(zawgyi)
ေရတြင္းနားမွာ ကေလးေတြအတိုင္းပင္ ျငင္းခံုေနၾကတဲ့ Jisung နဲ႔ Chenle ကို ၾကည့္ၿပီး Donghyuck သက္ျပင္းသာ အႀကိမ္ႀကိမ္ခ်မိ၏။
သို႔ေပမယ့္ ဒါဟာလည္း သူ႔အတြက္ စိမ္းသက္တဲ့ ျမင္ကြင္း မဟုတ္ေတာ့။
ဒီရက္ပိုင္းအတြင္းမွာ Jisung ေလးဟာလည္း ေတာ္ေတာ္ေလး ျပန္သက္သာလာသလို၊ ငယ္သူငယ္ခ်င္းနဲ႔ ျပန္ေတြ႕ရလို႔လည္း ေပ်ာ္ေနတယ္ ထင္ပါရဲ႕။
ေန႔တိုင္း ႏွစ္ေယာက္သား ေတြ႕တာနဲ႔ သတ္ေနၾကေပမယ့္လို႔ေပါ့။
အခုလည္း Jisung က လိုက္ကာေတြ ေလၽွာ္ဖို႔ ေရဆြဲေနတာကို Chenle က ပ်င္းတယ္ဆိုၿပီး လိုက္ေႏွာင့္ယွက္ေနေတာ့ တစ္ပြဲတစ္လမ္း ႏႊဲေနၾကျပန္ၿပီေလ။
သို႔ေသာ္လည္း ရန္ျဖစ္သလိုလိုနဲ႔ ခဏအၾကာမွာေတာ့ တစ္ေယာက္ကို တစ္ေယာက္ ေရနဲ႔ပက္ၿပီး ေဆာ့ေနၾကတဲ့ ေက်းဇူးရွင္ေလးေတြ။
"ငါ့ႏွယ္ ဒီကေလးေတြကေတာ့ ..."
Donghyuck တိုးတိုးသာ ညည္းညဴမိရင္း ထိုကေလးႏွစ္ေယာက္ကို လ်စ္လ်ဴရႉလိုက္ၿပီး အဝတ္ေတြသာ ဆက္လွန္းေနလိုက္ေတာ့၏။
ဒါေပမယ့္ တျဗန္းျဗန္းနဲ႔ ေရခါကာပင္ အဝတ္ေတြကို ညႇစ္လိုက္၊ လွန္းလိုက္သာ သူ မရပ္မနား လုပ္ေနတာ၊ တကယ္တမ္းမွာေတာ့ စိတ္အာရုံက ဘယ္ျမက္ခင္းဆီ ေရာက္လို႔ ေရာက္မွန္းမသိ၊ တႏွံ႔တျပားပင္။
ႏွစ္ပတ္လို႔ ဆိုရမလား ...
ထိုလူသားကို မေတြ႕ရတာ။ မဟုတ္ဘူး ... အရိပ္ေလးကိုေတာင္ မျမင္ရတာ။
မင္းသား Minhyung ကို သိခြင့္ရခဲ့တဲ့ ထိုတစ္ညနဲ႔ တစ္ရက္ေလးက သူ႔ကို အခုလို သတိရေနတာမ်ိဳး မျဖစ္ေစသင့္ဘူးမလား?
