ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

By Swae_Nyoe

100K 13.9K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 10
Part 11
Part 12
Part 13
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 14

1.4K 254 3
By Swae_Nyoe

Unicode
အပိုင်း (၁၄) နာမည်ပေးလိုက်ပြီ 

<Tomorrow>၏ Item Store အပတ်စဉ် ထီဖောက်ပေးသည့် အစီအစဉ်ရှိသည်။ ကတ်စတန်မာက Item Storeတွင် အပတ်စဉ် ယွမ်တစ်ရာနှင့် အထက် အသုံးပြုခဲ့လျှင် ကံစမ်းမဲဝင်စမ်းနိုင်သည်။ 

သဘာဝကျကျပင် ကျန်းကျိရင်သ်ည တစ်ပတ်အတွင်းတွင် ယွမ်တစ်ရာမက သုံးခဲ့သည်။ သူသည် အခုလေးတင်မှ ဖွတ်အလောင်းသုံးလောင်းကို စီမံခန့်ခွဲပြီးသွားတာ ဖြစ်သည်။ ထို့နောက်တွင် ခပ်သေးသေး ဆေးမီးဖိုလေးဖြင့် ကနဦးအဆင့် ဆေးများ သန့်စင်နေခဲ့သည်။ 

ကျန်းကျိရင်သည် အလွန် အားယားနေသောကြောင့် Item Store၏ ကံစမ်းမဲပေ့ချ်ကို ဖွင့်လိုက်သည်။ ယခင်ကလည်း ဂိမ်းကံစမ်းမဲအစီအစဉ်တွင် သူဝင်ဆော့ခဲ့ဖူးသည်။ ဂိမ်းတရားဝင် လူမှုဆက်ဆံရေးအဖွဲ့မှ အဆင့်မြင့် မှော်အိမ်မွေးတိရစ္ဆာန်၊ လက်နက်ကိရိယာများ၊ စွမ်းရည်များနှင့် အရည်အချင်းဆိုင်ရာစာအုပ်များကို ကံစမ်းနိုင်သည်ဟု ပြောထားသည်။ သို့သော် များစွာသော ကစားသမားများကတော့ Item သေးသေးများနှင့် ဆေးအချို့ကိုသာ ရလေသည်။ 

ဤတစ်ကြိမ်တွင် သူသည်လည်း မည်သည့်ကံကောင်းမှုမျိုးနှင့်မှ မကြုံနိုင်လောက်ဟု တွေးမိသည်။ မူလအဆင့် သားရဲထောင်ချောက်ကို ရခဲ့သည်။ 

<Tomorrow>ဂိမ်းတွင် အိမ်မွေးတိရစ္ဆာန် စစ်စတန်ရှိကာ ထိုအိမ်မွေးတိရစ္ဆာန်များကို ဖမ်းရသည့် နည်းလမ်းများမှာလည်း အလွန်အံ့အားသင့်စရာကောင်းလေသည်။ 

အိမ်မွေးတိရစ္ဆာန် ထောင်ချောက်တွင် အဆင့်ကြီး ငါးခုရှိသည်။ 

[မူလအဆင့်ထောင်ချောက်] , [အလယ်အလတ်အဆင့်ထောင်ချောက်], [အဆင့်မြင့်ထောင်ချောက်], [အထူးအဆင့်မြင့်ထောင်ချောက်], နှင့် [နတ်ဘုရားအဆင့်ထောင်ချောက်] 

ကွာခြားချက်ကတော့ ၎င်းတို့နှင့် ဖမ်းမိသော အိမ်မွေးတိရစ္ဆာန်များ၏ လယ်ဗယ်လည်း လိုက်၍ ကွာသွားခြင်းပင်။ အိမ်မွေးတိရစ္ဆာန်များအဖြစ် ဇွန်ဘီများနှင့် မွန်းစတားများကို ဖမ်း၍မရပေ. အချို့သော လယ်ဗယ်မြင့်အိမ်မွေးတိရစ္ဆာန်များသည် တိုက်ခိုက်နိုင်စွမ်း မြင့်ရုံသာမက တောင်တစ်လုံးလောက်အထိ ကြီးလာနိုင်သော စကေးလည်း ရှိကြသေးသည်။ ထိုသို့သော အိမ်မွေးတိရစ္ဆာန်များကို စီးတော်အဖြစ်လည်း အသုံးချကြသည်။ 

သို့သော် မူလအဆင့်ထောင်ချောက်များကတော့ သန္ဓေပြောင်းယုန်ကဲ့သို့သော မူလအဆင့်များကိုသာ ဖမ်းနိုင်လေသည်။ အိမ်မွေးတိရစ္ဆာန်ထောင်ချောက်များကို အသုံးချသည့် နည်းလမ်းကတော့ အတော်လေး လွယ်လေသည်။ ကစားသမားများ တစ်နေရာရာတွင် ထောင်ချောက်ကို ချထားလိုက်ရန်သာ လိုအပ်သည်။ ငါးမိနစ်အတွင်း ဂိမ်းမှ “ဖမ်းဆီးခြင်းအောင်မြင်ပါသည်” သို့ “ဖမ်းဆီးခြင်းကျရှုံးပါသည်” ဟူသည့် စာမျိုး ပို့လာမည်ဖြစ်သည်။ 

သူတို့ ဖမ်းမိသော အိမ်မွေးတိရစ္ဆာန်ကိုလည်း ကြည့်နိုင်သည်။ အခြေခံကျကျပြောရလျှင် ကစားသမားများ မည်သည့်အိမ်မွေးတိရစ္ဆာန် ဖမ်းမိသည်ဆိုသည့် အချက်မှာ ကစားသမားများ ရောက်ရှိနေသည့် တည်နေရာအပေါ်တွင် မူတည်ပေသည်။ 

အကယ်၍ ထောင်ချောက်ကို နဂါးမျိုးတုံးချိုင့်ဝှမ်းတွင် သုံးလိုက်မည်ဆိုလျှင် ထောင်ချောက်က နဂါးမျိုးတုန်းချိုင့်ဝှမ်းမှ မွန်းစတားများကိုသာ ဖမ်းပေးလိမ့်မည်။ ဤသို့သော အဆင့်မြင့်မကောင်းဆိုးဝါးဆန်လှသော နေရာမျိုးတွင် သေချာပေါက် မူလအဆင့်ထောင်ချောက်သုံးလျှင်ပင် တစ်ကောင်ကောင် ဖမ်းမိမည်ဖြစ်ကြောင်း ကျန်းကျိရင် နားလည်သည်။ ထို့အပြင် သူသည်လည်း သေချာပေါက် အောင်မြင်မည်ဟု မျှော်လင့်ချက်နည်းနည်းလေး ထားထားသည်။ 

သူသည် လက်ထဲတွင် ထောင်ချောက်ကို ကိုင်ထားပြီး နေ့တစ်ဝက်ကြာအောင် လေ့လာနေခဲ့သည်။ ထောင်ချောက်ဆင်ခြင်းသည် ဂိမ်းထဲမှာတုန်းကကဲ့သို့ right click ခေါက်လိုက်ရုံမျိုးလို မရိုးရှင်းလှပေ။ 

ရလဒ်ကတော့ သူဘာထိလိုက်မိသည်မသိ ထောင်ချောက်က ရုတ်တရက် လေချွန်သံလိုမျိုးထွက်လာပြီး သူ့လက်ထဲမှ ပျံထွက်သွားသည်။ 

ပျံထွက်သွားတယ်.... 

