွင့်လေး၏ ခေါင်းကို ချစ်ခင်စွာဖြင့်ပွတ်သပ်လိုက်သည်။နှင်းပွင့်လေးက
နားလည် ဟန်ဖြင့် သူ့ရင်ဘတ်ကို ခေါင်းဖြင့် ခွေ့သည်။

လုံချန်ရှေ့တွင် အိမ်မွေးသတ္တဝါငယ်လေးပမာဖြစ်နေသော နှင်းပွင့်လေးကို  ကြည့်၍ လုံအမျိုးသမီးက
စပ်စပ်စုစုဖြင့်မေး၏။

"ချန်လေး သူက သားပြောတာကို နားလည်လို့လား"

"သိပ်နားလည်တာပေါ့ သူကသားလက်ထဲမှာကြီးပြင်းလာတာလေ" လုံချန်ကရှင်းပြသည်။

တစ်ကယ်တမ်းတွင် နှင်းပွင့်လေးသည် လုံချန်ပြောသည်ကို နားမလည်ချေ။သို့သော် သူတို့နှစ်ယောက်
၏ စိတ်ချင်းဆက်သွယ်ထားမှုကြောင့် လုံချန်၏ အတွေးကိုမူ သိလေသည်။တစ်ချိန်တည်းတွင် လုံ
ချန်ကလည်း နှင်းပွင့်လေး၏ ခံစားချက်ကိုသိသည်။သူတို့နှစ်ယောက်၏ ကြားမှ ထိုဆက်သွယ်မှု
သည် စကားလုံးများဖြင့် ပြောခြင်းမဟုတ်လေရာ ရှင်းပြရန် မလွယ်လှချေ။

"သူ့ကိုဘယ်ကခေါ်လာတာလည်း ဘာ့ကြောင့်မေမေ မသိရတာလည်း" လုံအမျိုးသမီး အံ့အားသင့်နေ
သည်။

"ဟားဟား သူ့ကို မန်ချီပေးတာလေ" လုံချန်က ဘာမှမစဉ်းစားပဲ နှင်းပွင့်လေးကို မည်သို့ မည်ပုံရခဲ့
ကြောင်းရှင်းပြနေ၏။သို့သော် သူရှင်းပြသည်နှင့် လုံအမျိုးသမီးက သူ့ကို မျက်နှာရိပ်မျက်နှာကဲ ဖြင့်
သတိပေးသည်။ချူယောင်ရှေ့တွင် မန်ချီ၏ အကြောင်းကို မပြောရန် သူမက သတိပေးခြင်းပင်။
လုံအမျိုးသမီးသည် မဆင်မခြင်မေးမိခြင်းကို နောင်တရနေသည်။

"မေမေ မမ မန်ချီက ဒီလောက်ရှားပါးတဲ့ မှော်သားရဲကို အကို့ကိုပေးတာပေါ့ ဒါဟာ အကို့အပေါ်
မမ မန်ချီ ဘယ်လောက်ချစ်တယ်ဆိုတာရဲ့ သက်သေပဲ ဒါကကောင်းပါတယ်" ချူယောင်က ပြော၏။

"မေမေတဲ့လား...လခွမ်း...အခေါ်အဝေါ်ပြောင်းတာ မြန်လိုက်တာ" လုံချန် ရယ်ချင်စိတ်ကို ကျိတ်မှိတ်
မြိုသိပ်ထား၏။သို့သော် သူ ထိုသို့ပြောလျှင် သူမမျက်နှာလေးသည် ရဲပဒေါင်းခတ်နေတော့သည်။
လုံအမျိုးသမီးက ချူယောင်၏ လက်ကိုဆွဲ၍ ခေါ်သွားသည်။ထို့နောက် သူမက လုံချန်ကို ဒေါသထွက်
ဟန်ဖြင့်ပြောသည်။

"ကောင်လေး ချူယောင်က မေမေ့ရဲ့ ချွေးမအကြီးနော်...အေး...သူ့ကိုအနိုင်ကျင့်လို့ကတော့ မေမေ
မင်းကို ခွင့်မလွှတ်ဘူး"

လုံအမျိုးသမီးကား စကားပြောရာတွင် လိမ္မာ ပါးနပ်သူတစ်ယောက်ပင်။သူမ၏ ချွေးမအကြီးဆိုသည့်
စကားသည် အတော်လေး တာ သွားသည်ဟုပြောရမည်။ထိုစကားကြောင့် ချူယောင်မှာ နေရထိုင်ရ
ပိုအဆင်ပြေသွားသည်။ဤအပိုင်းတွင်မူ လုံချန်သည် သူ့အမေကို အတော်လေး လေးစားမိသွားသည်။

လုံချန်က သူ့အမေကို တစ်လှည့်  ချူယောင်ကို တစ်လှည့်ကြည့်၍ မည်သို့မှ မပြောတော့ပဲ အူလှိုက်
သည်းလှိုက်ရယ်တော့၏။လုံချန်၏ အူလှိုက် သည်းလှိုက်ရယ်ပုံကြောင့် ချူယောင်မှာ ပုန်းနေချင်စိတ်
ပင်ဖြစ်သွားသည်။

"ကဲကဲ...ကောင်းပြီ တို့မိသားစုတွေ အခု ပျော်ပျော်ရွှင်ရွှင်နေရမယ့်အချိန်ရောက်ပြီ အဲ့ဒိတော့ စား
သောက်ပွဲလေး ဘာလေးလုပ်ကြစို့" လုံရှင်းရှောင်က အကြံပေးသည်။

လုံရှင်းရှောင် အဖိုမှာမူ နယ်ခြား၌ အစဉ်လိုပင်တိုက်ခိုက်နေရသည်ဖြစ်ရာ ဤကဲ့သို့ မိသားစုစုံစုံ လင်လင်
ဖြင့် လက်စုံစားရခြင်းသည် သူ့အတွက် ရှားပါးသည့် မဟာအခွင့်အရေးဖြစ်လေသည်။အစေခံများက
ထမင်းဝိုင်းကြီးကို ခပ်သွက်သွက် ကလေး ပြင်ဆင်ပေးကြ၏။သို့သော် အစေခံအများစုသည် မျက်
နှာသစ်များဖြစ်နေသည်ကို လုံချန် သတိထားမိရာ အံ့အားသင့်ရသည်။

"အစေခံတွေ ကို မင့် ဖေဖေ လည်းလိုက်တာလေ" လုံအမျိုးသမီးက ရှင်းပြ၏။

"ဘယ်လို မေမေ"

"ကောင်းလေး မင်းဟာ တစ်ခြားနေရာတွေမှာပါးနပ်သလောက် ဒီနေရာတော့ တော်တော်အတာပဲ
ကိုး ဒီအစေခံတွေဟာ အမေတို့ အိမ်မှာ လုပ်လာတာကြာလှပြီ သိပ်သစ္စာရှိကြသူတွေ အမေ
တို့ကြောင့် သူတို့ အသက်တွေ ဆုံးရှုံးကြရတော့မလို့လေ....သူတို့အပေါ်မှာ အမေတို့လုံမိသားစု
ဟာ အကြွေးတွေများလွန်းလှပါတယ်....သူတို့ကို မင်းဖေဖေက တစ်သက်စာ ကောင်းကောင်းစား
လောက်တဲ့ ငွေပမာဏကို ပေးလိုက်တယ် ဒါဟာသူတို့အတွက် တောင်းပန်တာပေါ့ ဒါပေမယ့်
သူတုိ့ထဲကမှ အလုပ်မထွက်ချင်ကြသူတွေက မေမေတို့နဲ့ပဲ ဆက်နေကြတယ်လေ ဘယ်လိုပဲဖြစ်
ဖြစ် သူတို့ကျေးဇူးကို မေမေတို့ ရင်ထဲ အမြဲတမ်းမှတ်ထားရမယ် သား..."

ထိုအစေခံများသည် သူတို့နှင့် သွေးမတော်၊သားမစပ် သူများဖြစ်ကြသည့်တိုင်အောင် သူတို့မိသားစု
ဒုက္ခ အကြီးအကျယ်ရောက်နေချိန်တွင် သူတို့မိသားစုကို ပစ်မပြေးသွားခဲ့ကြ။သူ့မိခင်၏ အမျိုးများနှင့်
နှိုင်းယှဉ်သော် ဆီနှင့်ရေကဲ့သို့ ဘာမဆိုင်အောင် ကွာလှချေသည်။လုံအမျိုးသမီး၏ စိတ်မကောင်းဖြစ်
သွားသည့် အမူအယာကိုမြင်သည်တွင် လုံချန်နှင့် လုံရှင်းရှောင်က အချင်းချင်း မျက်စပစ်ပြ၍ စကား
လမ်းကြောင်း ပြောင်းလိုက်ကြ၏။

"ဖေဖေ...ဖေဖေ့အတွက် ကျွန်တော် ဆုတောင်းပေးပါတယ်" လုံချန်က ဝိုင်များကို ခွက်နှင့်အပြည့်
လုံရှင်းရှောင်အတွက် ငှဲ့ပေး၏။

"တို့ မိသားစုတွေ ပြန်လည်စုံစည်းတဲ့အတွက်"

