🍃🍃🍃
အတာသင်္ကြန် အကြိုနေ့ ရောက်ရန် အချိန် နာရီပိုင်းအလို။
စံတော်ချိန် ည ၁၀နာရီ ၊၄၅ မိနစ်။
ခန့်စေ တစ်ယောက် အိပ်ယာပေါ် လှဲနေမိပါသော်လည်း အိပ်မပျော်နိုင်။ တစ်ခြား နယ်ဘက်တွေမှာတော့ မသိပေမယ့်
မိုင်းနောင် မြို့လေး၏ ဓလေ့မှာ အတာသင်္ကြန် အကြိုနေ့ မနက်ပိုင်းကို ဘုန်းကြီးကျောင်းအသီးသီး၌ ကုသိုလ်ယူကြပြီး
ညနေပိုင်းတွင် မဏ္ဌာပ်အသီးသီး၌ ရေ စတင်ဆော့ကစားကြ၏။
ချစ်ရသူ လမင်း အား အကြိုနေ့မှာ ဘယ်သူမှ ရေမလောင်းရသေးခင် သူသာလျှင် ဦးစွာ ရေလောင်းခွင့် ရချင်သူမို့
အိပ်ယာပေါ် လူးလိမ့်ကာ မချင့်မရဲဖြင့် စဉ်းစားနေမိသည်။
၉နာရီ ခွဲ အထိသာ ဖုန်းကိုင်ခွင့်ရှိသော လမင်းသည် အခုချိန်ဆို
အိပ်ပျော်နေလိမ့်မည်။ ဖုန်းကို ကိုင်လိုက် ချလိုက်နှင့် တစ်ယောက်တည်း ဆောက်တည်ရာမရ ဖြစ်နေရပြီ ။
အခုချိန် ဆက်ပြန်ရင်လည်း သူလေး အိပ်ရေးပျက်သွားမည်။ အစောတုန်းက ဆက်ချင်ပေမယ့်လည်း ခဏခဏ ဆက်နေလျှင် အဖြေမရသေးတာမို့ သူလေး ငြိုငြင်မှာလည်း ဆိုးရသည်။
မနက်စောစော ထသွားလိုက်ရင် ကောင်းမလား။ အကြိုနေ့ မို့ လမင်းတို့လည်း စောစော နိုးလောက်ပါရဲ့။ ဟုတ်တယ်......
ချက်ချင်းပင် ခန့်စေ အိပ်ယာပေါ်မှ ထကာ အဝတ်ဗီဒိုဆီ ဦးတည် သွားလိုက်သည်။အဝတ်ဗီဒိုအတွင်းမှတစ်ထည်ပြီးတစ်ထည်
ထုတ်ကြည့်ပြီး ကိုယ်လုံးပေါ် မှန်ရှေ့ပြေးပြေးကြည့်နေရတာ စိတ်ကြိုက်က တွေ့ကိုမတွေ့နိုင်။ကုတင်ပေါ်မှာလည်း စိတ်တိုင်းမကျလို့ ပစ်တင်ထားတဲ့ အင်္ကျီတွေနဲ့ ပုဆိုးတွေက အပုံလိုက်ဖြစ်နေပြီဖို့ နောက်ဆုံး စတစ်ကော်လံ အင်္ကျီ ငွေရောင်နှင့်တွဲဝတ်နိုင်ရန် ခဲရောင်ပုဆိုး အားထုတ်ထားလိုက်သည်။
စိတ်တိုင်းကျပြီဆိုမှ ပုံထားတဲ့ အဝတ်တွေကို သပ်သပ်ရပ်ရပ်ပင် ဗီဒိုထဲ လုံးထွေးပြီး ပစ်ထည့်လိုက်တယ်။
ဖုန်း အား 5နာရီ Alarm ပေးထားကာ မနက်ဖြန်မနက် တစ်ယောက်တည်း လမင်း ဆီကို ချောချောမွေ့မွေ့ ရေလောင်းနိုင်ဖို့
အားဖြည့်တဲ့ အနေနဲ့ ခန့်စေ မျက်လုံးတို့ကို ဇွတ်မှိတ်ကာ အိပ်ပျော်ဖို့ ကြိုးစားရသည်။
ဒီအသေးလေးနဲ့မှ ခန့်စေထွဋ်မောင်ရဲ့ လူမိုက် image တွေ ပြန်ဆည်လို့ကို မရတော့ပါ။ အရင်က ၅ရက်ထပ် ပိုမလိုက်ရပဲ တွဲခဲ့တဲ့ ရည်းစားဟောင်းတွေသာ သိရင် ရင်ထုမနာများဖြစ်ကြမလား။ ထွန်းလမင်းသာ ဆိုတဲ့ကောင်လေးတစ်ယောက်ဆီက အဖြေကို ရဖို့ ပျာယာခပ်နေအောင် ခန့်စေထွဋ်နောင် ကြိုးပမ်းရတာကိုပေါ့။
