ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

By Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

31 - 35

225 16 0
By Azure5549

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၃၁)သူနိုင်ကိုယ်နိုင်

ထိုအမျိုးသမီးအသံကိုကြားတော့ဖက်တီးယုတို့တစ်သိုက်မူပျက်ကုန်ကြတယ်။ဖက်တီးယုရဲ့အသံကျယ်
ကြီးကစားသောက်ဆိုင်ထဲဟိန်းထွက်သွားပါတယ်။

"ဘယ်ကောင်မလည်း မင်းဖေဖေရှေ့ထွက်ခဲ့စမ်း"

ဖက်တီးယုစကားအဆုံးမှာပဲ စားပွဲဝိုင်းကြီးတစ်ခုက ဝှီးကနဲအသံနဲ့ သူတို့အုပ်စုစီပြေး၀င်သွားတယ်လေ။
လူတိုင်းအသင့်အနေအထားနေလိုက်ကြရတယ်။

"ဖုန်း"

စားပွဲဝိုင်းကြီးကသူတို့စီမရောက်ပဲလေထဲတင်ရပ်သွားတယ်။စားပွဲဝိုင်းရဲ့ခြေထောက်တစ်ဖက်ကိုလုံချန်
ကိုင်ထားလိုက်တာကိုး။အဲ့ဒိနောက်စားပွဲဝိုင်းကြီးကိုလာရာလမ်းအတိုင်း လုံချန် ပြန်ပစ်လိုက်တယ်။
ထိုသို့ပစ်လိုက်ချိန်မှာပဲမိန်းမတစ်ယောက် ထောင့်တစ်ထောင့်ကနေထွက်လာတဲ့အချိန်ဖြစ်နေပါတယ်။
ကြည့်ရတာတော့ ထိုစားပွဲဝိုင်းကိုပစ်လိုက်သူမှာထိုမိန်းမပါပဲ။

ပထမတော့ သူမက စားပွဲဝိုင်းကိုလုံချန်တို့စီကိုပစ်၊ပိုးစိုးပက်စက်ဖြစ်သွားတဲ့လုံချန်တို့ကိုလှောင်ရင်း
စားသောက်ဆိုင်ကနေပြန်မယ်လုပ်ထားတာ။ဒါပေမယ့်သူမထင်သလိုဖြစ်မလာဘူးလေ။သူမစီပြန်၀င်
လာတဲ့စားပွဲဝိုင်းကသူမပစ်လိုက်တဲ့အားထက်ဆယ်ဆလောက်များနေတယ်။ပြောရရင်တောင်
ကြီးတစ်တောင်သူမအပေါ်ပြိုကျလာသလိုမျိုးပဲ။

အခြေအနေကရုတ်ချည်းပြောင်းသွားတယ်။သူမရှောင်ဖို့လည်းသိပ်နောက်ကျသွားပါပြီ။ဒီစားပွဲဝိုင်းသာ
သူမကိုထိရင်သူမမှာရှိသမျှအရိုးတွေတစ်ချောင်းမကျန်အောင်ကျိုးကုန်ပါလိမ့်မယ်။

အုန်း.......

ရုတ်တရက်စားပွဲဝိုင်းကြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်။မျက်နှာမှာဓားဒဏ်ရာနဲ့လူကသူမရှေ့ကနေ
၀င်ခံပေးလိုက်တာပါ။ဖက်တီးယုတို့တစ်သိုက်ဓားဒဏ်ရာနဲ့လူကိုမြင်တော့ အမူအယာပျက်ကုန်တယ်။
ထိုလူဟာ မဟာရှမင်းသားရဲ့သက်တော်စောင့်ဆိုတာကိုသူတို့မှတ်မိကြပါတယ်။ဓားဒဏ်ရာနဲ့လူကတော့
လုံချန်ကိုတစ်အံ့တစ်သြနဲ့ကိုကြည့်နေတယ်။

"အချိန်တိုလေးအတွင်းမှာ မင်း မတရားကိုတိုးတက်လာပါလား"

ဓားဒဏ်ရာနဲ့လူရဲ့လက်သီးကြောင့်စားပွဲခုံကအပိုင်းပိုင်းဖြစ်သွားပေမယ့်မြေပြင်ပေါ်ကထင်ရှားလွန်းတဲ့
ခြေရာကြီးကိုကြည့်ရင်သူ့အပေါ်သက်ရောက်လာတဲ့အားကလည်းမသေးလှဘူးဆိုတာကိုသိနိုင်ပါတယ်။
တစ်နည်းအားဖြင့်စားပွဲဝိုင်းရဲ့အားကိုသူအတော်လေးတောင့်ခံလိုက်ရတာပါ။

"ကျုပ်ကငယ်ပါသေးတယ်ဗျာ....ခင်ဗျားနဲ့တော့ဘယ်ယှဉ်နိုင်မလည်း တစ်နေ့ကိုနည်းနည်းချင်းစီလေ့
ကျင့်ထားတဲ့ရလာဒ်တွေပေါ့" လုံချန်မထူးဆန်းသလိုပြန်ပြောတယ်။

ဓားဒဏ်ရာနဲ့လူမျက်နှာမဲမှောင်သွားပါတယ်။သူပြောတော့မယ့်ပြင်တုန်းမှာပဲ အသံတစ်သံထွက်လာတယ်။

"ဟီးဟီး ငါတို့မတွေ့တာ ရက်နည်းနည်းပဲရှိသေးတယ် ညီလေးလုံကတိုးတက်မှုမြန်လိုက်တာ ဒါမျိုးက
တော့ စားပွဲသောက်ပွဲနဲ့ကိုအောင်ပွဲခံသင့်တာပေါ့"

မြင်သူတိုင်းအထင်ကြီးစရာကောင်းလောက်တဲ့အပြုံးမျိုးပြုံးထားရင်း မဟာရှမင်းသား ရှချန်ဖုန်း ခပ်
ဖြေးဖြေး လုံချန့်စီလျှောက်လာတယ်။

"ကဲပါ...ဒါတွေကအထင်လွဲတာပါ...မိတ်ဆက်ပေးပါရစေဦး ဒါကကျုပ်ညီမ ရှပိုင်ချီပဲ"

ရှချန်ဖုန်း ခပ်ပြုံးပြုံး နဲ့ ပြောလိုက်တယ်။

လုံချန်ထိုမိန်းမကိုကြည့်ရင်းပါးစပ်အဟောင်းသားဖြစ်သွားတယ်။(-_-)
သူမကမင်းသမီးတစ်ပါးကိုး။ဒါ့ကြောင့် ဆရာကြီးယွမ်ချီက ဒီ ရူးကြောင်ကြောင်အမျိုးသမီးကိုသတိ
ထားဖို့ပြောထားတာလေ။

"ဟမ့် အခု နင်နဲ့ငါတို့ကြားကကွားခြားချက်ကိုသိပြီလား" ပါးစပ်အဟောင်းသားဖြစ်နေတဲ့လုံချန်ကိုကြည့်
ရင်း ရှပိုင်ချီ ရဲ့ အေးစက်စက်ရယ်သံထွက်လာတယ်။လုံချန်ခေါင်းငြိမ့်လိုက်တယ်။

"ဟုတ်ပါတယ်ခင်ဗျာ ကွာခြားချက်ကသိပ်ကိုကြီးတယ်...နှစ်တစ်သောင်းလောက်ကျုပ် သိုင်းကျင့်ရင်
တောင် ရူးကြောင်ကြောင်ဖြစ်နေတဲ့ နေရာမှာခင်ဗျားကိုယှဉ်နိုင်မှာမဟုတ်ဘူး ရှောင်ပိုင်ချီ ... ရူး
ကြောင်ကြောင်မိန်းမ ဘယ်လောက်ကောင်းတဲ့နာမည်လည်း ဟီးဟီး"

"နင်...."  ရှပိုင်ချီမျက်လုံးထဲကမီးတွေထွက်လာသလားတောင်ထင်ရတယ်။သူမသာနဂါးတစ်ကောင်
ဆိုလုံချန်ပြာကျနေပြီ။လုံချန့်စကားကြောင့်ရှပိုင်ချီတွင်သာမကပဲ ရှချန်ဖုန်းမျက်လုံးထဲမှာပါအေးစက်စက်
အလင်းတန်းတစ်ခုဖြတ်ပြေးသွားပါတယ်။ရှချန်ဖုန်း ပြုံးရင်းပြောလိုက်ပါတယ်။

"ကဲကဲ နေကြပါဦး...ရန်မဖြစ်ကြပါနဲ့ ကျုပ်တို့ကမိတ်ဆွေတွေပဲ ကျုပ်သိချင်တာက အစောပိုင်းကခင်ဗျား
တို့ဘာပြောနေတယ်ဆိုတာကိုပါ ကိုယ့်လူတို့ကသိပ်တက်ကြွနေကြတာကိုး"

ရှချန်ဖုန်းရောက်လာတာကို ဖက်တီးယုတို့တစ်သိုက်မြင်တော့အစောပိုင်းကပြောခဲ့တာတွေအတွက်
နောင်တနည်းနည်းရချင်သွားတယ်။ဘယ်လိုပဲဖြစ်ဖြစ်တစ်ဖက်ကမင်းသားတစ်ပါးလေ။သူတို့နဲ့ဆို
အနေအထားက မိုးနဲ့မြေကြီးလောက်ကွာတာကိုး။နောက်ပြီးတော့လုံချန်လိုလည်းသူတို့မှာနောက်ခံ
အင်အားတောင့်တင်းတာမဟုတ်ဘူး။ခဏကြာအောင်ဖက်တီးတို့တစ်သိုက်ဘာပြောရမှန်းမသိဘူး။

ရှပိုင်ချီ ရဲ့ အေးစက်စက်ရယ်သံထွက်လာပြန်တယ်။

"ခုနကငါကြားတာတော့ နင်တို့တစ်သိုက် တတိမင်းသမီးကိုမှိုချိုးမျှစ်ချိုးပြောနေကြတာမလား
ဟက်...ရယ်စရာပဲ မသိကြသေးဘူးနဲ့တူတယ် ငါ့အကိုဟာ တတိယမင်းသမီးကိုတောင်းဖို့
မင်္ဂလာလက်ဆောင်တွေကို ဧကရီဘုရင်မကြီးထံကိုပို့ပြီးသွားပြီ နင်တို့တစ်သိုက်ကငါ့အကိုတော်ရဲ့
သတို့သမီးကိုဖြတ်ခုတ်ချင်တယ်ပေါ့ သေချင်လို့"

ထိုအကြောင်းကိုကြားတော့လုံချန်မျက်စိမျက်နှာပျက်သွားတယ်။ရှချန်ဖုန်းကိုကြည့်ပြီး သူ မေးလိုက်
ပါတယ်။

"ဒါ တစ်ကယ်လား"

"လုံချန် ရိုရိုသေသေမေးစမ်း" ဓားဒဏ်ရာနဲ့လူ လှမ်းပြီးသတိပေးလိုက်တယ်။

"မင်းအသာနေစမ်း"

ရှချန်ဖုန်း သူ့လက်ကိုယမ်းပြီး ဓားဒဏ်ရာနဲ့လူကိုတားလိုက်တယ်။လုံချန်ကိုကြည့်ရင်းသူပြုံးလိုက်ပါတယ်။

"ကျူပ်ဒီတစ်ခေါက်ဖီးနစ် အင်ပါယာကိုလာတာ ဖခမည်းတော်ရဲ့အမိန့်နဲ့ တတိယမင်းသမီးကိုတောင်း
ဖို့လာတာပဲ ကျုပ်တို့ကိစ္စကို ဧကရီဘုရင်မကြီးလည်းသဘောတူပြီဆိုတော့ နေ့ကောင်းရက်မြတ်ရွေး
ပြီးရင်းမြန်းကြဖို့ပဲကျန်တော့တယ်....ညီလေးလုံချန်အနေနဲ့ နောင် အားလပ်ရင် ကျူပ်တို့ မဟာရှကို
လာပြီးဝိုင်လေးဘာလေးလာသောက်ပေါ့"

ရှချန်ဖုန်းအနေနဲ့ သူနဲ့ချူယောင်အကြောင်းကိုသိလားမသိလားတော့ သူလည်းမသိပေမယ့် လုံချန့်ကို
ကြည့်နေတဲ့အကြည့်တွေထဲမှာတော့သနားစရာသတ္တဝါတစ်ကောင်ကိုကြည့်နေသလိုမျိုးဖြစ်နေတယ်။
ချန်ဖုန်းတစ်ခုခုကိုများသိထားသလား။လုံချန်ရင်တွေခုန်လာတယ်။ရှချန်ဖုန်းသူ့ကိုဒေါသထွက်အောင်
တမင်ဆွနေတယ်ဆိုတာကိုသူသိပါတယ်။

ဒါပေမယ့်ချူယောင်နဲ့သူ အကောက်ကြံခံထားရတဲ့ကိစ္စတွေကိုတွေးမိတော့လုံချန်ဒေါသထွက်လာတယ်။
ချူယောင်ရဲ့ ဒန်တမ်ထဲမှာမြှုပ်နှံထားခဲ့တဲ့ စွမ်းအင်သဏ္ဍန်ကိုးမျိုးဟာ တစ်ချိန်ကအစေ့သာဖြစ်ပေမယ့်
အခုလိုရင့်မှည့်ချိန်ရောက်တော့ ရိတ်သိမ်းမယ့်သူပေါ်လာပြီလေ။ထိုအစီအစဉ်ကြီးတစ်ခုလုံးကိုကြိုးကိုင်
နေတဲ့နောက်ကွယ်ကလက်မဲကြီးဟာ ရှချန်ဖုန်းတော့မဟုတ်ပေမယ့် သူလည်းထိုကိစ္စကနေအကျိုးအမြတ်
ရမှာဆိုတော ရှချန်ဖုန်းလည်းတစ်နည်းနည်းပါ၀င်ပတ်သတ်နေသူတစ်ယောက်ဖြစ်ရပါမယ်။ဒါဆိုရင်
သူလည်းလျှို့ဝှက်ကိစ္စအတော်များများကိုသိထားမှာပေါ့။

လုံချန်သူကြုံတွေခဲ့တာတွေကိုပြန်စဉ်းစားကြည့်မိတယ်။အရင်တုန်းကတော့ဒီကိစ္စတွေထဲမှာရှချန်ဖုန်း
ပါမယ်လို့သူမသိခဲ့ပေမယ့်အခုတော့ရှချန်ဖုန်းပါ၀င်ပတ်သတ်နေတယ်ဆိုတာအဖြစ်နိုင်ဆုံးဖြစ်နေပါတယ်။
သူနဲ့ချူယောင်အကောက်ကြံခံထားရတာတွေကိုတွေးမိတော့လုံချန်သွေးတွေဆူပွက်လာရတယ်။
ဒါပေမယ့်အခုအချိန်ကအချိန်ကောင်းမဟုတ်သေးပါဘူး။ဒီထက်ပိုပြီးသိုင်းပညာမြင့်လာဖို့သူလိုအပ်ပါတယ်။

အခုဆိုရင်အမှန်တရားကိုပျပျလေးပဲမြင်ရပါသေးတယ်။ဒီလောက်နဲ့ကတော့သူလည်းဘာမှမလုပ်နိုင်
သေးတဲ့အတွက်သီးခံရပါမယ်။ထိုသို့အပြန်ပြန်အလှန်လှန်သုံးသပ်မိတော့ ဒေါသထွက်နေတဲ့လုံချန်
မျက်နှာ ချက်ချင်းတည်ငြိမ်သွားတယ်။

ဒေါသထွက်နေတဲ့လုံချန်မျက်နှာရုတ်ချည်းဘာမှမဖြစ်သလိုဖြစ်သွားတော့ ရှချန်ဖုန်းရင်တွေတစ်ဒုန်း
ဒုန်းခုန်လာတယ်။တစ်ချိန်တည်းမှာပဲလုံချန့်ကို သူ ပိုပြီးသတိထားမှဖြစ်တော့မယ်လို့တွေးမိပါတယ်။
ခံစားချက်ကိုထိန်းချုပ်နိုင်တဲ့ရန်သူဟာပိုကြောက်စရာကောင်းကြောင်းသူကောင်းကောင်းသိတယ်လေ။

"အကိုရှ တတိယ မင်းသမီးကို အကိုလက်မထပ်သင့်ဘူးလို့ကျုပ်တော့ထင်တာပဲ" လုံချန်ခေါင်းတစ်
ယမ်းယမ်းဖြစ်နေပါတယ်။

"ဘာ့ကြောင့်များလည်းညီလေး"

"ကံကြမ္မာဖတ်တဲ့ပညာရပ်တစ်မျိုးကိုကျူပ်လေ့လာလိုက်စားဖူးတယ် အကို့နာမည်က ဖုန်း...တတိယ
မင်းသမီးနာမည်ကယောင် ... အကိုနာ့မည်မှာ လေ ဆိုတဲ့အဓိပ္ပါယ်ရှိပြီး တတိယမင်းသမီးနာမည်
မှာ တောဆိုတဲ့အဓိပ္ပါယ်ပါတယ် လေကတောအုပ်ကိုဖျက်ဆီးနိုင်တယ် ဒါဟာတတိယမင်းသမီးအတွက်
မကောင်းဘူးလေ "

ရှချန်ဖုန်းရုပ်ပျက်သွားလားမသွားလား ကို လုံချန်မသိမသာအကဲခတ်ထားတယ်။

"ဟားဟား....ညီလေးလုံကတော့ တစ်ကယ်ရယ်ရတာပဲ ဒါမျိုးတွေကိုလည်းယုံတာပဲလား" ရှချန်ဖုန်း
တစ်ဟားဟားရယ်နေတယ်။

လုံချန့်မျက်လုံးတွေပိုပြီးမှုန်မှိုင်းလာပါတယ်။သူ့ရဲ့ထက်မြက်လှတဲ့စိတ်စွမ်းအင်နဲ့ ရှချန်ဖုန်းကိုအာရုံခံနေ
တာ အာရုံခံနိုင်စွမ်းဟာ လစ်မစ်ကိုတောင်ရောက်နေပါပြီ။အဲ့ဒိမှာသူသတိထားမိလိုက်တာကရှချန်ဖုန်း
ရုပ်တော့မပျက်ပေမယ့် နှလုံးခုန်သံနည်းနည်းမြန်လာတာကိုပါ။

ဒီကောင် တော်တော်သိထားတာပဲ။

"ဒါတင်မကသေးဘူးဗျ ကျုပ်ရဲ့မျက်နှာကဲခတ်ပညာကလည်းဆရာအဆင့်တောင်ရောက်နေပြီ အကိုရှ
အကိုရှရဲ့ချန်ဖုန်းဆိုတဲ့နာမည်ဟာမီးဓာတ်အလွန်များတယ်....မီးလောင်ရာလေပင့်ဆိုတာကိုကြား
ဖူးလား...မီးများရင်မီးနိုင်မှာပဲ ဒါလည်းနာမည်ကောင်းတစ်ခုပါပဲ"

