မှော်ကုန်းမြေမှအစားအစာထောက်ပံ...

By Miracle-101

23.4K 2.2K 36

Author: The Might Of Leaving Blank Genre: Eastern, Fantasy Status: 95 [Completed] More

Description
Chapter 1
Chapter 2
Chapter 3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
✨️

Chapter-9

706 85 0
By Miracle-101

【Unicode】
အပိုင်း ၉ (ရွှေဒင်္ဂါးတွေ လိုအပ်တယ်)

ယွီမုန့် အလွန်အံ့ဩသွားသည်။ သူမစကားမဆုံးလိုက်ခင်မှာပင် သူမ၏ မှော်တုတ်တံမှ ခပ်စူးစူး အလင်းတို့ကို ထုတ်လွတ်လိုက်သည်။ထိုအလင်းတန်းသည် သူမစီတွင် မှော်ပညာတော်တော်များများ လက်ခံရရှိထားမှသာ ထုတ်လွတ်နိုင်သော အလင်းဖြစ်သည်။

ထို့နောက် ယွီမုန့်သည် ဆုံးဖြတ်ချက်ချပြီးသည့် မျက်နှာအမူအရာနှင့် မတ်တပ်ရပ်လိုက်သည်။ သူမမှ မှော်တုတ်တံကို မြှောက်ရင်း အော်လိုက်သည်။ "အေးစက်သော အလင်း!"

သူမ၏ အသံနှင့်အတူ သူမ၏ မှော်တုတ်တံသည် အပြာဖျော့ဖျော့ အလင်းတန်းကို ပစ်လွှတ်လိုက်ရင်း သူမရှေ့ရှိမြစ်ရေတစ်ခုလုံးကို ချက်ချင်း အေးခဲသွား‌စေတော့သည်။

ယွီမုန့်မှ လွန်စွာအံ့သြသွားပြီး သူမလက်တို့ကို ငုံ့ကြည့်လိုက်သည်။ သူမခန္ဓာကိုယ်တွင်းတွင် တဟုန်ထိုး စီးဆင်းနေသော မှော်ပညာများကို ခံစားလို့ရနေခဲ့သည်။

"ဒီလောက်ပြင်းထန်တဲ့ မှော်စွမ်းအင်တွေက ငါ... အားလုံး ပြန်ကောင်းလာတာလား"

လူအားလုံးသည်ပင် သူမကို အံ့အားသင့်နေကြသည်။ ထိတ်လန့်တုန်လှုပ်နေသော လူး၀စ်မှ စိတ်ပျက်လက်ပျက်နှင့် ကျန်ရစ်နေခဲ့တော့သည်။

လင်းချီသည် ထိုမှော်ကန်စွန်းဥတို့ကို တစ်ခါမှပင် မသုံးခဲ့ဖူးပါ။ ကန်စွန်းဥလေး တစ်ကိုက်ကြောင့်နှင့် ယွီမုန်မှ သူမ၏ မှော်ပညာများအားလုံးကို ပြန်ကောင်းလာစေလိမ့်မယ်လို့ လင်းချီ တစ်ခါမှမတွေးခဲ့ဖူးပါ။

ဟုတ်ပါသည် လျှာကဝေစနစ်က သေချာပေါက် အသုံး၀င်ခဲ့သည်။ ၎င်းသည် ယျေဘုယအားဖြင့် အခြားကောင်းမွန်သောစနစ်များနှင့် လုံးဝကွဲပြားပါသော်လည်း အရေးကြီးသောအခိုက်အတန့်များတွင် ၎င်းသည် ယုံကြည်စိတ်ချရဆဲဖြစ်သည်။

"လင်းချီ အဲ့ဒါက...အဲ့ဒါကဘယ်လိုအရာကြီးလဲ" ယွီမုန်မှအမြန်လှည့်ပြီး မေးလိုက်သည်။

ထုံးစံအတိုင်း လင်းချီသည် မှော်ကန်စွန်းဥကို သူ့စနစ်မှ ထုတ်ယူနိုင်ကြောင်း သူမကို မပြောခဲ့ပါ။ထိုအစား သူမှ “ဒီတိုင်း ကန်စွန်းဥ‌ဘဲ”ဟု တည်ငြိမ်စွာ ပြန်ဖြေသည်။

“မဖြစ်နိုင်ဘူး ဘယ်လိုကန်စွန်းဥမျိုးက ဒီလို မှော်စွမ်းအင် ပြန်ရနိုင်တဲ့အစွမ်း ရှိမှာလဲ”

သူမအပြောကို နားထောင်ပြီးနောက် လူးဝစ်မှ ရုတ်တရက် မေးလာခဲ့သည် “ဘာလဲ မင်းမှာ အစွမ်းသိုလှောင် ပစ္စည်းတွေ ရှိတာလား"

အစွမ်းသိုလှောင်ပစ္စည်းများသည် ဘယ်နေရာမှာရှိရှိ မှော်ဆရာများအတွက် အလွန်အရေးကြီးသည်။အထူးသဖြင့် အဆင့်မြင့်သော မှော်ဆရာများအတွက် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အဆင့်မြင့်မှော်ပညာကို မကြာခဏအသုံးပြုရပြီး ၎င်းတို့၏ မှော်စွမ်းအင်ထောက်ပံ့မှုအတွက် အထူးအာရုံစိုက်ရေသာကြောင့်ဖြစ်သည်။ မှော်ဆရာများသည် မှော်စွမ်းအင်တို့ကို အဆက်မပြတ် ဖြည့်တင်းထားရန် လိုအပ်၍ မှော်စွမ်းအင်အတွက် လိုအပ်သော အစွမ်းသိုလှောင်ပစ္စည်းများကို ထိန်းသိမ်းရန်ဖြစ်သည်။

