အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {...

By KhatSixx

376K 18.5K 622

Romance ဆန်ဆန် ဇာတ်အိမ်လေးနဲ့ အချိုတစ်လိုင်း ကြိုက်တတ်သူလေးတွေ အတွက် 💙🫰 အော်သာ - မိုင်းမိုင် Romance ဆန္ဆန္... More

ဇာတ်လမ်း အညွှန်း - ဇာတ်လမ်း အညွှန်း
အခနျး (၁)
အခန်း (၁)
အခနျး (၂)
အခန်း (၂)
အခနျး (၃)
အခန်း (၃)
အခနျး (၄)
အခန်း (၄)
အခနျး (၅)
အခန်း (၅)
အခနျး (၆)
အခန်း (၆)
အခနျး (၇)
အခန်း (၇)
အခနျး (၈)
အခန်း (၈)
အခနျး (၉)
အခန်း (၉)
အခနျး (၁၀)
အခန်း (၁၀)
အခန်း (၁၁)
အခနျး (၁၂)
အခန်း (၁၂)
အခနျး (၁၃)
အခန်း (၁၃)
အခနျး (၁၄)
အခန်း (၁၄)
အခနျး (၁၅)
အခန်း (၁၅)
အခန်း (၁၆)
အခနျး (၁၆)
အခန်း (၁၇)
အခန္း (၁၇)
အခန်း (၁၈)
အခန္း (၁၈)
အခန်း (၁၉)
အခန္း (၁၉)
အခန်း (၂၀)
အခန္း (၂၀)
အခန်း (၂၁)
အခန္း (၂၁)
အခန်း (၂၂)
အခန္း (၂၂)
အခန်း (၂၃)
အခန္း (၂၃)
အခန်း (၂၄)
အခန္း (၂၄)
အခန်း (၂၅)
အခန္း (၂၅)
Warning 21+ 🚨🚨🚨
Warning 21+ ( Zawgyi )🚨🚨🚨
အခန်း (၂၆) [Mature 21++🚨🚨🚨]
အခန္း (၂၆) [Mature 21++🚨🚨🚨]
အခန်း (၂၇)
အခန္း (၂၇)
အခန်း (၂၈)
အခန္း (၂၈)
အခန်း (၂၉)
အခန္း (၂၉)
အခန်း (၃၀)
အခန္း (၃၀)
အခန်း (၃၁)
အခန္း (၃၁)
ဇာတ်သိမ်းပိုင်း
( ဇာတ်သိမ်းပိုင်း )

အခန်း (၁၁)

5.8K 385 24
By KhatSixx

M I N E M Y:
အချစ်တွေနဲ့ မိုးထားတဲ့အိမ် (၁၁)

ကျောင်းပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့မှာတော့ ခေတ်သစ်တို့ Coffee Garden မှာ ဆုံဖို့ ချိန်းထားကြသည်။ ရေချိုးပြီးစီးကာ အဝတ်အစားလဲပြီးသည့်အချိန်တွင် နေ့လည် (၂)နာရီ တောင်ရောက်ခဲ့လေသည်။ ထို့နောက် အမည်းရောင် ဘေးလွယ်အိတ်ကိုစလွယ်သိုင်းကာ ဆိုင်ကယ်လေးနှင့် ထွက်လာခဲ့တော့သည်။

(၃၅) လမ်းဖြစ်သည့် အဓိကလမ်းမကြီးပေါ်တွင်တည်ရှိတာကြောင့် ခေတ်သစ် ကော်ဖီဆိုင်ကို မရှာလိုက်ရပါ။ ဆိုင်ရှေ့လေးမှာ ဆိုင်ကယ်လေးရပ်ထားပြီးတော့ ဆိုင်တွင်းသို့ လှမ်းဝင်လာခဲ့သည်။ လမ်းမကိုမြင်ရသည့် မှန်နဲ့ကပ်ရပ်က ထိုင်ခုံဝိုင်းလေးမှာ ကုဋေမင်းဆက် တို့ကို တွေ့လိုက်ရသည်။

" ခေတ်သစ် နောက်ကျတာကွာ၊ ချိန်းထားတာ တစ်နာရီကို။ နေ့လည် ဘောလုံးကန်ဖို့ ချိန်းထားသေးတယ်ဟ မင်းကလည်း "