သားရဲထောင်ချောက်က ဂူအပြင်ဘက်သို့ ပျံထွက်သွားရာ ကျန်းကျိရင် သေလောက်အောင် လန့်သွားသည်။ သူ့အတွေးမှာ 

‘တကယ့်ကို Item Store က ထုတ်ကုန်ပဲ တကယ့်ကို သာမန်မဟုတ်ဘူး’ 

ငါးမိနစ်ကြာပြီးနောက် ထောင်ချောက်က မြောက်ကြွမြောက်ကြွနှင့် ကြောင်တစ်ကောင်သယ်ပြီး ပြန်ရောက်လာသည်။ 

ထောင်ချောက်ဟုသာ ဆိုရသော်လည်း အထဲမှ ကြောင်သေးသေးလေးကတော့ ဒီအတိုင်း ကြောင်မေမေကြီး မရှိတုန်း ကောက်ထည့်လာသည့်အလား နာကျင်မှုတစ်ခုလေးမှ ရှိမနေပါချေ။ ၎င်း၏ ပြုးကျယ်ဝိုင်းစက်နေသော မျက်ဝန်းလေးများက နေရာအနံ့ စိတ်လှုပ်ရှားစွာ လိုက်ကြည့်နေပြီး မနားတမ်း ဟိုဘက်လှည့်လိုက် သည်ဘက်လှည့်လိုက် လုပ်နေသည်။ ထို့အပြင် ပါးစပ်ကလည်း ဆက်တိုက် တစ်စုံတစ်ခုကို အော်နေသေးသည်။ 

ဤကြောင်ကလေးသည် အလွန်ငယ်သေးသည်။ ကြောင်တစ်ကောင်ကဲ့သို့ပင် ကုတ်ရခြစ်ရမှန်း မသိသေးကာ ဒီအတိုင်း မွေးကာစကြောင်ကလေးများလို “အောင်းအောင်းအောင်းအောင်း” သာ အော်တတ်သေးသည်။ 

မူလအဆင့် သားရဲထောင်ချောက်သည် ကြောင်ကလေးကို ကျန်းကျိရင် ခြေထောက်နားချပေးလိုက်ကာ ဟိုလှည့်လိုက်သည်လှည့်လိုက်လုပ်နေပြီး သူ၏ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းစဉ်ပြီးဆုံးသွားသကဲ့သို့ ပျောက်ကွယ်သွားလေတော့သည်။ ကြောင်ကလေးသည် ကျန်းကျိရင်၏ ခြေထောက်ပေါ်သို့ တက်လာကာ ၎င်း၏ တိုတိုသေးသေး ခြေထောက်ကလေးများဖြင့် ကျန်းကျိရင်ပေါ် တွယ်တက်ဖို့ လုပ်နေလေသည်။ 

ဆက်တိုက် မနားတမ်း လျှောက်သွားနေကာ ပါးစပ်မှလည်း တစ်ချိန်လုံး အော်နေသည်။ 

သိပ်မကြာလိုက်ခင်လေးမှာပင် ကြောင်ကလေးသည် ကျန်းကျိရင်၏ “ဒေါက်တာဝိုင်ကို နှစ်တစ်သောင်းကြာအောင် ချစ်မဲ့သူ”ဆိုသည့် အင်္ကျီနားသို့ တွားသွားလာသည်။ ကျန်းကျိရင် လက်နှစ်ဖက်ကို မြန်မြန်ဆန့်ထုတ်လိုက်ပြီး ၎င်း၏ သေးငယ်လှပသော ရေခဲပြာရောင်မျက်ဝန်းများထဲသို့ စိုက်ကြည့်လိုက်သည်။ 

“အောင်း” 

ကြောင်ကလေးသည် အမခံလိုက်ရတာ သက်သောင့်သက်သာ မရှိသည့်အလား မကျေမနပ်နှင့် ပါးစပ်ဟ၍ အော်တော့သည်။ ၎င်းတွင် သွားတစ်ချောင်းမှမရှိပေ။ ထို့ကြောင့် သူ၏ ပါးစပ်ကလေးက ကိုက်လိုက်လျှင်လည်း မည်သူမှ ဒဏ်ရာရမှာ မဟုတ်ပေ။ 

ကျန်းကျိရင် ကြောင်ကလေးကို လက်ဝါးထဲ ထည့်လိုက်ပြီး ဤကောင်စုတ်ကလေး သူ့လက်လောက်ပင် မကြီးသည်ကိုကြည့်ပြီး ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ တိရစ္ဆာန်ငယ်လေးများအပေါ် အလွန်ကြင်နာနူးညံ့တတ်သူ တစ်ယောက်မဟုတ်သည်ကို သူ့ကိုယ်သူ သိသည်။ သို့သော် သူ၏ အဘိုးအဘွားများက သူတို့ရပ်ကွက်ထဲမှ ခွေးများကြောင်များကို အလွန်ကြင်နာသဘောကျကြသည်။ 

သူ၏ ပတ်ဝန်းကျင်က သူ့အပေါ်ကို အတော်လေး နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးထားသည်ဟု ပြောနိုင်သည်။ ပြောကြသည်မှာ ကိုယ်က တစ်စုံတစ်ခုကို သဘောကျနှစ်ခြိုက် သို့ တစ်ယောက်ကို ချစ်ခင်နှစ်သက်နေပါလျှင် ထိုသူတို့ သဘောကျသည့် အရာများကို ကိုယ်လည်း လိုက်ပါ သဘောကျသွားမည်ဟု။ 

သူ၏ မှတ်ဉာဏ်ထဲမှ သက်ကြီးရွယ်အိုနှစ်ယောက်ကို တွေးမိလိုက်ချိန်တွင် ဤသနားစရာကောင်းပြီး အားနည်းလွန်းကာ တစ်ယောက်တည်းမရှင်သန်နိုင်သေးသော ကြောင်ကလေးကို သူမည်သို့မှ လစ်လျူရှုမထားနိုင်တော့ပေ။ 

ကြောင်ကလေးသည် တော်တော်ကို လှပလွန်းသည်။ အဖြူရောင်လေးကိုမှ မျက်လုံးအရောင်နှင့် တစ်ထပ်တည်းတူညီသော ရေခဲပြာရောင်ဦးစမုတ်လေးက နဖူးထက်တွင် မျောလွင့်နေသလို ပါသေးကာ ဘယ်ဘက်ကကြည့်ကြည့် ချစ်စဖွယ်ကလေးလေးလို ဖြစ်နေသည်။ 

ကြောင်ကလေးသည် ကျန်းကျိရင်၏ လက်ဖဝါးထဲတွင် သက်သောင့်သက်သာ ရှိသလို လှည့်ပတ်၍ လှဲအိပ်လိုက်ကာ ခနမကြာလိုက် ပျော်ရွှင်စွာ အိပ်မောကျသွားတော့သည်။ ဤ လှပနေတာကလွဲလျှင် ဘာမှလုပ်မရသော မြောင်စုက်လေးသည် သေချာပေါက် ကမ္ဘာပျက်ကပ်တွင် အသက်ရှင်နိုင်ဖို့ မလွယ်ပေ။ 

ဒေါက်တာဝိုင်က ကြည့်ကောင်းသည် သို့သော် သူ့တွင် လူတိုင်းကို ချေမွပစ်နိုင်သော စွမ်းရည်ရှိသည်။ ကျန်းကျိရင် သက်ပြင်းချလိုက်ပြီး ကြောင်ကို မွေးထားဖို့ ဆုံးဖြတ်လိုက်သည်။ မွေးမည်ဆိုလျှင် ပထမဆုံး လုပ်ရမည့်အရာမှာ နာမည်ကောင်းလေးတစ်ခု ပေးရန်ဖြစ်ပြီး အသက်ရှင်အောင် မွေးရမည်။ 

ယနေ့ခေတ်တွင် အဓိပ္ပာယ်မကောင်းသော နာမည်နှင့်လူများသည် ကိုယ့်အသက်ကိုယ် မထိန်းသိမ်းနိုင်ကြပေ။ ကျန်းကျိရင် သိပ္ပံနှင့်နည်းပညာရှုထောင့်မှ ကြည့်၍ ဆုံးဖြတ်လိုက်သည်။ ရန်သူများကို နာမည်ကြားလိုက်သည်နှင့် ကြောက်လန့်ထွက်ပြေးသွားစေမည့် နာမည်မျိုးပေးခြင်းကသာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပေမည်။ 

“ယွင်လေ့ထျန်း ဆိုရင်ရော” 

