ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

66 - 70

157 13 0
By Azure5549

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၆၆)အကြံအစည်

စတုထ္ထမင်းသားက သူ့ကိုလက်ဖက်ရည်ငှဲ့ပေးသည်။သူက အသာအယာပြုံး၏။

"လုံညီလေးက တစ်ကယ့်ကိုလူကြားထဲက နဂါးပဲ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုရဲတင်းမှုက
သိပ် လေးစားဖို့ကောင်းတယ်"

"စတုထ္ထမင်းသားက ကျုပ်ကိုမြှောက်နေပြန်ပြီ ဒါပေမယ့် မင်းသားဟာ ဒီညီလေးမှန်း ဘယ်လိုမှတ်
မိတာလည်းဆိုတာ ပြောပြလို့ရမလား" လုံချန်ကပြန်ပြော၏။သူက သူ့ကို မည်သို့ဖြင့် လုံချန်မှန်းသိ
သွားသည်ကို သိပ်သိချင်နေသည်။သူ့၏ ရုပ်ပြောင်းရုပ်လွှဲဆေးက ချို့ယွင်းချက်နည်းနည်းမှ မရှိ
သည်ကို သူယုံ၏။

"အကြိမ်ပေါင်းထောင်ချီ စဉ်းစားတတ်တဲ့ ပညာရှိတစ်ယောက်တောင်မှ တစ်ခုတစ်လေတော့ မေ့
တတ်သေးတာပဲလေ မညာတမ်းပြောရရင် ပထမတော့ လုံညီလေးမှန်းကျုပ်မသိဘူး ဒါပေမယ့်
လုံညီလေးရဲ့ လက်ကလက်စွပ်ကိုမြင်တော့ တစ်ခုခု ထူးဆန်းတယ်လို့ထင်မိတယ်လေ နောက်
တော့ လုံညီလေးရဲ့အကြည့်ကို တွေ့တော့မှာ ဒီလူဟာ လုံညီလေးပါလားရယ်လို့ မှတ်မိတာပါ"

စတုထ္ထမင်းသားက လုံချန်၏ လက်ကိုညွှန်ပြလိုက်၏။သည်တွင်မှ သူ့လက်၌ သိုလှောင်လက်စွပ်
၀တ်ထားကြောင်း လုံချန် ရုတ်တရက်နားလည်သွားသည်။သူက ဤမျှ သိသာသည့် အချက်ကြီးကို
မေ့လျှော့ခဲ့ခြင်းပင်။

"စတုထ္ထမင်းသား ဟာ အမြင်စူးရှလှပါပေတယ် လေးစားထိုက်ပါတယ် ဒါပေမယ့် ညီလေး
တစ်ကယ်သိချင်တာက မင်းသားဟာ ညီလေးကို ဘာ့ကြောင့် ကူညီပေးခဲ့တာလည်း" လုံချန်ကမေး
၏။

"ဟားဟား ကျုပ်ပြောရင် မင်းယုံချင်မှယုံမယ် အမှန်တော့ ရှချန်ဖုန်းကို ကျုပ်က ဘယ်တုန်းကမှ
မနှစ်သက်ခဲ့ဘူး ဘယ်လိုပဲဖြစ်ပါစေ ချူယောင်ဆိုတာ ကျုပ်ညီမလေးပဲလေ ချူယောင်ကို သူမ မနှစ်
သက်တဲ့လူ လက်ထဲ ကျုပ်က မထည့်ပေးချင်ဘူး"

"ဒါပေမယ့် မင်းလည်းသိတဲ့အတိုင်းပဲလေ နန်းးတွင်းထုံးစံတွေက ဒီအတိုင်းပဲ အင်ပါယာအတွက်
အကျိုးရှိမယ်ဆိုရင် ခံစားချက်တွေကိုလည်းသူတို့က ဂရုစိုက်ကြတာမဟုတ်ဘူး ဒါက နန်းတွင်းမှာ
ဖြစ်ပျက်နေတဲ့ ဘယ်လိုမှမတတ်နိုင်တဲ့ အမှန်တရားပဲ"

"စိတ်ပြောင်းလည်းမလားဆိုပြီး ဧကရီအရှင်မကို ကျုပ်ဖြောင်းဖျ ဖို့အကြိမ်တော်တော်များများကြိုး
စားပါသေးတယ် ဒါပေမယ့် ဘာမှမထူးဘူး နောက်ဆုံးမှာ သူမကဒေါပွပြီး ကျုပ်ကို ဟော်နန်းထဲ
ကနေ နှင်ထုတ်တာပဲ"

"ညီလေးလုံ ဒီနေ့လာတာက ချုယောင်ကိုတစ်ကယ်မြတ်နိုးလို့ဆိုတာ ကျုပ်ပြောနိုင်ပါတယ် ဒါပေမယ့်
ကျုပ်ရဲ့လုပ်နိုင်စွမ်းကလည်း အကန့်အသတ်နဲ့ရှိတော့ ညီလေးကို ကျုပ် အများဆုံး ဒီလောက်ပဲ
အကူအညီ ပေးနိုင်တယ်" စတုထ္ထမင်းသားက သက်ပြင်းချသည်။

"မင်းသားကသိပ်ယဉ်ကျေးတယ် ဒီလိုမျက်နှာသာပေးမှုကို လုံချန်မှတ်ထားပါ့မယ်" ကြည့်ရသည်မှာ
စတုထ္ထမင်းသားအပေါ် သူက ဒီနေ့အကြွေးတင်သွားပြီဖြစ်သည်။

"လုံမိသားစု စတိုင်ပင် ပိတ်လိုက်တဲ့ကိစ္စကို ကျုပ် တစ်ခါကစုံစမ်းသေးတယ် ဒါပေမယ့် အသေးစိတ်
မသိခင် တားဆီးတာခံရတယ် ဒါ့ကြောင့် လုံအိမ်တော်ကို ကျုပ်က ဘာမှမကူညီပေးနိုင်ခဲ့ဘူး"

လုံချန်က မျက်မှောင်ကြုံ့၍ ပြော၏။ "အဲ့ဒိစုံစမ်းမှုမှာ ဘာသိခဲ့ရလည်းဆိုတာကို ကျုပ်ကိုပြောနိုင်
မလား"

"သြ ရပါတယ် အဲ့တာက နန်းတွင်းမှာဖြစ်နေကျကိစ္စတွေပေါ့ အင်မတန်ရှုပ်တယ် ကျုပ်နဲ့ ကျုပ်အကို
တော်တွေက တစ်ယောက်နဲ့တစ်ယောက် အကွက်ဆင်ပြီး တိုက်ခိုက်ကြတယ်လေ အဲ့ဒိကိစ္စလိုက်
တုန်းက ကျုပ်မှာအင်အားမရှိဖြစ်နေခဲ့တာ" စတုထ္ထမင်းသားက သူ့ခေါင်းကိုယမ်းနေသည်။

လုံချန်၏မျက်လုံးများ အရောင်တစ်လက်လက်တောက်ပလာသည်။စတုထ္ထမင်းသားက သူ့ကိုတိုက်ရိုက်
မပြောသည့်တိုင် သူ့အကိုတော်များအကြောင်းအား ရည်ရွယ်ချက်ရှိရှိထည့်ပြောသည်ကိုကြည့်
လျှင် စိတ်၀င်စားစရာကောင်း၏။

မင်းသားများက စုစုပေါင်း 7 ပါးရှိ၏။စတုထ္ထမင်းသားအား ဖယ်လိုက်လျှင် ချူဖန် အပါအ၀င် 6ပါးရှိမည်။
ယင်းနောက် အိမ်ရှေ့စံ အားဖယ်လျှင် ဒုတိယ၊တတိယ၊ဆဋ္ဌမ နှင့် ပဉ္စမ မင်းသားများကျန်၏။မီးအိမ်နီပွဲ
တော်၌ လုံချန်က မင်းသားတစ်ပါးချင်းတိုင်းကို အသေးစိတ်စူးစမ်းခဲ့ပြီး ဖြစ်၏။အိမ်ရှေ့စံမှ လွဲလျှင်
ကျန် မင်းသားများက ထက်ထက်မြက်မြက် ရှိပုံမရချေ။

ထို့ကြောင့် သံသယဖြစ်စရာ အကောင်းဆုံးက အိမ်ရှေ့စံပင်ဖြစ်သည်။ထို့ပြင် လီဟိုအား သတ်သွား
သည့် လူသတ်သမားကိုလည်း အိမ်ရှေ့စံ၏ သစ္စာတော်ခံ တစ်ယောက်အဖြစ် အိမ်ရှေ့စံအနား
တွင် ပြန်တွေ့ရသည်။သက်သေများအားလုံးက အိမ်ရှေ့စံကိုသာ ညွှန်ပြနေ၏။

"ကျေးဇူးအများကြီးတင်ပါတယ်" လုံချန်က လက်သီးဆုပ်၍ ပြောသည်။

"ဟားဟား ကျုပ်က ဘာမှမပြောဘူးလေ ညီလေးရဲ့ ကျေးဇူးတရားကို လက်မခံပါရစေနဲ့" စတုထ္ထ
မင်းသားက ရယ်သည်။ပြီးလျှင် သက်ပြင်းတစ်ချက်ချလိုက်၏။

"တစ်ခါတစ်လေများဆိုရင် ကျုပ်က မင်းတို့နိုဘယ်တွေကို သိပ်အားကျတာပဲ မင်းတို့ကတော့ ကျုပ်
တို့နဲ့မတူပဲ လွတ်လွတ်လပ်လပ် နေနိုင်ကျတယ် ပြောရရင် ရှချန်ဖုန်းဟာ ချုယောင်နဲ့
လက်ထပ်ဖို့အတွက် ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့ ဆယ်ရက်အတွင်း မဟာရှကိုပြန်တော့
မယ် ကျုပ်က ဒီကောင့်မျက်နှာကို လက်သီးနဲ့ ထိုးပစ်ချင်ပေမယ့် တွေ့တိုင်းပြုံးပြနေရတယ်
ဒါဟာ နန်းတွင်းမှာနေရတဲ့ မလွတ်မလပ်ဘ၀ပဲ"

"သူက ဆယ်ရက်အတွင်းပြန်မှာလား" လုံချန်က လှုပ်လှုပ်ရှားရှားမဖြစ်သွားချေ။သို့တိုင်အောင် သူ့
မျက်လုံးထဲ၌ တော့ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။စတုထ္ထမင်းသားမှာ လုံချန်
၏ အနည်းငယ် ပြောင်းလည်းသွားသည့် အမူအရာကို သတိထားမိပုံမရပဲ လက်ဖက်ရည်တစ်ငုံအား
စုပ်သောက်နေသည်။ပြီးမှသူက ပြန်ပြော၏။

"အမှန်ပဲ သူက တောင်ဘက်ကလမ်းကနေ ပြန်လိမ့်မယ် အဲ့ဒီလမ်းက မဟာရှကိုမြန်မြန်ရောက်တဲ့
ဖြတ်လမ်းလေ မင်းသမီးတစ်ပါးရဲ့ မင်္ဂလာပွဲက ပြင်ဆင်စရာတွေအများသားကလား"

လုံချန်က ခေါင်းငြိမ့်၍ ထိုအချက်ကိုမှတ်ထားလိုက်၏။တစ်ချိန်းတည်းတွင် သူ့အတွေးထဲ၌ ပက်ပက်
စက်စက် အကြံတစ်ခုပေါ်လာသည်။ထိုအကြံတိုင်းသာ လုပ်နိုင်မည်ဆိုလျှင် ချူယောင်ကိစ္စကို လွယ်
လွယ် ဖြေရှင်းနိုင်မည်။

စတုထ္ထမင်းသားနှင့် လုံချန်က အချိန်ခဏကြာ စကားဆက်ပြောနေပြီး လုံချန်ပြန်သည့်အချိန်၌ သူက
ယဉ်ကျေးစွာဖြင့် လိုက်ပို့၏။စတုထ္ထမင်းသားက သူ့အခန်းသို့ ပြန်ရောက်သည်နှင့် မိန်းမတစ်ယောက်
သူ့အခန်းတွင် ရောက်နေသည်ကို တွေ့၏။ထိုမိန်းမက အသက်သုံးဆယ်ခန့်သာရှိဦးမည်ဖြစ်ကာ
မျက်နှာထက်တွင် ဇာလွှာတစ်ခုကို လွှမ်းခြုံထားသည်။

"မင်းအခုလုပ်လိုက်တဲ့ ကိစ္စက အင်မတန် အန္တာရာယ်ကြီးတယ်နော်" သူမကပြောသည်။

စတုထ္ထမင်းသားက မပွင့်တစ်ပွင့်ပြုံး၍ လက်ဖက်ရည်ကိုတစ်ငုံသောက်လိုက်၏။

"အန္တာရာယ်ဆိုတာ စွန့်စားရမှုကိုပြောတာ စွန့်စားရရင် တန်ဖိုကြီးကြီးပေးရတယ် ဒါကိုသားက
တော့တန်တယ်လို့ယူဆတယ် လုံချန်ဒီကိစ္စမှာရှုံးနိမ့်ရင် နောက်ထပ်အလောင်းတစ်လောင်းတိုး
ရုံပဲရှိမယ် ဒါပေမယ့် ဒီကိစ္စအောင်မြင်ရင် သားတို့ရဲ့ အစီအစဉ်က ရှေ့ကို တော်တော်ရောက်သွားမယ်
မစိုးရိမ်ပါနဲ့ မေမေ"

ထိုအမျိုးသမီးက ဖီးနစ်အင်ပါယာ၏ အနောင်ဆောင်ရ မိဖုရားတစ်ပါးဖြစ်၏။သူမက ခေါင်းကိုခါယမ်း
၍ ပြောသည်။

"မင်းဘာလုပ်နေတယ်ဆိုတာကို မင်းသိဖို့ပဲ ငါမျှော်လင့်တယ် ငါဟာဖီးနစ်တိုင်းပြည်ကို တာ၀န်အရလာ
ရောက်ပြီး လက်ထပ်ခဲ့ရတယ် မင်းကောငါကော ဒါကိုမှတ်ထားဖို့လိုတယ်နော်"

"ဟမ့် မေမေက အစက မဟာရှရဲ့မင်းသမီးတစ်ပါးပဲ ဒါပေမယ့်မေမေ့ရဲ့ ရည်ရွယ်ချက်အတွက် ဖီး
နစ်အင်ပါယာကို လာတယ် ကျုပ်ကကော ကျုပ်က ကစားခုံပေါ်ကနယ်ရုပ်တစ်ရုပ်အဖြစ်မွေး
လာခဲ့ရတာလား ဖီးနစ်အင်ပါယာကိုသိမ်းပြီး ရှချန်ဖုန်းကို ဘုရင်တင်မြှောက်ဖို့ သူတို့က အစီစဉ်
ချထားခဲ့တယ် အဲ့ဒီနောက်သူက ချမ်းသာတဲ့နိုင်ငံတွေကို သိမ်းပိုက်တော့မယ် ကျုပ်တို့သားအမိ
နှစ်ယောက်ကကော သူတို့အသုံးချခံတွေလား ဘာ့ကြောင့်လည်း"

စတုထ္ထမင်းသားက ရုတ်တရက်ဒေါသပေါက်ကွဲကာ အော်ဟစ်နေသည်။ယခု သူ့ပုံစံက ရန်စခံရ
သော မှော်သားရဲတစ်ကောင်လို ဖြစ်နေသည်။

"ရှလေး မင်းဒေါသထွက်နေတာကို မေမေသိတယ် မင်းရဲ့ညာဏ်ရည်နဲ့ဆိုရင် မင်းက ဘယ်သူကို
မှရှုံးမှာ မဟုတ်ဘူး ဒါပေမယ့် ဒါကကံတရားပဲလေ သားရယ်"

"ကံတရားဟုတ်လား ကံဆိုတာလူကလုပ်တာ ကျုပ်က ကျုပ်ရဲ့ကံတရားကို ကျုပ်ကိုယ်တိုင်
ဖန်တီးမယ် ကျုပ်ကသူများအသုံးချခံမဟုတ်ဘူး ဘုရင်တစ်ယောက်ဖြစ်လာရမယ်"

"ဒါ မဖြစ်နိုင်ဘူး"

"ဒီကိစ္စနဲ့တော့ မစိုးရိမ်ပါနဲ့ ကျုပ်မှာအစီစဉ်တွေ ရှိပြီးပါပြီ ဧကရီအရှင်မ အခြေအနေက ဘယ်လို
လည်း" စတုထ္ထမင်းသားက မေး၏။

"သူမက မေမေရဲ့ စိတ္တသဟဇာတ ပညာအောက်မှာရုန်းမထွက်နိုင်တော့ဘူး ဒါပေမယ့် စိတ်ချ
ရအောင် နည်းနည်းတော့ ထိန်းချုပ်မှုကို ပိုလုပ်ထားလိုက်တယ်"

"ဒါဆိုရင် ကောင်းပါပြီ အခုကျုပ်တို့လုပ်ရမှာက လုံချန့်ထံကနေ သတင်းကောင်းကို စောင့်ဖို့ပဲ
ရှိတယ် ကျုပ်ကိုစိတ်ပျက်အောင် သူမလုပ်ဖို့ မျှော်လင့်ရတာပဲ" စတုထ္ထမင်းသားကပြုံးသည်။
ပြီးလျှင် လက်ဖက်ရည်ပန်းကန်ကို မြှောက်၍ တစ်ကျိုက်တည်းဖြင့်အကုန် မော့ချလိုက်တော့၏။

...

