ချောက်ချားဖွယ်ရာဘော့စ်ကြီးကို...

De Swae_Nyoe

100K 13.9K 162

ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို... Mai multe

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
တယ်လီဂရုလေး ရရှိပါကြောင်း..
Part 9
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
တယ်လီပေးဂရုပြီး‌ဆုံးပါကြောင်း...
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
☘️သင်္ကြန်ပရိုမိုးရှင်း
Part 88
Part 89
Part 90
Part 91
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 92
Part 93
Part 94
Part 95
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 96
Part 97
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 10

1.6K 284 5
De Swae_Nyoe

Unicode

အပိုင်း (၁၀) ကလဲ့စား 

ကျန်းကျိရင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားသည်။ 

ခေါင်းနှင့်ကျလိုက်သောကြောင့် မူးဝေသွာကာ နောက်ဆုံး မြင်လိုက်သောအရာမှာ သူ့နားသို့ အုံလာသော ရွံစရာဇွန်ဘီများသာ ဖြစ်သည်။ သူသတိလစ်သွားပြီး အမှောင်ထုထဲသို့ နက်နက်ရှိုင်းရှိုင်းကျသွားတော့သည်။ 

ဤသည်မှာ လိရွှယ်ဖုန်း နောက်ဆုံးမြင်လိုက်ရသော မြင်ကွင်းလည်း ဖြစ်သည်။ 

သူ၏ နောက်ဆုံးထွက်ခွာသည့် အခိုက်အတန့်တွင် ရုတ်တရက် အနက်ရောင်မီးတောက်မီးလျှံတို့ အရှိန်တညီးညီးဖြင့် အကာအကွယ်တစ်ခု သဏ္ဍာန်ပေါ်ပေါက်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားမိပေ။ နောက်တစ်စက္ကန့်တွင် မီးတောက်တို့က ကောင်းကင်ထက်ထိ ထိုးတက်သွားကြပြီး ပေါက်ကွဲသွားကြကာ ဇွန်ဘီအုပ်ကြီးကို တစ်မုချင်းမဟုတ် ပြာကျသွားစေခဲ့သည်။ 

ဘာမှမရှိတော့သော ကွင်းပြင်ကျယ်တွင် အိပ်ပျော်နေသော လူငယ်လေးသာ ကျန်ခဲ့လေသည်။ ထို့အပြင် ထိုလူငယ်လေးကို ကြည့်နေသော တစ်စုံတစ်ယောက်လည်း ရှိနေသေးသည်။ ကြည့်ရသည်မှာ ယခုလေးတင်မှ ဖြတ်ခနဲ ပေါ်လာသော လူတစ်ယောက် ဖြစ်ပုံရသည်။ သူ၏ မျက်ဝန်းနက်နက်များက မေ့လဲနေသော လူငယ်လေးကို အပျော်လား ဒေါသလား မရေရာသော အကြည့်တို့ဖြင့် စူးစိုက်ကြည့်နေခဲ့သည်။ 

သူသည် ထိုလူငယ်လေးအနားသို့ တိတ်ဆိတ်စွာဖြင့် သတိထားနေဟန် တစ်လှမ်းချင်း လှမ်းသွားခဲ့ကာ လူငယ်လေး ရှေ့ရောက်ချိန်တွင် ခြေလှမ်းရပ်လိုက်သည်။ လူငယ်လေးကို ဝံ့ကြွားဂုဏ်ယူဟန်ဖြင့် ကြည့်လိုက်သည်။ အချိန်အကြာကြီး ကြည့်နေပြီးနောက် သူ၏ လက်ကို ဆန့်လိုက်ကာ လက်ချောင်းထိပ်များဖြင့် လူငယ်လေး၏ ညာဘက်ပါးပြင်ကို မထိရက်မကိုင်ရက်စွာ ထိတွေ့လိုက်သည်။ ထို့နောက် ဓာတ်လိုက်သွားသည့်အလား ဆတ်ခနဲ ပြန်ဖယ်လိုက်လေသည်။ 

ကောင်ငယ်လေးကို ထိလိုက်သော လက်ချောင်းထိပ်လေးများကို မျက်နှာရှေ့ထိ မြှောက်၍ သေချာဂရုတစိုက် ကြည့်လိုက်သည်။ ထို့နောက်တွင် စိတ်ကိုဆုံးဖြတ်လိုက်ပုံဖြင့် ခေါင်းတစ်ချက်ညိမ့်လိုက်ကာ ကောင်လေးကို နှောက်ယှက်မိသွားမှာ စိုးပုံဖြင့် ဒူးထောက်ထိုင်ချလိုက်ပြီး လက်မောင်းနှစ်ဖက်ကို အကျယ်ကြီးဖွင့်၍ အသာအယာပွေ့ဖက်လိုက်သည်။ 

ယင်ညန်သည် သူ့လက်မောင်းများကြားမှ ကောင်ငယ်လေးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ သူ၏ အကြည့်များက အလွန်တရာ ထိရှလွယ်သော နူးညံ့သည့် တိရစ္ဆာန်လေးများကဲ့သို့ နူးညံ့နေသည်။ ဤအခိုက်အတန့်ကိုသာ တစ်စုံတစ်ယောက် မြင်ပါလျှင် ဤ အေးချမ်းသော မျက်နှာထားနှင့် ကိုလူချောမှာ အလွန်တရာ ရက်စက် ဆိုးဝါးလှသော ကမ္ဘာပျက်ကပ်ကို ဖန်တီးခဲ့သူဟု မည်သူကမှ ထင်မှာမဟုတ်ပါချေ။ 

သူ၏ နှာတံရှည်ရှည်ဖြင့် လူငယ်လေး၏ ပါးပြင်နှစ်ဖက်ကို ခပ်ဖွဖွ ထိတွေ့ကာ နှုတ်ခမ်းတို့က လူငယ်လေး၏ နူးညံ့လှသော နှုတ်ခမ်းလှလှတစ်စုံဖြင့် နီးကပ်လုသည်အထိ တိုးကပ်လာသည်။ စက္ကန့်ပိုင်းလေး အတွင်းမှာပင် သူ၏ အမြင်အာရုံတို့က မှုန်မှိုင်းဝေးကွာသည်။ 

ထုံထိုင်းသွားသလို ခံစားချက်တစ်ခုကြောင့် ခေါင်းမော့၍ ကျန်းကျိရင်၏ လည်ပင်းကို အသာလေး ကိုက်လိုက်သည်။ နှစ်ယောက်သာ အချိန်အတော်ကြာအောင် လုံးထွေးနေကြပြီး နောက်ဆုံးတွင် ဘော့စ်တစ်ယောက် စိတ်ကျေနပ်သွားပြီထင်၍လား ဤနေရာက ဤသို့ ကြာကြာနေ၍ မကောင်းသော နေရာဖြစ်သည်ကို သတိပြုမိသွား၍လား မသိ သူ့လက်မောင်းများကြားမှ လူကို တိုက်ရိုက် မင်းသမီးလေးကို ပွေ့၍ ရှေ့သို့ တိုးလိုက်သည်။ 

ခြေလှမ်းသုံးလှမ်း လှမ်းပြီးနောက် နှစ်ယောက်သား ရှိနေရာ ကွင်းပြင်မှ တစ်ခါမှ မရှိခဲ့ဖူးသလို ပြိုင်တူ ပျောက်ကွယ်သွားလေတော့သည်။ 

<Tomorrow> ဂိမ်းထဲတွင် ကမ္ဘာပျက်ကပ်စတင်ပြီးနောက် ဒေါက်တာဝိုင်သည် သူ့ကိုယ်သူ ပြောင်းလဲသွားစေခဲ့သည်ဟု ဆိုကြသည်။ သူသည် အလုံးစုံသော စွမ်းရည်များကို ပြီးပြည့်စုံစွာ ပိုင်ဆိုင်ထားသည်ဟုလည်း ဆိုကြသည်။ 

သို့ဖြစ်ရာ နေရာရွှေ့ပြောင်းခြင်းစွမ်းရည်သည်လည်း ချွင်းချက်မဟုတ်တော့ချေ။ 

(T/ N : : ပြောချင်တာကကွာ ဂိမ်းထဲမှာတော့ သတ်မှတ်ထားတဲ့ စွမ်းရည်တွေ ရှိတယ်ဆိုပေမဲ့ ဒေါက်တာဝိုင်ကကျတော့ ကမ္ဘာပျက်ကပ်ကို သူဖန်တီးထားတာ စွမ်းရည်တွေကလည်း သူပဲ ဖန်တီးထားတာမျိုးဆိုတော့ သူ့မှာက ဂိမ်းက မထုတ်ပြန်ထားတဲ့ စွမ်းရည်တွေလည်း ရှိမှာပဲ အဲလိုမျိုး) 

ယင်ညန်သည် ကျန်းကျိရင်ကို လက်မောင်းကြားထဲ ပွေ့ချီထားရင်း စိမ်းလန်းစိုပြေသော တောင်ကြားဆီသို့ လာခဲ့သည်။ ကမ္ဘာပျက်ကပ်မတိုင်ခင်တွင် ဤနေရာသည် နိုင်ငံခြားခရီးသည်များကို ဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်နိုင်လောက်သည်။ 

