🍃🍃
"အမေရေ ! ခွေး ...ကိုက်တော့မလား မသိဘူး!"
"ကယ်ကြပါအုန်း ! "
ခြံထဲကနေ အစွယ်တဖွားဖွားနဲ့ သွားရေတမြားမြား ကျကာ စူးစူးဝါးဝါး ဟောင်လိုက်တဲ့ ခွေးကြောင့် နဂို ကတည်းက ခွေးကြောက်တတ်တဲ့ လမင်းမှာ ဆွဲထားတဲ့ မာလကာပင်ကိုင်းကြီးကို လွှတ်ပြီးအနောက်လမ်းကြားအတိုင်း ကဆုန်ပေါက် ပြေးလာတာ လမင်းတို့ခြံဘေးရှိ လမ်းကြားထဲက
ပြန်ထွက်လာတဲ့ အထိ ပါးစပ်ကလည်း အဆက်မပြတ် အော်လိုက် ပြောလိုက် ၊ကူပါ ကယ်ပါ နဲ့။
လမင်း ပြေးလာကတည်းက အနောက်ကို တစ်ချက်မှ လှည့်မကြည့်ခဲ့ပါ။ ခြံရှေ့နားရောက်ခါနီး ခြံရှေ့မှာ ရပ်နေတဲ့ ဆိုင်ကယ် ၄စီးကြောင့် ပြေးလာတဲ့ ခြေလှမ်းကို နှစ်ဆလောက် သွက်သွက်အလုပ်ပေးလိုက်သည်။
~~~~~
ခန့်စေတို့ လေးယောက် လမင်းတို့ ခြံရှေ့ ဆိုင်ကယ်ရပ်ပြီး မကြာ လမ်းကြားထဲက လုံးလုံးနှင့် အသည်းအသန် ပြေးလာသော လမင်းကို မြင်လိုက်ရတာကြောင့် ပြေးလာတဲ့ လူသားလေးကို အကဲခတ် ကြည့်လိုက်သည်။ ပါးစပ်ကလည်း ဘာတွေပြောလာမှန်းမသိ ။ သေချာတာကတော့ တစ်ခုခုကို ကြောက်အားလန့်အားနဲ့ပြေးလာတဲ့ ပုံစံလေး။ မျက်နှာပေါ်မှာ အထင်းသား။ ကိုယ်တွေ လေးယောက်ကို မြင်တာနဲ့ ပြေးလာလိုက်တာများ ။ အနိုင်ကျင့်ခံရတဲ့ ကလေး အမေကိုတွေ့သွားလို့ အားကိုးရာ ရသွားသလို။
ပြေးလာတဲ့ လမင်းက ဝဏ္ဏ ဆီကို တန်းနေအောင် ပြေးဝင်လာတာမို့
မထင်မှတ်ထားပါဘဲ၊ မမျှော်လင့်ထားပါပဲ လမင်းက ကိုယ်မဟုတ်တဲ့ ကိုယ့်သူငယ်ချင်းဆီ ပြေးဝင်သွားတာမို့ ခန့်စေ အမှန်တိုင်း ပြောရရင် ရင်ဘတ်ဟာဆစ်ခနဲ နေသလို ခံစားရခက်တာတော့ သေချာ၏။ ကိုယ့်နားမှာ သာ အမြဲ အနီးကပ်ရှိစေခဲ့ပြီး ကိုယ့်ကိုသာလျှင် အားကိုးစေခဲ့ပေမယ့် အနည်းငယ် ဝေးကွာသွားတဲ့ အချိန်အတွင်း ကိုယ်ဟာ လမင်း မျက်လုံးထဲမှာ အားကိုးစရာ လူတစ်ယောက်လောက်တောင် နေရာ မရှိတော့တာလား။
ဝဏ္ဏ လက်မောင်းကို အားကိုးတကြီး ဖက်တွယ်ကာ လက်ညိုးတထိုးထိုးနဲ့ ကလေးလေး တိုင်ပြောနေသလို ပြောနေတာကို မြင်နေရတယ်။ သို့သော် ခန့်စေနားထဲ ဘာအသံမှမကြားရတော့သလို အူထူနေ၏။
တစ်ကိုယ်လုံး ပူထူ လာကာ သဝန်တိုစိတ်တွေက လှိုင်ထလာရသည်။
ကိုယ့်သူငယ်ချင်းဆိုတာသိတယ်။ ဒါပေမယ့် အဲ့လိုအားကိုးတကြီး
လက်မောင်းကို ဖက်တွယ်ခံရတာ ဒီက ခန့်စေထွဋ်နောင် ဆိုတဲ့ ကောင်ပဲ ဖြစ်ရမှာ ။
မင်း အားကိုးတကြီး ဖြစ်နေရမှာ ခန့်စေထွဋ်နောင်ဆိုတဲ့ ကျုပ်ပဲ။ တစ်ဖက်က ကိုယ့်သူငယ်ချင်း ဖြစ်နေရင်တောင် နည်းနည်းလေးမှ သည်းမခံချင်ဘူး အဲ့လို အပြုအမူ မျိုးကို။
နှစ်ခါ လည်း မသုံးသပ်ချင်တော့ဘူး။ ကိုယ့် စိတ်က သူမှသူ ဖြစ်နေတာ သိသာနေပြီ။ သူနဲ့တွေ့ရင် ဂနာမငြိမ်တဲ့ နှလုံးသားက
အရင်လို လိမ်လို့ မရတော့။ ထပ်ပြီးလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ရှောင်မပြေးချင်တော့ပါ။
ချက်ချင်း ဝဏ္ဏ ဆိုင်ကယ်နား သွားကာ ဝဏ္ဏ လက်မောင်းအား
ဖက်တွယ်ထားသည့် လမင်းကို ခန့်စေ အနားဆွဲခေါ်လိုက်၏။
"ဘာဖြစ်လာတာလဲ လမင်း! "
"ခွေးလိုက်ကိုက်လို့တဲ့ "
"မင်းကို မမေးဘူး ဝဏ္ဏ ! "
မေးတာတစ်ယောက် ဖြေတာကတစ်ယောက် ။
မေးခံရတဲ့ တစ်ယောက်ကလည်း ကိုယ်မေးမှ မျက်လုံးဝိုင်းတွေနဲ့ မော့ကြည့်နေတာ ပါးစပ်က ဟ မလာတော့ဘူး။
ရင်ဘတ်ထဲ ဆိုင်ကလုန်း ဝင်မွှေနေတာ။ဒီလိုအချိန် အဲ့လို လာမကြည့်နဲ့ ချစ်ဖို့ကောင်းမနေဘူး။ ကိုင်ပေါက်ချင်တယ်။
ဘာလို့ ကိုယ်မဟုတ်တဲ့သူကို အားကိုးနေရတာလည်း။
ဒီ အသေးလေး စိတ်ရှိလက်ရှိ ဆွဲခါလိုက်ရ ပြုတ်ထွက်ကုန်တော့မယ်။
" မေးနေတယ် ! "
"အိုက်လျှမ်း ကျန်ခဲ့တယ် ~~~"
နောက်တစ်ခါမေးမှ ဖြေလာတဲ့ အသံလေးက တိုးတိုးလေး။
ဒါကို ခန့်စေအရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ပေါ်က သန့်စင်ထွန်းမှာ
ပြူးပြူးပြာပြာ ။
"ဘာ..! ဘယ်နားမှာလည်း ကိုလမင်း "
" ငါက ဒီမှာ !!"
