🌤️
နေပူကျဲတဲ ဟင်းလင်းပြင်ကြီးထဲ ပြောင်းချိုးရတဲ့ အလုပ်က ထင်သလောက် မလွယ်ကူနေပါ။
တစ်နေ့တာ လုပ်အားစိုက်ထားရတဲ့ နေ့စားခ ငါးထောင်ကျပ်လေး ရဖို့အရေး နဖူးကချွေးတွေ မြေခထားရ၏။ ၃သိန်းရဖို့အရေးကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။
အခွင့်ထူးခံ လူတန်းစားလေးတွေတော့ မဟုတ်ပေမယ့် ပင်ပန်းတာဆို ဘာမှမလုပ်ရတဲ့ လမင်းတို့ နှစ်ယောက်မှာ
အမေတွေဆီက အမွေရထားတဲ့ နို့နှစ်ရောင် အသားအရည်စိုစိုလေးတွေအပေါ် အနီကွက်တချို့နှင့် ချွေးစီးကြောင်း၊ ကုတ်ရာခြစ်ရာ ဗလပွ ကြဲလို့။
မောလွန်းလို့ ထမင်းစားနားချိန်မှာတောင် ထမင်းကောင်းကောင်းစားမဝင်တော့တဲ့အဖြစ်ပါ။ တစ်ရေးလောက် တဲထဲ အိပ်ပေမယ့် ကိုကြီး ဆိုင်ဟန်က နာရီဝက် သာ ပေးနားတာမို့
ကြာကြာအိပ်လို့ မရ။
တစ်နေကုန် ပြောင်းခင်းထဲ ပြောင်းချိုးလိုက်၊ ယားလို့ တစ်ယောက်တစ်လှည့် ကုတ်ခိုင်းလိုက်နှင့် နေလုံးကြီး ပျောက်ကွယ်သွားတဲ့ အထိ ပြောင်းခင်းထဲမှာ အနှီ ဖြူဖြူသေးသေးကောင်လေး နှစ်ယောက်က ကုန်းကုန်းကွကွနဲ့။
~~~~~
" ကလေး နှစ်ယောက် အလုပ်သိမ်းမယ် ! တဲ ဆီ ပြန်လာတော့ "
တဲ နားကနေ လှမ်းခေါ်သော ကိုကြီးဆိုင်ဟန်ကြောင့် ပြောင်းခင်းထဲက လမင်းတို့ နှစ်ယောက်မျက်နှာမှာ လမင်း ဆယ်စင်းလောက် ထိန်လင်း သွားရသလို။
ဒီလိုေပြာမဲ့ အသံကြားချင်နေတာ ကြာပြီ။ ဒီအချိန်ကို စောင့်နေတာ ကြာပြီ။ နေလုံးကြီး ခေါင်းပေါ်မှာ မရှိတော့တဲ့ အချိန်ကတည်းက အိမ်ပြန်ဖို့ တာဆူနေတာ။
တဲနားရောက်မှ ဟန်လျှမ်းက ဆောင်းထားတဲ့ ဝါးခမောက်ကြီး ချွတ်ကာ ယပ်ခပ်ရင်း အကိုဖြစ်သူကို မျက်စောင်းတထိုးထိုးနဲ့ ပွစိပွစိ ထိုင်ရွတ်တော့သည်။
"ကိုကြီး ခေါ်များခေါ်ပါ့မလား စောင့်နေတာ ဒီထပ်ကြာရင် ညီလေးတို့ ထမင်းချိုင်း ဆွဲပြီး ပြန်တော့မလို့ "
"နေ့စားခ မယူပဲ ပြန်တော့မလို့ပေါ့ ညီလေး တို့က!"
"နေ့စားခ က အိမ်ရောက်မှ တောင်းလည်း ဖြစ်တာပဲကို ..."
"ဘယ်လိုလည်း မနက်ဖြန်ရော လိုက်အုန်းမှာလား "
" ညီလေးကတော့ Noပါ../ ဟုတ် ..လိုက်မှာဗျ"
ပြိုင်တူဖြေလိုက်တာမှ ညီညာနေပါရော။ တစ်ယောက်တစ်ပေါက်။
"ဟို ...အိုက်လျှမ်း မလိုက်လည်း သား လိုက်မှာ ကိုကြီးဆိုင်ဟန်..."
" လက်တွေ နာနေပြီဆို အိုက်လမင်းသာ "
"ရတယ် လက်အိတ်ဝယ်မှာပေါ့ "
"လာ ...နှစ်ယောက်လုံး ကိုကြီးအနား လာထိုင်အုန်း..."
ကိုယ့်ညီက ဒီလို ပင်ပန်းတဲ့ဒဏ်ကို တစ်ရက်တည်းနဲ့တင် သိသွားပြီမို့ နောက်နောင် ပင်ပန်းတဲ့အလုပ်မျိုး ထပ်ပြီးလုပ်မယ်လို့ ပြောတော့မှာ မဟုတ်ပေမယ့်။ ဇွဲမလျော့သေးတာက ညီလေးထွန်းလမင်းသာ ။
ဒီကောင်လေး မုန့်ဖိုးလိုချင်လို့ လုပ်တာမှန်ပေမယ့် ငွေရဖို့ တစ်ခုတည်း အတွက်နဲ့ ပင်ပန်းတဲ့ အလုပ်ပေါ်မှာ ပျော်မွေ့သွားမှာမျိုး တစ်ကယ်မလိုချင်။ ဒါမျိုးဟာ သူလို လူနှင့်လည်း လုံးဝမလိုက်ဖက်တဲ့ အလုပ်မျိုး။ ဒီလို အရွယ်မှာ ဒီလို ပင်ပန်းတာမျိုးကို ရွေးချယ်ပြီး ငွေရှာတဲ့ နည်းလမ်းကို သဘောကျတာထပ်၊ ကိုယ့်ဘဝ အမြင့်ရောက်ဖို့ ရည်မှန်းချက် ဦးထိပ်ထားပြီး ပန်းတိုင်ကို လျှောက်လှမ်းရတာကိုသာ သဘောကျရမယ့် အရွယ်။
ကိုယ့်ညီလေး လို ချစ်ရ၊ခင်ရ၊ဂရုစိုက်ရတာမို့ ဒီကလေးလေး
ကိုလည်း ကိုယ့် ညီလေးနှင့် အတူတူ အမြင့်တစ်နေရာမှာ အောင်မြင်နေတာကိုယှဉ်တွဲပြီး မြင်ချင်လှ၏။ ထို့ကြောင့်.....
"ပင်ပန်းတယ် ညီလေးလမင်း ၊ မင်းတို့အရွယ်တွေက ပင်ပင်ပန်းပန်း အလုပ်လိုက်လုပ်ရမယ့် အရွယ် မဟုတ်ဘူး ။
ကိုကြီး ပြောတာ သဘောပေါက်လား။ ခွန်အားနဲ့ ငွေရှာနိုင်တာမှန်ပေမယ့် ပညာနဲ့ ငွေရှာတာက ပိုမကောင်းဘူးလား။
အခု ဒီငွေလေးရတာကို ပျော်တာတော့ဟုတ်ပြီ။ အမြဲတမ်းလုပ်နိုင်ပါ့မလား ၊ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်လို့ ထင်နေသလား ငါ့ညီလေးက .."
