ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

36 - 40

180 12 0
By Azure5549

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၃၆)သိပ်ချစ်ရပါသော

ဧရာမမီးပုံးကြီးများမှာပွင့်လွှာရှစ်ခုကိုကိုယ်စားပြုသည်။မိန်းမပျိုလေးရှစ်ယောက်ကထိုမီးပုံးကြီးများအား
ဂရုတစ်စိုက်သယ်ဆောင်၍ပွင့်လွှာရှစ်ခုဆုံသည်တွင်အလွန်ကြီးမားသည့်ကြာပန်းကြီးတစ်ပွင့်ဖြစ်လာ
သည်။ထိုကြာပန်းကြီးမှာငုံနေရာမှရုတ်တရက်ပွင့်သွားပြီးလျှင်ကြာပန်းအလယ်ခေါင်သည်အနည်းငယ်မျှ
လှုပ်ယမ်းသွားလေသည်။ထိုကြာပန်းအလယ်ခေါင်တွင်အလွန်လှပသောမိန်းမပျိုတစ်ယောက်ရှိနေ
ကြောင်းလူများယခုမှပင်သဘောပေါက်တော့၏။

ပွဲကြည့်သူပရိတ်သတ်များ၏ သြဘာပေးသံများ တစ်ခဲနက်ပေါ်ထွက်လာသည်။ကြာပန်းအလယ်မှာအလွန်
လှပသည့်မိန်းမပျိုလေးမှာဖီးနစ်အင်ပါယာ၏အကြီးဆုံးမင်းသမီးလေးဖြစ်၍သူမသည် လူတစ်ကာချီးမွမ်း
ထိုက်သောအလှမျိုးရှိကြောင်းလုံချန်အသိအမှတ်ပြုမိသည်။

ဖော့ဖယောင်းလိုသွယ်လျသော သူမ၏ လက်မောင်းလေးအားမြှောက်လိုက်သည့်အခါတွင် လက်မောင်း
တွင်ရေးထားသည့်ဆုတောင်းစာနှစ်ကြောင်းကမီးပုံးများ၏အလင်းရောင်အောက်တွင်လက်ကနဲပေါ်လာ
၏။ထိုကဗျာ၏ပထမစာကြောင်းမှာ 'ဖီးနစ်အင်ပါယာအား ကောင်းကင်ဘုံမှစောင့်ရှောက်ပါစေ' ဖြစ်ကာ
အခြားစာကြောင်းတစ်ကြောင်းမှာမူ   'ပြည်သူပြည်သားများ ကြွယ်ဝြငိမ်းချမ်းပါစေ' ဟူ၍ဖြစ်လေသည်။

ပရိတ်သတ်များ၏ အားပေးသံများကမစဲအောင်ထွက်လာပြန်၏။လုံချန်အသာအယာပြုံးလိုက်သည်။
မင်းသမီးများဖြစ်ရသည်မှာတစ်ကယ့်ကိုသနားစရာကောင်းသည်။၄င်းတို့၏ဘ၀မှာ ရေကရားတစ်ခုအ
တွင်းမှ ပုရစ်များနှင့်ပင်ဆင်တူသည်။နေ့နေ့ညည တစ်ဦး နှင့် တစ်ဦး ပြိုင်ဆိုင်မှုများဖြင့်သာကြုံတွေ့နေ
ရသည်။သို့သော်သူ့ဘ၀သူပြန်တွေးမိသည့်အခါတွင်လည်း သူသည်လည်း ပုရစ်တစ်ကောင်ဖြစ်မှန်းမသိ
ဖြစ်နေခဲ့ကြောင်းလုံချန်သဘောပေါက်သွားသည်။

မိမိကိုကိုယ်သာအောင်အမြဲလုပ်နေရသည်။မိမိသည်အခြားသူများလောက်အရည်အချင်းမရှိလျှင်အခြား
သူများ၏အသုံးချခံဖြစ်သွားပေလိမ့်မည်။ထိုသို့မလိုမုန်းထားစိတ်များဖြင့် တစ်ယောက်နှင့်တစ်ယောက်
အပြိုင်အဆိုင်ဖြစ်နေကြခြင်းကမှားချင်လည်းမှားမည်၊မှန်ချင်လည်းမှန်မည်။သို့သော်ကိစ္စကားမရှိချေ။
အဘယ့်ကြောင့်ဆိုသော် ၄င်းမှာယောကျာင်္းသားတို့အတွက်မူကားမွေးရာပါ ဗီဇ တစ်ခုအဆင့်သာရှိသော
ကြောင့်ဖြစ်သည်။

အတွေးပေါင်းစုံဖြင့်လုံချန်သက်ပြင်းမောကြီးတစ်ခုမှုတ်ထုတ်လိုက်ချိန်မှာပဲဒုတိယမြောက်မင်းသမီးလေး
စင်ပေါ်သို့တက်လာချေပြီ။ထိုမင်းသမီးလေးကိုတော့ လုံချန် များစွာစိတ်၀င်စားမှုမရှိလှပဲသာမန်ကာလျှံ
ကာသာကြည့်လိုက်၏။သို့သော်နောက်ထပ်လာမည့်သူမှာချူယောင်အလှည့်ဖြစ်သည်။လုံချန်မျက်လုံး
ခပ်ကျယ်ကျယ်ဖွင့်၍စင်ပေါ်သို့အာရုံစူးစိုက်ထားလိုက်၏။

ပထမတွင် မီးရှုးမီးပန်းများ ကောင်းကင်သို့ ထိုးတက်လာကာ အော်ဟစ်အားပေးသံများထွက်လာ
သည်။ထို့နောက်တွင်နဂါးပုံသဏ္ဍန် စွန်ကြီးတစ်ခု ကောင်းကင်သို့ရွှီးကနဲမြည်သံပေးကာတက်သွား
ပြန်သည်။မရှေးမနှောင်းမှာပင်လျှင် ထိုနဂါးကြီး ၏ ဘေးတွင် ဖီးနစ်ကြီးတစ်ကောင်အတောင်တစ်ဖြတ်
ဖြတ်ခတ်ပြီးပေါ်လာပြန်၏။အတောင်တစ်ခါ ခတ်တိုင်း ခတ်တိုင်း ထိုဖီးနစ်ငှက်ကြီး၏ အတောင်ပံမှ
ရွှေမှုန်များတစ်ဖွားဖွားကျလာသည့်မြင်ကွင်းကိုကြည့်ရသည်မှာ တစ်ကယ့်ဖီးနစ်ငှက်တစ်ကောင်ကောင်း
ကင်သို့ပျံတက်သွားသည့်နှယ်ပင်ဖြစ်နေသည်။

"ဝိုး...လှလိုက်တာ"

ရွှေမှုန်များကျဲချနေသည့်ဖီးနစ်ငှက်ကြီးနှင့်၊နဂါးကြီးကိုကြည့်ရင်း ဒဏ္ဍာရီထဲရောက်သွားသလို လူတိုင်း
ရင်ထဲထင်မိလိုက်ကြသည်။ဖီးနစ်ငှက်ကြီးနှင့်နဂါးကြီး အတူတူယှဉ်တွဲကာမြေပြင်ထက်သို့ဆင်းသက်
နေရင်းမှ ရုတ်ချည်း နဂါးကြီးပါးစပ်ဟသွားကာအဖြူရောင်အလင်းလုံးတစ်လုံးထွက်လာသည်။ထိုအလင်း
လုံးသည်ခပ်အုပ်အုပ်မြည်သံပေးကာပေါက်ကွဲသွားပြီးလျှင်ဖဲကြိုး၊ဖဲစများတစ်ဖွားဖွားကျလာ၏။

ထိုဖဲကြိုး၊ဖဲစများကြားတွင် မြင်သူတိုင်းနှစ်ခါပြန်မကြည့်ရင်မနေနိုင်အောင်ဖြစ်ရသော အလွန်လှပ
သည့်မိန်းမပျိုလေးတစ်ယောက်၏ပုံရိပ်က ဝိုးတိုးဝါးတားဖြစ်နေရာမှတစ်ဖြည်းဖြည်းပီပြင်လာသည်။
တတိမင်းသမီး၏ကိုမြင်သည်နှင့်ကြည့်ရှုသူပရိတ်သတ်များထံမှ ဝေါကနဲအသံကြီးဟိန်းထွက်သွား
သည်။ယောကျာင်္းသားအများစုအဖို့ တတိယမင်းသမီးသည် မည်မျှချောကြောင်း၊လှကြောင်း မကြား
ဖူးသည်မဟုတ်၊ကြားဖူးကြသည်ချည်းသာဖြစ်သည်။သို့သော် ယနေ့ ၄င်းတို့၏မျက်စိရှေ့မှောက်တွင်
တတိယမင်းသမီးကိုမျက်ဝါးထင်ထင်မြင်ရသည့်အခါတွင်မူ ယောင်ယမ်းကာ အသံထွက်၍ပင်အော်
ဟစ်မိကြသည်အထိဖြစ်ကုန်သည်။

လုံချန်ပင်သူမကိုအရူးတစ်ယောက်လိုကြည့်နေမိ၏။သူမကိုသူယခင်တစ်ခေါက်မြင်ဖူးထားပုံနှင့်ယခုပုံ
စံကားအကွာကြီးကွာနေသည်။၀တ်စုံပြည့်၀တ်ထားသောချုယောင်ကိုမြင်ရသည်မှာနတ်သမီးလေးတစ်
ပါးအလားပင်။ချုယောင် သူမ မျက်လုံးလေးကိုဝေ့ကာလူအုပ်ကြီးထဲသို့တစ်ချက်ကြည့်လိုက်၏။

လုံချန်ကိုမြင်လျှင်သူမမျက်လုံးလေးများအရောင်လက်ကနဲဖြစ်ကာ လုံချန့်ထံသို့ဦးတည်ပြီး ပူးဖောင်း
ခပ်သေးသေးလေးတစ်လုံးကိုလွှတ်လိုက်သည်။ဆူညံနေသည့်ပရိတ်သတ်များ၏အသံများ၊မီးကိုရေဖြင့်
ဖြန်းလိုက်သလိုတိကနဲငြိမ်ကျသွားကာအကြည့်ပေါင်းစုံလုံချန့်ထံစုပြုံကျရောက်ကုန်သည်။ဧကရီအရှင်
မပင်လျှင်အနည်းငယ်အံ့သြသွားဟန်ရှိသော်လည်းဘာမှတော့မပြောပေ။

သို့သော်မျက်နှာဆိုးဆိုးရွားရွားပျက်သွားသူတစ်ယောက်တော့ရှိသည်။ထိုသူမှာ မဟာရှ မင်းသားရှချန်ဖုန်းမှလွဲ၍မည်သူ
ရှိမည်နည်း။ရှချန်ဖုန်းအနေနှင့်မူမပျက်အောင်သာမနည်းတည်ငြိမ်ဟန်ဆောင်နေရသော်လည်းအတွင်း
ကျိတ်ပေါက်ကွဲနေသည့်ဒေါသကြောင့် မျက်နှာကားမဲမှောင်လျှက်ရှိသည်။ဧကရီအရှင်သခင်မကြီးအနေ
ဖြင့် တတိယမင်းသမီးအား ရှချန်ဖုန်းနှင့်လက်ဆတ်ပေးရန်သဘောတူပြီးထားပြီဖြစ်သည်။သို့သော်ယနေ့
ချူယောင်စီစဉ်ထားခဲ့သည့် နဂါးပုံနှင့်ဖီးနစ်ပုံယှဉ်တွဲလျှက် သည်အဓိပ္ပါယ်တစ်ခုကိုကောင်းကောင်းဖော်
ပြနေသည်။

ထို့ပြင်ထိုပူပေါင်းငယ်လေးကိုလုံချန့်ထံတိုက်ရိုက်ဦးတည်ကာလွှတ်လိုက်သည်။ပုံမှန်အတိုင်းဆိုလျှင်
ထိုသို့ပူးပေါင်းလွှတ်ခြင်းက မည်သို့မျှကိစ္စမရှိသော်လည်းယခုလိုမီးအိမ်နီပွဲတော်ကျင်းပသည့်အခါ
မျိုး၌မူအထူးလေးနက်သည့်အဓိပ္ပါယ်တစ်မျိုးရှိလေသည်။၄င်းမှာ ရှေးထုံးစဉ်လာများအရ မိန်းမပျို
တစ်ယောက်သည်မိမိသဘောကျနှစ်သက်သည့်သူကိုတွေ့လျှင်ထိုသို့ပူးပေါင်းလွှတ်ကာ လင်ယောကျာင်္း
အဖြစ်ရွေးချယ်သည့် ဓလေ့ကိုကိုယ်စားပြုလေသည်။

ရှချန်ဖုန်း၊မိမိကိုယ်ကိုမည်မျှပင်အကောင်းဆုံးဖြစ်အောင်ကြိုးစားကာ မူမပျက်အောင်ထိန်းထားသည်ဆို
စေကာမူ၄င်း၏ခန္ဓာကိုယ်ကတော့တစ်ဆတ်ဆတ်တုန်နေသည်။

"ချန်ဖုန်း သီးခံထားစမ်း"  ချန်ဖုန်းကိုဝေချိုင်တစ်ချက်လှမ်းကြည့်လိုက်၏။

"ဆရာကြီး စိတ်ချပါ ကျုပ် ကိုယ့်ကိုကိုယ်ထိန်းနိုင်ပါတယ်"

ရှချန်ဖုန်း ခေါင်းငြိမ့်လိုက်သော်လည်း ၄င်း၏တုန်ခါနေသောအသံသည်ကတော့ကွယ်ဝှက်ရန်ခက်
လှပေသည်။ယခုရှချန်ဖုန်းဖြစ်ချင်သည့်ဆန္ဒတစ်ခုမှာလုံချန်အားအစိတ်စိတ်အမွှာမွှာလုပ်ပစ်လိုက်
ဖို့ပင်။လုံချန်လည်းသူ့ကိုဝိုင်းကြည့်နေကြသည့် အကြည့်များအပေါ်တစ်မျိုးကြီးခံစားမိနေ၏။

ထိုလူများထဲတွင်ဆရာကြီးယွမ်ချီတစ်ယောက်သာအသာအယာပြုံးနေသည်။လူအများအပြား၏အကြည့်
များမှာမူကား နားမလည်နိုင်ခြင်း၊မနာလိုခြင်း အပြည့်နှင့်ပင်ဖြစ်သည်။လှပစွာပြုံးနေသောချူယောင်၏
မျက်နှာလေးကိုလုံချန်ကြည့်မိလိုက်သည်။သူ့လက်ထဲမှကိုင်ထားသည့်ပူပေါင်းကိုညွှန်ပြကာ ခြေဟန်
လက်ဟန် ဖြင့် ချူယောင် သူ့ကို တစ်ခုခုလုပ်ပြနေသည်။

ထိုအခါမှ အဆိုပါ ပူပေါင်းသည် မီးရှုးတစ်ခုဖြစ်ကြောင်း သူ သဘောပေါက်သွားပြီး အောက်ခြေမှ
တွဲထားသည့်စာတမ်းအားဖြုတ်ကာကောင်းကင်ပေါ်သို့လွှတ်တင်လိုက်သည်။မီးရှုးသည်ကောင်းကင်
သို့တန်းတန်းမတ်မတ်တက်သွားပြီးပေါက်ကွဲကာ သမုဒ္ဒရာလေးစင်းတွင်ကူးခတ်နေသောနဂါးတစ်
ကောင်နှင့် နယ်မြေကိုးခုအားဖြတ်သန်း၍ပျံသန်းနေသည့် ဖီးနစ်ငှက်တစ်ကောင်၏ပုံသဏ္ဍန်များပေါ်
လာသည်။

ရှချန်ဖုန်းမိမိကိုယ်မိမိမည်သို့မှမထိန်းနိုင်တော့ပဲ လက်ထဲမှကိုင်ထားသောလက်ဖက်ရည်ခွက်ကိုပစ်
ပေါက်လိုက်မိတော့သည်။

"လုံချန် မင်းကိုငါတစ်စစီမလုပ်နိုင်ရင် ငါရှချန်ဖုန်းမဟုတ်တော့ဘူး၊ချူယောင် မင်းဘ၀ကိုသေသွားတာ
ထက်ဆိုးအောင် ငါ လုပ်ပြမယ်"

ချုယောင်၏လုပ်ပုံက သူ့ပါးအားပက်ပက်စက်စက်ရိုက်လိုက်သည်ထက်ပင် ရှချန်ဖုန်းကိုအရှက်ရစေ၏။
ဧကရီအရှင်သခင်မ မျက်နှာအကြီးအကျယ်ပျက်သွားသည်။သူမအနေနှင့် ချူယောင်ထိုမျှရဲတင်းကာလူ
ရှေ့သူရှေ့တွင်ထိုသို့လုပ်လိမ့်မည်ဟုမထင်ထားခဲ့ပေ။လုံချန်ပင်လျှင်မည်သို့ပြောရမည်မသိပဲချူယောင်ကို
သာလှမ်းကြည့်နေမိသည်။

ယခုတော့သူမမျက်နှာလှလှလေးမှာရဲရဲနီနေသလိုဆုံးဖြတ်ပြီးသားဟန်များလည်းပေါ်နေသည်။လုံချန်ကို
ကြည့်ရင်းသူမမျက်၀န်းလှလှလေးများထဲမှ မျက်ရည်လေးများ စီးကျလာသည်ကိုမြင်လျှင်လုံချန့်ရင်ထဲ
နင့်ကနဲဖြစ်သွားရသည်။သူတုိ့နှစ်ယောက်မဖြစ်နိုင်ကြတော့ဘူးလား။ယနေ့၊ယခုလို လုပ်ပြလိုက်ခြင်းဟာ
သူမမသေမီ သူမ အချစ်တွေကို လုံချန်သိစေရန် ပြောပြခဲ့ချင် ခြင်းကြောင့်ပေလား။မျက်ရည်များဖြင့်ပြည့်
နေသည့်ချူယောင်၏မျက်နှာလှလှလေးကိုကြည့်ရင်းလုံချန်စိတ်ထဲတွင်မီးတောင်တစ်လုံးပေါက်ကွဲနေသလို
ခံစားနေရပြီးရုတ်တရက်အော်ဟစ်လိုက်မိတော့သည်။

"တို့နှစ်ယောက်ရှေ့မှာ ဘယ်လိုပင်အတားအဆီးတွေရှိနေပါစေ တို့နှစ်ယောက် ဘယ်တော့မှလက်
မလျှော့ဘူး နဂါးနဲ့ဖီးနစ် တစ်သက်လုံးအတူတူနေသွားကြမယ်"

လုံချန့်အသံကလူတိုင်း၏နားစည်များကိုဆူဝေသွားစေ၏။ထိုအသံသည်အလွန်ခိုင်မာသည့်ဆုံးဖြတ်ချက်
တစ်ခုကိုလည်းဖော်ပြသည်ဟုကြားရသူတိုင်းအလိုလိုသဘောပေါက်မိကြသည်။သူမခေါင်းလေးကိုချူ
ယောင်ခပ်ဖြေးဖြေးယမ်းမိလိုက်သည်။သူမ၏ပါးစပ်အားလက်ဝါးလေးဖြင့်ကာရင်း လုံချန်ကိုကြည့်ကာ
မျက်ရည်လေးတွေကျနေရှာသည်။သူမအနေဖြင့်ထိုသို့ဖြစ်လာရန်မမျှော်လင့်ထားခဲ့ချေ။နောက်ဆုံးအချိန်
မတိုင်မီသူမ၏အချစ်ကိုသူမသိပ်ချစ်ရသူ သိသွားစေချင်သည်။

သို့ရာတွင် လုံချန် ၏ တုန့်ပြန်မှုကြောင့် ချူယောင်စိတ်တွေလေးသွားရသည်။သူမသိပ်ချစ်ရသူကိုသူမ
ဒုက္ခပေးမိသလိုပင်ဖြစ်သွားလေပြီလား။သူမပျော်လည်းပျော်သလို နောင်တလည်းရမိ၏။