လုံချန် အိမ်သို့ပြန်ရောက်လျင် သူတို့ခြံ၀န်း၏ မုခ်ဦး၀၌ မြင်းရထား အတော်များများရပ်ထားသည်ကို
တွေ့သည်။သူက မုခ်ဦး၀မှ ဖြတ်လျှောက်လာလာခြင်းမှာပင် အိမ်စေတစ်ဦးက ဧည့်သည်တွေရောက်
နေကြောင်း  သူ့ကိုလာပြော၏။လုံချန်အံ့သြ နေသည်။သူတို့ လုံအိမ်တော်ကို
ဧည့်သည်မလာသည်မှာ နှစ်ပေါင်းအတော်ကြနေပြီဖြစ်၏။မည်သည့်ဧည့်သည်များ ဖြစ်သနည်း။

လုံချန်က သူအမေထံသို့  တိုက်ရိုက်သွားလိုက်၏။သူမက ဧည့်သည်များဖြင့် ပြုံးရွှင်စွာ စကားပြော
နေသည်ကို လုံချန်တွေ့ရ၏။လုံချန် ပြန်ရောက်လာသည်ကို မြင်သည်တွင် သူမက ကပျာကယာ
လှမ်းပြောသည်။

"ချန်လေး လာ သားအဒေါ် နှစ်ယောက်ကို နှုတ်ဆက်လိုက်ဦး" ထိုဧည်သည့်များတွင် သူ့မေနှင့်
အသက်အတူတူလောက် ရှိသည့် အမျိုးသမီးနှစ်ယောက်ကို သူတွေ့သည်။လုံချန်က စိတ်မပါ
သော်လည်း ယဉ်ကျေးမှုအရ နှုတ်ဆက်ရသည်။

"ဟားဟား လိမ္မာလိုက်တဲ့ ကလေး အရွယ်ရောက်လာတာမြန်လိုက်တာ သားတို့လာ မင်းတို့အမျိုး
ကိုလာနှုတ်ဆက်ဦး" အဒေါ်နှစ်ယောက်ထဲက တစ်ယောက်က သူမနောက်တွင် ရပ်နေသော လူ
များကိုလှမ်းပြောလိုက်၏။

ထိုသူများမှာ ယောကျာင်္းသုံးယောက်နှင့် မိန်းမနှစ်ယောက်ဖြစ်၏။အသက်က သူ့လောက်ပင်ရှိမည်။
ထိုလူများထဲမှ ယောက်ကျာင်္းတစ်ယောက်က အနေရခက်သည့် လေသံဖြင့်ပြော၏။

"မတွေ့တာ ကြာပြီနော်" လုံချန်ကခေါင်းငြိမ့်လိုက်သည်။ထိုလူကို သူက  ခပ်ရေးတေးတေးမှတ်မိ
နေသေးသည်။သူ ကလေးဘ၀တွင် သူ့၏ အရုပ်အား ထိုလူမှ အတင်းအကျပ်လုယူခဲ့ခြင်း ကြောင့်
သူငိုခဲ့ရသည်ကိုမှတ်မိနေသေး၏။

သူက သူမမိခင်၏ အမျိုးများဖြင့် စကားမပြောမပြောချင်ပေ။သို့သော် သူမိခင်မှာ လွန်စွာပျော်
ရွှင်နေသည်ကိုမြင်လျှင် အလိုက်အထိုက်ပြန်ပြောရလေ၏။ဤသို့ စကားအနည်းငယ် ပြောပြီး
နောက် သူကမတ်တပ်ရပ်ကာ သွားတော့မည် ဖြစ်ကြောင်း နှုတ်ဆက်လိုက်သည်။

နောက်တွင်မှ ထိုအမျိုးများသည် သူမမိခင်ကို လာတောင်းပန်ခြင်းဖြစ်ကြောင်း လုံချန်သိသည်။

"ချန်လေး မေမေတို့မိသားစု အကျပ်အတည်းကြုံနေတုန်းက သူတို့လာမကူညီတာကို အရင်ကတော့
မေမေလည်း ဒေါသဖြစ်မိတယ် ဒါပေမယ့် အခုသူတို့က မေမေ့ကို အဖြစ်စုံလာရှင်းပြတယ် သူတို့
မကူညီချင်လို့မဟုတ်ဘူး မကူညီဝံ့လို့တဲ့" လုံအမျိုးသမီးကသက်ပြင်းချသည်။

"အခု ဒီအကြပ်အတည်းက ပြီးသွားပြီ သားကလည်း အဆင့်မြင့်တဲ့ ဆေးဆရာဖြစ်လာပြီ ဆိုတော့
မေမေတို့ လုံမိသားစုဟာ ရေမြင့်ကြာတင့် တဲ့ အဖြစ်မျိုးရောက်နေပြီလေ မေမေက အဲ့တာ
တွေကိုတွေးပြီး သူတို့တောင်းပန်တာကို လက်ခံလိုက်တာ အတိတ်ကို အတိတ်မှာပဲထားပါသား
ရယ် သူတို့ကိုကိုလည်းအာဃာတ မထားပါနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဟာ မင်းမေမေရဲ့ မိသား
စုတွေလေ"

လုံချန်က စိတ်ထဲတွင် ကျိတ်လှောင်နေသည်။မကူညီဝံ့သည်တဲ့လား။လုံချန်တို့မိသားစု အစားအသောက်
အတွက်ပင် အနိုင်နိုင်ဖြစ်နေသည့်အချိန်တွင် သူတို့ဘာလုပ်နေကြသနည်း။တိုက်ရိုက်မကူညီ ဝံ့ လျှင်
ပင် ငွေအနည်းငယ် တိတ်တဆိတ် ပေးခြင်းဖြင့် သူတို့ မိသားစုအသက်ရှုအတော်ချောင်ပေမည်။

ယခုအခါ၌ လုံချန်၏နာမည်က ဖီးနစ်မြို့တွင် တစ်ရှိန်ထိုးကြော်ကြားလျှက်ရှိရာ သူ့ကိုမသိသူ တစ်
ယောက်မှမရှိတော့ချေ။သူက ဆရာကြီးယွမ်ချီနှင့် နီးကပ်သည့်ပတ်သတ်မှုရှိသူ၊လေလံပွဲတွင် ယင်
အမတ်ကြီးနှင့် ပြိုင်ဆိုင်ရဲသူ တစ်ယောက်ဖြစ်၏။ဤအချက်များက လုံချန် နာမည်ကြီးရန် လုံ
လောက်သည့်အချက်များဖြစ်သည်။

လုံချန်ကား သည်ကဲ့သို့သောနည်းမျိုးဖြင့် သူတို့လုံမိသားစုက ယခင်ကကဲ့သို့ လုံမိသားစုမဟုတ်တော့
ကြောင်း ပြောခဲ့ခြင်းဖြစ်၏။ထိုအမျိုးများ လာရောက်တောင်းပန်ကြခြင်းမှာ သူ့ထံမှမျက်နှာသာရလို
၍ ဖြစ်ကြောင်းလုံချန်သိသည်။လုံချန်က ယင်းအမျိုးများအား အထင်သေးလှသော်လည်း သူ့မိခင်
စကားကြောင့် သိပ်ပြောမနေတော့ပေ။

လုံချန်က သူမအမျိုးများအပေါ်တွင် အဆိုးသိပ်မမြင်သည်ကို မြင်လျှင် လုံအမျိုးသမီး အတော်က
လေးစိတ်သက်သာရာရသွားသည်။မည်သို့ဆိုစေ သူမ မည်မျှပင် ဒေါသထွက်ထွက် ၎င်းတို့က
သူမ၏ဆွေမျိုးများသာ ဖြစ်၏။ထို့ပြင် နှစ်ပေါင်းများစွာ တစ်ယောက်ထဲနေခဲ့ရရာ သူမက ဆွေမျိုး
များထံမှ မေတ္တာကို ငတ်မွတ်နေပြီ ဖြစ်သည်။

လုံချန်က သူ့မိခင်နှင့်စကား ခဏ ဆက်ပြောနေသည်။သူမက သူ့ကို မေးခွန်းများစွာ မေးသော်
လည်း လုံချန်က မတိမကျ သာဖြေသည်။သူလုပ်နေကျအတိုင်း ကောင်းသတင်းတွေကိုသာပြော
၍ မကောင်းသတင်းများကို ထိန်ချန်ထားလိုက်၏။ဤသို့ဖြင့် သူ့မိခင် စိတ်သက်သာရာရမည်ဖြစ်
သည်။

သည့်နောက်တွင် လုံချန်က သူ့အခန်းထဲသို့လာခဲ့သည်။ချုယောင်ကိစ္စနှင့် အလုပ်များနေသည်
ဖြစ်ရာ သူက သိုင်းပင်မကျင့်ရသေးပေ။ယခုအခါတွင် သူက ရှချဖုန်းအား ဖီးနစ်တိုင်းပြည်တွင် အစဉ်
အမြဲနေနိုင် အောင် လုပ်နိုင်မည့်နည်းတစ်ခု စဉ်းစားနေသည်။သို့တိုင်အောင် ရှချန်ဖုန်းဘေးနား
၌ အစောင့်များက အမြဲလိုလိုရှိသည်။သည်ခွေးကောင်ကို တစ်ချက်တည်းဖြင့် ပွဲသိမ်းအောင်လုပ်
ပစ်ဖို့ သူလိုသည်။

သို့သော် သူ့တွင် ဆယ့်တစ်ခုမြောက် စွမ်းအင်စက်ကွင်း ပေါ်ပေါက်လာကတည်းက ရှေ့၌ မည်သို့
သိုင်းဆက်ကျင့်ရမည်ကို မတွေးတတ်ဖြစ်နေခဲ့သည်။သွေးနှောအဆင့်သို့ရောက်ရန် ကြယ်ကိုးလုံး
သိုင်းပညာအား မည်ကဲ့သို့ အသုံးပြုရမည်ကို လုံချန်မသိပေ။

သည့်တိုင်အောင် သူ ပိုအစွမ်းထက်လာစေရန် အခြားနည်းလမ်းလည်းမရှိချေ။ကြယ်ကိုးလုံးသိုင်းပညာ
မှတစ်ပါး သူ့တွင် တစ်ကယ့် ဒန်တမ်လည်းမရှိပေ။သို့ဖြစ်ရာ ယင်း သိုင်းပညာအား ဆက်ကျင့်မှ ရှေ့
အဆင့်သို့ သူ တက်နိုင်မည်ဖြစ်သည်။

"သခင်လေးကို လူတစ်ယောက် လာရှာပါတယ်"

###########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၆၇)နှင်းဝံပုလွေ

ဧည့်ခန်းတွင် အဖြူရောင်စကတ်အရှည်တစ်ထည်ကို ၀တ်ထားသည့်အမျိုးသမီးတစ်ယောက်ရှိ
နေသည်။ထိုအမျိုးသမီးက ကြောင်အမ်းအမ်းဖြစ်နေသည့်လုံချန်ကို ကြည့်ကာ ရယ်နေ၏။

"ဘယ်လိုလည်း ကိုလူချောရဲ့ မတွေ့တာ ခဏလေးရှိသေး ကျွန်မကို မေ့သွားပြီလား"

သူ့ကိုလာရှာသည့် အမျိုးသမီးက ထိုအမျိုးသမီးဖြစ်နေလိမ့်မည်ဟု လုံချန်က တစ်ခါမှ
မတွေးမိချေ။သူက အိမ်မက် မက်နေသကဲ့သို့ပင် ခံစားနေရသည်။ထိုမိန်းမပျိုက သူနှင့် အကိုရှီဆို
သောငတိ၊ဆည်းဆာတောင်ထိပ်တွင် တိုက်ခိုက်စဉ်က သူ့ကို၀င်ရောက်ကာကွယ်ပေးခဲ့သူ ဖြစ်သည်။

"မဟုတ်တာ မမကျုပ်ကို ကူညီပေးခဲ့တဲ့ကိစ္စကို ကျေးဇူးတောင်မတင်ရသေးဘူး" လုံချန်က ကပျာကယာ
ပြောသည်။

"ကျွန်မကို မမလို့ မခေါ်စမ်းပါနဲ့လေ မသိရင်အသက်ကြီးသွားသလိုပဲ ကျွန်မက မမမန်ချီရဲ့ လက်
အောက်က ဂျူနီယာ ပညာသင်ဖက်လေးတစ်ယောက်ပါ ကျွန်မနာမည်က လုဖုန်းတဲ့ ဒါဆို ရှင်က
ကျွန်မကို ညီမလေး လုဖုန်းလို့ခေါ်ပေါ့" သူမကရယ်နေသည်။

"ဟားဟား ဒီလိုဆိုတော့လည်း မောင်လေး လုံချန်က ညီမလေး လုဖုန်းကို နှုတ်ဆက်ပါတယ်" လုံချန်
လည်း လိုက်ရယ်နေသည်။လုံချန်က သူမထံမှ ခင်မင်ရင်းနှီးမှုတစ်မျိုး ခံစားရသည်။သူမ၏ သူ့အပေါ်
ဆက်ဆံပုံကို ကြည့်၍ မန်ချီ နှင့် သူ ဝေကွာမှုသိပ်မရှိတော့ သကဲ့သို့ လုံချန်ထင်မိ၏။ထို့ပြင် စိတ္တအား
ဖြည့်ဆေးကို သူမနှင့် မန်ချီ့ထံ ထည့်ပေးလိုက်နိုင်သည်။

"ဟားဟား ရှင်က စကားတော်တော်တတ်နော် ဒါ့ကြောင့် ဖီးနစ်အင်ပါယာ က မိန်းမပျိုကလေးတွေရဲ့
နှလုံးသားကို သိမ်းပိုက်နိုင်သူကြီးဖြစ်နေတာကိုး" လုဖုန်း က ပန်ချီးကား အချို့ကိုင်ထားပြီး ရယ်နေ
၏။

ယင်းပန်းချီကားအား မြင်ရာ၌ လုံချန် ရုတ်တရက်ရှက်သွားသည်။ထိုအရာက သူနှင့် ဟောင်ချန် အသေ
အကြေတိုက်ခိုက်ကြသည့် တိုက်ပွဲအား ရုပ်ပြစာအုပ်ပုံစံ ဖြင့်ပြန်လည်သရုပ်ဖော်ထားခြင်းဖြစ်သည်။

"အဟမ်း အဲ့တာက ကုန်သည်တွေရောင်းတဲ့ ဟာသတွေပါ"

"ရှင်က ရှင့်ရဲ့အချစ်ကို မင်းသမီး အောင်ဖွင့်ပြောခဲ့တယ်၊အဲ့ဒိနောက် ရှင့်ရဲ့အင်အားကြီးပြိုင်ဘက်ကို
အနိုင်ယူခဲ့တယ် ဒါကဟာသလား" လုဖုန်းက လုံချန့်ကို စနေ၏။

လုံချန်က ရုတ်တရက်ထိတ်ကနဲဖြစ်သွားသည်။အကယ်၍ ထိုကိစ္စကို မန်ချီသိသွားလျှင်....

"လုံချန် ဒါကတော့လက်မခံနိုင်စရာပဲ ကျွန်မ မမက လူအသွင် ပြောင်းထားတဲ့ နတ်သမီးလေးနော
သူမရဲ့ မျက်နှာသာ ပေးမှုကိုရအောင် ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ ရှင်မသိဘူးလား"

ုလုဖုန်းကမကျေမနပ် ဖြစ်နေသည်။   "ကျွန်မတို့အချင်းချင်း နည်းနည်းပါးပါးသိကြပြီဆိုတော့
ရှင့်ကို အကြံပေးမယ် အဲ့ဒိ မင်းသမီးနဲ့လမ်းခွဲလိုက်ပါ မမကို ကျွန်မ ပြန်မပြောဘူး"

ထိုစကားအားကြားလျှင် လုံချန့်အမူအယာက ချက်ချင်းပြောင်းသွားသည်။နွေးထွေးကာ နူးညံ့သည့်
ချူယောင် အား မြင်ယောင်မိသည်တွင် လုံချန်က သူ့ခေါင်းကိုခါလိုက်သည်။

"တောင်းပန်ပါတယ် ကျုပ်မလုပ်နိုင်ဘူး" ဤသို့ပြောရသော်လည်း သူ့နှလုံးသားကို အပ်ပေါင်းများစွာ
ဖြင့်ထိုးနေသကဲ့သို့ လုံချန်ခံစားရသည်။ထိုဆုံးဖြတ်ချက်ကား ဆုံးဖြန်ရန် လွန်းမင်းစွာခက်လှ၏။
မန်ချီ၏ လှပ၍ ကြင်နာတတ်သော ပုံရိပ်လေးက သူ့၏ အသည်းတွင် နက်ရှိုင်းစွာ ကမ္ဗည်းတင်ထား
ပြီးလေပြီ။သူမကြောင့်သာ အချစ်ကို လုံချန် သိခဲ့ရခြင်းဖြစ်၏။

သို့ဆိုလျှင်..ချူယောင်သည်ကော....။ချူယောင်သည် သူ့အတွက် သူမပိုင်ဆိုင်တာ မှန်သမျှ စွန့်လွှတ်
ခဲ့သည်။ယခုအချိန်၌ ချူယောင်ကို သူထားခဲ့ဖို့က မည်သို့မှမဖြစ်နိုင်ချေ။

"ဘာ့ကြောင့်ဒီလောက်ခေါင်းမာနေရလည်း ကျွန်မ မမနဲ့တင်မကျေနပ်ဖူးလား ရှင်က မိန်းမတွေ
ကို ကစားနေတာပဲ ရှင် မင်းသမီးကို ရွေးမယ်ဆိုရင် ကျွန်မ မမကိုတွေ့ဖို့မစဉ်းစားနဲ့တော့"

လုဖုန်းက ဒေါသတကြီးဖြင့် သတိပေးသည်။လုံချန်က အသက်ပြင်းပြင်းရှုလိုက်၏။သူ့စိတ်တွေရှုပ်
ထွေးနေသည်။မည်သို့ဆုံးဖြတ်ရမည်နည်း။သူက မည်သည့်တစ်ယောက်ကိုမှလက်မလွှတ်
ချင်ပေ။သို့သော် တစ်ယောက်ကိုသာ ရွေးရမည်။

လုံချန် တိတ်ဆိတ်နေလျှင် လုဖုန်းက သူမစကားကိုဆက်သည်။ "မင်းသမီးတစ်ယောက်အတွက်နဲ့
ကျွန်မ မမကို ရှင်က စွန့်လွှတ်တော့မယ်ပေါ့"

"ကျုပ် မစွန့်လွှတ်ဘူး တစ်ယောက်မှ ကျုပ်မစွန့်လွှတ်နိုင်ဘူး" လုံချန်က ခေါင်းခါသည်။

"ဟေး ဘယ်လိုလည်း ရှင်ကမျက်နှာပြောင်လှချေလား မိန်းမလှလေး တစ်ယောက်ကို တစ်ပြိုင်တည်း
ယူမလို့လား" လုံချန် အင်မတန် မျက်နှာပြောင်သည်ကို မြင်လျှင် ဒေါသထွက်နေသည့် လုဖုန်းက
တစ်ဟားဟား ရယ်လေသည်။

လုံချန်အံ့အားသင့်နေ၏။လုဖုန်း ဘာပြောနေသည်ကို သူ အမှန် နားမလည်နိုင်ချေ။

"အင်း ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီလိုဆုံးဖြတ်တာမှ ယောကျာင်္းပီသတယ် တစ်ကယ်လို့ ရှင်သာမင်းသမီးလေး
ကို စွန့်လွတ်မယ်လို့ ကျွန်မကိုပြောရင် မမ မန်ချီ နဲ့ ရှင်နောက်ဘယ်တော့မှ တွေ့ရတော့မှ မဟုတ်ဘူး"