"သားက မုန့်ဖိုးလိုချင်ရုံပါ ကိုကြီးဆိုင်ဟန် သားဒီအလုပ်ကြီးကို အမြဲ မလုပ်နိုင်ပါဘူး"
" ဒါပေါ့ အမြဲတမ်းမလုပ်နိုင်သလို လုပ်လည်း မလုပ်ရဘူး။
မင်းတို့အရှေ့မှာရော၊အနောက်မှာပါ မိဘတွေရော ကိုကြီးရော ရှိတာမို့ မုန့်ဖိုး ဆိုတာ ပူစရာမလိုဘူး၊ ကိုကြီးညီလေးတွေ လုပ်ရမှာက စာကြိုးစားဖို့ပဲ ၊ ညီလေးတို့မှာ ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ် ရှိပြီးသားပဲ အဲ့တာကိုပဲ တစိုက်မက်မက် ကြိုးစား။ နှစ်ယောက်လုံးက ကိုကြီးညီလေးတွေပဲ အရင်းတွေ မရင်းတာတွေ မဆိုင်ဘူး။ မင်းတို့လိုတာ ဖြည့်ဆည်းပေးဖို့ ကိုကြီးတို့ရှိတယ်၊ တစ်နေကုန် နေပူကျဲတဲထဲ ပိုက်ဆံလေး နှစ်ပဲတစ်ပြားလောက်ရတာကို အပျော်ကြီးပျော်ပြီ အလုပ်ဘက် အားပါသွားတာမျိုး မလိုချင်ဘူး။
နောက်တစ်ခါ အလုပ်လုပ်မယ်လို့ တစ်ယောက်မှ မပြောရဘူး
လုပ်ချင်သပ ဆိုလည်း ဘွဲ့ရပြီးမှ ဒီစကားထပ်ပြော ကြားလား နှစ်ယောက်လုံး ...."
"ဟုတ် !!"
"သွား..ထော်လာဂျီပေါ်မှာ စောင့်! ကိုကြီး ပြောင်းထမ်းသမားတွေကို လုပ်အားခ ရှင်းပြီး လာခဲ့မယ် "
ကိုကြီးဆိုင်ဟန် လုပ်အားခသွားရှင်းနေတုန်း ထော်လာဂျီ မောင်းသူဘေး တစ်ဖက်ဆီမှာ ထိုင်ဖို့ နေရာတွေ ရှိတာမို့ အဲ့နေရာရအောင် လမင်းတို့ အရင်ဦး ထားလိုက်၏ ။
ဟန်လျှမ်းမှာ ပြောင်းခင်းကြီးကို တာ့တာတွေ fly kissတွေ ပေးကာ
*နောက် ဘယ်တော့မှ မလာတော့ဘူး ငါက ဆရာဝန် လုပ်မယ့် ကောင်ကွ *တဲ့ ။
လမင်းကလည်း ဘာထူးလည်း ...
ပေါတောတော ငပေါ သူငယ်ချင်းအနောက်က ဖော်လိုလိုက်တာပေါ့။
*ငါလည်း ကျောင်းဆရာ လုပ်မှာမို့ တာ့တာ*ပေါ့။
~~~~~
အိမ်ရောက်တာနဲ့ ရေတစ်ခွက် အရင်သောက်ပြီး အင်္ကျီတွေ ချွတ်ကာ ကျောမှာရော ရင်ဘတ် ၊လည်ပင်းနေရာတွေမှာ ပြောင်းခင်းထဲက အမှုန်တွေကြောင့် ယားလို့ကုတ်ထားတာမှန်သမျှ
အမေ့ကို ပြေး ပြရသေးတယ်။ ကုတ်လည်း ကုတ်ခိုင်းတာပေါ့။
လက်တွေမှာလည်း ပြောင်းဖူးကို ဆုတ်ကိုင်ပြီး ချိုးထားရတာမို့ ပေါက်ပြဲလို့။ အရည်ကြည်ဖု တချို့ကနုနုဖက်ဖက် လက်ဖဝါးလေးနဲ့မှ မလိုက်။
အမေကတော့ တစ်ကိုယ်လုံး နီတာရဲလေးဖြစ်နေတဲ့ လမင်းကို ကျောက်ပြင်အကြီးနှင့် ဆားဗူး ယူလာကာ အိမ်ရှေ့ဝရံတာမှာ အယားပြေအောင် ဆားနဲ့သနပ်ခါး သွေးရင်း လိမ်းပေးလေရဲ့။
အလုပ်လေး တစ်ရက် လိုက်သွားတာ အမေလည်း အငြိမ်မနေရပါဘူးနော်။ ရတဲ့ နေ့စားခ က ငါးထောင်တည်း။
လမင်း မှာ ဟိုနား ယား၊ ဒီနားကိုက်ခဲ- နာကျင်တယ် ဆိုတာနဲ့ပဲ ဆေးဖိုးက ပြောင်အုန်းမယ်။
"သာာသာလေး အယားပြေအောင် ခဏလိမ်းထား ပြီးမှ ရေချိုး ကြားလား "
"ဟုတ် အမေ "
"လုပ်ချင်သေးလား အလုပ် "
"ဟင့်အင်း သား အဲ့လိုအလုပ်မလုပ်တော့ဘူး ပင်ပန်းတယ်"
"အဲ့တာဆို စာကြိုးစား အလုပ်ဆိုတာ လုပ်ရရင် ပင်ပန်းတာချည်းပဲ ဆိုတာ မှန်ပေမယ့် ပင်ပန်းတာချင်း မတူဘူး သား...
ပညာတတ်လို့ နေရာတစ်ခုမှာ အလုပ်ရလို့ လုပ်ရတာ ပင်ပန်းတာနဲ့
ပညာ မတတ်လို့ နေပူထဲ အလုပ်လုပ်ပြီး ဝမ်းစာရှာရလို့ ပင်ပန်းတာနဲ့ အများကြီး ကွာတယ် "
" ဟုတ် စာကြိုးစားမှာပါ အမေရဲ့ သား ကျောင်းဆရာ ဖြစ်ချင်တယ်"
"ဖြစ်ရမှာပေါ့ အမေ့သားက ကျောင်းဆရာ အလုပ်နဲ့ သိပ်လိုက်တာ"
"ဟီးဟီး ..."