" အေးပါကွာ၊ ဆောရီး ကုဋေ...ငါအလုပ်တွေဆက်နေလို့။ မင်းတို့ ဘောပွဲက ဘယ်ချိန်လဲ "

" ညနေ (၃) နာရီ၊ Town City မှာ ချိန်းထားတာ။ အဲ့ဆီမှာ နောက်ထပ် မြက်ခင်းပြင်ကွင်းအသစ်တွေ ထပ်ချဲ့ထားပေးတယ် "

" အေးကွာ၊ ဒါဆို နောက်နာရီဝက်လောက်နေရင် သွားကြမယ်လေ "

ထို့နောက် ခေတ်သစ်က ကောင်တာလေးသို့ လှမ်းကြည့်ကာ ကော်ဖီမှာဖို့ လူခေါ်လိုက်သည်။

" ညီလေးရေ..."

ဝန်ထမ်းကောင်လေးကို လက်ဟန်လေးပြကာ လှမ်းခေါ်လိုက်သည်။

" ဟုတ်ကဲ့...အကို။ ဘာများအမှာရှိမလဲဗျာ "

ပျူငှာတဲ့ အသံလာရာကို ခေါင်းလေးငဲ့ကြည့်လိုက်တော့ ဘုဆက်ဆက်မျက်နှာပေးနှင့် ကော်ဖီလာပို့တဲ့ ထိုကောင်လေး...မှတ်မိတာပေါ့။ အခုကျတော့လည်း သူမဟုတ်သည့်တိုင်ပင်။

" ဆိုင်ရဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ Love Coffee တစ်ခွက်ပေးပါ။ ခါးဆိမ့်ဆိမ့်လေးနော် "

Coffee Garden မှာပဲရနိုင်တဲ့ တမျိုးတည်းသော ကော်ဖီနာမည်က Love Coffee တဲ့။ သူ့အချိုးအစားနှင့်သူ ရောစပ်ဖျော်ပေးတဲ့ ထူးခြားသည့် အရသာ ကော်ဖီတစ်ခွက်သာဖြစ်သည်။

ခေတ်သစ်ဆီက အမှာစာရင်းကို မှတ်ပြီးနောက်တော့ ကောင်တာလေးဆီ အမှာပို့လိုက်သည်။

" ယံယံရေ၊ ခဏ လာဖျော်ပေးပါဦး။ မမ အနောက် ခဏသွားချင်လို့ "

ကော်ဖီဖျော်တတ်သေးတဲ့သူဆိုလည်း ဒီယံပျိုးသာ ရှိသေးတာမို့ မမိုးစက်က ခဏလက်လွှဲခဲ့သည်။

ထို့နောက်တွင်တော့ ကော်ဖီဖျော်ဖို့ ဒီယံပျိုး စတင်ခဲ့သည်။ ကော်ဖီစိလေးများကို ကြိတ်စက်လေးထဲသို့ ထည့်ကြိတ်လိုက်သည်။ ကြိတ်စက်ထဲကထွက်လာတဲ့ ကော်ဖီအမှုန့်လေးတွေကို ပိုပြီးကျေညက်အောင် Press (ဖိ) လိုက်သည်။ ထို့နောက် ထိုအမှုန့်လေးတွေကို ကော်ဖီဖျော်စက်ထဲသို့ထည့်ကာ ဆိုင်ရဲ့သီးသန့် စပ်ထားတဲ့ နွားနို့၊ သကြား၊ နို့ဆီ၊ ခရင်မ်မီ တို့ကို အချိုးကျကျရောစပ်ထားတဲ့ အရောအနှောတို့ကို ထိုကော်ဖီဖျော်စက်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက်တွင်တော့ ထိုစက်ထဲကနေ ကော်ဖီခွက်လေးထဲသို့ ကော်ဖီအရည်များ စီးကျလာတော့သည်။ ခါးဆိမ့်ဆိမ့်ဆိုတဲ့ အရသာဖြစ်လို့ Press လုပ်ထားသည့် ကော်ဖီမှုန့်အနည်းငယ်ပိုထည့်ကာ နို့စိမ်းထပ်ရောနှောလိုက်သည်။

