ရင်မှာ ဝှက်၍ ပျိုးခဲ့ပါသော...
Stellayoun
174K 9.5K 1.8K
ခန့်မှူးဇေယျာ မြပိတောက်ကြည်သာ Unicode & Zawgyi....💙 (picture from pinterest Credit to owner 💙) Еще
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
Question....✨☁
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
တောင်းပန်ခြင်း
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
Description for ''My Babies''
အပိုင်း (၂၆)
အပိုင်း (၂၇)
ကျေးဇူးတင်ခြင်း 💙
အပိုင်း (၂၈)
အပိုင်း(၃၀)
အပိုင်း (၃၁)
တောင်းပန်ခြင်း 🖤
အပိုင်း (၃၂)
Hello Babies 💙🥺
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း ( ၃၆ )
တောင်းပန်ခြင်း 🙏
အပိုင်း (၃၇)
အပိုင်း ( ၃၈)
အပိုင်း (၂၉)
3.5K 226 36
Stellayoun
Unicode.......
ကိုကြီးအနေနဲ့ ပထမဆုံးအလုပ်တက်တဲ့လမှာပဲ
သူ့ဌာနမှာဖြစ်လိုက်ရတဲ့ ပြဿနာတွေဆိုတာ
တစ်ပတ်တစ်မျိုးမရိုးရအောင်ပြန်ကြားနေရသည်။
ကိုယ့်အစ်ကိုက ဘာမှမသိလို့ခံလိုက်ရတာနဲ့
သိသိကြီးနဲ့ကို လက်အောက်ကဝန်ထမ်းတွေက ကလန်ကဆန်လုပ်ကြရတာနဲ့ အလုပ်စဝင်တဲ့
တစ်လလေးမှာကို သူ့ခမျာ ပြဿနာပေါင်း
တစ်သိန်းနှစ်သောင်းလောက်ကိုဖြေရှင်းနေရသည်။
အခုလည်း အဆင်မှပြေရဲ့လား ဖုန်းဆက်မေးရင်း
အခြေအနေကို လှမ်းထောက်ကြည့်နေမိသည်။
သူနဲ့ထိပ်တိုက်တွေ့မှာက မြသရဖီချစ်ဖြစ်နေတာနဲ့တင်ကို သူ့အစားကိုယ်က ရင်တုန်နေရပြီလေ။
''သူနဲ့က အဆင်ပြေပါတယ်
ငါ့ဆိုလည်း ဖေးဖေးမမနဲ့လုပ်ကူရှာပါတယ်''
''သူနဲ့အဆင်ပြေတယ်ဆို ပြီးတာပါပဲ
အလုပ်ထဲ ကြည့်ကျပ်နေနော်
နဂိုကမှ ကိုကြီးကိုဖြုတ်ချင်နေကြတာ''
''အေးပါ ညည်းကလည်း
ငါအခုတော်တော် နားလည်နေပါပြီဟ
မြသရဖီချစ်ကလည်း တော်တော်သင်ပြပေးတယ်''
''အေးပါ
ညီမလေးတောင် ဒီအပတ် မိုးကုတ်ဘက်သွားမလို့''
''အေးပါ အေးပါ
ဒါပဲလေ ငါလုပ်စရာတွေရှိသေးတယ်''
''ဟုတ်
ကြည့်ကျပ်လုပ်နော် လူပြောစရာဖြစ်မယ် ကြားလား''
''အေးပါဟာ ရှည်တာကို ဒါပဲ''
မြသရဖီချစ်က ဖေးဖေးမမကူညီတယ်ဆိုတာကြီးက နည်းနည်းတော့မယုံချင်စရာကြီးဆိုပေမဲ့
အဆင်ပြေနေပုံတော့ရပါတယ်လေ။
အိမ်ကအစ်ကိုကလည်း အလုပ်ဆိုရင် ဝါသနာပါတာနဲ့အလေလိုက်တာကလွဲပြီး ကောင်းကောင်းမလုပ်တတ်တာမို့ အမြဲတမ်းစိတ်ပူနေရသည်။
မြကိုယ်တိုင်ကလည်း တစ်ခုခုဆိုလူပြောခံရမှာစိုးတာနဲ့တင် ဆင်ခြင်နေထိုင်နေရသည်မဟုတ်လား။
ဒီတစ်ပတ်သောကြာနေ့က ကျောင်းမှာနေ့ခင်းပိုင်းအတန်းလည်းမရှိတာမို့ ကိုကိုနဲ့ဒိတ်မယ်ကြံထားပေမဲ့
မန္တလေးကဆိုင်ကိစ္စကြောင့် မပုံ့နဲ့အတူ မိုးကုတ်ဘက်ကိုလိုက်သွားရမည်ဖြစ်သည်။
ပထမဆုံးအတွေ့အကြုံမို့ ကိုကိုနဲ့ဒိတ်ဖို့ကို နောက်ရွှေ့လိုက်ကာ သောကြာနေ့ နေ့ခင်းကို မန္တလေးကိုပြန်ရလေမည်။