လုံချန်ချီးမွမ်းလိုက်ပြန်တယ်။

ရှချန်ဖုန်း ခပ်ယောင်ယောင်လေးပြုံးလိုက်ပါတယ်။သူ့နှလုံးတွေတစ်ဒိန်းဒိန်းခုန်နေတယ်။ဒီလိုနည်းတွေ
ကိုလုံချန်တစ်ကယ်များတတ်လေသလား။သူ့နာမည်ကို လုံချန်ရှင်းပြတဲ့ ရှင်းပြချက်အတိုင်း ထူးခြား
တဲ့လူတစ်ယောက်က သေသေချာချာတွက်ချက်ရှင်းပြပြီး မှည့်ခဲ့တာလေ။သူ့ဟာမီးဓာတ်စိုးမိုးသူတစ်ယောက်
ဖြစ်တာကြောင့်ဖခမည်းတော်တို့ကလည်းချန်ဖုန်းလို့ပေးခဲ့တာပါ။

ချန်ဖုန်းအနေနဲ့အပြင်မှာသာတည်ငြိမ်လွန်းနေပေမယ့် သူ့ နှလုံးကတော့ခုန်လွန်းလို့ပြုတ်ထွက်
မတတ်ပဲ။ဒါကိုလုံချန်ကောင်းကောင်းသတိထားမိတာပေါ့။လုံချန်ကြိတ်ရယ်နေတယ်။သူလျှောက်ပြော
လိုက်တာတွေကို ရှချန်ဖုန်း တစ်ကယ်ယုံပြီးဟက်ထိသွားစေမယ်လို့မထင်ဘူး။

"နောက်ပြီးတော့ ကျူပ်တို့တတိယမင်းသမီးရဲ့နာမည်မှာပါတယ် ယောင်ဆိုတာဟာ ရေကို
ရည်ညွှန်းတာပဲ အကိုရှကမီး.....မင်းသမီးကရေ ရေတောင်မှရိုးရိုးမဟုတ်ဘူး ဘုရင်ဆိုတဲ့အဓိပ္ပါယ်လည်း
ပါတယ် ရေဘုရင်ပေါ့"

"လေနဲ့တော့အုပ်ဟာ သဟဇာတ ဖြစ်ပေမယ့်လို့ မီးဓာတ်ကတော့ရေနဲ့ဖြန်းရင်ငြိမ်းတာပဲ နောက်တစ်ချက်
ကအင်ပါရီယာမြို့တော်ကိုလေးဖက်လေးလံရေတွေနဲ့ဝိုင်းနေတယ်...အကိုရှအတွက်အန္တာရာယ်များ
လွန်းတယ်"

"တတိယမင်းသမီးလေးကိုလက်ထပ်လိုက်လို့ အင်ပါရီယာမြို့တော်ကနေအကိုရှ အသက်မပါပဲပြန်သွား
တာမျိုးမဖြစ်စေချင်လို့ညီလေးကအကြံပေးတာပါ"

"မိန်းမဆိုတာအကျီင်္တစ်ထည်လိုမျိုးပဲ အကျီင်္တစ်ထည်အတွက်နဲ့တော့ ကိုယ့်ကိုကိုယ်အန္တာရာယ်အဖြစ်ခံ
မလို့လား မတန်ဘူးနော"

ရှီဖန်နဲ့ ဖက်တီးယုတို့မျက်စိမျက်နှာတွေပျက်ကုန်တယ်။လုံချန်ရဲ့မျက်နှာကဲခတ်ပညာကိုအစကသူတို့မ
ယုံတစ်၀က်ယုံတစ်၀က်ဖြစ်နေရာကနေအခုလို အ သေးစိတ် သေသေချာချာရှင်းပြတော့ ယုံသွားကြ
ပြီလေ။ရှချန်ဖုန်းကတော့မျက်နှာတွေပျက်နေတယ်။လုံချန်ပြောတဲ့စကားတွေကြောင့် သူ စိုးရိမ်နေ
သလိုဘာတစ်ခွန်းမှလည်းပြန်မပြောနိုင်ဘူး။

"မင်း လာလိမ်မနေနဲ့  မင်းသားကိုဒီလိုနည်းနဲ့တစ်ပတ်ရိုက်လို့ရမယ်ထင်နေလား မင်းကတော့အသက်
ရှင်ရတာငြီးငွေ့နေပြီထင်တယ်" ဓားဒဏ်ရာနဲ့လူရဲ့အသံ က ဒေါသတစ်ကြီးထွက်လာတယ်။

"ဒီခွေးကတော့ သခင်စကားနားမထောင်ပဲ ပြန်ဟောင်ရဲတယ်ဟုတ်လား" လုံချန်မျက်မှောင်ကြုတ်သွားတယ်။

အစကနေအခုထိ ဓားဒဏ်ရာနဲ့လူဟာသူ့ကိုအသည်းထဲကထိအောင်သတ်ချင်နေကြောင်းလုံချန်သတိ
ထားမိပါတယ်။

"ခွေးကောင်" ဓားဒဏ်ရာနဲ့လူဒေါသတစ်ကြီးနဲ့လုံချန်ကိုခုန်အုပ်လိုက်တယ်။

"ရပ်စမ်း"

ဓားဒဏ်ရာနဲ့လူကိုရှချန်ဖုန်းဆွဲထားလိုက်ပါတယ်။အခုတော့သူ့ပုံစံကမူလအတိုင်းပြန်ဖြစ်သွားပါပြီ။
လုံချန်ကို သူ ပြုံးပြလိုက်တယ်။

"ညီလေးလုံရဲ့စကားတွေကြောင့် အကိုအတော်လေးအမြင်ကျယ်သွားရပါတယ် ဒါပေမယ့်လုပ်စရာကိ
စ္စလေးတွေရှိနေသေးလို့ သွားခွင့်ပြုပါဦး"

ဓားဒဏ်ရာနဲ့လူနဲ့ ရှပိုင်ချီကို ချန်ဖုန်းအတင်းဆွဲခေါ်သွားတယ်။ဒါပေမယ့် ရှပိုင်ချီ ထွက်သွားကာနီးမှာ
လုံချန်ကိုအပိုင်းပိုင်းလုပ်ပစ်ချင်တဲ့အကြည့်နဲ့ကြည့်သွားသေးတယ်။အောက်ထပ်ရောက်တာနဲ့ဓားဒဏ်
ရာနဲ့လူ မကျေမချမ်းပြောတော့တယ်။

"မင်းသားသာ ကျုပ်ကိုမတားရင် လုံချန်ဆိုတဲ့ကောင် အပိုင်းပိုင်းဖြစ်နေပြီ"

"ဒီလုံချန်ဆိုတာသေကိုသေရမယ့်ကောင်....ငါတောင်ကိုယ့်ကိုကိုယ်မထိန်းနိုင်အောင်ဖြစ်သွားတယ်
ဒါပေမယ့် လုံချန်ဟာအခုငါတို့အတွက်အသုံး၀င်နေသေးတယ် သူအခုသေသွားရင် ငါတို့အစီစဉ်
တွေကိုထိခိုက်လာနိုင်တယ်.....ရက်နည်းနည်းတော့အသက်ရှင်ခွင့်ပေးလိုက်စမ်းပါကွာ"

ရှချန်ဖုန်းသက်ပြင်းချရင်းပြောပါတယ်။

သူ့လောက်အလွန်တည်ငြိမ်တဲ့သူတစ်ယောက်တောင် လုံချန်ကိုချက်ချင်း တိုက်ခိုက်ချင်တဲ့စိတ်ဖြစ်
သွားရတယ်။သီးမခံနိုင်တော့ဘူးလေ။

"ဟို သောက်ယွမ်ချီဆိုတဲ့ အဖိုးကြီးရှေ့မှာ လုံချန်ကိုအနိုင်ယူပြဖို့ ဆရာငါ့ကိုအမိန့်ပေးထားတယ်
အဲ့အချိန်မတိုင်မီ လုံချန့်ကိုသတ်လိုက်ရင် ဒီလူကြီး ဒေါသအသေထွက်လိမ့်မယ်"

ရှပိုင်ချီ ၀င်ပြောလိုက်ပါတယ်။

"ဒီသောက်ရူးကြီးကိုကျွန်မမြှုစွယ်ဖို့လုပ်သေးတယ် ဒါပေမယ့်ဘာမှမထူးခြားဖူး အချိန်တွေနှမြော
စရာကောင်းလိုက်တာ"

ရှချန်ဖုန်းသူမကိုကြည့်ရင်းသက်ပြင်းချကာခေါင်းခါလိုက်ပါတယ်။

"ဒီအဖိုးကြီးကို မြှုစွယ်ဖို့ ဆရာမင်းကိုအမိန့်ပေးကတည်းက ငါတော့ အလုပ်ဖြစ်မယ်လို့ကိုမထင်တာ"

ရှပိုင်ချီပြန်မေးလိုက်ပါတယ်။

"ဘာ့ကြောင့်လည်း"

ရှချန်ဖုန်းသူမကိုတစ်ချက်သာကြည့်ပြီးခေါင်းတစ်ယမ်းယမ်းနှင့်ဘာမှထပ်မပြောတော့။ရှချန်ဖုန်းဘေးမှာ
ရှိနေတဲ့ဓားဒဏ်ရာနဲ့လူ သက်ပြင်းချလိုက်ပါတယ်။

"ဘာဖြစ်လို့လည်းဆိုတော့ မင်းသမီးက မိန်းမတစ်ယောက်ရဲ့ အမူအကျင့်မှမရှိတာ"

"ဖြန်း"

ရှပိုင်ချီလက်ဝါးကထိုဓားဒဏ်ရာနဲ့လူမျက်နှာပေါ်ရောက်သွားတယ်။ဒါပေမယ့်ဓားဒဏ်ရာနဲ့လူပြုံးပဲပြုံး
နေလိုက်ပါတယ်။ဒါကသူ့အတွက်တော့ရိုးနေပြီလေ။ရှချန်ဖုန်းတို့ပြန်သွားတော့ လုံချန်တို့တစ်သိုက်
လည်းဝိုင်သောက်ချင်စိတ်တောင်မရှိတော့ဘူး။သူ့အတွက်အချိန်သိပ်မရှိတော့ဘူးဆိုတာကိုလုံချန်
နားလည်ပါတယ်။

အမှန်တရားနဲ့နီးစပ်လာလေလေသူ့အတွက်တော့အန္တာရာယ်တွေများလာလေလေပါ။အမှန်တရားပေါ်
ထွက်လာတဲ့အချိန်မှာသူ့မှာသာသိုင်းပညာမြင့်မြင့်မားမားမရှိထားရင်သူသေသွားမှာသေချာတယ်ဆို
တာသံသယတောင်၀င်စရာမလိုပါဘူး။သူ့မှာအချိန်သိပ်မရှိတော့ပေမယ့်လည်းထိုအချိန်လေးကိုအသုံး
ချပြီးသိုင်းကောင်းကောင်းကျင့်ဖို့လိုပါတယ်။အနည်းငယ်မျှတိုးတက်လာရင်တောင် ရှင်သန်ဖို့အတွက်သူ့
မှာအခွင့်အရေးရှိနေပြီလေ။ဒါပေမယ့်ချူယောင်ကိစ္စကလည်းရှိနေသေးတဲ့အတွက်ထိုကိစ္စကိုလည်း
မြန်မြန်ဖြတ်ရပါဦးမယ်

"တစ်ဆိတ်လောက် ဒီကလူငယ်လေးက လုံချန်ဆိုတာများလား"

ရုတ်တရက်ဆိုသလို ပိန်ပိန်ပါးပါးနဲ့ လူတစ်ယောက်လုံချန်ကိုဦးညွှတ်ရင်းနှုတ်ဆက်လာတယ်။

Patriarch MK Aung

##############

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၃၂)ဟွာယွန်အိမ်တော်မှဖိတ်ခေါ်ခြင်း

"သခင်လေးကလုံချန်ဆိုတာများလား"

"ဟုတ်ပါတယ်ဗျ" လုံချန်ကြောင်တောင်တောင်ဖြစ်နေသည်။ထိုလူကိုသူတစ်ခါမျှမမြင်ဖူးခဲ့ပေ။

"ကောင်းလိုက်တာ ဟွာယွန်အိမ်တော်က ဖိတ်ခိုင်းလိုက်လို့ ကျုပ်ဖိတ်စာလာပို့တာပါ"

သက်လတ်ပိုင်းလူပျော်သွားသည်။

"သခင်လေးကတော့ ကျုပ်ကိုမှတ်မိမှာမဟုတ်ဘူး ကျုပ်ကဟွာယွန်အိမ်တော်ကလက်ထောက်တစ်
ယောက်ပါ ဟွာယွန်အိမ်တော်မှာနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ လေလံပွဲကိုတက်ဖို့ဖိတ်စာလာပို့တာပါ"

ယခုမှပင်လုံချန်နားလည်သွားသည်။သူ့ကိုစီပွားရေးလုပ်ဖို့အတွက်ဒီလူလာပြောနေခြင်းပင်။လက်ထောက်
တစ်ယောက်ဆိုသည်ထက်ထိုလူ့ကိုလက်တိုလက်တောင်းခိုင်းသည့်ပြာတာဟုပြောလျှင်ပိုမှန်မည်။
ဟွာယွန်အိမ်တော်အကြောင်းလုံချန်ကောင်းကောင်းသိ၏။၄င်းသည်ဖီးနစ်အင်ပါယာတွင်အကျော်ကြား
ဆုံးလေလံပွဲရုံကြီးတစ်ခုဖြစ်ကာမြေနေရာလည်းအလွန်ကျယ်လေသည်။

ဆေးဆရာအသင်းနှင့်အရှိန်အဝါခြင်းမယှဉ်ပြိုင်နိုင်သည်သာရှိမည်။သူ့ဟာနှင့်သူကတော့ကျော်ကြားမှု
မှာဆေးဆရာအသင်းနှင့်တစ်ဆင့်သာနိမ့်လေသည်။ထိုအိမ်တော်သည်စွန့်စားသွားလာသူမျာအသင်းနှင့်
လည်းအကျိုးတူပူးပေါင်းမှုများလုပ်ထား၏။စွန့်စားသူများအသင်းသည်လည်းများစွာသောစွန့်စားရှာဖွေ
သူများနှင့်ချိတ်ဆက်ထားပြီးစွန့်စားသူများနှင့်ခိုင်မာသည့်ဆက်ဆံရေးမျိုးမရှိစေကာမူအင်အားတောင့်
တင်းသည့်အသင်းကြီးတစ်သင်းကားဖြစ်လေသည်။စွန့်စားသူများမှာလပေါင်းများစွာတောတောင်ထဲ
သို့သွားလာနေကြရပြီးအလွန်အန္တာရာယ်များသည့်အလုပ်ပင်ဖြစ်သော်လည်းရရှိသည့်အကျိုးအမြတ်မှာ
မက်လောက်စရာကောင်းလေသည်။

ထူးခြားဆန်းကျယ်သောဆေးပင်၊ဆေးမြစ်များ နှင့် မှော်သားရဲအမြူတေများမှာတောတောင်ထဲတွင်
သာရှာဖွေတွေ့ရှိနိုင်သလိုကံကောင်းလျှင်အလွန်ရှေးကျသည့်ရတနာသိုက်များပါမတော်တစ်ဆတွေ့
တတ်ကြသည်။

ဟွာယွန်လေလံအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်ရခြင်းအပေါ်စွန့်စားရှာဖွေသူများ(ရတနာသိုက်မုဆိုး)လည်း
နှစ်သက်သဘောကျကျသည်။၄င်းတို့နှင့်ဟွာယွန်လေလံအိမ်တော်သည်အလွန်နီးစပ်သည့်ဆက်ဆံရေး
မျိုးထူထောင်ထားကာ ၄င်းတို့ ရှာဖွေလာသမျှအား သင့်တင့် သည့်စျေးဖြင့်သာ တန်ဖိုးဖြတ်၀ယ်ယူလေ့
ရှိ၏။

ထို့ကြောင့်ရတနာသိုက်မုဆိုးများအဖို့အခြားသူများဖြင့်စွန့်စားကာအရောင်းအ၀ယ်လုပ်ရန်မလိုတော့
ချေ။တောတောင်ထဲတွင်လူသတ်မှုများ၊ခိုးမှုများလွန်စွာများပြားလေရာတစ်ခါတစ်ရံတွင် အင်ပါရီယာ
မြို့တော်ထက်ပင် ပိုကြောက်စရာကောင်းသည့်နယ်မြေဖြစ်နေတတ်သည်။

သို့ဖြစ်ရာနှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဟွာယွန်အိမ်တော် လေလံပွဲကားများစွာသောလေလံဆွဲသူများအ
တွက်မျက်စိကျစရာဖြစ်နေသည်။အဘယ့်ကြောင့်ဆိုသော်ရတနာသိုက်မုဆိုးများ၏ တစ်နှစ်အတွင်း
စွန့်စွန့်စားစားရှာဖွေဆုဆောင်းထားသည့်ရှားပါးရတနာများအားလေလံတင်မည်ဖြစ်သောကြောင့်ပင်။
အဆိုပါလေလံပွဲတွင်ခေါ်သည့်လေလံစျေးနှုန်းများမှာတစ်ခါခေါ်လျှင်တစ်ခါ မိုးသို့ထိလုခမန်းပင်ရှိနေ
တတ်ခြင်းကြောင့်ရတနာသိုက်မုဆိုးများအဖို့ပါးစပ်ပင်မပိတ်ရအောင်တစ်ဟီးဟီးဖြင့်သဘောကျကြရ
သည့်အချိန်ဆိုသည်ကလည်းမမှားပေ။

ဤသို့ရတနာသိုက်မုဆိုးများဖြင့်ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့်ဟွာယွန်အိမ်တော်မှာလည်းမြေနေရာများ
ကျယ်၀န်းကာတစ်ဖြေးဖြေးကြီးပွားလာသည့်အဖြစ်သို့တိုင်အောင်ရောက်တော့သည်။လွန်ခဲ့သည့်နှစ်
နှစ်ခန့်မှစကာ လေလံဆွဲသူအရေအတွက်မှာတိုးသထက်သာတိုးတက်လာခဲ့သည်။ဟွာယွန်အိမ်တော်သည်
အဖွဲ့၀င်စနစ်တစ်ခုအားအသုံးပြုပြီးဖိတ်စာများပေးလေ့ရှိ၏။ဖိတ်စာမရသူများအဖို့လေလံပွဲတက်ရောက်
ခွင့်မရကြချေ။

ထိုဖိတ်စာရရှိကြသူများမှာလည်း မှုးကြီးမတ်ရာများနှင့်အလွန်ချမ်းသာသည့်သူကြွယ်ကြီးများသာလျှင်
ဖြစ်၏။လုံချန်ကဲ့သို့သောလူငယ်တစ်ယောက်အားဖိတ်ခြင်းမှာဟွာယွန်အိမ်တော်အဖို့ပထမဆုံးပင်ဖြစ်
သည်။

"အကိုလုံ ဒါကောင်းတဲ့ကိစ္စပဲ ဒါပေမယ့်ကျုပ်တို့လေလံဆွဲဖို့ငွေမလောက်ဘူးထင်တယ် မသွားရင်
ကောင်းမယ်" ဟူရှု၀င်ပြောလိုက်သည်။