ထို့နောက်တွင်တော့ သောက်ချင်စရာ အတိဖြစ်နေသည့် Love Coffee ခါးဆိမ့်ဆိမ့်လေး တစ်ခွက်ရရှိလာခဲ့သည်။ လွှမ်းက သူ့ဆီက ကော်ဖီခွက်လေးကို ခေတ်သစ်တို့ဝိုင်းကို လာချပေးခဲ့သည်။

အနံ့လေးနဲ့တင် ခါးသက်သက်အနံ့လေးက သင်းပျံ့နေတာမို့ စွဲမက်ဖွယ် ဆွဲဆောင်နိုင်လွန်းသည်။ ခေတ်သစ် ကော်ဖီအနံ့လေးကို ဦးဆုံးရှုရှိုက်ပြီးတော့ တစ်ငုံစာလောက်လေး မြည်းစမ်းကြည့်လိုက်သည်။

ကော်ဖီ အစက်လေးတစ်ချို့ ပါးစပ်ဖျားလေးထဲသို့ စီးကျသွားချိန်တွင် ခေတ်သစ် တကိုယ်လုံးကြက်သီးမွှေးများ ဖြန်းကနဲ ထသွားရလောက်အောင် ကော်ဖီအရသာက စွဲမက်စွာကောင်းရက်လွန်းလှသည်။

" ဟား...သိပ်ကောင်းပါလားကွာ။ ခါးစိမ့်စိမ့်နဲ့ ဒီအရသာကို ငါဘယ်လိုဖော်ကျူးရမလဲတောင် မသိတော့ဘူး "

" ဟုတ်တယ် ခေတ်သစ်ရ၊ ဒီဆိုင်က Love Coffee က သိပ်သောက်လို့ကောင်းတာ။ ငါနဲ့ ငါ့ကောင်မလေးဆို ရံဖန်ရံခါ အေးအေးလူလူ ဒီမှာပဲ လာနှပ်ကြတာ။ ကော်ဖီအရသာလေး သိပ်ကိုကြိုက်လွန်းလို့လေ "

" အေးကွာ။ ငါ့အိမ်နဲ့က ဝေးလွန်းတော့ မင်းတို့ ချိန်းလို့သာ ဒီဆိုင်ငါအခုမှ ရောက်တာ။ ဟိုတစ်နေ့ကတော့ မေမေက Deli နဲ့ဒီဆိုင်ကပဲ မှာသေးတယ်။ ငါက မေမေဖျော်တာကလွဲရင် ကျန်တဲ့ကော်ဖီတွေ မသောက်တတ်လို့ အဲ့တုန်းက မမြည်းစမ်းခဲ့ကြည့်မိဘူး။ သိပ်ကောင်းတာပဲကွာ "

တစ်ခါသောက်ပြီး ရင်ထဲစွဲကျန်ရစ်စွာ ပျော်ဝင်သွားခဲ့သည့် ထိုအရသာကို နောက်ထပ် နောက်ထပ် လိုချင်မိသွားမှန်း ခေတ်သစ် ရိပ်စားမိခဲ့သည်။ ဒီကော်ဖီရဲ့လက်ရာက ထိုကောင်လေးဖျော်စပ်ပေးမှန်း ခေတ်သစ် နောက်သို့ လှည့်မကြည့်ရဘဲ သိခဲ့သည်။ အကြောင်းရင်းက ခေတ်သစ်ရဲ့ အာရုံအသိတို့သည် ထိုကောင်လေးဆီ ရောက်ရောက်နေခဲ့လို့သာဖြစ်သည်။

" ဟိတ်ရောင်တွေ၊ သွားကြစို့ကွာ။ သုံးနာရီထိုးတော့မယ်။ ချိန်းပွဲနောက်ကျနေလိမ့်မယ် "

" ငါ ပိုက်ဆံသွားရှင်းလိုက်မယ်။ မင်းတို့ ထွက်နှင့်ကြ "

အကြောင်းကား ထိုကောင်လေးကို နောက်တစ်ကြိမ် သေချာစွာ ကြည့်ချင်မိတဲ့စိတ်တို့ကြောင့်ဖြစ်သည်။ ထိုင်ခုံကနေ ဆက်ကနဲ ထလိုက်ပြီးတော့ ပိုက်ဆံသွားရှင်းဖို့ မတ်တပ်ရပ်လိုက်ချိန်တွင် အနောက်ကနေ တစ်စုံတစ်ဦးနှင့် အရှိန်ပြင်းစွာ ထိရိုက်မိသွားခဲ့သည်။

ခလွမ် ခလွမ်း ခလွမ်း ...