မာလကာသီး နှစ်လုံးကို ကိုင်ကာ မျက်စောင်းကြီးနဲ့ ရပ်ကြည့်နေတဲ့
ဟန်လျှမ်း ကို မြင်မှ ခန့်စေ ရင်ခွင်ထဲက လမင်းမှာ သူ့သူငယ်ချင်းဆီ ပြေးတော့သည်။
"ဘာဖြစ်သွားသေးလည်း အိုက်လျှမ်း!"
"ဘာမှ မဖြစ်ဘူး! ဘာလို့ငါ့ကို သစ်ကိုင်းပေါ်မှာ တန်းလန်းကြီးထားခဲ့တာလဲ မင်းကို ငါ အန်တီချိုနဲ့ တိုင်မှာ !!"
"စိတ်မဆိုးပါနဲ့ မင်းကျန်ခဲ့မှန်း ဒီနားရောက်မှ သိလို့ပါ ~~
မင်း အနောက်က ပြေးလိုက်လာမယ် ထင်တာပေါ့ "
"ခွေးက ခြံထဲကပဲ ဟောင်တာကို မင်း ငါ့ကို ချန်ခဲ့တာ !!"
"စိတ်မဆိုးနဲ့နော် ....နော် အိုက်လျှမ်း "
"ဆိုးမှာပဲ !! ဟွန့် ! "
"ခြံရှေ့မှာ ဘာရပ်လုပ်နေကြတာလဲ ကလေးတွေ !"
နှုတ်ခမ်းကြီးထော်ကာ စိတ်ဆိုးနေသော ဟန်လျှမ်းကို လမင်း ဘယ်လိုချော့ရမှန်းကို မသိတော့ပါ။ ထိုစဉ် အမေကလည်း လှမ်းခေါ်တာမို့ အကုန်လုံး ခြံထဲ ဝင်လာလိုက်သည်။
မာလကာသီး ကိုင်ထားတဲ့ ဟန်လျှမ်းက အမေ့ကို မြင်တာနဲ့ သူ့အနားက သန့်စင်ထွန်း လွယ်လာနေကြ လွယ်အိတ်သေးအထဲကို သူ့ မာလကာသီး နှစ်လုံးကို ထည့်ခိုင်း၏။
"မစားနဲ့နော် အဲ့တာ ငါတို့ စားဖို့ "
~~~~~
" လာမလည်တာတောင် ကြာပြီ သားစေတို့က စာမေးပွဲ ဖြေနိုင်တယ်မလား လေးယောက်လုံး "
"ဟုတ် ဖြေနိုင်တယ် အန်တီချို ဒါနဲ့ နေမကောင်းဘူးလား
အရမ်းပိန်သွားတယ် "
"ကောင်းပါတယ် တီချို အရင်တိုင်းပါပဲ အိမ်လာလည်တုန်း ဘာစားကြမလဲ တီချို လုပ်ကျွေးမယ်"
"ရတယ် မစားတော့ဘူး အန်တီချို လမင်း နား လာလည်တာ "
"အေးအေး အိမ်ပေါ်မှာ ပူရင် သပြေပင်အောက် ဖျာခင်းပြီး သွားထိုင်နေကြ တီချို သေင်္ဘာသီးသုပ်လာပို့ပေးမယ် "
"ဟုတ် !"
~~~~~
လမင်းနဲ့ ခန့်စေ သေင်္ဘာသီး သုပ်နဲ့ စားလို့ရအောင် ခြံအနောက်ဘက်မှာ ကန်စွန်းရွက်နှင့် နံနံပင် တချို့ လာခူးနေခြင်း။
လမင်း ဘေးကတစ်ယောက်ကို စကားမပြောချင်ပါ။ သူနဲ့ စကားလည်း မပြောဖြစ်သလို မတွေ့ဖြစ်တာလည်း ကြာပြီမို့လား။
နောက်ဆုံးတွေ့ဖြစ်တာက စာမေးပွဲဖြေပြီးတဲ့နေ့က ။
ကျောင်းရှေ့မှာ သူတို့ဆိုင်ကယ်တွေ ရပ်ထားတာ မြင်လို့ ကိုယ်ကသာ အပြေးလေး သွားလိုက်ရတာ။ သူက ကိုယ့်ကို လှည့်တောင် မကြည့်ဘူး။ ဝဏ္ဏတို့ကမှ လမင်းကို နှုတ်ဆက်ဖော်ရသေးတယ်။ လူကို သူပြောချင်မှ ဆိုချင်မှ ခေါ်ချင်မှ အရေးလုပ်တာမျိုး တစ်ကယ်မကြိုက်ပါ။ သူငယ်ချင်းတွေတောင် သူ့လို လုပ်မှာမဟုတ်ဘူး။ တအား ခံစားရခက်တာပဲ။
အဲ့နေ့က လမင်းမှာ သူများ ကိုယ့်ကို စကားပြောမလား ဆိုပြီး ဝေ့နေခဲ့တာ သူက သူ့ ရည်းစားနဲ့ စကားအပြောတောင် မပြတ်ဘူး။
....သူတို့နှစ်ယောက်က ဝိန်းကောင်ရေတံခွန် သွားလည်တဲ့ နေ့ကတည်းက ပြတ်သွားတာလို့ကြားထားတာ။
ရွှန်းသီရိနွယ် ကလည်း လမင်းကို မြင်တာနဲ့ အထင်သေးသလို၊
အကြည့်တွေနဲ့။ ကိုယ်ကပဲ နူနေသလိုလို ဝဲစွဲနေသလိုလိုနဲ့။
သူ့ကောင်မလေးက မကြိုက်ဘူး ပြောလို့ လမင်းကို မမြင်ချင်ယောင် ဆောင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အခုမှ သူများအိမ်လာလည်ပြီး အနားကကို မခွာဘူး။
"ဟိတ်! ဖြည်းဖြည်း ခူးလည်း ရပါတယ် နှုတ်ခမ်းကြီး ဆူပြီး ကန်စွန်းရွတ်တွေကို ဘာအငြိုးတွေနဲ့ ဆွဲနှုတ်နေတာလဲ ! "
"ဘယ်လို ခူးခူးပေါ့ !"
"ဟမ့်! ခုနက ဝဏ္ဏကိုကျ ဒီလို အသံမဟုတ်ဘူးနော် "
"......"
"ဘာလဲ.. အခုမှ အိမ်လာလည်လို့ စိတ်ဆိုးနေတာလား "
"ဆိုးစရာလား ဖယ်! ဒီလောက်ဆို အရွက်ကရပြီ! "
"မေးတာကို သေချာဖြေ ! "
"မင်းကဘာကို သေချာမေးလို့ ငါက သေချာဖြေရမှာလဲ "
"မောင် နဲ့ဆိုရင် လမင်းက တအားစွာနေတယ်နော် အပြစ်မပေးလို့လား "
"အူကြောင်ကြောင် နဲ့ "
" သင်္ကြန်ကျရင် လည်မှာလား"
"မလည်ဘူး!"