အမေ့ခါးကို ဖတ်ကာ ရယ်ပြနေတဲ့ လမင်းကို အမေကတော့
သနပ်ခါးနဲ့ ဆား ရောလူးပေးထားတဲ့ မျက်နှာကို တဖွဖွ နမ်းလို့။
ဟူး~~~ပင်ပန်းတာတောင် အမေ့ရင်ခွင်ထဲ ဝင်ပြီး ဖြေတာ ပြေသွားသလိုပဲ။
~~~~~~~
သင်္ကြန်ရောက်ဖို့ ၃ရက်အလို ....
ခြံထဲက သပြေပင်အောက်မှာ လမင်းနဲ့ ဟန်လျှမ်း ဒိုးဆက် ဆက်တိုင်း ဆော့နေတာဖြစ်၏။ အလုပ်လည်း တစ်ရက်သာ လုပ်ပြီး ထပ်မလိုက်တော့။ ကိုကြီး ဆိုင်ဟန်ကလည်း လဲချားမြို့ကို မြေဩဇာ သွားဝယ်ရင်း လမင်းတို့ နှစ်ယောက်ကိုပါ ခေါ်သွားကာ လိုချင်တာ မှန်သမျှ ဝယ်ပေး၏။ သင်္ကြန်အတွက် အဝတ်အစား၊ လိုတာမှန်သမျှ ဝယ်ပေးထားတာမို့ ဘာမှ မလိုတော့ သင်္ကြန်မှာ ပတ်ကဲဖို့သာ လိုတော့သည်။
"ဟျောင့် ! အိုက်လမင်းသာ မင်းမှာ 6ထွိုင်ကြီး ရှိနေတာမလား "
"ဟွန်း! ပြောပြစရာလား ဘာလို့ လိုက်မေးနေတာလဲ "
"မင်း အဲ့ ထွိုင်ကြီး ချလိုက်ရင် ငါရှုံးမှာပေါ့ ငါ့မှာ 6မှ မရှိတာ "
"မရှိရင် ရှုံးပေါ့ "
"နည်းနည်းပါးပါး ကိုယ့်သူငယ်ချင်း ချောချောလေးကို အရှုံးပေးမယ် မရှိဘူး "
ကြည့်~~~ရှုံးပွဲများလာတော့ အမောင် ဟန်လျှမ်းတို့က နှုတ်ခမ်းကြီး ထော်လာပြီ ။ ပွစိပွစိ ရွတ်လာပြီ ။
"တော်ပြီကွာ!မဆော့ချင်တော့ဘူး ဒါနဲ့လေ မင်း တစ်ခုခု မစားချင်ဘူးလား အိုက်လမင်းသာ "
"ဘာကျွေးမို့လည်း "
"ကျွေးစရာက သွားခိုးမှ ရမှာကွ ငါတို့အိမ်ရဲ့ ဟိုဘက်ခြံက ဒေါ်သန်းဦး တို့ ခြံအနောက်မှာလေ မာလကာပင် ရှိတာ သိတယ်မလား "
"အင်း သိတယ်လေ "
"သွားခိုးခူးရအောင် ဝယ်မယ်ဆိုလည်း မရောင်းဘူး ၊တောင်းစားလည်း မကျွေးဘူး အဲ့ဘွားတော်က အဲ့တော့ ခိုးစားမယ် "
"ဟမ်!ငါ မလုပ်ရဲပါဘူးကွာ ပြီးရင် အဲ့အန်တီရဲ့ ခွေးတွေက တအားဆိုးတာ "
"ခြံအပြင်ဘက် ရောက်နေတဲ့ ကိုင်းကနေ ခူးမှာပါကွာ လာ ..
ငါ တစ်ယောက်လုံး ရှိတယ် "
"အမေနဲ့ တီတီနု သိရင် ဆူမှာပေါ့ကွ "
"အဲ့တာကြောင့် မသိအောင် ခိုးခူးပါမယ်ဆို မင်းတအားရှည်တယ်
လာ ..ငါခူးမှာ"
~~~
နှစ်ယောက်သား ကုန်းကုန်းကွကွနဲ့ ခွေးရှိလား မရှိလား ခြံအပြင်ကနေ အခြေအနေ လှမ်းကြည့်ရသေးတယ်။
တွေ့ပါပြီ အမွှေးဝါဝါ ရုပ်ဆိုးဆိုးနဲ့ အိမ်ရှေ့ ဖိနပ်ချွတ်ရာ နေရာ၌ အိပ်နေတဲ့ ဂုတ်ကြားဆိုတဲ့ အကောင်။ ဂုတ်လေးမှာ ကွက်ပြီး မည်းနေတာကို။
ဟိုအဒေါ်ကြီးက အိမ်တံခါးသော့ခတ်ထားမို့ အိမ်မှာမရှိဘူးပဲ။
အိမ်နောက်ဘက်ခြံနားသို့ ရောက်အောင် မြန်မြန်သွားပြီး အပင်ကို ကြည့်လိုက်ရာ အပင်က အောက်ဘက်က ကိုင်းတွေကို ခုတ်ထားတာမို့ အထက်ကို ရှည်မျှောမျှောနဲ့ ထောင်တတ်သွား၏။
ထို့ကြောင့် အသီးတွေ ပြွတ်နေအောင် သီးပါသော်လည်း ခြံအပြင် အနောက်လမ်းဘက်ကို ထိုးထွက်နေတဲ့ အကိုင်းက လမင်းနဲ့ ဟန်လျှမ်း တို့လို အရပ်နဲ့ ဘယ်လိုမှ လှမ်းခူးလို့ မရနိုင်တဲ့ အနေအထား။
"အိုက်လျှမ်း ! မင်းဟာက ဟုတ်မှလည်း လုပ်ပါကွာ
အပင်က အမြင့်ကြီး ဒီဘက်ကို ထွက်နေတဲ့ ကိုင်းကို ဘယ်လို ဆွဲချမှာလည်း "
"ဝါးလုံးနဲ့ပေါ့ကွ ဟိုမှာတွေ့လား ဝါးလုံးတွေ ပုံထားတယ် "
ဒေါ်သန်းဦးသည် ခြံစည်းရိုး အဟောင်းများကို ခြံထောင့်၌ပုံထားတာမို့ ထို အထဲက သိပ်မကြီးသည့် ဝါးလုံးကို အိမ်ရှေ့က ဟိုခွေး မကြားအောင် ဖြည်းဖြည်းချင်း ဆွဲထုတ် ရ၏။
နှစ်ယောက်သား ဝါးကို ကိုင်ကာ ခြံအပြင်ဘက် ထွက်နေတဲ့ ကိုင်းအကြီးဆုံးကို ရွေးကာ ဝါးဖြင့် ညွှန့်ကျအောင် အရင် ဆွဲချရ၏။ လက်ကလေးနဲ့ မှီခါနီးမှ ဝါးနဲ့ လွတ်သွားလို့ ကိုင်းက အပေါ်ပြန်ေမြှာက်တတ်သွားလိုက် ။ မရမက ပြန်ဆွဲချလိုက်နဲ့
နှစ်ယောက်သား မာလကာသီး ခိုးစားမယ့် အမှုကို အားတတ်သရော ပြုလုပ်နေမိ၏။
"အေး ..အေးး နည်းနည်း အားထည့်လိုက် အိုက်လမင်းသာ
ရတော့မယ်! ရတော့မယ် "
အကိုင်းအစွန်အဖျားလေးက မာလကာအရွက်ကို လက်ချောင်းတွေနဲ့ ညှပ်ကာ ဆွဲယူနေတဲ့ စိုင်းဟန်လျှမ်း တို့များ
ကြိုးကြိုးစားစားလုပ်နေတာ ချွေးတောင် စို့လို့။
"အိစ့်!!!ရတော့မယ် ထပ်ဆွဲအုန်း ရတော့မယ် ရတော့မယ်
ရပြီ!!"
