Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၅၆)ကြယ်ပေါင်းမြက်
ထိုအသံကိုကြားကြားချင်းမှာပင် အသံရှင်က ရှပိုင်ချီဖြစ်ကြောင်းလုံချန်သိလိုက်သည်။သူမကား ဆေးပြိုင်
ပွဲတွင် လုံချန်ကို ရှုံးနိမ့်သွားပြီးနောက် သူမနှင့်ဝေချိုင်၏ ပတ်သတ်မှုအား အများရှေ့မှောက်၌ အမှတ်
မထင် ဖွင့်ပြောမိသည်မှစ၍ လူရှေ့မှပျောက်ကွယ်သွားခြင်းဖြစ်သည်။
ယခုတော့ ကြည့်ရသည်က ဤရူးကြောင်ကြောင်အမျိုးသမီးသည် သူ့အား ရွှေကျားကို လွယ်လွယ်
နှင့်ပိုင်ဆိုင်ခွင့်ပေးမည့်ပုံမပေါ်ပေ။
သုံးဆယ့်ငါးသိန်း.....
သုံးဆယ့်ငါးသိန်းတစ်သောင်း.....
လုံချန်လေလံဆွဲသည်နှင့် ရှပိုင်ချီကလည်း တွေဝေနေခြင်းမရှိပဲ ချက်ချင်းစျေးလိုက်ခေါ်သည်။အခြားသူ
များမှာမူ ငြိမ်သက်တိတ်ဆိတ်နေတော့သည်။တစ်ကယ်တမ်းတွင် ရွှေကျား၏ စျေးနှုန်းက သိန်းနှစ်
ဆယ်မှ နှစ်ဆယ့်ငါးသိန်းကြားသာရှိသည်။သို့သော် ရောင်းမည့်သူများက ရှားသောကြောင့် ၀ယ်ဖို့
ခက်လှသည်။
ထိုကျားကို မိခင်နှင့်နို့ခွဲခွဲ ခြင်းမှာပင် ချက်ချင်းထုတ်ရောင်းကြသည်။ဤသို့မလုပ်လျှင် ကျားက အလွန်
မြန်ဆန်သော နှုန်းဖြင့် ကြီးထွားလာတတ်ကာ ယဉ်ပါးအောင်မွေးမြူရန်ခက်သွားသလို တန်ဖိုးလည်းမရှိ
တော့ချေ။
ထို့ကြောင့် လုံချန်ပေးသည့်သိန်းသုံးဆယ်ဆိုသည့်စျေးက တန်ပင်မတန်ပေ။သို့သော် ဤကဲ့သို့ အခွင့်
အရေးက ရှားသောကြောင့် ငွေအနည်းငယ်ပိုသုံးရခြင်းက တန်သည်ဟု သူယူဆသည်။ယခုတော့ စျေး
က သုံးဆယ့်ငါးသိန်းပင် ကျော်ပြီဖြစ်ရာ လုံချန်လက်လျှော့လိုက်ပြီဖြစ်သည်။သို့သော် လေလံပြိုင်ဘက်
က ရှပိုင်ချီဖြစ်နေသောကြောင့်လွယ်လွယ် နဲ့တော့ သူအလျှော့ပေးမည်မဟုတ်ချေ။
သိန်းလေးဆယ်......
လုံချန်က အံကိုတင်းတင်းကြိတ်ရင်း ဒေါသအနည်းငယ်စွက်သည့် လေသံဖြင့်ပြောလိုက်သည်။
သိန်းလေးဆယ်နဲ့တစ်သောင်း........
ရှပိုင်ချီက လုံချန်ဒေါသထွက်နေတာကို သိပုံရသည်။သူမအသံက အပျော်များပင်ပါနေသည်။
ထိုရူးကြောင်ကြောင်အမျိုးသမီးက သူ့ကိုအစာကြေပုံမရ ကြောင်းလုံချန်ပိုသေချာသွားသည်။
ထိုကျားကို သူမစိတ်၀င်စားချင်မှ ၀င်စားလိမ့်မည်။သူမ၏ ပစ်မှတ်က လုံချန်ပင်။
သိန်းငါးဆယ်......
လုံချန် ဒေါသအသံဖြင့်အော်လိုက်၏။
သိန်းငါးဆယ်နဲ့တစ်သောင်း.....
ထင်ထားသလိုပင်။သူစျေးခေါ်လိုက်သည်နှင့် ရှပိုင်ချီကလည်း စျေးလိုက်ခေါ်သည်။လူထုက သီးသန့်
ခန်းနှစ်ခုကို ကြည့်ရင်း သူတို့နှစ်ယောက်ကား တစ်ယောက်အပေါ်တစ်ယောက် ထူးဆန်းသည်ဟု တွေး
နေကြသည်။
"အဲ့ဒိ မိန်းမက မဟာရှကမင်းသမီးလေ ဒါပေမယ့် နောက်ထပ်သီးသန့်ခန်းတစ်ခုက အသံကငယ်ရွယ်
လွန်းတယ် ဒီအသံကိုငါမသိသလိုပဲ"
"မင်းသတင်းမကြားသေးဘူးလား ဖီးနစ်အင်ပါယာရဲ့ နံပါတ်တစ် ဂျူနီယာမျိုးဆက်သစ် တစ်ယောက်
ရဲ့အသံကို မင်းမမှတ်မိဘူးလားကွ"
ထိုသို့သတိပေးလိုက်မှ ထိုလူ ချက်ချင်းသဘောပေါက်သွားသည်။မဟာရှမင်းသမီး စျေးလိုက်ခေါ်
နေခြင်းက အံ့သြစရာမဟုတ်တော့။အကြောင်းမှာ သူမ၏ ပြိုင်ဘက်က လုံချန်ဖြစ်ခြင်းကြောင့်ပင်။
ရှပိုင်ချီက လုံချန်ကို မီးအိမ်နီ ပွဲတော်၌ ရှုံးနိမ့်သွားခြင်းအား လူတိုင်းသိလေသည်။
နင်ရှင်း က လုံချန်၏ သီးသန့်ခန်းနှင့် ရှပိုင်ချီ၏ သီးသန့်ခန်းများကိုကြည့်လိုက်သည်။သူမဘာတွေ
တွေးနေသည်ကို ဘယ်သူမှမသိနိုင်ပေ။သို့သော် သူမ၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် ပေါ်လာသည်။
"ပိုင်ချီ ငွေတွေကိုမဖြုန်းနဲ့ လေလံပွဲက စတုန်းပဲရှိသေးတယ် နောက်ပိုင်းမှာငါတို့ လေလံဆွဲဖို့တွေရှိ
သေးတယ်နော် လုံချန့်ကို ကလဲ့စားချေဖို့အတွက်နဲ့တော့ ငွေတွေဖြုန်းပစ်ဖို့မဖြစ်ဘူး" ရှချန်းက
ရှပိုင်ချီကိုအကြံပေးသည်။
လေလံပွဲက ယခုမှ အစပင်ရှိသေးသည်။ပစ္စည်းကောင်းကောင်းများက လေလံမတင်ရသေးပေ။
စောစောစီးစီးငွေတွေသုံးပစ်လျှင် ပစ္စည်းကောင်းများကို လေလံတင်သည့်အခါတွင် ဒီအတိုင်းသာ
ကြည့်နေရပေတော့မည်။
"မဟုတ်ဘူး ကျွန်မကို အရှက်ခွဲခဲ့တဲ့ကောင်ကို ဒီအတိုင်းမထားနိုင်ဘူး ဒီကောင့်ကြောင့် ဘိစ်မီး
တောက်ကိုလည်း ကျွန်မ ဆုံးရှုံးခဲ့ရတယ် မစိုးရိမ်ပါနဲ့ ကျွန်မရဲ့ကိုယ်ပိုင်ငွေကိုပဲ သုံးမှာပါ" ရှပိုင်ချီက
လုံချန်၏ သီးသန့်ခန်းကို အကြည့်စူးစူးများဖြင့် ကြည့်လိုက်သည်။
"ဒါဆိုလည်း ကောင်းပြီလေ ဒါပေမယ့် နောက်ထပ်လေလံဆွဲမှာတွေ ရှိသေးတယ် နောက်တစ်ခါ
သူစျေးပေးရင် ထပ်မလိုက်နဲ့တော့"
ရှချန်ဖုန်းက ခေါင်းမာနေသည့် ရှပိုင်ချီကို နှစ်သိမ့်နေရသည်။သူက ထိုညီမလေးကို ဘယ်လိုကိုင်တွယ်
ရမည်မသိချေ။မည်သို့ပင်ဖြစ်ပါစေ သူမက ဆေးပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သူ့ထက် အဆင့်
မြင့်သည်ဟု ဆိုရမည်။လုံချန် ခပ်ယဲ့ယဲ့ပြုံးသည်။
ရှပိုင်ချီကိုသူ ကစားချင်လျှင် ဆက်ကစားနိုင်သေးသည်။သို့သော်သူ့အတွက် ပျင်းစရာကား ကောင်း
နေသည်။
"ဂုဏ်ယူပါတယ်ရှင် မင်းသမီးရှပိုင်ချီက ရွှေကျားကို ရရှိသွားပါပြီ" နန်ရှင်းကပြုံးလိုက်သည်။ကျားအတွက်
ပေးထားသည့်စျေးက အလွန်မြင့်ရာ တစ်ကြိမ်၊နှစ်ကြိမ် စသည်ဖြင့် မခေါ်တော့ပဲ အဆင့်များကိုကျော်
၍ နန်ရှင်းက တိုက်ရိုက်ပြောလိုက်ခြင်းဖြစ်သည်။အခြေအနေက အကျပ်ရိုက်စွာဖြင့် ငြိမ်သက်သွား၏။
ရှပိုင်ချီ အံ့အားသင့်နေသည်။သူမ၏ ငွေများကို လုံချန်က အကွက်ဆင်၍ ဖြုန်းလိုက်သည်ကို သိသည်နှင့်
ရှပိုင်ချီက ကျိန်ဆဲတော့သည်။
"လုံချန် နင် အသေးဆိုးနဲ့သေမယ့်ကောင်"
လုံချန် ရယ်ပဲရယ်နေလိုက်သည်။ယခု ရှပိုင်ချီ ဖြစ်နေမည့်ပုံစံကို သူ မြင်ယောင်ကြည့်နေလေသည်။
လေလံပွဲက ဆက်လက်ကျင်းပနေသည်။များစွာသော ရှားပါးပစ္စည်းများ လေလံတစ်ခါတင်တိုင်း
ပရိတ်သတ်များကား အုတ်အုတ်ကျက်ကျက် ဖြစ်ဖြစ် သွားကြ၏။သို့သော် လုံချန်က အစောပိုင်းက
ကဲ့သို့ ငြိမ်မနေတော့ပေ။မကြာခဏဆိုသလို လေလံတစ်ခုတင်တိုင်း စျေး၀င်၀င် ပေးလေသည်။
လုံချန်ဤသို့ စျေးပေးတိုင်း ရှပိုင်ချီကလည်း နောက်မှချက်ချင်း စျေးလိုက်ပေးစမြဲပင်။သူမက သူနှင့်
အမြဲလိုပင် တစ်သောင်းခွာ၍ စျေးပေးသည်။ထို့ကြောင့် လေလံပွဲက သူတို့နှစ်ယောက်ကြားက စစ်
မြေပြင်လိုဖြစ်နေတော့သည်။
ဆယ့်ရှစ်သိန်း......
ဆယ့်ရှစ်သိန်း တစ်သောင်း......
နှစ်ဆယ့်ငါးသိန်း......
နှစ်ဆယ့်ငါးသိန်း တစ်သောင်း.....
နန်ရှင်းက စိတ်ထဲကြိတ်ရယ်နေမိသည်။နှစ်ဖက်အပြိုင်စျေးပေးနေသည်ကို သူမက ဘာမှ ၀င်
မပြောပေ။
"ပိုင်ချီ တော်တော့ မင်းကိုသူကစားနေတာ မင်းဘယ်လောက်ပေးပေး လောက်မှာမဟုတ်ဘူး"
ရှချန်ဖုန်းက ဒေါသတကြီးဖြင့်ပြောသည်။
လုံချန်၏ စိတ်အားထက်သန်စွာဖြင့် ကူညီမှုအောက်၌ ရှပိုင်ချီက ပစ္စည်းအတော်များများကို ၀ယ်
ထားမိချေပြီ။ထိုပစ္စည်းအများစုက သူမအတွက်အသုံးမ၀င်သည့် အရာများသာဖြစ်သည်။ယခုဆို
လျှင် သူမက ရွှေဒဂါင်္း သိန်းနှစ်ရာကျော်ခန့်ကို အသုံးပြုပြီးဖြစ်၏။
ရှချန်ဖုန်း နောင်တရသလိုပင် ခံစားလာမိသည်။မူလတွင် ရှပိုင်ချီက လေလံပွဲသို့ လာချင်သည်မဟုတ်
ပေ။သူမနှင့်ဝေချိုင်၏ ကိစ္စက မြို့ထဲတွင် တောမီးလိုပျံ့နှံ့နေသောကြောင့် အပြင်မထွက်ရဲပဲ အိမ်တွင်း
အောင်းနေခြင်းဖြစ်သည်။
သို့သော် ရှချန်ဖုန်းက သူမကို စိတ်ပြေလက်ပျောက်ဖြစ်စေရန် လေလံပွဲသို့လာစေချင်သည်။ထို့အပြင်
လေလံပွဲတွင် သူ၀ယ်ချင်တာများရှိလျှင် ရှပိုင်ချီထံ၌ ငွေအကူအညီတောင်းမည်ဟု စိတ်ထဲတေးထား
ခြင်းလည်းပါသည်။ရှပိုင်ချီက ဆေးပညာရှင် တစ်ယောက်ဖြစ်သောကြောင့် ငွေအလွန်ရွှင်သည်။
သို့သော် ရှပိုင်ချီက ခဏလေးအတွင်း၌ ရွှေဒဂါင်္း သိန်းနှစ်ရာခန့်ကို ဖြုန်းပစ်လိုက်သည်။သူမဖြုန်း
လိုက်သည့် ငွေများကို တွက်ရင်း ရှချဖုန်း စိတ်ညစ်နေသည်။ထိုအချိန်၌ ရှပိုင်ချီ သဘောပေါက်
လာ၏။သူမတွင် ငွေဘယ်လောက်ပင် ရှိသည်ဖြစ်စေ ဟွာယွန်အိမ်တော်မှ လေလံပစ္စည်းများကို
အကုန်၀ယ်ယူနိုင်ဖို့က မလွယ်ပေ။အကယ်၍ သူမက သည်သို့ဆက်လုပ်နေမည်ဆိုလျှင် လုံချန်ကစားတာ
ကိုခံနေရပေမည်။
"စိုးရိမ်စရာမလိုပါဘူး မင်းသမီး ကလဲ့စားချေချင်ရင် လုံချန်တစ်ခုခုလုပ်တာကိုစောင့်
ကြည့်ပါဦး နောက်မှကလဲ့စားချေလည်း နောက်မကျပါဘူး " အိမ်ရှေ့စံမင်းသား ချုယန်ကပြုံး၍ ပြော
သည်။
"ကောင်းပါပြီ အကိုတော်ချုယန် ပြောတာမှန်တယ် သူသီးသန့်ခန်းရတယ်ဆိုတာ ဟွာယွန်အိမ်
တော်က သူတစ်ခုခု၀ယ်မယ်လို့မျှော်လင့်ထားလို့ဖြစ်မယ်" ရှချန်ဖုန်းက အကြံ၀င်ပေးလိုက်သည်။
သူတို့နှစ်ယောက်စကားကို ကြားသည်တွင် ရှပိုင်ချီ၏ ဒေါသက အနည်းငယ်ပြေသွားသည်။သို့သော်
လုံချန်ကို မုန်းသည့်အမုန်းက သူမတွင် ဆက်လက်ကြီးထွားလျှက်ရှိသည်။သူမက လုံချန်နှင့်တွေ့သည်မှစ
၍တစ်ကြိမ်ပြီးတစ်ကြိမ်ရှုံးနိမ့်ခဲ့ရသည်။လုံချန်ကား သူမအတွက် ဂြိုဟ် ဆိုးပင်။
ရှပိုင်ချီက လုံချန်နှင့်လေလံပြိုင်မဆွဲတော့ပဲရပ်လိုက်သည်။သူတို့နှစ်ယောက်၏ ယှဉ်ပြိုင်မှုများရပ်သွား
သည်တွင် လေလံပွဲက မူလအခြေအနေအတိုင်းပြန်တည်ငြိမ်သွားပြီဖြစ်သည်။ထိုအချိန်၌ မိုးက မှောင်