"မလည်ရင် ဘာလုပ်မှာလဲ"
"ဘာမှမလုပ်ဘူး! "
"ကျစ်! ဖယ်စမ်း ! အဲ့ဒီ အရွက်တွေ လာခဲ့ ....တအားတွေ စွာနေတာ"
ခြင်းထဲ ခူးထည့်ထားသမျှ ကန်စွန်းရွက်နဲ့ နံနံပင် မှာ ခြင်းလေးနဲ့အတူ ဝဲကနဲ။ စားစရာကို လွှင့်ပစ်နေလိုက်တာ ဒီအရိုင်းအစိုင်း။ လူကိုလည်း မညှာမတာ ဆောင့်ဆွဲပြီး ခြံထောင့်က ငှက်ပျောပင်ရုံ နား ခေါ်လာတာ။
"ခန့်စေထွဋ်နောင် ! လွှတ်စမ်း "
အင့်!
ခန့်စေ ငှက်ပျောပင်နှင့် ကျောပြင်ငယ်အား ကပ်စေကာ ထွက်မရအောင် လက်နှစ်ဘက်ကို ပိတ်ကာ ထားကာ အုံ့မိုးပြီး ကြည့်တော့
လူကို စူးစိုက်ကြည့်ကာ ကုတ်ဖဲ့တော့မယ် ကြောင်ပေါက်လေးလိုလို တရှူးရှူးတရှဲရှဲနဲ့။ ဟွန်း! ကြောက်စရာ။
"ပြော ...ဘာလို့ အကန်တွေချည်း ပြောနေတာလဲ"
"ပြောတော့ ဘာဖြစ်လဲ !"
" တအားတွေ စွာနေတာပေါ့ "
"စွာတော့ ဘာဖြစ်လဲ !"
"လမင်း! "
"ဘာလဲ !"
"ကိုင်ပေါက်မိတော့မယ် ဒီအသေးလေးကတော့ "
"မင်း ဘာပြောတယ် !"
"ဘာမှမပြောဘူး အာချောင်တာ "
"ဖယ် !"
"စိတ်မဆိုးနဲ့စမ်း ! မောင့်ကို ကြည့် လမင်း ဘာဖြစ်နေတာလဲ "
"မကြည့်ဘူး မင်းကို ဖယ်လို့ပြောနေတာ ! "
"မောင့်ကို ကြည့်ပြီးဖြေ လမင်းမောင့်ကို စိတ်ဆိုးနေတာလား "
"မင်း ချစ်သူကိုပဲ ကြည့်ပြီးဖြေခိုင်း ငါ့ကို လာမမေးနဲ့ !"
"အင်းလေ အခု မောင်ချစ်တဲ့သူကို မောင်မေးနေတာပဲလေ "
"ခန့်စေထွဋ်နောင် !"
"ဗျာ "
"မင်း ငါ့ကို~~~"
"အွန်း ဆက်ပြော...မောင် နားထောင်နေတယ် "
"မင်း ငါ့ကို အထင်သေးလို့ ဒီလိုတွေ ပြောနေတာမလား "
"ဘာကြီး! "
"မင်း ငါ့ အားနည်းချက်ကို သိလို့ မလား ဟင့်!"
ရင်ခွင်အောက်က အသေးလေးက ဘာတွေကို အတွေးပေါက်ပြီး အဆုံးထိ တွေးလိုက်ပြီလည်း မသိ။ မျက်ရည်လေးတွေ ဝေ့လာတာမို့ ခန့်စေမှာ ချော့ဖို့ ပြင်ရတော့သည်။
"မဟုတ်ဘူး လမင်း မငိုပါနဲ့ကွာ မောင့်ကိုကြည့် မောင့်ကိုပဲကြည့် .."
"မကြည့်ဘူး ...ဖယ်! "
"ခဏပါပဲကွာ ! အထင်သေးလို့ဆိုတဲ့စိတ် တစ်ခါမှ မတွေးဖူးပါဘူးကွာ နော် မောင် လမင်းအပေါ် သက်ရောက်နေတဲ့
မောင့် ခံစားချက်တွေ သေချာရေရာအောင် မောင်က ခဏ ဝေးဝေးနေပြီ သုံးသပ်ခဲ့ရုံပါ ။ လမင်းကို အထင်သေးတဲ့စိတ် အစက်ကလေးမှ ကို မောင့်မှာ မရှိပါဘူး ။ မောင့်ကိုယုံပါ။
မောင် လမင်းကို ချစ်မိရုံပါ။ "
"မင်း !ငါ့ကို ဘာစကားတွေ လာပြောနေတာလဲ ခန့်စေထွဋ်နောင် !"
"မောင် တစ်ကယ်ပြောနေတာ "
"ငါက ယောကျာ်း ၊ငါ့ အားနည်းချက်က မင်းသိထားတဲ့ အရာ ပါလာတာကလွဲရင် ငါက ယောကျာ်း "
"မောင် သိတယ်လေ လမင်းရယ် မောင် ချစ်တာနဲ့ အဲ့တာ ပါတာနဲ့ ဘာများ ဆိုင်လို့လဲ"
"ဆိုင်တယ် မင်းက ငါ့ကို အထင်သေးတာ "
"ဪ ...မဟုတ်ရပါဘူးကွာ "
"မချစ်နဲ့ ! ငါကယောကျာ်း"
" ချစ်တာကို ကျား/မ ခွဲခြားထားတာမှ မဟုတ်တာ "
"ဘာလို့ မင်း ငါ့ကို ချစ်တာလဲ ၊ ငါက မင်းလို ယောကျာ်းလေးပဲ "
"ချစ်ချင်လို့ ချစ်တာ "
"ခန့်စေထွဋ်နောင် !"
"မောင် မင်းကိုပဲ ချစ်တာ ၊ မောင် ချစ်တာ မင်း ဖြစ်နေဖို့ပဲ လိုတာ"
ခန့်စေ ပြောသမျှကို တစ်စက်ကလေးမှ လက်မခံပဲ ငြင်းနေတဲ့ အသေးလေးက နောက်ဆုံးကျမှ ရုန်းနေရာကနေ ငြိမ်သွားပြီး
ခန့်စေကို အတန်ကြာအောင် မော့ကာ ငေးကြည့်လာသည်။
"သာသာ ! သားစေ ! အရွက်ခူးတာ မပြီးသေးဘူးလား ..."
အမေ့အသံကြားမှ လမင်းမှာ သူ့မျက်နှာကို တမေ့တမော မော့ကြည့်နေမိရာမှ အသိပြန်ဝင်လာပြီး အလန့်တကြား ရုန်းကာ
အမေ့ကို အသံပြန် ပြုရသေးသည်။
"ပြီးပြီ! အမေ လာပြီ.! . ဖယ်တော့ အမေခေါ်နေပြီ"
" မောင့်ကို စဉ်းစားပေး "
"ဖယ် !လို့ပြောနေတာ "
"စဉ်းစားပေးမယ်လို့ ပြောမှ ဖယ်မယ် "
"မစဉ်းစားဘူး ဖယ်! "
"အဲ့ဒီ ဖယ်..ဆိုတာပဲ ပြောနေမယ့် အစား အင်း~~လို့ ဖြေရမှာ"
"မင်း ဘာဖြစ်နေတာလဲ! "
"စဉ်းစားပေးဖို့ ပြောနေတာလေ"
"မစဉ်းစားဘူး ချစ်လည်း မချစ်ချင်ဘူး "
"မဖယ်ပေးရုံပေါ့ ဖတ်နမ်းမှ စဉ်းစားပေးမယ် ပြောမှာလား "
"မင်း! "
"ပြော...1 2 3 ရေလို့မှ မပြောသေးရင် မောင် တစ်ကယ် နမ်းမှာနော် "
"1~~~1 ½, 2~~~2 ½,.. "
" စဉ်း~~~စဉ်းစားပေးမယ် ရပြီမလား ဖယ်"
" ရှူးးး~~"
အနမ်းခံရမှာဆိုးလို့ အသည်းအသန် ဖြေပေးပေမယ့်လည်း
ကိုယ့်မှာ သူ့ကို အသည်းလည်းယား၊ ချစ်လည်းချစ်ရတာမို့
အရှိန်မထိန်းနိုင်စွာ နဖူးပြင် ဖြူဖြူလေးအား အမြတ်တနိုး အနမ်းခြွေချမိပြန်တယ်။
မောင်မှ မနေနိုင်တာ ~~~~~~
~~~~~~~~~~~
"စိုင်းဟန်လျှမ်း ..."
