Zergဘုရင်လေး

By Phyomyatsoe

9.1K 1.5K 26

Bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ More

Description
အခန်း(၁.၁)
အခန်း(၁.၂)
အခန်း(၂.၁)
အခန်း(၂.၂)
အခန်း(၃.၁)
အခန်း(၃.၂)
အခန်း(၄.၁)
အခန်း(၄.၂)
အခန်း(၄.၃)
အခန်း(၅.၁)
အခန်း(၅.၂)
အခန်း(၆)
အခန်း(၇.၁)
အခန်း(၇.၂)
၉.၁
၉.၂
၁၀.၁
၁၀.၂
၁၀.၃
၁၁.၁
၁၁.၂
၁၁.၃
၁၂.၁
၁၂.၂
၁၃.၁
၁၃.၂
၁၄
၁၄.၂
၁၅

၈.၂

185 46 0
By Phyomyatsoe

အခန်း(၈.၂)

ကုဟိုင်၏စကားတွေက ယုလုစစ်သင်္ဘော၏မိုးပြာရောင်အလင်းကို တစ်ဖန်တောက်ပလာစေပြန်တယ်။တာ့ခ်ဇာ့ဂ်က ကုဟိုင်ကို အခန်းငယ်လေး၏တံခါးမှတစ်ဆင့် သယ်ဆောင်သွားတဲ့အခါ သင်္ဘော၏အလင်းရောင်တွေသည် ပုံမှန်အတိုင်း တဖျက်ဖျက်လက်လာတယ်။ဒီအချိန်မှာ ယုလု၏ပျော်ရွှင်မှုကို တွေ့နိုင်တယ်။

မကြာမီစစ်သားတွေလည်း စစ်သင်္ဘောအတွင်းကို ဝင်သွားတယ်။အဲလ်ဗတ်စ်၏အသိအမှတ်ပြုမှုအောက်တွင် ကုဟိုင်သည် ယုလုစစ်သင်္ဘောပေါ်တွင် အမြင့်မားဆုံးအခွင့်အာဏာကို အလိုအလျောက်ရရှိခဲ့ပြီး ငွေရောင်ဆံပင်နှင့်ဇာ့ဂ်က စစ်သင်္ဘောပေါ်ရှိကြီးကြပ်ခန်းကို ပို့ဆောင်ပေးခဲ့တယ်။

"ခေါင်းဆောင် အခုကျွန်တော်တို့ ဘယ်ဂြိုဟ်ကို သွားနေတာလဲ?"အဲလ်ဂျာက မေးမြန်းလိုက်ပေမဲ့ သူ့မျက်လုံးတွေကတော့ အနက်ရောင်ဆံပင်နှင့်လူငယ်လေးထံကနေ အကြည့်မလွှဲသွားဘူး။

"အရှင်မင်းကြီးလည်းရှိနေတော့ ကျွန်တော်တို့က အရင်ဆုံးအခြေချဖို့ ပိုကောင်းတဲ့ဂြိုဟ်ကို ရှာသင့်ပါတယ်"

"တူဆာကို ပြန်မယ်"အဲလ်ဗတ်စ်က ရှင်းရှင်းသာပြောခဲ့တယ်။

တူဆာသည် ဇာ့ဂ်ပထမတပ်မတော်၏မြို့တော်ဖြစ်ပြီး ဇာ့ဂ်တွေအတွက် အမာခံနယ်မြေတစ်ခုဖြစ်တယ်။တူဆာတည်ရှိရာကြယ်ဝန်းကျင်တွင် အခြားသောမျိုးနွယ်စုတွေ၏ကြယ်သင်္ဘောအစုအနည်းငယ်သာရှိတယ်။တကယ်လို့ သူတို့က ကုန်သွယ်ရန် တူဆာကိုဖြတ်သန်းရန် လိုအပ်ချက်ကြောင့်သာမဟုတ်ရင် ဒီကြယ်သင်္ဘောတွေက ဇာ့ဂ်တွေရဲ့ယုလုနှင့် မတော်တဆဝင်တိုက်မိမှာစိုးတာကြောင့် လမ်းလွှဲသွားရန် ရွေးချယ်မည်ဖြစ်တယ်။

ဒီဖြေကြားမှုက အဲလ်ဂျာ၏မျက်ဝန်းတွေကို တောက်ပသွားစေတယ်။အဲလ်ဂျာက တကယ်ကိုဘဲ တူဆာကို ပြန်သွားချင်ပေမဲ့ သူက တိုက်ရိုက်မပြောရဲဘူး။သူက စကားပရိယာယ်ဖြင့် အရိပ်အမြွက်ကိုသာ ပြောနိုင်ပေမဲ့ သူ့ဆန္ဒအတိုင်းဖြစ်မြှောက်လာဖို့ မမျှော်လင့်ထားပေ။သူတို့ခေါင်းဆောင်က ပထမတပ်မတော်၏ခေါင်းဆောင်ဖြစ်သော်လည်းဘဲ သူတို့ခေါင်းဆောင်က မြို့တော်မှာနေတဲ့အချိန် အလွန်ကိုနည်းပါးတယ်။သူက တူဆာမှာနေထိုင်တဲ့အစိုးရအဖွဲ့ပေါ်မှာ အရာရာပုံချထားတယ်။အဲလ်ဂျာက သူတို့ခေါင်းဆောင်က တူဆာက ဘာနဲ့တူလဲဆိုတာကိုတောင် မှတ်မိသေးရဲ့လား သံသယဖြစ်မိသည်။