ကျန်းကျိရင်သာ နိုးလာလျှင် ဤနေရာသည် ဂိမ်းထဲမှ နာမည်ကျော် နဂါးမျိုးတုံးချိုင့်ဝှမ်း ဖြစ်သည်ကို ချက်ချင်း သိလိုက်မည်ဖြစ်သည်။ ဤနေရာသည် များစွာသော စွမ်းရည်အမျိုးမျိုးနှင့် မွန်းစတားများ ရှိခြင်းကြောင့် နာမည်ကျော်ကြားသည့်အပြင် ကြီးမားသော နယ်မြေ၊ မွန်းစတားအရေအတွက်များမှုနှင့် သလင်းအမြုတေများ ပေါများမှုတို့ကြောင့်လည်း ကျော်ကြားသည်။ 

ဂိမ်းထဲတွင် ဤနေရာသည် အမြဲတမ်း ကစားသမား အဖွဲ့များစွာ(major guilds)က နေရာဦးထားလေ့ရှိသည်။ သို့သော် ကမ္ဘာပျက်ကပ် အစောပ်ိုင်းအဆင့်တွင် ဤနေရာကို လူအနည်းငယ်လောက်သာ လာကြသည်။ အကြောင်းမှာ ဤနေရာမှ မွန်းစတားများသည် လက်ရှိစွမ်းအားရှင်များ၏ အဆင့်ထက် သာလွန်သော စွမ်းအားများရှိကြသောကြောင့်နှင့် နယ်မြေထဲ နက်နက်ရှိုင်းရှိုင်းဝင်လေ မွန်းစတားများ၏ စွမ်းအားတို့က ကြီးလေ ဖြစ်သောကြောင့်တည်း။ 

သူသည် ချိုင့်ဝှမ်းတစ်လျှောက် လမ်းလျှောက်ဝင်သွားပြီး သူ၏ တည်ရှိမှုကို သိလာကြသော သတ္တဝါအပေါင်းတို့သည် အလိုလျှောက် ရှောင်ရှားသွားကြလေသည်။ ယင်ညန်သည် ကျန်းကျိရင်ကို ချိုင့်ဝှမ်းထဲမှ  အလုံခြုံဆုံးသော နေရာတွင် နေရာချထားပေးလိုက်သည်။ 

ဤဂူနားတွင် ဇွန်ဘီတစ်ချို့နှင့် သန္ဓေပြောင်းတိရစ္ဆာန်အချို့ရှိသည်။ ဤသည်မှာ နည်းနည်းမှ အံ့ဩစရာမဟုတ်ပေ။ အကြောင်းမှာ ဂိမ်းထဲတွင် ဤဂူသည် နဂါးမျိုးတုံးချိုင့်ဝှမ်း၏ ပြန်လည်ရှင်သန်မှတ်ဖြစ်သောကြောင့်ပင်။ 

ဤဂူမှ မီတာငါးဆယ်အတွင်းကို အန္တာရာယ်ကင်းဇုံအဖြစ် သတ်မှတ်ထားသည်။ သက်သေစာတမ်းများနှင့် တကွ ဂိမ်းဝဘ်ဆိုက်တွင် ဤနေရာသည် ဂိမ်းကမ္ဘာထဲတွင် အလုံခြုံဆုံးနေရာဖြစ်သည်ကို အသိအမှတ်ပြုထားသည်။

သူသည် ခေါင်းငုံ့၍ သတိလစ်နေသော လူသားကို တစ်လက်မမကျန် အသေးစိတ်လိုက်ကြည့်နေပြီး ကျန်းကျိရင်၏ လက်မောင်းနှင့် ပေါင်မှ ဒဏ်ရာများကို မြင်သွားခဲ့သည်။ သူသည် တစ်ကြိမ်တစ်ခါမှ ဒဏ်ရာမရဖူးသည့်အပြင် ဒဏ်ရာများကိုလည်း သိပ်မြင်ဖူးခြင်း မရှိပေ။ ထို့အပြင် သူသည် ဤသို့သော ဒဏ်ရာများက လူသားမျိုးနွယ်များအတွက် မည်သို့သော သက်ရောက်မှုမျိုး ဖြစ်စေမည်ကိုလည်း နားမလည်နိုင်ခဲ့ပေ။ ဤကိစ္စမျိုးနှင့် ပတ်သက်ပြီး သူ့တွင် ပုံသေထည့်ထားသော ဗဟုသုတများသာ ဖြစ်သည်။ ဒဏ်ရာနှင့်ပတ်သက်သည့် သူ၏ ပထမဦးဆုံးသော အတွေ့အကြုံမှာ လွန်ခဲ့သော ရက်ဆီမှ ကယ်တင်ခဲ့သော လူသားတစ်ယောက်ကို မြင်ထား၍ ဖြစ်သည်။ ထိုလူကို ကြည့်ရသည်မှာ နာကျင်နေခဲ့ပုံပေါ်လေသည်။ 

‘ဒါဆိုလျှင် သူ၏ ကျိရင်ကရော နာကျင်နေသည်လား’ 

ဤအတွေးကြောင့် လူသားတစ်ယောက်၏ စိတ်ခံစားချက်တို့ မည်သည့်အခါမှ မပေါ်လာဖူးသည့် မျက်ဝန်းနက်နက်များတွင် စိတ်ဓာတ်ကျမှု အရိပ်အယောင် ခပ်ပါးပါး ပေါ်လာသည်။ ယင်ညန်၏ လက်တစ်ဖက်မှ ပုလဲဖြူရောင် အလင်းတန်းတစ်ချက် ပေါ်ထွက်လာသည်။ သူ့လက်ကို ကျန်းကျိရင်၏ ဒဏ်ရာရနေသော ပေါင်ပေါ်သို့ ဖိအုပ်လိုက်၏။ 

ပေါက်ထွက်မတတ် ပြဲနေသော ဒဏ်ရာသည် မျက်လုံးဖြင့် မြင်နိုင်သည့်နှုန်းဖြင့် ပြန်ကောင်းလာလေကာ ယခင်အတိုင်း နူးညံ့ချောမွတ်တောက်ပနေလေတော့သည်။  ထို့နောက် သူ၏ လက်ကို ကျန်းကျိရင်၏ လက်မောင်းဆီသို့ ရွှေ့လိုက်သည်။ လက်တင်တော့မည့်အချိန်တွင် ယင်ညန် ရုတ်တရက် တွေဝေသွားသည်။ 

သူ၏ လက်မှ အဖြူရောင် အလင်းတန်းသည်လည်း ရုတ်ချည်း ပျောက်ကွယ်သွားသည်။ ကျန်းကျိရင်၏ အဝတ်တို့မှာ ဇွန်ဘီများ တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်းအစစ စုတ်ပြဲသွားသည်မှာ အချိန်ကြာပြီဖြစ်ကာ ခန္ဓာကိုယ်တစ်ခုလုံး သွေးတို့စိမ့်ထွက်နေသည့် ဒဏ်ရာများကို မျက်ဝါးထင်ထင် မြင်နေရသည်။ လက်မောင်းမှ သွေးသံရဲရဲ ဟပြဲဒဏ်ရာကြီးကတော့ အဆိုးဆုံးပါလေ။ 

ဤဒဏ်ရာသည် ပေါင်မှ ဒဏ်ရာထက်စာလျှင် အတော်လေးတော်သေးသည့် အနေအထားတွင် ရှိလေသည်။ ယင်ညန်၏ မျက်နှာထက်တွင် နောက်ထပ်တစ်ကြိမ် မထုံတတ်သေး အမူအယာတစ်ခု ထပ်၍ ပေါ်လာပြန်သည်။ မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း  ခေါင်းငုံ့၍ ဒဏ်ရာကို ညင်သာစွာ လျက်လိုက်သည်။ သူ၏ သူများနှင့်မတူ ကွဲပြားလှသော ဦးနှောက်ဒေတာဘေ့စ်မှ အသိပညာတို့က ရင်းနှီးကျွမ်းဝင်သော လူသားများက ဤသို့သော နည်းလမ်းမျိုးနှင့် အချင်းချင်း ကူညီဆက်ဆံကြသည်ဟု ပြောနေသည်။ 

ဤလျက်ခြင်းကုသနည်းက လူသားများတွင် အလုပ်ဖြစ်မဖြစ် မသိသော်လည်း ဘော့စ်အတွက်ကတော့ သေချာပေါက် အလုပ်ဖြစ်လေသည်။ ကျန်းကျိရင်၏ ဒဏ်ရာတို့သည် မြင်နိုင်သော နှုန်းဖြင့် ပြန်ကောင်းလာကြသည်။ ဤနည်းလမ်းကို အသုံးပြုလိုက်ခြင်းဖြင့် ယင်ညန်သည် သူ၏ ကိုယ်တွင်းရည်များက  ဒဏ်ရာကို ကုသနိုင်ကြောင်း သေချာသွားရသည်။ 

ကျန်းကျိရင်၏ မျက်တောင်ဖျားများ တဖျတ်ဖျတ် လှုပ်ရှားလာသည်။ ယင်ညန် ကျန်းကျိရင်ကို ငုံ့ကြည့်လိုက်ပြီး နောက်တစ်ကြိမ် နှုတ်ခမ်းထောင့်စွန်းသို့ နမ်းလိုက်လေသည်။ 

.................................... 