ဟွာယွန်အိမ်တော်၏လေလံတင်သောပစ္စည်းများမှာတစ်ကယ့်ကောင်းပေ့ဆိုသည့်ပထမတန်းစားရှား
ပါးပစ္စည်းများသာဖြစ်ခြင်းကြောင့်မည်သည့်ပစ္စည်းအားလေလံတင်ထားသည့်ဖြစ်စေသွားရည်မယိုသူ
ဟူ၍တစ်ယောက်ပင်မရှိပေ။ထို့အပြင်လေလံဆွဲပေးသူ၏အာ၀ဇ္ဇန်းရွှင်ရွှင်ဖြင့်မည်သည့်ပစ္စည်းကတော့
ဖြင့်မည်သည့်နေရာတွင်သုံးသင့်ကြောင်း၊မည်သည့်ပစ္စည်းကမည်သို့ရှားပါးကြောင်း အစရှိသဖြင့်
အပြောအဆိုများအောက်တွင်မျောကြလေရာ လေလံစျေးနှုန်းများမှာလည်းမိုးထိအောင်တက်လေ
တော့သည်။

ထိုကြောင့် ဟွာယွန် အိမ်တော်သည် ငွေမရှိလျှင်မျက်စောင်းပင်ထိုးမကြည့်သင့်သည့်နေရာတစ်ခု
အဖြစ်အင်ပါရီယာမြို့တော်တွင်သတင်းမွှေးလေ၏။

"ခင်ဗျားမှာ လေလံစားရင်းပါလား" လုံချန် ထိုလူ့ကိုမေးလိုက်သည်။

"ဒါက လေလံဆွဲမယ့်စားရင်းထဲမှာပါတဲ့ ပစ္စည်းဆယ်မျိုးလောက်ကိုပြထားတာပါ" သက်လတ်ပိုင်းလူက
တောင်းပန်သံခပ်ပါပါဖြင့်ပြော၏။မည်သို့ပင်ဖြစ်စေကာမူ လေလံတွင်ပါ၀င်ရောင်းချမည့်ပစ္စည်းများမှာ
ပြင်ပသို့အကုန်လုံးထုတ်ပြ၍ရသည်မျိုးမဟုတ်ပေ။လုံချန်ထိုစားရင်းကိုကြည့်လိုက်သည်တွင် သူလိုချင်
သည့်ကြယ်ပေါင်းမြက်အားတွေ့လိုက်ခြင်းကြောင့်ရင်တွေတစ်ဒိန်းဒိန်းခုန်သွားသည်။

၄င်းမြက်မှာနှစ်ပေါင်းထောင်ချီအောင်သက်တမ်းရင့်နေသည့်မြက်ဖြစ်၏။သာမာန်ကြယ်ပေါင်းမြက်များမှာ
ဆယ်နှစ်မှ နှစ်တစ်ရာအတွင်းသာသက်တမ်းရှိတတ်ကြသည်။နှစ်တစ်ရာသက်တမ်းရှိသည့်မြက်ဆိုလျှင်
အလွန်ရှားပါးလေ့ရှိကာနှစ်တစ်ထောင်ဆိုလျှင်မူကားရတနာတစ်ပါးဟုပင်ပြောရမည်ဖြစ်၏။

လုံချန်၏အံ့အားသင့်နေသည့်အမူအယာကိုမြင်သည်နှင့် သတ်လတ်ပိုင်းလူ၏မျက်နှာတွင်ကျေနပ်သည့်
အရိပ်အယောင်များဖြတ်ပြေးသွားကြသည်။

"သခင်လေးကဆေးဆရာမလား သခင်လေးမှာရှားပါးတဲ့ဆေးတွေဘာတွေများရှိရင်လည်းကျုပ်တို့စီ
မှာ၀င်းရောင်းလို့ရပါတယ် ရောင်းချရလောက်တဲ့အရည်အသွေးသာမှီရင် လေလံပွဲမှာ၀င်ရောင်းဖို့ကျုပ်
တို့လုပ်ပေးနိုင်တယ် ဒါပေမယ့်သခင်လေးစီကနေတော့ ကျုပ်တို့ ကော်မရှင်ခ ငါးဆယ်ရာခိုင်နှုန်းယူတယ်"

ငါးဆယ်ရာခိုင်နှုန်း။ထိုစကားကိုကြားသည်နှင့်လုံချန်တစ်ဟားဟားရယ်လိုက်သည်။အလွန်ကိုအမြတ်
ကြီးစားသည့်စျေးဖြစ်နေသည်။ကိုယ့်ရငွေထဲကတစ်၀က်တောင်ပေးရမည့်အလုပ်ကသိပ်တော့မဟုတ်။

လုံချန့်အတွေးအားရိပ်မိဟန်ဖြင့် ထိုသက်လတ်ပိုင်းလူလည်းလိုက်ရယ်လိုက်သည်။

"သခင်လေးပစ္စည်းဟာကောင်းရင်ကောင်းသလောက်ပေါ့....ကျုပ်တို့ကလည်းပြောရာဟောရာမှာ
ကျွမ်းကျင်တော့ ဟဲဟဲ ပြန်ရမယ့်အမြတ်အတွက်တော့မပူပါနဲ့ဗျာ......သခင်လေးတောင်မထင်ထား
တဲ့စျေးနဲ့အမြတ်ကြမ်းစေရမယ်"

ထိုလူ၏စကားကိုကြားမှလုံချန်စိတ်အေးသွားရသလိုစီးပွားရေးလုပ်တတ်ကိုင်တတ်သည့်အဆိုပါသက်
လတ်ပိုင်းအရွယ်လူအားလည်းသူကြည်ညိုမိသွားသည်။စကားပြောရာဆိုရာတွင်ထိုသူကားချီးမွမ်းဖွယ်
ပင်။လုံချန်မသိသည့်အချက်တစ်ချက်က ထိုသို့သူတစ်ပါးအားစိတ်၀င်စားလာအောင်စျေးလိုက်ဆွယ်
ရသည့်ဟွာယွန်အိမ်တော်မှလူများအဖို့လည်းမလွယ်ဘူးဆိုတာကိုပင်ဖြစ်၏။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့်လေလံပွဲမစမီတွင်ဟွာယွန်အိမ်တော်၏စျေးဆွယ်သူများ(မာကတ်တင်းသမား
တွေထင်တယ် ငိငိ)အဖို့လူသုံးယောက်(တားဂတ်ပြည့်အောင်ရှာရတာနေမှာ)ရှာပေးရသည်။မည်သို့
ရှာရသနည်းဟူမူအိပ်လည်းဒီစိတ်စားလည်းဒီစိတ်စသဖြင့်အချိန်တိုင်းရှာနေရလေသည်။၄င်းတို့ဆွယ်သည့်
လူများလေလံပွဲသို့တက်လာလျှင် ရောင်းသည်ဖြစ်စေ၊လေလံပွဲတွင်လေလံ၀င်စွဲသည်ဖြစ်စေ ၄င်းတို့
အတွက်ကော်မရှင်ခများမြိုးမြိုးမြက်မြက်ရလေ့ရှိကြ၏။

၄င်းဖိတ်ကြားသည့်လူတစ်ယောက်သည်လေလံပွဲမှပစ္စည်းများအားအများအပြား၀ယ်ယူသည်ဖြစ်စေ၊
ရောင်းချသည်ဖြစ်စေ ၄င်းတို့အတွက်ကော်မရှင်ခအများအပြားရတော့သည်။သို့ဖြစ်လေရာ၄င်းတို့အဖို့
ဖိတ်ကြားမည့်လူများအားရွေးချယ်ရာတွင်အလွန်ပင်သတိထားလေ့ရှိ၏။သို့သော်နှစ်ပေါင်းများစွာအတွင်း
တွင်ဖိတ်ခေါ်စျေးဆွယ်ခဲ့ကြသည့်သူကြွယ်ကြီးများ၊မင်းစိုးမင်းနွယ်များလည်းကုန်သလောက်ဖြစ်လာပြီ။

ထိုသတ်လတ်ပိုင်းလူမှာအမြင်အလွန်စူးရှသူဖြစ်သည့်အတိုင်းလူငယ်မျိုးဆက်ထဲတွင်နာမည်တစ်ရှိန်ထိုး
ကြီးလာသည့်လုံချန်အားပြိုင်ဘက်များထက်ဦးအောင် အတင်းလာဆွယ်(မာကတ်တင်းဆင်း ဟိဟိ)နေ
ခြင်းပင်။လုံချန်ဆိုသည်မှာသူ့အတွက်တော့ငါးကြီးတစ်ကောင်ပင်ဖြစ်သည်မဟုတ်လား။လွတ်သွားလို့
မဖြစ်ပါပေ။

"ဒါကကျုပ်ရဲ့နာမည်ကတ်ပြားပါသခင်လေး" ပြောပြောဆိုဆိုနှင့် သတ်လတ်ပိုင်းလူ လုံချန့်ကိုကတ်လေး
တစ်ကတ်လှမ်းပေးလိုက်သည်။

"မောင်ချမ်းသာဟုတ်လား"

ကတ်ပြားပေါ်ကနာမည်ကြောင့်လုံချန်ရယ်ချင်သလိုဖြစ်သွားသည်။

"ဟဲဟဲ ကျုပ်တို့မိသားစုကဆင်းရဲတယ်လေ ဒါနဲ့ ကျုပ်မိဘတွေက ချမ်းသာစေချင်တဲ့ရည်ရွယ်
ချက်နဲ့ဒီနာမည်ကိုပေးခဲ့တာ"

မောင်ချမ်းသာရှက်ကိုးရှက်ကန်းဖြင့်ပြန်ပြောနေသည်။လုံချန်ခေါင်းငြိမ့်လိုက်သည်။

"လေလံပွဲကိုကျုပ်သိပ်စိတ်၀င်စားပါတယ်...ခင်ဗျားကိုရောင်းချင်တာလေးလည်းရှိသေးတယ်...လေလံ
ပွဲကဘယ်လိုလုပ်ပေးမလည်းကျုပ်သိချင်တယ်"

မောင်ချမ်းသာမျက်ခုံးတွေမြင့်တက်သွားသည်။

"သခင်လေးမှာရတနာတစ်ခုခုရှိရင် ဟွာယွန်အိမ်တော်ကိုပဲတန်းတန်းမတ်မတ်လာခဲ့ပါ....ကျုပ်တို့အမြဲ
ကြိုဆိုနေမှာပါ"

လုံချန်ခေါင်းငြိမ့်လိုက်သည်။ယခုဆိုလျှင်လေလံပွဲစရန်တစ်လခန့်လိုသေးသည်။အချိန်ကားသိပ်မကျန်တော့။
မောင်ချမ်းသာနှင့်ချိန်းဆိုမှုများလုပ်ပြီးချိန်တွင်ရှီဖန်တို့လူတစ်အုပ်နှင့်စားသောက်ဆိုင်မှလုံချန်ထွက်လာ
ခဲ့သည်။

"လုံချန် တစ်ပတ်လောက်နေရင် ဖီးနစ်အင်ပါယာရဲ့အကြီးဆုံး ပွဲတော်ကြီးဖြစ်တဲ့ မီးအိမ်နီပွဲတော်လာ
တော့မယ်နော် အဲ့ဒိပွဲကိုမင်းလာရမယ်"

ရှီဖန်မျှော်လင့်ချက်များစွာဖြင့်ပြောနေသည်။မီးအိမ်နီပွဲတော်ဆိုသည်မှာဖီးနစ်အင်ပါယာတွင်အကြီးအကျယ်
ကျင်းပကြသည့်ပွဲတော်ကြီးဖြစ်ပြီး အင်ပါယာမြို့တော်တစ်ခုလုံးတွင်ရှိသောအပျိုလူပျိုများအလွန်စိတ်
၀င်စားကြသည့်ပွဲတော်ကြီးဆိုလည်းမမှားပေ။ထိုပွဲတော်ကြီးမှာကျက်ပျံမကျအောင်စည်ကားလှပြီး
ကလသားများနှင့်လုံမပျိုများလမ်းသလားကြသည့်ပွဲတော်ကြီးလည်းဖြစ်၏။

အထူးသဖြင့််လုလင်ပျိုများမှာ လုံမပျိုများအား တွေ့ဆံရန်ထိုပွဲတော်အား အားခဲ စောင့်ဆိုင်းနေကြသလို
လုံမပျိုများမှာလည်း ၄င်းတို့ သဘောကျသည့်လုလင်ပျိုများတွေ့ပါကလက်ခံပစ်လိုက်မည်ဟုစိတ်ကူး
လေးတစ်ယဉ်ယဉ်ဖြစ်နေကြလေသည်။ထိုပွဲတော်ရက်တွင်လမ်းဘေးဆိုင်လေးများလည်းအလျှိုလျှိုပေါ်
လာလေ့ရှိကာ လုလင်ပျို-လုံမပျိုများအဖို့စိတ်ကြိုက်ပျော်ရွှင်နိုင်ကြ၏။

ထို့အပြင်၄င်းပွဲတော်ရက်တွင်လူစိတ်၀င်စားမှုအများဆုံးဖြစ်သည့် 'စစ်သူရဲကောင်းရွေးချယ်ပွဲ' ဟုအမည်
ရသည့်ပွဲတစ်ပွဲလည်းထည့်သွင်းထားလေရာအသက်နှစ်ဆယ်အောက်သိုင်းသမားတိုင်း၀င်ရောက်ယှဉ်
ပြိုင်နိုင်ကြသည်။ထိုပွဲတွင်အနိုင်ရပြီးပထမနေရာရသူသည်မည်မျှပင်လျှို့လျှို့ဝှက်ဝှက်နေသည်ဖြစ်စေ
တစ်ရှိန်ထိုးနာမည်ကြီးရတော့သည်။မြောက်များစွာသောအချောအလှလေးများမှဝိုင်းစွပ်သောပန်း
ကုံးများကြောင့်လည်းထိုသူမှာလည်ပင်းပင်ကျိုးမတတ်ဖြစ်ရတတ်၏။

ဘာသိဘာသာ သာ နေတတ်သည့်ရှီဖန်ပင်လျှင်ထိုပွဲတော်အတွက်အတော်လေးတက်ကြွနေပုံပင်။
ဖက်တီးယုတို့တစ်သိုက်ကားပြောစရာပင်မလိုပါပေ။

"အကိုလုံ သွားရမယ်နော်အကိုလုံမသွားရင်ကျုပ်တို့လည်းမသွားချင်ဘူး" ဖက်တီးယုအသနားခံသည့်အသံ
ဖြင့်ပြောနေသည်။

"ဒါဆိုရင်ဘယ်သူမှမသွားကြနဲ့တော့ သောက်စရာနေရာသာရှာထား" လုံချန်ပြုံးရင်းပြောလိုက်သည်။

"အဲ့လိုမလုပ်ပါနဲ့အကိုလုံ ဒီပွဲကိုကျုပ်တို့တစ်နှစ်လုံးစောင့်နေခဲ့ရတာ"

ဖက်တီးယုနှင့်အခြားသူများ မြေပေါ်ဒူးထောက်ကာလုံချန့်ပေါင်ကိုဖက်ထားလိုက်ကြသည်။သူတို့မျက်
နှာများအားကြည့်ရသည်မှာလုံချန်သာမသွားလျှင်မည်သည့်နည်းနှင့်မျှလွှတ်ပေးမည့်ပုံမပေါ်ပေ။

"လုံချန် မင်း မသွားလို့တော့မကောင်းဘူး အင်ပါယာမြို့တစ်ခုလုံးမင်းနာမည်ကျော်ကြားနေတာ မင်း
မလားရင် လူပေါင်းများစွာစိတ်ပျက်ကြလိမ့်မယ်"

ရှီဖန်၀င်ရောက်အကြံပေးလိုက်သည်။

"ဟမ် ကျူပ်ကဘယ်တုန်းကနာမည်ကြီးသွားတာလည်း" လုံချန်အံ့အားသင့်နေ၏။

"မင်းမသိသေးဘူးလား အခုဆိုရင် မင်းနာမည်ကို က လေး တောင်သိနေပြီကွ"

လုံချန်ဘာပြောရမှန်းပင်မသိတော့။ဘာတွေဖြစ်ကုန်သနည်း။သူဘာ့ကြောင့်ဒီလောက်နာမည်ကြီး
နေသည်ကိုသူမသိသနည်း။လုံချန်ကြက်သေသေနေမိ၏။

"ကဲ ... ကောင်းပြီလုံချန် ညီအကိုတွေအကုန်လုံးက မင်းနဲ့အတူသွားချင်နေကြတယ် မင်းသွားကိုသွား
ရမယ်"

ရှီဖန်ကားအခြားသူများနှင့်မတူပေ။အစကတည်းကသူနှင့်ညီအကိုအရင်းလိုနေလာသူများဖြစ်လေ
ရာဖက်တီးယုတို့တစ်သိုက်လိုခြေသလုံးဖက်ပြောစရာမလိုအပ်ပေ။

"အဲ့ဒါဆိုလည်သွားမယ်ဗျာ"

လုံချန်မချိပြုံးပြုံးလိုက်သည်။အစက ရက်နည်းနည်းလောက်သိုင်းပိုကျင့်ဖို့သူဆုံးဖြတ်ထားခြင်းဖြစ်၏။
ယခုတော့ကိစ္စကပေါ်ပြန်လေပြီ။သူ့စကားကြားလျှင်ဖက်တီးယုတို့တစ်သိုက်ပျော်ကုန်ကြသည်။
ခဏကြာတော့ဖက်တီးယုတို့နှင့်လမ်းခွဲပြီးအိမ်ကို သူ ခပ်သွက်သွက်ပြန်လာသည်။သူ့တွင်ညစာစား
ချိန်ပင်မရှိတော့။သူအချိန်ဖြုန်းတာတွေများနေပြီ။သိုင်းကျင့်ဖို့သာအာရုံပိုစိုက်ထားရတော့မည်။

ယခုဆိုလျှင် သူ့၏ဖုန်ဖူကြယ်မှာပြည့်စုံသည့်အခြေအနေသို့ရောက်နေပြီဖြစ်ကာ ဒန်တမ်တစ်ခုလည်း
ပြန်တည်ဆောက်ပြီးပြီဖြစ်သောကြောင့် နောက်ထပ်စွမ်းအင်လှိုင်းတစ်ခုကို လုံချန်မြန်မြန်လိုချင်
နေသည်။ယခုလောလောဆယ်တွင်မူ သူ့၏ ဒန်တမ်ထဲတွင် စွမ်းအင်စက်ကွင်း သုံးခုသာရှိသေးသည်။
ထိုစွမ်းအင်းစက်ကွင်းများကို ပိုတိုးပွားလာအောင်သူလုပ်ချင်သော်လည်း သူ့မှတ်ညာဏ်ထဲတွင်ရှိသည့်
ကြယ်ကိုးလုံးသိုင်းပညာမှာမည်သို့မည်ပုံကျင့်ကြံရမည်ဟူ၍မပါပေ။

သို့ရာတွင်မူ ယခင် ဖုန်ဖူကြယ်အား အပြီးသတ်သူသန့်စင်ခဲ့သည့်အချိန်တွင်လည်ပတ်နေသည့်ထို
စွမ်းအင်စက်ကွင်းသုံးခုတစ်ပြိုင်တည်းပေါ်လာခဲ့သည်။မည်သို့မည်ပုံပေါ်လာသည်ဆိုသည်ကတော့
သူလည်းမသိပေ။ယခုဆိုလျှင် သူ့၏ဒန်တမ်အားလှည့်ပတ်သည့်အခါတိုင်းတွင် ထိုစွမ်းအင်စက်၀န်းသုံး
ခုကပါလိုက်ပါလည်ပတ်နေတတ်သည်။ထိုသို့လည်ပတ်ခြင်းမှာ သူတိုက်ခိုက်နေစဉ်အတွင်စွမ်းအင်မ
ပြတ်သွားအောင်ဆက်တိုက်ပံ့ပိုးနေခြင်းသာဖြစ်ပြီးသိုင်းပညာနှင့်တော့လားလားမျှမသက်ဆိုင်ပါချေ။

ဖုန်ဖူကြယ်မှစွမ်းအင်များအား ထိုစွမ်းအင်စက်ကွင်းသုံးခုထံသို့ ဆွဲယူလိုက်လျှင် ထိုလည်ပတ်နေသည့်
စက်ကွင်းများမှာမူလထက်သုံးဆခန့်မျှကြီးလာသလို လုံချန်လည်းမျှော်လင့်ချက်ဖြင့် အသက်ရှုသံတွေ
ပြင်းလာသည်။သို့သော်၄င်းမှာလည်းသိုင်းပညာလေ့ကျင့်သည်နှင့်မတူပြန်ပေ။

လုံချန်အသက်ပြင်းပြင်းရှုရင်းတွေတင်္ဂတွေဝေနေမိ၏။လုံချန် ရုတ်တရက်ပြင်ပမှာချီဓာတ်များအား
ခပ်ဖြေးဖြေးစုပ်ယူမိလိုက်သည်။သို့သော်ယခုအချိန်တွင်တော့ထိုချီဓာတ်များအားခန္ဓာကိုယ်တစ်ခု
လုံးသို့မပို့တော့ပဲ သူ့၏ ဖုန်ဖူကြယ်နေရာတွင်စုစည်းထားလိုက်သည်။ချီဓာတ်များအားလုံချန်စုပ်ယူ
နေချိန်တွင် ဖုန်ဖူကြယ်၏လည်ပတ်နှုန်းမြန်လာသည်။

"ဒါပဲ"

လုံချန်လွှတ်ကနဲပျော်သွားသည်။ဘာဖြစ်သည်ကိုအသေးစိတ်သူမသိသော်လည်း ကြယ်ကိုးလုံးကျင့်စဉ်
၏သိုင်းကျင့်နည်းကိုတော့အရိပ်အမြွက်ခန့်သူသိသွားလေပြီ။ထိုသို့ချီဓာတ်များစုပ်ယူနေခြင်းဖြင့်သူ့၏
ဖုန်ဖူကြယ်မှာအရောင်တွေ တောက်ပသည်ထက် တောက်ပ လာကာ အဆုံးတွင်အလွန်တောက်ပသော
မွန်းတည့်နေရောင်လိုဖြစ်လာ၏။

အုန်း.....