ကျန်းကျိရင် ခေါင်းယမ်းလိုက်သည်။ ယွင်လေ့ထျန်းသည် မိုးတိမ်မဟာမိတ်အဖွဲ့၏ ပထမဆုံးသော အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် နေ့လည်စာ ထမင်းဘူးကို ယူခဲ့ပြီး သားဖြစ်သူ ဒုခေါင်းဆောင်ယွင်ချူက သူ့ကို အောင်နိုင်ခဲ့သည်။ 

ယွင်လေ့ထျန်းသည် အလွန်စွမ်းအားကြီးသော လျှပ်စီးစွမ်းအားရှင် ဖြစ်သော်လည်း ထမင်းဘူးကို ပြေးယူသော အရှိန်ကြောင့် သူ့နာမည်က သိပ်မကောင်းတော့ပါချေ။ 

(T/N: ငါလေး တအားရယ်ချင် ဘာများလဲလို့ အီဒီယမ်တွေဘာတွေ ထည့်သုံးထားတာထင်နေတာ ထမင်းဘူးဆိုတော့လေ အခုမှ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ထမင်းဘူးကို ပြေးယူလို့ ငတ်တယ်ဆိုပြီး နာမည်မကောင်းတော့တာတဲ့ အူတက်ပြီ။ ဒီလိုတောင် နာမည်ပျက်သွားရတယ်ဆိုတော့ သူထမင်းဘူး ပြေးယူတဲ့အရှိန်ကို စဉ်းစားသာကြည့်ကြပါတော့ XD:) 

ကျန်းကျိရင်မှာ ထိုနာမည်က သူ့ကြောင်ကလေးနှင့် မလိုက်ဖက်ဟု ထင်မိသည်။ နောက်ဆုံးတွင် သူ့ပေါင်ကို ရိုက်လိုက်ပြီး ကျေနပ်အားရစွာ ပြောသည်။ 

“မင်းနာမည်က ဒေါက်တာဝိုင်ရဲ့သားသားလေး ပဲ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ နာမည်လဲ ဇွန်ဘီတွေရော လူသားတွေရော သူ့ကို နည်းနည်းလေးမှ ထိရဲမှာမဟုတ်ဘူး” 

ကြောင်ကလေးသည် “အောင်းဝ်” ဟူ၍ အသံသေးသေးလေးပေးပြီး နိုးလာကာ ကျန်းကျိရင်ကို ခေါင်းလေးနှင့် ခွေ့ပြီး ကပ်ချွဲသည်။ 

ရလဒ်ကတော့ ကျန်းကျိရင် စကားပြောပြီးသည်နှင့် အိပ်ရာပေါ်တွင် နိုးလာခြင်းဖြစ်သည်။ 

ခေါင်းအုံးဘေးမှ ဖုန်းက ဖြတ်ကနဲလင်းလာပြီး နာမည်ကျော် အမျိုးသမီးအဆိုတော်တစ်ယောက်၏ အသံအောင်အောင်က တစ်ခန်းလုံး ဟိန်းထွက်လာသည်။ ဖုန်းသံကြောင့် နိုးလာခြင်းဖြစ်လောက်သည်။ ကျန်းကျိရင် ခေါင်းကုတ်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။  

သက်သောင့်သက်သာဖြစ်အောင် အပျင်းဆန့်လိုက်ပြီး နာရီကို မော့ကြည့်လိုက်သည်။ ယခုမှ ဆယ့်တစ်နာရီခွဲသာ ရှိသေးသည်။ သူအိပ်ပျော်သွားသည်မှာ အခုမှ နာရီဝက်ကျော်ကျော်သာ ရှိသေးလောက်သည်။ 

ခေါ်ဆိုသူမှာ သူတို့ အဖွဲ့မှူးဖြစ်ပြီး မနက်ဖြန်အစည်းအဝေးအတွက် နောက်ဆုံးမိနစ်တွင် အပြောင်းအလဲတစ်ခု လုပ်ခဲ့သည့်အကြောင်း လှမ်းပြောတာ ဖြစ်သည်။ ယနေ့ခေတ်တွင် ဖျော်ဖြေရေးအစီအစဉ်များသည် ညဘက်တွင် ပိုများလေ့ရှိကြပြီး အင်တာနက်၊ တီဗီ၊ ဂိမ်း အမျိုးမျိုးရှိကြကာ ညဇီးကွက်များအတွက် အလွန်အဆင်ပြေလေသည်။ ထို့အပြင်  အချိန်ပိုလုပ်သူများနှင့် နောက်ကျသည်အထိ စာလေ့လာသူများ အများအပြားရှိရာ ညဘက်တွင်လည်း စည်ကားသည်ဟု ဆိုနိုင်သည်။ 

ကျန်းကျိရင်ကဲ့သို့ အလုပ်ချိန်နှင့် အိပ်ချိန်ကို ပရိုဂရမ်သွင်းထားသလို တစ်သတ်မတ်ထဲ လုပ်သည့်သူမှာ အလွန်ရှားပါးလေသည်။ ကျန်းကျိရင် ဖုန်းချလိုက်ပြီး ခနလောက်ကြာအောင် အိပ်မပျော်နိုင်တော့သည်မို့ ဂိမ်းထဲ ဝင်လိုက်သည်။ 

ယင်ညန်၏ မျက်နှာကို မြင်လိုက်သော အခိုက်အတန့်တွင် ကြောင်ကလေးကို နာမည်ပေးပြီးသည်နှင့် ပျောက်ကွယ်သွားရသည်ကို သတိရသွားကာ သွေးများဆောင့်တိုးသွားပြီး ကြောက်လန့်လာသလို ခံစားလာရသည်။ သူ့စိတ်ထဲတွင် 

‘ငါလုပ်ခဲ့တာ သိပ်မမှန်သလိုပဲ’ 

သို့ဖြစ်ရာ ကျန်းကျိရင်သည် ချက်ချင်း ကီးဘုတ်တွင် စာရိုက်လိုက်ပြီး အရင်စဝန်ခံလိုက်သည်။ 

“ဝိုင် ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်လေ (???) ခင်များခွင့်ပြုချက်မရှိဘဲ ခင်များကို သားလေးတစ်ယောက်ပေးလိုက်မိသွားတယ်” 

“အား အမှန်က ကျွန်တော် ကျွန်တော့်ရဲ့ ကြောင်လေးကို ‘ဒေါက်တာဝိုင်ရဲ့သားသားလေး’ လို့ နာမည်ပေးလိုက်မိတာပါ” 

“ခင်များ မကြိုက်လောက်ဘူးပေါ့နော် ဒါပေမဲ့ ခင်များကို ကြောင်လေးရဲ့ တကယ့်အဖေလို့ မဆိုလိုပါဘူးနော် တကယ်လို့ ခင်များ မကြိုက်ဘူးဆိုရင် ကျွန်တော် ကျွန်တော်သူ့ကို ‘ကျန်းကျိရင်ရဲ့သားသားလေး’လို့ပဲ ပြန်ပြောင်းပေးလိုက်မယ်လေ” 

“ဘာပဲဖြစ်ဖြစ်ပါလေ ဒါက နာမည်လေးတစ်ခုပါပဲ ကျွန်တော် စိတ်ထဲ မထားပါဘူး” 

ကျန်းကျိရင် တစိမ့်စိမ့်တွေးလိုက်ပြီး သူ၏ “နာမည်ကြားလိုက်တာနဲ့ ဘယ်သူမှ မထိရဲတော့ဘူး”ဆိုသည့် ရည်ရွယ်ချက်ကို သွေဖည်သွားပြီဟု ခံစားမိသွားသည်။ နောက်ဆုံးတွင် သူကိုယ်တိုင်သည် မည်သည့် အမည်နာမဂုဏ်မှ မရှိသော အရေးမပါသည့် လူတစ်ယောက်သာဖြစ်သည်။ 