အရင်က ရည်းစားတွေရဲ့ ကျိန်စာများ မိနေသလား မှတ်ရတယ်။
တစ်ကယ် ချစ်မိသွားမှပဲ ခံစားလိုက်ရတဲ့ လွမ်းနာကျတဲ့ ဝေဒနာ။
ဒါတောင် မဝေးကြသေး။ ဝေးများဝေးနေရရင် မောင် ရူးနိုင်တယ်။
~~~~~~~
⏰❗❗❗
Alarm သံကြောင့် ခန့်စေ အိပ်ယာပေါ် ငေါက်ကနဲ ငုတ်တုတ် ထထိုင်လိုက်သည်။ အမှန်တစ်ကယ် သူ တစ်ရေးမှ မအိပ်ရသေးပါ။
ချစ်ရသူလေးကို ရေသွားလောင်းရင် ဘယ်လို ဆင်ခြင်ပေးရမလည်း။
ဘယ်လို အမှတ်ယူရမလည်း ဆိုတာကိုပဲ အိပ်ယာပေါ် လှိမ့်ကာ စဉ်းစားနေတာနဲ့ပဲ မနက် ၅နာရီ ထိုးသွားသည်။ တစ်ရေးမှ မမှေးလိုက်ရ။
ရေချိုးခန်းထဲ ဒုန်းစိုင်း ပြေးဝင်ကာ ရေချိုးခြင်းအမှုကို မြန်မြန်ပြုလုပ်ကာ ညကတည်းက အဆင်သင့် ထုတ်ထားသည့် အဝတ်များကို သေချာဝတ်ဆင်ကာ မှန်ရှေ့ ပြေးကာ အဆင်ပြေ/မပြေ ကြည့်ပြန်တော့ အဝတ်နှင့် ပတ်သတ်လို့ နဂို ခန္ဓာကိုယ်တောင့်ကာ အသားဖြူသည့် သူနှင့် ဘာမဆို လိုက်ဖတ်တာကို သိပေမယ့် မှန်ရှေ့ မျက်မှောင်ကြုတ်ကာ ကိုယ့်မျက်နှာကို အလိုမကျစွာ ကြည့်မိသည်။မျက်ကွင်းက ပန်ဒါကောင်တွေလိုပင် ကွက်ပြီး ညိုလို့။
* -ီးပဲ ...တစ်ညလေး အိပ်မပျော်တာ ပန်ဒါမျက်လုံးဖြစ်သွားစရာလား။ ဝတ်ထားတာ အကုန် perfectဖြစ်ပြီးမှကွာ အဲ့မျက်ခွက်ကြီးက ဘာတုန်း။*
မထူးဇာတ်ခင်းကာပဲ ဘုရားခန်းကို ပြေးရပြန်သည်။
ဘုရားခန်းရှိ ဘုရားကျောင်းဆောင်နှင့် ကပ်ရပ် ဗီဒိုထဲမှ ငွေဖလား
အလတ်တစ်လုံးထုတ်ကာ အောက်ထပ်ပြေးဆင်းရပြန်သည်။
ဘုရားခန်းထဲ စောစောထကာ ဘုရားဝတ်ပြုနေသည့် ဦးလေး ဖြစ်သူကိုပင် ခန့်စေ မမြင်သွားပါ။
ဦးလေးဖြစ်သူမှာတော့ အံ့ဩလို့။ တစ်ခါမှ ဒီလို စောစောထတတ်တဲ့ တူလေးကို မမြင်ဖူးခဲ့ပါ။ သန့်ပြန့်နေပြီး ဖလားထုတ်သွားလို့ ပိုအံ့ဩရ၏။ *ဒီကောင် ကောင်မလေးကိုများ ရေစောစော ကြိုလောင်းတာလား ခန့်မှန်းတာ မမှားဘူး မှန်တယ်ပဲ တွေးလိုက်ပါသည်။*
မှန်ပေမယ့် နည်းနည်းမှားနေတာက ကောင်လေးတစ်ယောက်ကို ရေသွားလောင်းဖို့ ကိုယ့်တူတစ်ယောက် ပြာယာခပ်နေတယ် ဆိုတာကိုပင်။
ခန့်စေ ဧည့်ခန်း စားပွဲပေါ်တွင် လေးလေးအလှဆင်ထားသော ပိတောက်ပန်း အတုလေး နှစ်ခက်လောက်ကို ဆွဲနှုတ်လာကာ
ရေခဲသေတ္တာထဲမှ ရေသန့်ဗူး တစ်ဗူးအား ထုတ်ကာ အိတ်ထဲသို့ ပစ္စည်းအကုန် စုထည့်ကာ ချစ်ရသူလေး ဆီသို့။
~~~~
လမင်း အမေနဲ့ မနက် ၄နာရီ ခွဲကတည်းက အိပ်ယာထကာ
