ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

41 - 45

159 14 0
By Azure5549

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၄၁)လုံချန်၏ဒေါသ

လုံချန်....

လုံချန်...

လုံချန်...

ဟောင်ချန် ကို သူကြည့်လိုက်သလို ခပ်လှမ်းလှမ်းတစ်နေရာမှ ရှချန်ဖုန်း အားလည်း လုံချန်ကြည့်လိုက်
ပါ၏။ဘာတွေဖြစ်လာမလည်းဆိုသည်အား သူနားမလည်စရာမရှိပေ။လုံချန့် ထံမှ အေးစက်စက်လှောင်
ရယ်သံတစ်ခုထွက်လာကာ လက်ယမ်းပြလိုက်သည်။

လုံချန် လက်ယမ်းပြသည်ကို မြင်သည်နှင့် ပရိတ်သတ်လည်း လုံချန်ဘာများ ပြောမည်ကိုသိချင်နေ
ကြသည်ဖြစ်၍ တစ်မုဟုတ်ချင်း တိတ်ဆိတ်သွားတော့သည်။သို့ငြား....လုံချန်ကတော့ စကားတစ်ခွန်း
သာပြောခဲ့ပါသည်။

"အသက်ကြီး နေတဲ့ သူတွေနဲ့ ယှဉ်ပြိုင်ဖို့ ကျုပ် စိတ်မ၀င်စားဘူး"

ပရိတ်သတ်များ အံ့အားသင့်ကုန်ကြ၏။လုံချန်ငြင်းလိုက်ချေပြီ။

"ဒါဟာ ဖီးနစ်အင်ပါယာရဲ့ နံပါတ်တစ် လူငယ်မျိုးဆက်သစ်တစ်ယောက်လား အသုံးမကျလိုက်တာ
ကျုပ်ကတော့ တစ်ကယ့်ကိုစိတ်ပျက်တာပဲ" ဟောင်ချန်သူ့ခေါင်းကိုခါယမ်းနေသည်။

လုံချန့်နှုတ်ခမ်းပေါ်တွင် အေးစက်စက်အပြုံးတစ်ခုပေါ်လာပြန်သည်။၄င်းတို့၏ ထောင်ချောက်တစ်ခု
အတွင်း သို့ ယနေ့တွင်လုံချန် ကျရောက်ပြီးချေပြီ။နောက်ထပ်ထောင်ချောက်တစ်ခု အတွင်းသို့ လုံချန်
ထပ်ကျရောက်လာလိမ့်မည်ဟု ၎င်းတို့ မျှော်လင့်ထားကြသည်လား။လုံချန်ကို ၎င်းတို့ ငတုံးတစ်ယောက်
လို ယူဆနေပုံရ၏။

"ကဲ ပြန်ကြစို့ ဒီခွေးလိုကောင်ကို ထားခဲ့လိုက်"

လူထုထံသို့ လုံချန် သို့အော်ပြောလိုက်ကာ တစ်ကိုယ်တည်းထွက်လာခဲ့သည်။ကျားသစ်မီးတောက် ကို
သူ ခပ်မြန်မြန် သန့်စင်ချင်နေသည့်ဆန္ဒကြောင့် အရေးမပါသည့်အလုပ်များတွင် အချိန်မဖြုန်းချင်တော့
ချေ။

"ဒီလိုအဆင့်နဲ့ မင်းကများ တတိမင်းသမီးကို လိုချင်တယ်ပေါ့ ဟေ့ကောင် ဖုန်ရှုလိုက်"

လုံချန်ထွက်သွားတော့မည်ကိုမြင်သည်တွင် ဟောင်ချန် ထံမှ ခပ်လှောင်လှောင်စကားတစ်ခွန်းထွက်
လာသည်။လုံချန့် ခြေလှမ်းများရုတ်တရက် တုန့်ကနဲဖြစ်သွားကြပါ၏။ဟောင်ချန် သူ့ကို အစာမကျေဖြစ်
လွန်းနေသည်မှာသိသာသည်။ဘယ်အချိန်မှာ ဘာ့ကြောင့် သူ့ကို ထိုမျှ အစာမကြေဖြစ်နေမှန်း သူ
မသိပေမင့် သူ့နှလုံးသား၏ နက်ရှိုင်းသည့် ထောင့်တစ်နေရာတွင် သိမ်းဆည်းထားသော ချုယောင်ဆို
သည့် သူမလေးရှေ့တွင် သို့ပြောလာခြင်းအား လုံချန် မည်သည့်အတွက်မှ သီးမခံနိုင်ပါချေ။

သို့ငြား သူ့အနေဖြင့် ဒေါသထွက်နေပါသော်လည်း ဟောင်ချန် နှင့်တော့မတိုက်ခိုက်ချင်ပေ။ဟောင်ချန်
အား သူ ယတိပြတ် နိုင်လိမ့်မည်ဟု သူ့တွင် ယုံကြည်ချက်မရှိချေ။ထို့ကြောင့် ခြေလှမ်းများအား ရှေ့သို့
သာဆက်လိုက်သည်။

"ငါမင်းနဲ့ ယှဉ်ပြိုင်မယ်" ရယ်လို့ ရုတ်ချည်း အော်သံနှင့်အတူ ရှီဖန် စင်မြင့်ထက် ခုန်တက်သွားခဲ့သည်။

လုံချန့် ခေါင်းထဲတွင် အချက်ပေးသံများ မြည်လာကာ ရှီဖန်အား အလျှင်အမြန်ဆွဲလိုက်သော်ငြား မမှီ
တော့ချေ။

"ဟောင်ချန် မင်းပါးစပ်ကို သန့်သန့်ရှင်းရှင်းထား လုံချန်ဆိုတာ မင်း အသရေ ဖျက်လို့ရမယ့်လူစားမှတ်
မနေနဲ့" ရယ်လို့ ဟောင်ချန်အား လက်ညှိုးထိုး၍  အေးစက်စက်လေသံဖြင့် ရှီဖန်ပြောလိုက်ပါသည်။

ရှီဖန် စင်မြင့်ထက် သို့ တက်လာသည်ကိုမြင်သည်တွင် ဟောင်ချန်မျက်၀န်းများသည် အရောင်တစ်
လက်လက်တောက်ပကုန်သည်။ပြီးမှ ကြောက်မက်ဖွယ်ပြုံး၍.....

"မင်းဟာ အဆင့်တစ် စစ်သူရဲကောင်းတစ်ယောက် ဖြစ်ပေငြား ငါနဲ့တော့ဖြင့် သိုင်းဆယ်ကွက်တောင်
ပြည့်အောင် ယှဉ်နိုင်မှာမဟုတ်ဘူး မျက်နှာမပျက်ရလေအောင် စင်အောက်ကိုခပ်မြန်မြန်ဆင်းသွား
ဖို့ကောင်းတယ်"

"မောက်မာလိုက်တာ"

"ရိုင်းလိုက်တာ"

"ဒီကောင့်ကိုအလဲ ထိုးလိုက်စမ်းပါ ရှီဖန်"

ရှီဖန်သည် စစ်သူရဲကောင်းဘွဲ့အား မကြာသေးခင်ကမှ ရထားတုန်း ပူးပူးနွေးနွေးပင်ရှိသေးသည်။
သို့ဖြစ်ရာ ရှီဖန်၏ သိုင်းအစွမ်းအား ယုံကြည်အားပေးသူများ များနေသည်။စင်မြင့်ထက် တွင် ရှိသော
မဟာရှမှ ထိုသိုင်းသမားသည် ရှီဖန်အားစော်ကားခြင်းမှာ ဖီးနစ်အင်ပါယာ၏ လူငယ်မျိုးဆက်သစ်တစ်
ခုလုံးအား စော်ကားလိုက်ခြင်း မည်ပေချိမ့်မည်။

"ရှီဖန် ဆင်းလာခဲ့" ရယ်လို့ စင်ဘေးသို့ရောက်နေပြီဖြစ်သော လုံချန်မှ ခက်ထန်သည့်လေသံဖြင့်အမိန့်
ပေးလိုက်ပါ၏။

"မင်းကိုဆင်းလာခိုင်းနေပြီ မင်းတစ်စုံတစ်ရာထိခိုက်မှာကို သူကြောက်နေပုံရတယ် စင်အောက်ကို
ဆင်းသွားသင့်တယ်နော" တည်ငြိမ်သည် လေသံဖြင့် ဟွာချန် သူ့အား နှစ်သိမ့်နေသည်။သို့ငြား ဟောင်
ချန်၏စကားသည် ရှီဖန့်အား ဆဲရေးတိုင်းထွာ လိုက်သည်ထက် ခံရခက်စရာဖြစ်နေသည်။

"လုံချန် ... ငါ ဒီလူနဲ့ပညာစမ်းကြည့်ချင်တယ်" ရယ်လို့ ရှီဖန်ပြန်ပြောသည်။

"ဒါထောင်ချောက်ကွ....မင်းသူနဲ့ တိုက်ခိုက်ရင် မင်းငါနဲ့ညီအကိုတွေဘယ်တော့မှမဟုတ်တော့ဘူး"

လုံချန်ဒေါသတစ်ကြီးပြောလိုက်ပါ၏။

"ဒီလူ ငါ့ကိုစကားနဲ့စော်ကားလို့ရတယ် ဒါပေမယ့် မင်းကိုတော့စော်ကားလို့မရဘူး ငါ ဒီလူနဲ့တိုက်ခိုက်
မှဖြစ်မယ် မင်စကားကို ဒီနေ့တော့ငါနားမထောင်နိုင်ဘူး" ဟောင်ချန်အား ရှီဖန် တစ်ချက်လှမ်းကြည့်
သည်။

"လာစမ်း"

ဟောင်ချန်လည်း ပြန်ကြည့်ရင်း ခေါင်းငြိမ့်လိုက်ပါ၏။

"မင်းကို လုံချန်ထက်ပိုရင့်ကျက်လိမ့်မယ် လို့ မထင်ထားမိခဲ့ဘူး မင်းရဲ့ရဲစွမ်းသတ္တိကို
လေးစားသောအားဖြင့် ငါ့ရဲ့ သိုင်းဆယ်ကွက်ကိုတောင့်ခံ နိုင်ရင် ငါအရှုံးပေးမယ်"

"ရိုင်းလိုက်တာ"

ရှီဖန်ဒေါသတကြီးဖြင့်အော်လိုက်သည်။သူ့တစ်ကိုယ်လုံး ၏ စွမ်းအင်များပေါက်ကွဲထွက်လာသလို
ခံစားရ၏။ကြမ်းပြင်အား ခြေတစ်ချက်စောင့်၍  လက်သီးဖြင့်ရွယ်ကာ ဟောင်ချန်ထံ သူ ပြေး၀င်သွား
လိုက်ပါသည်။ထိုလက်သီးတွင် သူ့၏ စွမ်းအား အကုန်လုံးပါလေသည်။ထိုလက်သီး နှင့်လေထု ပွတ်
တိုက်ရာမှ ထွက်ပေါ်လာသော လေတိုးသံတစ်ဟူးဟူးသည်ပင် အတော်ဝေးဝေးမှ ပွဲကြည့်ပရိတ်သတ်
များကြားနိုင်သည်။

"ကောင်းလိုက်တာ"

ရှီဖန်၏ အတွင်းအား အလွန်ပြည့်ဝသော လက်သီးချက်ကိုမြင်သည်တွင် ပရိတ်သတ်များ၏ ချီးကျုးသံ
များဝေါကနဲထွက်လာသည်။သို့ငြား လုံချန်ကတော့ အလွန်အမင်း စိတ်ပူနေ၏။

၀ုန်း......

မည်သည့်အရာကမှ မတားဆီးနိုင်ဟု ထင်ရသည့် ရှီဖန့်လက်သီးမှာ တုန့်ကနဲရပ်သွားသည်။ထိုလက်သီး
ကို တားဆီးရန် ဟောင်ချန်သည် လက်တစ်ဖက်တည်းကိုသာ အသုံးပြုလိုက်ခြင်းဖြစ်သည်။တစ်ကယ်
တမ်းတွင် ရှီဖန် ၏ အရှိန်ဖြင့်ပြေးလာသည့် ခန္ဓာကိုယ် အဟုန်သည် ထိုသို့တားဆီးလိုက်သည်တွင် တစ်
ကြိမ်တည်းဖြင့် ပျောက်သွားတော့သည်။

"ဘာဖြစ်တာလည်း" ရယ်လို့ လူတိုင်းနှုတ်ဖျားမှ တစ်အံ့တစ်သြ ဖြင့်ရေရွတ်မိလိုက်ကြ၏။ရှီဖန်၏ အလွန်
ကြောက်မက်ဖွယ်ကောင်းသည့် လက်သီးသည် ဟောင်ချန် လက်ထဲတွင် လုံး၀ လှုပ်မရဖြစ်နေ၏။

"ပျော့လိုက်တာကွာ" ရယ်လို့ ပြောပြီး ဟောင်ချန် ခေါင်းတစ်ယမ်းယမ်းဖြစ်နေပါ၏။အထင်အမြင်သေးစွာ
နှင့်ပင်ဖြစ်သည်။ရှီဖန်၏ အံ့သြမှု သည် ကား ရုတ်ချည်းပင်ဒေါသအဖြစ်သို့ပြောင်းသွားတော့သည်။
ဟောင်ချန် ၏ ဗိုက်အား ကြောက်မက်ဖွယ်ရာ ခြေကန်ချက်ဖြင့် ရုတ်ချည်းကန်ချ လိုက်သလို သူ့၏
ညာလက်ကလည်း တစ်ချိန်တည်းမှာပင် ဟောင်ချန်၏လည်မျိုကို ဦးတည်ထားလိုက်ပါသည်။

သို့တိုက်ခိုက်ခြင်းသည် ချောင်ပိတ်တိုက်ခြင်းမည်ပါသည်။ဟောင်ချန် အဖို့ ပထမခြေကန်ချက်အား
ရှောင်မည်ဆိုလျှင် လည်မျိုသို့ ၀င်လာသော လက်သီးကိုမူ ရှောင်နိုင်လိမ့်မည်မဟုတ်ချေ။၎င်းသည်
အလွန် ပါးနပ်သည့် တိုက်ကွက်လည်း မည်ပါပေ၏။သို့ငြား သူ့၏ တိုက်ကွက် အား ဟောင်ချန် လုံးလုံး
ရှောင်လိမ့်မည် ဟူ၍ ရှီဖန် မထင်ထားမိခဲ့ချေ။

သို့အစား ဟောင်ချန် ထံမှ ခြေကန်ချက်တစ်ချက်ထွက်လာသည်။ထို့ပြင် ထိုခြေကန်ချက်မှာ အလွန်
လျှင်မြန်လှသည်ဖြစ်ရာ ရှီဖန် မလှုပ်ရှားနိုင်ခင်မှာပင် ခြေကန်ချက်က သူ့ထံရောက်လာပြီဖြစ်သည်။

ဖုန်း......

ဟောင်ချန်၏ ခြေကန်ချက်သည် ရှီဖန်၏ဒူးပေါ်သို့ကျရောက်သွားသည်။ပြင်းပြသည့် နာကျင်မှု အား ရှီ
ဖန်ခံစားလိုက်ရသည်။တစ်ချိန်တည်းမှာပင် သူ့၀မ်းဗိုက်အား လက်သီးတစ်ချက် ထပ်ကျလာသည်ကိုပါ
ရှီဖန်ခံစားမိလိုက်ပါ၏။

နောက်သို့ ခြေသုံးလှမ်းခန့် ရှီဖန်ဆုတ်သွားသည်။သူ့ညာဒူး သည် သွင်သွင်ကျိုးသွားပြီမှန်းရှီဖန်သိလိုက်
သည်။သို့ငြား သူ ဘာမှ ပြန်မလုပ်နိုင်ခင်မှာပင် ဟောင်ချန်ကား ရသည့်အခွင့်အရေးအားလက်လွတ်
မခံတော့ချေ။

"ဒီလူကတော်တော်အစွမ်းထက်တာပဲ ရှီဖန်အနေနဲ့ဆက်မတိုက်ခိုက်နိုင်တော့ရင် အရှုံးပေးလိုက်တာ
ပိုကောင်းမယ်"

ဟောင်ချန် ၏ အလျှင်မှာမသေးလှ။လက်သီးတစ်ချက် က ရှီဖန် ၏ လည်မြိုကိုဦးတည်ကာထပ်ထွက်လာ
ပြန်၏။ထိုလက်သီးချက်ကို ရှီဖန် လက်သီးတစ်ချက်ပြန်ပစ်သွင်းခြင်းဖြင့် ကပျာကသီ ကာကွယ်ထား
လိုက်ရပါသည်။

၀ုန်း.....

သို့ငြား....သူ့၏လက်သီးချက် မှာ ထုတ်ရုံပင်ရှိသေး ဟောင်ချန်၏ လက်သီးသည်အလွန်လျှင်မြန်လှ
သောကြောင့်အပြည့်အ၀မကာကွယ်လိုက်နိုင်ချေ။

ဖြောင်း....

ရှီဖန်၏ လက်မောင်းတစ်ဖက် ကျိုးသွားချေပြီ။

"တောင်းပန်ပါတယ် ကျုပ်အားထည့်လိုက်တာနည်းနည်းမျာသွားတယ်" ရယ်လို့ တောင်းပန်တိုးလျှိုသံဖြင့်
ပြောလိုက်သော်ငြား သူ့လက်တစ်ဖက် ရှီဖန့် ထံသို့ထပ်၀င်လာပြန်သည်။ရှီဖန်၏ ဒူးတစ်ဖက်မှာမလှုပ်
ရှားနိုင်တော့ချေ။ထို့ကြောင့် နောက်သို့ ပြန်ဆုတ်ရန်မဖြစ်နိုင်တော့။ယခုအခါတွင်တော့ ဟောင်ချန်၏
လက်သီးချက်သည် သူ့၏ ပုခုံးတစ်ဖက်သို့ လွတ်လွတ်ကျွတ်ကျွတ် ထိသွားတော့သည်။

ထိုလက်သီးချက်မှ ပြင်းထန်သည့် စွမ်းအားများ ထွက်လာသည်တွင် ရှီဖန် အဖို့သူ့၏၀မ်းဗိုက်အား အလွန်
ကြီးမားသည့် ကျောက်တုံးကြီးတစ်တုံးဖြင့် ဖိချလိုက်သလို ခံစားလိုက်ရပါ၏။အသက်ပင်ကောင်းကောင်း
မရှုနိုင်တော့ချေ။

သူနှင့်ထိုလူကြား သိုင်းပညာကွာခြားချက် သည် အလွန်ကြီးမားကြောင်း ရှီဖန် ယခုမှ သဘောပေါက်တော့
သည်။ရှီဖန် စကားပြောချင်သော်လည်း သူ့ပါးစပ်သည် ဖွင့်မရဖြစ်နေသည်။

"ရှီဖန် မင်းဆက်မတိုက်ခိုက်နိုင်တော့ဘူးဆိုရင် ဘယ်အချိန်မဆိုအရှုံးပေးလို့ရတယ်နော်" ရယ်လို့ခပ်ပြုံး
ပြုံးဖြင့် ဟောင်ချန် ပြောလိုက်သော်ငြား ၎င်း၏ မျက်၀န်းများတွင်တော့ အလွန်ရက်စက်သည့် အရိပ်
အယောင်များဖြတ်ပြေးနေကြသည်။နောက်ထပ် လက်သီးတစ်ချက် သည် ရှီဖန်၏ ၀မ်းဗိုက်သို့ပြေး၀င်
လာပြန်သည်။

ဖုန်း......