လုဖုန်းက ရယ်သည်။ "ဒီလောက်မျက်နှာများတဲ့သူကို ကျွန်မ မမက ဘယ်လိုသဘောကျသွားလည်း
မသိဘူး ဒါကပဏာမ စမ်းသပ်မှုလေးပဲ ရှိသေးတယ်နော် ရှင်ဖြတ်ကျော်နိုင်မယ် လို့ ကျွမထင်ပါတယ်"

ချွေးစီးကြောင်းလေးက လုံချန့်နဖူးမှ မသိမသာကျလာသည်။ခြေကုန်လက်ပန်း ကျသကဲ့သို့ သူခံစား
နေရသည်။ထိုစမ်းသပ်မှုအား ခံစားရသည်ထက် သူက လူတစ်ယောက်ယောက်နှင့်သာ အကြီး
အကျယ် တိုက်ခိုက်လိုက်ချင်သည်။

"ဒါပေမယ့် ရှင်ပျော်တာ စောလွန်းနေတယ် ဒီစမ်းသပ်မှုက ကျွန်မရဲ့ကိုယ်ပိုင်အမြင်ပဲရှိသေးတာ
လေ ကျွန်မ မမဆိုရင် တော့ အလှလေးနောက်တစ်ယောက်နဲ့ ရှင်ခြေပုန်းခုတ်တာကို ခွင့်ပြုမလား
ခွင့်မပြုဘူးလားဆိုတာ သူပဲသိမှာပဲ" စိတ်အေးလက်အေးဖြစ်သွားသည့် လုံချန့်ကို မြင်လျှင် လုဖုန်းက
ရယ်၍ သတိပေးပြန်၏။

သူမစကားကို ကြားလျှင် လုံချန်မှာ အကြောအချဉ်များတစ်ကိုယ်လုံး ပြန်တောင့်တင်းလာပြန်သည်။

လုဖုန်းကသူမစကားကိုဆက်သည်။  "ဒါပေမယ့် ကျွန်မ မမအကြောင်းကိုကျွန်မ နားလည်တော့
ရှင်ဟာ ယောကျာင်္းတွေအားလုံးထဲမှာ မဟာအခွင့်အရေးကြီး ရှိတယ်လို့ပြောနိုင်တယ် ပြီးတော့
ကျွန်မသာကူညီပေးရင် ရှင့်အခွင့်အရေးက ဒီထက်တောင်ပိုကောင်းလာဦးမှာ"

"ဒါဆိုလည်း ကျုပ်က ညီမလေး လုဖုန်းရဲ့ကူညီပေးမှုကို ကျေးဇူးတင်ပါတယ်ဗျာ" လုံချန်က ကပျာကယာ
ပြောလိုက်၏။

"ဟားဟား ကျွန်မ ရှင့်ကိုမစတော့ပါဘူး ဒီကိုလာတာ ကိစ္စနဲ့လာတာ 7ရက် 7ညလောက် ဆက်တိုက်
ပျံသန်းလာရတော့ ကျွန်မတော်တော်ပင်ပန်းနေပြီ ပြီးတော့ ရှင်က ကျွန်မကို လက်ဖက်ရည်လေး
ဘာလေးတောင် မတိုက်ဘူးနော်" လုဖုန်းကသက်ပြင်းချ၍ မကျေမနပ်ပြောသည်။

"အိုး ညီမလေး လုဖုန်းအတွက် ကျုပ် လက်ဖက်ရည် ငှဲ့ပေးပါ့မယ်" လက်ဖက်ရည်ကရားယူ၍
လုံချန်က ဂရုတစ်စိုက်ငှဲ့ပေးလိုက်၏။ဤသို့မလုပ်၍လည်းမရ။မန်ချီ နှင့်ပတ်သတ်၍ သူမကို လုံချန်
ဖားထားရမည်။

လုဖုန်းက လက်ဖက်ရည်ပန်းကန်ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်နေသည်။

"ရှင်တို့လုံမိသားစုက လက်ဖက်ရည်ကို ရေအေးနဲ့ပဲဖျော်လေ့ရှိကြတာလား"

သို့လျှင်မှ လက်ဖက်ရည်တွေက အေးစက်နေပြီဆိုသည်ကို လုံချန်သဘောပေါက်သည်။သို့သော်လုံချန်
ကမျက်နှာပြောင်ပြောင် နှင့်ပင်ဆက်ပြောသည်။ "ဒါကလက်ဖက်ရည်အေးလေ အပူမကြိုက်သူတွေ
အတွက်ပေါ့ ညီမလေး လုဖုန်း သောက်ကြည့်ပါလား"

"ရှင့်ကို ယုံတဲ့သူတွေအတွက်တော့ ကျွန်မတစ်ကယ်ရင်လေးတယ်" လုဖုန်းက ဒေါသသံပါပါဖြင့်ပြော၏။

"ဟို....ညီမလေး လုဖုန်းက လက်ဖက်ရည်အေး မကြိုက်ရင် ကျုပ် ပူတာဖျော်ပေးမယ်လေ"

"အာ ထားလိုက်ပါတော့ ရှင့်စေတနာမှန်ရင် ပြီးတာပါပဲ သွားလိုက်လာလိုက်နဲ့ အတော်ပျင်းဖို့
ကောင်းတယ် ကျွန်မကစတာပါ"

တဒင်္ဂ လုံချန် ငိုရမလို ရယ်ရမလို ဖြစ်သွား၏။ဤလုဖုန်းက အတော်အကျီစယ်သန်သည့် ကောင်
မလေးပင်။သို့ရာတွင် သူမက အလွန်အပစ်ကင်းစင်ကာ တက်ကြွသူလေးလည်းဖြစ်သည်။သူမက
သူပြောချင်သည်ကို ပြောသည်။ထိုအကျင့်လေးက သူမကို လူချစ်လူခင် ပေါစေသည်။

လေဝံညာဉ်စံအိမ်က ဤအရပ်မှ မိုင်ပေါင်းများစွာ ကွာဝေးသည့် အရပ်၌ရှိသည်။မှော်သားရဲ စီးနင်း၍
ပျံသန်းလာသည်ဖြစ်လျှင်တောင် 7ရက် 7ည ပျံသန်းလာခြင်းက သူမကို အလွန်ပင်ပန်းနေစေလိမ့်မည်။
ထို့ကြောင့်သူမက သူ့ကို စနောက်နေခြင်းအား လုံချန်နားလည်သည်။

"နောက်ပြီး ရှင့်ကို သတင်းကောင်းပြောရဦးမယ် မမက ရှင့်အတွက်လက်ဆောင်တစ်ခု
ပေးလိုက်တယ်" လုဖုန်းက သေတ္တာငယ်တစ်လုံးကို လုံချန့်အားပြသည်။ထိုအခါမှ နှစ်ပေခန့်ရှိမည့်
လေးထာင့်သေတ္တာငယ်လေးကို လုံချန်က တွေ့သည်။

သေတ္တာငယ်လေးအားဖွင့်လျှင် အထဲ၌ မြင်ရသော အမွှေးဖွားဖွား သတ္တဝါငယ်လေးကြောင့် လုံချန်
အံ့အားသင့်သွားသည်။ယင်းက လက်ဝါး အရွယ်သာရှိသည့် ဝံပုလွေပေါက်ကလေး တစ်ကောင်ဖြစ်
သည်။ဝံပုလွေ လေး၏ အမွှေးက စွတ်စွတ်ဖြူနေ၏။နဖူး၏ အလယ်၌ ရှိသည့် အမွေးများကမူ ရဲရဲ
နီနေကြသည်။ယင်း ဝံပုလွေပေါက်ကလေးက အလွန်အမင်း ချစ်စဖွယ်ကောင်းလေသည်။

၀ံပုလွေပေါက်လေးက မွေးကာစဖြစ်ရာ မျက်လုံးပင် မပွင့်သေးပေ။၎င်းက ဟိုစမ်းစမ်း သည်စမ်းစမ်း
ဖြင့် အစာလိုက်ရှာနေပုံရသည်။

"ကြက်သွေးရောင်မီးတောက် နှင်းဝံပုလွေလား"

လုံချန်က အလွန်အမင်းအံ့အားသင့်နေ၏။ထိုဝံပုလွေ လေးက မှော်သားရဲကောင်ဖြစ်ကြောင်း သူ
အရင်က စာအုပ်ထဲ၌ ဖတ်ဖူးထားသည်။ပုံသဏ္ဍန်၊အရောင် အသွေးအား ကြည့်လျှင် နှင်းဝံပုလွေ
ဖြစ်ကြောင်း လုံချန်က သိပ်သေချာနေသည်။

သို့ရာတွင် နှင်းဝံပုလွေ အများစုက သွေးနှောများဖြစ်ကြသည်။သူတို့၏ အမွေးများက ခပ်မှိုင်းမှိုင်း
အရောင်ရှိကြကာ တစ်ခါတစ်ရံ အစက်အပြောက်များပင် ပါတတ်ကြသည်။သို့တိုင်အောင် ယခု
၀ံပုလွေပေါက်က မည်သည့်အစက်မပြောက်မှ မပါပေ။သို့ဆိုလျှင် ဤဝံပုလွေက အလွန်မျိုးရိုးသန့်
သည် နှင်းဝံပုလွေ ပင်ဖြစ်သည်။

ဤကဲ့သို့သော နှင်းဝံပုလွေမျိုးက အရွယ်ရောက်လျှင် တတိယ အဆင့် မှော်သားရဲဖြစ်သွားကာ
စတုထ္ထအဆင့် မှော်သားရဲများနှင့်ပင် ယှဉ်၍ တိုက်ခိုက်နိုင်စွမ်းရှိသည်။ကျင်ကျီပြောင်းလည်းမှု အဆင့်
ရှိသိုင်းသမား များအား အနိုင်ယူနိုင်သည့် မှော်သားရဲမှာ ယင်းဝံပုလွေသာလျှင်ရှိလေသည်။

"အမှန်ပဲ ဒါဟာ နှင်းဝံပုလွေ မျိုးရင်း အစစ်ပဲ မွေးကာစလေးပဲရှိသေးတယ် အဲ့အကောင်လေးကို
ဆရာက ကျွန်မ မမကို လက်ဆောင်အဖြစ်ပေးတာလေ ဒါပေမယ့် သူမကတော့ ကျွန်မကို
7 ရက် 7ည လောက်ခရီးထွက်ခိုင်းပြီး ရှင့်ကို လက်ဆောင်အဖြစ် သွားပေးခိုင်းတယ်" လုဖုန်းက
သူ့ကို ရှုပ်ထွေးသည့်ဟန် ဖြင့်ကြည့်၍ ပြောသည်။

လုံချန့် နှလုံးသားလှုပ်ရှားသွားရသည်။မန်ချီကား သူ့ကိုမမေ့ရုံသာမက သူ့အတွက်ပါစိတ်ပူနေသည်။
မိန်းမလှလေးတစ်ယောက်ထံမှ ဤသို့ခံစားချက်က လုံချန့်ကို မျက်ရည်ပင်ဝဲသွားစေသည်။

"မူလက မမဟာ ဒီဝံပုလွေလေးကို သာမာန် အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင် အဖြစ်မွေးစေ
ချင်တာပဲ ဒါပေမယ့် ရှင်က ဆေးဆရာဖြစ်နေမှန်းကိုသူမ ဘယ်တုန်းကမှ မသိခဲ့ဘူး ရှင့်ရဲ့ စိတ္တ
စွမ်းအားကလည်း အဆင့်မသေးဘူးပဲ ကျွန်မ ရှင့်ကို မှော်သားရဲ ထိန်းချုပ်နည်းတွေ သင်ပေး
ခဲ့မယ် အဲ့ဒါဆိုရင် နှင်းဝံပုလွေ လေးကို တိုက်ပွဲတွေမှာပါ သုံးလို့ရပြီ"

ပုံမှန်အားဖြင့် သိုင်းသမားများမှာ မှော်သားရဲထိန်းကျောင်းသူများလည်း ဖြစ်ကြသည်။သူတို့က
သိုင်းပညာ သို့မဟုတ် အခြားပညာရပ်တစ်ခုခုကို အသုံးချပြီး မှော်သားရဲများအား တစ်ဖြေးဖြေး
ယဉ်ပါးလာအောင်လုပ်ကာ မွေးမြူကြခြင်းဖြစ်သည်။

သို့ရာတွင် ထိုသို့အိမ်တွင်း မွေးမြူခြင်းက အဆင်မပြေပေ။မည်သို့ဆိုစေ မှော်သားရဲများတွင် ဖယ်ထုတ်
၍မရသော ရိုင်းစိုင်း၊ရက်စက် သည့် အော်ရာများရှိရာ မှော်သားရဲများက သခင်များအား ပြန်သတ်
ခြင်းသည် မထူးဆန်းသည့် ကိစ္စများဖြစ်နေတတ်သည်။

ထို့ကြောင့် မှော်သားရဲကို အိမ်တွင်းမွေးခြင်း က အလွန်တရာ ရှားပါးလေသည်။မှော်သားရဲက အန္တာ
ရာယ်ပင်များသော်လည်း နည်းလမ်းမှန်ကန်စွာ လေ့ကျင့်၍ ကောင်းစွာ အသုံးချတတ်လျှင်မူ သိုင်းသမား
တစ်ယောက်၏ တိုက်ခိုက်ရေးတွင် နောက်ထပ်ခွန်အား တစ်ရပ်အဖြစ် ထပ်ပေါင်းထည့်၍
အလွန်အင်မတန်ကြောက်မက်ဖွယ်ကောင်းအောင် အသုံးချ၍ ရပေသည်။

မှော်သားရဲများကို ထိန်းချုပ်မည်ဆိုလျှင် အလွန်အစွမ်းထက်သည့် စိတ္တစွမ်းအားလိုသည်။မှော်သား
ရဲနှင့် သခင်က စိတ္တစွမ်းအားမှတစ်ဆင့် အချင်းချင်းချိတ်ဆက်ထားရပြီး အတူတစ်ကွ တိုက်ခိုက်
နိုင်၏။

မန်ချီက လုံချန်၏ လက်ရှိသိုင်းပညာ အဆင့်အား မသိပေ။မန်ချီက သူ့ကို ထို၀ံပုလွေလေး လက်
ဆောင်ပေးခြင်းမှာ သူ့အတွက် အစောင့်အရှောက်ရစေရန်ဖြစ်သည်။သို့ရာတွင် လုံချန်က ဆေးပညာ
ရှင်ဖြစ်နေချေပြီ။လုဖုန်းက မှော်သားရဲနှင့်စိတ်ချင်းဆက်သွယ်နည်း၊ထိန်းကျောင်းနည်းများအား သူ့ကို
သင်ပေးသည်။

လုဖုန်းအတွက် အံ့အားသင့်စေသည်က သူမအကြမ်းဖျဉ်းရှင်းပြချက်များအား လုံချန်က နားလည်
နိုင်စွမ်းရှိနေသည်ကိုပင်။ထို့နောက် လုံချန်က မှော်သားရဲထိန်းကြောင်းနည်း၏ အဓိက အချက်
များကို မေးသည်။

သို့ရာတွင် မှော်သားရဲထိန်းကြောင်းနည်း၏ အဓိကအချက်အလက်များအား လုဖုန်းက လုံချန်ကို
ပြောလို့မရပေ။အကြောင်းမှာ သူမတို့ဂိုဏ်းက ထိုအဓိက အချက်အလက်များအား ပြင်ပသို့ မပေါက်
ကြားစေရန် တင်းကျပ်စွာ ကန့်သတ်ထားခြင်းကြောင့်ဖြစ်သည်။

လုံချန်၏ ညာဏ်ရည်က လုဖုန်း မထင်မှတ်ထားသည့်အတိုင်း အတာထိရောက်နေသည်။လုံချန်ကား
လူယောင်ဆောင်ထားသည့် မွန်းစတားတစ်ကောင်လေလားဟုပင် သူမစဉ်းစားမိသည်။လုံချန်ကသူမ
ရှင်းပြလိုက်သည့် စကားလုံးများအား ချက်ချင်းလိုလို အသေးစိတ်မှတ်မိ၏။သူက သူမ မစဉ်းစားမိသည့်
အကြံညာဏ်များပင် သူမကိုပေးသေးသည်။

လုဖုန်းက လုံအိမ်တော်တွင်နေ့တစ်၀က် ခန့်နေသည်။နည်းစနစ်များအား လုံချန်က ကောင်းစွာ
နားလည်သွားသည့်အချိန်၌ နှင်းဝံပုလွေလေးကို သူ့လက်သို့ အပ်ကာ လုဖုန်း ပြန်သွားတော့သည်။
သို့သော်သူမ မပြန်ခင် လုံချန်က ရှားပါးသော စိတ္တအားဖြည့်ဆေးကို မန်ချီ့ ထံသို့ သူမနှင့် အတူထည့်
ပေးလိုက်၏။

သူမပြန်သွားသည့်နှင့် လုံချန်က ကိုင်ထားသည့် ဝံပုလွေပေါက်လေးကို သူ့ရင်ဘတ်ပေါ်တင်ထား
လိုက်သည်။ဝံပုလွေ လေးမှ နွေးထွေးမှု တစ်မျိုးအား သူခံစားရသည်။နှင်းဝံပုလွေလေး သူရလိုက်ခြင်းက
မန့်ချီထံမှ သူမ နှလုံးသားကို ရလိုက်သည်နှယ်ပင်။

မန်ချီက သူ့အား ဂရုစိုက်သည်ကို သိလျှင် လုံချန်က အလွန်ပျော်ရွှင်နေလေသည်။သူက အင်ပါရီယာ မြို့
၌ ဖြေရှင်းစရာရှိသော ကိစ္စများကို ခပ်မြန်မြန် ဖြေရှင်းနိုင်ဖို့မျှော်လင့်နေသည်။ပြီးလျှင် အဆင့်မမြင့်
သေးသည့် ဤနယ်မြေများမှထွက်ကာ ကြီးမားကျယ်ပြန့် သည့်လောက ကြီးထဲသို့ သူက ၀င်ရောက်
နိုင်ပြီ ဖြစ်သည်။

အကြောင်းမှာ လှဧကရီမလေးတစ်ပါးက သူ့အား စောင့်ဆိုင်းလျှက်ရှိသည်ကို သူကသိခြင်းကြောင့်
ဖြစ်၏။မန်ချီအကြောင်း စဉ်းစားမိလျှင် သူ့သွေးတွေ ပူနွေးလာသလို ခံစားရသည်။

