ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

Azure5549 által

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... Több

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

106 - 110

113 12 0
Azure5549 által

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၀၆)အလင်းစက်ကွင်း၏စွမ်းအား

ဓားနှင့် ဓားကောက်တို့ ထိခိုက်မိသည့် အချိန်တွင် လေဟာနယ်သည် လှိုင်းများ တစ်လိပ်လိပ်ထ
လာသည်ကို သာမာန်မျက်စိနှင့် ပင် မြင်တွေ့နိုင်လေသည်။

၀ုန်း....

တင်္ဂအကြာ၌ နားကွဲမတတ် ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးထွက်ပေါ်လာ၏။မရှေးမနှောင်တွင်
လက်နက်တစ်ခု ၏ အပိုင်းပိုင်းကျိုးသွားသည့်အသံလည်းထွက်ပေါ်လာပြီးလျှင် လူတစ်ယောက်
လွင့်ထွက်လာ၏။သွေးများသည် နေရာအနှံ့သို့ ဗြန်းကနဲ ပြန့်ကျဲသွားလေသည်။

"အဖေ"  လုံချန် ကြောက်လန့်တစ်ကြား အော်မိသည်။လုံရှင်းရှောင်၏ ဓားကောက်သည် အပိုင်းပိုင်းကျိုး
သွားပြီး ကျိုးသွားသည့် အပိုင်းအစများက သူ့ခန္ဓာကိုယ် အနှံသို့ ပြန်စိုက်နေကြသည်။

"အိုး...မင်းက မသေသေပါလား မဆိုးဘူးပဲ"

လုံရှင်းရှောင် အသက်ရှင်နေသေး သည်ကိုမြင်လျှင် ၀တ်ရုံဖြူက အနည်းငယ်အံ့အားသင့်သွားသည်။
အစောပိုင်းက သူ့၏ တိုက်ခိုက်မှုသည် လုံရှင်းရှောင် သေဖို့လုံလောက်သည့် တိုက်ခိုက်မှုဖြစ်လေသည်။

"ဟုတ်ပြီ ငါသိပြီ" ၀တ်ရုံဖြူ ချက်ခြင်းနားလည်သွား၏။

"မင်းက စွမ်းအားကို အကုန်အသုံးပြုပြီးမတိုက်ပဲ ခုခံဖို့အတွက် နည်းနည်းချန်ထားသေးတာကိုး"

ဤသို့ လုပ်ရန် သူက လုံချန်ကိုပင် ပြောခဲ့သေးသည်။အင်အားကြီး ရန်သူကို တိုက်ခိုက်ရာတွင် စွမ်း
အင်ကို 100 ရာခိုင်နှုန်းလှည့်ပတ်ထားစေသော်လည်း 20 ရာခိုင်နှုန်းကို ရန်သူအား ပြန်လည်ခုခံရန်
အတွက် ချန်ထားရသည်။ထိုသို့မဟုတ်လျှင် လုံရှင်းရှောင် တစ်ချက်တည်းဖြင့် သေနေပြီဖြစ်၏။သို့
သော် ထိုသို့ လုပ်သည့်တိုင်အောင် သူ့၏ လက်ရှိအခြေအနေက ဆိုးရွားလွန်းနေသည်။ကျင်ကျီသိုင်းသ
မားများနှင့် ဆက်တိုက် တိုက်ခိုက်ခဲ့ရ သောကြောင့် ချီစွမ်းအင် ကုန်လုလု ဖြစ်နေချိန်တွင် ၀တ်ရုံဖြူနှင့်
ထပ်တိုက်ခိုက်ရလေရာ လုံရှင်းရှောင်၏ ချီစွမ်းအင်မှာ လုံး၀ကုန်သွားပြီဖြစ်လေသည်။

ထို့ပြင် ဓားအကျိုးများ စိုက်နေသည့် ဒဏ်ရာများမှလည်း သွေးအများအပြားထွက်နေသည်။ထို့ကြောင့်
သူ့၏ တိုက်ခိုက်နိုင်စွမ်းသည် ထက်၀က်ခန့်ကျဆင်းသွားရသည်။

"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မလောက်လေး မ လောက်စား ကောင်က မ လောက်လေး မလာက်စား
ကောင်ပါပဲ မင်းကံကြမ္မာကို ပြောင်းလည်းဖို့မစဉ်းစားနဲ့တော့ မင်းအတွက် နာကျင်စရာပဲရှိမယ်"

၀တ်ရုံဖြူသည် စိတ်မပါသည့် ဟန်ဖြင့် ခေါင်းယမ်းလေသည်။သူ့၏ ဓားရှည်ကြီးက နောက်တစ်ကြိမ်လေ
ကိုခွဲ၍ လုံရှင်းရှောင်ထံ ဝီးကနဲ ပြေး၀င်သွားပြန်၏။လှုပ်ရှားမှုကား များစွာလျှင်မြန်လှသည်။၀တ်ရုံဖြူသည်
အလေးချိန်မဲ့နေသကဲ့သို့ထင်လာရ၏။လုံရှင်းရှောင်ကို ဓားနှင့်ချိန်လိုက်သည့်အချိန်မှာပင် သူသည် လုံ
ရှင်းရှောင်ရှေ့သို့ ရောက်နှင့်နေပြီးဖြစ်နေချေပြီ။ထို့နောက် သူက ဓားကို မြှောက်လိုက်၏။

လုံရှင်းရှောင်က သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ချသည်။၀တ်ရုံဖြူသည် ဂိုဏ်းတစ်ဂိုဏ်း ဂိုဏ်း မှ
ဂိုဏ်းသား တစ်ယောက်ဖြစ်သည်ဟု သူသိကတည်းက သူ့၏ အဆုံးသတ်ကို ကြိုသိနေပြီးသားဖြစ်၏။
သူသည် လုံချန်ကိုတစ်လှည့် ဇနီးသည် ကို တစ်လှည့် ကြည့်လိုက်၏။ပြီးလျှင် အသာအယာပြုံးသည်။
မိသားစုနှင့်အတူ သေဆုံးရခြင်းသည် ပျော်ရွှင်ဖွယ် အဆုံးသတ်ခြင်းမျိုးလည်းဖြစ်ပေသည်။နောက်ဘ
၀တွင် သူတို့မိသားစုလေး ထပ်ခွဲခွာရတော့မည်မဟုတ်ပေ။

ထို့နောက်သူက ညာဘက်လက်တွင်ချီစွမ်းအင်ကိုစုစည်း၏။လက်ကျန် ချီစွမ်းအင် အကုန်လုံးကို ဒန်တမ်
ထဲသို့ထည့်သည်။နောက်ဆုံးအချိန်ထိ သူ တိုက်ခိုက်သွားမည်ဖြစ်သည်။သို့သော် ပြိုင်ဘက်ကို သူနှင့်
တစ်ခါတည်း အပါခေါ်သွားရန်မှာမူ မဖြစ်နိုင်လွန်းလှချေ။

"သေပေတာ့"

၀ုန်း....

ဒေါသတကြီး ကြုံးဝါးသံနှင့် သူ့အဖေရှေ့သို့ လုံချန်ရောက်လာ၏။ပြီးလျှင် ၀တ်ရုံဖြူ ပိုင်းချလိုက်သည့် ဓား
ကို ကာထားလိုက်၏။

"မင်းတို့တစ်တွေ ပြန်ဆုတ်ကြတော့" ချုယောင်နှင့် အခြားသူများကို လုံချန်က  ခပ်သွက်သွက်လှမ်း
ပြောသည်။သူတို့က လုံရှင်းရှောင်ကို တစ်ယောက်တစ်ဖက်စီ မကာ သယ်ထုတ်သွားကြသည်။သူ့
အဖေ၏ ဒဏ်ရာများကုသရန် ဆေးကို ချူယောင်နှင့်အတူ လုံချန် ထည့်ပေးလိုက်သည်။လုံရှင်းရှောင်
သည် လုံချန်၏ ကျောကိုကြည့်သည်။သူတစ်ခုခုပြောချင်နေသည်။သို့သော် နောက်ဆုံးတွင် မပြောတော့
ပဲ ပါးစပ်ပိတ်နေလိုက်တော့သည်။

လုံရှင်းရှောင်ကို သယ်ထုတ်သွားသည့် မြင်ကွင်းအား ၀တ်ရုံဖြူက မည်သို့မှ မပြောပဲ အေးအေးသက်သာ
ဖြင့် ကြည့်နေ၏။

"မင်းတို့ ဘယ်လိုလုပ်လုပ် အသုံးမ၀င်ဘူး မင်းတို့လို အစွမ်းအစနည်းတဲ့ သူ တွေကို ငါ တစ်ကယ်နား
မလည်နိုင်ဘူး ဘယ်လောက်တောင် တုံးလိုက်သလည်း အခုအချိန်ထိ မင်းတို့ကံကြမ္မာကို သဘော
မပေါက်သေးဘူးလား"

လုံချန်က  ၀တ်ရုံဖြူကို လှမ်းကြည့်၏ "မင်းကိုယ်မင်း နတ်ဘုရားတစ်ပါးလို ပြောမနေနဲ့ မင်းဟာခွေး
ချေး သာသာ ကောင်ပဲ မင်းနေရာမှာဆိုရင် မင်းဟာ အဆင့်နိမ့်ဆုံးကောင်၊အောက်တန်းက ကောင်ပဲ
ဒီနေရာမှသာ မင်းအစွမ်းထက်ချင်ထက်နေမယ် တစ်ကယ်တော့မင်းဟာ အသုံးမ၀င်တဲ့ကောင်"

၀တ်ရုံဖြူ မျက်နှာကွက်ကနဲပျက်သည်။ "အသေခံချင်တဲ့ကောင်လေး မင်းရဲ့တန်ဖိုးမရှိတဲ့အသက်လေး
တော့ ဆုံးပြီသာမှတ်တော့ တစ်ကယ့်စွမ်းအား အစစ်အမှန်ဆိုတာ ဘာဆိုတာကို ငါ ပြမယ်"

"လဲသေလိုက် ... မင်းဒီနေရာကို လာတာကိုက မင်းသေတွင်း မင်းတူးလိုက်တာပဲ"

"ကောင်းပြီလေ ဒါဆိုလည်း မင်းကိုတစ်ကယ့်စွမ်းအား အစစ်အမှန်ကိုပြရသေးတာပေါ့ မင်းအမှားကို မင်း
သိမယ်လို့တော့ထင်တာပဲ"

၀တ်ရုံဖြူက သူ့ ဘယ်လက်ကို မုဒြာ ပုံစံတစ်မျိုးလုပ်လိုက်သည်။ချီလှိုင်းသည် ရုတ်တရက်ရိုက်ခတ်
လာ၏။ယင်း ချီလှိုင်း၏ ရိုက်ခတ်မှုကိုခံရလျှင် လုံချန် နောက်သို့ လွင့်သွားလေသည်။၀တ်ရုံဖြူ၏ နဖူး
တွင် သင်္ကေတ တစ်ခုပေါ်လာသည်။ထို သင်္ကေတ ပေါ်လာသည်နှင့် သူ့၏ အရောင်အဝါမှာ ယခင်
ကထက် များစွာ တောက်ပလာခဲ့၏။မည်မျှဆိုသော် အခြားသူများအဖို့ အသက်ရှုရန် ပင်ခက်လာ
သည်။

"ဂိုဏ်းသားတွေဟာ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလည်းဆိုတာ အဲ့တာကိုပြောတာပဲ"

လုံရှင်းရှောင်း တီးတိုရေရွတ်မိသည်။

"ရှင်းရှောင် ချန်လေး အနိုင်ရပါ့မလား" လုံအမျိုးသမီး လွန်စွာစိုးရိမ်နေသည်။သူမက လုံရှင်းရှောင်၏
လက်တစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်းထား၏။သူ့ခင်ပွန်းထံမှ ပြန်ပြောမည့် စကားကို လုံအမျိုးသမီး
ငံလင့်နေသည်။ဇနီးသည်ကိုကြည့်ရင်း လုံရှင်းရှောင်သည် သူတို့နှစ်ယောက် ငယ်ရွယ်စဉ်ဘ၀ကို ပြန်
အမှတ်ရမိလေသည်။ထိုနောက် သူသည် နူးညံ့သည့်လေသံဖြင့်ပြောသည်။

"မစိုးရိမ်ပါနဲ့ကွာ တို့မိသားစုတစ်တွေ နောက်ဘယ်တော့မှ မခွဲခွာရတော့ပါဘူး"

ထိုစကားကြားမှ လုံအမျိုးသမီးသည် များစွာစိတ်သက်သာရာရမိလေသည်။သို့သော် စိုးရိမ်စိတ်များ
ကြောင့် လုံရှင်းရှောင်ဆိုလိုသည့် အဓိပ္ပါယ်ကို သူမ ကောင်းကောင်းသဘော မပေါက်ခဲ့ပါပေ။
၀တ်ရုံဖြူ၏ ပြင်းထန်သော အရောင်အဝါများကြောင့် လုံချန် အသက်ရှုရန် ခက်လာသည်။ဒါဟာ ဂိုဏ်
သားတစ်ယောက်၏ အစွမ်းအစပေလား။၎င်းတို့၏ သိုင်းပညာသည် သူတို့လေ့ကျင့်သော သိုင်းပညာ
နှင့် ကွဲပြားလှသည်။၀တ်ရုံဖြူနှင့် ယှဉ်လျှင် ယင်အမတ်၊ဝူအမတ် နှင့် ရှယိုယုတို့မှာ ဘာမှမဟုတ်ပေ။

လူကြီးရှေ့ ရောက်သော ကလေးတစ်ယောက်ပမာသာရှိမည်။စတုထ္ထမင်းသားက ၀တ်ရုံဖြူ၏ အရောင်
အဝါများကို တုန်လှုပ်စွာဖြင့်ကြည့်သည်။သူ့ဘေးပတ်လည်မှ လေများပင် လှိုင်းများ တစ်ဖြတ်ဖြတ်ထ
လျှက် ရှိသည်။ယင်အမတ်ကြီးကို ၀တ်ရုံဖြူသည် သိပ်မဆိုးဟု ချီးမွမ်းခဲ့သည်ကို စတုထ္ထမင်းသား ပြန်
အမှတ်ရ၏။ယခုသူ့သိုင်းပညာကို ကြည့်လျှင် ၀တ်ရုံဖြူသည် ယင်အမတ်ကြီးကို အလွန်အကျွံ ချီးမွမ်း
ခဲ့ခြင်းပင် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။၎င်းတို့နှစ်ယောက်ကြား သိုင်းပညာကား မိုးနှင့်မြေကဲ့သို့ပင်။

၀တ်ရုံဖြူ၏ ကိုယ်ရောင်ကိုယ်ဝါ များမှာ နောက်ဆုံးတွင် တည်ငြိမ်သွားသည်။တစ်နည်းအားဖြင့် အမြင့်
ဆုံးအဆင့်ထိရောက်သွားဟန်ရှိသည်။

"ဒီတိုက်ခိုက်မှုကို ရင်ဆိုင်ဖို့အတွက် မင်းပြင်ဆင်ထားပြီးပြီလား"

၀တ်ရုံဖြူက အသာအယာပြုံးကာ ဓားဖြင့် တစ်ချက်ယမ်းလိုက်၏။အားသိပ်မပါဟု ထင်ရသည့် ယင်း ဓား
ချက် သည် လေဟာနယ်ကို ဖြတ်လာလျှင် ကောင်းကင်ကွဲမတတ်ထင်ရလောက်သည့် တစ်ဂျိမ်းဂျိမ်း မြည်
သံကြီးထွက်လာ၏။

"လေခွင်းဓား" ၀တ်ရုံဖြူကို လုံချန် လျှော့မတွက်ထား။သူက ဖုန်ဖူကြယ်ကို အရှိန်အမြင့်ဆုံအထိတင်၍
ဓားဖြင့်ပြန်ကာသည်။

၀ုန်း.....

သူ့လက်နှစ်သည် ပြင်းပြင်းထန်ထန် လှုပ်ခါသွားသကဲ့သို့ လုံချန်လည်း နောက်သို့ လွင့်သွားလေ၏။လက်
နှစ်ဖက်က အနည်းငယ် ပေါက်ပြဲသွားပြီး ဒဏ်ရာမှ သွေးများစီးကျလာသည်။

"မဆိုးဘူး...ဒီတစ်ချက်ကိုကော ခံနိုင်လား ကြည့်ရအောင်"

၀တ်ရုံဖြူသည် ဓားကို နောက်တစ်ကြိမ် လွန်စွာမြန်ဆန်သည့် နှုန်းဖြင့်ယမ်းလိုက်၏။ချီအလင်းတန်း
များမှာ ကောင်းကင်ထက်သို့ မိုင်ပေါင်းများစွာတိုင်အောင် တက်သွားပြီး အောက်သို့ပြန်ကျလာခဲ့သည်။
ဤတစ်ကြိမ်တိုက်ခိုက်မှုသည် ယခင်အကြိမ်ကထက်များစွာ ပို၍ ပြင်းထန်လေသည်။ပတ်၀န်းကျင်၌
လေပင် ကတော့ထိုး၍ လည်လာ၏။

၀ုန်း....