ကုဟိုင်က သူ့ကိုဘယ်နေရာကို ခေါ်သွားလဲဆိုတာ ထင်မြင်ချက်မရှိဘူး။ဘယ်နေရာမဆို စွန့်ပစ်ဂြိုဟ်ထက် ပိုကောင်းမှာဖြစ်တာကြောင့် သူက တူဆာက ဘာနဲ့တူလဲဆိုတာ မမေးဘူး။သူက အဲဒီနေရာကို ရောက်ရင် ကိုယ်တိုင်မျက်စိနှင့်မြင်နိုင်လိမ့်မည်ဟုသာ တွေးထားတယ်။

စစ်သင်္ဘော၏ကြီးကြပ်ခန်းသည် အပြင်ဘက်ရှိကြယ်တာရာကို မြင်နိုင်သည့် ဖောက်ထွင်းမြင်ရသည့်ပြတင်းပေါက်တစ်ခုရှိတယ်။ကုဟိုင်သည် စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှူရန် လျှောက်သွားလိုက်တယ်။အနက်ရောင်စင်္ကြာဝဠာကြီးက အဆုံးမရှိတဲ့တွင်းနက်ကြီးတစ်ခုနှင့်တူတယ်။ဒါက တုန်လုပ်ခြောက်ခြားစရာကောင်းပေမဲ့ ကြယ်များစွာ၏အလှဆင်မှုကြောင့် အမှောင်ထုသည် တောက်ပပြီးခမ်းနားလာတယ်။

လူငယ်လေး၏တည်နေရာကို အသံတစ်ခုတည်းဖြင့် ခွဲခြားနိုင်တယ်။အဲလ်ဗတ်စ်သည် အမိန့်ပေးတဲ့နေရာတွင်ထိုင်ကာ စကားမပြောပေမဲ့ သူ့လက်ချောင်းတွေက အော်ပရေတာ၏ဘောင်ကို ပွတ်နေတယ်။နောက်အခိုက်အတန့်မှာ ကြီးကြပ်ခန်းတစ်ခုလုံး၏နံရံတွေသည် ဖောက်ထွင်းမြင်ရလာတယ်။

ဒါက အပြင်ကမြင်ကွင်းကို ကြည့်ရတာ ပိုအဆင်ပြေလာပြီး ကုဟိုင်၏ပထမဆုံးတုံ့ပြန်မှုက ပျော်ရွှင်မှုဘဲ။ထို့နောက် သူက ကူကယ်ရာမဲ့စွာ အမိန့်ပေးထိုင်ခုံတွင်ထိုင်နေတဲ့ အနက်ရောင်မျက်လုံးကာစည်းထားတဲ့ အပြောင်းအလဲမရှိတဲ့ငွေရောင်ဆံပင်နှင့်ဇာ့ဂ်ကို လှည့်ကြည့်လိုက်တယ်။သူက မျက်လုံးကာလို့ခေါ်နေပေမဲ့ ၎င်းက အလင်းရောင်ကိုထိုးဖောက်မမြင်နိုင်တဲ့အနက်ရောင်အဝတ်စအလွှာပါးလေးနှင့်ပိုတူတယ်။သူ့မျက်လုံးတွေကို ကာပြီး နောက်မှာစည်းထားတာဖြစ်တယ်။

"အဲလ်ဂျာ..ဘာကြောင့် မင်းရဲ့ခေါင်းဆောင်က မျက်လုံးကို ကာထားရတာလဲ?"အရင်က မေးဖို့အခွင့်အရေးမရှိခဲ့ဘူး။ဒီအချိန်မှာတော့ ကုဟိုင်က သူ့ဘေးမှာရပ်နေတဲ့အဲလ်ဂျာကိုမေးကြည့်နိုင်တယ်။

ပြောရရင် သူတို့ခေါင်းဆောင်က ဒီအသံကိုကြားနိုင်တယ်...

အဲလ်ဂျာက ဒါကိုသူ့နှလုံးသားထဲ ပြောလိုက်ပေမဲ့ ထုတ်မပြောခဲ့ဘူး။သူက အမှန်အတိုင်းဖြေလိုက်တယ် "ဒါက ထိတွေ့စမ်းလို့ရတဲ့အရာတွေက ခေါင်းဆောင်ကို ဖျက်ဆီးလာချင်အောင် လုပ်နေလို့ဘဲ"

ပြောရရင် သူမြင်သမျှအရာတိုင်းကို ဖျက်ဆီးလိုစိတ်အတောမတပ်အောင်ဖြစ်စေလိမ့်မယ်။မျက်လုံးကာထားတာက သူ့ကို အသေးစိတ်ပုံစံကိုမမြင်နိုင်စေတာကြောင့် ဒါကပိုကောင်းတယ်။အဲဒီလိုဆိုရင်တောင် သူကြားရသမျှ အသံတွေက ခေါင်းဆောင်ကို ဆူညံလွန်းတယ်ဟုစေတယ်။

