ဆေးသိန္ဓိရှင် ( လုံချန် ) Boo...

Від Azure5549

8.4K 542 6

မူရင်း ENG Name: Nine Star Hegemon Body Arts မူရင်း စာရေးသူ : ordinary magician တရုတ်မှ အင်္ဂလိပ်ဘာသာသို့ပြန်... Більше

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250

21 - 25

238 16 0
Від Azure5549

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၂၁)အကဲဖြတ်ခြင်း

ဆေးသန့်စင်ခန်းမထဲမှာ လူငယ်လေးတစ်ယောက်ကိုဝိုင်းပတ်ပြီး ဆေးဆရာကြီး ၁၂ ယောက်လောက်ထိုင်
နေကြတယ်။ထိုဆေးဆရာများမှာလူငယ်ဆေးဆရာများမဟုတ်ကြပဲအများစုဟာအသက်လေးဆယ်ခန့်ရှိ
ကြပြီးအသက်အငယ်ဆုံးဆိုသူတောင်အသက်သုံးဆယ်အရွယ်ခန့်ရှိပါတယ်။

အခုတော့အသက်ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်ကဆေးသန့်စင်နိုင်တယ်ဆိုတော့သူတို့
အတွက်ယုံရခက်ကြီးဖြစ်နေသလို အံ့လည်းအံ့သြနေကြတယ်လေ။သူတို့ထဲတစ်ချို့ဆိုရင်အပြင်မှာသာ
ခေါင်းတစ်ငြိမ့်ငြိမ့်ဖြစ်နေကြပေမယ့်စိတ်ထဲမှာတော့ကြိတ်လှောင်နေကြတယ်။ဒါပေမယ့်သူတို့အကုန်လုံး
ဟာလည်းပါးနပ်ကြသူတွေဖြစ်ပြီး ဆရာကြီးယွမ်ချီဟာဒီလူငယ်ဆေးပညာသင်လေးအပေါ်မှာမျှော်လင့်
ချက်သိပ်ထားတယ်လို့ ကြားထားတာကြာပါပြီ။ဒီကောလဟာဠဟာမှန်မမှန်သူတို့မသေချာပေမယ့်
ပေါ်တင်လှောင်ပြောင်ရလောက်အောင်သူတို့ထဲမှာငတုံးတစ်ယောက်မှမပါပါဘူး

"လုံချန်....ငါဟာ ဆေးဆရာအသင်းရဲ့အကြီးအကဲတစ်ဦးဖြစ်ပေမယ့်လည်း ဓလေ့ထုံးစံတွေကိုတော့ချိုး
ဖောက်လို့မရဘူး ဆေးပစ္စည်းတွေကိုအကြွေးနဲ့လိုချင်ရင် ငါတို့ဆေးဆရာတွေရှေ့မှာ ဆေးသန့်စင်ပြ
ရမယ် အဲ့ဒိနောက်မှာတော့ မင်းသန့်စင်တဲ့ ဆေးရဲ့ အရည်အသွေးကိုကြည့်ပြီး အကြွေးဘယ်လောက်ပေး
ရမယ်ဆိုတာကိုတို့များ ဆုံးဖြတ်မယ်" ဆရာကြီးယွမ်ချီ လေးနက်တည်ကြည်စွာရှင်းပြတယ်။

"တပည့်လေးနားလည်ပါပြီဆရာ" ဒီနေရာဟာဆေးဆရာအသင်းဖြစ်လို့ တစ်ဦးတစ်ယောက်တည်းပိုင်
ဆိုင်တဲ့နေရာတစ်ခုမဟုတ်ကြောင်းလုံချန်နားလည်ပါတယ်။နောက်ပြီးတော့ ဆရာကြီးယွမ်ချီရဲ့ဂုဏ်သိ
က္ခာနဲ့ဆိုရင်စည်းမျဉ်းတွေကိုဆန့်ကျင်ဖို့ပိုလို့တောင်မဖြစ်နိုင်ဘူးလေ။