နောက်ဆုံး အကိုင်းနားက အရွက်တွေကို လှမ်းဆွဲမိတာကြောင့်
မာလကာပင် အကိုင်းဟာ ဟန်လျှမ်းလက်ထဲ ရောက်လာ၏။
သို့သော် အကိုင်းကို အမြင့်ကနေ ဆွဲချထားရတာမို့ တစ်ယောက်တည်း ဆွဲအားနဲ့ ဘယ်လိုမှ မရနိုင်။ လူပါ အပေါ်ကို မြှောက်တတ်သွားမှာ။
"အိုက်လမင်းသာ! မင်းပါ ဆွဲထားမှ ရမှာ လာဆွဲကူအုန်း "
"အေး အလုံးကြီးတာ ရွေးခူးနော် အိုက်လျှမ်း "
"အေ့ပါ သိပါတယ် ....."
မာလကာပင် ကိုင်းက နှစ်ယောက် ဆွဲထားတာတောင် တစ်ခါတစ်ခါ မြေကြီးနဲ့ ခြေထောက်တွေတောင် လွတ်တယ်။ ခိုစီးပြီး ဆွဲချလိုက် အလုံးကြီးတာကို ရွေးပြီး လှမ်းခူးလိုက် လုပ်နေရတာ မျောက်တွေကျနေတာပဲ။
တစ်ယောက်က ခူး၊တစ်ယောက်က အကိုင်းအစွန်ဖျားကနေ ခိုစီးပြီး အကိုင်းအပေါ် မြှောက်တတ်မသွားအောင် လုပ်နေရ၏ ။
သစ်ပင်ကို ခိုစီးသလို ဖြစ်နေတာကြောင့် သစ်ရွက်အသံ တွေကလည်း တရွှမ်းရွှမ်း တဖြန်းဖြန်းနဲ့။ မကြာပါဘူး.......
"ဂီး!!!ဝုတ် ဝုတ် ! ဝုတ် !..."
"အဲ....! အိုက်လျှမ်း! ခွေး ငါကြောက်တယ် အားးးး!"
ထွန်းလမင်းသာမှာ ခြံထဲက ဒေါသတကြီးဟောင်နေတဲ့ ခွေးကို မြင်တာနဲ့ ခိုစီးထားရတဲ့ မာလကာပင် အကိုင်းကြီးကို လွှတ်ချကာ
အနောက်လမ်းကြားအတိုင်း ခုန်ပေါက်ပြီး လစ်ပြေးတာမှ
တန်း~~~!!နေတာပဲ။ စိုင်းဟန်လျှမ်းမှာတော့ ကိုယ်ခန္ဓာအလေးချိန်ကြောင့် အပေါ်ထိ မြှောက်မတတ်သွားပေမယ့်
ဆွဲထားတဲ့ သစ်ကိုင်းပေါ်မှာ တန်းလန်းကြီး ။
"ဟာ!အိုက်လမင်းသာ ..တန်းလန်းကြီး ကျန်ခဲ့ပြီကွ
ငါ့ကို စောင့်အုန်း လို့ အီး...ဟီး ငါ တွဲလျောင်းကြီးလို့ ! "
တစ်ခု ကံကောင်းတာက ခြံစည်းရိုးက ဝါးခြမ်းအပြည့်နဲ့ကာထားတာမို့ ခွေးက ခြံထဲကနေ ဟိုပြေးဒီပြေးနဲ့ ဟောင်နေတာဖြစ်၏။
ဟန်လျှမ်းမှာ ကြံမရတဲ့ အဆုံး ဆွဲထားတဲ့ ကိုင်းကို လွှတ်ချပြီး ခုန်ဆင်းလိုက်ရာ မြေပြင်ပေါ်ကို ဖင်ထိုင်ရက်သားလေး။
ဖင်ညှောင့်ရိုးလေးကို အောင့်သွားလိုက်တာများ စူးခနဲပဲ။
ဖင်ညှောင့်ရိုးလေးကို ဖိကာ မြေကြီးပေါ်ကျနေတဲ့ မာလကာသီး ၃လုံးထဲက အကြီးဆုံး ၂လုံးကို ရွေးကောက်လာလိုက်သေးသည်။
ဖင်နာတာက နာတာပဲ! မာလကာသီး လာခိုးစားပါတယ်ဆို ဒီအတိုင်းပြန်စရာလား! ။
ဖင်ညှောင့်ရိုးလေးကို ဖိပြီး အရှေ့က အရင်ပြေးသွားတဲ့ သူငယ်ချင်းလေးအနောက် အရင်ပြေးလိုက်ရအုန်းမယ်။ ဘယ်အထိတောင် အော်ပြီး ပြေးနေပြီလည်း မသိဘူး။ တအား အားကိုးရတာပဲ ငါ့သူငယ်ချင်းလေးက ။
>>>><<<<<
-pont-00-
ZawGyi ...