ရှီဖန် လွင့်ထွက်သွားသလို ပါးစပ်နှင့်အပြည့်သွေးများလည်းအံချလိုက်သည်။အားပြင်းလွန်းသည်ကြောင့်
စင်မြင့်ထက်ကပင် ရှီဖန် လွင့်ကျလာခဲ့ပါ၏။လုံချန် ခပ်သာသာ ခုန်၍ ရှီဖန်ကို ပွေ့ယူထားလိုက်သည်။
လုံချန် စူးစမ်းကြည့်လိုက်သည်တွင် ရှီဖန်၏ ဒူးတစ်ဖက်ကျိုးသွားပြီး လက်မောင်းတစ်ဖက်မှာလည်း
ပြုတ်သွားပြီဖြစ်ကာ နောက်ဆုံးထိုးလိုက်သည့် လက်သီးချက်ကြောင့် သူ့၏ ချီစီးဆင်းရာ လမ်းကြောင်း
များ ပျက်ဆီးမတတ်ဖြစ်သွားသည်ကို တွေ့ရ၏။၎င်းသည် ရှီဖန်အား ဒုက္ခိတ တစ်ယောက် ဖြစ်သွားမတတ်
ပင် ဖြစ်စေသည်။

ကွင်းပြင်တစ်ခုလုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။အစောပိုင်းတွင်မှ စင်မြင့်
ထက်တွင် တစ်ယောက်ပြီး တစ်ယောက်အား အလဲထိုးလာသည့် ရှီဖန်အဖို့ ထိုမျှလောက်ရုတ်ပျက်ဆင်း
ူပျက်ရှုံးနိမ့်သွားလိမ့်မည်ဟူ၍ မည်သူမှ တွေးပင်မတွေးမိကြချေ။

"ညီလေး ရှီဖန်ကသိပ်ခေါင်းမာတာကိုး ကျုပ်ထိုးလိုက်တဲ့ လက်သီးချက်ကို အရှုံးမပေးပဲကားထား
လိုက်သေးတယ် ကျုပ်တောင်းပန်ပါတယ်" ရယ်လို့ လုံချန် နှင့် အခြားသူများကို ကြည့်၍ စင်မြင့်ထက်မှ
ဟောင်ချန် ပြောလေသည်။သို့ငြား ထိုအကြည့်ထဲတွင် လှောင်ပြောင် မှုများကို တော့ လုံချန်သတိထား
ဖြစ်အောင်ထားဖြစ်လိုက်သည်။

"လက်သီးမှာ မျက်စိမပါဘူး မင်းအပစ်တင်ချင်ရင် အရည်အချင်းမရှိပဲစင်ပေါ်တက်တဲ့ ကောင်ကိုပဲ
အပစ်တင်ပေါ့ကွာ သတ်မပစ်လိုက်တာပဲ တော်လှပြီ" ရယ်လို့ ဝေချိုင်ခေါင်းတစ်ယမ်းယမ်းဖြင့်ပြော
လေသည်။

"စောက်အဖိုးကြီး....ပါးစပ်ပိတ်ထားစမ်း"

ဒေါသတကြီးဖြင့် အော်လိုက်သည့် လုံချန့် အသံကြောင့် လူတိုင်းတုန်လှုပ်ကုန်ကြပါ၏။နှစ်စဉ်နှစ်တိုင်း
သိုင်းပြိုင်ပွဲများ အားလက်လွတ်မခံကြည့်တတ်ကြသည့် မင်းဆွေမင်းမျိုးများပင်လျှင် တုန်လှုပ်ကုန်ကြ
သည်။ရှီဖန်၏ဦးစွာ ကုသရေးဆေးများ တိုက်ကျွေးပြီးမှ လုံချန်စင်ပေါ်သို့ တက်သွားခဲ့သည်။

"ခင်ဗျားက ကျုပ်ကိုအတင်း တိုက်ခိုက်စေချင်နေတာပေါ့ ဟုတ်လား အခု ခင်ဗျားကျေနပ်ပြီ ထင်ပါရဲ့"

ယခုအချိန်တွင် လုံချန်သည် သူ့၏ဒေါသများအားမြိုသိပ်ထားလျှက်ပင်ရှိသည်။လုံချန်မသိသည့်အချက်
တစ်ချက်သည် သူထိုသို့ဒေါသများကြိတ်ကာ မြိုသိပ်ထားလေလေ သူ့ခြေဖဝါးတွင်ရှိသော ဖုန်ဖူကြယ်
သည်အရှိန်ဖြင့် မြန်ဆန်စွာလည်ပတ်လာသည်ဖြစ်လေကိုပင်။

ရှချန်ဖုန်း ဘက်အား လှည့်ကာ လက်ညှိုးထိုး၍ လုံချန်ပြောလိုက်သည်။

"ရှချန်ဖုန်း ခွေးကောင် မင်းငါ့ကိုစောင့်နေ"

သို့နောက်တွင် သူ့စကားကိုဆက်သည်။ "ဧကရီအရှင်သခင်မခင်ဗျား ကျွန်တော်မျိုး ဟောင်ချန်နဲ့
အသေအကြေတိုက်ပွဲပုံစံနဲ့  သိုင်းပြိုင်ချင်ပါတယ်"

ဧကရီ အရှင်မ ထံသို့ လုံချန်သို့ ပြောလိုက်သည်တွင် ကွင်းပြင်တစ်ခုလုံး တစ်မုဟုတ်ခြင်း ငြိမ်ကျသွား
တော့သည်။

"လုံချန်" ရယ်လို့ ချူယောင် နှုတ်ဖျားမှ စိုးရိမ်သံလေးထွက်လာပါ၏။လုံချန် ထိမျှ ဒေါသထွက်သည်ကို
ယခင် ယခင့်များက သူမ တစ်ကြိမ်မှ မြင်ဖူးခဲ့ခြင်းမရှိခဲ့ပါချေ။သူမ အသည်းနှလုံးတွေ သိပ်နာကျင်ရ
ပါသည်။

"ဧကရီ အရှင်မ ခင်ဗျား အသေအကြေတိုက်ပွဲဟာ ယောကျာင်္းတို့ရဲ့ ရဲစွမ်းသတ္တိကိုထုတ်ဖော်ရာ
ရောက်ပါတယ် သိပ်လည်းစိတ်လှုပ်ရှားစရာ ကောင်းတာကြောင့် ကျွန်တော်မျိုးကတော့ ခွင့်
ပြုသင့်တယ်ထင်ပါတယ်"

လုံချန် အမျက်ပြင်းစွာထွက်၍ ဟောင်ချန်အား အသေအကြေ တိုက်ပွဲဖြင့် စိန်ခေါ်သည်ကို ဝေချိုင်မြင်
သည်တွင် အလွန်ပျော်နေတော့သည်။ဧကရီ အရှင်မ အကျပ်ရိုက်နေသည်။လုံချန်အား စိုးရိမ်တစ်ကြီး
ကြည့်နေသည့် ဆေးဆရာကြီး ယွမ်ချီထံသို့ သူမ မျှော်လင့်တကြီးဖြင့် ကြည့်လိုက်ပါ၏။

"ဆရာကြီး ကျွန်မကိုကူညီပါဦး" ရယ်လို့သူမပြောသည်တွင် လုံချန်လည်း ဆရာကြီးယွမ်ချီအားခေါင်း
မသိမသာငြိမ့်ပြပြီးအချိန်ဖြစ်နေသည်။

သက်ပြင်းမောကြီးတစ်ခုကို ယွမ်ချီ ချပြီးမှ......

"ဧကရီ အရှင်မကြီး ဆုံးဖြတ်နိုင်တာပဲ လုံချန်ရဲ့ စိန်ခေါ်မှုဖြစ်လို့ ကျုပ်တို့ဆေးဆရာအသင်းက ၀င်
ရောက်မနှောင့်ယှက်နိုင်ပါဘူး"

"ဒါဆို ကျွန်မ ခွင့်ပြုပါတယ်"

သူမ၏ ခွင့်ပြုမှု ကို ရသော်ငြား မည်သူမှ သြဘာမပေးကြပေ။ယခုယှဉ်ပြိုင်မှုသည် သိုင်းပြိုင်ခြင်းမဟုတ်
ပဲ သူသေကိုယ်သေ သတ်ကြမည့်သတ်ပွဲသာလျှင်ဖြစ်ပါ၏။လုံချန်အား ရှချန်ဖုန်း ဆဲရေး မိလိုက် သည်
ဖြစ်သော်လည်း ဒေါသကားမထွက်ပါချေ။သေလူတစ်ယောက်အား ဒေါသထွက်ရန်မထိုက်တန်ဘူးမဟုတ်
လား။

သူတို့၏ ထောင်ချောက်သည် ယခုမှ ပို၍ပြည့်စုံသွားပြီဖြစ်၏။ယခင်ကမူ လုံချန်နှင့်တိုက်ခိုက်ရင်း မတော်
တစ်ဆ ဖြင့် လုံချန်အား ဟောင်ချန် သတ်မိလိုက်သလိုဖြစ်အောင် စီစဉ်ထားသော်လည်း ယခုတော့
ထိုသို့လုပ်ရန်ပင်မလိုတော့။၎င်းတို့၏ အမုန်းများအား ပေါ်တင်ပင် ဖြေဖျောက်လို့ရချေပြီ။

ချုယောင်ကတော့ အလွန်အမင်း စိုးရိမ်နေပါ၏။ရှီဖန်အား ကလေးတစ်ယောက်လိုကစား ကာအလွယ်
တစ်ကူထိုးနှက်သွားသည် ကိုကြည့်လျှင် ထိုလူ၏ သိုင်းပညာသည် အလွန်အမင်း အဆင့်မြင့်ချိမ့်မည်။
လုံချန်အား အစောပိုင်းတွင် ဟောင်ချန်နှင့် ယှဉ်ပြိုင်ကြစေချင်သူများမှ ယခုတော့စိတ်ပျက်လက်ပျက်
ဖြစ်နေကြသည်။လုံချန်၏ သူသေကိုယ်သေတိုက်ပွဲ စိန်ခေါ်မှုကို ၎င်းတို့ အံ့အားသင့်နေကြပါ၏။

အချို့မိန်းမလှလေးများသည် ၎င်းတို့၏ ပါးစပ်လေးများအား အုပ်ရင်း လုံချန့်ကို ကြည်ညိုလေးစားသည့်
အကြည့်ဖြင့်ကြည့်နေကြသည်။

"မင်းသာ အစောပိုင်းကတည်းက ငါနဲ့ပြိုင်ခဲ့ရင် မင်းသူငယ်ချင်း ဒီလိုအဖြစ်နဲ့ နိဂုံးချုပ်သွားမှာမဟုတ်
ဘူး" ရယ်လို့ ဟောင်ချန် မထီမဲ့မြင် ကြည့်ရင်းသူ့အား ပြောလာသည်။လုံချန်မည်သည့်စကားနှင့်မှ
တုံ့ပြန်ခြင်းမပြုပဲ ရပ်သာရပ်နေပါ၏။

"မင်းအကြည့်တွေက ငါ့ကိုမနှစ်မြို့သလိုပဲ မင်းမျက်လုံး အရင်နှိုက်ထုတ်ပစ်ရမယ်" ရယ်လို့ပြောပြီး သိုင်း
စင်မြင့်ကြမ်းပြင်အား ခြေတစ်ချက်စောင့်လိုက်သည်တွင် လုံချန့်ရှေ့မှ ဖျတ်ကနဲ ပျောက်သွားပြီး တစ္ဆေ
တစ်ကောင်လို လုံချန့်ဘေး၌ ပြန်ပေါ်လာသည်။

သူ့၏အလျှင်သည် အလွန်အံ့သြဖွယ်ကောင်းလောက်အောင် ရှီဖန်နှင့် တိုက်ခိုက်တုန်းကထက်ပင်
လျှင်မြန်နေသေး၏။

"သွားသေလိုက်" ရယ်လို့မိုးခြိမ်းသံကဲ့သို့ အော်သံကြီးတစ်သံထွက်လာသည်။ပြီးမှ စင်မြင့်ထက်မှ လူရိပ်
တစ်ရိပ်လွင့်ထွက်လာသည်ကို ပရိတ်သတ်များကောင်းစွာမြင်လိုက်ကြရသည်။လူတိုင်းစင်မြင့် ထက်သို့
ကပျာကသီ လှမ်းကြည့်ရာတွင် လက်သီးကို ရှေ့သို့ဆန့်တန်းပြီး ရပ်နေသည့် လုံချန်အားဦးစွာမြင်ကြ
ရ၏။

ဟောင်ချန်မှာမူ ဆယ့်ငါးမီတာခန့်လွင့်ထွက်သွားသည်။တုန်လှုပ်မှုများကား သူ့မျက်နှာတွင်အထင်းသား
ပင်။

"ဘာတွေဖြစ်ကုန်တာလည်း"

"ကျုပ်လည်းမမြင်လိုက်ဘူး"

"လုံချန် ထိုးလိုက်လို့ ဟောင်ချန် လွင့်ထွက်သွားပုံပဲ"

ပရိတ်သတ်များ ၏ ဆွေးနွေးပြောဆိုသံများသည့် တစ်စထက်တစ်စ ကျယ်လာသည်။ဖက်တီးယု နှင့်
အခြားသူများ၏ သြဘာ ပေးသံများတစ်ခဲနက် ပေါ်လာသည်တွင် အခြားပရိတ်သတ်များ၏ သြဘာ
သံများသည်လည်း ၎င်းတို့၏ နောက်တွင်ဆက်တိုက်ဆိုသလိုထွက်လာတော့သည်။

ထိုသြဘာပေးသံများကို လုံချန်နည်းနည်းမှ ဂရုမစိုက်ချေ။

"မင်း ဒီနေရာကနေ ဒီနေ့အသက်ရှင်လျှက်ထွက်သွားနိုင်ခဲ့လို့ရှိရင် ငါလုံချန်မဟုတ်တော့ဘူး"

၀ုန်း......

လုံချန့်ထံမှ ရုတ်ချည်း ထွက်ပေါ်လာသည့် စွမ်းအင်ပေါက်ကွဲမှုများကြောင့် ကြောက်မက်ဖွယ်ကောင်း
သည့် လေလှိုင်းများ အရပ်ရှစ်မျက်နှာသို့ပျံ့နှံ့ကုန်သည်။ထိုကြောက်မက်ဖွယ် လေလှိုင်းများသည်
လူအများအား ချက်ချင်းပင် မူပျက်ကုန်စေပါ၏။

Patriarch MK Aung

#########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၄၂)ဘုံကိုးခုအားကိုင်လှုပ်ခြင်း

အုန်း.....

လုံချန်၏ကိုယ်မှထွက်လာသော လေလှိုင်းများသည် အရပ်ရှစ်မျက်နှာသို့တိုင်ရိုက်ခတ်လျှက်ရှိသည်။

"ဘယ်လို"

မင်းဆွေးမင်းမျိုးများသည်ပင်လျှင် ၎င်းတို့ကိုယ်၎င်းတို့ မထိန်းချုပ် နိုင်အောင်ဖြစ်သွားကြရပါ၏။ထိုပေါက်
ကွဲမှုပြီးသည်နှင့် လုံချန့် နောက်တွင် မပီမပြင် ခပ်ရေးတေးတေး ဖြစ်နေသည့် လေပွေ7ခု ပေါ်လာသည်။

"လုံချန် က အခုမှ ချီအဆင့်7 ပဲ ရှိသေးတာပါလား"

မြောက်များစွာသော တိုက်ပွဲများတွင် လုံချန်သည် သူ့၏အစစ်အမှန်သိုင်းစွမ်းရည်အား တစ်ကြိမ်မှ ထုတ်
ပြခဲ့သည်ဟူ၍ မရှိချေ။သို့ကြောင့် လူအများက လုံချန်သည် သွေးနှောအဆင့်သို့ ရောက်ပြီးသူတစ်
ယောက်ဖြစ်ကာ သူ့၏ သိုင်းပညာအစစ်အမှန်ကို ဖုံးကွယ်ထားခြင်းဖြစ်ချိမ့်မည်ဟူ၍ ယူဆနေကြသည်။

သုိ့ငြား ယခုလို လုံချန်၏ အစစ်အမှန်အော်ရာများ ထွက်လာသည့် အချိန်မှပင် လုံချန်သည် အဆင့် 7
ချီအဆင့်တွင်သာ ရှိသေးကြောင်း ပရိတ်သတ် များ သဘောပေါက်ကုန်ကြပါ၏။

"ဒါပေမယ့် ချီ အဆင့် 7 ပဲ ရှိသေးသူတစ်ယောက်ရဲ့ အော်ရာက ဘာလို့ ဒီလောက်ကြောက်စရာကောင်း
နေရတာလည်း"

အချို့လူများသည် တစ်ခုခုမှားနေပြီဖြစ်မှန်းသိကြသည်။လုံချန်၏ ကိုယ်မှထွက်သည့် အော်ရာများမှာ
အလွန်ကြောက်စရာကောင်းသည်။၎င်းအော်ရာ များသည် ချီအဆင့်7 သို့ရောက်နေသူသိုင်းသမား
တစ်ယောက်၏ အော်ရာနှင့် ဘယ်လိုမှမတူညီပါချေ။

ရှချန်ဖုန်း၊ဝေချိုင်နှင့်အခြားသူများဆိုလျှင် အံ့အား အသင့်ကြီးသင့်လျှက်ပင်ရှိပါသည်။ယင်းသို့သောအရာ
မျိုးအား ၎င်း တို့အဖို့ ပထမဆုံးအကြိမ်မြင်ဖူးခြင်း ကြားဖူးခြင်းဖြစ်၏။

၀ုန်း......

စင်မြင့်ကြမ်းပြင် အား လုံချန်ခြေတစ်ချက် အဆောင့်တွင် စင်မြင့်တစ်ခုလုံးတုန်ခါပြီး ဝုန်းကနဲ အသံ
ကြီးမြည်ဟီးသွားပါ၏။ဟောင်ချန်ထံသို့ သူ ပြေး၀င်သွားသည်။လုံချန်၏ လက်သီးသည် အလွန်ကြီးမား
သည့် တူကြီးနှင့်ထုချ လိုက်သလို ဖြစ်၍ လက်သီးသွားရာ လမ်းကြောင်းတစ်လျှောက် လေပြင်းများ
တစ်ဟူးဟူးတိုက်ခတ်သွားပါသည်။

အေးစက်စက် လေသံဖြင့် ဟောင်ချန် နှာခေါင်းရှုံ့လိုက်သလို သူ့ခန္ဓာကိုယ်သည် တစ်ချက်မျှ တုန်ခါ
သွားသည်တွင် ပတ်၀န်းကျင်၌ လေလှိုင်းများ ထွက်လာသည်။လုံချန်ထံမှ ၀င်လာသော လက်သီးချက်
အား လက်သီးတစ်လုံးပြန်ပစ်သွင်း လိုက်ခြင်းအားဖြင့် ဟောင်ချန် ကာထားလိုက်လေသည်။

ထိုလက်သီးနှစ်လုံး ထိခိုက်မိချိန်၌ ကမ္ဘာတုန်လှုပ် လောက်သည့် အသံကြီးမြည်ဟီးသွားပါ၏။လက်သီး
နှစ်ခု ထိခိုက်မိရာမှ ထွက်လာသော ချီဓာတ်များ သည်အရပ် 32 မျက်နှာသို့ ပျံ့နှံ့ဖုန်းလွှမ်းကုန်တော့သည်။

လုံချန်၏ လက်သီးသည် တောင်တစ်လုံးကဲ့သို့လေးလံသလို မိုးသက်လေပြင်းများ ကျရောက်သကဲ့သို့
လည်းပြင်းထန်လှပါ၏။ဟောင်ချန် ၏ အမူအယာ ပြောင်းသွားပြီးလျှင် ထိုလက်သီးချက်အား ခုခံရန်
အသံနက်ကြီးဖြင့် ကြုံးဝါးကာ အင်အားကုန် သုံးခဲ့ရပါသည်။

အုန်း........