လာချေပြီ။ညစာစားသုံးရန် အတွက် လေလံပွဲကို ခေတ္တရပ်လိုက်သည်။လိုက်ကာကြီး ပွင့်သွားကာ
အစားအသောက်ဗန်းများ အရက်များဖြင့် ညစာတည်ခင်းရန် မိန်းမပျိုလေးများ ရာပေါင်းများစွာက
လာကြချေပြီ။
သည်ညစာ စားပွဲမှာ ဟွာယွန်အိမ်တော်မှတည်ခင်းခြင်းဖြစ်သည်။ဆာလောင်ခြင်းကြောင့် လူများ
အိမ်ပြန်ကုန်ကြမှာကို ဟွာယွန်အိမ်တော်က ကြောက်လေသည်။
"အကိုလုံ ကျုပ်တို့လည်းအောက်ဆင်းရအောင် မညာတမ်းပြောရရင် အစောပိုင်းက ရှပိုင်ချီ
နဲ့ ဖြစ်ကြတဲ့ကိစ္စမှာ ကျုပ်တို့လည်း သိပ်ကိုစိုးရိမ်နေတာ အခုတော့ ဗိုက်ကမခံမရပ်နိုင်အောင်
စာနေပြီ" ဖက်တီးယုကပြောသည်။
"အောက်ဆင်းစရာမလိုပါဘူးကွာ"
လုံချန်က သူ့ခေါင်းကို ယမ်းလိုက်၏။လှပသော မိန်းမပျိုကလေး နှစ်ယောက်က စားပွဲရှည်တစ်လုံး
ကိုသယ် ပြီးအခန်းထဲ၀င်လာကြသည်။သည်စားပွဲ ပေါ်တွင် ဟင်းပွဲမျိုးစုံကိုတည်ခင်းထားသည်။
ဟင်းပွဲများမှာ ထွက်လာသည့် အမွှေးနံ့များမှာ ဖက်တီးယုတို့တစ်သိုက်ကို သွားရည်တစ်မြားမြား ကျ
စေ၏။
သို့ရာတွင် ဖက်တီးယုက မိန်းမပျိုလေးနှစ်ယောက်အား အရူးတစ်ယောက်လို ကြည့်ပြီး စားသောက်
ရန်ပင်မေ့နေချေပြီ။
"စားကြပါရှင် ကျွန်မတို့ ဝိုင်ငှဲ့ပေးပါ့မယ်" မိန်းမပျိုလေးနှစ်ယောက်က ဖက်တီးယုကို မကြည့်
ပဲ သူမတို့၏ အကြည့်က လုံချန်အပေါ်တွင်သာ တစ်ရစ်ဝဲ၀ဲဖြစ်နေသည်။
"အော်...မင်းတို့ကိုး"
လုံချန် အနည်းငယ်အံ့အားသင့်သွားသည်။သည်မိန်းမပျိုကလေးများ မှာ သူ့ကိုဟွာယွန်အိမ်တော်
ဧည့်ဆောင်တွင် လာကြိုဆိုကြသော မိန်းမပျိုလေး လေးယောက်ထဲမှ နှစ်ယောက်ဖြစ်သည်။
"ဟာ လုံသခင်လေးက ကျွန်မတို့ကို မှတ်မိတယ်ပေါ့"
မိန်းမပျိုလေး နှစ်ယောက် မှာ စိတ်လှုပ်ရှားကုန်ကြသည်။မိန်းမပျိုလေးနှစ်ယောက်အနက်မှ တစ်
ယောက်က ပတ်၀န်းကျင်ကို မသိမသာအကဲခတ်ပြီး စာအုပ်ခပ်သေးသေး တစ်အုပ်ကို ထုတ်ယူ
လိုက်သည်။ထိုမိန်းမပျိုလေးက မျက်နှာနီနီဖြင့် ပြောလေသည်။
"သခင်လေးလုံချန် ကျွန်မကို လက်မှတ်ထိုးပေးနိုင်မလားဟင်"
လုံချန် ကြောင်တောင်တောင်ဖြစ်နေသည်။စာအုပ်ကိုယူကြည့်လိုက်တော့ သူမျက်လုံးပြူးသွားရသည်။
အရပ်ရှည်ရှည်၊ဓားတစ်စင်းလို ဖြောင့်တန်းသည့် မျက်ခုံးဖြင့် ရုပ်ရည်ချောမောသော လူတစ်ယောက်၊
သူ့နောက်တွင် အနက်ရောင်ဆံပင်များက လေနှင့်အတူ တစ်လူလူလွင့်လျှက်ရှိသည်။သည်ပန်းချီပုံကို
စာအုပ်၏ အဖုံးတွင် ရေးဆွဲထားခြင်းဖြစ်၏။
သည်လူကို ဂရုတစ်စိုက်ကြည့်ရာတွင် သည်လူက သူနှင့် 80ရာခိုင်နှုန်းခန့် တူနေကြောင်း လုံချန်
သတိပြုမိ၏။သို့တိုင်အောင် ထိုပန်းချီပုံထဲကလူက သူ့ထက်ပိုချောသည်။
"ဒါကို ကျုပ်ပုံလို့ယူဆရမှာလား" လုံချန်ကသံသယ ဖြစ်ဟန်ဖြင့်မေးလိုက်၏။
"မင်း ဒါကိုမသိဘူးလား" မိန်းမပျိုလေးနှစ်ယောက်တွင်သာမက ရှီဖန်ကပါ အံ့အားသင့်သွားသည်။
"ဒါက လက်ရေးပန်ချီလေ အကန့်အသတ်နဲ့ထုတ်ထားတာ အဲ့ပန်းချီကားရဲ့ တန်ဖိုးက ရွှေဒဂါင်္း
သုံးဆယ့်ငါးပြားတန်တယ် ကျွန်မတို့ တစ်နှစ်လုံးလုပ်လို့ရတဲ့ လုပ်အားခရဲ့ တစ်၀က်နဲ့ ၀ယ်ထား
ရတာ သခင်လေးကိုတောင်ပန်းပါတယ် ကျွန်မကို လက်မှတ်ထိုးပေးပါလား"
လုံချန်က စာအုပ်ကိုလှန်ကြည့်လိုက်သည်တွင် သူပင်ထိုစာအုပ်ကိုပြေး၍ ၀ယ်ချင်စိတ်ပေါက်သွား
သည်။သူ့ကို စုတ်တံ လှမ်းပေးနေသည့်မိန်းမပျို ကလေး နှစ်ယောက်ကိုကြည့်ကာ လုံချန်ရယ်
လိုက်သည်။
"မင်းတို့နှစ်ယောက် လက်မှတ်ထိုးပြီးရင် အကြံအစည်တစ်ခုခု ရှိသေးတယ်မလား"
မိန်းမပျိုကလေးနှစ်ယောက်မှာ မျက်နှာလေးများနီကုန်ကြသည်။သူမှန်းတာက မှန်သည်။သူ့ကိုမြင်လျှင်
ထိုမိန်းမပျိုကလေးနှစ်ယောက်က အပြေးအလွှား ညစာလာပို့ကြခြင်းဖြစ်သည်။မှင်ခွက်ထဲသို့ စုတ်တံ
ကိုနှစ်၍ စာအုပ်အဖုံးပေါ်တွင် လုံချန်က သူ့နာမည်ကို ခပ်ထူထူ ရေးလိုက်သည်။ယခင်က သူ့အမေ
အားလပ်ချိန်တိုင်းတွင် သူ့ကိုပန်းချီရေးနည်းသင်ပေးထားရာ သူ့လက်ရေးက အလွန်သပ်ယပ်နေ
တော့သည်။
လုံချန်က သူမတို့ကို စာအုပ်ပြန်ပေးလျှင် မိန်းမပျိုကလေး နှစ်ယောက်မှာ ရင်တစ်ဖိုဖိုဖြင့်ယူလေသည်။
သည့်နောက် သူ့ကို ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောပြီးသည်နှင့် ဝိုင်ငှဲ့ပေးဖို့ပင် သတိမရ
တော့ပဲ အခန်းအပြင်သို့ ခပ်သုတ်သုတ် ပြေးကြတော့သည်။ကြည့်ရသည်က ကျန်ခဲ့သည့်မိန်း
မပျိုကလေး နှစ်ယောက်အား လုံချန်၏ လက်မှတ်ကို သွားပြခြင်း ဖြစ်မည်။
"အကိုလုံ ကျုပ်မိသားစုကလည်း အကိုလုံရဲ့ စာအုပ်တွေကိုအများကြီး စုဆောင်းထားတယ်ဗျ
ကျုပ်ကိုလည်းတစ်အုပ်လောက်လက်မှတ်ထိုးပေးပါလား" ဟူရှုကမျက်လုံးတစ်ဖက်မှိတ်ရင်း
တစ်ဟားဟားရယ်နေသည်။
"နေပါကွာ မင်းကနမော်နမဲ့နဲ့ရယ် သိမ်းထားတာပဲကောင်းပါတယ် အကိုလုံကိုလက်မှတ်ထိုး
ခိုင်းပြီး အဲ့စာအုပ်ကိုပြန်ရောင်းစားမလို့မလား" နိုဘယ်အုပ်စုထဲက တစ်ယောက်က အထင်သေး
ဟန်ဖြင့်ပြောသည်။
"အဓိပ္ပါယ်မရှိလိုက်တာ ကျုပ်ကဒီလိုလူမျိုးလား" ရှုဟူက ဒေါသတစ်ကြီးဖြင့်ပြန်ပြောသည်။သို့တိုင်အောင်
လူတိုင်း၏ အထင်သေးဟန် များကိုမြင်လျှင် အထစ်ထစ် အငေါ့ငေါ့ဖြင့်ဆက်ပြောလေသည်။
"အကိုလုံရဲ့ လက်မှတ်က ဘယ်လောက်တန်လည်းပဲ ငါကသိချင်တာပါကွာ"
"ကဲ...ပါးစပ်ပိတ်ပြီးစားကြတော့"
လုံချန်က လူတိုင်းကို ဆူပူကြိမ်းမောင်းလိုက်လျှင် လူတိုင်းမှာ တစ်ဟီးဟီးဖြင့် ရယ်ရင်းအစား
အသောက်များအား အားပါပါးရ စားကြလေတော့သည်။သူတို့အကုန်လုံး စားကြ၊သောက်ကြ
ပြီးလျှင် လုံချန်လက်မှတ်ထိုးပေးလိုက်သော မိန်းမပျိုကလေး နှစ်ယောက်ပြန်ရောက်လာပြီး သိမ်းဆည်း
သွားကာ သစ်သီးများ၊လက်ဖက်ရည်များဖြင့် ထပ်ဧည့်ခံသည်။
တစ်နာရီခန့်မျှ ကြာသည်တွင် လေလံပွဲတော် ပြန်စလေသည်။နန်ရှင်း၏ အသံချိုချိုလေးက နောက်
တစ်ဖန် လွင့်ပျံ့လာပြန်၏။
"နောက်ထပ် လေလံတင်မယ့် အရာကတော့ နှစ်တစ်ထောင် ကြယ်ပေါင်းမြက် ဖြစ်ပါတယ်ရှင်"
########
Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၅၇)ယင်အမတ်ကြီး၏အကြံ
နှစ်တစ်ထောင်သက်တမ်းရှိသည့် ကြယ်ပေါင်းမြက်ကို လေလံတင်တော့မည်ကြားလျှင် လုံချန်၏ ရင်
များက တစ်ဒိန်းဒိန်းခုန်လာကြသည်။သည်အရာကား ဟွာယွန်အိမ်တော်သို့ သူအဓိက လာခဲ့ရခြင်း
၏အကြောင်းပြချက်ဖြစ်လေသည်။ကြယ်ပေါင်းမြက်ကို သူ ရမှကိုဖြစ်မည်။
အကယ်၍ နှစ်တစ်ထောင်သက်တမ်းရှိကြယ်ပေါင်းမြက်ကို သူရလျှင် အဆင့်မြင့် ကြယ်ပေါင်းဆေး
ကို ဖော်နိုင်ဖို့က 100 ရာခိုင်နှုန်းသေချာသည်။ထိုကြယ်ပေါင်းဆေးဖြင့်ဆိုလျှင် ချူယောင်၏ကိုယ်တွင်
ပိတ်ဆိုနေသည့် သဏ္ဍန်ပြောင်းစွမ်းအင်များကို ဖယ်ရှားနိုင်ဖို့ကလည်း 100 ရာခိုင်နှုန်းအခွင့်အရေး
ရှိ၏။
မူလတွင် လုံချန်က နှစ်တစ်ထောင်ကြယ်ပေါင်းမြက်ကို အသုံးပြုရန်စိတ်ကူးမရှိပေ။နှစ်တစ်ရာ ကြယ်
ပေါင်းမြက်ကို သုံးလျှင် ပင်လုံလောက်ပြီဟု သူကတွေးခြင်းကြောင့်ဖြစ်သည်။မည်သို့ပင်ဆိုစေ နှစ်
တစ်ရာ ကြယ်ပေါင်းမြက်မှာပင် အတော်လေးရှားသည်။သည်သို့ရှားရခြင်းကလည်း ကြယ်ပေါင်းမြက်
ကို ဒုတိအဆင့် ဆေးများ၏ အဓိက ပါ၀င်ပစ္စည်းအဖြစ်အသုံးပြုကြခြင်းကြောင့်ပင်။
ထိုမြက်ကို စုဆောင်းရသည်က အလွန်ခက်ရာ ရောင်းချမည့်သူက အလွန်ရှားလေသည်။သာမာန်
ကြယ်ပေါင်းမြက် နှင့် နှစ်တစ်ထောင်ကြယ်ပေါင်းမြက်က အာနိသင်ချင်း မိုးနှင့်မြေလိုကွာသည်။
ချုယောင်အတွက်ဆိုလျှင် ငွေမည်မျှကုန်သည်ဖြစ်စေ သူက ဂရုစိုက်မည်မဟုတ်ပေ။မူလတွင် သူက
ကြယ်ပေါင်းမြက်ကို ရရှိဖို့က ပြသနာ တစ်ခုဟုတ်လိမ့်မည်မဟုတ် ဟု စဉ်းစားခြင်းကြောင့် မှောင်ခို
လမ်းကြောင်းများမှ တစ်ဆင့်၀ယ်ဖို့ မကြိုးစားခြင်းပင်။
သို့သော်တစ်ကယ်တမ်းတွင်လည်း မှောင်ခိုလမ်းကြောင်းများမှတစ်ဆင့် ၀ယ်လို့မရဖို့ကပိုများသည်။
ဟွာယွန်အိမ်တော်က သူတို့သိက္ခာကို ထိခိုက်သွားစေနိုင်သော မှောင်ခိုလမ်းကြောင်းများမှ တစ်
ဆင့်ရောင်းချခြင်းကို လုပ်မည်မဟုတ်ချေ။
ကြက်ပေါင်းမြက်က ရှားသည်မှန်သော်လည်း ဆေးဆရာများကလည်း များများစားစား မရှိ
ခြင်းကြောင့်လက်ရှိငွေ နှင့်ပင် ကြယ်ပေါင်းမြက်ကို လေလံအောင်မည်ဟု လုံချန်က ပြင်းပြစွာ
ယုံကြည်ထားလေသည်။
သို့သော် ယခုတော့ ရူးကြောင်ကြောင် ရှပိုင်ချီက သူ့ကိစ္စထဲ ၀င်ပါလာပြီ။အကယ်၍ ထိုမိန်းမက
သူ့ရည်ရွယ်ချက်ကိုသိလျှင် သူ့ကို အ၀တ်တစ်ထည်ကိုယ်တစ်ခု နှင့်ဒေဝါလီခံသွားရလောက်အောင် ထိ
သူ့အိပ်ကတ်ထဲက ငွေတွေကိုနှိုက်ထုတ်လိမ့်မည်။
ထို့ကြောင့် အစောပိုင်းက လေလံပစ္စည်းများတွင် ကြယ်ပေါင်းမြက်ကို သူမအာရုံမရောက်စေရန်
လုံချန်က စျေးကြိုကြိုခေါ်ထားခြင်းဖြစ်သည်။ထင်ထားသကဲ့သို့ပင် သူစျေးခေါ်ချိန်တိုင်း သူမကလည်း
စျေးလိုက်လိုက်ခေါ်သည်။
"နှစ်တစ်ထောင်ကြယ်ပေါင်းမြက်အကြောင်းတော့ ကျွန်မမရှင်းပြ တော့ပါဘူးရှင် ဘယ်လောက်
တောင်ရှားလည်းဆိုတာ လူတိုင်းသိကြမှာပါ ကြမ်းခမ်းလေလံစျေးက ငါးသိန်းနဲ့ စဖွင့်ပါတယ်
ရှင့်"
7 သိန်း.....