ကျန်းကျိရင် နိုးလာပြီး သူ့ကိုယ်သူ မရင်းနှီးသော ဂူတစ်ခုထဲတွင် ရောက်နေသည်ကို သိသွားသည်။ ယခုလေးတင် သူသည် အလွန်ထူးဆန်းသော အိပ်မက်တစ်ခု မက်ခဲ့သည်။ ဘောစ်က သူ့ကို နမ်းနေသည်ဟု အိပ်မက်မက်ခဲ့သည်။  

ကျန်းကျိရင် ထရပ်လိုက်သည်။ အနည်းငယ် နာကျင်နေသလို အားနည်းသလို ခံစားချက်မျိုးဖြင့် ကယိမ်းကယိုင်ဖြစ်နေခဲ့သည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကတော့ ပျောက်ကင်းနေပြီဖြစ်သည်ကို အဝတ်ပြဲတို့အောက်မှ မြင်တွေ့ခဲ့ရသည်။ 

ဤပစ္စည်းများကား တော်တော်ဆိုးဆိုး ပျက်စီးသွားလေပြီ။ 

ကြည့်ရသည်မှာ နောက်တစ်ကြိမ် ထပ်သေသွားပြီး ပြန်လည်ရှင်သန်မှတ် တစ်ခုသို့ ရောက်လာပုံရသည်။ 

‘နေပါဦး ဒီပြန်လည်ရှင်သန်မှတ်က ဘယ်နေရာကဟာလဲ’ 

ကျန်းကျိရင် ဂူထဲကို နှစ်ကြိမ်လောက်ပတ်ကြည့်လိုက်ပြီးနောက် တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။ သူအပြင်ထွက်၍ ဂူဝတွင် ရပ်လိုက်ရာ အပြင်ဘက်မှ လှပတောက်ပသော မြင်ကွင်းကို တွေ့လိုက်ရသည်။ သူ့မြင်ကွင်းထဲတွင် အမျိုးမျိုးသော သန္ဓေပြောင်းစွမ်းရည်များနှင့် တောက်ပနေသော သန္ဓေပြောင်းတိရစ္ဆာန်များ သူ့ကို အံကြိတ်ပြီး တဟီးဟီးနှင့် ကြည့်နေသည်ကို မြင်နေရသည်။ 

နှလုံးသားတစ်ခုလုံး မျက်ရည်ဖြိုင်ဖြိုင်ကျလာ... 

‘ဒီ ဒီဟာ နဂါးမျိုးတုံးချိုင့်ဝှမ်းကြီး ဒီနေရာက လယ်ဗယ် ငါးဆယ်ကနေ ခုနှစ်ဆယ် အတွင်း ကစားသမားတွေ အဆင့်တက်တဲ့ နေရာကြီးမလား ငါလေးက အခုမှ အများဆုံး လယ်ဗယ် ဆယ့်တစ် ဆယ့်နှစ်လောက်ပဲ ရှိသေးမှာလေ’ 

‘မဟုတ်မှ ငါတော့ ဒီနေရာမှာ မိနစ်တိုင်းဆက်တိုက်သေ experience ကြီးရတော့မှာလား’ 

‘နောက်ပြီး အဲဒီ လိရွှယ်ဖုန်း...’ 

ကျန်းကျိရင်၏ မျက်ဝန်းထဲတွင် ရှားရှားပါးပါး အနက်ရောင်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ 

သူအသက်ရှင်ခဲ့သော အသက်နှစ်ဆယ်ကျော်အတွင်းတွင် ကျန်းကျိရင်အတွက် တစ်စုံတစ်ခုကို အလွန်အလေးအနက် သုံးသပ်ထင်မြင်တာမျိုးမျာ အတော်လေး ရှားပါးလေသည်။ သို့သော် ဤတစ်ကြိမ်တွင် ဤကိစ္စကို ဒီအတိုင်း လုံးဝ ပြီးသွားလိုက်မှာ မဟုတ်ပေ။ 

တစ်နေ့တွင် အဲဒီကောင်အား သေချာပေါက် တန်ရာတန်ကြေး ပြန်တောင်းမည်။ 

သူဘာလုပ်သင့်သည်ကို မဆုံးဖြတ်နိုင်သေးခင် ကျန်းကျိရင် ရုတ်တရက် အိပ်ပျော်သွားသည်။ ရင်းနှီးနေသော ကုတင်ပေါ်တွင် နိုးထလာသည်ကို မြင်ပြီး ကျန်းကျိရင်တစ်ယောက် အချိန်စေ့သွား၍ ပြန်ရောက်လာကြောင်း သိလိုက်သည်။ 

နေ့လည်စာစားချိန်တွင် ကျန်းကျိရင် မနားနိုင်ဘဲ <Tomorrow>၏ တရားဝင်ဝဘ်ဆိုက်ကို ဖွင့်၍ ဂိမ်းအချက်အလက်များကို အကုန်လိုက်ဖတ်သည်။ ယခုတွင် သူရှိနေခဲ့သည်မှာ ဂိမ်း၏ အစောပိုင်းအဆင့်တွင်ဖြစ်သည်။ 

နှစ်တစ်ဝက်ကြာပြီးနောက် လူသားများ ဖွဲ့စည်းထားသော အခြေစိုက်စခန်းများအားလုံးသည် တဖြည်းဖြည်းချင်း ပို၍ များပြားလာကြကာ ကမ္ဘာပျက်ကပ်၏ နောက်ပိုင်းအဆင့်များကို တောင့်ခံရန် ပြင်ဆင်ကြတော့သည်။ နောက်ပိုင်း စွမ်းအားများ လုံလောက်သော ပမာဏတစ်ခုအထိ စုဆောင်းပြီးကြပြီးနောက်တွင် လူသားများဖွဲ့စည်းထားသော အခြေစိုက်စခန်း အဓိကအင်အားစုကြီးများ အချင်းချင်း ပြိုင်ဆိုင်လာကြမည်ဖြစ်ကာ အလွန်ကြီးမားသော အတွင်းရေး အဓိကရုဏ်းဖြစ်သွားပြီး လူသားများ အင်အားများစွာ လျော့ကျသွားလိမ့်မည်။ 

ဤကိစ္စပြီးနောက်ပိုင်းတွင် လူသားများ ပြန်၍ ငြိမ်းချမ်းရေးယူသည့် အဆင့်သို့ ရောက်သွားမည်ဖြစ်ပြီး မိုးတိမ်မဟာမိတ်တပ်ပေါင်းစု ကို တည်ထောင်လိုက်ကြမည်။ သို့သော် မဟာမိတ်အဖွဲ့အတွင်းတွင် ပဋိပက္ခများကတော့ ရှိနေဦးမည်ဖြစ်ပြီး မကြေလည်မှုများလည်း ရှိနေကြဦးမည် ဖြစ်သည်။ 

၎င်းအခြေအနေသည် ဇွန်ဘီတတိယလှိုင်းပေါ်လာပြီး ဒေါက်တာဝိုင်၏ စွမ်းအားတို့ အလွန်အမင်း အစွမ်းထက်လာချိန် မတိုင်ခင်ထိ ဖြစ်ပေမည်။ ကြီးမားလေးလံသော ဖိအားအောက်တွင် မိုးတိမ်မဟာမိတ်တပ်ပေါင်းစုသည် တဖြည်းဖြည်းဖြင့် စည်းလုံးလာကြပြီး လူသားမျိုးနွယ်မပပျောက်စေရေးအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လာမည်ဖြစ်သည်။ 

တရားဝင်ဝဘ်ဆိုက်တွင် လတ်တလော ရေပန်းစားနေသော ပြိုင်ပွဲတစ်ခု ရှိသည်။ ကျန်းကျိရင် လိုချင်သော အချက်အလက်များကို စစ်ဆေးနေစဉ်တွင် ဒေါက်တာဝိုင်အား ချောမွေ့စွာ မဲပေးခဲ့သည်။ ထို့နောက်တွင် မဲပေးသည် စာရင်းတွင် လိရွှယ်ဖုန်း၏ အဆင့်က နိမ့်မနေသည်ကို မြင်လိုက်သည်။ ထိုအကောင်သည် တကယ်ကို အဆင့်ရှစ် ချိတ်နေသည်။ 

ချက်ချင်းပင် ကျန်းကျိရင် ဒေါသထွက်လာပြီး စာဖိုင်တစ်ခုကို ဖွင့်၍ မြန်နိုင်သမျှ အမြန်နှုန်းဖြင့် ဆောင်းပါးတစ်ခု ရေးတော့သည်။ ထို့နောက် ထိုဆောင်းပါးကို ဂိမ်းဖိုရမ်တွင် တိုက်ရိုက် တင်ပစ်လိုက်သည်။ 

