Wild flower Kim

By Stella_Zes

3.4K 603 105

Don't forget about me More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20

Wild flower Kim

503 38 4
By Stella_Zes

သူကပန်းရိုင်းပဲ
သန်မာတယ်
ကြံ့ခိုင်တယ်

ပြီးတော့ အဖေတစ်ယောက်လဲဖြစ်ထိုက်တယ်

.
.
.
.

"ကျွန်တော့သမီးပါ မလုပ်ပါနဲ့
ခမည်းတော်"

နန်းဆောင်ခန်းမကြီးတစ်ခုအတွင်း
စူးစူးဝါးဝါးအော်ဟစ်သံတွေပျံ့နှံ့နေခဲ့သည်
ညသန်းခေါင်နက်နက်ဖြစ်သည်အထိအော်ဟစ်သံတွေတိတ်မသွားသေး

ပန်းကနုတ်တွေထွင်းထားတဲ့လှေကားနှစ်ထစ်‌အမြင့်တစ်နေရာမှာနဂါးဝတ်ရုံအနီရောင်နှင့်ကြီးမြတ်သောသူတစ်ဦးမှာလက်ထဲကအိစက်သောရွှေဝါရောင်စောင်ထုတ်ထဲကမွေးကာစနီတာရဲကလေးငယ်တစ်ဦးကိုချီပွေ့ထားလျက်အနားကရဲမက်တစ်ဦးဆီကိုကမ်းပေးနေပေမဲ့
မျက်လုံးတွေသည်ပြတ်သားနေခဲ့သည်

"ပစ်လိုက်..ဒါအမိန့်ပဲ"

ထိုရပ်နေသူရဲ့နောက်ဘက်မှာတော့အဖြူရောင်ပိတ်စနဲ့အုပ်ကာထားတဲ့အသက်မရှိတော့တဲ့ခန္ဓာတစ်ခုရှိသလို
ထိုသူရဲ့အရှေ့မှာတော့အထိန်းတော်‌တွေနဲ့ရဲမက်တွေတားထားတာတောင်ရူးမတတ်ဖြစ်နေသောအိမ်ရှေ့စံမင်းသားဝမ်ချန်း

"အဲ့ဒီ့လိုမလုပ်ပါနဲ့ ကျွန်တော့်မိဖုရားပါမီးဖွားပြီးပြီးချင်းဆုံးရှုံးလိုက်ရတာပါ မင်းသမီးလို့ဘွဲ့မအပ်နှင်းရင်တောင်နန်းတော်ထဲမှာပဲထားပေးပါ"

ထိုစဉ်အနီရောင်နဂါးဝတ်ရုံနဲ့မင်းကြီးဟာသူရဲ့သားတော်ဖြစ်သူအိမ်ရှေ့မင်းသားဝမ်ချန်းကို
မျက်လုံးသေတွေနဲ့ကြည့်ပြီးခပ်ပြတ်ပြတ်စကားတစ်ခုပြောလိုက်သည်

"ဘယ်မင်းသမီးမှစစ်သည်တော်မဖြစ်ဘူး"

"ခမည်းတော်!!"

ဘာများမှားလို့လဲ ဒါကကံကြမ္မာပဲ
သမီးမွေးတာမှားလား
ဒီလိုအာဏာရှင်စနစ်ကြီးအောက်မှာမင်းသားလေးမွေးလာတာမဟုတ်လို့ဒီလိုမျိုးစွန့်ပစ်ရက်သည်တဲ့

"ဒီကလေးကိုနန်းတော်အနောက်ဘက်တံခါးကထွက်ပြီး သတ်ပစ်လိုက်!"

"ခမည်းတော်ကအဘိုးမဟုတ်ဘူးလား ဒါခမည်းတော်ရဲ့‌မြေးဦးပါဗျ!"