လုံချန် နောက်တစ်ကြိမ်လွင့်သွားပြန်သည်။ထို့နောက် သူသည် ပါးစပ်နှင့် အပြည့်သွေးများကို ဝေါ့ကနဲ
ထိုးအန်၏။ဤတိုက်ခိုက်မှုကြောင့် သူ့၏ အတွင်းကလီစာများ လှုပ်ယမ်းသွားရသည်။ယင်းဓားချက်ကား
သိုင်းပညာ တစ်မျိုးမျိုးကို အသုံးပြုထားမှန်း သိသာ၏။တစ်ချိန်တည်းတွင် သူ့၏ ဓားရှည်ကြီးသည် လက်
မအရွယ်ခန့်ပဲ့ထွက်သွားသည်ကို လုံချန်သတိပြုမိသည်။

၀တ်ရုံဖြူ၏ ဓားမှာမူ နည်းနည်းမှ ပျက်ဆီးခြင်းမရှိချေ။ယင်းဓားရှည်ကြီးကို သာမာန်မဟုတ်သည့်
အကောင်းစား သထ္ထု တစ်မျိုးမျိုးဖြင့်ပြုလုပ်ထားပုံရသည်။အံ့သြနေသည့် လုံချန်ကို ကြည့်၍ ၀တ်ရုံဖြူ
ပြုံးသည်။

"အခုတော့ မင်း သဘောပေါက်လောက်ပြီထင်တယ် ငါတို့နှစ်ယောက်ကြား အဆင့်ဘယ်လောက်ကွာ
လည်းဆိုတာ မင်း မျက်မြင်ပဲမဟုတ်လား ဒါ့ကြောင့် ငါပြောတာ မင်းခုခံလည်း အချည်းနှီးပဲ မခုခံနဲ့တော့"

၀တ်ရုံဖြူသည် ဓားရှည်ကြီးကို ကောင်းကင်ထက်သို့မြှောက်လိုက်သည်။ကောင်းနှင့်၊မြေကြီး တစ်သိမ့်
သိမ့်တုန်၍ ချီအလင်းတန်းသည် ရှီးကနဲ မြည်သံဖြင့် ဓားမှတက်လာသည်။ထိုအဖြစ်ကို အတော်ခပ်
လှမ်းလှမ်းမှ လူများပင် မြင်တွေ့ရလေသည်။များစွာကြောက်မက်ဖွယ်ကောင်းလှပါ၏။

အံ့အားသင့်လျှက်ရှိသည့် အကြည့်များအောက်၌ ဓားရှည်ကြီးသည် ကောင်းကင်ထက်တွင် တစ်ပတ်
လည်သွား၏။ယင်းမှ ထွက်လာသည့် အလင်းတန်းများကား အာကာတစ်ခွင်၀ယ် ဖုံးလွှမ်းလျှက်ရှိရာ
မှ အကြင်နာမဲ့စွာဖြင် လုံချန်ကို ပစ်ချလေတော့သည်။

"မလုပ်နဲ့" ချူယောင် ၏ ၀မ်းပမ်းတနည်း အော်ဟစ်သံလေးထွက်လာသည်။သူမ သူ့စီကို ပြေးသွားချင်
သည်။သို့သော် ဝေကွာလွန်းလှ၏။လုံချန်နှင့်အတူ သေချင်လျှင်တောင် မဖြစ်နိုင်တော့။ဤမြင်ကွင်းကို
သူမ မမြင်ချင်။မျက်၀န်းများကို တင်းကျပ်စွာပိတ်ထားလိုက်တော့သည်။

အုန်း......

ထိုနေရာတစ်ဝိုက်ကို ချီလှိုင်းကြီး ဖုံးလွှမ်းသွားသည်ဟုထင်ရသည်။ကောင်းကင် ထက်၌ မီးခိုးများ ၊ ဖုန်း
များဖြင့် ဒင်းကြမ်း ပြည့်လျှက်ရှိ၏။ကြောက်မက်ဖွယ်ရာ ဓားချီအလင်းတန်းကြီး ဖြတ်သွားရာတစ်လျှောက်
တွင် နက်လှစွာသော စွပ်ကြောင်းကြီးတစ်ခုဖြစ်ကျန်ရစ်ခဲ့လေသည်။လူအများမှာ ထိုမြင်ကွင်းကို ပါး
စပ်အဟောင်းသားဖြင့် ကြည့်ရင်းကြက်သေသေ နေကြသည်။ဤကဲ့သို့ မြင်ကွင်းမျိုး သူတို့ တစ်ခါမှ မ
မြင်ဖူးကြပေ။အလွန်ကြောက်စရာ ကောင်းလှသည်။

သို့သော်ဖုန်များရှင်း၍ မြင်ကွင်းပြန်လည် ကြည်လင်လာသည့်အခါတွင် သူတို့မျက်လုံးကိုပင် သူတို့မယုံ
နိုင်အောင်ဖြစ်ကုန်ကြသည်။မှန်သည်။လူတစ်ယောက်ကို သူတို့တွေ့သည်။ထိုလူသည် ဒဏ်ရာဗလပွ
နှင့် ဖြစ်နေသည့်တိုင် တည်တည်ငြိမ်ငြိမ်ရပ်လျှက်ရှိသည်။

"အိုး..." ၀တ်ရုံဖြူက အစောပိုင်းတိုက်ခိုက်မှုတွင် လုံချန် ဇာတ်သိမ်းပြီဟုထင်ထား၏။ဓားကိုပင် ဓားအိမ်
ထဲသို့ ပြန်ထည့်ရန် လုပ်နေပြီဖြစ်သည်။ဖုန်များ၊သဲများ ထဲ၌ လူတစ်ယောက် ဓားရှည်ကြီးတစ်ချောင်း
နှင့် ရှေ့သို့ ဆက်လျှောက်နေသည်။သူ့နောက်ကျောတွင်းကား အလင်းစက်၀န်းတစ်ခုပေါ်နေ၏။ထိုလူသည်
ရှေ့သို့ ခြေတစ်လှမ်း လှမ်းသည်နှင့် ကျောမှ အလင်းစက်၀န်းကလည်း လိုက်ပါကြီးထွားလာရာ မီတာ
သုံးရာထိတိုင်အောင်ရှိလာသည်။

တစ်ချိန်တည်း၌ ထိုလူ၏ ခန္ဓာကိုယ်မှလည်း လွန်စွာကြောက်မက်ဖွယ်ကောင်းသည့် အရောင် အဝါ တစ်
မျိုးသည် ပြင်းစွာ ထွက်လျှက်ရှိ၏။သူ့၏ ၀တ်ရုံသည် လေတွင် တစ်လူလူလွင့်နေသကဲ့သို့ ပိတုန်းရောင်
ဆံနွယ်ရှည်ကြီးကလည်း ကျောနောက်တွင် လေနှင့်အတူ လိုက်ပါကခုန်လျှက်ရှိ၏။အာကာလ ညမိုက်၌
တစ်လက်လက်တောက်ပလျှက်ရှိသည့် ကြယ်များကဲ့သို့ သူ့မျက်၀န်းအစုံသည်လည်း အေးစက်လျှက်
ပင်ရှိပါ၏။

"ဒီ မလောက်လေး မလောက်စား ကောင်လေးရဲ့ တိုက်ခိုက်မှုကို ခံကြည့်ပါဦး" လုံချန် ရုတ်တရက်
အော်လိုက်သည်။၀တ်ရုံဖြူ များစွာထိတ်လန့်သွားသည်။လုံချန်၏ အရောင်အဝါများ လုံး၀ ပြောင်း
လည်းသွားသည် ကို သူသတိထားမိသည်။ယင်းသည် စွမ်းအင်များဖြင့် ပြည့်နှက်နေသည် ပင်လယ်
ကြီးတစ်ခုနှင့်တူသည်။ယင်း၏ စွမ်းအားများသည် စိတ်ကူးမယဉ်နိုင်သည်ထိ အံ့အားသင့်စရာ ကောင်း
နေသည်။

လုံချန်၏ ခြေတစ်လှမ်းခြင်းစီတိုင်းတွင် မြေကြီးသည် တသိမ့်သိမ့် တုန်လျှက်ရှိရာ မှော်သားရဲကောင်
ကြီးတစ်ကောင် နင်းဖြတ်လာသကဲ့သို့ ရှိလေသည်။၀တ်ရုံဖြူက မထီမဲ့မြင်ဟန်ဖြင့် ဓားနှင့် ပိုင်းချ
လိုက်၏။

"ဒီမလောက်လေးမလောက်စားကောင်ကတော့.....ဘယ်လို...."

၀ုန်း....

လုံချန်၏ တိုက်ခိုက်မှုသည် မည်သည့်သိုင်းပညာကိုမှ မသုံးပဲ ရိုးရိုးသာ တိုက်ခိုက်ခြင်းဖြစ်သည်။သို့ရာတွင်
၀တ်ရုံဖြူ၏ ဓားသည် လုံချန်၏ ဓားရှည်ကြီးဖြင့် ထိမိသည့်အခိုက်တွင် စွမ်းအားတစ်ရပ်က မီးတောင်
တစ်လုံး ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲလေသည်။မမြင်ရသည့် စွမ်းအားသည် သူ့အား ဖြတ်ရိုက်လိုက်
သကဲ့သို့ ခံစားရကာ ၀တ်ရုံဖြူမှာ နောက်သို့ ဝုန်းကနဲလွင့်သွား၏။ထို့ပြင် ယင်းစွမ်းအားမှာ မသေးလှ
သည်ဖြစ်ရာ သူ့၏ သွေးနှင့် ချီဓာတ်များ ကပြောင်းကပြန် ဖြစ်ကုန်သည်။

၀တ်ရုံဖြူအတွက် လူတစ်ယောက်ကို အံ့အားသင့်မိခြင်းသည် ဤအကြိမ်က ပထမဆုံးအကြိမ်ဖြစ်သည်။
လုံချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားသည် သိုင်းပညာမဟုတ်ပဲ ၎င်း၏ ခန္ဓာကိုယ်မှ
လာသည်ကို ၀တ်ရုံဖြူသိ၏။၀တ်ရုံဖြူ သူ့ကိုယ်သူ ပြန်ထိန်းနိုင်သည်နှင့် လုံချန်ထံမှ ကြုံးဝါးသံ ကြား
ရပြန်သည်။

"လေခွင်းဓား"

သူသတိ၀င်လျှင် လုံချန်က သူ့ကိုတိုက်ခိုက်နေပြီဖြစ်သည်။များစွာ သူ ကြောက်လန့်မိသွားသည်။
လုံချန်၏ တိုက်ခိုက်မှုသည် သိပ်လျှင်မြန်လွန်းသည်။

၀ုန်း....

အန္တာရာယ်အလွန်ကြီးသည့်အနေအထားသို့ရောက်နေပြီဖြစ်ရာ ၀တ်ရုံဖြူက သူ့ဓားဖြင့် ကပျာကယာပြန်
ကာရသည်။၀တ်ရုံဖြူ သည် နောက်တစ်ကြိမ် ထပ်လွင့်သွားပြန်၏။သို့သော် သူ့ကိုယ်သူ ပြန်ထိန်းနိုင်သည့်
အချိန်တွင် လူများ၏ တစ်အံ့တစ်သြ အော်ဟစ်သံများထွက်လာလေသည်။

ချစ်ခြင်းများစွာဖြင့်

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၀၇)မိုးကောင်းကင်အား အံတုခြင်း သိုင်းကွက် ပြန်လည်ပေါ်ပေါက်လာခြင်း

၀တ်ရုံဖြူသည် လုံချန်၏ တိုက်ခိုက်မှုကိုရှောင်တိမ်းလိုက်နိုင်သော်လည်း ကြောက်မက်ဖွယ်ရာလေလှိုင်း
ကြီး၏ ရိုက်ခတ်မှုကြောင့် စည်းနှောင်ထားသော ဆံပင်များပြတ်ထွက်ကုန်၏။သူ့၏ နဖူးမှ သွေးစီးကြောင်း
တစ်ခုစီးလာသည်။၀တ်ရုံဖြူ ဒဏ်ရာရသွားချေပြီ။

"သောက်ကြွား မင်းပြောသလိုလည်း ဖြစ်မလာပါလား မလောက်လေးမလောက်စား ကောင်လေးတစ်
ယောက်ရဲ့တိုက်ခိုက်မှုကိုတောင် မခံနိုင်ပါလား" လုံချန်က ဓားဖြင့်ညွှန်ပြရင်း ၀တ်ရုံဖြူကို အေးစက်စွာ
ပြောသည်။

အလင်းစက်ကွင်း နှိုးလိုက်ပြီးသည့်နောက်တွင် သူ့၏ ခွန်အားသည် ယခင်ကထက် အဆပေါင်းများစွာ
တိုးတက်သွားခဲ့၏။တစ်ချိန်တည်းတွင် ပတ်၀န်းကျင်မှ ချီစွမ်းအင်များကိုအငမ်းမရစုပ်ယူလေရာ ကုန်
ဆုံးသွားသည့်စွမ်းအင်များက 80 ရာခိုင်နှုန်းထိ ပြန်ပြည့်လာခဲ့လေသည်။

သို့သော် ပတ်၀န်းကျင်တွင် ချီဓာတ်သည် အားသိပ်မကောင်းသည်ဖြစ်ရာ 100 ရာခိုင်နှုန်းထိရောက်
အောင်စုပ်ယူနိုင်ခြင်းမရှိပေ။ထိုသို့ဖြစ်သည့်တိုင်အောင် လုံချန်က အားရကျေနပ်မိသည်။အလင်းစက်
ကွင်းအကြောင်းကို သူ သိပ်နားမလည်။သို့သော် ထိုစက်ကွင်းကို အသက်သွင်းလျှင် သူ့၏ခွန်အားမှာ
မူလ ထက်အဆပေါင်းများစွာတိုးတက်သွားသည်ကိုတော့ သိသည်။

ပုံမှန်အခြေအနေဆိုလျှင် အလင်းစက်ကွင်းကို လုံချန် အသက်သွင်းလိမ့်မည်မဟုတ်ချေ။ဤကဲ့သို့ သေ
ရေး ရှင်ရေးအခြေအနေကြုံရမှသာ သူက အသက်သွင်းခြင်းဖြစ်၏။သူ့နောက်ကျောမှ အလင်းစက်
ကွင်းသည် သက်တန့် တစ်စင်းကဲ့သို့ ကောင်းကင်သို့ ဘီကုပ်စက်ဝိုင်း ပုံစံဖြင့် ထိုးတက်နေသည်။
၀တ်ရုံဖြူ မည်မျှအစွမ်းထက်သည်ကို လူတိုင်းမြင်ဖူးထားကြပြီ။လုံရှင်းရှောင်ကဲ့သို့ သိုင်းသမားတစ်ယောက်
ကိုပင် တစ်ချက်တည်းဖြင့် လွင့်သွားအောင်တိုက်ခိုက်နိုင်သူဖြစ်လေသည်။

သို့သော် ယခုတော့ လုံချန်၏တိုက်ခိုက်မှုကြောင့် ၀တ်ရုံဖြူမှာ နောက်သို့လွင့်သွားကာ နဖူးတွင် ဒဏ်ရာ
ပင်ရသွားချေပြီ။အခြေအနေကား များစွာ အံ့အားသင့်စရာကောင်းနေသည်။

"အကိုလုံက အရမ်းအစွမ်းထက်တာပဲ" ဖက်တီးယု က တံတွေးကို ဂလုကနဲမြိုပြီးပြော၏။ခန္ဓာကိုယ်ပေါ်
ကဒဏ်ရာ ဒဏ်ချက်များကို သူ ခဏ မေ့သွားသည်။လုံရှင်းရှောင်လည်း သူ့သား ကို အံ့သြဟန်ဖြင့်ကြည့်
သည်။လုံချန်၏ လက်ရှိခွန်အားသည် ၀တ်ရုံဖြူထက် ဘယ်လိုမှ မနိမ့်ချေ။

"ဘာတွေဖြစ်ကုန်တာလည်း .. ဒါ...ဒါ...ဘာသိုင်းပညာလည်း" ၀တ်ရုံဖြူသည် ၎င်း၏ ဒဏ်ရာကိုပင်
မေ့သွားဟန်ရှိပြီး ကြက်သေသေနေသည်။လုံချန်၏ ခန္ဓာကိုယ်မှ များစွာကြောက်မက်ဖွယ်ကောင်း
သော အရောင်အဝါ တစ်မျိုးလာနေသည်ကို သူခံစားမိနေသည်လေ။ဤအချက်သည် မည်သို့မှ မဖြစ်နိုင်။
သိုင်းလောက၏ အပြင်ဘက် ဤသို့သော ဇနပုဒ် ဒေသတွင် မည်သို့လျှင် ပါရမီရှင်တစ်ဦးရှိနေနိုင်
မည်နည်း။

သွေးနှောအဆင့်သာ ရှိသေးသည့် သာမာန်သိုင်းသမားလေးတစ်ယောက်သည် ဤမျှ ကြောက်မက်
ဖွယ်ကောင်းလွန်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားသည် ဆိုသည်အချက်သည် ၀တ်ရုံဖြူအဖို့ လုံး၀
လက်မခံနိုင်စရာဖြစ်နေသည်။

"ဘယ်လို ... မလောက်လေး မလောက်စား ကောင်ရဲ့ သိုင်းပညာကို မင်းက စိတ်၀င်စားတယ်ပေါ့"

လုံချန်က အေးစက်စက်လေသံဖြင့်ရယ်သည်။၀တ်ရုံဖြူက မထီမဲ့မြင်ဟန်ဖြင့်....