ေနပူက်ဲတဲ ဟင္းလင္းျပင္ႀကီးထဲ ေျပာင္းခ်ိဳးရတဲ့ အလုပ္က ထင္သေလာက္ မလြယ္ကူေနပါ။
တစ္ေန႕တာ လုပ္အားစိုက္ထားရတဲ့ ေန႕စားခ ငါးေထာင္က်ပ္ေလး ရဖို႔အေရး နဖူးကေခြၽးေတြ ေျမခထားရတာ။ ၃သိန္းရဖို႔အေရးကေတာ့ ဘယ္လိုမွ မျဖစ္နိုင္ေတာ့ပါ။
အခြင့္ထူးခံ လူတန္းစားေလးေတြေတာ့ မဟုတ္ေပမယ့္ ပင္ပန္းတာဆို ဘာမွမလုပ္ရတဲ့ လမင္းတို႔ ႏွစ္ေယာက္မွာ
အေမေတြဆီက အေမြရထားတဲ့ နို႔ႏွစ္ေရာင္ အသားအရည္စိုစိုေလးေတြအေပၚ အနီကြက္တခ်ိဳ႕ႏွင့္ ေခြၽးစီးေၾကာင္း၊ ကုတ္ရာျခစ္ရာ ဗလပြ ႀကဲလို႔။
ေမာလြန္းလို႔ ထမင္းစားနားခ်ိန္မွာေတာင္ ထမင္းေကာင္းေကာင္းစားမဝင္ေတာ့တဲ့အျဖစ္ပါ။ တစ္ေရးေလာက္ တဲထဲ အိပ္ေပမယ့္ ကိုႀကီး ဆိုင္ဟန္က နာရီဝက္ သာ ေပးနားတာမို႔
ၾကာၾကာအိပ္လို႔ မရ။
တစ္ေနကုန္ ေျပာင္းခင္းထဲ ေျပာင္းခ်ိဳးလိုက္၊ ယားလို႔ တစ္ေယာက္တစ္လွည့္ ကုတ္ခိုင္းလိုက္ႏွင့္ ေနလုံးႀကီး ေပ်ာက္ကြယ္သြားတဲ့ အထိ ေျပာင္းခင္းထဲမွာ အႏွီ ျဖဴျဖဴေသးေသးေကာင္ေလး ႏွစ္ေယာက္က ကုန္းကုန္းကြကြနဲ႕။
~~~~~
" ကေလး ႏွစ္ေယာက္ အလုပ္သိမ္းမယ္ ! တဲ ဆီ ျပန္လာေတာ့ "
တဲ နားကေန လွမ္းေခၚေသာ ကိုႀကီးဆိုင္ဟန္ေၾကာင့္ ေျပာင္းခင္းထဲက လမင္းတို႔ ႏွစ္ေယာက္မ်က္ႏွာမွာ လမင္း ဆယ္စင္းေလာက္ ထိန္လင္း သြားရသလို။
ဒီလိုေပြာမဲ့ အသံၾကားခ်င္ေနတာ ၾကာၿပီ။ ဒီအခ်ိန္ကို ေစာင့္ေနတာ ၾကာၿပီ။ ေနလုံးႀကီး ေခါင္းေပၚမွာ မရွိေတာ့တဲ့ အခ်ိန္ကတည္းက အိမ္ျပန္ဖို႔ တာဆူေနတာ။
တဲနားေရာက္မွ ဟန္လွ်မ္းက ေဆာင္းထားတဲ့ ဝါးခေမာက္ႀကီး ခြၽတ္ကာ ယပ္ခပ္ရင္း အကိုျဖစ္သူကို မ်က္ေစာင္းတထိုးထိုးနဲ႕ ပြစိပြစိ ထိုင္႐ြတ္ေတာ့သည္။
"ကိုႀကီး ေခၚမ်ားေခၚပါ့မလား ေစာင့္ေနတာ ဒီထပ္ၾကာရင္ ညီေလးတို႔ ထမင္းခ်ိဳင္း ဆြဲၿပီး ျပန္ေတာ့မလို႔ "
"ေန႕စားခ မယူပဲ ျပန္ေတာ့မလို႔ေပါ့ ညီေလး တို႔က!"
"ေန႕စားခ က အိမ္ေရာက္မွ ေတာင္းလည္း ျဖစ္တာပဲကို ..."
"ဘယ္လိုလည္း မနက္ျဖန္ေရာ လိုက္အုန္းမွာလား "
" ညီေလးကေတာ့ Noပါ../ ဟုတ္ ..လိုက္မွာဗ်"
ၿပိဳင္တူေျဖလိုက္တာမွ ညီညာေနပါေရာ။ တစ္ေယာက္တစ္ေပါက္။
"ဟို ...အိုက္လွ်မ္း မလိုက္လည္း သား လိုက္မွာ ကိုႀကီးဆိုင္ဟန္..."
" လက္ေတြ နာေနၿပီဆို အိုက္လမင္းသာ "
"ရတယ္ လက္အိတ္ဝယ္မွာေပါ့ "
"လာ ...ႏွစ္ေယာက္လုံး ကိုႀကီးအနား လာထိုင္အုန္း..."
ကိုယ့္ညီက ဒီလို ပင္ပန္းတဲ့ဒဏ္ကို တစ္ရက္တည္းနဲ႕တင္ သိသြားၿပီမို႔ ေနာက္ေနာင္ ပင္ပန္းတဲ့အလုပ္မ်ိဳး ထပ္ၿပီးလုပ္မယ္လို႔ ေျပာေတာ့မွာ မဟုတ္ေပမယ့္။ ဇြဲမေလ်ာ့ေသးတာက ညီေလးထြန္းလမင္းသာ ။
ဒီေကာင္ေလး မုန႔္ဖိုးလိုခ်င္လို႔ လုပ္တာမွန္ေပမယ့္ ေငြရဖို႔ တစ္ခုတည္း အတြက္နဲ႕ ပင္ပန္းတဲ့ အလုပ္ေပၚမွာ ေပ်ာ္ေမြ႕သြားမွာမ်ိဳး တစ္ကယ္မလိုခ်င္။ ဒါမ်ိဳးဟာ သူလို လူႏွင့္လည္း လုံးဝမလိုက္ဖက္တဲ့ အလုပ္မ်ိဳး။ ဒီလို အ႐ြယ္မွာ ဒီလို ပင္ပန္းတာမ်ိဳးကို ေ႐ြးခ်ယ္ၿပီး ေငြရွာတဲ့ နည္းလမ္းကို သေဘာက်တာထပ္၊ ကိုယ့္ဘဝ အျမင့္ေရာက္ဖို႔ ရည္မွန္းခ်က္ ဦးထိပ္ထားၿပီး ပန္းတိုင္ကို ေလွ်ာက္လွမ္းရတာကိုသာ သေဘာက်ရမယ့္ အ႐ြယ္။
ကိုယ့္ညီေလး လို ခ်စ္ရ၊ခင္ရ၊ဂ႐ုစိုက္ရတာမို႔ ဒီကေလးေလး
ကိုလည္း ကိုယ့္ ညီေလးႏွင့္ အတူတူ အျမင့္တစ္ေနရာမွာ ေအာင္ျမင္ေနတာကိုယွဥ္တြဲၿပီး ျမင္ခ်င္လွ၏။ ထို႔ေၾကာင့္.....
"ပင္ပန္းတယ္ ညီေလးလမင္း ၊ မင္းတို႔အ႐ြယ္ေတြက ပင္ပင္ပန္းပန္း အလုပ္လိုက္လုပ္ရမယ့္ အ႐ြယ္ မဟုတ္ဘူး ။
ကိုႀကီး ေျပာတာ သေဘာေပါက္လား။ ခြန္အားနဲ႕ ေငြရွာနိုင္တာမွန္ေပမယ့္ ပညာနဲ႕ ေငြရွာတာက ပိုမေကာင္းဘူးလား။
အခု ဒီေငြေလးရတာကို ေပ်ာ္တာေတာ့ဟုတ္ၿပီ။ အၿမဲတမ္းလုပ္နိုင္ပါ့မလား ၊ကိုယ္နဲ႕ ကိုက္ညီတဲ့ အလုပ္လို႔ ထင္ေနသလား ငါ့ညီေလးက .."
