ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

51 - 55

164 12 0
By Azure5549

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၅၁)ချီပေါင်းစပ်ခြင်းအဆင့်(၁၀)

ဖီးနစ်မြို့တော်၏ မီးအိမ်နီပွဲတော်၌ လုံချန်နှင့်ဟောင်ချန် တို့၏ တိုက်ခိုက်မှုသည် ပွဲတော်ပြီးသည်နှင့်
အရပ်လေးမျက်နှာသို့တိုင်အောင် ပျံ့နှံ့လျှက်ရှိ၏။လုံချန်၏ ကျော်ကြားမှုသည် ဖီးနစ်မြို့တော်အတွင်း
၌သာ မကတော့ပဲ ဖီးနစ်အင်ပါယာတစ်ခုလုံးသို့တိုင်အောင် ရောက်ရှိပျံ့နှံ့လျှက် ရှိလေတော့သည်။

လုံချန်၏ နာမည်အား မသိသူဟူ၍ တစ်ယောက်မျှပင် မရှိတော့ချေ။အထူးသဖြင့် လူငယ်ထုကြားထဲ
တွင် ပို၍ ရေပန်းစားလေသည်။လုံချန်သည် သူတို့၏ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာ၏။မည်သည့်
အခါတွင်မဆို လုံချန်၏ နာမည်ကို ကြားကြသည်နှင့် ကြည်ညိုလေးစားသူများ၊အားကျသူများ သည်
ဒုနှင့်ဒေးပင်။

မှန်သည်။ဤလောက၌ ပါရမီရှင်များမရှားကြချေ။ထို့အပြင် အခြားအချက်တစ်ခုမှာ ပါရမီရှင်များအားလုံး
တို့သည် သိုင်းပညာလမ်းကြောင်းပေါ်မှ မဟုတ်ကြပါချေ။ကိုယ်ကျွမ်းကျင်ရာ လိမ္မာရာ၌ ကျော်ကြားမှု
များ ရကြသည်ချည်းသာဖြစ်၏။ယခုအခါတွင်မူ လုံချန်၏တိုက်ပွဲပြီးသွားသည်မှာ ဆယ်ရက်ပင်ရှိလာ
ပြီဖြစ်သည်။

သို့ရာတွင် ဤဆယ်ရက်ဟုသော အတောအတွင်း၌ လုံချန့်အားအသုံးချကာ ရွှေဒင်္ဂါး သန်းပေါင်းများ
စွာအမြတ်ထွက်သွားသည့် ပါရမီရှင်တစ်ယောက်လည်း ရှိလေသည်။ထိုလူမှာ မူလတွင် ပန်းချီကျော်
တစ်ဦးသာဖြစ်၏။ပန်းချီရေးသားခြင်းဖြင့် အသက်မွေးကြသူများအား ၀င်ငွေကောင်းကြသူများဟူ၍
သတ်မှတ်၍ မရသလို ၀င်ငွေနိမ့်ပါးသူများဟူ၍ လည်း ပြောလို့မဖြစ်ပြန်ပေ။

ထို့ကြောင့် သူတို့၏ ၀င်ငွေမှာ ပျမ်းမျှသာရှိလေသည်။သို့သော် ထိုလူသည် လုံချန်၏ သိုင်းပြိုင်ပွဲအား
ကြည့်ပြီးသည်နှင့် အိမ်သို့ချက်ချင်းပြန်ကာ သူမြင်ခဲ့ရသည့် မြင်ကွင်းအား သုံးရက်နှင့်သုံးည တိုင်တိုင်
ခဏ လေးပင် အနားမယူပဲ ပန်းချီကား ဆယ်ကားကိုရေးလေတော့၏။

သူဆွဲနေသည့် ပန်းချီကားများသည် လုံချန်၏ ပုံများပင်ဖြစ်သည်။မူလ၌ပင် လုံချန်၏ ချောမောလှပသော
ရုပ်ရည်သည် ပန်းချီဆရာ၏ အလင်း၊အမှောင် ပေးမှု လက်စွမ်းပြမှု များအောက်တွင် ရုပ်လုံးကြွလာကာ
နတ်သား တစ်ပါးနှင့်ပင်တူလာချေသည်။

လုံချန်၏ ဆေးပညာယှဉ်ပြိုင်နေမှုများ၊ဟောင်ချန် နှင့် သိုင်းပြိုင်ပုံများ သည် ပန်းချီဆရာ၏ အနုစိတ်
လှသည့် စုတ်ချက်များအောက်တွင် ရင်သပ်ရှုမောဖွယ်ရာ ကောင်းနေသည်။ထိုပန်းချီကားများအား ဆွဲ
ပြီးသည်တွင် သူသည် အလွန်ကြီးမားသည့် ပန်းချီအလုပ်ရုံကြီးသို့သွားသည်။ထို့နောက်တွင် အလွန်
လက်ရာ မြောက်၍ အသက်၀င်လှသည့် လုံချန်၏ ပန်းချီကားများအား အင်ပါရီယာမြို့တော်၏ စျေး
ကွက်တွင် အကြီးအကျယ်ရောင်းချရာ လူငယ်လေးများနှင့် လုံမပျိုလေးများသည် လုံချန်၏ ပန်ချီးကား
များအား အရူးအမူး ၀ယ်ယူကြလေတော့သည်။

ထောင်ပေါင်းများစွာသော ပန်းချီကားများမှာ တစ်ခဏ ချင်းမှာပင် တက်တက်စင်အောင်ပြောင်
လေသည်ဟူ၏။ပန်းချီကား ကို အချိန်မှီမ၀ယ်လိုက်နိုင်သူများမှာ ပန်းချီရုံရှေ့တွင် တန်းစီရလေသည်။
ပန်းချီရုံ၏ အလုပ်သမားများသည် အလုပ်နှင့်လက် မပြတ်အောင်လုပ်ကြရသော်လည်း ၀ယ်မည့်သူ
များမှာ များသထက်သာများလာသည်။

ဤသို့ဖြင့် ပန်းချီအလုပ်ရုံကြီးသည် အလုပ်သမားအသစ်များကို ထပ်ခန့်ရပြန်သည်။တစ်ပန့်ခန့်ကြာ
မှ ပန်းချီအလုပ်ရုံကြီးသည် ၀ယ်လိုအားကို အလျှင်မီအောင် ဖြည့်ဆည်းပေးနိုင်၏။သို့ရာတွင် ထို
အတောအတွင်း ၌ ယင်းပန်းချီကျော်သည် အလယ်အလတ် သူဋ္ဌေး တစ်ယောက်ပင် ဖြစ်နေချေပြီ။
သူ့တွင် အစီစဉ်ကောင်းကောင်း ရှိထားသည်ဖြစ်ရာ ပထမပန်းချီကားများ ရောင်းချပြီးသည်နှင့် နောက်
ထပ်ပန်းချီကားများ ကို ထပ်ဆွဲပြန်သည်။

ထို အသစ်ဆွဲသားသည့် ပန်းချီကားသည် ပထမ ပန်းချီကားများထက် သာ၍ပင် ရုပ်လုံးကြွ၏။ပို၍
ကောင်းသည့်အချက်မှာ ၎င်းပန်းချီကားအား အလွန်အမင်းစျေးကြီးသည့် သားရဲကောင်၏ သားရည်
ပေါ်တွင် ဆွဲထားခြင်းဖြစ်၏။ဤသို့ဆွဲထားခြင်းအားဖြင့် နှစ်ပေါင်းများစွာ ကြာလျှင်လည်း မပျက်စီး
နိုင်တော့ပေ။ထို ပန်းချီကားများကိုမူ ပန်းချီကား စုဆောင်းသူများ၏ အကြိုက် အကန့်အသတ် ဖြင့်
သာရနိုင်သည့် ပစ္စည်းအဖြစ်ကြော်ငြာသည်။

မှန်သည်။ထိုပန်းချီးကားများသည် စျေးအလွန်အမင်းကြီးမြင့်သည် ဖြစ်ရာ သာမာန်လူများအဖို့ မည်သို့
မျှမတတ်နိုင်ပဲ ဝါသနာဖြင့် စုဆောင်းသည့် သူဋ္ဌေး သူကြွယ်များသည် သာ တတ်နိုင်သည့်အရာဖြစ်
၏။သို့ရာတွင်မူ ယင်းပန်းချီးကားများအား လူငယ်အမြောက်အများ လာရောက်၀ယ်ယူကြပြန်ရာ
တက်တက်စင်အောင်ပင် ကုန်ပြန်လေ၏။

သို့သော် မည်သူမှ ထင်မှတ်မထားသည့်အတိုင်း သားရည်ပေါ်၌ ဆွဲထားသည့် ပန်းချီကားများအား
ရောင်းချအပြီးတွင် ဖီးနစ်မြို့၏ မိုးမြေမဟီတိုက်ပွဲကြီး ဟူ၍ အမည်ရသည့် ရုပ်ပြတစ်ခုလည်း ထွက်လာ
ပြီးလျှင် ဖီးနစ်မြို့၏ စျေးကွက်အတွင်း၌ ရောင်းချကြတော့သည်။

ထိုရုပ်ပြစာအုပ်မှာ လုံချန်၏ တိုက်ပွဲများ၊တတိယ မင်းသမီးလေး၏ သူမ၏အချစ်အား ၀န်ခံပုံများ၊
ရှပိုင်ချီရှုံးနိမ့်မှုများ စသည်ဖြင့် မှတ်တမ်းတင်ထား၏။ဇာတ်လမ်းတစ်ခုလုံးကို ရုပ်ပုံများဖြင့် ဝေ၀ဆာ
ဆာ ထုတ်ဝေထားခြင်းဖြစ်သည်။

ထိုရုပ်ပြစာအုပ်အတွက်တော့ ပန်းချီဆရာနှင့် ပန်းချီရုံသည် မည်သည့်အကျိုးအမြတ်မှ မရကြချေ။
သို့ရာတွင် ပန်းချီဆရာနှင့် ပန်းချီရုံ သည် ရက်သတ္တပတ်အနည်းငယ် မျှဖြင့် အကျိုးအမြတ် များစွာ
ရကြရာ ပန်းချီဆရာမှာ ဖီးနစ်မြို့တွင်း၌ နေ့ချင်းညချင်း နာမည်ကြီး တစ်ယောက်ဖြစ်လာသည်။လုံချန်
ပြီးလျှင် ထိုပန်းချီဆရာသည် ဖီးနစ်မြို့၌ နာမည်အကြီးဆုံး ဖြစ်သွားသည်အထိပင်။

ဤကဲ့သို့ မရေမတွက်နိုင်သည့် ကိစ္စရပ်များ ဖြစ်ပွားနေသော်လည်း လုံချန်သည် ဂရုမစိုက်ပေ။ရက်
သတ္တပတ်အနည်းငယ်မျှ ကြာလျှင် ချီအဆင့် 9 သို့ လုံချန်သည် အောင်မြင်စွာတက်ရောက်သွားနိုင်
ပြီဖြစ်သည်။ထိုသို့ အဆင့်မြန်မြန် တက်သွားနိုင်ခြင်းသည် ဟောင်ချန် နှင့် သေရေး ရှင်ရေး တိုက်
ပွဲများကြောင့်မဟုတ်ဟု ပြောလျှင် လိမ်ရာကျမည်။

သေရေး ရှင်ရေးနှင့်ရင်ဆိုင်လာရသည်တွင် ထိုသေရေး ရှင်ရေး အခြေအနေမှဖြစ်၍လာသော ဖိအား
သည် သိုင်းသမားတစ်ယောက်၏ တာအိုနှလုံးသားအား ပို၍ တည်ငြိမ်လာစေသည်။ခိုင်မာလာစေသည်။
ယင်း၏ နောက်တွင် သိုင်းသမား၏ သိုင်းကျင့်စဉ်သည် လျှင်မြန်လာပြီး မတည်ငြိမ် မှုများမဖြစ်တော့ချေ။

ယခုအခါတွင် လုံချန်မှာ သူ့၏စွမ်းအင်စက်ကွင်း ကိုးခုကို စွမ်းအင်အမြင့်ဆုံး အခြေအနေသို့ ရောက်
အောင်တွန်းတင်ထားပြီး ပတ်၀န်းကျင်မှ ယင်၊ယန် စွမ်းအင်များအား စုပ်ယူလျှက်ရှိ၏။သူ့၏ ဖုန်ဖူကြယ်
သည် အမြင့်ဆုံးစွမ်းအင် ထုတ်ပေးနိုင်သည့် ပမာဏသို့ရောက်လျှင် သူသည် သွေးချီစွမ်းအား အား
ဆွဲထုတ်ယူနိုင်မည်ဖြစ်၍ သွေးနှောအဆင့်သို့ ရောက်မည်ဖြစ်၏။

သွေးနှောအဆင့်ဟု ခေါ်ဆိုရခြင်းမှာ သွေးနှင့်ချီဓာတ်များအား ရောနှောထားသည့်အဆင့် ဖြစ်
သောကြောင့်ပင်။သွေးသည် ခန္ဓာကိုယ်၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
သွေးနှောအဆင့်သို့ ရောက်မှသာ သိုင်းသမားတစ်ယောက် အဖြစ် အသိအမှတ်ပြုနိုင်မည်ဖြစ်၏။

ထိုအဆင့်၌ သိုင်းသမားတစ်ယောက်သည် သူ့၏လှည့်ပတ်နေသည့် ချီဓာတ်ကို အသုံးချ၍ သွေးအားသန့်စင်
နိုင်လာသည်။ုလူများ စားသောက်ကြသည့် အစားအစာများတွင် ခန္ဓာကိုယ်အား အဆိပ်အတောက်ဖြစ်
စေသည့် အရာများ အများအပြာပါ၀င်လေသည်။ထို့ကြောင့် ထိုအဆိပ်အတောက် ဓာတ်များအား နှင်
ထုတ်နိုင်စေရန် သွေးကို သန့်စင်ဖို့လိုသည်။သွေးအား သန့်စင်ခြင်းဖြင့် သိုင်းသမား၏ စွမ်းအားမှာ
လည်း ပို၍ ပြင်းထန်လာတော့၏။

သို့သော်ငြား သွေးနှောအဆင့်သို့ မရောက်မီတွင် သိုင်းသမားအဖို့ ချီအဆင့်9 သို့ရောက်ထားရန်လိုသည်။
ခန္ဓာကိုယ်ထဲ၍ လည်ပတ်လျှက်ရှိသည့် ချီဓာတ်ကို အဆင့်တစ်ခုအထိရောက်အောင် ဖိနှိပ်နိုင်မှသာ
ချီသည် သွေးအဖြစ်ပြောင်းမည်ဖြစ်သည်။ဤကဲ့သို့ပြောင်းလည်းသွားခြင်းကို သွေးအဖြစ်သို့ပြောင်း
လည်းခြင်း(ဝါ)သွေးနှောအဆင့်သို့ ရောက်ပြီဟူ၍ ခေါ်ဆိုကြခြင်းဖြစ်၏။

ချီနှင့်သွေး ပေါင်းစပ်မိပြီ ဆိုသည်နှင့် ထွက်ပေါ်လာသည့်စွမ်းအားမှာ ပြိုင်စံရှားဟူ၍ပင် ပြောလို့ရ၏။
တစ်ချိန်တည်းမှာပင် ၎င်းသည် သိုင်းသမားတစ်ယောက်၏ အရေးအကြီးဆုံး အခြေခံတစ်ခုဖြစ်လာ၏။

၀ုန်း...

ယခုအခါတွင် လုံချန်၏ ဖုန်ဖူကြယ်သည် စွမ်းအင်များအား အပြင်းအထန်စုပ်ယူလျှက်ရှိရာ ၎င်းသည်
လုံချန့်အဖို့ သွေးနှောအဆင့်သို့ ရောက်တော့မည့်လက္ခဏာ လည်းဖြစ်၏။လုံချန်မှာ ၀မ်းသာလုံးဆို့လျှက်
ရှိသည်။သို့သော် သူ့၏ခံစားချက်များကို ပြန်ထိန်း၍ စွမ်းအင်စက်ကွင်းများအား လည်ပတ်စေကာ ယင်၊ယန်
ဓာတ်များကို တည်တည်ငြိမ်ငြိမ်ဖြင့် စုပ်ယူလိုက်သည်။

ယခုအချိန်သည် အလွန်အရေးကြီးသော အချိန်ဖြစ်၏။အမှားခံ၍ မရပေ။အမှားနည်းနည်း ဖြစ်သည်နှင့်
အကျိုးဆက်အား ခံရမည်ဖြစ်ကာ သူ့တွင် ဒဏ်ရာပြန်ရသွားနိုင်၏။ထိုသို့ဖြစ်လျှင် သူ့၏ စွမ်းအင်စက်ကွင်း
များသည် ပျက်ဆီးသွားဖို့ များလေသည်။စွမ်းအင်စက်ကွင်းများ ပျက်ဆီးလျှင် သူ့၏ အဆင့်မှာ အောက်
အဆင့်သို့ ပြန်ကျသွားလိမ့်မည်။

၀ုန်း ဝုန်း ဝုန်း

သူ့၏ဖုန်ဖူကြယ်မှာ အထပ်ထပ်အခါခါ ပေါက်ကွဲနေ၏။သူ့၏ ချီဓာတ်များသည် ဆက်တိုက်ဆိုသလိုဖိ
နှိပ်ခံနေရသည့်လက္ခဏာ ဖြစ်သည်။ယခုကဲ့သို့ အရေးကြီးသည့် အချိန်၌ လုံချန်သည် အနည်းငယ်မျှ
ပင်အမှား မခံရဲချေ။သူ့၏စိတ်အာရုံများအား သိုင်းကျင့်စဉ်အပေါ်၌ အပြည့်အ၀စူးစိုက်ထားရသည်။

သို့သော် သူမထင်မှတ်ထားသည့် အဖြစ်တစ်ခုဖြစ်လာ၏။ထိုပေါက်ကွဲမှုများသည် ခြောက်နာရီခန့်မျှ
ကြာသည့်တိုင် သူ့ခန္ဓာကိုယ်သည် မည်သည့်ထူးခြားမှုမှ ဖြစ်မလာခြင်းပင်။

"ဘာတွေဖြစ်ကုန်တာလည်း"

လုံချန် လုံး၀အံ့အားသင့်နေသည်။ယင်းအခြေအနေကား စာပေများ၌ သူဖတ်ဖူးထားသည်များနှင့်
ကွာခြားလှချေသည်။သိုင်းကျမ်းများထားရာအဆောင်တွင် သိုင်းကျမ်းအတော်များများကို လုံချန်ဖတ်
ဖူးလေသည်။ထိုသိုင်းကျမ်းများ၏ ဖော်ပြချက်အရ သိုင်းသမားတစ်ယောက်သည် သွေးနှောအဆင့်သို့
၀င်ရောက်တော့မည့် အချိန်တွင် အတားအဆီးတစ်ခုကို ကျော်ဖြတ်ရသည်ဆို၏။သို့သော်ငြား ထိုသိုင်း
သမား၌ လုံလောက်သည့်ချီဓာတ်ရှိသည်နှင့် ထိုအတားအဆီးအား ကျော်ဖြတ်နိုင်လိမ့်မည်ဖြစ်ကာ
သွေးနှော အဆင့်သို့ရောက်မည်ဖြစ်သည်။

အချို့သောသိုင်းသမားများသည် အတားအဆီး နှစ်ခု သုံးခုကိုပင် ကျော်ဖြတ်ကာ သွေးနှောအဆင့်သို့
၀င်ရောက်နိုင်စွမ်း ရှိကြသည်။ပြောကြသည် မှာ ကျော်ဖြတ်ရသည့် အတားအဆီး ပိုများလျှင် ထိုသိုင်း
သမား၏ ပါရမီသည် ပိုကောင်းပြီး အနာဂတ်တွင် အလွန်အဆင့်မြင့်သည့် သိုင်းအဆင့်များသို့ တက်
လှမ်း နိုင်မည်ဟူ၍ ဖြစ်၏။