ဖုန်ဖူကြယ်တုန်ခါနေရင်းမှ အရောင်များရုတ်တရက်မှိန်ကျသွားသည်။တစ်ချိန်တည်းမှာလိုပင်သူ့၏ဒန်
တမ်တွင်နောက်ထပ်စွမ်းအင်စက်ကွင်းတစ်ခုထပ်ပေါ်လာတော့သည်။

"ဟားဟား နောက်ဆုံးတော့ ငါဘယ်လိုသိုင်းကျင့်ရမလည်းဆိုတာကိုသိပြီ"

စတုထ္ထမြောက်စွမ်းအင်စက်ကွင်းပေါ်ပေါက်လာမှုနှင့်အတူ သူ့၏ချီလမ်းကြောင်းများအနည်းငယ်ကြီး
ထွားလာသည့်အပြင်သူ့တစ်ကိုယ်လုံးစွမ်းအားများနှင့်ပြည့်နေသည်ကိုပါလုံချန်သတိထားမိလိုက်သည်။

"ကောင်းတယ် ဆက်ကျင့်ရအောင်"

လုံချန် မျက်လုံးခပ်ဖြေးဖြေးမှိတ်လိုက်ပြီး ချီအဆင့်ငါးသို့တက်ရန်ပြင်လိုက်သည်။

Patriarch MK Aung

########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၃၃)မီးအိမ်နီပွဲတော်

အင်ပါရီယာနန်းတော်၏အတွင်းပိုင်း စာဖတ်ခန်းတစ်ခုထဲတွင် စတုထ္ထမြောက်မင်းသားရှိနေ၏။ကတ္တီပါ
သားဖြင့်အလွန်သေသပ်စွာခင်းထားသောထိုင်ခုံအားသက်သာစွာဖြင့်မှီကာမျက်စိအသာပိတ်ရင်းမှုးမတ်
ကြီး၏အစီရင်ခံခြင်းအားနားထောင်နေခြင်းဖြစ်သည်။

"မင်းသား...နယ်ခြားစောင့် စစ်သူကြီးထံကဘာတုန့်ပြန်မှုမှမလာဘူး တပ်ဖွဲ့ကတော့နယ်စပ်မှာအစောင့်
ချထားတုန်းပဲ မင်းသားပို့လိုက်တဲ့စာအတွက်လည်းဘာမှမတုံန့်ပြန်လာဘူး"

မှုးမတ်ကြီးရိုသေစွာလျှောက်တင်နေ၏။အချိန်အတော်ကြာတော့မှ စတုထ္ထမင်းသား မှိတ်ထားသောမျက်
စိကိုဖွင့်လိုက်သည်။သူ့မျက်စိထဲတွင်အေးစက်စက်အရိပ်အငွေ့များဖြတ်ပြေးသွားသည်ကိုမှုးမတ်ကြီးသတိ
ထားမိသည်။

"ဒီလူကခေါင်းမာလွန်းတယ် ကျုပ်သူ့ကိုဒီလောက်အချိန်တွေအများကြီးပေးပြီးပြီ ဒါပေမယ့်ဒီလူက
တော့ကျုပ်ကိုမျက်စိထဲတောင်ထည့်ပုံမရဘူး"

"ဒီလုံရှင်းရှောင်ဆိုတဲ့လူကမျက်နှာသာမပေးသင့်တဲ့သူပဲ ဒီလောက်နှစ်တွေကြာနေတာတောင်မင်းသား
ရဲ့လက်အောက်ကိုမ၀င်ချင်သေးဘူး ဒါ တော်တော်မုန်းစရာကောင်းတာပဲ ဒီလူကသေကိုသေသင့်တာ"

ဟူမှုးမတ်ကြီးမုန်းတီးစွာဖြင့်ပြောနေသည်။စတုထ္ထမင်းသား ဟူ အမတ်ကြီးကိုကြည့်ရင်းပြောလိုက်၏။

"ခင်းဗျားနဲ့ လုံရှင်းရှောင်တို့ကြားကပဋိပက္ခကိုကျုပ်သိတယ် သူ့ လက်သီးချက်ကြောင့်သာမဟုတ်ရင်
ခင်ဗျားသိုင်းပညာဟာတန့်သွားမှာမဟုတ်ဘူး ဒါပေမယ့် လုံရှင်းရှောင်ဟာသိုင်းပညာမှာတင်ထူးချွန်
တာမဟုတ်ဘူး ဒီလိုမှမဟုတ်ရင် ဒီလောက်အရေးကြီးတဲ့နေရာမှာသူ့ကိုကျုပ်ထားနေမှာမဟုတ်ဘူး"

"ခက်တာကဒီလူဟာခေါင်းမာလွန်းပြီးကျုပ်အမိန့်ကိုငြင်းဆန်နေတာပဲ ကျုပ်လူမဖြစ်မှတော့ သတ်ပစ်
လိုက်တာပဲကောင်းပါတယ်လေ"

စတုထ္ထမင်းသားစကားကိုကြားသည်တွင်ဟူအမတ်ကြီး၀မ်းသာလုံးဆို့ကာခပ်သွက်သွက်မေးလိုက်သည်။

"မင်းသားမှာ အကြံကောင်းလေးဘာလေးများရှိလို့လား"

"အခုအချိန်ကသူနဲ့ထိပ်တိုက်တွေ့ရမယ့်အချိန်မဟုတ်သေးဘူး ဒါပေမယ့် သူဟာကျုပ်ရဲ့နှစ်ပေါင်းများ
စွာအားထုတ်ခဲ့ရတာတွေကိုအချည်းအနှီးဖြစ်စေခဲ့တဲ့အတွက် သူ့သားကိုသတ်ပြီး အကြွေးနည်းနည်းပြန်
ယူကြတာပေါ့"

စတုထ္ထမင်းသားတည်တည်ငြိမ်ငြိမ်နှင့်ပြောလိုက်သည်။

"လုံချန်ကိုလား ကျုပ်ကသူ့ကိုဘယ်လိုသတ်ရမှာလည်း" ဟူအမတ်ကြီးနားမလည်။

လောလောဆယ်တွင်လုံချန်မှာဆေးဆရာအဖွဲ့၀င်တစ်ယောက်ဖြစ်နေသလို ကောလဟာဠများကလည်း
ဆရာကြီးယွမ်ချီနှင့်အလွန်နီးကပ်သည့်ဆက်ဆံရေးရှိနေကြောင်းပြောကြသည်။ဆေးဆရာအသင်းအား
အင်ပါရီယာတော်၀င်မိသားစုပင်မထိရဲမတို့ရဲချေ။

"ဒီကိစ္စအတွက်ကျုပ်စီစဉ်ထားပြီးသားပါ ခင်ဗျားမပူပါနဲ့ အခုတော့ခင်ဗျားအားမွေးထားဦး ကျုပ်တို့ကိစ္စ
ကြီးကိုစတာနဲ့ ခင်ဗျားမှတ်ထားဖို့ကခြေစလက်စကိုအလွန်ဂရုစိုက်ပါ"

စတုထ္ထမြောက်မင်းသား၏အသံက အမွှေးနံ့သာများဖြင့် ကြိုင်လှိုင်နေသောအခန်းထဲသို့ ပဲ့တင်သံထပ်
ကာပျံ့နှံ့နေသည်။

"ကောင်းပါပြီ မင်းသား စိတ်ချပါ ကျုပ် ပိပိရိရိလုပ်တတ်ပါတယ်" ဟူအမတ်ကြီးခပ်သွက်သွက်အာမ
ခံလိုက်သည်။ယခုလောလောဆယ်တွင်သူ့သိုင်းပညာမှာချီသွေးနှောအဆင့်သာရှိသည်ဖြစ်ရာသိုင်းပညာ
အားဖြင့်သိပ်အမြင့်ကြီးမဟုတ်ဟူပြော၍ရသည်။သို့သော်လည်း သူ့အား အရေးကြီးသည့်နေရာတွင်
စတုထ္ထမင်းသားနေရာပေးထားခြင်းမှာ ဟူအမတ်ကြီးသည်သစ္စာရှိသလို အလွန်လည်းသတိထားတတ်
သူတစ်ယောက်ဖြစ်သောကြောင့်ပင်။နှစ်ပေါင်းများစွာ သူ့လက်အောက်တွင် အမှုတော်ထမ်းခဲ့စဉ်အတွင်း
အမှားတစ်ခုဟူ၍ပင်မရှိသေးပေ။

ဟူအမတ်ကြီးပြန်သွားပြီးနောက် စတုထ္ထမင်းသား သူ့ရှေ့တွင်ရှိသောစာရေးစားပွဲအား ငေးစိုက်ကြည့်
နေရင်းသက်ပြင်းကြီးကိုလေးလေးပင်ပင်ချမိလိုက်၏။

"လုံရှင်းရှောင် လုံရှင်းရှောင် ခင်ဗျားဘာ့ကြောင့်ဒီလောက်ပြသနာရှာရတာလည်း နှစ်ပေါင်းများစွာ
ဒီလောက်ကျုပ်သိမ်းသွင်းခဲ့တာတောင်ခင်ဗျားကမတုန်မလှုပ်ပဲကိုး ကျုပ်ကိုရက်စက်တယ်လို့အပစ်
မတင်နဲ့"

....

၀ုန်း....

ခန္ဓာကိုယ်အတွင်းမှသိမ့်ကနဲလှုပ်ရှားသွားမှုနှင့်အတူလုံချန်သူ့မျက်လုံးတွေကိုခပ်ဖြေးဖြေးဖွင့်လိုက်သည်။
သူ့မျက်လုံးများမှာကြယ်ရောင်ကဲ့သို့တောက်ပကာဓားတစ်စင်းလိုစူးရှလွန်းနေသည်။စွမ်းအင်စက်၀န်း 7
ခုကသူ့ဒန်တမ်ထဲတွင်ခပ်ဖြေးဖြေးလည်ပတ်လျှက်ရှိ၏။လုံချန့်မျက်နှာပေါ်တွင် ကျေနပ်အားရသောအပြုံး
တစ်ခုပေါ်လာသည်။လုံချန့်အနေနှင့်အချိန်တစ်ပတ်ခန့်အသုံးပြုပြီးသိုင့်ကျင့်ရာတွင်အဆင့်လေးဆင့်ထိ
တိုင်ခုန်တက်သွားပြီဖြစ်သည်။ထိုမျှလောက်မြန်သည့်တိုးတက်နှုန်းအားအခြားသူများသာကြားလျှင်အံ့
သြမှုကြောင့်သေပင်သေသွားနိုင်သော်လည်းလုံချန်ကတော့သိပ်မကျေနပ်ချင်။

အစပိုင်းတွင် သူ့တွင်စွမ်းအင်စက်၀န်းများပိုများလာလျှင်သူ့သိုင်းပညာတိုးတက်နှုန်းလည်းပိုမြန်လာ
မည်ဟုလုံချန်ထင်ခဲ့မိသည်။သို့သော်နောက်ပိုင်းမှသူ့ထင်မြင်ချက်ကတက်တက်စင်အောင်လွဲနေမှန်း
လုံချန်သိလာရ၏။နောက်ပိုင်းတွင် စွမ်းအင်စက်၀န်းတစ်ခုဖြစ်လာရန် ပိုမိုခက်ခဲလာသည်။ထိုသို့စွမ်း
အင်စက်၀န်းတစ်ခုဖြစ်လာရန်မှာ ချီစွမ်းအင်အမြောက်အများလည်းလိုအပ်သေးသည်။လေးခုမြောက်စွမ်း
အင်စက်၀န်းဖြစ်ပေါ်လာရန် ခြောက်နာရီခန့်သာ သူကျင့်ခဲ့ရသော်လည်း ခွန်နှစ်ခုမြောက်စွမ်းအင်းစက်
၀န်းဖြစ်လာရန်မှာမူ သုံးရက်တင်းတင်းပင်ကြာလေသည်။

ထိုသုံးရက်ဆိုသောကာလမှာယခင်စွမ်းအင်စက်၀န်းများဖြစ်ပေါ်ခဲ့သည့်စုစုပေါင်းအချိန်နှင့်ပင်သွားညီ
နေသည်။သို့သော်လုံချန်ကျေနပ်နေသည့်အချက်ကသူ့၏ချီဓာတ်စီးဆင်းရာလမ်းကြောင်းများမှာပိုသန်
စွမ်းလာခဲ့သလို သိုင်းပညာအားဖြင့်လည်း ချီအဆင့် ခွန်နှစ် သို့ရောက်သွားပြီဖြစ်သောကြောင့်ဖြစ်၏။
သို့သော်လည်းမိုးကောင်းကင်အားအံတုခြင်းဆိုသည့်သားရေပိုင်းလေးအပေါ်မှသိုင်းပညာကိုမူ လုံချန်
အသုံးမပြုနိုင်သေးချေ။

သို့ရာတွင်သူကားစိတ်မပျက်သည့်အပြင်ပိုလို့ပင်စိတ်လှုပ်ရှားနေမိသည်။ဆိုလိုသည်မှာမိုးကောင်းကင်
အားအံတုခြင်းဆိုသည့်သိုင်းပညာမှာနှယ်နှယ်ရရဟုတ်ဟန်မတူပေ။တန်ဖိုးသိပ်မရှိသည့်ဆေးလေးကို
ချီသွေးနှောသိုင်းသမားထံလာဘ်ထိုးကာ ထိုသားရေပိုင်းလေးကိုရလာခြင်းဖြစ်သည့်အတွက် လုံး၀တန်
သည်ဟုဆိုရမည်။

အစပိုင်းတွင် ထိုသွေးနှောသိုင်းသမားအား ချီဆေးများ ဖြင့်လာဘ်ထိုးကာ အခြားသိုင်းကျမ်းများယူ
လာရန်လုံချန်စီစဉ်ထားသေးသည်။သို့သော်ယခုအခါတွင်မူ ချူယောင် သူ့ကိုသင်ပေးသောလေခွင်း
လက်သီးနှင့်တိမ်မီးလက်ဝါးသိုင်းများလုံချန် တတ်မြောက်နေချေပြီ။၄င်းသိုင်းပညာနှစ်ရပ်မှာသိုင်းကျမ်း
ဆောင်၏တတိယထပ်တွင်သာရှိသည့်အဆင့်မြင့်သိုင်းပညာရပ်များဖြစ်ကြ၏။

သိုင်းသမားတစ်ယောက်အတွက် သိုင်းပညာရပ်တစ်ခုခုကိုပိုတတ်ထားလေကောင်းလေပင်ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင်သိုင်းပညာရှင်တစ်ယောက်သည် ထိုသို့အဆင့်မြင့်သိုင်းပညာများအားမလွှဲ
မရှောင်သာမှသာအသုံးပြုကြလေ့ရှိသည်။အကြောင်းမှာထိုသိုင်းပညာများသည်ချီဓာတ်အလွန်ကုန်
ဆုံးခြင်းကြောင့်ဖြစ်၏။

ချီအဆင့်သာရှိသည့်သိုင်းသမားတစ်ယောက်အတွက်ဆိုလျှင်မူ ရိုးရိုးအဆင့်သိုင်းပညာလောက်ကို
သာအသုံးပြုနိုင်ကြလေသည်။ထိုသို့တစ်ကြိမ်အသုံးပြုပြီးလျှင်ချီစွမ်းအင်မလုံမလောက်ဖြစ်တတ်လေ
ရာတစ်ကြိမ်နှင့်မိမိ၏ပြိုင်ဘက်အားအလဲမထိုးနိုင်ခဲ့သော်မိမိတိုက်ကွက်မှာအချည်းနှီးဖြစ်ကြရတော့
သည်။သိုင်းသမားတစ်ယောက်အဖို့သိုင်းပညာမြင့်မားလေ ချီစွမ်းအင်ပိုကုန်ဆုံးလေပင်။ပုံမှန်အားဖြင့်
ဆိုလျှင်အဆင့်မြင့်သိုင်းပညာများမှာ သွေးနှောအဆင့်သိုင်းသမားများအတွက်သာလျှင်ဖြစ်သည်။

၄င်းအဆင့်သို့ရောက်နေသူများသာလျှင် ချီဓာတ်ပက်ပက်စက်စက်ကုန်ဆုံးသွားခြင်းအားကာကွယ်နိုင်
ကြခြင်းကြောင့်ဖြစ်၏။သို့သော်လုံချန်ကားထိုသို့မဟုတ်ချေ။သူ့၏ချီဓာတ်များမှာဖုန်ဖူကြယ်အတွင်းသို
လှောင်ထားသည်ဖြစ်ရာ သိုင်းပညာ 7 မျိုးခန့်အားအသုံးပြုနိုင် ကြောင်းလုံချန် စမ်းသပ်တွေ့ရှိထားပြီး
ဖြစ်သည်။

တစ်ခုရှိသည်မှာ သူ့၏ဖုန်ဖူကြယ်တွင်ရှိသောစွမ်းအင်များအား လည်ပတ်နေသည့်စွမ်းအင်စက်ကွင်း
7ခုထံသို့ပို့သည့်အခါတွင်မူအဆင့်မြင်သိုင်းပညာအားတစ်ကြိမ်သာအသုံးပြုနိုင်မည်ဖြစ်သည်။နောက်
ထပ်တစ်ကြိမ်ထပ်သုံးလျှင်သူသေသွားနိုင်၏။ယခုလောလောဆယ်တွင် ဒုတိဖုန်ဖူကြယ်တစ်ပွင့်
ဖြစ်လာရန်လုံချန်မလုပ်နိုင်သေးပေ။ကြယ်ကိုးလုံးသိုင်းပညာတွင် ဒုတိယဖုန်ဖူကြယ်ဖြစ်လာရန်အတွက်
ပထမဖုန်ဖူကြယ်မှာအပြည့်စုံဆုံးအခြေအနေတစ်ခုသို့ရောက်နေရန်လိုအပ်သည်။

သို့သော်ထိုသို့အပြည့်စုံဆုံးဖုန်ဖူကြယ်တစ်ခုဖြစ်လာရန်မူကားမည်သို့လုပ်ရမည်ကိုမူလုံချန်လည်းမသိ
ချေ။ထို့အပြင် သူ့မှတ်ညာဏ်ထဲတွင်ရှိနေသော ကြယ်ကိုးလုံးသိုင်းပညာဆိုသည်မှာဘာကိုဆိုလိုမှန်း
လည်းလုံချန်မသိပေ။သူ့အတွက်တော့ ကြယ်ကိုးလုံးသိုင်းပညာအားလေ့ကျင့်လေ ပဟေဠိတွေဖြစ်
လာလေလေပင်။ထို့ကြောင့်စွမ်းအင်စက်၀န်းများပိုတိုးပွားလာအောင်သာ လုံချန် အာရုံစိုက်ကျင့်နေခြင်း
ဖြစ်၏။

"သခင်လေး ကျွန်မ၀င်လာလို့ရမလား" အခန်းအပြင်မှဘိုအာ၏အသံထွက်လာသည်။

"၀င်ခဲ့"

၀တ်စုံတစ်စုံကိုကိုင်ကာဘိုအာအခန်းထဲ၀င်လာသည်။သူမရယ်ရင်း....