"သားက မုန႔္ဖိုးလိုခ်င္႐ုံပါ ကိုႀကီးဆိုင္ဟန္ သားဒီအလုပ္ႀကီးကို အၿမဲ မလုပ္နိုင္ပါဘူး"
" ဒါေပါ့ အၿမဲတမ္းမလုပ္နိုင္သလို လုပ္လည္း မလုပ္ရဘူး။
မင္းတို႔အေရွ႕မွာေရာ၊အေနာက္မွာပါ မိဘေတြေရာ ကိုႀကီးေရာ ရွိတာမို႔ မုန႔္ဖိုး ဆိုတာ ပူစရာမလိုဘူး၊ ကိုႀကီးညီေလးေတြ လုပ္ရမွာက စာႀကိဳးစားဖို႔ပဲ ၊ ညီေလးတို႔မွာ ကိုယ့္ရည္မွန္းခ်က္နဲ႕ ကိုယ္ ရွိၿပီးသားပဲ အဲ့တာကိုပဲ တစိုက္မက္မက္ ႀကိဳးစား။ ႏွစ္ေယာက္လုံးက ကိုႀကီးညီေလးေတြပဲ အရင္းေတြ မရင္းတာေတြ မဆိုင္ဘူး။ မင္းတို႔လိုတာ ျဖည့္ဆည္းေပးဖို႔ ကိုႀကီးတို႔ရွိတယ္၊ တစ္ေနကုန္ ေနပူက်ဲတဲထဲ ပိုက္ဆံေလး ႏွစ္ပဲတစ္ျပားေလာက္ရတာကို အေပ်ာ္ႀကီးေပ်ာ္ၿပီ အလုပ္ဘက္ အားပါသြားတာမ်ိဳး မလိုခ်င္ဘူး။
ေနာက္တစ္ခါ အလုပ္လုပ္မယ္လို႔ တစ္ေယာက္မွ မေျပာရဘူး
လုပ္ခ်င္သပ ဆိုလည္း ဘြဲ႕ရၿပီးမွ ဒီစကားထပ္ေျပာ ၾကားလား ႏွစ္ေယာက္လုံး ...."
"ဟုတ္ !!"
"သြား..ေထာ္လာဂ်ီေပၚမွာ ေစာင့္ ကိုႀကီး ေျပာင္းထမ္းသမားေတြကို လုပ္အားခ ရွင္းၿပီး လာခဲ့မယ္ "
ကိုႀကီးဆိုင္ဟန္ လုပ္အားခသြားရွင္းေနတုန္း ေထာ္လာဂ်ီ ေမာင္းသူေဘး တစ္ဖက္ဆီမွာ ထိုင္ဖို႔ ေနရာေတြ ရွိတာမို႔ အဲ့ေနရာရေအာင္ လမင္းတို႔ အရင္ဦး ထားလိုက္၏ ။
ဟန္လွ်မ္းမွာ ေျပာင္းခင္းႀကီးကို တာ့တာေတြ fly kissေတြ ေပးကာ
*ေနာက္ ဘယ္ေတာ့မွ မလာေတာ့ဘူး ငါက ဆရာဝန္ လုပ္မယ့္ ေကာင္ကြ *တဲ့ ။
လမင္းကလည္း ဘာထူးလည္း ...
ေပါေတာေတာ ငေပါ သူငယ္ခ်င္းအေနာက္က ေဖာ္လိုလိုက္တာေပါ့။
*ငါလည္း ေက်ာင္းဆရာ လုပ္မွာမို႔ တာ့တာ*ေပါ့။
~~~~~
အိမ္ေရာက္တာနဲ႕ ေရတစ္ခြက္ အရင္ေသာက္ၿပီး အကၤ်ီေတြ ခြၽတ္ကာ ေက်ာမွာေရာ ရင္ဘတ္ ၊လည္ပင္းေနရာေတြမွာ ေျပာင္းခင္းထဲက အမႈန္ေတြေၾကာင့္ ယားလို႔ကုတ္ထားတာမွန္သမွ်
အေမ့ကို ေျပး ျပရေသးတယ္။ ကုတ္လည္း ကုတ္ခိုင္းတာေပါ့။
လက္ေတြမွာလည္း ေျပာင္းဖူးကို ဆုတ္ကိုင္ၿပီး ခ်ိဳးထားရတာမို႔ ေပါက္ၿပဲလို႔။ အရည္ၾကည္ဖု တခ်ိဳ႕ကႏုႏုဖက္ဖက္ လက္ဖဝါးေလးနဲ႕မွ မလိုက္။
အေမကေတာ့ တစ္ကိုယ္လုံး နီတာရဲေလးျဖစ္ေနတဲ့ လမင္းကို ေက်ာက္ျပင္အႀကီးႏွင့္ ဆားဗူး ယူလာကာ အိမ္ေရွ႕ဝရံတာမွာ အယားေျပေအာင္ ဆားနဲသနပ္ခါး ေသြးရင္း လိမ္းေပေလရဲ႕။
အလုပ္ေလး တစ္ရက္ လိုက္သြားတာ အေမလည္း အၿငိမ္မေနရပါဘူးေနာ္။ ရတဲ့ ေန႕စားခ က ငါးေထာင္တည္း။
လမင္း မွာ ဟိုနားယား၊ ဒီနားကိုက္ခဲ နာက်င္တယ္ ဆိုတာနဲ႕ပဲ ေဆးဖိုးက ေျပာင္အုန္းမယ္။
"သာာသာလေး အယားေျပေအာင္ ခဏလိမ္းထား ၿပီးမွ ေရခ်ိဳး ၾကားလား "
"ဟုတ္ အေမ "
"လုပ္ခ်င္ေသးလား အလုပ္ "
"ဟင့္အင္း သား အဲ့လိုအလုပ္မလုပ္ေတာ့ဘူး ပင္ပန္းတယ္"
"အဲ့တာဆို စာႀကိဳးစား အလုပ္ဆိုတာ လုပ္ရရင္ ပင္ပန္းတာခ်ည္းပဲ ဆိုတာ မွန္ေပမယ့္ ပင္ပန္းတာခ်င္း မတူဘူး သား...
ပညာတတ္လို႔ ေနရာတစ္ခုမွာ အလုပ္ရလို႔ လုပ္ရတာ ပင္ပန္းတာနဲ႕
ပညာ မတတ္လို႔ ေနပူထဲ အလုပ္လုပ္ၿပီး ဝမ္းစာရွာရလို႔ ပင္ပန္းတာနဲ႕ အမ်ားႀကီး ကြာတယ္ "
" ဟုတ္ စာႀကိဳးစားမွာပါ အေမရဲ႕ သား ေက်ာင္းဆရာ ျဖစ္ခ်င္တယ္"
"ျဖစ္ရမွာေပါ့ အေမ့သားက ေက်ာင္းဆရာ အလုပ္နဲ႕ သိပ္လိုက္တာ"
"ဟီးဟီး ..."