"ဒီမှာ ပထမတန်းစား ဆေးဖော်နည်း 187 မျိုးရှိတယ်...မင်းဒီထဲကကြိုက်ရာတစ်ခုကို ကျပန်းရွေး
လိုက်" ဆေးဆရာတစ်ယောက်ကလုံချန်ကိုစာရွက်တစ်ရွက်ယူလာပေးတယ်။သူ့အကြည့်တွေထဲမှာ
ဒီမလောက်လေးမလောက်စားကောင်လေး အလုပ်ဖြစ်မှာလည်းဟုတ်မှာမဟုတ်ပါဘူးဆိုတဲ့အဓိပ္ပါယ်
တွေကအပြည့်ပေါ့။သူယူလာပေးတဲ့စာရွက်ပေါ်မှာရေးထားတဲ့ဆေးဖော်နည်းတွေကရိုးရိုးပထမတန်း
စားဆေးဖော်စပ်နည်းတွေမှမဟုတ်တာ။

ထိုဆေးဖော်စပ်နည်းတွေဟာ သာမာန်ပထမတန်းစားဆေးဖော်နည်းတွေထက်ပိုခက်ပြီး ရိုးရိုးဆေးပညာ
သင်တွေအဖို့အောင်မြင်ဖို့သိပ်မျှော်လင့်လို့မရတဲ့ဖော်စပ်နည်းတွေပါ။ထို့အပြင်ဆရာကြီးယွမ်ချီနဲ့ဆေးပညာ
ရှင်တွေဝိုင်းကြည့်နေတဲ့ ကြားမှာ ဖော်စပ်ရမှာဆိုတော့အနည်းနဲ့အများ စိုးရိမ်ကြောက်လန့်မိကြမှာပါပဲ။
ထိုသို့ဖိအားများတဲ့အခြေအနေမှာဆေးတစ်ဖုံကိုအောင်အောင်မြင်မြင်ဖော်စပ်နိုင်ဖို့က အလွန်အမင်း
ကိုခက်ပါတယ်။

လုံချန်ကိုစာရွက်ကမ်းပေးလိုက်သူတစ်ယောက်ကလည်းဆေးပညာသင်တစ်ယောက်ပါ။သူဟာအခုဆို
ရင်အသက်လေးဆယ်ခန့်ရှိနေပါပြီ။သူ့ဘ၀အစဆေးပညာသင်တစ်ယောက်ဖြစ်လာတုန်းက ယခုလုံချန်
လုပ်နေတဲ့စမ်းသပ်မှုမျိုးကို 17 ခါတိတိကျရှုံးခဲ့ဖူးသူတစ်ယောက်ပါ။ယခုထိုင်နေသူဆေးဆရာတိုင်းလို
လိုဟာသူ့လိုအကြိမ်ပေါင်းများစွာကျရှုံးခဲ့ပြီးမှအောင်မြင်လာကြသူတွေချည်းပါပဲ။

တစ်နည်းအားဖြင့်ဆယ်ကြိမ်ထက်မနည်းကျရှုံးခဲ့ဖူးသူတွေပေါ့။အဲ့ဒိတော့ ဆေးဆရာအသင်းကနေဆေး
ပစ္စည်းတွေကိုအကြွေးနဲ့၀ယ်ဖို့ကမလွယ်ဘူးလို့ပြောရမှာပါ။ဒါပေမယ့်စမ်းသပ်မှုအောင်မြင်သွားရင်လည်း
အနာဂါတ်ကတော့ချောချောမွေ့မွေ့ဖြစ်သွားပါပြီ။လုံချန်ထိုစာရွက်ပေါ်က ဖော်စပ်နည်းတစ်ခုကိုထောက်
ပြလိုက်တယ်။

"ဘယ်လို မင်းသေချာလား"