"သခင်လေး ဒီနေ့က ဖီးနစ်အင်ပါယာရဲ့ မီးအိမ်နီပွဲတော်နေ့လေ လုံသခင်မကြီးက သခင်လေးကိုလက်
ဆောင်ပေးလိုက်တာ"

ဘိုအာကိုကြည့်ရသည်မှာ အ၀တ်အစားများကိုသပ်သပ်ရပ်ရပ်၀တ်ထားပြီး၊ခေါင်းကိုဆီလိမ်းကာဆံပင်
ကိုလည်းသပ်သပ်ရပ်ရပ်ဖြီးသင်ထားပုံရသည်။လုံချန်တစ်ဟားဟားရယ်လိုက်၏။

"ဒါကအရေးကြီးလို့လားကွာ"

"ဟီးဟီး....သခင်လေးဟာ အသက် 16 နှစ်ပြည့်ပြီဆိုတော့ လက်ထပ်သင့်တဲ့အရွယ်ရောက်နေပြီလို့
လုံသခင်မကြီးကပြောတယ်လေ အဲ့တာ သခင်လေးကိုအ၀တ်အစားကောင်းကောင်းဆင်ယင်ပေး
လိုက်ပါတဲ့ ကောင်မချောချောလေးတွေသခင်လေးကိုမြင်ရင် ဟီး...သခင်လေးသဘောပေါက်တယ်မလား"

ဘိုအာတစ်ခစ်ခစ်ရယ်ရင်းပြောနေသည်။

"မလိုပါဘူး....မေမေကဒီလောက်အလျှင်လိုနေရလား"

လုံချန်ဘာပြောရမှန်းမသိပေ။ဖက်တီးယုနှင့်အခြားသူများမှာ 17 နှစ်ပြည့်ပြီဖြစ်တာတောင်လက်မထပ်
ကြသေး။

"ဒါပေါ့ အလျှင်လိုတာပေါ့သားရယ် မေမေ  မြေးချီချင်နေပြီ" ထိုအချိန်မှာပင် လုံအမျိုးသမီးရောက်လာ
သည်။

"မန်ချီနဲ့ကိစ္စကရေရှည်လုပ်ရမယ့်ကိစ္စပဲ ဒါပေမယ့်သားအတွက် ငယ်ရွယ်ချောမောတဲ့မိန်းကလေးတစ်
ယောက်ကိုလက်ထပ်ပြီး က လေးတွေမွေးပေးဖို့လည်းလိုသေးတယ် တစ်ဖက်ကနေလည်း မန်ချီ့ကို
ဖြောင်းဖျပေါ့"

"ခင်ဗျာ" လုံချန် သူ့နားကိုပင်သူမယုံနိုင်။

"ဘာဖြစ်တာလည်း ယောက်ကျာင်္းတစ်ယောက်က ဇနီးတွေအများကြီးယူတာ ဘာထူးဆန်းနေ
လို့လည်း မန်ချီကိုအရင်ဆုံးဇနီးတစ်ယောက်အဖြစ်လက်မထပ်ရလို့လား သားရဲ့"  လုံအမျိုးသမီး
သူမထင်ရာကိုပြောချလိုက်၏။

"မေမေ တစ်ကယ်ပြောနေတာလား"

"တစ်ကယ်ပေါ့သားရဲ့ ဒါပေမယ့် မန်ချီ့ကိုဒီကိစ္စစစချင်းတော့မပြောနဲ့ဦးပေါ့ နောက်တော့လည်းကောင်မ
လေး သဘောတူသွားမှာပါ"

လုံချန်မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။

"မေမေ...ဖေဖေကျွန်တော်တို့စီပြန်မလာတာနှစ်ပေါင်းများစွာကြာနေပြီဆိုတော့ အပြင်မှာများနောက်
ထပ်မိန်းမတွေများယူထားလားမသိဘူး"

"ကောင်လေး...ပေါက်ကရတွေပြောမနေနဲ့ ဒါပေမယ့် မင်းဖေဖေဒီလိုယူထားလည်းဘာဖြစ်လည်း"

လုံအမျိုးသမီးပြန်ပြောလိုက်သည်။

"ဟားဟား ကျွန်တော်ကနောက်တာပါ မပူပါနဲ့ သင့်တော်တဲ့ကောင်မလေး တွေ့တာနဲ့ မေမေ့အတွက်
သုံးလေးယောက်လောက်ခေါ်လာခဲ့မယ်" သူ့အမေ မျက်နှာပျက်သွားတာကိုမြင်တော့ လုံချန်ဟာသ
လုပ်လိုက်၏။

"ကျွတ်...ဘယ့်နှယ် သုံးလေးယောက်လောက်ခေါ်လာမှာလည်း ဒီမှာမေမေပြောမယ် ရီစရာတွေလုပ်
မနေနဲ့ မေမေ့စကားကိုကောင်းကောင်းမှတ်ထား နားလည်လား" လုံအမျိုးသမီးအလေးအနက်ပြော
နေပါသည်။

"ကောင်းပါပြီ ကောင်းပါပြီ ကောင်းပါပြီခင်ဗျာ မေမေ့စကားအတိုင်းလုပ်ပါ့မယ်"

လုံချန်ကတိပေးလိုက်ပေမယ့်စိတ်ထဲမှာတော့ထိုသို့လုပ်တာဟာနည်းမှန်ကန်မှန်မဟုတ်ဘူးလို့တွေး
နေမိသည်။သို့သော်သူ့အမေကိုတော့တိုက်ရိုက်မပြောရဲပါပေ။ရေမိုးချိုး၊သန့်စင်ပြီးချိန်တွင်အပြာရောင်
၀တ်စုံတစ်စုံကိုလုံချန်လည်းလိုက်သည်။လုံချန့်ပုံစံမှာအပြာရောင်၀တ်ရုံဖြင့်အခြားလူတစ်ယောက်လို
ဖြစ်သွားသည်။

ဓားတစ်စင်းလိုဖြောင့်တန်းသည့်မျက်ခုံး၊တောက်ပသည့်မျက်၀န်းများဖြင့် လုံချန်သည်အလွန်အမင်း
မချောမောစေကာမူ ခံ့ညားသည်ဆိုသည့်ဘက်သို့ရောက်သည့်ရုပ်ရည်မျိုးဖြစ်သည်။ဘိုအာပင်လျှင်
မျက်ခုံးများမြင့်တက်သွားပြီးလုံချန့်ကိုချီးကျူးမိလိုက်၏။

"ဟီးဟီး လုံသခင်မကြီး စိတ်ချပါ ကျွန်မတို့သခင်လေးပုံစံနဲ့ဆိုရင် ဘယ်ကောင်မလေးကတောင့်မခံ
နိုင်ပဲနေမလည်း"

"မင်းသူ့ကိုသိပ်လည်းမြှောက်နေမနဲ့ဦး"

ထိုသို့လုံအမျိုးသမီးပြောလိုက်သော်လည်းသူမမျက်၀န်းတွင်ကျေနပ်မှုများအပြည့်ဖြစ်နေသည်။သန့်ခန့်
နေသောသူမသားကိုကြည့်ရင်း လုံအမျိုးသမီးသိပ်ကိုကျေနပ်နေ၏။

"ကဲကဲ နောက်ကျတော့မယ် မြန်မြန်သွားတော"

လုံအမျိုးသမီး သူ့သားကိုတံခါးအပြင်သို့အတင်းတွန်းထုတ်နေသည်။

"မေမေ ရယ် နေလည်းကြည့်ပါဦး ပူခြစ်တောက်နေတာပဲ မိုးချုပ်ဖို့အဝေးကြီးလိုသေးတယ်"

လုံချန်နေကိုထိုးပြကာ စိတ်ညစ်ဟန်ဖြင့်ပြန်ပြောလိုက်မိသည်။

"ကောင်လေးကတော့ မိုးရွာရင်ရွာမှာပေါ့ မြန်မြန်သာသွားစမ်းပါ"

ထိုသို့ဖြင့် လုံအမျိုးသမီး တံခါးကိုဝုန်းကနဲစောင့်ပိတ်လိုက်ခြင်းဖြင့် လုံချန်လည်းအပြင်သို့ထွက်လာ
ရတော့သည်။လုံချန်ပတ်၀န်းကျင်ကိုတစ်ချက်မျက်စိကစားကြည့်လိုက်သည်။လူအများအပြား၄င်းတို့
အိမ်ရှေ့တွင်မီးအိမ်လေးများကိုကိုင်ကာရပ်နေကြသည်ကိုသူတွေ့လိုက်၏။လုံချန်ကိုမြင်တော့လူငယ်
တစ်ယောက်ကလှမ်းနောက်သည်။

"အကိုစောလှချည်လားဗျ"

"မင်းဘာသိလို့လည်း စောစောထတဲ့ငှက်ကအစာ၀တယ်ကွ" လုံချန်ပြန်ပြောလိုက်၏။

"ဟဲ...မှန်တယ်ဗျာ ကျုပ်ကိုသတိပေးတာကျေးဇူး အ၀တ်အစားပြေးလည်းဦးမှ" ထိုလူငယ်လေးမှာအိမ်
ထဲသို့မှုန်နေအောင်ပြေး၀င်သွားသည်။

"ဘယ်လိုကောင်လေးလည်းမသိဘူး 13 နှစ်လောက်နဲ့ ဖွန်ကြောင်ချင်နေပြီ"

လုံချန်စိတ်ညစ်စွာနဲ့ ကနေ့ခေတ်ကာလသားသမီးများအရွယ်ရောက်တာစောလှချည်ရဲ့ လို့တွေးနေမိ
သည်။လုံချန်မှာပွဲတော်ပင်မစတင်သေးမီအတော်စောစောကတည်းကအပြင်ရောက်နေသည်ဖြစ်ရာ
တွေ့သမျှလူများ၏စနောက်မှုကိုခံနေရတော့သည်။လုံချန်ရှက်နေသော်လည်းသိုင်းကျင့်ဖို့အချိန်ကမရှိ
တော့။

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ လုံချန်တစ်ယောက် ငိုင်နေချိန်မှာပဲ အလွန်ပြင်းထန်သည့်တိုက်ခိုက်
မှုတစ်ခုကသူ့နောက်ကျောမှရုတ်တရက်၀င်လာတော့သည်။အလွန်ပြင်းသည့်လေလှိုင်းကြီးတစ်ခု
လုံချန့်ကျောသို့ရိုက်ခတ်လာ၏။လုံချန်ဆတ်ကနဲလှည့်ရင်းချောင်းမြောင်းတိုက်ခိုက်သူ၏လက်သီးချက်
ကိုကာကွယ်လိုက်ရသည်။

ထိုလူ၏လက်သီးချက်ကို သူ ကာလိုက်သည့်အချိန်တွင် ဝုန်းကနဲအသံကြီးဖြင့်စွမ်းအင်များပေါက်
ကွဲထွက်ကာနောက်သို့ခြေလှမ်းအတော်များများ လုံချန် ဆုတ်လိုက်ရသည်။သူ့ခေါင်းကိုမော့ကြည့်
လိုက်တော့မှ သူ့အားချောင်းမြောင်းတိုက်ခိုက်သူမှာမျက်နှာဖုံးစွပ်နှင့်လူတစ်ယောက်ဖြစ်မှန်းသိရသည်။
ထိုလူ၏ အတွင်းအားမှာအလွန်ပြင်းထန်ပြီး လက်သီးတစ်ချက်ထိုးလိုက်တိုင်း လေတွေဝှီးကနဲ ဝှီးကနဲ
မြည်အောင်ပင်တိုက်ခတ်သွားလေ့ရှိသည်။

နောက်ထပ်၀င်လာသည့်ထိုလူ၏လက်သီးချက်များအား လုံချန်အသာအယာရှောင်ရင်း မျက်နှာဖုံးစွပ်
၏ခြေထောက်ခွကြားကို ကန်လိုက်၏။သို့သော်ထိုလူမှာတိုက်ပွဲအတွေ့အကြုံအတော်လေးပြည့်၀ဟန်
ရှိသည်။ထိုမျက်နှာဖုံးစွပ်မှာ လုံချန်အားတိုက်ခိုက်နေရင်းမှ ကိုယ်ကိုရို့ကာနောက်သို့ဆုတ်ပြီး လုံချန်
၏ခြေကန်ချက်ကိုကာထားလိုက်သည်။

"သေစမ်း"

လုံချန်၏ခြေကန်ချက်အားကာထားအပြီးတွင်မျက်နှာဖုံးစွပ်၏ခန္ဓာကိုယ်မှအနီရောင်ဖျော့ဖျော့ချီဓာတ်
များထွက်လာသည်။ထို့နောက်သူ့လက်သီးတွင်ချီစွမ်းအင်အများအပြားစုစည်းလာစေကာ အလွန်ပြင်း
ထန်သောစွမ်းအင်များဖြင့်လုံချန်ပြန်ဆုတ်သွားသည့်လမ်းကြောင်းကိုပိတ်ကာထိုးချလိုက်၏။

လုံချန်မျက်၀န်းထဲတွင်အေးစက်စက်အရိပ်တစ်ချို့ဖြတ်ပြေးသွားကြသည်။လုံချန်သူ့တွင်ရှိသောချီစွမ်းအင်
များအားအကုန်လုံးအသုံးပြုတော့မည့်အခိုက်တွင်တစ်စုံတစ်ခုကိုစဉ်းစားမိသွားသည်။

"နွားရိုင်းဝိညာဉ်"

လုံချန် တစ်ချက်အော်လိုက်ပြီး သူ့ထံ၀င်လာသောမျက်နှာဖုံးစွပ်၏လက်သီးကိုပြန်ထိုးလိုက်၏။ဝုန်းကနဲ
အသံနှင့်အတူလုံချန်နောက်သို့လွင့်သွားပြီးရင်ဘတ်ကသွေးများစီးကျလာသည်။လုံချန်နောက်သို့လွင့်
သွားသည်နှင့်မျက်နှာဖုံးစွပ်လည်းနောက်တစ်ခါထပ်တိုက်ခိုက်ရန်ရှေ့သို့တိုးလာချိန်တွင်လူအများအပြား
သူတို့နှစ်ယောက်ကိုအာရုံစိုက်နေသည်ကိုသတိထားမိသွား၏။

"ဟမ့် ကောင်လေး မင်းကိုနောက်တစ်ခါမှပဲ ငါသတ်တော့မယ်"

ထိုမျက်နှာဖုံးစွပ်မှာလုံချန်၏ြဖြူဖျော့ဖျော့ဖြစ်သွားသောမျက်နှာအားကြည့်ရင်းအေးစက်စက်လေသံဖြင့်
ပြောအပြီးတွင်အလွန်လျှင်မြန်သောနှုန်းဖြင့်ရိပ်ကနဲပြေးထွက်သွားတော့သည်။ထိုလူထွက်သွားအပြီး
တွင်ဖြူဖျော့နေသောလုံချန်၏မျက်နှာမှာချက်ချင်းလိုပင်အကောင်းပကတိသို့ပြန်ဖြစ်သွားကာ လှောင်
ပြုံးတစ်ခုက သူ့မျက်နှာတွင်ပေါ်လာသည်။

"ငါသိုင်းပညာကိုလာစမ်းတာပေါ့"

ဖုန်များပေသွားသော၀တ်ရုံကိုခါရင်းထိုမျက်နှာဖုံးစွပ်ပြေးထွက်သွားသည့်ဘက်ကို ကြည့်ကာ လုံချန်သက်
ပြင်းချလိုက်သည်။

ကြည့်ရသည်မှာယနေ့ညကားသူ့အတွက်ပျင်းစရာကောင်းချင်မှကောင်းပေတော့မည်။

Patriarch MK Aung

###########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၃၄)ပွဲတော်စတင်ခြင်း

သူ့အားချောင်းမြောင်းတိုက်ခိုက်သူလူသတ်သမား၏လုပ်ရပ်ကိုလုံချန်ကောင်းကောင်းသဘောပေါက်
သည်။လူသတ်သမားသည်သူ့အားအသေလုပ်ကြံသတ်ဖြတ်ရန်ဖြစ်သည်ဟုထင်စရာရှိသော်လည်းတစ်
ကယ်တမ်းတွင် ၄င်းသည်ဟန်ဆောင်ခြင်းသက်သက်သာဖြစ်သည်။လုပ်ကြံသတ်ဖြတ်သူတစ်ယောက်
အနေဖြင့်မည်သို့မျှပေါ်တင်လုပ်စရာအကြောင်းမရှိသလို ထိုသို့မျိုးအမှားအားလည်းကျူးလွန်ကြလိမ့်
မည်မဟုတ်ပါ။