"ပြော ဘာလဲ ! "
"ထူး ပုံကိုက ထောင့်ကိုမကျိုးဘူး"
"ဘယ်လိုထူးရမှာလဲ ... မှန်လှပါဘုရား ~~မှန်လှပါဘုရား~~ ကျွန်တော်မျိုး ရှိကြောင်းပါဘုရား~~ အဲ့လိုထူးရမှာလား"
သန့်စင်ထွန်း မေးစရာရှိလို့ ခေါ်တာကို ထူးကတည်းက အကန်တွေနဲ့ နည်းနည်းလေးမှ ထောင့် မကျိုး။
ပြောပြန်တော့လည်း လက်နှစ်ဘက်ကို ရှေ့သို့ ဆန့်ထုတ်ကာ ခေါင်းကြီးငုံ့ပြီး သူ့ကိုသူ ကုန်းဘောင်ခေတ်က မှူးမတ်လိုလို ဆိုဒ်နဲ့ ဂုတ်ကဆွဲပြီး ကိုင်ပေါက်ရင် သေအုန်းမယ် ။ အလိုလိုက်ထားလို့ ကန်းတတ်နေတာ စိုင်းဟန်လျှမ်းတို့က သန့်စင်ထွန်းက သူမို့လို့ အလျော့ပေးထားတာကို အဟုတ်မှတ်နေတာ။
"ဆောင့်ကန်လိုက်လို့ ခြံဝ ရောက်သွားမယ် မေးစရာရှိလို့ ခေါ်နေတာ ခေါ်ချင်လွန်းလို့များ ထင်နေလား! "
"မေးကွာ အဲ့တာဆိုလည်း! "
"မင်း လုပ်ရက်တာလဲ မဟုတ်ပဲနဲ့ သန့်ကြီးရာ "
ဝဏ္ဏက ဖုန်းကြည့်နေရာကနေ အိုက်တွမ်နဲ့အတူ လူကို လှောင်သလို အပြုံးကြီးနဲ့ကြည့်ကာ ပြောလာသည်။ ဘာလဲ ဒီကောင်တွေက မလုပ်ချင်လို့ ကြည့်နေတာကို။
" ခုနက ကိုလမင်းနဲ့ မင်းက ဘာဖြစ်လာကြတာလဲ "
"မာလကာသီး သွားခိုးတာ အိုက်လမင်းသာ က ငါ့ကို တစ်ယောက်တည်း သစ်ကိုင်းပေါ်မှာ တန်းလန်းကြီးထားခဲ့တာ "
"နေပါအုန်း စကားကို ပီအောင်ပြောစမ်း သွားခူးတာလား သွားခိုးတာလား "
"သွား ခိုး တာ ။ ရပြီလား! ရှင်းပြီလား!!"
"အဲ့တော့ ခွေးလိုက်ဆွဲတယ်ပေါ့"
"မဆွဲပါဘူး ခွေးကခြံထဲကနေ ဟောင်တာ အဲ့တာကို ဟိုကောင်က ပြေးတာ တန်းနေတာပဲ သစ်ကိုင်းပေါ်မှာ ငါကတစ်ယောက်တည်း တွဲလောင်းကြီး မင်းစဉ်းစားကြည့် ခုန်ချရတာ အမြင့်ကြီးပဲ "
"ကျိုးသွားရမှာ "
"ဘာကွ! လောရှည်ကောင် !!မင်းဘာစကားပြောတာလဲ! "
"ဟုတ်တယ်လေ သူများဟာ သွားခိုးစားတာကို "
"စားတော့ဘာဖြစ်လဲကွာ ဝယ်မယ်ဆိုလည်း မရောင်း၊ တောင်းစားလည်း မကျွေးမှတော့ ခိုးစားတာပေါ့ကွာ "
"ငတ်!"
"ပေး ! ငါ့ မာလကာသီး တစ်လုံး "
"တစ်လုံးက ကျုပ်ကို ကျွေးတာလား "
"ကျွေးစရာလား အဲ့တာ အိုက်လမင်းသာ အတွက် "
"ဪ...."
"ရော့ ...တစ်ကိုက်တော့ စားလို့ရတယ် "
"တော်ပြီ မစားတော့ဘူး မင်းဘာသာ ဝအောင်စား"
"ဟွန့်...နေပေါ့ မစားလည်း... ကြီးကြီးကျယ်ကျယ် ဂွေးသီးသည်
လုပ်ပြနေသေးတယ်"
"ဇီးသီးသည် လောက်တော့လုပ် !"
"ငါ ဂွေးသီးကြိုက်လို့ ပြောတာကွာ "
"တအားကြိုက်တယ်ပေါ့ "
"အေ ..တအားကြိုက် "
တစ်ခါတစ်လေ ချစ်ဖို့ကောင်းသလို တစ်ခါတစ်လေ စောက်မြင်ကတ်စရာလေး။
>>>><<<<
ZawGyi .....
"အေမေရ ! ေခြး ...ကိုက္ေတာ့မလား မသိဘူး!"