"တတိယမင်းသမီး ပင်ပန်းနေပြီ လာခေါ်ကြစမ်း" ဧကရီအရှင်သခင်မအနေနှင့်သူမ၏ဒေါသကိုတတ်
နိုင်သလောက်ထိန်းချုပ်ထားပါသည်။ကိုယ်ရံတော်ငါးယောက်စင်ပေါ်သို့တက်လာကာချူယောင်ကို
လာခေါ်စဉ်မှာပဲ ဆရာကြီးယွမ်ချီထံမှအသံထွက်လာ၏။

"ဧကရီအရှင်မ ခင်ဗျား ဒါမဟုတ်သေးပါဘူး လူငယ်တွေမှာလည်းသူတို့ခံစားချက်နဲ့သူရှိမှာပဲ လာလာ
ချူယောင် အဖိုးဘေးမှာလာထိုင်"

ဧကရီအရှင်မ မျက်နှာကွက်ကနဲပျက်သွားသည်။အင်ပါရီယာနန်းတွင်းကိစ္စတွေကိုဆေးဆရာကြီးယွမ်
ချီပါ၀င်ပတ်သတ်နေပြီလား။ယွမ်ချီ့စကားကိုကြားသည်နှင့်ချူယောင်၀မ်းသာလုံးဆို့သွားသည်။လုံချန့်
အနေနှင့်သူမကို ကြမ္မာဆိုးမှကယ်တင်နိုင်ကောင်းမှကယ်တင်နိုင်မည်ဖြစ်သော်လည်း ဆရာကြီးယွမ်ချီ
ကတော့လုံချန့်ကိုကာကွယ်ပေးနိုင်ကြောင်းသူမတွေးမိသောကြောင့်ဖြစ်၏။

ထိုသို့တွေးရင်း ဆရာကြီးယွမ်ချီရှေ့မှောက်တွင် သူမဒူးထောက်ချလိုက်သည်။သို့သော်သူမဒူးမထောက်
မိသေးမှာပင်ဆရာကြီးယွမ်ချီ၊သူမကိုအသာအယာဆွဲထူလိုက်၏။

"ကလေးရယ် ဒီလိုတွေလုပ်ဖို့မလိုအပ်ပါဘူး" ချူယောင်ကိုသူ့ဘေးတွင် ယွမ်ချီထိုင်ခိုင်းထားလိုက်၏။

ဧကရီအရှင်မအနေဖြင့်စိတ်ထဲတွင်အလွန်မကျေမချမ်းဖြစ်မိသော်လည်းဆရာကြီးယွမ်ချီကိုတော့
ကိစ္စသေးသေးလေးနှင့်စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်ချင်ပေ။ဆေးဆရာအသင်းသာမရှိလျှင်
မည်မျှပင်အင်အားကြီးမာသည်ဖြစ်စေ၊တော်၀င်မိသားစုအနေနှင့်ခပ်မြန်မြန်ပြိုလဲကျသွားနိုင်သည်။
ထို့ကြောင့်သူမသီးခံနေလိုက်ခြင်းပင်။သူမ၏စဉ်းစားမျှော်မြင်မှုကမှန်ကန်သည်ဟုဆိုရမည်။

အမူအယာနည်းနည်းမှမပျက်ပဲ ဧကရီအရှင်မ ပြုံး၍ပြောလိုက်သည်။

"ကဲ ဒါဆိုလည်း ဆက်ကျင်းပကြရအောင်"

လုံချန့်ဘေးတွင်ရှိနေသော ရှီဖန် နောက်ဆုံးတော့မတ်တပ်ရပ်လာပြီဖြစ်သည်။ရှီဖန်တစ်ဟားဟားရယ်
ကာ..

"ကြည့်ရတာငါစင်ပေါ်တက်ရပြီထင်တယ်"

ယမန်နှစ်များတွင် လူငယ်စစ်သူရဲကောင်းရွေးချယ်ပွဲအား မင်းသမီးများ၏မီးပုံးပွဲအပြီးတွင်ချက်ချင်းကျင်း
ပခြင်းဖြစ်သည်။

"နေပါဦးခင်ဗျာ ဧကရီအရှင်မခင်ဗျား...ဒီအဖိုကြီး ဟာ ဝေးလံလှတဲ့ မဟာရှအင်ပါယာကနေ ဖီးနစ်အင်
ပါယာကိုလာရတဲ့ရည်ရွယ်ချက်မှာ အစီစဉ်လေးတစ်ခုကျင်းပချင်တဲ့ဆန္ဒလည်းပါပါတယ်"

ဝေချိုင်ခပ်သွက်သွက်ပြောသည်။

"အိုး...ဆရာကြီးရဲ့အစီအစဉ်ကဘယ်လိုမျိုးလည်း"

ဆက်လက်ပြုလုပ်မည့်အစီအစဉ်အားခေတ္တရပ်ခိုင်းထားကာ ဧကရီအရှင်မ ပြုံးလိုက်သည်။

"ဒါက ကျုပ်ရဲ့ 17 နှစ်ပဲရှိသေးတဲ့ ဆေးပညာသင်လေးပါ...ဒါပေမယ့်သူမဟာ စမ်းသပ်ပြီးဖြစ်တဲ့
#တစ်ကယ့် ဆေးပညာသင်အစစ်အမှန်တစ်ယောက်ပါ"

ဝေချိုင်ပုံမှန်ပြောနေရာမှ တစ်ကယ့် ဆိုသည့်နေရာတွင် တစ်မင်ပင်အသံကိုခပ်ကျယ်ကျယ်ပြောလိုက်
သည်။လူတိုင်းလုံချန့်ကိုအမှတ်မထင်ကြည့်မိလိုက်ကြ၏။ဝေချိုင်၏အဓိပ္ပါယ်မှာ လုံချန်သည်တစ်ကယ့်
ဆေးပညာသင်အစစ်တစ်ယောက်မဟုတ်ကြောင်းသွယ်ဝိုက်ညွှန်းဆိုနေလေရာ သူဆိုလိုချင်သည့်
အဓိပ္ပါယ်အား လူတိုင်းသဘောပေါက်မိကျသည်။

လူအများအပြားမှာ ဆေးပညာသင်တစ်ယောက်အဖြစ်သို့ လုံချန်မည်ကဲ့သို့ရောက်သွားမှန်းနားမလည်
ကြချေ။လုံချန်၏တစ်ကယ့်စွမ်းအားအစစ်အမှန်အားသံသယဖြစ်နေသူများမှာလည်းဒုနဲ့ဒေးပင်။လုံချန်ဆေး
သန့်စင်သည်ကိုမြင်ဖူးထားကြသူများရှိသော်လည်းယင်းမှာဆေးဆရာအသင်းမှဆေးဆရာများသာဖြစ်လေ
ရာပြင်ပမှလူများအနေဖြင့် လုံချန် ဆေးသန့်စင်သည်ကိုလုံး၀မသိရှိကြသေးပေ။

လူတိုင်းထင်မြင်နေကြသည်မှာ ဆေးပညာသင်အဖြစ်သို့ လုံချန်နည်းတစ်မျိုးမျိုးကိုအသုံးပြုကာရောက်
လာခြင်းသာဖြစ်ပြီးအစစ်အမှန်တတ်မြောက်ခြင်းမရှိဟူ၍ဖြစ်၏။နှစ်ပေါင်းများစွာသိုင်းမကျင့်နိုင်ပဲအနှိမ်ခံ၊
လူတစ်ကာအနိုင်ကျင့်ခံကောင်လေးတစ်ယောက် လျှင်မြန်စွာပင် တိုးတက်သွားသည်မှာ အလွန်ကောင်း
သောနောက်ခံအင်အားတစ်ခုခုတော့ဖြင့်ရှိနိုင်သည်ဟုလူတိုင်းထင်ကြသည်။ထိုနောက်ခံအင်အားမှာလည်း
ဆရာကြီးယွမ်ချီသာအဖြစ်နိုင်ဆုံးဖြစ်နေသည်။

သို့သော်ဆရာကြီးယွမ်ချီအနေဖြင့်မည်မျှပင်တော်လွန်း၊ထက်လွန်းသည်ဖြစ်စေကာမူ မည်သို့မှသုံးမရ
သည့်ကောင်လေးတစ်ယောက်အား ဆေးပညာသင်တစ်ယောက်ဖြစ်အောင် နှစ်လဆိုသည့်အချိန်
အတွင်းတွင် မည်သို့ပြောင်းလည်းပစ်လိုက်နိုင်မည်နည်း။လုံချန့်နှုတ်ခမ်းတွင်လှောင်ပြုံးတစ်ခုပေါ်လာ
သည်။ယွမ်ချီမည်သည့်စကားမှမပြောပေ။

ဝေချိုင် သူ့စကားကိုဆက်သည်။

"ဆေးဆရာတွေ ဆေးဘယ်လိုဖော်စပ်သန့်စင်တယ်ဆိုတာကို ဒီနေ့ ကျုပ်တပည့်မလေးပြပါလိမ့်မယ်"

ပရိတ်သတ်များ၏သြဘာပေးသံများတစ်ခဲနက်ပေါ်ထွက်လာသည်။လူအများစုမှာဆေးသန့်စင်သည့်
အလုပ်ကိုတစ်ခါမှမြင်ဖူးကြသူများမဟုတ်လေရာထိုဆေးသန့်စင်ဖော်စပ်သည့်အလုပ်အားအထင်ကြီး
နေကြသလိုစပ်လည်းစပ်စုချင်နေကြသည်။ထို့ကြောင့်ယခုအခွင့်အရေးကား၄င်းတို့အတွက်လက်
မလွှတ်သင့်သည့်မဟာအခွင့်အရေးကြီးတစ်ရပ်ဖြစ်နေပေတော့သည်။

"တစ်ကယ်တော့ပိုပျော်ဖို့ကောင်းတာလေးရှိတယ် ပိုင်ချီက ကျုပ်ရဲ့ဆေးဆရာအသင်းကိုကိုယ်စားပြုမယ်
ဖီးနစ်အင်ပါယာရဲ့ လူငယ်ဆေးဆရာမျိုးဆက်တွေမှာ သူမနဲ့ပြိုင်ချင်သူဘယ်သူမရှိမလည်းဆိုတာကို
ကျုပ်သိချင်ပါတယ်"

ယွမ်ချီကိုကြည့်ကာဝေချိုင်မေးလိုက်၏။

"အင်း...သူမကမင်းရဲ့တပည့်လေ လုံချန်ကကျုပ်ရဲ့တပည့်မှမဟုတ်တာ ဒါ့ကြောင့်မင်းရဲ့အစီအစဉ်အလုပ်
မဖြစ်မှာကိုပဲကျုပ်စိုးရိမ်ပါတယ်"

လုံချန် ရင်တွေတစ်ဒိန်းဒိန်းခုန်သွားသည်။ဆရာကြီးကသူ့ကိုတပည့်တစ်ယောက်အဖြစ်အသိအမှတ်
မပြုဘူးလား။

"ဟားဟားဟာ အပျော်ပါဗျာ ဒီလောက်ပြင်းပြင်းထန်ထန်ကြီးလည်းမဟုတ်ပါဘူး"

ဝေချိုင်တစ်ဟားဟားရယ်ရင်း ဟိုဘက်သည်ဘက် ဖောက်မြင်ရသောကျောက်စိမ်းပုလင်းခပ်သေး
သေးတစ်ပုလင်းကိုထုတ်လိုက်သည်။ပုလင်းထဲတွင်လက်မလောက်သာရှိသောမီးတောက်လေးက
ဘယ်ညာယိမ်းနွဲ့ကာဆက်တိုက်လောင်ကျွမ်းနေ၏။

"ဒါဟာအဆင့်နှစ် မှော်သားရဲတစ်ကောင်ဖြစ်တဲ့ ကျားသစ်မီးတောက်ပဲ နိုင်တဲ့သူကိုဒီမီးတောက်ဆု
ချမယ်"

ထိုမီးတောက်လေးအားကြည့်၍ရှပိုင်ချီစိတ်တွေလှုပ်ရှားနေသည်။သူမထိုမီးတောက်လေးဟာလိုချင်နေ
သည်မှာကြာလှပြီဖြစ်သော်လည်း ဝေချိုင်ကတော့သူမကိုပေးရန်အမြဲတမ်းငြင်းဆန်နေခဲ့သည်။ထိုမီး
တောက်လေးမှာလုံချန့်ကိုလည်းအလွန်ဆွဲဆောင်ထားနိုင်သည်။

"ဆိုတော့ကာ..ကောင်လေး မင်း၀င်ပြိုင်ချင်လား"

ဝေချိုင်၏အမူအယာကိုကြည့်ကာလူအများအပြားမသိမသာခေါင်းယမ်းမိလိုက်ကြ၏။ဝေချိုင့်ပုံစံကရန်
စသလိုဖြစ်နေသည်။ဆေးဆရာကြီးဆိုသည်ဂုဏ်ပုဒ်နှင့်ပင်မတန်ချေ။သူတို့စိတ်ထဲမရိုးမရွဖြစ်နေသည့်
အတိုင်းပင်ဝေချိုင်၏အထင်တစ်သေးအမူအယာအားကြည့်ကာ လုံချန် ပြုံးလိုက်၏။သို့သော်သူပြော
လိုက်သည့်စကားတစ်ခွန်းကြောင့်လူတိုင်းအလွန်အံ့သြကုန်တော့သည်။

"ကောင်းပြီလေ"

ဖက်တီးယုတို့တစ်သိုက်လေပူကြီးများကိုယ်စီမှုတ်ထုတ်မိကြသည်။အကိုလုံ....ခင်ဗျားဘာတွေလုပ်နေ
တာလည်း။

လူတိုင်း၏အကြည့်အောက်တွင်ပင် လုံချန်  စင်မြင့်ထက်သို့တက်သွားပြီး ပိုင်ချီကိုပြောလိုက်၏။

"မင်းဆရာစကားကို မင်းကြားတယ်နော် ဒါဆိုကျုပ်နဲ့ဘယ်လိုယှဉ်ချင်လည်း"

Patriarch MK Aung

Translator's Thoughts
#လုံချန်ဆိုသောနာမည်တွင်လုံဟူသည်နဂါးကိုရည်ညွှန်းခြင်းဖြစ်သည်
#ထို့အတူချူယောင်မှာလည်းဖီးနစ်ငှက်ကိုရည်ညွှန်းသည်

########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၃၇)ဆေးပြိုင်ပွဲ

လုံချန်ထိုသို့ပြောလိုက်သည်နှင့် လူတိုင်းကြက်သေသေကုန်သည်။ဖက်တီးယုတို့တစ်သိုက်မှာလည်းမျက်လုံး၊မျက်ဆံများပြူးကုန်ကြပြီးလေပူကြီး များကိုယ်စီမှုတ်ထုတ်မိကြ၏။

"အကိုလုံ ..... ခင်ဗျား ဘာ ပေါက်ကရတွေလျှောက်လုပ်နေပြီလည်း"

ရှောင်ပိုင်ချီဒေါသထွက်လွန်းသဖြင့်မျက်နှာတွေနီနေသည်။သူမ၏အကြည့်များသားဓားနှစ်စင်
းဖြစ်ပါမူလုံချန်သေနေသည်မှာကြာပြီဖြစ်သည်။ဆရာကြီးယွမ်ချီ၏အမူအရာကား အနည်းငယ်ထူးဆန်းနေကာခေါင်းကိုအသာအယာယမ်းနေသည်။သို့သော် လုံချန်ကို သူစိတ်တော့ချ၏။

"ဒီလူဆိုး"

ချူယောင်မျက်နှာလေးရဲတွတ်သွား၏။ဒီလုံချန်စကားအပြောအဆိုတွေကရှေ့နောက်မကြည့်ပဲပြောလွန်းသည်။ရှပိုင်ချီ ဒေါသဖြစ်လွန်းသဖြင့်တစ်ကိုယ်လုံးတုန်တုန်ယင်ယင်ဖြစ်နေကာအားအင်ကုန်ခမ်းချင်သလိုတောင်ဖြစ်လာသည်။

"ကောင်လေး မင်းဒီလောက်ရိုင်းရလား ဒီအဖိုးကြီးက
မင်းကိုအရေးမကြီးတဲ့ယှဉ်ပြိုင်မှုလေးတစ်ခု
လုပ်ဖို့ဆိုလိုတာ" ဝေချိုင်ဒေါသထွက်စွာဖြင့်ပြောသည်။ဒီကောင်လေးကို သူ ပါးခပ်ပြင်းပြင်းတစ်ချက်လောက်ရိုက်ပစ်ချင်သည်။

"ကျုပ်နိုင်ရင် အဲ့တာလေးကိုကျုပ်ရမှာလား" ဝေချိုင်လက်ထဲကကျောက်စိမ်းပုလင်းလေးကို
ညွှန်ပြရင်းလုံချန်ပြော၏။သူ့လေသံက၀င်ပြိုင်သင့်   မပြိုင်သင့်မဆုံးဖြတ်ရသေးသလိုဖြစ်နေသည်။

"ဟမ့်...ငါကပြောပြီးရင် ပြောတဲ့စကားတည်တဲ့လူစားကွ" ဝေချိုင်လှောင်သံဖြင့်ပြောသည်။နောက်ဆုံး
တွင် ရှပိုင်ချီ သူမကိုယ်သူမပြန်ထိန်းနိုင်သွားသည်။သူမ လုံချန်ကိုလက်ညှိုးထိုးကာပြောပါသည်။

"နင်ငါ့ကိုနိုင်ချင်တယ်ဟုတ်လား စိတ်ကူးယဉ်နေလိုက်"

"ဒါပေမယ့် နင် ငါ့ကိုရှုံးရင်တော့ နင် ငါ့ ကိုသုံးကြိမ်ကန်တော့ပြီး ငါ့ပေါင်ကြားကနေ သုံးကြိမ်တွားသွားရမယ် ပြီးတော့ ငါ့ခြေထောက်တွေသန့်ရှင်းသွားအောင်သုံးကြိမ်လျှက်ပေးရမယ်"

ရှပိုင်ချီ၏စကားကိုကြားလျှင် လူတိုင်းအံ့အားသင့်ကုန်ကြပါ၏။အံတစ်ကြိတ်ကြိတ်ဖြစ်နေသည့်ရှပိုင်ချီကိုကြည့်လျှင်သူမနှင့်လုံချန်ကြားရန်ငြိုးကားသေးပုံမရချေ။ဝေချိုင်ရောက်လာခြင်းသည်တိုက်ဆိုင်မှုတစ်ခုမဟုတ်မှန်းလူတိုင်းနားလည်သွားကြသည်။ရှပိုင်ချီ၏စကား ကား လက်မခံနိုင်စရာပင်။မည်သို့သောသူတစ်ဦးတစ်ယောက်မျှ သူမစကားအား လက်ခံနိုင်ဖွယ်ရာမရှိပေ။

ရှပိုင်ချီသည်သူ့၏တပည့်မဖြစ်ကြောင်းဝေချိုင်ပြောထားသည်ကိုကြည့်လျှင်သူမ
၏ဆေးသန့်စင်နိုင်စွမ်းသည် အဆင့်အလွန်မြင့်ရပေမည်။သို့သော်လုံချန်၏ဆေးဖော်စပ်မှုကိုလည်းမည်သူတစ်ယောက်မှယခင်ကတွေ့မြင်ဖူးထားခြင်းမရှိချေ။ထို့ကြောင့်လုံချန်အမှန်တစ်ကယ်ပင်ဆေးသန့်စင်ဖော်စပ်နိုင်သည်လား၊မနိုင်သည်လားဆိုသည်မှာမေးခွန်းထုတ်စရာဖြစ်
နေ၏။