ထိုပစ္စည်းများသည် အလွယ်တကူ ဝယ်ယူ၍မရနိုင်ချေ။ ယင်းအစား ၎င်းတို့ကို လျှို့ဝှက်တောအုပ်၏ နွေဦးတွင်သာ ရယူနိုင်မည်ဖြစ်သည်။ သို့သော် တစ်ကြိမ်လျှင် အနည်းငယ်မျှသာ ယူဆောင်လို့ရနိုင်သည်။ ထို့အပြင် လျှို့ဝှက်တောအုပ်သည် မယုံနိုင်လောက်အောင် အန္တရာယ်များသောနေရာဖြစ်သောကြောင့် အချို့သောအဆင့်မြင့်မှော်ဆရာများသာ ဝင်ရောက်နိုင်သည်။ ထိုသို့ဆိုပါက မှော်ဆရာမဟုတ်သည့်အပြင် သာမန်လူတစ်ယောက်ဖြစ်သော လင်းချီသည် ထိုစွမ်းအင်ပြန်လည်ထိန်းသိမ်းနိုင်စွမ်းရှိသော မှော်ကန်စွန်းဥတို့ကို ဘယ်လိုရရှိခဲ့တာပါလဲ။

လူများအားလုံး ပဟေဋိဖြစ်‌ကုန်ကြသည်။သို့‌ေသာ် လင်းချီသည် မထူးခြားစွာ ပခုံးတို့ကို အကြောလျော့လိုက်ရင်း“အေးပါ ငါ့ကို အဲ့လိုကြည့်မနေကြနဲ့ မြန်မြန် သွားကြ မဟုတ်ရင် ရေခဲတွေ ပြန်အရည်ပျော်သွားလိမ့်မယ်”

ထိုသို့ဖြင့် လူတိုင်းမြစ်ကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။ ယွီမုန့်သည် လင်းချီအပေါ် ထပ်မံအကြွေးတင်ခဲ့ခြင်းကြောင့် သူမကို စိတ်မချမ်းသာဖြစ်‌စေနေတော့သည်။မည်သို့ပင်ဖြစ်စေကာမူ ကန်စွန်းဥတစ်လုံးကို နောက်တစ်လုံးကိုထပ်စားရန် သူမ၏နှလုံးသားမှ တိုက်တွန်းနေခဲ့သည်။သို့သော်လဲ လင်းချီကိုပြောရန် သူမအလွန်ရှက်ေနခဲ့သည်။

လူးဝစ်သည် ပို၍ပင် ကွဲပြားနေခဲ့သည်။ လင်းချီကို အကြိမ်အနည်းငယ် လှောင်ပြောင်ချင်ခဲ့သော်လည်း သူ့စီမှ နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခံရခြင်းသည် သူမဂုဏ်သိက္ခာကို ယိုယွင်းစေသည်။

တစ်နာရီကျော်ကြာ လမ်းလျှောက်ပြီးနောက်တွင် လူတိုင်း အနည်းငယ် မောပန်းလာကြသဖြင့် ခဏထိုင်ပြီး အနားယူကြသည်။

လင်းချီသည်လဲ သူ၏ခေါင်းထဲတွင် ရုတ်တရက် အသံတစ်သံ ထွက်မလာခင်အထိ အနားယူခဲ့သည်။

[ဒင်! သင်သည် အထူးလျှာကဝေစနစ်တွင် အများဆုံး အတွေ့အကြုံကို ရရှိထားသည်။ အဆင့်တက်ရန် စနစ်ရှင်က ရွေးချယ်နိုင်သည်။

[ ဒင် ! အဆင့်မြှင့်ပြီးနောက် အထူးလျှာကဝေ၏ အထူးချက်ပြုတ်နည်းများကို သော့ဖွင့်‌ပေးပါမည်- မှော်ဖားပြုပ်မွှေကြော်၊ မီးလှည့် ကြက်ကင်၊ ပြန်လည်လန်းဆန်းဖျော်ရည်]

စနစ်မှ လင်းချီကို အဆင့်မြှင့်တင်‌ပေးနိုင်သည်ဟု ကြားသိရသည်။ စနစ်အဆင့်တက်ခြင်းမှာ သူ့အတွက် အကျိုးရှိစေသော အဖိုးတန်ဟင်းလျာများကို စားသုံးနိုင်စေသည့် အစားအသောက်စနစ်တစ်ခုဖြစ်ကြောင်း သတိရမိသည်။

လင်းချီ အဆင့်မြှင့်တင်မှုကို ရွေးချယ်ခဲ့သော်လည်း အဆင့်မြှင့်တင်မှု မအောင်မြင်ကြောင်း သူ့အား အသိပေးသည့် စာသားဘောက်စ်တစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။

သူဘယ်နေရာမှားသွားလဲ နားမလည်ခဲ့‌ပေ။ ထို့နောက်တွင် သူ့စနစ်ကို အဆင့်မြှင့်တင်ရန် ရွှေဒင်္ဂါးပြားအမြောက်အမြား လိုအပ်ကြောင်း သူသတိထားမိသွားသည်

ထို့နောက် သူနားလည်သွားခဲ့သည်။

လင်းချီမှ သူ့အိတ်ကပ်ထဲက ရွှေဒင်္ဂါးပြားတို့ကို ကြည့်ရင်း နှလုံးပြုတ်မတတ် လန့်သွားခဲ့ရသည်။

သူ့တွင် ရွှေဒင်္ဂါးလုံလုံလောက်‌လောက်ရှိမနေပါ။ သူမှ ထိုစနစ်ကို အဆင့်မြှင့်တင်ချင်လျှင် ပိုက်ဆံမြန်မြန်ရှာဖို့ နည်းလမ်းရှာရပေမည်။