"ကယ္ၾကပါအုန္း ကယ္ၾကပါအုန္း ! "
ၿခံထဲကေန အစြယ္တဖြားဖြားနဲ႕ သြားေရတျမားျမား က်ကာ စူးစူးဝါးဝါး ေဟာင္လိုက္တဲ့ ေခြးေၾကာင့္ နဂို ကတည္းက ေခြးေၾကာက္တတ္တဲ့ လမင္းမွာ ဆြဲထားတဲ့ မာလကာပင္ကိုင္းႀကီးကို လႊတ္ၿပီးအေနာက္လမ္းၾကားအတိုင္း ကဆုန္ေပါက္ ေျပးလာတာ လမင္းတို႔ၿခံေဘးရွိ လမ္းၾကားထဲက
ျပန္ထြက္လာတဲ့ အထိ ပါးစပ္ကလည္း အဆက္မျပတ္ ေအာ္လိုက္ ေျပာလိုက္ ၊ကူပါ ကယ္ပါ နဲ႕။
လမင္း ေျပးလာကတည္းက အေနာက္ကို တစ္ခ်က္မွ လွည့္မၾကည့္ခဲ့ပါ။ ၿခံေရွ႕နားေရာက္ခါနီး ၿခံေရွ႕မွာ ရပ္ေနတဲ့ ဆိုင္ကယ္ ၄စီးေၾကာင့္ ေျပးလာတဲ့ ေျခလွမ္းကို ႏွစ္ဆေလာက္ သြတ္သြတ္ အလုပ္ေပးလိုက္သည္။
~~~~~
ခန႔္ေစတို႔ ေလးေယာက္ လမင္းတို႔ ၿခံေရွ႕ ဆိုင္ကယ္ရပ္ၿပီး မၾကာ လမ္းၾကားထဲက လုံးလုံးႏွင့္ အသည္းအသန္ ေျပးလာေသာ လမင္းကို ျမင္လိုက္ရတာေၾကာင့္ ေျပးလာတဲ့ လူသားေလးကို အကဲခတ္ ၾကည့္လိုက္သည္။ ပါးစပ္ကလည္း ဘာေတြေျပာလာမွန္းမသိ ။ ေသခ်ာတာကေတာ့ တစ္ခုခုကို ေၾကာက္အားလန႔္အားနဲ႕ေျပးလာတဲ့ ပုံစံေလး။ မ်က္ႏွာေပၚမွာ အထင္းသား။ ကိုယ္ေတြ ေလးေယာက္ကို ျမင္တာနဲ႕ ေျပးလာလိုက္တာမ်ား ။ အနိုင္က်င့္ခံရတဲ့ ကေလး အေမကိုေတြ႕သြားလို႔ အားကိုးရာ ရသြားသလို။
ေျပးလာတဲ့ လမင္းက ဝဏၰ ဆီကို တန္းေနေအာင္ ေျပးဝင္လာတာမို႔
မထင္မွတ္ထားပါဘဲ၊ မေမွ်ာ္လင့္ထားပါပဲ လမင္းက ကိုယ္မဟုတ္တဲ့ ကိုယ့္သူငယ္ခ်င္းဆီ ေျပးဝင္သြားတာမို႔ ခန႔္ေစ အမွန္တိုင္း ေျပာရရင္ ရင္ဘတ္ဟာဆစ္ခနဲ ေနသလို ခံစားရခက္တာေတာ့ ေသခ်ာ၏။ ကိုယ့္နားမွာ သာ အၿမဲ အနီးကပ္ရွိေစခဲ့ၿပီး ကိုယ့္ကိုသာလွ်င္ အားကိုးေစခဲ့ေပမယ့္ အနည္းငယ္ ေဝးကြာသြားတဲ့ အခ်ိန္အတြင္း ကိုယ္ဟာ လမင္း မ်က္လုံးထဲမွာ အားကိုးစရာ လူတစ္ေယာက္ေလာက္ေတာင္ ေနရာ မရွိေတာ့တာလား။
ဝဏၰ လက္ေမာင္းကို အားကိုးတႀကီး ဖတ္တြယ္ကာ လက္ညိုးတထိုးထိုးနဲ႕ ကေလးေလး တိုင္ေျပာေနသလို ေျပာေနတာကို ျမင္ေနရတယ္။ သို႔ေသာ္ ခန႔္ေစနားထဲ ဘာအသံမွမၾကားရေတာ့သလို အူထူေန၏။
တစ္ကိုယ္လုံး ပူထူ လာကာ သဝန္တိုစိတ္ေတြက လွိုင္ထလာရသည္။
ကိုယ့္သူငယ္ခ်င္းဆိုတာသိတယ္။ ဒါေပမယ့္ အဲ့လိုအားကိုးတႀကီး
လက္ေမာင္းကို ဖတ္တြယ္ခံရတာ ဒီက ခန႔္ေစထြဋ္ေနာင္ ဆိုတဲ့ ေကာင္ပဲ ျဖစ္ရမွာ ။ မင္း အားကိုးတႀကီး ျဖစ္ေနရမွာ ခန႔္ေစထြဋ္ေနာင္ဆိုတဲ့ က်ဳပ္ပဲ။ တစ္ဖက္က ကိုယ့္သူငယ္ခ်င္း ျဖစ္ေနရင္ေတာင္ နည္းနည္းေလးမွ သည္းမခံခ်င္ဘူး အဲ့လို အျပဳအမူ မ်ိဳးကို။
ႏွစ္ခါ လည္း မသုံးသပ္ခ်င္ေတာ့ဘူး။ ကိုယ့္ စိတ္က သူမွသူ ျဖစ္ေနတာ သိသာေနၿပီ။ သူနဲ႕ေတြ႕ရင္ ဂနာမၿငိမ္တဲ့ ႏွလုံးသားက
အရင္လို လိမ္လို႔ မရေတာ့။ ထပ္ၿပီးလည္း အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးနဲ႕ ေရွာင္မေျပးခ်င္ေတာ့ပါ။
ခ်က္ခ်င္း ဝဏၰ ဆိုင္ကယ္နား သြားကာ ဝဏၰ လက္ေမာင္းအား
ဖတ္တြယ္ထားသည့္ လမင္းကို ခန႔္ေစ အနားဆြဲေခၚလိုက္၏။
"ဘာျဖစ္လာတာလဲ လမင္း! "
"ေခြးလိုက္ကိုက္လို႔တဲ့ "
"မင္းကို မေမးဘူး ဝဏၰ ! "
ေမးတာတစ္ေယာက္ ေျဖတာကတစ္ေယာက္ ။
ေမးခံရတဲ့ တစ္ေယာက္ကလည္း ကိုယ္ေမးမွ မ်က္လုံးဝိုင္းေတြနဲ႕ ေမာ့ၾကည့္ေနတာ ပါးစပ္က ဟ မလာေတာ့ဘူး။
ရင္ဘတ္ထဲ ဆိုင္ကလုန္း ဝင္ေမႊေနတာ။ဒီလိုအခ်ိန္ အဲ့လို လာမၾကည့္နဲ႕ ခ်စ္ဖို႔ေကာင္းမေနဘူး။ ကိုင္ေပါက္ခ်င္တယ္။
ဘာလို႔ ကိုယ္မဟုတ္တဲ့သူကို အားကိုးေနရတာလည္း။
ဒီ အေသးေလး စိတ္ရွိလက္ရွိ ဆြဲခါလိုက္ရ ျပဳတ္ထြက္ကုန္ေတာ့မယ္။
" ေမးေနတယ္ ! "
"အိုက္လွ်မ္း က်န္ခဲ့တယ္ ~~~"
ေနာက္တစ္ခါေမးမွ ေျဖလာတဲ့ အသံေလးက တိုးတိုးေလး။
ဒါကို ခန႔္ေစအေရွ႕မွာ ရပ္ထားတဲ့ ဆိုင္ကယ္ေပၚက သန႔္စင္ထြန္းမွာ
ျပဴးျပဴးျပာျပာ ။
"ဘာ..! ဘယ္နားမွာလည္း ကိုလမင္း "
" ငါက ဒီမွာ !!"
မာလကာသီး ႏွစ္လုံးကို ကိုင္ကာ မ်က္ေစာင္းႀကီးနဲ႕ ရပ္ၾကည့္ေနတဲ့
ဟန္လွ်မ္း ကို ျမင္မွ ခန႔္ေစ ရင္ခြင္ထဲက လမင္းမွာ သူ႕သူငယ္ခ်င္းဆီ ေျပးေတာ့သည္။
"ဘာျဖစ္သြားေသးလည္း အိုက္လွ်မ္း!"