ဒီနေ့ကတော့ ကိုကိုနဲ့မြတို့ရဲ့ dayပဲ...။
မနက်ခင်းအတန်းချိန်က တစ်ချိန်ပဲရှိတဲ့အပြင် ညနေပိုင်းက အားကစားပွဲတွေရှိတာမို့ တစ်ချိန်တည်းရှိတဲ့အတန်းကို လစ်ပြီလေ။
ဆိုင်ကယ်ကို သူငယ်ချင်းအဆောင်မှာ အပ်ခဲ့ပြီး
ကိုကိုနဲ့လျှောက်လည်မယ်လေ....။
''ရှင့်လူကြီးက ဘယ်ကိုလာခေါ်မှာလဲ
အဆောင်ကိုလာခေါ်မှာတဲ့လား''
ဟေသာကတော့ကျောင်းသွားမှာမို့ ဖြီးလိမ်းပြင်ဆင်ကာ လွယ်အိတ်ကိုကိုင်ရင်းထွက်လာသည်။
သူငယ်ချင်းဆိုလို့တစ်ယောက်ပဲရှိပေမဲ့ အခုနောက်ပိုင်း မြရဲ့အချိန်တွေကို ကိုကိုနဲ့သူ့ကိုမနည်းခွဲပေးနေရသည်။
''အေး ဒီကပဲစောင့်တော့မယ်
လာနေပြီတဲ့
စာသင်တာကို recordလိုက်မှတ်ပေးထားဦးနော်
ဟီးဟီး''
''အေးပါ အေးပါ''
ဟေသာနဲ့တူတူသူ့အဆောင်ထဲကလိုက်ထွက်ရင်း
ဟေသာကကျောင်းကိုသွား မြကတော့ ကိုကိုလာခေါ်တာကိုစောင့်နေလိုက်သည်။
ဒီကိုမလာခင် ပုံနှိပ်တိုက်ကစာအုပ်တွေကိုအရင်ဝင်ယူနေတာမို့ နောက်ကျမယ်လို့ကြိုပြောထားတာမို့
မြဘာသာဖုန်းကြည့်ရင်းစောင့်နေလိုက်သည်။
ကိုကိုနဲ့ မြဆိုသည်မှာလည်း တစ်မြို့တည်းနေရပြန်တော့ ကျောင်းချိန်အလုပ်ချိန်ညှိနေရသည့်အပြင်
အိမ်ကမမိအောင် လှည့်ပတ်ချိန်းရသေးသည်။
ဒီကြားထဲ ကိုသုတတို့အတွဲကရန်ထထဖြစ်လို့ ညှိပေးရသေးသည်။
ဟိုတလောကလည်း ရန်ဖြစ်တာ ဆေးရုံထဲထိလိုက်ချော့လို့ ဆေးရုံထဲမှာသို့လောသို့လော သတင်းတွေထွက်လာသေးသည်။
မြဇာတ်ရှုပ်ထားတဲ့ ဇာတ်လမ်းကြီးက သပွတ်အူကြီးလိုဖြစ်တော့မှာကို ကြိုတွေးမိနေပြီး တချို့ညတွေဆိုအိပ်တောင်မပျော်တော့။
အခုလည်း ig သုံးနေရင်း ကိုကြီးရှင်းသန့်အကောင့်မှတင်ထားသော ပုံလေးတွေကိုကြည့်နေမိသည်။
ကိုကြီးရှင်းသန့်သည်
ကိုသုတနဲ့ ဒိတ်တိုင်း memory အဖြစ် မသိမသာနဲ့ပုံလေးတွေတင်တတ်သေးသည်။
စေ့စပ်ထားတာကို ပြန်ဖျက်နိုင်မဲ့နည်းလမ်းမြန်မြန်ရှာပြီး လွတ်လွတ်လပ်လပ်ပဲနေချင်တော့သည်။
''မြပိတောက်ကြည်သာရေ
ဘာတွေ တွေးနေတာလဲ
ကိုယ့်ကားလာတာတောင် မသိဘူးပဲ''
''အာ....''
ကိုကို့ အသံကြားတော့မှ ကိုကို့ကားရပ်နေတာကိုသတိထားမိတော့သည်။
ကိုကိုက ကားပေါ်ကမဆင်းဘဲ မြဘက်က တံခါးကိုလှမ်းဖွင့်ပေးကာ
ကျောပိုးအိတ်လေးကို သေချာလွယ်ကာ ကိုကိုဖွင့်ပေးသော ကားထဲသို့ဝင်လိုက်ပြုံးကြည့်နေသည်။။
''ပြောပါဦး ဘာတွေ တွေးနေတာလဲ''
''ကိုကို့ကို ချစ်တဲ့အကြောင်းတွေ''
''ကဲ ဒီကလေးကတော့''
ကိုကိုရှက်သွားတဲ့ပုံကို ကြည့်ရင်း မြ ပြုံးဖြီးဖြီးလုပ်နေမိကာ စိတ်ပါကြည်လင်လာရသည်။
ကိုကိုက မြအတွက် တကယ့်ကိုအကြည်ဓာတ်ကြီးပါဆို....။
''မနက်စာရော စားပြီးပြီလား''
''မစားရသေးဘူး''
''ဘာစားချင်လဲ ''
''ကိုကို့ကို စားချင်တယ်''
''ကဲ...