သူ့အားတိုက်ခိုက်ခဲ့သူသည်သူ့အားအမှန်တစ်ကယ်သတ်ဖြတ်ရန်ရည်ရွယ်ချက်မရှိသလို၄င်း၏တိုက်
ခိုက်မှုများကအစွမ်းထက်ကာပြင်းထန်သော်လည်း ၄င်း၏အစွမ်းအားအကုန်ထုတ်သုံးခြင်းမဟုတ်
ကြောင်းလုံချန်သိသည်။ပြောရလျှင်ထိုသူမှာ လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်၏ပုံစံမျိုးပင်မဟုတ်
ချေ။ထို့ကြောင့် ထိုလူ၏နောက်ဆုံးတိုက်ကွက်အား လုံချန်တမင်သက်သက်ခံပေးလိုက်ခြင်းပင်ဖြစ်ပြီးသူ့
တွင်ရှိသောတစ်ကယ့် ချီစွမ်းအားအစစ်အမှန်အား ဖုံးကွယ်ကာ ဒဏ်ရာရချင်ဟန်ဆောင်လိုက်ခြင်းသာ
လျှင်ဖြစ်လေသည်။

သူမျှော်လင့်ထားသည့်အတိုင်းပင် သူ အခြေအနေမကောင်းသည်ကိုမြင်သည်နှင့်လူသတ်သမားချက်ချင်း
ထွက်သွားတော့၏။ထိုလူသတ်သမားအနားသို့ဝိုင်းလာသူများမှာလည်း လူသတ်သမားအနေဖြင့်ခြင်တစ်
ကောင်ရိုက်သတ်သလိုရိုက်သတ်လိုက်နိုင်သည့်လူများသာဖြစ်သည်။သို့ရာတွင်လူသတ်သမားအဖို့ကြောက်
ကြောက်ရွံ့ရွံ့ဟန်ဖြင့်ချက်ချင်းထွက်ပြေးသွားသည်။ထိုသို့မျိုး သရုပ်ဆောင်မှုလောက်ကတော့လုံချန်ရီ
ပင်ရီချင်သည်။

ထိုလူမှာ အဆင့်မြင့်မြင့်လူတစ်ယောက်ဖြစ်နိုင်ကာကိုယ့်ကိုကိုယ်၀င့်ဝါပြီး ယုံကြည်မှုလွန်ကဲနေသည့်
လူတစ်ယောက်ဖြစ်နိုင်ကြောင်းလုံချန်သိနေသည်။သူ့ကိုမည်သည့်အတွက်ကြောင့်သိုင်းပညာလာစမ်း
သည်ကိုလုံချန်မသိသော်လည်းထိုလူအားလွှတ်လိုက်သည့်တစ်ဖက်အဖွဲ့အစည်းတွင်ရည်ရွက်ချက်
ခပ်ကြီးကြီးတစ်ခုတော့ရှိနေနိုင်သည်ကိုလုံချန်နားလည်၏။သို့မဟုတ်လျှင် ယခုလိုပညာစမ်းသည့်ရည်
ရွယ်ချက်မှာအသုံးမ၀င်ပင်ဖြစ်သွားပေမည်။

"အကိုလုံ ဟားဟား စောလိုက်တာ" လုံချန်ခေါင်းတစ်ငုံ့ငုံနှင့်လျှောက်လာသည်ကိုမြင်လျှင်ရှုဟူလှမ်းအော်
ကာနှုတ်ဆက်လိုက်သည်။

လုံချန်အတွေးပေါင်းစုံနှင့်လျှောက်လာနေရာမှသူသတိထားမိချိန်တွင် မြို့တော်ရင်ပြင်ကိုပင်သူရောက်
နေချေပြီ။ထိုရင်ပြင်ကြီးမှာမိုင်ပေါင်းများစွာကျယ်ပြီးမီးပုံးပေါင်းများစွာကို မြင့်မားလှသောတိုင်ကြီးများ
တွင်ချိတ်ထားသည်။သို့သော်နေမ၀င်သေးသောကြောင့်မီးပုံများအားမီးမထွန်းကြသေးပေ။
ရင်ပြင်တစ်လျှောက်လူအုပ်ကြီးများဖြင့်ပြည့်နှက်ကာဆူညံနေပြီးလမ်းဘေးဆိုင်လေးများပင်အလျိုလျို
ဆောက်ပြီးနေကြပြီဖြစ်သည်။

မီးပုံးများမှာ မီးမထွန်းထားရသေးသော်လည်းအစီအရီဖြင့်အလွန်လှပနေသည်။လုလင်ငယ်များ လုံမငယ်
များမှာရင်ပြင်တစ်လျှောက်သွားလာနေကြပြီးလျှင် ဆည်းလည်းသံနှင့်တူသော ပြောဆိုရယ်မောသံ
လေးများကလည်းလေနှင့်အတူလွင့်ပါလာတတ်လေသည်။

သို့သော်အချို့ရယ်သံများကတော့နားထောင်လို့မကောင်းပေ။ထိုရယ်သံများအားကြားရသူအဖို့ခေါင်း
မှဆံပင်မွေးများပင်ထောင်ထသွားမတတ်ခံစားရလေ၏။လုံမပျိုလေးများမှာလည်းအချင်းချင်းစကားပြော
နေကြရင်းမှဖြတ်သန်းသွားလာနေကြသောလုလင်ပျိုလေးများအားခိုးခိုးကြည့်တတ်ကြသေးသည်။
လုလင်ပျိုများမှာများသောအားဖြင့်ယပ်တောင်တစ်ကိုင်ကိုင်၊ဟန်ရေးတစ်ပြပြဖြစ်နေကြသည်။

လုံချန်အားစိတ်ပျက်လက်ပျက်ဖြစ်သွားစေသည့်လူရွယ်တစ်ယောက်မှာမူခြေကားယားလက်ကားယား
နှင့်ကြက်ဖတစ်ကောင်ကဲ့သို့ပြုမူနေသူတစ်ယောက်ဖြစ်ကာ ၄င်း၏တစ်ဏှာကြီးမားပုံအားမြင်သော
လုံချန်မှာနှာခေါင်းပင်ရှုံ့မိလိုက်သည်။

"ဟူရှု ဒါမင်းတို့ပြောတဲ့ နာမည်ကြီး မီးအိမ်နီပွဲတော်ဆိုတာလား" လုံချန်မယုံသင်္ကာဟန်ဖြင့်မေး
လိုက်မိ၏။

"အမ်...အကိုလုံကျုပ်တို့လာတာစောနေတာကိုး တစ်ကယ့်အလှလေးတွေကဒီအချိန်မထွက်ကြသေး
ဘူးဗျ "

ဟူရှုခေါင်းကုတ်ဖင်ကုတ်ဖြင့်ပြန်ဖြေရှာသည်။သို့သော်ထိုသို့ပြောပြီးချိန်တွင် ဟူရှု၀မ်းခေါင်းသံကြီးဖြင့်...

"အကိုလုံ လာပြီဗျ လာကြပြီ"

တစ်ကယ်ဆိုလျှင်ထိုပွဲတော်သို့လုံချန်ခပ်စောစောရောက်နေခြင်းမှာသူ့အမေကြောင့်ပင်။လုံချန်ဘာမှမတတ်
နိုင်၊အော်သာငိုချင်နေမိသည်။မိုးကားတစ်ဖြေးဖြေးမှောင်လာချေပြီ။လုလင်ငယ်များနှင့်လုံမငယ်များမှာ
တစ်ဖြေးဖြေးပိုပိုများလာကြ၏။ယခုတစ်ခေါက်လာကြသူများမှာယခင်ကလောက်မဆိုးတော့။ရယ်သံလေး
များမှာလည်းပိုလွင်လာသလိုလုံချန်ထင်မိသည်။

"ဟားဟား လုံချန် တယ်ခံ့ညားနေပါလား မင်းတစ်ကယ်လာတယ်ပေါ့"

သူနှင့်ရှုဟူ ထောင့်တစ်ထောင့်မှာ ပုန်းနေစဉ်မှာပင် ရှီဖန်ရောက်ချလာပြီး သူတို့နှစ်ယောက်ကိုမြင်သွား
သည်။

"ဟားဟား အကိုလုံ ဒီနေ့သိပ်ချောနေတယ်ဟေ့" ဖက်တီးယုတို့သူငယ်ချင်းတစ်သိုက်လုံချန့်ကို
တစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်နေကြသည်။

"ဖက်တီး မင်းလည်းမဆိုးပါဘူးကွ ဝိတ်ကျသွားတာမြန်လိုက်တာ အရင်လိုကောထန်တုန်းပဲလား"

ဟူရှုစကားကြောင့်ရှီဖန်တို့တစ်သိုက်ပွဲကျသွားပြီးတစ်ဝါးဝါးဝိုင်းရယ်ကြတော့သည်။သူတို့တစ်သိုက်တစ်
ဟားဟားရယ်နေကြချိန်မှာပင်ရင်ပြင်သို့ရောက်လာသူများတစ်ဖြေးဖြေးများသထက်များလာကြ၏။
လုလင်ငယ်၊လုံမငယ်များမှာ သုံးယောက်တစ်ဖွဲ့ ငါးယောက်တစ်ဖွဲ့ စသည်ဖြင့် ရယ်မောစကားပြော
ကာလျှောက်လာကြသော်လည်း ၄င်းတို့၏အကြည့်များကတော့တစ်ယောက်ကိုတစ်ယောက်အချင်းချင်း
အကဲခတ်နေကြသည်။

"လုံချန် အထဲ၀င်ရအောင် ပွဲစဖို့အချိန်ကပ်နေပြီ" ရှီဖန်သူ့ကိုပြောလိုက်သည်။

ဖက်တီးယုနှင့်အခြားသူများမှာစိတ်မရှည်ကျတော့။လုံချန်သူတို့ကိုစကားတစ်ခွန်းမှမပြောသေးပေ။
တစ်ကယ်တမ်းတွင်လုံချန်ထိုပွဲကိုမသွားချင်။သို့သော်လည်းငြင်းရခက်နေသည်။နောက်ဆုံးတော့လည်း
လုံချန်မည်သို့မျှမတတ်နိုင်တော့ပဲဖက်တီးတို့တစ်သိုက်ခေါ်ဆောင်ရာသို့သာယက်ကန်ယက်ကန်ဖြင့်ပါ
သွားရတော့သည်။

လူအုပ်ကြီးကြားထဲသို့လုံချန်တို့အဖွဲ့၀င်လိုက်သည်နှင့် သူတို့အဖွဲ့ကို လူအများပြားအာရုံစိုက်ကုန်ကြ
တော့၏်။အဘယ့်ကြောင့်ဆိုသော် ၄င်းတို့အဖွဲ့မှာနောက်ဆုံးမှ၀င်လာသောအဖွဲ့ဖြစ်သောကြောင့်
ပင်ဖြစ်၏။သို့ရာတွင်မူလုံချန်တို့အဖွဲ့ကား  အများနှင့်မတူပဲ တစ်မူထူးခြားစွာကွဲထွက်နေသည့်အချက်
တစ်ချက်မှာ အရပ်ရှည်သူ၊အရပ်ပုသူ၊၀သူ၊ပိန်သူ စသဖြင့််လူပေါင်းစုံအောင်ရောနေခြင်းဖြစ်
သည်။

"ဟာ...ဟိုကောင်လေးကဘယ်သူလည်း ချောလိုက်တာ ငါသူ့ကိုအရင်ကတစ်ခါမှမမြင်ဖူးပါလား"

လုံချန်သည်ရုပ်ရည်အားဖြင့်မဆိုးဟုပြောရမည်ဖြစ်သော်လည်းတစ်အံ့တစ်သြပြောယူရလောက်အောင်
ချောမောသည့်ရုပ်ရည်တော့မဟုတ်ပေ။သို့သော်မိန်းမတို့စိတ်ကားအကဲခတ်ရခက်လှသည်ဆိုသည့်အ
တိုင်းထိုကြည့်ရှုသူအမျိုးသမီး၏စိတ်ဖြင့်သာဆိုင်လေသည်။

"နင်မသိဘူးလား အဲ့တာ လုံချန်လေ နယ်ခြားစောင့်စစ်သူကြီးရဲ့သားပေါ့"

"ဘုရားရေ အဲ့တာလုံချန်ပေါ့  လူငယ်မျိုးဆက်သစ်တွေထဲမှာနံပါတ်တစ်အဖြစ်ချီးကျူးခံနေရတဲ့
လုံချန်လား"

"ငါကြားတာတော့သူဟာဆေးပညာသင်တစ်ယောက်အပြင် ဆရာကြီးယွမ်ချီရဲ့ ပထမဆုံတပည့်
တစ်ယောက်လို့တောင်ကြားတယ်"

မိန်းမပျိုလေးများမှာလုံချန့်အကြောင်းခပ်တိုးတိုးတွတ်ထိုးပြောဆိုနေကြပြီးအချို့ခပ်ရဲရဲမနိုင်စိန်လေးများ
ဆိုလျှင်လုံချန့်နာမည်ကိုပင်အော်ခေါ်နေကြလေသည်။လုံချန် ချွေးပြန်နေသည်။ထိုပွဲတော်မျိုးကိုသူ
တစ်ခါမှမကြုံစဖူးခဲ့ပေ။မျက်နှာပင်ဘယ်နားထားရမှန်းမသိတော့။

"အကိုရှီ ရှေ့ကသွားပါဗျာ ဟိုကောင် ဖက်တီးနဲ့ဟူရှု ငါ့နားနည်းနည်းကပ်နေကြစမ်းပါ"

လုံချန်ခေါင်းတစ်ငုံ့ငုံ့နှင့်လျှောက်ရင်းဖက်တီးယုတို့တစ်သိုက်ကိုလှမ်းပြောလိုက်သည်။ထိုသို့လုပ်လိုက်မှပဲ
သူ စိတ်သက်သာရနည်းနည်းရတော့သည်။ထိုသို့ဖြင့်၄င်းတို့တစ်သိုက်အချိန်အတော်ကြာအောင်လျှောက်
သွားလိုက်ကြပြီးနောက်ဆုံးတွင်မီတာရာပေါင်းများစွာကျယ်သောသိုင်းပြိုင်သည့်စင်မြင့်ကြီးနားသို့ရောက်
လာကြလေသည်။

"လုံချန် ဒီသိုင်းပြိုင်ပွဲမှာ နံပါတ်တစ်စစ်သူရဲကောင်းကိုရွေးတာလေ မင်းစိတ်၀င်စားလား"

ရှီဖန်ပြုံးရင်းမေးလိုက်၏။

"လုံး၀ကိုစိတ်မ၀င်စားတာ တိုက်တာခိုက်တာတွေကိုကျုပ်စိတ်မ၀င်စားဘူး"

လုံချန်းခေါင်းယမ်းလိုက်သည်။

"ဟီးဟီး ဒါဆိုလည်းပြီးတာပဲ" ရှီဖန်တစ်ဟီးဟီးဖြင့်ရယ်လိုက်သည်။

လုံချန်နည်းနည်းကြောင်သွားသည်။သို့သော်သူချက်ချင်းသဘောပေါက်သွား၏။အင်ပါရီယာမြို့တော်
တွင်ရှီဖန်နံပါတ်တစ်ဖြစ်လာသည်မှာသူ့ကြောင့်ပင်ဖြစ်သည်။

"ဒီပွဲမှာနိုင်အောင်ကျုပ်ကူညီမယ်" လုံချန်လက်သီးဆုပ်လိုက်သလို ရှီဖန်လည်းလက်သီးဆုပ်လိုက်
သည်။လုံချန်ကိုခဏကြာအောင်စိုက်ကြည့်ပြီးနောက်ရှီဖန်သူ့စကားကိုဆက်လိုက်သည်။

"မပူပါနဲ့ မင်းသာ၀င်မပြိုင်ရင် ဒီပွဲမှာနိုင်မယ်လို့ငါ့ကိုယ်ငါယုံတယ်"

"အကိုတို့ ကျုပ်တို့ကိုဒီအတိုင်းပစ်ထားတော့မလို့လား အ ချောအလှလေးတွေသွားကြည့်ဦးမယ်လေ"

ဟူရှုအော်ပြောရင်းအခြားသူများနှင့်ထွက်သွားသည်။

"ဟေ့ကောင်တွေ ဒီနေရာမှပြန်ဆုံမယ်နော်" ရှီဖန်အော်ပြောလိုက်ရသည်။ရှီဖန်ပြောလိုက်သည့်အသံကို
ဖက်တီးတို့တစ်သိုက်ကြားမကြားတော့မသိပေ။လူအုပ်ကြားထဲသို့လျှင်မြန်စွာပင်ရောနှောပျောက်ကွယ်
သွားချေပြီ။

"ရှီဖန် မင်းသိုင်းအခြေအနေကဘယ်လိုလည်း" အနားမှာမည်သူမျှမရှိတော့သည်နှင့်လုံချန်ခပ်သွက်သွက်
မေးလိုက်၏။

"အခုတော့ သွေးနှောအဆင့်ရဲ့ထိပ်ဆုံးကိုရောက်နေပြီ မကြာခင်တော့အဆင့်နှစ်သွေးနှောအဆင့်ကို
ရောက်လောက်မယ်ထင်တယ်"

လုံချန်ကိုသူကျေးဇူးတင်စွာဖြင့်ပြန်ပြောသည်။ယခုလိုသွေးနှောပထမအဆင့်သို့ သူ ခပ်မြန်မြန်ရောက်
သွားသည်မှာလုံချန့်ကျေးဇူးကြောင့်ပင်ဖြစ်သည်။သိုင်းသမားတစ်ယောက်သည် သွေးနှောအဆင့်သို့
ခပ်မြန်မြန်ရောက်လျှင် နောင်သိုင်းကျင့်ရာတွင်ပိုမိုလွယ်ကူလာလေတော့၏။အကယ်၍သိုင်းသမား
တစ်ယောက်သည်အသက်သုံးဆယ်ကျော်ခန့်မှသာသွေးနှောအဆင့်သို့ရောက်လျှင်ထိုအဆင့်မှရှေ့သို့
မည်သို့မျှတက်မရအောင်ဖြစ်သွားနိုင်သည်။

ယခုအခါတွင် ရှီဖန်သည်အသက် 18 နှစ်မပြည့်သေးချိန်တွင်သွေးနှောအဆင့်သို့ပင်ရောက်နေချေ
ပြီ။ထို့ကြောင့် နောင်ဆိုလျှင် ကျီကျင် ပြောင်းလည်းမှုအဆင့်သို့ရှီဖန် အဆင့်တက်နိုင်ရန် သုံးဆယ်ရာ
ခိုင်းနှုန်းကျော်ခန့်ရှိ၏။ကျင်ကျီပြောင်းလည်းမှုအဆင့်သို့ရောက်နေသူမှာအလွန်ရှားပါးလှပြီးဖီးနစ်အင်
ပါယာတစ်ခုလုံးတွင်ပင်အရေအတွက်အားဖြင့်သုံးယောက်သာရှိလေသည်။

လုံချန်ခေါင်းငြိမ့်လိုက်၏။ယခုလိုမျိုးတိုးတက်နှုန်းနှင့်ဆိုလျှင်ရှီဖန်သိုင်းကိုရူးရူးမူးမူးကျင့်မှန်းသူရိပ်မိသည်။
သို့သော်ရှီဖန်၏ဒန်တမ်ကိုသူစစ်ဆေးကြည့်လိုက်ချိန်တွင်မူရှီဖန်၏ဒန်တမ်မှပျမ်းမျှအဆင့်သာရှိပြီးကျင်
ကျီပြောင်းလည်းမှုအဆင့်မှထပ်တက်နိုင်တော့မည်မဟုတ်ကြောင်းသူသိလိုက်သည်။