8 သိန်း.....
လူဆယ်ယောက်ခန့်က ချက်ချင်း စျေးပေးလိုက်ကြသည်။သူတို့အကုန်လုံးက အသက်ခပ်ကြီးကြီး
လူကြီးများဖြစ်၏။သည်လူများထဲမှ အချို့ကိုလုံချန်ရင်းနှီးနေသည်။သည်လူများက ဆေးဆရာအသင်း
မှ ဆေးပညာသင်အဆင့်ရှိသူများဖြစ်သည်။
ထို့ပြင် မျက်နှာမကျက်မိသော လူများကိုလည်း သူတွေ့ရသည်။သို့သော် ထိုလူများက ဆေးဆရာ
များလျှင် ဖြစ်ပုံရ၏။အခြားသူများမှာ ကြယ်ပေါင်းမြက်အား အဘယ်မျှတန်သည် ဘယ်လိုသုံးသည်
ဆိုတာကို မသိနိုင်ကြပေ။
2သန်း.....
စီနီယာ ဆေးဆရာတစ်ယောက်က သူ့၏ပြိုင်ဘက်များကို ကျော်တက်၍ နှစ်သန်းဖြင့် စျေးခေါ်
လိုက်သည်။နန်ရှင်းက စတင်ရေတွက်သည်။နောက်ဆုံးတွင် လုံချန်၏ အသံထွက်လာသည်။
မူလတွင် သူက သူ စျေးမခေါ်ခင် ရှပိုင်ချီ စျေးစခေါ်ပါစေဟု ဆုတောင်းနေခြင်းဖြစ်၏။သို့မှသာ
သူက ရှပိုင်ချီ၏ နောက်မှနေ၍ စျေးလိုက်ခေါ်လျှင် ရှပိုင်ချီကို ရန်စသလိုဖြစ်ပြီး သူ့၏ရည်ရွယ်
ချက်ကိုရိပ်မိတော့မည် မဟုတ်ပေ။
ဤသို့ အခြေအနေမျိုးက စျေးအပေါဆုံးအနေ အထားနှင့် ကြယ်ပေါင်းမြက်ကို ရနိုင်ခြေအမြင့်ဆုံး
ဖြစ်သည်။သို့သော် ထင်သလိုကားဖြစ်မလာခဲ့။ရှပိုင်ချီက ဆေးပညာရှင် တစ်ယောက်ဖြစ်သော်လည်း
ကြယ်ပေါင်းမြက်ကို စိတ်မ၀င်စားချေ။လုံချန် ကြိတ်၍ ကျိန်ဆဲလိုက်မိသည်။
"ရူးနှမ်းနှမ်း ညီမလေး ထပ်စမ်းချင်သေးလား" စျေးခေါ်ပြီးပြီးချင်းတွင် ရှပိုင်ချီ ရှိသည့် သီးသန့်ခန်း
ဘက်သို့လှည့်၍ လုံချန်က တည်တည်ငြိမ်ငြိမ်ဖြင့်ပြောသည်။အသံများက တစ်မုဟုတ်ချင်း တိတ်
ဆိတ်သွား၏။
"ပိုင်ချီ မလိုက်နဲ့တော့ သူ မင်းကို သက်သက် ရန်စနေတာ" ချန်ဖုန်းက ကပျာကယာဖြင့် ရှပိုင်ချီကို
ပြောသည်။သူက ရှပိုင်ချီ နောက်တစ်ကြိမ် ငွေတွေ ရူးရူးမိုက်မိုက်ဖြုန်းပစ်မှာကို ကြောက်နေခြင်းဖြစ်
သည်။
"ငါ့ကို ငတုံးထင်နေလား နင့်လှည့်ကွက်ထဲ မိမယ်ထင်နေလား" ရှပိုင်ချီက အေးစက်သည့်လေသံဖြင့်
ပြန်ပြောသည်။
ထိုသို့သူမပြန်ပြောလျှင် လုံချန် ကြိတ်ပျော်သွားသည်။သို့သော် ပျော်နေကြောင်းကိုတော့ လုံချန်က
မျက်နှာတွင် ထုတ်မပြရဲချေ။လုံချန် ထပ်ပြောလိုက်ပြန်သည်။
"ရူးနှမ်းနှမ်း ညီမလေး ပိုက်ဆံ ကုန်သွားလို့လား"
"နင်...မပူပါနဲ့ ငါ့မှာ နင့်ကိုမြေမြှုပ်ဖို့အတွက် ငွေလုံလုံ လောက်လောက်ရှိတယ်" ရှပိုင်ချီကဒေါသတကြီး
ပြန်ပြော၏။သူမက သီးသန့်ခန်းအပြင်သို့ ပြေးထွက်လာပြီး လုံချန်၏ သီးသန့်ခန်းရှေ့တွင် လာကျိန်ဆဲ
နေလေသည်။
အင်ပါရီယာ၏ မင်းသမီးတစ်ပါးက လူရှေ့သူရှေ့တွင် ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုခြင်းဖြစ်သည်။ရှချန်ဖုန်း
မျက်နှာက မဲမှောင်သွားသည်။သည့်နောက်တွင် ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုနေသည့် ရှပိုင်ချီကို သီးသန့်
ခန်းထဲသို့ ခပ်မြန်မြန် ဆွဲခေါ်သွားတော့သည်။သည်တစ်ကြိမ်တွင် ရှပိုင်ချီကား မဟာရှအင်ပါယာ
ကိုအိုးမဲ သုတ်ချေပြီ။
အခြေအနေသိပ်မကောင်းသည်ကိုမြင်လျှင် နန်ရှင်းက ခပ်သွက်သွက် ကြေငြာလိုက်သည်။
"သခင်လေး လုံချန်က နှစ်သန်းနဲ့ စျေးပေးထားပါတယ်ရှင် ထပ်ပေးမယ့်လူများ ရှိဦးမလားရှင့်"
"နှစ်သန်း တစ်ခါ"
"နှစ်သန်း နှစ်ခါ"
နန်ရှင်းအကြိမ်ရေနေ သည်ကိုမြင်သည်တွင် လုံချန် စိတ်အေးသွားရသည်။ကြည့်ရသည်က ဒီရူးနှမ်း
နှမ်းရှပိုင်ချီကို နောက်တစ်ကြိမ် သူ အရူးလုပ်နိုင်ခဲ့ပုံရသည်။
"နှစ်သန်းနဲ့ပဲ......."
"သုံးသန်း"
အခြားသီးသန့်ခန်းတစ်ခုအတွင်းမှ ခပ်ပျော့ပျော့လေသံတစ်ခုက ထွက်လာသည်။လုံချန်က အမူအယာ
ပျက်သွားပြီး ထိုအခန်းကို လှမ်းကြည့်သည်။သူ အမှတ်မမှားလျှင် ထိုအခန်းက ယင်အမတ်ကြီး၏
အခန်းဖြစ်သည်။
သူက ဆေးပညာရှင်တစ်ယောက်မဟုတ်သလို ကုန်သည်တစ်ယောက်လည်းမဟုတ်ပေ။
ကြယ်ပေါင်းမြက်၏ တစ်ကယ့်တန်ဖိုးကိုလည်း သူသိမည်မဟုတ်ချေ။လုံချန်က ပေးထားသည့်
နှစ်သန်းဆိုသည့် စျေးမှာပင် များနေချေပြီ။ကြယ်ပေါင်းမြက်က ရှားသော်လည်း အချိန်ပေး၍
စုဆောင်းနိုင်လျှင် ရသည်။
အကယ်၍ သူက အရေးပေါ် မလိုအပ်ခဲ့လျှင် ဤစျေးပေးလိမ့်မည်မဟုတ်ပေ။သို့သော်ယခုတော့
ယင်အမတ်ကြီးက စျေးကို တစ်၀က်ခန့်ထပ်တင်ချေပြီ။လေလံတွင် မည်သည့်ပစ္စည်းမှ ပေါပေါပဲပဲ
နှင့်မရသည်က မှန်သော်လည်း ယခုစျေးကတော့များလွန်းနေသည်။နောက်တစ်ချက်က ကြယ်ပေါင်း
မြက်မှာ ယင်အမတ်ကြီးအတွက် လုံး၀အသုံးမ၀င်ချေ။
လုံချန်၏ မျက်လုံးတွင် အေးစက်စက်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ဒီ ယင်အမတ်ကြီးက
သူတွေးထားတာထက်တောင် ကိုင်တွယ်ရခက်တာကိုး။သူကား ယင်အမတ်ကြီးအား လျှော့တွက်မိ
ခဲ့ချေပြီ။
"သုံးသန်းနဲ့တစ်သောင်း"
လုံချန်က စျေးထပ်လိုက်သည်။စျေးအပြိုင်ပေးသူက သူနှင့် ယင်အမတ်ကြီးသာ ရှိသည်။
အကယ်၍ သူလက်မလျှော့လျှင် အဆုံးထိလိုက်ဖို့ပဲ ရှိသည်။
"ဟားဟား ဒီကြယ်ပေါင်းမြက်နဲ့ ကျုပ်က တစ်ခုခုလုပ်စရာရှိလို့လေ ဒါပေမယ့် မင်းလိုချင်
မှာတော့ ဂျူနီယာ မျိုးဆက်သစ်တစ်ယောက်နဲ့ တွက်ကက်မနေတော့ပါဘူး ယူလိုက်ပါ" ယင်အမတ်
ကြီး ၏ မိန်းမဆန်သော အသံက သီးသန့်ခန်းထဲမှ ထွက်လာသည်။
လုံချန် ဒေါသထွက်သွားသည်။ဒီယင်အမတ်ကြီးက အသက်ကြီးပြီးအချိန်မစီးတဲ့လူပဲ။
"လေးသန်း"
ထင်ထားသလိုပင်။ယင်အမတ်ကြီး စျေးခေါ်လိုက်ခြင်းက ရှပိုင်ချီကို လှုပ်နှိုးလိုက်သလိုဖြစ်ကာ
ရှပိုင်ချီကလည်း စျေးလိုက်ခေါ်သည်။လုံချန်၏ မျက်နှာက မဲမှောင်သွား၏။ယင်အမတ်ကြီးက သူ
တို့ကိုကစားနေပြီဆိုတာကို သူတို့အတပ်ပြောနိုင်သည်။
"ယင်အမတ်ကြီးရဲ့ ရက်ရောမှုကို ဒီဂျူနီယာလေး လက်မခံပါရစေနဲ့ ကျုပ်အဖေဟာ နယ်စပ်ကိုကာ
ကွယ်ပေးနေတဲ့ လူဖြောင့်လူမှန်တစ်ယောက် ဒီသားရဲ့ ကိုယ်ထဲမှာ သူ့အဖေရဲ့ သွေးတွေစီးဆင်း
နေတာမို့လို့ ယင်အမတ်ကြီးရဲ့ ကြင်နာမှုကိုလက်မခံ ဝံ့ပါဘူး"
လုံချန်၏ စကားမှာ ဆူညံနေသော လူအုပ်ကြီးကို ချက်ချင်းတိတ်ဆိတ်သွားစေသည်။လုံချန်၏ စကား
တစ်ခွန်းကပဲ ခန်းမထဲတွင် ပဲ့တင်သံထပ်လျှက်ရှိသည်။သူတို့က လုံချန်သည် သိပ်ရဲတင်းလွန်းသည်
ဟု တွေးနေကြလေသည်။ယင်အမတ်ကြီးကို လူရှေ့သူရှေ့တွင် အဘယ်ကြောင့် ရိုင်းရိုင်းပျပျ ဆက်
ဆံဝံ့သနည်း။
ယင်အမတ်ကြီးက အင်ပါယာ၏ ကျောရိုးတစ်ခုဖြစ်သည်။ဧကရီ အရှင်မနှင့် အိမ်ရှေ့စံကပင် ရိုရိုသေသေ
ဆက်ဆံရသူဖြစ်၏။မညာတမ်းဆိုရလျှင် လုံရှင်းရှောင်ပင် ရိုင်းရိုင်းပျပျ မဆက်ဆံဝံ့သူဖြစ်သည်။
လုံချန်၏ စကားမှာ ဆဲရေးတိုင်းထွာခြင်းများ မပါသည့်တိုင် လူတိုင်းက လည်း ငတုံးများ မဟုတ်ကြရာ
ယဉ်ယဉ် ကျေးကျေးနှင့် ဆဲလိုက်သည့် အဓိပ္ပါယ်ကို ရိပ်မိကြသည်။
"ဟားဟား လူငယ်တွေက တယ်သွေးဆူလွယ်သကိုး မင်းလေ့လာဖုိ့လိုသေးတယ် ဒေါသကိုမမြို
သိပ်ထားနိုင်ရင် ဘယ်ရင့်ကျက်တယ်လို့ပြောလို့ရမလည်း"
မည်သူမှ မထင်မှတ်ထားသည့်အတိုင်း အဆင့်မြင့် ယင်အမတ်ကြီးက ဒေါသထွက်ပုံမပြပဲ မထူးခြား
ဟန်ဖြင့်ရယ်သည်။လူအနည်းငယ်ကသာ သက်ပြင်းကျိတ်ချမိကြ၏။အင်ပါယာ၏ ဒေါက်တိုင်ကြီး
တစ်တိုင်အဖြစ် ခေါ်ဝေါ်ခံရခြင်းနှင့်ထိုက်တန်သည်။သည်သို့ သီးခံခြင်းက မည်သူမျှ လုပ်နိုင်သည့်
အလုပ်မဟုတ်ပေ။
"လေးသန်း လုံချန် နင်ပိုက်ဆံမလောက်တော့ဘူးလား ဟားဟားဟား" ရှပိုင်ချီ၏ လှောင်ပြောင်သ
ရော်သံက တစ်ဖက်အခန်းထဲမှနေ၍ ထွက်လာသည်။ရှပိုင်ချီကလည်း တစ်ကယ်တမ်း၌ ငတုံးတစ်
ယောက်မဟုတ်။လေလံပွဲသို့ ယင်အမတ်ကြီး ၀င်လာမှ ဤကြယ်ပေါင်းမြက်ကို လုံချန် အတန်
လိုချင်နေကြောင်း ရှပိုင်ချီက ရိပ်မိခြင်းဖြစ်၏။
အစောပိုင်းက သူမ၏ ရှုံးနိမ့်မှုအတွက် ကလဲ့စားချေရန် သည်အခွင့်ကောင်းကို ရှပိုင်ချီက မည်သို့
ဖြင့်လက်လွတ်ခံနိုင်မည်နည်း။လုံချန် အသက်ပြင်းပြင်းရှုလိုက်သည်။အခုမှ ခက်ချေပြီ။ရှပိုင်ချီက သူ့
ကို တူးတူးခါးခါးမုန်းနေသည်။သည့်အတွက်ကြောင့် ကြယ်ပေါင်းမြက်ကို သူက မတန်တစ်ဆ စျေး
နှင့်ပေး၀ယ်သွားရအောင် သူမ၀င်နှောင့်တော့မည်။
"ငါးသန်း" လုံချန်က တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်၏။
လူအုပ်ကြီးက ခေါင်းတွေခါကုန်သည်။ကြယ်ပေါင်းမြက်ကို လုံချန်က ရကိုရမှ ဖြစ်မည်ဟု
တွေးထားပုံရသည်။သည့်အတွက်မဟုတ်လျှင် ထိုကဲ့သို့ များပြားလှသည့် စျေးအား မပေးတန်ရာ။
"ဆယ်သန်း"
ရှပိုင်ချီစကားက လူတိုင်း၏ ရင်များကို တစ်ဒိုင်းဒိုင်းခုန်စေသည်။သူမသည်ကား ပို၍ ပင်ရက်စက်သေး
သည်။လုံချန်က ခေါင်းကို ငြိမ့်သည်ဆိုရုံမျှငြိမ့်သည်။အခြား ဘာမှ တွေးစရာမရှိ။ယင်အမတ်ကြီးက
သူ့၏ အားနည်းချက်ကို နှိုက်ထုတ်လိုက်ခြင်း ပေလား။
ကြယ်ပေါင်းမြက်ကို သူရမှ ဖြစ်မည်။သူ့၌ အချိန်က သိပ်မရှိ။
"ငါးသန်း" လုံချန်ကအော်သည်။
"ရှစ်သန်း"
ရှပိုင်ချီကလည်း ချက်ချင်းစျေးလိုက်ပေးသည်။သူမက အစောပိုင်းကိစ္စတွင် ဒေါသထွက်လွန်သဖြင့်
ရူးမတတ်ဖြစ်နေချေပြီ။ငွေအတွက် သူမက ဂရုစိုက်မည်မဟုတ်တော့။သူမယခုသိတာက လုံချန်
လိုချင်တာမှန်သမျှ မရစေရန်ဖြစ်၏။
"သန်းနှစ်ဆယ်"
လုံချန် ခဏ ရပ်ထားလိုက်သည်။သို့တိုင်အောင် နောက်ဆုံး၌ သူက စျေးထပ်လိုက်ပြန်သည်။
လူထုက အံ့အားသင့်လျှက်ရှိသည်။သည်သို့ အော်ဟစ်နေခြင်းက ပါးစပ်ထဲတွေ့ကရာ အော်ဟစ်
နေလို့ ရသည်မဟုတ်။ဂဏန်းတစ်ခုခြင်း စီတိုင်းက ငွေတွေဖြစ်သည်။
စျေးက မိုးထိတိုင်ထိုးနေချေပြီ။
"မင်း စျေးထပ်ပေးရင် ဒီကြယ်ပေါင်းမြက်က မင်းဟာ ဖြစ်ပြီဆိုတာကိုကျုပ် အာမခံတယ်" သည်သို့
ပြောပြီးလျှင် လုံချန်၏ စိတ်က တည်ငြိမ်သွားသည်။ဟွာယွန်အိမ်တော်သို့ သူ့၏ ဆေးများကို ပေးလိုက်
ရာတွင် ဟွာယွန်အိမ်တော်မှ ပြန်ပေးသော သူ့ အကြွေး၀ယ်ခွင့်က သန်းနှစ်ဆယ်သာ ရှိသည်။
သည့်အတွက်ကြောင့် ဤငွေသည် သူ့၏ နောက်ဆုံးဘောင် ဖြစ်သည်။အကယ်၍ ရှပိုင်ချီက စျေး