လုံချန်မှာ လက်ရှိ၌ အတားအဆီးကိုးခု ခန့်ကို ကျော်ဖြတ်ပြီးရာ ၎င်းသည် တုမရှိသည့် ပြိုင်ဘက်ကင်း
တစ်ယောက်ဖြစ်သည်ဟူ၍ ယူဆကာ ရူးမတတ်ပင်ပျော်နေပြီဖြစ်၏။သို့သော် အတားအဆီးများအား
တစ်ခုပြီး တစ်ခုကျော်ဖြတ်လာသည်တွင်မူ သူ၏ အပျော်များသည် တုန်လှုပ်မှုအဖြစ်သို့ ကူးပြောင်း
လာတော့၏။

ခြောက်နာရီဆိုသည့် အချိန်အတောအတွင်း၌ အတားအဆီးမည်မျှကို လုံချန်ကျော်ဖြတ်ခဲ့သည်ပင်
မသိတော့ချေ။သူသည် ထိုအတားအဆီးများအား သေသေချာချာ ရေတွက်နိုင်ခြင်းမရှိသော်လည်း
သေချာသည်ကတော့ သူကျော်ဖြတ်လာသည့်အတားအဆီးများမှာ ရာဂဏန်းမျှ ကျိန်းသေပေါက်
ရှိလိမ့်မည်။

ယင်းသည် မြင်တွေ့နေကြ အဖြစ်အပျက်များနှင့် လုံး၀ဖီလာဆန့်ကျင်လျှက်ပင်။သူဖတ်ဖူးသည့် ကျမ်း
များတွင် အတားအဆီးများအား အများဆုံးကျော်ဖြတ်ရလျှင် သုံးခုဟူ၍သာ ဖော်ပြထားသည်မဟုတ်လား။
အချိန်ကားခြောက်နာရီ ခန့်ပင်ရှိချေပြီ။သူမကြောက်ပါဟု ပြောလျှင် လိမ်ရာကျချေမည်။အတားအဆီး
များသည် မရပ်မနားနိုင်အောင် လာနေတုန်းဖြစ်သည်။

"မယုံဘူး ငါ ဒါကို ကျော်ဖြတ်နိုင်ရမယ်"

လုံချန်သည် အံကိုတင်းတင်းကြိတ်ထား၏။ယခုလို အချိန်ရောက်မှ လက်လျှော့လိုက်လျှင် သူ့အတွက်
အကျိုးသာယုတ်ပေမည်။အခြားတစ်ချက်လည်းရှိသေးသည်။၎င်းမှာ ယခုအချိန်တွင်မှ လက်လျှော့လိုက်
လျှင် နောက်တစ်ခါ ထိုအဆင့်အား ပြန်ကျင့်ပါက မူလကထက် အားနှစ်ဆခန့် စိုက်ထုတ်၍ ကျင့်ကြံရ
မည်ဖြစ်၏။

ထို့ကြောင့် လုံချန်မှာ ရှေ့ဆက်ဖို့ကိုသာ တတ်နိုင်တော့၏။တစ်ရက်နှင့်တစ်ည ခန့် ကျော်လွန်ပြီးချိန်
တွင် လုံချန်မှာ ရူးချင်သလိုပင်ဖြစ်လာ၏။သူဖြတ်ကျော်လာခဲ့သည့် အတားအဆီးမည်မျှ ရှိပြီဖြစ်မှန်း
မည်သူ သိမည်နည်း။တစ်ကိုယ်လုံး ထုံနေသကဲ့သို့ပင် လုံချန်ခံစားနေရသည်။မဆုပ်မနစ် ဇွဲကောင်း
လှသည့် သူပင်လျှင် လက်လျှော့ချင်လာ၏။

ထို့အတူ ဖုန်ဖူကြယ်မှ ထုံကျင်သလိုလည်းခံစားလာရသည်။ဖုန်ဖူ ကြယ်ကို ဒန်တမ်နေရာမှာ တစ်ကယ်
အစားထိုးလို့ မရတာပဲလား။

၀ုန်း.....

လုံချန်၏ စိတ်များအလွန်ရှုပ်ထွေးနေသည့် အချိန်၌ သူ့၏ဖုန်ဖူကြယ်သည် ရုတ်ချည်းအလင်းတန်းများ
ထွက်လာသည်။နောက်ဆုံးတော့ သူအောင်မြင်ပြီလား။ဤသို့ ပေါက်ကွဲမှုဖြစ်ပြီးနောက်တွင် သူ့၏ ဖုန်
ဖူကြယ်သည် ယင်၊ယန် ဓာတ်များကို အပြင်းအထန်စုပ်ယူပြန်သည်။စွမ်းအင် စက်ကွင်းကိုးခု အနား၌
အသစ်ပေါ်ပေါက်လာသည့် ဆယ်ခုမြောက်စွမ်းအင် စက်ကွင်းကို ကြည့်၍ လုံချန်သည် လုံးဝြကက်
သေသေသွားတော့သည်။

"ဘာလည်းဟ"

လုံချန်မယုံနိုင်ဖြစ်နေ၏။စွမ်းအင်စက်ကွင်း ကိုးခုသည် ချီအဆင့်9 အားကိုယ်စားပြုသည်မဟုတ်လား။
ယခုတော့ မည်သည့်အရာများဖြစ်ကုန်သနည်း။တစ်ရက်လုံးလုံး သွေးနှောအဆင့်အား ၀င်ရောက်ရန်
လုံချန်သည် သိုင်းကျင့်ရာမှ သွေးနှောအဆင့်သို့ မ၀င်ရောက်ပဲ ဆယ်ခုမြောက်စွမ်းအင်စက်ကွင်း တစ်ခု
သာ ထပ်ပေါ်ပေါက်လာပြန်၏။

ချီအဆင့်၌ အဆင့်ကိုးဆင့်သာရှိသည်။ယခင် ရှေးရှေး ခေတ်များကတည်းက ထိုအတိုင်းပင်ဖြစ်၏။
ထူးဆန်းမှုများဖြင့် မရေတွက်နိုင်အောင် ပြည့်နှက်လျှက်ရှိသည့် သိုင်းလောက၌ပင် ထိုကဲ့သို့
စွမ်းအင်စက်ကွင်း ဆယ်ခု ရှိသည်ဆိုခြင်းအား မည်သူမျှမကြားဖူးကြပါချေ။

စွမ်းအင်စက်ကွင်း ဆယ်ခုအား ကြည့်၍ လုံချန်မှာ ဘာပြောရမှန်းပင်မသိဖြစ်နေတော့သည်။
သူတစ်ခုသတိထားမိသည်မှာ ဆယ်ခုမြောက်စွမ်းအင်စက်ကွင်း ပေါ်လာ အပြီး၌ သူ့၏ အခြားစက်
အင်စွမ်းကွင်းများသည် တစ်ဖြေးဖြေး ယခင်ကထက် ပိုကြီးထွားလာခြင်းကိုပင်။ထိုသို့ကြီးထွားလာ
ခြင်းသည် အလွန်နှေးကွေး သော်လည်း ယခင်ကထက်ကြီးထွားလာနေသည်ကတော့ လုံးဝသေချာ
၏။

စွမ်းအင် စက်ကွင်းများသည် မူလတွင်လက်ဝါးအရွယ်သာရှိပြီး သာမာန်ဆိုလျှင် ၎င်းသည် ဆက်မကြီး
ထွားလာတော့ချေ။ထိုအရာသည်ကား သိုင်းသမားတိုင်းသိထားသည့် အချက်လည်းဖြစ်၏။

"ကြယ်ကိုးလုံး သိုင်းပညာ ကြောင့်များလား"

ဤကဲ့သို့ မူမမှန်မှုများကို လုံချန်သည် ကြယ်ကိုးလုံးသိုင်းပညာ အပေါ်တွင်သာ လွှဲချနိုင်တော့သည်။
ယခုအခါ၌ သူသည် ထိုသိုင်းပညာကို ကျင့်ကြံလျှက်ရှိရာ ထိုသိုင်းပညာသည် ရိုးရိုးသိုင်းပညာလမ်း
ကြောင်းမှ သွေဖယ်လျှက်ရှိလေသည်။

တစ်နာရီခန့်မျှ ကြာလျှင် ယင်းစွမ်းအင်စက်ကွင်းမျာသည် မူလထက် နှစ်ဆခန့်ဖြစ်လာ၏။ထိုနှစ်ဆ
ခန့်အရွယ်အစားသည် ခြေဖုဝါး ၏ အရွယ်အစားရှိလေသည်။ဤသို့ ဘာ့ကြောင့်ဖြစ်ရသည်ကို သူ
မသိသော်လည်း ထိုသို့အရွယ်အစား ကြီးလေ သူ့အတွက် ပိုအကျိုးရှိလေ ဆိုတာကိုတော့လုံချန်
သိ၏။

စွမ်းအင်စက်ကွင်းများ အရွယ်အစားကြီးမားလာလျှင် ယင်၊ယန်ဓာတ်များကို လုံချန်သည် ပိုမိုစုပ်ယူ
နိုင်မည်ဖြစ်သည်။တိုက်ပွဲများတွင် သူသည် စွမ်းအင်အများအပြားအား အသုံးပြုရန်လိုအပ်တော့
မည် မဟုတ်ရုံသာမက စွမ်းအင်ပြန်ပြည့်နှုန်းသည်လည်း အလွန်လျှင်မြန်လာမည်ဖြစ်၏။

သို့သော် လုံချန်မှာ ယခုအဖြစ်အပျက်ကို ကြောက်လန့်နေတုန်းပင်ရှိသေး၏။မူလတွင် ယနေ့၌ ပျော်
ပွဲ၊ရွှင်ပွဲ တစ်ခုကို ကျင်းပရန် လုံချန်စဉ်းစားထားသော်လည်း ယခုတော့ သတိထားနေရ၏။ကြယ်ကိုး
လုံးသိုင်းပညာကား အတော်ပင် ထူးဆန်းလေသည်။

ချီအဆင့် 7 မှာပင်လျှင် လုံချန်သည် သူ့ထက်အဆင့်ပေါင်းများစွာမြင့်၍ မိုးနှင့်မြေလောက် ကွာသော
ဟောင်ချန်အား အနိုင်ယူနိုင်သည်။၎င်းသည်ပင်လျှင် အလွန်အမင်း ကြောက်စရာ ကောင်းနှင့်နေပြီ
ဖြစ်သည်။

ကြည့်ရသည်မှာ ကြယ်ကိုးလုံးသိုင်းပညာသည် ရတနာသိုက်နှင့်ပင်တူနေသည်။ယင်း သိုင်းပညာအ
ကြောင်းသူနားလည်သည်မှာ ရေခဲတောင် တစ်တောင်၏ ရေမျက်နှာပြင်၌ ပေါ်ထွက်နေသည့် ထိပ်
ပိုင်းလောက်ကလေးသာ ဖြစ်၏။ဤထိပ်ပိုင်း လောက်ကလေးကပင် အင်မတန် ကြောက်ဖို့ကောင်း
နေချေပြီ။လုံချန်မှာ မိမိကိုယ်ကို အလွန်မျှော်လင့်ထားသကဲ့သို့ သူ့အနာဂါတ်အတွက် ကြောက်လည်း
ကြောက်နေမိသည်။

ဤကဲ့သို့သော သိုင်းပညာသည် အခြားသူများအတွက်မူ မနာလိုစရာဖြစ်နေသည်။နောင် သူတိုက်ခိုက်
သည့်အခါများတွင် ဟောင်ချန်နှင့်တိုက်ခိုက်ခဲ့စဉ်ကကဲ့သို့ စွမ်းအင်စက်ကွင်းဆယ်ခု ကို ထုတ်ပြရန်
မဖြစ်နိုင်တော့ပေ။

သို့ရာတွင် ကြယ်ကိုးလုံး သိုင်းပညာ၏ ချီအဆင့်တွင် စွမ်းအင်စက်ကွင်းများ မည်မျှထပ်ပေါ်ပေါက်ဦး
မည်ကို လုံချန်လည်းမသိပါချေ။တစ်ဖက်၌ လည်း သူ့တွင်စွမ်းအင်စက်ကွင်း များများရှိခြင်းသည် ပို
ကောင်းသည်ဟူ၍တော့ ပြောလို့ရသည်။သို့သော် သွေးနှောအဆင့်သို့မတက် နိုင်ခြင်းကြောင့်
အနီးကပ်တိုက်ခိုက်မှု များ၌ အပြည့်အ၀ မတိုက်ခိုက်နိုင်ခြင်းတော့ရှိမည်။နွားတစ်သောင်း ရှိသော်
လည်း ကျားတစ်ကောင်ကို မနိုင်သကဲ့သို့ပင် ဖြစ်လေသည်။

လုံချန်သတိထားရဆုံးအချက်မှာ သူ့ရင်ဆိုင်နေရသည့်အန္တာရာယ် များကိုပင်ဖြစ်၏။ယခုအချိန်၌ သူ့
ရန်သူများသည် မည်သူမည်ဝါဖြစ်သည်ကိုပင် သူမပြောနိုင်ပေ။မည်သည့်အချိန်တွင် မည်သည့်နေ
ရာမှပေါ်ပေါက်လာပြီး သူ့အားရန်ရှာမည်ကို မသိသည့်အတွက် သူ့သိုင်းပညာကို အဆင့်မြင့်အောင်
ကျင့်ကြံထားဖို့လိုသည်။

လုံချန်သည် လည်ပတ်နေသည့် စွမ်းအင်စက်ကွင်းဆယ်ခုကို ကြည့်၍ မည်သို့မျှ မတတ်နိုင်ပဲသက်
ပြင်းသာချမိလိုက်၏။သူ့၏ စိတ်များရှုပ်ထွေးနေသည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။လုံချန်သည်ယနေ့
အတွက်တော့ သိုင်းဆက်မကျင့်ချင်တော့ပေ။ယခုလိုစိတ်များရှုပ်ထွေး နေသည့်အချိန်တွင် သိုင်းဆက်
ကျင့်ရန်မသင့်တော်ပေ။

ရုတ်တရက် သူ့၀မ်းဗိုက်မှ တစ်ဂွီဂွီ မြည်လာမှပင် ယနေ့တွင် သူသည် ဘာမှမစားရသေးကြောင်းသတိ
ရ၏။မွန်းတည့်ချိန်ပင် ရောက်နေချေပြီ။လုံချန်သည် ဘိုအာ ကို အော်ခေါ်ကာ နေ့လည်စာအတွက်ပြင်
ခိုင်းလိုိက်၏။

လုံချန်မှာ သူ့မိခင်ကိုတွေ့ရန် ကြောက်နေသေးသည်ဖြစ်ရာ ခိုးကြောင်ခိုးဝှက်ဖြင့်သွားရလေသည်။
လုံချန်၏ ခိုးကြောင်ခိုးဝှက်ပုံစံအားမြင်လျှင် ဘိုအာသည် တစ်ဟားဟားရယ်၍ နေ့လည်စာအားယူ
ဆောင်လာပေး၏။

စား၊သောက်အပြီး၌ အားအင်များပြည့်ဖြိုးလာသလို လုံချန်ခံစားရ၏။သူ့၏ကြယ်ကိုးလုံးသိုင်းပညာ
အပေါ်၌ မကျေနပ်မှုများသည်လည်း အတော်ကလေး ပြေလျှော့သွားပြီဖြစ်သည်။

"သခင်လေး လူတစ်ယောက် သခင်လေးကိုလာရှာတယ်"

"ဘယ်သူလည်း" ဟုလုံချန် မေးလိုက်၏။

"ကျွန်မလည်းမသိဘူး သခင်လေးသွားကြည့်လေ အစောပိုင်းက သခင်လေး မြိန်မြိန်ယှက်ယှက်
စားနေတော့ မနှောင့်ယှက်ချင်တာနဲ့ ကျွန်မမပြောတော့တာ" ဟူ၍ပြောကာ ရယ်လျှင် လုံချန်လည်း
တစ်ဟားဟားဖြင့်လိုက်ရယ်လိုက်လေသည်။

ယခုမှပင် လုံအိမ်တော်သည် ပို၍ပျော်ရွှင်ဖွယ်ကောင်းသည့်နေရာ တစ်ခုဖြစ်လာခဲ့ကာ ဘိုအာသည်
လည်း ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက် ဖြစ်နေပြီလားမပြောတတ်ပေ။ဧည့်ခန့်သို့ ရောက်သည်
နှင့် သူ့ကိုလာရှာသည်ဆိုသည့် ဧည့်သည်ကြောင့် လုံချန်မှာအတော်ကလေးပင် အံ့အားသင့်သွား
တော့သည်။

############

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၅၂)အထီးကျန်ငှက်ငယ်

"သတ္တမမြောက်မင်းသား"

သူ့ကိုလာရှာသည်ဆိုသည့်ဧည်သည်မှာ သတ္တမမြောက်မင်းသားဖြစ်နေလိမ့်မည် ဟူ၍ လုံချန် မည်သည့်
အခါမှ ထင်မှတ်မထားမိခဲ့ပေ။အကယ်ဒမီတွင် သူနှင့်ပြသနာဖြစ်ခဲ့ပြီးချိန်မှစ၍ သတ္တမမြောက်မင်း သား
နှင့်သူသည် ဘယ်တုန်းကမှ ထပ်၍ မဆုံတော့ချေ။သို့ရာတွင် သတ္တမမြောက်မင်းသားသည် ချုယောင်၏
မောင်လေး ဖြစ်၏။အကယ်ဒမီ၌ ဖြစ်ခဲ့သည့် ပြဿနာနှင့်ပတ်သတ်၍ လုံချန်သည် အပစ်မကင်းသကဲ့
သို့ခံစားနေရလေသည်။မည်သို့ပင်ဖြစ်စေ မင်းသားမှာ အနာဂါတ်တွင် သူ့၏ ယောက်ဖ ဖြစ်လာမည့်သူ
မဟုတ်ပါလား။

"အကိုလုံ ကျုပ်ကို ချုဖန် လို့ပဲခေါ်ပါ" သတ္တမမြောက်မင်းသားသည် ကပျာကသီ ထ၍ အလွန်ရိုသေ
စွာဖြင့်ပြောလေသည်။သူ့ပုံစံမှာ ယခင်ကနှင့်များစွာ မတူတော့ပဲ အခြားလူတစ်ယောက်ကဲ့သို့ အပြောင်း
လည်းကြီး ပြောင်းလည်းလျှက်ရှိ၏။

ချုယောင်ပြောသကဲ့သို့ပင် ချုဖန်၏ စရိုက်လက္ခဏာသည် သိပ်မဆိုးကြောင်း သူသိလိုက်ရသည်။
မာနကြီးသည့်မင်းသားတစ်ပါးအဖြစ် သူ့အား ထင်ရသည်မှာ သူ့အန္တာရာယ်အားကာကွယ်ရန်အတွက်
သာ ဟန်ဆောင်နေရခြင်းဖြစ်၏။

"နောက်ဆုံးအကြိမ်က ဖြစ်ခဲ့တာနဲ့ ပတ်သတ်ပြီးကျုပ်စိတ်မကောင်းပါဘူး မင်းသား" ဟု လုံချန်ခေါင်း
ငြိမ့်ကာ ချူဖန်၏ ပုခုံးများကို ပုတ်ရင်းပြောလျှင်ချုဖန်သည် ရိုသေစွာဖြင့်...