"ဘာမွ မျဖစ္ဘူး! ဘာလို႔ငါ့ကို သစ္ကိုင္းေပၚမွာ တန္းလန္းႀကီးထားခဲ့တာလဲ မင္းကို ငါ အန္တီခ်ိဳနဲ႕ တိုင္မွာ !!"
"စိတ္မဆိုးပါနဲ႕ မင္းက်န္ခဲ့မွန္း ဒီနားေရာက္မွ သိလို႔ပါ ~~
မင္း အေနာက္က ေျပးလိုက္လာမယ္ ထင္တာေပါ့ "
"ေခြးက ၿခံထဲကပဲ ေဟာင္တာကို မင္း ငါ့ကို ခ်န္ခဲ့တာ !!"
"စိတ္မဆိုးနဲ႕ေနာ္ ....ေနာ္ အိုက္လွ်မ္း "
"ဆိုးမွာပဲ !! ဟြန႔္ ! "
"ၿခံေရွ႕မွာ ဘာရပ္လုပ္ေနၾကတာလဲ ကေလးေတြ !"
ႏႈတ္ခမ္းႀကီးေထာ္ကာ စိတ္ဆိုးေနေသာ ဟန္လွ်မ္းကို လမင္း ဘယ္လိုေခ်ာ့ရမွန္းကို မသိေတာ့ပါ။ ထိုစဥ္ အေမကလည္း လွမ္းေခၚတာမို႔ အကုန္လုံး ၿခံထဲ ဝင္လာလိုက္သည္။
မာလကာသီး ကိုင္ထားတဲ့ ဟန္လွ်မ္းက အေမ့ကို ျမင္တာနဲ႕ သူ႕အနားက သန႔္စင္ထြန္း လြယ္လာေနၾက လြယ္အိတ္ေသးအထဲကို သူ႕ မာလကာသီး ႏွစ္လုံးကို ထည့္ခိုင္း၏။
"မစားနဲ႕ေနာ္ အဲ့တာ ငါတို႔ စားဖို႔ "
~~~~~
" လာမလည္တာေတာင္ ၾကာၿပီ သားေစတို႔က စာေမးပြဲ ေျဖနိုင္တယ္မလား ေလးေယာက္လုံး "
"ဟုတ္ ေျဖနိုင္တယ္ အန္တီခ်ိဳ ဒါနဲ႕ ေနမေကာင္းဘူးလား
အရမ္းပိန္သြားတယ္ "
"ေကာင္းပါတယ္ တီခ်ိဳ အရင္တိုင္းပါပဲ အိမ္လာလည္တုန္း ဘာစားၾကမလဲ တီခ်ိဳ လုပ္ေကြၽးမယ္"
"ရတယ္ မစားေတာ့ဘူး အန္တီခ်ိဳ လမင္း နား လာလည္တာ "
"ေအးေအး အိမ္ေပၚမွာ ပူရင္ သေျပပင္ေအာက္ ဖ်ာခင္းၿပီး သြားထိုင္ေနၾက တီခ်ိဳ သေင်္ဘာသီးသုပ်လာပို့ပေးမယ် "
"ဟုတ္ !"
~~~~~
လမင္းနဲ႕ ခန႔္ေစ သေင်္ဘာသီး သုပ္နဲ႕ စားလို႔ရေအာင္ ၿခံအေနာက္ဘက္မွာ ကန္စြန္း႐ြက္ႏွင့္ နံနံပင္ တခ်ိဳ႕ လာခူးေနျခင္း။
လမင္း ေဘးကတစ္ေယာက္ကို စကားမေျပာခ်င္ပါ။ သူနဲ႕ စကားလည္း မေျပာျဖစ္သလို မေတြ႕ျဖစ္တာလည္း ၾကာၿပီမို႔လား။
ေနာက္ဆုံးေတြ႕ျဖစ္တာက စာေမးပြဲေျဖၿပီးတဲ့ေန႕က ။
ေက်ာင္းေရွ႕မွာ သူတို႔ဆိုင္ကယ္ေတြ ရပ္ထားတာ ျမင္လို႔ ကိုယ္ကသာ အေျပးေလး သြားလိုက္ရတာ။ သူက ကိုယ့္ကို လွည့္ေတာင္ မၾကည့္ဘူး။ ဝဏၰတို႔ကမွ လမင္းကို ႏႈတ္ဆက္ေဖာ္ရေသးတယ္။ လူကို သူေျပာခ်င္မွ ဆိုခ်င္မွ ေခၚခ်င္မွ အေရးလုပ္တာမ်ိဳး တစ္ကယ္မႀကိဳက္ပါ။ သူငယ္ခ်င္းေတြေတာင္ သူ႕လို လုပ္မွာမဟုတ္ဘူး။ တအား ခံစားရခက္တာပဲ။
အဲ့ေန႕က လမင္းမွာ သူမ်ား ကိုယ့္ကို စကားေျပာမလား ဆိုၿပီး ေဝ့ေနခဲ့တာ သူက သူ႕ ရည္းစားနဲ႕ စကားအေျပာေတာင္ မျပတ္ဘူး။
....သူတို႔ႏွစ္ေယာက္က ဝိန္းေကာင္ေရတံခြန္ သြားလည္တဲ့ ေန႕ကတည္းက ျပတ္သြားတာလို႔ၾကားထားတာ။
႐ႊန္းသီရိႏြယ္ ကလည္း လမင္းကို ျမင္တာနဲ႕ အထင္ေသးသလို၊
အၾကည့္ေတြနဲ႕။ ကိုယ္ကပဲ ႏူေနသလိုလို ဝဲစြဲေနသလိုလိုနဲ႕။
သူ႕ေကာင္မေလးက မႀကိဳက္ဘူး ေျပာလို႔ လမင္းကို မျမင္ခ်င္ေယာင္ ေဆာင္တာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့။ အခုမွ သူမ်ားအိမ္လာလည္ၿပီး အနားကကို မခြာဘူး။
"ဟိတ္! ျဖည္းျဖည္း ခူးလည္း ရပါတယ္ ႏႈတ္ခမ္းႀကီး ဆူၿပီး ကန္စြန္း႐ြတ္ေတြကို ဘာအၿငိဳးေတြနဲ႕ ဆြဲႏႈတ္ေနတာလဲ ! "
"ဘယ္လို ခူးခူးေပါ့ !"
"ဟမ့္! ခုနက ဝဏၰကိုက် ဒီလို အသံမဟုတ္ဘူးေနာ္ "
"......"
"ဘာလည္း အခုမွ အိမ္လာလည္လို႔ စိတ္ဆိုးေနတာလား "
"ဆိုးစရာလား ဖယ္! ဒီေလာက္ဆို အ႐ြက္ကရၿပီ! "
"ေမးတာကို ေသခ်ာေျဖ ! "
"မင္းကဘာကို ေသခ်ာေမးလို႔ ငါက ေသခ်ာေျဖရမွာလည္း "
"ေမာင္ နဲ႕ဆိုရင္ လမင္းက တအားစြာေနတယ္ေနာ္ အျပစ္မေပးလို႔လား "
"အူေၾကာင္ေၾကာင္ နဲ႕ "
" သၾကၤန္က်ရင္ လည္မွာလား"
"မလည္ဘူး!"