ထပ်ခေါ်မည်ဆိုလျှင် ကြယ်ပေါင်းမြက်ကို ရှပိုင်ချီလက်သို့ ပေးလိုက်ရန်သာရှိသည်။
သို့တိုင်အောင် အခြားဆုံးဖြတ်မှု တစ်ခုကိုတော့ လုံချန်ကလုပ်ထားသေးသည်။အကယ်၍ ရှပိုင်ချီ
ကစျေးထပ်ခေါ်လျှင် ရှပိုင်ချီကို သူသတ်ပစ်လိုက်ဖို့ကလည်း ၀န်မလေးပေ။
"ပိုင်ချီ ဒီလောက် လက်စားချေရ တော်လောက်ပြီ အခုမင်းပေးထားတဲ့စျေးက သိပ်မြင့်လွန်းနေ
တယ် ဒေါသပြေလောက်ရောပေါ့" ရှချန်ဖုန်းက သူမကို ဘေးမှ ကပျာကယာ ဆွဲသည်။သူက သူ
မအတွက် မည်သို့မျှ အသုံးမ၀င် သည့် ကြယ်ပေါင်းမြက်ကို သန်းနှစ်ဆယ် ပေး၍ ၀ယ်လိုက်မှာကို
ကြောက်နေသည်။
"မှန်တယ် ပိုင်ချီ ထားလိုက်တော့ ဒီတစ်ခါ လုံချန်တော်တော် ခံလိုက်ရတယ် မင်းဒေါသ
ပြေလောက်ရောပေါ့" အိမ်ရှေ့စံကလည်း သူမကို အကြံပေးသည်။
ရှပိုင်ချီ ခေါင်းငြိမ့်သည်။လုံချန်ကို ပေါက်စျေးနှင့် ဆယ်ဆ ကွာ၍ ၀ယ်စေရန် လုပ်အပြီးတွင် သူ
မဒေါသက အတန် ပြေလျှော့သွားသည်။အမှန်ဆိုလျှင် ကြယ်ပေါင်းမြက်က သူမအတွက် အသုံး
မ၀င်ချေ။သန်းနှစ်ဆယ် ဆိုသည့်ငွေက နည်းနည်းနောနော ပမာဏမဟုတ်။သည့်အတွက်ကြောင့်
ဤမျှ ပမာဏ ကို သူမဖြုန်းရန် မလိုလားပေ။
"ဟမ့် ငါနင့်ကိုသနားလိုက်မယ် အဲ့ဒီဆေးကို နင်ပဲယူလိုက်တော့"
နောက်ဆုံးမှာ လုံချန်က အောင်မြင်စွာ လေလံဆွဲလိုက်နိုင်ပြီ ဖြစ်သည်။သူ့အတွက် မတန်တဆ
စျေးပေး၀ယ်ရ သော်လည်း စိတ်သက်သာရာကား ရလေသည်။သူက လူသတ်ရသည့် အထိ ရောက်
မသွားစေချင်ပေ။
ဤသို့ဖြင့် လေလံပွဲအခြေအနေက ပြန်တည်ငြိမ်လာသည်။ပစ္စည်းနှစ်ခုကို လေလံတင်ပြီးသည်နှင့်
လုံချန်၏ သီးသန့်အခန်း၏ လျှို့ဝှက်တံခါးက ပွင့်သွားပြီး လူတစ်ယောက်၀င်သွားလေသည်။
#########
Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၅၈)တောင်ဖြိုရဲဒင်း
သီးသန့်ခန်းတိုင်းတွင် လျှို့ဝှက်လမ်းကြောင်းကိုယ်စီရှိသည်။သီးသန့်ခန်းထဲမှ ဧည့်သည်က လေလံပွဲ
၌ အနိုင်ရလျှင် အနိုင်ရသော ပစ္စည်းများကို ထိုလမ်းလေးမှ လာပေးခြင်းဖြစ်သည်။လေလံပွဲ ပြီး
မှ စင်နောက်တွင် လူကိုယ်တိုင်လာပေးစရာမလိုအပ်ပေ။
ယခုရောက်လာသူက လုံချန်အား လေလံပွဲတွင် လေလံ၀င်ဆွဲရန် ဖိတ်ခေါ်ခဲ့သော မောင်ချမ်းသာဖြစ်
သည်။သူက ကြယ်ပေါင်းမြက်ကို ခြေသလုံးခန့် ရှည်သော ထည့်စရာတစ်ခုနှင့်ထည့်လာသည်။ကြယ်
ပေါင်းမြက်က အထဲ၌ ကြယ်ရောင်တစ်လက်လက်တောက်ပ နေသည်။
"လုံသခင်လေး လေလံဆွဲထားတဲ့ ဆေးပင်ပါ"
ထိုထည့်စရာအိတ်ကို မောင်ချမ်းသာက လုံချန့်ထံသို့ ရိုရိုသေသေလွှဲပြောင်း ပေးသည်။အမှန်းတိုင်း
ဆိုရလျှင် ယနေ့ကား သူ့ဘ၀တစ်လျှောက်လုံးတွင် စိတ်အလှုပ်ရှားရဆုံး နေ့တစ်နေ့ဖြစ်သည်။ဟွာ
ယွန် အိမ်တော်၏ စည်းမျဉ်းများအရ ကုန်ကျစရိတ်နှုတ်ပြီးလျှင် လုံချန်အသုံးပြုလိုက်သည့် ငွေများ
ထဲမှ တစ်ရာခိုင်းနှုန်းကို သူရမည်။
ယခု လုံချန်အသုံးပြုလိုက်သည့် ငွေပမာဏက သူ့တစ်သက် အေးအေးဆေးဆေး ထိုင်စားလို့ရသည့်
ငွေပမာဏဖြစ်သည်။အိတ်အတွင်းသို့ လုံချန် သေသေချာချာကြည့်လိုက်သည်။ကြယ်ပေါင်းမြက်က
နှစ်တစ်ရာရောက်လျှင် တစ်လက်လက် တောက်ပသည့် အကွက်တစ်ခုပေါ်လာတတ်သည်။
သည့်အတွက်ကြောင့် တစ်ချက်ကြည့်ရုံမျှ ဖြင့် သိနိုင်သည်။ယနေ့က သူ့အတွက်ဒေါသ ထွက်စရာများ
ဖြစ်ခဲ့သော်လည်း ကြယ်ပေါင်းမြက်ကို ရခဲ့သည့်အတွက် တန်သည်ဟုဆိုရမည်။ထို့နောက် ကြယ်
ပေါင်းမြက်ကို အိတ်ထဲမှထုတ်ယူ ပြီးလျှင် လုံချန်က သူ့သိုလှောင်လက်စွပ်ထဲ ထည့်သည်။
ကြယ်ပေါင်းဆေးဖော်စပ်ရန် အခြားလိုအပ်သည့် ဆေးအမယ်များကလည်း စုံပြီဖြစ်ရာ ဆေးဖော်နိုင်
ပြီဖြစ်သည်။
"သခင်လေး ခဏလေး နေပါဦး"
ကြယ်ပေါင်းမြက်ကို ယူပြီးနေရာမှထလျှင် လုံချန်ပြန်တော့မည်ကို မောင်ချမ်းသာက သိသည့်ဟန်
ဖြင့်တားလိုက်သည်။
"ဘာလို့လည်း ဘာကိစ္စရှိသေးလို့လည်း ကျုပ်မှာအခု တစ်ပြားတစ်ချပ်မှမရှိတော့ဘူးနော်" လုံချန်က
ရယ်၍ ပြောသည်။သူက အိမ်ပြန်ပြီး ဆေးအရမ်းဖော်ချင်နေပြီဖြစ်သည်။ချုယောင်၏ ကိစ္စ ကို မြန်နိုင်
သမျှ မြန်မြန် ဖြေရှင်းလျှင် ပိုကောင်းမည်။
"လုံသခင်လေးက ကျုပ်တို့ရဲ့ဧည့်သည်ပါ အခုကျုပ်သူဋ္ဌေး ရဲ့ မှာကြားချက်အရ လုံသခင်လေးရဲ့
အကြွေး၀ယ်ခွင့်ကို သန်းသုံးဆယ်ထိ ဆက်မြှင့်လို့ ရ ကြောင်းလာပြောတာပါ ဒါ့ကြောင့် နောက်ထပ်
လာမည့် ပစ္စည်းတွေမှာ စျေး၀င်ပေးလို့ရပါတယ်" မောင်ချမ်းသာကပြုံးသည်။သည့်နောက် လုံချန်ကို
ခရစ်စတယ်ကတ် တစ်ကတ်ပေး၏။
ယခု လုံချန်တွင် အထူး ခရစ်စတယ်ကတ်နှစ်ကတ် ရှိပြီဖြစ်သည်။သို့သော် အခြားတစ်ကတ်၌ ရှိသည့်
သန်းနှစ်ဆယ်မှာ အကုန် သုံးပြီးသွားပြီဖြစ်သည်။ဟွာယွန် အိမ်တော်တွင် စည်းမျဉ်းတစ်ခုရှိသည်။
လေလံပွဲ၌ ပါ၀င်သူများက သူတို့၏ ရွှေဒဂါင်္းများကို ကြိုသွင်းထားရ၏။သည့်အတွက် ဟွာယွန်အိမ်
တော်မှ အကြွေး၀ယ်ခွင့်ကတ် ကဲ့သို့ ကတ်များပြန်ထုတ်ပေးသည်။
သို့သော် ဤသို့ လုပ်ခြင်းက တစ်ကြိမ်သာလုပ်ခွင့်ရှိမည်ဖြစ်သည်။လေလံပွဲ စသည်နှင့် ဤသို့ပြုလုပ်
ပေးတော့မည်မဟုတ်ချေ။အကယ်၍ လေလံပွဲ၌ မည်သည့်အရာမျှမ၀ယ်လျှင် ဟွာယွန်အိမ်တော်က
ရာခိုင်းနှုန်းနည်းနည်းမှ မစားပဲ ငွေကို အပြည့်အတိုင်းပြန်ထုတ်ပေးသည်။
ထို့ကြောင့် လူတိုင်း၏ ခရစ်စတယ်ကတ်များ၌ ငွေအပြည့်ရှိနေကြသည်။လေလံပွဲ ပြီးသည်နှင့် ဟွာယွန်
အိမ်တော်က ထိုကတ်များကို ပြန်ယူကာ လေလံပွဲတွင် ၀ယ်ယူခဲ့သည့် ပမာဏကို ဖြတ်တောက်မည်
ဖြစ်သည်။
လုံချန်ကဲ့သို့ ငွေကိုအကုန်အစင် အသုံးပြုပြီးကြသူများကိုတော့ ဟွာယွန်အိမ်တော်မှ ငွေပြန်ပေးမည်
မဟုတ်ပေ။သို့သော် ဟွာယွန်အိမ်တော် အကြီးအကဲများက သူ့ကို ထွက်ပေါက်တစ်ခုပေးထား
ကြောင်းကား သိသာလှသည်။
လက်ထဲ၌ ကိုင်ထားသော ခရစ်စတယ်ကတ်ကို ကြည့်ရင်း လုံချန်ခေတ္တတွေဝေနေသည်။မူလက ငွေ
ကုန်ပြီ ဖြစ်၍ အိမ်ပြန်ကာ ဆေးသန့်စင်ရန် လုံချန်က ကြံထားခြင်းဖြစ်သည်။သို့သော် ယခု သူ့တွင်
ငွေထပ်ရချေပြီ။ထပ်၍လာမည့် လေလံပစ္စည်းများကိုလည်း သူက စိတ်၀င်စားနေသည်။
"မောင်ချမ်းသာ ကျုပ်တို့ သဘောတူထားပြီးကြပြီနော် ကျုပ်ပေးထားတဲ့ဆေး တွေ မရောင်းရဘူး
ဆိုရင် ကျုပ်စီကနေ ငွေချက်ချင်းမတောင်းရဘူး ငွေချက်ချင်းပြန်ပေး ဖို့ကျုပ်မတတ်နိုင်ဘူး"
"မစိုးရိမ်ပါနဲ့ သခင်လေး ကျုပ်သူဋ္ဌေးက ပြောပြီးသားပါ ဒီဆေးတွေကို လေလံဆွဲမယ့်သူ
မရှိရင် ချေးငွေကို သခင်အတွက်လက်ဆောင်အဖြစ်ပေးပါမယ်တဲ့" မောင်ချမ်းသာက ပြုံးသည်။
လုံချန်က အံ့အားသင့်နေသည်။ "ခင်ဗျားရဲ့ သူဋ္ဌေး ကဘယ်သူများလည်း"
"ဟီးဟီး တောင်ပန်းပါတယ်ဗျာ ကျုပ်မပြောပါရစေနဲ့" မောင်ချမ်းသာက တောင်းပန်သံဖြင့်ပြောသည်။
သူ့အတွက်က ပဟေဠိ ဖြစ်စရာ ဖြစ်နေသည့်တိုင်အောင် လေလံပွဲတွင် ဆက်နေရန် လုံချန်ဆုံးဖြတ်
သည်။နောက်ပိုင်း လေလံတင်မည့် ပစ္စည်းများကို သူက အတော် စိတ်၀င်စားနေသည်။မောင်ချမ်းသာ
ထွက်သွားလျှင် လေလံပွဲ ခဏ ရပ်နား၍ လက်ဖက်ရည်များဖြင့် ဧည့်ခံသည်။
နှစ်နာရီခန့်ကြာမှ လေလံပွဲကို ပြန်စသည်။တွက်ကြည့်လျှင် လေလံပွဲ လုပ်နေသည်က နှစ်ရက်ခန့်
ပင်ရှိပြီဖြစ်သည်။ပြိုင်ဆိုင်မှုက ပြင်းထန်လှရာ မည်သူမှ မပြန်ကြသေးပေ။နောက်ပိုင်သို့ ရောက်လေ
လေလံစျေးများက မိုးထိ တက်လေပင်ဖြစ်သည်။
အထူးသဖြင့် နန်ရှင်း၏ ကျွမ်းကျင်စွာ ပြောဆိုတတ်မှုကြောင့်လည်းပါလေသည်။သူမ၏ အပြောအောက်
၌ လူများက မူးယစ်ဆေး တစ်ခုခုအား အသုံးပြုထားကြသလို ယစ်မူးစွာဖြင့် လိုက်ပါနေကြသည်။
စိတ်အားတက်ကြွနေသည့် လူများကို ကြည့်၍ လုံချန်သက်ပြင်းချမိသည်။နန်ရှင်းကား နှစ်ရက်အတွင်း
တွင် လူအများစုကို ထိန်းချုပ်ထားနိုင်လေသည်။
"ယခုလေလံတင်မယ့် ပစ္စည်းကတော့ တောင်ဖြို ရဲဒင်းဖြစ်ပါတယ်ရှင်"
သူမစကားဆုံးလျှင် ရဲဒင်းကို စင်ပေါ်သို့ ယူလာကြသည်။သို့သော် လူတိုင်းက ရဲဒင်းကိုမြင်သည်တွင်
အံ့သြကုန်ကြတော့သည်။လူတိုင်းက တိုက်ပွဲများတွင် တိုက်ခိုက်သည့်ရဲဒင်း အမျိုးအစားများကို
သိကြသည်သာ။သို့တိုင်အောင် သည်လို ရဲဒင်းမျိုးကို တော့ မည်သည့်အခါကမှ မမြင်ခဲ့စဖူး။
ထိုရဲဒင်းက လူကြီးလက်မောင်းလုံခန့် တုတ်ကာ ကြောက်စရာကောင်းအောင် ခံ့ညားထည်ဝါလှသည်။
၎င်းနှစ်ဖက်သွား ရဲဒင်းက ငါးပေခန့်ပင် ရှည်သည်။အလွန်တရာလည်း လေလံပုံပင်။
"တောင်ဖြိုရဲဒင်း ဒီရဲဒင်းကို ရွှေရောင်သဲကနေ လုပ်ထားတာပါရှင် သူ့ရဲ့ ခိုင်ခံ့မှုက ဘာနဲ့မှ မယှဉ်
နိုင်ပါဘူး အလေးချိန်က နှစ်တန်ခန့်လေးပြီး အင်အားကြီးမှုရဲ့ ပြယုဂ် တစ်ခုပေါ့ရှင် အိမ်၊ခြံ ၀န်းအတွင်း
မှာထားရင်လည်း မကောင်းဆိုးရွားတွေ မကပ်နိုင်ပါဘူးရှင့် အဖွင့်စျေးက နှစ်သန်းပါရှင်"
တစ်ဒါဇင်ခန့်ရှိမည့် နိုဘယ်တွေအပြိုင်အဆိုင် လေလံ၀င်ဆွဲကြသည်။
နှစ်သန်း တစ်သောင်း
နှစ်သန်း ငါးသောင်း
နှစ်သန်း ရှစ်သောင်း
ရဲဒင်းက အမြင်အားဖြင့်သာ ခံ့ညားထည်ဝါနေသည့်တိုင် လက်တွေ့တွင် အသုံးကျမည်မဟုတ်ချေ။
နှစ်တန်ဆိုသည့် အလေးချိန်ကား တိုက်ပွဲထဲတွင် မနိုင်လျှင်ပင် ကံကောင်းလေသည်။သို့သော် နန်ရှင်း
ကားမမှားချေ ၎င်း၏ ခံ့ညားထည်ဝါသည့် ပုံစံကြောင့် အထူးသဖြင့်နိုဘယ် များက အလွန်စိတ်၀င်စား
ကြလေသည်။
"ရှီဖန် ငါ့ကိုလေလံဆွဲပေးစမ်းပါ" လုံချန်က ခပ်တိုးတိုးပြောလိုက်သည်။
ရှီဖန်က အ့ံ့အားသင့်နေသည်။
"ဒါကြီး၀ယ်ပြီး ဘာလုပ်မလို့လည်း"
"မစိုးရိမ်ပါနဲ့ ကွာ ငါသုံးစရာရှိလို့ပါ ငါကိုယ်တိုင်လေလံဆွဲရင် ဟိုရူးကြောင် ကြောင်မိန်းမက
ကြားထဲ လိုက်ရှုပ်နေဦးမယ်" လုံချန်ကပြောသည်။
သည်ရဲဒင်းကို မြင်မြင်းချင်းပင် လူကြမ်းလေးအတွက် သူက သတိရလိုက်ခြင်းကြောင့်ဖြစ်သည်။
လူကြမ်းလေးတွင် သူနှင့်လိုက်ဖကသည့်ကိုင်စရာ လက်နက်မရှိပေ။
နှစ်သန်း ကိုးသောင်း တစ်ထောင်...