အမေနဲ့အတူ ဆွမ်းထချက်နေခြင်း။ ဒီဒေသ၏ ဓလေ့မှာ
အကြိုနေ့ မနက်ပိုင်း ကို ဘုန်းကြီးကျောင်း တတ်ကြသည် ဆိုလို့ အမေနှင့် အတူ ဆွမ်းချိုင့်လေးပါ ကပ်ရအောင် ဆွမ်းထချက်နေခြင်းဖြစ်၏။
ဘုရားပန်းလဲကာ သစ်သီးဆွမ်းအတွက် ပြင်ဆင်နေတုန်း
နားနှင့် ယဉ်ပါးနေပြီ ဖြစ်သည့် တစ်စုံတစ်ယောက်၏ ဆိုင်ကယ်သံကြောင့် မီးဖိုချောင်၏ ရေဆေးနေရာ၌ သစ်သီးများ ငုံ့ဆေးနေသော လမင်းခေါင်းလေးဟာ ဆက်ကနဲထောင်လာ၏။
လုံးဝ နားကြားမှားတာမျိုး မဖြစ်နိုင်။ သူ မနက်အစောကြီး ဘာလာလုပ်တာလဲ။
လမင်းမှာ မနေနိုင်တော့တဲ့ အဆုံး အိမ်ရှေ့ကို အပြေးလေး သွားကြည့်ရာ ခြံရှေ့မှာတင် ဆိုင်ကယ်ရပ်ကာ နေနေသော သူကြောင့် နှုတ်ခမ်းလေး ဆူမိသည်။ ခြံထဲ ဝင်မလာပဲ ဘာလုပ်နေတာလဲ ။ ခြံတံခါးလည်း ဖွင့်ပြီးပြီကို။
ဝရံတာကနေ လမင်း ပေစောင်းစောင်းလေး ရပ်ကြည့်ပေးလိုက်မှ
ယောင်လည်လည်နှင့် ဖလားတစ်လုံးကိုင်ကာ ဖင်ကုတ်ခေါင်းကုတ်နှင့် ခြံထဲဝင်လာတဲ့ ခန့်စေထွဋ်နောင်။
ခန့်စေ ခြံရှေ့ရောက်လာပြန်တော့လည်း ဖလားထဲ ရေဖြည့်ကာ ယူလာသည့် ပိတောက်ခက် အတုလေးအား ရေထဲစိမ်ထားလိုက်၏။
လမင်းတို့က ထင်ထားသည့် အတိုင်း အစောကြီး နိုးနေကြပေမယ့် ခန့်စေမှာ အရင်လို မဝင်သွားရဲ။ ခြံရှေ့မှာ ဖလားကိုင်ကာ ဘယ်လိုပြောပြီး ရေလောင်းရမလဲ စဉ်းစားနေတုန်း။
အိမ်ရှေ့ ဝရံတာ၌ အရိပ်ကလေး ပေါ်လာ၏။ လက်ပိုက်ကာ လူကို ကြည့်နေတာမို့ ။ မယောင်မလည်နဲ့ ခြံထဲ ဝင်သွားလိုက်သည်။
စွပ်ကျယ်အင်္ကျီလေးနဲ့ ဘောလုံးဘောင်းဘီလေးတွဲဝတ်ထားတဲ့
ခန့်စေ၏ ချစ်ရသူလေးက ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေတာတော့ အမှန်ပါ။ ကိုယ်ကသာ စောစောစီးစီး ရှိုးထုတ်လာတာမို့ ကိုယ်တော်လေးက မျက်လုံးလေးတွေ ဝိုင်းစက်ေနသည်အထိ ကြည့်နေ၏။
"အဟမ်း! လမင်း အစောကြီး ထနေတာလား "
"အင်း ...ဘာလာလုပ်တာလဲ "
"ဟို ..မောင် ...မောင် ပျင်းလို့ လာတာ "
"မနက်အစောကြီးကိုလား ပြီးတော့ ဖလားကြီးနဲ့ "
"အင်း ! အခု အားလား "
"မအားဘူး သစ်သီးဆွမ်းတင်မလို့ သစ်သီးဆေးနေတာ ဆိုင်ကယ်သံကြားလို့ ထွက်ကြည့်တာ "
"ဪ....."
"လာခဲ့လေ အိမ်ပေါ်ကို အမေက ဆွမ်းချက်နေတာ "
"ဟို မောင် ~~~လမင်းကို ရေလောင်းချင်လို့ "
"ဟမ်!..."
"ဟုတ်တယ်...ဘယ်သူမှ ရေမလောင်းခင် မောင် အရင်ဆုံး လောင်းချင်လို့ .."