လုံရှင်းရှောင်က တဟားဟား ရယ်ရင်း ဝိုင်ခွက်ကို မြှောက်ကာ ခွက်ခြင်းတိုက်လိုက်သည်။
ချူယောင်နှင့် လုံအမျိုးသမီးကလည်း သူမတို့၏ ခွက်များကို အသီးသီး မြှောက်လိုက်ကြ၏။လုံချန်
နှင့် လုံရှင်းရှောင် က ဝိုင်ကို တစ်ကျိုက်တည်းဖြင့်အကုန် မော့ချလိုက်ကြသည်။ချူယောင်နှင့် လုံအ
မျိုး သမီးမှာမူ သိပ်မသောက်နိုင်ကြ။ဝုိင်တစ်ငုံ သောက်အပြီးတွင်  ချူယောင်၏ မျက်နှာလေးက နီ
မြန်းလာရာ ပို၍ပင် ချစ်စရာကောင်းလာသည်။

"လူကြမ်းလေး ပြန်မလာတာ နှစ်ရက်တောင်ရှိပြီ" မိသားစု စားပွဲတွင် လူကြမ်းလေး ရှိမနေသည့်
အတွက် လုံအမျိုးသမီးက စိတ်မကောင်းဖြစ်နေသည်။

"ဟားဟား လူကြမ်းလေး က စားဖို့သောက်ဖို့နဲ့ အလုပ်ရှုပ်နေမှာပေါ့ မပူပါနဲ့မေမေ" လုံချန်ကရယ်
သည်။ထို့နောက်သူသည် ဝိုင်တစ်ခွက်ကို သူ့အဖေအတွက်ထပ်ငှဲ့ပေးရင်း မေးလိုက်၏။

"ဖေဖေ အခုမြို့တော်မှာ အခြေ အနေတွေကဘယ်လိုလည်း"

"အခြေအနေကတော့ ငြိမ်သက်နေပါပြီ ဖီးနစ်ရဲ့ မဟာပြိုင်ဘက်က မဟာရှလေ ဒါပေမယ့် အခု
မဟာရှ မှာ တိုင်းရေးပြည်ရေးတွေက ရှုပ်ထွေးနေတယ် သူတို့ရဲ့ မင်းသားတစ်ပါးကလည်းလုပ်
ကြံခံလိုက်ရတယ်လေ အခု အရာရှိတွေအကုန်လုံးက အာဏာရရေး အတွက် အပြင်းအထန်
တိုက်ခိုက်နေကြတာကလား သူတို့အင်ပါယာ က အတော်လေးချိနဲ့သွားပါပြီ ဖီးနစ်ကို နောက်
တစ် ခါခြိမ်းခြောက်ဖို့ မဖြစ်နိုင်တော့ဘူး ဖီးနစ်မှာတော့ အခြားမင်းသားတွေက အာဏာပြိုင်ပွဲက
နေနှုတ်ထွက်ကုန်ကြပြီ  သူတို့အကုန်လုံးက သတ္တမမြောက်မင်းသားကို အိမ်ရှေ့စံ အဖြစ်တင်ဖို့
တညီတညာတည်း အဆိုပြုကြတယ်လေ"

လုံရှင်းရှောင်က ဝိုင်ကို တစ်ကျိုက်တည်းဖြင့် သောက်ချလိုက်သည်။

နန်းစည်းစိမ်နှင့်ပတ်သတ်၍ အခြားမင်းသားများသည် ငတုံးများမဟုတ်ကြ။အမှန်တွင် သတ္တမမြောက်
မင်းသားကို သူတို့ မည်သို့မှ မယှဉ်နိုင်ကြောင်းသိကြသည်။အကြောင်းမှာ သတ္တမြောက်မင်းသား၏
နောက်တွင် ကျင်ကျီအဆင့် သိုင်းသမားတစ်ဦးဖြစ်သူ ချူယောင်ရှိသည်။ထို့ပြင် ချူယောင်နှင့်လုံချန်
၏ အခြေကိုလည်း အများသိပြီးဖြစ်ရာ လုံအိမ်တော်၏ နောက်ခံရှိသော သတ္တမမြောက်မင်းသားကို
သူတို့မည်သို့မှ မယှဉ်ပြိုင်ဝံ့ကြချေ။သို့ဆိုလျှင် ၎င်းတို့အနေနှင့် သတ္တမြောက်မင်းသား၏ အရေးပေး
မှုကို ရအောင်လုပ်ရန်သာရှိလေသည်။

လုံချန်က ချူယောင်ကို တစ်ချက်ကြည့်၍ ရယ်လေသည်။

"ဟားဟား ပြည့်ရှင်မင်းရဲ့ အမတော်လေးအတွက် ဆုတောင်းပေးပါတယ် ဘုရင့်ယောက်ဖတော်
ဖြစ်ရတာ တော်တော်စိတ်လှုပ်ရှားဖို့ကောင်းတာပဲ"

"ရှင်...လူဆိုး" ချူယောင်က သူ့ကို ချစ်စဖွယ်မျက်စောင်း လေး လှမ်းထိုးလျှင် သားအမိ၊သားအဖ
သုံးဦးမှာ ပွဲကျကုန်ကြတော့သည်။

"ဟေ့ဟေ့.....ကောင်လေး ချူယောင်ကို အနိုင်မကျင့်ရဘူးနော်" လုံအမျိုးသမီးက ရယ်နေရာမှရပ်၍
လုံချန်ကို လှမ်းဆူသည်။သူမက ချူယောင်အနေမခက်စေရန် လုံချန်ငယ်စဉ်က ပေါက်ကရ လုပ်
သည့် အဖြစ်အပျက်များကိုပြန်ပြောပြနေသည်။

ဤတစ်ကြိမ်တွင် ချူယောင်၏ ရယ်သံလွင်လွင်လေးသည် ချိုလွင်သော ခေါင်းလောင်းသံလေး
ကဲ့သို့ မရပ်စဲတော့ပေ။လုံချန်မှာမူ မှုန်ကုပ်ကုပ်ဖြင့် ပြန်ထိုင်နေရသည့် အလှည့်သို့ရောက်သွားလေ
သည်။မိသားစု ထမင်းဝိုင်းလေးသည် ပျော်ရွှင်စရာ ကောင်းလှ၏။

စားကြသောက်ကြပြီးနောက် လုံချန်သည် ခေတ္တတွေဝေနေပြီး နောက်မှ အားတင်း၍ စကားတစ်ခွန်း
ပြောလိုက်သည်။

"ဖေဖေ ... မေမေ ကျွန်တော် အပြင်လောက ကို ထွက်ကြည့်ချင်တယ်"

လုံအမျိုးသမီး၏ မျက်နှာထက်မှ အပြုံးသည် ချက်ချင်းပျောက်ကွယ်သွားသည်။ချူယောင် အံ့အားသင့်
နေသည်။လုံရှင်းရှောင်သာလျှင် လုံချန်၏ စိတ်ကို သိဟန်ဖြင့် အိနြေ္ဒ မပျက်ချေ။ပတ်၀န်းကျင်သည်
ခေတ္တမျှ တိတ်ဆ်ိတ်သွားပြီးနောက် လုံအမျိုးသမီး၏ တုန်တုန်ယင်ယင်အသံထွက်လာသည်။

"ချန်လေး...သားက အ်ိမ်ကနေထွက်သွားချင်နေပြီလား"

လုံချန်ခေါင်းငုံ့ထားသည်။သူ့အမေ၏ မျက်၀န်းများကို သူမကြည့်ဝံ့။သူတို့မိသားစုသည် ယခုမှ ပြန်လည်
ပေါင်းစည်းရုံသာရှိသေးသည်။တစ်ဖန်ပြန်လည် ခွဲခွာမည်ဆိုခြင်းကား ရက်စက်လှပါ၏။သို့သော်
လုံချန်သည် ဤလောက၏ အပြင်ဘက်တွင် မည်သည့်အရာများရှိနေသည်ကိုသိလိုသည်။သူ့၏ချစ်
သူသည် ဤလောက၏ အပြင်ဘက်၌ နေထိုင်၏။ဝိညာဉ်ကမ္ဘာ၊ဆေးတောင်ကြား...ပြီးလျှင် သူ့အိပ်
မက်ထဲမှလူ...ဤအရာမျာအားလုံးသည် ယခုထက်ပို၍ကျယ်ပြောသည့် လောကကြီးကို ထွက်ကြည့်
ရန် သူ့ကိုတွန်းအားပေးနေကြပါ၏။

"ကျွန်တော် ချူယောင်နဲ့လူကြမ်းလေးကိုခေါ်ပြီးထွက်သွားဖို့ဆုံးဖြတ်ထားပြီးပါပြီ" လုံချန်၏ အသံ
သည် လွန်စွာတိုးသည်။သူ့ကိုယ်သူ ပြန်ကြားရုံမျှသာ လေသံဖြင့်ပြောခြင်းဖြစ်၏။သူ့ရင်တွေ သိပ်ကို
နာကျင်နေရပါသည်။

လုံချန်၏ စကားကိုကြားလျှင် ချူယောင် စိတ်အေးလက်အေးဖြစ်သွားသော်လည်း မျက်ရည်များဝိုင်း
နေသည့် လုံအမျိုးသမီးအား မြင်သည့်အခါတွင်မူ သူမပါ ၀မ်းနည်းလာရသည်။

"ငါတို့ကလေးက အရွယ်ရောက်နေပြီ သူ့အနားဂါတ်ကို သူစိတ်ကြိုက်ဆုံးဖြတ်ပါစေ" လုံရှင်းရှောင်က
ရုတ်တရက်ပြော၏။

သူက စကားကိုဆက်သည်။

"ချန်လေး သားဆုံးဖြတ်ပြီးပြီဆိုတော့ မင်းသိသင့်တဲ့ကိစ္စတစ်ခုကိုအဖေ ပြောရလိမ့်မယ်"