"ရေတွင်းထဲက ဖားသူငယ်လေး မင်းဟာမင်း လျှိ့ဝှက်သိုင်းပညာတစ်ရပ် ရှိပါစေဦးတော့ ဘာဖြစ်လည်း
ဒီ သိုင်းပညာကို မင်း ဘယ်လောက်ကြာကြာ သုံးနိုင်မှာလည်း ကံကြမ္မာလက်ကနေ မင်း ပြေးမလွတ်နိုင်
ပါဘူး သေပေတော့"

၀တ်ရုံဖြူ၏ ဓားသည် တစ်ဆတ်ဆတ်တုန်ခါလာပြီး ထောင်ပေါင်များစွာသော ဓားပုံရိပ်များထွက်လာကာ
လုံချန်ကို ပိုင်းချလိုက်လေသည်။လုံချန်က သူ့ဓားကို မြှောက်ပြီး ပိုင်းချလာသည့် ၀တ်ရုံဖြူ၏ ဓားအား
ထန်ကနဲ ခံပေးလိုက်သည်။အလွန်ကျယ်လောင်သည့် ပေါက်ကွဲသံကြီးကြောင့် ကမ္ဘာမြေကြီးသည်
တစ်သိမ့်သိမ့်တုန်လာ၏။ကျောက်တုံး အစအန များ လွင့်ထွက်ကုန်ရာ အချို့ကျောက်တုံးများသည်
အတော်ဝေးဝေးသို့တိုင်အောင် ရောက်သွားကြလေသည်။

ကံဆိုးသူ တစ်ယောက်မှာမူ လွင့်ထွက်လာသော တစ်ခုသော ကျောက်တုံးစသည် သူ့ကိုလာမှန်လေ
ူသည်။သို့ရာတွင် ကျောက်တုံးသည် သူ့၏ ပေါင်ကိုဖောက်ထွင်း၍ အရှိန်မသေသေးပဲ နောက်သို့
ထပ်လွင့်သွာပြန်၏။လူအများမှာ နောက်သို့ကမန်းကတန်း ဆုတ်ကြရ၏။မည်သူမှ နောက်ထပ် ကံ
ဆိုးသူ မောင်ရှင် မဖြစ်လိုကြပေ။

သူတို့နှစ်ယောက် တိုက်ခိုက်နေကြသည့် တိုက်ပွဲမြေပြင်မှ မိုင်အတော်ဝေးဝေးတွင် ဆရာကြီးယွမ်ချီ
နှင့် ဝေချိုင်တို့တိုက်ခိုက်နေကြ၏။မီးတောက်များက တစ်လိပ်လိပ်ဖြင့် ကောင်းကင်သို့တက်နေကြသည်။
ဆေးဆရာများသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း လူထုအဖို့ ယခုအချိန်မှ မျက်မြင်ကိုယ်
တွေ့မြင်ဖူးကြခြင်းဖြစ်လေသည်။ဤမျှ အချိန်ကြာအောင်တိုက်ခိုက်နေလင့်ကစား ၎င်းတို့၏ မီးတောက်
များသည် ယုတ်လျှော့ ကျဆင်းသွားသည်ဟူ၍ မရှိပေ။

မည်သို့ဆိုစေ ဆေးဆရာများသည် ဆေးဖော်သည့်အချိန်တွင် မီးတောက်များကို အချိန်ကြာမြင့်စွာ
အသုံးပြုကြရသည်။တစ်ခါတစ်ရံတွင် ရက်ချီပြီးတောင် ကြာလေသည်။ထို့ကြောင့် ဆေးမီးတောက်
သည် ဆေးဆရာများအတွက် အရေးကြီးသော အခြေခံ အုတ်မြစ်တစ်ခု ဖြစ်ပြီးလျှင် တိုက်ခိုက်သည့်
နေရာတွင်လည်း အလွန်ကြာလေ၏။

အခြားတစ်ဖက်တွင် လုံချန်နှင့် ၀တ်ရုံဖြူ တို့၏ တိုက်ပွဲက တစ်ဖြည်းဖြည်း ပို၍ ကြောက်စရာကောင်း
လာ၏။ချီလှိုင်းများက တစ်ချိန်လုံးလိုလို အရပ်လေးမျက်နှာသို့ ရိုက်ခတ်လျှက်ရှိသည်။

"လုံချန် က တော်တော်အစွမ်းထက်တာပဲ"

တစ်ချို့ လူများမှာ အံ့သြမှုကို မမြိုသိပ်နိုင်ကြတော့ပဲ ပါးစပ်မှပင် ထုတ်ပြောရလေသည်။အမှိုက်ဟု သူ
တို့ သတ်မှတ်ထားသည့် ကောင်လေးသည် ယခုဆိုလျှင် ကျင်ကျီသိုင်းသမားများကို တစ်ယောက်ပြီး
တစ်ယောက် အနိုင်ယူလာသည်မှာ အဆိုပါကျင်ကျီ သိုင်းသမား များထဲမှ တစ်ယောက်ဆိုလျှင် တိုင်း
ပြည် တစ်ပြည်၏ မင်းတစ်ပါးပင် ဖြစ်နေပါ၏။ထို့ပြင် အလွန်အစွမ်းထက်သည့် ၀တ်ရုံဖြူကိုပင် လက်
ရည်တူ တိုက်ခိုက်နိုင်နေသည်။

လုံချန်အား လေးစား အားကျ ကြသည့် လူငယ်လေး အချို့မှာမူ စိတ်ဓာတ်တက်ကြွ မှုကြောင့် လက်သီး
ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။

အုန်း....

နောက်ထပ်တစ်ကြိမ် တိုက်ခိုက်မှုအပြီး၌ နှစ်ယောက်စလုံးနောက်သို့ မီတာသုံးဆယ်ခန့် ဆုတ်လိုက်ကြ
၏။၎င်းတို့နှစ်ယောက် တိုက်ခိုက်ကြသည့် ကြား၌ ရှိသော မြေပြင်သည် မှုန့်မှုန့်ညက်ညက် ကြေနေ
သည်။အက်ကြောင်း ကြီးများသည် မြေပြင် အနှံ့ မမြင်ချင်မှ အဆုံးဖြစ်နေ၏။

"မလောက်လေး မလောက်စား ကောင်လေးရဲ့ အစွမ်းက ဘယ်လိုလည်း" လုံချန်ကလှောင်၏။

သူတို့နှစ်ယောက် တိုက်ခိုက်နေသည်မှာ သိုင်းကွက်တစ်ထောင်ခန့်ရှိပြီဖြစ်သည်။သူ့စွမ်းအင်သည်
တစ်ဖြည်းဖြည်း ကျဆင်းလာပြီဖြစ်မှန်းလုံချန် ကောင်းကောင်းသိနေပါသည်။အလင်းစက်ကွင်း၏
အစွမ်းဖြင့်ပင် စွမ်းအင်သည် မလုံလောက်တော့ပေ။ဤသို့ဖြစ်ရခြင်း က သူ့၏ အလင်းစက်ကွင်း
သည် အစွမ်းမထက်ခြင်းကြောင့်မဟုတ်ပဲ ပတ်၀န်းကျင်၌ ရှိသော ချီဓာတ်မှာလွန်စွာ ပါးလျှား သွားလေ
ရာ လုံလောက်အောင် မစုပ်ယူနိုင်တော့ခြင်းကြောင့်သာဖြစ်လေသည်။ပြီးလျှင် လုံချန်၏ စွမ်းအင်ပြန်
ပြည့်နှုန်းသည်လည်း အကန့်အသတ်ဖြင့်ရှိနေ၏။

"ခွေးကောင်"  ယခုအခါတွင် ၀တ်ရုံဖြူ၏ တည်တည်ငြိမ်ငြိမ် ပုံစံမှာ ပျောက်ဆုံးသွားပြီဖြစ်သည်။သူ့၏
အဆိုးရွားဆုံး အိမ်မက်တွင်ပင် ဤလောက၌ လုံချန်ကဲ့သို့ အစွမ်းထက်သူ တစ်ယောက်ရှိနေလိမ့်မည်
ဟူ၍ မမက်ဖူးခဲ့ပေ။ဤအချက်ကား သူ့အား သိပ်ကို ဒေါသထွက်စေသည်။တစ်နည်းအားဖြင့်  မနာလို
ခြင်းကြောင့်ဖြစ်သည့် ဒေါသဖြစ်လေသည်။

၀တ်ရုံဖြူ၏ နဖူးမှ အလင်းတန်းတစ်ခုထွက်လာကာ ဓားအပေါ်သို့ ကျရောက်လျှင် သူ့၏ ဓားသည်
တစ်လက်လက်ဖြင့်တောက်ပလာသည်။ဓားရှည်ကြီးသည် အသက်၀င်လာဘိသကဲ့သို့ရှိကာ တစ်
ချွင်ချွင်မြည်သံပေးလျှက် အလင်းတန်းများ တစ်ဖြတ်ဖြတ် ပြေးနေလေသည်။ထို့နောက် ထိုဓားမှအလင်း
တန်းသည် လုံချန်ထံသို့ ရှီး ကနဲ ပြေး၀င်လာလေ၏။

"အလင်းဓား" အလင်းတန်းသည် လျှက်ပြက်သကဲ့သို့ လုံချန်ထံ ရောက်လာ၏။မျက်စိတစ်မှိတ်ခန့်သာ
ကြာပေမည်။လုံချန်သတိထားမိသည့်အချိန်တွင် အလင်းတန်းသည် သူ့ခန္ဓာကိုယ်ပေါ်သို့ ရောက်နေ
ချေပြီ။သူ အတော်ကြောက်သွားမိ၏။လွန်စွာမြန်ဆန်သည့် တိုက်ခိုက်မှုမျိုးဖြင့် ယခုတစ်ကြိမ်သာသူကြုံ
ဖူးသေးသည်။

၀ုန်း.....

လူအများ၏ ကြောက်လန့်တစ်ကြား အော်သံများထွက်လာသည်။အဖြစ်အပျက်သည် သိပ်ကိုမြန်ဆန်
လွန်းလှသည်။၀တ်ရုံဖြူ တိုက်ခိုက်ပြီဟု လူများသိသည့်အချိန်တွင် ၀တ်ရုံဖြူက တိုက်ခိုက်ပြီးသားဖြစ်
နေပြီဖြစ်သည်။ဓားအလင်းတန်းက လုံချန် တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ထိုသိုင်းကွက်ဖြင့် တိုက်
ခိုက်အပြီးတွင် ၀တ်ရုံဖြူ မျက်နှာသည် ဖြူဖျော့သွား၏။ယင်းတိုက်ကွက်သည် သူ့၏ နောက်ဆုံးတိုက်
ကွက်လည်းဖြစ်သည်။

ယင်းမှာလွန်စွာ မြန်ဆန်လှသောကြောင့် တစ်ဖက်ရန်သူအဖို့ မိမိကိုယ်ကို ကာကွယ်ရန်အချိန်ပင်မရှိ
ချေ။သူသည် ဤတိုက်ကွက်ဖြင့်ပင် ဂိုဏ်းမှ ဂိုဏ်းသားအချို့ကို အနိုင်ယူခဲ့ဖူးသည်။သို့သော် ဤတိုက်
ကွက်ဖြင့် တိုက်ခိုက်ရာ၌ စွမ်းအင်ကုန်ဆုံးမှုသည် လွန်စွာများ၏။သူ့လို လူပင် မခံနိုင်လောက်သည့်
ပမာဏဖြစ်သည်။သို့သော် လုံချန်ကို သတ်နိုင်လျှင် တန်သည် ဟု သူက ယူဆသည်။လုံချန် ရပ်နေ
သည့် နေရာတွင် ဧရာမ အက်ကွဲကြောင်းကြီး တစ်ခုဖြစ်ကျန်ရစ်သည်။

၀တ်ရုံဖြူ စိတ်အေးလက်အေး ဖြစ်သွားစဉ်မှာပင် ရုတ်တရက် မျက်လုံးပြန်ပြူးသွား၏။မြေကြီးများဖွာက
နဲဖြစ်ကာ မြေကြီးထဲမှ လူတစ်ယောက်ပျံ တက်လာသည်။

"လုံချန်"

လုံချန် တစ်ကိုယ်လုံး ဖုန်များ၊အမှိုက်များဖြင့် ပေရေနေ၏။သူ့ရင်ဘတ်တွင် ဧရာမ သွေးကွက်ကြီးတစ်
ကွက်ရှိနေသည်။သူ့ပုံစံက အတော်လေးဆိုးဆိုးရွားရွားဖြစ်နေသည့်တိုင်အောင် သေတော့မသေသေးပေ။

"ဒါ..ဘယ်လိုဖြစ်နိုင်မှာလည်း" ၀တ်ရုံဖြူက လုံချန်ကို မယုံနိုင်ဟန်ဖြင့်ကြည့်သည်။လုံချန်သည် သူ့၏
အပြင်းထန်ဆုံးတိုက်ကွက် ကို တောင့်ခံနိုင်သည်ဆိုခြင်းကို သူက လက်မခံနိုင်ပေ။လုံချန်က ဖုန်များ၊သဲ
များကို လက်ဖြင့် ပုတ်၍ ခါသည်။စိတ်ထဲ၌ သူ ကြောက်နေမိ၏။၀တ်ရုံဖြူ၏ တိုက်ခိုက်မှုသည် များစွာကြောက်
မက်ဖွယ်ကောင်းသည်။၀တ်ရုံဖြူ၏ တိုက်ခိုက်မှုကို သူက ဓားဖြင့်ကာထားသကဲ့သို့ သူ့၏ ခန္ဓာကိုယ်ကိုလည်း
ချီစွမ်းအင်ဖြင့်သာ မကားထားလိုက်နိုင်ပါမူ သူသည် တစ်ခါတည်းသေသွားပြီဖြစ်လေသည်။

သူ့၏ စူးရှလှသည့် စိတ္တစွမ်းအင်သည် သူ့အသက်ကို နောက်တစ်ကြိမ်ထပ်မံ ကယ်တင်ပြန်လေပြီ။သို့
သော် ယင်းသို့ ကာထားလိုက်နိုင်သည့်တိုင် အင်အားသည် မသေးလှသည်ဖြစ်ရာ လုံချန်သည် သွေးများ
သုံးကြိမ်ခန့် တစ်ဝေါ့ဝေါ့ ထိုးအန်လေသည်။

လုံချန် အသက်ပြင်းပြင်းရှုသည်။ထို့နောက်သူသည် ဓားကို ကောင်ကင်ထက်သို့မြှောက်၏။လုံချန် ဤသို့
ပြုလုပ်နေချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသည်ဟုထင်ရသည်။ပတ်၀န်းကျင်သည် အပ်ကျသံ
ပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။သူကိုင်ထားသည့် ဓားရှည်ကြီးထက်၌ ထူးဆန်းသော
မျဉ်းကြောင်းများပေါ်လာ၏။ရုတ်ချည်းဆိုသလိုပင် တော်လည်း သံကြီးမြည်ဟည်း၍ လေဟာနယ်
သည် လှိုင်းများ တစ်ဖြတ်ဖြတ်ထလာသည်။