မီတာသုံးရာခန့်မျှ ရှိသော စင်မြင့်ကြီးသည် ၎င်းတို့နှစ်ယောက်၏ စွမ်းအားများ ကို တောင့်ခံနိုင်ခြင်းမရှိ
တော့ပါချေ။စင်မြင့်ကြီးသည် အပိုင်းပိုင်းအစစ ကျိုးထွက်ကာ သို့ကျိုးထွက်လာသည့် အစိတ်အပိုင်း
များသည် ပရိတ်သတ်များထံ သို့ လွင့်ပျံလာသည်ကြောင့် ကြောက်လန့်တစ်ကြားအော်ဟစ်လိုက်ကြ
ူသည့်အသံများသည် ဘ၀ဂ်သို့တိုင် အောင်ညံလေသည်။

သို့ပေါက်ကွဲသံနှင့်အတူ အနည်းငယ်သာ ကျန်တော့သည့် စင်မြင့်ထက်တွင် ရပ်နေသော လူနှစ်ယောက်
၏ပုံရိပ်သည် ပရိတ်သတ်များ၏ မြင်ကွင်းသို့ ၀င်ရောက်လာပါ၏။

"မင်း ဒီလောက်အစွမ်းထက် လိမ့်မယ်လို့ ငါမထင်ထားဘူး" ဟူ၍ ပါးစပ်မှ စီးကျလာသည့် သွေးများကို
သုတ်ရင်း ဟောင်ချန်ပြောပါသည်။ယခု သူတွေ့နေရသည့် လုံချန်သည် မှော်သားရဲ တစ်ကောင်
လူယောင်ဆောင်ထားသည်နှင့်ပင်တူနေသေးတော့သည်။ဟောင်ချန် ဒဏ်ရာအနည်းငယ် ရသွားချေပြီ။

"ခင်ဗျားထင်မှတ် မထားတဲ့အရာတွေ အများကြီး ရှိသေးတယ် ချူယောင် ဒါမှမဟုတ် ကျုပ်ညီအကို
လို ခင်မင်ရသူ ကို အသုံးချပြီး ခင်ဗျားကျုပ်ကို ဒေါသထွက်အောင် မလုပ်ခဲ့သင့်ဘူး" ဟု အေးစက်စက်
လေသံဖြင့် လုံချန် ပြန်ပြောလိုက်သည်။

"ဟားဟားဟား ကြွားလိုက်တာကွာ ငါ့မှာဒီလောက်အစွမ်းလေးပဲ ရှိတယ်လို့ မင်းထင်နေလား
ဒီနေတော့ မင်းကို ညာဏ်အလင်း နည်းနည်းပွင့်သွားအောင် ငါပြမှပဲ"

ဟောင်ချန်၏ အော်ရာများ တည်ငြိမ်စွာဖြင့်ထွက်ပေါ်လာသည်။ပထမတွင် ဟောင်ချန်၏ အော်ရာသည်
အဆင့်လေး သွေးနှောအဆင့် သာ ရှိသော်ငြား သူ့၏အော်ရာမှာ လျှင်မြန်စွာအဆင့်မြင့်တက် လာ
ခဲ့ပါ၏။

"သွေးနှော ပဉ္စမအဆင့်"

"သွေးနှော ဆဋ္ဌမ အဆင့်"

"သွေးနှော သတ္တမ အဆင့်"

ဆေးဆရာကြီးယွမ်ချီသည် မျက်နှာကွက်ကနဲပျက်သွားသည်။ဟောင်ချန် သွေးနှော နှောင်းပိုင်း အဆင့်
သို့ရောက်နေချိမ့်မည် ဟူ၍ သူမည်သည့်အခါမှ မတွေးမိခဲ့ပါချေ။ရိုးရိုး ချီအဆင့်သည်ပင်လျှင် အဆင့်သုံး
နှင့်အဆင့်လေးကြား ကွာဟချက်သည် သိပ်ကို ကြီးမားပါ၏။ထို့အတူ သွေးနှော ဆဋ္ဌမ အဆင့် နှင့်
သတ္တမ အဆင့်ကြား ကွာခြားချက်သည်လည်း များစွာကြီးမားလေသည်။

ထိုသို့ အဆင့် တစ်ခုနှင့် တစ်ခုကြားကွားဟချက် ကြီးမားမှုကား သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်မှု
စွမ်းအား တွင် များစွာစကားပြောလေတော့သည်။သို့ကြောင့်ပင်လျှင် သွေးနှောအဆင့် နှင့် အခြားသိုင်း
ပညာ အဆင့်များအား ကနဦး အလယ် နှင့် နှောင်းပိုင်းဟူ၍ သုံးပိုင်းခွဲခြားထား ခြင်းဖြစ်ပါ၏။

သို့လျှင်....ဟောင်ချန်၏ ခန္ဓာကိုယ်မှ အဆင့် 7 သွေးနှောသိုင်းသမား တစ်ယောက်၏ အော်ရာများ
ထွက်လာသည်တွင် လူတိုင်းရင်ထဲ လေးလံသွားကြလေသည်။

"ကဲ.....အခုမင်းသိပြီလားကောင်လေး မင်း သေ ပြီ"

စကားသည်ပင် ဆုံးအောင်မပြောလိုက်ပဲ လုံချန်ထံ ဧရာမ လက်သီးကြီးနှင့် ဟောင်ချန် ထိုးချလိုက်တော့
သည်။လုံချန်၏ရင်ထဲ ထိတ်ကနဲဖြစ်သွားပါ၏။သူ့၏မသိစိတ်မှ ထင်မှတ်ထားသည်ကား မှန်ချေပြီ။ဟောင်
ချန်သည် သူ့၏ တစ်ကယ့်သိုင်းပညာ အစစ်အမှန်အား ဖုံးကွယ်ထားခြင်းပေကိုး။ယခုမှ ၎င်း၏ အစစ်
အမှန်သိုင်းပညာ ပေါ်လာချေပြီ။

ပထမတွင် လုံချန်သည် ဟောင်ချန် နှင့်တိုက်ခိုက်လိုစိတ်မရှိပေ။သို့ငြား ယခု သူသည်ဒေါသများ ဖြင့်
အရူးတစ်ယောက်လိုဖြစ်နေပြီ ဖြစ်၍ ဆင်ခြင်တုံ တရားလည်း ကင်းမဲ့နေချေပြီ။ဟောင်ချန်သည် သူ့
အား ကလေး တစ်ယောက်ကဲ့သို့ ကြည့်နေသည်ကို မြင်သည်တွင် လုံချန်၏ ဒေါသများ နောက်တစ်
ကြိမ် ထပ်ဖြစ်လာရပြန်ပါသည်။သို့လျှင်  သူ့၏ ဒန်တမ်ထဲတွင် ရှိသော စွမ်းအင် စက်ကွင်း 7 ခုသည်
လည်း ၎င်းတို့၏ အမြင့်ဆုံး စွမ်းအင်ထုတ်ပေးနိုင်သည့် အဆင့်သို့တိုင်အောင် လည်ပတ်လျှက်ရှိလေသည်။

ထိုစွမ်းအင်များဖြင့် ဟောင်ချန် ထံသို့ လက်သီးတစ်လုံး သူ ပစ်သွင်းလိုက်ပါ၏။နောက်ထပ် ပေါက်ကွဲ
မှုတစ်ခု နှင့်အတူ အလွန်ပြင်းထန် သည့် အားကြီးတစ်ခု သူ့အပေါ်ဖိချလိုက်သလို လုံချန်ထင်လိုက်မိ
ပါ၏။ထိုခံစား ချက်သည် နွားရိုင်း တစ်ကောင် သူ့ကို ၀င်စောင့်လိုက်သည့် ခံစားချက်မျိုးလည်းဖြစ်
လေသည်။ရုတ်ချည်းဆိုသလို လုံချန် နောက်သို့လွင့်ထွက်သွားပါသည်။

သိုင်းစင်မြင့်မှ ကျိုးပဲ့ထွက်နေသည့် အုတ်ကျိုးတစ်ခုပေါ်သို့ သူ ကျသွား၏။သို့ငြား.....အရှိန်မသေး သေး
ပဲ အကျိုးအပဲ့ များနှင့်ပွတ်တိုက်ကာ နောက်သို့ 7 မီတာခန့် လွင့်သွားသေးသည်။

"ကြောက်စရာကောင်းလိုက်တာ အလယ်အဆင့်နဲ့ နှောင်းပိုင်းအဆင့် ကွာခြားမှုက ကြီးမားပေမင့်ကိုး"

လုံချန် မတ်တပ်ပြန်ရပ် ရင်း အံ့အားသင့်နေတော့သည်။ဟောင်ချန် နှင့် သူ ပထမတစ်ခါ စားသောက်
ဆိုင်တွင် တွေ့တုန်းက ဟောင်ချန်သည် သူ့အား အဆင့်လေး သွေးနှောအဆင့်၏ သိုင်းပညာကိုသာ
ထုတ်ပြခဲ့ပါ၏။ယခုအခါတွင်မူ လုံချန်သည် ဟောင်ချန် အား မတားဆီးနိုင် တော့ပြီ ဟူ၍ ထင်မြင်လျှက်
ပင်ရှိပါသည်။သွေးနှောအဆင့်၏ ကနဦး ပိုင်းနှင့် နောက်ပိုင်းအဆင့်များ၏ ကွာခြားချက်အား လုံချန်
သိပ်ကို အံ့အားသင့်ရလေသည်။

စားသောက်ဆိုင်တွင် ကိုကြာပွတ်နှင့် သူ တိုက်ခိုက်ခဲ့သည်တုန်းက ဆိုလျှင် ကိုကြာပွတ်သည် ကနဦး
သွေးနှောအဆင့်သို့ ရောက်နေသော်ငြား သူ့ကို ထိုအဆင့်နှင့် ညီမျှ သည့်သိုင်းပညာ မျိုးဖြင့် ပြန်လည်
တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပါချေ။

ယခုအခါတွင် လုံချန်သည် သူ့၏ ဖုန်ဖူကြယ်နှင့် စွမ်းအင်စက်ကွင်း 7ခု အား အောင်မြင်စွာ သန့်စင်နိုင်
ပြီးချေပြီ။သူ့၏ စွမ်းအင်သည် မူလထက် 7ဆခန့်မျှ တိုးတက်လာသော်ငြား သွေးနှော နှောင်းပိုင်းသို့
ရောက်နေသည့် ဟောင်ချန် ကိုတော့ လုံး၀နိုင်အောင် မတိုက်ခိုက်သေးပဲ ဖြစ်နေပါ၏။

"မင်းလို အမှိုက်တစ်စ က ငါ့ကိုစိန်ခေါ်ရဲတယ်ပေါ့ လူတွေကို မင်းမျက်နှာ ဘယ်လိုပြမလည်း
ငါ့ကိုပြက်လုံး လာမထုတ်စမ်းပါနဲ့ကွာ"

လုံချန့်ထံ သူ ခပ်ဖြေးဖြေးလျှောက်လာခဲ့ပါသည်။အထင်သေး အမြင်သေး အပြုံးတစ်ခုကား သူ့နှုတ်
ခမ်း၌ တွဲလွဲ ခိုလျှက်ရှိပါ၏။

"မင်းလို လူတစ်ယောက်က ငါနဲ့အတူ တစ်လောကထဲ အသက်ရှင်နေဖို့ မတန်ဘူး
ကဲ... ငါ မင်းကို အဆုံးသတ်ပေးပါရစေ"

"မလုပ်ပါနဲ့" ဟူ၍ အော်ဟစ်ကာ ချူယောင် ရှေ့သို့ပြေးထွက်မိမတတ်ဖြစ်သွားသည်။

"မရိုင်းနဲ့ အသေအကြေ သိုင်းပြိုင်ပွဲကို ဘယ်သူမှ ၀င်ရောက်နှောင့်ယှက်ခွင့် မရှိဘူး" ဟူ၍ ဧကရီ အရှင်
မ မျက်နှာသည် တစ်ချက်ညို သွားပြီး ချူယောင်အား သတိပေးလိုက်သည်။သို့လျှင်....တစ်ဒါဇင်ကျော်
ခန့်မျှ ရှိသော အစောင့်များသည် ချုယောင်၏နံဘေးသို့ ရုတ်ချည်း ရောက်လာကြပါ၏။ထို အစောင့်များ
အား ကျော်ဖြတ်၍ သွားရန် ချုယောင် အဖို့မဖြစ် နိုင်တော့ပါချေ။

"ကလေး ထိုင်လိုက်ပါ ဒီတိုက်ပွဲကို ကလေး မတားဆီးနိုင်ဘူး" ဟု ဆရာကြီးယွမ်ချီက လေအေးလေးဖြင့်
ပြောလေ၏။

"ဆရာကြီးရယ်.....လုံချန်ကိုကယ်ပါဦး" ဟူ၍ မျက်ရည်များပြည့်နေသည့် မျက်၀န်းများဖြင့် ချူယောင်
ပြောရှာသည်။

"မစိုးရိမ်စမ်းပါနဲ့လေ ကျုပ်မျက်နှာ ပျက်ချင်ပျက်ပါလိမ့်စေ လုံချန်ကို ကျိန်းသေပေါက်သွားကယ်
မှာပါ" ဟူ၍ နှစ်ကိုယ်ကြား ကြားနိုင်လောက်သည့် လေသံဖြင့် ယွမ်ချီ ပြုံး၍ ပြောမ ချူယောင်
လည်းစိတ်သက်သာရရလေသည်။သို့ပြီးလျှင်....ယွမ်ချီသည် သူ့စကားကိုဆက်ပါ၏။

"လုံချန် ဟာ သာမာန်လူတစ်ယောက်မဟုတ်ဘူး သူ့မှာ ဝှက်ဖဲတွေ ရှိကိုရှိဦးမယ်"

ချုယောင်ခေါင်းလေးကိုငြိမ့်လိုက်ပါသည်။သူမတို့ တစ်ယောက်နှင့်တစ်ယောက် သိပ်ရင်းနှီးသေးသည်
မဟုတ်သော်ငြား လုံချန်သည် အလွန်အားကိုး အားထား ပြုနိုင်မည့်သူဟု သူမထင်သည်။မည်သည့်
အတွက်ကြောင့်ကား သူမလည်း မသိချေ။သို့ငြား လုံချန်သည် သူမ အားအလွန် တွေးရခက်အောင်လုပ်
သူတစ်ယောက်ဖြစ်ပါ၏။

အစောပိုင်းက သူမ၏ အပြုအမူ နှင့် ဝိုင်းကြည့်နေသည့် လူအများအား မြင်သည်တွင် ချူယောင်မျက်
နှာလေးသည် ရဲပဒေါင်း ခတ်နေတော့သည်။ရှချန်ဖုန်းကား တည်ငြိမ်နေသည်။အဘယ့်ကြောင့်ဆိုသော်
လုံချန်သည် သေလူတစ်ယောက်သာဖြစ်ကြောင်း သူသိထားလေသည်။သို့ငြား လုံချန်အား ထိုမျှလောက်
ဂရုစိုက်တတ်သည့် ချူယောင်၏ အကဲပိုပုံကို မြင်သည်တွင် ရုတ်ချည်း သူ အော်ပြောလိုက်တော့သည်။

"ဟောင်ချန် အချိန်ဖြုန်းမနေနဲ့ ဒီကောင့်ကို လက်စသတ်ပေးလိုက်တော့"

ထိုအမိန့်အား ကြားသည့်အချိန်တွင် လုံချန့်ရှေ့သို့ ဟောင်ချန်ရောက်နေသည့်အချိန်ဖြစ်ပါသည်။

"ကောင်လေး မင်းမသေခင် အကြံတစ်ခုလောက်တော့ငါပေးပါရစေ နောက်ဘ၀မှာ မင်းရဲ့ကိုယ်ပိုင်
အစွမ်းအစကို သိပါစေ မင်းရန်မစသင့် တဲ့ အချို့လူတွေရှိတယ်" ဟုသက်ပြင်းချ၍ ဟောင်ချန် ပြောပါ၏။

အေးစက်စက်ရယ်သံ နှင့်အတူ လုံချန့်ထံသို့ ပွဲသိမ်းလက်သီး ချက်အား သူ ပစ်လွှတ်လိုက်လေတော့
သည်။သို့ငြား ထိုလက်သီးချက်သည် လေတိုးသံမျှပင် မကြားရအောင် ပကတိတိတ်ဆိတ်နေလေသည်။
လက်သီး တစ်ဝိုက်တွင်ပေါ်လာသည့် ခပ်ညစ်ညစ် အဝါရောင် အငွေ့များအား ကြည့်လျှင် အဆင့်မြင့်သိုင်း
ပညာ တစ်ရပ်ကို သုံးထားမှန်း သိနိုင်ပါသည်။

လူတိုင်းအံ့အားသင့် နေကြသည်။သူသည် သွေးနှောအဆင့် နှောင်းပိုင်း သိုင်းသမားတစ်ဦး ဖြစ်ရုံမက
အဆင့်မြင့် သိုင်းပညာလည်း တတ်မြောက်နေသေးသည်။သို့ .... သိုင်းပညာမျိုး လုံချန်တွင်မရှိရှာ။
လုံချန်သေပြီ ဆိုသည်ကို သံသယပင် ၀င်စရာမလိုတော့ပါပေ။

သွေးသံရဲရဲ နှင့် သေနေသည့် လုံချန်အား မမြင်လိုသည့် အချို့သောမိန်းမပျို လေးများမှာ ၎င်းတို့၏
မျက်၀န်းများအားတင်းကြပ်စွာမှိတ်ထားလိုက်ကြပါ၏။သို့ငြား....လုံချန်ကတော့ နည်းနည်းမှပင် ကြောက်
လန့်စိတ်ရှိပုံမရပါချေ။

"လူတွေဟာ မသေခင် အကြံကောင်းပေးကြတယ် ဟုတ်ပြီ မင်းမှန်တယ် မင်းခွန်အားကို မင်းသိပါစေ
လောက မှာ မင်းရန်မစသင့်တဲ့လူတွေရှိတယ်" ဟု မထူးခြားသည့် လေသံဖြင့် လုံချန်ပြန်ပြောလိုက်
ပါသည်။

သူ့ထံပြေး၀င်လာသည့် ဟောင်ချန်၏ လက်သီးအား လက်သီးဖြင့် သူ ပြန်ကာထားလိုက်သည်။ထိုလက်
သီးနှစ်ခု မထိခိုက်မိ တဒင်္ဂ အချိန်လေး၌ သူ့ခြေဖဝါးတွင် ရှိသော ဖုန်ဖူကြယ်သည် ပြင်းထန်စွာ လည်
ပတ်လာကာ စွမ်းအင် မှန်သမျှအား ဒန်တမ် အတွင်းသို့ပို့လေတော့သည်။

သူ့၌ လှည့်ပတ်လျှက် ရှိသည့် စွမ်းအင်စက်ကွင်းများသည်လည်း မူလကထက် ဆယ်ဆခန့်မျှ ရုတ်ချည်း
ကြီးမားလာခဲ့ကာ အလွန်ပြင်းထန်စွာ လည်ပတ်လာခဲ့သည်။အဆုံးအစ မရှိသော စွမ်းအင်ကြီးကား
သူ့တစ်ကိုယ် လုံး တွင်ပြည့်နှက်လျှက်ရှိလေသည်။

၀ုန်း........

ချီဓာတ်မှ ထွက်လာသည့် လှိုင်းများသည် အရပ် 32 မျက်နှာသို့ ပျံ့နှံ့၍ ကွင်းပြင်တစ်ခုလုံး တုန်ခါသွား
ပါ၏။ကြောက်မက်ဖွယ် စွမ်းအားကြီးသည့် ကွင်းပြင်တစ်ခုလုံးအား ဖုံးလွှမ်းသွားတော့သည်။အပြင်းအထန်
တိုက်ခတ် လာသည့် လေပြင်းများကြောင့် လူများ လွင့်ထွက်မတတ်ပင် ဖြစ်ကုန်၏။သို့ကြောင့်လျှင်....
ကြောက်လန့်တစ်ကြား အော်သံများဖြင့် လူတိုင်း နောက်သို့ဆုတ်ပြေးကြရလေသည်။

သို့...ကြောက်မက်ဖွယ် တိုက်ပွဲကြီးအား ၎င်းတို့အနေဖြင့် တစ်ကြိမ်တစ်ခါမျှမြင်ဖူးခဲ့ခြင်း မရှိကြသလို
စိတ်ပင်မကူးကြည့် မိခဲ့ကြပါချေ။ထိုစွမ်းအားမျိုးပိုင်ဆိုင်သူသည် လူသား တစ်ယောက်မှပင် ဟုတ်ပါ
လေစ။ဖုန်များသဲများ ငြိမ်ကျသွားသည်တွင် မူလ သိုင်းပြိုင်စင်ကြီးသည် တစ်စမကျန်အောင်ပြို ပျက်
သွားပြီဖြစ်လေသည်။

အလယ်၌ကား ကွက်လပ်ကြီးဖြစ်နေပြီး အလွန်မာသည့်ကျောက်ပြား ကြီးတစ်ချပ်သာ ကျန်ခဲ့တော့၏။
ယခုအခါတွင်မူ ထိုကျောက်ပြားကြီးထက်တွင် ပင့်ကူအိမ်များ ယှက်သမ်း နေသည့် အက်ကြောင်းရာ
များအား အပြည့်မြင်နိုင်ပါသည်။

ထိုကျောက်ပြားကြီးထက်၌ လက်သီးထိုးရက်သား ပုံစံဖြင့်လူနှစ်ယောက်အား တွေ့နိုင်ပါ၏။ဟောင်ချန်
အားကြည့်နေ သော လုံချန်၏မျက်လုံး များသည် မိုးကြိုး လျှပ်စီးများ လက်နေသည့်အလား တစ်လက်
လက် တောက်ပနေတော့သည်။

ဟောင်ချန် သိပ်ကို အံ့အားသင့်မိပါ၏။သူ့၏ အင်အား အကုန်သုံးထားတာတောင် လုံချန်သည် တုတ်တုတ်
မျှပင် မလှုပ်ချေ။ထို့ပြင် လုံချန်၏ လက်သီးနောက်ကွယ်၌ အဆုံးမရှိ စီးဆင်းနေသည့် စွမ်းအင်ကြီးတစ်
ရပ်ရှိကြောင်းလည်းသူ ခံစားနေရလေသည်။ထိုစွမ်းအင်ကြီးသည် သူ့အား လှိုင်းများအဖြစ် လာရောက်
ရိုက်ခတ်လျှက် ရှိ၏။