"လုံရှင်းရှောင်....ရှင်..." လုံအမျိုးသမီးသည် ရုတ်ချည်းမတ်တပ်ရပ်ပြီး လုံရှင်းရှောင်ကို ဒေါသတကြီး
ဖြင့်ကြည့်လိုက်သကဲ့သို့ လုံချန်ကိုလည်း ကြောက်လန့်တစ်ကြားဖြင့်ကြည့်လေသည်။

"အမှန်တရားကို သူ သိသင့်ပါတယ်ကွာ" လုံရှင်းရှောင်က ဇနီးသည်ကို အဓိပ္ပါယ်ပါပါဖြင့်ကြည့်သည်။

"ရှင်...လုံရှင်းရှောင် .. ရှင့်ကို ကျွန်မမုန်းတယ်" လုံအမျိုးသမီးသည် မျက်ရည်များကျလာပြီး ထမင်းဝိုင်း
မှ ထသွားလေ၏။

ချူယောင်လည်း အခြေအနေကိုကြည့်၍ အလိုက်တသိ ဖြင့် ထမင်းဝိုင်းမှထွက်လာခဲ့ရာ ထမင်းဝိုင်းတွင်
သားအဖ နှစ်ယောက်သာ ကျန်ခဲ့လေသည်။

MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၁၄)အမှန်တရား

အဆုံးအစမဲ့ စီးဆင်းနေသည်ဟုထင်ရသည့်မြစ်တစ်စင်း။ထိုမြစ်ကို ပိုင်းခြားထားသည်က ဓားဖြင့်
လွှာ၍ လှီးထားသကဲ့သို့ဖြစ်နေသည့် ကျောက်ကမ်းပါးကြီးများပင်ဖြစ်သည်။မြစ်သည် မီတာများစွာ
နက်သလို ရေစီးနှုန်းကလည်း များစွာသန်ဟန်ဖြင့် အဝေးမှပင် တစ်ဝုန်းဝုန်းဖြင့် ရေစီးသံများကို
ကြားနေရသည်။ကျောက်ကမ်းပါးထက်၌ လူနှစ်ယောက်ရပ်နေကြပြီး ကျောက်ကမ်းပါးနှင့်ထိသည်
နေရာတွင် ဝေ့၊ဝိုက် ၍ ဖြစ်ပေါ်လာသော ဝဲများကို ငုံ့ကြည့်နေကြသည်။

"ဖေဖေ ကျွန်တော့်ကို့ ဘာ့ကြောင့် ဒီနေရာကို ခေါ်လာရတာလည်း" လုံချန် ယခုထိနားမလည်နိုင်
သေးပေ။သူတို့နှစ်ယောက်သည် ဤနေရာသို့ လာရန် တစ်ရက်လုံးလုံး မှော်သားရဲအား စီးနင်းပျံသန်း
ခဲ့ရသည်။မြင်ကွင်းကား စွဲမက်ဖွယ်ကောင်းလှ၏။သို့သော် ယင်းမြင်ကွင်းကို ကြည့်ရန်အတွက် လုံ
ရှင်းရှောင်သည် သူ့ကို ဤနေရာသို့ခေါ်လာခြင်းမဟုတ်ပေ။

မြစ်သည် အနည်းငယ် ထူးဆန်းသည် ဟု လုံချန်ထင်မိသည်။သို့ရာတွင် မည်သည့်အပိုင်းက ထူးဆန်း
သည်ဆိုခြင်းကိုကာ့း သူ မပြောနိုင်ချေ။

"ဒီနေရာကိုလာခဲ့တာဟာ သားရဲ့အတိတ်ကို အမှန်အတိုင်းပြောပြဖို့ပဲ" တစ်သွင်သွင် စီးဆင်းနေသည့်
မြစ်ရေများကို လုံရှင်းရှောင် ငုံ့ကြည့်သည်။

"ကျွန်တော့်ရဲ့ဇာတ်မြစ်အမှန်ဟုတ်လား" လုံချန် ကိုယ့်နားကိုပင် မယုံနိုင်ဖြစ်သွားသည်။

လုံရှင်းရှောင်က လုံချန်၏ ပုခုံးများကိုပုတ်သည်။ "တစ်ကယ်တော့ သားဟာ အဖေတို့ရဲ့ သားအစစ်
မဟုတ်ဘူး မွေးစားခဲ့တာ"

"ဘယ်လို....ဒါ...ဒါ..ဘယ်လိုဖြစ်နိုင်မှာလည်း" လုံရှင်းရှောင်ကို သူ တုန်လှုပ်ဟန်ဖြင့်ကြည့်သည်။သူ့ရင်
တွေပူလောင်လွန်းလှပါ၏။

"ဒါကြောင့်မင်းမေမေက ထမင်းဝိုင်းမှာ ဆောက်တည်ရာမရ ဖြစ်သွားတာပဲ ဒီအကြောင်းတွေကို သူက မင်းကို
မသိစေချင်ခဲ့ဘူးလေ"

အသက်လုတိုက်ပွဲများတွင်ပင် လုံချန်သည် ဤမျှ နာကျင်မှုကိုမခံစားမိပေ။သူ ဒါကို လက်မခံ
နိုင်။သူ့၏ မိဘ အရင်းများသည် သူ့၏မွေးစားမိဘ များသာဖြစ်သည်တဲ့။ကျောက်ရုပ်တစ်ရုပ်ကဲ့သို့
လုံချန် တွေတွေကြီးရပ်နေမိသည်။

"ချန်လေး..သားဟာ ဖေဖေ တို့ရဲ့ သားအရင်းမဟုတ်ပေမယ့် ဖေဖေနဲ့မေမေတို့ စိတ်ထဲမှာတော့
တစ်ကယ့်သားအရင်းတစ်ယောက်ပါပဲ" လုံရှင်းရှောင်က ရီဝေသည့် မျက်လုံးအစုံဖြင့် သူ့ကိုကြည့်နေ
သည်။

"ကျွန်တော်ဟာ ဖေဖေ၊မေမေတို့ရဲ့ သားအရင်းတစ်ယောက် မဟုတ်ပဲနဲ့ဘာ့ကြောင့် မန်ချီနဲ့လက်ထပ်
ဖို့ ကိစ္စကိုလုပ်ခဲ့ရတာလည်း" လုံချန်ကမေးသည်။သူ့စကားကို ကြားလျှင် လုံရှင်းရှောင်၏ မျက်နှာ
တွင် နာကျင်သည့်အရိပ်အယောင်များဖြတ်ပြေးသွား၏။

"မင်းမေမေနဲ့ ဖေဖေဟာ ကလေးယူဖို့ ဆုံးဖြတ်ခဲ့ကြတယ် ဒါပေမယ့် ကိုယ်၀န်ဆောင်လို့ 7 လအရွယ်
အရောက်မှာ မတော်တဆမှုတစ်ခုကြောင့် ကလေး ပျက်ကျခဲ့ရတယ် အဖေတို့အကြီးအကျယ်ခံစား
ခဲ့ရတာပေါ့ မင်းမေမေဆို ခံစားရလွန်းလို့ သေမတတ်ပဲ ပြီးတော့ ကိုယ်၀န်ပျက်ကျတဲ့အချိန်က ဖေဖေ
ဟာ အမဲလိုက်ထွက်နေခဲ့တယ်လေ...မင်းမေမေဆို ကိုယ့်ကိုကိုယ်သတ်သေဖို့ထိ လုပ်ခဲ့တယ် ဖေဖေ
ပြန်ရောက်မှ ဒီကိစ္စကို သူက ပြောပြတာ"

"အဲ့တာ ယင်အမတ်ကြီးလုပ်တာလား" လုံချန်က အံကိုတင်းနေအောင်ကြိတ်ထားသည်။

လုံရှင်းရှောင် ခေါင်းခါသည်။

"မဟုတ်ဘူး အဲ့ဒိအချိန်က ဖေဖေ နဲ့ ယင်အမတ်ကြီးဟာ တစ်ယောက်နဲတစ်ယောက် အာဃာတ
တရားတွေ သိပ်မရှိကြသေးဘူး ကိုယ်၀န်ပျက်ကျတာဟာ မင်းမေမေရဲ့နမော်နမဲ့နိုင်မှု ကြောင့်ဖြစ်ရ
တာ ဒါ့ကြောင့်လည်း သူမကိုယ်သူမ အပြစ်မကင်းသလိုခံစားရပြီး သတ်သေဖို့ကြိုးစားတာပဲ နောက်တော့
သားကို မွေးစားဖြစ်ကျတယ် တစ်ကယ်ပြောရင် သားကို ကျေးဇူးတင်ပါတယ် အဲ့ဒိအချိန်က မင်း
မေမေဟာ သိပ်နာကျင်ခံစားနေခဲ့တာ သား သာ သူ့ဘ၀ထဲ မ၀င်လာခဲ့ရင် ဒီအချိန်ထိ အသက်ရှင်
နေမှာမဟုတ်ဘူး"

လုံချန် ဘာမှဆက်မပြောပဲ တိတ်ဆိတ်နေခဲ့သည်။လုံရှင်းရှောင်က သူ့ပုခုံးများကို ပုတ်သည်။

"တစ်ကယ့်ယောကျာင်္းတစ်ယောက်ဆိုတာ ဒီလိုကိစ္စလောက်လေးနဲ့ ထိခိုက်သွားစရာမလိုဘူးသား....
သားဟာ ဖေဖေ့ရဲ့ သားအရင်းမဟုတ်ရင်တောင် သားကို ကာကွယ်ပေးနေဦးမှာပဲ ဒီလိုကိစ္စမျိုးလေး
အတွက် ၀မ်းနည်းစရာမလိုပါဘူး"