မြပိတောက်ကြည်သာ
ပေါက်ကရတွေမပြောနဲ့တော့
ဘာစားမှာလဲ အတည်ဖြေ''
ရှက်ရမ်းရမ်းနေသော ကိုကို့ကြောင့် မြမှာ တစ်လမ်းလုံး တခွီးခွီးရယ်ရင်း နောက်ဆုံးတော့ မြို့ပြင်က
စားသောက်ဆိုင်ဆီရောက်သွားတော့သည်။
မနက်စာကို ကိုကိုနဲ့တူတူစားပြီးတော့ ကားလေးဟာမြို့ပြင်ဘက်ကိုဦးတည်ကာ မြသိပ်သွားချင်နေသည့် လယ်ကွင်းတွေဆီကို တဟုန်ထိုးပြေးနေခဲ့ပါတော့သည်။
ကိုကိုကားရပ်လိုက်တော့ ကားပေါ်ကမဆင်းဘဲ
မျက်စိတစ်ဆုံးနီးပါးမြင်နေရသော လယ်ကွင်းတွေဆီကို ငေးမောကြည့်လိုက်မိသည်။
စိတ်ကူးယဥ်အိမ်မက်တွေထဲက တစ်ခုကိုပြောပါဆိုလျှင် ချစ်ရသူနဲ့အတူ လယ်ကွင်းစိမ်းစိမ်းတွေကို တမေ့တမောငေးကြည့်ချင်နေတာပဲ။
လယ်ကွင်းတွေရယ်မှ မဟုတ်ပါဘူး
ဘယ်သဘာဝအလှတရားမဆို ချစ်တဲ့သူနဲ့အတူတူ ခံစားကြည့်ဖူးချင်တာပါပဲ။
''မြပိတောက်ကြည်သာ
ဆင်းလာလေ ဘာလုပ်နေတာလဲ''
ကိုကိုက အရိပ်ကောင်းတဲ့သစ်ပင်တစ်ပင်အောက်မှာ
ပလတ်စတစ်ဖျာလေးတောင်ခင်းပြီးလို့
မုန့်ထုပ်တွေတောင် သယ်နေပေမဲ့ မြကတော့ကားပေါ်ကနေရွေ့တောင်မရွေ့ရသေး။
ဘာလို့ ဒီမြပိတောက်ကြည်သာ
မြပိတောက်ကြည်သာလို့ပဲ ခေါ်နေတာလဲ။
ဘာလို့ ဘေဘီလို့မခေါ်တော့တာလဲ။
စိတ်များဆိုးနေလို့လား။
စိတ်ဆိုးရအောင် ဘာမှလည်းလုပ်မထားရပါဘူး။
''ကိုကို
ဘာလို့ ဘေဘီ့ကို ဘေဘီလို့မခေါ်တော့တာလဲ''
''အမ်
ဘယ်လို''
''ဟုတ်တယ်လေ
ကိုကိုက မြပိတောက်ကြည်သာ
မြပိတောက်ကြည်သာနဲ့ပဲခေါ်နေတာ
ဘေဘီလို့လည်း မခေါ်တော့ဘူး''
''ဒီတိုင်း ခေါ်မိသွားတာပါကွာ
ရစ်စရာမရှိကြံဖန်ရစ်နော် ညည်းလေးက''
''မသိဘူးလေ
ကိုကိုက မချစ်တော့ဘူးများလားလို့''
''ကဲ
လောလောဆယ် အဲ့ကားပေါ်က ဆင်းခဲ့လိုက်
ဒီမှာ အကုန်ရယ်ဒီဖြစ်နေပြီ''
''ဟုတ်''
ကိုယ့်ပခုံးပေါ်ကိုမှီထားတဲ့ ဘေဘီ့ဆီကနေပြီးတော့
သနပ်ခါးနံ့သင်းသင်းလေးရနေသည်။
တကယ်တမ်း ကိုယ်သူ့ကိုဘေဘီလို့မခေါ်ဖြစ်တာက
ဒီဘက်ခေတ်မှာ အတွဲတော်တော်များများက ဘေဘီနဲ့ကိုကိုဖြစ်နေတတ်ကြတယ်လေ။
ဘေဘီဆိုတာထက် ပိုပြီးမြတ်နိုးဖွယ်ရာကောင်းတဲ့နာမ်စားလေးကိုခေါ်ချင်နေတာ....။
ဒါပေမဲ့ ဒီကောင်မလေးက ကြိုက်ပါ့မလား။
ဘေဘီမရိပ်မိအောင် သူ့ဆံပင်စလေးတွေကို ခေါင်းစောင်းကာ ငုံ့နမ်းလိုက်ရင်း ဒီကောင်မလေးအပေါ် ကိုယ့်စိတ်တွေဘယ်လောက်တောင် ပြိုဆင်းနေပြီဆိုတာကို တွေးမိတော့ ပြုံးမိသည်။
ဘေဘီဟာ သူ့အတွက်တော့မရိုးနိုင်တဲ့ အနုပညာလက်ရာလေးတစ်ခုလိုပဲ။
လှပလွန်းပြီး နူးညံ့သယောင်ရှိတဲ့ သိပ်လှတဲ့ပန်းလေးတစ်ပွင့်ဆိုလည်း မမှားဘူး။
ခပ်ဆိုးဆိုး ခပ်ချွဲချွဲ ရည်းစားလေးဆိုပေမဲ့ တစ်ခါတလေ အလုပ်အတွက် အကြံဉာဏ်တွေကလည်းပေးတတ်သေးသည်။
''မွ....''
ရုတ်တရက်မေးဖျားဆီကိုလာနမ်းလိုက်ပြန်တာမို့
ဒီကလေးဆိုးလေးကို အသည်းယားကာ တင်းနေအောင် ဖက်ထားလိုက်သည်။
ကိုယ်က သူ့ထက်အသက်အရမ်းကြီးနေတာမို့
နုနုရွရွတွေသိပ်မပြောတတ်တာထက် ဘေဘီ့ရှေ့မှာ ပြောမထွက်တာဖြစ်သည်။
တကယ်လို့များ ဘေဘီက ကိုယ့်ကို စားဘဲကြီးလို့ထင်သွားရင် ပြဿနာပဲ။
ဖက်ထားပြီးကာမှ ကိုယ့်အတွေးနဲ့ကိုယ် တွန့်သွားကာ
ဖက်ထားတဲ့လက်တို့လျော့ရဲသွားရသည်။
''မွ....''
ဟော....ကိုယ်ကသာ တွန့်နေတာ
သူကနမ်းနေလိုက်တာများ တစ်ချက်ပြီးတစ်ချက်....။
ဒီကလေးဆိုးလေးကတော့လေ.....။
''ဘေဘီကတော့ကွာ
တကယ့်ကိုလေ....''