"ဒါဟာ အကိုလုံရဲ့အမှားလို့လည်း မဆိုသာပါဘူး" ဟုပြန်ပြောလေသည်။

လုံချန်သည် စားပွဲပေါ်၌ ရှိသော လက်ဖည်ရည်ကရားထဲမှ လက်ဖက်ရည် အား နှစ်ပန်းကန် ငှဲ့လိုက်ပြီး
တစ်ပန်းကန် ကို ချုဖန်အား ပေးရင်း မေးလိုက်၏။

"အခုဒီကိုလာတာ ဘာကိစ္စများပါလည်း မင်းသား"

ယခုအချိန်တွင် ချုဖန်မှာ နန်း၀တ်နန်းစားများ ၀တ်ဆင်ထားခြင်းမရှိပဲ ရိုးရိုးအထက်တန်းလွှာများကဲ့သို့
၀တ်ဆင်ထား၏။

"အကိုလုံ...ဒါက..." ချုဖန်တစ်ခုခုကိုပြောချင်သည်။သို့သော် သူ့ပါးစပ်မှ မထွက်ဖြစ်နေ၏။

"မင်းသားပြောချင်တာရှိလို့ရှိရင် ပြောသာပြောပါ" ဟု လုံချန်သည် ချုဖန့်ကိုကြည့်ရင်းပြောလိုက်၏။

ချုဖန်သည် ခေတ္တမျှတွေဝေနေသေးသည်။နောက်တွင်မှ အသက်ပြင်းပြင်းတစ်ချက်ရှု၍.....

"ဒီနေ့ပဲ ဧကရီအရှင်မကြီးဟာ ချုယောင်နဲ့ ချန်ဖုန်းတို့ရဲ့ လက်ထပ်မယ့် ရက်ကိုသတ်မှတ်လိုက်ပြီ
အောက်တိုဘာ ပထမ အပတ်မှာဖြစ်လိမ့်မယ်" ဟု ပြောလေသည်။

"ခွမ်း"

လုံချန်သည် ဤသတင်းမျိုးအတွက် သူ့စိတ် ကိူပြင်ဆင်ထားသော်ငြား ဤသတင်းအား ကြားလျှင်ကြား
ချင်း သွေးများကတော့ ဆူတုန်းပင်ရှိ၏။သူ့လက်ထဲတွင် ကိုင်ထားသော လက်ဖက်ရည်ခွက်သည် အစိတ်
စိတ်အမွှာမွှာ ကွဲကြေသွားပြီး လက်ဖက်ရည်များသည် သူ့ကိုယ့်အနှံ့သို့စင်ကုန်သည်။သူ့မျက်လုံး၌ လူသတ်
လိုသည့် အရိပ်အယောင်များ ပေါ်လာကာ ပတ်၀န်းကျင်ကား ရေခဲတစ်မျှအေးစက်သွား၏။

ချုယောင်မှာ ကျောထဲမှစိမ့်တက်၍ အေးလာသလို ခံစားနေရသည်။ထိုအချိန်၌ လုံချန့်ကိုကြည့်ရ
သည်မှာ အချိန်မရွေး လူသတ်တော့မည့် ဒေါသထွက်နေသော သားရဲတစ်ကောင်နှင့် တူနေသည်။
လုံချန်ယခုဖြစ်နေသော လူသတ်ချင်စိတ်သည်  သူနှင့်အကယ်ဒမီကျောင်းတွင် ပြသနာတက်ခဲ့စဉ်
ကထက်ပင် များစွာပိုသည်ဟု ချုဖန်ထင်မိ၏။

"ဒါ တစ်ကယ်လား" ဟုလုံချန်သည်အံကိုတင်းတင်းကြိတ်၍မေးလိုက်၏။

ချုဖန် ခေါင်းငြိမ့်လိုက်သည်။လုံချန်၏ ဖိအားအောက်၌ စကားတစ်ခွန်းပင် မပြောရဲသလိုဖြစ်နေသည်
လေ။လုံချန်သည် ဒေါသအပြင်းအထန်ထွက်နေပါ၏။မီးအိမ်နီ ပွဲတော်၌ အများရှေ့မှာပင် ချုယောင်သည်
သူ့၏ မိန်းမဖြစ်လာရမည်ဟု  ကြေငြာထားပြီးဖြစ်သည်။

ချုယောင်ကို ပိုင်ဆိုင်နိုင်ရန် ဆရာကြီးယွမ်ချီနှင့်သူ၏ ပတ်သတ်မှုကို အသုံးချ၍ပင် လုံချန်မကြိုးစား
ခဲ့ပေ။ထိုသို့ လုပ်လိုက်လျှင် ဧကရီဘုရင်မကြီးအတွက် များစွာအရှက်ရသွားမည်ကိုစိုးရိမ် သောကြောင့်
ဖြစ်၏။

သို့သော် ဧကရီဘုရင်မကြီးမှာ သူ့၏ခံစားချက်များအား လျှစ်လျူရှုသလို ဆရာကြီးယွမ်ချီ၏ မျက်နှာ
ကိုလည်း မထောက်ချေ။သူမသည် ချုယောင်နှင့် ရှချန်ဖုန်း တို့နှစ်ယောက်ကို လက်ထပ်ပေးရန်
ဆုံးဖြတ်ပေးပြီးသားဖြစ်ပုံပင်။

"အကိုလုံ ကျုပ်ရဲ့ မမဟာ တစ်ဘ၀လုံးအထီးကျန်ပြီးနေခဲ့ရတာ ဒါပေမယ့် ကျုပ်သိတယ် ရှချန်ဖုန်း
ဆိုတဲ့ လူနဲ့ မမကိုကျုပ်လက်ထပ်ခွင့်ပြုလိုက်ရင် မမသေသွားလိမ့်မယ်"

သူ့၏စကားဆုံးသည်နှင့် ချုဖန်၏ မျက်၀န်းထဲမှ မျက်ရည်များ တစ်လိမ့်လိမ့်စီးကျလာသည်။

"အကိုလုံ ကျုပ်တောင်းပန်ပါတယ် ကျုပ်မမကိုကယ်ပါဗျာ' ထိုသို့ပြောအပြီး၌ ချုဖန်သည် လုံချန်၏
ရှေ့တွင် ဖြေးညှင်းစွာ ဒူးထောက်ချလိုက်တော့သည်။

"မင်းသား ဘာလုပ်တာလည်း ထပါ" လုံချန်သည်ချုဖန်အားဆွဲထူ၍ပြောလိုက်၏။

"ကျုပ် မင်းသားကို ကတိပေးထားပြီးပြီပဲ စိတ်ချ ကျုပ်သေသွားရင်တောင် ကျုပ်ကတိကိုမဖျက်ဘူး"

သို့ပြောလာသည်တွင် ချုဖန်၏ ရင်ထဲတွင် ထိထိခိုက်ခိုက်ခံစားသွားရ၏။နန်းတော်ထဲ၌ နေခဲ့သမျှ
ကာလပတ်လုံးတွင် ယုံကြည်မှုဆိုသည့် စကားကို သူသည် ယောင်လို့ပင် မကြားဖူးခဲ့ချေ။

"မင်းသားရဲ့ မမဟာ ဒီအချိန် အပြင်ထွက်လို့မရဘူးဖြစ်နေတယ်မလား ချုယောင် အကျယ်ချုပ်များ
ချခံထားရတာလား" ဟုလုံချန်ကမေးသည်နှင့်ချူဖန်လည်းခေါင်းငြိမ့်လိုက်သည်။

"အမှန်ပဲ နောက်ဆုံးအကြိမ် မီးအိမ်နီပွဲတော်က ပြန်လာပြီးကတည်းက ဧကရီဘုရင်မကြီးဟာ မမ
ကိုအကျယ်ချုပ် ချလိုက်တော့တာပဲ အဆောင်တော်ကနေ အပြင်ကို ခြေတစ်လှမ်းမှ ထွက်ခွင့်
မရှိဘူး"

လုံချန်၏မျက်နှာမှာတင်းမာလျှက်ရှိ၏။ကြည့်ရသည်မှာ ဧကရီဘုရင်မကြီးသည် ဆရာကြီးယွမ်ချီ
ကိုမျက်စိထဲတွင် ရှိသည်ဟူ၍ ပင်ထင်ပုံမရချေ။

"မင်းသားကော ချူယောင့်ကို သွားတွေ့လို့ရလား" ဟုလုံချန်မေးလိုက်၏။

"ရပါတယ် ဧကရီဘုရင်မကြီးဟာ မမကိုအဆောင်တော်ကနေ အပြင်မထွက်ဖို့သာ တားဆီးထားတာ
ပါ ဧည့်သည်တွေသွားတွေ့ရင်တော့ရတယ် သူ့ရဲ့ မောင်တစ်ယောက်အနေနဲ့ ကျုပ်ကိုမတားဆီးဝံ့
ကြဘူးလေ"

"ကောင်းတယ် သတ်မှတ်ထားတဲ့ရက်ကိုကြည့်ရအောင် အောက်တိုဘာပထမအပတ်ဟုတ်လား
ကျုပ်တို့မှာ တစ်လတိတိ အချိန်ရသေးတယ် အချိန်လုံလောက်သေးတယ်"

"သုံးရက်ကြာရင် ဟွာယွန် လေလံအိမ်တော်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ လေလံပွဲကြီးကိုကျင်းပလိမ့်
မယ် အဲ့ဒိကနေ ကြယ်ပေါင်းမြက်ကို ကျုပ်ရအောင်လေလံဆွဲမယ် ရူးရူးမိုက်မိုက်တွေမကြံစည်ပဲ
ကျုပ်ကိုစောင့်ပါလို့ ချုယောင်ကိုပြောလိုက်ပါ" သို့ပြောလာသည်တွင် ချုဖန်သည်အလွန်အမင်းပျော်
ရွှင်သွားသလို လုံချန်အား ကျေးဇူးလည်းသိပ်တင် နေရှာ၏။

"ချုဖန် မင်းရဲ့ဒန်တမ်ကို ကျုပ်ကြည့်ပါရစေ" လုံချန်သည်သံသယရှိနေ၏။ချုဖန်၏ ပုခုံးထက်သို့ လက်
တင်လိုက်ပြီး သူ့၏ စိတ်စွမ်းအင်အား ချုဖန်၏ ဒန်တမ်ထဲသို့ပို့လိုက်သည်။သူ့အထင်ကားမှန်သည်။
ချူဖန်၏ဒန်တမ်မှာ ချုယောင်ကဲ့သို့ တားဆီးထားခြင်းမျိုးမရှိသော်လည်း သူ့၏ စိတ်ဝိညာဉ်အရင်း
အမြစ်ပေါ်တွင်တော့ ထူးဆန်းသည့်အရာတစ်ခုကိုတွေ့ရ၏။

ထိုအရာလေးသည် အလွန်သေးလှသည်ဖြစ်ရာ သာမာန်မျက်စိဖြင့်မြင်နိုင်ရန် မလွယ်ကူလှပေ။အကယ်
၍သူသာ မသင်္ကာစိတ်ဖြင့် မရှာကြည့်လျှင် မည်သူမျှသတိထားမိလိမ့်မည်မဟုတ်ချေ။

"တောင်ခံထား"

"ဝေါ့"

လုံချန်၏ ချီစွမ်းအင်များသည် ချုဖန်၏ ၀မ်းဗိုက်ထဲသို့ရောက်သည်နှင့် နာကျင်သည့်ခံစားမှုတစ်မျိုးကို
ချုဖန်ခံစားလိုက်ရ၏။ဝေါ့ကနဲ ချုဖန် အံချလိုက်သည့်အချိန်တွင် အလွန်သေးငယ်သည့် အပ်လေး
တစ်ချောင်းသည် သွေးများနှင့်အတူ ထွက်ကြလာသည်။

"ဖယ်သာ အပ်ပါလား ယုတ်မာလိုက်တာ" လုံချန်၏မျက်နှာ၌ အေးစက်စက်အပြုံးတစ်ခု ဖြတ်ပြေး
သွားပါ၏။ထိုဖယ်သာ အပ်မှာ ယန်အဆိပ်အား ကုသသည့်အပ်ဖြစ်၏။ယင်းတွင် ယင်အဆိပ်ပါရှိ
ပြီး ယန်အဆိပ်ကို ဖယ်ရှားနိုင်သည့်သတ္တိရှိသည်။

သို့ရာတွင် ၎င်းဖယ်သာအပ်ကို လူတစ်ယောက်၏ ဒန်တမ်အတွင်း၌ ထားလိုက်သည့်အခါတွင် ဒန်
တမ်သည် တစ်ဖြေးဖြေးပျက်ဆီးလာကာ အချိန်လွန်မှ သိလျှင် သိုင်းကျင့်၍မရတော့ပေ။
ချုဖန်၏ ဒန်တမ်ကို နောက်တစ်ကြိမ်ထပ်မံ စစ်ဆေးကြည့်အပြီးတွင် လုံချန်သည် သက်ပြင်းတစ်ချက်
ကိုချလိုက်လေသည်။အချိန်အတော်ကြာအောင် ရှိနေခဲ့သော ဖယ်သာအပ်၏ အဆိပ်ကြောင့် ချုဖန်
၏ ဒန်တမ်သည် ပျက်ဆီးနေပြီဖြစ်သည်။သို့မဟုတ်လျှင် ချုဖန်၏ ပါရမီသည် ချုယောင်ထက် မည်သို့
မျှမနိမ့်ချေ။

"ချုဖန် ဒီအဆိပ်အပ်ကိုငါ ထုတ်ပေးလိုက်ပြီ မင်းပြန်သွားတာနဲ့ သိုင်းကျင့်လို့ရပြီ ဒါပေမယ့် ဒီကိစ္စ
ကိုဘယ်သူမှ မသိအောင်တော့ လျို့ဝှက်ထားဖို့လိုတယ် ကိုယ်ရောင်ဖျောက်ဆေး တွေ မင်းကိုပေး
လိုက်မယ် တစ်ပတ်ကိုတစ်ခါသောက်ပေး ဘယ်သူမှမင်းရဲ့ ကိုယ်ယောင်ကို အာရုံခံနိုင်မှာမဟုတ်ဘူး"

ကျောက်စိမ်းပုလင်းလေးတစ်ပုလင်းကို လုံချန် ပေးလိုက်သည်။လုံချန်သည် အားသည့်အချိန်တိုင်းတွင်
စိတ်ကူးတည့်ရာ ဆေးများကို ဖော်စပ်သန့်စင်တတ်သည်ဖြစ်ရာ ထိုသို့ဖော်စပ်ထားခြင်းမှာ ယခုနေ
ရာတွင်အသုံးတည့်နေတော့၏။သို့ရာတွင် သူ့၏ ဒန်တမ်သည် ပြင်းထန်စွာထိခိုက်ထားခြင်း ခံရသည်
ဆိုခြင်းကိုမူ ချုဖန်အား သူ မပြောလိုက်ချေ။

ထိုသို့ပျက်ဆီးမှုကြောင့် ချူဖန်၏ သိုင်းကျင့်စဉ်အဆင့်သည် သွေးနှောအဆင့်မှာပင်အဆုံးသတ်သွား
မည်ဖြစ်၏။ဤကဲ့သို့သော ရက်စက်သည့်စကားမျိုးအား မည်သည့်စိတ်ဖြင့်သူ ပြောထွက်နိုင်ပါမည်
နည်း။

တစ်ချိန်တည်း၌ပင် လုံချန်သည် တော်၀င်မိသားစု၏ အချင်းချင်း အကောက်ကြံမှုများကို ရွံရွှာစက်
ဆုပ်သလို ခံစားမိ၏။ကျားကဲ့သို့ ၀တ်စားထားသော်လည်း အမှန်တစ်ကယ်တွင်မူ လူအရည်ခြုံထား
သည့် ဝံပုလွေများပင်တည်း။

"အခု ကျုပ် သိုင်းကျင့်လို့ရပြီပေါ့" ချုဖန်မှာ သူ့မျက်စိကိုပင်သူမယုံနိုင်အောင်ဖြစ်နေ၏။သူအဖို့ သူသည်
မွေးကတည်းက အမှိုက်အဖြစ်မွေးလာသည်ဟု အမြဲစဉ်းစားနေခဲ့သူဖြစ်၏။ယခုတော့ ချူဖန် ၀မ်း
သာလုံးဆို့နေသည်။လုံချန့်အနေဖြင့်လည်း ချုဖန်၏ခံစားချက်များကိုနားလည်၏။အမှိုက်ဟူ၍ ဂုဏ်သတင်း
ကျော်စောခဲ့သည့် သူသည်လည်း ထိုကဲ့သို့မျိုးပင် တစ်ချိန်က ခံစားခဲ့ဖူးသည်သာ။

"အမ်း...ဒါပေမယ့် ဒါကိုတော့ ဘယ်သူမှသိလို့မဖြစ်ဘူးနော်" ဟု လုံချန်ပြောလိုက်၏။ချုယောင်နှင့်ချုဖန်
မောင်နှမနှစ်ယောက်မှာ အလွန်သတိကြီးကြသူများဖြစ်သည့်တိုင် သူကတော့စိုးရိမ်စွာနှင့် ဆက်မှာ
နေသေး၏။၀မ်းသားအားရဖြင့် ချုဖန်ပြန်သွားပြီးသည်နှင့် သူ့အဖို့တွေးစရာများ တစ်ပုံတစ်ပင်ဖြစ်လာ
တော့၏။

ချူယောင်နှင့်ချူဖန် တွေ့ကြုံနေရသည့်အဖြစ်အပျက်များ ကြောင့်သူ့အဖြစ်ကိုသူ ပြန်သတိရမိ၏။
သို့ရာတွင် သူ့အဖြစ်သည်ကား အထက်ပါမောင်နှမ နှစ်ယောက်ထက်ပင် ပိုသနားစရာကောင်းသေး
သည်။သိုင်းကျင့်ရာ၌ လိုအပ်သည့် သူ့၏ စိတ်ဝိညာဉ် အရိုး၊စိတ်ဝိညာဉ် သွေး နှင့် စိတ်ဝိညာဉ်
အရင်းအမြစ်တို့ကို တစ်ယောက်ယောက်သည် အကြံအစည်ဖြင့် သူ့ခန္ဓာကိုယ်တွင်းမှ ထုတ်ယူသွား
ခဲ့သည်။သူ့အဖြစ်နှင့် အဆိုပါမောင်နှမ နှစ်ယောက်တို့၏ အဖြစ်ခြင်းမှာ မတူသော်လည်း အဆိုပါထုတ်
ယူသွားသူ၏ ရည်ရွယ်ချက်သည် အတူတူပင်ဖြစ်လေသည်လား။

သူ့အဖေသည် ဖီးနစ်အင်ပါယာ၏  တန်ခိုးအာဏာ အထွားဆုံးစစ်သူကြီးတစ်ယောက်ဖြစ်၏။
သူ့အဖေကြောင့် သူသည် သိုင်းမကျင့်နိုင်သည့်အဖြစ်ကိုရောက်ရခြင်းပေလား။
ချူယောင်နှင်သူ နောက်ဆုံးစကားပြောခဲ့သည့်ချိန်တွင် ချူယောင်ပြောသည့်စကားများတွင် ယင်မူးမတ်
ကြီးဆိုသည့်စကားလည်းပါသည်။