"ဝါး"

ရုတ်တရက် သူ့လက်အတွင်း၌ ရှိသော နှင်းဝံပုလွေလေးထံ မှ အော်သံထွက်လာကာ ၎င်းက သူ့၀တ်ရုံကြား
သို့လျှောက်သွားနေတော့သည်။ဝံပုလွေပေါက်လေးကို ကြည့်၍ လုံချန်က ပြုံးသည်။သို့ရာတွင်
ထိုအချိန်၌ အလွန်ပြင်းထန်သော သွေးဆာသည့် ခံစားမှုကို လုံချန်ခံစားလိုက်ရလေသည်။

###########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၆၈)ဖေဖေ့ထံမှအိမ်မက်များ

သူ့ကို တစ်ယောက်ယောက် စောင့်ကြည့်နေကြောင်းလုံချန် သတိထားမိလိုက်သည်။သို့သော် သူ့၏
ဒေ၀ညာဏ်စဉ် ဖြင့် လုံအိမ်တော်အနှံ့သို့ ဖြန့်ကျက်ကြည့်ရှုရာ ၌လည်း မသင်္ကာဖွယ် တစ်စုံတစ်ယောက်
ကိုမှ မတွေ့ရချေ။

သို့ရာတွင် သူ့၏ ခံစားချက်က လုံး၀မမှားနိုင်ပေ။သူ့၏ စူးရှသည့်ညာဏ်စဉ်တွင် ၎င်း၏ သွေးဆာ
သည့် ခံစားချက်ကို ခံစားမိခြင်းပင်။လုံချန်က သူ့၏ အာရုံခံနိုင်မှုကို အပြည့်အ၀ယုံကြည်သည်။
အကယ်၍ သံသယဖြစ်ဖွယ်ရာက လုံအိမ်တော်အတွင်းမှ မဟုတ်လျှင် အဝေးတစ်နေရာမှ စောင့်
ကြည့်နေခြင်းကြောင့် ဖြစ်သည်။

မှောင်လာသည့် ကောင်းကင်အား ကြည့်ကာ ခပ်တိုးတိုးရေရွတ်ရင်း ဝံပုလွေပေါက်လေးကို လုံချန်က
သစ်သားအိမ်လေးထဲ ပြန်ထည့်လိုက်သည်။အနှီ သစ်သားလှောင်အိမ်လေးက လုဖုန်း သူ့ကိုပေးခဲ့ခြင်း
ဖြစ်ကာ အထဲ၌ ဝံပုလွေပေါက်လေး အတွက်အစာလည်း ပါသည်ဖြစ်ရာ အစာအတွက် ဖြင့် ပူစရာ
မလိုပေ။

၀ံပုလွေပေါက်လေးကို သင့်တော်သည့် နေရာတစ်နေရာတွင် လုံချန်ထားလိုက်ပြီးနောက် အ၀တ်အစား
လဲ၍ လုံအိမ်တော် မှသူထွက်လာခဲ့၏။ထင်ထားသည့်အတိုင်းပင် သူ့အာရုံခံမှုက မှန်သည်ဆိုသည်ကို
တွေ့ရသည်။အိမ်၏ မုခ်ဦး၀မှ ထွက်သည်နှင့် လူများ သူ့ကိုစောင့်ကြည့်နေသည်ကို လုံချန် အာရုံခံမိ
သည်။အေးစက်စက် အပြုံးတစ်ခုက သူ့နှုတ်ခမ်းထက်၌ ပေါ်လာကာ ဆက်လျှောက်လာခဲ့လိုက်သည်။

ထိုလူများက သူ့အား သတ်ရန်လာသည်ကို လုံချန်သိသည်။အကယ်၍ သူမှန်းတာမှန်လျှင် ထိုလူများ
သည် ညရောက်အောင်စောင့်ကာ လုံအိမ်တော်ထဲသို့ ခိုး၀င်ပြီး သူ့ကိုအပျောက်ရှင်းရန်ကြံစည်ခြင်း
ဖြစ်နိုင်သည်။လုံချန်က သူ့အိမ်တွင် မတိုက်ခိုက်ချင်ပေ။ထို့ကြောင့် သူက လုံအိမ်တော်မှ ထွက်
လာခဲ့ခြင်းဖြစ်၏။

သူထင်ထားသည့်အတိုင်းပင် လူအတော်ရှင်းသည့် နေရာတစ်နေရာသို့ရောက်လျှင် မြှားတစ်စင်းက
လေကိုဖြတ်၍ ဝီးကနဲ သူ့နောက်ကျောမှ ၀င်လာသည်။သို့ရာတွင်မူ ထိုအချိန်၌ မြားကိုရှောင်ရန်
နောက်ကျခဲ့ချေပြီ။လုံချန် မြေပေါ်ပစ်လဲကျသွားကာ တုန်တုန်ယင်ယင်ဖြင့် ညည်းညူနေသည်။

လူဆယ်ယောက်ကျော်လောက်က သူ့ကိုဝိုင်းထားကြ၏။ထိုလူများက မျက်နှာဖုံးများနှင့်ဖြစ်သည်။
သူတို့က ဓားများကို မြှောက်၍ ဆုတ်ခွာနိုင်မည့် လမ်းကြောင်းများကို ပိတ်ဆို့ထားသည်။

"ဟမ့် ဖီးနစ်မြို့က နံပါတ်တစ် ဂျူနီယာတစ်ယောက်ဟုတ်လား ငတုံးပဲ တစ်ချက်တည်းနဲ့လစ်တာပဲ" မျက်
နှာဖုံးစွပ် တစ်ယောက်က လှောင်သည်။သူ့စကား ဆုံးသည်တွင် မြှားတစ်စင်းက ဝီးကနဲ သူ့ဗိုက်ကို
လာစိုက်၏။ထိုမျက်နှာဖုံးစွပ် မှာ မျက်လုံးများပြူး၍ သူ့ဗိုက်ကို သူ ပြန်မကြည့်ရဲချေ။သူသေသွားသည့်
တိုင်အောင် သူ့ကိုသတ်သည့်လူကို စဉ်စားမရခဲ့ချေ။

"သတိထားကြ"

အခြားမျက်နှာဖုံးစွပ်များက ချက်ချင်းနောက်ဆုတ်သွားကြသည်။သူတို့က လုံချန်ကို မယုံနိုင်ဟန်
များဖြင့် ကြည့်ကြသည်။လုံချန့် နောက်ကျောတွင် မြှားမရှိတော့ကြောင်းသူတို့ သတိထားမိ၏။
ပိုဆိုးသည်က လုံချန့်ကြည့်ရသည်မှာ ဘာမှမဖြစ်သလိုပင်။လုံချန်က လဲနေရာမှ ထကာ ၀တ်ရုံ၌
ပေနေသည့် ဖုန်များ၊သဲများကို အေးအေးဆေးဆေး ခါချနေ၏။

လုံချန်က သူတို့ကို အစောပိုင်းကပင်လျှင် သတိထားမိပြီးဖြစ်ရာ မည်သို့ချုံခို၍ တိုက်ခိုက်နိုင်ပါမည်
နည်း။မြှားက သူ့နောက်ကျောတွင် လာစိုက်ကာနီး၌ လုံချန်က လေထဲမှာပင် ဖျက်ဆီးပစ်လိုက်ပြီ
ဖြစ်သည်။သို့သော် သူက မြေပြင်သို့ လဲကျ၍ တုန်တုန်ယင်ယင် ဖြင့်ဟန်ဆောင်ခဲ့ခြင်းသာ။

သူကား သရုပ်ဆောင်ပညာ၌ အလွန်တော်သူဖြစ်သည်။လုံချန် ဤကဲ့သို့ လုပ်ရခြင်းမှာ သူနောက်ကို
လိုက်နေသော လူအုပ်စု မျက်နှာထွက်ပြလာစေရန်ဖြစ်သည်။သူ့ကို ပစ်လိုက်သည့် မြှားခေါင်းက
အဆိပ်သုတ် မထားသော မြှားခေါင်းဖြစ်နေသည်။ကျွမ်းကျင်သော ကြေးစား လူသတ်သမားတစ်
ယောက်မှာ သေမသေ မသေချာ သေးသည့်ရန်သူ တစ်ယောက်ထံသို့ မည်သည့်အခါမှ ကိုယ်ထင်
ပြမည်မဟုတ်ချေ။

"လူစု"

မျက်နှာဖုံးတစ်ယောက်က အော်ဟစ်လိုက်လျှင် အခြားမျက်နှာဖုံးစွမ်များက သူတို့၏ အော်ရာများကို
ထုတ်လိုက်ကြသည်။သွေးချီ ၏ အရောင်အဝါက ကောင်းကင်ပြင်သို့တက်သွား၏။မျက်နှာဖုံးစွပ်များ
အကုန်လုံးက ချီသွေးနှောအဆင့် သိုင်းသမားများဖြစ်သည်။

တစ်ချွင်ချွင်မြည်သံဖြင့် လုံချန်လက်ထဲသို့ ဓားတစ်စင်းရောက်လာသည်။ထိုဓားက အစောပိုင်းတွင်
သူသတ်လိုက်သည့် မျက်နှာဖုံးစွပ်၏ ဓားဖြစ်သည်။လုံချန်က ထိုဓားကို သုံး၍ ပိတ်ဆို့ထား သူတစ်
ယောက်ကို တိုက်ခိုက်လိုက်၏။

ထိုတိုက်ခိုက်ခံရသူမှာ သူ့လက်တစ်ခုလုံး ထုံကျင်သွားသကဲ့သို့ ခံစားရသည်။ဓားနှင့်ပိုင်းချ လိုက်သည့်
အချိန်တွင် ဓားနောက်တွင် ထွက်လာသည့် လုံချန်၏ အင်အားက ကြောက်မက်ဖွယ်ရာပင်။အဆိုပါ
ကို မျက်နှာဖုံးစွပ်မှာ လက်ထဲမှ ဓားလွင့်ထွက်သွားသလို သူလည်းနောက်သို့ လွင့်သွားလေသည်။

ထိုလူ၏ ခန္ဓာကိုယ်ပေါ်သို့ အေးစက်စက်အရိပ်တစ်ခု လျှပ်ကနဲ ဖြတ်ပြေး၍ ၎င်း၏ ခန္ဓာကိုယ်က
နှစ်ပိုင်းပြတ်ထွက်သွား၏။သွေးများက ပွက်ကနဲ နေရာအနှံ့သို့လွင့်စင်ကုန်၏။

သွေးနှောသိုင်းသမားတစ်ယောက်ကို ဓားတစ်ချက်နှင့် အလွယ်တစ်ကူ သတ်ပြီးနောက် လေထုထဲ
တွင် သွေးညှီနံများကာ လှိုင်လှိုင် တက်လာသည်။သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်စက်ကွင်း များမှာ
ရန်စခံလိုက်ရသည့်အလား မြန်သည်ထက် မြန်စွာ လည်ပတ်လာသည်။

မျက်တောင်တစ်ခတ်စာ အချိန်မှာပင် မျက်နှာဖုံးစွပ် နှစ်ယောက် သေသွားပြီဖြစ်သည်။သူတို့က
ဒေါသထွက်နေကြသလို အံ့လည်းအံ့သြ နေကြသည်။သူတို့က ဒေါသတစ်ကြီးဖြင့် တစ်ပြိုင်တည်း
လုံချန့်ထံပြေး၀င်လာ၏။ထိုမျက်နှာဖုံးစွပ်ကိုယ်စီသည် လုံချန်၏ သေကွင်းသေကွက်များကို ဓားဖြင့်
ချိန်ကာ ၀င်လာခြင်းဖြစ်သည်။

လုံချန်က အေးစက်စက်အသံဖြင့် ဟမ့်ကနဲ လှောင်လိုက်သည်။သူ့လက်မောင်းတွင် ချီစွမ်းအင်များ
လည်ပတ်လျှက်ရှိသည်။ုဓားတစ်ချက်တည်းဖြင့် လုံချန်က လူဆယ်ယောက်ကို နောက်သို့ဆုတ်စေလိုက်သည်။
ဖုန်းကနဲ အသံကြီးထွက်လာကာ ချီဓာတ်လှိုင်းကား ကြောက်မက်ဖွယ်ရာ ရိုက်ခတ်သွား၏။

လူဆယ်ယောက်ကျော်က နောက်သို့ပြန်ဆုတ်မိကြသည်။လုံချန်ကား ဒဏ်ရာပင်မရ။သည့်တိုင်အောင်
သူ့ဓားက ကြောက်မက်ဖွယ်ရာ ချီဓာတ်ကို မခံနိုင်သည်ဖြစ်ရာ အရိုးသာ ကျန်ခဲ့တော့သည်။သူတို့ဆယ်
ယောက်၏ ပူးပေါင်းတိုက်ကွက်ကို လုံချန်တစ်ယောက်တည်းဖြင့် ခုခံနိုင်တာကို မြင်လျှင် သူတို့က
အံ့သြကြီးစွာ ဖြစ်မိသည်။မျက်နှာဖုံးစွပ် များထဲမှ သုံးယောက်မှာ အလယ်အဆင့်သို့ပင် ရောက်
နေသည့် သွေးနှောသိုင်းသမားများဖြစ်သည်။

"ကောင်းတယ် နောက်တစ်ခါပြန်တိုက်ကြစို့"

သူတို့ထဲက တစ်ယောက်ကအမိန့်ပေးသည်။သူ့အသံက တည်တည်ငြိမ်ငြိမ်နိုင်လှသော်လည်း
ယင်းအသံထဲတွင် မဖော်ပြနိုင်သော ထူးဆန်းမှုတစ်ခု ပါနေသည်။မျက်နှာဖုံးစွပ်များမှာ သတိပင်
ပေးစရာမလိုပေ။ယခုအချိန်က သူတို့အတွက် တိုက်ခိုက်ရန်အကောင်းဆုံး ဆိုတာကို သိကြသည်။
သူတို့က လက်နက်မဲ့ ဖြစ်နေသည့် လုံချန် ထံသို့ပြေး၀င်သွားကြလေသည်။

မျက်နှာဖုံးစွပ်များကို ကြည့်ရင်း လုံချန် မျက်နှာတွင် လှောင်ပြုံးတစ်ခုပေါ်လာသည်။သူက သိုလှောင်
လက်စွပ်ကို အသာအယာပွတ်လိုက်သည်။ရွှေရောင်အလင်တန်းတစ်ခု ကောင်းကင်သို့ထိုးတက်သွား
၏။ကြီးမားလွန်းသည့် ရဲဒင်းကြီးတစ်လက်က ကောင်းကင်ထက်မှကျလာ၏။ယင်းရဲဒင်း ၏ အသွားက
အဝေးမှ ကြည့်လျှင် လပြည့်နေ့ လမင်းကြီးကို မြင်ရသကဲ့သို့ ကြီးလေသည်။

သွေးများ၊ခြေပြတ်လက်ပြတ် များက နေရာအနှံ့သို့ပြန့်ကျဲသွားသည်။ရဲဒင်းကြီး ၏ ကြောက်မက်ဖွယ်
ရာအလေးချိန်ကြောင့် မြေပြင်၌ ကျွင်းကြီးတစ်ခုဖြစ်သွား၏။မျက်နှာဖုံးစွပ်ကိုးယောက်က ရဲဒင်းကြောင့်
သေသွားသည်။ထို့ကြောင့် လက်ရှိတွင် မျက်နှာဖုံးစွပ် သုံးယောက်သာကျန် တော့သည်။

အကြောင်းမှာ ထိုသုံးယောက်က အနည်းငယ်နှေးကွေးလေလံ နေခြင်းကြောင်း ရဲဒင်းကြီးကျကျ
လာခြင်းတွင် မထိခိုက်မိသွားခြင်းဖြစ်သည်။ထို့ကြောင့် ဤသုံးယောက်မှာ အသက်ချမ်းသာရာရ
ခဲ့ခြင်းပင်။

သို့တိုင်အောင် သူတို့က အသက်ချမ်းသာရသော်လည်း ကံကားမကောင်းချေ။ကြီးမားသည့် ရဲဒင်း
ကြီးရှေ့တွင် ၎င်းတို့၏ လက်နက်လေးများမှာ ကလေးကစားစရာများလိုဖြစ်နေသည်။သူတို့၏ လက်
နက်များက လုံချန်၏ ရဲဒင်းလက်ချက်ဖြင့် အပိုင်းပိုင်းဖြစ်သွားတော့သည်။

သို့သော် ရဲဒင်းအား အသုံးပြုရသည်မှာ လုံချန့်အတွက်လည်းမလွယ်ကူပေ။အကြောင်းက ထိုရဲဒင်းကို
လက်နှစ်ဖက်ဖြင့်သာ သူအသုံးပြုနိုင်ခြင်းကြောင့်ပင်။ရဲဒင်းက လေးလွန်း နေသည်။တစ်ချိန်းတည်းတွင်
လက်တစ်ဖက်ဖြင့် တိုက်ခိုက်ခြင်းက ရဲဒင်း၏အစွမ်းအား အပြည့်အ၀အသုံးမပြုနိုင်ချေ။

ရဲဒင်းမှာ အစွမ်းပင် အလွန်ထက်သော်ငြား ခွန်အားကို အလွန်အသုံးပြုရခြင်းကြောင့် လုံချန့်လက်
မောင်များက ညောင်းငြာနေသည်။

"ဒီတစ်ခါတော့ မင်းတို့ကောင်တွေကို ငရဲပို့ပေးရမယ့်အလှည့်ပဲ"

လုံချန်က ရဲဒင်းကို ခပ်ဖြေးဖြေးမြှောက်လိုက်၏။သည်တွင်မှ ထိုသုံးယောက်မှ သတိရပြီး ပျံသန်းထွက်
ပြေးသွားရာ မျက်စိအောက်မှ ခဏလေးအတွင်း ပျောက်သွားတော့သည်။သည်သုံးယောက် ပျံသန်း
သွားသည့်ဘက်ကို ကြည့်၍ လုံချန်သက်ပြင်းချမိသည်။မျက်နှာဖုံးစွပ် သုံးယောက်နောက်ကို လုံချန်က
လိုက်မည့်ပုံမပေါ်တော့ချေ။