ခေါင်းစဉ်မှာ < NPC  လိရွှယ်ဖုန်း၏ ကြောင်သူတော် မျက်နှာကို ဖော်ထုတ်ခြင်း > ဖြစ်သည်။ ရေးထားသည်မှာ ပို့စ်တင်သူသည် hidden task တစ်ခုကို လက်ခံလိုက်မိပြီး လိရွှယ်ဖုန်း၏ အမှန်တရားကို သိခွင့်ရခဲ့သည်။ အနောက်ပိုင်းခရိုင် အခြေစိုက်စခန်း နံပါတ်တစ်မှ အစ်ကိုကြီးဆိုသည့် ပုဂ္ဂိုလ်သည် လုံးဝရှင်းထုတ်ခံလိုက်ပြီး လိရွှယ်ဖုန်းသည် အမြွှာစွမ်းရည်ကို လောဘတက်ကာ အဖွဲ့သားများကို လုပ်ကြံ၍ အရေးကြီး Itemကို တစ်ယောက်တည်း ယူသွားခဲ့သည်။ 

ထိုပို့စ်အောက်တွင် မှတ်ချက်ဝင်ရေးသူ အများအပြားရှိခဲ့သည်။ ပထမဆုံး သူတို့သည် ပို့စ်တင်သူအား ဇာတ်လမ်းအကြောင်းကို အသေးစိတ်ပြန်မေးကာ မည်သည့် task ကို လက်ခံခဲ့၍ ဤသို့ဇာတ်ကြောင်းမျိုး သိလာရသည်ကို မေးလာကြသည်။ အဘယ့်ကြောင့် ဂိမ်းမှ သတ်မှတ်ထားသော ဇာတ်ကြောင်းနှင့် သွေဖည်နေသည့် အကြောင်းကိုလည်း သိချင်ကြသည်။ 

လူတစ်ချို့ကတော့ ဤအကြောင်းကို လုပ်ကြံပြောဆိုနေသည်ဟု မထင်ကြပေ။ သူတို့သည် ထို task ကို မည်သို့ယူရမည်ဆိုသည်နှင့် ရမည့်ဆုကို မေးကြသည်။ 

<Tomorrow>၏ စီမံရေးရာဌာနမှ လူများသည် ထိုပို့စ်ကို မြင်လျှင် မြင်လိုက်ဖတ်လိုက်ရသည်ကို အလွန်အမင်း မယုံနိုင်ဖြစ်နေသလို မျက်နှာမျိုး ဖြစ်သွားကြသည်။ 

“ဒေတာတွေနဲ့ပတ်သက်ပြီး တစ်ခုခုတော့ မှားနေသလိုပဲနော် ဘယ်လိုလုပ်ပြီး အစီအစဉ်ချထားတာထက် စောပြီး ထွက်လာရတာတုန်း” 

ဤလေးလံလွန်းသည့် bug နှင့် ရင်ဆိုင်လိုက်ရချိန်တွင် အဖွဲ့မှူးသည် နှလုံးဝတွင် သာမန်မဟုတ်သော အလုံးကြီးတစ်လုံး ဆို့လာသလို ခံစားလိုက်ရသည်။ 

“နည်းပညာဌာနကို ချက်ချင်းသွားပြီး အခြေအနေကို ထိန်းဖို့လုပ်” 

သူတို့သည် ဇာတ်ကြောင်း tasks များကို တဖြည်းဖြည်းချင်း ပေါ်ထွက်လာမည့် သဲလွန်စများအလိုက် hidden tasks များ စီးရီးလိုက်ထည့်ရန် ဒီဇိုင်းရေးထားခဲ့သည်။ ကစားသမားများ လိရွှယ်ဖုန်းနှင့်ပတ်သတ်သည့် tasks များအားလုံး လုပ်ပြီးသွားမှသာ လိရွှယ်ဖုန်း၏ မျက်နှာအစစ်အမှန် ပေါ်ထွက်လာမည် ဖြစ်သည်။ ထို့နောက်တွင် ဂိမ်းမှ ကစားသမားများအား ဖြောင့်မှန်ပြီး သစ္စာရှိသော ကစားသမားတစ်ယောက်အနေနှင့် ဤသို့ ကြောင်သူတော်အဖွဲ့ခေါင်းဆောင်၏ လက်အောက်တွင် ဆက်၍ နေချင်သလားဟူ၍ မေးမည်ဖြစ်သည်။ 

ဤသည်မှာ ဂိမ်းမှ ချထားသော ဇာတ်ကွက်ပေတည်း။ ကစားသမားများသည် သူတို့၏ ပူးပေါင်းမှုအမှတ်များအရ မည်သည့် မဟာမိတ်အဖွဲ့နှင့်မဆို ပူးပေါင်းနိုင်ပြီး လိုချင်သည့် ရာထူးအမျိုးမျိုး ရနိုင်ကြသည်။ မဟာမိတ်အဖွဲ့၏ ခေါင်းဆာင်ဖြစ်ချင်လျှင်ပင် ဖြစ်နိုင်သေးကာ လူသားမျိုးနွယ်အောင်နိုင်ရေးအတွက် ဒေါက်တာဝိုင်အား ဦးဆောင်၍ တိုက်ခိုက်ရမည်ဖြစ်သည်။ 

နည်းပညာဌာနသည် သူတို့စစ်စတန်တွင် မည်သည့် ပြဿနာမှ မရှိကြောင်း အခိုင်အမာပြောခဲ့သည်။ ကြောင်သူတော်ဖော်ထုတ်ရေး task ကို မည်သူကမှ မရယူနိုင်သေးပေ။ ကျန်းကျိရင် ကတော့ ဤကိစ္စနှင့်ပတ်သက်ပြီး ဘာမှမသိတော့ပေ။ ထို့အပြင် သူ၏ အိမ်ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်သည့်အရာမှာ ဂိမ်းထဲသို့ ဝင်ခြင်းသာ ဖြစ်နေဆဲပင်။ 

ဂိမ်းထဲတွင် ဒေါက်တာဝိုင်သည် အချက်အလက်ဗီဒိုနားတွင်သာ မတုန်မလှုပ်ရပ်နေဆဲဖြစ်လေသည်။ ကျန်းကျိရင်၏ အတွေးတို့သည် ပန်းနုရောင်ကမ္ဘာထဲသို့ ထပ်မံ၍ ကျရောက်သွားရပြန်လေသည်။ 

သူသည် ရယ်မောလိုက်ပြီး “ကျိရင်”လေးကို ဘော့စ်နှင့် ထပ်လုမတတ် ကပ်သွားရန် အမိန့်ပေးလိုက်သည်။ မောက်စ်ကို ကျင်လည်စွာ ကိုင်၍ နေ့စဉ်လှုပ်ရှားမှု ခလုတ်များထဲမှ “ဖက်မည်” နှင့် “နမ်းမည်” ကို နှိပ်လိုက်သည်။ 

ဤတစ်ကြိမ်တွင် ရွေးချယ်လိုက်သော ထောင့်က အလွန်မှန်ကန်နေကာ တကယ်ကြီး ဝိုင်၏ မျက်နှာကို နမ်းမိခဲ့သည်။ ကျန်းကျိရင် ပြုံးသွားသည်။ 

“သိလား ကျွန်တော်လေ ဒီနေ့ ခင်များက ကျွန်တော့်ကို လာနမ်းတယ်ဆိုပြီး အိပ်မက်မက်ခဲ့တယ်ဗျ” 

........................................ 

Zawgyi

အပိုင္း (၁၀) ကလဲ့စား 

က်န္းက်ိရင္ ေျမျပင္ေပၚသို႔ ျပင္းထန္စြာ က်သြားသည္။ 

ေခါင္းႏွင့္က်လိဳက္ေသာေၾကာင့္ မူးေဝသြာကာ ေနာက္ဆုံး ျမင္လိုက္ေသာအရာမွာ သူ႕နားသို႔ အုံလာေသာ ႐ြံစရာဇြန္ဘီမ်ားသာ ျဖစ္သည္။ သူသတိလစ္သြားၿပီး အေမွာင္ထုထဲသို႔ နက္နက္ရွိုင္းရွိုင္းက်သြားေတာ့သည္။ 

ဤသည္မွာ လိ႐ႊယ္ဖုန္း ေနာက္ဆုံးျမင္လိုက္ရေသာ ျမင္ကြင္းလည္း ျဖစ္သည္။ 

သူ၏ ေနာက္ဆုံးထြက္ခြာသည့္ အခိုက္အတန႔္တြင္ ႐ုတ္တရက္ အနက္ေရာင္မီးေတာက္မီးလွ်ံတို႔ အရွိန္တညီးညီးျဖင့္ အကာအကြယ္တစ္ခု သ႑ာန္ေပၚေပါက္လာလိမ့္မည္ဟု လုံးဝ ထင္မွတ္မထားမိေပ။ ေနာက္တစ္စကၠန႔္တြင္ မီးေတာက္တို႔က ေကာင္းကင္ထက္ထိ ထိုးတက္သြားၾကၿပီး ေပါက္ကြဲသြားၾကကာ ဇြန္ဘီအုပ္ႀကီးကို တစ္မုခ်င္းမဟုတ္ ျပာက်သြားေစခဲ့သည္။ 