သို႔ေသာ္လည္း လံုးဝ မျဖစ္ႏိုင္မွန္း သိရဲ႕နဲ႔ကို မရွိသင့္တဲ့ ေလာဘ ထားၿပီး အရွင့္သားကို တစ္ခါေလးပဲျဖစ္ျဖစ္ Donghyuck ထပ္ေတြ႕ခ်င္မိပါရဲ႕။
ထပ္ၿပီးပင္ ထိုလူသားအေၾကာင္းပဲ ေတြးေနမိျပန္ေတာ့ သူ႔ရဲ႕ ဖြာလန္ၾကဲ ဆံပင္ေတြကိုသာ အႀကိမ္ႀကိမ္ ဆြဲဖြမိေတာ့၏။
"စိတ္နဲ႔ကိုယ္နဲ႔ ကပ္စမ္း Lee Donghyuck. မျဖစ္ႏိုင္တာေတြ စိတ္ကူးယဥ္တာ ေတာ္သင့္ၿပီ"
ကိုယ့္ကိုကိုယ္သာ သူ ႀကိမ္းေမာင္းလိုက္ၿပီးပင္ လွန္းလက္စ အဝတ္ေတြကိုသာ ျမန္ျမန္ဆန္ဆန္ ႀကိဳးေပၚ လႊားတင္လိုက္၏။
ခဏေန အေစခံခ်ဳပ္ လာၾကည့္လို႔မွ မၿပီးေသးရင္ ဒီတစ္သက္ ေျပာလို႔ဆံုးေတာ့မွာ မဟုတ္ဘူးေလ။
သို႔ေပမယ့္လည္း သူ႔မွာ ေတြးေနတုန္း ရွိေသး ... စကားေနာက္တရားပါ ဆိုသလိုပဲ ခပ္လွမ္းလွမ္းကေန ထြက္ေပၚလာတဲ့ ေအာ္ေခၚသံ။
"Lee Donghyuck! ဒါေလး လုပ္တာကို အခုထိ မၿပီးေသးဘူးလား?"
ထိုသို႔ပင္ ဘိုးေတာ္က ေဆာင့္ႂကြားႂကြားနဲ႔ အနားကို ေရာက္လာတဲ့အခါမွာေတာ့ Donghyuck ရြဲ႕မေျပာမိေအာင္ ႏႈတ္ခမ္းပါးတို႔ကိုသာ တင္းတင္း ေစ့ထားမိပါ၏။
"ၿပီးပါၿပီ ေခါင္းေဆာင္ဟန္ ..."
"ေအး ... ျပီးရင္လည္း အေခ်ာင္ခို မေနနဲ႔။ စားဖိုေဆာင္မွာ အကူ လိုလို႔တဲ့။ သြားလိုက္ဦး"
"ဟုတ္ကဲ့"
အာရုဏ္တက္လို႔ အိပ္ယာထကတည္းက ဘိုးေတာ္က တစ္ခုၿပီးတစ္ခု ဆက္တိုက္ကို ခိုင္းေနတယ္ဆိုတာ၊ အခုဆို မြန္းလြဲေနၿပီဆိုေပမယ့္ သူ႔မွာ ဘာဆိုဘာမွ မစားရေသး။
Jisung ကမွ Chenle ခိုးယူလာၿပီး ေကၽြးတဲ့ မုန္႔ေလးေတြေၾကာင့္ ေျဖသာေသးေပမယ့္ သူကေတာ့ ဗိုက္ဆာလြန္းလို႔ အူပင္လိမ့္ေနၿပီ။
ဘာပဲျဖစ္ျဖစ္ ... အခု စားဖိုေဆာင္ သြားရမွာဆိုေတာ့ အစ္ကို Doyoung ဆီက စားေတာ္ပြဲရဲ႕ အႂကြင္းအက်န္ေလးေတြ ေတာင္းစားရင္ ေကၽြးေလာက္ပါရဲ႕။
ထိုကဲ့သို႔ ေမၽွာ္လင့္ရင္းသာ Donghyuck မီးဖိုေဆာင္ဆီ လာခဲ့လိုက္တာ၊ တကယ္တမ္းမွာလည္း Doyoung က သူ႔ကို ျမင္လၽွင္ျမင္ခ်င္းပဲ ပါးစပ္ထဲ ကိတ္မုန္႔တစ္ခု ထိုးထည့္၏။