အိမ်ရှေ့စံဟာအာခေါင်ခြစ်အောင်အော်သည်
ကျေးဇူးပြုပြီးတစ်ယောက်ယောက်ကယ်ပေးကျပါဦး
ကျွန်တော့်သမီး ကျွန်တော့်သမီးလေး

အတင်းရုန်းနေပေမဲ့ဆွဲထားတဲ့လက်တွေရဲ့အားကသုံးလေးယောက်မက
ရူးသွားလိုက်ချင်သည် ဒီအတိုင်းဆိုရင်ရင်ကိုဟက်တက်ကွဲမတတ်ခံစားနေရပြီ

ဘာမှမသိလိုက်ပဲ အမတ်ကြီးတစ်ဦးဆက်သလာတဲ့အိမ်တော်တစ်ခုကသခင်မလေးနဲ့စောစောစီးစီးပဲဆက်လက်လိုက်ရပြီး
ဘာမဟုတ်တဲ့အိမ်ရှေ့စံနဲ့အိမ်ရှေ့စံမိဖုရားကြားမှာပထမဆုံးသားသမီးဦးလေးဖွားမြင်လာတာဖြစ်သည်

ဒါကိုဘယ်လို‌တောင်လုပ်ရက်တာလဲ
သူ့အပေါ်ဘယ်လိုတောင်လုပ်ရက်တာလဲ
အိမ်ရှေ့စံမိဖုရားကလဲ‌မီးဖွားဖွားပြီးချင်းကိုချက်ချင်းလောကကနေထွက်ခွာသွားသည့်အပြင်
အခုသားသမီးကိုပါဒီလိုမျိုးစွန့်ပစ်ရမယ်တဲ့လား

"ငါ့မျက်စိရှေ့မှာမမြင်ချင်ဘူး အိမ်ရှေ့စံကိုဆွဲခေါ်သွားပြီးဒီကလေးကိုချက်ချင်းသုတ်သင်လိုက်တော့"

သုတ်သင်မယ် ကလေးကိုသုတ်သင်မယ်
အခုမှမိခင်ဝမ်းကနေထွက်လာတဲ့ကလေးကိုဘယ်လိုများလုပ်ရက်နိုင်ကျတာလဲ

ရင်ကိုအစိမ်းလိုက်ခွဲနေသလိုပင်
သိနေပေမဲ့ မြင်နေပေမဲ့
လောလောလတ်လတ်ဖခင်တစ်ယောက်
ဖြစ်နေတဲ့ကိုယ့်အတွက်ဘာတစ်ခုမှလုပ်နိုင်စွမ်းကိုမရှိ

လက်တွေ အခုသူ့ကိုဆွဲငင်ထားတဲ့လက်တွေ
ဘာလို့ဆွဲနေကျတာလဲ

"ခမည်းတော် လွှတ်စမ်းငါ့ကို
ငါ့သမီးကိုဘယ်နေရာမှမခေါ်သွားနဲ့ အားးး"

ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ်
ရှင်ကွဲကွဲသည်လားသေကွဲကွဲသည်လားတောင်မသိရ
ရုန်းကန်မှုကြားတွင်ရဲမက်တစ်ဦးဟာစောင်ထုပ်ထဲကကလေးငယ်ကိုပိုက်၍အဝေးကိုယူဆောင်သွားပြီးနောက်နန်းဆောင်ခန်းမတံခါးကြီးပိတ်ကျလေပြီ

............

နန်းတော်ရဲ့အနောက်ဘက်တံခါး
သေဒဏ်ကျခံအကျဉ်းသားတွေရဲ့အလောင်းကိုစွန့်ပစ်ထားတဲ့နေရာမှာဖြစ်သည်
ဒီနောက်မှာမြစ်အကျယ်ကြီးရှိသလို အလောင်းတွေကမြစ်ရဲ့တိုက်စားမှုနဲ့မျောပါသွားတတ်သည်

ဒါသည်သက်ဦးဆံပိုင်ဘုရင်အုပ်ဆိုးတဲ့လက်ထက်တွေမှာရှိသလိုမြစ်အနီးနားကရွာတွေကတော့ဖြစ်သလိုနေထိုင်ရသည်
တစ်ခါတစ်လေလူသေပုပ်ကောင်တွေမျောပါသွားတတ်တာမို့မြစ်ကြီးက သေမင်းတမန်ရဲ့မြစ်ကြီးလို့အမည်တွင်လေပြီ

ညဘက်မှောင်မှောင်မဲမဲ
ဓားကိုင်ထားသော ဝတ်ရုံရှည်နဲ့ရဲမက်သည်
လက်ထဲကပိုက်လာတဲ့ခြင်းလေးကိုမြေပြင်ပေါ်မှာချလိုက်သည်

အထဲမှာပါလာတဲ့စောင်ထုတ်ထဲကမင်းသမီးလေး
နီရဲပြီးမျက်လုံးတွေပါမပွင့်သေး

သမားတော်တွေစမ်းသပ်တုန်းက
မင်းကြီးအမြတ်ရှမှာကိုကြောက်တာမို့အိမ်ရှေ့စံမိဖုရားမှာသားတော်လေးသန္ဓေတည်နေပါတည်ဆိုပြီးလျှောက်တင်ခဲ့ရမှအခု‌ရက်လစေ့တော့သမီး‌လေးသာဖွားမြင်ခဲ့သည်မို့ဒီလိုစွန့်ပစ်ရက်လေခြင်း

"အဲ့..."