အကြောင်းရင်းက အသံတွေက အရာဝတ္ထုတွေ၏တည်ရှိမှုကို သွယ်ဝိုက်ရည်ညွှန်းနေပြီး စိတ်ဆိုးဒေါသဖြစ်လာစေတာကြောင့်ဖြစ်တယ်။သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကို မထိခိုက်စေဖို့ရာ အကြားအာရုံ သို့မဟုတ် အမြင်အာရုံကို စွန့်လွှတ်ခဲ့ရတယ်။အသံကြားရတာက မြင်ရတာထက် ပိုပြီးခံနိုင်ရည်ရှိစေတာကြောင့် မျက်လုံးတွေကို ကာထားလိုက်တယ်။

"ဒီလိုလား?"ကုဟိုင်က ဒီအကြောင်းရင်းကို မမျှော်လင့်ထားတာကြောင့် ခဏလောက်ကြောင်အသွားတယ်။

"အချိန်အများစုမှာ ခေါင်းဆောင်က ဆူညံသံတွေကို ခံစားရပြီး သူ့စိတ်ခံစားချက်ကို ဆိုးဝါးစေတယ်။ထားလိုက်ပါ...ဒါက အရာဝတ္ထုတွေကို မြင်နေရတာထက် ပိုကောင်းတယ်။တစ်ခါတုန်းက စစ်မြေပြင်မှာဆိုရင် ရန်သူက ခေါင်းဆောင်ရဲ့မျက်လုံးစည်းကို တမင်ဖယ်ရှားခဲ့ပြီး နောက်တော့ ခေါင်းဆောင်တစ်ယောက်တည်းက ရန်သူစစ်တပ်တစ်ခုလုံးကို အပြတ်ရှင်းခဲ့တယ်"အဲလ်ဂျာက အဲဒီစစ်မြေပြင်အကြောင်းပြန်တွေးကြည့်ရုံနှင့် အနည်းငယ်ကြောက်လန့်နေသေးတယ်။ခေါင်းဆောင် ရူးသွပ်သွားတဲ့အခါ ကိုယ့်လူနှင့်ရန်သူ မခွဲခြားနိုင်တော့ပေ။

မျက်လုံးစည်းသည် သူတို့ခေါင်းဆောင်၏တားမြစ်ချက်တစ်ခုဖြစ်ပြီး ၎င်းကို ဇာ့ဂ်အားလုံးကြားတွင် အသိအမှတ်ပြုထားတယ်။ဒီခံစားချက်က တင်းမာလွန်းတယ်။ကုဟိုင်က သည်းမခံနိုင်တဲ့အရာအကြောင်းတွေးပြီး ကူကယ်ရာမဲ့စွာ တိတ်ဆိတ်သွားတယ်။

နောက်တော့ အဲလ်ဂျာက စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်တယ် "အရှင်က အချိန်အတော်ကြာအိပ်ထားတယ်။အရှင် အခုစားချင်လား?တူဆာကို ပြန်ရောက်တဲ့အခါ အရှင့်ရဲ့ဥခွံကို အရှင့်ရဲ့လက်အောက်ငယ်သားက အမှုန့်ဖြစ်အောင် ခြေလိုက်ပါမယ်။အဲဒါကို ပျူဘာနိုအပင်ရဲ့အရည်နဲ့ရောပြီး စားသုံးတာက ပိုပြီးအာဟာရဖြစ်ပါတယ်"

ဥခွံကို အမှုန့်လုပ်လိုက်ရင်..ဖြစ်လာမှာက....နို့မှုန့်လား?ဒီဆက်စပ်တွေးတောမှုက ကုဟိုင်၏မျက်နှာအမူအရာကို အနည်းငယ်ပြောင်းလဲသွားစေပေမဲ့ သူက ခေါင်းငြိမ့်ပြီး သူ့နားလည်မှုကို ပြလိုက်တယ်။

စားတဲ့အကြောင်းပြောကာမှ ကုဟိုင်က သူ့အိတ်ကပ်ထဲက ဥခွံအပိုင်းအစလေးကို ထိလိုက်ပြီး နှစ်ကိုက် သုံးကိုက်စားလိုက်တယ်။သူ့စိတ်စွမ်းအင်က ကလေးအဆင့်တွင်သာ ရှိနေဆဲဖြစ်တာကြောင့် ကုဟိုင်သည် အစားစားခြင်းနှင့် အိပ်စက်ခြင်းကို စွဲလမ်းလာသလို ခံစားရတယ်။သူ မည်မျှပင် တွန့်ဆုတ်နေပါစေ..ကုဟိုင်သည် သူနိုးလာရင်လည်း အဆာပြေစားချင်ကြောင်း ဝန်ခံရမည်ဖြစ်တယ်။

သူ အိပ်ငိုက်လာဖို့ အချိန်မကြာလိုက်ပေ။ကုဟိုင်သည် ကြီးကြပ်ခန်းရှီထိုင်ခုံကို မှီပြီး မျက်လုံးမှိတ်လိုက်တယ်။ကုဟိုင်အိပ်ပျော်သွားတာနှင့် ကြီးကြပ်ခန်းရှိ အဆင့်မြင့်ဇာ့ဂ်အနည်းငယ်သည် သူတို့လက်ကို အနည်းငယ်လှုပ်ရှားလိုက်တယ်။