တစ်ကယ်တမ်းတွင် ထိုသုံးယောက်နောက်ကို သူက မလိုက်ချင်၍မဟုတ်။အကယ်၍ ထိုသုံးယောက်ကို
ဖမ်းမိလျှင်လည်း သူက ဘာမှလုပ်နိုင်မည်မဟုတ်၍ ဖြစ်သည်။လုံချန်က ရဲဒင်း၏ အလေးချိန်နှင့် အစွမ်း
ကိုလျှော့တွက်ထားမိသည်။သို့သော် ရဲဒင်းကို အသုံးပြုရသည်က ခွန်အားအများအပြား ကုန်စေသည်။
သူ ရဲဒင်းမြှောက်လိုက်ချိန်၌ ထိုသုံးယောက်က ကြောက်လန့်၍ ပြေးလို့သာ တော်တော့သည်။သို့မဟုတ်
လျှင် ပြေးရမည့်သူက သူဖြစ်သွားနိုင်သည်။

လုံချန်က ပုခုံးများကို လှည့်၍ အကြောဖြေကာ ရဲဒင်းကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်၏။
သူက ရုတ်တရက် နံဘေးမှ ချုံပုတ်များဘက်သို့လှည့်၍ ပြောလေသည်။

"ပုန်းနေတာလည်းကြာလှပြီ စကားလေးဘာလေးပြောရအောင်အပြင် ထွက်ခဲ့ပါလား"

ထိုချုံပုတ်များမှာ တိတ်ဆိတ်မြဲ တိတ်ဆိတ်ဆဲပင်။လုံချန်သည် အသာအယာပြုံးပြီးလျှင် သူ့လက်
အတွင်း သို့ အနီရောင်ဆေးတစ်မျိုးရောက်လာသည်။ထိုဆေးအား လက်ဖြင့်တောက်လိုက်သည်တွင်
ဆေးမှုန့်လေးများက ချုံပုတ်များအတွင်းသို့ ကျရောက်သွား၏။

ထိုဆေးမှုန့်ကလေးများသည် ချုံပုတ်များအပေါ်သို့ ရောက်သည်နှင့် အများအပြားကွဲထွက်ကုန်သည်။
ထို့နောက် အနီရောင်အခိုးအငွေ့အမြောက်အများက လေထုထဲသို့ လျှင်မြန်စွာ ပျံ့နှံ့သွားသည်မှာ
တင်္ဂအတွင်း၌ မီတာအတော်များများ သို့ပင် ရောက်လေသည်။

ထိုဆေးကား အဆိပ်ဆေးဖြစ်၏။ထိုဆေးကို ဆေးဆရာတို့သည် လူ့အသက်ကို ကယ်ရန် သုံးသည်
မဟုတ်ပဲ သတ်ရန်သာသုံးသည်။ထိုအဆိပ်ကို လုံချန်သိမ်းထားသည်မှာ အတော်ကလေးကြာပြီဖြစ်
သည်။ယခင်တုန်းက စားသောက်ဆိုင်တွင် သူ့နှင့်ဟောင်ချန် တိုက်ခိုက်စဉ်၌ ထိုအဆိပ်ကို အသုံးပြုရန်
သူကြိုးစားသေးသည်။ထိုအခိုက်၌ အိမ်ရှေ့စံ ရောက်လာခြင်းဖြစ်၏။

၎င်းက အသက်အတွက်ကာကွယ်ဆေးဖြစ်သော်လည်း ယခုအခါ၊သူ့တွင် ထိုထက်ကောင်းသည့်ဆေး
များ ရှိပြီဖြစ်ရာ ထိုဆေး၏ အသုံး၀င်မှုက ပျောက်နေသည်။လူတစ်ယောက်က ခြုံပုတ်များထဲမှ
ရုတ်တရက် ပျံသန်းထွက်ခွာလာသည်။

"ကျုပ်က ခင်ဗျားကို ထွက်မပြေးဖို့အကြံပေးချင်တယ် နို့မဟုတ်ရင် မိနစ်အနည်းငယ်အတွင်းမှာ
အဆိပ်က ခင်ဗျားရဲ့ နှလုံးကို ရောက်သွားလိမ့်မယ် အဲ့တာဆိုခင်ဗျားသေပြီပဲ" လုံချန်က တည်တည်ငြိမ်
ငြိမ် နှင့်ပြောသည်။

ထိုလူက ရုတ်တရက်တုံ့ကနဲ ရပ်သွား၏။လုံချန်ပြောသည်မှာ အမှန်တစ်ကယ်လား လိမ်ညာနေခြင်း
လား ဆိုသည်ကို ထိုလူ စဉ်းစားနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။သို့သော် သူက လုံချန်၏ စကားကို
ယုံရန်ဆုံးဖြတ်လိုက်ပုံရသည်။

"သခင်လေးရဲ့ပညာက ချီးမွမ်းထိုက်ပါပေတယ်"

ထိုလူက သူ့ထံသို့ ခပ်ဖြေးဖြေးလျှောက်လာကာ ဦးညွှတ်သည်။ထိုလူ၏ အသက်က သုံးဆယ်၀န်းကျင်
သာ ရှိသေးပုံရ၏။သူ့ပုံစံသည် အနည်းငယ်ပိန်၍ အားနည်းသကဲ့သို့ရှိသည်။သူ့မျက်နှာမှာမူ အထူးသဖြင့်
ခံစားချက်ကင်းမဲ့ပုံရသည်။

"ခင်ဗျားက ဘယ်သူလည်း"

"အစီရင်ခံပါတယ် သခင်လေးခင်ဗျာ ကျုပ်နာမည်က ချန်ဖေးပါ ကျုပ်ကို သခင်လေးရဲ့ အဖေက သူ့
ဇနီးနဲ့သားကို ကာကွယ်ဖို့ တိတ်တဆိတ်လွှတ်ထားတာပါ" ချန်ဖေးကပြောသည်။

"ကျုပ်အဖေ ဟုတ်လား အဲ့ဒိအတွက်ခင်ဗျားမှာ သက်သေရှိလား" လုံချန်က ၀မ်းသာ၊ပျော်ရွှင်မိသည်။
သို့တိုင်အောင် သက်သေတစ်ခုတစ်လေ တော့ သူလိုဦးမည်။ထိုလူသည် သူ့၏ ၀တ်ရုံထဲမှ တစ်စုံတစ်ရာ
အားထုတ်၍ လုံချန် ကိုပေးလေသည်။

"ကျုပ် အရှက်ရမိပါတယ် သခင်လေး အနေနဲ့ ဒါလေးကိုတော့မှတ်မိမယ်ထင်တယ်"

ထိုအရာအားမြင်သည်တွင် လုံချန်သည် ရုတ်ချည်း စိတ်အချဉ်နည်းနည်းပေါက်သွားမိသည်။ထိုအရာ
ကား သူကလေးဘ၀တုန်းက သူ့အဖေ သူ့ကိုလက်ဆောင်ပေးခဲ့သည့် သစ်သားဓားတစ်လက်ပင်။
ထိုအချိန်က သူ့အသက်မှာ နှစ်နှစ်ခန့်သာရှိသေးသည်။လုံချန်သည် အလွန်စိတ်လှုပ်ရှားနေပြီး တစ်
ကယ့်သိုင်းသမား ကြီးတစ်ယောက်ကဲ့သို့ ဓားတစ်၀င့်၀င့် ဖြင့်ဟန်ရေးပြလေ့ရှိသည်။

သည်အချိန်တုန်းကဆိုလျှင် သူ့အဖေနှင့်သူက နေ့တိုင်းသိုင်းလေ့ကျင့်ဖော်များဖြစ်ခဲ့ကြသည်။လုံချန်က
သစ်သားဓား တစ်၀င့်၀င့် ဖြင့်သိုင်းကစားလျှင် သူ့ဖခင်ကြီးက သူ့ကိုအားပေးမြဲ ဖြစ်သလို သူ့မိခင်က
လည်း နံဘေးမှ သူ့ကိုကြည့်၍ ခိုးရယ်မြဲ ဖြစ်၏။

ထိုအချိန်များသည်ကား သူတို့မိသားစု သုံးယောက်၏ အနွေးထွေးဆုံး အချိန်ကလေးများပင်။ထိုနေ့
ရက်လေးများကို လုံချန်က မနေ့တစ်နေ့ကကဲ့သို့ ခံစားနေရသည်။သူသည် သူ့အဖေ၏ စည်းကမ်း
ကြီးသော်လည်း သူ့ကို ဖူးဖူးမှုတ်ထားမတတ်ချစ်ပုံ ကို ပြန်မြင်ယောင်နေပုံလည်းရသည်။

သို့ရာတွင် ကလေးကား ကလေးပင်ဖြစ်၏။အရုပ်ဆိုသည်မှာ တစ်သက်လုံး ဆော့နေ၍ ရသည်မျိုး
မဟုတ်ပေ။အရွယ်ရောက်လာသည်၌ လုံချန်က တစ်ကယ့်ဓားများကို ချစ်မြတ်နိုးတတ် လာခဲ့သည်။
ထိုသစ်သားဓားကို သူ စိတ်မ၀င်စားတော့ချေ။

ယခုအချိန်၌ သစ်သားဓားကို ကြည့်ရာတွင် တစ်လက်လက်တောက်ပနေသည့် အရောင်ကို လုံချန်
သတိပြုမိ၏။ထိုအရောင်က အကြိမ်ပေါင်းများစွာ ပွတ်သပ်မိရာမှ ထွက်လာသည့်အရောင် ဖြစ်မှန်း
သိသာသည်။

"သခင်ကြီးက သခင်လေးနဲ့သူ့ဇနီးကို ဒီနှစ်တွေအတွင်းမှာ အလွန်တွေ့ချင်နေတာ ဒါပေမယ့် သူ့မိသား
စုနဲ့ ပြန်ပြီး မပေါင်းထုပ်နိုင်ခဲ့ဘူး ဒါပေမယ့် သူ့သားဟာ ဒီအဆင့်ထိတောင်ရောက်နေပြီဆိုတာကို
သိရင် အင်မတန် ကျေနပ်နေမှာပဲ" ချန်ဖေးကပြောသည်။

လုံချန်က သစ်သားဓားကို ဂရုတစ်စိုက်သိမ်းဆည်းလိုက်သည်။သူ့အဖေ၏ သတင်းသည် သူ့အား သိုင်း
အဆင့်နောက်တစ်ဆင့်သို့ ထပ်တက်နိုင်သည်ထက်ပင် ပိုစိတ်လှုပ်ရှားစေသည်။နှစ်ပေါင်းများစွာကြာ
ခဲ့ပြီ။သို့ပေမယ့် သူ့ဖခင် ထံမှ စာတစ်စောင်ပင် ရောက်မလာခဲ့။တစ်ခါတစ်ရံ၌ သူ့အဖေက သူ့ဇနီးနှင့်
သားထံ အမှန်ပင် ပြန်မလာချင်တော့ပြီလော ဟုပင် သူတွေးမိ၏။

သူအဖေကို သူ မကျေမချမ်း  မဖြစ်ဟု ဆိုလျင် လိမ်ရာကျမည်။ယနေ့တော့ ချန်ဖေး၏ စကားအားကြား
လျှင် မကျေမချမ်းစိတ်က အတော်ကလေးလျှော့ပါးသွား၏။တစ်ချိန်းတည်းမှာပင် သူက အနည်းငယ်
လည်းရှက်မိသည်။သူအဖေကို သူ ယုံကြည်မှုတွင် သူအမေထက် အဆပေါင်းမျာစွာ သူက နည်းပါး
သေးသည်။

"လုံအိမ်တော်ကို လိုက်ခဲ့ ကျုပ်ခင်ဗျားနဲ့ ပြောစရာလေးတွေရှိတယ်" လုံချန်ကပြောလိုက်၏။

ယခုတော့ ကိစ္စအတော်များများကို သူ နားလည်ချေပြီ။သူက အဖြစ်အပျက် တစ်ခုလုံးအား
ရုပ်လုံးမဖော်နိုင်သေးသည့်တိုင်အောင် ယခုအချိန်တွင် သူ့၏ ကံကြမ္မာကို ပြောင်းလည်းရန်
အစွမ်းအစ ရှိပြီဟု ယုံနေသည်။

"သခင်လေး သခင်လေးက ကျုပ်ကိုဒီလိုပဲယုံလိုက်တာပဲလား" ချန်ဖေးက အံ့အားသင့်နေသည်။

"ဒါပေါ့ ကျုပ်ခင်ဗျားကို ယုံတာပေါ့ ဘာလို့လည်းဆိုရင် ခင်ဗျားသာ လိမ်ပြောရင် ခင်ဗျားသေ
နေတာ ကြာပြီဖြစ်လို့ပဲ"

##########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၆၉)လုံရှင်းရှောင်၏နောက်ကွယ်ကပြဿနာများ

"ဒါပေါ့ ကျုပ်ခင်ဗျားကို ယုံတာပေါ့ ဘာလို့လည်းဆိုရင် ခင်ဗျားသာ လိမ်ပြောရင် ခင်ဗျားသေ
နေတာ ကြာပြီဖြစ်လို့ပဲ" လုံချန်၏ ခပ်သာသာ ပြောလိုက်သည့်စကားက ယုံကြည်မှုဖြင့် ပြည့်လျှက်
ရှိသည်။ချန်ဖေး အတော်သတိထားလိုက်ရ၏။သူ့ခန္ဓာကိုယ် ကို ပြန်ဆန်းစစ် ကြည့်ရာ၌ လည်း ပြောင်း
လည်းမှု တစ်စုံတစ်ရာကိုကား မတွေ့ချေ။

"ဒါဟာ ဝိညာဉ်လောင်မြိုက်ဆေး ပဲ အခု ခင်ဗျားအသက်မရှုဘူးဆိုရင်တောင် ဒီဆေးဟာ မွှေးညင်းပေါက်တွေက တစ်ဆင့်
သွေးကြောထဲကို ပျံ့နှံ့သွားပြီ ဖြစ်တဲ့အတွက်ကြောင့် အသုံးမ၀င်ဘူး ခင်ဗျားဟာ အားအင်တွေသုံးပြီး
ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်ဆိုရင် ခင်ဗျားသွေးထဲမှာ ရှိနေတဲ့အဆိပ်ဟာ ခင်ဗျားရဲ့ ဝိညာဉ်စီ
မြန်မြန် ရောက်သွားမယ် အဲ့ဒိအချိန်ကျရင် ခင်ဗျားကို သိကြားမင်းဆင်းကယ်တောင် မရတော့ဘူး"

လုံချန်ကရှင်းပြသည်။

ချန်ဖေးက မျက်နှာကွက်ကနဲပျက်သွားသည်။လုံချန်၏ အဆိပ်သည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်
မည်ဟုသူက မထင်မိချေ။သို့သော် လုံချန်က သူ့ကိုယုံကြည်ထားပြီး ဖြစ်သောကြောင့် လုံချန်ကို သူ
ုက လှည့်ဖျားလိမ့်မည် မဟုတ်တော့ပေ။

"ခင်ဗျားကို ဘာကြောင့်ယုံလည်းဆိုတော့ ကျုပ်က ကျုပ်ဆေးကို ယုံလို့ပဲ  ခင်ဗျားက ကျုပ်ရဲ့မေးခွန်း
တွေကို လိမ်ဖြေခဲ့လို့ရှိရင် ခင်ဗျားသွေးတွေက လှည့်ပတ်မှုပိုမြန်လာမယ် အဲ့ဒိနောက် သွေးတွေဟာ
ဒွာရ 7 ပေါက်ကနေအပြင်ကိုပြန်ထွက်မယ် ရော့ ဒါကိုသောက်လိုက်"

လုံချန်က သူ့ကိုဆေးတစ်လုံးပေးသည်။ချန်ဖေးက ထိုဆေးကို တစ်ခါတည်းသောက်ချလိုက်၏။

"ဒီဆေး သောက်ပြီးတဲ့အခါ ကျလို့ရှိရင် ခင်ဗျားခန္ဓာကိုယ်ထဲက အဆိပ်ပျယ်သွားလိမ့်မယ် ဒါပေမယ့်
ဒီလိုပျယ်ဖို့က နည်းနည်းကြာတယ် ဒါ့ကြောင့် အားသုံးပြီးတိုက်ခိုက်တာတွေ မလုပ်နဲ့ဦး သုံးရက်
အတွင်းပေါ့ ကောင်းပြီ သွားကြရအောင်"

လုံချန်က အိမ်သို့တိုက်ရိုက်ပြန်လာခဲ့သည်။ချန်ဖေးကလည်း လုံချန်နောက်မှ ခပ်သုတ်သုတ်လိုက်
ပါလာ၏။သူတို့နှစ်ယောက်၏ နောက်တွင်တော့ ခြေပြတ်၊လက်ပြတ်များ၊သွေးများဖြင့် ပြည့်နှက်လျှက်
ရှိသည့် စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းကား ဝေးသထက်ဝေးကာ ကျန်နေခဲ့လေပြီတည်း။

...