အကယ်၍လုံချန်အနေနှင့်ဆေးသန့်စင်ဖော်စပ်တတ်သည်ဆိုလျှင်လည်း
ဆရာကြီးယွမ်ချီနှင့်သူသိသည်မှာအချိန်မည်မျှလောက်ပင်ရှိနေပါသေးသနည်း။နှစ်လခန့်ဆိုသည့်အချိန်တွင် လုံချန်မည်မျှလောက်ဆေးပညာကိုသင်ကြားခွင့်ရမှာပါသနည်း။အလွန်နည်းသည့် အချိန်လေးဖြင့်ဆေးပညာအားကောင်းကောင်း သဘောပေါက်နားလည်သွား သည်ဆိုခြင်းမှာယုံရခက်ကြီးဖြစ်နေသည်။

စိုးရိမ်စိတ်ကြောင့်ချူယောင်မျက်နှာလေးဖြူဖွေးနေသည်။လုံချန်နှင့်သူမသိသည်မှာသိပ်မကြာ
မြင့်သေးသည်ဖြစ်သော်လည်းလုံချန်သည် အလွန်မာနကြီးသူတစ်ယောက်ဖြစ်ကြောင်းကို သူမသိသည်။ယခုလိုစိန်ခေါ်မှုမျိုးကိုလုံချန်မည်သို့မျှလက်ခံမည်မဟုတ်ကြောင်းကိုလည်းသူမသိ၏။

"လုံချန် မင်းကငါ့တပည့်မဟုတ်တာမို့လို့ ဒီထောင်ချောက်ထဲကို ခုန်၀င်စရာမလိုဘူး" ယွမ်ချီလှမ်းသတိပေးလိုက်သည်။

"ဒါဟာ ထောင်ချောက်တစ်ခုဖြစ်မှန်းကျုပ်သိပါတယ် ဒါပေမယ့် ငါးစာကမက်လောက်စရာပဲ" လုံချန်လက်လျှော့ချင်ပုံမရပေ။ဖက်တီးယုနှင့်အခြားသူများသွေးပင်အန်မိမတတ်ဖြစ်သွားသည်။ဘာ့ကြောင့်ထောင်ချောက်မှန်းသိရဲ့သားနဲ့ဒီပြိုင်ပွဲကိုလက်ခံလိုက်ရတာလည်းအကိုလုံ။

လုံချန်ကို လူတိုင်းထူးဆန်းသလိုကြည့်နေကြသည်။လုံချန်ဟာတစ်ကယ်ပဲငတုံးတစ်ယောက်လား။ငတုံးတစ်ယောက်လိုဟန်ဆောင်နေတာလား။လုံချန် ခေတ္တမျှတွေဝေနေပြီး မှ ထိုစိန်ခေါ်မှုကိုလက်ခံလိုက်ပါ၏။

"ကျုပ်လက်ခံတယ် ဒါပေမယ့် ကျုပ်မှာအခြေအနေတစ်ခုရှိတယ်"

လုံချန်၏လက်ခံမှုကိုမြင်လျှင် ရှပိုင်ချီနှင့်ဝေချိုင် တို့မျက်နှာအသီးသီးတွင်လှောင်ပြုံးကိုယ်စီပေါ်လာကြ၏။

"ကောင်းပြီ ဘာအခြေအနေလည်း"

"ကျုပ်သာနိုင်ရင် ဒီမိန်းမကို ကျုပ်ရဲ့သတို့သမီးအဖြစ်မလို ချင် ဘူး ခင်ဗျားနဲ့ပတ်သတ်ထားတော့ရောဂါတွေဘာတွေကူးမှာကြောက်ရတယ်" လုံချန်ပြောသည်။

"ငါ နင့်ကိုသတ်မယ်လုံချန်"  ရှပိုင်ချီဒေါသပေါက်ကွဲလေပြီ။သူမ၏လှပသောမျက်နှာလေးမှာရှုံ့တွကာအလွန်ရက်စက်တော့မည့်ပုံစံသို့ပြောင်းသွားသည်။

"လုံချန်" ဝေချိုင်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိပါ၏။မည်သို့ပင်သူ့ကိုယ်သူထိန်းထားသည်ဖြစ်စေ သူ့တစ်ကိုလုံးသည် ဒေါသကြောင့်တုန်ယင်နေသည်။

"အဖိုးကြီး ခင်ဗျားဦးဏှောက်သွေးကြောတွေဘာတွေပြတ်ကုန်ဦးမယ်နော်" လုံချန်စိုးရိမ်စွာမေးလိုက်လေသည်။သို့သော်ဝေချိုင်ကားအတွေ့အကြုံအလွန်များသူတစ်ယောက်ပင်။အချိန်မှီပင်သူ့ဒေါသကိုထိန်းလိုက်နိုင်ပါသည်။

"ဒီဆေးပညာပြိုင်ပွဲ မှာ လုပ်ရမယ့်ဆေးဟာ သွေးနှောဆေးပဲ ပါ၀င်တဲ့ဆေးအမယ်တွေကိုတော့
ကိုယ့်ဟာကိုယ်ယူလာတာတွေဖြစ်ရမယ် ပြီးတော့ ဆေးအမယ်တွေဟာ ဆေးသုံးဖုန်စာဖော်ဖို့
ရှိရမယ် ဆယ်ငါးမိနစ်အတွင်းမှာပွဲကိုစမယ်"

စည်းမျဉ်း၊စည်းကမ်းများသတ်မှတ်ပြီးချိန်တွင် ဝေချိုင် သူ့ခုံသူ ပြန်သွားသည်။လုံချန်ကိုအမှန်တစ်ကယ်ပင်သူကြောက်လာနေမိသည်။လုံချန်ဆိုသည့်ခွေးကောင်၏အစွမ်းအစကသူတစ်ပါးကိုဒေါသအလွန်ထွက်အောင်လုပ်နိုင်ခြင်းပင်ဖြစ်လေရာ သူ့ဒေါသသူမထိန်းနိုင်ပဲ ထိုအကောင်ကို ရိုက်မိလိုက်မှာကိုသူစိုးရိမ်သည်။

ရှပိုင်ချီတွင်ရှိနေသည့်ဆေးအမယ်များသည် ဝေချိုင်ပြင်ဆင်ပေးထားခြင်းသာလျှင်ဖြစ်သည်။လုံချန့်အဖို့မှာမူယခုတစ်ကြိမ်တွင်ဆရာကြီးယွမ်ချီကိုသာလျှင်အားကိုးရပေတော့မည်။ဝေချိုင်သည် ရှပိုင်ချီအားအသုံးချကာ ဆရာကြီးယွမ်ချီနှင့်သူ့အားသိက္ခာကျစေရန်ကြံစည်ခြင်းဖြစ်ပါ၏။

"ဆရာကြီး ကျုပ်ကိုဆေးအမယ်လေးများခဏချေးလို့မရဘူးလား" လုံချန်ရိုသေစွာပြောသည်။

"လုံချန် ဒီကိစ္စကိုမင်းသေသေချာချာစဉ်းစားရမယ်" ယွမ်ချီလေးလေးနက်နက်သတိပေးနေ
သည်။

"ဆရာကြီး ဒီကိစ္စက ကျုပ်ဘာသာတာ၀န်ယူတာမို့လို့ မစိုးရိမ်ပါနဲ့ခင်ဗျာ" လုံချန်ကပြောသည်။

"ဒါဆိုလည်းကောင်းပြီလေ" ယွမ်ချီအနည်းငယ်စိတ်ပူမိသော်လည်းဆုံးဖြတ်ချက်ခိုင်မာသည့်လုံချန်၏ပုံစံကိုမြင်တော့ခေါင်းကိုအသာအယာငြိမ့်လိုက်သည်။ထို့နောက်သူ့တွင်ပါလာသည့်ဆေးပညာသင်တစ်ယောက်ကို ဆေးဆရာအသင်းသို့ပြန်စေကာ လိုအပ်သောဆေးအမယ်များကိုယူခိုင်းလိုက်ပါ၏။

သွေးနှောဆေးသည်ဒုတိယအဆင့်ဆေးတစ်မျိုးဖြစ်သည်။၄င်းဆေးသည် သွေးနှောအဆင့်သိုင်းသမားများအား အဆင့်နိမ့်လေးများတွင် အလွယ်တစ်ကူအဆင့်တက်နိုင်သည်ဖြစ်ရာ စျေးအလွန်ကြီးလေသည်။ထိုဆေးဖော်စပ်ရာတွင်ပါ၀င်သည့်ဆေးအမယ်များသည် ရှားလှသည်တော့မဟုတ်သော်လည်း ယင်းဆေးဖော်စပ်ရာတွင်အဓိကထည့်ရသည့်သွေးဝိညာဉ်သစ်သီးမှာမူကားအလွန်တရာစျေးကြီးလှေ လေ သည်။

ထိုဆေး၏အရည်အသွေးသည်သွေးဝိညာဉ်သစ်သီးအားသန့်စင်မှုအပေါ်တွင်တည်မှီနေတတ်သည်။ထိုသစ်သီးတွင်ပါ၀င်သောအညစ်အကြေးများအားထုတ်ပစ်ရခြင်းမှာလွန်စွာမှပင်ခက်ခဲလှ၏။အကယ်၍မီးတောက်၏အပူရှိန်မှာအနည်းငယ်မျှများသွားလျှင်လည်းချက်ချင်းပြာဖြစ်သွားတတ်သလိုမီးတောက်၏အပူရှိန်သည် လုံလောက်စွာမရရှိခဲ့လျှင်မူ ဆေး၏အရည်အသွေးအပေါ်များစွာထိခိုက်မှုဖြစ်တတ်လေသည်။ထို့ကြောင့်ဒုတိယတန်းစားဆေးများတွင် ထိုဆေးသည်အလွန်သန့်စင်ရခက်သည့်ဆေးအမျိုးအစားဖြစ်ကြောင်းပြောစမတ်ပင်ပြုကြရ၏

ထို့ပြင်လူအများ၏ရှေ့တွင်သန့်စင်ပြရခြင်းကားဖိအားပိုများသည်။ဆေးသုံးဖုံဟူဆိုရာတွင် အခွင့်အရေးသုံးကြိမ်ခန့်ရှိသည်ဟုဆိုလိုသော်လည်း ၄င်းအခွင့်အရေးသုံးကြိမ်ရှိလျှင်တောင်မှ သွေးနှောဆေးအားသန့်စင်ရာတွင်စွန့်စားရမှုအင်မတန်များလှသည်။

လုံချန်ကောရှပိုင်ချီပါပြင်ဆင်မှုများပြီးသွားကြချေပြီ။သိုင်းပြိုင်ကွင်း၏အလယ်တွင်ဆေးပညာပြိုင်ရန်စင်မြင့်ခပ်သေးသေးလေးကိုယာယီဆောက်လိုက်ကြ၏။လုံချန်နှင့်ရှပိုင်ချီဆေးသန့်စင်နေသည်ကိုကောင်းကောင်းမြင်နိုင်ရန် ဒီဇိုင်းလုပ်ကာ ထိုစင်မြင့်ကလေးကိုတည်ဆောက်ထားခြင်းကြောင့် ပရိတ်သတ်များကောင်းကောင်းမြင်နိုင်တွေ့နိုင်ကြလေ၏။

"ပြိုင်ပွဲစလိုက်ကြစို့ မင်း တို့နှစ်ယောက်စလုံးအချိန်နှစ်နာရီရမယ် အရည်အသွေးအကောင်းဆုံးဆေးကို သန့်စင်နိုင်သူ ပထမရမယ်"

ပြိုင်ပွဲစသည်နှင့်သူကောရှပိုင်ချီပါ မိမိတို့နှင့်သက်ဆိုင်သည့်နေရာအသီးသီးသို့သွားလိုက်ကြကာဆေးဖော်ရန်လိုအပ်သောဆေးအမယ်များကိုစင်ပေါ်တင်ထားလိုက်ကြ၏။ရှပိုင်ချီ၏ဆေးအမယ်များကိုလုံချန်မသိမသာကြည့်လိုက်မိသည်။

"နှစ်တစ်ရာလောက်သက်တမ်းရှိတဲ့ သွေးဝိညာဉ်သစ်သီးပါလား"

လုံချန်အံ့အားသင့်နေပါ၏။ရှပိုင်ချီအသေးစိတ်ကြိုတင်ပြင်ဆင်လာပုံရသည်။သူ့၏သွေးဝိညာဉ်သစ်သီးနှစ်လုံးမှာမူနှစ်သုံးဆယ်ခန့်သာသက်တမ်းရှိသေးပြီး အကောင်းဆုံးသစ်သီးမှာမူ နှစ်ငါးဆယ်ခန့်သာသက်တမ်းရှိမည်။

"ဟမ့်....ဆေးအမယ်တွေကိုကိုယ့်ဟာကိုယ်ယူခဲ့လို့ပြောပြီးသားနော်  နင့်ရဲ့ငမွဲ ဆေးဆရာအသင်းကိုပဲအပစ်တင်တော့" လုံချန် သူမအားမသိမသာကြည့်နေသည်ကိုမြင်လျှင် ရှပိုင်ချီ အေးစက်စက်လေသံဖြင့်ရယ်ရင်းပြောသည်။ဆရာကြီးယွမ်ချီမျက်နှာအနည်းငယ်ပျက်သွားပါ၏။

"အင်း....နှစ်ပေါင်းများစွာကြာတာတောင် မင်း ဒီလိုကလိန်ကကျစ်နည်းတွေသုံးနေတုန်းပါလား"

ဆရာကြီးယွမ်ချီ၏စကားသည့်မည်သူ့ကိုမျှရည်ရွယ်ခြင်းမျိုးမဟုတ်ပဲ သူ့ကိုယ်သူသာရေရွတ်သည့်သဘောဖြင့်ပြောခြင်းဖြစ်၏။သို့သော်ဝေချိုင် အေးစက်စက်အသံဖြင့်ရယ်လိုက်၏။

"အနိုင်ရရှိသူဟာဘုရင်ပဲ ရှုံးနိမ့်သွားသူကတော့ အရှုံးသမားသက်သက်ပဲပေါ့ ကျုပ်ဂရုစိုက်တာကနောက်ဆုံးရလာဒ်ပဲ"

"ဆရာကြီး သူတို့နှစ်ယောက်သုံးတဲ့ ဆေးအမယ်တွေကမတူဘူးလား" သွေးဝိညာဉ်သစ်သီး၏သက်တမ်းအားချူယောင်မပြောနိုင်စေကာမူရှပိုင်ချီနှင့်လုံချန်တို့၏ပုံစံများကိုကြည့်၍ တစ်ခုခုဖြစ်နေပြီဆိုတာကိုတော့သူမသိပါ၏။ယွမ်ချီခေါင်းငြိမ့်သည်။

"သူတို့ရဲ့ သွေးဝိညာဉ်သစ်သီးတွေက အကုန် နှစ်သုံးရာသက်တမ်းရှိတဲ့ဟာတွေချည်းပဲ
အဲ့ဒိသစ်သီးတွေကနေသန့်စင်တဲ့ အခါဆေးအာနိသင်အလွန်ထက်မြက်စေတယ်"

"ဒါဆိုလုံချန့်အတွက်မကောင်းဘူးပေါ့" ချူယောင်စိုးရိမ်တကြီးမေးရှာသည်။ယွမ်ချီသက်ပြင်းချသည်။

"ဒါကျုပ်အမှားပဲ ဝေချိုင်ကိုကျုပ်လျှော့တွက်လိုက်မိတယ်"

ထိုအချိန်တွင် လူထုတစ်ရပ်လုံးငြိမ်သက်တိတ်ဆိတ်သွားကြသည်။ဆရာကြီးယွမ်ချီ၏အသံသည်များစွာမတိုးလှသည်ဖြစ်ရာ၄င်းတို့ကောင်းကောင်းကြားကြရလေသည်။သို့သော်ဝေချိုင့်အနေနှင့်လည်းမမှားချေ။ဆေးအမယ်များသည် တစ်ဦးတစ်ယောက်နှင့်သာဆိုင်သောကိစ္စဖြစ်လေရာ ကိုယ့်အမှားဟူ၍သာယူဆရပေမည်။

"အကိုလုံနိုင်မယ်လို့မင်းတို့ထင်လား" ရှုဟူ စိုးရိမ်စွာဖြင့်မေး၏။

"ရှက်စရာပဲ အကိုလုံကိုမင်းတို့ဘယ်သူထင်လို့လည်းကြည့်နေကြစမ်းပါကွာ" ဖက်တီးကားအထူးသဖြင့်ယုံကြည်မှုများဖြင့်ပြည့်နေတော့သည်။ရှပိုင်ချီ သူမ၏ ဆေးအမယ်များဖြင့်အလုပ်ရှုပ်နေသည်ကိုလုံချန်ကြည့်နေသည်။သို့သော် သူကတော့မတ်တပ်သာလျှင်ရပ်နေပြီးလျှင် မည်သည်ကြိုတင်ပြင်ဆင်မှုမျိုးကိုမျှလုပ်မနေပါချေ။

"ဟမ့် နင်အရှုံးပေးလိုက်ပြီလား ငါ့ခြေထောက်ကိုလျှက်ပေးဖို့စောင့်နေ"

လုံချန်မလှုပ်မရှားဖြစ်နေသည်ကိုမြင်လျှင် လုံချန်တစ်ယောက်ရှေ့ဆက်ရပ်အကျပ်ရိုက်နေပြီဟုသူမတွေးမိသည်။ထို့နောက်သူမလက်ကိုမြှောက်လိုက်သည်နှင့်အဝါရောင်မီးတောက်များထွက်လာတော့၏။ရှပိုင်ချီကားဆေးဖော်စပ်ရာတွင်ကျွမ်းကျင်လှသည်မဟုတ်သော်လည်းသူမ၏ဆေးမီးတောက်ကတော့အဆင့်မြင်လှသည်။သူမသည် အဆင့်မြင့်ဆေးပညာသင်တစ်ယောက်ဖြစ်နေချေပြီ။ထို့ကြောင့်ထိမျှမောက်မာထောင်လွှားနေခြင်းမှာအံ့အားသင့်စရာတော့မဟုတ်ပါပေ။

သို့သော် ထိုဆေးမီးတောက်ကိုလုံချန်များစွာစိတ်၀င်စားခြင်းမရှိလှ။ကျားသစ်မီးတောက်ဟုခေါ်သောဘိစ်မီးတောက်မှာယခုပိုင်ချီအသုံးပြုနေသည့်မီးတောက်ထက်ဆယ်ဆမျှပိုမိုကောင်းမွန်လေသည်။အကယ်၍သာ ကျားသစ်မီးတောက်အားသူရလျှင် အဆင့်မြင့်ဆေးများကို သူဖော်စပ်နိုင်တော့မည်။ထိုသို့ဖော်စပ်နိုင်မှသာချူယောင်အားပထမတန်းစားဆေးများဖြင့်ကုနိုင်မည်ဖြစ်၏။

ချူယောင်၏ကိုယ်တွင်းတွင်ရှိသောသဏ္ဍာန်ပြောင်းစွမ်းအင်ကိုးမျိုးသည် အချိန်အလွန်အမင်းကြာနေပြီဖြစ်ရာ အလွန်ရင့်သောအခြေအနေသို့ရောက်နေပြီဖြစ်၏။ပထမတန်းစားဆေးများဖြင့်သာလျှင်ထိုစွမ်းအင်များအားဖယ်ထုတ်နိုင်မည်။ထို့ကြောင့်သာလျှင် ယခုပွဲအားထောင်ချောက်မှန်းသိသိနှင့်သူလက်ခံလိုက်ခြင်းဖြစ်၏။ယင်းကားသူပြောခဲ့သလိုပင်။ငါးစာကမက်လောက်စရာဖြစ်နေသည်။

ရှောင်ပိုင်ချီ အလွန်ချောမွေ့စွာလှုပ်ရှားနေသည်။ဆေးကျိုးအိုးအားသူမကောင်းစွာအပူပေးပြီးနေပြီ။သူမလုပ်သွားသည့်တစ်ဆင့်ခြင်းတိုင်းသည်အနည်းငယ်မျှပင်တွေဝေနေသည်မျိုး လုံချန်မတွေ့ရသေးချေ။ဝေချိုင်မုတ်ဆိတ်ကိုသပ်ရင်းပြုံးနေသည်။သူ့ကိုယ်သူယုံကြည်မှုသိပ်ရှိနေ၏။

"ပိုင်ချီကိုပြုစုပြိုးထောင်ရတာတန်တယ် တစ်ကယ်လို့သူမသာဒီနေ့ သွေးနှောဆေးဖော်စပ်နိုင်ရင် သူမ ဆေးဆရာဖြစ်ပြီ"

ဆေးပညာသင်အဖြစ်မှဆေးဆရာအဆင့်သို့တက်လှမ်းရာတွင် သွေးနှောဆေးဖော်စပ်ခြင်းသည်ထည့်သွင်းစစ်ဆေးကြသည့်အချက်တစ်ချက်ပင်ဖြစ်သည်။အကယ်၍လူများစွာမျက်စိရှေ့မှောက်
တွင်သာထိုဆေးကိုသူမဖော်နိုင်ခဲ့လျှင် ပိုင်ချီအနေနှင့်နောက်အဆင့်တစ်ဆင့်သို့တက်လှမ်းနိုင်
မည်ဖြစ်ကြောင်းလူတိုင်းအားဖော်ပြနေသကဲ့သို့ရှိချေမည်။

"ဒါဟာ ဆရာကြီးရဲ့ကျေးဇူးတွေကြောင့်ပါပဲ ချန်ဖုန်း ဆရာကြီးအနားယူဖို့နေရာတစ်ခုရှာထားပြီးသွားပြီ"

ချန်ဖုန်းကပြောသည်။ထို့နောက်တွင်နှစ်ကိုယ်ကြားသာကြားနိုင်သည့်လေသံဖြင့်.....