"ဘာမွ မစားရေသးဘူးမလား Donghyuck? အဲ့တာ ျမန္ျမန္ စားၿပီး ဒါေတြကို လက္ဖက္ရည္ခန္းဆီ သြားပို႔လိုက္ေနာ္"
Doyoung က ေျပာရင္းဆိုရင္းပင္ လက္ႏွစ္ဖက္ထဲ မုန္႔ေတြ ထည့္ထားတဲ့ ဗန္းကို ထည့္ေပးေတာ့ သူ႔မွာ ပလုတ္ပေလာင္းနဲ႔ ေခါင္းသာ ၿငိမ့္ျပႏိုင္၏။
"သြားေတာ့ ... ျမန္ျမန္။ မယ္ေတာ္ႀကီးက စိတ္ရွည္တာ မဟုတ္ဘူး"
ထို႔ေနာက္မွာေတာ့ သူ႔ေက်ာေနာက္ကေန ဇြတ္ကို တြန္းကာပင္ မယ္ေတာ္ႀကီးရဲ႕ စာၾကည့္ခန္းဆီ လႊတ္ေနတဲ့ Doyoung ေၾကာင့္ Donghyuck မုန္႔ကို ေၾကေအာင္ေတာင္ မဝါးလိုက္ရ၊ မနည္း မ်ိဳခ်ၿပီး ထြက္လာလိုက္ရပါ၏။
စားဖိုေဆာင္နဲ႔ ထိုစာၾကည့္ခန္းက ေကာ္ရစ္တာ တစ္ခုေလာက္ပဲ ေဝးတာမို႔လို႔ သူ လမ္းေတာ့ သိပ္ေလၽွာက္လိုက္ရ။
အခန္းေရွ႕ကို အေရာက္မွာပဲ သူ တံခါးေခါက္ဖို႔ လုပ္လိုက္ေပမယ့္ တံခါးရြက္ႏွစ္ခုက ခပ္ဟဟေလး ပြင့္ေန၏။
ထိုၾကားထဲကေန အတြင္းကို အနည္းငယ္ ျမင္လိုက္ရတဲ့အခါမွာေတာ့ ေနရာမွာတင္ ရပ္တန္႔သြားခဲ့တဲ့ သူ႔ေျခလွမ္းေတြ။
ေပ်ာက္ခ်င္းမလွ ေပ်ာက္ေနေသာ ထိုလူသားက တံခါးေပါက္ကို ေက်ာေပးထိုင္ကာ မယ္ေတာ္ႀကီးနဲ႔ စကားေျပာေနသည္ေလ။
ေက်ာျပင္ေလးပဲ ေတြ႕ရတာေတာင္ ခ်က္ခ်င္းလက္ငင္းကို တဒုန္းဒုန္းနဲ႔ ခုန္ေပါက္လာတဲ့ ႏွလံုးသားေၾကာင့္ Donghyuck အသက္ရွဴႏႈန္းေတာင္ မမွန္ခ်င္ေတာ့။
တုန္ရီစြာပင္ သူ တံခါးေခါက္လိုက္ေတာ့ မယ္ေတာ္ႀကီးထံက ခပ္မာမာ ခြင့္ျပဳသံက ထြက္ေပၚလာပါ၏။
"ဝင္ခဲ့"
စိတ္ၿငိမ္သြားေစဖို႔ Donghyuck သက္ျပင္းတိုေလး တစ္ခ်က္သာ ခ်လိုက္ၿပီး အထဲ ဝင္သြားလိုက္တဲ့အခါမွာေတာ့ ႏွစ္ေယာက္လံုးရဲ႕ အာရုံက သူ႔အေပၚ ေရာက္လာသလို။
အထူးသျဖင့္ အရွင့္သားရဲ႕ အၾကည့္စူးစူးတို႔ေပါ့။
"လက္ဖက္ရည္နဲ႔ သံုးေဆာင္ဖို႔ မုန္႔ လာပို႔တာပါ မယ္ေတာ္ႀကီး"
တံေတြးသာ မ်ိဳခ်မိရင္း Doyoung ထည့္ေပးလိုက္တဲ့ မုန္႔ေတြကိုသာ စားပြဲေပၚ သူ အျမန္ ခ်ေပးမိ၏။
"အယ္ ... ႏို႔အီကလဲပဲ! သားငယ္ ႀကိဳက္တယ္မလား?"