အဆုံးအစမဲ့ဟု ထင်ရသည့် ချီဓာတ်များသည် ကောင်းကင်ထက် တိမ်များထိ ရောက်အောင် တစ်ရွှီးရွှီး
မြည်သံပေး၍ တက်သွားလေသည်။၀တ်ရုံဖြူ မှာ ဟန်မဆောင်နိုင်လောက်အောင်မျက်နှာပျက်သွား၏။
မြင်ကွင်းကိုကြည့်၍ သူသည် ကြောက်မက်ဖွယ်ကောင်းသည့် အရောင်အဝါများကြားတွင် ပိတ်မိသွား
ပြီဟု သဘောပေါက်လေသည်။လုံချန်ဆိုသည်မှာ သွေးနှောအဆင့်သာ ရှိသေးသည့် သိုင်းသမားတစ်
ယောက်ဖြစ်သည်။ကျင်ကျီသိုင်းသမား တစ်ယောက်ကို အရောင်အဝါ သုံး၍ ပိတ်မထား နိုင်တန်ရာ။
သိုင်းပညာ တစ်မျိုးမျိုး ကို အသုံးပြုခြင်းသာဖြစ်ပေမည်။

"မဖြစ်နိုင်ဘူး ဘယ်လိုမှ မဖြစ်နိုင်ဘူး" ၀တ်ရုံဖြူက အလန့်တစ်ကြားဖြင့်အော်သည်။သွေးနှောသိုင်းသမား
တစ်ယောက်အဖို့ ကျင်ကျီ သိုင်းသမားတစ်ယောက်အား ကိုယ်ရောင်၊ကိုယ်ဝါ ကို အသုံးပြု၍ ပိတ်ထား
မည်ဆိုလျှင် အနည်းဆုံး အလယ်အဆင့် သို့ ထိုထက်ပို၍ အဆင့်မြင့်သည့် မြေကမ္ဘာသိုင်းပညာ လို
သည်။

သို့သော် သာမာန်လူသားတို့လောကတွင် ရှိသည့် မြေကမ္ဘာသိုင်းကျမ်းများမှာ ၎င်းတို့ ဂိုဏ်းများ၏ မျက်
အမြင်တွင် အမှိုက်ဟု မြင်ကြသော အညံ့စားများသာဖြစ်၏။ဂိုဏ်းများမှာမူ အကောင်းတကာ့ အကောင်း
ဆုံး မြေကမ္ဘာသိုင်းကျမ်းများ ရှိကြသည်ဖြစ်ရာ ၎င်းတို့၏ သိုင်းပညာအဆင့်သည် သာမာန်ကျင်ကျီသိုင်း
သမားများ နှင့် မိုးနှင့်မြေကဲ့သို့ ကွာခြားနေခြင်းဖြစ်လေသည်။

သို့သော် သူကဲ့သို့ ဂိုဏ်း၀င် တစ်ယောက်ပင်လျှင် အလယ်အဆင့် မြေကမ္ဘာသိုင်းကျမ်းကို သင်ကြားခွင့်
မရချေ။ဘာမှ မဟုတ်သည့် ဤ လောကမှ လူများက မည်သို့လျှင် ထိုသို့အဆင့်မြင့် သိုင်းကျမ်းမျိုး ကို
အသုံးပြုနိုင်မည်နည်း။ဤအရာသည် မဖြစ်နိုင်ဟု ၀တ်ရုံဖြူ သိသော်ငြား ကြောက်မက်ဖွယ်ရာ အရောင်
အဝါက သူ့အား တစ်နေရာထဲတွင် ပိတ်ထားခြင်းကိုကြည့်လျှင် သူထင်သည်မှာ မမှားနိုင်ချေ။သူသည်
ရူးချင်သလိုပင် ဖြစ်လာပါ၏။

၀တ်ရုံဖြူက လုံချန်၏ တိုက်ခိုက်မှုကို ခုခံရန် ချီစွမ်းအင်များကို လှည့်ပတ်ထားလိုက်သည်။လုံချန်သည်
သူ့အား အရောင်အဝါ(သို့)အော်ရာများဖြင့် တစ်နေရာထဲ၌ ချုပ်ထားသည်ဖြစ်ရာ ရှောင်ရန် မဖြစ်နိုင်
တော့ပေ။လိပ်ခွံ ကြီးတစ်ခုသည် ၀တ်ရုံဖြူ၏လက်ထဲတွင် ပေါ်လာသည်။ယင်းလိပ်ခွံမှာ နှင်းကဲ့သို့ စွတ်
စွတ်ဖြူသော အရောင်ရှိကာ ကျောက်စိမ်းတုံး တစ်တုံးနှင့်လည်းတူသည်။လွန်စွာထူးခြားသည့် မျဉ်း
ကြောင်းများက လိပ်ခွံပေါ်၌ ပေါ်နေသည်။

လုံချန်၏ ကိုယ်မှ ကြောက်မက်ဖွယ်ရာ အော်ရာများ ထွက်လာနေသည်ကို သိသည်ဖြစ်ရာ လုံရှင်းရှောင်
ရင်ခုန်သံများ မြန်လာသည်။

"ကြောက်ဖို့ကောင်းလိုက်တဲ့ အော်ရာ ပါလား"

လုံချန်ကိုင်ထားသည့် ဓားသည့် ရုတ်တရက် တစ်ဇီဇီ မြည်သံများထွက်လာသည်။

"မိုးကောင်းကင်ကို အံတုခြင်း"

လုံချန်၏ ဓားသည် မိုးခြိမ်းသံကဲ့သို့ ဂျိမ်းကနဲ မြည်သံကြီးပေး၍ ၀တ်ရုံဖြူထံပြေး၀င်သွား၏။

ချစ်ခြင်းများစွာဖြင့်....

MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၀၈)လက်သီးတစ်ချက်၏နိဂုံး

ဓားရှည်ကြီးသည် တစ်ရွှီရွှီမြည်သံပေး၍ ၀တ်ရုံဖြူထံသို့ ပြေး၀င်သွားလေသည်။ယင်းသို့ ဓားရှည်ဖြင့်ပိုင်း
ချလိုက်ခြင်းသည် သိုင်းပညာ တစ်မျိုးမျိုးအား အသုံးပြု၍ တိုက်ခိုက်သည်နှင့်မတူပဲ တာအို တန်းခိုးဖြင့်
တိုက်ခိုက်သကဲ့သို့ဖြစ်နေသည်။၀တ်ရုံဖြူက လုံချန်၏ ဓားကို လိပ်ခွံဖြင့် ကာ၏။လူအများအံ့အားသင့်
ကြရသည်မှာ မူလတွင် လက်တစ်ဝါးအရွယ်ခန့်သာရှိသော လိပ်ခွံသည် ချက်ချင်းဆိုသလို သုံးမီတာခန့်
ထိကြီးလာပြီး ၀တ်ရုံဖြူကို လုံး၀ကာထားနိုင်လိုက်ခြင်းဖြစ်သည်။

၀ုန်း....

ဓားချီ ၏ စွမ်းအားသည် လိပ်ခွံပေါ်သို့ ပြင်းစွာကျရောက်လေတော့သည်။ထိုသို့ကျရောက်သည်နှင့် လိပ်ခွံ
ပေါ်မှ ထူးဆန်းသောမျဉ်းကြောင်းလေးများ မှာ တစ်လက်လက်ဖြင့် အရောင်တောက်လာပြီး တုန့်ပြန်မှု
ုပြုလေ၏။လုံချန်၏ ဓားချီသည် မှန်ကိုထိ၍ အလင်းပြန်သလို ဖြစ်ကာ စွမ်းအားအများစုက ပျောက်
ကွယ်သွား၏။

သို့သော်....လုံချန်၏ တိုက်ခိုက်မှုကို လိပ်ခွံသည် အပြည့်အ၀မကာကွယ်ပေးနိုင်ပေ။နောက်ဆုံး၌ လိပ်ခွံသည် အက်
ကွဲလာကာ ကြောက်မက်ဖွယ်ရာကောင်းသည့် အသံဖြင့် ပေါက်ကွဲသွားလေသည်။ထိုသို့ ပေါက်ကွဲရာ
မှ ထွက်လာသော အစအနများမှာ မြေပြင်ထက်တွင်  ပျံ့ကျဲကုန်၏။

၀တ်ရုံဖြူမှာမူ သွေးများ အကြိမ်ကြိမ်အန်နေ၏။လိပ်ခွံသည် ဓားချီ စွမ်းအင် အများစုကို ပျက်ပျယ်စေခဲ့
လင့်ကစား အပြည့်အ၀ မကာကွယ်ပေးနိုင်ခဲ့ချေ။၀တ်ရုံဖြူ အပြင်းအထန်ဒဏ်ရာ ရသွားပေပြီ။
ထိုမြင်ကွင်းကို ကြည့်၍ လူအများက အံ့အားသင့်နေကြသည်။ထို့အတူ လုံချန်၏ ဓားရှည်ကြီးတွင် အက်
ကြောင်းများထင်လာသည်ကိုလည်း လူအများ သတိပြုမိကြပြန်သည်။နောက်ဆုံးတွင် ဓားရှည်ကြီးသည်
ပေါက်ကွဲ၍ အပိုင်းပိုင်းအစစဖြစ်သွားတော့သည်။

ထို အပိုင်းအစများကိုကြည့်ကာ လုံချန်က သက်ပြင်းချသည်။ဓားရှည်သည် အရည်အသွေး အတော်
အသင့်ကောင်းသော်လည်း မိုးကောင်းကင်အား အံတုခြင်းသိုင်းကွက်၏ စွမ်းအားများကိုမူ မခံနိုင်ချေ။
ထိုစဉ် ချီစီးဆင်း ရာလမ်းကြောင်းများမှ စူးအောင့်လာမှုကို လုံချန်ခံစားရသည်။ယင်းခံစားမှုသည် မီး
လောင်နေသကဲ့သို့ဖြစ်ပြီး မိုးကောင်းကင်အားအံတုခြင်း သိုင်းကွက် အသုံးပြုပြီးချိန်တွင် ဖြစ်လေ့ရှိ၏။

သွေးနှောအဆင့်သို့ရောက်ရှိ၍ ချီလမ်းကြောင်းများကျယ်လာသည့်တိုင် မိုးကောင်းကင်အား အံတုခြင်း
သိုင်းပညာကိုအသုံးပြုရာတွင်  သူ့၏ ချီလမ်းကြောင်းများသည် ခံနိုင်ရည် မရှိသေးချေ။သို့ရာတွင် သူ့၏
ချီလမ်းကြောင်းများမှာ ဒဏ်ရာအနည်းငယ်သာ ရသွားသည်ဖြစ်ရာ ယခင်အကြိမ်ကထက်များစွာ တိုး
တက်လာသည်ဟုပြောရပေမည်။ယင်းဒဏ်ရာများက သိပ်မကြာခင် ပြန်ပျောက်သွားမည်သာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မိုးကောင်းကင်အားအံတုခြင်းသိုင်းပညာကို လက်ရှိချီလမ်းကြောင်းများ မပျက်မဆီး
စေပဲ အသုံးပြုနိုင်သည်ကပင် လွန်စွာ ကျေနပ်ဖွယ်ကောင်းနေချေပြီ။ထို့ပြင်ပို၍ အံ့အားသင့်စရာကောင်း
သည်မှာ မိုးကောင်းကင်အားအံတုခြင်းသိုင်းပညာကို အသုံးပြုရာတွင် စွမ်းအင်အများအပြားအား ထပ်မံ
အသုံးပြု၍ ရနေသေးခြင်းဖြစ်သည်။ဤသိုင်းပညာကား သူထင်ထားသည်ထက် ပို၍ နက်ရှိုင်းကျယ်၀န်း
ပုံပင်။

၀တ်ရုံဖြူကို မသတ်နိုင်ခြင်း အတွက်တော့ လုံချန်က နောင်တရသည်။ထို လိပ်ခွံမှာ သာမန်ပစ္စည်းဖြစ်
ပုံမရ။လုံချန်တို့ လောကတွင် ယင်း လိပ်ခွံအကြောင်းကိုမကြားစဖူးခဲ့။ဂိုဏ်းများတွင်သာ ရှိသည့် ရတနာ
တစ်ပါးဖြစ်ပုံရသည်။လုံချန်တွင် ချီစွမ်းအင်များလုံး၀ကုန်ဆုံးသွားပြီဖြစ်ရာ ကျောနောက်မှ အလင်းစက်
ကွင်းကလည်း မှိန်ဖျော့ပျောက်ကွယ်သွားပြီဖြစ်သည်။သူသည် လွန်စွာမောပန်းနေပါသည်။

သို့သော် ၀တ်ရုံဖြူလည်း အတော်အခြေအနေဆိုးသွားကြောင်းကိုတော့ လုံချန်သိသည်။သွေးများအကြိမ်
ကြိမ်အန်နေသည်ကို ကြည့်လျှင် အတွင်းကလီစာများ ဒဏ်ရာပြင်းသွားပုံပင်။သို့တိုင်အောင် လုံချန်၏
ဘက်တွင်ဒဏ်ရာမရသေးသည့် ကျင်ကျီသိုင်းသမားနှစ်ယောက်ရှိရာ သူက ပို၍ သာသည်ဟုပြောရမည်။
ထို့ပြင် နှင်းပွင့်လေးနှင့်ချူယောင်လည်း ရှိနေသေးသည်။၀တ်ရုံဖြူ အဖို့ သေကိုသေရမည်သာဖြစ်သည်။

တစ်စုံတစ်ရာအက်ကွဲရာမှ ထွက်ပေါ်လာသည့် အသံသည် တစ်ဖြည်းဖြည်းကျယ်လာသည်။လူအများ
မှာ လုံချန်နှင့်၀တ်ရုံဖြူကို အံ့အားသင့်စွာနှင့် ကြည့်ကြသော်လည်း မည်သည့်ထူးခြားမှုကိုမှ မတွေ့ရချေ။
ထိုအချိန်၌ အက်ကွဲသံသည် လုံချန်တို့နှစ်ယောက်ထံမှလာခြင်းမဟုတ်ကြောင်း လူအများသိသွားကြ၏။

"မြို့၀င်ပေါက်"

မှန်သည်။ဧရာမမြို့၀င်ပေါက်ကြီးသည် အက်ကြောင်းများဖြင့် ပြည့်နေသည်။

"လုံချန်ရဲ့ တိုက်ခိုက်မှု ကြောင့် မြို့၀င်ပေါက် အက်သွားတာပဲ"

ထိုအခါတွင်မှ မြို့တံခါး၏ ရှေ့တွင် ဧရာမစွပ်ကြောင်းကြီးတစ်ခုဖြစ်နေ မှန်း လူအများ အံ့အားသင့်စွာသိကြ
ရသည်။အမှန်မှာ လုံချန်၏ ဓားချီတန်ခိုးသည် ၀တ်ရုံဖြူ၏ လိပ်ခွံကို ထိမှန်၍ ပြန်ကန်ကာ မြို့တံခါးကို
မှန်သွားခြင်သာဖြစ်လေသည်။မြို့တံခါးသည် လုံး၀မပျက်ဆီးသွားသော်လည်း နက်လှစွာသော
အက်ကြောင်းကြီးများ ဖြစ်နေလေရာ လူအများ လွန်စွာ အံ့အားသင့်ကြရ၏။

ဤအရာသည် မည်သည့်စွမ်းအားမျိုးဖြစ်သနည်း။ဤစွမ်းအားကို ပိုင်ဆိုင်ထားသူသည် လူတစ်ယောက်
ပင်ဟုတ်ပါလေစ။မြို့တံခါးသည် လိပ်ခွံကြောင့်သာ ခံသာသွားခြင်းဖြစ်ပြီး လုံချန်၏ ဓားချီတန်ခိုးသာ မြို့၀င်ပေါက်သို့
တိုက်ရိုက်ထိမှန်ခဲ့သော် မြို့တံခါးမှာ တစ်ချက်တည်းဖြင့် တစ်စစီဖြစ်သွားမည်ဖြစ်သည်။

၀ုန်း...ဝုန်း...ဝုန်း....