လုံချန် ခေါင်းညိတ်သည်။ဤကိစ္စအတွက် သိပ်ထိခိုက်ခံစားစရာမလိုဟု သူ တွေးမိသည့်တိုင်
သူ့ကိုသိပ်ချစ်သည့် မိဘများသည် သူ၏ မိဘအရင်းများမဟုတ်ဆိုသည့် ကိစ္စကိုကား လက်မခံနိုင်
သေးချေ။

"မင်းမေမေဟာ မင်းကို တုန်နေအောင်ချစ်ခဲ့ပါတယ် အမေအရင်းတစ်ယောက်လိုပါပဲ သူမမှာ
ကလေးကို ဆုံးရှုံးလိုက်ရပြီးကတည်းက မင်းဟာ သူမဘ၀အတွက်အရာရာဖြစ်ခဲ့တယ်" လုံရှင်းရှောင်က
ပြောသည်။လုံချန်က ခေါင်းယမ်းသည်။လုံရှင်းရှောင်သည် သူ့အား အဘယ့်ကြောင့် သူ့အမေထက်
ပင် ကာကွယ်ပေးခဲ့သည်ကို သူ သဘောပေါက်သွားသည်။ လုံရှင်းရှောင်သည် အဆိုးဆုံး
အခြေအနေရောက်လျှင် သူအမေကိုပင် စွန့်ပစ်၍ သူ့ကိုသာ ကယ်ထုတ်လာရန် သူ့အား အမိန့်ပေး
ခဲ့ပါသည်ဟုသော ချန်ဖေး၏ စကားကြောင့် လုံချန် က သူ့အဖေကို ဒေါသထွက်ခဲ့ဖူးသလို စိတ်ပင်
ပျက်ခဲ့ဖူးလေသည်။

သူ့အမေသည် ဘ၀တွင် သူမ၏ ကလေးကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်၏။အကယ်၌ သူ့အဖေသည် သူ့မိခင်ကို
သာ ကယ်၍ သူ့ကို သေစေခဲ့လျှင် သူ့မိခင်သည် သူ့ယောကျာင်္းကို ဘ၀တစ်ခုလုံးခါးသီးစွာ မုန်းတီး
သွားမည်ဖြစ်သည်။သူ့ဖခင် နှင့် မိခင်တို့၏ သူ့ပေါ်၌ ထားရှိသော ကြီးမားသည့် မေတ္တာတရားကို
သိမြင်လျှင် လုံချန်သည် မထိန်းနိုင်တော့ပဲ မျက်ရည်များကျလာရသည်။

ဖခင်၏ မေတ္တာသည် တောင်ကြီးတစ်လုံးနှင့် တူသည်ဟုဆိုလျှင် မိခင်၏ မေတ္တာသည် မည်သည့်
အချိန်တွင်မှ မခမ်းနိုင်သည့် သမုဒ္ဒရာ တစ်စင်းနှယ်ပင်ဖြစ်၏။မိခင်၊ဖခင် တို့၏ ကျေးဇူးတရားကား
သူ၏ တစ်ဘ၀လုံး ပြန်ဆပ်လျှင်ပင် ကျေမည်မထင်ပါပေ။ယခု သူက မိဘ နှစ်ပါးကို ထားသွားရန်
လုပ်နေချေပြီ။မည်မျှ နှလုံးသားမဲ့လိုက်ပါသနည်း။

"ဖေဖေ..ကျွန်..ကျွန်တော်" လုံချန်က မိဘ နှစ်ပါးကိုထား၍ အဝေးကို ထွက်သွားတော့မည်မဟုတ်ကြောင်း
ပြောတော့မည့်အချိန်၌ လုံရှင်းရှောင်က သူ့စကားကို ကြားဖြတ်ပြောလာ၏။

"ချန်လေး ယောကျာင်္းဆိုတာ ဆုံးဖြတ်ပြီးရင် လုပ်ရတယ် ထွက်ပြီးသားဆင်စွယ် ပြန်၀င်ရိုးထုံးစံမရှိ
ဘူး နောက်ပြီးတော့ ဘ၀မှာ မှတ်တိုင်တစ်ခု စိုက်ခဲ့ရတယ် မိသားစု အနှောင်အဖွဲ့ အတွက်နဲ့
တော့ သားရဲ့အိပ်မက်တွေကို မြေမမြှုပ်ပစ်လိုက်ပါနဲ့ တစ်ကယ်လို့ ဒီလိုသာ သား လုပ်ခဲ့ရင် သားမေမေ
နဲ့ ဖေဖေဟာ ဘ၀တစ်လျှောက်လုံး လိပ်ပြာမလုံပဲနေရလိမ့်မယ် မင်းမေမေ စိတ်ကိုလည်း ဖေဖေ
သိပါတယ် သားကို သူ မလွှတ်ချင်ပေမယ့် သားစိတ်ကျေနပ်ရင် သူလည်း ပျော်မှာပါ"

လုံရှင်းရှောင်က စကားကို ခဏရပ်ပြီးမှ ပြန်ဆက်သည်။

"တစ်စုံတစ်ယောက်ဟာ သားခန္ဓာကိုယ်ထဲက တစ်ခုခုကို ထုတ်သွားတယ်ဆိုတာကို သားလည်း သတိ
ထားမိပုံပဲ"

"အဲ့ဒိလို လုပ်သွားသူဟာဘယ်သူလည်းဆိုတာတော့ အဖေလည်းမသိဘူး သားကို အဖေတွေ့တုန်းက
လသားလေးပဲရှိသေးတာလေ...ကလေး တစ်ယောက်ကို ဒီလိုရက်ရက်စက်စက် ဘယ်သူလုပ်တယ်
ဆိုတာကို အဖေလည်း စဥ်းစားမရခဲ့ဘူး ဒါပေမယ့် သားကိုတွေ့တော့ ဒန်တမ်နဲ့ ၀မ်းဗိုက်မှာ အပေါက်
သုံးပေါက်ပေါက်နေတာကိုတွေ့တယ်....အဖေထင်တာမမှားရင် သားရဲ့ ဒန်တမ်ထဲက စိတ်ဝိညာဉ်
အရင်းအမြစ်ကို ကိရိယာတစ်ခုခုနဲ့ ထုတ်ယူသွားတာပဲ အခြား အပေါက်နှစ်ပေါက်ကတော့ အဖေ
လည်းမသိဘူး"

လုံချန် ရင်တွေ တစ်ဒိန်းဒိန်းခုန်နေသည်။ဤသို့ဆိုလျှင် သူ့အား သိုင်းကျင့်၍ မရစေရန် လုပ်ခဲ့သူ
သည် ယင်အမတ်ကြီးမဟုတ်လျှင် သူ့ခန္ဓာကိုယ်သည် မည်သို့ဖြစ်ခဲ့သနည်း။အခြားအကြောင်း
အရာ တစ်ခုခုရှိရမည်။

လုံရှင်းရှောင်သည် သူ့၏ ဒန်တမ်အတွင်းမှာ ထုတ်ယူသွားခြင်းခံရသော စိတ်ဝိညာဉ်အရင်းအမြစ်အ
ကြောင်းကိုသာသိခဲ့သည်။သို့သော် ဆေးနတ်ဘုရား၏ မှတ်ညာဏ်များဖြင့် ပေါင်းစပ်ပြီးသည့်အခါ
တွင် သူ့၏ ခန္ဓာကိုယ်ထဲမှ ထုတ်ယူသွားခြင်းခံရသော အရာများမှာ စိတ်ဝိညာဉ် အရင်းအမြစ်သာမ
ကပဲ စိဝိညာဉ် အရိုးနှင့် စိဝိညာဉ် အသွေး တို့ပါ ဖြစ်သည်ဟု လုံချန် ပြောနိုင်ပါသည်။

လသားအရွယ်သာ ရှိသေးသည့် ကလေးငယ်တစ်ယောက်အပေါ်တွင် ဤမျှ ရက်စက်သည့် အမှုကြီး
မျိုးကို မည်သူက ကျုးလွန်းခဲ့ပါသနည်း။

"အဖေဟာ အဲ့ဒိချိန်ကတည်းက သားဘ၀တလျောက်လုံး သိုင်းကျင့်လို့ ရချင်မှ ရတော့မယ်လို့
သိခဲ့တယ် ဒါပေမယ့် အဖေအစွမ်းအစနဲ့ဆိုရင် သားကို ပျော်ရွှင်အေးချမ်းတဲ့ဘ၀မျိုးမှာ ထားနိုင်တာပဲ"

"ဒါပေမယ့် ကံ မကောင်းစွာနဲ့ပဲ အဖေ့ကြောင့် မင်းကော မင်း မေမေ ကော နာကျင်မှုတွေခံစားခဲ့ရ
တယ်" လုံရှင်းရှောင်က သက်ပြင်းချသည်။