သူ့အနေဖြင့်မူ ရှိသမျှအစွမ်း အကုန်ထုတ်သုံးပြီးချေပြီ။သို့သော်လုံချန်အား မသတ်နိုင်ချေ။လုံချန်၏
အဆုံးမရှိ စီးဆင်းနေသည့် စွမ်းအင် တစ်မျိုးကြောင့် ကြောက်စိတ်ပင် အနည်းငယ် ၀င်လာပါ၏။
သို့...ကြောက်ရွံ့ခြင်းမျိုးကား သူ့ဘ၀တွင် ပထမဆုံးအကြိမ်ပင်။

အလွန်အမင်း အံ့အားသင့်မှုကြောင့် ဝေချိုင်နှင့် ရှချန်ဖုန်း တို့ပြိုင်တူပင် ဆတ်ကနဲ ရပ်မိလိုက်ကြပါ၏။
လုံချန်၏ တိုက်ခိုက်နိုင်မှု သည် ၎င်းတို့ထင်ထားသည့် နယ်ပယ်ထက် များစွာပင်ကျော်လွန်နေသည်
မဟုတ်လား။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း"

ရှချန်ဖုန်း မျက်နှာ အကြီးအကျယ်ပျက်နေသည်။ချီအဆင့် 7 လောက်သာရှိသည့် ကောင်လေးတစ်
ယောက်အင်အားသည် ဘာ့ကြောင့် ထိုမျှလောက် ပြင်းထန် အစွမ်းထက်နေရသနည်း။ထိုစွမ်းအင်
သည် သွေးနှော နှောင်းပိုင်းအဆင့် သို့ ရောက်နေသူတစ်ဦးနှင့် ညီတူညီမျှပင် ဖြစ်နေလေသည်။

သူတစ်ယောက်ထဲသည်သာမဟုတ်။လူတိုင်းဘာပြောလို့ ပြောရမှန်းမသိဖြစ်နေကြ၏။အမြဲတမ်း တည်
ငြိမ်သည် ဆိုသည့် ဆရာကြီး ယွမ်ချီပင်လျှင် အတော်လေး အံ့အားသင့်မိပါသည်။ချူယောင်မှာမူ
ပျော်လည်းပျော်သွားသလို သဘောလည်းပေါက်သွားသည်။သူမရင်ထဲ လှိုင်းလေးတစ်ခု ဖြတ်စီးသွား
သလို နွေးကနဲဖြစ်ကာ နတ်သားတစ်ပါးလိုဖြစ် နေ သည့်လုံချန်အား လှပသည့် သမင်မျက်၀န်းလေးများ
ဖြင့်  ကြည့်မိလိုက်ပါ၏။

ဖက်တီးယု နှင့် သူငယ်ချင်းတစ်သိုက်သည် စိတ်လှုပ်ရှားမှု ကြောင့်ခန္ဓာကိုယ်များပင် တုန်တုန်ယင်ယင်
ဖြစ်နေကြသည်။လုံချန်ကို သူတို့တစ်ခုခု ပြောချင်ကြသည်။မည်သို့ပင်ဖြစ်စေ လုံချန် နှင့် ယခုယှဉ်ပြိုင်
နေသူ သည် နှောင်းပိုင်းအဆင့်သို့ ရောက်နေသည့်သွေးနှော သိုင်းသမား တစ်ဦးဖြစ်သည်လေ။

လုံချန် တိုက်ကျွေးခဲ့သည့် ဆေးများကြောင့် ရှီဖန်လည်းသတိရနေပြီဖြစ်၏။သို့ငြား.....အရိုးများစွာကျိုး
သွားသည်ကြောင့် မလှုပ်မရှား နိုင်ပါချေ။

သွေးသောက် တော့မည့် မိစ္ဆာ နတ်ဘုရားတစ်ပါး အလား ဖြစ်နေသည့် လုံချန်အားမြင်သည်တွင် ရှီ
ဖန်အတော်ကလေး ရှက်မိသွားပါ၏။ထိုသိုင်းပြိုင်ပွဲဆိုသည့်အရာသည် လုံချန်အတွက်ထောင်ချောက်
တစ်ခု ဖြစ်ခဲ့သည်။၎င်း တို့သည် သူ့အားအသုံးချအား လုံချန်ကို ထောင်ချောက်ထဲသို့ ၀င်လာစေရန်
ရက်စက်စွာ ကြံစည်ခြင်းပင်ဖြစ်လေသည်။သို့လျှင်...လုံချန်လည်း ထိုအရာသည် ထောင်ချောက်တစ်ခု
ဖြစ်မှန်း သိသိ ကြီးနှင့်ပင် သူ့အတွက် ထိုထောင်ချောက်ထဲသို့ ခုန်၀င်ခဲ့ပါ၏။

ထိုအချက်ကား ရှီဖန်ကဲ့သို့ မတုန်မလှုပ် ကြောက်ရုပ်လိုလူအား မျက်ရည်တွေတွေ ကျစေသည်။

အုန်း.......

လုံချန်၏ ကြောက်မက်ဖွယ်ရာ ကြုံးဝါးသံ ထွက်လာသည်။ထို့အတူ သူ့၏ ကိုယ်မှထွက်လာသည့် ပြင်းပြ
သည့်စွမ်းအင် လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ဟောင်ချန်နောက်သို့ ဆုတ်လိုက်ရပါ၏။

"ဟောင်ချန် မင်းရဲ့သွေး နဲ့ ဒီနေရာကို ငါမဆေးနိုင်ရင် ငါ လုံချန် မနက်ဖန် နေထွက်တာကို
မကြည့်တော့ဘူး"

လုံချန်၏ အသံကား မြေကြီးအောက်မှ ထွက်လာသည့်အလား တုန်ခါလျှက်ပင် ရှိလေသည်။ထိုအသံ
ကြောင့် လေများပင် လှိုင်းထ၍ တုန်ခါကုန်သလို မိုးတိမ်များသည်လည်း ရုတ်တရက် လွင့်စင်ကုန်
လေ၏။

"ဟမ့် ... မင့်မှာ အစွမ်းထက်တဲ့ သိုင်းပညာ ရှိကောင်းရှိမယ် ဒါပေမယ့် လူသတ်တယ်ဆို
တာ ကိုယ်ပိုင်ဆိုင်ထားတဲ့ စွမ်းအားတွေနဲ့ သိပ်မဆိုင်ဘူး" ဟုပြော၍ ဟောင်ချန်ပြုံးလေသည်။
ပြီးမှ သူ့၏ စကားကို ဆက်သည်။

"ဒါပေမယ့် မင်းပြောတဲ့အထဲမှာ တစ်ချက်တော့မှန်တာရှိတယ် မနက်ဖန် နေထွက်တာကို မင်းလုံး၀
ကြည့်ရမှာ မဟုတ်ဘူး ဘာဖြစ်လို့လည်းဆိုတော့ ဒီည ငါမင်းကိုကျိန်းသေသတ်မှာမို့လို့ပဲ"

ဟောင်ချန်၏ စကားကြောင့် ယခုတိုက်ပွဲသည် လုံချန်အတွက် ထောင်ချောက်တစ်ခုဖြစ်မှန်း အချို့လူ
များ သဘောပေါက်ကုန်သည်။လုံချန် အသက်ခပ်ပြင်းပြင်းရှုလိုက်ပါ၏။လက်သီးကို အသာအယာပင်
သူ မြှောက်လိုက်သည်။သူရပ်နေသည့် ၀န်းကျင် တစ်ဝိုက်၌ လေမတိုက်ခတ် သော်ငြား သူ့၏ ၀တ်ရုံ
မှာ လေထဲသို့ မြောက်တက်နေသလို ကျောဘက်မှ အနက်ရောင် ဆံနွယ် ရှည်ကြီးများသည်လည်း
တစ်လူးလူး တစ်လွင့်လွင့်ဖြင့် ကခုန်လျှက်ပင်ရှိပါ၏။

သူ့၏ ကိုယ်ခန္ဓာ အား စစ်နတ်ဘုရား တစ်ပါး ၀င်စီးထားသကဲ့သို့ပင် ရှိလေသည်။

"ကဲ...ဒါဆိုလည်း မနက်ဖန် နေထွက်တာကို မြင်နိုင်သူဟာ ကျုပ်တို့နှစ်ယောက်ထဲကဘယ်သူ
ဖြစ်တယ် ဆိုတာ ကြည့်လိုက်ကြရအောင်"

Patriarch MK Aung

###########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၄၃)သဏ္ဍန်ပြောင်းသားရဲ

"ကောင်းပြီလေ မနက်ဖန် နေထွက်တာကို မမြင်နိုင်သူဟာ ကျုပ်တို့နှစ်ယောက်ထဲ က ဘယ်သူလည်း
ဆိုတာကို ကြည့်လိုက်ရအောင်"

လုံချန်၏ အော်ပြောလိုက်သံနှင့်အတူ သူ့၏လက်သီးတွင် အစိမ်းရောင်မီးတောက်လေး တစ်ခု ပေါ်လာ
ပါသည်။ထိုအလင်းရောင် ပေါ်လာသည်တွင် လေပြင်းများတိုက်ခတ်လာသကဲ့သို့ ၎င်း လက်သီးအောက်
တွင်လည်း တော်လဲသံ လို အသံကြီးမြည်ဟီးလာပါ၏။

သို့...မြင်ကွင်းအား ကြည့်၍ ချူယောင် ရင်ထဲနွေးထွေးသွားရသည်။ထိုသိုင်းပညာသည် လုံချန်အား သူမ
သင်ပေးထားသည့်သိုင်းပညာဖြစ်သည်လေ။သို့ငြား....အဆိုပါသိုင်းပညာ သည် လုံချန့်လက်ထဲတွင်တော့
အင်မတန် အစွမ်းထက်နေလေတော့သည်။တောင်တွေကိုဖြိုနိုင်သည်။မြစ်ချောင်း တွေကို ပြောင်းပြန်လှန်
ပစ်လိုက်နိုင်ပါ၏။ထိုသိုင်းပညာ အား အသုံးပြုခြင်းကြောင့် ပွဲကြည့်ပရိတ်သတ်များ နောက်သို့ကပျာကသီ
ဆုတ်ပေးလိုက်ရလေသည်။

"လေခွင်း လက်သီး"

လေသို့ ထိုးခွင်း၍ ထွက်လာသည့်အသံကြီးသည် မိုးကြိုးပစ်လိုက်သံကဲ့သို့ ကောင်းကင်တစ်ခုလုံးတုန်
ဟီးမတတ်ပင်ဖြစ်ချေတော့သည်။သို့...လက်သီးတစ်ဝိုက်တွင် တစ်ဟူးဟူးတိုက်ခတ် လာသည့် လေ
ပြင်းများသည်လည်း မြေကမ္ဘာ တစ်ခုလုံးအား မှုန့်မှုန့် ညက်ညက် ချေပစ်တော့မယောင်ရှိ၏။

လူ အုပ်ကြီးထံမှ အလွန်အံ့အားသင့်သည် ကြောင့်ထွက်ပေါ်လာခဲ့သော အသံများသည်ဘ၀ဂ်သို့တိုင်
ညံလေတော့သည်။လုံချန်ပိုင်ဆိုင်ထားသည့် သိုင်းပညာသည် ၎င်းတို့ထင်မှတ်ထားသည် ထက်များစွာ
မြင့်မားလှပါ၏။လုံချန်ကား ၎င်းတို့အား အလွန်တွေးရခက်စေရန် လုပ်ချေပြီ။

ဟောင်ချန်အဖို့မှာမူ လုံချန်အား လူယောင်ဆောင်ထားသည့် မှော်သားရဲတစ်ကောင်ဟူ၍ပင် ထင်စ
ပြုလာတော့၏။လုံချန်၏ လက်သီးတွင် ယင်၊ယန် ဓာတ်များဖြင့် ပြည့်နေပုံရ၍ သူ့အား ပစ်မှတ်တစ်ခု
အလား အသေ ချိန်ထားလေသည်။သူ သိပ်ကိုအံ့အားသင့်ရပါသည်။မူလတွင် သူသည် လုံချန်အား
ကံကောင်းပြီး ပြင်ပ ခန္ဓာကိုယ်အလွန်သန်မာ လာသူတစ်ယောက်အဖြစ်သာ ယူဆထားခြင်းဖြစ်၏။

ဟောင်ချန်သည် ရှချန်ဖုန်း၏ သိုင်းလက်နက်တစ်ခု အဖြစ် အသုံးတော် ခံနေရသူတစ်ယောက်ဖြစ်သည်။
သူသည် ငယ်စဉ်ကပင်လျှင် သေလုဆဲဆဲ အသက်လုပွဲများကို အကြိမ်ကြိမ်ကြုံခဲ့ရပြီဖြစ်လေသည်။
သို့လျှင်....သူ့၌ အလွန်များပြာလှစွာသော တိုက်ပွဲအတွေ့အကြုံများရှိသည် ဖြစ်၍ အစောပိုင်းက လုံ
ချန်၏ တိုက်ခိုက်မှုသည့် သူ့အားကြောက်စိတ်၀င်စေခြင်းငှာ မစွမ်းသာဟု ဆိုရချိမ့်မည်။

သူ့၏ မြောက်များလှစွာသော အတွေ့အကြုံများ အားကိုးဖြင့် လုံချန်အား အသာအယာပင် အနိုင်ယူ
လိုက်နိုင်ပါ၏။သို့ငြား...ယခုကဲ့သို့ သူ့အားပစ်မှတ်အသေထားကာ တိုက်ခိုက်သည်မျိုးတွင်မူ လုံချန်
၏ တိုက်ခိုက်မှုကို မရှောင်နိုင်တော့ပါချေ။အစွမ်းထက်သည့်စိတ်စွမ်းအင် တွင် သိုင်းပညာအားပေါင်း
စပ်လိုက်သည့်အခါ၌ ထိုတိုက်ခိုက်မှုမျိုးအား ရှောင်ရန်သည် သိပ်ကိုခက်လှပါသည်။

သို့..တိုက်ခိုက်မှုမျိုးအား လုပ်နိုင်သူများသည် အလွန်အစွမ်းထက်သည့်သိုင်းသမားများပင် ဖြစ်လေသည်။
သို့ငြား...ယခုမူ လုံချန်သည် အဆင့်7သာရှိသေးသည့် သိုင်းသမားတစ်ယောက်သာ ဖြစ်ပြီးလျှင် သို့
တိုက်ခိုက်မှု မျိုးဖြင့်တိုိက် ခိုက်နိုင်လေ၏။ထိုအချက်ကား သူ့အတွက် စဉ်းစားရအလွန်ကြပ်စေပါ၏။
အဓိပ္ပါယ်ပင် မရှိပါချေ။

လုံချန် သူ့ကို စဉ်းစားချိန်သိပ်မပေးတော့။လေပြင်းများ တစ်ဟူးဟူး တိုက်ခတ်သံနှင့်အတူ လက်သီးက
ဟောင်ချန့်ထံ ပြေး၀င်သွားချေပြီ။ထိုအခိုက်၌ ဟောင်ချန် ဘာမှပြန်လုပ်နိုင်ခြင်းမရှိချေ။အသံခပ်ကျုယ်
ကျယ် ဖြင့်တစ်ချက်ကြုံးဝါးလိုက်သည်တွင် ဟောင်ချန်၏ ခန္ဓာကိုယ်တစ်ခုလုံး အား အနီရောင် အလင်း
တန်းများ ဖုံးလွှမ်းသွား၏။ပြီးမှ...လက်သီးထဲသို့ သူ့တွင်ရှိသမျှ အစွမ်းများ အကုန်ထည့်၍ ပြေး၀င်လာ
သည့် လုံချန့် လက်သီး သို့ ချိန်ကာ ပြန်ထိုးချလိုက်ပါ၏။

၀ုန်း.....

မြေကမ္ဘာတစ်ခုလုံး တစ်သိမ့်သိမ့် တုန်သွားသည်ဟူ၍ပင် လူတိုင်းထင်မြင်မိလိုက်ကြလေသည်။သို့လျှင်..
ဧရာမ ကျောက်တုန်းကြီး တစ်ခုထံသို့ လူရိပ်တစ်ရိပ်လွင့်သွားသည် ကို လူတိုင်းကောင်းစွာမြင်လိုက်
ကြရ၏။ဆယ်မီတာခန့် ထူသည့် ကျောက်တုံးကြီးသည် ချက်ချင်းပင် အပိုင်းပိုင်းကျိုးလေသည်။
ပရိတ်သတ်များ၏ အကြည့်သည် မူလနေရာတွင်ရပ်နေသည့် လုံချန့်ထံသို့ဦးစွာရောက်ပြီးမှ တစ်စီပြို
ကျသွားသည့်ကျောက်တုံးကြီးထံရောက်သွားသည်။

ရှချန်ဖုန်းမျက် နှာ အကြီးအကျယ်ပျက်တော့၏။ထိုမျှလောက် ပြင်းထန် အစွမ်းထက်လွန်းသည့် သိုင်း
ပညာများအား လုံချန် သိုဝှက်ထားလိမ့်မည်ဟူ၍ သူတစ်ကြိမ်မှပင် မတွေးမိခဲ့ချေ။ရှချန်ဖုန်းသာလျှင်
မဟုတ်။ဝေချိုင်သည်လည်း အလွန်တုန်လှုပ်သွားသလို သူ့မျက်၀န်း၌ ရက်စက်သည့်အရိပ်အယောင်
များပင် ဖြတ်ပြေးသွားကြပါ၏။

အကယ်၍ လုံချန်၏ စွမ်းရည်များသာ ပြင်ပလောကမှ ဂိုဏ်းများသိသွားလျှင် ၎င်းတို့အနေဖြင့် လုံချန်
အား ကျိန်းသေး တပည့်မွေးကြပေချိမ့်မည်။မည်သို့ပင်ဖြစ်စေ လုံချန်သည် ငယ်လွန်းနေသေးသည်လေ။၏
ဂိုဏ်းများ၏ ထောက်ပံ့မှုဖြင့်ဆိုလျှင် လုံချန်၏ စွမ်းရည်များ မည်မျှတိုးတက်လာမည်ကို မည်သူသိနိုင်
ပါမည်နည်း။သို့ အချက်ကား လုံး၀ကို လက်မခံနိုင်ဖွယ်ရာပင်။လုံချန်အား ၎င်းတို့ အသက်ရှင်ခွင့်ပေး၍
မဖြစ်ပါချေ။

ဝေချိုင်သည် မူလကတည်းက ပင် လုံချန်အားသေလောက်အောက်မုန်းပြီး သားဖြစ်၏။လုံချန်သည် သူ့
အား များစွာအရှက်ရအောင် လုပ်ခဲ့သည်လေ။ယခုတော့ သူတို့နှစ်ယောက်အဖြစ်သည် ပြဒါးတစ်လမ်း
သံ တစ်လမ်း ကဲ့သို့ဖြစ်ချေပြီ။တစ်နည်းအား ဖြင့် ဂျင်းစိမ်းနှင့်မိဿလင် ကဲ့သို့ပင်။

အကယ်၍ ထိုနှုန်းဖြင့်သာ လုံချန် တိုးတက်သွားခဲ့လျှင် သူ့အသက်အား မခြိမ်းခြောက်လာနိုင်ဟူ၍
မည်သူအာမခံနိုင်ပါမည်နည်း။သို့ဆိုသလိုပင်..အက်ကွဲပြိုကျနေသည့် ကျောက်တုံးကြီးမှ လူရိပ်တစ်
ရိပ်ဝုန်းကနဲ ထွက်လာပါ၏။ထိုလူရိပ် ကြောင့် ပုရိတ်သတ်များထံမှ တစ်အံ့တစ်သြ အော်သံများပင်
ထွက်ခဲ့ရလေသည်။

ယခုအခါ၌မူ ဟောင်ချန်သည် အလွန်ဆိုးရွားသည့် အခြေအနေဖြစ်နေပုံရသည်။၎င်း ၏ ၀တ်ရုံများသည်
အပိုင်းပိုင်း အစစ ဆုတ်ပြဲလျှက်ရှိကာ ဆံပင်များသည်လည်း သွေးများဖြင့် ရောထွေးရှုတ်ပွနေပါ၏။
သွေးများသည် သူ့ခန္ဓာကိုယ်မှ တစ်စက်စက်ဖြင့် မြေပြင်သို့စီးကျလျှက်ပင်ရှိလေသည်။

"သိပ်ကိုကောင်းလွန်းတယ် မင်းကတော့ ငါ့ကိုအံ့သြအောင်လုပ်ပြနိုင်တယ်ဟေ့"