အဲလ်ဗတ်သည် အမိန့်ပေးခုံက ထကာ ထိုင်ခုံတွင် အိပ်ပျော်နေတဲ့လူငယ်လေးထံကို လျှောက်သွားပြီး ခေါင်းငုံ့ကာ လူငယ်လေးကို ကြည့်လိုက်တယ်။

အဲလ်ဂျာသည် ဘေးကနေကြည့်နေရင်း ငွေရောင်ဆံပင်နှင့်ဇာ့ဂ်က ရုတ်တရက် လူငယ်လေး၏နှုတ်ခမ်းကိုထိရန် လက်မြှောက်လိုက်သည်ကို မြင်လိုက်ရတယ်။လူငယ်လေး၏နှုတ်ခမ်းတွင် ကပ်နေတဲ့ ဥခွံကို မဖယ်မှီ ခဏရပ်လိုက်တယ်။

အေးစက်နေတဲ့လက်ချောင်းက သူ့နှုတ်ခမ်းကို ထိလိုက်တာနှင့် အိပ်ပျော်နေတဲ့လူငယ်လေးက သူ့ခေါင်းကို ဘေးဘက်ကို အနည်းငယ်လှုပ်လိုက်တယ်။အဲလ်ဗတ်က လူငယ်လေး၏နူးညံတဲ့နှုတ်ခမ်းကို ထိနေတဲ့လက်ချောင်းကို မဖယ်ရှားခဲ့ဘူး။ဒီအခိုက်အတန့် နွေးထွေးပြီးနူးညံ့တဲ့အထိအတွေ့ကြောင့် အဲလ်ဗတ်သည် သူ့လက်ချောင်းကို ချက်ချင်းရုပ်သိမ်းကာ သူ့မျက်နှာမှာ အမူအရာမပြသော်လည်းဘဲ ငွေခိုးရောင်အမြီးသည် မရည်ရွယ်ဘဲ အပေါ်အောက်လှုပ်ယမ်းနေတယ်။

စက္ကန့်အနည်းငယ်အကြာတွင် အဲလ်ဗတ်သည် ခေါင်းမော့လာကာ သူ့ဘေးမှာရပ်နေတဲ့အဲလ်ဂျာကို အသံတိုးတိုးဖြင့်မေးလိုက်တယ် "သူက ဘယ်လိုပုံမျိုးလဲ?"

"ခေါင်းဆောင်ပြောတာက..အရှင်မင်းကြီး?"အဲလ်ဂျာက အလိုအလျောက်မေးလိုက်တယ်။နောက်မှ သူက ချက်ချင်းဘဲ သူ့မှာမေးခွန်းတွေထပ်ရှိသေးတယ်လို့ ခံစားရလိုက်တယ်။

"အရှင်မင်းကြီးက..ကြည့်ကောင်းတယ်"အဲလ်ဂျာက လူငယ်လေး၏အသွင်အပြင်ကို ဖော်ပြရန် ခက်ခဲလွန်းတယ်ဟု တွေးလိုက်တယ်။အကြောင်းရင်းက သူက လူငယ်လေးက ကြည့်ကောင်းတာထက်ကို ပိုကြည့်ကောင်းပြီး သူတို့ရဲ့ဘုရင်က စကြဝဠာကြီးတစ်ခုလုံးမှာ အကောင်းဆုံးလူသာဖြစ်တယ်။

အဲလ်ဂျာသည် နောက်စကားတွေကို တွန့်ဆုတ်စွာ ပြောလိုက်တယ် "အင်း...အရှင်ရဲ့ဆံပင်တွေက အနက်ရောင်ရှိပြီး နူးညံ့တယ်။သူ့မျက်လုံးတွေက ငါတို့နဲ့မတူဘူး။အဲဒါတွေက လူသားတွေနဲ့တူပြီး သူ့မျက်ဆံတွေက ဝိုင်းပြီး အနက်ရောင်ရှိတယ်။သူပြုံးလိုက်တဲ့အခါ နူးညံ့သိမ်မွေ့တယ်"

လူတစ်ယောက်ရဲ့သွင်ပြင်ကို စကားလုံးတွေနှင့်ဖော်ပြဖို့ရာ တကယ်ကိုခက်ခဲပေမဲ့ အဲလ်ဗတ်က အာရုံစိုက်ပြီးနားထောင်တယ်။သူ့ရဲ့အမိန့်ပေးထိုင်ခုံမှာ ပြန်ထိုင်ပြီး အဲလ်ဗတ်သည် လက်တစ်ဖက်ကိုမြှောက်ကာ သူ့မျက်လုံးပေါ်က အနက်ရောင်အဝတ်စကို ထိလိုက်ပြီး နှစ်စက္ကန့်မပြည့်ခင်မှာဘဲ သူ့လက်ချောင်းတွေကို ပြန်ချလိုက်တယ်။

-----------

အခန္း(၈.၂)

ကုဟိုင္၏စကားေတြက ယုလုစစ္သေဘၤာ၏မိုးျပာေရာင္အလင္းကို တစ္ဖန္ေတာက္ပလာေစျပန္တယ္။တာ့ခ္ဇာ့ဂ္က ကုဟိုင္ကို အခန္းငယ္ေလး၏တံခါးမွတစ္ဆင့္ သယ္ေဆာင္သြားတဲ့အခါ သေဘၤာ၏အလင္းေရာင္ေတြသည္ ပုံမွန္အတိုင္း တဖ်က္ဖ်က္လက္လာတယ္။ဒီအခ်ိန္မွာ ယုလု၏ေပ်ာ္႐ႊင္မႈကို ေတြ႕ႏိုင္တယ္။