ဘာမွမရွိေတာ့ေသာ ကြင္းျပင္က်ယ္တြင္ အိပ္ေပ်ာ္ေနေသာ လူငယ္ေလးသာ က်န္ခဲ့ေလသည္။ ထို႔အျပင္ ထိုလူငယ္ေလးကို ၾကည့္ေနေသာ တစ္စုံတစ္ေယာက္လည္း ရွိေနေသးသည္။ ၾကည့္ရသည္မွာ ယခုေလးတင္မွ ျဖတ္ခနဲ ေပၚလာေသာ လူတစ္ေယာက္ ျဖစ္ပုံရသည္။ သူ၏ မ်က္ဝန္းနက္နက္မ်ားက ေမ့လဲေနေသာ လူငယ္ေလးကို အေပ်ာ္လား ေဒါသလား မေရရာေသာ အၾကည့္တို႔ျဖင့္ စူးစိုက္ၾကည့္ေနခဲ့သည္။ 

သူသည္ ထိုလူငယ္ေလးအနားသို႔ တိတ္ဆိတ္စြာျဖင့္ သတိထားေနဟန္ တစ္လွမ္းခ်င္း လွမ္းသြားခဲ့ကာ လူငယ္ေလး ေရွ႕ေရာက္ခ်ိန္တြင္ ေျခလွမ္းရပ္လိုက္သည္။ လူငယ္ေလးကို ဝံ့ႂကြားဂုဏ္ယူဟန္ျဖင့္ ၾကည့္လိုက္သည္။ အခ်ိန္အၾကာႀကီး ၾကည့္ေနၿပီးေနာက္ သူ၏ လက္ကို ဆန႔္လိုက္ကာ လက္ေခ်ာင္းထိပ္မ်ားျဖင့္ လူငယ္ေလး၏ ညာဘက္ပါးျပင္ကို မထိရက္မကိုင္ရက္စြာ ထိေတြ႕လိုက္သည္။ ထို႔ေနာက္ ဓာတ္လိုက္သြားသည့္အလား ဆတ္ခနဲ ျပန္ဖယ္လိုက္ေလသည္။ 

ေကာင္ငယ္ေလးကို ထိလိုက္ေသာ လက္ေခ်ာင္းထိပ္ေလးမ်ားကို မ်က္ႏွာေရွ႕ထိ ျမႇောက္၍ ေသခ်ာဂ႐ုတစိုက္ ၾကည့္လိုက္သည္။ ထို႔ေနာက္တြင္ စိတ္ကိုဆုံးျဖတ္လိုက္ပုံျဖင့္ ေခါင္းတစ္ခ်က္ညိမ့္လိုက္ကာ ေကာင္ေလးကို ေႏွာက္ယွက္မိသြားမွာ စိုးပုံျဖင့္ ဒူးေထာက္ထိုင္ခ်လိဳက္ၿပီး လက္ေမာင္းႏွစ္ဖက္ကို အက်ယ္ႀကီးဖြင့္၍ အသာအယာေပြ႕ဖက္လိုက္သည္။ 

ယင္ညန္သည္ သူ႕လက္ေမာင္းမ်ားၾကားမွ ေကာင္ငယ္ေလးကို တိတ္ဆိတ္စြာ ၾကည့္ေနခဲ့သည္။ သူ၏ အၾကည့္မ်ားက အလြန္တရာ ထိရွလြယ္ေသာ ႏူးညံ့သည့္ တိရစာၦန္ေလးမ်ားကဲ့သို႔ ႏူးညံ့ေနသည္။ ဤအခိုက္အတန႔္ကိုသာ တစ္စုံတစ္ေယာက္ ျမင္ပါလွ်င္ ဤ ေအးခ်မ္းေသာ မ်က္ႏွာထားႏွင့္ ကိုလူေခ်ာမွာ အလြန္တရာ ရက္စက္ ဆိုးဝါးလွေသာ ကမာၻပ်က္ကပ္ကို ဖန္တီးခဲ့သူဟု မည္သူကမွ ထင္မွာမဟုတ္ပါေခ်။ 

သူ၏ ႏွာတံရွည္ရွည္ျဖင့္ လူငယ္ေလး၏ ပါးျပင္ႏွစ္ဖက္ကို ခပ္ဖြဖြ ထိေတြ႕ကာ ႏႈတ္ခမ္းတို႔က လူငယ္ေလး၏ ႏူးညံ့လွေသာ ႏႈတ္ခမ္းလွလွတစ္စုံျဖင့္ နီးကပ္လုသည္အထိ တိုးကပ္လာသည္။ စကၠန႔္ပိုင္းေလး အတြင္းမွာပင္ သူ၏ အျမင္အာ႐ုံတို႔က မႈန္မွိုင္းေဝးကြာသည္။ 

ထုံထိုင္းသြားသလို ခံစားခ်က္တစ္ခုေၾကာင့္ ေခါင္းေမာ့၍ က်န္းက်ိရင္၏ လည္ပင္းကို အသာေလး ကိုက္လိုက္သည္။ ႏွစ္ေယာက္သာ အခ်ိန္အေတာ္ၾကာေအာင္ လုံးေထြးေနၾကၿပီး ေနာက္ဆုံးတြင္ ေဘာ့စ္တစ္ေယာက္ စိတ္ေက်နပ္သြားၿပီထင္၍လား ဤေနရာက ဤသို႔ ၾကာၾကာေန၍ မေကာင္းေသာ ေနရာျဖစ္သည္ကို သတိျပဳမိသြား၍လား မသိ သူ႕လက္ေမာင္းမ်ားၾကားမွ လူကို တိုက္ရိုက္ မင္းသမီးေလးကို ေပြ႕၍ ေရွ႕သို႔ တိုးလိုက္သည္။ 

ေျခလွမ္းသုံးလွမ္း လွမ္းၿပီးေနာက္ ႏွစ္ေယာက္သား ရွိေနရာ ကြင္းျပင္မွ တစ္ခါမွ မရွိခဲ့ဖူးသလို ၿပိဳင္တူ ေပ်ာက္ကြယ္သြားေလေတာ့သည္။ 

<Tomorrow> ဂိမ္းထဲတြင္ ကမာၻပ်က္ကပ္စတင္ၿပီးေနာက္ ေဒါက္တာဝိုင္သည္ သူ႕ကိုယ္သူ ေျပာင္းလဲသြားေစခဲ့သည္ဟု ဆိုၾကသည္။ သူသည္ အလုံးစုံေသာ စြမ္းရည္မ်ားကို ၿပီးျပည့္စုံစြာ ပိုင္ဆိုင္ထားသည္ဟုလည္း ဆိုၾကသည္။ 

သို႔ျဖစ္ရာ ေနရာေ႐ႊ႕ေျပာင္းျခင္းစြမ္းရည္သည္လည္း ခြၽင္းခ်က္မဟုတ္ေတာ့ေခ်။ 

(T/ N : : ေျပာခ်င္တာကကြာ ဂိမ္းထဲမွာေတာ့ သတ္မွတ္ထားတဲ့ စြမ္းရည္ေတြ ရွိတယ္ဆိုေပမဲ့ ေဒါက္တာဝိုင္ကက်ေတာ့ ကမာၻပ်က္ကပ္ကို သူဖန္တီးထားတာ စြမ္းရည္ေတြကလည္း သူပဲ ဖန္တီးထားတာမ်ိဳးဆိုေတာ့ သူ႕မွာက ဂိမ္းက မထုတ္ျပန္ထားတဲ့ စြမ္းရည္ေတြလည္း ရွိမွာပဲ အဲလိုမ်ိဳး) 

ယင္ညန္သည္ က်န္းက်ိရင္ကို လက္ေမာင္းၾကားထဲ ေပြ႕ခ်ီထားရင္း စိမ္းလန္းစိုေျပေသာ ေတာင္ၾကားဆီသို႔ လာခဲ့သည္။ ကမာၻပ်က္ကပ္မတိုင္ခင္တြင္ ဤေနရာသည္ နိုင္ငံျခားခရီးသည္မ်ားကို ဆြဲေဆာင္ရာ ေနရာတစ္ခု ျဖစ္နိုင္ေလာက္သည္။ 

က်န္းက်ိရင္သာ နိုးလာလွ်င္ ဤေနရာသည္ ဂိမ္းထဲမွ နာမည္ေက်ာ္ နဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္း ျဖစ္သည္ကို ခ်က္ခ်င္း သိလိုက္မည္ျဖစ္သည္။ ဤေနရာသည္ မ်ားစြာေသာ စြမ္းရည္အမ်ိဳးမ်ိဳးႏွင့္ မြန္းစတားမ်ား ရွိျခင္းေၾကာင့္ နာမည္ေက်ာ္ၾကားသည့္အျပင္ ႀကီးမားေသာ နယ္ေျမ၊ မြန္းစတားအေရအတြက္မ်ားမႈႏွင့္ သလင္းအျမဳေတမ်ား ေပါမ်ားမႈတို႔ေၾကာင့္လည္း ေက်ာ္ၾကားသည္။ 

ဂိမ္းထဲတြင္ ဤေနရာသည္ အၿမဲတမ္း ကစားသမား အဖြဲ႕မ်ားစြာ(major guilds)က ေနရာဦးထားေလ့ရွိသည္။ သို႔ေသာ္ ကမာၻပ်က္ကပ္ အေစာပ္ိုင္းအဆင့္တြင္ ဤေနရာကို လူအနည္းငယ္ေလာက္သာ လာၾကသည္။ အေၾကာင္းမွာ ဤေနရာမွ မြန္းစတားမ်ားသည္ လက္ရွိစြမ္းအားရွင္မ်ား၏ အဆင့္ထက္ သာလြန္ေသာ စြမ္းအားမ်ားရွိၾကေသာေၾကာင့္ႏွင့္ နယ္ေျမထဲ နက္နက္ရွိုင္းရွိုင္းဝင္ေလ မြန္းစတားမ်ား၏ စြမ္းအားတို႔က ႀကီးေလ ျဖစ္ေသာေၾကာင့္တည္း။ 