အားလုံးကောင်းကောင်း အနားယူပြီးကြသောအခါ အမွေဆက်ခံသူသခင်‌ေလးများမှ ခရီးဆက်ခဲ့ကြသည်။ မြစ်တစ်ဖက်ကမ်း၏ ဆန့်ကျင်ဘက်ရှိ တောအုပ်ကို ဖြတ်သန်းပြီးသည့်နောက်တွင်‌တော့ မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိလာကြသည်။

ချီကျုံးမြို့။

၎င်းသည် မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး မိသားစုသုံးစု၏ အမွေဆက်ခံသူသခင်လေးများအား သူတို့၏ ရိက္ခာများကို ဖြည့်ဆည်းနိုင်မည့်နေရာလည်းဖြစ်သည်။ လင်းချီမှ အချိန်တိုလေးအတွင်း ဤမျှလောက်‌သော ငွေကိုမည်သို့ရနိုင်မည်ဟု တွေးနေခဲ့သည့်အချိန်တွင်းမှာပင် အစောင့်များမှ စားနပ်ရိက္ခာတချို့ကို ဖြည့်တင်းရန်သွားခဲ့ကြသည်။

သူသည် ရိက္ခာတဲဆီသို့ လျှောက်သွားခဲ့ပြီး လင်းမိသားစုမှ သူ့အတွက် ပေးထားသည့် ရွှေဒင်္ဂါးပြားအရေအတွက် မလုံလောက်ကြောင်း သိလိုက်ရသည်။ စနစ်ကို အဆင့်မြှင့်တင်ရန်အတွက် ကုန်ကျစရိတ် ထက်ဝက်ကို ပေးဆောင်ရန်ပင် မလုံလောက်ပါ။

၎င်းသည် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး သူမှငွေရှာရန်နည်းလမ်းကို မျက်မှောင်ကြုံ့ကာ တွေးနေမိသည်။

ထိုအချိန်တွင် မွှေးပျံ့သောရနံ့တစ်ခု လေထဲသို့ ပျံ့လွင့်လာ‌သောကြောင့် သူမှအသက်ခပ်ပြင်းပြင်းရှူထုတ်လိုက်မိသည်။

"ဟမ်? ဝက်သားအနံ့ပဲ!”

သူသည် အနံ့၏ ဦးတည်ရာကို ကြည့်လိုက်ရာ အစားအသောက်တန်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ မြို့ထဲတွင် သင့်တင့်သော စားသောက်ဆိုင်များ အများအပြားမရှိပါသော်လည်း အစားအသောက်ဆိုင် အနည်းငယ်‌ေတာ့ရှိသည်။

အစောင့်များသည် အစားအစာဝယ်ရန် ပိုက်ဆံကို ထိုနေရာတွင် သုံးစွဲကြသည်။ အထူးသဖြင့် လူးဝစ်၏ အစောင့်များပင် သူတို့အသားကင်အချို့ကို ဝယ်ရန်သွားခဲ့ကြသည်။

လင်းချီမှ လမ်းလျှောက်ရင်း လှည့်ပတ်ကြည့်ရှု‌နေ မိသည်။ အဆိုပါ လုပ်ငန်းငယ်‌ေလးများသည် ကြက်ကင်၊ ဝက်‌ေပါက်ကင်၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ကဲ့သို့ ရိုးရှင်းသော အစားအစာများကို ရောင်းချလျက်ရှိသည်။

ထိုအရာတွေသည် ချက်ပြုတ်ဖို့အလွယ်ဆုံး အစားအသောက်တွေဖြစ်သည်။ သူတို့လုပ်သမျှက အသားကင်ပြီး လူတွေစားဖို့ အသီးအရွက်တွေ ချက်ပြုတ်ပေးရန်သာ။

"ဒါ.. ဒါတွေပဲ မင်းတို့စားကြတာလား?"  လင်းချီမှ မကူညီဘဲ ဝေဖန်နိုင်ခဲ့သည်။

ထိုအချိန် လူးဝစ်မှ သူ့ဆီလျှောက်လာပြီး “ငါတို့ စားဖို့အတွက် လုံလောက်နေတာတောင် မင်းကဒီမှာ ညည်းညူနေတုန်းလား”ဟု အေးစက်စွာပြောသည်။

လင်းချီ ကြက်ပေါင်ကင်ကို ဝယ်လိုက်သည်။ သူတစ်ကိုက် ကိုက်ပြီးနောက် သိလိုက်ရသည်က ထိုကြက်ပေါင်တွင် ဟင်းခတ်အမွှေးအကြိုင် လုံးဝမပါဝင်သည့်အပြင် မျိုချရလည်းခက်သည်။

ထို့အပြင် ကြက်ပေါင်၏စျေးနှုန်း‌ေကြာင့်ပို၍ပင် ဒေါသဖြစ်ခဲ့သည်။ထိုအရာကို သူတို့မှ ငွေဒင်္ဂါးဆယ်ပြားဖြင့် ရောင်းချခဲ့သည်။

ငြီးတွားသံများကြားတွင် ရုတ်တရက် အတွေးတစ်ခုဝင်လာ၍ သူသည်မျက်ခံုးပင့်ကာ ထိုကြက်ပေါင်ကိုကိုက်လိုက်သည်။

'ခဏလေး... စားချင်စရာမကောင်းတဲ့ ကြက်ပေါင်ကို ငွေဆယ်ပြားနဲ့ ရောင်း‌တယ် ငါ အရသာရှိတဲ့ အစားအစာတွေကို ရောင်းရင် ပိုက်ဆံရမှာလား'

လင်းချီသည် သူ့စနစ်မှ အမြတ်ထုတ်ရန် စိတ်ပါဝင်စားသူမဟုတ်သော်လည်း တတ်နိုင်သမျှ အမြန်ဆုံး အဆင့်မြှင့်တင်လိုသည်။ အဆင့်မြှင့်တင်ပြီးနောက်အနာဂတ်တွင် သူသည် ပိုမိုကောင်းမွန်သော ပါဝင်ပစ္စည်းများနှင့် ချက်ပြုတ်နည်းများကို ဖွင့်နိုင်လိမ့်မည်။

'ဟုတ်ပြီ! လုပ်လိုက်ရအောင်!'