"သောက်သုံးမကျတဲ့ကောင် ငါ့နောက်ကွယ်မှာ မင်းက လုံချန်ကိုသတ်ဖို့ကြိုးစားရဲတယ်ပေါ့
ငါက မင်းကိုမသတ်ရဲဘူးလို့များ မင်းတွေးနေလား" လျှို့ဝှက်ခန်းထဲ၌ ၀တ်ရုံဖြူက ရှချဖုန်းကို ဒေါသ
တကြီးဖြင့် ဆဲဆိုငေါက်ငမ်းနေသည်။သူ့ပုံစံမှာ အချိန်မရွေးလူသတ်တော့မည်ကဲ့သို့ရှိသည်။

ရှချန်ဖုန်းက သူ့လည်ပင်းတွင် ဓားတစ်စင်း တင်ထားသကဲ့သို့ခံစားနေရ၏။၀တ်ရုံဖြူသာ ဆန္ဒရှိလျှင်
သူသည် ယခုပင် သေနေပြီဖြစ်သည်။

"အကိုလွီ ကျုပ်ပြောတာနားထောင်ပါဦး ဒါကိုကျုပ်လုပ်တာမဟုတ်ဘူး ကျုပ်ရဲ့ငယ်သားတွေကို
ကျုပ်ညီမလေးက အမိန့်ပေးသွားတာ ကျုပ်ဘာမှမသိလိုက်ဘူး"

ရှချန်ဖုန်းသည် အလွန်အမင်းကြောက်လန့်လျှက်ရှိကာ အခြေအနေကို ရှင်းပြရန်ကြိုးစားနေသည်။
သူ့၀တ်ရုံ၌လည်း ချွေးများဖြင့် ရွှဲနစ်လျှက်ပင်ရှိ၏။သူသည် သွေးနှောသိုင်းသမား တစ်ယောက်ဖြစ်
သည့်တိုင် ထိုကြောက်လန့်မှုအား မဖုံးကွယ်ထားနိုင်။၀တ်ရုံဖြူရှေ့၌ သူသည် သူ့ကိုယ်သူပုရွက်
ဆိတ်လေး တစ်ကောင်ကဲ့သို့ ခံစားနေရ၏။

"မင်းက ကျုပ်ကို ငတုံးများမှတ်နေလား မင်းအမိန့်မပါပဲနဲ့ မင်းငယ်သားတွေက မင်းညီမအမိန့်ကို
ဘယ်လိုနာခံမှာလည်း မင်းက မဟာရှကို မပြန်ခင် လုံချန်ကိုသတ်ချင်နေတာမလား တော်သေး
တာပေါ့ လုံချန် မသေလို့ နို့မဟုတ်ရင် ပြဿနာ အကြီးအကျယ်တက်ပြီ မင်းမှာအသက်ဆယ်သက်
ပါရင်တောင် အကြီးအကဲတွေရဲ့ ဒေါသကပြေမှာမဟုတ်ဘူး" ၀တ်စုံဖြူက ဒေါသတကြီးဖြင့် အော်
ဟစ်လိုက်သည်။

ရှချန်ဖုန်းက သူ့ခေါင်းကိုငုံ့ထားပြီး မည်သို့မှ ပြန်မပြောရဲပေ။လုံချန်ကို သတ်ရန် ရဲမက်များအား
ရှပိုင်ချီ အမိန့်ပေးသည်ကား မှန်သည်။သို့သော် ၀တ်စုံဖြူပြောသည်က သွေးထွက်အောင်ပင် မှန်
လေသည်။သူက ရဲမက်များကို ရှပိုင်ချီလက်သို့ ထည့်ပေးလိုက်ခြင်းဖြစ်သည်။

လုံချန်သေသည်နှင့် ရှပိုင်ချီထံအပစ်ကိုလွှဲချရန် သူက ကြံထားခြင်းဖြစ်သည်။သူမ၏ ဆေးဆရာ
ဆိုသည့်အနေအထားကြောင့် ရှပိုင်ချီမှာ မည်သို့မှ ဖြစ်မည်မဟုတ်ချေ။လေလံပွဲတွင် ရှပိုင်ချီထံ
မှ ငွေအမြောက်အများ ချေးထားရာ ယခုတော့ ရှပိုင်ချီ၏ ဖိအားပေးခြင်းကို ရှချန်ဖုန်း ခံနေရခြင်း
ဖြစ်၏။

သို့သော်လည်း သူလွှတ်လိုက်သည့် သွေးနှောအဖွဲ့သည် ရှုံးနိမ့်ကာ သုံးယောက်သာပြန်ရောက်လာ
လိမ့်မည်ဟူ၍ သူက မထင်ထားမိပေ။ဤအကြောင်းအား သူက အသေးစိတ်ပင် မမေးမြန်းရသေးမီ
တွင် ၀တ်ရုံဖြူ ရောက်လာခြင်းဖြစ်သည်။

"ရှချန်ဖုန်း ဒါကမင်းအတွက်နောက်ဆုံးအကြိမ် သတိပေးတာပဲ မင်းကိစ္စက အရေးမပါဘူး
အကယ်၍ ပိုအရေးကြီးတဲ့ကိစ္စမှာ အထိအခိုက်ဖြစ်သွားရင် အပြစ်ပေးမှုကို မဟာရှကပါ ကိုင်တွယ်
နိုင်တော့မှာ မဟုတ်ဘူး မင်းရဲ့ညီမ သောက်တုံး ကို သွားပြန်ပြောလိုက် နောက်တစ်ခါ ပြဿနာ
ရှာရဲရင် ငါကိုယ်တိုင် လည်ပင်းညှစ်သတ်မယ်လို့" ၀တ်ရုံဖြူက အေးစက်သည့်လေသံဖြင့်ပြောသည်။

"ဟုတ်...ဟုတ်ကဲ့ပါ ကျုပ်ညီမကို ကျုပ် သေသေချာချာ သွန်သင်လိုက်ပါ့မယ်" ရှချဖုန်းက ခေါင်းကို
အကြိမ်ကြိမ်ငြိမ့်နေတော့သည်။

"လုံရှင်းရှောင်ဟာ သူ့ဇနီးနဲ့သူ့သား သေသွားပြီဆိုတာနဲ့ မျှော်လင့်စရာမရှိတော့ရင် ဖီနစ်မြို့ကိုပြန်လာ
ပြီး တစ်မြို့လုံးမြေလှန်လိမ့်မယ် ဒါဟာငါတို့ မဖြစ်စေချင်တဲ့ အခြေအနေပဲ မင်းနားလည်လား"

၀တ်ရုံဖြူသည် သူ့စကားကို အေးစက်စက်လေသံဖြင့်ဆက်လိုက်သည်။

"ငါတို့က သူ့ရဲ့သီးခံနိုင်မှုကို အကြိမ်ကြိမ်စမ်းသပ်ကြည့်ပြီးသွားပြီ ဒါပေမယ့် လုံရှင်းရှောင်ကို ငါတို့
ဘယ်လိုပဲ ဆွယ်ဆွယ် ပါမလာဘူး ဒါဟာ သူ့မိန်းမနဲ့သားကို ဂရုမစိုက်ဘူးလို့ ပြောတာမဟုတ်ဘူး
နော် သူက တစ်ခုခုကို ချက်ချင်းမတုန့်ပြန်တတ်တဲ့သူမျိုး ဒီအချက်က မင်းတို့ကောင်တွေကို သူ့ရဲ့
သတိပေးချက်ပဲ ဒါပေမယ့် မင်းတို့သောက်တုံးတွေကတော့ ဒါလေးကိုတောင် နည်းနည်းမှ နားမ
လည်ဘူး"

"အကိုလွီ ကျုပ်နားမလည်သေးတာရှိတယ် အကိုလွီရဲ့ အစွမ်းအစနဲ့ဆိုရင် လုံရှင်းရှောင်ကို ဘာ့
ကြောင့် ကိုယ်တိုင်သွားမသတ်လိုက်ရတာလည်း" ရှချန်ဖုန်းကမေးသည်။

"ငတုံး...ဒါကိုငါကိုယ်တိုင် ပေါ်ပေါ်ထင်ထင် လုပ်နိုင်မှတော့ မင်းတို့ကောင်တွေကို လိုအပ်ပါဦးတော့
မလား လုံရှင်းရှောင်ဟာ ကျင်ကျီပြောင်းလည်းမှုအဆင့်ရှိတဲ့ သိုင်းသမားတစ်ယောက် ဘယ်လိုလုပ်
ခပ်လွယ်လွယ်နဲ့ သတ်လို့ရမလည်း အကယ်၍ တစ်ချက်တည်းနဲ့ ငါမသတ်နိုင်လို့ ဒီသတင်းပြန့်သွား
ရင် အကျိုးဆက်ကိုဘယ်သူက တာ၀န်ယူမလည်း" ၀တ်ရုံဖြူက ဆဲရေးနေသည်။

ရှချန်ဖုန်းက မကျေနပ်သော်လည်း ခွန်းတုံ့မပြန်ဝံ့ပေ။ခေါင်းငုံ့ခံရုံသာ တတ်နိုင်သည်။သို့သော် လုံချန်
ကို မုန်းသည့်အမုန်းတရားကတော့ သူ့တွင် ပို၍ သာကြီးထွားလာခဲ့သည်။ရှပိုင်ချီက လုပ်ချန်ကို
အပျောက်ရှင်းချင်သလို သူလည်းထိုအတိုင်းပင်ဖြစ်သည်။သို့သော် လုံချန်မသေသည်ဖြစ်ရာ ရင်ထဲ
၌ ဒေါသက လိပ်ခဲတည်းလည်း ဖြစ်နေ၏။

သွေးနှောသိုင်းသမားဆယ်ယောက် အတူတစ်ကွ တိုက်ခိုက်သည့်တိုင် လုံချန်ကို သတ်နိုင်လိမ့်မည်
မဟုတ်ဟု သူက မည်သည့်အခါမှ မတွေးမိချေ။ထို့ပြင် သူ့ဆုံးရှုံးမှုက အလွန်ကြီးမားသည်။ရှချန်ဖုန်း
သူ့အခန်း သို့ပြန်သွားလျှင် ၀တ်ရုံဖြူသည် သက်ပြင်းတစ်ချက်ကို ချလိုက်လေသည်။သူ့အတွက်
အလွယ်တစ်ကူဖြစ်ရမည့် တာ၀န်တစ်ရပ် ပြဿနာများနှင့်သာကြုံနေရသည်။သို့သော် ယင်းတာ၀န်
က သူထင်သလောက်မလွယ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ယခုအချိန်၌ သူသည် ဒေါသထွက်လွန်းသဖြင့် ရှချန်ဖုန်းကို သတ်ပစ်လိုက်ချင်သည်။သို့ရာတွင် ထို
သို့လုပ်ရန် မဖြစ်နိုင်ပေ။ချထားရသည့် အစီအစဉ်က နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။တစ်ကယ်
တမ်း၌ ဖီးနစ်အင်ပါယာကို သူလာခဲ့ရခြင်းက နှစ်ပေါင်းများစွာ တစ်စုံတစ်ယောက် စိုက်ပျိုးထားသော
အသီးအပွင့်များကို ရိတ်သိမ်း ရန်ဖြစ်၏။

သို့သော်လည်း သူ့အနားတွင် ရှိသောလူများမှာ ငတုံးများသာဟုခံစားရကာ သူ့ကိုဒေါသထွက်စေသည်။
၀တ်ရုံဖြူသည် သူ့ကိုယ်သူ လူမြင်ကွင်းတွင်လည်း လူလုံးမပြရဲချေ။ထို့ကြောင့် မဟာရှ နှင့်သာ လက်တွဲ
အလုပ်လုပ်ရန် လိုအပ်သည်။အေးစက်သည့်အပြုံးတစ်ခုက ၀တ်ရုံဖြူမျက်နှာပေါ်တွင် ဖြတ်ပြေးသွား
လေသည်။

သူ့အစီအစဉ်များကို ဖျက်ဆီးလျှင် ဖျက်ဆီးသူများက ဤနေရာ၌ သေရမည်။

...

လုံချန် အိမ်သို့ပြန်ရောက်သည့်အချိန် တွင် မိုးပင်အတော်ချုပ်နေပြီဖြစ်သည်။သူက သူ့အခန်းသို့
ရောက်သည်နှင့် ချန်ဖေးကို သေသေချာချာကြည့်မိသည်။သူအံ့အားသင့်ရသည်မှာ ချန်ဖေး၏ အလွန်
မသိသာလှသော အော်ရာကိုပင်ဖြစ်သည်။ချန်ဖေးက သူ့ရှေ့၌ ရှိနေသည့်တိုင်အောင် သူ့၏ ဒေ၀ညာဏ်
စဉ် ဖြင့်အာရုံခံရန် ခက်ခဲလှသည်။

"ကျုပ်ရဲ့ ကိုယ်ရောင်ကို ဖျောက်လို့ရအောင် ပညာတစ်မျိုးကျင့်ထားပါ .... သခင်လေး ဒါကဘာမှ
အထူးအဆန်းမဟုတ်ပါဘူး"

သူက ကိုယ့်ကိုကိုယ်နှိမ့်ချ၍ နေသူတစ်ယောက်ဖြစ်သော်လည်း သူ့၏ ပညာရပ်တွင်မူ ဘ၀င်
အနည်းငယ်မြင့်ပုံရသည်။လုံချန် ခေါင်းငြိမ့်လိုက်၏။ချန်ဖေးသည် ထိုပညာ၌ အတော်ကလေး
အကျွမ်းတစ်၀င် ရှိပုံပင်။သူက ချန်ဖေးရှိနေသည်ကို ယခုထိတိုင် အာရုံခံ၍ မရသေးပေ။

ယနေ့တိုက်ပွဲတွင်လည်း သူ့၏ဓားကျိုးသွားချိန်တွင် သူ့တွင် အန္တာရာယ်ရှိပြီဟု ယူဆကာ ချန်ဖေး
က ကိုယ်ရောင်လွှတ်ခဲ့ခြင်းကြောင့်သာ ချန်ဖေးရှိနေမှန်းသူသိခြင်းဖြစ်သည်။ဤသို့မှ မဟုတ်လျှင်
ချန်ဖေး ရှိနေမှန်း သူ လုံး၀သိလိမ့်မည်မဟုတ်ပေ။

ထိုအချိန်က ချန်ဖေးသည် သူတို့ တိုက်ပွဲကြားသို့ ၀င်လာခြင်းဖြစ်သည်။ထို့ပြင် လုံချန်က ချန်ဖေး၏
ရန်လိုမှုမရှိသည့် အပြူအမူအား အာရုံခံမိသည်ဖြစ်ရာ သူ့ကိုကူညီရန်ကြိုးစားခြင်းဖြစ်သည် ဟု သိ
လိုက်သည်။ထို့ကြောင့် လုံချန်က ချန်ဖေးသည် သူ့ကို ရန်ပြုမည့်သူ မဟုတ်ကြောင်း မူလကတည်းက
ခန့်မှန်းပြီးသားဖြစ်၏သို့သော် လုံခြုံမှုရှိစေရန်ကား အဆိပ်ကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။

လေလောဆယ်တွင် လုံမိသားစု အခြေအနေက အလွန်မတည်မငြိမ်ဖြစ်နေသည်။အချိန်မရွေး ပြိုလဲ
သွားနိုင်၏။သို့ဖြစ်ရာ သူသည် သတိနည်းနည်းမှ အလွတ်မခံရဲခြင်းဖြစ်သည်။

"အခြေအနေတွေကဘယ်လိုလည်း ကျုပ်အဖေကော အခုဘယ်မှာလည်း" လုံချန်က အသက်ပြင်းပြင်း
ရှုရင်း လိုရင်းကိုမေးသည်။သူ့အဖေ မည်သည့်အရာများဖြစ်နေသနည်း ဆိုသည်ကို သူသိချင်လှ၏။
အချိန်များက ကြာလှပြီဖြစ်ရာ သူ့ဖခင်နှင့်ပတ်သတ်သည့် အကြောင်းအရာများသည်ပင် သူ့၌ ဝေ
ေ၀၀ါးဝါး ဖြစ်နေချေပြီ။

သို့တိုင်အောင် သူကလေးဘ၀တွင် သူ့ကိုသိပ်ချစ်ခဲ့သည် သူ့ဖခင်၏မေတ္တတရားများကတော့ သူ့
နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လျှက်ပါပေ။

"သခင်လေးရဲ့ ဖခင်က လုံလုံခြုံခြုံရှိနေပါတယ် ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တွေကစပြီး လူရိုင်းအုပ်စုတွေ
နဲ့ ကြားတိုက်ပွဲတွေက တော်တော်ပြင်းထန်လာတယ် မြို့တော်ကနေလည်း စစ်ကူမလာဘူး သူ့ရဲ့
အင်အားငါးသောင်းလောက်ရှိတဲ့တပ်ဟာ နှစ်သောင်းလောက်သာကျန်တော့တယ် ကံကောင်းတာက
ဒေါသခံတွေဟာ သခင်လေးဖခင် ကို လေးစားကြလို့ သူတို့မိသားစုကနေ တပ်အတွက်အထောက်
အပံ့ဖြစ်အောင် မိန်းမတွေ ကလေးတွေကိုလာပို့ ပေးကြတယ် ဒေသခံတွေသာ မကူညီရင် ကျုပ်တို့
ဒီအခြေအနေတိုင်း မထိန်းထားနိုင်ခဲ့တာ ကြာပေါ့"

သူ့စကားမှ ဒေါသအချို့ကို လုံချန်ကြားနေရသည်။မြို့တော်မှ လုံရှင်းရှောင်အား ဆက်ဆံပုံသည် စိတ်
ပျက်ဖွယ်ကောင်းလှသည်။အကယ်၍ အပြစ်ကင်းသည့် ဒေသခံများကြောင့်သာမဟုတ်လျှင် နယ်စပ်
ကိုသူတို့က ထားခဲ့လိုက်ပြီဖြစ်သည်။

လူရိုင်းအုပ်များသည် တစ်ကယ်တမ်းတွင် အုပ်စုကွဲပေါင်းများစွာရှိသည်။ယေဘူယျ အားဖြင့် ၎င်းတို့က
အုပ်စုဖွဲ့နေထိုင်ကြသည်။ကြမ်းတမ်းသည့် တော၊တောင်ထဲတွင် မွေးဖွား၍ ကြောက်စရာ ကောင်းသည့်
ပတ်၀န်းကျင် ၌ ရှင်သန်နိုင်ရန် အလို့ငှာ ရက်ရက်စက်စက်နည်းလမ်းများကို အသုံးပြုကြ၏။

သူတို့သည် အုပ်စုလိုက်အမဲလိုက်ကာ အစာရှာဖွေသည်။သို့ရာတွင် ၎င်းတို့က ကြမ်းတမ်းသည့်
ပတ်၀န်းကျင် နှင့် အံ၀င်သည်ပင်လားမသိပေ။သူတို့၏ လူဦးရေးအချိုးအစားမှာ ဒေသခံများထက်
များစွာ ပိုလေသည်။

ဤသို့ဖြင့် သူတို့က အင်အားတစ်ဖြေးဖြေးကောင်းလာသည်တွင် နယ်မြေများကို တစ်ခုပြီးတစ်ခု
ချဲ့ထွင်လာကြတော့သည်။နောက်ဆုံး၌ သူတို့သည် စည်ပင်ဝပြောသော ဖီးနစ်အင်ပါယာ၏ နယ်
နိမိတ်သို့ခြေချမိကြလေသည်။ဤနေရာကို သိမ်းပိုက်လိုက်လျှင် အမဲလိုက်ရသည်ထက် သူတို့
ပိုအဆင်ပြေပေမည်။

သူတို့ကို လူရိုင်းများဟု ခေါ်ရခြင်းက သူတို့၏ နေပုံ၊ထိုင်ပုံများမှာ သာမာန်လူများနှင့် လုံး၀ကွာ
ခြားခြင်းကြောင့်ဖြစ်သည်။လူရိုင်းမိသားစု တစ်ခုလုံးသည် တစ်ကုတင်ထဲ၌ပင် အိပ်လေ့ရှိသည်။
သူတို့၏ လူရိုင်းအုပ်မှလွဲ၍ အခြားလူရိုင်းအုပ်များကို သားကောင်ကဲ့သို့သဘောထားသည်။လူရိုင်း
အုပ်အချင်းချင်း တိုက်ပွဲများကား အလွန်တရာ ရက်စက်လှ၏။