"ပထမတော့ မင်းမေမေနဲ့ အဖေ ဟာ မင်းကို အေးချမ်းပျော်ရွှင်တဲ့ ဘ၀မှာ ထားနိုင်ခဲ့မယ်လို့ ယူဆ
ခဲ့ကြတယ် ဒါပေမယ့် အခုတော့ မင်းရဲ့ကံကြမ္မာက လုံးဝပြောင်းလည်းသွားပြီ အခုအချိန်ဆိုရင် မင်း
မေမေနဲ့ အဖေ တောင်မင်းကို ကာကွယ်ပေးစရာမလိုတော့ဘူး ဒါ့ကြောင့် မင်းထွက်သွားဖို့ မပြောခင်
ကတည်းက ကိုယ့်စိတ်ကို ကို အဖေ ပြင်ဆင်ခဲ့ပြီးသားပါ ဒီနေ့ မင်းကို ဒီနေရာ ခေါ်လာခဲ့တာက မင်း
ရဲ့ အတိတ်အကြောင်းကို အမှန်အတိုင်းသိရအောင်လို့ပဲ ဘယ်လိုပဲဖြစ်ဖြစ် မင်းမှာလည်း မင်းရဲ့ မိဘ
အရင်းတွေ ရှိတာပဲလေ မင်းမေမေကော အဖေဟာ ကလေး တစ်ယောက်ဆုံးရှုံးရတဲ့ နာကျင်မှုကို
ခံစားခဲ့ရပြီးပြီ အဲ့ဒိတော့ မင်းလည်းအမှန်တရားကို သိသင့်တယ်လို့ အဖေ ထင်တယ်"

"ကျွန်တော့် မိဘ အရင်းတွေက ဘယ်သူလည်း" လုံချန်က သက်ပြင်းကို လေးလေးပင်ပင်ချသည်။

လုံရှင်းရှောင်က ခေါင်းခါသည်။

"အဖေလည်း မသိဘူး သားကို တွေ့တုန်းက အဲ့ဒိနေရာမှာ လူနှစ်ယောက် အသေအကြေ တိုက်ခိုက်
နေကြတယ် အခုသားတွေ့နေရတဲ့ မြစ်ဟာ သူတို့ထဲက တစ်ယောက်ရဲ့ ဓားကြောင့်ဖြစ်ပေါ်လာခဲ့
တာပေါ့"

လုံချန်များစွာ အံ့အားသင့်မိသွားပါသည်။မြစ်ကို မယုံနိုင်စွာဖြင့် သူ ငုံ့ကြည့်လိုက်မိ၏။

"အဖေကိုယ်တိုင်သာ မျက်စိနဲ့ မမြင်ခဲ့ရရင် အဖေလည်း ဒါကို ယုံမှာ မဟုတ်ဘူး ဒါပေမယ့် ဒါက အမှန်
ပဲသား.....သူတို့နှစ်ယောက်က ကောင်းကင်ထက်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြတာ သူတို့
တစ်ကိုယ်လုံးမှာ လည်း အရောင်တွေ တောက်နေတယ် သူတို့စီက ထွက်တဲ့ ဓားချီ စွမ်းအားတွေက
တောင်တွေထိတောင်ရောက်ပြီး ဖောက်၀င်သွားကြတယ်"

အတိတ်ကို ပြန်သတိရသွားဟန်ဖြင့် လုံရှင်းရှောင်၏ မျက်လုံးများသည် ရီဝေသွားပြန်သည်။ဤအဖြစ်
အပျက်ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်လင့်ကစား သူသည် ပြန်တွေးမိတိုင်း တုန်လှုပ်
ရစမြဲဖြစ်ပါသည်။

"အဲ့ဒိတုန်းက အဖေဟာ အမဲလိုက်ထွက်နေခဲ့တာ လေ အဲ့ဒိမှာ ကြောက်စရာကောင်းတဲ့ တိုက်ပွဲကြီူး
နဲ့ကြုံတာပဲ"

"အဖေဟာ ခပ်လှမ်းလှမ်းမှာ ပုန်းနေရတယ် နောက်ဆုံးတော့ သူတို့နှစ်ယောက်ထဲက တစ်ယောက်က
သိုင်းပညာတစ်မျိုးကိုထုတ်သုံးလိုက်တယ် ထူးဆန်းတဲ့ အလင်းတန်းကြီးတစ်ခုဟာ အဲ့ဒိလူစီကနေထွက်
လာပြီး နောက်တစ်ယောက်ကို ထိမှန်သွားတယ် .... ဘာပြောကောင်းမလည်း သားရယ် အဲ့ဒိအလင်း
တန်းထိသူဟာ ပွဲချင်းပြီးသေသွားတော့တာပေါ့"

"အဲ့ဒိအလင်းတန်း ကြောင့်ပဲ ဒီမြစ်ကြီးဖြစ်လာခဲ့တာ အဲ့ဒိတုန်းက အဖေဟာ ရူးမလောက်တောင်
ကြောက်လန့်သွားခဲ့တယ် ဒီလောက်ထူးဆန်းတဲ့ သိုင်းပညာမျိုးကို အဖေမှ မတွေ့ဖူးခဲ့တာကိုး"

"နောက်တော့မှ သိရတာက အလင်းတန်းကြီးနဲ့ တိုက်ခိုက်လိုက်သူ လက်ထဲမှာ ကလေးတစ်ယောက်
ကိုင်ထားတယ်ဆိုတာကိုပဲ....အဲ့ဒိနောက် အဲ့ဒိလူက အဖေ့ကို တစ်ချက်ကြည့်ရုံကြည့်လိုက်တာနဲ့
အဖေ ဘယ်လိုမှလှုပ်မရတော့ဘူး"

"အဖေ့ရဲ့ ဘေးမှာ လေတွေ ရုတ်တရက်တိုက်လာတယ် အဖေလည်း လေတွေနဲ့အတူ မမြင်ရတဲ့ စွမ်း
အားတစ်ခုက ဆွဲခေါ်သွားသလိုမျိုးဖြစ်ပြီး အဲ့ဒိလူစီ လေပေါ်ပျံရင်း ပါသွားတယ်"

"တစ်ခါဖြင့် သွားပြီလို့တော့ အဖေတွေးမိလိုက်တာပေါ့ ဒါပေမယ့် အဲ့ဒိလူဟာ လက်ထဲက ကလေးကို
အဖေ့ကို ပေးပြီးတော့ အရွယ်ရောက်လာအောင် ပြုစုစောင့်ရှောက်ပေးပါလို့ပြောတယ်"

"အဖေ ကြက်သေသေနေမိတယ် ဒီလောက်အစွမ်းထက်တဲ့လူတစ်ယောက်က ဘာ့ကြောင့် ကလေးကို
ပေးတာလည်းဆိုတာကို အဖေ နားမလည်ဘူးလေ"

"အဲ့ဒိလိုပြောပြီးတာနဲ့ သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်တယ် အဖေလည်းအရင်နေရာကိုပြန်ရောက်
လာတယ် နောက်တော့ အဲ့ဒိလူ ကိုယ်ကနေ အက်ကွဲကြောင်းတွေ အများအပြားဖြစ်လာပြီး တစ်စ
စီကွဲလို့ ပျောက်ကွယ်သွားတယ်"

ထိုနေရာ အရောက်တွင် လုံရှင်းရှောင်က သက်ပြင်းချသည်။အဖြစ်အပျက်သည် မနေ့တနေ့က ဖြစ်ခဲ့
သည့်အတိုင်းပင်။အစဉ် သူ့အာရုံတွင် လာလာ ပေါ်နေသည်။

"ချန်လေး သားရဲ့မိဘ အရင်းတွေဘယ်သူဖြစ်တယ်ဆိုတာကို အဖေမသိရပေမယ့် သူတို့ဟာ အင်
မတန် အစွမ်းထက်တဲ့ သူတွေ ဆိုတာကိုတော့ အဖေ ပြောရဲတယ် ဘာ့ကြောင့်လည်းဆိုတော့
သားကို ပေးလိုက်တဲ့ဟာ သားကိုသခင်လေးလို့ခေါ်တယ် ဒီလောက်အစွမ်းထက်တဲ့သူတောင်
အစေခံပဲရှိနေသေးတာလေ"

လုံချန် ရင်တွေ ခုန်လာသည်။ဓားတစ်ချက်ဖြင့် မြစ်တစ်စင်းပင် ဖြစ်သွားစေခဲ့သူသည် အစေခံသာဖြစ်
သည်တဲ့လား။သို့ဆိုလျှင် သူ့၏ မိဘအရင်းများသည် မည်မျှ အစွမ်းထက်လိမ့်မည်နည်း။

လုံရှင်းရှောင်ကစကားကိုဆက်သည်။

"နောက်တော့ ရှေးဟောင်းကျမ်းတွေကနေ တစ်ဆင့် အဲ့ဒိလူမပျောက်ကွယ်သွားခင်မှာ သူ့ကိုယ်မှာ
ပေါ်လာတဲ့ မျဉ်းကြောင်းတွေ အကြောင်းကို အဖေ သိခဲ့ရတယ် အဲ့ဒိမျဉ်းကြောင်းတွေကို ရူန်း သင်္ကေတ
တွေလုိ့ ခေါ်ပြီး အင်မတန်မှကို အစွမ်းထက်တာကလား"

"နောက်ဆုံးသူ အသုံးပြုသွားတဲ့ ပညာဟာ နထ္ထိ တာအို ပြောင်းလည်းခြင်း လို့ခေါ်တဲ့ တန်းခိုးပညာတဲ့
အဲ့ဒိတုန်းက တော့အဖေလည်း သိပ်များများစားစားမသိပါဘူး ဒါပေမယ့် အဲ့ဒိပညာဟာ သားကိုကာ
ကွယ်ဖို့အတွက် သူ့ကိုယ်သူ အပျက်ဆီးခံပြီး သဲလွန်စတွေ ဖျောက်ပစ်လိုက်တဲ့ ပညာရပ်ဖြစ်နိုင်
ကြောင်းအဖေ ရိပ်မိလာခဲ့တယ်"