ဖီးနစ်အင်ပါယာတွင် တန်းခိုးအထွားဆုံး မူးမတ်ကြီးသုံးဦးရှိ၏။၎င်းတို့မှာ ယင်မူးမတ်ကြီး၊ဝူမူးမတ်ကြီးနှင့်
သူ့အဖေ လုံရှင်းရှောင် တို့ဖြစ်၏။ထိုသုံးယောက်ကို ဖီးနစ်အင်ပါယာ၏ ထောက်တိုင်ကြီး သုံးတိုင်အဖြစ်
တင်စားကြသည်။လုံရှင်းရှောင် မှာ သူပုန်များတိုက်ခိုက်နေသည့် နယ်စပ်ကို ကာကွယ်နေရပြီး ဝူ
မူးမတ်ကြီးမှာမူ တောင်ပိုင်းနယ်နမိတ်ကို ကာကွယ်နေရလေသည်။ထို့ကြောင့် အင်ပါရီယာမြို့တွင်
ယင်မူးမတ်ကြီးသာလျှင် ကျန်နေ၏။

ချူယောင်၏ စကားအရဆိုလျှင် မင်းသား၊မင်းသမီးများအား သိုင်းလေ့ကျင့်ပေးသူသည် ယင်မူးမတ်
ကြီးဖြစ်သည်ဟုဆို၏။ထိုယင်မူးမတ်ကြီးဆိုသူကို လုံချန်မင်္ကကာပေ။ပထမဆုံး တိုက်ခိုက်မှုတွင် ချု
ယောင်၏အနေအထားကို သူ့လို အပြင်လူပင် ရိပ်မိသည်။သို့ဆိုလျှင် ဖီးနစ်အင်ပါယာ၏ ထောက်
တိုင်ကြီးတစ်တိုင် အဖြစ်တင်စားရသည့် ပုဂ္ဂိုလ်ကြီးသည် အဘယ့်ကြောင့်မသိလေသနည်း။

အကယ်၍ ထိုအကြောင်းသိပြီး ဘာမှမပြောသည်ဖြစ်လျှင် ချုယောင်အား ထိုသို့ဖြစ်ရန် လုပ်ကိုင်သူ
များတွင် သူပင်ပါ၀င်နေနိုင်သလို သူကိုယ်၌ပင် ဖြစ်နိုင်သည်။အကယ်၍သူသည် ထိုသို့လုပ်သည်ဆို
လျှင် မည်သည့်အကျိုးအမြတ်အား လိုလား၍ ပြုလုပ်ခြင်းဖြစ်သနည်း။သိုင်းမကျင့်နိုင်ရန် ရည်ရွယ်၍
ပြုလုပ်ခြင်းပေလော။အခြားရည်ရွယ်ချက်ကြီးများ ရှိနိုင်သေးသည်လား။

မေးခွန်းပေါင်းများစွာ မှာ လုံချန်၏ ခေါင်းထဲ၌ ပလုံစီထလာ၏။ဤသို့ဖြင့် သူ့ခေါင်းမှာ တစ်ဆစ်ဆစ်
ကိုက်လာကာ ပေါက်ကွဲမတတ်ပင်ခံစားလာရလေသည်။ယင်းအဖြစ်အပျက်များသည် ရှုပ်ထွေးပွေ
လီလှသောကြောင့် မည်သို့ပင်စဉ်းစားသည်ဖြစ်စေ သူ့အတွက် စဉ်းစား၍ မရနိုင်အောင်ဖြစ်နေသည်။

"ထားလိုက်တော့ ဘယ်လောက်ပဲ ညာဏ်များတဲ့ မြေခွေးဖြစ်စေ နောက်ဆုံးမှာ အမြီးထွက်လာ
မှာပဲ ငါလုပ်ဖို့လိုတာက မြေခွေးအမြီးထွက်လာချိန်မှာ ဖမ်းနိုင်တဲ့ မုဆိုးကောင်းတစ်ယောက်
ဖြစ်နေအောင်ပဲ ဒီလိုမှ မဟုတ်ရင် ငါကိုယ်တိုင်သားကောင်ပြန်ဖြစ်သွားနိုင်တယ်"

ဤသို့တွေးပြီးနောက် ထိုအတွေးများကို လုံချန်မေ့ထားလိုက်ကာ အခန်းသို့ပြန်ခဲ့လေသည်။
သို့ရာတွင် သူ့မိခင် ၏ အခြေအနေအားလည်း ကြည့်ရသေးပြီး ခိုးကြောင်ခိုးဝှက်ဖြင့်အခန်း
ထဲသို့အရောက် ၌ အခန်းတံခါးအားပိတ်ရင်း ကျင့်စဉ်စရန်ပြင်ရ၏။လုံချန်သည် ကျင့်စဉ်စလိုက်
ချိန်၌ပင် အလွန်ထူးခြားသည် အဖြစ်တစ်ခုကြောင့် ထ၍ခုန်လေရာ အမိုးတိုင်ထိလုမတတ်
ဖြစ်သွား၏။

"ဘာဖြစ်တာလည်းဟ"

လုံချန်သည် သူ့၏ ဒန်တမ်ထဲသို့ ကြည့်လိုက်သည့်အခါ၌ စွမ်းအင်စက်ကွင်း ဆယ်ခုမှာ ဆက်လက်မ
ကြီးထွားတော့ပဲ ရပ်တန့်နေသည်ကို မြင်ရသည်။သို့သော်လည်း စွမ်းအင်စက်ကွင်းများသည် ကြောက်
မက်ဖွယ်ကောင်းလောက်အောင် သုံးပေခန့်အထိကြီးထွားနေခြင်းကြောင့် လုံချန်အထိတ်တစ်လန့်
ဖြင့်ထခုန်မိခြင်းဖြစ်၏။

ထို့ပြင် စွမ်းအင်စက်ကွင်းများမှာ ခပ်နှေးနှေးဖြင့်လည်ပတ်လျှက်ရှိ၍ ဖုန်ဖူကြယ်သည် ယခင်ကထက်
အဆတစ်ရာခန့်မျှ ပြင်းထန်သော အားဖြင့် ပတ်၀န်းကျင်မှ ယင်၊ယန် ဓာတ်များအား စုပ်ယူလျှက်ရှိ၏။

လုံချန် အံ့အားသင့်လျှက်ရှိသလို ပျော်လည်းပျော်နေသည်။သို့သော် စက္ကန့်အနည်းငယ်မျှကြာလျှင် တစ်
ခုခုမှားနေပြီဆိုသည်ကို ရိပ်မိလာ၏။လည်ပတ်လျှက် ရှိသည့် စက်အင်စက်ကွင်းဆယ်ခုမှာ ပတ်၀န်းကျင်
၌ ရှိသော ယင်၊ယန် ဓာတ်များအား အငမ်းမရစုပ်ယူလျှက်ရှိရာမှ အချိန်အတော်ကြာသည်တွင် ပတ်၀န်း
ူကျင်တွင် ချီဓာတ်များ အတော်ပင်လျှော့နည်းလာ၏။

"မဖြစ်ဘူး အခြားနေရာတစ်ခုခုကိုရှာမှပဲ"

ထိုညတွင်ပင် လုံချန် ရုပ်ဖျက်၍ မြို့အ၀င်ဂိတ်သို့သွားခဲ့၏။ထိုမှတစ်ဆင့် တိမ်ခြေလှမ်း အားအသုံးပြုကာ
ဆည်းဆာတောင်ထိပ် ထံသို့ ဦးတည်ထားလိုက်လေသည်။ဆည်းဆာတောင်ကြီးကား ညအမှောင်တွင်
တိတ်ဆိတ်နေသည်။တောင်းကြီးသည် ယခင်ကအတိုင်းပင် မည်သည့်ပြောင်းလဲမှုမျိုးမှ မရှိသော်လည်း
လုံချန့်အဖို့တော့ တစ်ခုခုကို လွမ်းဆွတ် မိသလို ခံစားရ၏။

ထိုတောင်ကြီးသို့ ပထမအကြိမ်တွင် သူသည် မန်ချီနှင့်လာခဲ့ခြင်းဖြစ်သည်။မန်ချီ၏ ပြစ်မျိုးမှဲ့မထင်
သော မျက်နှာလေးနှင့် သမင်မျက်လုံးများကို အမှတ်ရမိသည်နှင့် သူမအား လွတ်ဆွတ်သည့်စိတ်
များပေါ်လာရပြန်၏။

ဒုတိအကြိမ် ဆည်းဆာတောင်ထိပ်သို့ သူရောက်လာသည်မှာ ချူယောင်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို
ခံရသောကြောင့်ဖြစ်သည်။မူလတွင် အနှီ မိန်းမလှလေးသည် သူ့ကိုလက်စားချေရန်လာသော်လည်း
နောက်ဆုံး၌ သူ့၏ အသည်းနှလုံးကို ပိုင်စိုးသူ အချစ်ဘုရင်မလေးဖြစ်လာပြန်၏။

ယခုအခါတွင် မန်ချီမှာ သူနှင့်အဝေးတစ်နေရာတွင်ရောက်နေချေပြီ။မန်ချီဘာတွေလုပ်နေသည်ကို
သူသိချင်သည်။သူ့ကို မေ့နေပြီလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ထို့ပြင် သူ့အား သေကြောင်းကြံသော
အကိုရှီ ဆိုသူလည်း ရှိသေးသည်။ထိုလူ အကြောင်းစဉ်းစားမိလျှင် လုံချန် သိပ်ကိုဒေါသထွက်ရပါ၏။

မန်ချီသည်သူနှင့် အဝေးတစ်နေရာ၌ ရောက်နေသလို ချူယောင်သည်လည်း နေအိမ်အကျယ်ချုပ်ကျ
နေ၏။သူသာလျှင် လွတ်လွတ်လပ်လပ်ဖြစ်နေသည်။ထိုအရာသည်ကား ရက်စက်သည့်အမှန်တရားပင်
ဖြစ်၏။ခွန်အားမရှိပဲ အသက်ရှင်နေလျှင် အသက်ရှင်နေခြင်းမမည် မသေရုံတစ်မယ် ရုန်းကန်နေခြင်းသာ
မည်ပေမည်။

သူ့အဖို့ အခြားသူများ၏ အထက်၌ နေချင်လျှင် ထိုသို့နေလို့ရရန် ကိုက်ညီသည့် အစွမ်းအစမျိုးရှိဖို့
လိုအပ်သည်။ဤအရာသည် လက်တွေ့ကျသော လောကပင်ဖြစ်၏။ဆည်းဆာတောင်ကြီးကို တစ်
ချက်ကြည့်ရင်း သက်ပြင်းကြီးတစ်ချက်အား လုံချန်သည် လေးလေးပင်ပင်ကြီး ချမိပါ၏။

ခပ်ကြီးကြီး ကျောက်တုံးကြီးတစ်တုံးပေါ်တွင် မဟာကြာပန်းမုဒြာဖြင့် ထိုင်၍ ချီဓာတ်များကိုလှည့်
ပတ်စီးဆင်းစေလိုက်သည်။တစ်နာရီခန့်ကြာသည်တွင် ထိုနေရာပတ်၀န်းကျင်၌ ရှိသည့်ချီဓာတ်များ
လည်း တစ်ဖြေးဖြေးပါးလာကာ လုံချန်၏ ဖုန်ဖူကြယ်မှ အငမ်းမရ စုပ်ယူနေခြင်းအား မခံနိုင်ဖြစ်
လာတော့သည်။

သို့ရာတွင် ထိုနေရာ၌ ရှိနေသည့် ချီဓာတ်များသည် သူ့အိမ်တွင်ရှိသည့်ချီဓာတ်များထက် နှစ်ဆခန့်မျှ
များပြားသည်။ထို့ကြောင့် လုံး၀ကုန်ဆုံးသွားသည်တော့မရှိချေ။

နှစ်ရက်ခန့်မျှအကြာ၊အရှေ့ဘက်ကောင်းကင်မှ နေမင်းထွက်ပြူလာသည်တွင် လုံချန်၏ ခန္ဓာကိုယ်မှ
ပေါက်ကွဲသံတစ်ခုထွက်လာ၏။လုံချန်သည်မျက်လုံးကို ခပ်ဖြေးဖြေးဖွင့်လိုက်၏။သူ့မျက်နှာတွင် ထူး
ဆန်းသည့် အရိပ်အယောင်များရှိနေကြသည်။သူ့တွင် စွမ်းအင်စက်ကွင်း နောက်တစ်ခု ထပ်ပေါ်လာပြန်
ပြီဖြစ်သည်။စွမ်းအင်စက်ကွင်းများသည် ယခုဆိုလျှင် သူ့တွင် စုစုပေါင်းဆယ်ခုပင်ရှိနေပြီဖြစ်၏။

"ကြယ်ကိုးလုံးသိုင်းပညာ ငါ့ကို ချီအဆင့်မှာပဲ ဘယ်လောက်တောင်ထားထား ဦးမှာလည်း"

သူ့ခန္ဓာကိုယ်ထဲ၌ နောက်ထပ်ပေါ်ပေါက်လာသည့် စွမ်းအင်စက်ကွင်းအား ကြည့်၍ လုံချန်မှာ ပျော်
လည်းပျော်သလို စိတ်လည်းပူမိသည်။

ဤသို့ဖြင့် လုံချန်မှာ အိမ်ပြန်ရောက်ပြီးသည်တွင် ခေတ္တမျှ စဉ်းစားနေပြီး ဆေးဆရာအသင်းသို့ ခပ်
မြန်မြန်သွား၍ ဆေးအမယ်များသွား၀ယ်၏။အခန်းအတွင်း၌ စုပုံနေသည့် ဆေးအမယ်များကို
ကြည့်ရင်း လုံချန်၏ မျက်နှာတွင် မျှော်လင့်ချက်ရောင်းခြည်များဖြင့် ယှက်သမ်း နေတော့သည်။

"ဆေးမီးတောက် အသစ်စက်စက်ကို စမ်းသပ်ဖို့အချိန်ရောက်ပြီ"

##########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၅၃)အရိုးမူလပြန်ဆေး

Translator Thoughts: : အရိုးမူလပြန်ဆေးဆိုတာ အရိုးတွေကိုနဂိုမူလအတိုင်းပြန်ကောင်းစေတဲ့ဆေး
ကိုပြောတာပါ။

ဖုန်း!!!

ဆေးမီးဖိုက ပြင်းပြင်းထန်ထန် လှုပ်သွားပြီးမှ မူလအတိုင်းပြန်ငြိမ်သွားသည်။မီးဖို၏ အဖုံးကို ဖွင့်လိုက်
သည်နှင့် တောက်ပသည့်အလင်းတန်းတစ်ခုက အပြင်သို့ထိုးထွက်လာ၏။ဆေးမီးဖိုထဲတွင်မူ ပုလဲလုံး
လေးများနှင့်တူသည့် ဆေးများရှိနေ၏။ဆေးက အဆင့်မြင့် အဆင့်ဆေးဖြစ်သည်။သူသည် နောက်ဆုံး၌
အဆင့်မြင့် ဆေးအား သန့်စင်နိုင်ပြီဖြစ်သည်။

အဆင့်နိမ့်ဆေးကို အနံ့ဖြင့်သိနိုင်သည်။အလယ်အလတ်ဆေးကိုတော့ ဆေးကြိုးများအား ကြည့်ခြင်းဖြင့်
သိနိုင်၏။အဆင့်မြင့် ဆေးများကိုတော့ ၎င်းအလင်းတန်းများ၏ အပျော့အပြင်းကို ကြည့်၍ခွဲ၏။ထိုအလင်း
တန်းက ဆေးထဲ၌ အာနိသင်မည်မျှ မိနေသည်ကိုပြသည်။

ဖီးနစ်အင်ပါယာတွင် ဆရာကြီးယွမ်ချီမှလွဲ၍ အဆင့်မြင့် ဆေးများကို သန့်စင်နိုင်သူဟူ၍မည်သူမှ
မရှိချေ။

"အလင်းတန်းက နည်းနည်းမှိန်တယ် မီးတောက်အပေါ် ငါ ကောင်းကောင်းမထိန်းချုပ်နိုင်သေးဘူး
ဒါပေမယ့် ဒီအားနည်းချက်ရှိတာတောင် အဆင့်မြင့်ဆေးကိုသန့်စင်လို့ရတယ်"

လုံချန်က အဆင့်မြင့်ဆေးများကို ကြည့်ရင်းဂုဏ်ယူနေသည်။ထိုဆေးကို အရိုးမူလပြန်ဆေးလို့ခေါ်သည်။
ထိုဆေးကို ဖော်စပ်သန့်စင်ရမည့်နည်းလမ်းကို သူ့၏ ဆေးနတ်ဘုရားမှတ်ညာဏ်များမှ သိခြင်းဖြစ်သည်။
ထိုဆေးက ဒုတိအဆင့် ဆေးအမျိုးအစားဖြစ်သော်လည်း ဖော်စပ်ခြင်းနည်းလမ်းကား ဤလောကမှ
ပျောက်ကွယ်သွားပြီဖြစ်လေသည်။

ထို့ကြောင့် ထိုဆေးက သူမှလွဲ၍ အခြားသူများတွင်မရှိချေ။လုံချန်က အရိုးမူလပြန်ဆေးများနှင့်
အဆင့်နိမ့်ဆေးများကို သေသေချာချာဂရုတစိုက် ယူလိုက်၏။ထိုဆေးကို ဖော်စပ်ရန် တစ်ညခန့်
အချိန်ဖြုန်းခဲ့ရခြင်းကြောင့် ယခုတော့ သူမောပန်းနေပြီ။

အာရုံတက်ရန် 2 နာရီခန့်လိုသေးသည်။လုံချန်က သူ့မျက်စိများကို ခပ်ဖြေးဖြေးမှိတ်ထားပြီး ကုန်ခမ်း
သွားသည့် စွမ်းအားများကို ပြန်ဖြည့်တင်းနေသည်။ဘိစ်မီးတောက်ကို သန့်စင်ပြီးသည်တွင် သူ့၏
ဆေးမီးတောက်ကား မူလထက်ဆယ်ဆခန့် ပိုမိုပြင်းထန် အစွမ်းထက်လာသည်။သို့သော် ၎င်းကို
ထိန်းချုပ်ရခြင်းက သူ့ကိုအင်မတန်ပင်ပန်းနွမ်းနယ်စေ၏။

ထိုသို့ဖြစ်ခြင်းက ဘိစ်မီးတောက်နှင့်သူ အကျွမ်းတစ်၀င်မဖြစ်သေးသောကြောင့်ပင်။ထို့ကြောင့်
ပင်းပန်းနွမ်းနယ်မှုများ ဖြစ်ရပြီး အနားယူရန်လိုအပ်သည်။အာရုံ၏ အလင်းတန်းက သူတို့၏ ဖီးနစ်
မြို့ပေါ်သို့ ကျရောက်သည်နှင့် လုံချန်က သူ့၏မျက်လုံးများကို ခပ်ဖြေးဖြေး ဖွင့်လိုက်သည်။

မနက်စာစားသောက်ပြီးနောက် လုံချန်က သူသန့်စင်ထားသည့်ဆေးများကိုယူကာ ဟွာယွန် အိမ်တော်
သို့တန်းတန်းမတ်မတ်သွား၏။ယနေ့မှာ နှစ်စဉ်ကျင်းပမြဲ လေလံပွဲတော် စမည့်နေဖြစ်၏။သို့သော်
ထိုလေလံပွဲက မွန်းတည့်ချိန်မှ စမည်ဖြစ်သည်။အကြီးအကျယ် ကျင်းပမည် ဖြစ်သော ထိုလေလံပွဲ
ကြီးကို သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်သောကြောင့် မည်သူမျှ အလျှင်စလိုမသွားကြခြင်း ဖြစ်သည်။

လုံချန်သာ အစောဆုံးရောက်လာသည့်တစ်ယောက်ပင်။ဟွာယွန် အိမ်တော်က မြို့တော်၏ မြောက်
ဘက်ပိုင်းတွင်ရှိသည်။သို့သော်လည်း မြို့တော်၏ တစ်ဖက်မှပင် ခမ်းနားကြီးကျယ်သော အဆောက်
အဦးများကို လှမ်းမြင်နိုင်သည်။