အေမ့ခါးကို ဖတ္ကာ ရယ္ျပေနတဲ့ လမင္းကို အေမကေတာ့
သနပ္ခါးနဲ႕ ဆား ေရာလူးေပးထားတဲ့ မ်က္ႏွာကို တဖြဖြ နမ္းလို႔။
ဟူး~~~ပင္ပန္းတာေတာင္ အေမ့ရင္ခြင္ထဲ ဝင္ၿပီး ေျဖတာ ေျပသြားသလိုပဲ။
~~~~~~~
သၾကၤန္ေရာက္ဖို႔ ၃ရက္အလို ....
ၿခံထဲက သေျပပင္ေအာက္မွာ လမင္းနဲ႕ ဟန္လွ်မ္း ဒိုးဆက္ ဆက္တိုင္း ေဆာ့ေနတာျဖစ္၏။ အလုပ္လည္း တစ္ရက္သာ လုပ္ၿပီး ထပ္မလိုက္ေတာ့။ ကိုႀကီး ဆိုင္ဟန္ကလည္း လဲခ်ားၿမိဳ႕ကို ေျမဩဇာ သြားဝယ္ရင္း လမင္းတို႔ ႏွစ္ေယာက္ကိုပါ ေခၚသြားကာ လိုခ်င္တာ မွန္သမွ် ဝယ္ေပး၏။ သၾကၤန္အတြက္ အဝတ္အစား၊ လိုတာမွန္သမွ် ဝယ္ေပးထားတာမို႔ ဘာမွ မလိုေတာ့ သၾကၤန္မွာ ပတ္ကဲဖို႔သာ လိုေတာ့သည္။
"ေဟ်ာင့္ ! အိုက္လမင္းသာ မင္းမွာ 6ထြိုင္ႀကီး ရွိေနတာမလား "
"ဟြန္း! ေျပာျပစရာလား ဘာလို႔ လိုက္ေမးေနတာလဲ "
"မင္း အဲ့ ထြိုင္ႀကီး ခ်လိဳက္ရင္ ငါရႈံးမွာေပါ့ ငါ့မွာ 6မွ မရွိတာ "
"မရွိရင္ ရႈံးေပါ့ "
"နည္းနည္းပါးပါး ကိုယ့္သူငယ္ခ်င္း ေခ်ာေခ်ာေလးကို အရႈံးေပးမယ္ မရွိဘူး "
ၾကည့္~~~ရႈံးပြဲမ်ားလာေတာ့ အေမာင္ ဟန္လွ်မ္းတို႔က ႏႈတ္ခမ္းႀကီး ေထာ္လာၿပီ ။ ပြစိပြစိ ႐ြတ္လာၿပီ ။
"မင္း တစ္ခုခု မစားခ်င္ဘူးလား အိုက္လမင္းသာ "
"ဘာေကြၽးမို႔လည္း "
"ေကြၽးစရာက သြားခိုးမွ ရမွာကြ ငါတို႔အိမ္ရဲ႕ ဟိုဘက္ၿခံက ေဒၚသန္းဦး တို႔ ၿခံအေနာက္မွာေလ မာလကာပင္ ရွိတာ သိတယ္မလား "
"အင္း သိတယ္ေလ "
"သြားခိုးခူးရေအာင္ ဝယ္မယ္ဆိုလည္း မေရာင္းဘူး ၊ေတာင္းစားလည္း မေကြၽးဘူး အဲ့ဘြားေတာ္က အဲ့ေတာ့ ခိုးစားမယ္ "
"ဟမ္!ငါ မလုပ္ရဲပါဘူးကြာ ၿပီးရင္ အဲ့အန္တီရဲ႕ ေခြးေတြက တအားဆိုးတာ "
"ၿခံအျပင္ဘက္ ေရာက္ေနတဲ့ ကိုင္းကေန ခူးမွာပါကြာ လာ ..
ငါ တစ္ေယာက္လုံး ရွိတယ္ "
"အေမနဲ႕ တီတီႏု သိရင္ ဆူမွာေပါ့ကြ "
"အဲ့တာေၾကာင့္ မသိေအာင္ ခိုးခူးပါမယ္ဆို မင္းတအားရွည္တယ္
လာ ..ငါခူးမွာ"
~~~
ႏွစ္ေယာက္သား ကုန္းကုန္းကြကြနဲ႕ ေခြးရွိလား မရွိလား ၿခံအျပင္ကေန အေျခအေန လွမ္းၾကည့္ရေသးတယ္။
ေတြ႕ပါၿပီ အေမႊးဝါဝါ ႐ုပ္ဆိုးဆိုးနဲ႕ အိမ္ေရွ႕ ဖိနပ္ခြၽတ္ရာ ေနရာ၌ အိပ္ေနတဲ့ ဂုတ္ၾကားဆိုတဲ့ အေကာင္။ ဂုတ္ေလးမွာ ကြက္ၿပီး မည္းေနတာကို။
ဟိုအေဒၚႀကီးက အိမ္တံခါးေသာ့ခတ္ထားမို႔ အိမ္မွာမရွိဘူးပဲ။
အိမ္ေနာက္ဘက္ၿခံနားသို႔ ေရာက္ေအာင္ ျမန္ျမန္သြားၿပီး အပင္ကို ၾကည့္လိုက္ရာ အပင္က ေအာက္ဘက္က ကိုင္းေတြကို ခုတ္ထားတာမို႔ အထက္ကို ရွည္ေမွ်ာေမွ်ာနဲ႕ ေထာင္တတ္သြား၏။
ထို႔ေၾကာင့္ အသီးေတြ ႁပြတ္ေနေအာင္ သီးပါေသာ္လည္း ၿခံအျပင္ အေနာက္လမ္းဘက္ကို ထိုးထြက္ေနတဲ့ အကိုင္းက လမင္းနဲ႕ ဟန္လွ်မ္း တို႔လို အရပ္နဲ႕ ဘယ္လိုမွ လွမ္းခူးလို႔ မရနိုင္တဲ့ အေနအထား။
"အိုက္လွ်မ္း ! မင္းဟာက ဟုတ္မွလည္း လုပ္ပါကြာ
အပင္က အျမင့္ႀကီး ဒီဘက္ကို ထြက္ေနတဲ့ ကိုင္းကို ဘယ္လို ဆြဲခ်မွာလည္း "
"ဝါးလုံးနဲ႕ေပါ့ကြ ဟိုမွာေတြ႕လား ဝါးလုံးေတြ ပုံထားတယ္ "
ေဒၚသန္းဦးသည္ ၿခံစည္းရိုး အေဟာင္းမ်ားကို ၿခံေထာင့္၌ပုံထားတာမို႔ ထို အထဲက သိပ္မႀကီးသည့္ ဝါးလုံးကို အိမ္ေရွ႕က ဟိုေခြး မၾကားေအာင္ ျဖည္းျဖည္းခ်င္း ဆြဲထုတ္ ရ၏။
ႏွစ္ေယာက္သား ဝါးကို ကိုင္ကာ ၿခံအျပင္ဘက္ ထြက္ေနတဲ့ ကိုင္းအႀကီးဆုံးကို ေ႐ြးကာ ဝါးျဖင့္ ၫႊန႔္က်ေအာင္ အရင္ ဆြဲခ်ရ၏။ လက္ကေလးနဲ႕ မွီခါနီးမွ ဝါးနဲ႕ လြတ္သြားလို႔ ကိုင္းက အေပၚျပန္ေမြှာက်တတ်သွားလိုက် ။ မရမက ျပန္ဆြဲခ်လိဳက္နဲ႕
ႏွစ္ေယာက္သား မာလကာသီး ခိုးစားမယ့္ အမႈကို အားတတ္သေရာ ျပဳလုပ္ေနမိ၏။
"ေအး ..ေအးး နည္းနည္း အားထည့္လိုက္ အိုက္လမင္းသာ
ရေတာ့မယ္ ရေတာ့မယ္ "
အကိုင္းအစြန္အဖ်ားေလးက မာလကာအ႐ြက္ကို လက္ေခ်ာင္းေတြနဲ႕ ညွပ္ကာ ဆြဲယူေနတဲ့ စိုင္းဟန္လွ်မ္း တို႔မ်ား
ႀကိဳးႀကိဳးစားစားလုပ္ေနတာ ေခြၽးေတာင္ စို႔လို႔။
"အိစ့္!!!ရေတာ့မယ္ ထပ္ဆြဲအုန္း ရေတာ့မယ္ ရေတာ့မယ္
ရၿပီ!!"