ထိုဆေးဆရာ မျက်နှာက နည်းနည်းထူးဆန်းသလိုဖြစ်သွားတယ်။ထိုဖော်စပ်နည်းဟာ ချီဖြိုခွဲ ခြင်းဆို
တဲ့ဖော်စပ်နည်းဖြစ်ပြီး အတော့်ကိုအဆင့်မြင့်တဲ့ဖော်စပ်နည်းတစ်ခုပေါ့။ထိုဆေးကိုသောက်လိုက်ရင်
အချိန်တိုအတွင်းမှာလူတစ်ယောက်ရဲ့တိုက်ရည်ခိုက်ရည်ကိုမူလကထက်သုံးဆထိမြှင့်ပေးလိုက်နိုင်
တဲ့ဆေးရဲ့ဖော်စပ်နည်းလေ။

ထိုဆေးကို စွန့်စားသွားလာသူတွေသိပ်ကြိုက်ကြပါတယ်။ထိုဆေးသုံးပြီးရင် အသုံးပြုသူဟာ ဆေးအာနိ
သင်ပြယ်တာနဲ့ အားအင်ချိနဲ့သွားတတ်ပေမယ့်အမြဲတမ်းတော့ထိုသို့ဖြစ်ကျန်နေသည်မျိုးမဟုတ်ဘူးလေ။
ဥပမာ မှော်သားရဲတွေကိုအမဲလိုက်တဲ့မုဆိုးတွေဆိုရင် ဒီဆေးဟာ သူတို့အတွက်တော့ အသက်ကယ်ရ
တနာဆေးပါပဲ။ဒါပေမယ့် ဖော်စပ်သန့်စင်ရာမှာတော့သိပ်ကိုခက်ခဲပါတယ်။အကောင်းဆုံးဆေးအာနိသင်
ကိုရဖို့အတွက် ပါ၀င်ပစ္စည်းအမြောက်အများကိုထည့်ရတယ်။

ဆေးပညာရှင်တွေကြားမှာဖော်စပ်သန့်စင်တတ်သူအင်မတန်နည်းတဲ့အရေအတွက်သာရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ဆေးသန့်စင်ဖော်စပ်ရတာကစွန့်စားရတဲ့ကိစ္စပါ။ဆေးတွေကိုစျေးကြီးကြီးနဲ့ပြန်ရောင်း
နိုင်ပေမယ့်လည်း၄င်းတို့ဖော်စပ်ရာမှာထည့်ရတဲ့ပါ၀င်ပစ္စည်းတွေဟာပေါ့သေးသေးတော့မဟုတ်ပါဘူး။
စျေးကြီးပါတယ်။ထိုချီဖြိုခွဲခြင်းဆေးဖော်စပ်ရာမှာထည့်ရတဲ့ပါ၀င်ပစ္စည်းတွေဟာအလွန့်ကိုစျေးကြီးတာပါ။
ထိုဆေးကိုဖော်လို့သုံးကြိမ်ရောက်မှမအောင်မြင်ရင် ရင်းထားတဲ့ငွေတွေဆုံးပါပြီ။

ထို့ကြောင့်ထိုဆေးကိုဖော်စပ်သန့်စင်သူအနည်းငယ်သာရှိတာပါ။စျေးအလွန်ကြီးရောင်းရင်လည်းမှော်
သားရဲဖမ်းသူတွေအတွက်မ၀ယ်နိုင်တဲ့ပမာဏဖြစ်နေပါလိမ့်မယ်။ငွေအများကြီးရှိမှတော့ဘယ်သူက
အသက်နဲ့ရင်းပြီးမှော်သားရဲတွေလိုက်ဖမ်းနေတော့မှာလည်း။ဟုတ်တယ်မလား။