“ကျန်းကျိရင်ရဲ့သား” မပြောနှင့်။ 

ကျန်းကျိရင်ကိုယ်တိုင်ပေါ်လာလျှင်ပင် ဘာမှ အသုံးမဝင်ပေ။ ထို့ကြောင့် တစ်ဖက်မှ တုံ့ပြန်မလာသည့် အချက်ကို အပြည့်အဝအသုံးချကာ ရှက်စနိုးဖြစ်သွားသော မျက်နှာရဲရဲလေးနှင့် ဆွေးနွေးဟန် စာရိုက်လိုက်သည်။ 

“ဒီလိုလုပ်ရင်ရော ကျွန်တော် ခင်များနာမည်ကို ငှားသုံးမယ်လေ ဒါပေမဲ့ ကျွန်တော် စိတ်မဆိုးဘူးဆိုတာ ပြဖို့အတွက် ကျွန်တော်တို့ သူ့ကို “ဒေါက်တာဝိုင် နဲ့ ကျန်းကျိရင်တို့ရဲ့ သားသားလေး” လို့ ခေါ်ကြမယ်လေ နော်” 

“အိုး ခင်များ မငြင်းဘူးပေါ့ ဒါဆို ဒီနာမည်ကိုပဲ အတည်ယူလိုက်မယ်နော်” 

ကျန်းကျိရင်သည် အတွင်းစိတ်က ရက်စက်တတ်သူ တစ်ယောက်ဖြစ်ပြီး သူ၏ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များ အားလုံးက သူ့ကို ဒေါင်ကျကျပြားကျကျ နေတတ်ကာ အလွန်ရိုးသားသူဖြစ်သည်ဟု ထင်ကြသည်။ 

နာမည်အသစ်ကို တဖွဖွရေရွတ်နေမိရင်းမှ ဤနာမည်တွင် တစ်ခြားသော အဓိပ္ပာယ်တစ်မျိုး ရှိနေသေးမှန်း သဘောပေါက်သွားကာ မျက်နှာတစ်ပြင်လုံး ရဲတွတ်သွားရသည်။ ကွန်ပျူတာကို စပ်ဖြဲဖြဲကြည့်လိုက်ပြီး ချောကလက်နှစ်ဘူးဝယ်လိုက်သည်။ ထို့နောက် ဒေါက်တာဝိုင်၏ ရှေ့တွင် ချပေးလိုက်သည်။ 

ဤခံစားချက်မျိုးသည် အတော်လေး ရှင်းပြရခက်ခဲကာ ဤပုဂ္ဂိုလ်နှင့် အနည်းငယ်လေး ဆက်နွယ်မှုရှိသည်ဆိုသော ခံစားချက်လေးသည် သူ့ကို ထိန်းမရအောင် ပျော်ရွှင်စေဖို့ လုံလောက်လေသည်။ 

ကျန်းကျိရင်၏ အသိတရားတို့သည် ယင်ညန်နှင့်ပတ်သက်လျှင် အလုပ်မလုပ်တော့ဟန်တူသည်။ ထိုသူနှင့် ဆက်နွယ်မှုလေးတစ်ခုရှိသွားပြီဟု တွေး၍ ပျော်ရွှင်ကျေနပ်သွားသော ကျန်းကျိရင် ကွန်ပျူတာကို ပိတ်လိုက်ပြီး အိပ်ဖို့ပြင်တော့သည်။ 

သူ့မျက်လုံးများ ပြန်ဖွင့်လိုက်သော အချိန်တွင် ကြောင်ကလေးသည် နာခံစွာဖြင့် သူ့လက်ဝါးပေါ် လှဲနေဆဲဖြစ်လေသည်။ ကျန်းကျိရင် ခပ်တည်တည်လေးပြောသည်။ 

“မင်းနာမည် ပြောင်းသွားပြီနော် အခုကစပြီး မင်းရဲံ တရားဝင်နာမည်က “ဒေါက်တာဝိုင် နှင့် ကျန်းကျိရင်တို့ရဲ့ သားသားလေး”ဖြစ်သွားပြီ” 

သို့သော် ဤနာမည်က အလွန်ရှည်နေသည်ကို တွေးမိပြီး ကျန်းကျိရင်သည် ကြောင်ငယ်လေးကို ခေါ်ရလွယ်ပြီး နူးညံ့ပုံပေါက်သော အိမ်ခေါ်နာမည်လေးတစ်ခု ပေးဖို့ စဉ်းစားလိုက်သည်။ 

“ယင်ရှောက်ရှန်း” 

အတိုကောက်ကို ရှောက်ရှန်း ဟုခေါ်မည်။ 

အဘယ့်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် “ရှန့်ညန်/ရှန်းညန်”( Xiang Nian) ဟူသော စာလုံးတစ်လုံးရှိသည်လေ။ 

.................................... 

မှတ်သားစရာများ 

ရှန့်(ရှန်း) : စကားလုံးတစ်လုံးတည်းဆိုလျှင် လွမ်းဆွတ်သည် (သို့) တွေးမိနေသည် ဟူသည့် အဓိပ္ပာယ်ရလေသည်။ 

ညန်(Nian) : ဤစကားလုံးသည် ကိုယ်တို့ရဲ့ ဇာတ်လိုက်ကျော် ဒေါက်တာဝိုင် ယင်ညန် ၏ အမည်မှ စာလုံးနှင့် အတူတူဖြစ်သည်။ 

ထို့ကြောင့် ရှန်းညန်/ရှန့်ညန် တွင် အဓိပ္ပာယ်နှစ်ခုရှိနိုင်သည်။ 

ညန် (ML)ကို လွမ်းဆွတ်တမ်းတနေရပါတယ် (သို့)မျှော်လင့်စောင့်စားရပါသောညန် 

.............................. 


Zawgyi

အပိုင္း (၁၄) နာမည္ေပးလိုက္ၿပီ 

<Tomorrow>၏ Item Store အပတ္စဥ္ ထီေဖာက္ေပးသည့္ အစီအစဥ္ရွိသည္။ ကတ္စတန္မာက Item Storeတြင္ အပတ္စဥ္ ယြမ္တစ္ရာႏွင့္ အထက္ အသုံးျပဳခဲ့လွ်င္ ကံစမ္းမဲဝင္စမ္းနိုင္သည္။ 

သဘာဝက်က်ပင္ က်န္းက်ိရင္သ္ည တစ္ပတ္အတြင္းတြင္ ယြမ္တစ္ရာမက သုံးခဲ့သည္။ သူသည္ အခုေလးတင္မွ ဖြတ္အေလာင္းသုံးေလာင္းကို စီမံခန႔္ခြဲၿပီးသြားတာ ျဖစ္သည္။ ထို႔ေနာက္တြင္ ခပ္ေသးေသး ေဆးမီးဖိုေလးျဖင့္ ကနဦးအဆင့္ ေဆးမ်ား သန႔္စင္ေနခဲ့သည္။ 

က်န္းက်ိရင္သည္ အလြန္ အားယားေနေသာေၾကာင့္ Item Store၏ ကံစမ္းမဲေပ့ခ်္ကို ဖြင့္လိုက္သည္။ ယခင္ကလည္း ဂိမ္းကံစမ္းမဲအစီအစဥ္တြင္ သူဝင္ေဆာ့ခဲ့ဖူးသည္။ ဂိမ္းတရားဝင္ လူမႈဆက္ဆံေရးအဖြဲ႕မွ အဆင့္ျမင့္ ေမွာ္အိမ္ေမြးတိရစာၦန္၊ လက္နက္ကိရိယာမ်ား၊ စြမ္းရည္မ်ားႏွင့္ အရည္အခ်င္းဆိုင္ရာစာအုပ္မ်ားကို ကံစမ္းနိုင္သည္ဟု ေျပာထားသည္။ သို႔ေသာ္ မ်ားစြာေသာ ကစားသမားမ်ားကေတာ့ Item ေသးေသးမ်ားႏွင့္ ေဆးအခ်ိဳ႕ကိုသာ ရေလသည္။ 