မြို့တံခါးသည် အက်ကြောင်းများ တောက်လျှောက်လိုက်လာကာ လူအများ၏ မျက်စိရှေ့မှောက်၌ လုံး၀ ပြို
ကျသွားလေတော့သည်။

"မဟုတ်ဘူး"

နောက်ထပ်အံ့အားသင့်ကြရသည့်တစ်ချက်သည် မြို့တံခါးကို ၀တ်ရုံဖြူက ကြောက်လန့်တစ်ကြားဖြင့်
ကြည့်နေခြင်းကြောင့်ဖြစ်သည်။သူသည် နှုတ်မှပင် အော်ဟစ်လိုက်သေး၏။ထိုစဉ် သုံးမီတာခန့်ရှိမည့်
အလင်းတန်းကြီးသုံးတန်းသည် မြို့တံခါးအပျက်အဆီး ပုံများကြားမှ ကောင်းကင်ထက်သို့ ထိုးတက်လာ၏။
ထိုသို့ အလင်းတန်းကြီးသုံးတန်း ထိုးတက်လာသည့်အချိန်တွင် အလွန်တရာထူထပ်လှသည့် ချီစွမ်းအင်
ကလည်း လေထုထဲသို့ ပျံ့နှံ့လာ၏။

အလင်းတန်း သုံးခုကို ကြည့်၍ လုံရှင်းရှောင်က တစ်စုံတစ်ခု ကိုရုတ်ချည်းသဘောပေါက်သွားသည်။
နှစ်ပေါင်းများစွာ သူ သံသယရှိနေခဲ့သည့်ကိစ္စတစ်ခုသည် ယခုအချိန်တွင် ရှင်းလင်းသွားပြီဖြစ်သည်။

"မှော် ကျောက်တုံး မိုင်းတွင်းကြီးပါလား မြို့၀င်ဂိတ်ရဲ့အောက်မှာ မှော်ကျောက်တုံး မိုင်းတွင်းကြီးရှိ
နေတာပဲ" တစ်ချို့လူများက ကောင်းကောင်း သဘောပေါက်သွားကြ၏။မှောကျောက်တုံးဆိုသည်
မှာ သဘာ၀အတိုင်း ဖြစ်ပေါ်လာသော ကျောက်တုံးများဖြစ်သည်။၎င်းတို့သည် မြေအောက်တွင်
နှစ်သန်းပေါင်းများစွာ ရှိနေပြီး ချီဓာတ်အများအပြားကို စုပ်ယူရာမှ သံရိုင်းပုံစံအဖြစ်သို့ ပြောင်းလည်း
လာခြင်းဖြစ်၏။

ဤကဲ့သို့သော သံရိုင်းမျိုးသည် သိုင်းသမားများအတွက်အသက်သွေးကြောသဖွယ်ဖြစ်သည်။ထို့ပြင်
ယင်း သံရိုင်းများမှာလွန်စွာ ရှားပါးပြီး ဂိုဏ်းကြီးများတွင်သာ ရှိကြသည်။မှော်ကျောက်တုံးများ၏ အကူ
အညီဖြင့်ဂိုဏ်းသားများသည် သိုင်းပညာကို လျှင်မြန်စွာ အဆင့်တက်နိုင်ကြသည်။တစ်နည်းအားဖြင့်
ဂိုဏ်းများအတွက် မရှိမဖြစ် အလွန်အရေးပါသည့် ရှားပါးရတနာများဖြစ်သည်။

လုံရှင်းရှောင်က ရှုပ်ထွေးနေသည့်ပုံစံဖြင့် စတုထ္ထမင်းသားကိုကြည့်ကာ ခေါင်းခါသည်။

"ဒီ သံရိုင်းတွေအတွက်နဲ့ မင်းက ကျုပ်ကို နှုတ်ပိတ်ချင်တာပေါ့"

စတုထ္ထမင်းသားက ခေါင်းကို အောက်ငုံ့လိုက်သည်။နောက်ဆုံးတွင် သူ့ကြမ္မာဖန်မည့်နေ့သို့့  ရောက်လာပြီ
ဆိုသည်ကို သူသိသည်။လုံရှင်းရှောင်၏ စကား အတွက် သူ့တွင် ပြန်ငြင်းနိုင်စရာ ဘာမှ မရှိချေ။

"လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာတုန်းက ဘုရင်းမင်းမြတ်နဲ့ ကျုပ် သောက်နေတဲ့အချိန်မှာ မှော်ကျောက်
တုံးတွေ ရှိတဲ့ အကြောတစ်ခုဟာ မြို့တော်အနီးမှာရှိတယ်လို့ ကျုပ်ကိုပြောခဲ့တယ် အဲ့ဒိသိုက်ကိုသာ
တူးဖော်နိုင်ခဲ့ရင် ဖီးနစ်အင်ပါယာဟာ အခြားသော အင်ပါယာတွေရဲ့ အထက်ကိုရောက်ပြီလို့ သူက
ဆက်ပြောသေးတယ်"

"ဒါပေမယ့် သူပြောတဲ့ သံရိုင်းဆိုတာ လက်နက်လုပ်ရာမှာ သုံးတဲ့ ရှားပါးသထ္ထု တစ်မျိုးအကြောင်းကို
ပြောနေတယ်လို့ ကျုပ်ကမှတ်တာနဲ့ ကောင်းသည်ဆိုးသည် ဘာမှ ပြန်မပြောပဲ ရယ်ပဲနေလိုက်တယ်"

"အမှန်တိုင်းပြောရရင် ကျုပ်က ဒီအကြောင်းကို ဘာမှ ဂဃနဏ သိတာရယ်မဟုတ်ဘူး ဒီအကြောင်းကို
ကျုပ်သိတယ်ထင်လို့ ကျုပ်ကို နှုတ်ပိတ်ချင်တယ်ဆိုရင်တော့ သိပ်ရယ်စရာကောင်းနေပြီ မောင်ရင်"

လုံရှင်းရှောင်က သက်ပြင်းချရင်းခေါင်းကိုယမ်းသည်။

"ဘာ" စတုထ္ထမင်းသား အံ့အားသင့်သွားသည်။ဤ မှော်ကျောက်တုံးသိုက်ကို လုံရှင်းရှောင်သိလိမ့်မည်
ဟု သူက အစဉ်တွေးနေခဲ့သည်လေ။လွန်ခဲ့သည့် နှစ်နှစ်ဆယ်က မဟာရှသည် စက်မက်မဖြစ်ပွားစေရန်
နှင့် နှစ်ပြည်ထောင်ရွှေလမ်း ငွေလမ်း ဖောက်ရန် ရည်ရွယ်ချက်များဖြင့် တိုင်းပြည်၏ အချောမောဆုံး
မင်းသမီးတစ်ပါးကို ဖီးနစ်သို့ဆက်သခဲ့လေသည်။

သို့သော် မဟာရှမင်းသမီး၏ တာ၀န်သည် ထင်သလောက်မရိုးရှင်းခဲ့ချေ။သူမတွင် တာ၀န်ကြီးတစ်ရပ်
ရှိသည်။ယင်းမှာ ဖီးနစ်ကိုထိန်းချုပ်၍ မဟာရှက ဝါးမြိုရန်ဖြစ်၏။ဤတာ၀န်ကို မင်းသမီးက မည်သို့မှ
မပေါက်ကြားစေရန် အလွန်ဂရုစိုက်ခဲ့သည်။ဖီးနစ်သို့ ရောက်သည်နှင့် မင်းသမီးသည် မင်းတြားကြီးနှင့်
ကြုံကြိုက်မည့် အခါသို့စောင့်နေခဲ့၏။ကံပေးလာသည့်တစ်ချိန်တွင် သူမသည် မင်းတြားကြီးနှင့်
ကုတင်ထက်တွင် မိန်းမသားတို့တပ်အပ်သည့် မာယာကို အသုံးချလေရာ မင်းတြားကြီး၏ နှလုံးသားကို အပြီး
တိုင်သိမ်းပိုက်နိုင်ခဲ့လေသည်။

သိပ်မကြာခင်မှာပင် စတုထ္ထမင်းသားကို သူမ မွေးဖွားခဲ့သည်။မဟာရှ မင်းသမီးကား အစဉ်လိုပင် မထင်မ
ရှားနေခဲ့ပြီး အခြားမိဖုးရားများနှင့်လည်း ရောရောထွေးထွေး မနေခဲ့ပေ။သူမသည် သီးခံ၍
အချိန်ကို စောင့်နေခဲ့ရာ ဧကရီ ဘုရင်မကြီးနှင့် ညီအမ အရင်းသဖွယ် ရင်းနှီးမည့် အချိန်ကိုရောက်လာ
ခဲ့၏။မူလတွင် မဟာရှ၏ အစီစဉ်သည် ဖီးနစ် ကို ဝါးမြိုရန်အတွက်သာဖြစ်သော်လည်း မဟာရှမင်းသမီး
က တုန်လှုပ်စရာကောင်းသည့် လျို့ဝှက်ချက်တစ်ခုကို သိလာခဲ့ရသည်။

ယင်းလျှို့ဝှက်ချက်ကို မင်းတြားကြီးသည် အရက်မူးနေစဉ်တွင် အရိပ်အမြွက်မျှသူမအား ပြောမိခြင်းဖြစ်၏။
သူ့စကားတွင် ဖီးနစ်သည် အခြားအင်ပါယာများ၏ အထက်သို့ရောက်တော့မည်ဖြစ်ကြောင်းပါလေသည်။
ထိုသို့ဖြင့် မဟာရှ မင်းသမီးက ထိုစကားအားနင်းကာ မာယာ မျိုးစုံ သုံး၍ မေးသည်တွင် မှော်ကျောက်တုံး
သိုက် အကြောင်း ပေါ်လာခြင်းဖြစ်သည်။

မူလတွင် မင်းတြားကြီက အရေးပေါ်ထွက်ပြေးလွတ်မြောက်ရန် လျှို့ဝှက်ဥမင်တစ်ခု တူးရာမှ မှော်
ကျောက်တုံးသိုက်ကို မတော်တဆ တူးမိခြင်းဖြစ်၏။ထို သိုက်အကြောင်းမပေါ်စေရန်အတွက်
ဥမင်လိုဏ်တူးခဲ့သူများကို မင်းတြားကြီးအမိန့်ဖြင့် လျှို့ဝှက်စွာ ကွပ်မျက်ခဲ့ရလေသည်။သို့သော် သူကား
နှုတ်လုံသူတစ်ယောက်မဟုတ်ပေ။သူမအား ထိုအကြောင်း ပြောပြ အပြီး နောက်ပိုင်းတွင် မင်းတြားကြီး
မှာ ရောဂါ တစ်ခုဖြင့် ကံတော်ကုန်လေသည်။

မင်းတြားကြီး သည် ဧကရီအရှင်မ ၏ နန်းဆောင်တွင် ရှိနေစဉ် ကံတော်ကုန်သည်ဖြစ်ရာ ဧကရီအ
ရှင်မ မှာ များစွာထိတ်လန့်မိလေသည်။သို့သော် ထိုအချိန်တွင် စတုထ္ထမင်းသား၏ မိခင် ရောက်လာ
၍သာ တော်ပေသည်။

ထိုသို့ဖြင့် သူမ တို့နှစ်ယောက်တိုင်ပင်ကာ မင်းတြားကြီးသည် တိုင်းရေးပြည်ရာများကို စီမံခန့်ခွဲခြင်းမပြု
တော့ဟု သတင်းလွှင့်သည်။သူမတို့ ကြံထားသည်မှာ မင်းတြားကြီးသည် ရောဂါ တစ်ခုခု ကြောင့် ကံ
တော်ကုန်သွားသည်ဟု ပြောရန်ဖြစ်သည်။ထို့အတွက် သင့်တော်မည့်အချိန်ကို သူမတို့စောင့်နေခဲ့လေ
သည်။

နောက်ဆုံးတွင် အကွက်ချစီစဉ်မှုများဖြင့် ဧကရီ အရှင်မသည် အင်ပါယာတစ်ခုလုံး၏ အာဏာကို
ချုပ်ကိုင်လာနိုင်သည်။သို့ရာတွင် မှော်ကျောက်တုံး သိုက်အကြောင်းကိုတော့ သူမ တစ်စွန်းတစ်မှ မ
သိပေ။

သူမ အကူအညီ လိုသည့်အချိန်တွင် ညီအမအရင်းသဖွယ် ရင်းနှီးသည့် စတုထ္ထမင်းသား၏ အမေထံ
တွင် အကူအညီတောင်းလေ့ရှိသည်။စတုထ္ထမင်းသား၏ အမေကလည်း မှော်ကျောက်တုံးကိစ္စကို သူမ
၏ ဖခင် မဟာရှပြည့်ရှင်းမင်းထံကို အကြောင်းကြားသည်။ဤကိစ္စက လွန်စွာကြီးကျယ်သည်ဖြစ်ရာ သူ
မ သဘော အတိုင်း မဆုံးဖြတ်ရဲပေ။

ဤကိစ္စ ဖြစ်ပွားနေသည့်အချိန်တွင် ရှ မိသားစုမှ သိုင်းသမားတစ်ယောက်မှာ ဂိုဏ်းတစ်ခုသို့ရောက်
နေသည့်အချိန်ဖြစ်၏။သို့ရာတွင် ထို သိုင်းသမားသည် ဂိုဏ်းသို့၀င်ရန် အရည်အချင်းမမှီသည်ဖြစ်ရာ
အလုပ်သမား အဖြစ်သာ ဂိုဏ်းတွင်နေရသည်။သို့သော် ဤသတင်းကို အရင်းပြုလျှင် အဆိုပါ သိုင်းသ
မားသည် ဂိုဏ်းသို့၀င်နိုင်ရန် ဖြစ်နိုင်လောက်ပေသည်။

အရာရာက လွန်စွာ အဆင်ပြေချောမွေ့လှသည်။ဂိုဏ်းက မှော်ကျောက်တုံး သိုက် ဟုတ်မဟုတ်ကိုလူ
လွှတ်၍ အတည်ပြုစေသည်။သို့သော် သိုက်ကို တူးခြင်းတိုင်း အရမ်းမဲ့ တူး၍မရ။မှော်ကျောက်တုံးမှ
ထွက်သည့် ချီစွမ်းအင်ကြောင့် သိုက်အကြောင်းသိကုန်မည်။ထို့ကြောင့် ဂိုဏ်းသည် ဖီးနစ်ကို မြန်နိုင်
သမျှ မြန်အောင် သိမ်းပိုက်ရန် နှင့် မှောက်ကျောက်တုံးများထံမှ ချီစွမ်းအင် ထုတ်လွှတ်မှုကို ကာ
ကွယ်ရန် အလို့ငှာ အစီအရင်များစီရင်၍ ပိတ်ထားရန် အမိန့်ပေးလေသည်။

ဤသို့ဖြင့် မြို့တံခါးအောက်တွင် အစီရင်များ စီရင်ကာ မှော်ကျောက်တုံးသိုက်ကို ပိတ်ထားလိုက်ကြလေ
သည်။သို့သော် ဂိုဏ်းသည် ဤကိစ္စကိုသိသူ နောက်ထပ်တစ်ယောက်မှာ လုံရှင်းရှောင်ဖြစ်သည် ဟု
ယူဆရာ လုံရှင်းရှောင်သည် ၎င်းတို့အတွက် ကြီးမားသည့် အနှောင့်အယှက်ကြီးတစ်ခုဖြစ်လာသည်။

သို့ရာတွင် ကံတရားသည် လူသားများအပေါ်၌ လှောင်ပြောင်တတ်ပုံရသည်။တစ်ကယ်တမ်းတွင် လုံ
ရှင်းရှောင်က ထိုသိုက်အကြောင်းကို ရေရေရာရာမသိချေ။

"အားးးးးးးးး ငါ...မင်း...တို့ အကုန် လုံးကို သတ်မယ်......"

အာခေါင်ခြစ်၍ အော်လိုက်သည့် အသံတစ်သံ.......

၀တ်ရုံဖြူသည် သားရဲ ကောင်တစ်ကောင်ကဲ့သို့ဖြစ်နေကာ လုံချန်နှင့် အခြားသူများကို စူးရဲသည့် မျက်
၀န်းအစုံဖြင့် စိုက်ကြည့်လျှက်ရှိသည်။

ချစ်ခြင်းများစွာဖြင့်.....

MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၀၉)အမြူတေမီးတောက်

၀တ်ရုံဖြူက ရူးကြောင်ကြောင်ဖြင့် အလင်းတန်း သုံးခုကိုကြည့်သည်။လုံချန်က ရေခဲတမျှအေးစက်
သည့် လေသံဖြင့်ပြော၏။

"မင်းတို့ကောင်တွေက တစ်ကယ်တော့ ငတုံးတွေပဲ  ကိုယ့်အမှားကိုတောင် သူများကိုအပစ်တင်
ချင်သေးတယ်"

အဖြစ်အပျက်ကို အစမှ အဆုံးထိ သူ မသိသော်လည်း သူ့အဖေပြောစကားအရဆိုလျှင် အဖြစ်အပျက်
အစ အဆုံးကို ရုပ်လုံးဖော်ကြည့်လို့ရပေသည်။လုံမိသားစုကား ဤကိစ္စတွင် ကြားမှ မြေဇာပင် ဖြစ်
ရခြင်းဖြစ်သည်။

"အလကား ကောင်တွေ မင်းတို့ဘာ့ကြောင့်အခုထိ အသက်ရှင်နေရသေးတာလည်း  မင်းတို့သာ ပြန်
မခုခံရင် ဒီလိုဘယ်ဖြစ်မလည်း ဒီ့အတွက် မင်းတို့ကောင်တွေ အကုန်လုံးသေရမယ်"

၀တ်ရုံဖြူသည် ရူးသွားပြီဟုပင်ထင်ရ၏။

"သောက်တုံး....မင်းရူးသွားပြီလား" လုံချန်က လှောင်သည်။၀တ်ရုံဖြူသည် သာမာန်လူတစ်ယောက်
နှင့်နည်းနည်းမှ မတူတော့။ခွေးရူး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

"ခင်ဗျားတို့နှစ်ယောက်ကို ဒုက္ခပေးရတာ စိတ်မကောင်းပါဘူး ဒီခွေးရူးကို ကိုင်တွယ်နိုင်မလား"

ကျင်ကျီသိုင်းသမားနှစ်ယောက်ဘက်သို့ လှည့်၍ လုံချန်ကပြောသည်။ထိုအချိန်တွင် တိုက်ခိုက်နိုင်
စွမ်းအရှိဆုံး သူနှစ်ယောက်မှာ ထိုသိုင်းသမားနှစ်ယောက်သာဖြစ်သည့်အပြင် ၀တ်ရုံဖြူ၏ လက်ရှိ
အနေအထားအရဆိုလျှင်လည်း သူတို့အနေဖြင့် သိပ်ခက်ခက်ခဲခဲ တိုက်ခိုက်ယူရမည်မဟုတ်ချေ။

"ကောင်းပါပြီ ကျုပ်တို့တာ၀န်ထားပါ" နှစ်ယောက်သား ခေါင်းငြိမ့်လိုက်ကြ၏။၎င်းတို့နှစ်ယောက်က
ယနေ့တွင် အစွမ်းသိပ်မပြရသေးသောကြောင့် မချင့်မရဲဖြစ်နေကြလေသည်။ယခုတော့ သူတို့အစွမ်း
ပြရန် အချိန်ရောက်ချေပြီ။

"ဟားဟားဟားဟား" ၀တ်ရုံဖြူက ရူးကြောင်ကြောင်အသံဖြင့် အော်ဟစ်ရယ်မောနေသည်။သူ့မျက်
၀န်းများတွင် နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နေလေ၏။

"မလောက်လေးမလောက်စား ကောင်လေးတွေ မင်းတို့ကြောင့်ငါကြိုးစားထားခဲ့ရသမျှ အကုန်အချည်း
နှီးဖြစ်ကုန်ပြီ မင်းတို့အကုန်လုံးသေရမယ်"

ထို့သို့ပြောပြီးနောက် သူသည် အမဲရောင်ဆေးလုံးလေးတစ်လုံးကို ထုတ်၍သောက်၏။ထိုဆေးကို
သောက်ပြီးသည့်အချိန်တွင် ကျင်ကျီသိုင်းသမားနှစ်ယောက်က ၀တ်ရုံဖြူထံရောက်သွားကြ၏။

"ဟမ့် ဆေးသောက်လည်း နောက်ကျသွားပြီ" ကျင်ကျီသိုင်းသမား နှစ်ယောက်က ၀တ်ရုံဖြူကို တစ်ပြိုင်
တည်းပိုင်းချလိုက်သည်။သို့ရာတွင် လုံချန်သည် ၀တ်ရုံဖြူသောက်သည့် အမဲရောင်ဆေးလုံးလေးကို
မြင်လျှင် အံ့သြသွား၏။ရုတ်တရက် လုံချန် မျက်နှာကွက်ကနဲပျက်သည်။ဤဆေးသည် မည်သည့်ဆေးဖြစ်
သည်ကို သူသိသည်။

"သတိထားကြ"

သို့သော် သူ့သတိပေးမှုသည် နောက်ကျသွားချေပြီ။၀တ်ရုံဖြူက ကောက်ကျစ်စွာပြုံး၍ ကျင်ကျီသိုင်း
သမားနှစ်ယောက်ကို လက်ဝါးနှစ်ဖက်ဖြင့် ရိုက်လိုက်၏။ခန္ဓာကိုယ်နှစ်ခုသည် ရုတ်ချည်း ပေါက်ကွဲ
ကာ သွေးများသည် မိုးရွာချသကဲ့သို့ တဖြောဖြောဖြင့် ကျလာ၏။

"ဒါ...ဒါ...ဘယ်လိုဖြစ်တာလည်း"

လုံရှင်းရှောင်အပါအ၀င် လူအများမှာ ကြက်သေသေနေကြသည်။ကျင်ကျီသိုင်းသမားနှစ်ယောက်က
တစ်ချက်တည်းဖြင့်သေသွားသည်။အရိုးပင် မကျန်ခဲ့ချေ။

"အသက်ခြွေ ဆေး အဲ့တာ တစ်ကယ့်ကို အသက်ခြွေဆေးပဲလား"

လုံချန် များစွာတုန်လှုပ်မိ၏။ဤဆေးက သေဆေးတစ်မျိုးဖြစ်သည်။ဤဆေးကိုသောက်လျှင် သောက်
သူ၏ အသက်သည် တစ်ဖြေးဖြေး တိုတို လာကာ စွမ်းအင်အဖြစ်သို့ပြန်ပြောင်းပေး သောကြောင့်
ထိုသူသည် မူလထက် နှစ်ဆခန့်မျှ စွမ်းအား ကြီးမာလာရသည်။သို့သော် ယင်းမှာ အချိန်အတိုင်းအတာ
ဖြင့်သာ ဖြစ်လေရာ အဆုံးတွင် ထိုသူမှာ မရဏ လမ်းသို့မြန်းရလေတော့သည်။

ထိုဆေးကို သောက်ပြီးသည်မှစ၍ ၀တ်ရုံဖြူ၏ အသက်သည် တိုတိုလာမည်ဖြစ်ရာ အမွှေးတိုင် တစ်တိုင်
ကုန်စာခန့်တွင် ၀တ်ရုံဖြူသေပြီဖြစ်သည်။၀တ်ရုံဖြူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သွေးရောင်သို့ပြောင်းသွား
၏။သူ့မျက်နှာက လွန်စွာ ကောက်ကျစ်သည့်ပုံ ပေါက်လာသည်။မူလတွင် ဤတာ၀န်သည် သူ့ကိုပေး
သော တာ၀န်မဟုတ်။ဂိုဏ်းအတွင်းမှ အစေခံ တစ်ယောက်ကိုပေးသော တာ၀န်ဖြစ်သည်။ယင်းတာ
၀န်ကို အောင်မြင်စွာထမ်းဆောင်နိုင်လျှင် ထိုအစေခံသည် ပြင်ပဂိုဏ်းသားအဖြစ်သို့ အဆင့်တက်
နိုင်မည်ဖြစ်သည်။

သို့သော် ၀တ်ရုံဖြူက ထိုအစေခံထံမှ ယင်းတာ၀န်ကို နည်းလမ်းတစ်မျိုးမျိုးဖြင့်လုယူလိုက်ခြင်းဖြစ်၏။
ဤတာ၀န်ကို အောင်မြင်စွာဆောင်ရွက်နိုင်လျှင် သူသည် အတွင်းစည်းဂိုဏ်းသားသို့ အဆင့်တက်နိုင်
မည်ဖြစ်သလို သူ့အိမ်မက်ဖြစ်သော ပင်မဂိုဏ်းသား ဖြစ်ရန်လည်း ပို၍ နီးစပ်လာမည်ဖြစ်သည်။

ပထမတွင် စတုထ္ထမင်းသား၏ အကြံအစည် အထမမြောက်သော်လည်း သူက မစိုးရိမ်ခဲ့ပေ။လုံမိသားစု
ကိုသုတ်သင် နိုင်သည်နှင့် သူ့အကြံက အထမြောက်မည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ဤ
အကြံစည်ကို နှစ်ပေါင်းများစွာအကောင်အထည်ဖော်ခဲ့ရသည်။၀တ်ရုံဖြူမှာမူ ထို အကြံအစည်ကို
လွန်ခဲ့သည့်နှစ် နှစ် မှစ၍ ကိုင်တွယ်ခဲ့ခြင်းဖြစ်လေသည်။အရာရာ တိုင်းသည် အဆင်ပြေချော
မွေ့နေလေရာ အပြီးသတ်အောင်မြင်တော့မည့် အချိန်ကိုသာ သူက စောင့်နေခဲ့ခြင်းဖြစ်၏။

သို့သော် ယခုအခါတွင် အစီအရင်သည် ကျိုးပျက်သွားပြီဖြစ်ရာ မှော်ကျောက်တုံးမိုင်းတွင်းကိုလူများ
သိကုန်ပြီ်ဖြစ်သည်။ဤသို့သိကုန်လျှင် ဂိုဏ်းကြီး၊ဂိုဏ်းငယ် အသွယ်သွယ်တို့၏ စိတ်၀င်စားမှုကို များစွာ
ခံရပေတော့မည်။သူ့တာ၀န်သည် လုံး၀ဥဿုံ ကျရှုံးသွားပြီဖြစ်သောကြောင့် သူသည် ဂိုဏ်း၏ အရက်
စက်ဆုံး အပစ်ပေးနည်းများဖြင့် အပစ်ပေးခံရတော့မည်ဖြစ်သည်။

ထိုအကြောင်းကို တွေးမိသည့်အခါတွင် သူ့၌် နောင်တ နှင့် အမုန်းများသာပြည့်နှက်လာရသည်။
သို့ဖြစ်၍ သူသည် အသက်ခြွေ ဆေး ကို ရူးရူးမိုက်မိုက်သောက်လိုက်ခြင်းပင်။၀တ်ရုံဖြူသည် အသက်
နှစ်ဆယ်ခန့်သာ ရှိသေးသော်လည်း ဆေးသောက်ပြီးသည့်အချိန်၌ လူလတ်ပိုင်းအရွယ်သို့ ချက်ချင်း
ပြောင်းလည်းသွားသည်။ယင်းကား အသက်ခြွေ ဆေး၏ ကြောက်စရာကောင်းလှသည့် အာနိသင်
်ဖြစ်သည်။

ဆေးသည် ၀တ်ရုံဖြူ ၏ အသက်ဓာတ်ကို အငမ်းမရစုပ်ယူ၍ ခွန်အားအဖြစ်သို့ ပြန်ပြောင်းပေးနေခြင်းဖြစ်သည်။

"မင်းတို့ ကောင်တွေ အကုန် သေကြစမ်း" ၀တ်ရုံဖြူက အော်ဟစ်ကြုံးဝါးရင်း လက်သီးတစ်ချက်ထိုး
သည်။ထိုလက်သီးနောက်တွင် လေသည် တစ်ဝေါဝေါမြည်သံပေးကာ ပြင်းစွာတိုက်ခတ်လာ၏။
လုံရှင်းရှောင်က သက်ပြင်းချသည်။သူသေသွားမည်ကို သိသော်လည်း ၀တ်ရုံဖြူကို တားရန်
ရှေ့ကို သွားမည့်ဟန်ပြင်၏။သို့သော် လုံချန်က သူ့ထက်မြန်သည်။

လေလှိုင်းကြီး သူတို့ထံတိုက်ခတ်လာချိန်တွင် လုံချန်က လက်သီးတစ်ချက်ပြန်ထိုးသည်။

"လေခွင်း လက်သီး"

"ဝေါင်း"

လုံချန် လက်သီးထိုးလိုက်သည့် အချိန်မှာပင် ဧရာမ လေဓားတစ်စင်းသည် သူ့ဘေးမှ ဝီးကနဲ ကပ်၍
ဖြတ်သွား၏။ယင်းသည် နှင်းပွင့်လေး၏ တိုက်ခိုက်မှုဖြစ်သည်။နှင်းပွင့်လေးက အခြေအနေကို စောင့်ကြည့်
နေရာမှ အချိန်ကိုက် ၀င်တိုက်ခိုက်ခြင်းဖြစ်၏။

၀ုန်း.....

ချီလှိုင်းသည် အရပ်လေးမျက်နှာသို့ ဖြာထွက်လျှက်ရိုက်ခတ်သည်ဖြစ်ရာ လုံရှင်းရှောင်တို့မှာ ကျွဲတစ်
ကောင် ပြေး၍ ဂျိုဖြင့် ခတ်ခံရသကဲ့သို့ နောက်သို့လွင့်စင်သွားကြလေသည်။သိုင်းပညာ အဆင့်မမြင့်
ကြသော ဖက်တီးယုနှင့် အခြားသူများကား တစ်ချက်တည်းဖြင့် သတိမေ့ကုန်ကြ၏။လုံရှင်းရှောင်က
မြင်ကွင်းကို အစောတလျှင် ပြန်ကြည့်သည်။ပတ်၀န်းကျင်တွင် ဖုန်များ မီးခိုးများဖြင့်ဖုံးလွှမ်းလျှက်ရှိ
၏။နှင်းပွင့်လေးက မြေကြီးကို တူးနေသည်။

ထို့နောက်တူးနေခြင်းကို ရပ်၍ မြေကြီးထဲနစ်နေသည့် လုံချန်ကို သွားဖြင့်ကိုက်ကာ ဆွဲထုတ်သည်။
ပြီးလျှင် နှင်းပွင့်လေးသည် ူ၀တ်ရုံဖြူထံသို့ ပြေး၀င်သွားလေတော့သည်။လုံချန်သည် အသက်ကိုပင်
အနိုင်နိုင် ရှုနေရသည်။ယခုတိုက်ခိုက်မှုသည် သူ့၏ နောက်ဆုံးလက်ကျန်အင်အားကို စုစည်းပြီး
တိုက်ခိုက်ခြင်းဖြစ်ရာ လွန်စွာမောပန်းနေပြီဖြစ်သည်။ထို့ပြင် တစ်ကိုယ်လုံးမှ အရိုးများကျိုးကုန်သကဲ့
သို့လည်း ခံစားနေရ၏။

"သောက်ကောင်လေး မင်းက အသက်ပြင်းတယ်ပေါ့ ဟားဟား သေစမ်း"

သူ့၏ တိုက်ခိုက်မှုအား လုံချန် ခံနိုင်သည်ကိုမြင်လျှင် ၀တ်ရုံဖြူက ပိုပြီး မကျေမနပ်ဖြစ်သွားသည်။နောက်
ထပ်လက်သီးတစ်လုံး ထပ်ထိုးတော့မည့် အချိန်တွင် ၀တ်ရုံဖြူက နှင်းပွင့်လေး၏ ဦးခေါင်းထက်မှ အနီ
ရောင်အမွေးကို မြင်သည်။

"တတိယ အဆင့် မှော်သားရဲဖြစ်တဲ့ ကြက်သွေးရောင် နှင်းဝံပုလွေပါလား"

၀တ်ရုံဖြူ အံ့အားသင့်နေသည်။အစောပိုင်းက နှင်းပွင့်လေးကို သူ သတိမထားမိခဲ့။ကြက်သွေးရောင်နှင်း
၀ံပုလွေသည် တတိယအဆင့်မှော်သားရဲများတွင် အဆင့်အမြင့်ဆုံးဖြစ်သလို အရွယ်ရောက်လျှင် ၎င်း၏
ခွန်အားသည် များစွာကြောက်မက်ဖွယ်ကောင်းလာတတ်သည်။သူ့ရင်တွေ တစ်ဒိန်းဒိန်းခုန်လာ၏။
နှင်းပွင့်လေးကို အိမ်မွေး တိရိစ္ဆာန်အဖြစ်ယူဆောင်သွားရန် သူတွေးမိသည်။သို့သော် အသက်ခြွေဆေး
သောက်ထားမှန်း ၀တ်ရုံဖြူက နောက်မှ သတိရသည်။

ထို့ကြောင့် နှင်းပွင့်လေးကို မြင်လေ ဒေါသတွေ ပိုထွက်လေဖြစ်လာသည်။

"မင်းကကော ငါ့ကိုလှောင်နေတာလား သေစမ်း" ၀တ်ရုံဖြူက လက်သီးဖြင့်ထိုးလိုက်၏။

"နှင်းပွင့်လေး ပြေးတော့......"

နောက်ဆုံးကျန်သည့်အားကိုစု၍ လုံချန်က အသံကုန်ခြစ်အော်သည်။နှင်းပွင့်လေးကို သူသည် အသေ
ခံခိုင်းလိုခြင်းမရှိချေ။သို့သော် နှင်းပွင့်လေးသည် သူ့စကားကို နားမထောင်ပေ။၀တ်ရုံဖြူ၏ လက်သီးကို
နှင်းပွင့်လေးက လေဓားဖြင့် ထပ်ပစ်သည်။သို့တိုင်အောင် ၀တ်ရုံဖြူ၏ လက်သီးနောက်တွင် ပါလာသည့်
လေအားသည် လွန်စွာပြင်းထန်လေရာ နှင်းပွင့်လေး၏ လေးဓားမှာ လမ်းခုလတ်မှာပင် ပျောက်ကွယ်
သွား၏။

"မလုပ်နဲ့"

၀ုန်း......

နှင်းပွင့်လေး၏ ခန္ဓာကိုယ် က လေနှင့်အတူ လွင့်သွားသည်။တစ်ချိန်းတည်းတွင် အရိုးကျိုးသံများလည်း
ထွက်လာ၏။နှင်းပွင့်လေးသည် မြေကြီးပေါ်တွင် လိမ့်နေရာမှ တိုက်တိုက်ဆိုင်ဆိုင် သူ့ဘေးတွင် ရပ်
သွားသည်။

"ဝု.."