အကယ်၍ သူတို့က ဒေသခံများအား ဖမ်းမိလျှင် ယောကျာင်္းများကို သတ်၍ အစာအဖြစ်သိုလှောင်ထား
ကာ၊မိန်းမများကိုမူ အဓမ္မကျင့်ပြီးမှ သတ်ဖြတ်ကာ အစာအဖြစ် သိုလှောင်သည်။ဖီးနစ်အင်ပါယာ၏
ဒေသခံများမှာ ယင်းတို့အား မုန်းလည်းမုန်းသလို ကြောက်လည်းကြောက်ကြသည်။

လူရိုင်းအုပ်များက တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုကျူးကျော်လာကြာရာ နောက်ဆုံး၌ ၎င်းတို့အင်အား
အဆမတန်ကြီးထွာလာချိန်တွင် ဖီးနစ်အင်ပါယာမှ စတင်တိုက်ထုတ်ခြင်းဖြစ်သည်။ကံမကောင်းစွာ
နှင့်ပင် လူရိုင်းအုပ်များက ကြောက်ခမန်းလိလိ အရေအတွက်ဖြစ်နေပြီဖြစ်သည်။

ယင်းတို့သည့် လေကဲ့သို့ ခရီးသွား၍ တစ်ညတည်းတွင် ဖြူတ်ကနဲ ပျောက်သွားတတ်ကာ နောက်
တစ်နေရာသို့ ရောက်နေတတ်သည်။ထိုလူရိုင်းများသည် ဖီးနစ်ဒေသခံများကဲ့သို့ အိမ်၊ယာ ထူထောင်
နေထိုင်ကြသူများ မဟုတ်ကြရာ ယင်းတို့ နေထိုင်သည့်နေရာကို ရှာရန်မှာလည်း များစွာမလွယ်
ကူလှသောကြောင့် ဖီးနစ် စစ်တပ်အဖို့ ခံစစ်နှင့်သာ တိုက်ခိုက်နေရခြင်းဖြစ်သည်။

သို့သော် နယ်စပ်သို့ လုံရှင်းရှောင်အား စေလွှတ်လိုက်သည်မှစ၍ သူ့၏ အစီအမံများကြောင့် လူရိုင်း
အုပ်များမှာ အလောင်းချင်း ထပ်ကာ မြစ်၊ချောင်းများအား သွေးများဖြင့်နီရဲစေခဲ့သည်။ဤသို့ဖြင့် လူ
ရိုင်းအုပ်များက သူ့ကို အလွန်အမင်းကြောက်သွားကြသလို ထိုအခါမှပင် ဒေသခံများကလည်း အသက်
ရှုချောင်၍ အေးအေးချမ်းချမ်း နေထိုင်ကြရတော့သည်။

ထို့ကြောင့် ဒေသခံများက လုံရှင်းရှောင်ကို စစ်နတ်ဘုရားတစ်ပါးအဖြစ်သတ်မှတ်ကြခြင်းဖြစ်၏။
လုံရှင်းရှောင်၏ စစ်တပ်အနေနှင့်လည်း လူရိုင်းအုပ်များနှင့် မကြခဏဆိုသလို တိုက်ခိုက်ကြရာ
တွင် ဆုံးရှုံးမှုများ ကြီးကြီးမားမားဖြစ်လေ့ရှိသည်။ထို့ပြင် စစ်ကူလည်း မရှိသည်ဖြစ်ရာ သူ့တပ်က
လျှင်မြန်စွာ အင်အားချိနဲ့လာတော့သည်။

ဤသို့ဖြစ်သည်ကိုမြင်လျှင် ဒေသခံများက သူတို့တတ်နိုင်သမျှအကောင်းဆုံးကြိုးစားကာ လုံရှင်း
ရှောင်၏ တပ်အတွက် ထောက်ပံ့ကူညီပေးကြလေသည်။အကယ်၍ သူတို့တွင် လူအင်အားပိုလျှင်
သူတို့၏ သားများကိုတပ်ထဲ၀င်ခိုင်းသည်။အကယ်၍ သူတို့၌ ငွေပိုလျှင် အစားအသောက်များပို့
ပေးကြသည်။နယ်ခြားစောင့်စစ်တပ် အတွက် သူတို့တတ်နိုင်သမျှကိုလုပ်ပေး ကြလေသည်။

သို့တိုင်အောင် ဤကဲ့သို့ ကူညီပေးမှုသည်လည်း လုံရှင်းရှောင်စစ်တပ်အတွက်မူ ဆင်ပါးစပ် နှမ်းပက်
သလောက်သာ ရှိလေသည်။နယ်ခြားစောင့်စစ်တပ်က လူရိုင်းများဖြင့် မတိုက်ခိုက်သည့်အချိန်
တွင် ဒေသခံများ၏ လယ်၊ယာများထဲသို့ သွားရောက်ကူညီပေးခြင်း ဖြင့် စစ်တပ်အတွက်လည်း
ထောက်ပံ့မှုပိုရအောင် လုပ်ကြလေသည်။

ဤသို့ဖြင့် ဒေသခံများနှင့် တပ်က နယ်စပ်တစ်လျှောက်တွင် မိသားစုများကဲ့သို့ ဖြစ်နေတော့သည်။
ပြီးခဲ့သည့်အကြောင်းအရာများအား ပြန်လည်ပြောပြ နေချိန်တွင် ချန်ဖေး၏ မျက်လုံးများက မျှော်
လင့်ချက်များဖြင့်ပြည့်နှက်နေသည်။ထို့ပြင် သူ့မျက်လုံးများက အနည်းငယ်ပင် နီ နေကြ၏။အကယ်
၍ သူတို့အသက်ကို စွန့်လွှတ်ရလျှင်တောင် ယင်းဒေသခံများအား ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ရန်
သူတို့က ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

လုံချန့် ဖခင်၏ ကြုံတွေ့နေရသည့်ပြဿနာများအား သိစေရန် ချန်ဖေးက ဤအကြောင်းများအား
လုံချန့်ကို ပြောပြ နေခြင်းဖြစ်သည်။တစ်ဖက်တွင် ဇနီးနှင့်သား ရှိသလို တစ်ဖက်တွင်လည်း သန်း
ပေါင်းများစွာသော အပြစ်မရှိသည့် ဒေသခံများရှိသည်။သူ့အဖေနေရာ၌ လုံချန်သာဖြစ်လျှင် ရွေး
ချယ်ရသိပ်ခက်ပေမည်။

လုံချန့် ရင်ထဲတွင်ရှိသော သူ့အဖေပေါ်သို့ မကျေမနပ်ဖြစ်ခြင်းများက ချန်ဖေး၏ စကားကိုကြားလျှင်
ခဏခြင်းတွင် လွင့်ပျောက်သွားတော့၏။

"ချန်ဖေး ကျုပ်အဖေရှိတဲ့နေရာကိုပြန်တော့" လုံချန်ကတင်္ဂ စဉ်းစားနေသေးသည်။သို့သော်အဆုံး၌
သူက ချန်ဖေးကိုပြန်စေချင်သည်။ချန်ဖေး၏ အမူအယာပြောင်းသွား၏။

#########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၇၀)နှင်းပွင့်လေး

ကျုပ်လုံး၀ မပြန်နိုင်ဘူး.....

ချန်ဖေးက ရှင်းပြသည်။  " ဖီးနစ်မြို့တော်ကို မလာခင် လုံစစ်သူကြီးက ကျုပ်ကို သူဇနီးနဲ့ကလေးကိုကွယ်
ဖို့အမိန့်ပေးခဲ့တယ်...ကျုပ်အသက်သေသွားရင်တောင် ပြန်လို့မဖြစ်ဘူး......."

လုံချန်က သူ့ခေါင်းကိုခါယမ်းလိုက်သည်။ "ခင်ဗျားဟာ သွေးနှောနှောင်းပိုင်းအဆင့် သိုင်းသမား
တစ်ယောက်ဆိုပေမယ့် ကျုပ်ကိုကာကွယ်နိုင်မှာမဟုတ်ဘူး အရင် သိုင်းစင်မြင့်ထက်မှာ ကျုပ်ဒဏ်ရာ
ရတုန်းက ခင်ဗျား မကူညီခဲ့တာကိုကြည့်ရင် ခင်ဗျားဟာ ကျုပ်ကို သေဘေးနဲ့ တွေ့မှ ကူညီမယ်
ဆိုတာ ကျုပ်သဘောပေါက်တယ် ဒါပေမယ့်  အဲ့ဒိအချိန်တုန်းကလည်း ခင်ဗျားကျုပ်ကို ကူညီလိုက်
ခဲ့ရင် ခင်ဗျားလုပ်စရာရှိတာတွေ လုပ်လို့ရလိမ့်မယ်မဟုတ်ဘူး ကျုပ်ပြောတာမှန်လား"

ချန်ဖေးက အတော်ကြာအောင်တိတ်ဆိတ်နေသည်။အကြောင်းမှာ လုံချန်၏ စကားများက သူမငြင်း
နိုင်သည်အထိ သွေးထွက်အောင် မှန်နေခြင်းကြောင့်ပင်။

"ဖီးနစ်မြို့တော်ထဲမှာ ခင်ဗျား အလွန်သတိထားရတဲ့သူဆိုလို့ ယင်အမတ်ကြီးပဲရှိတယ် မှန်တယ်
မလား" လုံချန်ကမေးသည်။

ချန်ဖေးက သက်ပြချကာ ခေါင်းငြိမ့်လိုက်သည်။

"အမှန်ပဲ လုံစစ်သူကြီးက ယင်အမတ်ကြီးကျုပ်ကိုသတိထားမသွားမိပါစေနဲ့လို့ အကြိမ်ကြိမ်သတိပေး
ခဲ့တယ် ဒီလိုမှမဟုတ်ရင် ကျုပ်အသက်က သွားပြီပဲ ကျုပ်ကသေမှာမကြောက်ပါဘူး ဒါပေမယ့် လုံ
စစ်သူကြီးရဲ့ မျှော်လင့်ချက်တွေကို သစ္စာဖောက်မိမှာကိုတော့ကြောက်တယ်"

"ကျုပ်အဖေနဲ့ ယင်အမတ်ကြီး ကြားမှာ အငြိုးအတေးတွေရှိခဲ့လို့လား"

"ယင်အမတ်ကြီးရဲ့လက်ညှိုးက လုံစစ်သူကြီးကြောင့်ပြတ်သွားတာလေ" ချန်ဖေးကရယ်နေသည်။

ယခုမှ လုံချန်သဘောပေါက်သည်။ယင်အမတ်ကြီးက သူ့အားပစ်မှတ်ထားနေသည်မှာ အံ့သြစရာ
မဟုတ်တော့။သူ့အဖေက ယင်အမတ်ကြီးကို လက်ညှိုးဖြတ်ပစ်လိုက်သလို သူ့ကြောင့် ယင်အမတ်
ကြီး ငွေအများအပြား ဆုံးရှုံးသွားရသည်။

"ဖီးနစ်မြို့ကို ခင်ဗျားရောက်တာဘယ်လောက်ကြာပြီလည်း"

"လွန်ခဲ့တဲ့ သုံးနှစ်က"

"ကျုပ်အဖေ ဘေးမှာကော ခင်ဗျားအဆင့် သိုင်းပညာရှင်တွေ ဘယ်လောက်ရှိလည်း"

"မူလက 7 ယောက်ရှိခဲ့တာ ဒါပေမယ့် နှစ်ပေါင်းများစွာ တိုက်ပွဲတွေအတွင်းမှာ တစ်ယောက်က
သေသွားတယ် အခု 6 ယောက်ပဲရှိတော့တယ်"

"ခင်ဗျားရဲ့ သိုင်းပညာအဆင့်ကကော"

"သွေးနှောအဆင့် 9 .... ဒါပေမယ့် ကံမကောင်းတာက နောက်တစ်ဆင့်ကို ကျုပ်ဘယ်လိုမှတက်
လို့မရတော့ဘူး" ချန်ဖေး သက်ပြင်းချလိုက်၏။သူ့အသက်သည် 37 နှစ်ပင်ရှိနေပြီဖြစ်သည်။အကယ်၍
အသက် 40 မတိုင်မီ နောက်တစ်ဆင့်သို့မတက်နိုင်ခဲ့လျှင် သူ့သိုင်းပညာကား ဤအဆင့်၌ပင် ရပ်သွား
ပြီဖြစ်သည်။

လုံချန်က မအံ့သြပေ။ချန်ဖေးသည် အော်ရာဖျောက်ရာ၌ အင်မတန်ပိရိ သည့်တိုင်အောင် သူ့၏ မျက်
ခုံးနှစ်ခုကြားမှ သွေးချီဓာတ်က ထွက်ပေါ်နေသည်။ဤအချင်းအရာကား သွေးနှင့်ချီ ရောနှောမှုအဆင့်
သည် အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီဆိုသည်ကို ပြသည်။

တစ်နည်းအားဖြင့် ချန်ဖေးက သွေးနှောထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ကံဆိုးသည်မှာ
သူသည် နောက်ထပ် အဆင့်တစ်ခုသို့ ထပ်တက်၍မရတော့ပေ။သွေးနှောအဆင့်မှ နေ၍ နောက်ထပ်
တစ်ဆင့် ဖြစ်သည့် ကျင်ကျီပြောင်းလည်းမှု အဆင့်အား တက်ရန်မှာ အလွန်အမင်းခက်ခဲလေသည်။
ထိုအဆင့်နှစ်ခုကြား ကွာခြားချက်သည်လည်း အင်မတန်ကြီးသည်။

"ချန်ဖေး ဒီည ကျုပ် ဆေးအချို့ဖော်စပ်ရမယ် အဲ့ဒိဆေးတွေကို ကျုပ်အဖေထံ ယူသွားပေးပါ" လုံချန်
က သူ့ကိုယ်သူ ပြောနေသည့် ပုံစံဖြင့် ပြောလိုက်၏။

"သခင်လေး ဒါက"

လုံချန်က သူ့လက်ကိုဝှေ့ယမ်းကာ စကားဖြတ်ပြောလိုက်၏။

"ခင်ဗျားရဲ့ အော်ရာဖျောက်တဲ့ပညာက အင်မတန်ကောင်းမွန်ပြီး ယင်အမတ်ကြီးမသိ အောင်
တောင်ဖျောက်ကွယ်ထားနိုင်ပေမယ့် အခု ဖီးနစ်အင်ပါယာ အခြေအနေက မကောင်းဘူး ဆိုလို
တာက မကြာခင်မှာ အင်ပါယာ တစ်ခုလုံး ပြိုလဲသွားနိုင်တယ် အကယ်၍ လုံမိသားစုဟာ ခင်ဗျား
လူလုံးထွက်ပြတော့မယ့် နောက်ဆုံးအခြေအနေကိုရောက်လာပြီဆိုကြစို့ သိုင်းသမားပေါင်းများစွာ
ကိုခင်ဗျားက ဘယ်လိုတိုက်ခိုက်မလည်း"

"ကျုပ်က သခင်လေးကို အသက်ရှင်လျှက်ခေါ်ထုတ်သွားနိုင်ပါတယ်" ချန်ဖေးကပြောသည်။

လုံချန်မျက်နှာက မဲမှောင်သွား၏။ "ဒါဆိုကျုပ် အမေ ကကော"

ချန်ဖေးက ရုတ်တရက်မည်သို့ပြောရမည်မသိ ဖြစ်သွားသည်။သူသည် အော်ရာဖျောက်ခြင်း၌ ကျွမ်း
ကျင်သလို သူ့၏ ပျံသန်းသည့် ပညာကလည်း ပို၍ပင် အစွမ်းထက်သေးသည်။သူက ယင်အမတ်ကြီး
နှင့်ပင် ပြိုင်ဆိုင်တိုက်ခိုက်နိုင်ကာ လုံချန်အား ထွက်ပြေးလွတ်မြောက်စေရန် ကူညီရာ၌ 80 ရာခိုင်
နှုန်းအောင်မြင်မည်ဟု သူ့ကိုယ်သူ ယုံသည်။

သို့သော် လုံချန်က သူ့အမေအကြောင်းမေး လာသည်တွင် သူ ပြန်မဖြေတတ်တော့ပေ။အများ
ဆုံးအနေဖြင့် သူသည် လူတစ်ယောက်ကိုသာ ကကွယ်ပေးနိုင်သည်။တစ်နည်းအားဖြင့် ဆိုလျှင်
သူ့အမေကိုတော့ ထားပစ်ခဲ့မှပင် ရမည်။

"၀မ်းနည်းပါတယ် သခင်လေး ဒါပေမယ့် ဒါက လုံစစ်သူကြီးရဲ့အမိန့်ပါ ကျုပ်ကလိုက်နာရပါမယ်"
ချန်ဖေးက သူ့ခေါင်းကို ခါယမ်းနေသည်။

လုံချန်သည် အံ့အားသင့်မိသလို ဒေါသလည်းထွက်သွားသည်။ဤကဲ့သို့ အခြေအနေရောက်လျှင် သူ့
အဖေက သူ့အမေကို စွန့်ပစ်၍ သူ့ကိုသာကယ်ရန် ဆုံးဖြတ်ချက်ချထားသည်တဲ့လား။ထိုသို့ဆုံးဖြတ်
ခြင်းသည် သူ့ကိုတုန်နေအောင်ချစ်လို့လည်း ဖြစ်ကောင်းဖြစ်ပေမည်။သို့သော် လုံချန်က ယင်းဆုံး
ဖြတ်ချက်ကို လက်မခံနိုင်ချေ။

လုံချန်က အသက်ပြင်းပြင်းရှု၍ သူ့ဒေါသများကိုမြိုသိပ်ရင်း ပြော၏။

"ချန်ဖေး ကျုပ် ခင်ဗျားနဲ့ငြင်းနေတာမဟုတ်ဘူး ခင်ဗျားကို အမိန့်ပေးနေတာ ရူးကြောင်ကြောင်
အမိန့်တစ်ခုအတွက်နဲ့ ကျုပ်အမေနဲ့ ကျုပ်ကို ထိခိုက်အောင်မလုပ်နဲ့ ကျုပ် အခု ဆေးဆရာအသင်း
ကိုသွားပြီး  ဆေးအမယ်တွေသွားယူမယ် ကျုပ်တစ်ညလုံး ဆေးဖော်စပ်မယ် အဲ့ဒိဆေးတွေကို
ကျုပ်အဖေထံ ယူသွားပေးပါ ကျုပ်အမေနဲ့ကျုပ်ကို ကယ်ဖို့ကိစ္စ ထပ်မပြောနဲ့တော့ ခင်ဗျားကို ကျုပ်
သတ်ချင်ရင် ဖုန်ကိုလေနဲ့မှုတ်သလို အခုတင် လွယ်လွယ်လေးသတ်လိုက်လို့ရတယ်"