''ဘာလဲ မကျေနပ်ဘူးလား
မကျေနပ်ရင် ပြန်နမ်း''
မခိုးမခန့်ရုပ်ကလေးနဲ့ ပါးထိုးပေးလာတော့
လက်တစ်ဖက်နဲ့ဆွဲယူကာ နှုတ်ခမ်းပါးလေးတွေကို
ဖိကပ်နမ်းပစ်လိုက်သည်။
အိစက်နေသော နှုတ်ခမ်းပါးလေးတွေဟာ
ယစ်မြူးတွယ်ငြိစရာ....။
တတိတိကိုက်ဖျက်ချင်ဖွယ်ရာ နှုတ်ခမ်းပါးလေးတွေကို တရစပ်နမ်းရှိုက်နေမိတာ ဘေဘီ့လက်တွေသူ့ရင်ဘတ်ကိုမထုရိုက်ခင်အချိန်အထိ.....။
''ကိုကိုနော် ဇွတ်ကြီး
သူများကို''
အနမ်းတွေကိုရပ်တန့်ချိန်မှာ ဘေဘီတစ်ယောက်ဟာ
နှုတ်ခမ်းကိုက်ရက်သားလေးနဲ့ သူ့ကိုကြည့်လာတော့ ပါးလေးကိုချစ်စနိုးနဲ့ ဆွဲဖဲ့လိုက်သည်။
မြပိတောက်ကြည်သာကလေ
သိပ်ကိုချစ်ဖို့ကောင်းတာပဲ.....။
''ဘေဘီ
ဘေဘီ့ပါးမှာ နဖူးမှာ အဖုလေးတွေထင်တယ်
ဘာဖြစ်တာလဲ''
''အာ အဲ့ဒါ အဆီဖုတွေ....
မိတ်ကပ်သုံးတာများလို့ ထင်တယ် မသိပါဘူး
ဒီမယ် မျက်ခုံးမွှေးထဲမှာလည်း ဝက်ခြံပေါက်နေတာစိတ်ညစ်စရာကြီး''
''ဘေဘီက ဝက်ခြံနဲ့ဆိုလည်း ချစ်စရာကောင်းပါတယ်....အဟမ်း''
ကိုယ့်ဟာကိုယ် ပြောပြီးမှ မျက်နှာပူလာတာမို့
ချောင်းဟန့်လိုက်ရသည်။
ဘေဘီကတော့ သူ့ကို လူကြီးဖြစ်ပြီးပေါက်ကရတွေပြောတယ် ထင်တော့မှာပဲ။
''ဟီးဟီး
ကိုကို ကြူးတာခံရတာ ကောင်းလိုက်တာ''
''ဟမ် ဘာကြီး
ကြူးတာ....?''
''အွန်းလေ
ကိုကို့ဆီကနေပြီးတော့ ဘေဘီနဲ့ပတ်သတ်လို့
အဲ့လိုလေးတွေ ပြောရင် အရမ်းသဘောကျတာပဲ''
''အင်းပါ ဟုတ်ပါပြီ''
စကားလေးပြောလိုက် ဝယ်လာတဲ့မုန့်စားလိုက်နဲ့
ဘဝကြီးကသာယာနေတဲ့အချိန်မှာ ဘေဘီ့မျက်နှာလေးက ရှုံ့မဲ့မဲ့လေးဖြစ်လာတာကိုသတိထားမိလိုက်သည်။
တဖြည်းဖြည်းနဲ့ နဖူးစလေးတွေမှာ ချွေးတွေပါစို့လာတာမို့ တစ်ရှူးကိုလှမ်းယူလိုက်ကာ ဘာဖြစ်သလဲဆိုတာ မေးတော့ ဗိုက်အောင့်လို့တဲ့။
''ဒီနေ့ ၁၀ရက်နေ့လေ ဘေဘီ
ဘေဘီ့ရဲ့ menstruation ရက်ကမနက်ဖြန်မလား
အဲဒါကြောင့် အောင့်တာနေမှာ
တော်တော်အောင့်နေတာလား''
''ဟုတ်
ခုနကသိပ်မအောင့်ဘူး
အခုမှ ခါးတွေပါနာလာသလိုပဲ''
''ကိုကိုတို့ ပြန်ကြမလား
ဘေဘီ တော်တော်အောင့်နေတာမလား''
''ပြန်ချင်ဘူး ကိုကိုနဲ့ရှားရှားပါးပါးဒိတ်ရတာလေးကို''
''ကိုကိုနဲ့ကဘယ်ချိန်တွေ့တွေ့ရတယ်လေ''
''မရဘူး ဒီလိုလေးပဲ နေဦးမှာ''
ကိုကို့ပခုံးပေါ် ပြန်မှီချလိုက်တော့ ကိုကိုက ခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးနေပြန်သည်။
အဲ့ဒီလိုတွေလုပ်လေလေ ဒီကောင်မကြီးက ကိုကို့နားမှာ ကြောင်ပေါက်လေးလို့ ချွဲချင်နေတော့တာပဲ။
မိန်းကလေးတို့ရဲ့ menstruation ကာလမှာ တခြားသူတော့မသိဘူး မြသည်တော့အခုနောက်ပိုင်း ဗိုက်တွေဆိုလည်းတအားအောင့် ခါးဆိုလည်း တဆစ်ဆစ်နဲ့ကိုက်လိုက်ခဲလိုက်တာမှ တစ်ခါတရံဆို ခွေခေါက်နေရသည်။
နာတဲ့ဒဏ်မခံနိုင်တဲ့ မြကတော့ သက်သာမဲ့ဆေးတွေသောက်ပြီးအိပ်ပစ်လိုက်ပေမဲ့ ကိုကိုကတော့ ဆေးပဲမသောက်ဖို့မှာနေပြန်လေပြီ။
''အာ့....''
