【Unicode】
အပိုင်း ၈ (မှော်ကန်စွန်းဥ)
"အဲ့လောက်ကြာတာ မဖြစ်နိုင်လိုက်ဝာာ!"
လူးဝစ်မှ ထိတ်လန့်သွားသည်။ သူ၏လက်နှစ်ဖက်လုံးကို သူ့ကိုယ်လုံး၏ ဘေးတစ်ဖက်တစ်ချက်စီတွင်ကပ်ကာ လုံးဝရှက်ရွံ့သွားသည်။
“ငါတို့မှာ ပစ္စည်းအလုံအလောက်မရှိဘူး ပြီးတော့အခုမှ တောထဲက နေ ထွက်လာတာလေ အခုပဲသစ်ဖြတ်ဖို့ ပြန်သွားရမှာလား ဒီလိုသာသွားလိုက်လာလိုက်နဲ့ ခရီးဆက်ရရင် အန္တရာယ်များရုံတင်မကဘူး အချိန်လည်းအများကြီးကုန်တယ်”
"မဖြစ်သေးဘူး ငါတို့ အခု ဘာလုပ်ကြမှာလဲ"
"ဟုတ်ပြီ ဆန်းသစ်လတောထဲကို ပြန်သွားပြီး လမ်းကြောင်းပြောင်းလိုက်မယ်ဆိုရင်ရော"
“ငါပြန်မသွားရဲဘူး လုံခြုံတဲ့နေရာမှာ နေရတာဘဲကြိုက်တယ်"
လူတိုင်းမှ တစ်ယောက်တစ်ယောက် ငြင်းခုန်ကြရင်း ဗျာများလာကြသည်။ လင်းချီသည်အားကိုးရာမဲ့စွာ သက်ပြင်းကိုချမိလိုက်သည်။ တဟုန်ထိုး စီးနေတဲ့မြစ်ကို ကြည့်ရင်း သူမ၏စနစ်က ဒီလိုနေရာမျိုးတို့တွင် အကူအညီ မေပးနိုင်မှန်း သူသိသည်။
ဖြေရှင်းရန်နည်းလမ်းကို ရှာတွေ့ဖို့ မျှော်လင့်ချက်မရှိတော့သည့်အချိန်မှာပင် တဖွားဖွားအသံကို ကြားလိုက်ရသည်။
"ဟင်?"
လူတိုင်းသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါတွင်အပြာဖျော့ဖျော့ အလင်းတန်းများ ပစ်လွှတ်နေသည့် မှော်တုတ်တံကို ကိုင်ထားေသာ ယွီမုန့်ကို တွေ့လိုက်ရသည်။
"ရေခဲမှော်အစွမ်း- ရေခဲခြင်း!"
ချက်ခြင်းပင် ယွီမုန့်သည် ထူးခြားသော ရေနှင့် ရေခဲ မှော်ဆရာတစ်ဦးဖြစ်ကြောင်း လူတိုင်းသတိရသွားကြသည်။ ရေရှိနေခြင်းကြောင့် သူမ၏ရေခဲမှော်အစွမ်းကို အသုံးပြုနိုင်လိမ့်မည်။
ယွီမုန့်သည် သူမ၏ မှော်ပညာကို အသုံးပြု၍ ရေမျက်နှာပြင်ကို အေးခဲသွားစေသည့်အတွက် လူတိုင်း လမ်းလျှောက်သွားနိုင်လောက်အောင် ခိုင်သွားပြီ ဖြစ်သည်။
"အံ့သြစရာပဲ ယွီမုန့်! မင်း ငါတို့ကို ကယ်နိုင်မယ်ဆိုတာ ငါသိတယ်!" လူးဝစ်သည် စိတ်အားထက်သန်စွာ သူမအနားသို့ ပြေးသွားခဲ့သည်။
သို့သော်လည်း ယွီမုန့် မန္တာန်သုံးပြီးတိုင်း ဖြစ်တတ်သည့် အဆင်မပြေဖြစ်သော မူမမှန်မှုကို လင်းချီတွေ့လိုက်ရသည်။ အစကတည်းက အခုချိန်ထိ အချိန်တိုလေးအတွင်းမှာပဲ မန္တာန်သုံးမျိုးသာ ရွတ်ခဲ့ပေမယ့် သူမေဟာဟဲလိုက်နေသည်။
အဘယ်ကြောင့်ဆိုသော် မှော်ပညာကို အသုံးပြုရာတွင် မန္တာန်ရွတ်ဆိုခြင်းအပေါ်မူတည်၍ လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို အသုံးပြုရသောကြောင့် ဖြစ်သည်။ မန္တာန်အဆင့် မြင့်လေ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေ ပိုကုန်ခမ်းေလဖြစ်သည်။
ငယ်ရွယ်သော မှော်ဆရာများသည် သူတို့၏ အစောပိုင်းလေ့ကျင့်မှု အဆင့်များတွင် မှော်စွမ်းအင်ကို သိုလှောင်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် မှော်ပညာကို အသုံးပြုရသည့် အဖိုးအခသည် ရုပ်ပိုင်းဆိုင်ရာခွန်အား ယိုယွင်းလာမှုပင် ဖြစ်သည်။