သို့လျှင်...ဒဏ်ရာထိုမျှပြင်းထန်နေသော်ငြား ဟောင်ချန်အသံကတော့ဖြင့် မာ၏။

"ကျုပ်လည်းခင်ဗျားကို သိပ်အံ့အားသင့်ရပါတယ်" မကောင်းသည့် ခံစားချက် တစ်မျိုးလုံချန် ခံစား
လိုက်ရပါသည်။သို့ငြား ... သို့ဖြစ်သွားခြင်းအား ဟောင်ချန်သိအောင် သူထုတ်မပြပါချေ။ပြိုင်ဘက်သည်
သူ့ အပေါ် စိတ်ဓာတ်ရေးရာပိုင်းအရ ဖိနှိပ်သွားခြင်းမျိုး မဖြစ်စေရပါ။

ဟောင်ချန်ပြုံးပါ၏။သို့ပေငြား ထိုအပြုံးသည် သွေးများပေကျံနေသည့် သူ့မျက်နှာတွင်သိပ်ကြောက်စရာ
ကောင်းနေလေသည်။ခပ်လှမ်းလှမ်း၌ ရပ်လျှက်ရှိသော ရှချန်ဖုန်းထံသို့ သူလှမ်းကြည့်လိုက်သည်တွင်
ရှချန်ဖုန်း သူ့အား မသိမသာ ခေါင်းငြိမ့်ပြလိုက်ပါ၏။

ဟောင်ချန် ရုတ်ချည်း တစ်ဟားဟား ရယ်တော့သည်။

"လုံချန် မင်းဟာ ငါထင်ထားတာထက်တောင်အင်မတန် အစွမ်းထက်ပါပေတယ် ဒါပေမယ့်
မင်းဒီနေတော့ သေဘေးကနေ ပြေးမလွတ်တော့ဘူး တစ်ကယ့် စွမ်းအားအစစ်အမှန်က
ဘာဆိုတာကို မင်းကိုငါဒီနေ့ပြမယ်"

ဟောင်ချန် ရုတ်ချည်း သားရဲတစ်ကောင်၏ အူသံမျိုးဖြင့်အူယောင် အော်ယောင်ပြုလိုက်သည်တွင်
၎င်း၏ ၀တ်ရုံသည် နှစ်ခြမ်းကွဲထွက်လာတော့သည်။ကွင်းပြင် မှ ကြည့်နေကြသည့် ပုရိတ်သတ်များ၏
ကြောက်လန့် တစ်ကြား အော်သံများထွက်လာသည်။ဟောင်ချန်၏ လက်မောင်းများသည်ကား မူလထက်
နှစ်ဆခန့်မျှကြီးထွား လာကာ အဝါရောင်အမွေး အမျှင်များပေါက်လာကြပါသည်။

အံ့အားသင့်စရာ အကောင်းဆုံးသည် တစ်ဖြေးဖြေးပြောင်းလည်း လာသည့် သူ့၏မျက်နှာပင်ဖြစ်လေ
သည်။သူ့၏မျက်နှာတွင် အမွေးအမျှင်များ ပေါက်လာသလို အစွယ်များလည်း ပြူးနေအောင်ထွက်လာ
သည်။လက်များသည်လည်း ပုံစံပြောင်းလာကြ၏။၎င်း၏ လက်သည်းများသည် စတီးလက်သည်း
များဖြစ်လာသည်တွင် အေးစက်စက် အငွေ့အသက်များသည် ၎င်း၏ခန္ဓာ ကိုယ်မှ အပြင်သို့ ပျံ့လွင့်
ရိုက်ခတ်လျှက်ပင်ရှိလေသည်။

ထိုအခိုက်၌ ဟောင်ချန်၏ ပုံစံသည် လူသားတစ်ယောက်ပုံ မဟုတ်တော့ပဲ လူသားမျိုးစပ်တစ်ယောက်
ပုံပေါက်နေပါ၏။သူ့၏ခန္ဓာကိုယ်တစ်ခုလုံး မှ လူသတ်ငွေ့များပင်ထွက်နေလေတော့သည်။

ထိုအရာကိုမြင်သည်တွင် ဆရာကြီးယွမ်ချီမျက်နှာ ကွက်ကနဲ ပျက်သွားသည်။သူ့၏ အတွေ့အကြုံများ
အရဆိုလျှင် ထိုတိုက်ကွက်သည် မည်မျှကြောက်ဖို့ကောင်းမှန်း သိလေသည်။ဘေးတွင် ထိုင်နေသည့်
ချူယောင်သည် ဆရာကြီးမျက်နှာကွက်ကနဲ ပျက်သွားသည်အား မြင်သည်နှင့် အလောတကြီး ဖြင့်
မေးလိုက်ပါ၏။

"ဆရာကြီး ဘာဖြစ်လို့လည်းဟင် ဟောင်ချန်က လူသား သားရဲကောင်ဖြစ်သွားတာလား"

"ဒီ ဟောင်ချန်ဟာ ဘယ်လိုမှ ကိုမရိုးသားဘူး သူဟာ သားရဲကျင့်စဉ်ကို ကျင့်ကြံသူတစ်ယောက်ပဲ
သူဟာ ဒီကျင့်စဉ်ကို ကောင်းကောင်းတတ်ကျွမ်းပုံလည်းရတယ် လူတစ်ယောက်ဟာ သားရဲပုံစံ
ပြောင်းသွားရင် သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်း ဟာ ကြောက်စရာကောင်းလောက်အောင် တိုးတက်လာ
လေ့ရှိတယ်" ဟူ၍ မျက်နှာအပျက်ပျက်ဖြင့် ပြန်ဖြေလေသည်။

ထို သားရဲပုံပြောင်း ကျင့်စဉ်သည် အလွန်အစွမ်းထက်သည့် ရှေးဟောင်း ကျင့်စဉ်တစ်ခုပင်ဖြစ်၏။
သားရဲကျင့်စဉ် ကျင့်သူများသည် သားရဲကောင်ပိုင်ဆိုင် သောအမတေ အားထိန်းချုပ်နိုင်သည်ဖြစ်
သောကြောင့် သို့ သားရဲကောင်၏ စိတ်အားလည်း လွှမ်းမိုးထိန်းချုပ်နိုင်ကြချေသည်။သို့ငြား ဤသို့
ထိန်းချုပ်နိုင်ခြင်း သည် ကား ခွန်အား အလွန်သန်မာ သည့် မှော်သားရဲ ကောင်၏ အလွန်သေးငယ်
သည့်အစိတ်အပိုင်း တစ်ခုကိုသာလျှင်ဖြစ်လေသည်။

သို့ပေငြား ..... မှော်သားရဲ ကောင်သည် အလွန်တရာမျှ အစွမ်းထက်လွန်းသည် ဖြစ်၍ ထိုမျှသေးငယ်
သည့်အစိတ်အပိုင်းလေးအား ထိန်းချုပ်နိုင်ခြင်းသည်ပင်လျှင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့်
ခွန်အားမျိုးဖြင့် တိုက်ခိုက်နိုင်လေသည်။

ယခုအခါ၌ ဟောင်ချန်သည် မိမိကိုယ်ကို ယုံကြည်မှုသိပ်ရှိနေပါ၏။မှော်သားရဲ ၏ သွေးအမေတေအား
သန့်စင်ပြီးချိန်မှ စ၍ အဆင့်တူခြင်းတွင် သူ့အား သိုင်းဆယ်ကွက်ပြည့်အောင် ယှဉ်နိုင်သူဟူ၍ မမြင်ဖူး
သေးချေ။

လွန်ခဲ့သည့် 2 နှစ်တွင် သူသည်မထင်မရှားဖြင့် ရှချန်ဖုန်း နောက်သို့လိုက်၍ ရှချန်ဖုန်း၏ အရေးအရာ
ကိစ္စများအား ဖြေရှင်းဆောင်ရွက်ပေးခဲ့ရလေသည်။သို့လျှင်...သူ့၏အစွမ်းအစအမှန် အား တစ်ကြိမ်
မှပင် ထုတ်ဖော်ပြသခဲ့ခြင်းမျိုး မရှိချေ။

ယနေ့၌မူ လူငယ်လေးတစ်ယောက်အား မီးကုန် ယမ်းကုန် တိုက်ခိုက်ရလိမ့်မည်ဟူ၍ သူမထင်ထားမိ
ခဲ့ပေ။သူ ဒေါသသိပ်ထွက်ရပါသည်။ရှချန်ဖုန်း၏ ခေါင်းငြိမ့် ခွင့်ပြုချက်ရလိုက်သည်တွင် သူ့၏ တန်ဖိုး
အရှိဆုံး ဝှက်ဖဲ တစ်ခုဖြစ်သည့် သားရဲကျင့်စဉ်အား အချိန်မဆွဲတော့ပဲ ထုတ်ပြခြင်းဖြစ်ပေ၏။

"အဝါရောင် အမွေး တွေကိုကြည့်ရင် ဒီလူဟာ မျက်နှာဝါ ဝံပုလွေမိစ္ဆာရဲ့ အမတေသန့်စင်ခြင်းမှာ
အဆင့် နှစ်ထိပ်ဆုံးကို ရောက်နေပုံပဲ ကလေး စိုးရိမ်စရာမလိုဘူး လုံချန်မနိုင်ရင် ဆရာကြီးကိုယ်တိုင်
သွားမယ် ဟမ့် ဒီကောင်ဘယ်လိုလုပ်မလည်း ကြည့်ချင်သေးတယ်" ဟု ပြောရင်း အလွန် စိုးရိမ်နေသည့်
ချူယောင်အား ယွမ်ချီ နှစ်သိမ့်နေပါ၏။

အကျေနပ်ကြီးကျေနပ် နေပုံရသည့် ဝေချိုင်အား ကြည့်၍ ယွမ်ချီ မျက်နှာတွင် အေးစက်စက်အပြုံး တစ်ခု
ဖြတ်ပြေးလေသည်။ထိုအခိုက်၌ လူထုသည် ပုံစံပြောင်းလည်းသွားသည့် ဟောင်ချန်အားကြည့် ကာ
ကြောက်လန့် တုန်လှုပ်လျှက် ပင်ရှိပါသည်။သို့လျှင်...ကြောက်လန့်တစ်ကြား ဖြင့် နောက်ဆုတ်ကုန်ကြ
လေသည်တွင် အတော်ဝေးဝေးသို့ ရောက်မှ ၎င်းတို့လည်း စိတ်လုံခြုံမှု ကို ခံစားရတော့သည်။

ဟောင်ချန် အားကြည့်၍ လုံချန်လည်း အံ့သြ မင်တက်မိသည်။အလွန် ကြောက်စရာကောင်းသည့် အန္တာ
ရာယ်အငွေ့အသက်အား သူခံစားမိခြင်းသည် ယခုအကြိမ်ကားပထမဆုံးပင်တည်း။ဆေးနတ်ဘုရား
၏ ဝိညာဉ် နှင့်ပေါင်းစပ်ပြီးသည်တွင် သူ့၏ အန္တာရာယ် ကျရောက်နိုင်မှု အပေါ် အာရုံခံနိုင်စွမ်းသည်
အလွန်စူးရှလာခဲ့ပါ၏။သူ့အတွက်မှု ယခု သူ့ရှေ့တွင်ရှိနေသည့် ဟောင်ချန်သည် သူ့အား အလွန်အန္တာ
ရာယ်ပေးနိုင်မည့် သူဟု သိနေလေသည်။

ဟောင်ချန်သည် သူ့လက်သည်းများအား ငုံ့ကြည့်ရင်း တစ်ချွင်ချွင် နှင့် အချင်းချင်း ခတ်ကာ စမ်း
သပ်လိုက်သေး၏။ပြီးမှ လုံချန့်ဘက်သို့လှည့်ကာပြောလေသည်။သူ့အသံသည် သံကိုခြစ်ရာမှထွက်
လာသည့် အသံကဲ့သို့ ဖြစ်၍ လွန်စွာမှပင် နားထောင်ရဆိုးပါသည်။

"မင်း နောက်ဆုံးစကား ပြောခဲ့ချင်သေးလား"

ကြောက်ရွံ့မှုကို လုံချန်ပြန်မျိုသိပ်ထားလိုက်ပါ၏။ကြောက်ရွံ့မှုသည့် သူ့အတွက် အသုံးမ၀င်ပါချေ။ယခု
တိုက်ပွဲကို သူနိုင်မှကိုဖြစ်မည်။ဟောင်ချန်၏ ကြွက်သားမျာသည် တစ်ဖြေးဖြေးဖြင့် ကြီးထွားလာကြလေ
၏။အဝါရောင် အမွေးအမျှင်များ၊သုံလက်မခန့်ရှည် သည့် အစွယ်များဖြင့် ဟောင်ချန်သည် သားရဲတစ်
ကောင်နှင့် မည်သို့မျှ မခြားတော့ချေ။

"ကျုပ် ခင်ဗျားကို တစ်ခုမေးချင်တယ်" ဟုလုံချန်ပြောလိုက်ပါ၏။

"ကောင်းပြီ မင်းရဲ့ မသေခင် နောက်ဆုံးဆန္ဒ အဖြစ် ငါယူဆပေးမယ်" ဟူ၍ လက်သည်းများအား တစ်
ချွင်ချွင် ကစားရင်း ဟောင်ချန်ပြန်ပြောသည်။

"ကျုပ်မေးချင်တာက ခင်ဗျားရဲ့ အဖေ အမေ တွေကသားရဲကောင်တွေလား ဒီလိုပုံပျက်ပန်းပျက်ကြီး
နဲ့ ခင်ဗျားကို မွေးလာတာလား ဒါမှမဟုတ် ခင်ဗျားဟာ လူတစ်ပိုင်း သားရဲတစ်ပိုင်းလား" တွေးရခက်
ုပုံစံ ကြီးဖြင့် လုံချန် ဒဲ့ မေးချလိုက်ပါသည်။

ဟောင်ချန်၏ အဖြေကား သူ့ထံသို့ ပြေး၀င်လာသည့် လက်သည်းငါးချောင်းပင်ဖြစ်လေသည်။သို့လျှင်...
ဟောင်ချန် တိုက်ခိုက်လိုက်ပြီ ဟု သူခံစားမိသည်တွင် ဟောင်ချန်လက်သည်းသည် သူ့ရင်ဘတ်နား
သို့ရောက်နေပြီဖြစ်သည်။လုံချန် နောက်သို့ကပျာကသီ ဆုတ်ပေးလိုက်ရပါ၏။

သို့...ခပ်မြန်မြန်ဆုတ်လိုက်ပေသော်ငြား သူ့၏ ၀တ်ရုံသည် ပြဲထွက်သွားပြီးလျှင် လက်သည်းရာ
အပေါက်ငါးပေါက် မှ သွေးများတစ်စက်စက် စီးကျလာလေသည်။သို့မျှ....မြန်ဆန်လှသည့် အလျှင်အား
လုံချန် သိပ်အံ့သြရပါ၏။ခြေတစ်လှမ်းသာ သူနောက်ကျလျှင် သေနှင့်ပြီ မှာ ကြာပြီပင်။အဖြစ်အပျက်သည်
မြန်ဆန်လှသည်ဖြစ်ရာ ပရိတ်သတ်အဖို့ အံ့သြချိန်ပင် မရလိုက်ပါချေ။

"မင်းပါးစပ် က မိုက်ရိုင်းလွန်းတယ် အပစ်ပေးတဲ့အနေနဲ့ မင်းကို အပိုင်းပိုင်းဆွဲဆုတ်ပစ်ရမယ်" ဟုပြော
ရင်း ဟောင်ချန်သည် သူ့လက်သည်းများအား ပါးစပ်ထဲသို့ထည့်ကာ လျှာဖြင့်အရသာခံ လျှက်နေ၏။
ထိုလက်သည်း များတွင် လတ်လတ်ဆတ်ဆတ် လုံချန်၏ သွေးများရှိနေသည်လေ။

အသက်ပြင်းပြင်းတစ်ချက် ရှု၍ လုံချန်အာရုံစိုက်ထားလိုက်ပါ၏။သူ့၏ နတ်အသိ ဖြင့်အာရုံခံနိုင်စွမ်း
အား အဆုံးထိရောက်အောင် မြှင့်ထားလိုက်သည်။သူ့၏ နမော်နမဲ့ နိုင်မှုကြောင့်သာလျှင် သူ့၀မ်း
ဗိုက်သည် ပွင့်မတတ်ပင်ဖြစ်ရချေပြီ။အမှားတစ်ခုနှင့်ပင် လုံလောက်လေပြီ။နောက်တစ်ခါ ထပ်မှား
လျှင် အလောင်းကောင် ဘ၀သို့ တန်းပြောင်းရချိမ့်မည်။

ယခုအချိန်သည်ကား သူ့အဖို့ ထိုမျှ ကြောက်လန့်ခြင်းအား ပထမဆုံးအကြိမ်အဖြစ် ခံစားရခြင်းမည်ပေ
သည်။ထို့အတူ အနည်းငယ်လည်းစိတ်လှုပ်ရှားသည်။သူ့တစ်ကိုယ်လုံးရှိ သွေးများ နွေးနေ၏။

သူမသိသည်ကား သို့...သေဘေးကြုံလာသည့်အချိန်တွင် သူ့၏ခြေဖုဝါးတွင်ရှိသည့် ဖုန်ဖူကြယ်သည်
သူကိုယ်တိုင် ထိန်းချုပ်ခြင်း သို့မဟုတ် စေ့ဆော်ခြင်းမရှိပါပဲလျှက် သူ့နဂိုအတိုင်းလည်ပတ် လာနေ
ခြင်းကိုပင်။ထိုအခိုက်၌ ၎င်း ဖုန်ဖူကြယ်သည် မည်သို့မျှနားမလည် နိုင်သည့် နည်းလမ်းတစ်ခုဖြင့်
ပုံသဏ္ဍန် အသွင် တစ်ခုသို့ပြောင်းလျှက် ရှိချေသည်။

သို့ငြား....တိုက်ပွဲထဲ၌သာ စိတ်နှစ်ထားသည် ကြောင့် လုံချန်အဖို့ ထိုအချက်အားသတိမပြုမိခြင်းဖြစ်
လေသည်။သူ့စိတ်အာရုံ အား ဟောင်ချန် အပေါ်၌သာ စူးစိုက်ထားပါ၏။မိစ္ဆာ သားရဲကောင် ပုံစံသို့
ပြောင်းနေပြီဖြစ်သည့် ဟောင်ချန်အား သူ မည်သို့လျှင် အလွတ်ပေး၍ ဖြစ်နိုင်ပါမည်နည်း။

"မင်းလို ခွေးတစ်ကောင်က ငါ့ကို အပိုင်းပိုင်းဆုတ်ဖြဲ ချင်တယ်ပေါ့ လူတစ်ယောက်အဖြစ်နဲ့တောင်
ဒီလိုမလုပ်နိုင်တာ ခုလို ဝံပုလွေလိုလို ခွေးလိုလို တစ်ကောင်ပြောတဲ့စကား ငါက ယုံရမှာလား"

ဟောင်ချန့်ထံသို့ သူ တစ်ချက်လှမ်းကြည့်လိုက်ပါသည်။သူ့အကြည့်ကားအလွန်မောက်မာသည်။ရန်
လိုသည်။သို့ငြား .... သို့ပြောလိုက်သည့် အခိုက်၌ သူ့၏ နတ်အသိအား အစွမ်းကုန်မြှင့်ထားလိုက်ပါ၏။
တစ်နည်းအားဖြင့် ဟောင်ချန်၏ လှုပ်ရှားမှုအား မပြတ်အကဲခတ် နေခြင်းလည်းဖြစ်ပေသည်။

"သေစမ်း"

သူထင်ထားသည့်အတိုင်းပင်။သားရဲ ပုံစံသို့ပြောင်းနေသည့် ဟောင်ချန်ကား ဒေါသထောင်းကနဲထွက်
သွားပုံပင်။အဝါရောင် ဝံပုလွေ တစ်ကောင် လုံချန့်ထံ လျှပ်ကနဲ ပြေး၀င်သွားသည်ကိုသာပရိတ်သတ်
များမြင်လိုက်ကြရလေသည်။

Patriarch MK Aung

#########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၄၄)သူသေ ကိုယ်သေ

ဟောင်ချန်၏ တိုက်ခိုက်မှုသည် လုံချန်ထင်ထားသကဲ့သို့ပင်ဖြစ်လာသည်။သားရဲ သဏ္ဍန်ပြောင်းကျင့်စဉ်အား သူနားမလည်သော်ငြား ထိုကျင့်စဉ်သည် သားရဲတစ်ကောင်၏ အင်အားမျိုးဖြင့် တိုက်ခိုက်ခြင်းသာ ဖြစ်ရမည်ဟူ၍ လုံချန်ယူဆသည်။

သို့..တိုက်ခိုက်မှုကား ကြောက်စရာ ကောင်းသည်ဖြစ်သော်လည်း....ထိန်းချုပ်မှု များစွာလုပ်၍ မရပဲ တိုက်ခိုက်သည်ဖြစ်သောကြောင့် ညာဏ်များသော ဝံပုလွေတစ်ကောင် ကို ကိုင်တွယ်ရခြင်းထက် ဒေါသကြီးသည့် နွား ရိုင်းတစ်ကောင်
အားကိုင် တွယ်ရခြင်းက ပို၍ လွယ်ကူမည်ဟူ၍ သူယူဆခြင်းဖြစ်၏။

လုံချန်သည် အသင့်ပြင်ထားသည် ဖြစ်သောကြောင့် ဟောင်ချန်၏ တိုက်ခိုက်လာမှုအား ချက်ချင်း
ရှောင်လိုက်နိုင်၍ ဟောင်ချန်၏ ၀မ်းဗိုက်အား ခြေတစ်ချက်ဖြင့်ပင် ပြန်ကန်လိုက်နိုင်ပါ၏။
လုံချန့် ခြေကန်ချက်ကြောင့် ဟောင်ချန် နောက်သို့ တုန့်ကနဲ ဆုတ်သွားသည်။ယခုအခါ၌ ဟောင်ချန်
သည် သားရဲ အရိုင်းအစိုင်း တစ်ကောင်လို ဖြစ်နေပြီဖြစ်၍ လုံချန်၏ ခြေကန်ချက် အား
ရှောင်ရန် မပြင်ဆင်ထားနိုင်ခဲ့ချေ။

သို့ငြား....အလွန်လျှင်မြန်သည့် ဟောင်ချန် ၏ အလျှင်အားမြင်သည်တွင် ချွေးစေများပင် သူ ပြန်
ရလေတော့သည်။သူ့၏ ခြေကန်ချက်သည် ဟောင်ချန်၏ ၀မ်းဗိုက်သို့ရောက်သည့် အချိန်တွင်
ဟောင်ချန် ၏ လက်သည်းများသည် လည်း သူ့လည်ပင်းသို့ ရောက်နေပြီဖြစ်၏။သူသာ အလွန်
သတိမထားသည် ဖြစ်လျှင် မည်သို့မျှပင် ရှောင်ချိန်ရလိုက်မည်မဟုတ်ချေ။

ထိုအချက်ကား သားရဲသဏ္ဍန်ပြောင်း ကျင့်စဉ်၏ ကြောက်မက်ဖွယ်ရာ ကောင်းသည့်အချက်
တစ်ချက်ပင်ဖြစ်ပါ၏။သို့...သားရဲသဏ္ဍန် ပြောင်းသွားသည်တွင် လူတစ်ယောက်၏ အလျှင်၊
ခွန်အား နှင့် ခုခံနိုင်စွမ်းများသည် သာမာန်ထက် အဆပေါင်းများစွာ မြင့်တက်၍ အခြားလူ
တစ်ယောက်ကဲ့ သို့ ဖြစ်သွားတော့သည်။

အူး.....