လမင်းမှာ အရှေ့က ခပ်ချောချော လူကြောင့် ကိုယ့်ပုံစံကို ပြန်ငုံ့ကြည့်မိသည်။ စွပ်ကျယ်နဲ့ ဘောလုံးဘောင်းဘီနဲ့ ။
သူကတော့ သန့်ပြန့်နေလိုက်တာ။
"ငါ့ပုံစံကြီးက စုတ်ပြတ်နေတာပဲ ခဏလေး အဝတ်လဲလိုက်အုန်းမယ်နော် "
"မလိုပါဘူး မောင့်လမင်းက ဘယ်လိုနေနေ ချစ်ဖို့ကောင်းပြီးသားပါ"
ခန့်စေရဲ့ အပြောကို အရှေ့က အသေးလေးမှာ မျက်နှာလေးရဲကာ
ခေါင်းငုံ့သွား၏။ ခန့်စေအမြင်မမှားဘူး ဆိုရင် အသေးလေး
ပြုံးလိုက်တာကို မြင်လိုက်ရသည်။ ပါးချိုင့်လေးက လှစ်ခနဲနေသလို ခွက်ဝင်သွားတာကို အသေချာမြင်လိုက်ရတာမို့။
နှလုံးခုန်သံတွေဟာလည်း ဗြောင်းဆန်ကုန်၏။ ရေချိုးတုန်းကမအေးပဲ အခုမှ တစ်ကိုယ်လုံး အေးကာ ခဲသွားရသလိုပါပဲ။
မောင့် လမင်းက ပြုံးလိုက်တာပဲ။
"အဲ့~~~အဲ့တာဆို လောင်းလေ "
"မောင်နဲ့ သပြေပင်အောက် ခဏလိုက်ခဲ့ပါလား အိမ်ပေါ်မှာကျ စိုကုန်မှာဆိုးလို့ "
"အွန်း....."
သပြေပင်အောက် ရောက်သည်နှင့် လူကို ဟီးကနဲ ရယ်ပြလာတဲ့
အသေးလေး။ ကိုယ့်မှာတော့ ရေ အစောကြီး လာလောင်းလို့ စိတ်များ ဆိုးသွားမလား စိတ်ပူလိုက်ရတာ ။
ရေအလောင်းခံရမယ့် သူက အင်္ကျီလေးကို ပြန့်နေအောင်ပြုပြင်ကာ လူကို ရယ်ပြနေသေးသည်။
"ငါ ဒီအတိုင်း ရေလောင်းခံလည်း အဆင်ပြေတယ်မလားဟင်"
"အင်း ...ပြေတယ် မောင် လောင်းပြီနော် "
"လောင်း! လောင်း! "
ဖလားထဲက ရေတွေ ကုန်အောင် ဖြည်းဖြည်းချင်း လောင်းလိုက်ပြီး
အသေးလေး၏ မျက်နှာကို ကြည့်မိတော့ သွားကလေးတွေ စေ့ကာ
မျက်လုံးလေး ပြူးပြနေ၏။ အမူအရာလေးက သူ အေးတယ်ပေါ့။
ခန့်စေ ထိုအခါမှ ဖလားထဲကရေသည် ရေခဲသေတ္တာထဲက ရေမှန်း ပြန်စဉ်းစားမိကာ အရှေ့က ပုခုံးလေးကျုံ့ကာ သွားလေးစေ့ပြနေသည့် အသေးလေးအား အားနာသွားရသည်။
"ဟို ...မောင် ရေခဲသေတ္တာထဲက ရေသန့်နဲ့ လောင်းလိုက်တာ
တအားအေးသွားလား "
"ရတယ် ...ဘာမှမဖြစ်ဘူး ဒါနဲ့ ငါ့ကို အရင်ဦးဆုံး လောင်းတာလား"
"အင်း မောင် လမင်းကို အရင်ဦးဆုံး လာလောင်းတာ "
"ဟီးဟီး ငါ TVထဲမှာ မြင်ဖူးတာ မင်းသားက မင်းသမီးကို ရေ အစောကြီး လောင်းတာလေ ငါလည်း အလောင်းခံရဖူးပြီ "
"ပျော်လား.."
"ဟမ်~~ပျော်တာပေါ့ "
"မောင့် မင်းသားလေး ပျော်ရင် မောင် ကျေနပ်တယ် "
"......."