အဆင့်မြင့်သောမှော်ဆရာများအဖြစ်သို့ တိုးတက်လာပြီဆိုလျှင် ကိုယ်ပိုင်မှော်စွမ်းအင်ကို သိုလှောင်နိုင်မည်ဖြစ်သည်။
လက်ရှိ ယွီမုန့်တွင် မှော်စွမ်းအင် သိုလှောင်နိုင်မှု မရှိသည်မှာ ထင်ရှားသောကြောင့် သူမသည် ထိုအချိန်တစ်လျှောက်လုံးတွင် ကိုယ်ပိုင်ခွန်အားကို အသုံးချနေခဲ့ရသည်။
ယခုတွင်မူ လူတိုင်းမှလည်း သူမကို အားကိုးအားထားပြုေနကြပြီဖြစ်သည်။ ထို့ပြင် မှော်ပညာသာပျက်သွားခဲ့လျှင် လူတိုင်းမြစ်ထဲသို့ ပြုတ်ကျမည် ဖြစ်သောကြောင့် သူမ မည်သို့ပင်ဖြစ်စေကာမူ ခံနိုင်ရည်ရှိရန်လိုအပ်သည်။
သူမသည် သူမ၏ လက်ရှိစွမ်းအင်ဖြင့် မြစ်ကိုဖြတ်ကူးပြီးသည်အထိ ခန္ဓာကိုယ်ခံနိုင်ရည်ရှိမည်လို့ ထင်ခဲ့ပုံရသည်။
"အားလုံး မြန်မြန်ကူးကြ ရေခဲတွေ အရည်ပျော်လာတဲ့အခါမှ အပြစ်မတင်နဲ့" လူးဝစ်က ယွီမုန့်ရဲ့အနောက်မှာ ရပ်ပြီး သူ့နောက်ကလူတွေကို ခေါင်းဆောင်တစ်ယောက်လို အမိန့်ပေးေနသည်။
"ဟဲဟဲ ယွီမုန့် ကျေးဇူးတင်ပါတယ် မင်းကြောင့် ငါတို့မြစ်ကိုဖြတ်နိုင်ပြီ!" လူးဝစ် လူပါးဝစွာ ပြုံးပြီးနောက်ဆိုကာ ယွီမုန့်ကို ကျေနပ်ချင်သော်လည်း ထိုအချိန်တွင် ယွီမုန့်သည် သူ့ကိုဂရုပြုရန်ပင် အချိန်မရှိခဲ့ပေ။ သူမ အားလျော့စပြုလာနေပြီဖြစ်သည်။
လင်းချီ သူမနောက်ကို လျှောက်သွားသည်။ မကြာမီမှာပင် ရေခဲထုသည် တဖြည်းဖြည်း ပါးလွှာပြီးရင်း ပါးလွှာလာသည်ကို သူမှတွေ့လိုက်ရသည်။ ယွီမုန့်၏ မှော်ပညာစွမ်းအင် ကုန်ဆုံးတော့မည်ဟု သူမှတွေးမိလိုက်သည်။
ရှေ့ကို လှမ်းကြည့်လိုက်လျှင် သူမဆက်တောင့်ခံရန် မီတာ 50 ကျော်ကျော် ရှိသေးသည်။သို့သော် ယခုအခြေနေကို ကြည့်ခြင်းအားဖြင့် သူမ ဆက်ပြီးတောင့်ခံနိုင်မည်မဟုတ်။
"အာ့!"
သေချာပေါက် ယွီမုန့်သည် သူမ၏ မှော်တုတ်တံကို ဆုပ်ကိုင်ထားရင်း ရေခဲပြင်ပေါ်မှာ ဒူးထောက်ကျသွားသည်။ သူမ၏ မျက်နှာသည် ဖြူဖျော့ဖျော့နှင့် မောဟိုက်ေနသည်ကို မြင်ရ၍ အားလုံး စိုးရိမ်စပြုလာကြသည်။
"မရ... မရဘူးလေ! သူမရဲ့ မှော်စွမ်းအင်တွေ ကုန်သွားပြီလား"
ယွီမုန့်သည် သူမ၏မှော်စွမ်းအင်များ လျင်မြန်စွာ ကုန်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ့ကိုယ်ပိုင်စွမ်းအားကို မတန်တဆ တွက်ဆထားပုံရသည်။
ရေခဲပြင်ပေါ်မှာရပ်နေတဲ့ လူတိုင်းရဲ့ ခြေထောက်အောက်သို့ မြစ်ရေသည် စီးဆင်းလာခဲ့သည်နှင့်အမျှ ရုတ်တရက် တစ်ဖက်က ရေခဲတို့အရည်ပျော်ကျလာသည်။
လူတိုင်းမှ အထိတ်တလန့် ဖြစ်ကုန်ကြသည်။ သူတို့သာတကယ် ဒီရေစီးကြောင်းထဲ ပြုတ်ကျရင် သေမှာ သေချာသည်။
"ယွီမုန့် မင်း... မင်းအဆင်ပြေရဲ့လား" ယွီမုန့် မှော်ပညာ ဆက်မသုံးနိုင်တော့မှန်း လူးဝစ်က မြင်လိုက်ရပြီးေနာက် သူ့မျက်လုံးထဲ၌ စိတ်ပျက်ေနေသာ အရိပ်အယောင်တို့ကို မြင်လိုက်ရသည်။
"ငါ့ရဲ့ မှော်စွမ်းအင်... ကုန်သွားပြီ"
"သေစမ်း!"