ဤတစ္ႀကိမ္တြင္ သူသည္လည္း မည္သည့္ကံေကာင္းမႈမ်ိဳးႏွင့္မွ မႀကဳံနိုင္ေလာက္ဟု ေတြးမိသည္။ မူလအဆင့္ သားရဲေထာင္ေခ်ာက္ကို ရခဲ့သည္။ 

<Tomorrow>ဂိမ္းတြင္ အိမ္ေမြးတိရစာၦန္ စစ္စတန္ရွိကာ ထိုအိမ္ေမြးတိရစာၦန္မ်ားကို ဖမ္းရသည့္ နည္းလမ္းမ်ားမွာလည္း အလြန္အံ့အားသင့္စရာေကာင္းေလသည္။ 

အိမ္ေမြးတိရစာၦန္ ေထာင္ေခ်ာက္တြင္ အဆင့္ႀကီး ငါးခုရွိသည္။ 

[မူလအဆင့္ေထာင္ေခ်ာက္] , [အလယ္အလတ္အဆင့္ေထာင္ေခ်ာက္], [အဆင့္ျမင့္ေထာင္ေခ်ာက္], [အထူးအဆင့္ျမင့္ေထာင္ေခ်ာက္], ႏွင့္ [နတ္ဘုရားအဆင့္ေထာင္ေခ်ာက္] 

ကြာျခားခ်က္ကေတာ့ ၎တို႔ႏွင့္ ဖမ္းမိေသာ အိမ္ေမြးတိရစာၦန္မ်ား၏ လယ္ဗယ္လည္း လိုက္၍ ကြာသြားျခင္းပင္။ အိမ္ေမြးတိရစာၦန္မ်ားအျဖစ္ ဇြန္ဘီမ်ားႏွင့္ မြန္းစတားမ်ားကို ဖမ္း၍မရေပ. အခ်ိဳ႕ေသာ လယ္ဗယ္ျမင့္အိမ္ေမြးတိရစာၦန္မ်ားသည္ တိုက္ခိုက္နိုင္စြမ္း ျမင့္႐ုံသာမက ေတာင္တစ္လုံးေလာက္အထိ ႀကီးလာနိုင္ေသာ စေကးလည္း ရွိၾကေသးသည္။ ထိုသို႔ေသာ အိမ္ေမြးတိရစာၦန္မ်ားကို စီးေတာ္အျဖစ္လည္း အသုံးခ်ၾကသည္။ 

သို႔ေသာ္ မူလအဆင့္ေထာင္ေခ်ာက္မ်ားကေတာ့ သေႏၶေျပာင္းယုန္ကဲ့သို႔ေသာ မူလအဆင့္မ်ားကိုသာ ဖမ္းနိုင္ေလသည္။ အိမ္ေမြးတိရစာၦန္ေထာင္ေခ်ာက္မ်ားကို အသုံးခ်သည့္ နည္းလမ္းကေတာ့ အေတာ္ေလး လြယ္ေလသည္။ ကစားသမားမ်ား တစ္ေနရာရာတြင္ ေထာင္ေခ်ာက္ကို ခ်ထားလိုက္ရန္သာ လိုအပ္သည္။ ငါးမိနစ္အတြင္း ဂိမ္းမွ “ဖမ္းဆီးျခင္းေအာင္ျမင္ပါသည္” သို႔ “ဖမ္းဆီးျခင္းက်ရႈံးပါသည္” ဟူသည့္ စာမ်ိဳး ပို႔လာမည္ျဖစ္သည္။ 

သူတို႔ ဖမ္းမိေသာ အိမ္ေမြးတိရစာၦန္ကိုလည္း ၾကည့္နိုင္သည္။ အေျခခံက်က်ေျပာရလွ်င္ ကစားသမားမ်ား မည္သည့္အိမ္ေမြးတိရစာၦန္ ဖမ္းမိသည္ဆိုသည့္ အခ်က္မွာ ကစားသမားမ်ား ေရာက္ရွိေနသည့္ တည္ေနရာအေပၚတြင္ မူတည္ေပသည္။ 

အကယ္၍ ေထာင္ေခ်ာက္ကို နဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္းတြင္ သုံးလိုက္မည္ဆိုလွ်င္ ေထာင္ေခ်ာက္က နဂါးမ်ိဳးတုန္းခ်ိဳင့္ဝွမ္းမွ မြန္းစတားမ်ားကိုသာ ဖမ္းေပးလိမ့္မည္။ ဤသို႔ေသာ အဆင့္ျမင့္မေကာင္းဆိုးဝါးဆန္လွေသာ ေနရာမ်ိဳးတြင္ ေသခ်ာေပါက္ မူလအဆင့္ေထာင္ေခ်ာက္သုံးလွ်င္ပင္ တစ္ေကာင္ေကာင္ ဖမ္းမိမည္ျဖစ္ေၾကာင္း က်န္းက်ိရင္ နားလည္သည္။ ထို႔အျပင္ သူသည္လည္း ေသခ်ာေပါက္ ေအာင္ျမင္မည္ဟု ေမွ်ာ္လင့္ခ်က္နည္းနည္းေလး ထားထားသည္။ 

သူသည္ လက္ထဲတြင္ ေထာင္ေခ်ာက္ကို ကိုင္ထားၿပီး ေန႕တစ္ဝက္ၾကာေအာင္ ေလ့လာေနခဲ့သည္။ ေထာင္ေခ်ာက္ဆင္ျခင္းသည္ ဂိမ္းထဲမွာတုန္းကကဲ့သို႔ right click ေခါက္လိုက္႐ုံမ်ိဳးလို မရိုးရွင္းလွေပ။ 

ရလဒ္ကေတာ့ သူဘာထိလိုက္မိသည္မသိ ေထာင္ေခ်ာက္က ႐ုတ္တရက္ ေလခြၽန္သံလိုမ်ိဳးထြက္လာၿပီး သူ႕လက္ထဲမွ ပ်ံထြက္သြားသည္။ 

ပ်ံထြက္သြားတယ္.... 

သားရဲေထာင္ေခ်ာက္က ဂူအျပင္ဘက္သို႔ ပ်ံထြက္သြားရာ က်န္းက်ိရင္ ေသေလာက္ေအာင္ လန႔္သြားသည္။ သူ႕အေတြးမွာ 

‘တကယ့္ကို Item Store က ထုတ္ကုန္ပဲ တကယ့္ကို သာမန္မဟုတ္ဘူး’ 

ငါးမိနစ္ၾကာၿပီးေနာက္ ေထာင္ေခ်ာက္က ေျမာက္ႂကြေျမာက္ႂကြႏွင့္ ေၾကာင္တစ္ေကာင္သယ္ၿပီး ျပန္ေရာက္လာသည္။ 

ေထာင္ေခ်ာက္ဟုသာ ဆိုရေသာ္လည္း အထဲမွ ေၾကာင္ေသးေသးေလးကေတာ့ ဒီအတိုင္း ေၾကာင္ေမေမႀကီး မရွိတုန္း ေကာက္ထည့္လာသည့္အလား နာက်င္မႈတစ္ခုေလးမွ ရွိမေနပါေခ်။ ၎၏ ျပဳးက်ယ္ဝိုင္းစက္ေနေသာ မ်က္ဝန္းေလးမ်ားက ေနရာအနံ႕ စိတ္လႈပ္ရွားစြာ လိုက္ၾကည့္ေနၿပီး မနားတမ္း ဟိုဘက္လွည့္လိုက္ သည္ဘက္လွည့္လိုက္ လုပ္ေနသည္။ ထို႔အျပင္ ပါးစပ္ကလည္း ဆက္တိုက္ တစ္စုံတစ္ခုကို ေအာ္ေနေသးသည္။ 

ဤေၾကာင္ကေလးသည္ အလြန္ငယ္ေသးသည္။ ေၾကာင္တစ္ေကာင္ကဲ့သို႔ပင္ ကုတ္ရျခစ္ရမွန္း မသိေသးကာ ဒီအတိုင္း ေမြးကာစေၾကာင္ကေလးမ်ားလို “ေအာင္းေအာင္းေအာင္းေအာင္း” သာ ေအာ္တတ္ေသးသည္။ 