မၾကာမီစစ္သားေတြလည္း စစ္သေဘၤာအတြင္းကို ဝင္သြားတယ္။အဲလ္ဗတ္စ္၏အသိအမွတ္ျပဳမႈေအာက္တြင္ ကုဟိုင္သည္ ယုလုစစ္သေဘၤာေပၚတြင္ အျမင့္မားဆုံးအခြင့္အာဏာကို အလိုအေလ်ာက္ရရွိခဲ့ၿပီး ေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္က စစ္သေဘၤာေပၚရွိႀကီးၾကပ္ခန္းကို ပို႔ေဆာင္ေပးခဲ့တယ္။

"ေခါင္းေဆာင္ အခုကြၽန္ေတာ္တို႔ ဘယ္ၿဂိဳဟ္ကို သြားေနတာလဲ?"အဲလ္ဂ်ာက ေမးျမန္းလိုက္ေပမဲ့ သူ႔မ်က္လုံးေတြကေတာ့ အနက္ေရာင္ဆံပင္ႏွင့္လူငယ္ေလးထံကေန အၾကည့္မလႊဲသြားဘူး။

"အရွင္မင္းႀကီးလည္းရွိေနေတာ့ ကြၽန္ေတာ္တို႔က အရင္ဆုံးအေျခခ်ဖို႔ ပိုေကာင္းတဲ့ၿဂိဳဟ္ကို ရွာသင့္ပါတယ္"

"တူဆာကို ျပန္မယ္"အဲလ္ဗတ္စ္က ရွင္းရွင္းသာေျပာခဲ့တယ္။

တူဆာသည္ ဇာ့ဂ္ပထမတပ္မေတာ္၏ၿမိဳ႕ေတာ္ျဖစ္ၿပီး ဇာ့ဂ္ေတြအတြက္ အမာခံနယ္ေျမတစ္ခုျဖစ္တယ္။တူဆာတည္ရွိရာၾကယ္ဝန္းက်င္တြင္ အျခားေသာမ်ိဳးႏြယ္စုေတြ၏ၾကယ္သေဘၤာအစုအနည္းငယ္သာရွိတယ္။တကယ္လို႔ သူတို႔က ကုန္သြယ္ရန္ တူဆာကိုျဖတ္သန္းရန္ လိုအပ္ခ်က္ေၾကာင့္သာမဟုတ္ရင္ ဒီၾကယ္သေဘၤာေတြက ဇာ့ဂ္ေတြရဲ႕ယုလုႏွင့္ မေတာ္တဆဝင္တိုက္မိမွာစိုးတာေၾကာင့္ လမ္းလႊဲသြားရန္ ေ႐ြးခ်ယ္မည္ျဖစ္တယ္။

ဒီေျဖၾကားမႈက အဲလ္ဂ်ာ၏မ်က္ဝန္းေတြကို ေတာက္ပသြားေစတယ္။အဲလ္ဂ်ာက တကယ္ကိုဘဲ တူဆာကို ျပန္သြားခ်င္ေပမဲ့ သူက တိုက္႐ိုက္မေျပာရဲဘူး။သူက စကားပရိယာယ္ျဖင့္ အရိပ္အႁမြက္ကိုသာ ေျပာႏိုင္ေပမဲ့ သူ႔ဆႏၵအတိုင္းျဖစ္ေျမႇာက္လာဖို႔ မေမွ်ာ္လင့္ထားေပ။သူတို႔ေခါင္းေဆာင္က ပထမတပ္မေတာ္၏ေခါင္းေဆာင္ျဖစ္ေသာ္လည္းဘဲ သူတို႔ေခါင္းေဆာင္က ၿမိဳ႕ေတာ္မွာေနတဲ့အခ်ိန္ အလြန္ကိုနည္းပါးတယ္။သူက တူဆာမွာေနထိုင္တဲ့အစိုးရအဖြဲ႕ေပၚမွာ အရာရာပုံခ်ထားတယ္။အဲလ္ဂ်ာက သူတို႔ေခါင္းေဆာင္က တူဆာက ဘာနဲ႔တူလဲဆိုတာကိုေတာင္ မွတ္မိေသးရဲ႕လား သံသယျဖစ္မိသည္။

ကုဟိုင္က သူ႔ကိုဘယ္ေနရာကို ေခၚသြားလဲဆိုတာ ထင္ျမင္ခ်က္မရွိဘူး။ဘယ္ေနရာမဆို စြန႔္ပစ္ၿဂိဳဟ္ထက္ ပိုေကာင္းမွာျဖစ္တာေၾကာင့္ သူက တူဆာက ဘာနဲ႔တူလဲဆိုတာ မေမးဘူး။သူက အဲဒီေနရာကို ေရာက္ရင္ ကိုယ္တိုင္မ်က္စိႏွင့္ျမင္ႏိုင္လိမ့္မည္ဟုသာ ေတြးထားတယ္။