"နောက်ပိုင်းကျရင် မင်းအတွက် အခြေခိုင်ဆေး ဖော်ပေးမယ် အဲ့ဒိဆေးနဲ့ဆိုရင် မင်းရဲ့သိုင်းပညာဟာ
အခြေအတော်ခိုင်ပြီးတည်ငြိမ်လာလိမ့်မယ် မင်းရဲ့ကြိုးစားပုံနဲ့ဆို အသက်သုံးဆယ်မတိုင်ခင်မှာပဲ ကျင်
ကျီပြောင်းလည်းမှုအဆင့်ကိုရောက်လိမ့်မယ်"

လုံချန်ရှင်းပြနေသည်။

"အရင်တုန်းကမင်းငါ့ကိုပေးလိုက်တဲ့ သွေးနှောဆေးက မင်းကိုတိုယ်ဖော်တာလား"

ထိုဆေးရတုန်းကရှီဖန်အတော်ပင်ပျော်သော်လည်း ထိုဆေးအားလုံချန်ဖော်ခြင်းဟုတ်မဟုတ်တွင်
တော့သူသံသယအနည်းငယ်၀င်မိသည်။

"ကျုပ်မဖော်လို့ ခိုးလာရမှာလား" လုံချန်ကျွဲမြီးတိုသွား၏။

"မဟုတ်ပါဘူး အဲ့ဒိသွေးနှောဆေးဟာ ဆရာကြီးယွမ်ချီ မင်းကိုပေးတာလို့ကျုပ်တို့ထင်နေကြတာ"

ရှီဖန်ခပ်တိုးတိုးပြန်ပြောလိုက်သည်။မည်သို့ပင်ဖြစ်စေလုံချန်မှာသူတို့မျက်စိအောက်တွင်ပင်တစ်ခဏ
ခြင်းအပြောင်းလည်းကြီးပြောင်းလည်းသွားခဲ့သည်။အသုံးမ၀င်သည့်ကောင်လေးတစ်ယောက်ဘ၀မှ
ချက်ချင်းပင်သိုင်းကျင့်နိုင်သွားသည့်အပြင်ဆေးပညာသင်တစ်ယောက်လည်းဖြစ်သွားပြန်သည်။ထိုသို့
နေခြင်းညခြင်းပြောင်းလည်းသွားမှုအပေါ်၄င်းတို့အနေဖြင့်အံ့အားသင့်နေတုန်းပင်ရှိသေးပြီးအမျိုးမျိုး
လည်းစဉ်းစားနေကြသည်။

"အခုဆိုရင်မင်းရဲ့သိုင်းပညာအခြေခံကမဆိုးဘူးလို့ပြောလို့ရပေမယ့် မကျစ်လစ်သေးဘူး အဓိကတစ်ချက်
က ကနဦး ချီကျင့်စဉ်တွေတုန်းကမင်းကျင့်ခဲ့တာသိပ်မြန်၊သိပ်ကြမ်းနေတယ် ဒီလိုအဆင့်မြန်မြန်တက်
သွားတဲ့အခါမှာ မင်းရဲ့သိုင်းပညာအခြေခံမှာ ချို့ယွင်းချက်တွေဖြစ်ကျန်နေခဲ့တယ် ဒီချို့ယွင်းချက်တွေ
ဟာ ကျင်ကျီပြောင်းလည်းမှုအဆင့်ကိုတက်တဲ့အခါအဓိကဒုက္ခပေးလိမ့်မယ် ငါဖော်စပ်ပေးမယ်
အခြေခိုင်ဆေးဟာ မင်းရဲ့ချို့ယွင်းချက်တွေကိုအကုန်လုံးတော့ပျောက်အောင်ကုပေးနိုင်မှာမဟုတ်ပေ
မယ့်လို့ ကျင်ကျီပြောင်းလည်းမှုအဆင့်ကိုတက်တဲ့နေရာမှာအရင်ကထက်အများကြီးချောချောမွေ့မွေ့
ဖြစ်သွားလိမ့်မယ်"

"အကိုလုံ ကျုပ် ကျေးဇူးတင်ကြောင်းတော့ထပ်မပြောတော့ဘူး တစ်ကယ်လို့အကိုအနေနဲ့နောင်
အကူအညီတစ်ခုခုများလိုအပ်လာခဲ့ရင် ပြောသာပြောလိုက်ပါ အရိုးကြေကြေအရေခမ်းခမ်း အကို့
ဘက်ကကျုပ်ရှိနေမယ်" ရှီဖန်အလေးအနက်ပြောနေပါသည်။

"ဒီလိုစကားမျိုးတွေ တို့ညီအကိုတွေကြားထဲ ပြောနေစရာတောင်မလိုပါဘူးကွာ...ဟမ်..ဒါဘာလည်းဟ"

အင်ပါရီယာချပ်၀တ်တန်ဆာများ၀တ်ဆင်ထားသည့်ဒါဇင်နှင့်ချီသောရဲမက်များလျှောက်လာနေသည်
ကိုလုံချန်လှမ်းမြင်လိုက်သည်။၄င်းတို့လက်ထဲတွင်လည်းခပ်ကြီးကြီး ပုံသဏ္ဍန်အရာတစ်ခုကိုကိုယ်စီ
ကိုင်ထားကြပြီး အတော်လှမ်းနေသောကြောင့်မည်သည့်အရာကိုင်ထားသည်ကိုမူလုံချန်ကောင်းကောင်း
မသဲကွဲပေ။

"အဲ့တာ မင်းသမီးတွေရဲ့မီးပုံးတွေလေ အင်ပါယာကြီးကြီးပွားတိုးတက်ဖို့အတွက် မင်းသမီးတွေဟာ
ဒီပွဲတော်ရက်မှာ မီးပုံတစ်ပုံးစီကိုကိုယ်တိုင်လုပ်ပြီးဆုတောင်းကြလေ့ရှိတယ်"

ရှီဖန်သူ့ကိုရှင်းပြနေသည်။မင်းသမီးဆိုသည့်စကားကြားမှချူယောင်ကိုသူသတိရသွားသည်။
ကံဆိုးသည်မှာချုယောင်မည်သည့်နေရာမှာမှန်းသူမသိ။ရဲမက်များမှာတစ်ညီတစ်ညာချီတက်လာ
နေခြင်းကြောင့် ရဲမက်များနောက်မှဝေါယာဉ်များအားမမြင်နိုင်ဖြစ်နေ၏။ရဲမက်များရောက်လာအပြီး
တွင် အထူးဆင်ယင်ခင်းကျင်းထားသောအကောင်းစားထိုင်ခုံကြီးများကို သိုင်းပြိုင်ကွင်း စင်မြင့်
ရှေ့တွင်မျက်နှာမူကာချထားလိုက်ကြတော့သည်။

ထိုသို့ဖြင့်အပြေးအလွှားနေရာဦးကျရာတွင်နောက်ကျသူများမှာနေရာမရပဲဖြစ်ကုန်သည်။အချို့ညာဏ်
ကောင်းသည့်မိန်းမများမှာ မူထိုင်ခုံရသည့်ယောကျာင်္းအချို့အားအမူရာပိုပိုဖြင့်ကြာပစ်လျှင် ကိုရွှေ
ယောကျာင်္းတို့အသည်းနှလုံးမှာ မီးနှင့်ထိသော ဖယောင်းကဲ့သို့အရည်ပျော်ကာ နွားပြာကြီးအောက်သွား
မရှိဆိုသလိုတစ်ဟီးဟီးဖြင့်နေရာပေးလိုက်ကြရပြီး၄င်းတို့ကိုယ်တိုင်ကမူဘေးမှသာရပ်ကြည့်ရသည့်အဆင့်
သို့လျှောကြရရှာလေသည်။

ဖက်တီးတို့သူငယ်ချင်းတစ်သိုက်မှာလည်းထိုင်ခုံမရကြပဲမျက်နှာငယ်လေးများကိုယ်စီဖြင့်မတ်တပ်ကြည့်
ကြရသည်။ထိုသို့ဖြင့်ကိုယ်စီကိုယ်စီနေရာရကြပြီးလျှင်သံတော်ဆင့်၏အော်ဟစ်ကြေငြာသံထွက်လာကာ
ရဲမက်များတစ်ပြိုင်တည်းမြေပေါ်သို့ဒူးထောက်ချလိုက်ကြသည်။

"ဧကရီ ဘုရင်မကြီးကြွချီလာပါပြီ"

Patriarch MK Aung

#########

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၃၅)ဧကရီအရှင်သခင်မ

သံတော်ဆင့်ကြီး၏ကြေငြာသံနှင့်အတူ မိန်းမငယ်လေး ရှစ်ယောက်ခန့် ရထားလုံးများပေါ်မှဆင်းလာ
ကာဧကရီဘုရင်မကြီးအားရိုသေစွာဖြင့်တွဲခေါ်လာကြသည်။ဧကရီဘုရင်မကြီးရောက်
လာသည်နှင့်ယောကျာင်္း၊မိန်းမ အားလုံးရိုသေစွာဖြင့်ဒူးထောက်လိုက်ကြသည်။

"ဧကရီ အရှင်မ ကို အရိုအသေပေးပါတယ်"

သို့သော်ထိုကဲ့သို့ဒူးထောက်ဂါရဝြပုကြသူများထဲတွင်လုံချန်မပါ၀င်ပေ။အင်ပါယာ၏စည်းမျဉ်းများအရသွေး
နှောအဆင့်သို့ရောက်နေသည့်သိုင်းသမားများမှာ မင်းသား၊မင်းသမီးများအား ဒူးထောက်ခစားရန်မလို
ချေ။သို့သော်လည်း ဧကရီ အရှင်သခင်မ ကိုမူ မည်သည့်သိုင်းပညာအဆင့်သို့ရောက်နေသည့်သိုင်းသမား
ပင်ဖြစ်ပါစေဒူးတုပ်ခစားကြရသည်။သို့သော်လည်း လုံချန်မှာကား ဆေးပညာသင်တစ်ယောက်ဖြစ်နေလေရာ
သူ့အတွက်ဒူမထောက်၍လည်းကိစ္စမရှိသလိုယခုသူထိုင်နေသည့်နေရာမှာလည်းလူအများဖြင့်ကွယ်နေ
သည့်နေရာတစ်နေရာဖြစ်နေသောကြောင့်သူဒူးထောက်သည်မထောက်သည်ကို မည်သူမှသတိမပြုမိနိုင်ပေ။

"ကောင်းပြီ ကောင်းပြီ"

ဒူးထောက်နေသူများကို ဧကရီ အရှင်မ တစ်ချက်မျှသာကြည့်ပြီး သူမ၏လက်ကိုဝှေ့ယမ်းရင်းပြောသည်။
ယင်းနောက်တွင်တော့ဒူးထောက်နေသူများအားလုံးခပ်ဖြေးဖြေးပြန်ထကြရ၏။ဧကရီအရှင်မဆိုသူထံ
လုံချန်လှမ်းကြည့်မိသည်။သူမသည် အသက် 37၊38ခန့်သာရှိမည်ဟုထင်ရသော်လည်းတစ်ကယ်တမ်း
တွင် 50 ကျော်နေပြီဟုဆိုကြသည်။ဧကရီအရှင်သခင်မမှာ ရေမြေ့သခင်အင်ပါယာပြည့်ရှင်၏ မိခင်
မဟုတ်ပဲ အိမ်ရှေ့စံ၏မိခင်သာဖြစ်၏။

မူလတွင်မူအိမ်ရှေ့စံ၏မယ်တော်အား မိဖုရားခေါင်းကြီးဟုခေါ်ကြသည်။သို့သော် အင်ပါယာပြည့်ရှင်မှာ
တိုင်းရေးပြည်ရာများတွင်၀င်ရောက်စီမံခန့်ခွဲခြင်းမရှိတော့သည်ကတစ်ကြောင်း၊အိမ်ရှေ့စံသည်လည်း
အရွယ်ရောက်ပြီကတစ်ကြောင်းကြောင့် လာမည့်နှစ်တွင်ပင် ဘိသိတ်ခံကာနန်းသိမ်းပွဲကျင်းပကြရန်
လျာထားကြပြီဖြစ်သည်။

ဤကဲ့သို့သောအကြောင်းများကြောင့် မူးမတ်၊သေနာပတိများက ဝိုင်း၀န်းဆွေးနွေးကြပြီးလျှင် မိဖုရား
ခေါင်ကြီးအားယခုအမည်အတိုင်းဆက်လက်ခေါ်ဆိုရန်မသင့်တော်ဟုဆိုကာဧကရီအရှင်သခင်မဟုပြောင်း
ခေါ်ကြခြင်းပင်ဖြစ်သည်။ဧကရီအရှင်မ မှာ ရံရွေတော်များခေါ်ဆောင်သွားသည့်အတိုင်း လိုက်ပါသွားကာ
သိုင်းပြိုင်ကွင်းစင်မြင့်၏အလယ်တည့်တည့်တွင်ရှိသော အလွန်ခံညားသည့်ခုံကြီးပေါ်တွင်ထိုင်လိုက်
လေသည်။

ဧကရီအရှင်မ ထိုင်ပြီးပြီးချင်းတွင်ပင် မင်းသား 7 ပါးရောက်ရှိလာကာ ဧကရီအရှင်မ၏ဘေးတွင်အစဉ်
လိုက်အတိုင်းထိုင်ကြ၏။ယခုအကြိမ်ကားလုံချန်အဖို့မင်းသား 7 ပါးအားစုံစုံညီညီအဖြစ်ပထမဆုံးအကြိမ်
မြင်ဖူးခြင်းပင်။7 ယောက်မြောက်မင်းသားလေးမှာယခုတော့ ယခင်ကထက်များစွာငြိမ်ကုတ်နေတော့
သည်။

လုံချန် နောက်ဆုံးတွင် သူရှာနေသည့် စတုထ္ထမြောက်မင်းသားကိုတွေ့သွားသည်။စတုထ္ထမြောက်မင်းသား
မှာ အလွန်ချောရုံမက နှစ်လိုဖွယ်အပြုံးပိုင်ရှင်တစ်ယောက်လည်းဖြစ်သည့်အပြင်မာနကြီးသူတစ်ယောက်လည်းမဟုတ်ပေ။
ဤကဲ့သို့သောအကြောင်းများကြောင့်စတုထ္ထမြောက်မင်းသားမှာ မိန်းမငယ်လေးများ၏အထူးအာရုံစိုက်ခြင်းကို
ခံနေရခြင်းဖြစ်၏။အခြားမင်းသားများမှာမူ ရုပ်ရည်အားဖြင့်ချောမောကြသော်လည်း မောက်မာဟန်များက
၄င်းတို့၏မျက်၀န်းများတွင်အထင်သားမြင်နေရသည်။လုံချန် ထိုမင်းသားများအားကြည့်ကာ ခေါင်းယမ်းမိသည်။
သူ့အတွေးကချူယောင်ထံသို့ရောက်သွားပြန်သည်။ထိုမင်းသမီးများကြားတွင်
မျက်နှာဖုံးမ၀တ်ထားသည့်မင်းသမီးကချူယောင်များဖြစ်နေမလား။
ဒါမှမဟုတ်မျက်နှာဖုံး၀တ်ထားသူများထဲမှာများလား။ထိုသို့တောင်တွေး၊မြောက်တွေးဖြစ်နေစဉ်မှာပင်
သံတော်ဆင့်၏ကြေငြာသံထွက်လာသည်။

"ဆရာကြီး ယွမ်ချီ ကြွချီလာပါပြီ"

လုံချန်အံ့အားသင့်နေသည်။ယခုပွဲတော်သို့ဆရာကြီးယွမ်ချီရောက်လာလိမ့်မည်ဟုသူမထင်ထားခဲ့ပေ။
ဆရာကြီးယွမ်ချီရောက်လာသည်နှင့်လူများလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။နှစ်ပေါင်းများစွာအတွင်း
ကျင်းပခဲ့သောမီးအိမ်နီပွဲတော်အား  ဆရာကြီးယွမ်ချီအနေနှင့်တစ်ကြိမ်တစ်ခါမှမတက်ရောက်ခဲ့ဖူးပေ။
ယခုတစ်ကြိမ်ကားပထမဆုံးပင်ဖြစ်သည်။

ဆရာကြီးယွမ်ချီရောက်လာသည်နှင့် ဧကရီအရှင်လည်း ၄င်း၏ထိုင်ခုံမှထကာဆရာကြီးကိုအရိုအသေ
ပေးလိုက်သည်။

"ဆရာ့ကိုဂါရဝြပုပါတယ်"

"မခံယူဝံ့ပါဘူးဗျာ မခံယူဝံ့ပါဘူး" ဧကရီအရှင်မအားယွမ်ချီလည်းပြန်လည်ဦးညွှတ်နှုတ်ဆက်လိုက်သည်။

၄င်းတို့နှစ်ဦးတစ်ယောက်နှင့်တစ်ယောက်ဦးညွှတ်နှုတ်ဆက်အပြီးတွင် ဧကရီအရှင်မဘေးတွင်ရှိသော
ထိုင်ခုံတွင် ဆရာကြီးယွမ်ချီ၀င်ထိုင်လိုက်သည်။ထိုခုံမှာ ဧကရီအရှင်မ ထိုင်သည့်ခုံနှင့်အရွယ်တူဆိုဒ်တူ
ပင်ဖြစ်လေရာ ဆရာကြီးယွမ်ချီအဖို့ ဖီးနစ်အင်ပါယာတွင်မည်မျှတန်ခိုးထွားကြောင်းသိနိုင်ပေသည်။

ဆရာကြီးသည်ခုံ၌ထိုင်ထိုင်ပြီးခြင်းမှာပင်လူအုပ်ထဲသို့မျက်စိတစ်ချက်ဝေ့ကြည့်လိုက်ရာ ထောင့်တစ်
ထောင့်တွင်အသာကွယ်နေသည့်လုံချန်အားမြင်သည်နှင့်ခေါင်းကိုမသိမသာငြိမ့်လိုက်သည်။မီးအိမ်
နီပွဲတော်သို့မတက်စဖူး ယခုနှစ်တွင်မှတက်လာသောဆရာကြီးအား တစ်အံ့တစ်သြနှင့်အကဲခတ်နေကြ
သူများမှာဆရာကြီး၏အမူအယာကိုမြင်သည်တွင်ဆရာကြီးအကြည့်နောက်သို့လိုက်ကြည့်ကုန်လေသည်။

ထိုသုိ့ဖြင့် လုံချန်ကို ၄င်းတို့ချက်ချင်းပင်တွေ့သွားတော့၏။

"အင်း....ကောလဟာဠတွေကမှန်ပုံပဲ လုံချန်ကိုဆရာကြီးယွမ်ချီ တပည့်တစ်ယောက်အဖြစ်လက်ခံ
လိုက်ပြီထင်တယ်"