ဟွာယွန်အိမ်တော်၏ ဧည့်ခန့်သို့ ရောက်ရောက်ချင်းမှာပင် လှပသော မိန်းမပျိုလေး လေးဦးက သူ့
ကိုလာကြိုဆိုသည်။

"ကြိုဆိုပါတယ် သခင်လေး ကျွန်မတစ်ခုမေး.....အိုး"

ထိုမိန်းမပျိုလေးများက ဧည့်ကြိုရာ၌ ဝါရင့်နေသူများဖြစ်ကြ၏။သို့သော် လုံချန်ကို မြင်သည်တွင်
တစ်အံ့တစ်သြနှင့် ရေရွတ်မိကြသည်။လုံချန်အံ့သြနေသည်။သူ့အ၀တ်အစားတွေကို ပြန်ကြည့်မိသည်။
ဒီကိုမလာခင်တွင်ပဲ ၀တ်ရုံလည်း လာတယ်ဆိုတော့ ၀တ်ရုံကြောင့်လည်းမဖြစ်နိုင်။

"ဟေး စောစောစီးစီး ဘာတွေဆူညံနေကြတာလည်း မင်းတို့ကိုဘယ်လိုသင်ပေးထားလည်း
မေ့ကုန်ပြီလား ...... ဟာ သခင်လေးလုံချန်ပါလား"

"မောင်ချမ်းသာပါလား မတွေ့တာကြာပြီနော်" လုံချန်က ရယ်ရင်းပြောသည်။

ထိုလူက သူ့ကို ဖိတ်စာလာပေးသည့် မောင်ချမ်းသာပင် ဖြစ်၏။သူ့နာမည်ကို လုံချန်မှတ်မိနေခြင်းမှာ
ထိုလူ၏ နာမည်က ထူးဆန်းနေသောကြောင့်ပင်။ထိုနာမည်မျိုးက ချမ်းသာသောမိသားစုများမှ သူတို့
၏ အိမ်မွေး အကောင်လေးများကို ပေးသောနာမည်ဖြစ်နေ၏။

သို့သော် မောင်ချမ်းသာ က အခြားသူများနှင့်တွေ့တွေ့ချင်းမှာပင် သူ့နာမည်ကို မှတ်မိအောင်လုပ်
နိုင်သူဖြစ်သည်။လုံချန်လာရခြင်းအကြောင်းကို မောင်ချမ်းသာ သဘောပေါက်သွားသည်။သူ့ကိုတာ၀န်
ပေးထားသည့် အရေးအကြီးဆုံး တာ၀န်သုံးခုကို သူပြီးမြောက်သွားပြီဖြစ်သည်။

သူလူလိုက်ဆွယ်ရာတွင်
လူတစ်ယောက်မှာ အာဏာအတော်အသင့် ရှိသော စစ်သူရဲတစ်ယောက်ဖြစ်သည်။အခြားတစ်ယောက်
က ချမ်းသာသောကုန်သည်ကြီးတစ်ဦးဖြစ်သည်။သို့သော် လေလံပွဲနီးကပ်လာသည်တွင်မူ ထိုနှစ်ယောက်
မှာ လေလံပွဲကို စိတ်၀င်စားမှု သိပ်မရှိကြောင်း သူသိသွားသည်။တစ်နည်းအားဖြင့် ဆိုလျှင် သူ့ကြိုးစား
အားထုတ်မှုများက အရာမထင်ဟုပြောရမည်။

သို့သော် ထိုကိစ္စနှင့်ပတ်သတ်၍လည်း သူဘာမှမတတ်နိုင်ပေ။မည်သို့ပင်ဆိုစေ အဆင့်မြင့်ထို ဖောက်
သည်များကို လေလံပွဲတာ၀န်ယူရသော သူ့ထက်မြင့်သည့်သူများမှ သိမ်းသွင်းထားပြီးဖြစ်နေသည်။
ထို့ကြောင့် မောင်ချမ်းသာက သူ့၏ မျှော်လင့်ချက်များကို လုံချန်အပေါ်ပုံအောထားရခြင်းဖြစ်သည်။
သို့သော်လည်း လုံချန်ကား သူ့၏ ဖိတ်စာကိုလက်ခံရရှိချိန်မှစ၍ သူနှင့်မတွေ့ဖြစ်တော့ပေ။

မောင်ချမ်းသာ စိတ်ဓာတ်ကျနေတုန်းမှာပဲ လေလံပွဲက ယနေ့တွင်စပြီဖြစ်သည်။ဒီနှစ်တွင်တော့ သူ့
အတွက်ဘာဝေစုမှ မရတော့ ဟုပင် သူတွေးနေပြီ။သို့သော် လုံချန်က အခုတော့ရောက်လာချေပြီ။
မောင်ချမ်းသာ စိတ်အလွန်လှုပ်ရှားလာသည်။

"သခင်လေး လုံချန် လေလံပွဲကိစ္စကို သခင်လေးမေ့နေပြီလို့တောင်ကျုပ်တွေးနေတာလေ"

မောင်ချမ်းသာက စိတ်လှုပ်ရှားဟန်ဖြင့်ရယ်ရင်းပြော၏။

"ဟားဟား ကျုပ်အမှားပါ မကြာသေးခင်က သိပ်အလုပ်များနေတာလေ စကားမစပ် ကျုပ် အလုပ်ကိစ္စ
လေးတွေရှိတယ် ခင်ဗျားတို့ရဲ့ရာဖြတ်ကိုခေါ်လိုက်ပါ လေလံပွဲအကြောင်းပြောရအောင် ပြီးမှ အမြတ်
ပြန်ခွဲကြတာပေါ့" လုံချန်က ရယ်ရင်းပြောသည်။

"ကောင်းပါပြီ ၀င်ပါဦး လုံသခင်လေး" လေလံတွင်ရောင်းရန် ပစ္စည်းများယူလာသည်ဟု လုံချန်က
ပြောသည်နှင့် မောင်းချမ်းသာ ၀မ်းသာလုံးဆို့နေသည်။ဤသို့ဖြင့် မောင်ချမ်းသာက လုံချန်ကို
ဟွာယွန် အိမ်တော်ထဲသို့ ခပ်မြန်မြန် ခေါ်သွားလိုက်၏။

ကျန်ခဲ့သည့် မိန်းမပျိုလေး လေးယောက်က လုံချန်ကို သူတို့မျက်စိအောက်ကနေ ပျောက်ကွယ်သွား
သည်ထိ အရူးတွေလို လိုက်ကြည့်နေသည်။

"ဘုရားရေ ငါတော့ ဒဏ္ဍာရီထဲက နတ်သားတစ်ပါးကို မျက်ဝါးထင်ထင် တွေ့လိုက်ရတာပဲ"

"သူ့က အင်ပါယာရဲ့ လူငယ်မျိုးဆက်သစ်တွေထဲက နံပါတ်တစ် တစ်ယောက်လေ သူ့ကိုတစ်ကြိမ်
လောက်ထိခွင့်ရရင် ငါပျော်လွန်းလို့ သေပါပြီ"

မောင်ချမ်းသာက သူ့ကို သားသားနားနားပြင်ဆင်ထားသည့် သီးသန့်ခန်းတစ်ခုထဲသို့ခေါ်သွားသည်။
သီးသန့်ခန်းထဲသို့ ၀င်ပြီး ခဏမှာပင် ကိုယ်လုံးကိုယ်ပေါက်နှင့်တိုင်း၍ ချုပ်လုပ်ထားသည့် အ၀တ်အစား
များကို ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က လက်ဖက်ရည်ဗန်းကို ကိုင်ကာ လုံချန့်ထံ
ရောက်လာသည်။ထို့နောက် ဖြူဖွေး နူးညံ့သည့် လက်ချောင်းသွယ်သွယ် လေးများဖြင့် လုံချန့်ကို
လက်ဖက်ရည် ငှဲ့ပေး၏။

ထိုအမျိုးသမီးက လက်ဖက်ရည်ဖျော်ရာ၌ ဆရာတစ်ဆူပင်။

"လုံသခင်လေး လက်ဖက်ရည်လေသုံးဆောင်ထားပါဦး ရာဖြတ်ကို ကျုပ်ခပ်မြန်မြန် သွားရှာလိုက်
ဦးမယ် ဒါနဲ့ ဘာကိုရာဖြတ်ချင်တာလည်း" မောင်ချမ်းသာက တိတိကျကျမေးသည်။ရာဖြတ်ကိုယ်စီ
က မတူညီသည့် ပစ္စည်းများကို ရာဖြတ်ကြရသည်မဟုတ်လား။သူ့တာ၀န်နှင့်သူရှိသည်။

"ဆေးတွေပါ" လုံချန်က အနည်းငယ်ပြုံး၍ ပြော၏။

မောင်ချမ်းသာကား ဤစကားကို ကြားရန် မျှော်လင့်ထားသော်လည်း တစ်ကယ်ကြားသည်တွင် မျက်
လုံများအရောင်တောက်လာသည်။

"ခဏလောက် စောင့်ပါဦး ရာဖြတ်ကို ကျုပ် ချက်ချင်းရှာလာခဲ့ပါ့မယ်"

"သခင်လေး လက်ဖက်ရည် သုံးဆောင်ပါဦး"

လက်ဖက်ရည်ဖျော်ကျွမ်းကျင်သူ မိန်းမပျိုလေးက  လက်ဖက်ရည်တစ်ခွက် သူ့ကိုကမ်းပေးလာသည်။
လက်ဖက်ရည်က ခွက်ထဲသို့မငှဲ့မှီတွင်ပင် အနံကထောင်းကနဲ ထလာသည်။

"ကောင်းလိုက်တဲ့ လက်ဖက်ရည်"

လက်ဖက်ရည်တစ်ကျိုက်ကို လုံချန် စုပ်သောက်လိုက်သည်။လက်ဖက်ရည်က  သူ့ပါးစပ်ထဲ ၀င်၀င်ချင်း
မှာပင် နူးညံ့ နွေးထွေး သည့်အငွေ့အသက် နှင့် အရသာက သူ့တစ်ကိုယ်လုံးသို့ပျံ့နှံ့သွား၏။

"ကောင်းလိုက်တဲ့ လက်ဖက်ရည် ဖျော်တဲ့သူက ပိုတောင်တော်သေးတယ်" မိန်းမပျိုလေးကိုကြည့်၍
လုံချန် ရယ်လိုက်သည်။မိန်းမပျိုလေးမျက်နှာက အနည်းငယ်နီသွားသည်။သူမ၏ မျက်နှာတွင် အလွန်
ချစ်စဖွယ် ကောင်းသည့်ဟန်ပန်လေးက ပေါ်လာသည်။သို့သော် သူမထိုသို့ ပြုလုပ်သည်တွင် မူလက
သူမကို စိတ်၀င်စားနေသည့် လုံချန်မှာ စိတ်ပျက်သွားရတော့၏။

ထိုမိန်းမပျိုလေး၏ လက်ဖက်ရည် ဖျော်ခြင်းက အလွန်ပညာသားပါသည်။သူမ၏ ချိန်သားကိုက်မှု
နှင့် အပူချိန်ကို ထိန်းချုပ်နိုင်မှုတို့က လုံချန်ကို သူ့မအား အနည်းငယ်မျှ အထင်ကြီးသွားစေ၏။ဘယ်
လိုပင် ဖြစ်ပါစေ ထိုကဲ့သို့ သူများကို အနုပညာသည်စားရင်တွင် ထည့်သွင်းပြီး ချီးကျူးထိုက်သည်။

သို့သော် သူမ၏ အမူအယာများက ယောကျာင်္သားတစ်ယောက်ကို သူမအပေါ် ကျလာအောင်မြူ
ဆွယ် သည့်ပုံစံသို့ ပြောင်းသွားသည်တွင် လုံချန် စိတ်ပျက်ရတော့သည်။လုံချန်က လက်ဖက်ရည်ကို
ဆက်ပင် သောက်ချင်စိတ်မရှိတော့ပဲ မျက်စိများမှိတ်ထားလိုက်တော့သည်။

မိန်းမပျိုလေးက ရုတ်တရက်ရှက်သွား၏။သူမအကြိမ်ထောင်ပေါင်းများစွာ အသုံးပြုခဲ့သည့်နည်းက
အသုံးမ၀င်ဖြစ်သွားလိမ့်မည်ဟု မတွေးခဲ့ချေ။သူမက လုံချန်ကိုလည်း အင်ပါယာ၏ နံပါတ်တစ် ဂျူ
နီယာ တစ်ယောက်ဟု မမှတ်မိပေ။အိမ်မက်များနောက်သို့ လိုက်ရင်းသူမကား အရွယ်ပင် လွန်နေပြီ
ဖြစ်၏။

ကံကောင်းသည်က ထိုသို့ နေရကျပ်သည့် အခြေအနေက ကြာကြာမဖြစ်လိုက်ပဲ အသက်ခြောက်ဆယ်
ခန့်ရှိမည့် စီနီယာတစ်ယောက်နှင့်အတူ မောင်ချမ်းသာပြန်ရောက်လာသည်။မောင်ချမ်းသာနှင့်လူတစ်
ယောက် ယောက်လာသည်တွင် မိန်းမပျိုလေးက နောက်သို့ခပ်မြန်မြန်ဆုတ်သွားသည်။

"လုံသင်လေးကိုနှုတ်ဆက်ပါတယ် ကျုပ်က ရှင်ဖူ ပါ ဆေးပညာသင်တစ်ယောက်ပေါ့ သွန်သင်ညွှန်ပြ
မှုများ လုပ်ပါဦးသခင်လေး"

လုံချန်ကား ပြောစရာစကားမရှိဖြစ်နေတော့သည်။ထိုနာမည်မျိုးက စီးပွားရေးသမားတစ်ယောက်နှင့်
လိုက်ဖက်လွန်းလှသည်။လုံချန်လည်း ဆေးဆရာတစ်ယောက်၏ အရိုအသေပေးပုံမျိုးနှင့် အရိုအသေ
ပေးရင်ပြန်ပြောသည်။

"စီနီယာ က ယဉ်ကျေးလွန်းလှပါတယ် ဆေးတွေသန့်စင်တဲ့နေရာမှာ စီနီယာက ပိုပြီးအတွေ့အကြုံရှိ
ပါတယ်"

ဤသို့ဖြင့် သူတို့နှစ်ယောက် မှာ ရိုသေသမှုဖြင့် တစ်ယောက်နှင့်တစ်ယောက် စကားများပြောကြား
ပြီးနောက် လုံချန်က လာရင်းကိစ္စကိုသာ ဒဲ့ပြောလိုက်တော့သည်။

"ဒီတစ်ခါ ကျုပ်လာတာက လေလံပွဲမှာ ဆေးတွေ လေလံ၀င်တင်ချင်လို့ပါ ဒီမှာကြည့်ပါဦး"

လုံချန်က ကျောက်စိမ်းပုလင်းလေး တစ်ပုလင်းကို ရှင်ဖူထံပေးလိုက်၏။ရှင်ဖူက လက်အိတ်တစ်ခုကို
၀တ်ပြီး ကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်ကာ ထိုကျောက်စိမ်းပြားအပေါ် ဆေးများကို သွန်ချ
လိုက်သည်။

"သခင်လေး ဒါ...."

ဆေးကိုမြင်သည်နှင့် ထိုဆေးများက အလယ်အဆင့် ဒုတိယအမျိုးအစားဖြစ်သည်ဟု သူပြောနိုင်
သည်။သို့သော် ထိုဆေးများက မည်သည့်ဆေးဖြစ်မှန်း မသိခြင်းကြောင့် သူ ကြက်သေသေနေ
တော့၏။

ရှင်ဖူ၏ ပါရမီက အကန့်အသတ်ဖြင့်သာ ရှိပြီး ဆေးပညာသင် အဆင့်သာရှိသော်လည်း သူ့ဘ၀
သက်တမ်းတစ်လျှောက်လုံးတွင် ဆေးပေါင်းများစွာနှင့် လက်ပွန်းတစ်တီး နေခဲ့ရသူဖြစ်သည်။
ထိုသို့မဟုတ်လျှင် သူက ဟွာယွန်အိမ်တော်၏ ပထမတန်းစား ရာဖြတ်တစ်ယောက်ဖြစ်နေစရာ
အကြောင်းမရှိပေ။

သို့သော် ယခုတော့ ဒုတိယ အတန်းစား ဆေးတစ်မျိုးနှင့် သူအကြပ်ရိုက်နေပြီဖြစ်သည်။ထိုဆေးတွေ
ကိုသူသေသေချာချာကြည့်၏။စမ်းသပ်သည့် ကိရိယာ များပင်ယူလိုက်သေးသည်။တင်္ဂခန့်မျှ ကြာ
သည်တွင် ရှင်ဖူ၏ အမူအယာက ရှက်တက်တက်ဖြစ်လာသည်။ထိုဆေးက ဘာဆေးဖြစ်မှန်းကို
သူမသိ။ရာဖြတ်ဆိုသည့်ရာထူးကို ပါးပင်ဖြတ်ရိုက်ချင်စရာဖြစ်နေသည်။

ရှင်ဖူ၏ ပုံစံက လုံချန်မျှော်လင့်ထားသည့်အတိုင်းပင်။ထို အရိုးမူလ ပြန်ဆေးက သူ့၏ ဆေးနတ်ဘု
ရားမှတ်ညာဏ်များထဲမှ အလွန်ရှားပါးသည့် ဆေးဖော်စပ်နည်းတစ်ခုဖြင့် ဖော်စပ်ထားခြင်းဖြစ်၏။
ထိုဆေးကို ဖော်စပ်ရန် ပါ၀င်ပစ္စည်းပေါင်း 217 မျိုးကို လုံချန်ထည့်သွင်းခဲ့ရသည်။

ထိုပါ၀င်ပစ္စည်းများက ရှားပါးလှသည်မဟုတ်သော်လည်း ဆေးအမယ်များကို လိုသလိုအသုံးပြု၍
ပေါင်းစပ်သည်တွင် ဆေး၏အားနိသင်က အခြားဆေးများနှင့် မတူအောင်ဖြစ်သွားခြင်း ဖြစ်သည်။
တစ်ခါတစ်ရံတွင် ဆေးဖော်စပ်ရန် ဆေးအမယ်များ သိပ်မလိုအပ်သော်လည်း တစ်ခါတစ်ရံ၌မူ
ဆေးအမယ်များက ဒါဇင်နှင့် ချီအောင်လိုသည်။

သို့သော် ထိုဆေးကိုသန့်စင်ဖို့က သာမာန်လူများအဖို့ ငိုချင်စိတ်ပင်ပေါက်အောင် ခက်သည်။
အရိုးမူလပြန်ဆေးကို သန့်စင်တော့မှ ဆေးတာအို လမ်းစဉ်က မည်မျှကျယ်ပြန့်၍ နက်နဲကြောင်း
လုံချန်သတိပြုမိခြင်းဖြစ်သည်။ဆေးအမယ် အမျိုးမျိုးကို အချိုးအစားမျိုးမျိုး ပေါင်းစပ်ခြင်းက
မတူညီသည့် အာနိသင်များကို ရစေ၏။မှန်ကန်သည့်ပေါင်းစပ်နည်းကို ရှာပြီး သန့်စင်နိုင်ဖို့က နတ်
ဘုရားများ၏ ညဏ်ရည်မျိုးဖြင့်သာ တတ်နိုင်၏။