စစ္သေဘၤာ၏ႀကီးၾကပ္ခန္းသည္ အျပင္ဘက္ရွိၾကယ္တာရာကို ျမင္ႏိုင္သည့္ ေဖာက္ထြင္းျမင္ရသည့္ျပတင္းေပါက္တစ္ခုရွိတယ္။ကုဟိုင္သည္ စူးစမ္းလိုစိတ္ျဖင့္ ၾကည့္ရွဴရန္ ေလွ်ာက္သြားလိုက္တယ္။အနက္ေရာင္စၾကၤာဝဠာႀကီးက အဆုံးမရွိတဲ့တြင္းနက္ႀကီးတစ္ခုႏွင့္တူတယ္။ဒါက တုန္လုပ္ေျခာက္ျခားစရာေကာင္းေပမဲ့ ၾကယ္မ်ားစြာ၏အလွဆင္မႈေၾကာင့္ အေမွာင္ထုသည္ ေတာက္ပၿပီးခမ္းနားလာတယ္။

လူငယ္ေလး၏တည္ေနရာကို အသံတစ္ခုတည္းျဖင့္ ခြဲျခားႏိုင္တယ္။အဲလ္ဗတ္စ္သည္ အမိန႔္ေပးတဲ့ေနရာတြင္ထိုင္ကာ စကားမေျပာေပမဲ့ သူ႔လက္ေခ်ာင္းေတြက ေအာ္ပေရတာ၏ေဘာင္ကို ပြတ္ေနတယ္။ေနာက္အခိုက္အတန႔္မွာ ႀကီးၾကပ္ခန္းတစ္ခုလုံး၏နံရံေတြသည္ ေဖာက္ထြင္းျမင္ရလာတယ္။

ဒါက အျပင္ကျမင္ကြင္းကို ၾကည့္ရတာ ပိုအဆင္ေျပလာၿပီး ကုဟိုင္၏ပထမဆုံးတုံ႔ျပန္မႈက ေပ်ာ္႐ႊင္မႈဘဲ။ထို႔ေနာက္ သူက ကူကယ္ရာမဲ့စြာ အမိန႔္ေပးထိုင္ခုံတြင္ထိုင္ေနတဲ့ အနက္ေရာင္မ်က္လုံးကာစည္းထားတဲ့ အေျပာင္းအလဲမရွိတဲ့ေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္ကို လွည့္ၾကည့္လိုက္တယ္။သူက မ်က္လုံးကာလို႔ေခၚေနေပမဲ့ ၎က အလင္းေရာင္ကိုထိုးေဖာက္မျမင္ႏိုင္တဲ့အနက္ေရာင္အဝတ္စအလႊာပါးေလးႏွင့္ပိုတူတယ္။သူ႔မ်က္လုံးေတြကို ကာၿပီး ေနာက္မွာစည္းထားတာျဖစ္တယ္။

"အဲလ္ဂ်ာ..ဘာေၾကာင့္ မင္းရဲ႕ေခါင္းေဆာင္က မ်က္လုံးကို ကာထားရတာလဲ?"အရင္က ေမးဖို႔အခြင့္အေရးမရွိခဲ့ဘူး။ဒီအခ်ိန္မွာေတာ့ ကုဟိုင္က သူ႔ေဘးမွာရပ္ေနတဲ့အဲလ္ဂ်ာကိုေမးၾကည့္ႏိုင္တယ္။

ေျပာရရင္ သူတို႔ေခါင္းေဆာင္က ဒီအသံကိုၾကားႏိုင္တယ္...

အဲလ္ဂ်ာက ဒါကိုသူ႔ႏွလုံးသားထဲ ေျပာလိုက္ေပမဲ့ ထုတ္မေျပာခဲ့ဘူး။သူက အမွန္အတိုင္းေျဖလိုက္တယ္ "ဒါက ထိေတြ႕စမ္းလို႔ရတဲ့အရာေတြက ေခါင္းေဆာင္ကို ဖ်က္ဆီးလာခ်င္ေအာင္ လုပ္ေနလို႔ဘဲ"

ေျပာရရင္ သူျမင္သမွ်အရာတိုင္းကို ဖ်က္ဆီးလိုစိတ္အေတာမတပ္ေအာင္ျဖစ္ေစလိမ့္မယ္။မ်က္လုံးကာထားတာက သူ႔ကို အေသးစိတ္ပုံစံကိုမျမင္ႏိုင္ေစတာေၾကာင့္ ဒါကပိုေကာင္းတယ္။အဲဒီလိုဆိုရင္ေတာင္ သူၾကားရသမွ် အသံေတြက ေခါင္းေဆာင္ကို ဆူညံလြန္းတယ္ဟုေစတယ္။

အေၾကာင္းရင္းက အသံေတြက အရာဝတၳဳေတြ၏တည္ရွိမႈကို သြယ္ဝိုက္ရည္ၫႊန္းေနၿပီး စိတ္ဆိုးေဒါသျဖစ္လာေစတာေၾကာင့္ျဖစ္တယ္။သူ႔ရဲ႕တိုက္ခိုက္ႏိုင္စြမ္းကို မထိခိုက္ေစဖို႔ရာ အၾကားအာ႐ုံ သို႔မဟုတ္ အျမင္အာ႐ုံကို စြန႔္လႊတ္ခဲ့ရတယ္။အသံၾကားရတာက ျမင္ရတာထက္ ပိုၿပီးခံႏိုင္ရည္ရွိေစတာေၾကာင့္ မ်က္လုံးေတြကို ကာထားလိုက္တယ္။