သူသည္ ခ်ိဳင့္ဝွမ္းတစ္ေလွ်ာက္ လမ္းေလွ်ာက္ဝင္သြားၿပီး သူ၏ တည္ရွိမႈကို သိလာၾကေသာ သတၱဝါအေပါင္းတို႔သည္ အလိုေလွ်ာက္ ေရွာင္ရွားသြားၾကေလသည္။ ယင္ညန္သည္ က်န္းက်ိရင္ကို ခ်ိဳင့္ဝွမ္းထဲမွ  အလုံၿခဳံဆုံးေသာ ေနရာတြင္ ေနရာခ်ထားေပးလိုက္သည္။ 

ဤဂူနားတြင္ ဇြန္ဘီတစ္ခ်ိဳ႕ႏွင့္ သေႏၶေျပာင္းတိရစာၦန္အခ်ိဳ႕ရွိသည္။ ဤသည္မွာ နည္းနည္းမွ အံ့ဩစရာမဟုတ္ေပ။ အေၾကာင္းမွာ ဂိမ္းထဲတြင္ ဤဂူသည္ နဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္း၏ ျပန္လည္ရွင္သန္မွတ္ျဖစ္ေသာေၾကာင့္ပင္။ 

ဤဂူမွ မီတာငါးဆယ္အတြင္းကို အႏၲာရာယ္ကင္းဇုံအျဖစ္ သတ္မွတ္ထားသည္။ သက္ေသစာတမ္းမ်ားႏွင့္ တကြ ဂိမ္းဝဘ္ဆိုက္တြင္ ဤေနရာသည္ ဂိမ္းကမာၻထဲတြင္ အလုံၿခဳံဆုံးေနရာျဖစ္သည္ကို အသိအမွတ္ျပဳထားသည္။

သူသည္ ေခါင္းငုံ႕၍ သတိလစ္ေနေသာ လူသားကို တစ္လက္မမက်န္ အေသးစိတ္လိုက္ၾကည့္ေနၿပီး က်န္းက်ိရင္၏ လက္ေမာင္းႏွင့္ ေပါင္မွ ဒဏ္ရာမ်ားကို ျမင္သြားခဲ့သည္။ သူသည္ တစ္ႀကိမ္တစ္ခါမွ ဒဏ္ရာမရဖူးသည့္အျပင္ ဒဏ္ရာမ်ားကိုလည္း သိပ္ျမင္ဖူးျခင္း မရွိေပ။ ထို႔အျပင္ သူသည္ ဤသို႔ေသာ ဒဏ္ရာမ်ားက လူသားမ်ိဳးႏြယ္မ်ားအတြက္ မည္သို႔ေသာ သက္ေရာက္မႈမ်ိဳး ျဖစ္ေစမည္ကိုလည္း နားမလည္နိုင္ခဲ့ေပ။ ဤကိစၥမ်ိဳးႏွင့္ ပတ္သက္ၿပီး သူ႕တြင္ ပုံေသထည့္ထားေသာ ဗဟုသုတမ်ားသာ ျဖစ္သည္။ ဒဏ္ရာႏွင့္ပတ္သက္သည့္ သူ၏ ပထမဦးဆုံးေသာ အေတြ႕အႀကဳံမွာ လြန္ခဲ့ေသာ ရက္ဆီမွ ကယ္တင္ခဲ့ေသာ လူသားတစ္ေယာက္ကို ျမင္ထား၍ ျဖစ္သည္။ ထိုလူကို ၾကည့္ရသည္မွာ နာက်င္ေနခဲ့ပုံေပၚေလသည္။ 

‘ဒါဆိုလွ်င္ သူ၏ က်ိရင္ကေရာ နာက်င္ေနသည္လား’ 

ဤအေတြးေၾကာင့္ လူသားတစ္ေယာက္၏ စိတ္ခံစားခ်က္တို႔ မည္သည့္အခါမွ မေပၚလာဖူးသည့္ မ်က္ဝန္းနက္နက္မ်ားတြင္ စိတ္ဓာတ္က်မႈ အရိပ္အေယာင္ ခပ္ပါးပါး ေပၚလာသည္။ ယင္ညန္၏ လက္တစ္ဖက္မွ ပုလဲျဖဴေရာင္ အလင္းတန္းတစ္ခ်က္ ေပၚထြက္လာသည္။ သူ႕လက္ကို က်န္းက်ိရင္၏ ဒဏ္ရာရေနေသာ ေပါင္ေပၚသို႔ ဖိအုပ္လိုက္၏။ 

ေပါက္ထြက္မတတ္ ၿပဲေနေသာ ဒဏ္ရာသည္ မ်က္လုံးျဖင့္ ျမင္နိုင္သည့္ႏႈန္းျဖင့္ ျပန္ေကာင္းလာေလကာ ယခင္အတိုင္း ႏူးညံ့ေခ်ာမြတ္ေတာက္ပေနေလေတာ့သည္။  ထို႔ေနာက္ သူ၏ လက္ကို က်န္းက်ိရင္၏ လက္ေမာင္းဆီသို႔ ေ႐ႊ႕လိုက္သည္။ လက္တင္ေတာ့မည့္အခ်ိန္တြင္ ယင္ညန္ ႐ုတ္တရက္ ေတြေဝသြားသည္။ 

သူ၏ လက္မွ အျဖဴေရာင္ အလင္းတန္းသည္လည္း ႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြားသည္။ က်န္းက်ိရင္၏ အဝတ္တို႔မွာ ဇြန္ဘီမ်ား တိုက္ခိုက္မႈေၾကာင့္ အပိုင္းပိုင္းအစစ စုတ္ၿပဲသြားသည္မွာ အခ်ိန္ၾကာၿပီျဖစ္ကာ ခႏၶာကိုယ္တစ္ခုလုံး ေသြးတို႔စိမ့္ထြက္ေနသည့္ ဒဏ္ရာမ်ားကို မ်က္ဝါးထင္ထင္ ျမင္ေနရသည္။ လက္ေမာင္းမွ ေသြးသံရဲရဲ ဟၿပဲဒဏ္ရာႀကီးကေတာ့ အဆိုးဆုံးပါေလ။ 

ဤဒဏ္ရာသည္ ေပါင္မွ ဒဏ္ရာထက္စာလွ်င္ အေတာ္ေလးေတာ္ေသးသည့္ အေနအထားတြင္ ရွိေလသည္။ ယင္ညန္၏ မ်က္ႏွာထက္တြင္ ေနာက္ထပ္တစ္ႀကိမ္ မထုံတတ္ေသး အမူအယာတစ္ခု ထပ္၍ ေပၚလာျပန္သည္။ မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္ရင္း  ေခါင္းငုံ႕၍ ဒဏ္ရာကို ညင္သာစြာ လ်က္လိုက္သည္။ သူ၏ သူမ်ားႏွင့္မတူ ကြဲျပားလွေသာ ဦးေႏွာက္ေဒတာေဘ့စ္မွ အသိပညာတို႔က ရင္းႏွီးကြၽမ္းဝင္ေသာ လူသားမ်ားက ဤသို႔ေသာ နည္းလမ္းမ်ိဳးႏွင့္ အခ်င္းခ်င္း ကူညီဆက္ဆံၾကသည္ဟု ေျပာေနသည္။ 

ဤလ်က္ျခင္းကုသနည္းက လူသားမ်ားတြင္ အလုပ္ျဖစ္မျဖစ္ မသိေသာ္လည္း ေဘာ့စ္အတြက္ကေတာ့ ေသခ်ာေပါက္ အလုပ္ျဖစ္ေလသည္။ က်န္းက်ိရင္၏ ဒဏ္ရာတို႔သည္ ျမင္နိုင္ေသာ ႏႈန္းျဖင့္ ျပန္ေကာင္းလာၾကသည္။ ဤနည္းလမ္းကို အသုံးျပဳလိုက္ျခင္းျဖင့္ ယင္ညန္သည္ သူ၏ ကိုယ္တြင္းရည္မ်ားက  ဒဏ္ရာကို ကုသနိုင္ေၾကာင္း ေသခ်ာသြားရသည္။ 

က်န္းက်ိရင္၏ မ်က္ေတာင္ဖ်ားမ်ား တဖ်တ္ဖ်တ္ လႈပ္ရွားလာသည္။ ယင္ညန္ က်န္းက်ိရင္ကို ငုံ႕ၾကည့္လိုက္ၿပီး ေနာက္တစ္ႀကိမ္ ႏႈတ္ခမ္းေထာင့္စြန္းသို႔ နမ္းလိုက္ေလသည္။ 

.................................... 