"ဟုတ်ကဲ့ ကျုပ် ဒီဖော်စပ်နည်းကိုရွေးလိုက်တာပါ" လုံချန်အေးအေးဆေးဆေးပြောလိုက်တယ်။
ထိုဆေးဆရာရဲ့အကြည့်တွေကိုသူဂရုမစိုက်ပါဘူး။ယွမ်ချီခပ်ဖွဖွပြုံးလာတယ်။ကလေးဆတ်သားတစ်
ယောက်ကိုလွှတ်ပြီးဆေးပစ္စည်းတွေယူခိုင်းလိုက်ပါတယ်။ဆေးဖော်စပ်ရာမှာစည်းမျဉ်းတစ်ခုရှိပါတယ်။
ဆေးကိုသုံးကြိမ်သာဖော်စပ်ရမှာဖြစ်ကာ သုံးကြိမ်မှာတစ်ကြိမ်အောင်မြင်ရင် စမ်းသပ်မှုအောင်မြင်တယ်
လို့ယူဆပါတယ်။

ဆေးပစ္စည်းတွေလုံချန့်စီရောက်ပြီဆိုတာနဲ့လုံချန်တွေဝေမနေတော့ပါဘူး။ဆေးမီးဖိုကို သူ ထုတ်လိုက်တယ်။
အဲ့ဒိနောက်သူ့လက်ထဲကနေ အဝါရောင်ခပ်ဖျော့ဖျော့မီးတောက်တွေထွက်လာပါတယ်။နှစ်စက္ကန့်လောက်
အတွင်းမှာပဲ မီးတောက်တွေနဲ့ သူ့ရဲ့ဆေးကျိုဒယ်အိုးလေးကို အပူပေးလိုက်တာကြောင့် အပူရှိန်ကတစ်ဖြည်း
ဖြည်းတက်လာတယ်။ထို့နောက် ဒယ်အိုးပူလာတာနဲ့ သူ့ရဲ့ စွမ်းအင်မီးတောက်တွေကိုထုတ်ပြီးဒယ်အိုးထဲ
ကိုအပူဆက်ပေးပြန်တယ်။

ထိုသို့လုပ်ခြင်းဖြင့် ဒယ်အိုးတစ်ခုလုံးရဲ့အပူချိန်ဟာညီမျှသွားပြီးပေါက်ကွဲမှုမဖြစ်စေတော့ပါဘူး။လုံချန့်မှာ
ထို့ထက်အများကြီးကောင်းတဲ့နည်းတွေရှိနေပေမယ့်လည်း ရွေးစရာမရှိတဲ့အတွက် ဆေးဆရာအသင်း
ရဲ့အခြေခံနည်းတွေနဲ့ပဲလုပ်နေရပါတယ်။ထိုနည်းတွေထုတ်ပြလိုက်လို့ အခြားသူတွေအံ့သြတကြီးဖြစ်
မှာကိုသူမလိုလားဘူးလေ။ဒီလိုလုပ်လိုက်ရင် သူ့အနာဂါတ်အတွက်ကောင်းကျိုးမရှိနိုင်ပါဘူး။တစ်ယောက်
ယောက်ကသာသူ့ကိုတိတ်တဆိတ်ကြံစည်နေရင်ပြသနာအကြီးကြီးတက်သွားပါလိမ့်မယ်။

ယခုစမ်းသပ်မှုအားအကဲဖြတ်နေကြတဲ့ဆေးဆရာတွေအားလုံးဟာလုံချန်ကိုသူတို့ထက်အဆင့်နိမ့်သူ
တစ်ယောက်အဖြစ်တွေးထားကြတာပါ။ဒါပေမယ့်လုံချန်ရဲ့ကျွမ်းကျင်စွာလုပ်ကိုင်နေမှုတွေကြောင့်ထို
အတွေးများလျှော့ပါးသထက်လျှော့ပါးလာရပါတယ်။ပြင်ဆင်မှုတွေပြီးတာနဲ့ လုံချန် သံမြက်ကိုဒယ်
အိုးထဲချက်ချင်းပစ်ထည့်လိုက်တော့တယ်။ထိုအပြုအမူကလုံချန့်ကိုစိတ်၀င်တစ်စားစောင့်ကြည့်နေ
ကြတဲ့ဆေးဆရာတွေအကုန်လုံးကို လုံချန်ဟာ ငတုံးတစ်ယောက်လို့ထင်သွားစေတယ်လေ။