"ဟုတ္ မယ္ေတာ္"
မယ္ေတာ္ႀကီးက ဝမ္းသာအားရ ေျပာရင္းပင္ စားေနၿပီဆိုေပမယ့္ ထိုမုန္႔ကို ႀကိဳက္တယ္လို႔ ေျပာတဲ့သူက ထိေတာင္ မထိ။
ဘာေတြ အလိုမက်လို႔လဲ မသိ၊ အခုထိ သူ႔ကုိ စူးစူးရဲရဲ စိုက္ၾကည့္ေနတဲ့ အရွင့္သားေၾကာင့္ Donghyuck ခပ္ျမန္ျမန္သာ ထိုအခန္းထဲကေန ထြက္ဖို႔ ျပင္ရ၏။
"ဒါဆို ... ကၽြန္ေတာ့္ကို ခြင့္ျပဳပါဦး။ ေကာင္းေသာအခ်ိန္ေလး ျဖစ္ပါေစ"
ေခါင္းနဲ႔ ေျမျပင္ ထိမတတ္ပင္ ဦးညႊတ္ၿပီး ႏႈတ္ဆက္လိုက္ကာ ထိုအခန္းထဲကေန ျမန္ျမန္ဆန္ဆန္သာ သူ ထြက္လာလိုက္ပါ၏။
သို႔ေသာ္လည္း ထိုလူသားကို မျမင္ရေတာ့ရင္ ၿငိမ္သြားလိမ့္မယ္လို႔ ထင္ခဲ့တဲ့ သူ႔ႏွလံုးသားက အျပင္ ေရာက္တဲ့အခါမွာေတာင္ ဝုန္းဒိုင္းၾကဲေနတုန္း။
"ငါ ဘယ္လို ျဖစ္ေနတာပါလိမ့္?"
စာၾကည့္ခန္းနဲ႔ ခပ္လွမ္းလွမ္းကို ေရာက္တဲ့အခါမွာေတာ့ ေပါက္ကြဲမတတ္ ျဖစ္ေနတဲ့ ရင္ဘတ္ကိုသာ ဖိရင္း Donghyuck ေရရြတ္မိပါ၏။
ဒီဘက္က လူသိပ္မလာတဲ့ လမ္းၾကားေလးမို႔လို႔ သူတစ္ေယာက္တည္း ရွိေနလို႔ ေတာ္ပါေသးရဲ႕။
မဟုတ္ရင္ အခုလို သူ ဖရုိဖရဲ ျဖစ္ေနတာကို တစ္ေယာက္ေယာက္မ်ား ေတြ႕သြားၾကည့္ပါလား၊ အေစခံခ်ဳပ္ဆီ အေညႇာင့္ခံရလို႔ ၿပီးမွာ မဟုတ္ဘူးေလ။
သို႔ေပမယ့္ ေျပာလို႔ေတာင္ မဆံုးေသး၊ ထိုအခါမွာပဲ အေနာက္ဘက္ကေန ေျပးလာဟန္တူတဲ့ ေျခသံတို႔။
"အဲ ... ဘယ္သူက ဒီဘက္ကုိ ..."