က်န္းက်ိရင္ နိုးလာၿပီး သူ႕ကိုယ္သူ မရင္းႏွီးေသာ ဂူတစ္ခုထဲတြင္ ေရာက္ေနသည္ကို သိသြားသည္။ ယခုေလးတင္ သူသည္ အလြန္ထူးဆန္းေသာ အိပ္မက္တစ္ခု မက္ခဲ့သည္။ ေဘာစ္က သူ႕ကို နမ္းေနသည္ဟု အိပ္မက္မက္ခဲ့သည္။  

က်န္းက်ိရင္ ထရပ္လိုက္သည္။ အနည္းငယ္ နာက်င္ေနသလို အားနည္းသလို ခံစားခ်က္မ်ိဳးျဖင့္ ကယိမ္းကယိုင္ျဖစ္ေနခဲ့သည္။ သို႔ေသာ္ သူ႕ခႏၶာကိုယ္ေပၚမွ ဒဏ္ရာမ်ားကေတာ့ ေပ်ာက္ကင္းေနၿပီျဖစ္သည္ကို အဝတ္ၿပဲတို႔ေအာက္မွ ျမင္ေတြ႕ခဲ့ရသည္။ 

ဤပစၥည္းမ်ားကား ေတာ္ေတာ္ဆိုးဆိုး ပ်က္စီးသြားေလၿပီ။ 

ၾကည့္ရသည္မွာ ေနာက္တစ္ႀကိမ္ ထပ္ေသသြားၿပီး ျပန္လည္ရွင္သန္မွတ္ တစ္ခုသို႔ ေရာက္လာပုံရသည္။ 

‘ေနပါဦး ဒီျပန္လည္ရွင္သန္မွတ္က ဘယ္ေနရာကဟာလဲ’ 

က်န္းက်ိရင္ ဂူထဲကို ႏွစ္ႀကိမ္ေလာက္ပတ္ၾကည့္လိုက္ၿပီးေနာက္ တစ္ခုခု မွားေနသလို ခံစားလိုက္ရသည္။ သူအျပင္ထြက္၍ ဂူဝတြင္ ရပ္လိုက္ရာ အျပင္ဘက္မွ လွပေတာက္ပေသာ ျမင္ကြင္းကို ေတြ႕လိုက္ရသည္။ သူ႕ျမင္ကြင္းထဲတြင္ အမ်ိဳးမ်ိဳးေသာ သေႏၶေျပာင္းစြမ္းရည္မ်ားႏွင့္ ေတာက္ပေနေသာ သေႏၶေျပာင္းတိရစာၦန္မ်ား သူ႕ကို အံႀကိတ္ၿပီး တဟီးဟီးႏွင့္ ၾကည့္ေနသည္ကို ျမင္ေနရသည္။ 

ႏွလုံးသားတစ္ခုလုံး မ်က္ရည္ၿဖိဳင္ၿဖိဳင္က်လာ... 

‘ဒီ ဒီဟာ နဂါးမ်ိဳးတုံးခ်ိဳင့္ဝွမ္းႀကီး ဒီေနရာက လယ္ဗယ္ ငါးဆယ္ကေန ခုႏွစ္ဆယ္ အတြင္း ကစားသမားေတြ အဆင့္တက္တဲ့ ေနရာႀကီးမလား ငါေလးက အခုမွ အမ်ားဆုံး လယ္ဗယ္ ဆယ့္တစ္ ဆယ့္ႏွစ္ေလာက္ပဲ ရွိေသးမွာေလ’ 

‘မဟုတ္မွ ငါေတာ့ ဒီေနရာမွာ မိနစ္တိုင္းဆက္တိုက္ေသ experience ႀကီးရေတာ့မွာလား’ 

‘ေနာက္ၿပီး အဲဒီ လိ႐ႊယ္ဖုန္း...’ 

က်န္းက်ိရင္၏ မ်က္ဝန္းထဲတြင္ ရွားရွားပါးပါး အနက္ေရာင္အလင္းတစ္ခု ျဖတ္ေျပးသြားသည္။ 

သူအသက္ရွင္ခဲ့ေသာ အသက္ႏွစ္ဆယ္ေက်ာ္အတြင္းတြင္ က်န္းက်ိရင္အတြက္ တစ္စုံတစ္ခုကို အလြန္အေလးအနက္ သုံးသပ္ထင္ျမင္တာမ်ိဳးမ်ာ အေတာ္ေလး ရွားပါးေလသည္။ သို႔ေသာ္ ဤတစ္ႀကိမ္တြင္ ဤကိစၥကို ဒီအတိုင္း လုံးဝ ၿပီးသြားလိုက္မွာ မဟုတ္ေပ။ 

တစ္ေန႕တြင္ အဲဒီေကာင္အား ေသခ်ာေပါက္ တန္ရာတန္ေၾကး ျပန္ေတာင္းမည္။ 

သူဘာလုပ္သင့္သည္ကို မဆုံးျဖတ္နိုင္ေသးခင္ က်န္းက်ိရင္ ႐ုတ္တရက္ အိပ္ေပ်ာ္သြားသည္။ ရင္းႏွီးေနေသာ ကုတင္ေပၚတြင္ နိုးထလာသည္ကို ျမင္ၿပီး က်န္းက်ိရင္တစ္ေယာက္ အခ်ိန္ေစ့သြား၍ ျပန္ေရာက္လာေၾကာင္း သိလိုက္သည္။ 

ေန႕လည္စာစားခ်ိန္တြင္ က်န္းက်ိရင္ မနားနိုင္ဘဲ <Tomorrow>၏ တရားဝင္ဝဘ္ဆိုက္ကို ဖြင့္၍ ဂိမ္းအခ်က္အလက္မ်ားကို အကုန္လိုက္ဖတ္သည္။ ယခုတြင္ သူရွိေနခဲ့သည္မွာ ဂိမ္း၏ အေစာပိုင္းအဆင့္တြင္ျဖစ္သည္။ 

ႏွစ္တစ္ဝက္ၾကာၿပီးေနာက္ လူသားမ်ား ဖြဲ႕စည္းထားေသာ အေျခစိုက္စခန္းမ်ားအားလုံးသည္ တျဖည္းျဖည္းခ်င္း ပို၍ မ်ားျပားလာၾကကာ ကမာၻပ်က္ကပ္၏ ေနာက္ပိုင္းအဆင့္မ်ားကို ေတာင့္ခံရန္ ျပင္ဆင္ၾကေတာ့သည္။ ေနာက္ပိုင္း စြမ္းအားမ်ား လုံေလာက္ေသာ ပမာဏတစ္ခုအထိ စုေဆာင္းၿပီးၾကၿပီးေနာက္တြင္ လူသားမ်ားဖြဲ႕စည္းထားေသာ အေျခစိုက္စခန္း အဓိကအင္အားစုႀကီးမ်ား အခ်င္းခ်င္း ၿပိဳင္ဆိုင္လာၾကမည္ျဖစ္ကာ အလြန္ႀကီးမားေသာ အတြင္းေရး အဓိက႐ုဏ္းျဖစ္သြားၿပီး လူသားမ်ား အင္အားမ်ားစြာ ေလ်ာ့က်သြားလိမ့္မည္။ 

ဤကိစၥၿပီးေနာက္ပိုင္းတြင္ လူသားမ်ား ျပန္၍ ၿငိမ္းခ်မ္းေရးယူသည့္ အဆင့္သို႔ ေရာက္သြားမည္ျဖစ္ၿပီး မိုးတိမ္မဟာမိတ္တပ္ေပါင္းစု ကို တည္ေထာင္လိုက္ၾကမည္။ သို႔ေသာ္ မဟာမိတ္အဖြဲ႕အတြင္းတြင္ ပဋိပကၡမ်ားကေတာ့ ရွိေနဦးမည္ျဖစ္ၿပီး မေၾကလည္မႈမ်ားလည္း ရွိေနၾကဦးမည္ ျဖစ္သည္။ 

၎အေျခအေနသည္ ဇြန္ဘီတတိယလွိုင္းေပၚလာၿပီး ေဒါက္တာဝိုင္၏ စြမ္းအားတို႔ အလြန္အမင္း အစြမ္းထက္လာခ်ိန္ မတိုင္ခင္ထိ ျဖစ္ေပမည္။ ႀကီးမားေလးလံေသာ ဖိအားေအာက္တြင္ မိုးတိမ္မဟာမိတ္တပ္ေပါင္းစုသည္ တျဖည္းျဖည္းျဖင့္ စည္းလုံးလာၾကၿပီး လူသားမ်ိဳးႏြယ္မပေပ်ာက္ေစေရးအတြက္ အေရးႀကီးေသာ အခန္းက႑တြင္ ပါဝင္လာမည္ျဖစ္သည္။ 

တရားဝင္ဝဘ္ဆိုက္တြင္ လတ္တေလာ ေရပန္းစားေနေသာ ၿပိဳင္ပြဲတစ္ခု ရွိသည္။ က်န္းက်ိရင္ လိုခ်င္ေသာ အခ်က္အလက္မ်ားကို စစ္ေဆးေနစဥ္တြင္ ေဒါက္တာဝိုင္အား ေခ်ာေမြ႕စြာ မဲေပးခဲ့သည္။ ထို႔ေနာက္တြင္ မဲေပးသည္ စာရင္းတြင္ လိ႐ႊယ္ဖုန္း၏ အဆင့္က နိမ့္မေနသည္ကို ျမင္လိုက္သည္။ ထိုအေကာင္သည္ တကယ္ကို အဆင့္ရွစ္ ခ်ိတ္ေနသည္။ 