သံမြက်ကိုသန့်စင်ဖို့ကအချိန်အင်မတန်ပေးရပါတယ်။ထိုသံမြက်ကိုများသောအားဖြင့် ဒယ်အိုးကောင်း
ကောင်းပူမှသန့်စင်ကြလေ့ရှိတယ်။ဆရာကြီးယွမ်ချီတစ်ယောက်သာ အကြည့်တွေထဲမှာထူးဆန်းတဲ့
အလင်းတန်းတစ်ခုဖြတ်ပြေးသွားပြီးမသိမသာခေါင်းငြိမ့်လိုက်တယ်။လူတိုင်းကိုအံ့အားသင့်သွားစေ
တာက သံမြက်ဟာ ဒယ်အိုးထဲရောက်တာနဲ့ချက်ချင်းအမှုန့်ဖြစ်သွားတာပါပဲ။လုံချန်လည်းထိုအမှုန့်တွေ
ကိုဒယ်အိုးထဲကထုတ်ထားလိုက်ပြီးအခြားဆေးပစ္စည်းတွေကိုသန့်စင်နေတယ်။

ဆေးအမယ်ခြောက်မျိုးကို သူ သန့်စင်ပြီးတာနဲ့ သံမြက်ကိုလုံချန်ထပ်သန့်စင်ပြန်တယ်။ဒါပေမယ့်သန့်
စင်နေရင်းတစ်ပိုင်းတစ်စမှာပဲဒယ်အိုးထဲကထုတ်လိုက်ပြီးအခြားဆေးပင်ဆေးမြစ်တွေကိုသန့်စင်နေပြန်
တော့တယ်။ထိုအပြုအမူတွေကိုလူတိုင်းနားမလည်နိုင်ကျပေမယ့် ဆရာကြီးယွမ်ချီရဲ့လေးစားတဲ့အကြည့်
တွေကြောင့်လူတိုင်းအံ့သြနေကြရတော့တယ်။ဒီကောင်လေးရဲ့သန့်စင်နည်းမှာလျှို့ဝှက်ချက်တစ်ခုခုများ
ရှိနေသလား။

သံမြက်ကို လုံချန် ဆယ့်သုံးကြိမ်တိတိသန့်စင်အပြီးမှာတော့ သံမြက်ဟာ၄င်းရဲ့အသန့်စင်ဆုံးပုံစံအထိ
ရောက်သွားပြီဖြစ်သလိုအခြားဆေးအမယ် အမျိုးနှစ်ဆယ်လောက်ကိုလည်းသူသန့်စင်ပြီးနေပါပြီ။ပုံမှန်
ဆိုရင် ဆေးပညာသင်တွေအဖို့ ခဏလောက်တော့နားကြရပါတယ်။

ဒါပေမယ့်လုံချန်ကတော့လုံး၀အနားမယူပါဘူး။ဆေးအမယ်တွေအကုန်လုံးကိုအမှုန့်အဖြစ်သန့်စင်ပြီးချိန်
မှာပဲဆေးစဖော်တော့တယ်လေ။ဒီလိုနဲ့လုံချန်တစ်ယောက်ဒယ်အိုးထဲဆေးမှုန့်တွေတစ်ခုပြီးတစ်ခုပစ်ထည့်
နေပါပြီ။သံမြက်မှုန့်ကိုဘာ့ကြောင့် နောက်ဆုံးမှ လုံချန် ဒယ်အိုးထဲထည့်လိုက်ရသလည်းဆိုတာကိုတော့
ဘယ်သူမှနားမလည်ကြပါဘူး။စိတ်စွမ်းအင်လှည့်ပတ်နေမှုကနေဆေးမီးတောက်ဟာဟုတ်ကနဲတောက်
လာပြီးလှိုင်းတွေထလာတယ်။လုံချန်ရဲ့ဆေးသန့်စင်ခြင်းကအခုမှတစ်ကယ့်အဆင့်ကိုရောက်ပါပြီ။