"အဟမ်း ကျုပ်သာမမှားဘူးဆိုရင် ဒီဆေးဟာ အလွန်အစွမ်းထက်မြက်တဲ့ ကုသရေးဆေး
တစ်မျိုးဖြစ်ရမယ်"

ရှင်ဖူက ထိုဆေး၏ အမည်ကိုမပြောနိုင်သော်လည်း အချိန်အတော်လေးကြာသည်တွင် ဆေး၏
အာနိသင်ကိုတော့ သိလိုက်သည်။သူက အလွန်ကျွမ်းကျင်သည့် ရာဖြတ်ဖြစ်ပေမယ့် ဆေးအာနိသင်
မည်မျှကောင်းသလည်း ဆိုသည်ကိုတော့မပြောနိုင်ပေ။

သူ့မျက်နှာက နီနေ၏။ဆေး၏ အာနိသင်ကို သူမပြောနိုင်လျှင် လေလံပွဲတွင် ရောင်းလို့ရမည်မဟုတ်
ပေ။ထိုဆေး၏ အာနိသင်ကို ကောင်းကောင်းမသိလျှင်လည်း လေလံပွဲ၌ လိမ်ညာရောင်းသကဲ့သို့
ဖြစ်ပေမည်။ဤသို့ဖြစ်လျှင် ဟွာယွန် အိမ်တော်၏ ဂုဏ်သိက္ခာက ကြီးစွာထိခိုက်သွားလိမ့်မည်။

ရှင်ဖူက ဟွာယွန်အိမ်တော်တွင် အလုပ်လုပ်လာသည်မှာ နှစ်ပေါင်းသုံးဆယ်ကျော်လာပြီဖြစ်၏။
မရေမတွက်နိုင်သော ဆေးကျမ်းများကိုသူဖတ်ဖူး၏။သူကား တတိယအဆင့် နှင့် ထိုအဆင့်အောက်
ဆေးများကို လက်နှင့်ကိုင်ကြည့်ရုံနှင့် မည်သည့်ဆေးဆိုသည်ကို ပြောနိုင်သူဖြစ်သည်။သို့သော် ယနေ့
မှ သူ့၏ ယုံကြည်ချက်က ပျောက်ဆုံးနေသည်။

"ကျုပ်အလွန် ၀မ်းနည်းပါတယ် သခင်လေး ဒီဆေးရဲ့နာမည်ကို ကျုပ်မသိသလို ဆေးရဲ့အာနိသင်
ကိုပါ မခန့်မှန်းတတ်ဘူးဖြစ်နေတယ် ဒါ့ကြောင့် ဒီဆေးကိုလေလံသွင်းဖို့ လက်မခံနိုင်ပါဘူး"

ဤကဲ့သို့ ပြောလာခြင်းအတွက် လုံချန်က သိပ်အံ့သြခြင်းမရှိချေ။သို့သော် မောင်ချမ်းသာ၏ မျက်နှာ
က အစိမ်းရောင်ပြောင်းသွား၏။လုံချန်သာ လေလံတွင် ၀င်မရောင်းချလျှင် သူရမည့်အကျိုးအမြတ်
က ရတော့မည်မဟုတ်ပေ။

"ဒီဆေးရဲ့ နာမည်က အရိုးမူလပြန်ဆေးလို့ခေါ်တယ် ပြင်ပဒဏ်ရာတွေ အတွက်သိပ်ကောင်း
တဲ့ဆေးပေါ်" လုံချန်က ပြုံး၍ ပြောသည်။

"ကျုပ် သိပ်၀မ်းနည်းပါတယ် သခင်လေး နာမည်ပြောရုံနဲ့ ကျုပ်တို့လက်ခံဖို့ မဖြစ်နိုင်သေးဘူး" ရှင်ဖူ
ကထပ်တောင်းပန် ပြန်၏။သူ့တွင်ရွေးချယ်စရာက မရှိချေ။ဟွာယွန်အိမ်တော်၏ သိက္ခာကို ထိခိုက်
မည့်အလုပ်အား သူလုပ်မည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူဘယ်လိုပြောပြော ထိုဆေးကိုသူတို့လက်ခံမည်မဟုတ်။အတိမ်းအစောင်း အနည်း
ငယ်ဖြစ်တာနှင့် ရှင်ဖူ၏ အနာဂါတ်က ပျက်စီးသွားနိုင်သည်။

"ကိစ္စမရှိဘူး ဆေးအာနိသင်ကို ခင်ဗျားတို့ မတွက်ဆနိုင်တာ မလား ကျုပ်ပြမယ်" လုံချန်ကရယ်၍ ပြော
သည်။

"ကျုပ်တို့ကို ပြမယ်ဟုတ်လား" ရှင်ဖူနှင့် မောင်ချမ်းသာ နှစ်ယောက်စလုံး ပဟေဋ္ဌိ ဖြစ်သွားကြ၏။

"ကျုပ်ကိုခွင့်လွတ်ပါ"

လုံချန်က ဓားရှည်တစ်ချောင်းကို ရုတ်တရက်ထုတ်လိုက်ပြီး အံ့အားသင့်နေသည့် အကြည့်များ
အောက်တွင် မောင်ချမ်းသာကို ပိုင်းချလိုက်လေသည်။

#########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၅၄)လေလံပွဲ

ဟွာယွန်အိမ်တော်အပေါ်သို့ ထိုးကျနေသည့် မွန်းတဲ့နေရောင်က ၎င်းတို့၏ ခံ့ညားထည်ဝါ
မှုကိုပိုပေါ်လွင်စေသည်။ပူပြင်းလှသည့် နေရောင်အောက်ပင် ဖြစ်လင့်ကစား တစ်ဖွဲဖွဲရောက်လာသည့်
လူများကတော့ များသထက် များလာ၏။

ဟွာယွန်အိမ်တော်၏ ရှေ့တွင်ရှိသော လေလံပွဲရုံကြီး၌ လူများဖြင့်ပြည့်နေပြီဖြစ်၏။ထိုလေလံပွဲသို့ ဖိတ်
ခေါ်ခံရသူများက အလွန်အမင်းကြွယ်၀ချမ်းသာသူများနှင့် အဆင့်မြင့်မင်းမျိုး မင်းနွယ်များပင်ဖြစ်သည်။

"ဟားဟား ဟွာယွန်လေလံ ပွဲကို တက်တာ ဒီတစ်ခါပထမဆုံးပဲ စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ"

သီးသန့်ခန်းထဲသို့ရောက်နေသည့် ရှုဟူက အခန်းအပြင်သို့ စိတ်အားထက်သန်စွာကြည့်ပြီး ပြောနေသည်။

ရှီဖန်၊ဖက်တီးယု နှင့် အခြားသူများက စိတ်လှုပ်ရှားမှုကို ရှုဟူလောက်မထိန်းချုပ်နိုင်ချေ။သူတို့က ဖန်များ
ဖြင့်ကာရံထားသည့် တံခါးများမှတစ်ဆင့် အပြင်သို့ တစ်ချိန်လုံးကြည့်နေကြပြီး သီးသန့်ခန်းထဲ၌ ဖြစ်နေ
သည့်ကိစ္စများကိုပင် ဂရုမထားကြပေ။

ဖီးနစ်အင်ပါယာက ထင်ရှားကျော်ကြားသူများ၊အာဏာရှိသူများ အကုန်လုံးလိုလို လေလံပွဲတော်သို့
လာသည်ကို သူတို့တွေ့ကြရ၏။ပုံမှန်အတိုင်းဆိုလျှင် ထိုလူများကသာ သူတို့ကို ထိုကဲ့သို့ ကြည့်နိုင်ကြ
ခြင်းဖြစ်သည်။သို့သော်ယခုတော့ သူတို့က သီးသန့်ခန်းတွင် ထိုင်၍ ထိုလူများကို အထက်မှ ကြည့်နေနိုင်
ကြသည်။

"ငါတို့ဒီကိုလာလို့ရတာ လုံချန်ရဲ့ ကျော်ကြားမှုကြောင့်ပဲ ဒီလိုမှမဟုတ်ရင် ဒီလိုပွဲမျိုးတက်ဖို့ဆိုတာ
ငါ့ဘ၀တစ်လျှောက်လုံး ဖြစ်တောင်မဖြစ်နိုင်ဘူး" ရှီဖန်က သက်ပြင်းချရင်းပြောသည်။

ရှီဖန်က ယခုဆိုလျှင် ဒဏ်ရာမှ လုံးဝြပန်ကောင်းနေပြီဖြစ်၏။သို့သော် ထိုသို့ပြန်ကောင်းနေသည့်တိုင်
အကျိုးဆက်တွေကို တော့ ခံစားနေရတုန်းပင်။

ထိုပွဲတွင် သူရှုံးသွားပြီးနောက်တွင် ရှီဖန်က အားအင်ပြန်လည်ပြည့်ဖြိုးစေရန် အနားကောင်းကောင်း
ယူခဲ့ပြီး အရှုံးထဲမှ အမြတ်ထွက်အောင်လည်းလုပ်ခဲ့သည်။သူ့၏ ဆုံးဖြတ်ချက်များက ပိုမိုပြတ်သားလာ
၏။အကြိမ်ကြိမ် ကြိုးစားမှုဖြင့် ယခုဆိုလျှင် သူက သွေးနှောတတိယအဆင့် သို့ ပင်ရောက်နေပြီဖြစ်
သည်။သွေးနှော အလယ်အဆင့်သို့ ၀င်ရောက်ရန် တစ်ဆင့်သာ လိုတော့၏။

ရှီဖန်၏ အဖေ ပင် သွေးနှောအလယ်အဆင့်သာ ဖြစ်သည်။ထို့ကြောင့် သူက ရှီဖန်အပေါ် သိပ်မျှော်
လင့်နေခြင်းပင်။တစ်ကယ်တမ်းတွင် ရှီဖန် ထိုသို့အဆင့်မြန်မြန်တက်သွားနိုင်ခြင်းက သူ့၏ကြိုးစားမှု
လည်းပါသလို လုံချန်၏ ဆေးများကြောင့်လည်းပါသည်။

ရှီဖန်၏ ကျရှုံးမှုနှင့် ဒဏ်ရာအနာတရ ဖြစ်သွားရခြင်းက လုံချန်ကြောင့်ဖြစ်သည်။ထို့ကြောင့် ဤကိစ္စ
နှင့်ပတ်သတ်၍ လုံချန်က သူ့ကိုယ်သူလိပ်ပြာမလုံသလို ခံစားရ၏။ဤသို့ခံစားရခြင်းကြောင့်ပင်
ရှီဖန့်ကို သိုင်းကျင့်ရာတွင် အသုံး၀င်သည့် အခြေခိုင်ဆေးများကို ပေးခြင်းဖြစ်သည်။

ထိုဆေးများကြောင့် သူ့၏သိုင်းပညာက တည်တည်ငြိမ်ငြိမ်နှင့်တိုးတက်လာသည်။အစွမ်းထက်သော
ဆေးများက သူ့၏ အတားအဆီးများကို လွယ်လွယ်ကူကူ ချိုးဖျက်နိုင်စွမ်းရှိပြီး အဆင့်အကြိမ်ကြိမ်တက်
သွားစေ၏။

"မှန်တယ် ဟွာယွန်အိမ်တော်က အကိုလုံ့ကို ဘာ့ကြောင့် ဒီလောက်ယဉ်ယဉ်
ကျေးကျေး ဆက်ဆံရတာလည်း ကျုပ်တို့ကို ဘာ့ကြောင့်သီးသန့်ခန်းပေးတာလည်း" ရှီဖန်က ပဟေဠိ
ဖြစ်နေသည်။

လေလံခန်းမက လူပေါင်းထောင်ချီအောင်ဆန့်သည်။သို့သော် သီးသန့်ခန်းကတော့ ဆယ်ခန်းသာရှိ၏။
ထိုအခန်းများတွင် အလွန်တရာ အရေးကြီးသည့် ဧည့်သည့်များကိုထားခြင်းဖြစ်သည်။လုံချန်က ထို
သီးသန့်ခန်းတွင် ဧည့်ခံရန် အဆင့်မမှီသေးဟု ပြောလျှင် အကျိုးအကြောင်းဆီလျှော်၏။

"ဒီသီးသန့်ခန့် က ငါတို့ကိုအလကားပေးထားတာမဟုတ်ဘူးကွ လေလံပွဲစတာနဲ့ ငါတို့က
ငွေတွေကို အလုံးအရင်း နဲ့ ဖြုန်းတော့မှာကိုး" လုံချန်က ရယ်ရင်းပြောသည်။

"မဖြစ်နိုင်တာ...နှစ်စဉ်လုပ်တဲ့ လေလံပွဲမှာ တင်ရောင်းတဲ့ပစ္စည်းမှန်သမျှက အင်မတန်စျေးကြီး
တယ်လေ ငါတို့ကို ငါတို့ပြန်ရောင်းစားရင်တောင် လေလံပွဲကဘာပစ္စည်းကိုမှ ၀ယ်နိုင်မှာမဟုတ်
ဘူး" ရှီဖန်ကပြောသည်။

"ဟမ့် မင်းကိုတော့ လေလံတင်ချင်ရင်တောင် ဒီအတိုင်းတော့မတင်နိုင်ဘူး တစ်စစီဖြတ်တောက်
ပြီးလေလံတင်မှဖြစ်မယ်" ဖက်တီးယုက ၀င်နောက်သည်။

"ငါတို့မှာအကိုလုံရှိတာပဲ မင်းဘာတွေစိုးရိမ်နေတာလည်း"

လုံချန်ကရယ်လိုက်သည်။

"မစိုးရိမ်ပါနဲ့ကွာ ဘယ်သူမှ ငါတို့ကို ဒီအခန်းထဲက ကန်မထုတ်ပါဘူးကွ ဟမ် သူလည်းလာတာပဲလား"

လုံချန်အံ့အားသင့်သွားရခြင်းက ရင်းနှီးနေကျမျက်နှာတစ်ခုကို မြင်လိုက်ရသောကြောင့်ပင်။သူက
ရှချန်ဖုန်း.....။

လုံချန်က အံကိုတင်းနေအောင်ကြိတ်ထားလိုက်၏။ဒီခွေးကောင်က မပြန်သေးပါလား။ရှချန်ဖုန်းကို ကြည့်
ရသည်က ပေါ့ပေါ့ပါးပါးနှင့် ဖြစ်သည်။သူက ရယ်ရင်းမောရင်းဖြင့် အိမ်ရှေ့စံ မင်းသား ချူယန် နှင့် စ
ကားပြောနေ၏။

သူတို့နှစ်ယောက်နောက်မှာက ဆေးပြိုင်ပွဲတွင် လုံချန်ကို ရှုံးနိမ့်သွားခဲ့သော ရှပိုင်ချီရှိနေသည်။
ထို့ပြင် အစောင့်အနည်းငယ်လည်း ပါလာသည်။ထိုအစောင့်များအကုန်လုံးက ငယ်ရွယ်ပြီး အသက်
သုံးဆယ်အောက်များဖြစ်ကြ၏။သို့သော် ၎င်းတို့အကုန်လုံးက သွေးနှောအဆင့် သိုင်းသမားများပင်
ဖြစ်သည်။

လုံချန်၏ အကြည့်က အစောင့်တစ်ယောက်ထံ အရောက်တွင် ရင်းနှီးသလိုခံစားမိသည်။လီဟိုနှင့်
တိုက်ပွဲကို သူပြန်စဉ်းစားကြည့်မိ၏။လီဟို၏နှုတ်ဖျားမှ မည်သည့်လျှို့ဝှက်ချက်များမှ မထွက်လာ
စေရန် နှုတ်ပိတ်သွားခဲ့သည့် ဝါးခမောက်နှင့် လူဖြစ်သည်။

သူက ဝါးခမောက်ကိုဆောင်းပြီးမျက်နှာကို လူမမြင်စေရန်ဖုံးကွယ်ထားသည်။ထို့ပြင် သူ့လှုပ်ရှားမှု
ကလည်း အလွန်မြန်သည်။သို့သော် ဆေးဆရာတစ်ယောက်ဖြစ်သော လုံချန်၏ စိတ်စွမ်းအင်က
အလွန်စူးရှသောကြောင့် အာရုံခံမိခြင်းဖြစ်၏။

သူ့အတွက်က ထိုလူ၏ မျက်နှာကိုကြည့်စရာမလိုချေ။သူ့၏ စိတ်စွမ်းအင်ဖြင့်ပင် အာရုံခံနိုင်သည်။
ဤသို့ အာရုံခံလို့ရခြင်းက လူတစ်ယောက်နှစ်ယောက် ခန္ဓာကိုယ်မှထွက်သည့် အော်ရာများက
ကွဲပြားခြင်းကြောင့်ပင်။ထိုအစွမ်းက ဆေးဆရာများ၏ အထူးအစွမ်းသတ္တိ တစ်မျိုးဖြစ်၍ အမဲလိုက်
ခွေးများ၏ နှာခေါင်းကဲ့သို့ပင်ဖြစ်သည်။သူ လူလုံး၀ မမှားနိုင်ပေ။

"ဒါဆိုသူက အိမ်ရှေ့စံ ရဲ့လူတွေထဲကတစ်ယောက်ပေါ့" လုံချန်က မျက်လုံးများကိုမှေးကျဉ်းလိုက်၏။
ဒီကိစ္စတွေအကုန်လုံးရဲ့ နောက်ကွယ်က ကြိုးကိုင်နေသူဟာ ချုယန် များလား။သို့သော် လုံချန်က ထို
သို့တွေးနေတုန်းမှာပဲ ရှချန်ဖုန်းက အိမ်ရှေ့စံကို ခေါ်၍ သီးသန့်ခန်းတစ်ခုထဲသို့၀င် သွားပြီဖြစ်သည်။

"ကြည့်စမ်း စတုထ္ထမင်းသားလည်း လာပါလား" ရှုဟူကပြောသည်။

ဖန်သားနံရံမှတစ်ဆင့် အပြင်သို့ကြည့်ရာတွင် စတုထ္ထမင်းသားက အခြားမင်းသားများအဖွဲ့တွင်ပါလာ
ကြောင်းလုံချန်သိရသည်။သို့သော် ချူဖန်ကိုတော့သူမတွေ့ချေ။အဖြစ်နိုင်ဆုံးက ချူဖန် သိုင်းကျင့်နေ
တာပဲဖြစ်မည်။

စတုထ္ထမင်းသားနှင့်အခြားမင်းသားများကလည်း သီးသန့်ခန်းတစ်ခုထဲသို့၀င်သွားသည်။သို့သော် ၎င်း
တို့၀င်သွားသည့် သီးသန့်ခန်းက ရှချန်ဖုန်းနှင့်ချုယန် ၀င်သွားသည့်သီးသန့်ခန်းမဟုတ်ချေ။

"ဟီးဟီး ဒီနေ့တော့ မင်းသားတွေလို ငါတို့ခံစားနေရတာပဲ" ဟူရှုကပျက်လုံးထုတ်သည်။သူတို့အဖို့
မင်းသားများကဲ့သို့ အခြားသူများ၏ အထက်၌ ထိုင်နေရခြင်းက ဂုဏ်ယူစရာဖြစ်နေ၏။
မင်းသားများက ထိုသီးသန့်ခန်းသို့ ၀င်နိုင်ခြင်းမှာ သူတို့၏ မြင့်မားသည့်အဆင့်အတန်း နှင့် ငွေကြေး
အမြောက်အများပိုင်ဆိုင်ခြင်းကြောင့် ဖြစ်ကြောင်းကို သူတို့သိသည်။