သူ လွည့္ၾကည့္ဖို႔ လုပ္လိုက္ေပမယ့္ တစ္စံုတစ္ေယာက္က ဇက္ခနဲပင္ သူ႔ကို လက္ေမာင္းတစ္ဖက္ကေန ဆြဲကာ အေဆာင္ႏွစ္ခုၾကားထဲ ေခၚသြား၏။
ျပန္ေပးဆြဲခံရသလိုပင္ ေနရာေလးက က်ဥ္းၿပီး ေမွာင္မဲေနကာ ဆြဲေခၚလာတဲ့ လူက ဘယ္သူမွန္းလည္း မသိရေတာ့ Donghyuck ဆဲမိေတာ့၏။
"ဘယ္ေကာင္ -"
သို႔ေသာ္လည္း သူ႔ေအာ္သံ မထြက္လာခင္မွာပဲ ပါးစပ္ကို လက္နဲ႔ အုပ္လိုက္ကာ တားတဲ့ ထိုလူသား။
"ရွဴး ... Donghyuck ... ကိုယ္ပါ။ ခဏေလး တိတ္တိတ္ေလး ေနေပးေနာ္။ ဘာအသံမွ ထြက္လို႔ မျဖစ္ဘူး ..."
-----------------------
(unicode)
ရေတွင်းနားမှာ ကလေးတွေအတိုင်းပင် ငြင်းခုံနေကြတဲ့ Jisung နဲ့ Chenle ကို ကြည့်ပြီး Donghyuck သက်ပြင်းသာ အကြိမ်ကြိမ်ချမိ၏။
သို့ပေမယ့် ဒါဟာလည်း သူ့အတွက် စိမ်းသက်တဲ့ မြင်ကွင်း မဟုတ်တော့။
ဒီရက်ပိုင်းအတွင်းမှာ Jisung လေးဟာလည်း တော်တော်လေး ပြန်သက်သာလာသလို၊ ငယ်သူငယ်ချင်းနဲ့ ပြန်တွေ့ရလို့လည်း ပျော်နေတယ် ထင်ပါရဲ့။
နေ့တိုင်း နှစ်ယောက်သား တွေ့တာနဲ့ သတ်နေကြပေမယ့်လို့ပေါ့။
အခုလည်း Jisung က လိုက်ကာတွေ လျှော်ဖို့ ရေဆွဲနေတာကို Chenle က ပျင်းတယ်ဆိုပြီး လိုက်နှောင့်ယှက်နေတော့ တစ်ပွဲတစ်လမ်း နွှဲနေကြပြန်ပြီလေ။
သို့သော်လည်း ရန်ဖြစ်သလိုလိုနဲ့ ခဏအကြာမှာတော့ တစ်ယောက်ကို တစ်ယောက် ရေနဲ့ပက်ပြီး ဆော့နေကြတဲ့ ကျေးဇူးရှင်လေးတွေ။
"ငါ့နှယ် ဒီကလေးတွေကတော့ ..."
Donghyuck တိုးတိုးသာ ညည်းညူမိရင်း ထိုကလေးနှစ်ယောက်ကို လျစ်လျူရှူလိုက်ပြီး အဝတ်တွေသာ ဆက်လှန်းနေလိုက်တော့၏။
ဒါပေမယ့် တဗြန်းဗြန်းနဲ့ ရေခါကာပင် အဝတ်တွေကို ညှစ်လိုက်၊ လှန်းလိုက်သာ သူ မရပ်မနား လုပ်နေတာ၊ တကယ်တမ်းမှာတော့ စိတ်အာရုံက ဘယ်မြက်ခင်းဆီ ရောက်လို့ ရောက်မှန်းမသိ၊ တနှံ့တပြားပင်။
နှစ်ပတ်လို့ ဆိုရမလား ...
ထိုလူသားကို မတွေ့ရတာ။ မဟုတ်ဘူး ... အရိပ်လေးကိုတောင် မမြင်ရတာ။
မင်းသား Minhyung ကို သိခွင့်ရခဲ့တဲ့ ထိုတစ်ညနဲ့ တစ်ရက်လေးက သူ့ကို အခုလို သတိရနေတာမျိုး မဖြစ်စေသင့်ဘူးမလား?