လုံချန် ၏ ကန်ချက်ကြောင့် နောက်သို့ဆုတ်သွားရသည့် ဟောင်ချန့် ထံမှ သားရဲ တစ်ကောင်၏
အော်သံ ကဲ့သို့ အော်သံတစ်သံ ထွက်လာပါ၏။ဟောင်ချန် ၏ မျက်လုံးများသည် ရဲရဲ နီနေလေသည်။
သူ့လက်သည်းများ သည် နောက်တစ်ကြိမ် လုံချန် လည်မျိုသို့ ထပ်ရောက်လာပြန်သည်။

"လေခွင်း လက်သီး"

လုံချန်သည် ူကျယ်လောင်စွာ အော်ဟစ်၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်ပါသည်။လုံချန်ပစ်သွင်း
လိုက်သော လက်သီးသည် ဟောင်ချန် ၏ လက်သည်းများအား ထိကာ နှစ်ယောက်စလုံး နောက်
သို့မီတာ အတော်များများရောက်အောင် ပြန်လွင့်လာကြ၏။

"ပြင်းလိုက်တဲ့အား"

စိတ်ထဲမှ ခပ်တိုးတိုးရေရွတ်မိလိုက်ပါ၏။ထိုမျှလောက်ကြောက်စရာ ကောင်းသည့် ဝှက်ဖဲတစ်ချပ်
ဟောင်ချန် တွင် ရှိမည်ဟူ၍ သူမထင်မိပါချေ။သည် ကလိန်ကကျစ်ကောင် က အတော်ကြောင်
လက်သည်းဖွက်နေတတ်သည့် လူစားပေကိုး။လုံချန် ၏ လေခွင်းလက်သီး ကြောင့် ဟောင်ချန်
နောက်သို့ လွင့်သွားခြင်းကားမှန်သည်။သို့ငြား....သားရဲ သဏ္ဍန်ပြောင်းနေသည့် ဟောင်ချန်
သည် လုံချန် ၏ လက်သီးချက် ကြောင့် မည်သည့်ထိခိုက်မှုမျိုးမှ ဖြစ်မသွားပါချေ။

ဟောင်ချန်သည် ဒေါသအလွန်ကြီးသည့် မှော်သားရဲတစ်ကောင်ကဲ့သို့ပင် ဖြစ်နေပါ၏။
လုံချန် ကြောင့် နောက်သို့လွင့်သွားသည်တွင် အရိုင်းအစိုင်း သားရဲ တစ်ကောင်းအလား
လက်သည်းများဖြင့် လုံချန် အားချိန်ရွယ်၍ နောက်တစ်ကြိမ် ပြေး၀င်လာပြန်လေသည်။
လုံချန် အံကိုတင်းတင်းကြိတ်ထား၏။ခြေဖုဝါးတွင် ရှိသော ဖုန်ဖူကြယ်သည် နောက်
တစ်ကြိမ်လည်ပတ်လာပြန်လေသည်။

သို့လျှင်...သူ့၏ ဒန်တမ်ထဲတွင် ရှိသည့် စွမ်းအင်စက်ကွင်း 7 ခု သည်လည်း လျှင်မြန်စွာလည်
ပတ်လာကာ ခန္ဓာကိုယ် တစ်ခုလုံးမှ စွမ်းအင်များထွက်လာပါ၏။သူ့လက်သီး နှစ်လုံးသည်
ဟောင်ချန့် ထံသို့ တည့်တည့်မတ်မတ် ပင် ၀င်သွားလေသည်။

ပေါက်ကွဲသံကြီးကား ကမ္ဘာမြေကြီးပင် တုန်ဟီးသွားမတတ်ဖြစ်၏။လေပြင်းများ အရပ်လေးမျက်
နှာမှတိုက်ခတ်လာသည်။ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများ ကြောင့် အထိန့်တစ်လန့်ဖြင့်
လူတိုင်း နောက်သို့ခုန် ဆုတ်လိုက်ကြရပါသည်။

"ဘုရားရေ ဘယ်လို တိုက်ပွဲမျိုးလည်း"

"တော်တော် ကြောက်စရာ ကောင်းတာပဲ"

ပရိတ်သတ်များသည် ထိုမျှပြင်းထန် ကြောက်စရာကောင်းသည့် တိုက်ပွဲမျိုးကိုမမြင်ဖူးကြသူများဖြစ်ချေသည်။
သို့လျှင်...ကြောက်လန့်မှုကြောင့် ၎င်းတို့၏ မျက်နှာသည် ဖြူဖွေးကား ဇီးရွက်လောက်ပင်ရှိတော့၏။
ပရိတ်သတ်များ အနေဖြင့် သို့ တုန်လှုပ်နေသည့် တိုင် ဟောင်ချန် အား သားရဲကျင့်စဉ် ကျင့်သူ ဟူ၍
ထင်ခဲ့သူများ မဟုတ်ကြချေ။ထို့ပြင် ထို့ထက်ပို၍ အံ့အားသင့်စရာ ကောင်းသည်ကား အင်ပါရီယာ
မြို့တော် တစ်ခုလုံမှ အမှိုက်ဟု ယူဆထားကြသည့် လုံချန် ဆိုသည့်ကောင်လေး သည် ထိုမျှကြောက်မက်
ဖွယ် ကောင်းသည့် သားရဲ ကျင့်စဉ် ကျင့်သူ တစ်ယောက်နှင့် လက်ရည်တူ နွှဲ နေခြင်းပင်တည်း။

သို့ ကိုယ်စီ ကိုယ်စီ အံ့အားသင့်ကြသည်တွင် အံ့အားအသင့်ဆုံး လူသားနှစ်ယောက်လည်းရှိပါ၏။
ထိုသူ နှစ်ယောက်သည် ရှချန်ဖုန်း နှင့် ဝေချိုင် ပင်ဖြစ်လေသည်။သားရဲ ကျင့်စဉ် ကျင့်သူ သိုင်းသမား
တစ်ဦးဖြစ်သူ တစ်ယောက် နှင့် ချီအဆင့် 7 သာရှိသေးသည့် လက်သစ်လေး တစ်ဦး သည် လက်ရည်
တူ နွှဲနိုင်လိမ့်မည် ဟူ၍ ၎င်းတို့ မည်သည့်အခါကမှ မတွေးမိခဲ့ကြချေ။

စဉ်းစားရကျပ်နေသည်က ဟောင်ချန်ဆိုသည်မှာ ငရဲခန်းကဲ့သို့ သောအလွန်ရက်စက်သည့် သိုင်းကျင့်စဉ်
များအား အကြိမ်ကြိမ် ကျော်ဖြတ်၍အထူး လေ့ကျင့်ပေးထားသူ တစ်ယောက်ဖြစ်လေ၏။ထိုသို့ အဆင့်တူ
ငရဲခန်း ကျင့်စဉ် ဖြင့်လေ့ကျင့်ပေးထားသူများ၌ ဟောင်ချန်သည် အထူးချွန်ဆုံးလည်းဖြစ်သည်။ထို့ကြောင့်
ပင်လျှင် ရှချန်ဖုန်းအနေ ဖြင့် ဟောင်ချန်အား လက်သပ်မွေးထားသည်ဟူ ဆိုရချိမ့်မည်။

ပြောရမည်ဆိုလျှင် ဟောင်ချန်ဆိုသည်ကား ငွေကြေး ပုံအောအသုံးပြု၍ အပြင်းအထန်လေ့ကျင့်ထားသည့်
လူသတ်စက်ဟူ၍ပင် ပြောလို့ရပေသည်။အကယ်၍ ရှချန်ဖုန်း နှင့် ဝေချိုင်အား လုံချန်သာ စော်ကားမော်
ကား မပြောခဲ့လျှင် ထိုမျှ အစွမ်းထက်သည့် လူသတ်လက်နက်တစ်ခု ကို သူတို့ထုတ်ပြလိမ့်မည်မဟုတ်
ချေ။

သို့ငြား......လုံချန်သည် အံ့အားသင့်စဖွယ်ဖြင့် ဟောင်ချန်၏ တိုက်ခိုက်မှု အား ခုခံနိုင်သော်ငြား
အလွန်ပြင်းထန်သည့် ဟောင်ချန်၏ တိုက်ခိုက်မှုများ အောက်တွင် တစ်စ ထက် တစ်စ အရေး နိမ့်
လာသည်ကို ၎င်းတို့ မြင်နေကြရပါ၏။ယခု အချိန်တွင် လုံချန်၏ သိုင်းပညာအဆင့် သည် ချီအဆင့်
7 ၌သာရှိသေးသည်သာမက ဖုန်ဖူကြယ်သည်ပင် တစ်ခုသာ ရှိသေး၏။

သို့ကလိုမူကား....လုံချန်ထိန်းချုပ် ထားနိုင်သည့်ချီစွမ်းအင်များသည် ဟောင်ချန်ထက်ပင်အဆမတန်
များလေသည်။သို့လျှင်...၎င်း၏ အစွမ်းထက်သည့် ပြင်ပခန္ဓာကိုယ် ကိုသာ ကျေးဇူးတင်ရချိမ့်မည်။
သို့ မဟုတ်လျှင်မူ လုံချန်သေသွားသည်မှာကြာပြီ ဖြစ်၏။

ဟောင်ချန်၏ လက်သည်းကြား၌ လုံချန့်လက်မောင်း ပါသွားပြန်၏။သူသည် အတတ်နိုင်ဆုံး ကြိုးစား
၍ ရှောင်သော်လည်း သူ့၏ ၀တ်ရုံသည် အစိတ်စိတ်အမွှာမွှာ ပြဲလာကာ ဒဏ်ရာမှသွေးများပင်တစ်
စက်စက် ကျစပြုလာလေသည်။

ထိုအခိုက်၌ လုံချန်၏ တစ်ကိုယ်လုံး သွေးများ ပေကျံနေသည့် အစင်းရာများဖြင့်ပြည့်နေသည်။၀တ်ရုံ
ပေါ်၌လည်း သွေးများဖြင့်ရစရာပင် မရှိတော့ချေ။မြင်ကွင်း အား ကြည့်ရင်း ချုယောင် ရင်များ တစ်ဒိန်း
ဒိန်း ခုန်လာပါ၏။

"ဒီ အတိုင်းဆက်သွားလို့တော့ မဖြစ်တော့ဘူး ဟောင်ချန့် ပုံစံက  မှော်သားရဲ တစ်ကောင်လိုဖြစ်နေပြီ
သူ့ခွန်အားဟာ အင်မတန် ကြီးနေတယ် သူ့လက်သည်းတွေကလည်း စတီးတွေလိုဖြစ်နေပြီ"

လုံချန် သိပ်ကိုအံ့အားသင့်ရပါသည်။သူ့၌  ပေါင်းစပ်နေသည့် ဆေးနတ်ဘုရား၏ ဝိညာဉ် မှလာသည့်
အံ့အားသင့်ဖွယ် တိုက်ခိုက်ခြင်း စွမ်းရည်များသာမရှိလျှင် ထိုမျှလောက် ယှဉ်တိုက်ခိုက်ဖို့ မဖြစ်နိုင်ချေ။

"ဆရာကြီး ယွမ်ချီ လုံချန်ကို ကယ်ပါဦးရှင်" ဟု သနားစဖွယ်အသံ လေးဖြင့် ချူယောင် အသနားခံ
နေပါ၏။

"ခဏလောက် စောင့်လိုက်ပါဦး ကလေးမ"

လုံချန်အား ယွမ်ချီ ဆက်ကြည့်လျှက်ပင်ရှိလေသည်။သူရှေ့ထွက် ရန် မဆုံးဖြတ်ရသေးချေ။အကြောင်း
မှာ သူ့စိတ်ထဲတွင် ချီတုံ့ ချတုံ့ ဖြစ်နေသည့်အကြောင်း အရာ တစ်ရပ်ရှိခြင်းကြောင့်ပင်။ဆေးပညာ၌
လုံချန်၏ အောင်မြင်မှုသည် သူပင် နှုတ်မှ ထုတ်ဖော်ချီးကျူုးရလောက်သည် ထိပင်ဖြစ်ပါ၏။

တစ်ခါတွင်...ဆေးပညာနယ်ပယ်၌သာ အာရုံစိုက်ထားစေလိုကြောင်း လုံချန်အား သူအကြံပေးဖူးသည်။
သို့....ပါရမီ မျိုးနှင့်ဆိုလျှင် လုံချန်သည် ဆေးပညာနယ်ပယ် တွင် အလွန်ထင်ရှားကျော်စောမည်ကိုသူ
သိသည်။

သိုငြား....ယနေ့ တွင်မှ သူမြင်တွေ့ရသည့် လုံချန်၏ သိုင်းပညာသည် အလွန်တုန်လှုပ်စရာ ကောင်းနေပြန်
သည်။အကယ်၍ လုံချန်သာ သိုင်းပညာ လမ်းကြောင်းအား ရွေးချယ်မည်ဆိုလျှင် ဆေးဆရာတစ်ယောက်
အနေဖြင့် သူလည်း တားဆီးနိုင်လိမ့်မည်မဟုတ်ပါချေ။ထို့ကြောင့် သူ မည်သို့မျှမဆုံးဖြတ် သေးခြင်း ဖြစ်၏။
လုံချန် ၏ သိုင်းပညာ တစ်နည်းအားဖြင့် တိုက်ခိုက်နိုင်စွမ်း၏ အကန့်အသတ် ဘောင်ကိုသူကြည့်ချင်သေး
သည်။

သို့မှသာလျှင် လုံချန်သည် မည်သည့်လမ်းကြောင်းဖြင့် ပိုသင့်တော်မည်ကို သူ ဆုံးဖြတ်နိုင်ချိမ့်မည်။
ဟောင်ချန်၏ လက်သည်းတစ်ချက်ထိသည်တွင် လုံချန့် ရင်ဘတ်မှ သွေးများ ဖြာကနဲ ကျဆင်းလာပြန်
ပါ၏။လုံချန် နောက်ထပ် ဒဏ်ရာအနည်းငယ် ထပ်ရပြန်သည်။

"လုံချန် ငါမင်းကို လွယ်လွယ်နဲ့ သေခွင့်မပေးနိုင်ဘူး ငါမင်းကိုပြောထားပြီးသားနော် မင်းကို အပိုင်းပိုင်း
ဖြစ်အောင်လုပ်ဦးမှာ"

အချိန်အတော်ကြာသည်တွင် ဒေါသအပြင်းအထန် ထွက်နေသည့် ဟောင်ချန်သည် တည်ငြိမ်လာကာ
အေးစက်စက်လေသံဖြင့် အော်ရယ်လိုက်လေသည်။လုံချန် သူ့ကို မည်သည့်စကားမှ ပြန်မပြောချေ။
ယခုအခါ၌ ဟောင်ချန်၏ ခုခံကာကွယ် နိုင်စွမ်းသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင်
အလွန် မြင့်လျှက် ရှိကြောင်း လုံချန်သဘောပေါက်သွားပါ၏။

ဟောင်ချန်၏ သေကွင်း သေကွက်နေရာသို့ သူ တစ်ချက် ကန်လိုက်သော်ငြား....တင်္ဂမျှ ယိုင်သွားရုံသာ
ရှိပြီး ရုတ်ချည်း အကောင်းပကတိ ပြန်ဖြစ်လာသည်။သူတို့နှစ်ယောက် တိုက်ခိုက်နေသည်မှာ အမွှေး
တိုင် တစ်တိုင်ကုန်စာပင် ရှိနေပြီဖြစ်၏။ယခုအတိုင်း ဆက်သွားလျှင် သူနိုင်ရန် မဖြစ်နိုင်ချေ။

သူတစ်ခုခု လုပ်ဖို့ ကြိုးစားရမည်။

ဟောင်ချန့် ထံသို့လက်သီး တစ်ချက် ပစ်သွင်းလိုက်ပြီး နောက်သို့ ဆယ်မီတာခန့် လုံချန် ရုတ်ချည်း
ဆုတ်သွားလိုက်ပါ၏။ဟောင်ချန် သူ့နောက်သို့ချက်ချင်းမလိုက်သေးပေ။သားကောင်အား အကဲခတ်
နေသည့် ကျားတစ်ကောင်လို လုံချန့်ကိုအသာအယာ အကဲခတ်နေလေသည်။လူအုပ်ကြီးကား အပ်
ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်လျှက်ရှိပါသည်။

"မင်း ဒီလိုပဲ သူသေကိုယ်သေ ဆက်တိုက်နေမှာလား"

ဟောင်ချန် သူ့လက်ကိုယမ်းလိုက်၏။သူ့၏ ရှည်လျှားသောလက်သည်း များ၌ လုံချန် ၏ သွေးများဖြင့်
အပြည့်ဖြစ်နေသည်။ယခုအခါ၌ မူ လုံချန် ၏ ၀တ်ရုံများသည် အစိတ်စိတ်အမွှာမွှာ ပြဲလျှက်ရှိကာ
ဒဏ်ရာ အများအပြား မှ သွေးများထွက်လျှက် ရှိသည်။

"သူသေ ကိုယ်သေတိုက်တယ်ဟုတ်လား အခု အဲ့ဒိအဆင့် ထိ မရောက်သေးပါဘူး"

သူရ ထားသည့် ဒဏ်ရာများသည် ကြောက်စရာကောင်းသည်ဟု ထင်ရသော်ငြား လုံချန့်အား အကျိုး
ူသက်ရောက်သည်တော့သိပ်မရှိပါချေ။ယနေ့ တိုက်ခိုက်ရသည့် တိုက်ပွဲသည် အလွန်ခက်ခဲလိမ့်ဖြစ်
ဖြစ်ကြောင်းကို သူသိသည်။သို့...တိုက်ပွဲကား သူမွေးဖွားသည်မှစ၍ အလွန်ခက်ခဲသည့် တိုက်ပွဲ
တစ်ပွဲဖြစ်ကောင်းဖြစ်နိုင်သည်။သို့ငြား ... သူ့အတွက်နောက်ဆုံးတိုက်ပွဲတော့ လုံး၀ဟုတ်လိမ့်မည်
မဟုတ်ပေ။