လူးဝစ် ကျယ်လောင်စွာအော်လိုက်ပြီး “မင်း… မင်းရဲ့ မှော်ပညာမပါဘဲ မင်းဘယ်မှာအသုံးကျလဲ မင်းကို သန်မာတယ်လို့ ငါထင်ခဲ့တာ! အခု ငါတို့ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ မင်း ငါတို့အားလုံးကို သတ်ပစ်ေတာ့မှာ!"
ယွီမုန့် ခေါင်းငိုက်စိုက်ကျသွားသည်။ သူမမှ အလွန်ပြောင်မြောက်သော မှော်ဆရာတစ်ဦးဟု အမြဲတွေးထားခဲ့သော်လည်း ထိုအချိန်တွင် သူမ၏ မှော်ပညာသည် အမှန်တကယ် အားနည်းမှန်း သိရှိခဲ့ရသည်။ မြစ်တစ်စင်းကိုပင် မကျော်ဖြတ်နိုင်ခဲ့ပေ။
"ယွီမုန့်! ငါပြောမယ် တခြားသူတွေကို ထားလိုက် ဒါပေမယ့် မင်း ငါ့ကို ကမ်းပေါ်တင်ပေးရမယ်!"
"တောင်းပန်ပါတယ်... ငါမလုပ်နိုင်ဘူး"
ယွီမုန့်ရဲ့တောင်းပန်စကားကိုကြားပြီးနောက် လူးဝစ် ထိတ်လန့်သွားခဲ့သည်။ သူ့ကိုယ်သူ စက္ကန့်အနည်းငယ်လောက် ပိုကယ်တင်နိုင်ရန်အတွက် အစောင့်တွေကို ပြောလိုက်သည် "မင်းတို့ခုန်ချလိုက်ကြ!"
"ကျေးဇူးပြု၍?"
“မင်းတို့ အများကြီးစုေနရင် အပူချိန် တိုးလာပြီး ရေခဲတွေ အရည်ပျော်လာမှာ နောက်ပြီး ယွီမုန့် ပြန်ကောင်းလာဖို့ အချိန်ပေးရမယ် ပြီးတော့ ငါ့လည်း ဟိုဘက်ကမ်းကို ရောက်ဖို့ မင်တို့ ခုန်ဆင်းရမှမယ်!"
အစောင့်တွေသည် သူတို့သခင်၏အမိန့်ကို မငြင်းဆန်ရဲကြပေ။ မျှော်လင့်ချက်မရှိတော့ဘူးလို့ သူတို့ထင်ေနသည့်အချိန်မှာပင် လင်းချီ၏ တားမြစ်သံကို ကြားလိုက်ရသည်။ "မင်းတို့ ခုန်ချဖို့ မလိုဘူး! ငါလူတိုင်းကို ကူညီနိုင်တယ်!"
ထိုစကားတစ်ခွန်းေကြာင့် လူတိုင်း သူ့ကိုကြည့်လာကြသည်။
"မင်းက ငါတို့ကို ကူညီပေးနိုင်တယ်"
ထိုအရာကိုကြားပြီးနောက် လူးဝစ် လှောင်ပြောင်ပြောဆိုခဲ့သည် "ကလေးလေးရေ ငါထင်တာကတော့ မှော်ပညာကို ဘယ်လိုသုံးရမှန်းတောင် မင်းကသိတာမဟုတ်ဘူး မင်းက လဝန်းသစ်မြို့တော်က အမှိုက်တစ်စထက်မပိုပါဘူး ဒီနေရာမှာ ကယ်တင်နိုင်တယ်ဆိုတာကို မင်းပြောစရာအေကြာင်းမရှိဘူး"
"အိုး? မင်းမှာ ပိုကောင်းတဲ့အကြံရှိတာလား ဒါမှမဟုတ် မင်းရဲ့ အစောင့်တွေကို ဘယ်လိုစတေးရမယ်ဆိုတာကိုပဲ မင်းသိလား"
လင်းချီ၏ ချေပချက်ကြောင့် လူးဝစ်မျက်နှာသည် ရှက်ရွံ့စွာ နီရဲလာပြီး အံကြိတ်သွားခဲ့သည်။
"ဟုတ်ပြီ! လင်းချီ မင်းဘာတွေစီစဉ်ထားလဲ"
စားကောင်းသောက်ဖွယ်စနစ်၏ သိုလှောင်မှုအတွင်းမှာ ခရမ်းရောင်ကန်စွန်းဥတစ်လုံးကို မကြာသေးခင်မှ လင်းချီ တွေ့ရှိခဲ့သည်။ ၎င်းသည် သာမာန်ကန်စွန်းဥမဟုတ်ပေ။ ခရမ်းရောင်အလင်းဖြင့် တောက်ပနေသော မှော်ကန်စွန်းဥ ဖြစ်သည်။
မှော်ဆေးတစ်မျိုးဟု ယူဆနိုင်သည့် မှော်ကန်စွန်းဥကို စားသုံးပြီးနောက် ၎င်းတို့၏ မှော်စွမ်းအင်ကို ပြန်လည်ရရှိနိုင်သည်။
“ဒါကို ယူလိုက်!”
လင်းချီသည် စနစ်၏သိုလှောင်မှုအတွင်းမှ ကန်စွန်းဥကို ထုတ်ယူပြီး မောပန်းနွမ်းနယ်နေသော ယွီမုန့်အား ကမ်းေပးလိုက်သည်။ထို့ေနာက် သူ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ “မလန့်ပါနဲ့ မင်းဗိုက်ပြည့်ေအာင် ဒီကန်စွန်းဥကိုစားလိုက်!"