"ဒီလိုလား?"ကုဟိုင္က ဒီအေၾကာင္းရင္းကို မေမွ်ာ္လင့္ထားတာေၾကာင့္ ခဏေလာက္ေၾကာင္အသြားတယ္။

"အခ်ိန္အမ်ားစုမွာ ေခါင္းေဆာင္က ဆူညံသံေတြကို ခံစားရၿပီး သူ႔စိတ္ခံစားခ်က္ကို ဆိုးဝါးေစတယ္။ထားလိုက္ပါ...ဒါက အရာဝတၳဳေတြကို ျမင္ေနရတာထက္ ပိုေကာင္းတယ္။တစ္ခါတုန္းက စစ္ေျမျပင္မွာဆိုရင္ ရန္သူက ေခါင္းေဆာင္ရဲ႕မ်က္လုံးစည္းကို တမင္ဖယ္ရွားခဲ့ၿပီး ေနာက္ေတာ့ ေခါင္းေဆာင္တစ္ေယာက္တည္းက ရန္သူစစ္တပ္တစ္ခုလုံးကို အျပတ္ရွင္းခဲ့တယ္"အဲလ္ဂ်ာက အဲဒီစစ္ေျမျပင္အေၾကာင္းျပန္ေတြးၾကည့္႐ုံႏွင့္ အနည္းငယ္ေၾကာက္လန႔္ေနေသးတယ္။ေခါင္းေဆာင္ ႐ူးသြပ္သြားတဲ့အခါ ကိုယ့္လူႏွင့္ရန္သူ မခြဲျခားႏိုင္ေတာ့ေပ။

မ်က္လုံးစည္းသည္ သူတို႔ေခါင္းေဆာင္၏တားျမစ္ခ်က္တစ္ခုျဖစ္ၿပီး ၎ကို ဇာ့ဂ္အားလုံးၾကားတြင္ အသိအမွတ္ျပဳထားတယ္။ဒီခံစားခ်က္က တင္းမာလြန္းတယ္။ကုဟိုင္က သည္းမခံႏိုင္တဲ့အရာအေၾကာင္းေတြးၿပီး ကူကယ္ရာမဲ့စြာ တိတ္ဆိတ္သြားတယ္။

ေနာက္ေတာ့ အဲလ္ဂ်ာက စကားလမ္းေၾကာင္းေျပာင္းၿပီး ေမးလိုက္တယ္ "အရွင္က အခ်ိန္အေတာ္ၾကာအိပ္ထားတယ္။အရွင္ အခုစားခ်င္လား?တူဆာကို ျပန္ေရာက္တဲ့အခါ အရွင့္ရဲ႕ဥခြံကို အရွင့္ရဲ႕လက္ေအာက္ငယ္သားက အမႈန႔္ျဖစ္ေအာင္ ေျခလိုက္ပါမယ္။အဲဒါကို ပ်ဴဘာႏိုအပင္ရဲ႕အရည္နဲ႔ေရာၿပီး စားသုံးတာက ပိုၿပီးအာဟာရျဖစ္ပါတယ္"

ဥခြံကို အမႈန႔္လုပ္လိုက္ရင္..ျဖစ္လာမွာက....ႏို႔မႈန႔္လား?ဒီဆက္စပ္ေတြးေတာမႈက ကုဟိုင္၏မ်က္ႏွာအမူအရာကို အနည္းငယ္ေျပာင္းလဲသြားေစေပမဲ့ သူက ေခါင္းၿငိမ့္ၿပီး သူ႔နားလည္မႈကို ျပလိုက္တယ္။

စားတဲ့အေၾကာင္းေျပာကာမွ ကုဟိုင္က သူ႔အိတ္ကပ္ထဲက ဥခြံအပိုင္းအစေလးကို ထိလိုက္ၿပီး ႏွစ္ကိုက္ သုံးကိုက္စားလိုက္တယ္။သူ႔စိတ္စြမ္းအင္က ကေလးအဆင့္တြင္သာ ရွိေနဆဲျဖစ္တာေၾကာင့္ ကုဟိုင္သည္ အစားစားျခင္းႏွင့္ အိပ္စက္ျခင္းကို စြဲလမ္းလာသလို ခံစားရတယ္။သူ မည္မွ်ပင္ တြန႔္ဆုတ္ေနပါေစ..ကုဟိုင္သည္ သူႏိုးလာရင္လည္း အဆာေျပစားခ်င္ေၾကာင္း ဝန္ခံရမည္ျဖစ္တယ္။

သူ အိပ္ငိုက္လာဖို႔ အခ်ိန္မၾကာလိုက္ေပ။ကုဟိုင္သည္ ႀကီးၾကပ္ခန္းရွီထိုင္ခုံကို မွီၿပီး မ်က္လုံးမွိတ္လိုက္တယ္။ကုဟိုင္အိပ္ေပ်ာ္သြားတာႏွင့္ ႀကီးၾကပ္ခန္းရွိ အဆင့္ျမင့္ဇာ့ဂ္အနည္းငယ္သည္ သူတို႔လက္ကို အနည္းငယ္လႈပ္ရွားလိုက္တယ္။