ခ်က္ခ်င္းပင္ က်န္းက်ိရင္ ေဒါသထြက္လာၿပီး စာဖိုင္တစ္ခုကို ဖြင့္၍ ျမန္နိုင္သမွ် အျမန္ႏႈန္းျဖင့္ ေဆာင္းပါးတစ္ခု ေရးေတာ့သည္။ ထို႔ေနာက္ ထိုေဆာင္းပါးကို ဂိမ္းဖိုရမ္တြင္ တိုက္ရိုက္ တင္ပစ္လိုက္သည္။ 

ေခါင္းစဥ္မွာ < NPC  လိ႐ႊယ္ဖုန္း၏ ေၾကာင္သူေတာ္ မ်က္ႏွာကို ေဖာ္ထုတ္ျခင္း > ျဖစ္သည္။ ေရးထားသည္မွာ ပို႔စ္တင္သူသည္ hidden task တစ္ခုကို လက္ခံလိုက္မိၿပီး လိ႐ႊယ္ဖုန္း၏ အမွန္တရားကို သိခြင့္ရခဲ့သည္။ အေနာက္ပိုင္းခရိုင္ အေျခစိုက္စခန္း နံပါတ္တစ္မွ အစ္ကိုႀကီးဆိုသည့္ ပုဂၢိဳလ္သည္ လုံးဝရွင္းထုတ္ခံလိုက္ၿပီး လိ႐ႊယ္ဖုန္းသည္ အႁမႊာစြမ္းရည္ကို ေလာဘတက္ကာ အဖြဲ႕သားမ်ားကို လုပ္ႀကံ၍ အေရးႀကီး Itemကို တစ္ေယာက္တည္း ယူသြားခဲ့သည္။ 

ထိုပို႔စ္ေအာက္တြင္ မွတ္ခ်က္ဝင္ေရးသူ အမ်ားအျပားရွိခဲ့သည္။ ပထမဆုံး သူတို႔သည္ ပို႔စ္တင္သူအား ဇာတ္လမ္းအေၾကာင္းကို အေသးစိတ္ျပန္ေမးကာ မည္သည့္ task ကို လက္ခံခဲ့၍ ဤသို႔ဇာတ္ေၾကာင္းမ်ိဳး သိလာရသည္ကို ေမးလာၾကသည္။ အဘယ့္ေၾကာင့္ ဂိမ္းမွ သတ္မွတ္ထားေသာ ဇာတ္ေၾကာင္းႏွင့္ ေသြဖည္ေနသည့္ အေၾကာင္းကိုလည္း သိခ်င္ၾကသည္။ 

လူတစ္ခ်ိဳ႕ကေတာ့ ဤအေၾကာင္းကို လုပ္ႀကံေျပာဆိုေနသည္ဟု မထင္ၾကေပ။ သူတို႔သည္ ထို task ကို မည္သို႔ယူရမည္ဆိုသည္ႏွင့္ ရမည့္ဆုကို ေမးၾကသည္။ 

<Tomorrow>၏ စီမံေရးရာဌာနမွ လူမ်ားသည္ ထိုပို႔စ္ကို ျမင္လွ်င္ ျမင္လိုက္ဖတ္လိုက္ရသည္ကို အလြန္အမင္း မယုံနိုင္ျဖစ္ေနသလို မ်က္ႏွာမ်ိဳး ျဖစ္သြားၾကသည္။ 

“ေဒတာေတြနဲ႕ပတ္သက္ၿပီး တစ္ခုခုေတာ့ မွားေနသလိုပဲေနာ္ ဘယ္လိုလုပ္ၿပီး အစီအစဥ္ခ်ထားတာထက္ ေစာၿပီး ထြက္လာရတာတုန္း” 

ဤေလးလံလြန္းသည့္ bug ႏွင့္ ရင္ဆိုင္လိုက္ရခ်ိန္တြင္ အဖြဲ႕မႉးသည္ ႏွလုံးဝတြင္ သာမန္မဟုတ္ေသာ အလုံးႀကီးတစ္လုံး ဆို႔လာသလို ခံစားလိုက္ရသည္။ 

“နည္းပညာဌာနကို ခ်က္ခ်င္းသြားၿပီး အေျခအေနကို ထိန္းဖို႔လုပ္” 

သူတို႔သည္ ဇာတ္ေၾကာင္း tasks မ်ားကို တျဖည္းျဖည္းခ်င္း ေပၚထြက္လာမည့္ သဲလြန္စမ်ားအလိုက္ hidden tasks မ်ား စီးရီးလိုက္ထည့္ရန္ ဒီဇိုင္းေရးထားခဲ့သည္။ ကစားသမားမ်ား လိ႐ႊယ္ဖုန္းႏွင့္ပတ္သတ္သည့္ tasks မ်ားအားလုံး လုပ္ၿပီးသြားမွသာ လိ႐ႊယ္ဖုန္း၏ မ်က္ႏွာအစစ္အမွန္ ေပၚထြက္လာမည္ ျဖစ္သည္။ ထို႔ေနာက္တြင္ ဂိမ္းမွ ကစားသမားမ်ားအား ေျဖာင့္မွန္ၿပီး သစၥာရွိေသာ ကစားသမားတစ္ေယာက္အေနႏွင့္ ဤသို႔ ေၾကာင္သူေတာ္အဖြဲ႕ေခါင္းေဆာင္၏ လက္ေအာက္တြင္ ဆက္၍ ေနခ်င္သလားဟူ၍ ေမးမည္ျဖစ္သည္။ 

ဤသည္မွာ ဂိမ္းမွ ခ်ထားေသာ ဇာတ္ကြက္ေပတည္း။ ကစားသမားမ်ားသည္ သူတို႔၏ ပူးေပါင္းမႈအမွတ္မ်ားအရ မည္သည့္ မဟာမိတ္အဖြဲ႕ႏွင့္မဆို ပူးေပါင္းနိုင္ၿပီး လိုခ်င္သည့္ ရာထူးအမ်ိဳးမ်ိဳး ရနိုင္ၾကသည္။ မဟာမိတ္အဖြဲ႕၏ ေခါင္းဆာင္ျဖစ္ခ်င္လွ်င္ပင္ ျဖစ္နိုင္ေသးကာ လူသားမ်ိဳးႏြယ္ေအာင္နိုင္ေရးအတြက္ ေဒါက္တာဝိုင္အား ဦးေဆာင္၍ တိုက္ခိုက္ရမည္ျဖစ္သည္။ 

နည္းပညာဌာနသည္ သူတို႔စစ္စတန္တြင္ မည္သည့္ ျပႆနာမွ မရွိေၾကာင္း အခိုင္အမာေျပာခဲ့သည္။ ေၾကာင္သူေတာ္ေဖာ္ထုတ္ေရး task ကို မည္သူကမွ မရယူနိုင္ေသးေပ။ က်န္းက်ိရင္ ကေတာ့ ဤကိစၥႏွင့္ပတ္သက္ၿပီး ဘာမွမသိေတာ့ေပ။ ထို႔အျပင္ သူ၏ အိမ္ျပန္ေရာက္သည္ႏွင့္ ပထမဆုံးလုပ္သည့္အရာမွာ ဂိမ္းထဲသို႔ ဝင္ျခင္းသာ ျဖစ္ေနဆဲပင္။ 

ဂိမ္းထဲတြင္ ေဒါက္တာဝိုင္သည္ အခ်က္အလက္ဗီဒိုနားတြင္သာ မတုန္မလႈပ္ရပ္ေနဆဲျဖစ္ေလသည္။ က်န္းက်ိရင္၏ အေတြးတို႔သည္ ပန္းႏုေရာင္ကမာၻထဲသို႔ ထပ္မံ၍ က်ေရာက္သြားရျပန္ေလသည္။ 

သူသည္ ရယ္ေမာလိုက္ၿပီး “က်ိရင္”ေလးကို ေဘာ့စ္ႏွင့္ ထပ္လုမတတ္ ကပ္သြားရန္ အမိန႔္ေပးလိုက္သည္။ ေမာက္စ္ကို က်င္လည္စြာ ကိုင္၍ ေန႕စဥ္လႈပ္ရွားမႈ ခလုတ္မ်ားထဲမွ “ဖက္မည္” ႏွင့္ “နမ္းမည္” ကို ႏွိပ္လိုက္သည္။ 

ဤတစ္ႀကိမ္တြင္ ေ႐ြးခ်ယ္လိုက္ေသာ ေထာင့္က အလြန္မွန္ကန္ေနကာ တကယ္ႀကီး ဝိုင္၏ မ်က္ႏွာကို နမ္းမိခဲ့သည္။ က်န္းက်ိရင္ ၿပဳံးသြားသည္။ 

“သိလား ကြၽန္ေတာ္ေလ ဒီေန႕ ခင္မ်ားက ကြၽန္ေတာ့္ကို လာနမ္းတယ္ဆိုၿပီး အိပ္မက္မက္ခဲ့တယ္ဗ်” 

........................................ 

Continuă lectura

O să-ți placă și

3.2K 106 30
လက်တွေ့လူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတ...
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
72.7K 9.3K 54
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...