တွေးနေတုန်းကို ခဏလှုပ်မိတဲ့အခိုက်မှာ ခါးကစူးခနဲအောင့်သွားတာမို့ အသံတောင်ထွက်လိုက်မိသည်။
မြအသံထွက်မိလိုက်လို့လားမသိ ကိုကိုက မြခန္ဓာကိုယ်လေးကို ဆွဲမတ်လိုက်ကာ သူ့ကိုကျောခိုင်းလိုက်စေသည်။
ထို့နောက် ကိုကို့လက်သည် နာနေသောခါးနားတစ်ဝိုက်ပေါ်ကိုရောက်လာကာ နှိပ်ပေးနေတာမို့ လက်ကိုအတင်းဆွဲဖယ်ရသည်။
''ငရဲတွေတော့ ကြီးကုန်တော့မှာပဲ
ရတယ် ဘာမှမဖြစ်ဘူး အရမ်းကြီးမနာပါဘူး ကိုကိုရဲ့''
''နည်းနည်းတော့ သက်သာတယ်မလား
ငြိမ်ငြိမ်နေ ''
''အာ ရပါတယ်ဆို''
''ငြိမ်ငြိမ်နေ ဘေဘီ
ကိုကိုပြောနေတယ်နော်''
''ဟုတ်......''
ခါးထက်မှာ လှုပ်ရှားနေတဲ့ကိုကို့လက်တွေဆီကနေ အနွေးဓာတ်တွေကိုခံစားနေမိသည်။
အားထည့်ပြီး ဖြည်းဖြည်းချင်း နှိပ်ပေးနေတာမို့
ခုနကထက်စာရင်တော့ ခါးကိုက်တာကတော့ သက်သာလာသည်။
ဒီလိုဇိမ်ခံနေရတာကို သဘောတွေ့ပေမဲ့
ကိုကိုကလုပ်ပေးနေရတာကိုကျ အားနာနေမိပြန်သည်။
''ကိုကို့
ဘေဘီ menstruation ဖြစ်တော့မှာကို ကိုကိုဘယ်လိုသိလဲ''
''အရင်တစ်ခေါက် ဘေဘီအဲဒါဖြစ်တော့ ကိုကိုလည်းသိတယ်လေ ''
''အာ
မှတ်ထားတာလား ကိုကိုက''
''ဒီလိုပဲ သတိတရရှိနေတာပါ''
ကိုကို့အဖြေကြောင့် မြရင်ထဲမှာကြိတ်ပြီး ကြည်နူးသွားရသည်။
သတိတရလေးရှိနေတာပါတဲ့လေ။
အိုခေပါ ကိုကိုရေ.....။
ပိုပိုပြီးချစ်လာပါပြီနော်.....။
''ဗိုက်အောင့်နေတာကျ ဆေးချည်းပဲ မသောက်နဲ့လေ
တော်ကြာအကျင့်ဖြစ်သွားမယ်
အစားအသောက်ကို ခဏတော့ရှောင်
လက်ဖက်တွေမစားနဲ့နော်
ဘေဘီလက်ဖက်ကြိုက်တာ ကိုကိုသိတယ်''
''ဟုတ်''
''မုန့်စားနိုင်သေးရဲ့လား
အအေးတော့မသောက်နဲ့တော့''
''စားတော့ဘူး
ကိုကို့နားပဲကပ်ချွဲချင်တော့တယ်''
''ဟုတ်ပါပြီ
နောက်မှချွဲ
အခုဘေဘီနေရခက်နေပြီမလား
ဒီနားက လေအေးတွေတိုက်တယ်
ဘေဘီမပြန်ချင်သေးရင် ကိုကို့ဆိုင်မှာနေကြမယ်''
''ဟုတ်
ဘေဘီ့ကြောင့်နဲ့ ဘေဘီတို့ရဲ့ ဒိတ်လှလှလေးပျက်ရပြီ''
''ဒိတ်ရတဲ့ ရည်ရွယ်ချက်က မင်းနဲ့အတူရှိချင်လို့လေ
မင်းအိမ်ရှေ့မှာတင် အိမ်နေရင်းအဝတ်အစားနဲ့တွေ့ရလည်း ကိုယ့်အတွက် ကြည်နူးရတာပါပဲ
လျှောက်လျှောက်မတွေးနဲ့
ကိုကိုနဲ့မင်းနဲ့ တူတူရှိနေသရွေ့ နောက်ထပ်ဒိတ်လှလှလေးတွေ အများကြီးတွေလုပ်လို့ရဦးမှာ အိုခေ''
''အွန်း အိုခေ''
''ကဲ ဒါဆို......''
''အယ်.......''
ကိုကိုသည် မြကိုပွေ့ချီလိုက်ကာ ကားထဲထိသေချာပို့ပေးသည်။ထို့နောက် ဖျာတွေနဲ့ ပစ္စည်းတွေကိုသိမ်းဆည်းပြီးမှ ကိုကို့ဆိုင်ရှိရာကိုသွားရတော့သည်။
ကိုကို့ဆိုင်ရှိရာကိုသွားမယ်ဆိုရင် မြို့ကိုပတ်သွားလို့ရပေမဲ့ ကိုကိုကတော့ မြို့ထဲကိုတစ်ခေါက်ပြန်ဝင်နေပြန်သည်။
မြလည်း ဗိုက်အောင့်နေတာရယ်ခါးကိုက်နေတာရယ်နဲ့စိတ်ကမကြည်တော့တာမို့ ဘာမှမေးမနေတော့ဘဲ ငြိမ်ငြိမ်လေးသာလိုက်ခဲ့မိသည်။
မြို့ထဲက shopping mall တစ်ခုဆီရောက်တော့မှ ကားကိုလမ်းဘေးချရပ်ကာ ခဏဆိုပြီးဆင်းသွားလေသည်။
ကိုကိုက အဲယားကွန်းလျှော့ထားခဲ့တာမို့ သက်သောင့် သက်သာဖြစ်နေသော လေထုကြောင့်ကိုကို့ကိုစောင့်ရင်းနဲ့ အိပ်ချင်လာကာ မျက်လုံးလေးမှိတ်ပြီးခဏမှေးလိုက်သည်။
''Ring....Ring....Ring....''