ဗန်းလေးတစ်ချပ်ပေါ်တွင် သယ်ဆောင်လာသည့် ကော်ဖီခွက်လေးနှစ်ခွက်နှင့် ရေနွေးခွက်နှစ်ခွက်တို့က ပြင်းထန်တဲ့ အရှိန်တစ်ခုကြောင့် လွင့်စင်မှောက်ကျကုန်ရသည်။ ကော်ဖီအချို့နှင့် ရေနွေးတို့က ထိုကောင်လေးကိုယ်ပေါ်မှာရော ခေတ်သစ်ကိုယ်ပေါ်မှာပါ စိုရွှဲစွာ ဖိတ်စင်ကျသွားသည်။

" အား.... ပူလိုက်တာ၊ ဆော...ဆောရီး ပါဗျာ။ ကျွန်တော်တောင်းပန်ပါတယ် "

အဖြစ်အပျက်တို့က မြန်ဆန်သွားတာကြောင့် ဒီယံပျိုး အရှိန်ပင် မထိန်းလိုက်နိုင်ပါ။တစ်ဆိုင်လုံးဆီက အကြည့်ချက်များက ခေတ်သစ် တို့ဝိုင်းဆီ မဆိုင်းမတွ ရောက်လာခဲ့သည်။

ပျာပျာသလဲ တောင်းပန်စကားတစ်ချို့ ထိုကောင်လေးဆီက ထွက်ကျလာသည်။ ကော်ဖီစက်တို့ကြောင့် အဖြူရောင် လည်ကတုံးလက်ရှည်လေးဟာ ရရက်စရာမရှိအောင် အစွန်းအထင်းများစွာနှင့် ပေကျန်သွားရသည်။

" မဟုတ်တာ ကျွန်တော့်ကြောင့်ဖြစ်သွားရတာပါ။ ကျွန်တော်ကပဲ တောင်းပန်ပါတယ်၊ အားနာလိုက်တာ။ ကွဲသွားတဲ့ ပန်းကန်တွေအတွက် အစားပြန်လျော်ပေးပါ့မယ်။ နောက်ပြီး အစွန်းပေနေတဲ့ မင်း အင်္ကျီနဲ့ပုဆိုး လည်း ပြန်လျော်ပေးပါမယ် "

" နေပါစေ၊ ရပါတယ်။ မတော်တဆ ဖြစ်သွားတာပဲလေ။ အလျော်ပေးစရာ မလိုပါဘူး "

တဒိန်းဒိန်း လှုပ်ရှားနေတဲ့ နှလုံးခုန်သံတို့ကြောင့် ဒီယံပျိုး ပို၍ အနေကြပ်ရသည်။ ကော်ဖီစက်တို့ရဲ့ အပူရှိန်ကြောင့်လား ၊ ရေနွေးအပူကြောင့်လား မသိပေမဲ့ ပူရှိန်းတဲ့ အပူချိန်တို့နှင့် နှလုံးသားလေး ထူပူစွာ ယိမ်းထိုးနေခဲ့သည်။ ငုတ်တုတ်ထိုင်ချကာ ကွဲအက်သွားတဲ့ ဖန်ကွဲစတို့ကို တစ်စချင်းလိုက်ကောက်လိုက်တော့သည်။

" ယံယံ...နေ၊ နေ ဖယ်။ ဒီမှာ ဂေါ်နဲ့လှည်းထုတ်လိုက်မယ်။ လက်နဲ့ မကောက်နဲ့ ၊ ဖန်ကွဲစ ရှလိမ့်မယ် "

လွှမ်းရတု တံမြက်စည်းနဲ့ ဂေါ်လေးကိုင်ကာ ဖန်ကွဲစတို့ကို လှည်းကျင်းနေသည်။

" ယံယံ...အဝတ်အစားလဲဦးလေ။ ကော်ဖီ အစွန်းတွေနဲ့ ပူသွားသေးလာဟင်။ ဒီကအကိုရော ကော်ဖီပူသွားခဲ့ရင် တောင်းပန်ပါတယ်ရှင် "