>>>><<<<
-pont-00-
Zawgyi
အတာသၾကၤန္ အႀကိဳေန႕ ေရာက္ရန္ အခ်ိန္ နာရီပိုင္းအလို။
စံေတာ္ခ်ိန္ ည ၁၀နာရီ ၊၄၅ မိနစ္။
ခန႔္ေစ တစ္ေယာက္ အိပ္ယာေပၚ လွဲေနမိပါေသာ္လည္း အိပ္မေပ်ာ္နိုင္။ တစ္ျခား နယ္ဘက္ေတြမွာေတာ့ မသိေပမယ့္
မိုင္းေနာင္ ၿမိဳ႕ေလး၏ ဓေလ့မွာ အတာသၾကၤန္ အႀကိဳေန႕ မနက္ပိုင္းကို ဘုန္းႀကီးေက်ာင္းအသီးသီး၌ ကုသိုလ္ယူၾကၿပီး
ညေနပိုင္းတြင္ မဏၭာပ္အသီးသီး၌ ေရ စတင္ေဆာ့ကစားၾက၏။
ခ်စ္ရသူ လမင္း အား အႀကိဳေန႕မွာ ဘယ္သူမွ ေရမေလာင္းရေသးခင္ သူသာလွ်င္ ဦးစြာ ေရေလာင္းခြင့္ ရခ်င္သူမို႔
အိပ္ယာေပၚ လူးလိမ့္ကာ မခ်င့္မရဲျဖင့္ စဥ္းစားေနမိသည္။
၉နာရီ ခြဲ အထိသာ ဖုန္းကိုင္ခြင့္ရွိေသာ လမင္းသည္ အခုခ်ိန္ဆို
အိပ္ေပ်ာ္ေနလိမ့္မည္။ ဖုန္းကို ကိုင္လိုက္ ခ်လိဳက္ႏွင့္ တစ္ေယာက္တည္း ေဆာက္တည္ရာမရ ျဖစ္ေနရၿပီ အခုခ်ိန္ ဆက္ျပန္ရင္လည္း သူေလး အိပ္ေရးပ်က္သြားမည္။ အေစာတုန္းက ဆက္ခ်င္ေပမယ့္လည္း ခဏခဏ ဆက္ေနလွ်င္ အေျဖမရေသးတာမို႔ သူေလး ၿငိဳျငင္မွာလည္း ဆိုးရသည္။
မနက္ေစာေစာ ထသြားလိုက္ရင္ ေကာင္းမလား။ အႀကိဳေန႕ မို႔ လမင္းတို႔လည္း ေစာေစာ ႏွိုးေလာက္ပါရဲ႕။ ဟုတ္တယ္......
ခ်က္ခ်င္းပင္ ခန႔္ေစ အိပ္ယာေပၚမွ ထကာ အဝတ္ဗီဒိုဆီ ဦးတည္ သြားလိုက္သည္။အဝတ္ဗီဒိုအတြင္းမွတစ္ထည္ၿပီးတစ္ထည္
ထုတ္ၾကည့္ၿပီး ကိုယ္လုံးေပၚ မွန္ေရွ႕ေျပးေျပးၾကည့္ေနရတာ စိတ္ႀကိဳက္က ေတြ႕ကိုမေတြ႕နိုင္။ကုတင္ေပၚမွာလည္း စိတ္တိုင္းမက်လိဳ႕ ပစ္တင္ထားတဲ့ အကၤ်ီေတြနဲ႕ ပုဆိုးေတြက အပုံလိုက္ျဖစ္ေနၿပီဖို႔ ေနာက္ဆုံး စတစ္ေကာ္လံ အကၤ်ီ ေငြေရာင္ႏွင့္တြဲဝတ္နိုင္ရန္ ခဲေရာင္ပုဆိုး အားထုတ္ထားလိုက္သည္။
စိတ္တိုင္းက်ၿပီဆိုမွ ပုံထားတဲ့ အဝတ္ေတြကို သပ္သပ္ရပ္ရပ္ပါပဲ ဗီဒိုထဲ လုံးေထြးၿပီး ပစ္ထည့္လိုက္တယ္။
ဖုန္း အား 5နာရီ Alarm ေပးထားတာ မနက္ျဖန္မနက္ တစ္ေယာက္တည္း လမင္း ဆီကို ေခ်ာေခ်ာေမြ႕ေမြ႕ ေရေလာင္းနိုင္ဖို႔
အားျဖည့္တဲ့ အေနနဲ႕ ခန႔္ေစ မ်က္လုံးတို႔ကို ဇြတ္မွိတ္ကာ အိပ္ေပ်ာ္ဖို႔ ႀကိဳးစားရသည္။
ဒီအေသးေလးနဲ႕မွ ခန႔္ေစထြဋ္ေမာင္ရဲ႕ လူမိုက္ image ေတြ ျပန္ဆည္လို႔ကို မရေတာ့ပါ။ အရင္က ၅ရက္ထပ္ ပိုမလိုက္ရပဲ တြဲခဲ့တဲ့ ရည္းစားေဟာင္းေတြသာ သိရင္ ရင္ထုမနာမ်ားျဖစ္ၾကမလား။ ထြန္းလမင္းသာ ဆိုတဲ့ေကာင္ေလးတစ္ေယာက္ဆီက အေျဖကို ရဖို႔ ပ်ာယာခပ္ေနေအာင္ ခန႔္ေစထြဋ္ေနာင္ ႀကိဳးပမ္းရတာကိုေပါ့။