"ဆရာကြီးအတွက်အပျိုရည်မပျက်သေးတဲ့ အမွှာညီအမနှစ်ယောက်ကိုလည်းချန်ဖုန်းရှာထားပါတယ်"

ဝေချိုင်မျက်လုံးတွေလက်ကနဲဖြစ်ကုန်ကြသည်။သို့သော်သူ့၏အာသာအားပြန်ချိုးနှိမ်ရင်း......

"ရပါတယ်ကွာ ကျုပ်က နည်းနည်းလောက်အနားယူရင်ပဲရပါပြီ"

"ဆရာကြီးဒီလိုတွေမကြိုက်တာကျုပ်လည်းသိပါတယ် ဒါပေမယ့်အခွင့်အရေးရတုန်းလူတွေကဆရာ
ကြီးကိုပြုစုချင်လို့နေမှာပါ"

ထိုသို့သာပြောလိုက်ရသော်လည်းစိတ်ထဲတွင်တော့ချန်ဖုန်း ကျိန်ဆဲနေသည်။

'သောက် ငထန်ကောင်ကြီး ခင်ဗျားငထန်ဆိုတာဘယ်သူမဆိုသိတယ် ဘာဟန်တွေဆောင်နေတာလည်း'

ရှချန်ဖုန်းရေရွတ်နေရင်းသူ့အကြည့်က ရှပိုင်ချီထံရောက်သွား၏။သွေးဝိညာဉ်သစ်သီးကို သူမ စသန့်စင်နေပြီဖြစ်သည်။သွေးနှောဆေးအောင်မြင်စွာဖော်စပ်နိုင်ရန်မှာ သွေးဝိညာဉ်သစ်သီးနှင့်များစွာဆက်စပ်မှုရှိလေသည်။အကယ်၍သွေးဝိညာဉ်သစ်သီးမှသန့်စင်သောအမတေများအား ထုတ်ယူနိုင်လျှင်အောင်မြင်စွာဆေးသန့်စင်နိုင်ရန်အလွန်နီးစပ်သည်။

ဆေးကျိုးအိုးထဲသို့ သွေးဝိညာဉ်သစ်သီးအား ရှပိုင်ချီ ဂရုတစ်စိုက်ထည့်၍မီးအပူရှိန်ကိုမြင့်လိုက်သည်။အမှန်ဆိုလျှင်ထိုမျှသက်တမ်းရင့်သောသွေးဝိညာဉ်သစ်သီးအား သန့်စင်ခြင်းသည် သူမအတွက်ပထမဆုံးအကြိမ်ဖြစ်လေရာ နည်းနည်းမျှသတိလွတ်မခံရဲပါချေ။

"အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"

ရှပိုင်ချီ၏ဆေးသန့်စင်မှုသည်အလွန်အရေးကြီးသည့်အချိန်သို့ရောက်နေပြီဖြစ်လေရာကွင်းပြင်တစ်ခုလုံးပရိတ်သတ်များငြိမ်သက်တိတ်ဆိတ်နေသည့်အချိန်တွင် လုံချန်၏အာခေါင်ခြစ်အော်သံကြီးကြောင့်ပရိတ်သတ်များထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြသလို မီးတောက်ကို အာရုံစိုက်နေရသည့် ရှပိုင်ချီ၏လက်လည်းအနည်းငယ်မျှယမ်းခါသွားလျှင် နှစ်တစ်ရာခန့်မျှရှိသော သွေးဝိညာဉ်သစ်သီးသည်ခဏချင်းမှာပင်လျှင် ပြာဘ၀ သို့ပြောင်းတော့သည်။

ကွင်းပြင်တစ်ခုလုံးအပ်ကျသံမကြားရလောက်အောင်တိတ်ဆိတ်၍အကြည့်များအားလုံးလုံချန်ထံသို့ စုပြုံကျရောက်သွားလေသည်။

Patriarch MK Aung

#########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၃၈)ရှုံးနိမ့်ခြင်း

၀ုန်း...

"လုံ ချန်!!!!!!!!"

ဒေါသတစ်ကြီးဖြင့်အသံကုန်အော်လိုက်သည့်မိန်းမတစ်ယောက်၏အသံသည်လူတိုင်း၏နားစည်များ
ထဲသို့ရိုက်ခတ်လျှက်ရှိသည်။ထိုအသံကားရှပိုင်ချီ၏အသံပင်။
လုံချန်ကိုစိုက်ကြည့်နေသည့်သူမမျက်နှာ
ကားအလွန်တရာကြောက်မက်ဖွယ်ရာကောင်းနေ၏။သွေးဝိညာဉ်သစ်သီးကိုသန့်စင်ရာတွင်
အရေးပါသည့် အချိန်တစ်ချိန် ကို ရောက်နေပေပြီ။ထိုအခိုက်အတန့်လေး သည် ရှပိုင်ချီ အဖို့ သွေးဝိညာဉ်
သစ်သီးအား သန့်စင်ရန် လုံလောက်မည့် အပူချိန်ကိုချိန်ဆနေတုန်းပင်ဖြစ်သည်။

သို့သော် လုံချန်၏ အာခေါင်ဖြစ်အော်သံကြီးကြောင့် မီးတောက်ထဲသို့နှစ်ထားသော သူမ၏ စိတ်သည်
ထိန်းချုပ်မှုမှလွတ်သွားရတော့သည်။ဆေးမီးတောက် ကို သူမပြန်ထိန်းချုပ်ရန် ကြိုးစားလိုက်သော်လည်း
နောက်ကားကျချေပြီ။ထိုသို့ဖြင့် အလွန်ရှားပါးလှသည့် နှစ်သုံးရာ သက်တမ်းရှိသော သွေးဝိညာဉ်
သစ်သီးသည်လည်း ပြာဘ၀ သို့ ပြောင်းရတော့သည်။သူမစိတ်သိပ်ဆိုးရပါသည်။မည်မျှစိတ်ဆိုးဒေါ
သထွက်ရသနည်းဟူမူ သူမ၏ နှလုံးမှ သွေးများတစ်စက်စက် ကျလာသလိုပင်ခံစားရသည်။

"ဟားဟား ကျုပ်အမှားပါ ကျုပ်ကဆေးမဖော်ခင် လည်ချောင်းရှင်းတဲ့အကျင့်ရှိတယ်ဗျ ခင်ဗျားကြောက်
သွားတယ်ထင်တယ်"

လုံချန့်ဟန်ပန်ကအလွန်ဖြူစင်ရိုးသားသည့် သိုးငယ်လေးပမာဖြစ်နေပြီး တောင်းပန်တိုးလျှိုသံဖြင့်ပြော
နေ၏။ထိုသို့အော်ဟစ်လိုက်ခြင်းမှာ တမင်သက်သက်လုပ်ခြင်းဖြစ်မှန်း မျက်စိကန်းနေသူတစ်ယောက်
ပင်သိပေမည်။ရှပိုင်ချီမျက်လုံးများမှ မီးတောက်များ ထွက်လာတော့မတတ်ပင်ဖြစ်နေပါသည်။

သို့သော် ဆေးပြိုင်ပွဲတွင် ထိုသို့ဆူညံမှုမျိုး မလုပ်ရဟူ၍လည်း မသတ်မှတ်ထားသည် ဖြစ်ရာ လုံချန်အား
သူမအပြစ်တင် ရန်လည်း မဖြစ်နိုင်ချေ။

"အာရုံစိုက်စမ်း" ဝေချိုင်၏အေးစက်စက်လေသံ ကြောင့် ရှပိုင်ချီ သူမ၏ ဒေါသကိုမြိုချထားရ၏။သူမကိုယ်
သူမ တည်ငြိမ်အောင် မထိန်းနိုင်လျှင် သူမအမှန်တစ်ကယ်ပင် ရှုံးပေတော့မည်။

"ကျုပ်အာရုံ သိပ်စိုက်နေတယ် ခင်ဗျားစိတ်ပူစရာ မလိုပါဘူး" လုံချန်အေးစက်စက်လေသံဖြင့်ပြန်ပြောသည်။

" ဒီမှာ....ခင်ဗျား ဆေးဆက်သန့်စင်ပါ ကျုပ်အသံမထွက်အောင်နေပါ့မယ်"

ရှောင်ပိုင်ချီ လုံချန် နှစ် အငြင်းအခုံဖြစ်မနေချင်တော့ချေ။ထို့နောက် ဒုတိယဆေးတစ်ဖုံ ထပ်ဖော်ရန်
ဆေးအမယ်များကို ထုတ်ကာ နားနှစ်ဖက်ထဲသို့လည်း ဆေးမြစ်တစ်ခုခုနှင့် ဆို့ထားလိုက်ခြင်းအားဖြင့် လုံချန်ထပ်
အော်ဟစ်မှုအား သူမ ကြောက်စရာ မလိုတော့ပေ။ရှပိုင်ချီ ထုတ်ယူလိုက်သည့် အလွန်သက်တမ်း
ရင့်နေသော သွေးဝိညာဉ်သစ်သီး နောက်ထပ်တစ်လုံးအားကြည့်၍ လုံချန်မည်သို့ ပြောရမှန်း မသိ ဖြစ်
နေသည်။

သူမ ၏ များစွာသော ကြိုတင်ပြင်ဆင်မှုများသည် သူ့ကို စိတ်ဓာတ်ပင် ကျသွားစေသည်။ယခုကဲ့သို့
နားထဲအား တစ်ခုခုဆို့ထား လိုက်ခြင်းအားဖြင့် လည်း သူမကို လုံချန် ထပ်၍ အော်ဟစ်နှောင့်ယှက်ရန်
မဖြစ် နိုင်တော့ပေ။လုံချန့် အဖို့ သူ့၏ကံကိုသာ အပစ်တင်ရတော့မည်။လုံချန် သူ့၏လက်များအား မြှောက်
လိုက်လျှင် အဝါရောင်ဖျော့ဖျော့ မီးတောက်တစ်ခု ထွက်လာသည်။လုံချန့် မီးတောက်ကို မြင်သည်နှင့် ဝေ
ချိုင် မျက်လုံးများမှေးကျဉ်းသွား၏။လုံချန့်မီးတောက်သည် ရှပိုင်ချီ၏မီးတောက်ထက် မည်သို့မျှအဆင့်
နိမ့်သည်ဟုမဆိုသာပေ။

သူတွင်သာမက ဆရာကြီးယွမ်ချီပင်လျှင် လုံချန့်မီးတောက်အားကြည့်ကာ အနည်းငယ် အံ့အားသင့်လျှက်
ရှိသည်။ယခုလုံချန်အသုံးပြုလျှက်ရှိသောမီးတောက်သည် နောက်ဆုံးတစ်ကြိမ်လုံချန်ဆေးသန့်စင်ခဲ့သည့်
အချိန်ကထက် များစွာပိုမိုအင်အားကောင်းနေပါသည်။

"ဟားဟား ငါပြောခဲ့တဲ့အတိုင်းပဲ အကိုလုံဘာပြသနာမှလုံး၀ရှိမှာ မဟုတ်ဘူး ကြည့်ဦး အကိုလုံ့လက်
ထဲမှာ မီးတောက်တစ်ခုတောင်ရှိတယ်" ဖက်တီးယု မိမိကိုယ်ကို လွန်စွာကျေနပ်အားရလျှက်ရှိ၏။
၄င်းတို့အတွက်မှာမူ လုံချန် ဆေးသန့်စင်ဖော်စပ်သည် ကို ယခုမှ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
၄င်းတို့အား ပိုမို စိတ်အေးလက်အေး ဖြစ်သွားရသည့်အချက်တစ်ချက် မှာ လုံချန်သည့် တစ်ကယ့်
ဆေးပညာသင်တစ်ယောက် ဖြစ်နေခြင်းဖြစ်၍ပင်ဖြစ်သည်။

လုံချန်၏ဆေးမီးတောက်ကားလူအတော်များများကို အံ့အားသင့်သွားစေသည်။၄င်းအား ဆေးပညာသင်
တစ်ယောက်အဖြစ် ပြောဆိုနေကြသော်လည်း လူတိုင်းရင်ထဲတွင်သံသများ ရှိနေသည်။သို့ကလိုဆိုလျှင်
လုံချန်သည် မည်သည့် အခြေခံ မှ မရှိပဲ နှစ်လအတွင်း ဆေးပညာသင်တစ်ယောက် ဖြစ်သွားနိုင်သည်
လား။ပရိတ်သတ်များ အနေဖြင့် တည်ငြိမ်နေသည့် ဆရာကြီးယွမ်ချီအား ကြည်ညိုလေးစားစိတ် အပြည့်
ဖြင့်ကြည့်မိကြသည်။

ယွမ်ချီစိတ်ထဲကြိတ်ရယ်မိသည်။လုံချန်အားမည်သည့်ဆေးပညာမျှ သူမသင်ပေးခဲ့သည်ကို သူသာ
လျှင် အသိဆုံးဖြစ်သည်။ကြည့်ရသည်မှာ လုံချန့်တွင် လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေပေဦးမည်။
လုံချန်၏ ဆေးမီးတောက်ကို ကြည့်နေသူအခြားတစ်ယောက်လည်း ရှိသေးသည်။ထိုသူမှာ မင်းသမီး
လေး ချူယောင်ပင်ဖြစ်၏။

မီးအရှိန်အားငြိမ်အောင် ထိန်းထားလိုက်ပြီးနောက် ဆေးကျိုးအိုးကို လုံချန် အပူစပေးသည်။လုံချန်၏
အလွန်အေးဆေး၍ သက်တောင့်သက်သာ ရှိလှသည့်ပုံစံ ကြောင့် သူမ၏အစိုးရိမ်ကြီးနေသည့် စိတ်
ကလေးအတန် အသင့်သက်သာလျှော့ ပါးသွားရသည်။ရှပိုင်ချီ သည်လည်း သူမကိုယ်သူမ ထိန်းသိမ်း
သွားနိုင်ပြီဖြစ်ကာ နောက်ထပ် သွေးဝိညာဉ်သစ်သီး တစ်လုံးကို သန့်စင်နေ၏။

လုံချန်၏ သွေးဝိညာဉ်သစ်သီးသည် ရှပိုင်ချီနှင့်ယှဉ်လျှင် အရွယ်အစားအားဖြင့် လည်းကောင်း၊အရည်
အသွေး အားဖြင့်လည်းကောင်း များစွာညံ့ဖျင်းလှလေရာ ပြိုင်ပွဲအစမှာပင် သူ့အနေဖြင့် ရှပိုင်ချီ၏
နောက်သို့ နောက်ကောက်ကျနေပြီဟူ၍ပင် ပြောလို့ရသည့်အနေ အထားဖြစ်နေပြီဖြစ်သည်။တရားမျှ
တမှုမရှိသည့်အခြေအနေပင်တည်း။

ထို့ကြောင့် သူ့ကိုယ်ပိုင် သွေးဝိညာဉ်သစ်သီးထဲမှ အညစ်အကြေးများအား သူတတ်နိုင်သ၍သာ
အကောင်းဆုံး ကြိုးစားပြီးလျှင် ထုတ်ယူနိုင်တော့သည်။သို့ရာတွင် နောက်ဆုံးဆေးဖြစ်လာချိန်တွင်
ဖြစ်ပေါ်လာမည့် ဆေး၏ အရည်အသွေးတွင်မူ လုံချန် သူမ၏နောက်တွင် ခြေတစ်လှမ်းခန့် ပြတ်ကျန်
ခဲ့ပြီဟုပြော၍ရသည်။

ရုတ်တရက်ဆိုသလို လုံချန်၏ဆေးမီးတောက်သည် စွမ်းအင်များတိုးလာခဲ့သည်။မီးဖိုထဲတွင် တစ်ရှိန်
ရှိန်လောင်ကျွမ်း နေသည့် လုံချန်၏ ဆေးမီးတောက်ကို ကြည့်ကာ ထိုမီးက ၄င်းတို့ကိုပါ လာရောက်
လောင်ကျွမ်း နေသလို ပရိတ်သတ်များ ခံစားနေရ၏။

"ကောင်းလိုက်တဲ့ စိတ်စွမ်းအား"

ဝေချိုင်ပင်အံ့အားသင့်ယူရသည်။လုံချန်သည့် သူ့၏စိတ်စွမ်းအင်ကို တစ်ဖက်တွင်ဆေးမီးတောက်အ
တွက် အသုံးပြုနေသလို တစ်ဖက်တွင်လည်း သွေးဝိညာဉ်သစ်သီးမှ အမတေဓာတ်များ အလေ အလွင့်
မဖြစ်စေရန် အသုံးပြုနေသည်။ထိုနည်းစနစ်ကားအလွန် အမင်းပင် အရိုင်းဆန်လွန်းလှ၏။သို့သော်
အံ့အားသင့်နေ သည့် သူ့စိတ်ကို ဝေချိုင် ထိန်းသိမ်း လိုက်ပြီးလျှင် စိတ်ထဲမှ ကျိတ်ပင်လှောင်လိုက်
သေးသည်။လုံချန့်၏စိတ်စွမ်း အင်သည်အလွန် မြင့်သည်မှန်သော်လည်း သူ့၏ သွေးဝိညာဉ်သစ်သီးသည်
နှစ်တစ်ရာမျှပင် သက်တမ်းမရှိသေးချေ။

သို့ဖြစ်လေရာ သက်တမ်းရာဂဏန်းမျှ ရှိပြီဖြစ်သော သွေးဝိညာဉ် သစ်သီးဖြင့်မည်သို့ ယှဉ်ပြိုင်နိုင်ပါ
မည်နည်း။ထို့အပြင် သူ့၏ သွေးဝိညာဉ်သစ်သီးမှာ နှစ်သုံးရာ ခန့် သက်တမ်းရှိပြီ ဖြစ်သည့် သစ်သီးဖြစ်
သည်။ကနဦး က ပင်လျှင်ထိုမျှလောက်များပြားသည့် စိတ်စွမ်းအားများအား အလေအလွင့်ဖြစ်စေလျှင်
နောက်ပိုင်းဆေးဖြစ်ရန် ပြုလုပ်သည့် အမှားမခံတော့သည့်အချိန်တွင် စိတ်စွမ်းအင်များ မလုံမလောက်
ဖြစ်ပေမည်။ထိုအချက်ကား ဝေချိုင်မျက်လုံးထဲတွင် လုံချန်ရှုံးနိမ့်ရန် လုံလောက်သည့်အချက်တစ်ချက်
ဖြစ်နေ၏။