"ကောင်းလိုက်တဲ့ စိတ်စွမ်းအား"

လူတိုင်းအံ့သြတစ်ကြီးဖြစ်ကုန်ကြတယ်။ဒါပေမယ့်တစ်ချိန်တည်းမှာပဲ သူတို့ ခေါင်းတွေလည်းယမ်းကုန်
ပြန်တယ်။ဆေးမီးတောက်ကိုအပူရှိန်မြှင့်ဖို့အတွက်စိတ်စွမ်းအားတွေကိုအစကတည်းကဒီလိုဖြုန်းတီးပစ်
နေရင်ဘယ်လိုလုပ်နောက်ပိုင်းမှာဆေးတွေအရည်ပျော်အောင်လုပ်တော့မှာလည်း။လူငယ်တွေဟာစိတ်
ကိုရှည်ပုံမရဘူး။

ဆရာကြီးယွမ်ချီတစ်ယောက်သာလုံချန်လုပ်နေတာကိုအသေးစိတ်အာရုံစိုက်နေတယ်လေ။ဒီနေရာမှာလုံ
ချန်လုပ်နေတာတွေကိုနားလည်သူဆိုလို့သူတစ်ယောက်သာရှိပါတယ်။တစ်ချိန်တည်းမှာပဲလုံချန်ကိုသူ
စိတ်၀င်စားသည်ထက်စိတ်၀င်စားလာတယ်။ဒီလောက်တောင်အင်အားကောင်းတဲ့စိတ်၊အလုပ်ကြိုးစားမှု
နဲ့ဆိုရင် ဒီကောင်လေးအနာဂါတ်မှာအကြီးအကျယ်အောင်မြင်ပါလိမ့်မယ်။

တစ်နာရီလောက်ကြာတော့လူတိုင်းအံ့အားသင့်ရတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာတော့တယ်။အဲ့တာက
လုံချန်ရဲ့စိတ်စွမ်းအင်ဟာအချိန်ကြာလေကျသွားလေမဖြစ်ပဲအချိန်ကြာလေအားပိုကောင်းလာလေဖြစ်
လာနေလို့ပါပဲ။

အုန်း!!!!!!!

ဆေးဒယ်အိုး ခပ်ဖြေးဖြေးလေးလှုပ်လာတယ်။လူတိုင်းဆေးဒယ်အိုးကိုအာရုံစိုက်ထားလိုက်ကြတယ်။အ
ရေးကြီးဆုံးအချိန်ရောက်နေပြီဆိုတာသူတို့သိတယ်လေ။ဒီလိုဆေးကျိုအိုးလှုပ်လာရင် ဆေးဆရာအများ
စုဟာဒယ်အိုးကိုငြိမ်အောင်ဆေးမီးတောက်ရဲ့အရှိန်ကိုလျှော့ပစ်ရပါတယ်။ဒါပေမယ့်လုံချန်ကတော့ထို
သို့လုံး၀မလုပ်ပါဘူး။အဲ့ဒိလိုမလုပ်တဲ့အပြင် ဆေးမီးတောက်ရဲ့အပူချိန်ကိုပိုမြင့်အောင် စိတ်စွမ်းအားတွေ
ပိုလို့တောင်ထည့်လိုက်သေးတယ်။ဆေးဒယ်အိုးကနေထွက်လာနေတဲ့ ဂလုံဂလွမ်အသံတွေလည်းပို
ပြင်းထန်လာသလို ဒယ်အိုးလည်းပိုပို လှုပ်လာတော့တာပေါ့။

"ဒီကောင်လေးဘာလုပ်နေတာလည်း"

လူတိုင်းအမူအယာတွေပြောင်းကုန်ကြတယ်။ဒါဆေးသန့်စင်နေတာမှမဟုတ်တာ။ဒယ်အိုးကိုပေါက်ကွဲ
အောင်တမင်သက်သက်လုပ်နေတာလေ။