သုံးသန်း.......
သုံးသန်း ငါးသောင်း.....
နောက်ဆုံးလေလံ ၀င်ဆွဲသူက ရှီဖန်ဖြစ်သည်။ရှီဖန်၏ မြင့်မားသည့် ပေးစျေးကို ကြားလျှင် အခြားသူ
များမှာ ခေါင်းများယမ်းလိုက်ကြသည်။ဤရဲဒင်းက ခံ့ညားထည်ဝါသည်မှန်သော်လည်း အလှပြစရာ
ပစ္စည်းသက်သက်သာဖြစ်သည်။နှစ်သန်းဆိုသည့် ပေးစျေးကပင်များနေချေပြီ။သည့်အတွက် အခြား
နိုဘယ်များက စျေးထပ်ပေးရန် စိတ်မ၀င်စားကြတော့ချေ။
(မင်းဆွေ မင်းမျိုး အထက်တန်းစားတွေကို နိုဘယ်ဟုသာ ဆက်ပြန်သွားပါမည်)
ရှပိုင်ချီကလည်း လုံချန် လေလံဆွဲသည်နှင့် စျေးလိုက်ပေးရန် စောင့်နေသည်။သို့သော်လုံချန်၏ သီးသန့်
ခန်းမှ ထွက်လာသည့်အသံက အခြားသူတစ်ယောက်အသံ ဖြစ်ရာ သူမ ခေတ္တ တွေဝေနေပြီး
စျေးလိုက် မပေးတော့ချေ။
လေလံပွဲက နောက်ပိုင်းအချိန်သို့ ရောက်လာပြီဖြစ်သောကြောင့် ငွေကို သူမထင်သလိုဖြုန်း၍ မဖြစ်
တော့ပေ။တောင်ဖြိုရဲဒင်းကို လွယ်လွယ်နှင့်ရလိုက်သည်အား မြင်လျှင် လုံချန်ကြိတ်ပျော်သွားသည်။
သို့သော် ရဲဒင်းက လေးလံလွန်းရာ သူတို့၏ သီးသန့်ခန်းထဲသို့ ယူလာရန်မဖြစ်နိုင်ပေ။ထို့ကြောင့် လုံ
ချန်ကိုယ်တိုင် သွားယူမှသာ ရမည်။
စင်အောက်မှ လျှို့ဝှက်လမ်းကလေး အတိုင်း သူ ထွက်လာခဲ့သည်။ထိုနေရာကို အစောင့် တစ်ဒါဇင်
ခန့်က စောင့်ကြပ်လျှက်ရှိသည်။သည်အစောင့်များက သွေးနှောအဆင့် ရောက်နေသူများပင်ဖြစ်၏။
လေလံပွဲတစ်ခုတွင် စောင့်ကြပ်နေသည့် သိုင်းသမားများ များလှသည်။ဟွာယွန်အိမ်တော်သည် နောက်
ခံမည်မျှ ကောင်းသနည်း။
ရဲဒင်း၏ လက်ကိုင်ကို လုံချန် ပွတ်သပ်ကြည့်ရှုနေသည်။လူကြီးလက်မောင်းလုံးခန့် တုတ်သည့် လက်
ကိုင်ကား သူ့လက်နှင့်ပင် ကိုင်၍ မဆန့်သည်ကို လုံချန်သတိပြုမိသည်။
"ကြွစမ်း"
လုံချန် အားအကုန်သုံးပြီးဆွဲမသည်။ရဲဒင်းက အနည်းငယ်လှုပ်လာပြီး လေထဲသို့ နည်းနည်းကြွတက်
လာသည်။သို့သော် သုံးလက်မခန့် ကြွတက်လာအပြီး၌ မြေပေါ်သို့ ဒုန်းကနဲအသံဖြင့် ပြန်ကျ
သွားသည်။
ထိုရဲဒင်းအား တင်ထားသည့်စင်မှာ ရဲဒင်းဖြင့်ထိပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။
"လုံသခင်လေးရဲ့ ခွန်အားက ကြောက်စရာကောင်းလိုက်တာ"
အစောင့်တွေက သူ့ကိုကြည့်နေကြသည်။မူလက လုံချန်သည် ထိုရဲဒင်းကိုမနိုင်လိမ့်မည်မဟုတ်ဟု
အထင်မြင်သေးစွာဖြင့် သူတို့က ကြည့်နေကြခြင်းဖြစ်သည်။သို့သော် ရဲဒင်းမှာ မြေပြင်က ကြွတက်
လာသည်တွင်မူ သူတို့၏ အထင်သေးမှုများ ပျောက်ကွယ်ကုန်တော့သည်။
သည်ရဲဒင်းက လူနှစ်ယောက်ဝိုင်းမမှ ရမည့်ရဲဒင်းဖြစ်သည်။သို့သော်လုံချန်က လက်တစ်ဖက်ဖြင့်သာ
မပြခဲ့၏။မတာတောင်မှ လက်ကိုင်ကနေ မပြခဲ့ခြင်းဖြစ်သည်။လုံချန်က သူ့ခေါင်းကိုယမ်းကာ ရယ်
လိုက်သည်။
"ဒါက အလှထားတဲ့ ပစ္စည်းတစ်ခုမဟုတ်ဘူး"
"ဘယ်လိုလုပ်အလှထားတဲ့ပစ္စည်းမဖြစ်ရမှာလည်း ဒီလောက်လေးတာကို ဘယ်သူကကိုင်နိုင်မှာ
လည်း"
ရဲဒင်း မည်မျှလေးသည်ကို လုံချန်အတည်ပြုပြီးနောက် မည်သည့်စကားမှ ဆက်မပြောတော့ပဲ သို
လှောင်လက်စွပ်ထဲ ထည့်လိုက်သည်။သည့်နောက်တွင် သီးသန့်ခန်းသို့ သူ ပြန်သွားသည်။ဤလက်
နက်သည် လူကြမ်းလေးနှင့် ဆိုလျှင် လုံး၀ သင့်တော်သည့် လက်နက်တစ်ခုဖြစ်ပေမည်။
သူ့အနေနှင့်က သည်လိုလက်နက်မျိုးအား အသုံးပြုနိုင်သည်ဆိုလျှင်တောင် ချီဓာတ်အလွန်ကုန်ဆုံး
မည်။သူ့၏ ခန္ဓာကိုယ်အရွယ်အစားနှင့်လည်း မသင့်တော်ပေ။သို့သော် လူကြမ်းလေး ကတော့ ဤသို့
မဟုတ်ချေ။သူ့ခန္ဓာကိုယ်နှင့် ဆိုလျှင် ကောင်းကောင်းအသုံးပြုနိုင်မည်ဖြစ်သည်။
အချိန်များက တစ်ရွေ့ရွေ့ကုန်ဆုံးလာလေလေ လေလံတင်သည့် ပစ္စည်းများကလည်း ပိုရှားလာလေ
ဖြစ်သည်။ခေါ်စျေးများကလည်း မိုးပေါ်ထိ ရောက်နေတော့သည်။ငါးသန်း အောက်ရောင်းချရသည့်
ပစ္စည်း ဟူ၍ မရှိတော့ချေ။
"လူတိုင်းပဲ ဒီပစ္စည်းကို သေသေချာချာ လေးကြည့်ကြပါရှင်"
ယုံကြည်ချက်ရှိသည့် အပြုံးတစ်မျိုးက နန်ရှင်း၏ နှုတ်ခမ်းထက်၌ ပေါ်လာသည်။သူမ၏ လက်အား
မြှောက်ပြလိုက်လျှင် လက်ထဲတွင်ကိုင်ထားသည့် အရာတစ်ခုကို လေလံဆွဲမည့်သူများက ကောင်း
စွာမြင်ကြရတော့သည်။
##########
Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၅၉)မြေကမ္ဘာအမျိုးအစား သိုင်းကျင့်စဉ်
သူမလက်ထဲတွင် စာအုပ်လေး တစ်အုပ်ရှိနေသည်။နန်ရှင်းလက်ထဲသို့ စာအုပ်လေး ရောက်လာ
သည်တွင် ပရိတ်သတ်က ခေတ္တမျှ ငြိမ်သက်သွားပြီး ဆူညံသံများ ဝေါကနဲထွက်လာတော့သည်။
ဟွာယွန်အိမ်တော်၏ သုံးနှစ်တွင် တစ်ကြိမ်ကျင်းပ သော လေလံပွဲတွင် နောက်ဆုံးလေလံ ပစ္စည်း
အဖြစ် သိုင်းကျင့်စဉ် တစ်မျိုးမျိုး အမြဲထည့်သွင်း လေလံပစ်လေ့ ရှိကြောင်း လေလံဆွဲသူများအကုန်
လုံးက သိကြ၏။
ဟွာယွန်လေလံပွဲ လုပ်လာသည်က ယခုနှစ်ဆိုလျှင် သုံးနှစ်မြောက်ပြီဖြစ်၏။အကယ်၍ ထိုစာအုပ်
လေးက သာမာန်သိုင်းပညာရပ် တစ်ခုခုသာဖြစ်လျှင် လေလံဆွဲသူများ သည်မျှ အော်ဟစ်
လိမ့်မည်မဟုတ်ပေ။အကြောင်းကား ၎င်းသိုင်းကျင့်စဉ်မှာ မြေကမ္ဘာအမျိုးအစား သိုင်းကျမ်းဖြစ်
နေခြင်းကြောင့်ပင်။
မြေကမ္ဘာအမျိုးအစားသိုင်းကျမ်းကား ဒဏ္ဍာရီတွင်သာ ရှိသလိုလို ကြားဖူးကြတော့သည်။ထိုကျမ်း
အမျိုးအစားက ဤကမ္ဘာနှင့်မသက်ဆိုင်သည့် အခြားသောပြင်ပ မှ ဂိုဏ်းများလက်၀ယ် ၌သာရှိသည်။
ဖီးနစ်အင်ပါယာ ၏ တန်ဖိုးအရှိဆုံးရတနာမှာ မြေကမ္ဘာအမျိုးအစား သိုင်းကျမ်းဖြစ်ကြောင်း ကောလ
ဟာဠ များက ပြောကြသည်။ပြီးလျှင် ဤသိုင်းကျင့်စဉ်ကို နန်းမြို့၏ ဂိုဏ်းသားများကသာ သင်ကြား
ခွင့်ရှိကြောင်း ယင်းကောလဟာဠက ဆိုသည်။
သည့်အတွက်ကြောင့် လူအများစုက အဆိုပါ သိုင်းကျမ်းကို ဒဏ္ဍာရီလာ အဖြစ်သာ ကြားဖူးကြခြင်းပင်။
ယခုတော့ သူတို့က သိုင်းကျမ်းကိုမျက်ဝါးထင်ထင်မြင်ကြရချေပြီ။သည်သို့သော သိုင်းကျမ်းမျိုးကို
သူတို့ မရနိုင်မှန်းသိသော်လည်း မြင်ရုံနှင့်ပင် လေလံဆွဲသူ တစ်စုမှာ ရင်တွေတစ်ဒိန်းဒိန်းခုန်
နေကြ၏။
"မြေကမ္ဘာ အမျိုးအစား သိုင်းကျမ်း လေခွဲသိုင်းကျင့်စဉ်သုံးမျိုး သန်းနှစ်ဆယ်နဲ့ လေလံကြမ်း
ခင်းစျေး စပါမယ်ရှင်"
မြေကမ္ဘာအမျိုးအစား သိုင်းကျမ်းအကြောင်းက မိတ်ဆက်ပေးစရာသိပ်မလိုပေ။မြေကမ္ဘာအမျိုးအစား
ဟု ပြောရုံနှင့် လုံလောက်သည်။
သန်းသုံးဆယ်....
ရှချန်ဖုန်းက သီးသန့်ခန်းထဲမှ စျေးလှမ်းပေးသည်။ယခုတစ်ချိန်က လေလံပွဲတွင် ရှချန်ဖုန်း ပထမဆုံး
အကြိမ်လေလံ ၀င်ဆွဲခြင်းဖြစ်သည်။ထို့ပြင် သူက ဆယ်သန်းပင် ထပ်တင်လိုက်သေးသည်။
ဤကဲ့သို့ ငွေသုံးပုံက အလွန်ကြမ်းသည်ဟု ပြော၍ရသည်။သည်သိုင်းကျမ်းအား လုံချန်က စိတ်၀င်
စားသော်လည်း မရနိုင်မှန်းတော့သိသည်။ရှချန်ဖုန်း၏ သန်းသုံးဆယ်မှာ ဘာမှမဟုတ်သေး။ပွဲက ယခုမှ
အစပင် ရှိသေးသည်။
သန်းငါးဆယ်......
သီးသန့်ခန်းတစ်ခုအတွင်းမှ အသက်ခပ်ကြီးကြီး လူတစ်ယောက်၏ အသံက ထွက်လာသည်။
သည်လူက လေလံပွဲစစဉ်ကတည်းက သိုသိုဝှက်ဝှက်နေထိုင်ရာ ဘယ်သူဖြစ်ကြောင်းကို မည်
သူမှ မသိကြချေ။
ဟွာယွန်အိမ်တော်သို့ သည်လူ လာခြင်းက ဤသိုင်းကျမ်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း
လုံချန် နားလည်သွားသည်။ဖြစ်ကောင်းဖြစ်နိုင်သည်က ယခုအခါတွင် လက်သည်းဝှက်ထားသည့်
ကျားများ ထွက်လာခြင်းဖြစ်နိုင်သည်။
သန်းခြောက်ဆယ်......