လင်းချီကန်စွန်းဥ ကိုင်ထားတာကို ကြည့်ပြီး လူတိုင်း၏ အမူအရာတို့မှာ မျှော်လင့်ချက်အပြည့်မှ စိတ်ပျက်အားငယ်မှုသို့ ပြောင်းလဲသွားကြရင်း သူတို့ ခေါင်းငိုက်စိုက်ကျကုန်ကြသည်။
"လင်းချီ ဒါရယ်စရာေကာင်းတယ်လို့ မင်းထင်ေနလား" ယွီမုန့် သည် လင်းချီကို ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။
ဘေးမှကြည့်နေသော လူးဝစ်သည်ပင် တစ်ချိန်တည်းမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ "လင်းချီ မင်း အရူးလိုလုပ်နေတာကို ရပ်လိုက်စမ်းပါ မြန်မြန်မင်းရဲ့အစောင့်တွေကို ခုန်ချဖို့ပြောလိုက် ဒီနည်းကပဲ မင်းကိုအသက်ရှင်စေလိမ့်မယ်”
လင်းချီရဲ့မျက်နှာမှာ တည်ငြိမ်နေသည်။ သူ ယွီမုန့်ကို ကန်စွန်းဥ ဆက်ကမ်းေပးသည်။ "မင်းငါ့ကိုယုံမှရမယ် ဒီကန်စွန်းဥက လူတိုင်းကို တကယ်ကယ်တင်နိုင်လိမ့်မယ်!”
"ကန်စွန်းဥတစ်ကိုက်ေလးက လူဒီေလာက်အများကြီးကို ကယ်တင်နိုင်ပါ့မလား"
"နောက်နေတာလား"
ယွီမိန့်အတွက် ထ်ုအရာကို ယုံဖို့ခက်ခဲနေသည်။ သို့သော် သူမခေါင်းေမာ့ကြည့်လိုက်လျှင် လင်းချီ၏ မျက်လုံးများသည် လေးနက်ကြောင်း တွေ့ရ၍ သူနောက်ေနသည့်ပုံ မပေါ်တာကို သတိထားမိသွားသည်။
"တကယ်ကြီးလား...သေချာရဲ့လား" ယွီမုန့်သည် ကန်စွန်းဥကို ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် ဖြည်းညှင်းစွာယူလိုက်သည်။
"ယုံစမ်းပါ ငါ မင်းကိုမလိမ်ပါဘူး!"
သူတို့ရှေ့က ရေခဲတွေ အရည်ပျော်လာကာ သူတို့ဆီ တဖြည်းဖြည်းနီးကပ်လာသည်။
"မြန်မြန်!"
ယွီမုန့် လင်းချီကို ယုံကြည်ရန် ဆုံးဖြတ်လိုက်ပြီး ကန်စွန်းဥအနည်းငယ်ကို ညင်သာစွာ ကိုက်လိုက်သည်။
သူမ စားလိုက်သော ကန်စွန်းဥသည် သာမန်ကန်စွန်းဥများနှင့် လုံးဝကွာခြားကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် သူမသည် ကန်စွန်းဥကို လုံးဝမကြိုက်ခဲ့ပါသော်လဲ ယခုစားလိုက်သောကန်စွန်းဥက သူမကို ထူးခြားကောင်းမွန်တဲ့ ခံစားချက်ကို ပေးစွမ်းခဲ့သည်။
သူမ၏ခန္ဓာကိုယ်ထဲတွင် မှော်စွမ်းအင်များ တဟုန်ထိုးတိုးလာသလို ခံစားလိုက်ရသည်။
“ဒီခံစားချက်က…”
•••••••••
【Zawgyi】
အပိုင္း ၈ (ေမွာ္ကန္စြန္းဥ)
"အဲ့ေလာက္ၾကာတာ မျဖစ္ႏိုင္လိုက္ဝာာ!"
လူးဝစ္မွ ထိတ္လန႔္သြားသည္။ သူ၏လက္ႏွစ္ဖက္လုံးကို သူ႔ကိုယ္လုံး၏ ေဘးတစ္ဖက္တစ္ခ်က္စီတြင္ကပ္ကာ လုံးဝရွက္႐ြံ႕သြားသည္။
“ငါတို႔မွာ ပစၥည္းအလုံအေလာက္မရွိဘူး ၿပီးေတာ့အခုမွ ေတာထဲက ေန ထြက္လာတာေလ အခုပဲသစ္ျဖတ္ဖို႔ ျပန္သြားရမွာလား ဒီလိုသာသြားလိုက္လာလိုက္နဲ႔ ခရီးဆက္ရရင္ အႏၲရာယ္မ်ား႐ုံတင္မကဘူး အခ်ိန္လည္းအမ်ားႀကီးကုန္တယ္”
"မျဖစ္ေသးဘူး ငါတို႔ အခု ဘာလုပ္ၾကမွာလဲ"
"ဟုတ္ၿပီ ဆန္းသစ္လေတာထဲကို ျပန္သြားၿပီး လမ္းေၾကာင္းေျပာင္းလိုက္မယ္ဆိုရင္ေရာ"
“ငါျပန္မသြားရဲဘူး လုံၿခဳံတဲ့ေနရာမွာ ေနရတာဘဲႀကိဳက္တယ္"
လူတိုင္းမွ တစ္ေယာက္တစ္ေယာက္ ျငင္းခုန္ၾကရင္း ဗ်ာမ်ားလာၾကသည္။ လင္းခ်ီသည္အားကိုးရာမဲ့စြာ သက္ျပင္းကိုခ်မိလိုက္သည္။ တဟုန္ထိုး စီးေနတဲ့ျမစ္ကို ၾကည့္ရင္း သူမ၏စနစ္က ဒီလိုေနရာမ်ိဳးတို႔တြင္ အကူအညီ မေပးႏိုင္မွန္း သူသိသည္။
ေျဖရွင္းရန္နည္းလမ္းကို ရွာေတြ႕ဖို႔ ေမွ်ာ္လင့္ခ်က္မရွိေတာ့သည့္အခ်ိန္မွာပင္ တဖြားဖြားအသံကို ၾကားလိုက္ရသည္။
"ဟင္?"