၀ုန်း....။

ဆေးကျိုးဒယ်အိုးအပေါ်ကိုမြောက်တက်သွားတာကြောင့်နှုတ်ခမ်းတစ်ဖက်ကို လုံချန် လက်နဲ့အတင်းဖိ
ထားလိုက်ရပါတယ်။ရုတ်တရက်ဆိုသလို အင်အားကောင်းတဲ့ စိတ်စွမ်းအင်တွေပေါက်ကွဲမှုဖြစ်သွားတယ်။

အုန်း....။

အဲ့ဒိနောက်တော့ ပေါက်ကွဲမတတ်ဖြစ်နေတဲ့ဆေးမီးဖိုလည်းပြန်ငြိမ်ကျသွားတော့တယ်။

ဘယ်လောက်တောင်ရှုပ်လိုက်တဲ့နည်းလည်း။စိတ်စွမ်းအင်တွေသက်သက်ကုန်အောင်။လုံချန်ချွေးတွေ
သုတ်လိုက်တယ်။ဒီလိုနည်းနဲ့ဆေးသန့်စင်ရတာသိပ်ပင်ပန်းပါတယ်။ဒါပေမယ့်သူ့ရဲ့တစ်ကယ့်အစွမ်းအ
စကိုထုတ်မပြမိဖို့ကဒီလိုနည်းနဲ့သာလုပ်မှဖြစ်မှာပါ။အဲ့ဒိတော့ဆေးသန့်စင်ခြင်းရဲ့ ခက်ခဲတဲ့အခြေခံနည်း
လေးတွေနဲ့ပဲ သန့်စင်ရတော့တာပေါ့။

ဒယ်အိုးအဖုံးကိုခပ်ဖြေးဖြေးဖွင့်လိုက်တယ်ဆိုရင်ပင်သင်းပျံ့တဲ့ဆေးရနံ့ကလေထဲကိုထောင်းကနဲနေ
အောင်လွင့်ပျံလာတယ်။လူတိုင်းအံ့အားသင့်ကုန်ကြပါပြီ။

"သူတစ်ကယ်အောင်မြင်သွားပြီ"

ဒီစမ်းသပ်မှုကိုအကဲဖြတ်နေသူတွေအကုန်လုံးဟာတစ်ကယ့်သမ္ဘာရင့် ဝါရင့်ဆေးဆရာကြီးတွေဖြစ်လို့
ဆေးဒယ်အိုးထဲတောင်ကြည့်စရာမလိုပဲ အနံ့ရရုံနဲ့တင်အောင်မြင်တယ်မအောင်မြင်ဖူးဆိုတာကို
ကောင်းကောင်းသိကြပါတယ်။ဆေးဆရာတိုင်းလိုလိုရဲ့အမူအယာတွေဟာ အံ့သြတစ်ကြီးနဲ့ပါ။

"ကောင်းလိုက်တာ...အနည်းဆုံးတော့ ဒီဆေးတွေဟာ အလယ်အလတ်အဆင့်ဆေးတွေပဲ"

လုံချန်ကိုဆရာကြီးယွမ်ချီ လေးစားတဲ့အကြည့်တွေနဲ့ကြည့်လိုက်ပါတယ်။လုံချန့်အနေနဲ့သူမျှော်လင့်ထား
တာထက်တောင်အများကြီးပိုပြီးအောင်မြင်ခဲ့တယ်။လုံချန်ရဲ့စိတ်စွမ်းအင်နဲ့ဆိုရင်ဆေးကိုအောင်မြင်အောင်
သန့်စင်ဖို့ကသိပ်မခက်တာကိုသူသိပေမယ့်လုံချန် အခြေခံဘယ်လောက်ကောင်းတယ်ဆိုတာကိုသူမြင်ချင်
ပါသေးတယ်။