ထိုအချိန်တွင် ထွက်လာသည့်အသံက သထ္ထု အချင်းချင်းကို ခြစ်နေသကဲ့သို့ မည်သို့မှ နားထောင်
၍ အဆင်မပြေသည့်အသံမျိုးဖြစ်သည်။ထိုလူမှာ လူအုပ်၏ ထောင့်တစ်နေရာ၌ ထိုင်နေသည့် ကတုံး
ပြောင်နှင့် သတ်လတ်ပိုင်းအရွယ်လူဖြစ်သည်။
သန်းရှစ်ဆယ်....
ယခုတစ်ကြိမ် ထွက်လာသည့်အသံက ယင်အမတ်ကြီ၏ မိန်းမတစ်ယောက်ကဲ့သို့ အသံပင်။
ယခုအခါ၌ လူအုပ်ကြီးက ငြိမ်သက်တိတ်ဆိတ်နေသည်။ရှချန်ဖုန်း၊ထူးဆန်းသည့်လူကြီးတစ်ဦး၊
ကတုံးပြောင်နှင့်လူ၊ယင်အမတ်ကြီး တို့မှလွဲ၍ လေလံ၀င်ဆွဲရန် မည်သူ့မှ ငွေမလုံလောက်ကြပေ။
သန်းတစ်ရာ....
ရှချန်ဖုန်းက အသက်ပြင်းပြင်းရှုရင်း စျေးထပ်လိုက်သည်။
လုံချန် သက်ပြင်းရှိုက်မိသည်။ဟွာယွန်အိမ်တော်၏ ကြွယ်၀မှုကား ကြောက်လန့်ဖွယ်ပင်။
လက်ရေးနှင့် ရေးကူးထားသည့် မူးရင်းမဟုတ်သော သိုင်းကျမ်းတစ်ခု ကိုပင် သန်းတစ်ရာနှင့်
ရောင်းနိုင်စွမ်းရှိသည်။
တစ်ကယ်တမ်း စဉ်းစားလျှင် ပိုအံ့အားသင့်စရာကောင်းသည်က ၎င်းသိုင်းကျမ်းများအား အများအပြား
ုကူးယူ၍ နေရာအနှံ့၌ ရောင်းချနိုင်ချေရှိခြင်းပင်။မည်သို့ပင်ဆိုစေ သည်သိုင်းကျမ်း၀ယ်သွားသူ များ
မှာလည်း သိုင်းကျမ်းရှိကြောင်းကို လူသိခံမည်မဟုတ်ပေ။သိသူရှိလျှင် သူတို့အနေ နှင့် လက်စပင်
တုံးပစ်နိုင်သည်။
သည့်အတွက်ကြောင့် လုံချန်က ဟွာယွန်အိမ်တော်၏ လျှို့ဝှက်ချက်ကို စိတ်၀င်စားသည်ထက် စိတ်
၀င်စားလာခဲ့ရခြင်းပင်။မည်သို့ပင်ဖြစ်စေ နောက်ကွယ်မှ ထောက်ပံ့နေသည့် အဖွဲ့အစည်းက ဟွာယွန်
အိမ်တော်ကို ရှားပါးသည့် ရတနာများ လေလံတင်နေစေခြင်းသည် လောဘဖြင့် လုယက်မည့်သူ
များကိုပင် ကြောက်လန့်ပုံမရပေ။
ရှချန်ဖုန်း၏ သန်းတစ်ရာ ဆိုသည့် ပမဏ က အတော်လေးများသည့် ပမာဏဖြစ်နေ
ချေပြီ။သို့သော် စျေးပေးမည့်သူ ပေါ်လာပြန်သည်။
သန်းတစ်ရာနဲ့ တစ်သိန်း......
ယခု စျေး၀င်ပေးသူက သီးသန့်ခန်းအတွင်းမှ မည်သူမှန်းမသိရသည့် အသက်ခပ်ကြီးကြီးလူ
ဖြစ်သည်။ယခုအချိန်ထိ လူလုံးထွက်ပြပုံ မရသည်ကို ထောက်လျှင် ထိုသိုင်းကျမ်းအား အလွတ်ပေး
မည့်ပုံမရချေ။
သန်းတစ်ရာနဲ့ သုံးသိန်း.......
ကတုံးပြောင် နှင့် လူကလည်း ငွေကြေးအင်အားတောင့်တင်းပုံပင်။အခြားလေလံဆွဲသူများမှာမူ
ငြိမ်သက်နေကြသည်။၎င်းတို့၏ လေလံဆွဲသံများကသာ တစ်ခါပြီး တစ်ခါ ထွက်ပေါ်နေသည်။
သန်းတစ်ရာ့ငါးဆယ်.....
သန်းတစ်ရာ့ခြောက်ဆယ်......
သန်းတစ်ရာ့ရှစ်ဆယ်.......
သည်မျှ မြင့်မားလှသည့် ကိန်းဂဏန်းများက လူတစ်ယောက်၏ စိတ်အခြေအနေအား စမ်းသပ်နေ
သည့်နှယ်။သူတို့၏ ငွေပင် မဟုတ်လင့်ကစား ဖက်တီးယုနှင့် အခြားနိုဘယ် တစ်သိုက်မှာ အသက်
ပင်မရှုဝံ့ကြချေ။
ရှချန်ဖုန်း၏ နဖူး မှ ချွေးများတစ်စက်စက် ကျလာသည်။သည်တစ်ကြိမ် ကျင်းပသော လေလံပွဲတွင်
သည်သိုင်းကျမ်းကို ရရန်အတွက် မှောင်ခိုလမ်းကြောင်းများ ရှိမရှိ သူလေ့လာရမည်။သည့်အတွက်
ကြောင့် သူ့တွင်ရှိသည့် ငွေများကို အကုန်လုံးယူလာခြင်းဖြစ်သည်။သို့တိုင်အောင် သူ့တွင် သန်းနှစ်
ရာသာရှိသည်။
ယခုအခါတွင် သိုင်းကျမ်း၏ စျေးက သန်းတစ်ရာ့ရှစ်ဆယ်ဖြစ်နေချေပြီ။သူ့၏ သန်းနှစ်ရာက လောက်
ချင်မှလောက်ပေတော့မည်။
"ပိုင်ချီ မင်းမှာ အကြွေး၀ယ်ခွင့်တွေရှိသေးလား" သူက ရှပိုင်ချီကိုမေးသည်။
"ကျွန်မမှာ သန်းသုံးရာ့ခြောက်ဆယ် ရှိသေးတယ်" ရှပိုင်ချီက သူမ၏ ခရစ်တယ်ကတ်ကို ကြည့်၍ ပြော
သည်။
ရှချန်ဖုန်း ၀မ်းသာလုံးဆို့သွားသည်။
"ကောင်းတယ် ညီမလေး အကိုငွေက မကြာခင်လောက်မှာ မဟုတ်တော့ဘူး ငွေနည်း
နည်းလောက်ချေးစမ်းပါ မဟာရှ ရောက်ရင်ပြန်ပေးမယ်"
ရှပိုင်ချီက ခဏကြာ တွေဝေနေသည်။ပြီးမှ ပြောလိုက်၏။
"ကျွန်မချေးပေးလို့ရပါတယ် ဒါပေမယ့် လုံချန်ရဲ့ခေါင်းကို ကျွန်မအတွက် ခပ်မြန်မြန်ယူပေးရမယ်"
ရှချန်ဖုန်းမှာ ချက်ချင်းအကျပ်ရိုက်သွားသည်။လက်ရှိတွင် ချူယန်က သူတို့နှင့်အတူရှိနေသည်။
အိမ်ရှေ့စံရှေ့၌ လူသတ်ရန် ပြောခြင်းက ရိုင်းစွန်းလွန်းသည်။
"ပိုင်ချီ ဒီကိစ္စကို အကိုတို့ပြန်မှ ပြောကြတာပေါ့"
"မရဘူး ကျွန်မကို ကတိမပေးရင် မချေးဘူး" ရှပိုင်ချီက နှာခေါင်းရှုံ့လိုက်၏။သူမကား အကိုကြီးဟူ၍
မျက်နှာသာ မပေးချေ။
ချူယန်ကအနည်းငယ်ပြုံးသည်။
"ဒီလုံချန် က တော်တော်မုန်းဖို့ကောင်းတယ် ဒီကိစ္စမှာ မင်းက ငါ့ညီမရဲ့ယောကျာင်္းဖြစ်လာမယ့်
သူဆိုတော့ မင်းတို့ပြောနေတာတွေကို ငါဘာမှမကြားဘူးလို့မှတ်လိုက်"
ဤသို့ပြောလာမှ ရှချန်ဖုန်းမှာ နေရထိုင်ရ အဆင်ပြေသွားကာ ချုယန်ကို လက်သီးဆုပ်၍
ပြောလိုက်သည်။
"ယောက်ဖတော်ကို ကျေးဇူးတင်ပါတယ်"
"ကောင်းပြီ ပိုင်ချီ အကိုကတိပေးတယ် မင်းရဲ့ ခရစ်စတယ်ကတ်ကိုပေး"
သည်တွင်မှ ရှပိုင်ချီက သူမခရစ်စတယ်ကတ် ကို ပေးသည်။သူ့ခရစ်စတယ် ကတ်ပေါ်တွင် တင်၍
ပွတ်ဆွဲလိုက်လျှင် ရှပိုင်ချီ၏ ငွေများက သူ့ ခရစ်စတယ်ကတ်ထဲသို့ရောက်ကုန်လေသည်။(အဆင့်
မြင့်လိုက်ထှာ)
ယခုအခါတွင် သူ့၌ အကြွေး၀ယ်နိုင်သည့်တန်ဖိုးက သန်းငါးရာကျော်သွားပြီ ဖြစ်သည်။
သန်းသုံးရာ....
လေလံစျေးက ဆက်လက်မြင့်တက် နေသည်ကိုမြင်လျှင် ရှချန်ဖုန်းက စျေးကိုအတော်များများ
ထိရောက်အောင်ဆွဲမြှင့်ပေးလိုက်သည်။ဤသို့ပြုလုပ် လိုက်ခြင်းအားဖြင့် သူနှင့်အပြိုင်လေလံ
ဆွဲနေသူများကို အနှီသိုင်းကျမ်းသည် သူရကိုရမှဖြစ်မည့် သိုင်းကျမ်းအဖြစ်ပြောလိုက်ခြင်းဖြစ်သလို
ခြိမ်းခြောက်လိုက်ခြင်းလည်းပါသည်။
သည်မျှ များပြားလှသည့် လေလံစျေးကိုမြင်လျှင် ပြိုင်ဘက်များထံမှ အသံနည်းနည်းတိတ်သွားသည်။
ထိုသိုင်းကျမ်းက ရှားပါးသည်မှန်ပေမယ့် ငွေရှိလျှင်၀ယ်လို့ရသည်။ထို့ပြင် သန်းသုံးရာ ထက်နည်းသည့်
ငွေဖြင့်ပင် ၀ယ်နိုင်လေသည်။မည်သို့ပင်ဆိုစေ မြေကမ္ဘာအမျိုးအစား သိုင်းကျမ်းက မူရင်းမဟုတ်
ပဲ လက်ရေးဖြင့်ပြန်ကူးထားခြင်း သက်သက်သာဖြစ်သည်။
သည်မျှစျေးများနေရခြင်းမှာ ထိုသိုင်းကျမ်းက ဖီးနစ်မြို့ပတ်၀န်းကျင် တစ်ဝိုက်၌ ရှာမရခြင်းကြောင့်ပင်။
သို့တိုင်အောင် သန်းသုံးရာ ဆိုသည့်စျေးကား များလွန်းလှသည်။မည်သို့ပင်ဆိုစေ ငွေလုံလုံ လောက်
လောက်ရှိလျှင် အခြားနေရာများသို့ ခရီးထွက်ကာ ဤသို့သော သိုင်းကျမ်းမျိုးကို ယခုစျေးထက်အများ
ကြီး နိမ့်သည့် စျေးနှင့်ပင် ၀ယ်နိုင်လေသည်။
ယခုအခါ၌ သီးသန့်ခန်းထဲမှ လူကြီး၊ကတုံးပြောင်နှင့် ယင်အမတ်ကြီးတို့သုံးဦးစလုံး က တွေဝေနေ
ကြသည်။
"မင်းသား ရှချန်ဖုန်းက သန်းသုံးရာနဲ့ လေလံဆွဲထားပါတယ်ရှင် ဒိထက်စျေးပေးမယ့်သူများရှိသေး
လားရှင့် သန်းသုံးရာ တစ်ကြိမ် သန်းသုံးရာ နှစ်ကြိမ်......" နန်ရှင်းအသံက စိတ်လှုပ်ရှားဟန် စွက်
နေပြီး စတင်ရေတွက်နေ၏။
ယခုနှစ် လေလံပွဲမှ ရသည့်အကျိုးအမြတ်များကား သူမထင်ထားသည်ထက်ပင် များစွာပိုလေသည်။
အထူးသဖြင့် ယခု သိုင်းကျမ်း၌ ဖြစ်သည်။သန်းသုံးရာ ဆိုသည့် စျေးက သူမကို အလွန်အမင်း
စိတ်လှုပ်ရှားစေသည်။အကြောင်းမှာ သည်သို့သော သိုင်းကျမ်းအတွက် သည်စျေးက ကောင်းကင်ထိ
ပင် ရောက်လုခမန်း ဖြစ်နေသောကြောင့်ပင်။သည့်အတွက်ကြောင့် စတင်ရေတွက်ရန် သူမက ဆုံးဖြတ်
ခြင်းဖြစ်သည်။
သန်းလေးရာ......