"မလည္ရင္ ဘာလုပ္မွာလဲ"
"ဘာမွမလုပ္ဘူး! "
"က်စ္! ဖယ္စမ္း ! အဲ့ဒီ အ႐ြက္ေတြ လာခဲ့ ....တအားေတြ စြာေနတာ"
ျခင္းထဲ ခူးထည့္ထားသမွ် ကန္စြန္း႐ြက္နဲ႕ နံနံပင္ မွာ ျခင္းေလးနဲ႕အတူ ဝဲကနဲ။ စားစရာကို လႊင့္ပစ္ေနလိုက္တာ ဒီအရိုင္းအစိုင္း။ လူကိုလည္း မညွာမတာ ေဆာင့္ဆြဲၿပီး ၿခံေထာင့္က ငွက္ေပ်ာပင္႐ုံ နား ေခၚလာတာ။
"ခန႔္ေစထြဋ္ေနာင္ ! လႊတ္စမ္း "
အင့္!
ခန႔္ေစ ငွက္ေပ်ာပင္ႏွင့္ ေက်ာျပင္ငယ္အား ကပ္ေစကာ ထြက္မရေအာင္ လက္ႏွစ္ဘက္ကို ပိတ္ကာထားကာ အုံ႕မိုးၿပီး ၾကည့္ေတာ့
လူကို စူးစိုက္ၾကည့္ကာ ကုတ္ဖဲ့ေတာ့မယ္ ေၾကာင္ေပါက္ေလးလိုလို တရႉးရႉးတရွဲရွဲနဲ႕။ ဟြန္း! ေၾကာက္စရာ။
"ေျပာ ...ဘာလို႔ အကန္ေတြခ်ည္း ေျပာေနတာလည္း"
"ေျပာေတာ့ ဘာျဖစ္လည္း !"
" တအားေတြ စြာေနတာေပါ့ "
"စြာေတာ့ ဘာျဖစ္လည္း !"
"လမင္း! "
"ဘာလည္း !"
"ကိုင္ေပါက္မိေတာ့မယ္ ဒီအေသးေလးကေတာ့ "
"မင္း ဘာေျပာတယ္ !"
"ဘာမွမေျပာဘူး အာေခ်ာင္တာ "
"ဖယ္ !"
"စိတ္မဆိုးနဲ႕စမ္း ! ေမာင့္ကို ၾကည့္ လမင္း ဘာျဖစ္ေနတာလဲ "
"မၾကည့္ဘူး မင္းကို ဖယ္လို႔ေျပာေနတာ ! "
"ေမာင့္ကို ၾကည့္ၿပီးေျဖ လမင္းေမာင့္ကို စိတ္ဆိုးေနတာလား "
"မင္း ခ်စ္သူကိုပဲ ၾကည့္ၿပီးေျဖခိုင္း ငါ့ကို လာမေမးနဲ႕ !"
"အင္းေလ အခု ေမာင္ခ်စ္တဲ့သူကို ေမာင္ေမးေနတာပဲေလ "
"ခန႔္ေစထြဋ္ေနာင္ !"
"ဗ်ာ "
"မင္း ငါ့ကို~~~"
"အြန္း ဆက္ေျပာ...ေမာင္ နားေထာင္ေနတယ္ "
"မင္း ငါ့ကို အထင္ေသးလို႔ ဒီလိုေတြ ေျပာေနတာမလား "
"ဘာႀကီး! "
"မင္း ငါ့ အားနည္းခ်က္ကို သိလို႔ မလား ဟင့္!"
ရင္ခြင္ေအာက္က အေသးေလးက ဘာေတြကို အေတြးေပါက္ၿပီး အဆုံးထိ ေတြးလိုက္ၿပီလည္း မသိ။ မ်က္ရည္ေလးေတြ ေဝ့လာတာမို႔ ခန႔္ေစမွာ ေခ်ာ့ဖို႔ ျပင္ရေတာ့သည္။
"မဟုတ္ဘူး လမင္း မငိုပါနဲ႕ကြာ ေမာင့္ကိုၾကည့္ ေမာင့္ကိုပဲၾကည့္ .."
"မၾကည့္ဘူး ...ဖယ္! "
"ခဏပါပဲကြာ ! အထင္ေသးလို႔ဆိုတဲ့စိတ္ တစ္ခါမွ မေတြးဖူးပါဘူးကြာ ေနာ္ ေမာင္ လမင္းအေပၚ သက္ေရာက္ေနတဲ့
ေမာင့္ ခံစားခ်က္ေတြ ေသခ်ာေရရာေအာင္ ေမာင္က ခဏ ေဝးေဝးေနၿပီ သုံးသပ္ခဲ့႐ုံပါ ။ လမင္းကို အထင္ေသးတဲ့စိတ္ အစက္ကေလးမွ ကို ေမာင့္မွာ မရွိပါဘူး ။ ေမာင့္ကိုယုံပါ။
ေမာင္ လမင္းကို ခ်စ္မိ႐ုံပါ။ "
"မင္း !ငါ့ကို ဘာစကားေတြ လာေျပာေနတာလဲ ခန႔္ေစထြဋ္ေနာင္ !"
"ေမာင္ တစ္ကယ္ေျပာေနတာ "
"ငါက ေယာက်ာ္း ၊ငါ့ အားနည္းခ်က္က မင္းသိထားတဲ့ အရာ ပါလာတာကလြဲရင္ ငါက ေယာက်ာ္း "
"ေမာင္ သိတယ္ေလ လမင္းရယ္ ေမာင္ ခ်စ္တာနဲ႕ အဲ့တာ ပါတာနဲ႕ ဘာမ်ား ဆိုင္လို႔လည္း"
"ဆိုင္တယ္ မင္းက ငါ့ကို အထင္ေသးတာ "
"ဪ ...မဟုတ္ရပါဘူးကြာ "
"မခ်စ္နဲ႕ ! ငါကေယာက်ာ္း"
" ခ်စ္တာကို က်ား/မ ခြဲျခားထားတာမွ မဟုတ္တာ "
"ဘာလို႔ မင္း ငါ့ကို ခ်စ္တာလဲ ၊ ငါက မင္းလို ေယာက်ာ္းေလးပဲ "
"ခ်စ္ခ်င္လို႔ ခ်စ္တာ "
"ခန႔္ေစထြဋ္ေနာင္ !"
"ေမာင္ မင္းကိုပဲ ခ်စ္တာ ၊ ေမာင္ ခ်စ္တာ မင္း ျဖစ္ေနဖို႔ပဲ လိုတာ"
ခန႔္ေစ ေျပာသမွ်ကို တစ္စက္ကေလးမွ လက္မခံပဲ ျငင္းေနတဲ့ အေသးေလးက ေနာက္ဆုံးက်မွ ႐ုန္းေနရာကေန ၿငိမ္သြားၿပီး
ခန႔္ေစကို အတန္ၾကာေအာင္ ေမာ့ကာ ေငးၾကည့္လာသည္။
"သာသာ ! သားေစ ! အ႐ြက္ခူးတာ မၿပီးေသးဘူးလား ..."