မှေးနေတုန်းကို ကိုကို့ဖုန်းမြည်လာတာမို့ ကွညျ့လျိုကျတော့ ဖုန်းနံပါတ်အစိမ်းကြီးဖြစ်နေလေသည်။အလုပ်ဖုန်းများလားလို့ တွေးမိပြီးမကိုင်ဘဲနေမယ်လုပ်လိုက်ပေမဲ့ မသိစိတ်က ဖုန်းကိုင်လိုက်ဖို့ကို တွန်းအားပေးနေလေသည်။
ကိုင်သင့်မကိုင်သင့်စဥ်းစားနေတာနဲ့တင်ဖုန်းကကျသွားတာမို့ သက်ပြင်းချနေတုန်းရှိသေး ဖုန်းကနောက်တစ်ခါထပ်ဝင်လာပြန်သည်။
ဘာနေနေဟယ် ကိုင်လိုက်မယ်ဆိုပြီး ကိုင်ချလိုက်တော့ တစ်ဖက်က မိန်းကလေးသံထွက်လာသည်။
''ကိုဇေ အလုပ်တွေရှုပ်နေတာလား''
ဘာလဲဟ ကိုဇေတဲ့....။
ခေါ်လိုက်ပုံကလည်း ရင်းရင်းနှီးနှီးဆိုတော့ ဘယ်သူကြီးလဲမသိဘူး။
ကိုကို့မိတ်ဆွေတွေအမျိုးတွေကြားထဲလည်း ကိုဇေလို့ခေါ်တဲ့မရှိပါဘူး။
''ဟဲလို ကိုဇေ
ခေမာပြောတာ ကြားရလား''
'''အခုပြောနေတာ ကိုဇေမဟုတ်ပါဘူး
သူ့ကောင်မလေးပါ
အဲဒီဘက်ကရော ဘယ်သူလဲရှင့်''
''သြော် ကောင်မလေးလား
ဒါဆိုလည်း ကိုဇေ့ကိုခေါ်ပေးလို့ရမလား
ပြောစရာလေးရှိလို့''
တစ်ဖက်ကနေ ခပ်ချွဲချွဲနဲ့ထွက်လာသော လေသံကြောင့် နဂိုကတည်းကမကြည်တဲ့စိတ်ကပိုဆိုးလာကာ မျက်လုံးကိုအပေါ်သို့လှန်ချလိုက်သည်။
''ကိုကို့ကို ခေါ်ပေးလို့မရဘူး
ပင်ပန်းလို့တဲ့ အိပ်နေတယ်
ဘယ်သူလဲ ပြောခဲ့လေ ကိုကိုနိုးလာရင်ပြောပေးမယ်''
''သြော် ဒါဆိုလည်း ခေမာဖုန်းဆက်တယ်လို့ပြောပေးပါ ''
''ဟုတ်ကဲ့''
''see you ကောင်မလေး''
see youတောင်လုပ်သွားသော တစ်ဖက်ကမိန်းမကို
ဘာရယ်မသိစိတ်ထဲကတောင်ချဥ်မိသွားသည်။
စကားပြောတာကြီးက ဘယ်လိုကြီးမှန်းလည်းမသိဘူး။
ကိုကို့ကိုသေချာမေးရမယ်...ဘယ်ကမိန်းမကြီးလည်းမသိပါဘူး စိတ်ရှုပ်စရာ....။
ကိုကိုကလည်း သွားတာကြာလှပြီကို ပြန်မလာသေးဘူး။
mallထဲက ထွက်လာသမျှလူတိုင်းကို ဟိုကြည့်ဒီကြည့်ငေးကြည့်ရင်းနဲ့သာအချိန်ကုန်နေရင်း တော်တော်ကြာမှကိုကိုက အထုတ်တွေတပွေ့ကြီးနှင့်ပြန်လာသည်။
''စောင့်ရတာကြာသွားတယ်မလား''
''ကြာပါဘူး အဲ့လောက်ကြီး
ဒါနဲ့ ကိုကို့ဖုန်းလာသေးတယ် ဘေဘီကိုင်လိုက်တာ
ခေမာတဲ့ ဘယ်သူကြီးလဲ''
''သြော် လုပ်ငန်းကိစ္စနဲ့ပတ်သတ်နေရတဲ့အမျိုးသမီးပါ
သူနဲ့ပတ်သတ်တာလည်းမဟုတ်ပါဘူး သူ့အဖေနဲ့ပတ်သတ်နေရတာ''
''အဲဒါကိုဘာလို့ ကိုကို့ဆီဖုန်းဆက်နေရတာလဲ
ပြီးတော့ သူကကိုကို့ကိုဖုန်းပြန်ဆက်ပါဦးတဲ့
ဘာလုပ်ဖို့လဲ မသိပါဘူး''
''ကိုကိုလည်း မသိဘူးလေ
သူ့အဖေဆီပဲ ပြန်ဆက်လိုက်မယ်
ထားပါ ဒီမှာ ဘေဘီ့အတွက်မုန့်ဝယ်လာတယ်''
''ဘာကြီးလဲ''
ကိုကိုပေးလာတဲ့ စက္ကူအိတ်လေးကိုဖွင့်ကြည့်တော့
ငါးပေါင်မုန့်လေးတွေကိုတွေ့လိုက်ရသည်။
အကြိုက်ဆုံးအစားအစာထဲမှာပါတာမို့ ပျော်သွားကာ
ကိုင်ကြည့်လိုက်တော့ ပူပူနွေးနွေးလေးပဲရှိသေးသည်။
''ကြိုက်တယ်မလား
ကြက်သားရယ် တူနာရယ်ကိုမှ နှစ်မျိုးစလုံးကို cheeseနဲ့''
''ကြိုက်တယ် ကြိုက်တယ်
အား....ကိုကို့ကိုချစ်လိုက်တာ''
''ပူပူနွေးနွေးလေးဖြစ်တုန်းစားလိုက်ဦး
ပြီးတော့ ဘေဘီ့အတွက် padဝယ်လာတယ်
ကောင်းမယ်ထင်တာဝယ်လာခဲ့လိုက်တာ
တစ်မျိုးက ပူရှိန်းထင်တယ်
နောက်တစ်ခုကတော့ရိုးရိုးပဲ ဒါပေမဲ့ ညဘက်သုံးတဲ့ဟာတဲ့
နှစ်ထုပ်ဆီဝယ်လာခဲ့လိုက်တယ် လောက်ရဲ့လား''
''ဟင်
ဘာကြီးဝယ်လာတာ''
''pad လေ
ဘေဘီတို့ အခုလို menstruation ဖြစ်တဲ့အချိန်မှာ သုံးရတဲ့ဟာ''
''ဟယ် ကိုကိုရယ်
အဲ့ဒါကြီးဝယ်ရတာ မရှက်ဘူးလား
ဘေဘီ့ဘာသာဝယ်မှာပေါ့''
''ရှက်စရာမရှိပါဘူး
ဘာလို့ရှက်ရမှာလဲ
နောက်တစ်ခုက ဘေဘီလဲဝတ်လို့ရအောင်အဝတ်အစားရယ်''
''ဟင် ဘာလို့အဝတ်အစားကလဲရမှာလဲ
ဟိုဟာ.......''