လင်းချီသည် သူ၏ အထူးလျှာကဝေစနစ်ကို စစ်ဆေးကြည့်ရာ အဆင့်တစ်မျှသာရှိသေးသောကြောင့် ရိုးရှင်းသောဟင်းလျာများကိုသာ ရွေးချယ်နိုင်ခဲ့သည်။

ဥပမာအားဖြင့် အသားကင်၊ မုန်လာဥပါသော မှော်အမဲရင်ပုံသားများ၊ ဖုတ်ထားသော မှော်ကန်စွန်းဥများ၊ အနက်ရောင် အမဲအရွတ်များ...

၎င်းတို့သည် လုပ်ငန်းစဉ်တစ်ခုတည်းတွင် ပြီးမြောက်နိုင်သော ဟင်းပွဲများဖြစ်သည်။ ရိုးရှင်း‌ေသာ်လည်း အရသာမရှိသော ကြက်ပေါင်ထက် အများကြီး ပိုကောင်း‌ေသာ ကိုယ်ပိုင်ဟင်းခတ်အမွှေးအကြိုင်များလည်း သူ့တွင် ရှိပါသည်။

မကြာခင်မှာပင် လင်းချီသည် စျေးရောင်းရန် နေရာတစ်ခုကို ရှာလိုက်ရင်း ပြင်ဆင်ပါတော့သည်။

ဟင်းပွဲများကို စနစ်မှ တိုက်ရိုက် ထုတ်ယူနိုင်သော်ပါလည်း မည်သူမျှ သူ၏ လုပ်ဆောင်င်မှုအပေါ် သံသယမဝင်စေရန် လုပ်ရမည်ဖြစ်သည်။

လက်ရှိတွင် သူ့တွင် ရွှေဒင်္ဂါးဆယ်ပြားရှိပြီး ဈေးရောင်းရန်နေရာတစ်ခုဝယ်ရန် ထိုရွှေဒင်္ဂါးများကို သုံးချင်သည်။

"ဆရာ ဒီဆိုင်ကို ကျွန်တော့်ကို ရောင်းပါလား"

လင်းချီ ကြက်ပေါင်ကင်ဆိုင်ပိုင်ရှင်ကို မေးလိုက်သည်။

"အိုး? ဒီဆိုင်ကို ဝယ်ဖို့ စိတ်ဝင်စားသလား"

“ဟုတ်ကဲ့ ဈေးနှုန်းပြောပါ”

ထိုဆိုင်ပိုင်ရှင်သည် သူ့ရောဂါကြောင့် ထိုနေရာတွင် လုပ်ငန်းစပြီးကတည်းက ပိုက်ဆံကောင်းကောင်းမရှာနိုင်ပေ။ တစ်စုံတစ်ယောက် သူ့ဆိုင်ကို ဝယ်ရန် ဆန္ဒရှိကြောင်း ကြားရုံဖြင့် သူ စိတ်သက်သာရာ ရသွားသည်။

နောက်ဆုံးတွင် အစားအသောက်ပိုင်းနှင့် ပက်သက်ပြီး ပြိုင်ဘက်တွေ အရမ်းများလာသည်။ သူ၏ အချက်အပြုတ်ကျွမ်းကျင်မှုတစ်ခုတည်းဖြင့် စားသုံးသူတို့ကို ဆွဲဆောင်ဖို့ မဖြစ်နိုင်ပေ။

•••••••••
【Zawgyi】

အပိုင္း ၉ (ေ႐ႊဒဂၤါးေတြ လိုအပ္တယ္)

ယြီမုန႔္ အလြန္အံ့ဩသြားသည္။ သူမစကားမဆုံးလိုက္ခင္မွာပင္ သူမ၏ ေမွာ္တုတ္တံမွ ခပ္စူးစူး အလင္းတို႔ကို ထုတ္လြတ္လိုက္သည္။ထိုအလင္းတန္းသည္ သူမစီတြင္ ေမွာ္ပညာေတာ္ေတာ္မ်ားမ်ား လက္ခံရရွိထားမွသာ ထုတ္လြတ္ႏိုင္ေသာ အလင္းျဖစ္သည္။

ထို႔ေနာက္ ယြီမုန႔္သည္ ဆုံးျဖတ္ခ်က္ခ်ၿပီးသည့္ မ်က္ႏွာအမူအရာႏွင့္ မတ္တပ္ရပ္လိုက္သည္။ သူမမွ ေမွာ္တုတ္တံကို ေျမႇာက္ရင္း ေအာ္လိုက္သည္။ "ေအးစက္ေသာ အလင္း!"

သူမ၏ အသံႏွင့္အတူ သူမ၏ ေမွာ္တုတ္တံသည္ အျပာေဖ်ာ့ေဖ်ာ့ အလင္းတန္းကို ပစ္လႊတ္လိုက္ရင္း သူမေရွ႕ရွိျမစ္ေရတစ္ခုလုံးကို ခ်က္ခ်င္း ေအးခဲသြား‌ေစေတာ့သည္။

ယြီမုန႔္မွ လြန္စြာအံ့ၾသသြားၿပီး သူမလက္တို႔ကို ငုံ႔ၾကည့္လိုက္သည္။ သူမခႏၶာကိုယ္တြင္းတြင္ တဟုန္ထိုး စီးဆင္းေနေသာ ေမွာ္ပညာမ်ားကို ခံစားလို႔ရေနခဲ့သည္။