မူလအဆင့္ သားရဲေထာင္ေခ်ာက္သည္ ေၾကာင္ကေလးကို က်န္းက်ိရင္ ေျခေထာက္နားခ်ေပးလိုက္ကာ ဟိုလွည့္လိုက္သည္လွည့္လိုက္လုပ္ေနၿပီး သူ၏ ဝန္ေဆာင္မႈေပးျခင္း လုပ္ငန္းစဥ္ၿပီးဆုံးသြားသကဲ့သို႔ ေပ်ာက္ကြယ္သြားေလေတာ့သည္။ ေၾကာင္ကေလးသည္ က်န္းက်ိရင္၏ ေျခေထာက္ေပၚသို႔ တက္လာကာ ၎၏ တိုတိုေသးေသး ေျခေထာက္ကေလးမ်ားျဖင့္ က်န္းက်ိရင္ေပၚ တြယ္တက္ဖို႔ လုပ္ေနေလသည္။ 

ဆက္တိုက္ မနားတမ္း ေလွ်ာက္သြားေနကာ ပါးစပ္မွလည္း တစ္ခ်ိန္လုံး ေအာ္ေနသည္။ 

သိပ္မၾကာလိုက္ခင္ေလးမွာပင္ ေၾကာင္ကေလးသည္ က်န္းက်ိရင္၏ “ေဒါက္တာဝိုင္ကို ႏွစ္တစ္ေသာင္းၾကာေအာင္ ခ်စ္မဲ့သူ”ဆိုသည့္ အကၤ်ီနားသို႔ တြားသြားလာသည္။ က်န္းက်ိရင္ လက္ႏွစ္ဖက္ကို ျမန္ျမန္ဆန႔္ထုတ္လိုက္ၿပီး ၎၏ ေသးငယ္လွပေသာ ေရခဲျပာေရာင္မ်က္ဝန္းမ်ားထဲသို႔ စိုက္ၾကည့္လိုက္သည္။ 

“ေအာင္း” 

ေၾကာင္ကေလးသည္ အမခံလိုက္ရတာ သက္ေသာင့္သက္သာ မရွိသည့္အလား မေက်မနပ္ႏွင့္ ပါးစပ္ဟ၍ ေအာ္ေတာ့သည္။ ၎တြင္ သြားတစ္ေခ်ာင္းမွမရွိေပ။ ထို႔ေၾကာင့္ သူ၏ ပါးစပ္ကေလးက ကိုက္လိုက္လွ်င္လည္း မည္သူမွ ဒဏ္ရာရမွာ မဟုတ္ေပ။ 

က်န္းက်ိရင္ ေၾကာင္ကေလးကို လက္ဝါးထဲ ထည့္လိုက္ၿပီး ဤေကာင္စုတ္ကေလး သူ႕လက္ေလာက္ပင္ မႀကီးသည္ကိုၾကည့္ၿပီး ကူကယ္ရာမဲ့သလို ခံစားလိုက္ရသည္။ တိရစာၦန္ငယ္ေလးမ်ားအေပၚ အလြန္ၾကင္နာႏူးညံ့တတ္သူ တစ္ေယာက္မဟုတ္သည္ကို သူ႕ကိုယ္သူ သိသည္။ သို႔ေသာ္ သူ၏ အဘိုးအဘြားမ်ားက သူတို႔ရပ္ကြက္ထဲမွ ေခြးမ်ားေၾကာင္မ်ားကို အလြန္ၾကင္နာသေဘာက်ၾကသည္။ 

သူ၏ ပတ္ဝန္းက်င္က သူ႕အေပၚကို အေတာ္ေလး နက္နက္ရွိုင္းရွိုင္း လႊမ္းမိုးထားသည္ဟု ေျပာနိုင္သည္။ ေျပာၾကသည္မွာ ကိုယ္က တစ္စုံတစ္ခုကို သေဘာက်ႏွစ္ၿခိဳက္ သို႔ တစ္ေယာက္ကို ခ်စ္ခင္ႏွစ္သက္ေနပါလွ်င္ ထိုသူတို႔ သေဘာက်သည့္ အရာမ်ားကို ကိုယ္လည္း လိုက္ပါ သေဘာက်သြားမည္ဟု။ 

သူ၏ မွတ္ဉာဏ္ထဲမွ သက္ႀကီး႐ြယ္အိုႏွစ္ေယာက္ကို ေတြးမိလိုက္ခ်ိန္တြင္ ဤသနားစရာေကာင္းၿပီး အားနည္းလြန္းကာ တစ္ေယာက္တည္းမရွင္သန္နိုင္ေသးေသာ ေၾကာင္ကေလးကို သူမည္သို႔မွ လစ္လ်ဴရႈမထားနိုင္ေတာ့ေပ။ 

ေၾကာင္ကေလးသည္ ေတာ္ေတာ္ကို လွပလြန္းသည္။ အျဖဴေရာင္ေလးကိုမွ မ်က္လုံးအေရာင္ႏွင့္ တစ္ထပ္တည္းတူညီေသာ ေရခဲျပာေရာင္ဦးစမုတ္ေလးက နဖူးထက္တြင္ ေမ်ာလြင့္ေနသလို ပါေသးကာ ဘယ္ဘက္ကၾကည့္ၾကည့္ ခ်စ္စဖြယ္ကေလးေလးလို ျဖစ္ေနသည္။ 

ေၾကာင္ကေလးသည္ က်န္းက်ိရင္၏ လက္ဖဝါးထဲတြင္ သက္ေသာင့္သက္သာ ရွိသလို လွည့္ပတ္၍ လွဲအိပ္လိုက္ကာ ခနမၾကာလိုက္ ေပ်ာ္႐ႊင္စြာ အိပ္ေမာက်သြားေတာ့သည္။ ဤ လွပေနတာကလြဲလွ်င္ ဘာမွလုပ္မရေသာ ေျမာင္စုက္ေလးသည္ ေသခ်ာေပါက္ ကမာၻပ်က္ကပ္တြင္ အသက္ရွင္နိုင္ဖို႔ မလြယ္ေပ။ 

ေဒါက္တာဝိုင္က ၾကည့္ေကာင္းသည္ သို႔ေသာ္ သူ႕တြင္ လူတိုင္းကို ေခ်မြပစ္နိုင္ေသာ စြမ္းရည္ရွိသည္။ က်န္းက်ိရင္ သက္ျပင္းခ်လိဳက္ၿပီး ေၾကာင္ကို ေမြးထားဖို႔ ဆုံးျဖတ္လိုက္သည္။ ေမြးမည္ဆိုလွ်င္ ပထမဆုံး လုပ္ရမည့္အရာမွာ နာမည္ေကာင္းေလးတစ္ခု ေပးရန္ျဖစ္ၿပီး အသက္ရွင္ေအာင္ ေမြးရမည္။ 

ယေန႕ေခတ္တြင္ အဓိပၸာယ္မေကာင္းေသာ နာမည္ႏွင့္လူမ်ားသည္ ကိုယ့္အသက္ကိုယ္ မထိန္းသိမ္းနိုင္ၾကေပ။ က်န္းက်ိရင္ သိပၸံႏွင့္နည္းပညာရႈေထာင့္မွ ၾကည့္၍ ဆုံးျဖတ္လိုက္သည္။ ရန္သူမ်ားကို နာမည္ၾကားလိုက္သည္ႏွင့္ ေၾကာက္လန႔္ထြက္ေျပးသြားေစမည့္ နာမည္မ်ိဳးေပးျခင္းကသာ မွန္ကန္ေသာ ဆုံးျဖတ္ခ်က္ျဖစ္ေပမည္။ 

“ယြင္ေလ့ထ်န္း ဆိုရင္ေရာ” 