မြမျက်လုံးထဲမှာ တစ်ခုခုကိုပြေးမြင်လိုက်ကာ
ခန္ဓာကိုယ်လေး မတ်သွားရင်းအလိုအလျောက်လက်ကတင်ပါးဘက်ဆီထိကြည့်လိုက်မိသည်။
''ဟုတ်တယ်
ဘေဘီ နောက်မှာစွန်းနေပြီ
ခုနဘေဘီ့ကိုပွေ့လိုက်ပြီးမှ ကိုကိုလည်းသိတာ''
''အာ ကိုကိုရာ''
ရှက်လွန်းလို့ သေပါပြီ။
ဘယ်လိုတောင် အဖြစ်ဆိုးရတာလဲ
မြပိတောက်ကြည်သာရယ်.....။
ကိုကိုရှေ့ရောက်မှ ဒီလိုမျိုးကြီးတွေဖြစ်ရလားဟဲ့
စိတ်ညစ်သွားကာ ငိုချင်လာတာမို့ လက်ထဲကငါးပေါင်မုန့်ကိုလည်း မစားနိုင်တော့ဘဲ ကားမောင်းနေတဲ့ကိုကို့ကိုသာ တွေတွေကြီးကြည့်နေမိတော့သည်။
''ဘာလို့ငြိမ်သွားတာလဲ ''
''.......''
''ဟောဗျာ
ဒီကလေး ဘာဖြစ်သွားတာလဲ
ဒီဘက်လှည့်ပါဦး''
''......''
''ဘေဘီ
ရှက်နေတာလား
ဘာလို့လဲ''
''ကိုကို့ကိုရော ပေသွားသေးလားဟင်''
''ဘာလဲ....
အာ မပေပါဘူး
ဘယ်နားမှာမှ မပေဘူး ဟုတ်ပြီလား
ပေလည်းဘာမှမဖြစ်ဘူး......နော်''
''မသိဘူး ကိုကိုရာ....
ရှက်တာထက် မျက်နှာပူတာ
မသိတော့ဘူး''
''ကဲ
ဗိုက်တွေလည်းပိုအောင့်ကုန်ပါ့မယ်
စိတ်ညစ်မနေနဲ့တော့
ကိုကိုဘာမှမဖြစ်ဘူး ပေလည်းမပေဘူး ဟုတ်ပြီလား
အဓိက က ဘေဘီအဆင်ပြေရင်ရပြီ
လိမ္မာတယ်နော် မြပိတောက်ကြည်သာလေးက''
ကားမောင်း​ရင်း ခေါင်းလေးကိုခပ်ဖွဖွလာပုတ်နေသော ကိုကို့ကြောင့် စူပုတ်ချင်နေတဲ့မျက်နှာလေးကိုတစ်ထစ်လျှော့လိုက်ရပေမဲ့ ကိုကို့အပေါ်အားနာတဲ့စိတ်က အလုံးစုံပျောက်မသွားသေး။
ဒီလူကြီးဆီက ဒီလိုလုပ်ပေးခံနေရတာဟာ
အချစ်ခံနေရတာပါလားဆိုပြီးတွေးဖို့တောင် မဝံ့မရဲနဲ့.....။
''ကဲပါ
စူပုတ်မနေနဲ့တော့
ကိုကိုဝယ်လာတာအဆင်ပြေရဲ့လား ကြည့်ကြည့်ဦး
ဆိုင်ရောက်ရင် ကြက်သားစွပ်ပြုတ်လုပ်တိုက်မယ်
နေမကောင်းနေတဲ့ကိစ္စကို စိတ်အရှုပ်မခံနဲ့''
''ဟုတ်....''
ကိုကိုဘာတွေဝယ်လာသလဲဆိုတာကိုတောင် မကြည့်နိုင်ဘဲ ကိုကို့လက်မောင်းပေါ်လှမ်းမှီချရင်း ကပ်ချွဲနေမိတော့သည်။
ဒီလူကြီးကို ချစ်လွန်းလို့ ရူးမှာပဲ.....။
ထိုစဥ် မြပိတောက်ကြည်သာရဲ့ ဖုန်းဟာ silentဖြစ်နေကာ ဖုန်းတွေဆက်တိုက်ဝင်နေခဲ့လေသည်။
''missed call( 5) Ko Thuta''
......................💙......................