အရင္က ရည္းစားေတြရဲ႕ က်ိန္စာမ်ား မိေနသလား မွတ္ရတယ္။
တစ္ကယ္ ခ်စ္မိသြားမွပဲ ခံစားလိုက္ရတဲ့ လြမ္းနာက်တဲ့ ေဝဒနာ။
ဒါေတာင္ မေဝးၾကေသး။ ေဝးမ်ားေဝးေနရရင္ ေမာင္ ႐ူးနိုင္တယ္။
~~~~~~~
Alarm သံေၾကာင့္ ခန႔္ေစ အိပ္ယာေပၚ ေငါက္ကနဲ ငုတ္တုတ္ ထထိုင္လိုက္သည္။ အမွန္တစ္ကယ္ သူ တစ္ေရးမွ မအိပ္ရေသးပါ။
ခ်စ္ရသူေလးကို ေရသြားေလာင္းရင္ ဘယ္လို ဆင္ျခင္ေပးရမလည္း။
ဘယ္လို အမွတ္ယူရမလည္း ဆိုတာကိုပဲ အိပ္ယာေပၚ လိမ့္ကာ စဥ္းစားေနတာနဲ႕ပဲ မနက္ ၅နာရီ ထိုးသြားသည္။ တစ္ေရးမွ မေမွးလိုက္ရ။
ေရခ်ိဳးခန္းထဲ ဒုန္းစိုင္း ေျပးဝင္ကာ ေရခ်ိဳးျခင္းအမႈကို ျမန္ျမန္ျပဳလုပ္ကာ ညကတည္းက အဆင္သင့္ ထုတ္ထားသည့္ အဝတ္မ်ားကို ေသခ်ာဝတ္ဆင္ကာ မွန္ေရွ႕ ေျပးကာ အဆင္ေျပ/မေျပ ၾကည့္ျပန္ေတာ့ အဝတ္ႏွင့္ ပတ္သတ္လို႔ နဂို ခႏၶာက္ေတာင့္ကာ အသားျဖဴသည့္ သူႏွင့္ ဘာမဆို လိုက္ဖတ္တာကို သိေပမယ့္ မွန္ေရွ႕ မ်က္ေမွာင္ၾကဳတ္ကာ ကိုယ့္မ်က္ႏွာကို အလိုမက်စြာ ၾကည့္မိသည္။
* -ီးပဲ ...တစ္ညေလး အိပ္မေပ်ာ္တာ ပန္ဒါမ်က္လုံးျဖစ္သြားစရာလား။ ဝတ္ထားတာ အကုန္ perfectျဖစ္ၿပီးမွကြာ အဲ့မ်က္ခြက္ႀကီးက ဘာတုန္း။*
မထူးဇာတ္ခင္းကာပဲ ဘုရားခန္းကို ေျပးရျပန္သည္။
ဘုရားခန္းရွိ ဘုရားေက်ာင္းေဆာင္ႏွင့္ ကပ္ရပ္ ဗီဒိုထဲမွ ေငြဖလား
အလတ္တစ္လုံးထုတ္ကာ ေအာက္ထပ္ေျပးဆင္းရျပန္သည္။
ဘုရားခန္းထဲ ေစာေစာထကာ ဘုရားဝတ္ျပဳေနသည့္ ဦးေလး ျဖစ္သူကိုပင္ ခန႔္ေစ မျမင္သြားပါ။
ဦးေလးျဖစ္သူမွာေတာ့ အံ့ဩလို႔။ တစ္ခါမွ ဒီလို ေစာေစာထတတ္တဲ့ တူေလးကို မျမင္ဖူးခဲ့ပါ။ သန႔္ျပန႔္ေနၿပီး ဖလားထုတ္သြားလို႔ ပိုအံ့ဩရ၏။ *ဒီေကာင္ ေကာင္မေလးကိုမ်ား ေရေစာေစာ ႀကိဳေလာင္းတာလား ခန႔္မွန္းတာ မမွားဘူး မွန္တယ္ပဲ ေတြးလိုက္ပါသည္။*
မွန္ေပမယ့္ နည္းနည္းမွားေနတာက ေကာင္ေလးတစ္ေယာက္ကို ေရသြားေလာင္းဖို႔ ကိုယ့္တူတစ္ေယာက္ ျပာယာခပ္ေနတယ္ ဆိုတာကိုပင္။
ခန႔္ေစ ဧည့္ခန္း စားပြဲေပၚတြင္ ေလးေလးအလွဆင္ထားေသာ ပိေတာက္ပန္း အတုေလး ႏွစ္ခက္ေလာက္ကို ဆြဲႏႈတ္လာကာ
ေရခဲေသတၱာထဲမွ ေရသန႔္ဗူး တစ္ဗူးအား ထုတ္ကာ အိတ္ထဲသို႔ ပစၥည္းအကုန္ စုထည့္ကာ ခ်စ္ရသူေလး ဆီသို႔။
~~~~
လမင္း အေမနဲ႕ မနက္ ၄နာရီ ခြဲကတည္းက အိပ္ယာထကာ