ထိုစဉ် ခန်းမထဲသို့ ပိန်ပိန်သွယ်သွယ် လူတစ်ယောက်၀င်လာသည်။သူက နူးညံ့သောအသားအရည်
ရှိသူတစ်ယောက်ဖြစ်ပြီး အသက်လေးဆယ်လောက်ရှိပြီဖြစ်သည်။သို့သော်အလွန်ချောမောနေသေး၏။
ထိုချောမောမှုက မိန်းမဆန်သည့်ဘက်သို့ရောက်နေသည်။ထိုမိန်းမဆန်ဆန်နှင့် လူကိုတွေ့သည်တွင်
လုံချန့်မျက်နှာက အနည်းငယ်အေးစက်သွား၏။

ခန်းမထဲသို့ ထိုလူ၀င်လာသည်နှင့် ဆူညံနေသည့်ခန်းမကြီးက ချက်ချင်းတိတ်ဆိတ်သွားသည်။လူအ
ကုန်လုံးလိုလိုက ပြောလက်စ စကားများကို ရပ်လိုက်ကြသည်။

"ဒီလူက ဖီးနစ်အင်ပါယာက တန်ခိုးအထွားဆုံးထဲမှာ တစ်ယောက်အပါအ၀င်ပေါ့ မူးမတ်ကြီး ယင်ကျုံး
လေ" မပြောချင်ပြောချင်လေသံဖြင့် ရှီဖန်ကပြောသည်။

မူးမတ်ကြီးယင်ကျုံး မူးမတ်ကြီးဝူယီ နှင့် မူးမတ်ကြီး လုံရှင်းရှောင်တို့က အင်ပါယာတွင် တန်ခိုးအထွား
ဆုံးလူသုံးယောက်ဖြစ်သည်။ပုံမှန်အတိုင်းဆိုလျှင် သူတို့ကို မူးမတ်ကြီးယင် မူးမတ်ကြီးဝူ နှင့် နယ်ခြား
စောင့်စစ်သူကြီး လုံ ဟုခေါ်ကြ၏။

မိန်းမဆန်ဆန်မျက်နှာနှင့် ထိုလူကိုမြင်သည်တွင် လုံချန်၏ ရင်များ တစ်ဒိတ်ဒိတ်ခုန်လာသည်။
ဤလူက  သူ့အဖေကဲ့သို့ နာမည်ကြီး ထင်ရှားသူတစ်ယောက်ဖြစ်၏။တစ်ချိန်းတည်း၌ ချူယောင်
ပြောပြသော မူးမတ်ကြီးယင်မှ ကြီးကြပ်၍ သိုင်းသင်ပေးသည့်အကြောင်းကို ပြန်အမှတ်ရသည်။

ယင်မှုးမတ်ကြီးကို လုံချန် စူးစမ်းနေတုန်းမှာပဲ ယင်မူးမတ်ကြီးက ရုတ်တရက်ခေါင်းမော့ပြီး သူကြည့်
နေသည့် ဦးတည်ချက်အတိုင်းပြန်ကြည့်လိုက်သည်။မှေးကျဉ်းထားသည့် သူ့၏မျက်လုံးများ ကြားမှ
အလင်းတန်းတစ်ခုထွက်လာပြီး သူ့အကြည့်က ဖန်သားပြင်ကို ဖောက်ထွက်သွားသလို ဖြစ်နေသည်။

လုံချန် ရင်တွေတစ်ဒိန်းဒိန်းခုန်လာသည်။သူ့၏ အမြင်က အမှန်ပင်စူးရှသည်။ဖီးနစ်အင်ပါယာ၏
တန်ခိုးအားဏာအထွားဆုံးထဲက တစ်ယောက်ဆိုသည့် ဂုဏ်ပုဒ်နှင့်ထိုက်တန်သည်။သူက ဆေး
ပညာရှင်တစ်ယောက်မဟုတ်ပေမည့်လည်း သူ့၏ အာရုံခံနိုင်စွမ်းက တုန်လှုပ်စရာပင်။

လုံချန်တို့ရှိနေသည့် သီးသန့်ခန်းကို ယင်မူးမတ်ကြီး တစ်ချက်ကြည့်ပြီးနောက် ဘာမှမဖြစ်သလို နှင့်
အခြား သီးသန့်ခန်းတစ်ခုထဲသို့၀င်သွားတော့သည်။နာမည်ကြီး ပုဂ္ဂိုလ်ကြီးများက တစ်ဖွဲဖွဲရောက်
လာကြီပြီး သီးသန့်ခန်းထဲသို့ ၀င်၀င် သွားနေကြသည်။ရှီဖန်၏ ပြောပြချက်အရ ထိုလူများက ကြွယ်
၀သည့် ကုန်သည် ကြီးများနှင့် အာဏာရှိသူများဟု သိရသည်။

လုံချန်က  ခေါင်းငြိမ့်သည်။ဟွာယွန်အိမ်တော်တွင် လေလံဆွဲမည့် ပစ္စည်းများကား ရှားပါး အဖိုးတန်
များဖြစ်သည်။ဤကဲ့သို့ အဆင့်မြင့် သည့် ပုဂ္ဂိုလ်ကြီးများမှာမူ သူတို့အတွက်က သာမာန်လောက်သာ
ရှိပေမည်။

"ဟွာယွန်အိမ်တော်ရဲ့ ကျင်းပနေကြဖြစ်တဲ့ လေလံပွဲကိုလာကြသူများအားလုံးကို ကြိုဆိုပါတယ်ရှင်
ကျွန်မက ဟွာယွန်အိမ်တော်ရဲ့ လေလံခေါင်းဆောင်ပါ"

ထွက်လာသည့်ထိုအသံက လူတိုင်း၏အာရုံကို သိမ်းပိုက်ဖမ်းစားသွားသည်။စင်မြင့်ထက်တွင် လိုက်ကာ
နှစ်ခုက ဘေးဘက်သို့တစ်ဖြေးဖြေးကွဲ၍ ပွင့်သွားပြီး ချစ်စဖွယ် မိန်းမပျိုလေးတစ်ယောက် ပေါ်လာ
သည်။ထိုမိန်းမပျိုလေးကို မြင်သည်နှင့် လူအုပ်ကြီးကား အသံပင်ထွက်မိကြသည်။သူမအလှက ပြီးပြည့်
စုံလွန်းလှ၏။

သူမက 25 နှစ်လောက်သာရှိဦးမည့်ပုံပေါ်သည်။သူမ၏ မျက်လုံးသေးသေးလေးများ နှင့် စွဲမက်ဖွယ်
မျက်နှာလေးက အလွန်အမင်း စွဲဆောင်မှုရှိ၏။

စွဲဆောင်မှုအရှိဆုံးအပိုင်းက သူမ၏ ကိုယ်ကျပ်အကျီလေးပင်ဖြစ်သည်။ထိုကိုယ်ကျပ်မှာ ပေါင်လောက်
ထိသာ ရှိသောကြောင့် အောက်ပိုင်းက ဖြူးဖွေးသော အလှအပများက မဖုံးနိုင်မဖိနိုင် ပေါ်နေ
ကြသည်။ဖြစ်ကောင်းဖြစ်နိုင်သည်က ကျန်သည့်နေရာများ အကုန်လုံးက အဆင်ပြေနိုင်သည်။
သို့သော် ကြောက်စရာ အကောင်းဆုံးက လူများကို ဖိတ်ခေါ်နေသည်ဟု ထင်ရသည့် သူမ၏
ရင်မှ အကွဲကြောင်းနေရာဖြစ်၏။

သို့သော် သူမက စင်မြင့်ထက်၌ ရပ်နေခြင်းကြောင့် မြင်ကွင်းသိပ်မကောင်းလှပေ။ထို့ကြောင့် လူ
တစ်ချို့က ခိုးကြောင်ခိုးဝှက်ဖြင့် ခြေဖျားထောက်ကာ ရပ်ကြည့်ကြပြီး စိတ်ပျက်လက်ပျက်ဖြင့်ပြန်
ထိုင်သွားကြသည်။သူတို့က သီးသန့်ခန်းများရှိရာသို့ မနာလိုဟန်ဖြင့်လှမ်းကြည့်ကြသေး၏။

ဖက်တီးယု၊ရှုဟူနှင့် အခြားသူများ၏ မျက်လုံးများက ကျွတ်ထွက်မတတ်ဖြစ်နေကြသည်။ရှီဖန်
၏ မျက်လုံးပင် အနည်းငယ် ပါချင်ချင်ဖြစ်နေသည်။သူတို့သူငယ်ချင်းတစ်စုက ဖန်သားပြင်ကိုဖောက်
၍ ထိုမိန်းမပျိုလေးကို မြင်နိုင်ကြသည်။ဖိလွန်းသဖြင့် မှန်သားပြင် အောက်သို့ ကျွံကြသွားမည်ကို
ပင် လုံချန်က စိုးရိမ်နေရ၏။

သို့သော် ထိုမိန်းမပျိုလေးက အလွန်လှသည်ကိုတော့ လုံချန်သိသည်။သူမက မန်ချီနှင့် မနှိုင်းယှဉ်
နိုင်ပေမယ့် ချူယောင်ထက်တော့ အနည်းငယ် ဆွဲဆောင်မှုရှိသည်။မှန်သည်။အကြောင်းအရင်းတစ်
ခုက သူမ၏မွေးရာပါ အလှကြောင့်ဖြစ်ပြီး အခြားအကြောင်းအရင်းတစ်ခုက ရည်ရွယ်ချက်ဖြင့်
၀တ်ဆင်ထားသည့် သူမ၏ အ၀တ်အစားများကြောင့်ဖြစ်၏။

သူမ၀တ်ထားသည့် ကိုယ်ကျပ်အ၀တ်အစားများက သူမ၏ 60 ရာခိုင်နှုန်းသော အလှကို 100 ရာ
ခိုင်နှုန်းထိ တင်ပေးလိုက်သကဲ့သို့ပင်။လုံချန်က ဖက်တီးယု၏ ပုခုံးကို ပုတ်ရင်းကြိမ်းမောင်းလိုက်
သည်။

"မင်းတို့ နည်းနည်းလောက်ရင့်ကျက်ကြစမ်းပါကွ"

ရှီဖန်နှင့်အခြားသူများက ဤတွင်မှ ပစ္စုပန်ကို သတိရကြပြီး ခပ်မြန်မြန် နောက်ပြန်ဆုတ်လိုက်ကြ၏။

ဖက်တီးယုက ခပ်တိုးတိုးပြောလာသည်။

"အကိုလုံ မစိုးရိမ်ပါနဲ့ ဒီနံရံက သိပ်ခိုင်တယ်လေ"

"ငါ နံရံကိုစိုးရိမ်တာမဟုတ်ဘူးကွ ဒီလိုသာဆက်ကြည့်နေရင် မင်းတို့သွားရည်တွေနဲ့ ကြမ်းပြင်
တစ်ခုလုံးပေပွ ကုန်မှာစိုးတာ" လုံချန်က ကျနေသည့်သွားရည်များကို ပြရင်းပြောသည်။

သူတို့အကုန်လုံးမျက်နှာများက ဖြန်းကနဲနီသွားကြပြီး မူလနေရာသို့ ကမန်းကတမ်းပြေးထိုင်ကြတော့
၏။သူတို့က လုံချန်၏ ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားနိုင်မှုကို ကြည်ညိုကြရသည်။ထိုအမျိုးသမီးကား
လူထု၏ အာရုံကိုသိမ်းပိုက်ထားနိုင်သူဖြစ်၏။

ထိုစဉ် ချိုလွင်သော ကြေငြာသံလေးထွက်လာသည်။

"ကျွန်မက ယောင်နင်ရှင်းပါ ရှင် ကျွန်မကို နင်ရှင်း လုိ့ခေါ်နိုင်ပါတယ် ဒီတစ်ကြိမ် ကျွန်မကြီးမှုး
ပြီးလေလံ ခေါ်မှာကို ဧည့်သည်တော်တို့ ကျေနပ်ကြလိမ့်မယ် ထင်ပါတယ်ရှင်"

ဤသို့ပြောပြီးသည်နှင့် သူမက ကိုယ်ကိုကိုင်းညွှတ်၍ ဂါ၀ရပြုလိုက်သည်။ထို့သို့ပြုလုပ်လိုက်သည်တွင် မူလက
သီးသန့်ခန်းအတွင်းမှ မြင်ရသော မြင်ကွင်းကို လူအများမြင်ကြရတော့၏။ပရိတ်သတ်များ၏
အသံများက ဝေါကနဲဆူကုန်သည်။သို့သော် သူ့တို့အတွက်ကံမကောင်းသည်က ယောင်နင်ရှင်း၏
လှုပ်ရှားမှုက သိပ်မြန်လွန်းနေခြင်းကြောင့်ဖြစ်၏။သူမက နဂိုမတ်တပ်ရပ်နေသည့် ပုံစံသို့ ခဏလေး
အတွင်း၌ ပြန်ပြောင်းလိုက်၏။

လုံချန်က ဟွာယွန်အိမ်တော်မှ လူများကို ပိုပိုလေးစားလာသည်။မောင်ချမ်းသာ ကနေ ရှင်ဖူ ထိုမှ ယခု
လေလံခေါင်းဆောင်အဆုံး ငွေများများရရေးကိုသာ လုပ်ကြသည်။သို့သော် ယောင်နင်ရှင်းဆိုသည်
အမျိုးသမီးက အတော်လေး ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်းကို လုံချန် ၀န်ခံရမည်။သူမက
ယောကျာင်္းတိုင်း၏ နှလုံးသားကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

လေလံပွဲကားမစသေး။သို့သော် များစွာသောလုလင်ပျိုများကတော့ အသက်ရှုတွေမှားကုန်ကြပြီ။
ယခုတော့ လုံချန်က မောင်ချမ်းသာ သူ့ကိုပြောခဲ့သော လေလံတင်သည့်ပစ္စည်းများကို တန်ဆာ
ဆင်ခြင်းဆိုသည်ကို ပြန်အမှတ်ရနေသည်။သူတို့၏ လေလံပစ္စည်းများက စျေးအင်မတန်မြင့်စွာ
ဖြင့်ရောင်းချရသည်ဆိုသည့်စကားကို လုံချန်က အခုတော့ယုံသွားပြီဖြစ်၏။

မြင်းကွင်းကိုကြည့်လျှင် လူတိုင်းက နင်ရှင်း၏ အာရုံနောက်သို့လိုက်ကုန်ကြပြီဆိုသည်ကို သိရမည်။
သူမက ပြုံးရင်း လက်ကိုဝှေ့ယမ်း၏။စင့်မြင့်၏ အလယ်က ခပ်ဖြေးဖြေးပွင့်လာကာ ကျောက်သား
စင်္ကြန် တစ်ခုက အပေါ်သို့ တစ်ဖြေးဖြေး တက်လာသည်။

##########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၅၅)ရွှေကျား

ယောင်နင်ရှင်း၏ လှုပ်ရှားမှုနောက်တွင် စင်မြင့်က ပန်းပွင့်များ ပွင့်လာသကဲ့သို့ နှစ်ခြမ်းကွဲ၍ ပွင့်
သွားသည်။ထို့နောက်တွင် ကျောက်သားစင်္ကြတစ်ခုက အောက်မှထွက်၍လာ၏။

ထိုကဲ့သို့ ယန္တာယားမျိုးက အနုစိတ်တည်ဆောက်ထားခြင်းမဟုတ်သော်လည်း ယန္တာယားတစ်ခုလုံး
က ကျောက်စိမ်းရောင်တောက်နေသော ကြောင့် လူတစ်ချို့ကအံ့အားသင့်နေကြ၏။ကျောက်တုံးစင်္ကြ
ထက်တွင် ရွှေရောင်တစ်လက်လက်တောက်ပနေသည့် ချပ်၀တ်တစ်ခုပေါ်လာသည်။

ထိုချပ်၀တ်က အလွန်ထူထဲလှပြီး ရွှေရောင်တစ်လက်လက်တောက်နေ၏။ထိုရွှေချပ်၀တ်၏ အလေးချိန်က
အနည်းဆုံး ပေါင်တစ်ရာ ခန့်လေးသည်။ထိုမျှ လေးလံသည့် ချပ်၀တ်ကို ဆရာကြီးယွမ်ချီကော သူပါ
စိတ်စွမ်းအင် သုံး၍ လေပေါ်မြှောက်ထားဖို့ မဖြစ်နိုင်ချေ။

သို့သော် လုံချန်က ချပ်၀တ်အပေါ်သို့ သူ့၏ စိတ်စွမ်းအင်များ ပို့လွှတ်၍ စူးစမ်းကြည့်မှ သူ့ကိုယ်သူ ပြန်ပင်
ဆဲချင်သွားသည်။ထိုချပ်၀တ် ကိုအလွန်သေးငယ်သော ဒေါက်တိုင်များဖြင့် ထောက်ထားခြင်းဖြစ်သည်။
ချပ်၀တ်၏အမြင့်နှင့် ထားထားသည့်ပုံစံ ကြောင့် ဒေါက်တိုင်များက မြင်ကွင်းမှ ကွယ်နေခြင်းဖြစ်သည်။

နင်ရှင်း၏ သာယာသော အသံလေးက ထွက်လာသည်။

"ဒီ ရွှေချပ်၀တ်တန်ဆာ ကြေးအနည်းငယ်သာ ရောပြီး ရွှေသားစစ်စစ်နီးပါးနဲ့လုပ်ထားတာပါ
ရှင် ဒီချပ်၀တ်ကိုပြုလုပ်သူဟာ နာမည်ကျော်ပန်းထိမ်ပညာရှင်ကြီး တစ်ဦးဖြစ်ပြီး သူ့ရဲ့ ခုခံနိုင်စွမ်း
ကတော့ အံ့မခန်းလောက်အောင်ပါပဲ"

နင်ရှင်း၏ လက်ထဲတွင် ဓားတစ်ချောင်းရောက်လာသည်။နင်ရှင်းက ရွှေချပ်၀တ်ကို လျှပ်တစ်ပျက်ခုတ်
ချလိုက်၏။အလွန်မြန်လွန်းသဖြင့် လူများ၏ မျက်စိထဲ၌ လျှပ်စီးလက်သွားသကဲ့သို့သာ မြင်လိုက်ရ
သည်။အေးစက်စက် အငွေ့အသက်က ခုတ်ချလိုက်သည့် ဓားမှ တစ်ဆင့် လူထုထံ သို့ရောက်သွားသည်။
လူထုက ဘာဖြစ်သွားမှန်းမသိခင်မှာပင် ချပ်၀တ်နှင့် ဓားထိသံ  ချွလွင် ကနဲထွက်လာ၏။

သူမ၏ ဓားခုတ်ချက်က လူတိုင်းကို အံ့အားသင့်စေသည်။ဟွာယွန်အိမ်တော်က တော်တော်အင်အား
ကြီးသည် အိမ်တော်တစ်ခုပင်။လေလံကြေငြာသူပင် သွေးနှောအဆင့် သိုင်းသမားတစ်ယောက်ဖြစ်
နေသည်။

သူမ၏ ဓားခုတ်ချက်ကို ကြည့်မည်ဆိုလျှင် စွမ်းအားများက နည်းနည်းမှ အလေအလွင့်မရှိသည်ကို
တွေ့နိုင်သည်။သူမက သွေးနှောအဆင့်တွင် ကျွမ်းကျင်သိုင်းပညာရှင် တစ်ယောက်ဖြစ်နေပြီဖြစ်၏။
ညှို့ဓာတ်ပြင်းသည့် ထိုမိန်းမပျိုလေးကို အိမ်အပြန်၌ ခေါ်သွားမည်ဟု အားခဲထားသူများကား ချက်
ချင်း သူတို့အစီအစဉ်ကို လက်လျှော့လိုက်ကြတော့သည်။

"ရွှေချပ်၀တ်က ကျွန်မတို့ ပထမဆုံး လေလံတင်မယ့် ပစ္စည်းဖြစ်ပါတယ် ကြမ်းခင်းစျေက ရွှေဒင်္ဂါး
တစ်သိန်းဖြစ်ပါတယ်ရှင် တစ်ခါလေလံ ဆွဲတိုင်း အနည်းဆုံး တစ်သောင်းတိုးပါမယ်ရှင့် လေလံပွဲ
ကြီးစတင်ကျင်းပပါပြီရှင်"

နင်ရှင်းက အနည်းငယ်ပြုံးလိုက်သည်။သူမက သစ်သားလက်ရိုက်တုတ်ငယ်လေးကို ဘန်း ကနဲရိုက်
လိုက်၏။

တစ်သိန်းခွဲ.....