ထိုလူများထဲတွင် လုံချန့်အပြုအမူ များအား အံ့အားသင့်နေသည့် လူဟူ၍ ဆရာကြီးယွမ်ချီတစ်ယောက်
သာလျှင် ရှိလေသည်။ထိုကဲ့သို့ သက်တောင့်သက်သာဖြင့် စိတ်စွမ်းအင်အား အသုံးချသည်ကို ယွမ်ချီ
ယခင်ကမမြင်စဖူး။လုံချန်သည်သာ ထိုသို့ ပြုလုပ်ကောင်းပြုလုပ်နိုင် သည်လည်းဖြစ်နိုင်ပါ၏။အနီရောင်
အမှုန့် များစွာကို ဆေးကျိုဒယ်အိုး ထဲမှ လုံချန်ထုတ်ယူလိုက်သည်။ပေါင်ဒါသားကျနေသည့် ထိုအမှုန့်များ
သည် ရဲရဲနီနေပြီးလျှင် အစက်အပြောက်သိပ်မပါသည်
ဖြစ်ရာ လုံချန် ဘ၀င်အနည်းငယ်ကျသွားသည်။

ယင်းအစက်အပြောက်များ သည် အညစ်အကြေးများ ဖြစ်၍ ထိုအညစ်အကြေးများ အား အကုန်အစင်
သန့်စင် သွားသည်ထိ တိုင်အောင်တော့ သူမသန့်စင်နိုင်ချေ။ယခုလက်ရှိသည် ပင် သူလုပ်နိုင်သရွေ့
အကောင်းဆုံး လုပ်ထားပြီးပြီဖြစ်သည်။ရှပိုင်ချီ ထံသို့ အကြည့်ကို မသိမသာပို့လိုက်လျှင် သူမသည် ဆေးကို ချောချောမွေ့မွေ့ပင် သန့်စင်နေပြီး သူမဘေးတွင်လည်း အနီရောင်အမှုန့်များတစ်ပုံတစ်ပင်ရှိနေသည်ကို လုံချန်တွေ့လိုက်ရသည်။

ထိုအရာများသည် သွေးဝိညာဉ်သစ်သီး၏ အမတေ(အဆီအနှစ်)များဖြစ်သည်။ထိုအမှုန့်များသည် သူ့၏
အမှုန့်များထက် အနီရောင်များပို၍တောက်ပသလို အညစ်အကြေးလည်းပိုနည်းနေသည်။လုံချန်မျက်မှောင်
ကြုံ့ လိုက်ပါသည်။သူ့တွင် မည်မျှကောင်းမွန်သည့် သန့်စင်ခြင်းနည်းလမ်း များရှိစေကာမူ ထိုနည်းပညာ
များအား ထုတ်ဖော်မပြသရဲပါချေ။အကယ်၍ ဝေချိုင်ဆိုသည့် အဖိုးကြီးသာ ထိုနည်းပညာများအား သတိ
ပြုမိသွားခဲ့လျှင် သူ အကြီးအကျယ် ဒုက္ခရောက်ချေမည်။

ဆေးအမယ်များအား တစ်ခုပြီးတစ်ခုသန့်စင်ရင်း အချိန်တစ်၀က်ပင် ကျော်လွန်လာပြီဖြစ်ကြောင်းလုံ
ချန်သတိပြုမိသည်။ရှပိုင်ချီမှာမူ ဆေးပင်စသန့်စင်နေပြီ ဖြစ်သည်။မီးဖိုအား ပိတ်လိုက်ခြင်းသည် နောက်
ဆုံးအချိန်ရောက်နေပြီ ဆိုသည့် သဘော ဖြစ်သည်။ယခုလို နောက်ဆုံးအကြိမ် တွင်တော့ မအောင်
မမြင် မဖြစ်နိုင်တော့ပေ။

"လုံချန် အချိန်ပြည့်တော့မယ်နော် နင်ငါ့ရှေ့မှာဒူးထောက်တဲ့အချိန်ကိုကြည့်ရဦးမယ်" ရှပိုင်ချီ သူမနား
ထဲမှ ပိတ်ဆို့ထား သောဆေးမြစ်အစများအားဆွဲထုတ်ရင်း လုံချန်ကိုလှောင်လိုက်ပါ၏။သူမ၏ ပိတ်ထား
သည့်မီးဖိုတွင် မီးတောက်သည် တည်ငြိမ်စွာဖြင့် ဆက်လက်လောင်ကျွမ်းလျှက်ပင်ရှိသည်။ယခုတော့
သူမ၏ မကျေနပ်ချက် အတွက် လုံချန်ကို ကလဲ့စားပြန်ချေ နေပြီ ဖြစ်သည်။

"မင်းရဲ့....သောက်ပါးစပ် လေးကို ပိတ်ထား ပေးစမ်းပါ ကွာ
မင်းစကားပြောရင် လေတွေညစ်ပတ်တယ်"

လုံချန်ကပြောသည်။

"နင်"

သူမ၏ ဒေါသကြောင့် ထိန်းချုပ်ထားသည့် ဆေးမီးတောက်သည်မသိမသာခုန်သွားသည်ကို မြင်လျှင်
ရှပိုင်ချီ အထိန်တလန့်ဖြင့် စိတ်ကိုငြိမ်အောင်ပြန်ထိန်းရပါ၏။သူမစကားထပ် မပြောရဲတော့သလို နား
ထဲသို့လည်း ဆေးမြစ်အစများ ပြန်ထည့်ထားလေသည်။စကားအရာတွင် လှတောသား ဖြစ်နေသော
လုံချန်ကို မည်သို့မျှ မနိုင်နိုင်ကြောင်း သူမ သဘောပေါက်လေပြီ။ယခုတော့ ဆေးဖော်စပ်သည့် နေရာ
တွင်သာ သူမ၏ အာရုံကိုအစိက ထားထားရမည်။လုံချန် သူမရှေ့တွင် အရှက်ကွဲသည့်အချိန်ရောက်
မှသာ ကောင်းကောင်းကြီးလက်စား ချေဦးမည်ဟု ရှပိုင်ချီတွေးထားည်။

ခေတ္တမျှကြာလျှင် လုံချန်လည်း သူ့၏ ဆေးမီးဖိုကိုပိတ်လိုက်၏။သူတို့နှစ်ယောက်သား ဆေးမြန်မြန် ဖြစ် လာစေရန် ဆေးမီးတောက်အရှိန် ကို တင်နေကြသည်။

၀ုန်း.......

တစ်နာရီးလေးဆယ့်ငါးမိနစ်ခန့် ကြာလျှင် ရှပိုင်ချီ၏ဆေးမီးဖိုမှ ပေါက်ကွဲသံသဲ့သဲ့ထွက်လာ၏။ငြိမ်သက်တိတ်ဆိတ်နေသည့် ကွင်းပြင်သည် တမုဟုတ်ချင်း
နိုးကြားတက်ကြွ သည့်အဖြစ်သို့ရောက်သွားလေသည်။
ပရိတ်သတ်များ အနေဖြင့် ဆေးသန့်စင်သည်ကို ယခင်ကတစ်ခါမျှ မမြင်ဖူးခဲ့သော်လည်း ဆေးဖြစ်လာ
သည့်အဆင့်တွင်မူ မီးဖိုမှထူးဆန်းသည့် အဖြစ်အပျက် တစ်ခု ဖြစ်ပွားကြောင်းကိုကား ကြားဖူးထားကြသည်။

အသံသည် ကျယ်သထက် ပိုကျယ်လာသလို ဆေးမီးဖိုသည်လည်း ပြင်းထန်စွာယမ်းခါလာသည်။ရှပိုင်ချီ ဟမ့်ကနဲ အော်၍ ဆေးမီးဖိုကို လက်ဝါးဖြင့်ရိုက်လိုက်ပါသည်။ထို့နောက်သူမ၏ စိတ်စွမ်းအင် များအားဆေးမီးဖိုထဲသို့ထည့်လိုက်လျှင်......

၀ုန်း...............

ပေါက်ကွဲသံခပ်ကျယ်ကျယ် ထွက်၍ ဆေးမီးဖိုသည် ယမ်းခါနေရာမှ တစ်မုဟုတ်ခြင်း ငြိမ်သက်သည့်အဖြစ်သို့ရောက်လေ၏။စိတ်လှုပ်ရှားမှုအား ရှပိုင်ချီ မထိန်းချုပ်နိုင်ဖြစ်နေသည်။သူမ၏ များပြားလှသည့်
ဆေးသန့်စင်ခြင်း အတွေ့အကြုံများအရ ဆိုလျှင် သူမအောင်မြင်စွာ ဆေးဖော်စပ်နိုင် သည့်ရာနှုန်းသည် 90 ခန့်ရှိကြောင်း ရှပိုင်ချီသိသည်။

ဆေးကျိုးဒယ်အိုး ကို ရှပိုင်ချီကိုင်လိုက်လျှင် သင်းပျံ့လှသည့် ဆေးရနံ့သည် ကွင်းပြင်းကြီးထဲသို့လေနှင့် အတူပျံ့နှံ့သွားတော့သည်။

"မွှေးလိုက်တဲ့အနံ့လေး"

လူအတော်များများ အံ့သြနေကြသလို ဝေချိုင်ကားပီတိဖုံးကာ တပြုံးပြုံး ဖြစ်နေသည်။ကြည့်စရာပင်
မလို အနံ့ရရုံနှင့်ပင် သူမ ဆေးကိုအောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီ ြ့ဖစ်မှန်း ဝေချိုင် ပြောနိုင်သည်။

"ဟားဟားဟား"

၀ိုင်းဝိုင်းစက်စက်ဆေးလုံးလေးများကို ဆေးကျိုးအိုးထဲမှ ရှပိုင်ချီထုတ်ယူလိုက်၏။သူမ မျက်နှာတွင် စိတ်
လှုပ်ရှားမှု များဖြင့် ပြည့်နေသည်။သို့သော် စိတ်လှုပ်ရှားလွန်းသောကြောင့် ရယ်လိုက်သည့် သူမရယ်သံ
သည် ခြောက်ကပ်ကပ် နှင့်ဖြစ်ကာ နားထောင်ရခက်လှသည်။

"နင့်လည်ပင်းကိုဘယ်သူတက်နင်းနေလို့လည်း"  ရှပိုင်ချီကိုတစ်ချက်လှမ်းကြည့်၍ အလွန်စိုးရိမ်ဟန်ဖြင့်
လုံချန်မေးလိုက်လေသည်။လုံချန်သူမအား လှောင်ပြောင်နေမှန်း သိသော်လည်း ရှပိုင်ချီ ဂရု မစိုက်တော့
ပေ။လုံချန်အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်၍.......

"ကလေး....မင်းငါ့ကို လာကန်တော့ မယ့် အချိန်ကိုစောင့်နေတယ်"

လုံချန် သူ့ ခေါင်းကိုအကြိမ်အတော်များများခါယမ်းကာ ဘာကိုမှမပြောတော့။သို့သော် သူ့စိတ်ထဲတွင်
သတိပေးချက်များ ထွက်လာသည်။ထိုရူးကြောင်ကြောင် မိန်းမကား ကံကောင်းလွန်းလှသည်။ယခု သူမ
သန့်စင်လိုက်သည့် ဆေးသည် အလယ်အဆင့် သွေးနှောဆေးဖြစ်နေသည်။ထို့ကြောင့် ထိုကဲ့သို့ အရူး
တစ်ယောက်လို ရယ်မောနေခြင်း သည် အထူးအဆန်းတစ်ခု မဟုတ်တော့ချေ။သူမဆေးလုံး တွင် အလွန်
မှိန် သည့် ဆေးကြိုးတစ်ချောင်းပေါ်နေသည်။

သို့သော်မည်မျှ လောက်ပင် သေးငယ်သည် ဆိုစေကာမူ ဆေးကြိုးပင်ဖြစ်၏။ရှပိုင်ချီ၏ အရည်အချင်း
နှင့်ဆိုလျှင် အလယ်အဆင့် ဆေးမျိုးအား သန့်စင်နိုင်ရန်မှာ တစ်ရာခိုင်နှုန်းခန့်ပင်မရှိချေ။ကောင်းကင်
ကြီးသည်ရူးကြောင်ကြောင်မိန်းမတစ်ယောက်အပေါ်မျက်နှာသာပေးနေပြီလော။လုံချန် စိတ်ထဲမှ ကျိန်
ဆဲမိပါ၏။ထိုအတိုင်းဆိုလျှင် သူရှုံးသွားနိုင်သည်။ရှုံးလို့တော့မဖြစ်။သူနည်းလမ်းစဉ်းစားရမည်။

ထိုအချိန်တွင် လုံချန်၏ ဆေးမီးဖို လည်း စတင်လှုပ်ယမ်း လာသည်။ထိုပုံစံသည် ဆေးစတင်ဖြစ်ပေါ်
လာပြီဆိုသည်ကို အချက်ပေးခြင်းလည်းမည်ပေသည်။အရေးအကြီးဆုံးအချိန်သို့ရောက်နေပြီဖြစ်သည်။

"လုပ်စမ်းပါ....ငါနိုင်ရမယ်"

လုံချန်အသက်ပြင်းပြင်းရှုလိုက်ပါသည်။လူတိုင်း၏ အံ့သြသည့်အကြည့်များအောက်တွင်ပင် ဆေးကျို
အိုးအားဖုံးထားသည့် အဖုံးကို လုံချန်လက်ဖြင့်အသာရိုက်ကာဖွင့်လိုက်ပါ၏။

"ဘာ"

ယွမ်ချီ မည်သို့ ပြောရမှန်းပင်မသိတော့လောက်အောင် အံ့အားအသင့်ကြီးသင့်နေပါသည်။ဆေးအ
ဖြစ်သို့စတင်ဖွဲ့စည်းနေသည့်ယခုလိုအချိန်တွင် ဆေးကျိုအိုး၏ အဖုံးအား မဖွင့်ရပေ။သို့မဟုတ်လျှင်
အထဲတွင် ရှိသော ဆေးအာနိသင်များ သဲထဲရေသွန် သကဲ့သို့ဖြစ်ချေမည်။ဝေချိုင်ပင်လျှင်အံ့သြနေ
တော့သည်။လုံချန် ဆေးသန့်စင်ပုံသည် သာမာန်ဆေးသန့်စင်ခြင်း များနှင့်မည်သို့မျှမတူသလို သူ့ပုံ
စံသည်လည်း တစ်ကယ်ပင်ဆေးသန့်စင် နေဟန်ရှိကာ အရှုံးပေးမည့်ပုံလည်းမပေါ်ပါချေ။

အဖုံးဖွင့်လိုက်ချင်းချင်းတွင် လုံချန်၏စိတ်စွမ်းအင်များသည် ဆေးကျိုးအိုးထဲမှ ဆေးအာနိသင်များ
အားမဆုံးရှုံးရလေအောင်ဖမ်းယူထားလိုက်ပါ၏။

၀ုန်း ဝုန်း ဝုန်း......

ဆေးမီးဖိုမှ ပေါက်ကွဲသံများဆက်တိုက်ထွက်လာသလို လုံချန့်မျက်နှာမှ ချွေးများလည်းတစ်ဒီးဒီးကျနေ
သည်။ဆေးမီးဖိုအတွင်းတွင် ဆေးများသည် နွားရိုင်းတစ်ကောင်ကဲ့သို အပြင်းအထန် လှုပ်ရှားနေပါ၏။
ထိုလှုပ်ရှားနေသည့် ဆေးများအား စိတ်စွမ်းအင် သုံးကာ တည်ငြိမ်စေရန်ူ ကြိုးစားလိုက်သော်လည်း
စိတ်စွမ်းအင် အမြောက်အများအား သူ အသုံးပြုပြီး ဖြစ်နေချေပြီတည်း။

"သေစမ်း ငါ စိတ်စွမ်းအင်တွေ ကုန်တော့မယ်"

ရုတ်ချည်း အလွန်ပင်ပန်း နွမ်းနယ်လာသလို သူ ခံစားနေရသော်လည်း အသံကုန်အော်ဟစ်၍နောက်
ဆုံးစိတ်စွမ်းအားများ ကို မီးဖိုထဲသို့ လုံချန် ပစ်သွင်းလိုက်တော့သည်။

"ဝုန်း"

ဆေးမီးဖိုကြောင့် သိုင်းပြိုင်ကွင်း တစ်ခုလုံးသိမ့်ကနဲပင် လှုပ်ယမ်းသွားပါသည်။ဆေးကျိုးအိုး အဖုံးအား
လုံချန် ပိတ်၍ တင်းတင်းကျပ်ကျပ်ဖိထားလိုက်လေသည်။ဆေးမီးဖို တည်ငြိမ် သွားမှ သူ စိတ်သက်ရ
တော့၏။သူ့တစ်ကိုယ်လုံးလည်း ချွေးများဖြင့် ရေချိုးထားသကဲ့သို့ ရွှဲနစ်နေသည်။ယခုသူအသုံး ပြုလိုက်
သည့် စွမ်းအင်များမှာ အလွန်များပြားသည့် ပမာဏဖြစ်နေပါ၏။

ဆေးကျိုအိုး ၏ အဖုံးအား အသာအယာ ဖွင့်လိုက်လျှင်ပဲ သင်းပျံ့သည့်ဆေးရနံ့က ထောင်းကနဲ တက်
လာသည်။သို့သော် မီးဖိုးထဲမှ ဆေးများကို မြင်လျှင် လုံချန့်  မျက်နှာကွက်ကနဲ ပျက်သွားတော့၏။

Patriarch MK Aung

#########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၃၉)ကျားသစ်မီးတောက်ရရှိခြင်း

လုံချန်မျက်နှာကွက်ကနဲပျက်သွားသည်အားမြင်လျှင် ချုယောင်ရင်ထဲ ထိတ်ကနဲဖြစ်သွားသည်။
ရှီဖန်တို့သူငယ်ချင်းတစ်သိုက်မှာမူ ဟန်ပင်မဆောင်နိုင်လောက်အောင်ကြောက်လန့်ကုန်လေသည်။
လုံချန် ဤပွဲတွင်ရှုံး နိမ့်လျှင် အကျိုးဆက်သည် အလွန်ကြီးမားလိမ့်မည်။

"ဟားဟား လုံချန် နင်ဘာကိုစောင့်နေတာလည်း ငါ့ကိုဘာလို့ လာမကန်တော့သေးတာလည်း"

အလွန်ကျေနပ်အားရသည့် လေသံဖြင့် လှောင်လိုက်သည့် ရှပိုင်ချီ၏ လေသံသည် သူ့အတွက်နားခါး
စရာပင်။လုံချန်အား သူမအရှက်ခွဲနိုင်ခြင်းသည် သူမအတွက်ဆေးဆရာတစ်ယောက် ဖြစ်လာခြင်းထက်
ပင်ပိုကောင်းမွန်သေးသည်။သူမ၏ခန္ဓာကိုယ် သည် မျှော်လင့်တောင့်တမှုများဖြင့် တဆတ်ဆတ် တုန်
လျှက်ပင်ရှိ၏။

လုံချန့်မျက်နှာမှာမူ လွန်စွာပျက်ယွင်းလျှက်ရှိကာ ဆေးမီးဖိုထဲမှ ဆေးများအား ခပ်ဖြေးဖြေးထုတ်ယူနေ
သည်။လုံချန်နောင်တရစွာပြောနေသည်။

"ကျုပ် .... ကျုပ်က မထင်မရှားပဲနေလိုတာ ဒါပေမယ့် မိုးနတ်မင်းကကျုပ်အလို ဆန္ဒ ကိုမဖြည့်ဆည်းပေး
ဘူး"