"ဒီေလာက္ျပင္းထန္တဲ့ ေမွာ္စြမ္းအင္ေတြက ငါ... အားလုံး ျပန္ေကာင္းလာတာလား"

လူအားလုံးသည္ပင္ သူမကို အံ့အားသင့္ေနၾကသည္။ ထိတ္လန႔္တုန္လႈပ္ေနေသာ လူး၀စ္မွ စိတ္ပ်က္လက္ပ်က္ႏွင့္ က်န္ရစ္ေနခဲ့ေတာ့သည္။

လင္းခ်ီသည္ ထိုေမွာ္ကန္စြန္းဥတို႔ကို တစ္ခါမွပင္ မသုံးခဲ့ဖူးပါ။ ကန္စြန္းဥေလး တစ္ကိုက္ေၾကာင့္ႏွင့္ ယြီမုန္မွ သူမ၏ ေမွာ္ပညာမ်ားအားလုံးကို ျပန္ေကာင္းလာေစလိမ့္မယ္လို႔ လင္းခ်ီ တစ္ခါမွမေတြးခဲ့ဖူးပါ။

ဟုတ္ပါသည္ လွ်ာကေဝစနစ္က ေသခ်ာေပါက္ အသုံး၀င္ခဲ့သည္။ ၎သည္ ေယ်ဘုယအားျဖင့္ အျခားေကာင္းမြန္ေသာစနစ္မ်ားႏွင့္ လုံးဝကြဲျပားပါေသာ္လည္း အေရးႀကီးေသာအခိုက္အတန႔္မ်ားတြင္ ၎သည္ ယုံၾကည္စိတ္ခ်ရဆဲျဖစ္သည္။

"လင္းခ်ီ အဲ့ဒါက...အဲ့ဒါကဘယ္လိုအရာႀကီးလဲ" ယြီမုန္မွအျမန္လွည့္ၿပီး ေမးလိုက္သည္။

ထုံးစံအတိုင္း လင္းခ်ီသည္ ေမွာ္ကန္စြန္းဥကို သူ႔စနစ္မွ ထုတ္ယူႏိုင္ေၾကာင္း သူမကို မေျပာခဲ့ပါ။ထိုအစား သူမွ “ဒီတိုင္း ကန္စြန္းဥ‌ဘဲ”ဟု တည္ၿငိမ္စြာ ျပန္ေျဖသည္။

“မျဖစ္ႏိုင္ဘူး ဘယ္လိုကန္စြန္းဥမ်ိဳးက ဒီလို ေမွာ္စြမ္းအင္ ျပန္ရႏိုင္တဲ့အစြမ္း ရွိမွာလဲ”

သူမအေျပာကို နားေထာင္ၿပီးေနာက္ လူးဝစ္မွ ႐ုတ္တရက္ ေမးလာခဲ့သည္ “ဘာလဲ မင္းမွာ အစြမ္းသိုေလွာင္ ပစၥည္းေတြ ရွိတာလား"

အစြမ္းသိုေလွာင္ပစၥည္းမ်ားသည္ ဘယ္ေနရာမွာရွိရွိ ေမွာ္ဆရာမ်ားအတြက္ အလြန္အေရးႀကီးသည္။အထူးသျဖင့္ အဆင့္ျမင့္ေသာ ေမွာ္ဆရာမ်ားအတြက္ အလြန္အေရးႀကီးပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူတို႔သည္ အဆင့္ျမင့္ေမွာ္ပညာကို မၾကာခဏအသုံးျပဳရၿပီး ၎တို႔၏ ေမွာ္စြမ္းအင္ေထာက္ပံ့မႈအတြက္ အထူးအာ႐ုံစိုက္ေရသာေၾကာင့္ျဖစ္သည္။ ေမွာ္ဆရာမ်ားသည္ ေမွာ္စြမ္းအင္တို႔ကို အဆက္မျပတ္ ျဖည့္တင္းထားရန္ လိုအပ္၍ ေမွာ္စြမ္းအင္အတြက္ လိုအပ္ေသာ အစြမ္းသိုေလွာင္ပစၥည္းမ်ားကို ထိန္းသိမ္းရန္ျဖစ္သည္။

ထိုပစၥည္းမ်ားသည္ အလြယ္တကူ ဝယ္ယူ၍မရႏိုင္ေခ်။ ယင္းအစား ၎တို႔ကို လွ်ိဳ႕ဝွက္ေတာအုပ္၏ ေႏြဦးတြင္သာ ရယူႏိုင္မည္ျဖစ္သည္။ သို႔ေသာ္ တစ္ႀကိမ္လွ်င္ အနည္းငယ္မွ်သာ ယူေဆာင္လို႔ရႏိုင္သည္။ ထို႔အျပင္ လွ်ိဳ႕ဝွက္ေတာအုပ္သည္ မယုံႏိုင္ေလာက္ေအာင္ အႏၲရာယ္မ်ားေသာေနရာျဖစ္ေသာေၾကာင့္ အခ်ိဳ႕ေသာအဆင့္ျမင့္ေမွာ္ဆရာမ်ားသာ ဝင္ေရာက္ႏိုင္သည္။ ထိုသို႔ဆိုပါက ေမွာ္ဆရာမဟုတ္သည့္အျပင္ သာမန္လူတစ္ေယာက္ျဖစ္ေသာ လင္းခ်ီသည္ ထိုစြမ္းအင္ျပန္လည္ထိန္းသိမ္းႏိုင္စြမ္းရွိေသာ ေမွာ္ကန္စြန္းဥတို႔ကို ဘယ္လိုရရွိခဲ့တာပါလဲ။