လူတိုင္းသည္ အသံလာရာဆီသို႔ လွည့္ၾကည့္လိုက္ေသာအခါတြင္အျပာေဖ်ာ့ေဖ်ာ့ အလင္းတန္းမ်ား ပစ္လႊတ္ေနသည့္ ေမွာ္တုတ္တံကို ကိုင္ထားေသာ ယြီမုန႔္ကို ေတြ႕လိုက္ရသည္။
"ေရခဲေမွာ္အစြမ္း- ေရခဲျခင္း!"
ခ်က္ျခင္းပင္ ယြီမုန႔္သည္ ထူးျခားေသာ ေရႏွင့္ ေရခဲ ေမွာ္ဆရာတစ္ဦးျဖစ္ေၾကာင္း လူတိုင္းသတိရသြားၾကသည္။ ေရရွိေနျခင္းေၾကာင့္ သူမ၏ေရခဲေမွာ္အစြမ္းကို အသုံးျပဳႏိုင္လိမ့္မည္။
ယြီမုန႔္သည္ သူမ၏ ေမွာ္ပညာကို အသုံးျပဳ၍ ေရမ်က္ႏွာျပင္ကို ေအးခဲသြားေစသည့္အတြက္ လူတိုင္း လမ္းေလွ်ာက္သြားႏိုင္ေလာက္ေအာင္ ခိုင္သြားၿပီ ျဖစ္သည္။
"အံ့ၾသစရာပဲ ယြီမုန႔္! မင္း ငါတို႔ကို ကယ္ႏိုင္မယ္ဆိုတာ ငါသိတယ္!" လူးဝစ္သည္ စိတ္အားထက္သန္စြာ သူမအနားသို႔ ေျပးသြားခဲ့သည္။
သို႔ေသာ္လည္း ယြီမုန႔္ မႏၲာန္သုံးၿပီးတိုင္း ျဖစ္တတ္သည့္ အဆင္မေျပျဖစ္ေသာ မူမမွန္မႈကို လင္းခ်ီေတြ႕လိုက္ရသည္။ အစကတည္းက အခုခ်ိန္ထိ အခ်ိန္တိုေလးအတြင္းမွာပဲ မႏၲာန္သုံးမ်ိဳးသာ ႐ြတ္ခဲ့ေပမယ့္ သူမေဟာဟဲလိုက္ေနသည္။
အဘယ္ေၾကာင့္ဆိုေသာ္ ေမွာ္ပညာကို အသုံးျပဳရာတြင္ မႏၲာန္႐ြတ္ဆိုျခင္းအေပၚမူတည္၍ လူတစ္ေယာက္၏ ႐ုပ္ပိုင္းဆိုင္ရာခြန္အားကို အသုံးျပဳရေသာေၾကာင့္ ျဖစ္သည္။ မႏၲာန္အဆင့္ ျမင့္ေလ ႐ုပ္ပိုင္းဆိုင္ရာ ခြန္အားေတြ ပိုကုန္ခမ္းေလျဖစ္သည္။
ငယ္႐ြယ္ေသာ ေမွာ္ဆရာမ်ားသည္ သူတို႔၏ အေစာပိုင္းေလ့က်င့္မႈ အဆင့္မ်ားတြင္ ေမွာ္စြမ္းအင္ကို သိုေလွာင္ႏိုင္စြမ္း မရွိၾကေပ။ ထို႔ေၾကာင့္ ေမွာ္ပညာကို အသုံးျပဳရသည့္ အဖိုးအခသည္ ႐ုပ္ပိုင္းဆိုင္ရာခြန္အား ယိုယြင္းလာမႈပင္ ျဖစ္သည္။
အဆင့္ျမင့္ေသာေမွာ္ဆရာမ်ားအျဖစ္သို႔ တိုးတက္လာၿပီဆိုလွ်င္ ကိုယ္ပိုင္ေမွာ္စြမ္းအင္ကို သိုေလွာင္ႏိုင္မည္ျဖစ္သည္။
လက္ရွိ ယြီမုန႔္တြင္ ေမွာ္စြမ္းအင္ သိုေလွာင္ႏိုင္မႈ မရွိသည္မွာ ထင္ရွားေသာေၾကာင့္ သူမသည္ ထိုအခ်ိန္တစ္ေလွ်ာက္လုံးတြင္ ကိုယ္ပိုင္ခြန္အားကို အသုံးခ်ေနခဲ့ရသည္။
ယခုတြင္မူ လူတိုင္းမွလည္း သူမကို အားကိုးအားထားျပဳေနၾကၿပီျဖစ္သည္။ ထို႔ျပင္ ေမွာ္ပညာသာပ်က္သြားခဲ့လွ်င္ လူတိုင္းျမစ္ထဲသို႔ ျပဳတ္က်မည္ ျဖစ္ေသာေၾကာင့္ သူမ မည္သို႔ပင္ျဖစ္ေစကာမူ ခံႏိုင္ရည္ရွိရန္လိုအပ္သည္။