သူ့လက်ထဲမှ ခပ်ဝိုင်းဝိုင်း သဏ္ဍန် ဆေးလုံးလေးများအားမြင်လျှင် ဟန်ဆောင်ကောင်းလှသည့်
လုံချန်အားပရိတ်သတ်များကျိန်ဆဲမိကြသည်။  "ဒီလူဆိုးကတော့"  ချူယောင် အံ့သြသွားသလို စိတ်
လည်းအေးသွားသည်။အစောပိုင်းကသူမအမှန်ပင် သူ့အတွက်စိုးရိမ် နေမိခဲ့ခြင်းဖြစ်၏။

"ဘုရားရေ ငါတော့ သေတော့မယ်ထင်တယ် ဒီလိုသာဆက်လုပ်နေရင် ငါ့နှလုံးခုန်မှာတောင်မဟုတ်
တော့ဘူး"

ဖက်တီးယု မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွားသည်။လုံချန် ဟန်ဆောင်သိပ်ကောင်းခဲ့မှန်း ယခု
မှပင် လူတိုင်းသဘောပေါက်ကြ တော့၏။

"လုံချန် နင် နင် ငါ့ကိုအရူးလုပ်ရဲတယ်ပေါ့" ရှပိုင်ချီ ဒေါသထောင်းကနဲ ထွက်သွား၏။

"နည်းနည်းလောက်စတာ ကို ဒီလောက်ဒေါသတွေထွက်နေရသလား" လုံချန်အရေးမကြီးသလိုပြန်ပြော
လိုက်သည်။

"ဟမ့်...လုံချန် သွေးနှောဆေးကို နင် သန့်စင်နိုင်တယ်ဆိုရင်တောင် နင်ရှုံးနေတုန်းပဲ နင်သန့်စင်ထား
တဲ့ဆေးက အဆင့်နိမ့်ဆေး....င့ါဆေးကအလယ်အလတ်အဆင့်ရှိတယ်"

ဆေး၌ပေါ်နေသော ဆေးကြိုးလေးများအား ပြရင်းရှပိုင်ချီပြောသည်။သူမ အနီးမှ ဝိုင်းအုံကြည့်နေသူ
များသည်လည်း ၎င်းဆေးကြိုးလေးများကို ပီပီသသ မြင်လိုက်ကြရသည်။

"မမ ပိုင်ချီက တစ်ကယ့်ကိုပါရမီပါတာပဲ ဒီလောက်ငယ်ရွယ်တဲ့အသက်အရွယ်မှာ ဒုတိယအဆင့်၀င်
အလယ်အဆင့်ဆေးမျိုးကို သန့်စင်နိုင်တယ်"

အသက်ငယ်ငယ်ရွယ်ရွယ်နှင့်ဆေးဆရာတစ်ယောက်ဖြစ်လာသူမှာများစွာရှားလေရာ ရာစုနှစ်အနည်း
ုငယ်တွင်မှ တစ်ယောက်စ နှစ်ယောက်စသာ ပေါ်ဖူးကြလေသည်။ယင်းပါရမီသည် ဆေးဆရာလမ်း
ကြောင်းတွင် များစွာ ထွန်းတောက်မည့်ပါရမီမျိုးပင်ဖြစ်ပါသည်။

ရှပိုင်ချီ ၏ လှောင်ပြောင်သရော် နေသည့် မျက်နှာကို ကြည့်၍ မထူးဆန်းသည့် အမူအယာ ဖြင့် လုံချန်
ပြန်ပြောလိုက်လေသည်။

"ဘယ်သူနိုင်တယ် ဘယ်သူရှုံးတယ် ဆိုတာ မင်းဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး"

"နင်စကားကိုကတ်ပြောနေတာလား  ငါ့ဆေးမှာကြိုးတွေပါတယ် နင့်ဆေးမှာမပါဘူး ဒီကွာခြားချက်လေး
တောင် နင်မမြင်နိုင်ဘူးလား" ရှပိုင်ချီ၏ခပ်လှောင်လှောင်အသံထွက်လာပြန်သည်။

"ဟုတ်ပါပြီ မင်းလက်ထဲကဆေးကအလယ်အဆင့်ဆေးဆိုတာမှန်ပါတယ် ငါ့လက်ထဲကဆေးလည်း
အလယ်အဆင့်ဆေးပဲလေ"

လုံချန် သူ့လက်ထဲကဆေးအား မြှောက်ပြရင်း ပြောသည်။လုံချန့်စကားကြောင့် ပရိတ်သတ်များ အံ့
သြကုန်ကြ၏။သို့ရာတွင်မူ သူ့လက်ထဲတွင် ကိုင်ထားသည့်ဆေးအား အသေအချာဆန်းစစ်ရာတွင်
ရိုးရိုးဆေးနှင့်မည်သို့မျှမခြားနားချေ။၎င်းဆေးသည် ခပ်ဝိုင်းဝိုင်းသဏ္ဍန် ရှိသော်လည်း မည်သည့်
ဆေးကြိုးမှ ရှိမနေချေ။

"အလယ်အဆင့်ဆေးဟုတ်လား ဘယ်လိုအလယ်အဆင့်ဆေးလည်း" ရှပိုင်ချီ လှောင်လိုက်သည်။

"ငါ မင်းကိုစာနာပါတယ် မင်းကငယ်လွန်းသေးတယ် ဒါပေမယ့် အတော်တော့ကန်းတာပဲ ဒီအလယ်
အဆင့်ဆေးမှာ ဆေးကြိုးတွေမပါဘူးလို့မင်းကိုဘယ်သူပြောလည်း"

လုံချန်သက်ပြင်းချလိုက်လေသည်။လုံချန့်စကားကြောင့် ဝေချိုင် မူအနည်းငယ်ပျက်သွား၏။သူ့မျက်လုံး
တွင်အံ့အားသင့်သည့်အရိပ် အငွေ့များ ပေါ်လာပြီးလျှင် လုံချန်ကိုင်ထားသည့် ဆေးလုံးလေးများအားမျက်
စိမလွှဲတမ်းကြည့်နေတော့သည်။

"ဆေး စမ်းသပ်တဲ့ ကိရိယာ သွားယူခဲ့စမ်း" ဆေးဝိဇ္ဇာကြီး ယွမ်ချီ၏ ခိုင်းစေချက်အရ အလွန်ကြီးမား
သော ကိရိယာကြီး တစ်ခုအား ရိုရိုသေသေ နှင့် ဆေးပညာသင်လေးတစ်ယောက်မှ ယူလာလေသည်။
၎င်းသည် စားပွဲတစ်လုံး နှင့်တူ၍အလယ်၌ ဆေးထည့်စရာ ခွက်သဏ္ဍန်အချိုင့် လိုလိုလေးပါသည်။
ယင်းကိရိယာသည် ဆေး၏အရည်အသွေးအား တိုင်းတာရာတွင် အဖြေအတိအကျထုတ်ပေးနိုင်
သောကိရိယာ တစ်ခုဖြစ်၏။

"ခြောက်ဆယ်ရာခိုင်နှုန်း ရှိတယ် ပိုင်ချီ မိန်းကလေးရဲ့ ဆေးက အလယ်အဆင့်ကိုမှီပါတယ်"

ကိရိယာ မှ ဖော်ပြချက်အားကြည့်၍ ဆေးပညာသင်လေး ကြေငြာသည်။အကယ်၍ ဆေး၏အရည်
သွေးသည် ငါးဆယ့်ငါး ရာခိုင်နှုန်း ရှိလျှင်အဆင့်နိမ့်ဟု သတ်မှတ်သည်ဖြစ်ရာ ရှပိုင်ချီ၏ဆေးသည်
အဆင့်မှီရုံသာရှိလေသည်။

"နင့်ဆေးက အလယ်အဆင့် ဆေးဟုတ်မဟုတ် ငါသိချင်တယ် လုံချန်" သူမ၏ဆေးအားပြန်ယူရင်း
လုံချန်အားလှောင်ပြန်ရန်လည်းသူမမမေ့ချေ။လုံချန်၏ဆေးအား အလယ်အဆင့်ဆေးဟု သူမမယုံ
ချေ။ဆေးကြိုးပင် မပေါ်သည့်ဆေးအား မည်သို့အလယ်အဆင့်ဆေးဟူ၍ ခေါ်ဆိုနိုင်ပါမည်နည်း။
ဤအကြိမ်သည်နောက်ဆုံး အဆုံးဖြတ်ပင်ဖြစ်ပါ၏။

"ကဲကဲ....ဒါဆိုလည်း သေသေ ချာချာ ကြည့်စမ်းပါလေ"

လုံချန် တစ်ဟားဟား ရယ်၍ ဆေးပညာသင်လေးလက်ထဲကို သူ့ဆေးများ ထည့်ပေးလိုက်ပါသည်။လူ
သူပရိတ်သတ်မျက်မှောက်၌ အချိန် ခြောက်နာရီခန့်မျှ ယူ၍ ဖော်စပ်ထားခြင်းဖြစ်သော ကြောင့် လုံချန်
လိမ်လည်သည်တော့မဖြစ်တန်ရာ။

"ခြောက်ဆယ့်သုံးရာခိုင်နှုန်း လုံချန် သခင်လေးရဲ့ ဆေးက အလယ်အဆင့်ကိုမှီပါတယ်" ကိရိယာ၏
ဖော်ပြချက်အား ဆေးပညာသင်လေးမှ ကြေငြာသည်။

"ဘာ"

အလွန် ထိတ်လန့်သွားမှု ကြောင့် သူမလက်ထဲမှကိုင်ထားသော ဆေးများပင် မြေပြင်သို့တစ်ဒေါက်
ဒေါက်ဖြင့်ကျကုန်ကြသည်။မိုက်ကနဲ မူးသွားသလိုလို ရှပိုင်ချီခံစားလိုက်ရပါ၏။ကံကြမ္မာကဆိုးလွန်းပါ
လားလေ။ထိုသို့ဖြစ်သည်မှာ သူမပင်မဟုတ်ချေ။လူတိုင်း ထိုအဖြေအား အံ့အားသင့်မိကြပါ၏။အထူး
သဖြင့် ဝေချိုင်မှာ ကိရိယာ၏ ဖော်ပြချက်အား ကြည့်၍ မျက်နှာတွေ ရဲရဲနီနေသည်။

ဆေးဖော်စပ်ခြင်းသည် သူ့မျက်စိအောက်တွင် ဖြစ်၍ လိမ်ညာသည်တော့ လုံး၀မဟုတ်ချေ။လုံချန်ကား
ဆေးကြိုး လုံး၀ မပါသောအလယ်အဆင့် ဆေးအား ဖော်စပ်သန့်စင်ခဲ့ခြင်းဖြစ်သည်။ပုံမှန်အားဖြင့်ဆိုလျှင်
ဆေး၏အရည်အသွေးအား ဆေးဖော်စပ်နေသည့် ကာလတွင်ဆုံးဖြတ်ကြခြင်းဖြစ်သည်။ထို့ကြောင့်ပင်
ဝေချိုင် သူမ အား နှစ်သုံးရာ သွေးဝိညာဉ်သစ်သီးများ ပေးခဲ့ခြင်းပင်။ပြောကြကြေး ဆိုလျှင် ပိုင်ချီအတွက်
ရေကန်အသင့်ကြာအသင့်ပင် ဖြစ်နေသည်။

ထိုသို့ စိတ်ချနိုင်မည့် အကြောင်းများကြောင့် ကျားသစ်မီးတောက်အား ဆုအဖြစ် သူ လောင်းကြေး
ထပ်ရဲခြင်းဖြစ်ပါ၏။သို့သော်ယခုမူကား ရှပိုင်ချီ ရှုံးချေပြီ။

"မဖြစ်နိုင်ဘူး လုံချန် လူယုတ်မာ နင်နဲ့ဆေးပညာသင်ကောင်လေး ပေါင်းကြံတာမလား နင့်ကိုငါသတ်
မယ်"

အရူးတစ်ယောက်လိုအော်ဟစ်ရင်း လုံချန့် ထံ သူမပြေး၀င်သွားသည်။သူ့ထံ ရောက်လာလျှင် တစ်
ချက်တည်းဖြင့်လွင့်သွားအောင် ကန်ပစ်ဖို့ လုံချန်လည်းအဆင့်သင့်ပြင်၍ စောင့်နေပါ၏။

"ပိုင်ချီ ရပ်စမ်း" ဝေချိုင် သူမလက်ကို ဆွဲ၍ ပြင်းပြင်းထန်ထန်သတိပေးလိုက်သည်။၎င်းတို့၏အကြံအစည်
သည် ယနေ့တွင် အထမမြောက်လိုက်ပဲ မမျှော်လင့်စွာဖြင့် ရှုံးနိမ့်သွားရကြောင်း ဝေချိုင်နားလည်ပါသည်။
ယခုလိုလူသူ မျက်မှောက်ရှေ့တွင် သူပေးထားသောကတိ ပျက်ခဲ့လျှင် သူ့အနေဖြင့် ထိုလူများရှေ့တွင်
မျက်နှာထပ်ပြနိုင်ရန် ပင် မဖြစ်နိုင်တော့သည် ဖြစ်လေရာ ရှပိုင်ချီအား တားရန်မှအပ သူ့အတွက်မည်
သို့မျှမတတ်နိုင်တော့ပါချေ။

အော်ရင်ဟစ်ရင်း ဖြင့် ဝေချိုင့်လက်ထဲမှ ရှပိုင်ချီ ရုန်းကန်နေပါ၏။

"နွားအိုမြက်နုကြိုက်ကြီး.....ရှင်မနေ့ကကျွန်မကိုဘာပြောခဲ့လည်း ကျွန်မနဲ့အိပ်ယာပေါ်မှာတုန်းကလေ
ကျားသစ်မီးတောက်ဟာ ကျွန်မအတွက်ဖြစ်ကိုဖြစစေရမယ်လို့ ရှင်ပြောခဲ့တာမလား ကျွန်မကိုပေး"

သူမ၏၀မ်းနည်းပက်လက် အသံက ကွင်းပြင်တစ်ခုလုံးအား ဟိန်းထွက်သွား၏။သူမစကား အားကြားလျှင်
တစ်ချို့သူများ ခေါင်းယမ်းသူကယမ်း ဖြစ်ကုန်ကြလေသည်။ထိုဝေချိုင်ဆိုသည့်လူသည် ဆေးဆရာဆို
သည့်ဂုဏ်ပုဒ်ဖြင့် မည်သို့မျှ မကိုက်ညီချေ။၎င်း၏တဏှာရာဂ ကြီးမားပုံမှာ ယခင်က ကောလဟာဠ
အဖြစ်ဖြင့်သာ ကြားဖူးထားကြ သော်လည်း ယခု ရှပိုင်ချီစကားများအရ ဆိုလျှင် ထိုကောလဟာဠမှာအ
မှန်တစ်ကယ် ဖြစ်သည်ဟု လူများယူဆသွားကြသည်။

ဝေချိုင် ဒေါသတစ်ကြီးဖြင့် ရှပိုင်ချီ၏ ပါးအားဖြောင်းကနဲ လှမ်းရိုက်လိုက်၏။

"ပိုင်ချီ စိတ်မကောင်းဖြစ်ပြီး အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေပြီ သူ့ကို အပြင်ထုတ်သွားကြစမ်း"

ရှပိုင်ချီအား ကွင်းပြင်သို့ ဆွဲထုတ်သွားပြီသည်နှင့် ကွင်းတစ်ခုလုံးငြိမ်သက်တိတ်ဆိတ်သွားပါသည်။
ဝေချိုင်အား ကြည့်၍ လုံချန် သူ့လက်ကိုဖြန့်လိုက်လေသည်။ "ပေးတော့လေ"
ဝေချိုင်မျက်နှာ အကြီးအကျယ် ပျက်နေပါ၏။ထိုကျားသစ်မီးတောက်သည် များစွာရှားပါလှ၍ ရှပိုင်ချီအား
ပေးရန် သူ အမှန်တစ်ကယ် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်ယခုလိုဖြစ်လာလိမ့်မည်ဟူ၍ သူ မမျှော်လင့်ခဲ့မိပါချေ။ယွမ်ချီ့ အား သူရှုံးသွားသည်သာမကသူ့၏
ရှားပါးလှသော ရတနာကိုပါဆုံးရှုံးလိုက်ရချေပြီ။သို့သော် သူ့ကတိတည်စေရန် ကျားသစ်မီးတောက်အား
ပေးမှဖြစ်မည်။လူရှေ့တွင်တော့ သူ မျက်နှာပြောင်၍မဖြစ်ပါပေ။

"ရော့"

ကျောက်စိမ်းပုလင်းလေးကို လုံချန် ယူလိုက်သည်။ပုလင်းထဲတွင် မရပ်မနားလောင်ကျွမ်းနေသည့်မီး
တောက်လေးအား ကြည့်၍ သူ အတော်ကလေးပျော်သွားပါ၏။

"ဟားဟား ကျေးဇူးပါခင်ဗျာ"

ထိုအဖိုးကြီး မဆိုးဟု လုံချန်ထင်မိခြင်းသည် ယခုအကြိမ်ကားပထမဆုံးအကြိမ်ပင်ဖြစ်သည်။

"ဆေးဘယ်လို ဖော်စပ်တယ် ဆိုတာကို မင်းငါ့ကိုပြောပြပါလား" ဝေချိုင် မအောင့်နိုင်တော့ပဲမေးမိ
၏။ယခုတစ်ကြိမ် သူ အတော်ကလေးအထိနာသွားပါသည်။လုံချန် တင်္ဂ တွေဝေသွားသည်။သို့သော်
ဆရာကြီးယွမ်ချီ၏ အားပေးသည့်အပြုံးအား မြင်လျှင် သူ့နှုတ်ခမ်းတွင်အပြုံးတစ်ပွင့်ပေါ်လာသည်။

"ခင်ဗျားရဲ့ အသက်အရွယ်ကို လေးစားသောအားဖြင့် ဒီဆေးရဲ့လျှို့ဝှက်ချက်ကိုကျုပ်ပြောပြမယ်
ဒီလိုဆေးဖော်ပုံကို ကဲဂူ ရဲ့မှတ်တမ်းတွေထဲမှာကျုပ်တွေ့တာပဲ ဆေးဟာ ပုံသဏ္ဍန်အဖြစ်ဖွဲ့စည်းလာ
တော့မယ့် အခိုက်လေးမှာ ဆေးကိုအနည်းငယ် ခွဲလိုက်ပြီး စိတ်စွမ်းအင်နဲ့ ဆေးရဲ့အာနိသင်တွေကို
ဖမ်းထားလိုက်ရသလို အညစ်အကြေးတွေကိုလည်းဖယ်ထုတ်ထားလိုက်ရတယ် ဒါဟာ ဆေးကို ခင်း
ဗျား နှစ်ခါသန့်စင်လိုက်တာနဲ့အတူတူပဲ အခုကျုပ်ပြောတာနားလည်းပြီလား"

"ကဲဂူရဲ့မှတ်တမ်းဟုတ်လား မင်းပြောတာဆေးဘုရင် ကဲဂူရဲ့ မှတ်တမ်းလား" ဝေချိုင်အလွန်အမင်းအံ့
အားသင့်သွားပါ၏။

"ကျုပ် စာအုပ်ထဲမှာ ဒီအတိုင်းတွေ့မိတာပဲ ခင်ဗျားဘာသာရှာပေါ့" လုံချန်ခေါင်းခါလိုက်ပါသည်။အ
ကြောင်းအရာတစ်ခုလုံးကိုတော့ သူမပြောပေ။သံသယ များမှ ကင်းလွတ်စေရန် လုံချန့်အနေနှင့် ဆေး
ဆရာအသင်း၏ ဆေးကျမ်းများထားရာအဆောင်တွင် ဆေးကျမ်းများအား မွှေနှောက်လေ့လာခဲ့ပြီး
ဖြစ်သည်။