မည်သူမှ မထင်မှတ်ထားသည့် အချိန်တွင် ပျင်းရိပျင်းတွဲ အသံတစ်သံက ထွက်လာသည်။ယင်းအသံ
မှာအလွန်ငယ်ရွယ်သည့် သူတစ်ယောက်၏ အသံမှန်းသိသာသည်။အသံပိုင်ရှင်ကား လုံချန်ပင်။
လူထု တစ်ရပ်လုံး အံ့အားအလွန်သင့်သွားသည်။နန်ရှင်းပင်လျှင် ဆွံ့အ သွား၏။
သူမ မည်သို့လုပ်ရမှန်းမသိခင်မှာပင် သူမ၏ နားကပ်လေးက မသိမသာလှုပ်သွားသည်။
နန်ရှင်းမျက်နှာ၌ အံ့အားသင့်ဟန်များ ပျောက်ကာ ချက်ချင်းပြုံးလိုက်သည်။
"တောက် ခွေးကောင်" ရှချန်ဖုန်း ဒေါက ထွက်သွား၏။မြေကမ္ဘာ သိုင်းကျမ်းကို သူရတော့မည့်အချိန်
တွင် လုံချန်က ၀င်နှောင့်ယှက်ခြင်း ဖြစ်သည်။
"လုံချန် မင်းလိုကောင်မှာ ငွေဒီလောက်များများ ရှိမယ် လို့ငါမယုံဘူး မင်းပြသနာ ရှာနေတာလား"
ရှချန်ဖုန်းက ဒေါသတကြီးအော်ပြောသည်။
"ငတုံး ငွေမရှိပဲ ငါက လေလံ၀င်ဆွဲမလား ဒီဆရာက ဆေးပညာရှင်ဆိုတာကို မင်းမမေ့နဲ့" လုံချန်က
ပြန်ပြောသည်။
တစ်ကယ်တမ်းတွင် လုံချန်က သူ့၏ နတ်အသိအာရုံကို ဖြန့်ကျက်ကာ ပတ်၀န်းကျင်ရှိသီးသန့်
အခန်းများအား ထောက်လှမ်းနေပြီးသားဖြစ်သည်။သီးသန့်ခန်းများက တစ်ခန်းနှင့်တစ်ခန်း
မီတာအနည်းငယ်သာ ဝေးသည်။သူ့အနေနှင့် အခြားသူများ ပြောနေသည့် အကြောင်းအရာများအား
မကြားရသည့်တိုင်အောင် ပါးစပ်လှုပ်ပုံ ကို ကြည့်ခြင်းအား ဖြင့် အကြောင်းအရာ အသေးစိတ်ကို
သိနိုင်သည်။
ထို့ကြောင့် ရှချန်ဖုန်းက သိုင်းကျမ်းကို အရူးအမူး လိုချင်နေသည်ကိုသိသည့်အတွက်
၀င်လေလံဆွဲရန် ဆုံးဖြတ်လိုက်ခြင်းပင်။
သို့တိုင်အောင် လုံချန်မှာ အပြင်တွင် တည်ငြိမ်နေသည့်တိုင် စိတ်ထဲ၌ တော့လွန်မင်းစွာစိုးရိမ်
လျှက်ရှိသည်။သိုင်းကျမ်းကို ရှချန်ဖုန်းသာ လက်လွှတ်လိုက်လျှင် သူ၀ယ်လိုက်ရတော့မည်။
သန်းလေးရာဆိုသည်က သာမာန်ဆေးပညာသင်တစ်ယောက်အတွက် တစ်ဘ၀လုံး လုပ်လျှင်
တောင် ပြန်မဆပ်နိုင်သည့် ပမာဏဖြစ်သည်။သို့သော် ကြယ်ပေါင်းမြက်၀ယ်စဉ်က ရှပိုင်ချီ
၀င်နှောင့်ရှက်ခြင်းကို တွေးမိသည်တွင် လက်စားမချေလိုက်ရလျှင် သူ့အတွက် တစ်အုံ့နွေးနွေး
ဖြစ်နေပေမည်။
"သန်းငါးရာ မင်းသတ္တိရှိရင် ထပ်လိုက်" ရှချန်ဖုန်းက ဒေါသထွက်စွာဖြင့်အော်ပြောသည်။ဒေါသထွက်
လွန်းသဖြင့် သူက ရူးပင်ရူးချင်နေသည်။လုံချန်၌ သည်မျှ များပြားသည့်ပိုက်ဆံများ ရှိကြောင်းကို
သူက စဉ်းစားမရဖြစ်နေသည်။
သို့ရာတွင် ဟွာယွန်အိမ်တော်၏ စည်းမျဉ်းများအရ ကိုယ့်၌ ရှိသော ငွေထက် ပို၍ လေလံစျေးပေး
သူများကို ပြဿနာ ကောင်များဟု ယူဆကာ လေလံပွဲမှ နှင်ထုတ်လေ့ရှိသည်။လုံချန်က မည်သို့မျှ
မဖြစ်သည်ကိုကြည့်လျှင် ထိုငွေပမာဏက လုံချန်တွင် တစ်ကယ်ရှိသည်ဟုသာ သူယူဆရတော့မည်။
သားရဲကောင်တစ်ကောင် အူသံနှင့်တူသော ရှချန်ဖုန်း၏ ဒေါသတစ်ကြီးအော်ဟစ်လိုက်သံက
အခန်းတစ်ခုလုံး၌ ပဲ့တင်သံထပ်ကာ လူများ၏ နားစည်အား ရိုက်ခတ်နေသည်။
"သိပ်လည်းစိတ်မလှုပ်ရှားပါနဲ့လေ ကျုပ်ကမှာ ငွေသိပ်မကျန်တော့ပါဘူး တစ်သိန်းလောက်
မင်းထပ်လိုက် လိုက်တာနဲ့ သိုင်းကျမ်းကို မင်းရပြီပဲ ကျုပ်က လူတစ်ဖက်သားကို လေးစားတာ
သိပ်ရှားတယ် ဒါပေမယ့် မင်းသားရှချန်ဖုန်းကိုတော့ ကျုပ်သိပ်လေးစားမိတယ် ငွေသန်းတစ်ရာ
ကို တစ်သိန်းလောက် အမှတ်နဲ့သုံးတယ်ဆိုတာ အင်မတန်အံ့သြ စရာကောင်းတယ်"
လုံချန်၏ လေသံက လေးစားမှု နှင့်ပြည့်နေသည်။သို့တိုင်အောင် ရှချန်ဖုန်း၏ နားထဲ၌တော့
ကျိန်စာ ဆိုးကြီးအဖြစ်ပြောင်းသွားပုံရသည်။
"မင်း"
ဒေါသထွက်လွန်းသဖြင့် ရှချန်ဖုန်းက သွေးတစ်ပွက်ပင် အံချမိလိုက်သည်။သူ့၏ သီးသန့်ခန်းထဲမှ အလန့်
တစ်ကြားအော်ဟစ်သံများထွက်လာသည်။
လူထု၏ အမူအယာက အနည်းငယ်ထူးဆန်းသလို ဖြစ်နေသည်။အစောပိုင်းက ရှချန်ဖုန်းကို လုံချန်
ပြောလိုက်သည့် စကားက အမှန်အတိုင်းပြောတာလား ရန်စတာလား သူတို့လည်း မသဲကွဲချေ။
"ဘယ်သူမှ စျေးမပေးကြတော့ဘူးဆိုတော့ ဂုဏ်ယူပါတယ်ရှင် မင်းသားရှချန်ဖုန်း သိုင်းကျမ်းကိုပိုင်
ဆိုင်သွားပါပြီ"
နန်ရှင်းက ရေတွက်သည့်အဆင့်ကို ကျော်လိုက်ပြီး ပြောသည်။အကြောင်းမှာ ရှချန်ဖုန်းထက် မည်သူ
မှ မိုက်မဲမည်မဟုတ်ကြောင်း သူမသိ၍ ဖြစ်သည်။သိုင်းကျမ်း ရောင်းချပြီးသွားလျှင် လူတိုင်းက ပြန်ရန်
နေရာမှ ထကြသည်။သို့သော် သည်အချိန်တွင် နန်ရှင်း ၏ ဆည်လည်းသံလေးများနှင့်တူ သည့်
ရယ်သံလွင်လွင်လေး က ထွက်လာသည်။
"အရင်တုန်းကတော့ သိုင်းကျမ်း လေလံတင်ပြီးတာနဲ့ လေလံပွဲပြီးဆုံးလေ့ရှိတယ် ဒါပေမယ့် ဒီနှစ်
တော့ အရင်နှစ်တွေကထက် ပိုထူးခြားတဲ့ ပစ္စည်းလေးတစ်ခုကို လေလံတင်ဖို့ လုပ်ထားပါတယ်
ရှင်"
လူတိုင်းက အံ့အားသင့်ကုန်သည်။သိုင်းကျမ်းထက်ရှားပါးတာ မည်သည့်အရာ ရှိသေးသနည်း။
ထို့ကြောင့် လူတိုင်းက ကိုယ့်နေရာကိုယ် ကပျာကယာ ပြန်ပြေးထိုင်ကြတော့သည်။လုံချန်ကပြုံး
သည်။
"ဟီးဟီး အခုမှပွဲကြီး ပွဲကောင်း စပြီ"
###########
Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၆၀)အံ့အားသင့်စရာနည်းလမ်း
နန်ရှင်းက လက်ထဲတွင် ကိုင်ထားသော လက်ရိုက်တုတ်တံ လေးကိုတစ်ဘန်းဘန်းခေါက် လိုက်လျှင်
သူမနောက်တွင် ရှိသည့်အနီရောင်လိုက်ကာက ခပ်ဖြေးဖြေးပွင့်သွားပြီး ကျောက်စိမ်းစင်မြင့်တစ်ခု
တစ်ဖြေးဖြေးပေါ်လာသည်။
ထိုကျောက်စိမ်းစင်မြင့်ကား အလွန်တောက်ပလှသည်။သည်ကျောက်စိမ်းစင်မြင့်ကို အလွန်အမင်း
ရှားပါးသည့် လန်ရှင်း ကျောက်စိမ်းဖြင့်ပြုလုပ်ထားခြင်းပင်။လန်ရှင်း ကျောက်စိမ်းက ဖီးနစ်အင်ပါ
ယာ၌ အလွန်အမင်းရှားသည်။
သူဋ္ဌေး၊သူကြွယ် ကြီးများသာလျှင် ကြွားဝါသည့် အနေဖြင့်၀တ်ဆင်ကြခြင်းဖြစ်သည်။သို့သော် ယခုတော့
စင်မြင့်တစ်ခုလုံးကို ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည်။စင်မြင့်တစ်ခုထဲကပင် များစွာတန်ဖိုးရှိနေပြီ
ဖြစ်သည်။
စင်မြင့်ထက်တွင် ကျောက်စိမ်းစားပွဲတစ်လုံးလည်း ရှိသေးပြီး စားပွဲထက်၌ ရွှေဖြင့်ကွပ်ထားသည့်
သေတ္တာတစ်လုံးရှိသည်။ထိုမြင်ကွင်းက လူတိုင်း၏ အာရုံကို ညှို့ယူထားနိုင်လေသည်။
ဟွာယွန်အိမ်တော်၏ စွဲဆောင်မှုကို လုံချန်ပင်ကြိတ်ချီးကျူးမိသွားသည်။ပစ္စည်းတစ်ခုကို လေလံတင်
ရန်အတွက် ဟွာယွန်အိမ်တော်က သုံးထားသည့်စားပွဲပင်လျှင် သန်းပေါင်းများစွာတန်သည်။
အကယ်၍ သူသာမသိခဲ့လျှင် သူလည်း စပ်စုစိတ်ဖြင့် စူးစမ်းမိမှာအမှန်ပင်။
လေလံအောင်သည်နှင့် ဟွာယွန်အိမ်တော်က ငါးဆယ်ရာခိုင်နှုန်းပေးမည်ဟု မောင်ချမ်းသာ သူ့ကို
ပြောခဲ့သည့်စကားက အံ့သြစရာမဟုတ်တော့ပေ။သူတို့က သည်လေလံကို စျေးအဆမတန်ခေါ်
မည်မှာ ပေါ်လွင်ပေသည်။
လူတိုင်း၏ အာရုံက သေတ္တာလေး ထံရောက်နေသည်။နန်ရှင်းက အသာအယာပြုံး၍ လူတိုင်း၏
အကြည့်အောက်တွင် သေတ္တာကိုဖွင့်ပြီး အထဲမှ ခပ်သေးသေးအရာတစ်ခုကို ထုတ်ယူလိုက်သည်။
သို့သော် လူတိုင်း သွေးအန်ချင်လောက်အောင် ဖြစ်သွားစေသည်က သူမထုတ်ယူ လိုက်သည့်အရာ
က နောက်ထပ် ခပ်သေးသေး သေတ္တာ တစ်လုံးဖြစ်နေခြင်းပင်။
နန်ရှင်းက သေတ္တာလေးကို သတိကြီးစွာဖြင့် ဖွင့်နေသည်။မိန်းမပျိုလေး တစ်ယောက်က အပြေး
လေး လာပြီး သူမကို လက်အိတ်လာပေးသည်။နန်ရှင်းက လက်အိတ်၀တ်လိုက်ပြီး သေတ္တာငယ်
လေးကိုဖွင့်၏။သူမ၏ သတိကြီးမှုက လူတိုင်းက အသက်ပင် မရှုနိုင်အောင် ဖြစ်စေရာ အပ်ကျသံ
ပင်ကြား အောင်တိတ်ဆိတ်နေတော့သည်။
ဤသို့ သေတ္တာလေးကို ဖွင့်နေစဉ်တွင် နံရံ၌ ပုံရိပ်များပေါ်လာကာ သေတ္တာကို ဖွင့်နေသည့် နန်ရှင်း
၏လက်ကို လူတိုင်းနီးနီးကပ်ကပ်မြင် ကြရ၏။သည့်နောက်တွင် သေတ္တာလေး ထဲမှမြင်ကွင်းများ
ပေါ်လာသည်။သေတ္တာငယ်လေးထဲ၌ လုံးလုံး၀န်း၀န်း ဆေးများရှိကာ ရှေးကျသည့် အငွေ့အသက်များ
ကိုလည်း ဆေးလုံးများ တစ်ဝိုက်တွင် တွေ့ရ၏။
ထိုဆေးများကို လုံချန်မြင်ကာစ၌ တစ်ခုခုတော့ မှားနေပြီဟု စဉ်းစားမိသေးသည်။သို့တိုင်အောင် သူ့၏
နတ်အသိအား ဖြန့်ကျက်၍ ကြည့်မှ သဘောပေါက်ပြီး ဟွာယွန်အိမ်တော်အား လေးစားလွန်းသဖြင့်
ထိုင်ပင်ကန်တော့ချင်လာသည်။
"ဒီဆေးတွေဟာ စွန့်စားသူ အဖွဲ့တစ်ဖွဲ့က အန္တာရာယ်အသွယ်သွယ်ကို ဖြတ်ကျော်ရင်း ရှေးဟောင်း
ဂူ တစ်ခုထဲကနေတွေ့ခဲ့တာပေါ့ရှင်....ဒါပေမယ့် အဲ့ဒီဂူကြီးဟာ ထောက်ချောက်တွေ သိပ်များ
လွန်းတယ် ဒီဆေးကို ရဖို့အတွက် သူတို့ရဲ့ လူဆယ်ယောက်ပါတဲ့ အဖွဲ့ဟာ တစ်ဖွဲ့လုံး ကုန်မတတ်
ဖြစ်သွားတယ်လေ"
"လူနှစ်ယောက်ပဲ လွတ်လာတယ် အဲ..လွတ်လာတဲ့နှစ်ယောက်ထဲက တစ်ယောက်ကလည်း
မကြာခင်မှာပဲ ဆုံးသွားရှာတယ် ဒီအကြောင်းပြောရတာ သိပ်၀မ်းနည်းဖို့ ကောင်းပါတယ်ရှင်
စွန့်စားသူတွေဟာ လေးစားထိုက်ပါပေတယ် သူတို့ဟာ ကိုယ်မရင်နှီးတဲ့ နေရာတွေကို အသက်
ဖက်နဲ့ထုပ်ပြီး သွားနေရသူတွေပေါ့ရှင်"
နန်ရှင်း အသံက တစ်ခုခုကို ချုပ်တည်းထားရသကဲ့သို့ရှိနေသည်။သူမမျက်စိတွေက နီနေပြီး မျက်
ရည်လေးများပင် ဝေ့တက်လာကြ၏။ဤမြင်ကွင်းအားမြင်လျှင် လုံချန် လက်ဖက်ရည်ပင် ဖွီးကနဲ
သီးသွားသည်။ဒါကတော့ သူမ နည်းနည်းများလွန်းပြီထင်သည်။သည်ဆေးတွေက သူပေးထားသည့်
ဆေးတွေဖြစ်သည်။
မှန်သည်။ထိုဆေးများ၏ ဇာတ်မြစ်ကို မပြောရန် လုံချန်က သတိအထပ်ထပ်ပေးခဲ့၏။အကယ်၍ ဟွာ
ယွန်အိမ်တော်က ထိုသို့ လုပ်လျှင် ဆေးများကို သူမရောင်းနိုင်ကြောင်း ပြောထားသည်။ယခုတော့
ကြည့်ရသည်မှာ ဟွာယွန်အိမ်တော်က သူတို့ကတိကို သူတို့ တည်ပုံပင်။သူတို့က ဇာတ်လမ်းတစ်
ခုဆင်ကာ ဆေးများ၏ အပြင်ဘက်အကာ၌ တစ်ခုခုလုပ်ထားခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ဆေးများက အလွန်အမင်းရှေးကျသည့် ပုံပေါက်နေခြင်းပင်။ထို့ပြင် ပြုလုပ်ထားသည့် နည်း