ေနာက္ဆုံး အကိုင္းနားက အ႐ြက္ေတြကို လွမ္းဆြဲမိတာေၾကာင့္
မာလကာပင္ အကိုင္းဟာ ဟန္လွ်မ္းလက္ထဲ ေရာက္လာ၏။
သို႔ေသာ္ အကိုင္းကို အျမင့္ကေန ဆြဲခ်ထားရတာမို႔ တစ္ေယာက္တည္း ဆြဲအားနဲ႕ ဘယ္လိုမွ မရနိုင္။ လူပါ အေပၚကို ျမႇောက္တတ္သြားမွာ။
"အိုက္လမင္းသာ! မင္းပါ ဆြဲထားမွ ရမွာ လာဆြဲကူအုန္း "
"ေအး အလုံးႀကီးတာ ေ႐ြးခူးေနာ္ အိုက္လွ်မ္း "
"ေအ့ပါ သိပါတယ္ ....."
မာလကာပင္ ကိုင္းက ႏွစ္ေယာက္ ဆြဲထားတာေတာင္ တစ္ခါတစ္ခါ ေျမႀကီးနဲ႕ ေျခေထာက္ေတြေတာင္ လြတ္တယ္။ ခိုစီးၿပီး ဆြဲခ်လိဳက္ အလုံးႀကီးတာကို ေ႐ြးၿပီး လွမ္းခူးလိုက္ လုပ္ေနတာ ေမ်ာက္ေတြက်ေနတာပဲ။
တစ္ေယာက္က ခူး၊တစ္ေယာက္က အကိုင္းအစြန္ဖ်ားကေန ခိုစီးၿပီး အကိုင္းအေပၚ ျမႇောက္တတ္မသြားေအာင္ လုပ္ေနရ၏ ။
သစ္ပင္ကို ခိုစီးသလို ျဖစ္ေနတာေၾကာင့္ သစ္႐ြက္အသံ ေတြကလည္း တ႐ႊမ္း႐ႊမ္း တျဖန္းျဖန္းနဲ႕။ မၾကာပါဘူး.......
"ဂီး!!!ဝုတ္ ဝုတ္ ! ဝုတ္ !..."
"အဲ.! အိုက္လွ်မ္း ေခြး ငါေၾကာက္တယ္ အားးးး!"
ထြန္းလမင္းသာမွာ ၿခံထဲက ေဒါသတႀကီးေဟာင္ေနတဲ့ ေခြးကို ျမင္တာနဲ႕ ခိုစီးထားရတဲ့ မာလကာပင္ အကိုင္းႀကီးကို လႊတ္ခ်ကာ
အေနာက္လမ္းၾကားအတိုင္း ခုန္ေပါက္ၿပီး လစ္ေျပးတာမွ
တန္း~~~!!ေနတာပဲ။ စိုင္းဟန္လွ်မ္းမွာေတာ့ ကိုယ္ခႏၶာအေလးခ်ိန္ေၾကာင့္ အေပၚထိ ျမႇောက္မတတ္သြားေပမယ့္
ဆြဲထားတဲ့ သစ္ကိုင္းေပၚမွာ တန္းလန္းႀကီး ။
"ဟာ!အိုက္လမင္းသာ ..တန္းလန္းႀကီး က်န္ခဲ့ၿပီကြ
ငါ့ကို ေစာင့္အုန္း လို႔ အီးဟီး ငါ တြဲေလ်ာင္းႀကီးလို႔ ! "
တစ္မ်ိဳး ကံေကာင္းတာက ၿခံစည္းရိုးက ဝါးျခမ္းအျပည့္နဲ႕ကာထားတာမို႔ ေခြးက ၿခံထဲကေန ဟိုေျပးဒီေျပးနဲ႕ ေဟာင္ေနတာျဖစ္၏။
ဟန္လွ်မ္းမွာ ႀကံမရတဲ့ အဆုံး ဆြဲထားတဲ့ ကိုင္းကို လႊတ္ခ်ၿပီး ခုန္ဆင္းလိုက္ရာ ေျမျပင္ေပၚကို ဖင္ထိုင္ရက္သားေလး။
ဖင္ေညွာင့္ရိုးေလးကို ေအာင့္သြားလိုက္တာမ်ား စူးခနဲပဲ။
ဖင္ေညွာင့္ရိုးေလးကို ဖိကာ ေျမႀကီးေပၚက်ေနတဲ့ မာလကာသီး ၃လုံးထဲက အႀကီးဆုံး ၂လုံးကို ေ႐ြးေကာက္လာလိုက္ေသးသည္။
ဖင္နာတာနာတာပဲ မာလကာသီး လာခိုးစားပါတယ္ဆို ဒီအတိုင္းျပန္စရာလား။ ဖင္ေညွာင့္ရိုးေလးကို ဖိၿပီး အေရွ႕က အရင္ေျပးသြားတဲ့ သေတာ္ေဆာ္ ေလးအေနာက္ အရင္ေျပးလိုက္ရအုန္းမယ္။ ဘယ္အထိေတာင္ ေအာ္ၿပီး ေျပးေနၿပီလည္း မသိဘူး။ တအား အားကိုးရတာပဲ ငါ့သူငယ္ခ်င္းေလးက ။
>>>><<<<<
-pont-00-