သို့သော်လည်း လုံးဝ မဖြစ်နိုင်မှန်း သိရဲ့နဲ့ကို မရှိသင့်တဲ့ လောဘ ထားပြီး အရှင့်သားကို တစ်ခါလေးပဲဖြစ်ဖြစ် Donghyuck ထပ်တွေ့ချင်မိပါရဲ့။
ထပ်ပြီးပင် ထိုလူသားအကြောင်းပဲ တွေးနေမိပြန်တော့ သူ့ရဲ့ ဖွာလန်ကြဲ ဆံပင်တွေကိုသာ အကြိမ်ကြိမ် ဆွဲဖွမိတော့၏။
"စိတ်နဲ့ကိုယ်နဲ့ ကပ်စမ်း Lee Donghyuck. မဖြစ်နိုင်တာတွေ စိတ်ကူးယဉ်တာ တော်သင့်ပြီ"
ကိုယ့်ကိုကိုယ်သာ သူ ကြိမ်းမောင်းလိုက်ပြီးပင် လှန်းလက်စ အဝတ်တွေကိုသာ မြန်မြန်ဆန်ဆန် ကြိုးပေါ် လွှားတင်လိုက်၏။
ခဏနေ အစေခံချုပ် လာကြည့်လို့မှ မပြီးသေးရင် ဒီတစ်သက် ပြောလို့ဆုံးတော့မှာ မဟုတ်ဘူးလေ။
သို့ပေမယ့်လည်း သူ့မှာ တွေးနေတုန်း ရှိသေး ... စကားနောက်တရားပါ ဆိုသလိုပဲ ခပ်လှမ်းလှမ်းကနေ ထွက်ပေါ်လာတဲ့ အော်ခေါ်သံ။
"Lee Donghyuck! ဒါလေး လုပ်တာကို အခုထိ မပြီးသေးဘူးလား?"
ထိုသို့ပင် ဘိုးတော်က ဆောင့်ကြွားကြွားနဲ့ အနားကို ရောက်လာတဲ့အခါမှာတော့ Donghyuck ရွဲ့မပြောမိအောင် နှုတ်ခမ်းပါးတို့ကိုသာ တင်းတင်း စေ့ထားမိပါ၏။
"ပြီးပါပြီ ခေါင်းဆောင်ဟန် ..."
"အေး ... ပြီးရင်လည်း အချောင်ခို မနေနဲ့။ စားဖိုဆောင်မှာ အကူ လိုလို့တဲ့။ သွားလိုက်ဦး"
"ဟုတ်ကဲ့"
အာရုဏ်တက်လို့ အိပ်ယာထကတည်းက ဘိုးတော်က တစ်ခုပြီးတစ်ခု ဆက်တိုက်ကို ခိုင်းနေတယ်ဆိုတာ၊ အခုဆို မွန်းလွဲနေပြီဆိုပေမယ့် သူ့မှာ ဘာဆိုဘာမှ မစားရသေး။
Jisung ကမှ Chenle ခိုးယူလာပြီး ကျွေးတဲ့ မုန့်လေးတွေကြောင့် ဖြေသာသေးပေမယ့် သူကတော့ ဗိုက်ဆာလွန်းလို့ အူပင်လိမ့်နေပြီ။
ဘာပဲဖြစ်ဖြစ် ... အခု စားဖိုဆောင် သွားရမှာဆိုတော့ အစ်ကို Doyoung ဆီက စားတော်ပွဲရဲ့ အကြွင်းအကျန်လေးတွေ တောင်းစားရင် ကျွေးလောက်ပါရဲ့။
ထိုကဲ့သို့ မျှော်လင့်ရင်းသာ Donghyuck မီးဖိုဆောင်ဆီ လာခဲ့လိုက်တာ၊ တကယ်တမ်းမှာလည်း Doyoung က သူ့ကို မြင်လျှင်မြင်ချင်းပဲ ပါးစပ်ထဲ ကိတ်မုန့်တစ်ခု ထိုးထည့်၏။