လူမ်ားအားလုံး ပေဟဋိျဖစ္‌ကုန္ၾကသည္။သို႔‌ေသာ္ လင္းခ်ီသည္ မထူးျခားစြာ ပခုံးတို႔ကို အေၾကာေလ်ာ့လိုက္ရင္း“ေအးပါ ငါ့ကို အဲ့လိုၾကည့္မေနၾကနဲ႔ ျမန္ျမန္ သြားၾက မဟုတ္ရင္ ေရခဲေတြ ျပန္အရည္ေပ်ာ္သြားလိမ့္မယ္”

ထိုသို႔ျဖင့္ လူတိုင္းျမစ္ကို ေဘးကင္းစြာ ျဖတ္ေက်ာ္ႏိုင္ခဲ့ၾကသည္။ ယြီမုန႔္သည္ လင္းခ်ီအေပၚ ထပ္မံအေႂကြးတင္ခဲ့ျခင္းေၾကာင့္ သူမကို စိတ္မခ်မ္းသာျဖစ္‌ေစေနေတာ့သည္။မည္သို႔ပင္ျဖစ္ေစကာမူ ကန္စြန္းဥတစ္လုံးကို ေနာက္တစ္လုံးကိုထပ္စားရန္ သူမ၏ႏွလုံးသားမွ တိုက္တြန္းေနခဲ့သည္။သို႔ေသာ္လဲ လင္းခ်ီကိုေျပာရန္ သူမအလြန္ရွက္ေနခဲ့သည္။

လူးဝစ္သည္ ပို၍ပင္ ကြဲျပားေနခဲ့သည္။ လင္းခ်ီကို အႀကိမ္အနည္းငယ္ ေလွာင္ေျပာင္ခ်င္ခဲ့ေသာ္လည္း သူ႔စီမွ ႏွစ္ႀကိမ္တိုင္တိုင္ ကယ္တင္ခံရျခင္းသည္ သူမဂုဏ္သိကၡာကို ယိုယြင္းေစသည္။

တစ္နာရီေက်ာ္ၾကာ လမ္းေလွ်ာက္ၿပီးေနာက္တြင္ လူတိုင္း အနည္းငယ္ ေမာပန္းလာၾကသျဖင့္ ခဏထိုင္ၿပီး အနားယူၾကသည္။

လင္းခ်ီသည္လဲ သူ၏ေခါင္းထဲတြင္ ႐ုတ္တရက္ အသံတစ္သံ ထြက္မလာခင္အထိ အနားယူခဲ့သည္။

[ဒင္! သင္သည္ အထူးလွ်ာကေဝစနစ္တြင္ အမ်ားဆုံး အေတြ႕အႀကဳံကို ရရွိထားသည္။ အဆင့္တက္ရန္ စနစ္ရွင္က ေ႐ြးခ်ယ္ႏိုင္သည္။

[ ဒင္ ! အဆင့္ျမႇင့္ၿပီးေနာက္ အထူးလွ်ာကေဝ၏ အထူးခ်က္ျပဳတ္နည္းမ်ားကို ေသာ့ဖြင့္‌ေပးပါမည္- ေမွာ္ဖားျပဳပ္ေမႊေၾကာ္၊ မီးလွည့္ ၾကက္ကင္၊ ျပန္လည္လန္းဆန္းေဖ်ာ္ရည္]

စနစ္မွ လင္းခ်ီကို အဆင့္ျမႇင့္တင္‌ေပးႏိုင္သည္ဟု ၾကားသိရသည္။ စနစ္အဆင့္တက္ျခင္းမွာ သူ႔အတြက္ အက်ိဳးရွိေစေသာ အဖိုးတန္ဟင္းလ်ာမ်ားကို စားသုံးႏိုင္ေစသည့္ အစားအေသာက္စနစ္တစ္ခုျဖစ္ေၾကာင္း သတိရမိသည္။

လင္းခ်ီ အဆင့္ျမႇင့္တင္မႈကို ေ႐ြးခ်ယ္ခဲ့ေသာ္လည္း အဆင့္ျမႇင့္တင္မႈ မေအာင္ျမင္ေၾကာင္း သူ႔အား အသိေပးသည့္ စာသားေဘာက္စ္တစ္ခု ႐ုတ္တရက္ေပၚလာခဲ့သည္။

သူဘယ္ေနရာမွားသြားလဲ နားမလည္ခဲ့‌ေပ။ ထို႔ေနာက္တြင္ သူ႔စနစ္ကို အဆင့္ျမႇင့္တင္ရန္ ေ႐ႊဒဂၤါးျပားအေျမာက္အျမား လိုအပ္ေၾကာင္း သူသတိထားမိသြားသည္

ထို႔ေနာက္ သူနားလည္သြားခဲ့သည္။

လင္းခ်ီမွ သူ႔အိတ္ကပ္ထဲက ေ႐ႊဒဂၤါးျပားတို႔ကို ၾကည့္ရင္း ႏွလုံးျပဳတ္မတတ္ လန႔္သြားခဲ့ရသည္။

သူ႔တြင္ ေ႐ႊဒဂၤါးလုံလုံေလာက္‌ေလာက္ရွိမေနပါ။ သူမွ ထိုစနစ္ကို အဆင့္ျမႇင့္တင္ခ်င္လွ်င္ ပိုက္ဆံျမန္ျမန္ရွာဖို႔ နည္းလမ္းရွာရေပမည္။

အားလုံးေကာင္းေကာင္း အနားယူၿပီးၾကေသာအခါ အေမြဆက္ခံသူသခင္‌ေလးမ်ားမွ ခရီးဆက္ခဲ့ၾကသည္။ ျမစ္တစ္ဖက္ကမ္း၏ ဆန႔္က်င္ဘက္ရွိ ေတာအုပ္ကို ျဖတ္သန္းၿပီးသည့္ေနာက္တြင္‌ေတာ့ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕သို႔ ေရာက္ရွိလာၾကသည္။