တစ်ချို့လူများ သက်ပြင်းတစ်ချချဖြစ်ကုန်သည်။လုံချန်ဆိုသည့်ကောင်လေးမှာမူလတွင်သိုင်းကျင့်မရ
သည့်လူတစ်ကာအနိုင်ကျင့်ခံကောင်လေးတစ်ယောက်သာဖြစ်သော်လည်းယခုအခါတွင်မူဆရာကြီး
၏လက်ရင်းတပည့်ပင်ဖြစ်နေချေပြီ။ဆရာကြီးယွမ်ချီ ၄င်းအားကြည့်ကာ ခေါင်းမသိမသာငြိမ့်လိုက်သည်
ကိုမြင်လျှင်လုံချန်စိတ်ညစ်သွားသည်။ယခုတော့ လူတိုင်းအာရုံကသူ့ထံရောက်နေပြီဖြစ်သောကြောင့်
အစောပိုင်းကလိုပုန်းလျိုးကွယ်လျှိုးနေရန်မဖြစ်နိုင်တော့။

သူစိတ်ညစ်သည်မှာအကြောင်းရှိသည်။လူအများ၏အာရုံစိုက်မှုကိုသူမခံချင်ပေ။သို့သော်ယခုတော့
အကြည့်ပေါင်းများစွာကသူ့ထံသို့စုပြုံကျရောက်နေချေပြီ။လုံချန်မတ်တပ်ရပ်ကာဆရာကြီးယွမ်ချီအား
ဦးညွှတ်လိုက်သည်။ထိုမြင်ကွင်းကိုဧကရီအရှင်မ မြင်လိုက်ပြီ်း သူမမျက်နှာတွင်အပြုံးတစ်ပွင့်ပေါ်လာလေ
သည်။

"အင်း......ကြည့်ရတာ ဆရာကြီးရဲ့နှလုံးသားကိုကိုင်လှုပ်နိုင်သူ နှစ်ပေါင်းများစွာအတွင်း တစ်ယောက်
တော့ပေါ်လာပြီတူပါရဲ့လေ.....ဆရာကြီးအနေနဲ့ ဒီကောင်လေးကို အမွေဆက်ခံဖို့များတွေးထားသလား"

ဧကရီအရှင်မ၏မေးခွန်းကိုကြားလျှင်လူတိုင်းတိတ်ဆိတ်ကုန်ကြသည်။ဆရာကြီးယွမ်ချီသည်ပညာဂုဏ်
အလွန်မောက်၍၄င်း၏တစ်သက်တာတွင်တပည့်တစ်ယောက်မှလက်မခံဟုသူတို့ကြားဖူးထားကြသည်။
ဆရာကြီးမည်သို့ပြန်ဖြေမည်ကို၄င်းတို့အလွန်သိချင်နေကြ၏။

"ဒီကောင်လေးက အလားအလာအလွန်ကောင်းတဲ့ ကောင်လေးတစ်ယောက်ဗျ......ကျုပ်တပည့်
တစ်ယောက်ဖြစ်လာဖို့ ဒီ ကောင်လေးအပေါ်ကိုမျှော်လင့်ထားပါတယ်"

ခပ်တိုးတိုးလေသံဖြင့်ယွမ်ချီပြန်ဖြေသည်။ဆရာကြီးယွမ်ချီအနေနှင့်တိုက်ရိုက်ဖြေလိုက်ခြင်းမျိုးမဟုတ်
သော်လည်းသူ့အဖြေကလူအများအပြားကိုအံ့အားသင့်သွားစေသည်။ဆရာကြီးယွမ်ချီမည်မျှပညာဂုဏ်
မောက်သည်ကိုလူတိုင်းအသိပင်။သူ့ဘ၀တစ်သက်တာတွင်ထိုသို့နှုတ်မှထုတ်ဖော်ချီးကျုးဖူးသူဟူ၍တစ်
ယောက်တစ်လေပင်ရှိကောင်းမှရှိပေလိမ့်မည်။

ဆရကြီးယွမ်ချီကား လုံချန်အပေါ်အတော်ကလေးကိုတွေးထားပုံရသည်။ထိုသို့တွေးထားရအောင်လုံချန်
ကမည်သို့သောသူမျိုးလည်း။လူအများအပြားစိတ်ထဲ မေးခွန်းပေါင်းသောင်းခြောက်ထောင်မေးနေမိ
သည်။

"အင်း....လုံချန်ဟာ ဆေးပညာမှာပါရမီအလွန်ပါသူတစ်ယောက်ပဲ ဒီလိုမှမဟုတ်ရင် ဆရာကြီးနှုတ်
ကထုတ်ဖော်ချီးမွမ်းမှာမဟုတ်ဘူး"

စတုထ္ထမင်းသားကချီးကျူးသည်။စတုထ္ထမင်းသားကိုကြည့်ရင်းယွမ်ချီရယ်လိုက်၏။

"ဆေးဖော်တဲ့ နေရာမှာပါရမီပါလာတယ်ဆိုတာကတစ်စိတ်တစ်ပိုင်းပါ  ဒါပေမယ့် စတုထ္ထမင်းသား
ရဲ့ ဇွဲကလည်းလေးစားလောက်စရာပါပဲ"

စတုထ္ထမြောက်မင်းသားခပ်ဖွဖွပြုံးရင်း.....

"ဆရာကြီးကတော့ကျုပ်ကိုသိပ်မြှောက်နေပြန်ပြီ"

ထိုသို့ပြောပြီးနောက်အခြားမည်သည့်စကားကိုမှ စတုထ္ထမင်းသားထပ်မပြောတော့ပေ။သို့ရာတွင်စတုထ္ထ
မင်းသား၏မသိမသာလေးပျက်သွားသည့်မျက်နှာကိုတော့လုံချန်မြင်ဖြစ်အောင်မြင်လိုက်၏။

"ဆရာကြီး အဓိပ္ပါယ်တစ်မျိုးမျိုးနဲ့ပြောလိုက်တာများလား"  လုံချန်မစဉ်းစားတတ်ဖြစ်နေသည်။

"ဆရာကြီးဝေချိုင် မင်းသားချန်ဖုန်း မင်းသမီးပိုင်ချီ တို့ကြွလာပါပြီ"

သံတော်ဆင့်ကြီး၏ကြေငြာသံအဆုံးတွင် ရှချန်ဖုန်း၊ရှပိုင်ချီနှင့် အသက်လေးဆယ်ခန့်ရှိပိန်ပိန်ပါးပါး
လူတစ်ယောက်တို့ရောက်လာကြသည်။ထိုပိန်ပိန်ပါးပါးလူမှာမုတ်ဆိတ်မွေးများနှင့်ဖြစ်၍ဆရာကြီးယွမ်
ချီတို့ကဲ့သောဆေးဆရာများသာ၀တ်ရသည့်၀တ်ရုံကို၀တ်ဆင်ထားသည်။ထိုလူ၀တ်ထားသော၀တ်ရုံ
၏ရင်ဘတ်နားတစ်ဝိုက်တွင် အစင်းကြောင်းသုံးခုပါသောဆေးမီးဖိုပုံတစ်ခုရှိသည်ကိုကြည့်ခြင်းအားဖြင့်
၄င်းသည် ဆေးဝိဇ္ဇာအဆင့်ရောက်နေသူတစ်ယောက်ဖြစ်ကြောင်းသိနိုင်သည်။

လုံချန်တွင်လည်းထို၀တ်ရုံမျိုးရှိသည်။သို့သော်သူ့၀တ်ရုံသည်ထို၀တ်ရုံလောက်အသားမကောင်းသည့်
အပြင် ရင်ဘတ်နားတစ်ဝိုက်တွင်ရှိသော ဆေးမီးဖိုပုံမှာလည်းအစင်းကြောင်းတစ်ကြောင်းသာပါလေသည်။
ထိုဆေးမီးဖိုပုံတွင်ပါသောအစင်းကြောင်းများမှာ တစ်ကြောင်းဆိုလျှင် ဆေးပညာသင်၊နှစ်ကြောင်းဆို
လျှင်ဆေးဆရာ၊သုံးကြောင်းဆိုလျှင် ဆေးဝိဇ္ဇာ စသည်ဖြင့် ထိုအစင်းကြောင်းများအားကြည့်ကာခွဲခြား
သတ်မှတ်ကြခြင်းဖြစ်၏။

"ယွမ်ချီ ကျုပ်တို့မတွေ့တာတောင် အတော်ကလေးကြာနေမှပဲ မင်းတောင်အသက်နည်းနည်းကြီးသွား
သလိုပဲ"

ယွမ်ချီကိုတစ်ချက်ငဲ့ကြည့်ရင်းဝေချိုင်ပြောလိုက်၏။ဝေချိုင်၏အသံကိုကြားလျှင်လူများ အပ်ကျသံပင်မကြား
ရလောက်အောင်တိတ်ဆိတ်သွားသည်။ဆရာကြီးယွမ်ချီကိုထိုကဲ့သို့သောလေသံမျိုးနှင့်ပြောရဲသူဆိုလို့
တစ်ယောက်မှပင်မရှိချေ။

"ဝေချိုင် မင်းက မဟာရှအင်ပါယာမှာ မနေ တော့ဘူးလား မသေခင်လေး အပြင်လောကထွက်
ကြည့်ချင်သေးတယ်ပေါ့" ယွမ်ချီလည်းအလိုက်အထိုက်ပင်ပြန်ပြောသည်။

"သေတဲ့အထိမိန်းမတစ်ယောက်ပဲယူပြီးနေသွားရမှာထက်မိန်းမတွေအများကြီးယူထားရတာကောင်းတာ
ပေါ့ကွာ ငါ့ကိုကြည့်ပါလား ဘယ်လောက်ပျော်စရာကောင်းလည်း"

ဝေချိုင်တစ်ဟားဟားအော်ရယ်နေသည်။တမင်ရည်ရွယ်ပြီးလုပ်သည်လားအမှတ်တမဲ့လားတော့လုံ
ချန်မသိပေမယ့် ဝေချိုင့်လက်ကိုကိုင်ကာ ရှပိုင်ချီ သူမ၏ရင်ဘတ်နားသို့တစ်ဖြေးဖြေးကပ်ထားလိုက်၏။
လုံချန့်မျက်နှာအေးစက်တင်းမာနေသည်။ယနေ့ရှပိုင်ချီ၀တ်ထားသောအ၀တ်အစားများမှာဆရာကြီးယွမ်
ချီသူ့အားထုတ်ပြခဲ့သည့်ပန်ချီးကားထဲမှ ဆရာကြီး၏ဇနီး၀တ်ထားသောအ၀တ်အစားများနှင့်တစ်ထေရာ
တည်းတူနေသည်။

သူထင်တာသာမမှားလျှင်ထိုဝေချိုင်ဆိုသူမှာဆရာကြီးယွမ်ချီ၏ရန်ဘက်ဖြစ်လောက်၏။နောက်
တစ်ချက်မှာဆရာကြီးယွမ်ချီ၏ဇနီးသေဆုံးမှုတွင်ထိုလူပင်ပါ၀င်ပတ်သတ်ကောင်းပတ်သတ်နေ
နိုင်သည်။ဝေချိုင်သည် ရှပိုင်ချီအားအသုံးချကာ ဆရာကြီးယွမ်ချီအား ရန်စနေမှန်းလုံချန်ကောင်းကောင်း
သဘောပေါက်သွား၏။

လုံချန်ဒေါသထောင်းကနဲဖြစ်သွားသည်။ဆရာကြီးနှင့်သူသိပ်ရင်းနှီးသည်ဟုမဆိုသာသော်လည်းဆရာ
ကြီးမှာသိက္ခာ၊သမာဓိဖြင့်ပြည့်စုံသူတစ်ယောက်ဖြစ်ကြောင်းကိုကားသူသိသည်။ထိုသို့တည်ကြည်ဖြောင့်
မတ်သူတစ်ယောက်အစော်ကားခံနေရသည်ကိုမြင်လျှင်လံချန်သီးခံမနေနိုင်တော့။

လုံချန်၏အေးစက်စက်လေသံက ပြိုင်ကွင်းတစ်ခုလုံးသို့ ပဲ့တင်သံထပ်ကာပျံ့နှံ့သွား၏။

"အသက်ကြီးမှထန်နေတဲ့အဖိုးကြီး သတိထားဦး မိန်းမပေါင်ကြားမှာ ခင်ဗျားသေနေမယ်"

ကွင်းပြင်တစ်ခုလုံးအပ်ကျသံပင်မကြားအောင်တိတ်ဆိတ်နေသည့်အချိန်တွင်လုံချန့်အသံကဟိန်းထွက်
လာသည်ဖြစ်ရာလူတိုင်း၏အံ့အားသင့်သည့်အကြည့်များက လုံချန့်ထံစုပြုံကျရောက်သွားတော့သည်။

"ရိုင်းလိုက်တာ ကျွန်ကောင်က ဆရာကြီးကိုမရိုမသေနဲ့"  မီး၀င်း၀င်းတောက်သည့်အကြည့်များဖြင့်
လုံချန်ကိုကြည့်ကာရှပိုင်ချီပြောလိုက်သည်။

"ဒီလိုငထန်ကြီးကိုငါကတစ်ရိုတစ်သေဆက်ဆံရမယ်ပေါ့"

လုံချန်အထင်သေးအမြင်သေးဖြင့်ပြန်ပြောလိုက်သည်။လုံချန့်စကားကြောင့်လူတိုင်း၏အကြည့်ကရှပိုင်ချီ
ထံသို့ရောက်သွား၏။ဝေချိုင်၏လက်မှာသူမ၏ရင်သားများနှင့်ထိလုမခန်းဖြစ်နေသည်။ရှပိုင်ချီချက်ချင်းပင်
ဝေချိုင်၏လက်ကိုသူမကိုယ်ပေါ်မှဖယ်ချကာလုံချန်ကိုစူးစူးရဲရဲပြန်ကြည့်နေသည်။လုံချန်ကိုသူမလက်
ညှိုးထိုးကာပါးစပ်မှမည်သည့်စကားမျှပြောမထွက်နိုင်ဖြစ်နေ၏။

"မင်းတို့ဖီးနစ်အင်ပါယာရဲ့အထက်တန်းလွှာကလေးတွေကမိဘတွေရဲ့ဆိုဆုံးမမှုမရှိဘူးလား"

ဝေချိုင်၏အေးစက်စက်လေသံထွက်လာသည်။

"ဒီမှာသောက်အဖိုးကြီး ဒီကသခင်ကြီးက ဆေးဆရာအသင်း၀င်တစ်ယောက် ခင်ဗျားကဘာကောင်လည်း"

လုံချန့်အမေးကို....

"သောက်ရူး...ဆရာကြီးဝေချိုင်ဟာ မဟာရှအင်ပါယာရဲ့ ဆေးဆရာကြီးဟဲ့" ရှပိုင်ချီဒေါသတကြီးပြန်ဖြေ
သည်။

"အိုး.....ဟုတ်လား...ဖီးနစ်အင်ပါယာကမဟုတ်ဘူးပေါ့ ကျုပ်အစက ဖီးနစ်အင်ပါယာကထင်နေတာ
တော်သေးတာပေါ့...ကျုပ်တို့မြေကသိပ်သန့်တာကလား ဒီလို ငထန်ရမ်းကုကြီးတွေမရှိဘူး"

စိတ်သက်သာရာရဟန်ဖြင့်လုံချန်သက်ပြင်းချလိုက်သည်။လုံချန့်စကားကြောင့်လူတိုင်းရယ်ချင်သွား
ကြသော်လည်းမရယ်ရဲကြပေ။သို့သော်ညာဏ်ကောင်းကြသူများကမူခေါင်းလေးအသာငုံ့ကာတစ်ခွီး
ခွီးကြိတ်ရယ်ကြတော့သည်။တစ်ချို့မအောင့်နိုင်တော့သည့်လူများမှာ ရယ်သံများရုတ်တရက်ထွက်
လာသောကြောင့်ပါးစပ်များကိုလက်များဖြင့်အချိန်မှီပိတ်လိုက်ကြရသေးသည်။

သို့ရာတွင်ထိုသို့ခိုးကြောင်ခိုးဝှက်ရယ်နေကြခြင်းက ပေါ်တင်ရယ်လိုက်ခြင်းထက်ပင် ဝေချိုင့်အားအရှက်
ပိုရစေသည်။ထိုသို့ဖြင့်အခြေအနေက တင်းမာတော့မည့်အနေအထားသို့ရောက်လာ၏။သာမာန်လူ
များထက်ဆိုးနေသည်က မင်းသားများပင်ဖြစ်သည်။၄င်းတို့မှာပေါ်တင်လည်းမရယ်ရဲ၊ရယ်လည်းရယ်
ချင်ဖြင့်၀မ်းချုပ်သောလူတစ်ယောက်ကဲ့သို့အဖြစ်မျိုးရောက်ရရှာတော့သည်။

"အဟမ်း ... အဟမ်း  ကနေ့ဟာအားလပ်ရက်ပဲ ဒါ့ကြောင့်ဆရာဝေချိုင် အေးအေးသက်သာနဲ့သာထိုင်ပါ
"

ဧကရီအရှင်မမှာအခြေအနေအားရိပ်မိသည်နှင့်နှစ်ဖက်မျက်နှာမပျက်ရစေရန်အချိန်မှီ၀င်ထိန်းလိုက်
သည်။

"ကောင်းပါပြီခင်ဗျာ"

ဝေချိုင် ဟမ့်ကနဲအသံပြုကာ ယွမ်ချီအားတစ်ချက်ကြည့်ရင်း သူထိုင်ရမည့်ထိုင်ခုံနေရာသို့လျှောက်သွား
လိုက်၏။ထိုင်ခုံမှာထိုင်လိုက်သည်နှင့်သူ့၏အေးစက်စက်အကြည့်များကလုံချန့်ထံသို့ရောက်သွားတော့
သည်။

ဝေချိုင့်မျက်နှာသို့ချိန်ကာလုံချန်လက်သီးကိုမြှောက်လိုက်သည်။ထို့နောက်သူ့၏လက်ခလယ်ကလက်သီး
ဆုပ်ထဲမှအပေါ်သို့တည့်တည့်မတ်မတ်ပင်ထောင်တက်လာ၏။ဝေချိုင့်မျက်နှာချက်ချင်းမည်းတက်လာ
ပြီးလုံချန်အားတစ်စစီဆွဲဆုတ်ပစ်ချင်သည့်အမူအရာများသူ့မျက်နှာတွင်ပေါ်လာသည်။

သူတို့နှစ်ယောက်အဖြစ်အပျက်ကိုဧကရီအရှင်မ မြင်လိုက်ပြီး ချက်ချင်းအော်ပြောလိုက်သည်။

"ပွဲတော်စတော့....."

ခေါင်းလောင်းသံချိုချိုလွင်လွင်လေးများထွက်လာပြီး အသင့်စောင့်နေသူများက မီးပုံများကိုတစ်ပြိုင်တည်း
မီးညှိလိုက်လျှင်ကွင်းပြင်ကျယ်ကြီးတစ်ခုလုံးမှာနေ့အလားလင်းထိန်သွားတော့သည်။ပြိုင်ပွဲစင်မြင့်ထက်
တွင်လည်းမီးပုံကြီးများအစီအရီပေါ်လာသည်။

Patriarch MK Aung

Continue Reading

You'll Also Like

151K 4.8K 32
"do i look like i give a shit if he's poseidons son?" water from the fountain splashed into her face, dripping from the dark ends of her hair "the f...
168K 5K 96
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
18.7K 739 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
157K 3.9K 55
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...