အေမနဲ႕အတူ ဆြမ္းထခ်က္ေနျခင္း။ ဒီေဒသ၏ ဓေလ့မွာ
အႀကိဳေန႕ မနက္ပိုင္း ကို ဘုန္းႀကီးေက်ာင္း တတ္ၾကသည္ ဆိုလို႔ အေမႏွင့္ အတူ ဆြမ္းခ်ိဳင့္ေလးပါ ကပ္ရေအာင္ ဆြမ္းထခ်က္ေနျခင္းျဖစ္၏။
ဘုရားပန္းလဲကာ သစ္သီးဆြမ္းအတြက္ ျပင္ဆင္ေနတုန္း
နားႏွင့္ ယဥ္ပါးေနၿပီ ျဖစ္သည့္ တစ္စုံတစ္ေယာက္၏ ဆိုင္ကယ္သံေၾကာင့္ မီးဖိုေခ်ာင္၏ ေရေဆးေနရာ၌ သစ္သီးမ်ား ငုံ႕ေဆးေနေသာ လမင္းေခါင္းေလးဟာ ဆက္ကနဲေထာင္လာ၏။
လုံးဝ နားၾကားမွားတာမ်ိဳး မျဖစ္နိုင္။ သူ မနက္အေစာႀကီး ဘာလာလုပ္တာလဲ။
လမင္းမွာ မေနနိုင္ေတာ့တဲ့ အဆုံး အိမ္ေရွ႕ကို အေျပးေလး သြားၾကည့္ရာ ၿခံေရွ႕မွာတင္ ဆိုင္ကယ္ရပ္ကာ ေနေနေသာ သူေၾကာင့္ ႏႈတ္ခမ္းေလး ဆူမိသည္။ ၿခံထဲ ဝင္မလာပဲ ဘာလုပ္ေနတာလဲ ။ ၿခံတံခါးလည္း ဖြင့္ၿပီးၿပီကို။
ဝရံတာကေန လမင္း ေပေစာင္းေစာင္းေလး ရပ္ၾကည့္ေပးလိုက္မွ
ေယာင္လည္လည္ႏွင့္ ဖလားတစ္လုံးကိုင္ကာ ဖင္ကုတ္ေခါင္းကုတ္ႏွင့္ ၿခံထဲဝင္လာတဲ့ ခန႔္ေစထြဋ္ေနာင္။
ခန႔္ေစ ၿခံေရွ႕ေရာက္လာျပန္ေတာ့လည္း ဖလားထဲ ေရျဖည့္ကာ ယူလာသည့္ ပိေတာက္ခက္ အတုေလးအား ေရထဲစိမ္ထားလိုက္၏။
လမင္းတို႔က ထင္ထားသည့္ အတိုင္း အေစာႀကီး နိုးေနၾကေပမယ့္ ခန႔္ေစမွာ အရင္လို မဝင္သြားရဲ။ ၿခံေရွ႕မွာ ဖလားကိုင္ကာ ဘယ္လိုေျပာၿပီး ေရေလာင္းရမလဲ စဥ္းစားေနတုန္း။
အိမ္ေရွ႕ ဝရံတာ၌ အရိပ္ကေလး ေပၚလာ၏။ လက္ပိုက္ကာ လူကို ၾကည့္ေနတာမို႔ ။ မေယာင္မလည္နဲ႕ ၿခံထဲ ဝင္သြားလိုက္သည္။
စြပ္က်ယ္အကၤ်ီေလးနဲ႕ ေဘာလုံးေဘာင္းဘီေလးတြဲဝတ္ထားတဲ့
ခန႔္ေစ၏ ခ်စ္ရသူေလးက ဘယ္လိုေနေန ခ်စ္ဖို႔ေကာင္းေနတာေတာ့ အမွန္ပါ။ ကိုယ္ကသာ ေစာေစာစီးစီး ရွိုးထုတ္လာတာမို႔ ကိုယ္ေတာ္ေလးက မ်က္လုံးေလးေတြ ဝိုင္းစက္ေနသည်အထိ ၾကည့္ေန၏။
"အဟမ္း! လမင္း အေစာႀကီး ထေနတာလား "
"အင္း ...ဘာလာလုပ္တာလဲ "
"ဟို ..ေမာင္ ...ေမာင္ ပ်င္းလို႔ လာတာ "
"မနက္အေစာႀကီးကိုလား ၿပီးေတာ့ ဖလားႀကီးနဲ႕ "
"အင္း ! အခု အားလား "
"မအားဘူး သစ္သီးဆြမ္းတင္မလို႔ သစ္သီးေဆးေနတာ ဆိုင္ကယ္သံၾကားလို႔ ထြက္ၾကည့္တာ "
"ဪ....."
"လာခဲ့ေလ အိမ္ေပၚကို အေမက ဆြမ္းခ်က္ေနတာ "
"ဟို ေမာင္ ~~~လမင္းကို ေရေလာင္းခ်င္လို႔ "
"ဟမ္!..."
"ဟုတ္တယ္...ဘယ္သူမွ ေရမေလာင္းခင္ ေမာင္ အရင္ဆုံး ေလာင္းခ်င္လို႔ .."