သူမသည္ သူမ၏ လက္ရွိစြမ္းအင္ျဖင့္ ျမစ္ကိုျဖတ္ကူးၿပီးသည္အထိ ခႏၶာကိုယ္ခံႏိုင္ရည္ရွိမည္လို႔ ထင္ခဲ့ပုံရသည္။
"အားလုံး ျမန္ျမန္ကူးၾက ေရခဲေတြ အရည္ေပ်ာ္လာတဲ့အခါမွ အျပစ္မတင္နဲ႔" လူးဝစ္က ယြီမုန႔္ရဲ႕အေနာက္မွာ ရပ္ၿပီး သူ႔ေနာက္ကလူေတြကို ေခါင္းေဆာင္တစ္ေယာက္လို အမိန႔္ေပးေနသည္။
"ဟဲဟဲ ယြီမုန႔္ ေက်းဇူးတင္ပါတယ္ မင္းေၾကာင့္ ငါတို႔ျမစ္ကိုျဖတ္ႏိုင္ၿပီ!" လူးဝစ္ လူပါးဝစြာ ၿပဳံးၿပီးေနာက္ဆိုကာ ယြီမုန႔္ကို ေက်နပ္ခ်င္ေသာ္လည္း ထိုအခ်ိန္တြင္ ယြီမုန္႔သည္ သူ႔ကိုဂ႐ုျပဳရန္ပင္ အခ်ိန္မရွိခဲ့ေပ။ သူမ အားေလ်ာ့စျပဳလာေနၿပီျဖစ္သည္။
လင္းခ်ီ သူမေနာက္ကို ေလွ်ာက္သြားသည္။ မၾကာမီမွာပင္ ေရခဲထုသည္ တျဖည္းျဖည္း ပါးလႊာၿပီးရင္း ပါးလႊာလာသည္ကို သူမွေတြ႕လိုက္ရသည္။ ယြီမုန႔္၏ ေမွာ္ပညာစြမ္းအင္ ကုန္ဆုံးေတာ့မည္ဟု သူမွေတြးမိလိုက္သည္။
ေရွ႕ကို လွမ္းၾကည့္လိုက္လွ်င္ သူမဆက္ေတာင့္ခံရန္ မီတာ 50 ေက်ာ္ေက်ာ္ ရွိေသးသည္။သို႔ေသာ္ ယခုအေျခေနကို ၾကည့္ျခင္းအားျဖင့္ သူမ ဆက္ၿပီးေတာင့္ခံႏိုင္မည္မဟုတ္။
"အာ့!"
ေသခ်ာေပါက္ ယြီမုန္႔သည္ သူမ၏ ေမွာ္တုတ္တံကို ဆုပ္ကိုင္ထားရင္း ေရခဲျပင္ေပၚမွာ ဒူးေထာက္က်သြားသည္။ သူမ၏ မ်က္ႏွာသည္ ျဖဴေဖ်ာ့ေဖ်ာ့ႏွင့္ ေမာဟိုက္ေနသည္ကို ျမင္ရ၍ အားလုံး စိုးရိမ္စျပဳလာၾကသည္။
"မရ... မရဘူးေလ! သူမရဲ႕ ေမွာ္စြမ္းအင္ေတြ ကုန္သြားၿပီလား"
ယြီမုန႔္သည္ သူမ၏ေမွာ္စြမ္းအင္မ်ား လ်င္ျမန္စြာ ကုန္သြားလိမ့္မည္ဟု မေမွ်ာ္လင့္ထားေပ။ သူ႔ကိုယ္ပိုင္စြမ္းအားကို မတန္တဆ တြက္ဆထားပုံရသည္။
ေရခဲျပင္ေပၚမွာရပ္ေနတဲ့ လူတိုင္းရဲ႕ ေျခေထာက္ေအာက္သို႔ ျမစ္ေရသည္ စီးဆင္းလာခဲ့သည္ႏွင့္အမွ် ႐ုတ္တရက္ တစ္ဖက္က ေရခဲတို႔အရည္ေပ်ာ္က်လာသည္။
လူတိုင္းမွ အထိတ္တလန႔္ ျဖစ္ကုန္ၾကသည္။ သူတို႔သာတကယ္ ဒီေရစီးေၾကာင္းထဲ ျပဳတ္က်ရင္ ေသမွာ ေသခ်ာသည္။
"ယြီမုန႔္ မင္း... မင္းအဆင္ေျပရဲ႕လား" ယြီမုန႔္ ေမွာ္ပညာ ဆက္မသုံးႏိုင္ေတာ့မွန္း လူးဝစ္က ျမင္လိုက္ရၿပီးေနာက္ သူ႔မ်က္လုံးထဲ၌ စိတ္ပ်က္ေနေသာ အရိပ္အေယာင္တို႔ကို ျမင္လိုက္ရသည္။
"ငါ့ရဲ႕ ေမွာ္စြမ္းအင္... ကုန္သြားၿပီ"
"ေသစမ္း!"