9 July ,2023
Sunday
ဖတ်ရှုအားပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီနဲ့
votes & comments ပေးကြသော
ကလေးတစ်ယောက်ချင်းစီကို
ကျေးဇူးတင်ပါတယ်ရှင်  💙။
Reading List ထဲထည့်ပေးနေကြတာကိုလည်း
ကျေးဇူးတင်ပါတယ်နော်...။
ရှင်တို့က ကျွန်မရဲ့ ဗီတာမင်လေးတွေပါပဲ 💙။
Zawgyi........
''သူနဲ့က အဆင်ပြေပါတယ်
''အေးပါ ညည်းကလည်း
''အေးပါ
''အေးပါ အေးပါ
''ဟုတ်
လာနေပြီတဲ့
ဟီးဟီး''
''အေးပါ အေးပါ''
ကိုကြီးရှင်းသန့်သည်
''မြပိတောက်ကြည်သာရေ
ဘာတွေ တွေးနေတာလဲ
''အာ....''
''ကဲ ဒီကလေးကတော့''
''မစားရသေးဘူး''
''ဘာစားချင်လဲ ''
''ကဲ...
မြပိတောက်ကြည်သာ
ဘာစားမှာလဲ အတည်ဖြေ''
''မြပိတောက်ကြည်သာ
''ကိုကို
''အမ်
ဘယ်လို''
''ဟုတ်တယ်လေ
''မသိဘူးလေ
''ကဲ
''ဟုတ်''
''မွ....''
''မွ....''
''ဘေဘီကတော့ကွာ
တကယ့်ကိုလေ....''
''ဘာလဲ မကျေနပ်ဘူးလား
မကျေနပ်ရင် ပြန်နမ်း''
ယစ်မြူးတွယ်ငြိစရာ....။
''ကိုကိုနော် ဇွတ်ကြီး
သူများကို''
မြပိတောက်ကြည်သာကလေ
''ဘေဘီ
ဘာဖြစ်တာလဲ''
''အာ အဲ့ဒါ အဆီဖုတွေ....
''ဟီးဟီး
''ဟမ် ဘာကြီး
ကြူးတာ....?''
''အွန်းလေ
''အင်းပါ ဟုတ်ပါပြီ''
''ဒီနေ့ ၁၀ရက်နေ့လေ ဘေဘီ
''ဟုတ်
ခုနကသိပ်မအောင့်ဘူး
''အာ့....''
ငြိမ်ငြိမ်နေ ''
''အာ ရပါတယ်ဆို''
''ငြိမ်ငြိမ်နေ ဘေဘီ
ကိုကိုပြောနေတယ်နော်''
''ဟုတ်......''
''ကိုကို့
''အာ
မှတ်ထားတာလား ကိုကိုက''
အိုခေပါ ကိုကိုရေ.....။
''ဟုတ်''
''စားတော့ဘူး
''ဟုတ်ပါပြီ
နောက်မှချွဲ
''ဟုတ်
''အွန်း အိုခေ''
''ကဲ ဒါဆို......''
''အယ်.......''
''Ring....Ring....Ring....''
ဘာလဲဟ ကိုဇေတဲ့....။
''ဟဲလို ကိုဇေ
ခေမာပြောတာ ကြားရလား''
သူ့ကောင်မလေးပါ
''သြော် ကောင်မလေးလား
ပြောစရာလေးရှိလို့''
''ဟုတ်ကဲ့''
''see you ကောင်မလေး''
ခေမာတဲ့ ဘယ်သူကြီးလဲ''
''ကိုကိုလည်း မသိဘူးလေ
''ဘာကြီးလဲ''
''ကြိုက်တယ်မလား
''ကြိုက်တယ် ကြိုက်တယ်
''ဟင်
ဘာကြီးဝယ်လာတာ''
''pad လေ
''ဟယ် ကိုကိုရယ်
ဘေဘီ့ဘာသာဝယ်မှာပေါ့''
''ရှက်စရာမရှိပါဘူး
ဘာလို့ရှက်ရမှာလဲ
ဟိုဟာ.......''
''ဟုတ်တယ်
''အာ ကိုကိုရာ''
မြပိတောက်ကြည်သာရယ်.....။
''ဘာလို့ငြိမ်သွားတာလဲ ''
''.......''
''ဟောဗျာ
ဒီဘက်လှည့်ပါဦး''
''......''
''ဘေဘီ
ရှက်နေတာလား
ဘာလို့လဲ''
''ဘာလဲ....
အာ မပေပါဘူး
''မသိဘူး ကိုကိုရာ....
မသိတော့ဘူး''
''ကဲ
စိတ်ညစ်မနေနဲ့တော့
''ကဲပါ
စူပုတ်မနေနဲ့တော့
''ဟုတ်....''
''missed call( 5) Ko Thuta''
......................💙......................
9 July ,2023
Sunday
ကျေးဇူးတင်ပါတယ်ရှင်💙  ။
ကျေးဇူးတင်ပါတယ်နော်...။
Продолжить чтение
Вам также понравится
ချစ်​သော....... Selenemoon945
Любовные романы
159K 3.3K 35
🥀🥀🥀အတိတ်ကကိစ္စ​တွေ​ကြောင့်​ဘ​ဝကိုတိတ်တိတ်​လေးဖြတ်သန်း​နေရတဲ့​"ကြာရိပ်ချို " ဟာသူ​ကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့​ "ထက်" ဆိုတဲ့ကောင်​လေးနဲ့ပြန်...
31.2K 1.4K 20
ကရာဇ် နဲ့ မောင်💛 အလစ်တဲလေး အချစ်ကြမ်းမယ်...
1.3M 95.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
21.7K 387 53
ကလေးတုန်းက ရေးခဲ့တာကို စာပြန်စစ်ပြီး အမှတ်တရ ပြန်တင်နေတာပါ ။ ကလေးတုန်းက ကလေးအတွေးနဲ့ရေးခဲ့တာဆိုတော့ အမှားအယွင်းပါရင် နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်...