အေမ့အသံၾကားမွ လမင္းမွာ သူ႕မ်က္ႏွာကို တေမ့တေမာ ေမာ့ၾကည့္ေနမိရာမွ အသိျပန္ဝင္လာၿပီး အလန႔္တၾကား ႐ုန္းကာ
အေမ့ကို အသံျပန္ ျပဳရေသးသည္။
"ၿပီးၿပီ! အေမ လာၿပီ.! . ဖယ္ေတာ့ အေမေခၚေနၿပီ"
" ေမာင့္ကို စဥ္းစားေပး "
"ဖယ္ !လို႔ေျပာေနတာ "
"စဥ္းစားေပးမယ္လို႔ ေျပာမွ ဖယ္မယ္ "
"မစဥ္းစားဘူး ဖယ္! "
"အဲ့ဒီ ဖယ္..ဆိုတာပဲ ေျပာေနမယ့္ အစား အင္း~~လို႔ ေျဖရမွာ"
"မင္း ဘာျဖစ္ေနတာလဲ "
"စဥ္းစားေပးဖို႔ ေျပာေနတာေလ"
"မစဥ္းစားဘူး ခ်စ္လည္း မခ်စ္ခ်င္ဘူး "
"မဖယ္ေပး႐ုံေပါ့ ဖတ္နမ္းမွ စဥ္းစားေပးမယ္ ေျပာမွာလား "
"မင္း! "
"ေျပာ...1 2 3 ေရလို႔မွ မေျပာေသးရင္ ေမာင္ တစ္ကယ္ နမ္းမွာေနာ္ "
"1~~~1 , 2~~~2 ,.. "
" စဥ္း~~~စဥ္းစားေပးမယ္ ရၿပီမလား ဖယ္"
" ရႉးးး~~"
အနမ္းခံရမွာဆိုးလို႔ အသည္းအသန္ ေျဖေပးေပမယ့္လည္း
ကိုယ့္မွာ သူ႕ကို အသည္းလည္းယား၊ ခ်စ္လည္းခ်စ္ရတာမို႔
အရွိန္မထိန္းနိုင္စြာ နဖူးျပင္ ျဖဴျဖဴေလးအား အျမတ္တနိုး အနမ္းေႁခြခ်မိျပန္တယ္။
ေမာင္မွ မေနနိုင္တာ ~~~~~~
~~~~~~~~~~~
"စိုင္းဟန္လွ်မ္း ..."
"ေျပာ ဘာလဲ "
"ထူး ပုံကိုက ေထာင့္မက်ိဳးဘူး"
"ဘယ္လိုထူးရမွာလည္း ... မွန္လွပါဘုရား ~~မွန္လွပါဘုရား~~ ကြၽန္ေတာ္မ်ိဳး ရွိေၾကာင္းပါဘုရား~~ အဲ့လိုထူးရမွာလား"
သန႔္စင္ထြန္း ေမးစရာရွိလို႔ ေခၚတာကို ထူးကတည္းက အကန္ေတြနဲ႕ နည္းနည္းေလးမွ ေထာင့္ မက်ိဳး။
ေျပာျပန္ေတာ့လည္း လက္ႏွစ္ဘက္ကို ေရွ႕သို႔ ဆန႔္ထုတ္ကာ ေခါင္းႀကီးငုံ႕ၿပီး သူ႕ကိုသူ ကုန္းေဘာင္ေခတ္က မႉးမတ္လိုလို ဆိုဒ္နဲ႕ ဂုတ္ကဆြဲၿပီး ကိုင္ေပါက္ရင္ ေသအုန္းမယ္ ။ အလိုလိုက္ထားလို႔ ကန္းတတ္ေနတာ စိုင္းဟန္လွ်မ္းတို႔က သန႔္စင္ထြန္းက သူမို႔လို႔ အေလ်ာ့ေပးထားတာကို အဟုတ္မွတ္ေနတာ။
"ေဆာင့္ကန္လိုက္လို႔ ၿခံဝ ေရာက္သြားမယ္ ေမးစရာရွိလို႔ ေခၚေနတာ ေခၚခ်င္လြန္းလို႔မ်ား ထင္ေနလား "
"ေမးကြာ အဲ့တာဆိုလည္း "
"မင္း လုပ္ရက္တာလဲ မဟုတ္ပဲနဲ႕ သန႔္ႀကီးရာ "
ဝဏၰက ဖုန္းၾကည့္ေနရာကေန အိုက္တြမ္နဲ႕အတူ လူကို ေလွာင္သလို အၿပဳံးႀကီးနဲ႕ၾကည့္ကာ ေျပာလာသည္။ ဘာလဲ ဒီေကာင္ေတြက မလုပ္ခ်င္လို႔ ၾကည့္ေနတာကို။
" ခုနက ကိုလမင္းနဲ႕ မင္းက ဘာျဖစ္လာၾကတာလဲ "
"မာလကာသီး သြားခိုးတာ အိုက္လမင္းသာ က ငါ့ကို တစ္ေယာက္တည္း သစ္ကိုင္းေပၚမွာ တန္းလန္းႀကီးထားခဲ့တာ "
"ေနပါအုန္း စကားကို ပီေအာင္ေျပာစမ္း သြားခူးတာလား သြားခိုးတာလား "
"သြား ခိုး တာ ။ ရၿပီလား ရွင္းၿပီလား"
"အဲ့ေတာ့ ေခြးလိုက္ဆြဲတယ္ေပါ့"
"မဆြဲပါဘူး ေခြးကၿခံထဲကေန ေဟာင္တာ အဲ့တာကို ဟိုေကာင္က ေျပးတာ တန္းေနတာပဲ သစ္ကိုင္းေပၚမွာ ငါကတစ္ေယာက္တည္း တြဲေလာင္းႀကီး မင္းစဥ္းစားၾကည့္ ခုန္ခ်ရတာ အျမင့္ႀကီးပဲ "
"က်ိဳးသြားရမွာ "
"ဘာကြ ေလာရွည္ေကာင္ မင္းဘာစကားေျပာတာလဲ "
"ဟုတ္တယ္ေလ သူမ်ားဟာ သြားခိုးစားတာကို "
"စားေတာ့ဘာျဖစ္လဲကြာ ဝယ္မယ္ဆိုလည္း မေရာင္း၊ ေတာင္းစားလည္း မေကြၽးမွေတာ့ ခိုးစားတာေပါ့ကြာ "
"ငတ္!"
"ေပး ! ငါ့ မာလကာသီး တစ္လုံး "
"တစ္လုံးက က်ဳပ္ကို ေကြၽးတာလား "
"ေကြၽးစရာလား အဲ့တာ အိုက္လမင္းသာ အတြက္ "
"ဪ...."
"ေရာ့ ...တစ္ကိုက္ေတာ့ စားလို႔ရတယ္ "
"ေတာ္ၿပီ မစားေတာ့ဘူး မင္းဘာသာ ဝေအာင္စား"
"ဟြန႔္...ေနေပါ့ မစားလည္း ႀကီးႀကီးက်ယ္က်ယ္ ေဂြးသီးသည္
လုပ္ျပေနေသးတယ္"
"ဇီးသီးသည္ ေလာက္ေတာ့လုပ္ !"
"ငါ ေဂြးသီးႀကိဳက္လို႔ ေျပာတာကြာ "
"တအားႀကိဳက္တယ္ေပါ့ "
"ေအ ..တအားႀကိဳက္ "
တစ္ခါတစ္ေလ ခ်စ္ဖို႔ေကာင္းသလို တစ္ခါတစ္ေလ ေစာက္ျမင္ကတ္စရာေလး။
>>>><<<<