က်န္းက်ိရင္ ေခါင္းယမ္းလိုက္သည္။ ယြင္ေလ့ထ်န္းသည္ မိုးတိမ္မဟာမိတ္အဖြဲ႕၏ ပထမဆုံးေသာ အဖြဲ႕ေခါင္းေဆာင္ျဖစ္သည္။ ေနာက္ပိုင္းတြင္ သူသည္ ေန႕လည္စာ ထမင္းဘူးကို ယူခဲ့ၿပီး သားျဖစ္သူ ဒုေခါင္းေဆာင္ယြင္ခ်ဴက သူ႕ကို ေအာင္နိုင္ခဲ့သည္။ 

ယြင္ေလ့ထ်န္းသည္ အလြန္စြမ္းအားႀကီးေသာ လွ်ပ္စီးစြမ္းအားရွင္ ျဖစ္ေသာ္လည္း ထမင္းဘူးကို ေျပးယူေသာ အရွိန္ေၾကာင့္ သူ႕နာမည္က သိပ္မေကာင္းေတာ့ပါေခ်။ 

(T/N: ငါေလး တအားရယ္ခ်င္ ဘာမ်ားလဲလို႔ အီဒီယမ္ေတြဘာေတြ ထည့္သုံးထားတာထင္ေနတာ ထမင္းဘူးဆိုေတာ့ေလ အခုမွ အဖြဲ႕ေခါင္းေဆာင္ျဖစ္ၿပီး ထမင္းဘူးကို ေျပးယူလို႔ ငတ္တယ္ဆိုၿပီး နာမည္မေကာင္းေတာ့တာတဲ့ အူတက္ၿပီ။ ဒီလိုေတာင္ နာမည္ပ်က္သြားရတယ္ဆိုေတာ့ သူထမင္းဘူး ေျပးယူတဲ့အရွိန္ကို စဥ္းစားသာၾကည့္ၾကပါေတာ့ XD:) 

က်န္းက်ိရင္မွာ ထိုနာမည္က သူ႕ေၾကာင္ကေလးႏွင့္ မလိုက္ဖက္ဟု ထင္မိသည္။ ေနာက္ဆုံးတြင္ သူ႕ေပါင္ကို ရိုက္လိုက္ၿပီး ေက်နပ္အားရစြာ ေျပာသည္။ 

“မင္းနာမည္က ေဒါက္တာဝိုင္ရဲ႕သားသားေလး ပဲ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္တဲ့ နာမည္လဲ ဇြန္ဘီေတြေရာ လူသားေတြေရာ သူ႕ကို နည္းနည္းေလးမွ ထိရဲမွာမဟုတ္ဘူး” 

ေၾကာင္ကေလးသည္ “ေအာင္းဝ္” ဟူ၍ အသံေသးေသးေလးေပးၿပီး နိုးလာကာ က်န္းက်ိရင္ကို ေခါင္းေလးႏွင့္ ေခြ႕ၿပီး ကပ္ခြၽဲသည္။ 

ရလဒ္ကေတာ့ က်န္းက်ိရင္ စကားေျပာၿပီးသည္ႏွင့္ အိပ္ရာေပၚတြင္ နိုးလာျခင္းျဖစ္သည္။ 

ေခါင္းအုံးေဘးမွ ဖုန္းက ျဖတ္ကနဲလင္းလာၿပီး နာမည္ေက်ာ္ အမ်ိဳးသမီးအဆိုေတာ္တစ္ေယာက္၏ အသံေအာင္ေအာင္က တစ္ခန္းလုံး ဟိန္းထြက္လာသည္။ ဖုန္းသံေၾကာင့္ နိုးလာျခင္းျဖစ္ေလာက္သည္။ က်န္းက်ိရင္ ေခါင္းကုတ္လိုက္ၿပီး ဖုန္းကိုင္လိုက္သည္။  

သက္ေသာင့္သက္သာျဖစ္ေအာင္ အပ်င္းဆန႔္လိုက္ၿပီး နာရီကို ေမာ့ၾကည့္လိုက္သည္။ ယခုမွ ဆယ့္တစ္နာရီခြဲသာ ရွိေသးသည္။ သူအိပ္ေပ်ာ္သြားသည္မွာ အခုမွ နာရီဝက္ေက်ာ္ေက်ာ္သာ ရွိေသးေလာက္သည္။ 

ေခၚဆိုသူမွာ သူတို႔ အဖြဲ႕မႉးျဖစ္ၿပီး မနက္ျဖန္အစည္းအေဝးအတြက္ ေနာက္ဆုံးမိနစ္တြင္ အေျပာင္းအလဲတစ္ခု လုပ္ခဲ့သည့္အေၾကာင္း လွမ္းေျပာတာ ျဖစ္သည္။ ယေန႕ေခတ္တြင္ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားသည္ ညဘက္တြင္ ပိုမ်ားေလ့ရွိၾကၿပီး အင္တာနက္၊ တီဗီ၊ ဂိမ္း အမ်ိဳးမ်ိဳးရွိၾကကာ ညဇီးကြက္မ်ားအတြက္ အလြန္အဆင္ေျပေလသည္။ ထို႔အျပင္  အခ်ိန္ပိုလုပ္သူမ်ားႏွင့္ ေနာက္က်သည္အထိ စာေလ့လာသူမ်ား အမ်ားအျပားရွိရာ ညဘက္တြင္လည္း စည္ကားသည္ဟု ဆိုနိုင္သည္။ 

က်န္းက်ိရင္ကဲ့သို႔ အလုပ္ခ်ိန္ႏွင့္ အိပ္ခ်ိန္ကို ပရိုဂရမ္သြင္းထားသလို တစ္သတ္မတ္ထဲ လုပ္သည့္သူမွာ အလြန္ရွားပါးေလသည္။ က်န္းက်ိရင္ ဖုန္းခ်လိဳက္ၿပီး ခနေလာက္ၾကာေအာင္ အိပ္မေပ်ာ္နိုင္ေတာ့သည္မို႔ ဂိမ္းထဲ ဝင္လိုက္သည္။ 

ယင္ညန္၏ မ်က္ႏွာကို ျမင္လိုက္ေသာ အခိုက္အတန႔္တြင္ ေၾကာင္ကေလးကို နာမည္ေပးၿပီးသည္ႏွင့္ ေပ်ာက္ကြယ္သြားရသည္ကို သတိရသြားကာ ေသြးမ်ားေဆာင့္တိုးသြားၿပီး ေၾကာက္လန႔္လာသလို ခံစားလာရသည္။ သူ႕စိတ္ထဲတြင္ 

‘ငါလုပ္ခဲ့တာ သိပ္မမွန္သလိုပဲ’ 

သို႔ျဖစ္ရာ က်န္းက်ိရင္သည္ ခ်က္ခ်င္း ကီးဘုတ္တြင္ စာရိုက္လိုက္ၿပီး အရင္စဝန္ခံလိုက္သည္။ 

“ဝိုင္ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ေလ (???) ခင္မ်ားခြင့္ျပဳခ်က္မရွိဘဲ ခင္မ်ားကို သားေလးတစ္ေယာက္ေပးလိုက္မိသြားတယ္” 

“အား အမွန္က ကြၽန္ေတာ္ ကြၽန္ေတာ့္ရဲ႕ ေၾကာင္ေလးကို ‘ေဒါက္တာဝိုင္ရဲ႕သားသားေလး’ လို႔ နာမည္ေပးလိုက္မိတာပါ” 

“ခင္မ်ား မႀကိဳက္ေလာက္ဘူးေပါ့ေနာ္ ဒါေပမဲ့ ခင္မ်ားကို ေၾကာင္ေလးရဲ႕ တကယ့္အေဖလို႔ မဆိုလိုပါဘူးေနာ္ တကယ္လို႔ ခင္မ်ား မႀကိဳက္ဘူးဆိုရင္ ကြၽန္ေတာ္ ကြၽန္ေတာ္သူ႕ကို ‘က်န္းက်ိရင္ရဲ႕သားသားေလး’လို႔ပဲ ျပန္ေျပာင္းေပးလိုက္မယ္ေလ” 

“ဘာပဲျဖစ္ျဖစ္ပါေလ ဒါက နာမည္ေလးတစ္ခုပါပဲ ကြၽန္ေတာ္ စိတ္ထဲ မထားပါဘူး” 