မနွေးက ခေတ်သစ်ဆီ အားတုံ့အားနာဖြင့် တောင်းပန်စကားဆိုလိုက်သည်။

" ကျွန်တော့်ကြောင့်ပါ၊ ဒီကတစ်ယောက်လည်း ထပ်ပြီး ကျွန်တော်ကပဲ တောင်းပန်ပါရစေ "

" ဟုတ်ကဲ့ပါရှင်၊ ဒါဆို ယံယံ အဝတ်အစားသွားလဲလိုက်နော် ငါ့မောင် "

" ဟုတ် မမနွေး "

ဒီယံပျိုး ဝန်ထမ်းနားတဲ့ အခန်းလေးဆီ ဝင်သွားခဲ့လိုက်သည်။

" ဒီကွဲသွားတဲ့ ဖန်ခွက်တွေက ဘယ်လောက်လျော်ပေးရမလဲ အမ "

ခေတ်သစ်က ကိုယ့်ကြောင့်ဖြစ်သွားတဲ့ မတော်တဆဖြစ်လို့ တာဝန်ယူစိတ်ရှိစွာပင် အလိုက်တသိ သိတတ်ခဲ့သည်။

" ရတယ် နေပါစေ...အကို။ မတော်တဆကြောင့်ပဲ လျော်စရာမလိုပါဘူး "

" ဒါဆို ဘယ်လောက်ကျလဲဗျ။ ဒီဝိုင်းက "

ကျသင့်ငွေ ရှင်းကာ ဆိုင်လေးထဲက အားတုံ့အားနာဖြင့် ခေတ်သစ် တို့ ထွက်လာခဲ့ကြသည်။

" ဟိတ်ရောင်တွေ ငါမလိုက်တော့ဘူးကွာ။ ဒီနေ့တော့ မင်းတို့ပဲ သွားလိုက်တော့ ။ ငါ အိမ်ပဲပြန်တော့မယ် "

" အေး ခေတ်သစ်။ ဂရုစိုက်ပြန်ဦးကွာ "

" ok နက်ဖြန်ကျောင်းမှာ ဆုံမယ် "

ဆိုင်ကယ်လေးမောင်းကာ အိမ်သို့သာ ပြန်လာခဲ့တော့သည်။ အစွန်းအထင်းများနှင့် ကော်ဖီစက်တွေက ငြိမ်သက်စွာမရှိတဲ့ ပြေးလွှားလှုပ်ရှားနေတဲ့ ရင်ခုန်သံစည်းချက်တွေရဲ့ အပေါ်မှာ လှပစွာ ပေကျန်နေလေရဲ့။

အမျိုးအမည်မသိသော ရင်ခုန်သံတွေကို ခေတ်သစ် ခေါင်းစဥ်တပ်မရခဲ့ပါ။ သေချာတာကတော့ ထိုကောင်လေးနှင့် တွေ့ရတိုင်း စည်းချက်မကျစွာပဲ နှလုံးခုန်သံတို့ ပိုမိုမြန်ဆန်လာသည်သာ။

💙

တနင်္ဂနွေနေ့ ဖြစ်တာကြောင့် Paradise Hotel လေးသည် ဧည့်သည်များနှင့်ပြည့်လျက် ရှိသည်။ ထိုနေ့များတွင်တော့ ပုံရိပ်တို့ ဝန်ထမ်းတွေ အခန်းတိုင်းကို သန့်ရှင်းရေးလုပ်ရလွန်းလို့ တနေကုန် မအားလပ်အောင် အလုပ်ဇယ်ဆက်နေခဲ့သည်။

ငါးလွှာအထပ်လေးဆီသို့ ဓာတ်လှေကားလေးဖြည်းညင်းစွာ တက်လာခဲ့သည်။ ပုံရိပ်ကိုင်ရတဲ့ ငါးလွှာအထပ်မှာ စုစုပေါင်းအခန်း ဆယ်ခန်းရှိသည်။ Check Out ( ဧည့်သည်ထွက်ခွာသွားတဲ့ ) အခန်းတွေကို မနက်တည်းက ဦးဆုံးသန့်ရှင်းရေးလုပ်ပြီးသွားလေသည်။ ဧည့်သည်ရှိတဲ့ အခန်း(OC အခန်း) ကိုတော့ အခုမှ တစ်ခန်းဆီ လိုက်ရှင်းနေသည်။