လမင္းမွာ အေရွ႕က ခပ္ေခ်ာေခ်ာ လူေၾကာင့္ ကိုယ့္ပုံစံကို ျပန္ငုံ႕ၾကည့္မိသည္။ စြပ္က်ယ္နဲ႕ ေဘာလုံးေဘာင္းဘီနဲ႕ ။
သူကေတာ့ သန႔္ျပန႔္ေနလိုက္တာ။
"ငါ့ပုံစံႀကီးက စုတ္ျပတ္ေနတာပဲ ခဏေလး အဝတ္လဲလိုက္အုန္းမယ္ေနာ္ "
"မလိုပါဘူး ေမာင့္လမင္းက ဘယ္လိုေနေန ခ်စ္ဖို႔ေကာင္းၿပီးသားပါ"
ခန႔္ေစရဲ႕ အေျပာကို အေရွ႕က အေသးေလးမွာ မ်က္ႏွာေလးရဲကာ
ေခါင္းငုံ႕သြား၏။ ခန႔္ေစအျမင္မမွားဘူး ဆိုရင္ အေသးေလး
ၿပဳံးလိုက္တာကို ျမင္လိုက္ကသည္။ ပါးခ်ိဳင့္ေလးက လွစ္ခနဲေနသလို ခြက္ဝင္သြားတာကို အေသခ်ာျမင္လိုက္ရတာမို႔။
ႏွလုံးခုန္သံေတြဟာလည္း ေျဗာင္းဆန္ကုန္၏။ ေရခ်ိဳးတုန္းကမေအးပဲ အခုမွ တစ္ကိုယ္လုံး ေအးကာ ခဲသြားရသလိုပါပဲ။
ေမာင့္ လမင္းက ၿပဳံးလိုက္တာပဲ။
"အဲ့~~~အဲ့တာဆို ေလာင္းေလ "
"ေမာင္နဲ႕ သေျပပင္ေအာက္ ခဏလိုက္ခဲ့ပါလား အိမ္ေပၚမွာက် စိုကုန္မွာဆိုးလို႔ "
"အြန္း....."
သေျပပင္ေအာက္ ေရာက္သည္ႏွင့္ လူကို ဟီးကနဲ ရယ္ျပလာတဲ့
အေသးေလး။ ကိုယ့္မွာေတာ့ ေရ အေစာႀကီး လာေလာင္းလို႔ စိတ္မ်ား ဆိုးသြားမလား စိတ္ပူလိုက္ရတာ ။
ေရအေလာင္းခံရမယ့္ သူက အကၤ်ီေလးကို ျပန႔္ေနေအာင္ျပဳျပင္ကာ လူကို ရယ္ျပေနေသးသည္။
"ငါ ဒီအတိုင္း ေရေလာင္းခံလည္း အဆင္ေျပတယ္မလားဟင္"
"အင္း ...ေျပတယ္ ေမာင္ ေလာင္းၿပီေနာ္ "
"ေလာင္း! ေလာင္း! "
ဖလားထဲက ေရေတြ ကုန္ေအာင္ ျဖည္းျဖည္းခ်င္း ေလာင္းလိုက္ၿပီး
အေသးေလး၏ မ်က္ႏွာကို ၾကည့္မိေတာ့ သြားကေလးေတြ ေစ့ကာ
မ်က္လုံးေလး ျပဴးျပေန၏။ အမူအရာေလးက သူ ေအးတယ္ေပါ့။
ခန႔္ေစ ထိုအခါမွ ဖလားထဲကေရသည္ ေရခဲေသတၱာထဲက ေရမွန္း ျပန္စဥ္းစားမိကာ အေရွ႕က ပုခုံးေလးက်ဳံ႕ကာ သြားေလးေစ့ျပေနသည့္ အေသးေလးအား အားနာသြားရသည္။
"ဟို ...ေမာင္ ေရခဲေသတၱာထဲက ေရသန႔္နဲ႕ ေလာင္းလိုက္တာ
တအားေအးသြားလား "
"ရတယ္ ...ဘာမွမျဖစ္ဘူး ဒါနဲ႕ ငါ့ကို အရင္ဦးဆုံး ေလာင္းတာလား"
"အင္း ေမာင္ လမင္းကို အရင္ဦးဆုံး လာေလာင္းတာ "
"ဟီးဟီး ငါ TVထဲမွာ ျမင္ဖူးတာ မင္းသားက မင္းသမီးကို ေရ အေစာႀကီး ေလာင္းတာေလ ငါလည္း အေလာင္းခံရဖူးၿပီ "
"ေပ်ာ္လား.."
"ဟမ္~~ေပ်ာ္တာေပါ့ "
"ေမာင့္ မင္းသားေလး ေပ်ာ္ရင္ ေမာင္ ေက်နပ္တယ္ "
"......."
>>>><<<<
-pont-00-