"အခုဆိုရင် ကျုပ်မှာ လုံအိမ်တော်ကို စောင့်ရှောက်နိုင်တဲ့ ခွန်အားမျိုးရှိပြီ ဒါပေမယ့် အဖြစ်အပျက်
တွေက အပြောင်းအလဲမြန်လွန်းတော့ ကျုပ်အဖေရဲ့ အကူအညီကို ကျုပ်က မြန်မြန်လိုနေတယ်
အဲ့ဒိတော့ ခင်ဗျားကို ကျုပ် နှစ်ခုရွေးခိုင်းမယ် ကျုပ်စကားကိုနားထောင်ပြီး ကျုပ်အဖေအနားကို
ပြန်မလား ဒီနေရာမှာသေမလား အဆိပ်ဖြေဆေး ထပ်မပေးရင် ခင်ဗျားသေမှာပဲ"

ချန်ဖေး၏ အမူအယာက စိတ်ရှုပ်ထွေးဟန် ပေါက်သွားသည်။လုံချန်၏ စကားများတွင် ဒေါသ ကို
သူအတိုင်းတားကြားနိုင်၏။လုံချန်သည် သူ့မျက်စိထဲ၌ လုံရှင်းရှောင်နှင့် တူလှသည်ဟု ထင်လာမိ
သည်။အကယ်၍ သူသည် လုံချန့်စကားကို နားမထောင်လျှင် လုံချန်က ပြောသည့်အတိုင်းလုပ်မည်
ဖြစ်ကြောင်း သူသိနေသည်။

သူကားသေရမှာ ကိုမကြောက်သည့်တိုင် ဤကဲ့သို့အဓိပ္ပါယ်မဲ့ သေရမည်ကိုတော့ ထိုက်တန်သည်ဟု
မယူဆပေ။မည်သို့ဆိုစေ သည်ကိစ္စက လုံမိသားစု၏ ကိစ္စသာဖြစ်သည်။ချန်ဖေးက မဲ့ပြုံးတစ်ချက်ပြုံး
၍ သဘောတူလိုက်၏။မှန်သည်။သူက စိတ်ထဲတွင်တော့ မချိတင်ကဲဖြစ်နေမိသည်။လုံစစ်သူ
ကြီးအား သူမည်သို့ မျက်နှာပြရပါမည်နည်း။

လုံချန်က ဆေးဆရာအသင်းသို့ တိုက်ရိုက်သွားလိုက်သည်။ယခုအခါ သူ့တွင် လေလံပွဲမှရခဲ့သော
ငွေအမြောက်အများ ရှိပြီဖြစ်ရာ ဆေးအမယ်များ၀ယ်ရန်အတွက် ပူစရာမလိုတော့ပေ။လုံချန်က
ချန်ဖေးကို အစောင့်အဖြစ်ထားပြီး ဆေးမီးတောက်ဖြင့် မီးဖိုကို အပူစပေးသည်။

ယခုသူဖော်သည့် ဆေးက အဆင့်ကျော်ဆေး ဟုခေါ်သည့်ဆေးတစ်မျိုးဖြစ်သည်။၎င်းက အဆင့်မတက်
နိုင်သည့် သိုင်းပညာအား နောက်တစ်ဆင့်သို့ တက်သွားနိုင်စေသည့် အလွန်ရိုးစင်းသော ဒုတိယတန်း
စား ဆေးဖြစ်၏။သို့သော် ထိုဆေးဖော်စပ်နည်းက ဆေးနတ်ဘုရား၏ မှတ်ညာဏ်များမှ တစ်ဆင့်
သူရရှိခဲ့ခြင်းဖြစ်သည်။

ထိုဆေးဖော်စပ်ရာတွင် အသုံးပြုသော ဆေးအမယ်များသည် သာမာန်ဆေးအမယ်များသာ ဖြစ်သည့်
တိုင် အချိုးအစား အား အတိုးအလျှော့ပြုလုပ် လိုက်သည့် အခါတွင် ဆေးအာနိသင်က အခြားဆေး
များနှင့်မတူတော့ ပဲ လုံးဝပြောင်းလည်းသွားတော့သည်။

ထို့ပြင် လုံချန်က ဆေးစွမ်းပိုမို ထက်မြက်စေရန် နဂါးအရိုးဟု ခေါ်သည့် မြက်တစ်မျိုးကိုလည်း ထည့်
ဖော်စပ်သေးသည်။ထိုနဂါးအရိုးဟု ခေါ်သည့်မြက်သည့် ဆေး၏ အာနိသင်ကို နဂိုထက်ပိုမို ထက်
မြက်စေသည့် အာနိသင် ရှိရာ သူယခု ဖော်စပ်နေသည့် ဆေးမှာ သာမာန် အဆင့်ကျော် ဆေး
များနှင့် မတူတော့ပေ။

သူဖော်စပ်နေသည့် အဆင့်ကျော်ဆေးက ကျင်ကျီအဆင့်သို့ရောက်နေသည့်  သိုင်းသမားများပင်
အသုံးပြုနိုင်သည့် ဆေးဖြစ်သည်။အဆင့်နိမ့် အဆင့်ကျော်ဆေးများက အဆင့်တက်နိုင်ရန် 10 ရာ
ခိုင်နှုန်းသာ ရှိချိန်တွင် သူဖော်နေသည့် အဆင့်ကျော်ဆေးသည် နောက်တစ်ဆင့်သို့တက်နိုင်ရန်
30 ရာခိုင်နှုန်း အခွင့်အရေးရှိသည်။အကယ်၍ ဤဆေးအကြောင်းအား အခြားသူများသိသွားခဲ့လျှင်
မူ လက်ရှိကမ္ဘာကြီးပင် အုတ်အော်သောင်းတင်း ဖြစ်သွားပေလိမ့်မည်။

ဤကဲ့သို့သော ဆေးက အရိုးမူလပြန်ဆေးထက် များစွာပို၍ရှားသည်။တစ်ကယ်တမ်းတွင် အရိုးမူ
လပြန်ဆေး၌ အားနည်းချက်ကြီးတစ်ခုရှိသည်။ သို့သော် ထိုအားနည်းချက်ကို လုံချန်က ဟွာယွန်
အိမ်တော်သို့ မပြောခဲ့ပေ။

အကယ်၍ သာမာန်လူတစ်ယောက်က ထိုဆေးကို သုံးလျှင် မည်သည့်ပြဿနာမှမရှိပဲ ခြေ၊လက်
များအကောင်းပကတိ ပြန်ပေါက်သည်။သို့သော် သိုင်းသမားတစ်ယောက် အသုံးပြုလျှင်မူ သူသည်
သူ့၏ စိတ္တစွမ်းအား အမတေကို အသုံးပြုရမည်ဖြစ်သည်။သည်သို့ အသုံးပြုလျှင် သူ့၏ သိုင်းပညာ
မှာ တန့်သွားတတ်သည်။

...

ဖုန်း....

ဆေးကျိုမီးဖိုက လှုပ်သွားသည်။မီးဖိုကို ဖွင့်လျှင်အထဲ၌ လုံးလုံး၀န်း၀န်း ဆေးသုံးလုံးရှိနေသည်။
ယင်းမှ ထွက်နေသော ခပ်မှိန်မှိန်အရောင် ကြောင့် စိုးရိမ်နေသည့်လုံချန်က ပြုံးလိုက်သည်။
ဤမီးဖိုသည် သူ့၏ တတိယမြောက်ဆေးမီးဖိုဖြစ်၏။ပထအကြိမ်တုန်းက သူသည် ဆေးသုံးလုံးသန့်
စင်ရာတွင် အောင်မြင်ခဲ့သည်။

သို့သော်လည်း ဒုတိယအကြိမ်၌မူ သူသည် အာရုံစူးစိုက်မှု အနည်းငယ်လွတ်သွားခဲ့ရာမှ ပေါက်ကွဲ
မှုဖြစ်ခဲ့ကာ ဆေးမီးဖိုမှာ ပေါက်ကွဲရန် အနည်းငယ်သာလိုတော့သည့် အခြေအနေဖြစ်သွား၏။
သို့သော်  ဆေးအမယ်များကတော့ ပြာအဖြစ်သို့ပြောင်း သွားပြီဖြစ်သည်။

ဆေးသန့်စင်ခြင်းကား ဤကဲ့သို့ပင်ဖြစ်သည်။သတိအနည်းငယ် လွတ်ကင်းသည်နှင့် ဆုံးရှုံးမှုက
သိပ်မြန်သည်။သူ့တွင်ရှိသော ဆေးနတ်ဘုရား၏ မှတ်ညာဏ်များနှင့်တောင်မှ ကျရှုံးမှုအချို့
အား ရှောင်လွဲရန် မဖြစ်နိုင်ချေ။

သူ့၏ ရည်ရွယ်ချက်က ဆေးမီးဖို နှစ်ဖိုစာ ဆေးများသန့်စင်ရန်ဖြစ်သည်။သို့ရာတွင် ယခုတော့
မည်သို့မှ မတတ်နိုင်တော့သည်ဖြစ်ရာ တတိယ မီးဖိုတွင်သာ သန့်စင်ရတော့သည်။

နဂါးအရိုးမြက် ထည့်သွင်းဖော်စပ်သည့် အဆင့်ကျော်ဆေးသည် လွန်မင်းစွာ သန့်စင်ရခက်လေသည်။
သူ့၏ အစွမ်းထက် စိတ္တစွမ်းအား များနှင့်ပင်လျှင် လုံချန့်မှာ ပင်ပန်းနွမ်းနယ်နေသည်။
သည့်တိုင်အောင် ဆေးခြောက်လုံးအား မြင်လျှင် သူက မောပန်းရ တန်သည်ဟု ခံစားရသည်။ထိုဆေး
များကို လုံချန်က အံ့အားသင့်နေသော ချန်ဖေးထံသို့ စာတစ်စောင်နှင့်အတူ ပေးလိုက်သည်။

ချန်ဖေးက အာရုံမလာခင် လုံအိမ်တော်မှထွက်သွားခဲ့သည်။လုံချန်က ကုန်ခမ်းသွားသည့်အားများ
ပြန်ပြည့်စေရန် အလို့ငှာ အနည်းငယ်မျှ ပြန် အနားယူရလေသည်။ လုံချန်က အိပ်ယာမှ နိုးလျှင် သူ
သည် ယခင်ကထက် ပို၍လွတ်လပ်ကာ၊တာ၀န်ပေါ့သွားသကဲ့သို့ ခံစားရလေသည်။

သူ့အဖေကိစ္စက သူ့ပုခုံးတွင် ထမ်းထားရသော ၀န်ထုပ်၀န်ပိုးကြီးပမာ အမြဲဖြစ်နေခဲ့သည်။ယခုအခါ
တွင် သူ့အဖေ၏ အခြေအနေကို သူက သိပြီဖြစ်ရာ သူ့အဖေပြန်လာမည့် အချိန်အား လုံချန်က
မျှော်လင့်တစ်ကြီးဖြင့် စောင့်နေတော့သည်။

လုံချန်အတွက် စိုးရိမ်စရာဟူ၍ သူ့အဖေအား ပစ်မှတ်ထားနေသူသည် မည်သူဖြစ်သည်ကို ချန်ဖေး
ကမသိခြင်းပင်ဖြစ်သည်။ဤကိစ္စနှင့်ပတ်သတ်၍ လုံရှင်းရှောင်က မည်သူ့ကိုမျှ ထုတ်ဖော်မပြောကြား
ခဲ့ပေ။

သို့သော် ဤအရာကလည်းသိပ်အရေးကြီး လှသည်တော့မဟုတ်။ယခု သူ့အဖေသတင်းအား ကြား
သိရပြီဖြစ်၍ သူက စိတ်ဓာတ်များတက်ကြွနေလေသည်။လုံချန် အိပ်ယာမှထလျှင် နှင်းပွင့်လေး
အားသူ့ရှေ့တွင် ထားလိုက်၏။နှင်းပွင့်လေးဆိုသည်မှာ နှင်းဝံပုလွေမှ နာမည်ကိုယူကာ သူ ပေး
ထားခြင်းဖြစ်သည်။

နှင်းပွင့်လေးက ယခင်အတိုင်းမျက်လုံးမပွင့်သေးပေ။လုံချန်က အသာအယာပြုံးကာ သူ့လက်ထိပ်အား
သွေးထွက်အောင်ကိုက်၍ နှင်းပွင့်လေး ပါးစပ်ထဲသို့ သွေးစက်လေးကို ချပေးလိုက်သည်။လုံချန်၏
သွေးစက်ကို နှင်းပွင့်လေး က သောက်မြိုပြီးသည်နှင့် ပိတ်နေသော မျက်လုံးသည် နောက်ဆုံး၌
ပွင့်လာခဲ့ချေပြီ။

သူက လုံချန်ကိုစပ်စုတဲ့အကြည့်ဖြင့်ကြည့်နေ၏။နှင်းပွင့်လေးကား ကြီးမားသည့်မျက်လုံးဝိုင်း
၀ိုင်းကြီး များဖြင့် များစွာချစ်စရာကောင်းလှသည်။မှော်သားရဲအများစုက သူတို့ ပထမဆုံး
သောက်မြိုခဲ့ဖူးသော သွေးကို တစ်သက်လုံးမမေ့ကြချေ။ဤသို့ဖြင့် သူတို့ ပထမဆုံး သောက်ခဲ့
ဖူးသည့် သွေး၏ ပိုင်ရှင်က သူတို့၏သခင်ဖြစ်လာသည်။

နှင်းပွင့်လေးက မျက်လုံးပွင့်သည် နှင့်လုံချန့်ကိုယ်ပေါ်သို့ လေးဘက်တွားကာ တက်လာသည်။
သူလမ်းလျှောက်နေပုံက အင်မတန်အားနေသေးကာ ဟိုယိုင်သည်ယိုင် ဖြစ်နေသော်လည်း လုံ
ချန့်ထံ သို့ခပ်ဖြေးဖြေးလာနေသည်။

ှနှင်းပွင့်လေးကို ကြည့်ကာ လုံချန်၏ ရင်ထဲ၌ နွေးထွေးမှု တစ်မျိုးကိုခံစားရသည်။နှင်းပွင့်လေး က
သူ့ကို သခင်အဖြစ်အသိအမှတ်ပြုလိုက်သည်နှင့် သူသည် လုဖုန်း သူ့ကိုသင်ပေးခဲ့သော လျို့ဝှက်နည်းလမ်း
အားအသုံးပြု၍ နှင်းပွင့်လေး၏ ဝိညာဉ်ကို ထိန်းချုပ်ရန် လုပ်လိုက်သည်။ထိုပညာသည် သခင်အား
သစ္စာမဖောက်စေရန် မှော်သားရဲများ၏ စိတ်ဝိညာဉ်၌ တံဆိပ်ခပ်နှိပ် ပေးသည့် သဘောဖြစ်ရာ တစ်နည်းအားဖြင့်
ကျွန်ပြုခြင်းပင်ဖြစ်၏။

သို့သော်လုံချန်က ထိုသို့လုပ်ရမည်ကိုတွေဝေနေသည်။သည်ကောင်လေးကို သူ ထိုသို့မလုပ်ရက်ပေ။
လုံချန် အပြန်ပြန် အလှန်လှန် စဉ်းစားနေချိန်မှာပဲ နှင်းပွင့်လေးက သူ့မျက်နှာပေါ်သို့တက်လာပြီး
လျှာလေးဖြင့် လာလျှက်နေသည်။လုံချန်က ရယ်ရင်းနှင်းပွင့်လေးကို ဖက်လိုက်၏။ထို့နောက် သူက
နှင်းပွင့်လေးအား မြို့အပြင်သို့ခေါ်သွားလိုက်သည်။ယခုအခါတွင် နှင်းပွင့်လေးသည် မျက်လုံးပွင့်ပြီ
ဖြစ်သောကြောင့် လမ်းကောင်းကောင်းလျှောက်နိုင်အောင် သူ သင်ပေးရဦးမည်။

မှော်သားရဲများသည် အလွန်စိတ်ဓာတ်မာကျောကြရာ သူတို့က မျက်လုံးပွင့်သည် နှင့်အစာကို ကိုယ်
တိုင်ရှာဖွေစားသောက်နိုင်စွမ်းရှိကြသည်။အကောင်ပေါက်ကလေး ဘ၀က ကဲ့သို့ အစာကြွေးစရာမလို
တော့ချေ။

လုံချန်က နှင်းပွင့််လေးကို မြို့ပြင်သို့ ခေါ်သွားရခြင်းမှာ သူ့အား လျှင်မြန်စွာ ကြီးထွားလာစေ ရန်
အတွက်ဖြစ်သည်။သို့ရာတွင် သူသည် မြို့ပြင်သို့့ မထွက်မှီ၌ လူတစ်ယောက်အား သွားရှာရဦးမည်။
တစ်နာရီခန့်ကြာလျှင် စားကျက်မြေ တစ်ခုသို့ လုံချန်ရောက်သွား၏။

ထိုစဉ် ရုတ်ချည်း အော်သံကြီးတစ်သံ ထွက်လာကာ ယင်းအော်သံကြီးနှင့်အတူ မြေကြီးသည် တစ်
သိမ့်သိမ့်တုန်၍ လာလေသည်။ ထိုအသံအားကြားလျှင် လုံချန်၏ မျက်နှာ၌ အပြုံးတစ်ခု
ဖြတ်ပြေးသွားတော့သည်။

MK AUNG

Continue Reading

You'll Also Like

41.7K 2.1K 74
What if it wasn't Japan that teleported to another world, but the superpower country on Earth, America's Cold War rival that in our OTL is collapsed...
21K 511 34
----"𝚆𝙴 𝚆𝙴𝚁𝙴 𝙱𝙾𝚁𝙽 𝙵𝙾𝚁 𝚃𝙷𝙸𝚂."---- ⚜️Meet Xavier Mikaelson he's the original heretic and happens to be the twin brother of the big bad...
131K 3.6K 200
Author: Banshenghuan/半生欢 Category: Tanmei Novels Status: 469 chapter (Ongoing) (The end of the world + no heroine + strong) Book 1 Introducing: In t...
Re:Cursed By

Adventure

43K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...