အဘယ့်ကြောင့်နည်း။နောင်အနာ ဂါတ်တွင် သို့ထက်လျှင် ပိုမိုကြမ်းကြုတ် ရက်စက်သည့်တိုက်ပွဲ
များပင် သူရင်ဆိုင်လာရနိုင်လေသည်။ရှင်သန်လိုသည့်စိတ်ဖြစ်စေရန် သို့ သေးဘေးနီးသည့်ခံစား
ချက်မျိုး သူလိုအပ်ပါ၏။

အစစ်အမှန် သိုင်းသမားတစ်ယောက်ဖြစ်လာရန် မူကား သေခြင်းနှင့်ရှင်ခြင်းကြားတွင် ကြိုးတန်းလမ်း
လျှောက်သလို လမ်းလျှောက်ရချေမည်။သေမည်ကို မကြောက်သည့် စိတ်ရှိမှသာလျှင် ကိုယ့်လမ်း
ကြောင်းတွင် ရှေ့ဆက်လျှောက်နိုင်မည်ဖြစ်ပါ၏။သို့...အခြေအနေမျိုးကား သိုင်းသမားတိုင်းလိုလို
ကြုံတွေ့ခဲ့ပြီးချေပြီ။

ထိုမျှလောက် ပြသနာ လေးကိုပင် မရင်ဆိုင်နိုင်လျှင် နောင်အနာဂါတ်၌ သူ့၏ ရန်သူများအား သူ
မည်သို့ရင်ဆိုင်နိုင်ပါမည်နည်း။သူ့အား သိုင့်ကျင့်၍ မရစေရန် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်သွားသူ
များအား မည်သို့လက်စားချေနိုင်ပါမည်နည်း။

သေဖို့ရန် လက်တစ်ကမ်းသာ လိုတော့သည့်အချိန်တွင် သူ့၏ စိတ်များသည် ပိုလို့ပင် တည်ငြိမ်လာ
ခဲ့ပါသည်။ယခုမှပင် သူသေကိုယ်သေ တိုက်ပွဲကားစချေပြီ။

"မင်းပြောတဲ့သူသေကိုယ်သေ တိုက်ခိုက်မှုဆိုတာ ဘာလည်းဆိုတာကြည့်လိုက်"

လုံချန် လက်နှစ်ဖက်အား ရိုက်လိုက်သည်တွင် လက်ဝါးနှစ်ဖက်မှအဝါရောင်ဖျော့ဖျော့ မီးတောက်
များထွက်လာခဲ့သည်။ထိုမီးတောက်များသည် အဖက်ဖက်သို့ ပျံ့နှံ့သွားကာ နောက်ဆုံး၌ သူ့တစ်ကိုယ်
လုံးအား မီးတောက်များ မှ ဝါးမြိုလိုက်လေသည်။

"ဘယ်လို"

ဝေချိုင် အံ့အားသင့်လွန်းသဖြင့် ထိုင်နေရာမှ ဆတ်ကနဲ ရပ်လိုက်မိပါ၏။သူ့အကြည့်များတွင်
မယုံနိုင်ခြင်းများဖြင့်ပြည့်လျှက်ပင်ရှိသည်။

"ဆေးမီးတောက် အကာအကွယ်ပါလား ဒါ..ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း" ဟု လုံချန်ကို လက်ညှိုး
ထိုးကာ မယုံနိုင်ဟန်ဖြင့်ပြောတော့သည်။ဝေချိုင်ထက်ပင် အံ့အားသင့်သူတစ်ယောက်ကားဆရာ
ကြီး ယွမ်ချီပင်ဖြစ်၏။သို့...ဆေးမီးတောက်ဖြင့် ဒိုင်းတစ်ခုကဲ့သို့ ကာကွယ်နိုင်ခြင်းမျိုးသည် ဆေးဝိဇ္ဇာ
ကြီးများဖြစ်သည့် ယွမ်ချီနှင့်ဝေချိုင် တို့အဆင့်မျိုးသာ လုပ်နိုင်စွမ်းရှိသည့်အရာဖြစ်သည်။

သို့...လုပ်နိုင်ရန်သည် အလွန်အစွမ်းထက်သည့် ဆေးမီးတောက်လိုအပ်ရုံသာမက အလွန်စွမ်းထက်
သည့်ချီဓာတ်အပြင် စိတ်စွမ်းအင် အလွန်ကောင်းရန်လည်း လိုသည်။တစ်နည်းအားဖြင့် ကျင်ကျီ ပြောင်း
လဲမှုအဆင့် သို့ ရောက်ပြီးဖြစ်သည့် ဆေးဝိဇ္ဇာကြီးများသည်သာ တတ်နိုင်သည့်အရာဖြစ်၏။

အဆင့်သတ်မှတ်ချက်ဆိုရပါမူ လုံချန် သည် ဆေးဆရာ အဆင့်တွင်ပါ၀င်နေပြီဖြစ်သည်။သို့ငြား...၎င်း
၏သိုင်းပညာအဆင့်သည် ချီအဆင့် 7 တွင်သာရှိသေး၏။သာမာန် ဆိုလျှင် ဆေးကျင့်စဉ်နှင့် သိုင်းပညာ
သည် အဆင့်တူညီရန်မလိုအပ်ချေ။တစ်ခုနှင့်တစ်ခုကား ဆက်နွယ်ခြင်းတော့ရှိသည်။

ဆေးပညာသင်တစ်ယောက်ဖြစ်လာရန် လူတစ်ယောက်သည် အနိမ့်ဆုံးအဆင့်အနေဖြင့် ချီအဆင့်သို့
ရောက်ထားရန်လို၏။အဘယ့်ကြောင့်ဆိုသော်....ဤ အဆင့်သို့ ရောက်မှသာလျှင် ဆေးမီးတောက်
ထုတ်နိုင်ခြင်းကြောင့်ဖြစ်သည်။

သို့ငြား...ဆေးမီးတောက်ထုတ်နိုင်ရုံနှင့်တော့ ဆေးပညာသင်တစ်ယောက်ဖြစ် ပြီ   ဟူ၍လည်း ပြော၍
မရနိုင်ပြန်ပေ။သတ်မှတ်ထားသည့် အရည်အချင်း မှီအောင် ဆေးများအားသန့်စင်နိုင်မှသာလျှင် ဆေး
ပညာသင် ဖြစ်နိုင်၏။

ဆေးပညာသင်အများစုသည် သွေးနှောအဆင့်သို့ ရောက်ပြီးသူများပင်ဖြစ်လေသည်။သို့မှ မဟုတ်လျှင်
ဆေးများသန့်စင်ရာတွင် လိုအပ်သည့် ချီဓာတ်အား လုံလုံလောက်လောက် အသုံးပြုနိုင်လိမ့်မည်မဟုတ်
ချေ။အလွန်အမင်း ပါရမီကောင်းသည့် ဆေးကျင့်စဉ် လိုက်စားသူများသည်သာ လျှင် ချီအဆင့်နှင့်
ဆေးပညာသင်များ ဖြစ်လာကြပါ၏။

လုံချန်၊ရှပိုင်ချီ တို့ကဲ့သို့သော လူမျိုးများသည် ချီအဆင့်နှင့်ပင်
ဒုတိယတန်းစား ဆေးများအား သန့်စင်နိုင်သည်ဖြစ်၍ ဆေးဆရာ များအဖြစ်သို့ အရည်အချင်းမှီကြ
ပြီး ပါရမီ ရှင်များဟူ၍ သတ်မှတ်နိုင်လေသည်။

သို့ငြား...မည်မျှပင် ပါရမီပါလာသည် ဖြစ်စေကာမူ ချီအဆင့်တွင် ဆေးမီးတောက်အကာအကွယ်
ထုတ်နိုင်သည်ကတော့ အဓိပ္ပါယ်မဲ့လွန်းချေသည်။ထိုအချက်အား ဝေချိုင်ကော ယွမ်ချီပါ သိပါ၏။

ယခုအခါ၌ လုံချန့် တစ်ကိုယ်လုံးအား အဝါရောင်ဖျော့ဖျော့ မီးတောက်တစ်ခု သည် လွှမ်းခြုံလျှက်
ရှိလေသည်။သူ့၏ ရှည်လျား သည့် ဆံနွယ် များသည် ကျောဘက်၌ လေနှင့်အတူ တစ်လူလူလွင့်
လျှက်ရှိ၍ သူ့၏ မျက်လုံးများသည်ကား တစ်လက်လက်တောက်ပလျှက် ကောင်းကင်ထက်မှ ဆင်း
သက်လာသည့် မီးနတ်ဘုရားတစ်ပါးအလားပင်ဖြစ်၏။

"ကဲ ငါလာပြီ"

Patriarch MK Aung

############

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၄၅)အင်အားကြီးရန်သူအားအနိုင်ယူခြင်း

"ငါလာပြီ"

အသံနောက်၌ မီးတောက်များဖြင့် တစ်ကိုယ်လုံးဖုံးလွှမ်းနေသည့် လုံချန်သည် လေပေါ်သို့ခုန်တက်
လိုက်လေသည်။ကြောက်မက်ဖွယ်ရာ အပူဓာတ်ကြီးကား သူ နှင့်မီတာပေါင်းများစွာအကွာအဝေးသို့
တိုင် ပျံ့နှံ့ရောက်ရှိလျှက် ရှိ၏။

လုံချန် လက်သီးတစ်ချက် ထိုးလိုက်သည်တွင် သူ့လက်သီးပတ်လည်၌ ရှိနေသည့်အပူချိန်သည် လေထု
အားထိုးခွဲ၍ ကြောက်မက်ဖွယ်ကောင်းစွာဖြင့် ဟောင်ချန့် ထံသို့တည့်တည့်မတ်မတ်၀င်သွားပါ၏။
ဟောင်ချန် သိပ်ကိုအံ့အားသင့်ရပါသည်။လုံချန်၏ လက်သီးတစ်ဝိုက်၌ ဖြစ်ပေါ်လျှက်ရှိသည့် အပူဓာတ်
အားခံစားမိသည်တွင် သူ အလွန်ပင်ထိတ်လန့်လျှက်ရှိ၏။သို့လျှင်....ထိုလက်သီး အား နောက်သို့ကပျာ
ကသီဆုတ်၍ လှိမ့်ရှောင်ရလေသည်။

သို့ပေငြား...ထိုလက်သီး အား လှိမ့်ရှောင်အပြီး၌ လုံချန်၏ အေးစက်စက် အပြုံးတစ်ခု အားလည်းသူမြင်
ဖြစ်အောင်မြင်လိုက်သေးသည်။အန္တာရာယ်အချက် ပေးသံများသည် ဟောင်ချန့် ခေါင်းထဲ၌ မြည်လာပါ
၏။

အမှန်တစ်ကယ်၌မူ ထိုမျှ ပြင်းထန်သည့် လုံချန် ၏ လက်သီးထိုးချက်သည် ဟန်ပြသာလျှင်ဖြစ်၍
တစ်ကယ့်တိုက်ခိုက်မှုကား သူ့၏ခြေထောက်ဖြင့် ဟောင်ချန်၏၀မ်းဗိုက်အား ရက်ရက်စက်စက် ကန်
ပစ်လိုက်ခြင်းဖြစ်ပါသည်။လုံချန်၏ ရက်စက်သည့် ခြေကန်ချက်သည် ဟောင်ချန်၏ ၀မ်းဗိုက်အပေါ်သို့
ပြင်းထန်စွာ ကျရောက်သွားသည်။

ဟောင်ချန်၏ သည်းအူပြတ်မတတ်အော်သံကြီး သည် ညအမှောင်တွင် ဟိန်းထွက်လာ၏။လုံချန်၏ ခြေကန်
ချက်သည် ၎င်းအားမည်သို့မျှမဖြစ်စေသော်ငြား ထိုခြေထောက်တွင် လောင်မြှိုက်နေသည့် မီးများသည်
သူ့၏ အဝါရောင် အမွေးများအား လောင်လေတော့သည်။

"တိရိစ္ဆာန်တွေက မီးကြောက်တာပဲ" ဟု လုံချန် အမှတ်ရလိုက်သည်။

အမွှေးအမျှင် ထူသည့် မှော်သားရဲများသည် မီးကြောက်တတ်သည့် သဘာ၀ရှိသည်ဖြစ်ရာ သူ့၏
ဆေးမီးတောက်ကား ဟောင်ချန်ကို နှိမ်နင်းနိုင်သည့်လက်နက် တစ်ခုလည်းဖြစ်နေသည်။ဟောင်ချန်
ထံမှ မီးလောင်၍ ထွက်လာသည့် အသားညှော်နံ့များသည် လေနှင့်အတူ ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့
လျှက်ပင်ရှိပါ၏။

ဟောင်ချန်သည် မီးစွဲနေသည့် အမွေးများကို အကောင်းဆုံးကြိုးစား၍ ခါချနေသော်ငြား မီးသည် မငြိမ်း
နိုင်ဖြစ်နေ၏။၎င်း၏ အဝါရောင်အမွေးအမျှင် အများစုသည် မီးလောင်ခြင်းကြောင့် မဲတူးနေချေပြီ။ယခု
အခါ၌ ဟောင်ချန့်ပုံစံသည် မီးဖိုထဲသို့ကျသွားသည့် ကြွက်တစ်ကောင်အလား အလွန်ဆိုးရွားနေပါ၏။

ထိုမြင်ကွင်းကို မြင်သည်နှင့် ယွမ်ချီလည်း အနည်းငယ်စိတ်အေးသွားရ၏။လုံချန်အဖို့ ဟောင်ချန်၏ အား
နည်းချက်အား ခပ်မြန်မြန်ရှာတွေ့ခြင်းကား အလွန်ထူးခြားမှုပင်။ထို့ပြင် အရေးကြီးသည့်အချက်သည်
အကယ်၍ အခြားသူများအနေဖြင့် ထိုအားနည်းချက်အား သိသည်ဆိုလျှင်တောင် အခွင့်ကောင်းယူ၍
တိုက်ခိုက်ရန်မလွယ်ပေ။လုံချန်ကဲ့သို့ ဆေးမီးတောက် ထုတ်နိုင်သည် သူမျိုးသည်သာ ထိုသို့တိုက်ခိုက်
ရန် ဖြစ်နိုင်ကောင်းလေ၏။

ဟောင်ချန်၏ အရေပြားများ သည် အနက်ရောင်ပြောင်းလျှက်ရှိသည်။၎င်း၏ အမွေးအမျှင်များ အကုန်
လုံးလိုလိုမီးထဲ၌ ပါသွားပြီဖြစ်၏။ဒဏ်ရာကြီးကြီးမားမား မရလိုက်သည်ဖြစ်သော်ငြား ဟောင်ချန် မီးကို
တော့အလွန်ကြောက်သွားခဲ့လေသည်။ထိုအခိုက် ၌ လုံချန်၏ ဆေးမီးတောက်သည် ဟောင်ချန်အား
ဖိနှိပ်နိုင်သည်ကို သိသိသာသာ ပင် တွေ့နိုင်ပါ၏။

ဟောင်ချန် ဒေါသတကြီးဖြင့် အော်လိုက်သည့်အချိန်၌ပင် မီးတောက်နေသည့်လက်သီးများဖြင့်
လုံချန် ထိုးချလိုက်ပါသည်။တစ်ချက်ပြီး တစ်ချက် ဆိုသလို ဆက်တိုက်၀င်ရောက် လာသည့်လက်
သီးချက်များကို မရှောင်နိုင်တော့ကြောင်း ဟောင်ချန်သဘောပေါက်သည်။ထို့ကြောင့် အံကိုတင်းတင်း
ကြိတ်၍ ထိုလက်သီးချက်များအား ထိပ်တိုက် ရင်ဆိုင်လိုက်ရတော့၏။

လုံချန်ကို သူမကြောက်သော်ငြား လုံချန်၏ မီးတောက်လက်သီးများ နှင့် အထိုးခံလိုက်ရတိုင်း၌ သူ့၏
လက်သည်းများသည် မီးဖိုထဲ၀င်၀င်သွားသကဲ့သို့ လိမ်ကောက်ကုန်ကြလေသည်။လုံချန်၏ ထိုလက်သီး
သုံးချက်ကို သူခံရပြီးချိန်၌ သူ့တွင်လက်မရှိတော့ ဟူ၍ပင်ခံစားလာရသည်။လက်များထံမှ လာသော
အသားညှော်နံ ကို သူရနေသည်။

အစောပိုင်းတွင် လုံချန်သည် တစ်ချိန်လုံးရှောင်တိမ်းနေရသူဖြစ်သည်။ယခုအခါ၌မူ အခြေအနေကားလုံး
၀ ပြောင်းပြန်ဖြစ်သွားပါ၏။လုံချန်၏ ဆေးမီးတောက်ရှေ့၌ အမှီးကုပ်၍ ရှောင်ပြေးနေရသူသည် သူပြန်
ဖြစ်နေချေပြီ။ထိုမြင်ကွင်းအား မြင်သည်တွင် ဖက်တီးယုနှင့်သူငယ်ချင်းတစ်သိုက် ပျော်ရွှင်နေကြ၏။
သို့လျှင်...ယခုအခြေအနေအား ဆက်ထိန်းထားနိုင်လျှင် လုံချန် နိုင်ရန် သေချာပြီဖြစ်သည်။

"သူ့ကိုသတ်စမ်းဟောင်ချန်" ဟူ၍ ရှချန်ဖုန်း မတ်တပ်ရပ်ကာ အော်ပြောလိုက်ပါ၏။

လုံချန်၏ တိုက်ခိုက်နိုင်စွမ်းသည် သူထင်ထားသည်ထက်များစွာပိုနေသည်။လုံချန်အား ကြောက်ပင်
ကြောက်သလိုဖြစ်လာနေပြီဖြစ်သည်။ဆေးပညာရှင်တစ်ယောက်အဖြစ် အလားအလာကောင်းများ
စွာရှိထားသလို သိုင်းပညာ၌လည်း ပါရမီပါသူ တစ်ဦးအား သူ လျှော့တွက်၍ မဖြစ်ပါချေ။

သို့သော လူမျိုးသည် သစ္စာရှိသည့် နောက်လိုက်ကောင်းတစ်ယောက် ဖြစ်လျှင်ဖြစ် မဖြစ်လျှင် လုံး၀
ရှင်းပစ်မှသာလျှင် စိတ်အေးရပေမည်။ယခုအခါ၌ သူနှင့်လုံချန်၏ ဆက်ဆံရေးသည် ချင်စိမ်းနှင့်မိဿ
လင်ကဲ့သို့ပင်။သို့ကြောင့် တစ်ယောက်ကတော့ သေမှပင်ဖြစ်ချိမ့်မည်။သို့မှ မဟုတ်လျှင် သူစိတ်အေး
နိုင်တော့မည် မဟုတ်ပေ။

မီးတောက်များဖြင့် တစ်ကိုယ်လုံး လွှမ်းခြုံလျှက် ရှိသည့် လုံချန်အား ဟောင်ချန်သည် မုန်းတီးစွာကြည့်
မိလိုက်ပါ၏။တစ်စုံတစ်ယောက်သည် သူ့အား အရုပ်တစ်ရုပ်ကဲ့သို့ ကစားလိမ့်မည်ဟူ၍ ဘယ်တုန်းကမှ
မတွေးမိခဲ့ချေ။

"သေစမ်း...လုံချန်"

ယခုအခါ၌မူ ချန်ဖုန်းထံမှ အမိန့်ရသည်တွင် သားရဲတစ်ကောင်ကဲ့သို့ သူအော်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ
သွေးများနှင့်ချီဓာတ်များသည် ကောင်းကင်သို့တက်သွားသည်ဟူ၍ပင်ထင်မှတ်ရလေသည်။သူ့ခန္ဓာကိုယ်
တစ်ခုလုံး သည် ချင်းချင်းနီနေတော့သည်။သွေးများသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကို ဖုံးလွှမ်းသွား
သကဲ့သို့ပင် ရှိ၏။

"ဘယ်လို"

"သွေးဖောက်ခွဲခြင်း သိုင်းကို သူ သုံးနိုင်တယ်ဟုတ်လား"

"တော်တော် ကြောက်စရာကောင်း တာပဲ"

ထိုသိုင်းပညာကို သိသည့် မင်းဆွေမင်းမျိုးများ ထံမှ အထိတ်တစ်လန့်အသံများ တစ်ပြိုင်တည်းလိုလို
ထွက်လာကြပါ၏။သွေးဖောက်ခွဲခြင်း သိုင်းပညာဟူသည် အလွန်ကြောက်မက်ဖွယ် ကောင်းသည့်
လျှို့ဝှက် သိုင်းကျင့်စဉ် တစ်မျိုးဖြစ်သည်။ထိုသိုင်းပညာအား သွေးနှောအဆင့်သို့ ရောက်နေသည့်
သိုင်းသမားများသည် မိမိမည်သို့မျှ မနိုင်တော့သည့် ရန်သူမျိုးဖြင့်သာ သုံးလေ့ရှိကြ၏။အလွန်ရက်
စက်သည့်သိုင်းပညာ လည်းဖြစ်ချေသည်။