"နောက်တော့လည်း ဒီအကြောင်းတွေကို မေ့ဖျောက်ပြီး သားကို သားအရင်းတစ်ယောက်လို အဖေတို့
ချစ်ခဲ့ကြပါတယ် ဒါပေမယ့် လွန်ခဲ့တဲ့ရက်က တိုက်ပွဲကြီးကိုကြည့်ပြီး ဒါဟာ ကံတရားသာ ဖြစ်ကောင်း
ဖြစ်နိုင်တယ်လို့ အဖေ သဘောပေါက်ခဲ့တယ်"

"ဘာကံတရားလည်း" လုံချန်ကမေးသည်။

"သားဟာ သိုင်းမကျင့်နိုင်တဲ့ ကလေးတစ်ယောက်ဖြစ်လာခဲ့ရင် ဘ၀တစ်တာကို အေးအေးချမ်းချမ်းဖြတ်
သန်းပါစေလို့ သားကို ပေးခဲ့တဲ့ တန်းခိုးရှင်က သူမသေခင်မှာပြောခဲ့တယ်"

"ဒါပေမယ့် သိုင်းကျင့်နိုင်ခဲ့လို့ရှိရင် ဒီအကြောင်းတွေကို ပြောပြပြီး သူ့စိတ်ကြိုက်ဆုံးဖြတ်ပါစေတဲ့"

"ပထမတော့ အဖေလည်း သားကို သိုင်းမကျင့်နိုင်လောက်တော့ဘူးလို့ထင်ခဲ့ပေမယ့် အခုတော့
မဟုတ်တော့ဘူး"

"ဒီအကြောင်းတွေကို မင်းမေမေက မသိစေချင်ဘူး မင်းကလဲ့စားပြန်ချေမှာကို သူက ကြောက်တယ်"

လုံချန်နှင့်အတူ ပျံသန်းနေခဲ့သူသည် ရန်သူများနှင့် ရင်ဆိုင်တွေခဲ့ရာမှ မတတ်သာသည့်အဆုံးတွင်
နထ္ထိ တာအို ကို အသုံးပြုခဲ့ရသည်။ဤအချင်းအရာကိုကြည့်လျှင် လုံချန်၏ ရန်သူများသည် မည်မျှ
ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိနိုင်သည်။

"ကလဲ့စားကတော့ချေရမှာပဲ ဒါပေမယ့် ဖေဖေ မစိုးရိမ်ပါနဲ့ ကျွန်တော် နမော်နမဲ့မလုပ်ပါဘူး" လုံချန်က
ပြောသည်။

သူ့အား သိုင်းမကျင့်နိုင်စေရန် သူ၏ စိတ်ဝိညာဉ်အရင်းအမြစ်၊သွေးအရင်းအမြစ်နှင့် စိတ်ဝိညာဉ် အရိုး
တို့အား သူ၏ခန္ဓာကိုယ်ထဲမှ ယူဆောင်သွားသူကို သူသည် ကလဲ့စားချေကို ချေမှ ဖြစ်မည်။သို့ရာတွင်
ယခုအချိန်သည် ကလဲ့စား ချေရမည့်အချိန်မဟုတ်သေး။သူ၏ သိုင်းပညာကို လျင်မြန်စွာ အဆင့်မြင့်
စေရန် လုပ်ရမည်။ဤသို့ မဟုတ်လျင် ကိုယ့်သေတွင်းကိုယ် တူးသကဲ့သို့ ဖြစ်သွားပေမည်။

"သားဘယ်လိုဆုံးဖြတ်ချက်ချမယ် ဆိုတာ အဖေခန့်မှန်းပြီးသားပါ ဒီကိုလာခဲ့ မင်းအဖေ နဲ့ အမေချန်
ထားခဲ့တဲ့ ပစ္စည်းလေးတစ်ခုကိုကြည့်ရအောင်"

လုံရှင်းရှောင် က ကျောက်တုံးကြီးတစ်တုံးကို ခွဲလိုက်လျှင် ကျောက်တုံးအောက်ခြေ၌ ပစ္စည်းလေးတစ်ခုပေါ်လာလေသည်။

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၁၅)မခွဲခွာမီ

ကျောက်တုံးကြီးက အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ကျောက်တုံးအောက်တွင် တစ်ခုခုဖြင့်ရစ်
ပတ်ထားသည့် အထုပ်လေးတစ်ခုရှိနေသည်။လုံချန်က ထိုအထုပ်လေးကို ကောက်လိုက်သည်။ထိုအရာ
လေးကို လွန်စွာ အရည်အသွေးကောင်းသည့် အဝါရောင်စက္ကူ တစ်ခုဖြင့်ရစ်ပတ်ထားခြင်းဖြစ်သည်။
စက္ကူသည် များစွာနူးညံ့လှပြီး တိရိစ္ဆာန်သားရေ ကဲ့သို့ လွန်စွာလည်းမာသည်။

ထိုစက္ကူပေါ်တွင် လွန်စွာထူးဆန်းသည့် မျည်းကြောင်းများဆွဲထားရာ မျည်းကြောင်းများမှ ခပ်မှိန်မှိန်
အလင်းရောင်တစ်ခု ထွက်လျှက်ရှိသည်။

"အထဲက အရာလေးရဲ့ အော်ရာတွေ အပြင်ကိုထွက်မှာစိုးလို့ အဲ့ဒိ ရူန်း သင်္ကေတ တွေနဲ့ပိတ်ထားတာလို့
အဲ့ဒိလူက အဖေ့ကို ပြောခဲ့တယ် နောက်ပြီးတော့ ဆယ်နှစ်မပြည့်အချင်း မဖွင့်ပါနဲ့လို့ထပ်ပြောခဲ့သေး
တယ် အခုတော့ ဆယ်နှစ်ပြည့်ပြီဆိုတော့ သား ဖွင့်လို့ရပြီ" လုံရှင်းရှောင်က ဆိုသည်။

လုံချန်က ခေါင်းငြိမ့်၍ ရူန်းသင်္ကေတ များကိုဖယ်သည်။အထုပ်ကို ဖွင့်လိုက်သည်တွင် အထဲ၌ ကျောက်စိမ်း
ပြားလေးတစ်ပြားရှိနေသည်။ကျောက်စိမ်းပြားလေး၏ အရွယ်သည် ကလေးတစ်ယောက်၏ လက်ဖဝါး
အရွယ်သာ ရှိပြီး နဂါးတစ်ကောင် ပတ်နေသည့် ပုံကို ထုထွင်းထား၏။

ကျောက်စိမ်းပြားသည် အမှတ်တမဲ့ဆိုလျင် သာမာန် ကျောက်စိမ်းပြားတစ်ခုအဖြစ်သာ ထင်ရသော်လည်း
ထိုကျောက်စိမ်းပြားကို ကိုင်လိုက်သည်နှင့် စိတ်က ချက်ချင်းတည်ငြိမ်သွား၏။ယင်းသို့ စ်ိတ်တည်ငြိမ်
သွားသည့် အဆင့်ဝါ သမာဓိ တည်လသည့် အခြေအနေသို့ရောက်ရန်သည် များစွာမလွယ်ကူ။
သိုင်းသမားများအဖို့ ထိုအခြေအနေ၌ သိုင်းလေ့ကျင့်သော် သာမာန်အချိန်များတွင့် ကျင့်သည်ထက်
များစွာတိုးတက်လေသည်။

သို့ရာတွင် ယင်းအဆင့်သို့ရောက်ရန်သည် များစွာခက်ခဲလေရာ သိုင်းသမားအများစုအဖို့ တစ်လတွင်
တစ်ခါ၊တစ်ခါတွင် တစ်နာရီခန့်သာ ကြာအောင် သမာဓိတည်နိုင်ကြသည်။သူကဲ့သို့ လူပင်လျှင် ထို
သို့ဖြစ်ရန်မလွယ်ပေ။ယင်းကဲ့သို့ သမာဓိတည်လာရန် အချိန် 2 နာရီခန့်ကြိုတင်ပြင်ဆင်ရလေသည်။

သို့သော် ကျောက်စိမ်းပြားလေးကို ကိုင်လိုက်သည်နှင့် သူ စိတ်ဆန္ဒရှိသည့် မည်သည့်အချိန်၌ မဆို
သမာဓိ တည်နိုင်လာသည်။အံ့အားသင့်စရာ ကောင်းလှ၏။အထုပ်ထဲတွင် ကျောက်စိမ်းပြားလေးမှ
လွဲကာ မည်သည့်အရာမှ ရှိမနေပေ။သူက ကျောက်စိမ်းပြားလေးကို အသေအချာစူးစမ်းကြည့်လျှင်
ကျောဘက်တွင် စာများရေးထားကြောင်း လက်ဖြင့်စမ်းသပ်မိလေသည်။

လုံချန်က ကျောက်စိမ်းပြား၏ ကျောဘက်ကို ခပ်သွက်သွက်လှန်ကြည့်သည်။မှန်သည်။ကျောဘက်တွင်
စာကြောင်းလေးကြောင်းရှိနေသည်။

"ကောင်းကင်ထက်က နဂါး မာဟုန်ဖြင့်သွား...ငြိမ်းချမ်းစွာနေလေ ခွဲခွာခြင်းကမရှိစေ" ဟူသော စာ
ကြောင်းလေးကြောင်းကိုတွေ့ရ၏။စာများက တစ်ခုနှင့် တစ်ခု အရေးအသားမတူ။ပထမ နှစ်ကြောင်း
သည် ယောကျာင်္းတစ်ယောက်လက်ရေးဖြစ်ဟန်ဖြင့် ခပ်ကြမ်းကြမ်းနိုင်သည်။ဒုတိနှစ်ကြောင်းမှာမူ လက်
ရေ၊လက်သား သည် ပို၍ သေသပ်လှပလေရာ အမျိုးသမီးတစ်ယောက်လက်ရေးမှန်းသိသာ၏။