"မင်းတို့နှစ်ယောက်လုံး သေပေတော့"

၀တ်ရုံဖြူက သူတို့နှစ်ယောက်ထံပြေး၀င်လာပြန်သည်။ထိုစဉ် လုံချန်၏ ရှေ့တွင် လူသုံးယောက်
ရပ်လိုက်ကြ၏။ထိုလူသုံးယောက်မှာ လုံရှင်းရှောင် ချူယောင် နှင့် ရှီဖန်တို့ဖြစ်၏။၀တ်ရုံဖြူကို သူတို့
မတားဆီးနိုင်မှန်း သူတို့သိသည်။သို့သော် သူတို့မျက်စိရှေ့တွင် လုံချန်သေသွားသည်ကို  ကြည့်
မနေနိုင်ကြပေ။

"သေစမ်း"

၀တ်ရုံဖြူက ဒေါသတကြီးဖြင့် လက်တစ်ဖက်ယမ်းလိုက်လျှင် သုံးယောက်စလုံးနောက်သို့ လွင့်သွားကြ
ပြီး သွေးများ တစ်ဝေါ့ဝေါ့ ထိုးအန်ကြသည်။ထို့နောက် ၀တ်ရုံဖြူက လုံချန်ကို နင်းရန် ခြေထောက်ကို
မြှောက်၏။

"မလောက်လေး မလောက်စားကောင်လေး သေပေတော့"

ဤခြေထောက်ဖြင့်သာ အမှန်တစ်ကယ် အနင်းခံရပါမူ လုံချန် ကျိန်းသေပေါက် သေသွားမည်ဖြစ်သည်။
လှိမ့်ရှောင်ရန်လည်း သူ့တွင် အားမရှိတော့ပေ။

၀ုန်း....

မီးတောက်ကြီးတစ်ခု ရုတ်တရက်ပေါ်လာသည်ကို လုံရှင်းရှောင်နှင့်အခြားသူများ တွေ့ကြရသည်။

"ဆရာကြီးယွမ်ချီ"

ရှီဖန်က ချက်ခြင်းမှတ်မိသည်။သို့သော် ယခု ဆရာကြီးယွမ်ချီသည် ယခင်ကကဲ့သို့မဟုတ်တော့ချေ။
သူ့တစ်ကိုယ်လုံးတွင်လောင်ကျွမ်းလျှက်ရှိသော မီးတောက်များမှာ အနီရောင်သို့ ပြောင်းနေသည်။
အဝေးသို့ လှမ်းကြည့်ရာတွင် ဝေချိုင်နှင့် ၀မ်လုရန်သည် မီးသွေးတုံးဘ၀ ပြောင်းနေသည်ကို လူအများ
မြင်ကြရသည်။

"သောက်အဖိုးကြီး ခင်ဗျားကပါ ကျုပ်ကိုလာတားတယ်ပေါ့"

"ဆရာကြီးယွမ်ချီ...." ဆရာကြီးယွမ်ချီ၏ လက်ရှိပုံစံကို ကြည့်၍ လုံချန်က အလွန်စိတ်မကောင်းဖြစ်
မိသည်။အခြားသူများမှာ မသိသော်လည်း ဆရာယွမ်ချီသည် သူ့၏ အမြူတေ မီးဓာတ်ကို အသုံးပြု
လိုက်ပြီဟု လုံချန်က သိသည်။ဤအရာသည် ဆေးဆရာတစ်ယောက်၏ အသက်ပင်ဖြစ်ရာ ထိုမီး
ဓာတ်ကို အသုံးပြုခြင်းသည် ကိုယ့်ကိုကိုယ်သတ်သေခြင်းနှင့်  မခြားချေ။

"ကလေး ကျုပ်ကနှစ်ပေါင်းများစွာကြာအောင် အသက်ရှင်နေထိုင်ခဲ့ပြီးပြီ ကိစ္စများစွာကို နားလည်သိ
မြင်ခဲ့ပြီးခဲ့ပြီ အခုဆိုရင် ရန်ကြွေးကိုလည်းပြန်ဆပ်နိုင်ခဲ့ပြီ ကျုပ်မှာ နောင်တရစရာမရှိဘူး ဆေးဆရာ
လုပ်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ မင်းဟာ ကျုပ်တွေ့ဖူးသမျှထဲက ပါရမီအကောင်းဆုံး
သူတစ်ယောက်ပါ ဒီလူလူငယ်တစ်ယောက်ကို ကျုပ်ရှေ့မှာဘယ်လိုလုပ်သေခွင့်ပြုနိုင်မှာလည်း ဟားဟား
နောက်ဆုံးတော့ ကျုပ်ရဲ့ ချိနဲ့နဲ့ အရိုးတွေက အသုံး၀င်နိုင်ကောင်းပါရဲ့လေ"

ဆရာကြီးယွမ်ချီက ရယ်သည်။သူသည် ဒေါသမထွက်။လွန်စွာတည်ငြိမ်နေ၏။ထို့နောက် သူက
လက်နှစ်ဖက်ကို မုဒြာ ပုံစံ တစ်မျိုးလုပ်သည်။သူ့၏ လက်မနှင့် လက်ခလယ် ထိမိလျှင် မီးတောက်များ
ပေါက်ကွဲထွက်လာလေသည်။

ချစ်ခြင်းများစွာဖြင့်....

MK AUNG

#

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၁၀)လုံချန် ပြောင်းလည်းခြင်း

ဆရာကြီးယွမ်ချီ၏ စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်တွင်လောင်ကျွမ်းသည့်မီးတောက်များမှာ ယခင်
ကထက်ပို၍ ပြင်းထန်စွာလောင်ကျွမ်းလာသည်။သူ့၏ လက်မှ လည်း သံကွင်းဆက် ပုံစံချိတ်ဆက်
၍ လောင်ကျွမ်းနေသည့် မီးတောက်တစ်ခုထွက်လာရာ ၎င်းမီးတောက်သည် ၀တ်ရုံဖြူကို ကူးစက်
လောင်ကျွမ်းလေတော့သည်။

"သံကွင်းဆက် မီးကြိုး"

မီးတောက်၏ လောင်ကျွမ်းနှုန်းသည် လျှင်မြန်လှသည် ဖြစ်ရာ ၀တ်ရုံဖြူသည် ရှောင်ချိန်မရလိုက်။မီး
တောက်ထဲတွင် ပိတ်မိသွား၏။ယင်းမီးတောက်၏ ဆရာကြီးယွမ်ချီ၏ အမြူတေ တေဇောဖြစ်သည်။
ဝေချိုင်နှင့် ဝေလုရန် ကဲ့သို့ ဆေးဆရာကြီးများပင် မခံနိုင်ကြ ချက်ချင်းပြာဖြစ်သွားမည်ဖြစ်၏။

ဆရာကြီးယွမ်ချီသည် ဝေချိုင်၊၀မ်လုရန် တို့နှင့်တိုက်ခိုက်နေသော်လည်း လုံချန်ကို မျက်ခြေမပြတ်
ကြည့်နေခဲ့သည်။ဆေးဆရာများသည် ၎င်းတို့၏ ဆေးမီးတောက်များဖြင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်
နိုင်စွမ်းရှိကြသည်။ဆရာကြီးယွမ်ချီမှာ ဝေချိုင်နှင့် ၀မ်လုရန်အား အပေါ်စီးမှ ဖိတိုက်ထားနိုင်သော်
လည်း အချိန်တိုအတွင်း၌ အနိုင်ရရန်မဖြစ်နိုင်ချေ။

သို့သော် လုံချန်ဒုက္ခရောက်တော့မည်ကိုမြင်လျှင် သူသည် သူ့၏ အမြူတေ မီးဓာတ်ကိုအသုံးပြုခဲ့ရ၏။
ထို အမြူတေ မီးဓာတ်အကြောင်းကို သူ သဘောပေါက်သည်မှာလည်း သိပ်မကြာသေးချေ။အမြူတေ မီး
တောက် ဖြစ်ပေါ်လာပုံမှာ သာမာန်မီးတောက်ကို အမြူတေမီးတောက်အဖြစ်သို့ အဆင့်မြှင့်တင်ရ၏။
ထိုမီးတောက်သည် လုံလောက်စွာအဆင့်မြင့်လာလျှင် နောက်တစ်ဆင့်သို့ သူ တက်လှမ်းနိုင်ပြီဖြစ်သည်။
ယင်း နောက်အဆင့်မှာ ဆေးဘုရင်အဆင့်ဖြစ်သည်။

သို့သော် ဤကဲ့သို့ အမြူတေမီးဓာတ်ကို အသုံးချခြင်းက ကို့ကိုယ်ကို သတ်သေခြင်းနှင့်တူ၏။အမြူတေ
ဓာတ်သည် ဆေးဆရာ၏ အသက်ဓာတ်ကို လောင်ကျွမ်းခြင်းကြောင့်ဖြစ်သည်။၀တ်ရုံဖြူသည် မီးတောက်
များကြားမှ အတင်းတွန်းထိုး ရုန်းကန်နေသော်လည်း အသုံးမ၀င်ချေ။

သို့ရာတွင် အံ့သြကြရသည့်တစ်ချက်မှာ ဝေချိုင်နှင့် ၀မ်လုရန် ပင် ပြာဖြစ်သွားအောင် လောင်ကျွမ်းနိုင်
သည့် မီးတောက်သည် ၀တ်ရုံဖြူကို ချက်ချင်းမလောင်ကျွမ်းနိုင်ခြင်းဖြစ်၏။ဆရာကြီးယွမ်ချီက သက်
ပြင်းချရင်း ခေါင်းခါသည်။

"လုံချန်...ငါ တစ်ကယ်အိုသွားပြီပဲ...ငါ..စိတ် ..မ ...ကောင်း..."

ဆရာကြီး ယွမ်ချီ၏ ပုံရိပ်က  ခြေထောက်မှစ၍ တစ်ဖြေးဖြေး ကွယ်ပျောက်လာကြောင်း လူအများ  တုန်
လှုပ်စွာမြင်ကြရ၏။သူပြောသွားသည့် နောက်ဆုံးစကားက လေထဲတွင် တစ်ဖြေးဖြေးမှုန်ဝါး၍ ကျန်ခဲ့
၏။သူ့ ခန္ဓာကိုယ်ကား လေနှင့် အတူ ပျောက်ကွယ်သွားချေပြီတည်း။

"ဆရာကြီး...ယွမ်ချီ..."

လုံချန် မျက်ရည်များ တွေတွေ ကျဆင်းလာ၏။ဆရာကြီးယွမ်ချီနှင့် သူ စသိကတည်းက ဆရာကြီးယွမ်
ချီသည် သူ့ကို အစဉ် ကာကွယ်ပေးခဲ့သလို အားပေးမှုလည်းပြုခဲ့၏။သူကား လေးစားမှုနှင့် ထိုက်တန်
သည် စီနီယာ ဆေးပညာရှင်ကြီးတစ်ယောက်ပင်ဖြစ်လေသည်။ယခုတော့ သူ့အတွက်နှင့် ဆရာကြီး
ယွမ်ချီက အသေခံသွားသည်။လုံချန်က သူ့ကိုယ်သူ လိပ်ပြာမလုံသလို ခံစားနေရသည်။

>> အားးးးးးးး <<

ဆရာကြီး ယွမ်ချီ ပျောက်ကွယ်သွားသည်နှင့် ၀တ်ရုံဖြူတွင် ရစ်ပတ်လျှက်ရှိသည့် မီးကြိုးလည်း မှိန်ဖျော့
၍ ပျောက်ကွယ်သွားသည်။သို့သော် ယခုအခါတွင် ၀တ်ရုံဖြူ ကို ၀တ်ရုံဖြူဟု မခေါ်နိုင်တော့ပေ။သူ့တစ်
ကိုယ်လုံးက မီးတောက်များလောင်ကျွမ်းခြင်းကြောင့် မဲနက်လျှက်ရှိရာ လူသားပုံသဏ္ဍန် မီးသွေးတုံး
တစ်တုံးနှင့် တူနေသည်။သို့တိုင်အောင် သူ့ကိုယ်မှ ထွက်လာသည့် အော်ရာများမှာမူ နည်းနည်းမှ ယုတ်
လျှော့သွားခြင်းမရှိပါချေ။

"ခွေးကောင်တွေ...ငါခံစားရတာထက် ဆယ်ဆပြန်ခံစားစေရမယ်"

၀တ်ရုံဖြူက လုံချန်ကို တိုက်ခိုက်နေခြင်းမှာရပ်ကာ လက်တစ်ဖက်ကိုဝေ့ယမ်းသည်။ထိုသို့ လုပ်လျှင် ခပ်
ဝေးဝေး တွင်ရှိသော လုံရှင်းရှောင်သည် မည်သို့ဖြစ်သည်မသိပဲ သူ့ကို မမြင်ရသည့်စွမ်းအင်တစ်ရပ်က
ဆွဲငင်ယူသကဲ့သို့ဖြစ်ကာ ၀တ်ရုံဖြူရှေ့သို့ ချက်ခြင်းရောက်လာသည်။၀တ်ရုံဖြူက မီးသွေးကဲ့သို့ မဲနက်
နေသည့် လက်တစ်ဖြင့် လုံရှင်းရှောင်း၏ လည်ပင်းကို တင်းကျပ်စွာကိုင်၍ လုံချန်အား ကောက်ကျစ်စွာ
ဖြင့်ကြည့်၏။

"ကလေး မင်းကငါ့ကိုအကြီးအကျယ်ဒေါသထွက်အောင်လုပ်တဲ့အတွက် မင်းကို အရင်မသတ်ဘူး မင်း
ဘေးက လူတွေကို တစ်ယောက်ခြင်း အရင်သတ်မယ် ဟားဟားဟား"

"ခွေးကောင် ငါ့အဖေကို လွှတ်စမ်း" လုံချန်က ရှေ့သို့ပြေးသွားချင်သည်။သို့သော် သူ့ခန္ဓာကိုယ်က သူ့စ
ကားကို နားမထောင်တော့။လှုပ်မရဖြစ်နေသည်။

"ဟားဟား နာကျင်စရာကောင်းတယ်မဟုတ်လား ကောင်းတယ် ကောင်းတယ် ဒါအစပဲ ရှိသေးတယ်
ခပ်ဖြေးဖြေးလုပ်မှပဲ" ၀တ်ရုံဖြူက ရူးကြောင်ကြောင်ဟန်ဖြင့် တဟားဟား အော်ရယ်သည်။

"ချန်လေး အဖေ့ဘ၀မှာ နောင်တရစရာမရှိတော့ဘူး အဖေ့ကိုမစိုးရိမ်ပါနဲ့တော့" ၀တ်ရုံဖြူကို ပြန်လည်
ခုခံရန် လုံရှင်းရှောင် မစွမ်းသာတော့။သို့သော် သူက နည်းနည်းမှ အကြောက်အလန့်လည်းမရှိချေ။
လုံချန်က အကြီးအကျယ်ဒေါသထွက်လာကာ လူသတ်ချင်စိတ် ပြင်းပြင်းထန်ထန် ဖြစ်နေလင့်ကစား
မည်သို့မှ မတတ်နိုင်ပေ။သူမသိသည်မှာ ယင်းကဲ့သို့ ဒေါသ အကြီးအကျယ်ထွက်လာသည့် အချိန်တွင်
ခြေဖုဝါး၌ ရှိသော ဖုန်ဖူကြယ်သည် လွန်စွာလျှင်မြန်သည့်နှုန်းဖြင့် လည်ပတ်လာခြင်းကို ဖြစ်သည်။

ဒေါသပိုကြီးလေ ဖုန်ဖူကြယ်က ပို၍ လည်လေဖြစ်လာသည်။သူ့၏ ဒေါသက အထွတ်အထိပ်သို့ရောက်
ချိန်တွင် ဖုန်ဖူကြယ်သည် လည်နေရာမှ ရုတ်တရက် ရပ်သွား၏။

"မင်းက သေရမှာ ကို မကြောက်ဘူးပေါ့ ကောင်းပြီလေ ဆန္ဒကို ဖြည့်ပေးရတာပေါ့" ၀တ်ရုံဖြူက ညှစ်
ထားသော သူ့လက်ကို အားထပ်ထည့်သည်။

"သွားသေလိုက်"

ဒေါသတစ်ကြီးဖြင့် အော်ဟစ်လိုက်သည့် အသံကြီးသည် ကောင်းကင်ထက်မှ မိုးခြိမ်းသွားသည်ဟု
ထင်ရသည်။လူအများ၏ နားစည်များပင် တုန်ခါကုန်၏။၀တ်ရုံဖြူက ထိုအသံနှင့် အနီးဆုံးတွင် ဖြစ်
နေရာ သူ့ခေါင်းထဲတွင် တစ်ဇီဇီ မြည်လာပြီး ဦးဏှောက်များ ပြောင်းပြန်လန် သွားသကဲ့သို့ ခံစား
ရလေ၏။ရုတ်တရက် လွန်စွာစူးရှသည့်နာကျင်မှုကို ခံစားရပြီးနောက် ၀တ်ရုံဖြူ လွင့်ထွက်သွားလေသည်။