သွေးဖောက်ခွဲခြင်း သိုင်းပညာအား အသုံးပြုလျှင် သိုင်းသမားတစ်ယောက်သည် ၎င်း၏ ကိုယ်၌လည်
ပတ်လျှက်ရှိသည့် သွေးနှင့်ချီဓာတ်များအား ဖောက်ခွဲရသည်။သို့....ဖောက်ခွဲခြင်းဖြင့် တိုက်ခိုက်နိုင်
စွမ်းသည် ယာယီမြင့်တက်လာ၏။သို့ငြား...ထိုသို့ ပြုလုပ်ရခြင်း အတွက်ပြန်ပေးဆပ်ရသည့် အရင်း
အနှီးကား များစွားကြီးမားလေသည်။

သိုင်းသမား တစ်ယောက်အနေဖြင့် ထိုသိုင်းပညာကို အသုံးပြုလျှင် ထိုသိုင်းသမားသည် လက်ရှိ သိုင်း
ပညာ၌သာ ရပ်သွားပြီး မည်သို့မျှရှေ့ဆက်ကျင့်၍ မရတော့ပေ။သို့လျှင်...ထိုသိုင်းသမား ၏ တစ်ဘ၀
လုံးသည် ထိုသို့သာ အရိုးထုတ်ရတော့သည်။

သို့..သိုင်းပညာအား ထုတ်သုံးခြင်းသည် မြင်ရခဲ့သည့် ရှားရှားပါးပါးမြင်ကွင်း ပင်ဖြစ်၏။သိုင်းသမား
တစ်ယောက်သည် ထိုသိုင်းပညာအား သာမာန်ဆိုလျှင် ဘယ်လိုမှသုံးမည်မဟုတ်ချေ။အလွန်နာ
ကျည်း မုန်းတီးသည့် ရန်သူများအပေါ်၌သာ သုံးလေ့ရှိသည်။သို့ငြား...ယခုအခါ၌ ထိုသိုင်းပညာ အား
ဟောင်ချန် ထုတ်သုံးလာပါ၏။

ယွမ်ချီသည် သက်ပြင်းမောကြီးတစ်ခုအား ချမိလိုက်လေသည်။ဖီးနစ် အင်ပါယာ အတွက် မျှော်လင့်
ချက်သည် မရှိတော့ပါချေ။သို့သော....ပါရမီရှင်တစ်ယောက် ပေါ်ထွန်းလာခဲ့သော်လည်း လုံချန်အား
မည်သူမှ မကူညီကြချေ။

မည်သို့ပင်ဖြစ်စေ လုံချန်ဆိုသည်မှာ နယ်ခြားစောင့်စစ်သူကြီး၏ သားဖြစ်သည်။နယ်ခြားစောင့် စစ်
သူကြီးသည် အင်ပါယာကြီး အပေါ်တွင် မိမိကိုယ်ကို ပေးဆပ်ထားသူတစ်ယောက်ဖြစ်လေသည်။
နယ်ခြားစောင့်စစ်သူကြီးသည် သူပုန်များဖြင့်နယ်ခြား၌ တိုက်ခိုက်နေသည်မှာ ယခုဆိုလျှင် ဆယ်နှစ်
ခန့်ပင်ရှိချေတော့မည်။စစ်သူကြီး ကြောင့်သာလျှင် ဖီးနစ်အင်ပါယာကြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေခြင်း
ဖြစ်ပါ၏။

အကယ်၍ သူ့၏ သားသည် အင်ပါယာမြို့တော်၌ သို့ ပုံစံမျိုးဖြင့် သေဆုံးသွားသည်ကိုသာ သိပါမူ
အင်ပါယာ တော်၀င်မိသားစု အနေဖြင့် မည်သို့ဖြေရှင်းချက်မျိုးပေးမည်နည်း။သို့ငြား...စတုထ္ထမင်းသား
နှင့် ဧကရီ အရှင်မထံသို့ လှမ်းကြည့်လိုက်သည်တွင် ဘာမှမတတ်နိုင်ပဲ သက်ပြင်းမောကြီးသာယွမ်ချီ
ချလိုက်ရသည်။လုံချန့်ကို သွားကယ်ရန် အသင့်ပြင်ထားလေသည်။

ယနေ့၌ လုံချန်သည် သူထင်ထားသည်ထက်ပင် အစွမ်းပြခဲ့ပြီးချေပြီ။လုံချန့်အား ထိခိုက်မှုဖြစ်စေ ရန်
သူ မည်သည့်နည်းနှင့်မှ ထပ်ခွင့်ပြုတော့မည်မဟုတ်ချေ။သွေးဖောက်ခွဲခြင်းသိုင်းအား အသုံးပြုပြီးသည်
တွင် ဟောင်ချန်၏ ပုံစံသည် သွေးသောက်တော့မည့် သားရဲတစ်ကောင်ကဲ့သို့ဖြစ်နေလေတော့သည်။
သူ့မျက်လုံးများသည် နီရဲနေသည်။

ဟောင်ချန့် ထံမှ အော်သံထွက်လာသည်။ထို့အတူ သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး ၌ စီးဆင်းလျှက်ရှိသည့်
စွမ်းအင်များသည်  ပြောင်းပြန်စီး၍ သူ့၏ညာဘက်လက်တွင်စုဆုံလာသည်။သို့လျှင်...သူ့၏ညာဘက်
လက်သည် ရုတ်ချည်း ပေါင်လုံးခန့်ကြီးလာပြီး ကြောက်မက်ဖွယ်ရာ အားမျိုးဖြင့် လုံချန့်ကို လှမ်းကုတ်
လိုက်ပါ၏။

"ဝံပုလွေ လက်သည်း"

ထိုတိုက်ကွက်အား ဟောင်ချန်အသုံးပြု လာသည်တွင် ယွမ်ချီလည်း မတ်တပ်ရပ်ကာ ကွင်းထဲသို့
သွားရန်ပြင်လိုက်၏။

"ယွမ်ချီ မဆိုင်ပဲ ၀င်မရှုတ်နဲ့"

ဆရာကြီးယွမ်ချီ လှုပ်ရှားလိုက်သည်တွင် အရိပ်အကဲစောင့်ကြည့်နေသည့် ဝေချိုင်သည်လည်း အရှေ့
သို့ထွက်လာပြီး လမ်းကြောင်းပိတ်ထားလေသည်။ပြီးမှ...ယွမ်ချီ့ထံသို့လက်သီးတစ်လုံးပစ်သွင်းလိုက်
ပါ၏။

ယွမ်ချီသည် နှာခေါင်းတစ်ချက်ရှုံ့၍ လက်သီးတစ်ချက် ပြန်ထိုးလိုက်လေသည်။၎င်းတို့နှစ်ယောက်၏
လက်သီး ချင်းဆုံမိသည်တွင် ဝေချိုင်သည် နောက်သို့လွင့်ထွက်သွားရလေတော့သည်။သို့ငြား ယွမ်ချီ
ကို ရှေ့ဆက်မသွားနိုင်စေရန် တော့ သူ လုပ်နိုင်ခဲ့ပါသည်။သို့လျှင် ... လက်သီးချင်း ထိုးမိသည်တွင်
ဆရာကြီးယွမ်ချီ၏ အမူအယာ ကြီးစွာပျက်သွားသည်။သူ့လက်သည် တစ်ဆတ်ဆတ်တုန် လာသလို
ခံစားရ၍ မဲနက်လာ၏။

"ငါ့ရဲ့ ယင်မိစ္ဆာ လက်ဝါးက ဘယ်လိုနေလည်းကွ ယွမ်ချီ ဒီနေရာကနေကျော်ဖို့ မင်းမစဉ်းစားနဲ့
ဒီ ကောင်လေး သေကိုသေရမှာ" ဟူ၍ ပြောကာ အေးစက်စက်လေသံဖြင့် ဝေချိုင် ရယ်လေသည်။

ယွမ်ချီသိပ်အံ့သြမိပါသည်။သူသည် နှစ်ပေါင်းများစွာ ဝေချိုင်နှင့် တိုက်ပွဲများတိုက်ဖူးလေသည်။သို့ငြား...
ဝေချိုင်ကား အချိန်တိုအတွင်း ထိုမျှ လောက်တိုးတက်သွားလိမ့်မည်ဟူ၍ သူ မထင်ခဲ့မိရိုးအမှန် ဖြစ်
သည်။

"ငထန်ကောင်ကြီး ခင်ဗျားကြီးသေကိုသေရမယ်" ဟူ၍ လုံချန် လှမ်းပြောလိုက်ပါ၏။

ဟောင်ချန်၏လက်သီးသည် တစ်ဖြေးဖြေး သူနှင့်နီးကပ်လာသည်ကို မြင်သည်တွင် လုံချန်အသက်
ပြင်းပြင်းတစ်ချက်ရှုသည်။သူ့၏သိုင်းပညာအား အမြင့်ဆုံးအခြေအနေသို့ ရောက်ရန် ကြိုတင်ပြင်ဆင်
ထား၏။ဆေးမီးတောက်အား ထိန်းချုပ်ထားခြင်းငှာ မစွမ်းသာတော့။ဆေးမီးတောက်သည် မီးတောင်
တစ်ခုကဲ့သို့ ပေါက်ကွဲချေပြီ။

"တိမ်မီးလက်ဝါး"

တစ်ကိုယ်လုံး၌ လောင်ကျွမ်းနေသည့် မီးများသည် ရုတ်ချည်းပျောက်ကွယ်၍ လက်ဝါးအလယ်၌ စု
လာ၏။မူလ၌ ဝါဖျော့ဖျော့အရောင် ရှိသည်မီးတောက်သည် နီရဲရဲသို့ပြောင်းလေသည်။ထို့အတူ အပူ
ရှိန်သည်လည်း အစောပိုင်းကထက်လျှင် များစွာ တက်လာလေသည်။

အံ့အားသင့်သည့် လူတိုင်းအကြည့်များ ကြား၌ လုံချန်၏ လက်သီးကား ဟောင်ချန်၏ လက်သည်းများ
နှင့် တိုက်ရိုက်ကို ထိခိုက်မိချေ၏။ပေါက်ကွဲသံကြီးကား ကမ္ဘာမြေကြီးတုန်ဟီးမတတ်ဖြစ်သည်။မီးတောက်
များသည် နဂါးတစ်ကောင်ကဲ့သို့ လူးလားခေါက်တုန့် ကခုန်လျှက်ပင်။ချီဓာတ်မှ ထွက်လာသည့် လှိုင်း
သည် အာကာတစ်ခွင်သို့ ပြင်းစွာရိုက်ခတ်လေ၏။

တိုက်ခိုက်နေကြသည့် ယွမ်ချီနှင့် ဝေချိုင်သည်လျှင် တိုက်ခိုက်သည်အားရပ်၍ တုန်လှုပ်စွာဖြင့်ကြည့်မိ
ကြသည်။ဖုန်များ၊သဲများ ငြိမ်သည်တွင် သူတို့နှစ်ယောက် မြင်ကွင်းထဲသို့ ဦးစွာ၀င်လာသည်က သုံးမီ
တာခန့် ကျယ်သည့် ချိုင့်ခွက်ကြီးတစ်ခုဖြစ်ပါ၏။

ထိုချိုင့်ခွက်ကြီး၏ အတော်ဝေးဝေးတွင်မူကား မြေပေါ်သို့လဲနေသည့် လူနှစ်ယောက်ကို မြင်ကြရသည်။
လူနှစ်ယောက်မှ တစ်ယောက်သည် စတင်လှုပ်ရှားလာခဲ့သည်။သို့လျှင် သို့....လှုပ်ရှားလာသူသည်
သွေးများဖြင့် စိုရွှဲနေသည့် လုံချန်ပင်ဖြစ်ပါ၏။ရှုပ်ပွနေသည့် ဆံပင်များ၊အပိုင်းပိုင်း ပြဲနေသည့် ၀တ်ရုံများ
ဖြင့် အသက်ပင် အနိုင်နိုင်ရှုနေရသော်ငြား ယခု အခါ၌ လုံချန်သည် ရဲစွမ်းသတ္တိအပြည့် နှင့်ပင်ဖြစ်
လေသည်။

ချိုင့်ခွက်ကြီး၏ တစ်ဖက်၌ ရှိနေသည့် ဟောင်ချန်ထံ ခပ်ဖြေးဖြေးလျှောက်သွားခဲ့သည်။ဟောင်ချန်၏
ခန္ဓာကိုယ်သည် မီးလောင်ရာများဖြင့် မဲ၍ ကျွမ်းနေပြီး မီးရှို့ထားသည့်အလောင်းကောင် တစ်ကောင်
နှင့်ပင်မခြားတော့ပါချေ။ထို့ပြင် အရိုးအချို့သည်လည်း အရေပြားအား ဖောက်ထွက်လျှက်ရှိ၏။

သွေးဖောက်ခွဲခြင်း သိုင်းပညာကို အသုံးပြုပြီးသည်နှင့် သူ၏ ခုခံနိုင်စွမ်းသည် သိသိသာသာကျသွားပြီ
ဖြစ်သည်။သို့လျှင်...သူ့အခြေအနေသည် လုံချန်ထက် များစွာဆိုးရွားခြင်းဖြစ်တော့၏။

"ကျုပ်ပြောခဲ့သလိုပဲ မနက်ဖန် နေထွက်တာကို မင်းကြည့်ခွင့်မရစေရဘူး" လုံချန်၏ အသံသည် အေးစက်
စက်နှင့်ထွက်လာသည်။ဟောင်ချန်စကားပြောချင်သည်။သို့ငြား သူ့၀မ်းဗိုက်သည် စုတ်ပြတ်နေပြီ ဖြစ်
သည်ကြောင့် စကားမပြောနိုင်ဖြစ်နေပါသည်။

"စကား ပြောချင်ပေမယ့် မပြောနိုင်တဲ့ ခံစားချက်က ဘယ်လိုနေလည်းကွ ၀ဋ်ဆိုတာချက်ချင်းလည်
တာပဲ အခြားသူတွေကို မင်းစကားမပြောနိုင်အောင်လုပ်ခဲ့တယ် အခုမင်းအလှည့်ဖြစ်လာပြီ"

သို့လျှင်...လုံချန်၏ နှုတ်ခမ်းထက်၌ လှောင်ပြုံးတစ်ခု တွဲလွဲခိုလာပြန်ပါ၏။လုံချန့်ကို မကျေနပ်သည်
ကြောင့် သူသည် ရှီဖန်အားအသုံးချ၍ စကားမပြောနိုင်အောင် လုပ်ခဲ့ပါသည်။ရည်ရွယ်ချက်ရှိရှိဖြင့်
ဒဏ်ရာရစေသည်။သို့ပုံရိပ်များသည်ကား လုံချန်၏ မျက်၀န်းထဲ၌ ရုပ်ရှင်ပိတ်ကားထက်တွင် ပြသသည်
သို့ တစ်ရိပ်ရိပ်ပြန်ပေါ်လာလေသည်။

လုံချန်၏ ရေခဲတစ်မျှအေးစက်သည့် မျက်၀န်းများအား မြင်သည်နှင့် အလွန်ကြောက်လန့်သည့် ခံစား
မှုအား ဟောင်ချန်ခံစားရပါ၏။သူ တစ်ခုခုပြောချင်သည်။သို့ငြား...သူမပြောနိုင်ပေ။လွန်ခဲ့သည့် နှစ်ပေါင်း
များစွာ ငရဲခန်းလေ့ကျင့် ရေးများ၌ ရှိနေတုန်းအခိုက်၌ ဆိုလျှင်ပါမူ ထိုသို့ဖြစ်ချင်မှဖြစ်ပေမည်။ထိုအချိန်
၌ သေရမည်ကိုသူမကြောက်ခဲ့။

သို့ငြား...ရှချန်ဖုန်းနောက်သို့ လိုက်၍ အရေးအရာကိစ္စများအား ဆောင်ရွက်ပေးရင်း ဟောင်ချန်
အမြင်ကျယ်ခဲ့သည်။သူမသေချင်တော့။သေရမည်ကို ကြောက်တတ်လာခဲ့သည်။

"မင်း အသနားခံချင်လည်း အသုံးမ၀င်ဘူး မင်းလိုလူတစ်ယောက်ဟာ သနားမှုနဲ့မထိုက်တန်ဘူး"ဟူ၍
ခေါင်းယမ်းရင်း ပြောကာ ခြေထောက်ကို ခပ်ဖြေးဖြေး လုံချန် မြှောက်လိုက်ပါ၏။ထိုအခိုက်၌ ပုရိတ်သတ်
များသည် ထိုမြင်ကွင်းအား မည်သည့်စကားတစ်ခွန်းမှ မပြောနိုင်ကြပဲလျှက် ကြည့်နေကြ၏။အဆိုပါ
အဆင့်လွန် သိုင်းသမား နှစ်ယောက်၏ သိုင်းပြိုင်မှုသည် အလှည့်အပြောင်းများလှ၏။၎င်းတို့အတွက်
အံ့အားသင့်ရန် မှာ ကောင်းစွာလုံလောက်လျှက်ပင်ရှိချေသည်။

"လုံချန် ... သူ့ကို လွှတ်ပေးလိုက်ပါ ငါတောင်းပန်ပါတယ်ကွာ..." အလွန်ထူးချွန်သည့် လက်အောက်
အမှုထမ်းတစ်ယောက်အား သည်သို့ အသေမခံနိုင်သည်ကြောင့် ထိုစကားလုံးများအား ဟောင်ချန်
ဖြစ်ညှစ်ပြောလိုက်ရခြင်းပင်တည်း။

"အိုး...ဟုတ်လား....ကျုပ်လိုချင်တာတစ်ခုခု တောင်းဆိုလို့ရမလား" ဟူ၍ လုံချန် မေးသည်တွင်....

အခွင့်အရေးရှိသေးသည်ဟု တွက်မိသည့် ရှချန်ဖုန်း ၀မ်းသာလုံးဆို့၍ "မင်းလိုချင်တာ မှန်သရွေ့ပြော
ငါတတ်နိုင်ရင် အကုန်လိုက်လျောမယ်" ဟု ပြောလေသည်။

လုံချန် ခေါင်းငြိမ့်၍ လက်မထောင်ပြလေသည်။ပြီးမှ...

"ခင်ဗျားက သစ္စာရှိသားပဲ ဒါဆိုလည်း ခင်ဗျားကိုအခွင့်အရေးတစ်ခုပေးမယ် ခင်ဗျားအသက် ကျုပ်
ကိုပေးရင် သူ့ကိုလွှတ်ပေးမယ်"

သို့လျှင်...၀မ်းသာလုံးဆို့နေသည့် ရှချန်ဖုန်းလည်း ပါးပိတ်ရိုက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
လုံချန်အားစိုက်ကြည့်၍....

"မင်း ငါ့ကို ကစားနေတာလား" ဟု ပြောလေတော့သည်။

"ခင်ဗျားကို ကစားလို့ ကျုပ်ဘာအကျိုးရှိမှာလည်း ကျုပ်အတွက်အကျိုးရှိတာက ခင်ဗျားရဲ့
အသက်နဲ့ကစားဖို့ပဲ" ကြောက်မက်ဖွယ် ကောင်းသည့် အပြုံးတစ်ခု သူ့မျက်နှာ၌ ဖြတ်ပြေးလေ၏။

ဟောင်ချန်၏ ၀မ်းဗိုက်သို့ သူ့ခြေထောက် နင်းမိတော့မည့် အခိုက်၌ ထုံကျင်သွားသည့် ခံစားချက်တစ်
ရပ်အား နောက်စေ့ထက်တွင် ခံစားလိုက်ရပါ၏။တစ်ချိန်တည်း၌ပင် ယွမ်ချီ၏ ဒေါသတကြီးအော်
သံကို ကြားရသည်နှင့် မည်သို့မျှမစဉ်းစားတော့ပဲ ဘေးသို့ခပ်သွက်သွက်လှိမ့်ရှောင်လိုက်လေသည်။

သို့လျှင် .... သူရပ်ခဲ့သည်နေရာသို့ မြှားတစ်စင်း ဝီးကနဲ ဖြတ်လာသည်ကို အသည်းယားစဖွယ်တွေ့
ရလေသည်။

Patriarch MK Aung

Continue Reading

You'll Also Like

Re:Cursed By

Adventure

43.3K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
168K 25.8K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
61.6K 1.7K 176
"In a world of pirates and adventure, meet Ryo, a half mink-half human with a tragic past. After losing his parents, Ryo was taken in and trained by...
27.2K 593 42
A student from the Paldea region took an interest in traveling to other regions to learn new things.