က်န္းက်ိရင္ တစိမ့္စိမ့္ေတြးလိုက္ၿပီး သူ၏ “နာမည္ၾကားလိုက္တာနဲ႕ ဘယ္သူမွ မထိရဲေတာ့ဘူး”ဆိုသည့္ ရည္႐ြယ္ခ်က္ကို ေသြဖည္သြားၿပီဟု ခံစားမိသြားသည္။ ေနာက္ဆုံးတြင္ သူကိုယ္တိုင္သည္ မည္သည့္ အမည္နာမဂုဏ္မွ မရွိေသာ အေရးမပါသည့္ လူတစ္ေယာက္သာျဖစ္သည္။ 

“က်န္းက်ိရင္ရဲ႕သား” မေျပာႏွင့္။ 

က်န္းက်ိရင္ကိုယ္တိုင္ေပၚလာလွ်င္ပင္ ဘာမွ အသုံးမဝင္ေပ။ ထို႔ေၾကာင့္ တစ္ဖက္မွ တုံ႕ျပန္မလာသည့္ အခ်က္ကို အျပည့္အဝအသုံးခ်ကာ ရွက္စနိုးျဖစ္သြားေသာ မ်က္ႏွာရဲရဲေလးႏွင့္ ေဆြးေႏြးဟန္ စာရိုက္လိုက္သည္။ 

“ဒီလိုလုပ္ရင္ေရာ ကြၽန္ေတာ္ ခင္မ်ားနာမည္ကို ငွားသုံးမယ္ေလ ဒါေပမဲ့ ကြၽန္ေတာ္ စိတ္မဆိုးဘူးဆိုတာ ျပဖို႔အတြက္ ကြၽန္ေတာ္တို႔ သူ႕ကို “ေဒါက္တာဝိုင္ နဲ႕ က်န္းက်ိရင္တို႔ရဲ႕ သားသားေလး” လို႔ ေခၚၾကမယ္ေလ ေနာ္” 

“အိုး ခင္မ်ား မျငင္းဘူးေပါ့ ဒါဆို ဒီနာမည္ကိုပဲ အတည္ယူလိုက္မယ္ေနာ္” 

က်န္းက်ိရင္သည္ အတြင္းစိတ္က ရက္စက္တတ္သူ တစ္ေယာက္ျဖစ္ၿပီး သူ၏ သူငယ္ခ်င္းမ်ားႏွင့္ လုပ္ေဖာ္ကိုင္ဖက္မ်ား အားလုံးက သူ႕ကို ေဒါင္က်က်ျပားက်က် ေနတတ္ကာ အလြန္ရိုးသားသူျဖစ္သည္ဟု ထင္ၾကသည္။ 

နာမည္အသစ္ကို တဖြဖြေရ႐ြတ္ေနမိရင္းမွ ဤနာမည္တြင္ တစ္ျခားေသာ အဓိပၸာယ္တစ္မ်ိဳး ရွိေနေသးမွန္း သေဘာေပါက္သြားကာ မ်က္ႏွာတစ္ျပင္လုံး ရဲတြတ္သြားရသည္။ ကြန္ပ်ဴတာကို စပ္ၿဖဲၿဖဲၾကည့္လိုက္ၿပီး ေခ်ာကလက္ႏွစ္ဘူးဝယ္လိုက္သည္။ ထို႔ေနာက္ ေဒါက္တာဝိုင္၏ ေရွ႕တြင္ ခ်ေပးလိုက္သည္။ 

ဤခံစားခ်က္မ်ိဳးသည္ အေတာ္ေလး ရွင္းျပရခက္ခဲကာ ဤပုဂၢိဳလ္ႏွင့္ အနည္းငယ္ေလး ဆက္ႏြယ္မႈရွိသည္ဆိုေသာ ခံစားခ်က္ေလးသည္ သူ႕ကို ထိန္းမရေအာင္ ေပ်ာ္႐ႊင္ေစဖို႔ လုံေလာက္ေလသည္။ 

က်န္းက်ိရင္၏ အသိတရားတို႔သည္ ယင္ညန္ႏွင့္ပတ္သက္လွ်င္ အလုပ္မလုပ္ေတာ့ဟန္တူသည္။ ထိုသူႏွင့္ ဆက္ႏြယ္မႈေလးတစ္ခုရွိသြားၿပီဟု ေတြး၍ ေပ်ာ္႐ႊင္ေက်နပ္သြားေသာ က်န္းက်ိရင္ ကြန္ပ်ဴတာကို ပိတ္လိုက္ၿပီး အိပ္ဖို႔ျပင္ေတာ့သည္။ 

သူ႕မ်က္လုံးမ်ား ျပန္ဖြင့္လိုက္ေသာ အခ်ိန္တြင္ ေၾကာင္ကေလးသည္ နာခံစြာျဖင့္ သူ႕လက္ဝါးေပၚ လွဲေနဆဲျဖစ္ေလသည္။ က်န္းက်ိရင္ ခပ္တည္တည္ေလးေျပာသည္။ 

“မင္းနာမည္ ေျပာင္းသြားၿပီေနာ္ အခုကစၿပီး မင္းရဲံ တရားဝင္နာမည္က “ေဒါက္တာဝိုင္ ႏွင့္ က်န္းက်ိရင္တို႔ရဲ႕ သားသားေလး”ျဖစ္သြားၿပီ” 

သို႔ေသာ္ ဤနာမည္က အလြန္ရွည္ေနသည္ကို ေတြးမိၿပီး က်န္းက်ိရင္သည္ ေၾကာင္ငယ္ေလးကို ေခၚရလြယ္ၿပီး ႏူးညံ့ပုံေပါက္ေသာ အိမ္ေခၚနာမည္ေလးတစ္ခု ေပးဖို႔ စဥ္းစားလိုက္သည္။ 

“ယင္ေရွာက္ရွန္း” 

အတိုေကာက္ကို ေရွာက္ရွန္း ဟုေခၚမည္။ 

အဘယ့္ေၾကာင့္ဆိုေသာ္ ကမာၻေပၚတြင္ “ရွန႔္ညန္/ရွန္းညန္”( Xiang Nian) ဟူေသာ စာလုံးတစ္လုံးရွိသည္ေလ။ 

.................................... 

မွတ္သားစရာမ်ား 

ရွန႔္(ရွန္း) : စကားလုံးတစ္လုံးတည္းဆိုလွ်င္ လြမ္းဆြတ္သည္ (သို႔) ေတြးမိေနသည္ ဟူသည့္ အဓိပၸာယ္ရေလသည္။ 

ညန္(Nian) : ဤစကားလုံးသည္ ကိုယ္တို႔ရဲ႕ ဇာတ္လိုက္ေက်ာ္ ေဒါက္တာဝိုင္ ယင္ညန္ ၏ အမည္မွ စာလုံးႏွင့္ အတူတူျဖစ္သည္။ 

ထို႔ေၾကာင့္ ရွန္းညန္/ရွန႔္ညန္ တြင္ အဓိပၸာယ္ႏွစ္ခုရွိနိုင္သည္။ 

ညန္ (ML)ကို လြမ္းဆြတ္တမ္းတေနရပါတယ္ (သို႔)ေမွ်ာ္လင့္ေစာင့္စားရပါေသာညန္ 

.............................. 

Continue Reading

You'll Also Like

7.6K 1.1K 6
Description Recently, my childhood buddy has been giving me some very ambiguous signs. Is he trying to turn me gay? Author - Jiao Hua Qing Jiu/浇花清酒 S...
26.2K 3.2K 39
"ကိုယ်ရပ်တန့်ပစ်ဖို့​ ရွေးချယ်လိုက်တယ်၊ မင်းကိုချစ်​နေတဲ့ အချိန်​တွေမှာပဲ ရပ်တန့်ပစ်လိုက်ဖို့" Shut Down-《停摆》(mm trans) Native Title - 停摆 Total Chapt...
747K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....