အထက်ပါ စာလေးကြောင်းကိုကြည့်၍ ယောကျာင်္းတစ်ယောက်နှင့် မိန်းမတစ်ယောက်က ကလေးတစ်
ယောက်အား ချီ၍ ချော့မြူနေသည့် မြင်ကွင်းသည် သူ့၏ အာရုံထဲသို့ ၀င်လာလေသည်။ယောကျာင်္းသည်
သူ့၏ ကလေးကို လောကတွင် အစွမ်းအထက်ဆုံးသိုင်းသမား တစ်ယောက်ဖြစ်လာစေချင်ဟန်ရှိသည်။
သို့ရာတွင် မိန်းမမှာမူ သူမ၏ ကလေးအား ဘ၀ကို အေးအေးသက်သာစွာဖြင့်သာဖြတ်သန်းစေလိုသည်။

လုံချန်၏ မျက်၀န်းများစိုစွတ်လာကြသည်။ထိုသူနှစ်ယောက်သည် သူ့၏ မိဘများဖြစ်ကြသည်မဟုတ်
လား။ဤစာကြောင်းလေးကြောင်းတွင် သူ့မိဘ နှစ်ပါး ၏ သူ့အပေါ်ထားရှိသော မေတ္တာတရားကို သူ ခံ
စားလို့ရနေသည်။သူသည်ကား သူ့မိဘနှစ်ပါးသည် မည်သူဖြစ်သည် ဆိုသည်ကိုသာမက အသက်ပင်
ရှိသေးသည်လား မသိချေ။

လုံရှင်းရှောင်က ကျောက်စိမ်းပြား ပေါ်တွင်ရေးထားသည့် စာလေးကြောင်းကို ဖတ်ကာ သက်ပြင်းတချချ
ဖြစ်နေသည်။

"တို့သားအဖ နှစ်ယောက်က ကံကြမ္မာခြင်းတော်တော်တူတာပဲ မင်းမေမေ ကိုယ်၀န်ဆောင်တုန်း
က ဆိုရင် တို့မွေးလာတဲ့ကလေးဟာ တစ်ချိန်မှာ ငါ့ထက်အစွမ်းထက်တဲ့ သူရဲကောင်း သိုင်းသမား
တစ်ယောက်ဖြစ်လာစေရမယ်လို့ ငါလည်းဆုံးဖြတ်ချက်ချခဲ့ဖူးတယ် မင်းမေမေကတော့ သူ့
ကလေးကို အန္တာရာယ်များတဲ့ သိုင်းသမား တစ်ယောက် မဖြစ်စေချင်ခဲ့ဘူး သာမာန်ဘ၀မှာပဲ နေ
ထိုင်စေချင်ခဲ့တယ်"

"အဖေ အဲ့ဒိလူ က အဖေ့ကို ဘာပြောခဲ့သေးလည်း" လုံချန်က ကျောက်စိမ်းပြားလေးကိုကြည့်သည်။

"ဒီကလေးကြီးလာရင် သူ့မိဘတွေကို ဘယ်လိုရှာရမလည်းလို့ အဖေလည်းမေးတာပေါ့ သူပြောခဲ့တာ
ကတော့ မင်းဟာ သိုင်းပညာမှာ ထိပ်သီးအဆင့်ကိုရောက်တာနဲ့ မိဘအရင်း ဘယ်သူဖြစ်တယ်ဆိုတာကို
အလိုလိုသိလာလိမ့်မယ်လို့ဆိုတယ် ဒါပေမယ့် မင်းဟာ သိုင်းထိပ်သီးအဆင့်ကို မရောက်ခဲ့ရင်တော့
အရာရာဟာ အဓိပ္ပါယ်မဲ့သွားပြီဖြစ်လို့ သာမာန်ဘ၀မှာပဲ နေထိုင်တာပိုကောင်းလိမ့်မယ်လို့ ပြောခဲ့
တယ်"

"သိုင်းထိပ်သီး အဆင့်ဟုတ်လား ဘယ်အဆင့်မျိုးကို သိုင်းထိပ်သီးအဆင့်လို့ခေါ်တာလည်း" လုံချန်
အံ့အားသင့်နေသည်။

လုံရှင်းရှောင်က ရယ်သည်။

"အဖေလည်းမသိဘူး ဒါပေမယ့် အနည်းဆုံး အဲ့ဒိလူထက်တော့ မင်းက ပိုပြီးအစွမ်းထက်နေဖို့လိုမယ်"
သူက ကျောက်ကမ်းပါကြီးကို ညွှန်ပြသည်။လုံရှင်းရှောင်၏ အဓိပ္ပါယ်က ရှင်းသည်။ဧရာမ တောင်ကြား
ကြီးတစ်ခုကိုပင် အစေခံအဆင့်ရှိသူ တစ်ယောက်က ဓားဖြင့်ပိုင်း၍ မြစ်ကြီးတစ်စင်းဖြစ်စေခဲ့သည်။
လုံချန် သဘောပေါက်သွား၏။

သူသည် ကျောက်စိမ်းပြားလေးကို အသာပွတ်၍ ခေါင်းငြိမ့်သည်။ "ကောင်းပါပြီ အဲ့ဒိနေ့ရောက်ဖို့ သိပ်
ဝေး တော့မှာမဟုတ်ဘူး"

"မင်း လုပ်နိုင်လိမ့်မယ် လို့ဖေဖေယုံပါတယ် အခုတော့ မြို့တော်ကို ပြန်ကြဦးစို့ မြို့တော်မှာလက်ရှိ
အခြေအနေတွေက ရှုပ်ထွေးနေသေးတယ်"

...

မြို့တော်သည် ယခုအချိန်တွင် အမှန်တစ်ကယ်ပင် ရှုပ်ထွေးနေသည်။မှော်ကျောက်တုံးမိုင်းတွင်း ပေါ်
လာပြီးသည်မှစကာ သိုင်းသမားအများအပြားသည် လူသေကောင်နံ့ရသော ့ ဠင်းတ များပမာ ဖီးနစ်
မြို့သို့ ဒရောသောပါး ဦးတည်လာနေကြ၏။

"ဘုရားရေ ဟို ကျားသစ်ကြီးဆွဲလာတဲ့ ရထားလုံးကိုကြည့်စမ်းပါဦး အိမ်တစ်လုံးထက်တောင်
ကြီးနေသေးတယ်"

ကျားသစ်ကြီးကိုကြည့်၍ လူအများမှာ အထိတ်တလန့်ဖြစ်နေကြသည်။

"ဟိုမှာလည်း လာပြန်ပြီ ဒါကျတော့ မိုးပေါ်ကပျံလာတာကွ"

ဧရာမ သိမ်းငှက်ကြီးတစ်ကောင် ပျံသန်းလာခြင်းကြောင့် ကောင်းကင်က ရုတ်ချည်းမှောင်ကျသွားသည်။

"သိုင်းသမား တွေ တစ်ယောက်ပြီး တစ်ယောက် ဖီးနစ်ကို ရောက်လာနေကြပါလား ဘုရား ဘုရား
ဒီလောက်များတဲ့ သိုင်းသမားတွေကို ငါတစ်ခါမှမမြင်ဘူးသေးဖူး"

လွန်ခဲ့သည့် ရက်များအတွင်းမှစကာ သိုင်းသမားများကား ဖီးနစ်သို့ တစ်ယောက်ပြီးတစ်ယောက်
ရောက်လာနေခြင်းဖြစ်သည်။သို့သော် ထိုသိုင်းသမားများမှာ ဖီးနစ်သို့ရောက်သည်နှင့် ပတ်၀န်းကျင်
ကိုသာအကဲခတ်နေကြပြီး မှော်ကျောက်တုံး သိုက်ကို မတူးကြသေးပေ။သူတို့အားလုံးက တစ်စုံတစ်ခု
ကို စောင့်နေကြခြင်းဖြစ်လေသည်။ဖီးနစ်မြို့နေ လူထုမှာ သိုင်းသမားများကို စူးစမ်းနေကြ၏။

တစ်ပတ်ခန့်မျှ ကြာလျှင် သိုင်းသမားများသည် ဆေးဆရာအသင်း၌ စုရုံးကြလေသည်။ကောလဟာဠ
များအရဆိုသော် သိုင်းသမားများထဲမှ အစွမ်းအထက်ဆုံးသိုင်းသမားများက မှော်ကျောက်တုံး သိုက်
ကို တူးခွင့်ရရန် ညှိနှိုင်းနေကြသည်ဟုဆိုသည်။သို့ရာတွင် အဆုံးသတ်၌ မည်သို့ သဘောတူညီချက်
ရသွားခြင်းကို တော့ အပြင်လူများမသိရှိကြရပေ။

လုံချန် အိမ်ကို ပြန်ရောက်သည့်အခါတွင် ငိုထားသောကြောင့်မျက်၀န်းများနီရဲနေသည့် သူ့မိခင်
ကိုတွေ့သည်။ထို့ကြောင့် သူက နှစ်သိမ့်ရ၏။

"မေမေ ... မေမေဟာ ကျွန်တော်ရဲ့ အမေ အရင်းဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ကိစ္စမရှိပါဘူး
ကျွန်တော့်ရဲ့ မေမေ အရင်းပါပဲ ၀မ်းမနည်းပါနဲ့"