"ဘာမှ မစားရသေးဘူးမလား Donghyuck? အဲ့တာ မြန်မြန် စားပြီး ဒါတွေကို လက်ဖက်ရည်ခန်းဆီ သွားပို့လိုက်နော်"
Doyoung က ပြောရင်းဆိုရင်းပင် လက်နှစ်ဖက်ထဲ မုန့်တွေ ထည့်ထားတဲ့ ဗန်းကို ထည့်ပေးတော့ သူ့မှာ ပလုတ်ပလောင်းနဲ့ ခေါင်းသာ ငြိမ့်ပြနိုင်၏။
"သွားတော့ ... မြန်မြန်။ မယ်တော်ကြီးက စိတ်ရှည်တာ မဟုတ်ဘူး"
ထို့နောက်မှာတော့ သူ့ကျောနောက်ကနေ ဇွတ်ကို တွန်းကာပင် မယ်တော်ကြီးရဲ့ စာကြည့်ခန်းဆီ လွှတ်နေတဲ့ Doyoung ကြောင့် Donghyuck မုန့်ကို ကြေအောင်တောင် မဝါးလိုက်ရ၊ မနည်း မျိုချပြီး ထွက်လာလိုက်ရပါ၏။
စားဖိုဆောင်နဲ့ ထိုစာကြည့်ခန်းက ကော်ရစ်တာ တစ်ခုလောက်ပဲ ဝေးတာမို့လို့ သူ လမ်းတော့ သိပ်လျှောက်လိုက်ရ။
အခန်းရှေ့ကို အရောက်မှာပဲ သူ တံခါးခေါက်ဖို့ လုပ်လိုက်ပေမယ့် တံခါးရွက်နှစ်ခုက ခပ်ဟဟလေး ပွင့်နေ၏။
ထိုကြားထဲကနေ အတွင်းကို အနည်းငယ် မြင်လိုက်ရတဲ့အခါမှာတော့ နေရာမှာတင် ရပ်တန့်သွားခဲ့တဲ့ သူ့ခြေလှမ်းတွေ။
ပျောက်ချင်းမလှ ပျောက်နေသော ထိုလူသားက တံခါးပေါက်ကို ကျောပေးထိုင်ကာ မယ်တော်ကြီးနဲ့ စကားပြောနေသည်လေ။
ကျောပြင်လေးပဲ တွေ့ရတာတောင် ချက်ချင်းလက်ငင်းကို တဒုန်းဒုန်းနဲ့ ခုန်ပေါက်လာတဲ့ နှလုံးသားကြောင့် Donghyuck အသက်ရှူနှုန်းတောင် မမှန်ချင်တော့။
တုန်ရီစွာပင် သူ တံခါးခေါက်လိုက်တော့ မယ်တော်ကြီးထံက ခပ်မာမာ ခွင့်ပြုသံက ထွက်ပေါ်လာပါ၏။
"ဝင်ခဲ့"
စိတ်ငြိမ်သွားစေဖို့ Donghyuck သက်ပြင်းတိုလေး တစ်ချက်သာ ချလိုက်ပြီး အထဲ ဝင်သွားလိုက်တဲ့အခါမှာတော့ နှစ်ယောက်လုံးရဲ့ အာရုံက သူ့အပေါ် ရောက်လာသလို။
အထူးသဖြင့် အရှင့်သားရဲ့ အကြည့်စူးစူးတို့ပေါ့။
"လက်ဖက်ရည်နဲ့ သုံးဆောင်ဖို့ မုန့် လာပို့တာပါ မယ်တော်ကြီး"
တံတွေးသာ မျိုချမိရင်း Doyoung ထည့်ပေးလိုက်တဲ့ မုန့်တွေကိုသာ စားပွဲပေါ် သူ အမြန် ချပေးမိ၏။
"အယ် ... နို့အီကလဲပဲ! သားငယ် ကြိုက်တယ်မလား?"