အဲလ္ဗတ္သည္ အမိန႔္ေပးခုံက ထကာ ထိုင္ခုံတြင္ အိပ္ေပ်ာ္ေနတဲ့လူငယ္ေလးထံကို ေလွ်ာက္သြားၿပီး ေခါင္းငုံ႔ကာ လူငယ္ေလးကို ၾကည့္လိုက္တယ္။

အဲလ္ဂ်ာသည္ ေဘးကေနၾကည့္ေနရင္း ေငြေရာင္ဆံပင္ႏွင့္ဇာ့ဂ္က ႐ုတ္တရက္ လူငယ္ေလး၏ႏႈတ္ခမ္းကိုထိရန္ လက္ေျမႇာက္လိုက္သည္ကို ျမင္လိုက္ရတယ္။လူငယ္ေလး၏ႏႈတ္ခမ္းတြင္ ကပ္ေနတဲ့ ဥခြံကို မဖယ္မွီ ခဏရပ္လိုက္တယ္။

ေအးစက္ေနတဲ့လက္ေခ်ာင္းက သူ႔ႏႈတ္ခမ္းကို ထိလိုက္တာႏွင့္ အိပ္ေပ်ာ္ေနတဲ့လူငယ္ေလးက သူ႔ေခါင္းကို ေဘးဘက္ကို အနည္းငယ္လႈပ္လိုက္တယ္။အဲလ္ဗတ္က လူငယ္ေလး၏ႏူးညံတဲ့ႏႈတ္ခမ္းကို ထိေနတဲ့လက္ေခ်ာင္းကို မဖယ္ရွားခဲ့ဘူး။ဒီအခိုက္အတန႔္ ေႏြးေထြးၿပီးႏူးညံ့တဲ့အထိအေတြ႕ေၾကာင့္ အဲလ္ဗတ္သည္ သူ႔လက္ေခ်ာင္းကို ခ်က္ခ်င္း႐ုပ္သိမ္းကာ သူ႔မ်က္ႏွာမွာ အမူအရာမျပေသာ္လည္းဘဲ ေငြခိုးေရာင္အၿမီးသည္ မရည္႐ြယ္ဘဲ အေပၚေအာက္လႈပ္ယမ္းေနတယ္။

စကၠန႔္အနည္းငယ္အၾကာတြင္ အဲလ္ဗတ္သည္ ေခါင္းေမာ့လာကာ သူ႔ေဘးမွာရပ္ေနတဲ့အဲလ္ဂ်ာကို အသံတိုးတိုးျဖင့္ေမးလိုက္တယ္ "သူက ဘယ္လိုပုံမ်ိဳးလဲ?"

"ေခါင္းေဆာင္ေျပာတာက..အရွင္မင္းႀကီး?"အဲလ္ဂ်ာက အလိုအေလ်ာက္ေမးလိုက္တယ္။ေနာက္မွ သူက ခ်က္ခ်င္းဘဲ သူ႔မွာေမးခြန္းေတြထပ္ရွိေသးတယ္လို႔ ခံစားရလိုက္တယ္။

"အရွင္မင္းႀကီးက..ၾကည့္ေကာင္းတယ္"အဲလ္ဂ်ာက လူငယ္ေလး၏အသြင္အျပင္ကို ေဖာ္ျပရန္ ခက္ခဲလြန္းတယ္ဟု ေတြးလိုက္တယ္။အေၾကာင္းရင္းက သူက လူငယ္ေလးက ၾကည့္ေကာင္းတာထက္ကို ပိုၾကည့္ေကာင္းၿပီး သူတို႔ရဲ႕ဘုရင္က စၾကဝဠာႀကီးတစ္ခုလုံးမွာ အေကာင္းဆုံးလူသာျဖစ္တယ္။

အဲလ္ဂ်ာသည္ ေနာက္စကားေတြကို တြန႔္ဆုတ္စြာ ေျပာလိုက္တယ္ "အင္း...အရွင္ရဲ႕ဆံပင္ေတြက အနက္ေရာင္ရွိၿပီး ႏူးညံ့တယ္။သူ႔မ်က္လုံးေတြက ငါတို႔နဲ႔မတူဘူး။အဲဒါေတြက လူသားေတြနဲ႔တူၿပီး သူ႔မ်က္ဆံေတြက ဝိုင္းၿပီး အနက္ေရာင္ရွိတယ္။သူၿပဳံးလိုက္တဲ့အခါ ႏူးညံ့သိမ္ေမြ႕တယ္"

လူတစ္ေယာက္ရဲ႕သြင္ျပင္ကို စကားလုံးေတြႏွင့္ေဖာ္ျပဖို႔ရာ တကယ္ကိုခက္ခဲေပမဲ့ အဲလ္ဗတ္က အာ႐ုံစိုက္ၿပီးနားေထာင္တယ္။သူ႔ရဲ႕အမိန႔္ေပးထိုင္ခုံမွာ ျပန္ထိုင္ၿပီး အဲလ္ဗတ္သည္ လက္တစ္ဖက္ကိုေျမႇာက္ကာ သူ႔မ်က္လုံးေပၚက အနက္ေရာင္အဝတ္စကို ထိလိုက္ၿပီး ႏွစ္စကၠန႔္မျပည့္ခင္မွာဘဲ သူ႔လက္ေခ်ာင္းေတြကို ျပန္ခ်လိုက္တယ္။

-----------

Continue Reading

You'll Also Like

2.1M 241K 187
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
3.5M 257K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023