မြေပြင်ပေါ်သို့ ပစ်ကျသွားသည့်အခါမှသာ ၀တ်ရုံဖြူက သတိ၀င်လာပြီး အရှေ့ကို တုန်လှုပ်ဟန်ဖြင့်
ကြည့်သည်။ထိုစဉ် နေသာနေသည့် ကောင်းကင်သည် တိမ်မည်းများဖြင့် ရုတ်ချည်း အုံ့ဆိုင်းလာကာ
လျှပ်စီးများ တစ်ဖြတ်ဖြတ်လက်လာ၏။တိမ်မည်းကြီးများက မိုင်အတော်ဝေးဝေး ထိရောက်အောင် ပျံ့
နှံ့ အုပ်ဆိုင်းလျှက်ရှိရာ ကမ္ဘာပျက်ပြီလားဟုပင် ထင်ရသည်။

တစ်ချိန်တည်းတွင် လူတစ်ယောက်၏ပုံရိပ်ကို ၀တ်ရုံဖြူက တွေ့သည်။ထိုလူ ၏ ခန္ဓာကိုယ်တွင် ခပ်
မှိန်မှိန်အလင်းရောင် တစ်မျိုးက တောက်ပလျှက်ရှိပြီး ကြောက်မက်ဖွယ်ရာ အော်ရာများသည်
ကောင်းကင်နှင့် မြေကမ္ဘာကြား၌ တစ်ရှိန်ရှိန် ထွက်လျှက် ရှိလေသည်။

"ဒါ..ဘာ .. လည်း" ၀တ်ရုံဖြူ သိပ်ကိုအံ့သြမိပါ၏။ထိုလူသည် လုံချန်ဖြစ်သည်ကို သူက ကောင်းကောင်း
သိသည်။သို့သော် ယခု လုံချန်မှာ ပြန်လည် နိုးထလာသည့် မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် တူနေသည်။
သူ့၏ ကိုယ်မှ တစ်ရှိန်ရှိန်ထွက်လျှက် ရှိသည့် ရောင်ခြည်များသည် လူအများကို တုန်တုန်ယင်ယင်
ဖြစ်စေ၏။

                                   >> ဂျွတ်..ဂျွတ် <<

လုံချန်၏ ခြေထောက်တွင်ရှိသော ဖုန်ဖူကြယ်၌ အက်ကြောင်းများ စတင်ပေါ်လာသည်။ဖုန်ဖူကြယ်၏
အပြင်ဘက်အလွှာမှာ လုံး၀ အက်ကွဲသွားပြီး ရွှံ့များကြာမှ ပုလဲလုံးတစ်လုံးပေါ်လာသကဲ့သို့ ဖြစ်လာ၏။
ထို ဖုန်ဖူကြယ်မှ အလင်းတန်များထွက်လာသည်။အပြင်ဘက်အလွှာ လုံး၀ ကွာကျသွားသည်တွင် မျက်
စိကျိန်းမတတ် အလင်းရောင်ကြီးထွက်လာ၏။ထိုကြယ်အတွင်း၌ တောင်တန်းကြီးများ ၊ လွင်ပြင်များ ၊
မြစ်ချောင်းအင်းအိုင်များနှင့် အလွန်ကျယ်၀န်းနက်ရှိုင်းသည့် သမုဒ္ဒရာကြီးများကို မြင်နိုင်သည်။

ထိုကြယ် ပေါ်ထွက်လာအပြီးတွင် သူ့၏ ကုန်ခမ်းသွားသည့် ချီစွမ်းအင်များက ပြန်လည် ပြည့်ဖြိုးလာ
ခဲ့ရာ ၀တ်ရုံဖြူကို တစ်ချက်တည်းဖြင့် ထိုးပြီး လုံရှင်းရှောင်ကို တယ်လိုက်ခြင်းဖြစ်လေသည်။လုံချန်က
သူ့အဖေ့ကို တိုက်ပွဲမြေပြင်နှင့် ခပ်ဝေးဝေးတစ်နေရာသို့ပို့ပေးသည်။တစ်ခုခု ကြီးကြီး ကျယ်ကျယ်ဖြစ်
တော့မည်ကို သူက ခံစားသိရှိနေသည်။

လုံချန်က မျက်၀န်းများကို အသာအယာမှိတ်သည်။အိပ်မက် ထဲတွင်ကယောင်ကတမ်းဖြင့် ရေရွတ်
သကဲ့သို့ လုံချန်က စကားတစ်ခွန်းကို ရေရွတ်နေသည်။

"ကြယ်ကိုးလုံးက ပထမတစ်လုံး ဖုန်ဖူ အကာအကွယ် ပေါ်ပေါက်လာပြီ"

လုံချန် မျက်လုံးပြန်ဖွင့်သည့် အခါတွင်မူ သူ့မျက်လုံးများထဲတွင် ကြယ်ပွင့်လေးတစ်ပွင့်ပေါ်လာသည်။
ထိုကြယ် ပေါ်ပေါက်လာသည်တွင် ကောင်ကင်နှင့်မြေကြီးက တော်လဲ သံကြီးများ မြည်ဟည်းကာ
တစ်သိမ့်သိမ့် တုန်လာ၏။လူအများမှာ ကြောက်လန့်တကြား ဖြင့် နောက်သို့ ဆုတ်ပြေးကြရသည်။
ကမ္ဘာမြေကြီးသည် နှစ်ခြမ်းကွဲမည်ကဲ့သို့ ထင်လာရသည်။

လုံချန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရောင်အဝါများ ဆက်တိုက်ထွက်နေသည်။သူ့၏ ဘေပတ်လည်
တွင်ကား ကျောက်စကျောက်များမှာ မုန်တိုင်းကြီးတစ်ခုပမာ ဝိုင်းပတ် ပျံသန်းလျှက်ရှိသည်။ယင်းသို့
သူ့အား လှည့်ပတ် ပျံသန်းရင်း ကျောက်တုံးများသည် လွန်စွာပြင်းထန်သော ဖိအားကြောင့် ဖုန်မှုန့်
များ၊သဲများ အဖြစ်သို့ပြောင်းသွားပြန်သည်။လုံရှင်းရှောင်နှင့် အခြားသူများက လုံချန်ကို ထိတ်လန်
ဟန်ဖြင့် ကြည့်နေကြသည်။ဤသူသည် သူတို့သိသည့်လုံချန်မှ ဟုတ်ပါလေစ။

ယခု သူတို့တွေ့နေရသည့်လုံချန်မှာ မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်နေ၏။လုံချန်သည် မူလနေရာမှ
ရုတ်ချည်း ဖြုတ်ကနဲ ပျောက်ကွယ်သွားကာ ၀တ်ရုံဖြူရှေ့၌ ပြန်ပေါ်လာပြီး လက်သီးတစ်လုံးပစ်သွင်း
လိုက်၏။၀တ်ရုံဖြူက လုံချန်ကို အံ့အားသင့်စွာဖြင့် ကြည့်နေခဲ့သော်လည်း လုံချန်ရုတ်ချည်း ပျောက်
သွားသည်ကို မြင်သည်နှင့် မသိစိတ်ဖြင့် လက်သီးပြန်ထိုးပြီးသားဖြစ်နေသည်။

ဖြောင်းကနဲ အရိုးကျိုးသံ ထွက်လာသည်။လုံချန်၏ လက်သီးကြောင့် ၀တ်ရုံဖြူ၏ လက်မောင်းမှာ
သွင်သွင်ကျိုးသွားခြင်းဖြစ်၏။လုံချန်က တစ်ချက်မှမရပ်ပဲ ညာခြေထောက်ဖြင့် ၀တ်ရုံဖြူကို ရက်ရက်
စက်စက် ကန်ပြန်သည်။ထိုသို့ဖြင့် ၀တ်ရုံဖြူ၏ မျက်နှာမှ အရိုးများ တစ်ချောင်းမကျန် ကျိုးကုန်သည်။
၀တ်ရုံဖြူ နောက်သို့ လွင့်သွားပြန်၏။

ထိုသို့ ၀တ်ရုံဖြူ နောက်သို့ လွင့်သွားချိန်တွင် လုံချန်က ကောင်းကင်ထက်တွင် ပုံရိပ်တစ်ရိပ်လို ပေါ်
လာသည်။သူက ညဘက်လက်ကိုမြှောက်ပြီး မြေပြင်သို့ ရိုက်ချသည်။၀တ်ရုံဖြူသည် ကြွေကျလာ
သည့် ကြယ်တစ်ပွင့်ကဲ့သို့ လွင့်လာပြီးလျှင် မြေပြင်သို့ ပစ်ကျလေသည်။ထိုနေရာ၌ မာကျောသော
မြေကြီးသည် ရေလှိုင်းများကဲ့သို့ တစ်လိမ့်လိမ့်ဖြစ်လာပြီး မီတာသုံးရာခန့်ကျယ်သည့် ချိုင့်ကြီးဖြစ်လာ
ကာ အထဲသို့ ကျွံကျသွားလေတော့သည်။

မီးတာ သုံးရာခန့်မျှ ကျယ်သည့် ဧရာမ ချိုင့်ကြီးအတွင်း၌ မီးသွေးတုံးတစ်တုံးကဲ့သို့ မဲနက်နေသည့်
လူတစ်ယောက်ရှိနေသည်။သူ့၏ အရိုးများမှာ လုံး၀ ကျိုးနေပြီ အင်္ဂလိပ် အက္ခရာ ယူ ပုံသဏ္ဍန် သို့ပင်
ပြောင်းနေချေပြီ။သို့သော် အံ့အားသင့်စရာကောင်းသည်က သူသည် မ သေသေးပဲ အသက်ရှုနေသေး
ခြင်းဖြစ်၏။

"မင်းလို မ လောက်လေး မလောက်စား ကောင်လေးကို အဆုံးသတ်ပေးရ  တော့မှာ ပေါ့"

ချိုင့်ကြီး၏ နှုတ်ခမ်းစပ်သို့ လုံချန် လျှောက်သွားလိုက်၏။လဲနေသည့် ၀တ်ရုံဖြူကိုကြည့်ရင်း အပ်အစင်း
ပေါင်းများစွာကို ထုတ်ယူသည်။

"ဒီကောင်လေးတွေရဲ့ အရသာကို ခံစားကြည့်စမ်း" အပ်အစင်းပေါင်းများစွာဖြင့် ၀တ်ရုံဖြူကို လုံချန် ပစ်
လိုက်သည်။အပ်အစင်းပေါင်းများစွာသည် သူ့၏ အရည်ပြား၌ စိုက်၀င်သွားလျှင် ၀တ်ရုံဖြူ၏ မျက်
လုံးမှာ မျက်လုံးအိမ်အတွင်းမှ အပြင်သို့ ပြူးထွက်မတတ်ဖြစ်သွား၏။

                   >>အားးးးးး<<

၀တ်ရုံဖြူ၏ ကြောက်လန့်တစ်ကြား အော်သံသည် မိုင်အတော်ဝေးဝေးသို့တိုင်အောင် ပျံ့နှံ့သွားလေသည်။

"မင်းကမှ တစ်ကယ့်ကို သုံးစားမရတဲ့ကောင်ပဲ ငါ့ညီဆိုရင် ဒီအပ်တွေစိုက်ခံရတာတောင် အသံတစ်သံ
မှ မထွက်ဘူး မင်းက တစ်ကယ့်အမှိုက်ကောင်ပဲ"

၀တ်ရုံဖြူကို လုံချန်က ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် ကြည့်သည်။၀တ်ရုံဖြူ၏ နာနာကျင်ကျင်
အော်သံက မရပ်တော့။ထိုစဉ် သူ့မျက်လုံးမှ ဖုန်ဖူကြယ်သည် ရုတ်ချည်း မှိန်ဖျော့ပျောက်ကွယ်သွား
သည်။ထိုသို့ ပျောက်ကွယ်သွားသည်နှင့် လုံချန်သည် လွန်စွာမောပန်းလာကာ ပစ်လဲကျသွား၏။

သို့သော် မြေပြင်သို့သူ မကျလိုက်။ထိုးအစား နူးညံ့သည့် ရင်ခွင်တစ်ခုထဲသို့ရောက်သွားသည်။မွှေးပျံ့
သည့် သင်းရနံ့လေးတစ်ခုက သူ့ရင်ကို နွေးထွေးစေ၏။

"လုံချန်"

ချူယောင်က လွန်စွာ အားနည်းနေသည့် လုံချန်ကို ပွေ့ဖက်ထားသည်။သူမ မျက်၀န်း၌ ပျော်ရွှင်မှု
ကြောင့် ကျလာသည့် မျက်ရည်စများကို လုံချန်တွေ့ရသည်။မုန်းတိုင်းက ပြီးသွားပြီဖြစ်ရာ လေပြေ
လေညှင်းလေး တိုက်ခတ်လာပြန်ပြီဖြစ်သည်။

"မင်းရင်ခွင်ထဲမှာ လှဲနေရတာ သက်တောင့်သက်သာ ရှိလိုက်တာ ပြန်မထချင်တော့ဘူး" လုံချန်က သူ့
မျက်၀န်းများကို အသာအယာမှိတ်၏။ချုယောင်မျက်နှာလေး ရဲပဒေါင်းခတ်သွားသည်။တစ်ခုခုမှားနေပြီ
ဟု လုံချန်ထင်လိုက်သည်။မှန်သည် လူပေါင်းများစွာက သူတို့နှစ်ယောက်ကို ဝိုင်းကြည့်နေကြသည်။
သည်မျှတော့ သူ မျက်နှာမပြောင်ရဲ။

လုံချန်က ရှက်ကိုးရှက်ကန်းဖြင့် ရယ်ရင်း မတ်တပ်ထရန်ကြိုးစားသည်။၀တ်ရုံဖြူ၏ အော်သံကိုမူ မကြား
ရတော့ချေ။ ကျင်ကျီသိုင်းသမားများပင် မခံနိုင်သည့် အရိုးဆွေး အဆိပ်အပ်များကြောင့် ၀တ်ရုံဖြူမှာ
သေဆုံးသွားပြီဖြစ်သည်။အပ်များ တစ်ကိုယ်လုံးအနှံ့စိုက်နေသော အလောင်းကောင်ကို ကြည့်၍ လူအများ
စိတ်အေးသွားကြသည်။

ထိုစဉ် အရာရှိတစ်ယောက် ရောက်လာပြီး လုံရှင်းရှောင်ကို ဦးညွှတ်သည်။

"စစ်သူကြီးကို အစီရင်ခံပါတယ် မဟာရှရဲ့ သူလျှိုတွေကို ကျွန်တော်မျိုးတို့ ထိမ်းသိမ်းမယ် လုပ်တုန်း
မှာ သူလျှိုတွေက သတ္တမမြောက်မင်းသားကို ဖမ်းဆီးထားပါတယ်"

ချုယောင်မျက်နှာ ကွက်ကနဲပျက်သည်။သူ့မောင်လေး......

လုံချန်ကပြော၏။

"သွားကြစို့"

ရဲမက်များက လမ်းဖယ်ပေးကြသည်။ရင်နှီးဖူးသည့် လူနှစ်ယောက်ကိုသောကြောင့် လုံချန်၏ မျက်နှာ
ထက်တွင် အပြုံးတစ်ခု တွဲလွဲခိုလာ၏။ထိုနှစ်ယောက်မှာ ရှပိုင်ချီနှင့် ကျန်းယောင်ယင် ဖြစ်လေသည်။
ကျန်းယောင်ယင်က သတ္တမမြောက်မင်းသား၏ လည်ပင်ထက်သို့ ဓားတလက်ကို တင်ထားသည်။
လုံချန်ရောက်လာသည်ကို မြင်လျှင် ရှပိုင်ချီက စိုးရိမ်စွာဖြင့်ပြောသည်။

"လုံချန် ဘာပြဿနာမှ မဖြစ်ချင်ဘူးဆိုရင် ငါတို့ကိုအေးအေး ဆေးဆေး ထွက်သွားခွင့်ပြုပါ ဒီလိုမှ မဟုတ်
ရင်....."

"သတ်လိုက်လေ" လုံချန်က  အသာအယာပြုံးသည်။

ချစ်ခြင်းများစွာဖြင့်.....

MK AUNG

Olvasás folytatása

You'll Also Like

175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...
11.5K 248 20
Idk first story so please be nice
194K 2.3K 71
ဖအေကနေ သားကိုသွားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ် ဖေအက သားကိုသြားထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်
168K 4.9K 96
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...