ပုံရိပ်တို့ ဝန်ထမ်းတွေဆီမှာ အထပ်တစ်ထပ်ဆီက အခန်းတိုင်းကိုဖွင့်နိုင်တဲ့ Master Key တစ်ချောင်းဆီ အထပ်ကိုင်တဲ့သူတိုင်းမှာ ရှိနေသည်။ ဧည့်သည်ရှိသည့် အခန်းတွေဆို အခန်းထဲမှာ ဧည့်သည်မရှိရင်တောင် မိမိဘာသာ Master Key ဖြင့်ဖွင့်ကာ သန့်ရှင်းရေးလုပ်ကြရသည်။ ဧည့်သည်တွေရဲ့ ပစ္စည်း ဘာတစ်ခုကိုမှ ပုံရိပ်တို့ ကိုင်တွယ်စပ်စုခြင်းမရှိပါ။ ဧည့်သည်ထားသည့်နေရာအတိုင်း အစဥ်တကျလေး ပြန်ထားပေးခဲ့သည်သာ။ ပုံရိပ်တို့ ဟိုတယ်တွင် အခန်းတွင်း ဧည့်သည်ပစ္စည်းပျောက်သည် ဟူသော အကြောင်းတွေ လုံးဝ မကြားဖူးခဲ့ပါ။

အခန်း (၅၀၅) OCအခန်းကို ပုံရိပ်သန့်ရှင်းရေးလုပ်နေတုန်း ဧည့်သည်ဝင်လာခဲ့သည်။ ထိုအချိန်တွင် ပုံရိပ်က ရေချိုးခန်း သန့်ရှင်းရေးလုပ်နေချိန်ဖြစ်သည်။ ရေချိုးခန်းပြီးသွားတော့ အပြင်ဘက်ထွက်လိုက်ချိန်တွင်တော့ အပေါ်ပိုင်းဗလာနှင့် အောက်ဘက်မှာ တဘက်တစ်ထည်သာပတ်ထားသည့် ထိုဧည့်သည်ကို ပုံရိပ် မြင်လိုက်ရသည်။

ကြွက်သားထုကြီးတွေက ပုံကျလှပစွာ ခန္ဓာကိုယ်မှာ ဖြစ်တည်နေတာ ရင်ဖိုစရာကောင်းလွန်းလှသည်။ ထင်ရှားစွာ မြင်တွေရတဲ့ Six Pack တွေနဲ့ မို့မောက် ပြန့်ကားနေတဲ့ ရင်အုပ်ကြီးနှစ်ဖက်က ကြက်သီးထစရာကောင်းလွန်းနေသည်။ ကျစ်လျစ်စွာ တုတ်ခိုင်လွန်းတဲ့ လက်မောင်းတစ်ဖက် တစ်ဖက်ပင် နည်းတာကြီးမဟုတ်။ ခြောက်ပေကျော်တဲ့ အရပ်ကြီးက မိုးထိထိုးလို့။

ပုံရိပ် မျက်နှာလေး ခပ်နွေးနွေးဖြစ်သွားသည်။ လည်ပင်းမှာ တစ်နေတဲ့ တံတွေးအချို့ကို မြိုချလိုက်ပြီး ရေချိုးခန်း အဝင်ဝနားလေးမှာ ကျုံ့ကျုံ့လေး ရပ်နေသည်။

" အ့ ဆောရီး၊ ကိုယ် အလျင်လိုနေတာနဲ့ မင်း သန့်ရှင်းရေးလုပ်နေတာ သတိမထားမိသွားတယ်။ အကုန်ပြီးသွားပြီမလား "

" ဟုတ် ပြီးသွားပါပြီ "

ခေါင်းလေးမော့ကာ မျက်နှာလေးသေချာမြင်လိုက်ရမှ ဂေဟာက ကောင်လေး ပုံရိပ်မှန်း စက်ရှိန် သိလိုက်ရသည်။

" ဟော...ဟိုနေ့က ဂေဟာက ပုံရိပ်ဆိုတာမလား "

" ကိုခမ်းနားစက်ရှိန် "

" ကိုစက်ရှိန် လို့ပဲ ခေါ်ပါ။ ပုံရိပ်က ဒီဟိုတယ်မှာ အလုပ်လုပ်နေတာလား "

" ဟုတ်ဗျ။ ကိုခမ်းနားစက်ရှိန်က ဒီဟိုတယ်မှာတည်းတာလား "