"ဟုတ် မယ်တော်"
မယ်တော်ကြီးက ဝမ်းသာအားရ ပြောရင်းပင် စားနေပြီဆိုပေမယ့် ထိုမုန့်ကို ကြိုက်တယ်လို့ ပြောတဲ့သူက ထိတောင် မထိ။
ဘာတွေ အလိုမကျလို့လဲ မသိ၊ အခုထိ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေတဲ့ အရှင့်သားကြောင့် Donghyuck ခပ်မြန်မြန်သာ ထိုအခန်းထဲကနေ ထွက်ဖို့ ပြင်ရ၏။
"ဒါဆို ... ကျွန်တော့်ကို ခွင့်ပြုပါဦး။ ကောင်းသောအချိန်လေး ဖြစ်ပါစေ"
ခေါင်းနဲ့ မြေပြင် ထိမတတ်ပင် ဦးညွှတ်ပြီး နှုတ်ဆက်လိုက်ကာ ထိုအခန်းထဲကနေ မြန်မြန်ဆန်ဆန်သာ သူ ထွက်လာလိုက်ပါ၏။
သို့သော်လည်း ထိုလူသားကို မမြင်ရတော့ရင် ငြိမ်သွားလိမ့်မယ်လို့ ထင်ခဲ့တဲ့ သူ့နှလုံးသားက အပြင် ရောက်တဲ့အခါမှာတောင် ဝုန်းဒိုင်းကြဲနေတုန်း။
"ငါ ဘယ်လို ဖြစ်နေတာပါလိမ့်?"
စာကြည့်ခန်းနဲ့ ခပ်လှမ်းလှမ်းကို ရောက်တဲ့အခါမှာတော့ ပေါက်ကွဲမတတ် ဖြစ်နေတဲ့ ရင်ဘတ်ကိုသာ ဖိရင်း Donghyuck ရေရွတ်မိပါ၏။
ဒီဘက်က လူသိပ်မလာတဲ့ လမ်းကြားလေးမို့လို့ သူတစ်ယောက်တည်း ရှိနေလို့ တော်ပါသေးရဲ့။
မဟုတ်ရင် အခုလို သူ ဖရိုဖရဲ ဖြစ်နေတာကို တစ်ယောက်ယောက်များ တွေ့သွားကြည့်ပါလား၊ အစေခံချုပ်ဆီ အညှောင့်ခံရလို့ ပြီးမှာ မဟုတ်ဘူးလေ။
သို့ပေမယ့် ပြောလို့တောင် မဆုံးသေး၊ ထိုအခါမှာပဲ အနောက်ဘက်ကနေ ပြေးလာဟန်တူတဲ့ ခြေသံတို့။
"အဲ ... ဘယ်သူက ဒီဘက်ကို ..."
သူ လှည့်ကြည့်ဖို့ လုပ်လိုက်ပေမယ့် တစ်စုံတစ်ယောက်က ဇက်ခနဲပင် သူ့ကို လက်မောင်းတစ်ဖက်ကနေ ဆွဲကာ အဆောင်နှစ်ခုကြားထဲ ခေါ်သွား၏။
ပြန်ပေးဆွဲခံရသလိုပင် နေရာလေးက ကျဉ်းပြီး မှောင်မဲနေကာ ဆွဲခေါ်လာတဲ့ လူက ဘယ်သူမှန်းလည်း မသိရတော့ Donghyuck ဆဲမိတော့၏။
"ဘယ်ကောင် -"
သို့သော်လည်း သူ့အော်သံ မထွက်လာခင်မှာပဲ ပါးစပ်ကို လက်နဲ့ အုပ်လိုက်ကာ တားတဲ့ ထိုလူသား။
"ရှူး ... Donghyuck ... ကိုယ်ပါ။ ခဏလေး တိတ်တိတ်လေး နေပေးနော်။ ဘာအသံမှ ထွက်လို့ မဖြစ်ဘူး ..."
×T B C×