ထိုဆေးကျမ်းများထဲတွင် လုံချန်ပြောသော နည်းပညာသည် အမှန်တစ်ကယ်ပင် ရှိသော်လည်း သူပြော
တာနှင့်တော့ ထပ်တူမကျပေ။ထိုဆေးကျမ်းက ပြောသည်မှာ ဆေးအားတစ်ကြိမ် သာ ဖွင့်ရမည်ဟူ၍
ဖြစ်သော်လည်း သူကတော့ဆေးကိုနှစ်ကြိမ်ဖွင့်ပါ၏။တစ်ကြိမ်သည် အညစ်အကြေးများ ထုတ်ရန်ဖြစ်
ကာ နောက်တစ်ကြိမ်သည် ဆေးအတွင်းသို့ ယင်ယန် ဓာတ်များစုပ်ထည့်ရန်ဖြစ်၏။သို့မဟုတ်လျှင်
ဆေးကျိုးအိုးအတွင်း ရှိသောချီဓာတ်သည် ဆေးအဖြစ်သို့ ပုံသဏ္ဍန် ဖွဲ့စည်းလာရန် မလုံမလောက်
ဖြစ်တတ်လေသည်။

အကယ်၍ဆေးအားတစ်ကြိမ်သာဖွင့်လိုက်ပါမူ ချီဓာတ်သည် အပြင်သို့တစ်ခါတည်းထွက်သွားပြီးလျှင်
ပြန်မ၀င်လာနိုင်တော့ချေ။ထိုသို့ဖြင့် မည်မျှလောက်ပင် စိတ်စွမ်းအင်ကောင်းသူ တစ်ယောက်ဖြစ်စေ
ကာမူ ဆေးအဖြစ်ပုံသဏ္ဍန် မဖွဲ့စည်းလာတော့ပဲ ပြာအဖြစ်ဖြင့်သာ နိဂုံးကမ္ဗတ်အဆုံးသတ်ရတော့၏။
ဆရာကြီးယွမ်ချီထံသို့သွားကာ လုံချန်ဦးညွှတ်လိုက်ပါသည်။ယွမ်ချီ ခေါင်းကိုတစ်ဆတ်ဆတ် ငြိမ့်လိုက်
သည်။

ယနေ့တွင် သူမျှော်မှန်းထားသည်ထက်ပင် လုံချန်ပို၍အစွမ်းပြ နိုင်ခဲ့သည်။တစ်ချိန်တည်းမှာပင် ထိုမျှ
လောက် အန္တာရာယ်များသော ကိစ္စကြီးအား စွန့်စားကာ အလောင်းအစားပြုဝ့ံ့ သည့်လုံချန်၏ သတ္တိကို
လည်း သူလေးစားမိသည်။ယခုအခါ၌ လုံချန်တွင် ကျားသစ်မီးတောက်ရှိပြီဖြစ်ရာ သူ့၏ ဆေးမီးတောက်
သည် ယခင်ကထက် ဆယ်ဆခန့်မျှ ပိုမိုအစွမ်းထက်ပြင်းထန် လာတော့မည်ဖြစ်သည်။

အစွမ်းထက်သည့်ဆေးမီးတောက် နှင့် ပြင်းထန်သည့်စိတ်စွမ်းအင် ပေါင်းလိုက်လျှင် လုံချန်၏ ဆေး
ကျင့်စဉ် လမ်းကြောင်းသည် အလွန်လျှင်မြန်စွာ တိုးတက်သွားတော့မည်ဖြစ်ပါ၏။

ချုယောင့်ထံကိုသူလျှောက်သွားလိုက်သည်။သူမ၏ ချစ်စဖွယ်မျက်နှာလှလှ လေးအားကြည့်၍ ရင်ခွင်
ထဲထည့်ကာ ခန္ဓာကိုယ်လေးအား နစ်မြုပ်သွားအောင် ပွေ့ဖက်ထားလိုက်ချင်သည့် ဆန္ဒကို လုံချန်မနည်း
ထိန်းချုပ်နေရပါသည်။ယနေ့တွင် သူတို့နှစ်ယောက်၏ ကြားတွင်ကားထားသော နံရံကြီးတစ်ချပ်ပြို ကျ
သွားပြီဖြစ်ကာ နှစ်ယောက်သား၏ နှလုံးသားချင်းကလည်း ပိုနီးစပ်လာသလိုမျိုး ဖြစ်သွားကြသည်လေ။

"ကိုယ်မင်းကို ပေးထားတဲ့ ကတိအတိုင်းဖြစ်စေရမယ် ကိုယ့်ကိုယုံပါ" လုံချန်ခပ်တိုးတိုးပြောသည်။

ချူယောင် ချစ်စဖွယ် အမူအယာ ဖြင့် ခေါင်းလေးအားငြိမ့်လိုက်ပါ၏။သူ့၏ ဆုံးဖြတ်ချက်ခိုင်မာပုံအား
ကြည့်၍ သူမ ရင်တွေ နွေးနေသလို နောက်ထပ်ဘယ်တော့မှ အထီးမကျန်တော့သလို ချူယောင် ခံ
စားရသည်လေ။ဧကရီအရှင်မ ထံ လုံချန်ဦးညွှတ်ပြီးမှ ကိုယ့်နေရာကိုယ်ပြန်လာခဲ့သည်။ယခုအချိန်တွင်
လုံချန် သွားရာအမှန်သမျှ အကြည့်ပေါင်းစုံ စုပြုံကျရောက်နေကြလေရာ မိန်းမပျိုလေးများမှာ အသဲဆုံး
အကဲဆုံးပင်ဖြစ်သည်။

ပြိုင်ပွဲစင်မြင့်ထက်တွင် တည်တည်ငြိမ်ငြိမ်နှင့် ဆေးဖော်စပ်သွားသူတစ်ယောက်........

နောက်ဆုံးအချိန်တိုင်အောင် လှလှပပ အနိုင်ယူသွားနိုင်သူ တစ်ယောက်........

ထိုသို့သောသူမျိုးသည် ယခင့်ယခင် အခါများ၌ သူမတို့တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးသူဖြစ်နေပါ၏။သူ
သည် တစ်ကယ့်ကို ၀ထ္ထုတစ်ပုဒ်ပင်တည်း။လုံချန် သွားရာ လမ်းတစ်လျှောက် သူ့၏အာရုံစိုက်မှုအားရရန်
လုံမ ပျိုလေးများ အမျိုးမျိုး ကြိုးစားကြတော့သည်။

ဖက်တီးယုတို့ သူငယ်ချင်း တစ်သိုက်မှာမူကား စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက် နေလေသည်။

"အကိုလုံ.....အကိုလုံ သိပ်တော်တာပဲ"

"ဟားဟား အခုငါ ကျားသစ်မီးတောက်ကိုရပြီ မင်းတို့ကောင်တွေကို သွေးနှောအဆင့်ထိတင်ပေး
လို့ရပြီ" ဖက်တီးယုတို့တစ်သိုက်၏ ၀မ်းသားအားရ အမူအယာများကြောင့် လုံချန်လည်းပျော်ရွှင်
နေသည်။ဖက်တီးယုနှင့် သူငယ်ချင်းတစ်သိုက် သည်သိုင်းပညာအားဖြင့်မြင့်မားလှသူများ မဟုတ်
ကြချေ။သို့ဖြစ်ရာ သူ အစွမ်းထက်လာလေလေ ၎င်းတို့အား သူ့အနေဖြင့် ပို၍ ကူညီမှုများပေးလာနိုင်
လေလေ ပင်ဖြစ်သည်။

ထိုသူငယ်ချင်းတစ်သိုက် သည် သူနိမ့်ပါးခဲ့စဉ်ကပင် သူနှင့်အေးအတူပူအမြဲ နေခဲ့ကြသူများဖြစ်ပါ၏။
ဤလောကတွင်မိတ်ဆွေစစ် မိတ်ဆွေမှန် များကား ရှားပါးလှပါဘိတောင်း။ရှီဖန် ၏ တစ်ဟားဟားဖြင့်
ရယ်လိုက်သည့် အသံဝါကြီးသည် ကွင်းပြင်ကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားမတတ်ပင်။

"ကဲ....ကဲ...တစ်ကယ့်ပါတီက အခုမှစပြီဟေ့"

Patriarch MK Aung

###########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၄၀)ဟောင်ချန်၏စိန်ခေါ်မှု

သိုင်းပြိုင် သည့် စင်မြင့်ထက်တွင်ရပ်နေသော လူငယ်တစ်ယောက်အား လုံချန် ခေါင်းမော့ကြည့်လိုက်
၏။ထိုလူငယ်သည် ပရိတ်သတ်ဘက်အား ကြည့်၍ လက်သီးဆုပ်အရိုအသေပေးလျှက်ရှိ၏။လုံချန်ထိုလူ
ငယ်ကိုမသိပေ။သို့သော် စင်မြင့်ထက်သို့တက်တက်ချင်း ပရိတ်သတ်များ၏ တစ်ခဲနက်သြဘာပေးသံများ
ညံသွားသည် အား ကြည့်လျှင် ထိုလူငယ်သည် အင်ပါရီယာ မြို့တော်တွင်ထင်ရှားသူ တစ်ယောက်ဖြစ်ပုံ
ရသည်။

ထိုအချိန်၌ ကွင်းပြင်ကြီး၏ အပြင်ဘက်တွင် လူများ ပိုမိုစည်ကားလာကြောင်းသူသတိပြုမိသည်။ယခင်
မီးအိမ်များထွန်းညှိ ကာစတွင် ၎င်းကွင်းပြင်အား မင်းဆွေ၊မင်းမျိုးများကိုသာ ၀င်ခွင့်ပေးထားခြင်းဖြစ်၍ယ
ခုအခါမူ အများပြည်သူများ အတွက်ပါ ဖွင့်ပေးလိုက်ပြီဖြစ်၏။

သိုင်းပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်သူများအား အဆင့်အတန်းသတ်မှတ်ချက်မထားချေ။ဧကရီ အရှင်မ
ကြီး သိုင်းပြိုင်စင်မြင့်အား စိတ်အားထက်သန်စွာကြည့်နေသည်ကို လုံချန်သတိထားမိသည်။ထို့အတူ
တစ်စထက်တစ်စများပြားလာသောလူအုပ်များကြားတွင် သူနှင့်တစ်ခါ ပြသနာတက်ခဲ့ဖူးသည့် မှုးမတ်
ကြီးလည်း ရှိနေကြောင်း လုံချန် သိလိုက်ပါ၏။

အဖိုးကြီးများသည် အိုပင်အိုသော်ငြား အားအင်များသန်မာနေတုန်းပင်။၎င်း အဖိုးကြီးများသည်သွေးနှော
သိုင်းသမားကြီးများဖြစ်၍ ၎င်းတို့ကိုယ်မှ အနီရောင်ဖျော့ဖျော့အော်ရာများထွက်နေသည်။ထိုအဖိုးကြီးများ
အား သူ ကြည့်နေတုန်းမှာပင် ပရိတ်သတ်များထံမှ ဝေါကနဲ သြဘာပေးသံများထွက်လာပြန်သည်။
ဆယ်မီတာခန့် မြင့်သော စင်ပေါ်သို့ လူတစ်ယောက် ပေါ့ပေါ့ပါးပါးဖြင့် ခုန်တက်လာသည်လေ။၎င်း၏
ပုံစံသည် များစွာအေးဆေး နေသလို ယုံကြည်မှုလည်းအပြည့်ဖြစ်နေပုံပင်။

"ဖန်းယန် ပါလား" ထိုလူကိုမြင်သည့်အခါ၌ ရှီဖန်အနည်းငယ် အံ့အားသင့်သွား၏။

"ဘယ်လို မင်းသိလို့လား" လုံချန်မေးလိုက်ပါ၏။

"သိတာပေါ့ သူနဲ့ငါကအသက်အတူတူပဲ  လွန်ခဲ့တဲ့နှစ်နှစ်ကပဲ ဘုရင့်တပ်ထဲ ၀င်သွားသေးတယ် အဲ့
ဒိတုန်းက သူ့အဆင့်ဟာ ချီတတိအဆင့်ပဲရှိသေးတာလေ အခုတော့ အဋ္ဌမ အဆင့်တောင်
ရောက်နေပြီ"

နှစ်နှစ်ဆိုသော တိုတောင်းသည့်ကာလကလေးနှင့် အဆင့်ငါးဆင့်ခန့် ခုန်တက်သွားခြင်းသည် လူ
တိုင်းအားအံ့အားသင့်စရာဖြစ်နေသည်။

"အံ့သြစရာတော့ မရှိပါဘူး ဘုရင့်တပ်ထဲ၀င်ပြီးတော့ အသေအကြေတိုက်ခိုက်ရတဲ့ တိုက်ပွဲပေါင်းများ
စွာကို သူကြုံခဲ့ရမှာပဲ ဒီလိုအခြေအနေမှာဆိုရင် ဒီနှုန်းကသာမာန်ပါပဲ" လုံချန်ခေါင်းငြိမ့်လိုက်ပါသည်။

"ဒီ ဖန်းယန် က မဆိုးဘူး သိုင်းပညာမြင့်လှတယ် မဆိုပေမယ့် သူ့ရဲ့အော်ရာကတော်တော်ကြောက်စရာ
ကောင်းတယ်"

လုံချန်နှင့်ရှီဖန်၊နှစ်ယောက်သား ပြောဆိုနေကြတုန်းမှာပင် ဖန်းယန် နှင့်ပြိုင်ဘက်တစ်ဦး စင်မြင့်ထက်
တွင် စတင်တိုက်ခိုက်နေပြီဖြစ်သည်။သူ့၏ အစွမ်းအစသည်လုံချန် ပြောခဲ့သလိုပင်။ဖန်းယန် နှင့် သိုင်း
ပညာအဆင့်တူသည်ဟူ၍ ထင်ရသော ထိုလူသည် တစ်ကယ့်တစ်ကယ်၌ အနီးကပ်တိုက်ခိုက်မှုပညာ
တွင် ဖန်းယန် ထက်ပင်နိမ့်နေ၏။ဆယ်ကွက်ခန့်လောက် မှာပင် ဖန်းယန် ၏လက်ဝါးတစ်ချက်မိလိုက်
ပြီး ထိုလူ စင်မြင့်ထက်မှလွင့်ကျတော့၏။

"သိုင်းပညာဆိုတာ ကျင့်စဉ်တစ်ခုတည်းမြင့်လို့လည်းမရဘူး အနီးကပ်တိုက်ခိုက်မှုမှာလည်း လက်ဦးမှု
ယူတတ်မှ....တစ်ခါတစ်လေ ဟိတ်ဟန် အလွန်ကောင်းတဲ့လူတွေနဲ့တွေ့ရင် ပြိုင်ဘက်မှာ အဲ့ဒိလူရဲ့
အော်ရာ ကြောင့်ကိုယ့်ကိုကိုယ် ယုံကြည်ချက်ပျောက်ပြီး အလဲထိုးခံရတတ်တယ်"

ရှီဖန်၏ ပုခုံးအား ပုတ်ရင်းလုံချန်ပြောနေပါ၏။

"ငါသိပါတယ်...သေသာ အသေခံမယ် ငါ အရှုံးတော့မပေးဘူး"

လုံချန်နှုတ်ခမ်းထက်တွင်အပြုံး တစ်ပွင့် ပေါ်လာသည်။ရှီဖန်၏ သိုင်းပညာမှာ သူ့၏ပင်ကိုယ်ပါရမီ
ကြောင့် အကန့်အသတ်တစ်ခုတွင် ဆက်တက်နိုင်မည်မဟုတ်တော့ပေ။သို့ရာတွင် စိတ်ဓာတ်ခိုင်မာပါမူ
မဖြစ်နိုင်သည်များအား လုပ်ပြနိုင်သေးသည်။

ဖုန်း!!!!!

သိုင်းသမားသုံးယောက်အား ဆက်တိုက်အနိုင်ယူပြီးချိန်တွင် ဖန်းယန် ပင်ပန်းနေလေပြီ။ပြိုင်ဘက်၏
လက်ဝါးတစ်ချက်၌ပင် နောက်သို့ဆုတ်လိုက်ရပြီး အရှုံးပေးရတော့သည်။

"လုံချန် ငါ စင်ပေါ်တက်တော့မယ်"

"ဟမ် အစောကြီးလား .... " သူ အံ့အားသင့်သွားပါ၏။

"ဒါဟာ သိုင်းပြိုင်ပွဲ တစ်ခုပဲလေ ..... အနိုင်အရှုံးက ကိစ္စမရှိဘူး အရေး ကြီးတာက ငါ့ရဲ့စိတ်ဓာတ်ကို
စမ်းသပ်ချင်တယ်" ရှီဖန်ပြုံးရင်းပြောသည်။

"ကောင်းပြီလေ အကိုရှီ ကျုပ်တို့အောက်ကနေ အားပေးနေမယ်နော်"
ဖက်တီးယု က ပြောသည်။

"ကံကောင်းပါစေ" ရှီဖန် ပုခုံးအားပုတ်ရင်း လုံချန်ပြောပါသည်။

"ကျုပ်..ရှီဖန် အဆွေတော်ရဲ့ သင်ပြမှုကို ခံယူပါရစေ" ရှီဖန်၏အသံအဆုံးတွင် ပရိတ်သတ်များထံမှ
သြဘာပေးသံများ မစဲအောင်ထွက်လာပါ၏။ရှီဖန်ဆိုသည်မှာ အင်ပါရီယာ မြို့တော်၏ လူငယ်မျိုးဆက်
သစ်များကြားတွင် မသိသူမရှိ ကျော်ကြားသူတစ်ယောက်ဖြစ်သည်လေ။ဖက်တီးယုတို့ သူငယ်ချင်းတစ်
သိုက်၏ အော်ဟစ်အားပေးသံများသည် ပရိတ်သတ်များ၏ ဝေါကနဲအသံအောက်တွင် ဖုံးအုပ်သွားကာ
သူတို့အသံကိုပင် သူတို့ ပြန်မကြားနိုင်တော့အောင်ဖြစ်သွားသည်။

စင်မြင့်ထက်၌ ရပ်နေသောရှီဖန်၏ ပုံသည် မပြိုလဲနိုင်သော တောင်ကြီးတစ်တောင်နှင့်အလားသဏ္ဍန်
တူသည်ဟု ပရိတ်သတ်များ တစ်ပြိုင်တည်းလိုလို ထင်မိလိုက်ကြပါသည်။ရှီဖန်၏ပြိုင် ဘက်သည် အဆင့်
ကိုး ချီအဆင့်ရှိသူ တစ်ယောက်ဖြစ်၏။သို့ကလိုမူကား ရှီဖန်အားမြင်သည်တွင် သူ အတော်ကလေး
အံ့အားသင့်သွားပါ၏။

"နောင်ကြီး တိုက်ကွက်စထုတ်ပါ ကျုပ်က အခုမှ ချီအဆင့်ကိုးပဲ ရှိသေးတာဆိုတော့" ခပ်ပြုံးပြုံးအမူအ
ယာဖြင့်ရှီဖန်ပြောလိုက်လေသည်။ရှီဖန် စကားအား ကြားသည့်အခါတွင် ထိုလူ ဒေါသတကြီးဖြစ်သွား
သည်။ရှီဖန့်စကားက သူ့အား အရှက်ခွဲသလိုဖြစ်နေသည်လေ။လူပေါင်းများစွာလည်း စင်အောက်မှာ
ကြည့်နေကြသည်မဟုတ်လား။

"ဟမ့်...သေချင်ပြီထင်တယ်"

ထိုလူ၊ဟမ့်ကနဲအသံပြု၍ ကြမ်းပြင်အား အားယူကာ ရှီဖန့်ထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက် သော်
လည်း ရှီဖန်သည် ထိုလက်သီးအား ကြည့်ပင်မကြည့်ပဲ သူ့လက်သီးနှင့် အသာအယာ ပြန်ကာပေးထားလိုက်ပါ၏။