လူးဝစ္ က်ယ္ေလာင္စြာေအာ္လိုက္ၿပီး “မင္း… မင္းရဲ႕ ေမွာ္ပညာမပါဘဲ မင္းဘယ္မွာအသုံးက်လဲ မင္းကို သန္မာတယ္လို႔ ငါထင္ခဲ့တာ! အခု ငါတို႔ဘာလုပ္သင့္တယ္လို႔ မင္းထင္လဲ မင္း ငါတို႔အားလုံးကို သတ္ပစ္ေတာ့မွာ!"
ယြီမုန႔္ ေခါင္းငိုက္စိုက္က်သြားသည္။ သူမမွ အလြန္ေျပာင္ေျမာက္ေသာ ေမွာ္ဆရာတစ္ဦးဟု အၿမဲေတြးထားခဲ့ေသာ္လည္း ထိုအခ်ိန္တြင္ သူမ၏ ေမွာ္ပညာသည္ အမွန္တကယ္ အားနည္းမွန္း သိရွိခဲ့ရသည္။ ျမစ္တစ္စင္းကိုပင္ မေက်ာ္ျဖတ္ႏိုင္ခဲ့ေပ။
"ယြီမုန႔္! ငါေျပာမယ္ တျခားသူေတြကို ထားလိုက္ ဒါေပမယ့္ မင္း ငါ့ကို ကမ္းေပၚတင္ေပးရမယ္!"
"ေတာင္းပန္ပါတယ္... ငါမလုပ္ႏိုင္ဘူး"
ယြီမုန႔္ရဲ႕ေတာင္းပန္စကားကိုၾကားၿပီးေနာက္ လူးဝစ္ ထိတ္လန႔္သြားခဲ့သည္။ သူ႔ကိုယ္သူ စကၠန႔္အနည္းငယ္ေလာက္ ပိုကယ္တင္ႏိုင္ရန္အတြက္ အေစာင့္ေတြကို ေျပာလိုက္သည္ "မင္းတို႔ခုန္ခ်လိုက္ၾက!"
"ေက်းဇူးျပဳ၍?"
“မင္းတို႔ အမ်ားႀကီးစုေနရင္ အပူခ်ိန္ တိုးလာၿပီး ေရခဲေတြ အရည္ေပ်ာ္လာမွာ ေနာက္ၿပီး ယြီမုန႔္ ျပန္ေကာင္းလာဖို႔ အခ်ိန္ေပးရမယ္ ၿပီးေတာ့ ငါ့လည္း ဟိုဘက္ကမ္းကို ေရာက္ဖို႔ မင္တို႔ ခုန္ဆင္းရမွမယ္!"
အေစာင့္ေတြသည္ သူတို႔သခင္၏အမိန႔္ကို မျငင္းဆန္ရဲၾကေပ။ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးလို႔ သူတို႔ထင္ေနသည့္အခ်ိန္မွာပင္ လင္းခ်ီ၏ တားျမစ္သံကို ၾကားလိုက္ရသည္။ "မင္းတို႔ ခုန္ခ်ဖို႔ မလိုဘူး! ငါလူတိုင္းကို ကူညီႏိုင္တယ္!"
ထိုစကားတစ္ခြန္းေၾကာင့္ လူတိုင္း သူ႔ကိုၾကည့္လာၾကသည္။
"မင္းက ငါတို႔ကို ကူညီေပးႏိုင္တယ္"
ထိုအရာကိုၾကားၿပီးေနာက္ လူးဝစ္ ေလွာင္ေျပာင္ေျပာဆိုခဲ့သည္ "ကေလးေလးေရ ငါထင္တာကေတာ့ ေမွာ္ပညာကို ဘယ္လိုသုံးရမွန္းေတာင္ မင္းကသိတာမဟုတ္ဘူး မင္းက လဝန္းသစ္ၿမိဳ႕ေတာ္က အမႈိက္တစ္စထက္မပိုပါဘူး ဒီေနရာမွာ ကယ္တင္ႏိုင္တယ္ဆိုတာကို မင္းေျပာစရာအေၾကာင္းမရွိဘူး"
"အိုး? မင္းမွာ ပိုေကာင္းတဲ့အႀကံရွိတာလား ဒါမွမဟုတ္ မင္းရဲ႕ အေစာင့္ေတြကို ဘယ္လိုစေတးရမယ္ဆိုတာကိုပဲ မင္းသိလား"
လင္းခ်ီ၏ ေခ်ပခ်က္ေၾကာင့္ လူးဝစ္မ်က္ႏွာသည္ ရွက္႐ြံ႕စြာ နီရဲလာၿပီး အံႀကိတ္သြားခဲ့သည္။
"ဟုတ္ၿပီ! လင္းခ်ီ မင္းဘာေတြစီစဥ္ထားလဲ"
စားေကာင္းေသာက္ဖြယ္စနစ္၏ သိုေလွာင္မႈအတြင္းမွာ ခရမ္းေရာင္ကန္စြန္းဥတစ္လုံးကို မၾကာေသးခင္မွ လင္းခ်ီ ေတြ႕ရွိခဲ့သည္။ ၎သည္ သာမာန္ကန္စြန္းဥမဟုတ္ေပ။ ခရမ္းေရာင္အလင္းျဖင့္ ေတာက္ပေနေသာ ေမွာ္ကန္စြန္းဥ ျဖစ္သည္။
ေမွာ္ေဆးတစ္မ်ိဳးဟု ယူဆႏိုင္သည့္ ေမွာ္ကန္စြန္းဥကို စားသုံးၿပီးေနာက္ ၎တို႔၏ ေမွာ္စြမ္းအင္ကို ျပန္လည္ရရွိႏိုင္သည္။
“ဒါကို ယူလိုက္!”