အဲ့ကနဲ ကလေးဆီကအသံတစ်ချက်ထွက်လာတာမို့ရဲမက်ဟာငုံ့ကြည့်လိုက်သေးသည်

"မင်းသမီးက ချစ်စရာကောင်းသားပဲ
ဒါပေမဲ့ကျွန်တော်မျိုး‌တောင်းပန်ပါတယ်"

စိတ်ရင်းပါ ရဲမက်တစ်ယောက်အနေနဲ့စစ်သည်တွေကိုသာသတ်ဖြတ်ဖူးပေမဲ့ဒီလိုမျိုးမွေးကင်းစကလေးတစ်ယောက်ကိုသုတ်သင်ရမယ်လို့တွေးတောင်မတွေးထားဖူး

ဒါပေမဲ့အခုတော့

ချွှင်ကနဲဓားကိုဓားအိမ်ထဲကထုတ်သံ
ဝါးကနဲမင်းသမီးလေးဟာစောင်ထုတ်ထဲကအော်ငိုတော့သည်
ထို့အတူဂျိန်းကနဲမိုးချိန်းသံနဲ့
မြစ်ထဲကနေတက်လာတဲ့လှိုင်းလုံး

ရဲမက်မှာဓားကိုင်ထားတုန်းရှိသေးသည်
တက်လာတဲ့လိုင်းလှုံးအပြင်မြစ်ကမ်းပါးနံရံတိုက်စားမှုကြောင့်ပြိုကျသွားတဲ့မြေပမာဏထဲသူမပါသွားဖို့သာအတင်းကုန်းဘက်ကိုပြေးတက်ရတော့သည်

"မင်း..မင်းသမီး"

ဘယ်ကိုရောက်လို့ရောက်သွားမှန်းမသိသလိုဘယ်ကိုပြေးဆွဲလို့ပြေးဆွဲရ‌တော့မှန်းမသိ
ချက်ချင်းကိုအနားကပျောက်သွားတဲ့ခြင်းနဲ့စောင်ထုတ်ထဲကမင်းသမီး

မြေတိုက်စားတဲ့အထဲပါသွားသမားလှိုင်းပုတ်လို့များမြစ်ထဲကျသွားပြီလားမသိတော့

ရဲမက်ဟာသတိကပ်ကပ်ချင်းအရင်ဆုံးမြစ်ကမ်းပါးအစွန်းမှာရပ်ပြီးအောက်ဘက်ကိုငုံ့ကြည့်သည်
မြေတိုက်စားသွားတာကြောင့်နောက်ကျိနေတဲ့မြစ်ရေကလွဲရင်ဘာမှမမြင်ရတော့

ရှာလို့လဲမရ

ခြင်းရောစောင်ထုတ်ရောမင်းသမီးရောပါမရှိတော့တာဖြစ်သည်
အရှင်မင်းကြီးကိုဘယ်နည်းနဲ့သုတ်သင်ခဲ့ပြီဆိုတာသက်သေပြရမည်နည်း

ပါးစပ်ကနေကယောင်ကတမ်းရေရွတ်မိသည့်စကားတွေ

"မင်းသမီး ဟုတ်တယ်အသိစိတ်ကပ်ထား
မင်းသမီးကို မင်း မင်းဓားနဲ့ကိုယ်တိုင်သုတ်သင်လိုက်တာပဲ မင်းတာဝန်ပြီးပြီ ဟုတ်တယ်"












______________________________________

Stella : toပြီးတာနဲ့လာမယ် စောင့်နေဦးနော်😌🖐️

Continue Reading

You'll Also Like

1.1M 38.1K 63
π’π“π€π‘π†πˆπ‘π‹ ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 π–π‡πˆπ‚π‡ jude bellingham finally manages to shoot...
377K 13.5K 58
𝐈𝐍 π–π‡πˆπ‚π‡ Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...
182K 4.9K 42
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
219K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...