"ဝှီး"

ရှီဖန်၏ မောက်မာမှုအား လူတိုင်းတွေးတော နေကြစဉ်မှာပင် ထိုလူထံမှနောက်ထပ်လက်သီးတစ်ချက်
ပြေး၀င်လာပြန်၏။ထိုလက်သီးသည် သူ့၏ ၀မ်းဗိုက်အောက်ပိုင်းသို့ဦးတည်ထားလေသည်။ထိုလူ၏ပထ
မလက်သီးချက်သည် အယောင်ပြသက်သက်သာဖြစ်ပါ၏။ကြီးမားသော လက်ကြီးတစ်ဖက် က ပြေး
၀င်လာသည့် လက်သီးအား ဆုပ်ကိုင်လိုက်ရာတွင် ဖုန်းကနဲအသံပင် ထွက်လာသည်။ရှီဖန် ထိုလူ၏
လက်အား အားထည့်ကာ ကိုင်းရင်း လွှဲယမ်းလိုက်သည်။

"သွားစမ်း"

"ဝှီး"

ပရိတ်သတ်များထံမှ 'ဟာ' ကနဲ   'ဟင်' ကနဲအသံများထွက်လာသည်။ထိုလူ၏ ခန္ဓာကိုယ်သည် မီတာ
အတော်များများ သို့ မြောက်သွားကာ မြေပြင်သို့ ပြင်းထန်စွာ မျက်နှာဖြင့် ပြန်ကျလာ၏။ထိုနောက်တွင်
မူ ထိုသူလည်း မတ်တပ်ရပ်ကာ ပါးစပ်ထဲ၀င်သွားသော ရွှံ့များကို ထွေးထုတ်ရလေသည်။ယင်းနောက်
တွင် ရှီဖန်အား မကျေမနပ်ဖြင့် ရေရွတ်ပြီးနောက် သိုင်းပြိုင်ကွင်းမှ ကျောခိုင်းကာ ချာကနဲလှည့်ထွက်
သွားတော့၏။

"အကိုရှီ.....တော်လိုက်တာ"

ယခုတစ်ကြိမ်တွင်တော့ ဖက်တီးယု အခွင့်အရေးအား လက်လွတ်မခံတော့ပေ။မည်သူ၏အသံ မှ မထွက်
ခင် သူ့အသံအရင်ထွက်လာသည်။ဖက်တီးယုအသံ နောက်တွင်မှ ပရိတ်သတ်များ၏ သြဘာ ပေးသံများ
ဝေါကနဲထွက်လာပါ၏။ထိုပရိတ်သတ်များ၏ အသံတွင် မိန်းမပျိုလေးများ၏ အသံမှာ အညံဆုံးပင်
ဖြစ်သည်။

လုံချန်ပြုံးသည်။ထို့ကြောင့်ပင်လျှင် လူတိုင်း စင်မြင့်ထက် တက်၍ သိုင်းပြိုင်ချင်ကြ ခြင်း၌ မိန်းမပျိုလေး
များ၏ အာရုံစိုက်မှုအား ခံလို၍လည်း တစ်ကြောင်းပါပေမည်။ထိုတင်္ဂ တွင် တစ်ယောက်ယောက်သူ့ကို
ကြည့်နေသလို လုံချန်ထင်မိသော ကြောင့် ဆတ်ကနဲ ကြည့်လိုက်သည်တွင် ချုယောင် မျက်လုံးတောက်
တောက် လေးများဖြင့် သူ့အားကြည့်နေသည်ကို လုံချန်တွေ့လိုက်ရပါ၏။သူမျက်စိ မှိတ်ပြလိုက်လေလျှင်
ချုယောင် လည်း ရှက်စနိုးဖြင့် ခေါင်းလေးငုံ့ သွားရှာသည်။သို့သော် သူမမျက်၀န်း၌ အပျော်များဖြင့်
ပြည့်နေသည်လေ။

သို့သော် ၎င်းတို့နှစ်ယောက်၏ အမူအယာ ကို တိတ်တဆိတ်အကဲခတ်နေ သည့်လူတစ်စုရှိကြောင်းကိုတော့
လုံချန် ကော ချုယောင်ပါသတိမထားမိချေ။

ရှချန်ဖုန်း မျက်နှာ နီရဲနေသည်။ရုတ်တရက် ဘေးနားမှ လူတစ်ယောက်အား လေသံခပ်တိုးတိုးဖြင့်သူ
ပြော၏။

"မင်းစုံစမ်းထားတာဘယ်လိုလည်း ဒီကောင့် အကြောင်းသိပြီလား"

"မင်းသား ကျုပ်စုံစမ်းထားပြီးပါပြီ ဒီကောင်လေးရဲ့ သိုင်းပညာကထူးဆန်းတယ် ဒါပေမယ့်
သူ့သိုင်းပညာဟာ သွေးနှောပထမအဆင့်ထက်တောင်မပိုပါဘူး" ခပ်တိုးတိုးလေသံဖြင့် ထိုလူပြန်ပြော
သည်။

လုံချန်သာ ထိုနေရာတွင်ရှိမည်ဆိုလျှင် ထိုလူ၏အသံအား ချက်ချင်းမှတ်မိပေမည်။ထိုလူသည် လုံချန်
အားချောင်းမြောင်းတိုက်ခိုက်၍ လုပ်ကြံသတ်ဖြတ်ရေး သမားတစ်ယောက်ပုံစံ ဟန်ဆောင်သူဖြစ်သည်။

"ဟမ့် ကောင်းတယ် ဟောင်ချန် ဒီကောင်လေးကို ဒီည သေအောင်သတ်လိုက် မင်းရဲ့တစ်ကယ့်
သိုင်းပညာအစစ်ကိုလည်း ပေါ်မသွားစေနဲ့ဦး" အေးစက်စက်လေသံဖြင့်ရှချန်ဖုန်းပြောလိုက်ပါ၏။

ထို ဟောင်ချန် ဆိုသည့်လူသည် သူ့၏ သက်တော်စောင့်ဖြစ်၍ မျက်နှာတွင်အမာရွတ်ရှိသောလူပင်
ဖြစ်သည်။ဟောင်ချန်၏ နှုတ်ခမ်းထောင့် ကွေးတက်ကာ ရက်စက်သည့်အပြုံးတစ်ခုပေါ်လာပါသည်။

"စိတ်ချ မင်းသား ဒီကောင် ဒီညမကျော်စေရဘူး"

သွေးနှောအဆင့်သို့ ရောက်နေပြီဖြစ်သော ရှီဖန်အားမည်သူမှ လက်ရည်တူမယှဉ်ပြိုင်နိုင်သကဲ့သို့
ဖြစ်နေလေသည်။ပြိုင်ဘက် ရှစ်ယောက်အား ဆက်တိုက်ဆိုသလိုအလဲထိုးပြီးချိန်၌ ပရိတ်သတ်များ
အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်ကြလေ၏။နောက်ဆုံးပြိုင်ဘက် နှစ်ယောက်သည် ရှီဖန် နည်းတူ သွေး
နှောအဆင့် သိုင်းသမား များပင်ဖြစ်သော်လည်း လုံချန် ၏ ဆေးအကူအညီ ဖြင့် အဆင့်တက်ထား
သော ရှီဖန်အား မည်သို့မျှ အနိုင်မယူနိုင်ဖြစ်နေတော့၏။

အဘယ့်ကြောင့်ဆိုသော် လုံချန့်ဆေးကြောင့် သူ့၏ သိုင်းပညာသည် အဆိုပါ ပြိုင်ဘက်များထက်
များစွာ အခြေခိုင်နေလေရာ ထိပ်တိုက်ယှဉ်ပြိုင်ရာတွင် ရှီဖန်ပြိုင်ဘက် ကင်းနေပါ၏။သွေးနှောသိုင်း
သမား သူ့အား အရှုံးပေးချိန်တွင် ပြိုင်ပွဲစင်မြင့်ထက်မှ ရှီဖန် သုံးကြိမ်အော်လိုက်လေသည်။သုိ့သော်
သူ့အား စိန်ခေါ်မည့်သူ တစ်ယောက်မျှ ထွက်မလာတော့ပေ။

ဖီးနစ်အင်ပါယာ၏ စည်းမျဉ်းများအရ ဆိုလျှင် အဆင့်တစ် စစ်သူရဲကောင်းဘွဲ့ကား သူ့၏ အိပ်ကပ်ထဲသို့
ရောက်လာချေပြီ။ပရိတ်သတ်များ ၏ စိတ်လှုပ်ရှားစွာဖြင့်သြဘာပေးနေသည့် အသံများကြားတွင်
ဧကရီ အရှင်မထံ  လျှောက်သွားပြီး ရှီဖန် ဒူးထောက်ထားလိုက်၏။ဧကရီ အရှင်မ က ရှီဖန့် အား ကျောက်
စိမ်းပြားတစ်ပြားပေး၍ အားပေးစကား အနည်းငယ်ပြောသည်။

စင်မြင့်ထက်သို့ သူ နောက်တစ်ကြိမ်ပြန်လာသည့်အခါတွင်မူ ပြိုင်ကွင်းတစ်ခုလုံး အုတ်အော်သောင်းတင်း
ဖြစ်နေပြီး မရေမတွက်နိုင် သော မိန်းမပျို လေးများ သည် ပန်းကုံး ကိုယ်စီဖြင့် စင်ပေါ်အပြေးကလေး
တက်လာကြပြီးလျှင် ရှီဖန့်လည်ပင်းတွင် ပန်းကုံးဝိုင်းစွပ်ကြလေ၏။ထိုပန်းကုံး ကလေးများသည် မိမိ
ကြိုက်နှစ်သက် သဘောကျသည့် ယောက်ကျာင်္းပျို လေးများအား တွေ့လျှင် ပေးရန် အတွက် မိန်းမပျို
ကလေးများ မိမိတို့ဘာသာ သီကုံးထားကြခြင်းဖြစ်၏။

အစွမ်းထက်သည့် ယောက်ကျာင်္းတစ်ယောက်တွင် ဇနီးမယားပေါင်းများစွာရှိလေရာ မိန်းမပျိုကလေး
များအဖို့ သာမာန်လူတစ်ယောက်အားလပ်ထပ်၍ အမြှောင်ဇနီးမယား အဖြစ်ခံမည့်အစား အဆင့်မြင့်
သိုင်းပညာရှင်တစ်ယောက်ယောက် ကို လက်ထပ်ကာ တရား၀င်ဇနီးမယား ဖြစ်လိုကြလေသည်။
ရှီဖန့် တစ်ကိုယ်လုံး ပန်းကုံးများဖြင့် မြှုပ်နေသည်မှာခေါင်းလေးပင် ပေါ်တော့သည်။

"ဟားဟား ၀မ်းသာပါတယ်ကွာ ရှီဖန်" ရှီဖန်၏ကို့ယို့ကားယား ပုံကို မြင်လျှင် လုံချန်မအောင့်နိုင်တော့
ပဲတစ်ဟားဟားရယ်လေသည်။

"ဝါးဟား....ရှီဖန်တော့ ဒီတစ်ခါပွတာပဲ" ဟူရှုကမူ မနာလိုသည့်အမူအယာ ဖြင့်ပြောနေပါ၏။

"အကိုရှီ အရင်ဆုံး လုပ်ရမှာက မိန်းမ ခပ်များများယူဖို့ပဲ" ဖက်တီးယု စကားကြောင့်ရှီဖန့် မျက်နှာရှုံ့
မဲ့သွားပါသည်။မိန်းမပျိုကလေးများထံမှ ပန်းကုံးရခြင်းသည် ထိုမိန်းမပျိုကလေးများ၊ရှီဖန့်အား လက်
ထပ်လိုကြောင်းပြောခြင်း မည်ပေသည်။ရှီဖန် အတွက် ခေါင်းငြိမ့်လိုက်ရုံနှင့်ပင် အဆင်ပြေလေသည်။

ရှီဖန် မျက်နှာရဲရဲ နှင့်ပြောသည်။

"ကျုပ် ဒီနေ့ ဒီလိုအနိုင်ရတာ လုံချန့်အကူအညီကြောင့်ပဲ ဒီလိုလုပ်ပါလား ဒီပန်းကုံးတွေကိုတစ်ယောက်
တစ်၀က်ခွဲယူလိုက်ကြရအောင်"

"ဖြီး"

ရှီဖန့်စကား ကြောင့် လုံချန် အပါအ၀င်ဖက်တီးယုတို့တစ်သိုက် တံတွေးသီးသူသီး၊နင်သူနင်ဖြစ်ကုန်ကြ
ပါ၏။တစ်ဟားဟားရယ်မောနေကြသည့် သူငယ်ချင်းများကို ကြည့်၍ ရှီဖန်လည်း နောက်ဆုံး လိုက်
ရယ်လေသည်။ယခုနှစ်၏ မီးအိမ်နီပွဲတော်ကြီး ပြီးမြောက်သွားလေပြီ။ လူတိုင်းပြန်ကြတော့မည်
ရှိစဉ် ရှချန်ဖုန်း ရုတ်တရက်ရယ်၍ စကားတစ်ခွန်း ပြောသည်။

"သိုင်းပြိုင်ပွဲက အတော်ကလေးကို စိတ်လှုပ်ရှားစရာပါပဲ  ကြည့်ရတာပရိတ်သတ် တွေလည်း
ကျေနပ်ကြပုံမရသေးဘူး ကျုပ်အကြံလေး ပေးပါရစေ ပြောသင့်ရဲ့လားတောင် မသိဘူး"

ဧကရီ အရှင်မ မျက်မှောင် အနည်းငယ် ကြုံ့သွားပါ၏။ယနေ့ပွဲတော်ကား ပြည့်စုံသည်ထက်တောင်ပို
နေသေးပါသည်။ထို့ကြောင့် သူမအနေနှင့် မလိုလားအပ်သည် မည်သည့်ပြသနာကိုမျှ အဖြစ်မခံချင်ပေ။
သို့သော် ရှချန်ဖုန်း ပြောလာချေပြီ။သူကား ဖီးနစ်အင်ပါယာ သို့ အလည်လာသည့်ဧည့်သည်တော်တစ်
ယောက် ဖြစ်လေရာ ဧကရီ အရှင်မအဖို့ ၎င်း၏စကားအား ငြင်းရန် မကောင်းပေ။

"မင်းသား ပွင့်ပွင့် လင်းလင်း သာပြောပါ"

"ဒီလိုပါ ပရိတ်သတ်တွေလည်း ပိုပြီးပျော်ကြရအောင် ဖီးနစ်အင်ပါယာရဲ့ အကျော်အမော်တွေနဲ့ယှဉ်
ပြိုင်ဖို့အတွက်ကျုပ်တို့ မဟာရှ ရဲ့လက်ရွေးစင်တစ်ယောက်ခေါ်လာတယ်" ရှချန်ဖုန်း ပြုံးရင်းပြောသည်။

ဧကရီ အရှင်မ၏ စကားပြန်ပင် မစောင့်တော့ပဲ ဝေချိုင် ကြားဖြတ်ပြောပါ၏။

"မဟာရှ နဲ့ ဖီးနစ်အင်ပါယာ ဆိုတာ ဆွေမျိုး ပေါက်ဖော်တွေလို ရင်းနှီးလာကြတာ ဒီသိုင်းပြိုင်မှုဟာ
ချစ်ကြည်ရေးသဘောမျိုးပေါ့ ဧကရီ အရှင်မ ကြီးသဘောတူမယ်လို့ ကျုပ်ယုံကြည်ပါတယ်"

ဧကရီ အရှင်မသက်ပြင်းချလိုက်လေသည်။သူမ ကို အကျပ်ကိုင်ပြီ ဖြစ်မှန်း သဘောပေါက်ပါသည်။
အကယ်၍ သူမ သဘော မတူ လျှင် ဝေချိုင်အား မလေးမစားပြုရာကျမည်။

"ဒါဆိုလည်း ကောင်းပါပြီ မဟာရှရဲ့ သူရဲကောင်းကို ကျွန်မကြည့်ပါရစေ"

"ဟောင်ချန် သွား....ငါတို့နှစ်ပြည်ထောင်ရဲ့ဆက်ဆံရေး ထိခိုက်အောင် မလုပ်မိစေနဲ့" ရှချန်ဖုန်း သူ့ လက်
ကိုဝှေ့ယမ်း၍ပြောသည်။

"ကောင်းပါပြီ မင်းသား"

မြေကြီးအား အသာအယာ အားပြုကာ ဟောင်ချန် ခုန်လိုက်သည်။သူ့ခန္ဓာကိုယ် သည် လှပစွာဖြင့် ဖက်
ရွက်တစ်ရွက်လို လေပေါ်တွင်ဝဲ၍ စင်ပေါ်သို့ ဖတ်ကနဲ ကြောင်ကျကျသွား၏။

"မဟာရှက ဟောင်ချန် ၊ ဖီးနစ်အင်ပါယာရဲ့သူရဲကောင်း ကို သင်ကြားပြသပေးဖို့ တောင်းဆိုပါတယ်"

ဟောင်ချန်  လက်သီးဆုပ်အရိုအသေးပေး၍ ပရိတ်သတ်ဘက် လှည့်ကာပြောသည်။

"ခင်ဗျား နောက်နေတာလား ခင်ဗျားအသက်ကကြီးနေပြီ ဒါကိုလူငယ်တစ်ယောက်လိုဟန်ဆောင်
နေသေးတယ်ပေါ့"

ဟူရှု၏ အသံကြောင့် လုံချန့်ဆတ်ကနဲလှမ်းကြည့်လိုက်ပါ၏။ဟောင်ချန် ခပ်ယောင်ယောင် လေးပြုံး၍...

"ဟောင်ချန်ဟာ ဒီနှစ်မှ 19 နှစ်သာရှိပါသေးတယ် မယုံရင် ကျုပ်မှာ မဟာရှက ထုတ်ပေးထားတဲ့
သက်သေစာရွက်တွေပါလာပါတယ်"

ဟောင်ချန် စကားကြောင့် ပရိတ်သတ်များ စိတ်အေးသွားသည်။အချို့လူများသည် ရှိရင်းစွဲအသက်ထက်
ပိုရင့်နေတတ်ကြသည်မှာ ပုံမှန်ပင်ဖြစ်သည်။

"သခင်လေး လုံချန် ကျုပ် အင်ပါရီယာမြို့ကို ရောက်တာနဲ့ သခင်လေးအကြောင်းတွေကို ကြားပြီး
ထားပါပြီ ကျုပ်သခင်လေးကိုသိပ်လေးစားပါတယ် သခင်လေးကျုပ်နဲ့များ သိုင်းပြိုင်ဖို့ ဆန္ဒ ရှိမလား
မသိဘူး"

လုံချန်ဘက်သို့ လှည့်ကာ လက်သီးဆုပ်အရိုအသေပြုရင်း ဟောင်ချန်ပြောသည်။ဟောင်ချန် စကား
ကြောင့် လူတိုင်း စိတ်၀င်စားကုန်ကြကာ အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ကြပါသည်။

"လုံချန်"
"လုံချန်"
"လုံချန်"

တစ်ခဲနက်ထွက်လာသည့် အသံကြီးကား ကြားရသူအပေါင်းအား သွေးများပင်ဆူပွက်မတတ်ဖြစ်စေသည်။
ယခုအချိန်တွင် မရေမတွက်နိုင်သည့် အကြည့်များသည် လုံချန့်အပေါ်ကျရောက်လျှက်ရှိပါ၏။

Patriarch MK Aung

#

Continue Reading

You'll Also Like

107K 1.6K 20
bl . Taekook 🔞🔥 បម្រាម:ក្មេងក្រោម18ឆ្នាំ🙏 សូមអភ័យទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🔥
Re:Cursed By

Adventure

43.1K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
539K 18.4K 78
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...
26.8K 592 42
A student from the Paldea region took an interest in traveling to other regions to learn new things.