"ချန်လေး မေမေ့ကို အမေ အရင်းအဖြစ်လက်ခံတယ်ပေါ့" လုံအမျိုးသမီးက ပျော်ရွှင်စွာဖြင့် မေး၏။

လုံရှင်းရှောင်သည် ခေါင်းတယမ်းယမ်းဖြစ်နေသည်။မိန်းမများကား အစိုးရိမ် လွန်တတ်သည့် သဘာ၀
ရှိသူများပင်တည်း။လုံချန်သည် မည်သို့ပြောရမည် မသိဖြစ်နေသည်။

"မေမေ ဟာ ကျွန်တော့်ရဲ့ အမေအရင်းပါပဲ"

ထိုသို့ပြောမှသာ လုံအမျိုးသမီးသည် ရယ်နိုင်၊မောနိုင်လေသည်။

"သား သာ အမှန်အတိုင်းသိသွားရင် မေမေ့ကို အမေအရင်းတစ်ယောက်လို မဆက်ဆံ တော့မှာကို
စိုးရိမ်နေတာ"

"ဒါဘယ်လိုဖြစ်နိုင်မှာလည်း မေမေက ကျွန်တော့်ကို ကလေးဘ၀ကတည်းက ပြုစုစောင့်ရှောက်
လာခဲ့တာလေ အင်း ဖေဖေ့ကို အဖေအရင်းတစ်ယောက်အဖြစ်မသတ်မှတ်ဘူးဆိုရင်တောင်
မေမေကတော့ ကျွန်တော့်ရဲ့ ထာ၀ရ မေမေပဲ" လုံချန်က နောက်ပြောင်နေသည်။

"ကောင်လေး...မင်းတော့ အရိုက်ခံချင်ပြီနဲ့တူတယ်" လုံရှင်းရှောင်က မျက်နှာကို တမင် တင်းမာချင်
ဟန်ဆောင်လိုက်လေသည်။လုံအမျိုးသမီးက ရယ်၍ လုံရှင်းရှောင်၏ ပုခုံးကို ရိုက်လိုက်၏။

"ကလေးက နောက်တာကို ဘာလို့မျက်နှာကြီးက တင်မာနေတာလည်း ကလေး ကြောက်သွားအောင်"

သူ့မိခင် ရယ်မောနေသည်ကို မြင်မှ လုံချန်က ရင်ထဲမှ အလုံးကြီးတစ်လုံးကျသွားသလို ခံစားရ၏။သူတို့
မိသားစုသုံးဦးကို ကြည့်၍ ချူယောင်ကလည်း ဘေးမှရယ်နေလေသည်။လုံရှင်းရှောင်က သူ့သားကို
ကြိတ်၍ ချီးမွမ်းနေမိသည်။သူသားက မင်းသမီးတစ်ပါးကို အချိန်တိုတိုအတွင်း လုံမိသားစုအတွင်း
သို့ အပါခေါ်လာနိုင်ခဲ့၏။

"မေမေ ... အကိုလုံ...ဖေဖေ ... မင်းသမီးလေး ကျွန်တော်ပြန်လာပြီ"

ထိုစဉ် အိမ်တံခါး၀မှ အသံဝါ၀ါကြီးတစ်သံကိုကြားကြရရာ မည်သူဖြစ်မှန်း သူတို့တန်းသိကြသည်။
လူကြမ်းလေး၏ ဧရာမခန္ဓာကိုယ်ကြီးက အိမ်ပေါက်၀၌ ပေါ်လာသည်။

"ကောင်းတယ် ညီလေး နောက်ဆုံးတော့ မင်းလည်း နလန်ပြန်ထလာပြီပေါ့"

လုံချန်က ရယ်ရင်း လူကြမ်းလေးကို ဖက်လိုက်သည်။သို့သော် လူကြမ်းလေး၏ ဧရာမ ခန္ဓာကိုယ်
ကြီးအား ဖက်ရသည်မှာ အနည်းဖြင့် ရယ်စရာကောင်းနေသည်။

"အကိုလုံ...အကိုလုံပေးလိုက်တဲ့ဆေးက တော်တော်ကောင်းတာပဲ အခုဆိုရင် ယင်အမတ်ကို ကျုပ်
လည်ပင်းညှစ်သတ်တောင် သတ်လို့ရပြီ"

လုံချန်က လူကြမ်းလေး၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လေသည်။လူကြမ်းလေးသည် ယခင်ကထက်
များစွာပို၍ သန်မာလာသည်။ယခုအခါတွင် သူ့၏ 30 ရာခိုင်နှုန်းသော ဆဲလ်များသည် ပြန်လည် အလုပ်
လုပ်နေပြီဖြစ်သည်။

"ကဲကဲ...နေ့လည်လည်း ရောက်နေပြီ ဘိုအာ ကို စားဖို့ပြင်ခိုင်းလိုက်တော့ ငါနဲ့ ချန်လေး
ခုထိ ဘာမှ မစားရသေးဘူး"

လုံချန်က ဘိုအာကို ယောကျာင်္း မယူသေးဘူးလားဟု စလျှင် ရှက်တတ်သည့် ဘိုအာသည် မျက်နှာလေး
ရဲ၍ တစ်ချိုတည်းပြေးလေတော့သည်။ချူယောင်သည်လည်း သူတို့၏ မိသားစု၀င်တစ်ယောက်ကဲ့သို့
ဖြစ်လာရာ သူမ၏ မောင်လေးအား တွေ့ရန် နန်းတော်သို့ ရံဖန် ရံခါ သွားတတ်သည်မှ လွဲ၍ အချိန်
အများစုကို လုံချန်၏ အိမ်မှာသာကုန်ဆုံးစေသည်။

စားကြ၊သောက်ကြပြီးနောက် ချူယောင်က လက်ရှိမြို့တော်တွင်ဖြစ်ပွားနေသည့် အဖြစ်အပျက်များ
အား လုံချန်ကိုပြောပြသည်။လုံချန် အံ့အားသင့်ရသည်။မှော်ကျောက်တုံး သိုက်အတွက် လာကြသူ
များ မှာ အများစုသည် ဂိုဏ်းများမှ ဖြစ်တန်ရာသည်။အကယ်၍ သူသာ ဂိုဏ်းတစ်ခုခုသို့ ၀င်ရောက်
နိုင်လျှင် အခွင့်အရေး ကောင်းကောင်းရပေမည်။

ဂိုဏ်းများအကြောင်းတွေးမိမှ ၀တ်ရုံဖြူကို သူ သတိရမိသည်။သာမာန် ပြင်ပ ဂိုဏ်းသားတစ်ယောက်
ဖြစ်သည့်တိုင် ၀တ်ရုံဖြူ၏ အစွမ်းက ကြောက်မက်ဖွယ်ရာပင်။ထို့ကြောင့် သူက ချူယောင် နှင့်လူကြမ်း
လေးကို ခေါ်၍ သိုင်းသမားများ စုရုံးနေသည်ဟုဆိုသော ဆေးဆရာအသင်းသို့ထွက်ခဲ့လေသည်။

အသင်းနားရောက်လျှင်....ဆေးဆရာအသင်း၏ တံခါးကို ဒေါသတကြီြးုဖင့်စောင့်ကန်၍ ဖွင့်ကာ အပြင်သို့ ခုန်ထွက်လာသည့်
အဘိုးကြီးတစ်ယောက်ကို ၎င်းတို့အဖွဲ ခပ်လှမ်းလှမ်းမှ မြင်လိုက်ကြရသည်။ထိုအဘိုကြီး သည် လွန်စွာ
ပေါ့ပါးလျှင်မြန်လှပြီ့း ခြေတစ်လှမ်းနှင့်ပင် သူ့အနားမှ ဝီးကနဲ ဖြတ်သွားလေရာ လုံချန်က ကပျာကယာ
လှိမ့်ရှောင်ရသည်။သူဖြတ်သွားသည့်နောက်တွင်မူ လေများ တဟူးဟူး တိုက်၍ကျန်နေခဲ့လေ၏။

ချူယောင်မှာ ထိုတိုက်ခတ်လာသည့် လေကြောင့် နောက်သို့လွင့်၍ မြေကြီးပေါ်လဲကျလေရာ ချက်
ချင်းပြန်မထနိုင်။လုံချန်က ထူပေးရသည်။

"ဘယ်သူပါလိမ့် ကြောက်စရာကောင်းလိုက်တဲ့ အလျှင်ပါလား" အတော်ဝေးဝေးသို့ ရောက်သွားသည့်
အဖိုးကြီး၏ ကျောပြင်ကို ချူယောင်က လှမ်းကြည့်သည်။

"ထားလိုက်ပါ သူ့အသက်ကြည့်ရတာလည်း သေခါနီးနေပြီ သွားကြစို့"

သို့သော် လုံချန် သွားတော့မည့် အချိန်မှာပင် အေးစက်စက်လေသံတစ်သံကို ကြားလိုက်ကြရ၏။

"နေပါဦး.....မင်းက လုံချန်လား"

MK AUNG

Continue Reading

You'll Also Like

192K 2.2K 70
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်
11.2K 248 20
Idk first story so please be nice
98.2K 2.1K 26
Jujutsu Kaisen Gojo reader is in the world of FairyTail. Starting at the conclusion of the Phantom Guild Arc what kind of mischief will we see with o...
16.3K 703 29
In this story A boy named The same as the protagonist's name in his previous life a Boy named Satoru Mikami is and ordinarily Otaku High schooler H...