တစ်သိန်းရှစ်သောင်း......

နှစ်သိန်းခွဲ.......

လေလံ၀င်ဆွဲသူများက တစ်ခဏခြင်း များပြားလာသည်။သို့သော် လေလံပွဲက ယခုမှ အစဖြစ်ရာ
စျေးသိပ်မလိုက်ကြသေးပေ။တစ်ခါခေါ်လျှင် စျေးကို တစ်သောင်းသာ တိုးကြသေးသည်။

သို့သော်စျေးကတော့ တစ်ဖြေးဖြေး မြင့်တက်လျှက်ပင်။ရှီဖန်ပင် စိတ်လှုပ်ရှားဟန်ဖြင့် နှစ်ကြိမ်ခန့်
လေလံ၀င်ဆွဲသေးသည်။သို့ပေမယ့် သူ့ပေးစျေးက အခြားသူများ၏ စျေးများအောက်တွင် ပျောက်
သွားတော့၏။

လုံချန် ခေါင်းတစ်ယမ်းယမ်းဖြစ်နေသည်။စီးပွားရေးသမားများဆိုသည်မှာ အကုန်လုံးလိုလို လူနပ်
များပင်။သူတို့၏ အစီအစဉ်က လူတိုင်း၏ ငွေများကို အိတ်ထောင်များထဲမှ နှိုက်ယူရန်ပင်။ဤ ချပ်
၀တ်တန်ဆာကို ဆယ်သိန်းအထက်၌ ရောင်းချမည်က သေကိုသေချာလေသည်။

ထို့ကြောင့်ပင် နင်ရှင်းက အဖွင့်စျေးတွင် အနိမ့်စျေးဖြင့်စထားခြင်းဖြစ်သည်။တစ်ဖြည်းဖြည်း ဖြင့် လူ
တိုင်း၏ စိတ်လှုပ်ရှားမှုအား အသုံးချ၍ စျေးကို ဆွဲတင်သွားနိုင်ရန်အတွက်ဖြစ်သည်။ထိုအရာက ပွက်
ပွက်ဆူနေသော ရေနွေးအိုးထဲမှ ဖားများလိုဖြစ်နေသည်။အကယ်၍ နန်ရှင်းက အလွန်အမင်း ညှို့ငင်
သည့်ပုံစံ ဖြင့်နေလျှင် လူအတော်များများ စိတ်ထဲမှ တစ်ခုခုပဲဟု တွေးမည်။သတိထားကုန်ကြမည်။

လူတိုင်းက အရူးမဟုတ်ပေ။ယခုတော့ နန်ရှင်းက အလွန်တည်ငြိမ်သည့် ပုံစံဖြင့်နေပြလိုက်သည်။
မကြာခဏ ဆိုသလို စကားတွေပြောသည်။သို့သော် တစ်ယောက်ယောက်က စျေးနှုန်း ခပ်မြင့်မြင့်
တစ်ခုကို အော်လိုက်တိုင်း သူမက ပြောလက်စစကားကို ရပ်ကာ မျက်လုံးများအရောင်တောက်
လာလေ့ရှိ၏။

"ထားလိုက်တော့ ရှီဖန် ဒီဟာကစျေးကြီးတယ် အစပဲရှိသေးတယ်လေ မရူးစမ်းပါနဲ့"

လုံချန်ကအကြံပေးသည်။ဤရွှေချပ်၀တ်က အမြင်အားဖြင့် လေလံဆွဲရန် ကောင်းသည့်အပြင် ၎င်း၏
ခုခံနိုင်စွမ်းက မငြင်းသာအောင်ကောင်းလွန်းတာ မှန်ပေမယ့် လက်တွေ့တွင်အသုံးကျမည်မဟုတ်ချေ။
ထိုချပ်၀တ်က တိုက်ပွဲငယ်လေးများတွင်သာ အသုံးကျပေမည်။တိုက်ပွဲကြီးများ၌ မည်သူက ထိုကဲ့သို့
ကြောင်တောင်တောင် ချပ်၀တ်ကြီးအား ၀တ်မည်နည်း။ထိုမျှလေးလံသည့်ချပ်၀တ်ကြီးကို ၀တ်လျှင်
ကိုယ့်ကိုကိုယ် သတ်သေသလိုသာဖြစ်ချေမည်။

တိုက်ပွဲငယ်လေးများ၌လည်း သိုင်းပညာမမြင့်မားပဲ တောက်တောက်ပြောင်ပြောင်ချပ်၀တ်ကြီး၀တ်
လျှင် သေကြောင်းကြံသလိုသာဖြစ်နေမည်။

ပြောရလျှင် ထိုချပ်၀တ်က ကြည့်၍သာကောင်းသည်။အခြားအသုံး၀င်မှု တစ်ခုခုရှိနေလျှင် ပထမ
ဆုံးလေလံပစ္စည်းအဖြစ် ထုတ်လာရအောင် ဟွာယွန်အိမ်တော်ကလူတွေက ငတုံးများမဟုတ်ပေ။
ထင်သည့်အတိုင်းပင် ယင်းချပ်၀တ်ကို စိတ်၀င်စားသူ အနည်းငယ်သာရှိသည်။

လုံချန်အကြံပေးသည်ကိုကြားသည်တွင် ရှီဖန်က လက်လျှော့သွားတော့သည်။ပထမတွင် ရှီဖန်က
ချပ်၀တ်က တစ်သ်ိန်းဖြင့်စသည်ဆိုလျှင် သုံးသိန်းလောက်တွင် သူ လေလံအောင်လောက်ပြီဟု
တွက်ခြင်းဖြစ်သည်။သို့သော ဗရုတ်ကျ၍ လေလံ၀င်ဆွဲသူများရှိတတ်ကြောင်း သူမတွေးထားပေ။

ထိုစဉ် ချပ်၀တ်၏ စျေးနှုန်းက ရှစ်သိန်းကျော်လာပြီဖြစ်၏။လေလံဆွဲခြင်းကလည်း မရပ်သေးပေ။

"သေစမ်း ဒီလူတွေ ဘယ်လိုလုပ်ငွေကို ဒီလိုဖြုန်းနိုင်ကြတာလည်း" တံတွေးတစ်ချက်ကိုဂလုကနဲမျို
ချရင်းရှုဟူကပြောသည်။

"ဒီလူတွေအကုန်လုံးက ပိုက်ဆံဝါးလားတွေကွ ပထမဆုံးပစ္စည်းတောင် ဒီလိုဖြစ်နေမှတော့ နောက်ဟာ
တွေဘယ်လိုလာမလည်းတောင်မသိဘူး" ဖက်တီးယုကသက်ပြင်းချသည်။

သူတို့ကလည်း အထက်တန်းစားတွေဖြစ်ပေမယ့် ထိုမျှလောက် ငွေကိုဖြုန်းတာမြင်တော့ ဘာပြောရမှန်းပင်
မသိဖြစ်နေသည်။လုံချန်နှင့်လီဟောင် တိုက်ခိုက်တုန်းကဆိုလျှင် ငွေအရှိဆုံးက ဖက်တီးယုဖြစ်သည်။
သူက သူ့၏ငွေများကို ကလေး ဘ၀မှနေ၍ ယခုတိုင်အောင်စုဆောင်းထားခြင်းဖြစ်ရာလက်ရှိတွင်
ရှစ်သိန်းခန့် စုဆောင်းမိနေသည်။

သူတို့တစ်တွေ သက်ပြင်းကိုယ်စီချနေချိန်မှာပဲ လေလံစျေးက ဆယ်သိန်းကျော်ကို ခုန်တက်သွားသည်။

ဆယ်သိန်းငါးထောင်

ဆယ်သိန်းရှစ်ထောင်

ဆယ်သိန်းတစ်သောင်းခွဲ

စျေးက ဆယ်သိန်းကျော်လာသည်တွင် ဒါဇင်နှင့်ချီသော လေလံဆွဲနေသူများက ရှိနေတုန်းပင်။

ဆယ်သိန်းခွဲ.....

ရုတ်တရက် ရှချန်ဖုန်းအသံက သီးသန့်ခန်းထဲမှထွက်လာရာ စျေးလိုက်နေသောသူများထံ
မှ မည်သည့်အသံမှ ထပ်ထွက်မလာတော့ပေ။

"သူက မဟာရှရဲ့မင်းသားတစ်ပါးဖြစ်ထိုက်ပါပေတယ် တစ်ချက်ကြည့်ရုံနဲ့ ချပ်၀တ်ဟာ ဘယ်လောက်
တန်တယ်ဆို တာကို သိနိုင်တယ် စျေးထပ်လိုက်ကြဦးမလားရှင်" လေးစားသည့်အသံ ဖြင့် နန်ရှင်းက
ပြောသည်။

"ဆယ်ငါးသိန်း တစ်သောင်း" သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အော်ပြောသည်။

"ဆယ့်ရှစ်သိန်း"

ရှချန်ဖုန်း၏ အသံက တည်တည်ငြိမ်ငြိမ်နှင့်ထွက်လာပြန်သည်။သက်လတ်ပိုင်း လူ၏ မျက်နှာက
မသက်မသာဖြစ်သွားပုံရသည်။သူက စျေးထပ်မလိုက်တော့ပေ။ရွှေဒင်္ဂါး ဆယ့်ရှစ်သိန်းခန့်ကို
သူက တတ်နိုင်ပုံမရပေ။

"ဆယ့်ရှစ်သိန်း တစ်ကြိမ်"

"ဆယ့်ရှစ်သိန်း နှစ်ကြိမ်"

"ဆယ့်ရှစ်သိန်းနဲ့ ရောင်းလိုက်ပါပြီ ရှင် ဂုဏ်ယူပါတယ် မဟာရှမင်းသားရှင့် ဒီရွှေချပ်ျ၀တ်ကို ၀ယ်ယူ
ခြင်းဖြင့် မင်းသားက လေလံပွဲရဲ့ ပထမဆုံးအောင်မြင်စွာ လေလံဆွဲနိုင်သူတစ်ယောက်ဖြစ်လာပါပြီ
ဂုဏ်ယူပါတယ်ရှင့်"

နန်ရှင်း၏ စကားပြောပုံဆိုပေါက်ကို ကြည့်ပြီး ဤမိန်းမက အမှန်တစ်ကယ်ပင် စကားပြောရာ၌ ပါး
နပ်လှသည် ဟုလုံချန်က စဉ်းစားနေမိသည်။

"ဟားဟား ငွေလေးပါးပါးလေးပါ ဒီမင်းသားရဲ့ ညစာဖိတ်ကျွေးမှုကို မိန်းကလေး လက်ခံနိုင်မလား
ဆိုတာကိုသိချင်ပါတယ်" ရှချန်ဖုန်းက သီးသန့်ခန်းထဲမှ ရုတ်ချည်းထွက်လာပြီး ယောင်နန်ရှင်းကို
ညစာ စားရန် ဖိတ်နေ၏။

"မဟာရှမင်းသားရဲ့ ဖိတ်ကြားမှုကို ကျွန်မမခံယူဝံ့ပါဘူးရှင် ဒါပေမယ့် အခုအချိန်က ဒီစကားပြော
ရမယ့်အချိန်မဟုတ်သေးပါဘူး" နန်ရှင်းကရယ်နေသည်။

"ကျုပ် ရိုင်းသွားတယ် ဆက်လုပ်ပါ" ရှချန်ဖုန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံး၏။သူက သူ့၏ သီးသန့်ခန်း
သို့ ယုံကြည်မှုရှိသည့် ခြေလှမ်းများဖြင့် ပြန်သွားလေတော့သည်။ရှချန်းဖုန်းကို မြင်သည်တွင် လုံချန်
၏မျက်နှာ၌ အထင်သေးသည့် အပြုံးတစ်ခု ပေါ်လာသည်။

လေလံတင်မည့် ဒုတိယပစ္စည်းကား စင်မြင့်ထက်သို့ရောက်လာပြန်သည်။လုံချန်ထင်ထားသလို
ပင် ထိုပစ္စည်းကလည်း ကြည့်၍သာ ကောင်းပြီး အသုံးမ၀င်သည့်ပစ္စည်းဖြစ်နေသည်။အချိန်အတော်
ကြာအောင် လေလံဆွဲပြီးနောက် ထိုပစ္စည်းကို ကုန်သည်ကြီးတစ်ယောက်မှ သိန်းရှစ်ဆယ်ဖြင့်
လေလံ အောင်သွားသည်။

ထိုပစ္စည်းကိုလေလံအောင်သည်နှင့် သူ့ပုံစံက အပျော်လွန်နေသလိုပင်။ကြည့်ရသည်မှာ ပြန်ရောင်း
လျှင် အမြတ်ကောင်းကောင်းထွက်နိုင်ပုံရ၏။အခြား လေလံပစ္စည်းသုံးမျိုးကို လေလံထပ်တင်ပြန်
သည်။ထိုလေလံပစ္စည်းများ၏ပုံစံက အလွန် ခံ့ညားထည်ဝါပေမယ့် လုံချန်ကိုတော့ စိတ်၀င်စားအောင်
မစွမ်းဆောင်နိုင်ပေ။

သို့သော် ခြောက်ခုမြောက်ပစ္စည်းတွင် လုံချန်က အံ့အာသင့်ရတော့သည်။ထိုအရာက သက်ရှိတစ်
ကောင် ဖြစ်နေသည်။ကျားပျိုတစ်ကောင်ကို လှောင်အိမ်ထဲ ထည့်၍ယူလာခြင်းဖြစ်၏။ထိုကျားလေး
က မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် ချစ်ဖို့အလွန်ကောင်းသည်။

"ဒုတိယအဆင့် မှော်သားရဲ ဖြစ်တဲ့ရွှေကျားပါရှင် အရွယ်ရောက်လာရင် သူ့ကိုယ်ပေါ်က
ရွှေ ရောင်အစင်းစင်တွေက သိပ်ကိုလှတာပေါ့ရှင် ဒုတိယအဆင့် မှော်သားရဲတွေကြားမှာ
ရွှေကျားဟာ သင်ပေးရ အလွယ်ကူဆုံးပဲ ဆိုတာကိုလူတိုင်းသိကြလိမ့်မယ်လို့ထင်ပါတယ်
တစ်နည်းအားဖြင့် သိုင်းပညာမရှိတဲ့ လူတွေတောင် ထိန်းကျောင်းပြုစုနိုင်တာ့ပေါ့ရှင်"

"ရွှေကျားဟာ တစ်သက်မှာ ငါးခါပဲမိတ်လိုက်တယ် ဒါ့ကြောင့်ဒီကျားမျိုးက သိပ်ရှားတာပေါ့ ဒီ
လိုရခဲတဲ့ အခွင့်အရေး ကြီးကို လူတိုင်းလက်မလွှတ်သင့်ကြပါဘူးရှင့် ငါးသိန်းနဲ့ စျေးစဖွင့်ပါမယ်
ရှင့်"

သူမစကားဆုံးသည်နှင့် လူထုထံမှ စျေးအပြိုင်ပေးသံများက ဆူညံစွာထွက်လာသည်။

ခြောက်သိန်း....

ရှစ်သိန်း.....

ဆယ်သိန်းတစ်သောင်း......

ဤရွှေကျားက အရွယ်ရောက်လာလျှင် သူ့၏ ခွန်းအားမှာ သွေးနှောအဆင့်သိုင်းသမားတစ်ယောက်
နှင့်ညီသည်။ထို့ပြင် သူ့၏ တိုက်ခိုက်ရေးအစွမ်းက သွေးနှောသိုင်းသမားအများစု ထက်ပင် သာသေး
သည်။ထိုအခွင့်ကောင်းကြီးအား မည်သူက လက်လွတ်ခံပါမည်နည်း။

"သေစမ်း ငါလိုချင်လိုက်တာ ဒါပေမယ့် စျေးကမိုးထိုးမတတ်ဖြစ်နေတယ်" ရှီဖန် ကျိန်ဆဲခြင်းက ရှား
သည်။သို့သော် ယခုတစ်ခါတွင်တော့ သူက ဘယ်လိုမှဟန်ဆောင်မထားနိုင်တော့ချေ။ရှီဖန်တင်မက
လုံချန်ပါ လိုချင်သည်။ယခင်က လုံချန်သည်  မန်ချီ၏ မှော်သားရဲကြီကို သဘောကျဖူးသည်။

သူက မှော်သားရဲများကို ယာဉ်ပါးအောင်ထိန်းကျောင်းသူ မဟုတ်ပေမယ့် မှော်သားရဲကို ကျွေးမွေး
စောင့်ရှောက်လျှင် မှော်သားရဲ၏ ယုံကြည်မှုကိုရမည်။မှော်သားရဲ၏ ယုံကြည်မှုကိုရလျှင် ဤမှော်သား
ရဲ ဖြင့်တိုက်ပွဲများတွင် တိုက်ခိုက်နိုင်မည်။

ထိုစဉ် စျေးနှုန်းက ဆယ်သိန်းခွဲသို့ပင် ရောက်သွားချေပြီ။ထိုအချိန်၌ လုံချန်က ရုတ်တရက်အော်လိုက်
၏။

သိန်းသုံးဆယ်.......

လုံချန်က စျေးနှုန်းကို နှစ်ဆတိုးပေးလိုက်ရာ လူတစ်ချို့က စျေးမလိုက်ကြတော့ပေ။ဆယ်သိန်းဆို
သည့်ငွေပမာဏကပင် လူတစ်ချို့ကို ကိုယ်ရှိန်သပ် သွားစေရာ ထိုစျေးနှုန်းကို ကြားသည်နှင့် လေလံ
ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားတော့သည်။

လုံချန် စိတ်ထဲကြိတ်ပျော်နေသည်။နည်းနည်းချင်းစီတိုးလျှင် စျေးလိုက်ခေါ်ကြဦးမည်။ဤကဲ့သို့
နှစ်ဆခန့် တိုးပေးလိုက်သည်တွင် မည်သူမျှစျေးလိုက်မခေါ်ကြတော့ပေ။ကြည့်ရသည်က သူနိုင်
တော့မည်ထင်သည်။

"သ်ိန်းသုံးဆယ်နဲ့တစ်သောင်း"

လုံချန်က ရွှေကျားကို ပိုင်ဆိုင်တော့မည် အချိန်တွင် မုန်းတီးမှုများနှင့် ပြည့်နှက်နေသည့်လေသံ
တစ်သံကထွက်လာလေသည်။

Continue Reading

You'll Also Like

175K 5.5K 200
Author: Su Mengmeng/苏萌萌 Category: Danmei Fiction Status: 250 Chapter (Complete) Introducing: (Main attack, clean body and mind, no children, cool te...
131K 3.6K 200
Author: Banshenghuan/半生欢 Category: Tanmei Novels Status: 469 chapter (Ongoing) (The end of the world + no heroine + strong) Book 1 Introducing: In t...
12.9K 287 15
An alternate Jason Uchiha timeline
167K 25.6K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...