ခ်ီက်ဳံးၿမိဳ႕။

၎သည္ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕ျဖစ္ၿပီး မိသားစုသုံးစု၏ အေမြဆက္ခံသူသခင္ေလးမ်ားအား သူတို႔၏ ရိကၡာမ်ားကို ျဖည့္ဆည္းႏိုင္မည့္ေနရာလည္းျဖစ္သည္။ လင္းခ်ီမွ အခ်ိန္တိုေလးအတြင္း ဤမွ်ေလာက္‌ေသာ ေငြကိုမည္သို႔ရႏိုင္မည္ဟု ေတြးေနခဲ့သည့္အခ်ိန္တြင္းမွာပင္ အေစာင့္မ်ားမွ စားနပ္ရိကၡာတခ်ိဳ႕ကို ျဖည့္တင္းရန္သြားခဲ့ၾကသည္။

သူသည္ ရိကၡာတဲဆီသို႔ ေလွ်ာက္သြားခဲ့ၿပီး လင္းမိသားစုမွ သူ႔အတြက္ ေပးထားသည့္ ေ႐ႊဒဂၤါးျပားအေရအတြက္ မလုံေလာက္ေၾကာင္း သိလိုက္ရသည္။ စနစ္ကို အဆင့္ျမႇင့္တင္ရန္အတြက္ ကုန္က်စရိတ္ ထက္ဝက္ကို ေပးေဆာင္ရန္ပင္ မလုံေလာက္ပါ။

၎သည္ သူ႔ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစခဲ့ၿပီး သူမွေငြရွာရန္နည္းလမ္းကို မ်က္ေမွာင္ႀကဳံ႕ကာ ေတြးေနမိသည္။

ထိုအခ်ိန္တြင္ ေမႊးပ်ံ႕ေသာရနံ႔တစ္ခု ေလထဲသို႔ ပ်ံ႕လြင့္လာ‌ေသာေၾကာင့္ သူမွအသက္ခပ္ျပင္းျပင္းရႉထုတ္လိုက္မိသည္။

"ဟမ္? ဝက္သားအနံ႔ပဲ!”

သူသည္ အနံ႔၏ ဦးတည္ရာကို ၾကည့္လိုက္ရာ အစားအေသာက္တန္းတစ္ခု ရွိေနသည္ကို ေတြ႕လိုက္ရသည္။ ၿမိဳ႕ထဲတြင္ သင့္တင့္ေသာ စားေသာက္ဆိုင္မ်ား အမ်ားအျပားမရွိပါေသာ္လည္း အစားအေသာက္ဆိုင္ အနည္းငယ္‌ေတာ့ရွိသည္။

အေစာင့္မ်ားသည္ အစားအစာဝယ္ရန္ ပိုက္ဆံကို ထိုေနရာတြင္ သုံးစြဲၾကသည္။ အထူးသျဖင့္ လူးဝစ္၏ အေစာင့္မ်ားပင္ သူတို႔အသားကင္အခ်ိဳ႕ကို ဝယ္ရန္သြားခဲ့ၾကသည္။

လင္းခ်ီမွ လမ္းေလွ်ာက္ရင္း လွည့္ပတ္ၾကည့္ရႈ‌ေန မိသည္။ အဆိုပါ လုပ္ငန္းငယ္‌ေလးမ်ားသည္ ၾကက္ကင္၊ ဝက္‌ေပါက္ကင္၊ လတ္ဆတ္ေသာ ဟင္းသီးဟင္း႐ြက္မ်ား ကဲ့သို႔ ႐ိုးရွင္းေသာ အစားအစာမ်ားကို ေရာင္းခ်လ်က္ရွိသည္။

ထိုအရာေတြသည္ ခ်က္ျပဳတ္ဖို႔အလြယ္ဆုံး အစားအေသာက္ေတြျဖစ္သည္။ သူတို႔လုပ္သမွ်က အသားကင္ၿပီး လူေတြစားဖို႔ အသီးအ႐ြက္ေတြ ခ်က္ျပဳတ္ေပးရန္သာ။

"ဒါ.. ဒါေတြပဲ မင္းတို႔စားၾကတာလား?"  လင္းခ်ီမွ မကူညီဘဲ ေဝဖန္ႏိုင္ခဲ့သည္။

ထိုအခ်ိန္ လူးဝစ္မွ သူ႔ဆီေလွ်ာက္လာၿပီး “ငါတို႔ စားဖို႔အတြက္ လုံေလာက္ေနတာေတာင္ မင္းကဒီမွာ ညည္းညဴေနတုန္းလား”ဟု ေအးစက္စြာေျပာသည္။

လင္းခ်ီ ၾကက္ေပါင္ကင္ကို ဝယ္လိုက္သည္။ သူတစ္ကိုက္ ကိုက္ၿပီးေနာက္ သိလိုက္ရသည္က ထိုၾကက္ေပါင္တြင္ ဟင္းခတ္အေမႊးအႀကိဳင္ လုံးဝမပါဝင္သည့္အျပင္ မ်ိဳခ်ရလည္းခက္သည္။

ထို႔အျပင္ ၾကက္ေပါင္၏ေစ်းႏႈန္း‌ေၾကာင့္ပို၍ပင္ ေဒါသျဖစ္ခဲ့သည္။ထိုအရာကို သူတို႔မွ ေငြဒဂၤါးဆယ္ျပားျဖင့္ ေရာင္းခ်ခဲ့သည္။

ၿငီးတြားသံမ်ားၾကားတြင္ ႐ုတ္တရက္ အေတြးတစ္ခုဝင္လာ၍ သူသည္မ်က္ခံုးပင့္ကာ ထိုၾကက္ေပါင္ကိုကိုက္လိုက္သည္။