လင္းခ်ီသည္ စနစ္၏သိုေလွာင္မႈအတြင္းမွ ကန္စြန္းဥကို ထုတ္ယူၿပီး ေမာပန္းႏြမ္းနယ္ေနေသာ ယြီမုန႔္အား ကမ္းေပးလိုက္သည္။ထို႔ေနာက္ သူ ၿပဳံးျပလိုက္ၿပီး ေျပာလိုက္သည္။ “မလန႔္ပါနဲ႔ မင္းဗိုက္ျပည့္ေအာင္ ဒီကန္စြန္းဥကိုစားလိုက္!"
လင္းခ်ီကန္စြန္းဥ ကိုင္ထားတာကို ၾကည့္ၿပီး လူတိုင္း၏ အမူအရာတို႔မွာ ေမွ်ာ္လင့္ခ်က္အျပည့္မွ စိတ္ပ်က္အားငယ္မႈသို႔ ေျပာင္းလဲသြားၾကရင္း သူတို႔ ေခါင္းငိုက္စိုက္က်ကုန္ၾကသည္။
"လင္းခ်ီ ဒါရယ္စရာေကာင္းတယ္လို႔ မင္းထင္ေနလား" ယြီမုန႔္ သည္ လင္းခ်ီကို ေဒါသတႀကီးျဖင့္ ၾကည့္လိုက္သည္။
ေဘးမွၾကည့္ေနေသာ လူးဝစ္သည္ပင္ တစ္ခ်ိန္တည္းမွာ ရယ္ရမလို ငိုရမလို ျဖစ္သြားသည္။ "လင္းခ်ီ မင္း အ႐ူးလိုလုပ္ေနတာကို ရပ္လိုက္စမ္းပါ ျမန္ျမန္မင္းရဲ႕အေစာင့္ေတြကို ခုန္ခ်ဖို႔ေျပာလိုက္ ဒီနည္းကပဲ မင္းကိုအသက္ရွင္ေစလိမ့္မယ္”
လင္းခ်ီရဲ႕မ်က္ႏွာမွာ တည္ၿငိမ္ေနသည္။ သူ ယြီမုန္႔ကို ကန္စြန္းဥ ဆက္ကမ္းေပးသည္။ "မင္းငါ့ကိုယုံမွရမယ္ ဒီကန္စြန္းဥက လူတိုင္းကို တကယ္ကယ္တင္ႏိုင္လိမ့္မယ္!”
"ကန္စြန္းဥတစ္ကိုက္ေလးက လူဒီေလာက္အမ်ားႀကီးကို ကယ္တင္ႏိုင္ပါ့မလား"
"ေနာက္ေနတာလား"
ယြီမိန႔္အတြက္ ထ္ုအရာကို ယုံဖို႔ခက္ခဲေနသည္။ သို႔ေသာ္ သူမေခါင္းေမာ့ၾကည့္လိုက္လွ်င္ လင္းခ်ီ၏ မ်က္လုံးမ်ားသည္ ေလးနက္ေၾကာင္း ေတြ႕ရ၍ သူေနာက္ေနသည့္ပုံ မေပၚတာကို သတိထားမိသြားသည္။
"တကယ္ႀကီးလား...ေသခ်ာရဲ႕လား" ယြီမုန႔္သည္ ကန္စြန္းဥကို ယုံတစ္ဝက္ မယုံတစ္ဝက္ျဖင့္ ျဖည္းညႇင္းစြာယူလိုက္သည္။
"ယုံစမ္းပါ ငါ မင္းကိုမလိမ္ပါဘူး!"
သူတို႔ေရွ႕က ေရခဲေတြ အရည္ေပ်ာ္လာကာ သူတို႔ဆီ တျဖည္းျဖည္းနီးကပ္လာသည္။
"ျမန္ျမန္!"
ယြီမုန႔္ လင္းခ်ီကို ယုံၾကည္ရန္ ဆုံးျဖတ္လိုက္ၿပီး ကန္စြန္းဥအနည္းငယ္ကို ညင္သာစြာ ကိုက္လိုက္သည္။
သူမ စားလိုက္ေသာ ကန္စြန္းဥသည္ သာမန္ကန္စြန္းဥမ်ားႏွင့္ လုံးဝကြာျခားေၾကာင္း ႐ုတ္တရက္ ခံစားလိုက္ရသည္။ အမွန္အတိုင္း ေျပာရမည္ဆိုလွ်င္ သူမသည္ ကန္စြန္းဥကို လုံးဝမႀကိဳက္ခဲ့ပါေသာ္လဲ ယခုစားလိုက္ေသာကန္စြန္းဥက သူမကို ထူးျခားေကာင္းမြန္တဲ့ ခံစားခ်က္ကို ေပးစြမ္းခဲ့သည္။
သူမ၏ခႏၶာကိုယ္ထဲတြင္ ေမွာ္စြမ္းအင္မ်ား တဟုန္ထိုးတိုးလာသလို ခံစားလိုက္ရသည္။
“ဒီခံစားခ်က္က…”
•••••••••
[25.6.2023]
Miracle Team.