" ကိုစက်ရှိန် ဆိုရင်ရပါပြီ ပုံရိပ်ရ "

" အော်...ဆောရီး ဟုတ် ကိုစက်ရှိန် "

ရယ်သွမ်းလိုက်ကာ အပြုံးလေးတစ်ခု ကွေးညွတ်သွားသည်။

" ဒီနေ့က ရှယ်ယာရှင် အစည်းအဝေးရှိတယ်လေ၊ ညကျရင်လည်း ဧည့်သည်တွေနဲ့ Puppet Show ကြည့်ရင်း Bar မှာလည်း ချိန်းထားတာလေးရှိလို့ One Night ပဲ အခန်းယူလိုက်တော့တာ "

" ဟုတ်ကဲ့၊ ဘာလိုတာရှိသေးလဲဗျ။ လိုတာရှိရင် ပုံရိပ်ကိုလှမ်းခေါ်လိုက်ပါ။ ဒီအထပ်မှာပဲ ရှိပါတယ် "

" ကိုယ် လိုတာရှိရင် မင်းလေးက လုပ်ပေးမယ်ပေါ့ "

* ဘယ်လိုစကားကြီးပါလိမ့် *

အဓိပ္ပာယ်သတ်မှတ်လို့မရတဲ့ ထိုစကားကိုကြားလိုက်တော့ ပုံရိပ် ကြောင်စီစီဖြစ်သွားရသည်။

" ဗျာ...ကိုစက်ရှိန် "

" အခန်းထဲ တခြားလိုတာရှိရင် ဒီကပုံရိပ်ကပဲ လာလုပ်ပေးတာလားလို့ "

" ဟုတ်ကဲ့၊ ဒီအထပ်က ပုံရိပ်ကိုင်တာလေ။ လိုအပ်တာရှိရင်ပြောပါ။ ခွင့်ပြုပါဦး "

ဒီထက်ပိုပြီး ကြာကြာရှိမနေသင့်ဘူး ယူဆလိုက်တာကြောင့် အခန်းထဲက လျင်မြန်စွာ ထွက်လာခဲ့သည်။ ခမ်းနားစက်ရှိန်ရဲ့ ပြင်းထန်လွန်းတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ညှို့ချက်မာယာတွေအောက်ကနေ ပုံရိပ် အပြေးလေး ထွက်လာခဲ့ရသည်။

ရေချိုးခန်းလေးထဲသို့ စက်ရှိန်ဝင်လာခဲ့ချိန်တွင် ပုံရိပ်ဆီက လက်ကျန် အငွေ့လေးကို မျက်လုံးလေးမှိတ်ကာ ဖြည်းညင်းစွာ အာရုံခံစားနေမိသည်။

* ဖမ်းဆုပ်ကိုင်တွယ်လို့မရတဲ့ မင်းရဲ့ ကိုယ်သက်ကိုယ်ငွေ့တွေကအစ ဆွဲဆောင်လွန်းနိုင်လောက်အောင် မင်းက ကိုယ့်ကိုပြုစားသွားခဲ့တာ *

" ပုံရိပ် ကိုယ်မင်းကို ချစ်မိသွားတာ သေချာသွားခဲ့ပြီ "

" မင်းကို ကိုယ် အရမ်းချစ်နေမိပြီ ခလေးရယ် "

💙💙💙

Continue Reading

You'll Also Like

181K 1.8K 10
မင်းနဲ့ ပတ်သတ်တဲ့အရာရာတိုင်းကကိုယ့်အပိုင်ပဲဖြစ်ရမယ်ငယ် ရှိန်းစက္ကမင်း ကျွန်တော်ကိုကို ထားမသွား၍ ကိုကိုအနားမှာပဲရှိန...
55.6K 8.7K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
782 70 67
ချစ်လှစွာသော မြတ်နိုးမိရှာသော တန်ဖိုးထားချင်သော ပိုင်ဆိုင်စေချင်သော စနေသားလေးအတွက်ပေါ့
1.1M 72.4K 74
မင်းရဲ့ အပြုံးအောက် အကြိမ်ကြိမ် ပြိုလဲနေမိပြီ လျှမ်းထက်ဝေ အလျော့ပေးလို့ ဆိုးတယ်ဆိုပြီး အထင်မမှားပါနဲ့ လူကြီး ...