လမ်းကလည်း အလွန်သေသပ်ရာ လုံချန်ပင်လျှင် အတုဟုမထင်မိပေ။ဟွာယွန်အိမ်တော်၌ကား ကျွမ်း
ကျင်သူများပေါလွန်းလှသည်။
"ဆေးတွေက ဘာဆေးတွေလည်း"
လေလံပွဲသို့ တက်လာကြသူများမှာ အဆင့်မြင့်သူတွေချည်းသာဖြစ်ရာ စွန့်စားသွားလာသူများ သေခြင်း
ရှင်ခြင်းကို သူတို့ဂရုမစိုက်။သူတို့သိချင်သည်က ဆေးများ၏ စျေးနှုန်းနှင့် အကျိုးအာနိသင်ကိုပင်။
နန်ရှင်းက မျက်ရည်များကို သုတ်လိုက်သည်။သူမအမှန် ငိုနေသည်လားဆိုသည်က မည်သူမှ မသိ
နိုင်ပေ။သို့တိုင်အောင် သူမက လျှင်မြန်စွာနှင့်် မူလပုံစံအတိုင်းပြန်ဖြစ်သွားကာ ပြောလေသည်။
"ဒီဆေးတွေက ရှေးခေတ်က ဆေးတွေပါရှင်"
"ရှေးခေတ်က ဆေးတွေ ဟုတ်လား"
လူတိုင်းက လွန်မင်းစွာ အံ့အားသင့်ကုန်သည်။ထိုဆေးများက ရှေးခေတ်က ဆေးများဟု ဆိုရမည်
ထက် ရှေးခေတ်က ဖော်နည်းကား များဖြင့် ဖော်စပ်ထားသည့် ဆေးများဟုပြောမှပိုမှန်မည်။
ဤကဲ့သို့ ရှေးခေတ်ဆေး အများစုက ပျောက်ကွယ်သွားပြီ ဖြစ်သည့်တိုင် ဆေးဆရာများကို
တော့ အလွန်အမင်း ဆွဲဆောင်နိုင်လေသည်။
အကယ်၍ ဆေးဆရာတစ်ယောက်က ထိုဆေးမှ ဆေးဖော်နည်းကားကို ပြန်ထုတ်နိုင်လျှင်
ပျောက်ဆုံးသွားသည့် အမွေအနှစ်ကို ပြန်ရသည်နှင့်ညီသည်။ထို့ပြင် ထိုဆေးဆရာ၏ နာမည်က
လည်း အကြီးအကျယ် ကျော်ဇောထင်ရှား လိမ့်မည်ဖြစ်သည်။
"ဒီဆေးဟာ ရှေးဟောင်းဆေးဆိုပေမယ့် သက်တမ်းကတော့ နှစ်ရာဂဏန်း မကျော်သေပါဘူး
ရှင် နှစ်ရာဂဏန်း မကျော်သေးတဲ့ ဆေးတွေမှာ ဆေးအာနိသင်ရှိတုန်းပဲဆိုတာကို သိကြလိမ့်
မယ်ထင်ပါတယ်ရှင့် ဒါ့ကြောင့် ဒီဆေးမှာ ဆေးအာနိသင် အပြည့်အ၀ ရှိနေတုန်းပါပဲရှင့်" နန်ရှင်း
ကဆက်ပြောနေသည်။
"ယောင်မိန်းကလေး ကျုပ်တို့ကို အချိန်မဆွဲပါနဲ့ ဆေးနာမည်နဲ့ ဆေးရဲ့အကျိုးသွားကိုပဲ
ပြောပြပါ"
လူတိုင်းအတော်အတန် စိတ်၀င်စားနေကြပြီဆိုသည်ကို သိသည်နှင့် နန်ရှင်းက ပြုံးလိုက်သည်။
"ဒီဆေးက ကျွန်မတို့ရဲ့ ရာဖြတ်ဆရာ တွေ စစ်ဆေးပြီးသားပါ ဆေးနာမည်က အရိုးမူလပြန်
ဆေးလို့ ခေါ်ပါတယ်ရှင့် အခုနာမည်သိပြီဆိုတော့ ဆေးအကျိုးသွားကို ခန့်မှန်းမိကြလိမ့်မယ်လို့
ကျွန်မထင်ပါတယ်ရှင်"
မသက်မသာနှင့် သက်ပြင်းချလိုက်သံများက ချက်ချင်းပေါ်လာသည်။
"ဘယ်လို အကျိုးသွားလေးက ဒါပဲရှိတာလား"
"ကုသရေးဆေးလား မရိုးလွန်းဘူးလား"
နန်ရှင်းက သူတို့၏ ရှုပ်ထွေးနေမှုကို သိဟန်မတူပဲ သူမစကားကိုသာဆက်ပြောနေသည်။
"လူတိုင်းက ကျွန်မတို့ ဟွာယွန်အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို သိကြလိမ့်မယ် လို့ထင်ပါတယ်ရှင်
ကျွန်မ ပြက်လုံးထုတ်နေတာမဟုတ်ပါဘူး ဒီအရိုးမူလ ပြန်ဆေးက တန်ဖိုးမရှိဘူး ဆိုရင် လေလံ
နောက်ဆုံး ပစ္စည်းအဖြစ် ကျွန်မတို့ ပွဲထုတ်လာမှာမဟုတ်ပါဘူး ရှင့်"
သည်စကားကြားမှ လူထုက ငြိမ်သက်သွားသည်။သူမပြောသည့်စကားက မမှားပေ။ဟွာယွန်အိမ်တော်
အဖို့ သူတို့နာမည်ပျက်မည့် ကိစ္စကို လုပ်မည်မဟုတ်ချေ။သို့ဆိုလျှင် ဤဆေးက အင်မတန် အစွမ်း
ထက်မြက်လေသည်လား။
"မရိုမသေ တစ်ခုလောက်ပြောပါရစေရှင့် ဆေးအာနိသင်ကို သိရဖို့အတွက် သွေးနှော
အဆင့်သိုင်းသမား တစ်ယောက်ကို စင်မြင့်ထက်ကို ဖိတ်ပါရစေ"
"ကျုပ် သွားမယ်" နန်ရှင်းက နှစ်လိုဖွယ်ကောင်းစွာပြုံးနေလိုက်သည်။မည်သည့်စကားမှ ထပ်မဆိုချေ။
အသက်သုံးဆယ်ခန့် ရှိမည့်လူတစ်ယောက် စင်ပေါ်တက်လာသည်။လူတိုင်းက ထူးဆန်းသလိုခံ
စားရသည်။ကျင်းပမြဲ လေလံပွဲများ၌ ယခု တစ်ကြိမ်သာ စင်ပေါ်သို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။ထိုလူက
နန်ရှင်း အနားသို့ရောက်လျှင် တစ်စွန်းတစ်စ ပေါ်ထွက်လျှက် ရှိသော သူမ၏ တောင်ကုန်းမို့မို့
နှစ်ခုအား စိုက်ကြည့်မိသည်။
နန်ရှင်းက ပြုံး၍သာနေသည်။မည်သို့မှ မဖြစ်ချေ။သူမက အပျော်အပြက်ဟန်ဖြင့် မေးသည်။
"ဆရာက နာမှာကိုများကြောက်သလားရှင့်"
"ဟေး နောက်နေတာလား ကျုပ် ကျုံးယန်က နေရာအနှံ့သွားလာနေတာ ဒီလိုမေးတာဟာ ကျုပ်
ကိုစော်ကားတာပဲ"
ထိုလူက အနည်းငယ် စိတ်ပျက်သွားပုံပင်။လုံချန်က သီးသန့်ခန်းထဲမှနေ၍ တစ်ခွိခွိ ဖြင့်ရယ်နေသည်။
"ဒီလိုဆိုမှတော့ နန်ရှင်းတောင်ပန်းပါတယ်နော့"
ရုတ်ချည်း အလင်းတန်းတစ်ခု လျှပ်ကနဲ ဖြတ်သွားသည်။နန်ရှင်း၏ လက်ထဲတွင် ဓားတစ်ချောင်း
ရောက်လာကာ ထိုလူကို အလွန်လျှင်မြန်စွာ ပိုင်းချလိုက်လေသည်။လူတိုင်း၏ အံ့သြ ဟန်
အကြည့်များအောက်၌ သွေးများက နေရာအနှံ့သို့ ဖြန်းကနဲ ပျံ့ကျဲကုန်၏။
ကျုံးယန် ၏ လက်က ပုခုံးမှ နေ၍ တိတိရိရိ ပြတ်သွားချေပြီ။
"မင်း"
ထိုလူမှာ ကာကွယ်ချိန်ပင် မရလိုက်ချေ။လက်မောင်းတစ်ဖက်ကို ဖြတ်လိုက်ခြင်းကြောင့် ထိုလူက
ဒေါသတကြီးဖြင့် တစ်ခုခုပြောမည်ကြံလျှင် နန်ရှင်း၏ ဓားက သူ့လည်မြိုကို ရောက်လာခြင်းကြောင့်
ပါးစပ်မြန်မြန်ပိတ်လိုက်ရသည်။
လူတိုင်းက အလွန်အံ့အားသင့်ကြသည်။နန်ရှင်းကား အမြဲလိုလိုပင် နူးနူးညံ့ညံ့ နေခဲ့ရာ
ယခုလို ကျမှ သူမက သိုင်းပညာရှင် တစ်ယောက်ဖြစ်မှန်းသိကြတော့သည်။
"ဆရာပဲ နာမှာ မကြောက်ဘူးလို့ ပြောခဲ့တယ်လေ ဒီဆေးကိုသောက်လိုက်ပါ" နန်ရှင်းက ထိုလူ့ကို
အရိုးမူလပြန်ဆေးပေးသည်။
ကျုံးယန်ကားမည်သုိ့မှ မတတ်နိုင်။ဘာမှ မစဉ်းစားတော့ပဲ ဆေးကိုသောက်ချလိုက်တော့သည်။
"ဟာ"
ဆေးကိုသောက်ပြီးသည်တွင် တစ်အံ့တစ်သြ အသံများထွက်လာသည်။လူတိုင်းက ကောင်းကောင်း
မြင်ရရန် အတွက် မတ်တပ်ရပ်ကြည့်ကြသည်။သည်တွင်မှ တစ်ခုခုဖြစ်နေမှန်း ကျုံးယန်က သဘော
ပေါက်သွား၏။သူ့လက်မောင်းကို ကြည့်ရာ လက်မောင်းက မယုံနိုင်လောက်အောင်အသစ်
ပြန်ပေါက်လာသည်ကိုတွေ့ရသည်။
တစ်နာရီခန့်ကြာလျှင် သူ့လက်မောင်းက နဂိုမူလအတိုင်း ပြန်ဖြစ်သွားပြီဖြစ်၏။လက်ချောင်းများကို
ကွေးကြည့်၊ဆန့်ကြည့်ရာ၌ လည်း အံ့အားသင့်ဖွယ် ကောင်းစွာပင် သူ့နဂိုလက် နှင့်မည်သို့မျှမခြား
သည်ကိုတွေ့ရ၏။
သူလုံး၀ အံ့သြနေသည်။အကယ်၍ ကြမ်းပြင်ပေါ်မှသွေးစက်များနှင့် ပြတ်ကျနေသည့် လက်ပြတ်
သာမရှိလျှင်ပါမူ သူက အ်ိမ်မက်မက်နေသည်ဟုသာ ထင်မည်ဖြစ်သည်။
"သေစမ်း ဒီလောက်ရှားပါးတဲ့ဆေးကို ဘာ့ကြောင့်ဖြုန်းတီးလိုက်ရတာလည်း"
အဖိုးအိုတစ်ယောက်က မတ်တပ်ရပ်၍ ဒေါသတကြီးဖြင့်ပြောသည်။နန်ရှင်းကိုကျိန်ဆဲရင်း သူ့မျက်လုံး
များက မီးပင် တောက်လုနီးနီးဖြစ်နေသည်။အခြားလူများကလည်း သူ့အတိုင်းပင်။သည်ဆေးကား နတ်
ဆေးကဲ့သို့ပင်။သည်ကဲ့သို့ ပြုန်းတီးသွားရခြင်းက လူတိုင်းကိုဒေါသထွက်စေသည်။
"ယောင်မိန်းကလေး ကျုပ်တို့ကို ကစားနေတာလား ကျုပ်တို့ကို ကျေနပ်လောက်မယ့် ရှင်းပြ
မှုမျိုးလုပ်ပေးပါ"
ကျုံးယန်ကတော့ နုံးချိနေဟန်ဖြင့် သူ့ခုံသူ ပြန်ထိုင်နေသည်။သို့တိုင်အောင် အစောပိုင်းက ဖြစ်ပျက်
သွားသည့် အဖြစ်အပျက် ကိုသူမယုံနိုင်သေးပေ။မကြာခဏပင် သူက သူ့လက်ကိုပွတ်သပ်ကြည့်နေ
မိသည်။
ဒေါသထွက်နေသည့် လူအုပ်ကြီးကိုကြည့်ရင်း နန်ရှင်းကပြုံးသည်။ရလာဒ်ကား သူမ မှန်းထားသည်
ထက်ပင် ကောင်းနေသေးသည်။
"လူတိုင်းစိတ်အေးအေး ထားကြပါရှင် ကျွန်မထပ်ပြောပါရစေဦး ဟွာယွန်အိမ်တော်ဟာ သူ့ရဲ့
ဂုဏ်သိက္ခာကို ပြက်လုံးထုတ်မှာ မဟုတ်ပါဘူးရှင်"
နန်ရှင်းက လက်ရိုက်တုတ်လေးကို တစ်ဘန်းဘန်း ရိုက်လိုက်လျှင် ဆူနေသည့် လူအုပ်ကြီးက မီးကို
ရေနှင့်ဖြန်းလိုက်သလိုချက်ချင်း တိတ်သွားသည်။တစ်ကယ်တမ်း၌ သူမက လက်ရိုက်တုတ်လေးကို
တစ်ဘန်းဘန်း ရိုက်ခြင်းကြောင့် ငြိမ်သည်မဟုတ်ပဲ သူမနောက်တွင် ရွှေကွပ်ထားသည့် သေတ္တာ
တစ်လုံးကို ကိုင်ကာ မိန်းမပျိုလေး တစ်ယောက်က စင်မြင့်ထက်သို့ တက်လာခြင်းကြောင့်ပင်။
"လူတိုင်းပဲ...ကျွန်မတို့မှာ ဒီလိုအရိုးမူလ ပြန်ဆေး နှစ်လုံးရှိတယ် ဒါပေမယ့် ဒီဆေးအစွမ်းက
ကျွန်မပါးစပ်က ပြောရုံနဲ့ ယုံနိုင်မယ်မဟုတ်တာကို သိသင့်ကြပါတယ်ရှင် ဒါ့ကြောင့်မတတ်သာပဲ
လက်တွေ့ပြရတာပါ ကျွန်မကို ခွင့်လွတ်ပါရှင့်"
သူမ၏ ဖြေရှင်းချက်ကို ကြားလျှင် လူထုက အနည်းငယ် ငြိမ်သက်သွားသည်။မှန်သည်။မျက်မြင်ကိုယ်
တွေ့သာ သူတို့မမြင်ရလျှင် ဤလောက၌ သည်ကဲ့သို့သော အလွန်အစွမ်းထက်သည့် ဆေးမျိုးရှိသေး
သည်ဆိုခြင်းကို ယုံကြလိမ့်မည်မဟုတ်ပေ။
ဆေး၏ အာနိသင်အား ဤကဲ့သို့ မျက်မြင်ကိုယ်တွေ့ မြင်သည်တောင်မှ အချို့လူများက ကိုယ့်မျက်စိ
ကို မယုံရဲကြသေးပေ။လူအချို့က ကျုံးယောင်၏ လက်မောင်းကိုပင် သွားစူးစမ်းကြည့်နေကြသည်။
သို့သော် လက်မောင်းကား ပြန်ပေါက်လာသည့် လက်မောင်း အမှန်ပင်။အတုလုပ်ထားခြင်းမျိုး မရှိပေ။
ထို့ပြင် ဟွာယွန်အိမ်တော်ကလည်း သူတို့ဂုဏ်သိက္ခာ ထိခိုက်စေမည့် အတုလုပ်၍ ရောင်းချခြင်း
မျိုး လုပ်လိမ့်မည်မဟုတ်ချေ။သို့တိုင်အောင် ဆေးကား အလွန်တရာ အံ့ဖွယ်သရဲဖြစ်နေသည်။
လူများက ထိုဆေးကို သတိထားနေကြသည်။
လုံချန်က ခေါင်းငြိမ့်သည်။ဤစီးပွားရေးသမားများကား သူတို့၏ လုပ်ငန်း၌ ကျွမ်းကျင်လှချေသည်။
နန်ရှင်းက သေတ္တာလေးကို ဖွင့်လိုက်သည်နှင့် အစောပိုင်းကဆေးဖြင့် ချွပ်စွပ်တူသော အရိုးမူလပြန်
ဆေးတစ်လုံးပေါ်လာသည်။
"အရိုးမူလပြန်ဆေး ဒုတိယအဆင့်ဆေးပဲဖြစ်ပါတယ်ရှင် ဆေးအာနိသင်နဲ့ပတ်သတ်လို့တော့
ကျွန်မ သိပ်မပြောတော့ပါဘူးနော် ဒါပေမယ့် လူတိုင်းကို ကျွန်မသတိပေးချင်တာက
ဒီဆေးဟာ သွေးနှောအဆင့် နဲ့ ထိုအဆင့်ရဲ့အောက်ကိုသာ အာနိသင် သက်ရောက်မှုရှိတယ်လို့ပါရှင်"
"မူလက ကျွန်မတို့မှာ နှစ်လုံးရှိတာပါ အခုတော့ ဒီတစ်လုံးပဲ ရှိပါတယ်ရှင့် ကြမ်းခင်းလေလံစျေး
ကို သန်းတစ်ရာနဲ့ စဖွင့်ပါမယ်ရှင်"
သူမစကားဆုံးသည်တွင် ဝေါကနဲအသံများက လေလံခန်းမကို ဖုံးလွှမ်းသွားတော့သည်။