'ခဏေလး... စားခ်င္စရာမေကာင္းတဲ့ ၾကက္ေပါင္ကို ေငြဆယ္ျပားနဲ႔ ေရာင္း‌တယ္ ငါ အရသာရွိတဲ့ အစားအစာေတြကို ေရာင္းရင္ ပိုက္ဆံရမွာလား'

လင္းခ်ီသည္ သူ႔စနစ္မွ အျမတ္ထုတ္ရန္ စိတ္ပါဝင္စားသူမဟုတ္ေသာ္လည္း တတ္ႏိုင္သမွ် အျမန္ဆုံး အဆင့္ျမႇင့္တင္လိုသည္။ အဆင့္ျမႇင့္တင္ၿပီးေနာက္အနာဂတ္တြင္ သူသည္ ပိုမိုေကာင္းမြန္ေသာ ပါဝင္ပစၥည္းမ်ားႏွင့္ ခ်က္ျပဳတ္နည္းမ်ားကို ဖြင့္ႏိုင္လိမ့္မည္။

'ဟုတ္ၿပီ! လုပ္လိုက္ရေအာင္!'

လင္းခ်ီသည္ သူ၏ အထူးလွ်ာကေဝစနစ္ကို စစ္ေဆးၾကည့္ရာ အဆင့္တစ္မွ်သာရွိေသးေသာေၾကာင့္ ႐ိုးရွင္းေသာဟင္းလ်ာမ်ားကိုသာ ေ႐ြးခ်ယ္ႏိုင္ခဲ့သည္။

ဥပမာအားျဖင့္ အသားကင္၊ မုန္လာဥပါေသာ ေမွာ္အမဲရင္ပုံသားမ်ား၊ ဖုတ္ထားေသာ ေမွာ္ကန္စြန္းဥမ်ား၊ အနက္ေရာင္ အမဲအ႐ြတ္မ်ား...

၎တို႔သည္ လုပ္ငန္းစဥ္တစ္ခုတည္းတြင္ ၿပီးေျမာက္ႏိုင္ေသာ ဟင္းပြဲမ်ားျဖစ္သည္။ ႐ိုးရွင္း‌ေသာ္လည္း အရသာမရွိေသာ ၾကက္ေပါင္ထက္ အမ်ားႀကီး ပိုေကာင္း‌ေသာ ကိုယ္ပိုင္ဟင္းခတ္အေမႊးအႀကိဳင္မ်ားလည္း သူ႔တြင္ ရွိပါသည္။

မၾကာခင္မွာပင္ လင္းခ်ီသည္ ေစ်းေရာင္းရန္ ေနရာတစ္ခုကို ရွာလိုက္ရင္း ျပင္ဆင္ပါေတာ့သည္။

ဟင္းပြဲမ်ားကို စနစ္မွ တိုက္႐ိုက္ ထုတ္ယူႏိုင္ေသာ္ပါလည္း မည္သူမွ် သူ၏ လုပ္ေဆာင္င္မႈအေပၚ သံသယမဝင္ေစရန္ လုပ္ရမည္ျဖစ္သည္။

လက္ရွိတြင္ သူ႔တြင္ ေ႐ႊဒဂၤါးဆယ္ျပားရွိၿပီး ေဈးေရာင္းရန္ေနရာတစ္ခုဝယ္ရန္ ထိုေ႐ႊဒဂၤါးမ်ားကို သုံးခ်င္သည္။

"ဆရာ ဒီဆိုင္ကို ကြၽန္ေတာ့္ကို ေရာင္းပါလား"

လင္းခ်ီ ၾကက္ေပါင္ကင္ဆိုင္ပိုင္ရွင္ကို ေမးလိုက္သည္။

"အိုး? ဒီဆိုင္ကို ဝယ္ဖို႔ စိတ္ဝင္စားသလား"

“ဟုတ္ကဲ့ ေဈးႏႈန္းေျပာပါ”

ထိုဆိုင္ပိုင္ရွင္သည္ သူ႔ေရာဂါေၾကာင့္ ထိုေနရာတြင္ လုပ္ငန္းစၿပီးကတည္းက ပိုက္ဆံေကာင္းေကာင္းမရွာႏိုင္ေပ။ တစ္စုံတစ္ေယာက္ သူ႔ဆိုင္ကို ဝယ္ရန္ ဆႏၵရွိေၾကာင္း ၾကား႐ုံျဖင့္ သူ စိတ္သက္သာရာ ရသြားသည္။

ေနာက္ဆုံးတြင္ အစားအေသာက္ပိုင္းႏွင့္ ပက္သက္ၿပီး ၿပိဳင္ဘက္ေတြ အရမ္းမ်ားလာသည္။ သူ၏ အခ်က္အျပဳတ္ကြၽမ္းက်င္မႈတစ္ခုတည္းျဖင့္ စားသုံးသူတို႔ကို ဆြဲေဆာင္ဖို႔ မျဖစ္ႏိုင္ေပ။

•••••••••
[25.6.2023]
Miracle Team.

Continue Reading

You'll Also Like

44.7K 701 16
DELULU & GUILT PLEASURE
8K 1.1K 55
(နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ) ထျန်းလန်တိုက် ကျို့ယောင်မြို့မှာမူလစတိုးဆိုင်ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ရှိတယ်။အဲ့ဒီဆိုင်က ကိုလာတစ်ပုလင်းကို သောက်လိ...
4.9K 468 33
ဇာတ်လမ်းမှာ လီယင်သည် သူ့အိမ်နောက်ဖေးရှိ ရှေးဟောင်းရေတွင်းကိုဖွင့်ပြီးနောက် ဘဝပြောင်းလဲသွားခဲ့သည်။ ဆဋ္ဌမမြောက်မင်းသား လီယင်လား..။ ၂၁ရာစုက အိုတာခု လီယ...
87.7K 1.8K 16
Your a normal high school named y/n l/n. Your an omega and was fated to a alpha since birth. Right now your not even thing about your soulmate but w...