ဒါပေမယ့်အခုသူမြင်လိုက်ရတဲ့လုံချန်ရဲ့အခြေခံခိုင်မာမှုဟာနှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့ဆေးပညာ
သင်တွေတောင်မယှဉ်နိုင်တဲ့ ခိုင်မာမှုဖြစ်နေတယ်။အသိအမှတ်ပြုဖို့အကောင်းဆုံးကလုံချန်ဟာဆေးပညာ
အကြောင်းကောင်းကောင်းနားလည်နေတာကိုပါ။သံမြက်ဟာ အလွန်မာကြောတာမို့လို့ အကြိမ်ကြိမ်
သန့်စင်ရမယ်ဆိုတာကိုလုံချန်သိပါတယ်။ထိုသို့လုပ်ခြင်းဖြင့်ဆေးအာနိသင်တိုးလာတဲ့အပြင်ဆေးသန့်
စင်ရာမှာအောင်မြင်ဖို့လည်းပိုနီးစပ်လာပါတယ်။

ထိုသို့သန့်စင်တဲ့နည်းလမ်းမျိုးကိုဆေးဆရာအသင်းမှာရှိတဲ့ဆေးဆရာတွေတစ်ယောက်မှမသိပါဘူး။ဒါ
ပေမယ့် ရှေးဟောင်းဆေးကျမ်းကြီးတွေထားတဲ့ ကျမ်းစာဆောင်တော့ အသင်းမှာရှိပါတယ်။ရှေးက
ဆေးဆရာကြီးတွေဟာထိုသို့ဆေးဖော်နည်းမျိုးတွေကိုမှတ်တမ်းတင်ထားခဲ့ကြပေမယ့်ဆိုးတာက သံမြက်
ကိုအကြိမ်ကြိမ်သန့်စင်ရင် ၄င်းရဲ့ မာကျောမှုကိုလျှော့ချနိုင်လိမ့်မယ်ဆိုတဲ့ အချက်ကို ဖော်ပြထားရာမှာ
၀ိုးတိုးဝါးတား ယူဆချက်သက်သက်လိုတာဖော်ပြထားခြင်းဖြစ်ပါတယ်။

ထိုဖော်ပြထားမှုတွေဟာတစ်စိတ်တစ်ပိုင်းသာနည်းလမ်းပေးထားခြင်းဖြစ်ပြီးမပြည့်စုံပါဘူး။ဘယ်သူမှတော့
ကိုယ် သွေးနဲ့ချွေးနဲ့ရင်းထားရတာတွေကို ရက်ရက်ရောရောပေးလိုက်မှာမဟုတ်ဘူးလေ။အခြားသူတွေကို
အသားထားတော့။ဒီနည်းကိုသိတဲ့ ဆရာကြီးယွမ်ချီတောင် မစမ်းသပ်ကြည့်ဖူးပါဘူး။

အကြောင်းတစ်ခုကထိုသို့ပညာမျိုးဟာရိုးရိုးဆေးပညာသင်တစ်ယောက်ကိုသင်ပေးလို့ရတာမျိုးမဟုတ်ပဲ
သင်ပေးခဲ့ရင်လည်းဘာမှကြီးကြီးကျယ်ကျယ်အောင်မြင်နိုင်မှာမဟုတ်လို့ပါ။ဆရာကြီးယွမ်ချီရဲ့အလယ်
အလတ်အဆင့်ဆေးတွေဆိုတဲ့စကားကို အကဲဖြတ်သူဆေးဆရာတွေကြားတော့ မယုံနိုင် ဖြစ်ကုန်တော့
တယ်။သူ့အပေါ်ကိုအကြည့်တွေစုပြုံရောက်လာတော့ လုံချန်ခပ်ဖွဖွပြုံးလိုက်ပါတယ်။

လုံချန် လက်ကို တစ်ချက်ယမ်းလိုက်တော့ ဒယ်အိုးထဲက ဝိုင်းဝိုင်းစက်စက်ဆေးငါးလုံးထွက်လာတယ်။
ဆေးငါးလုံးထဲကနှစ်လုံးကတော့ အကဲဖြတ်သူဆေးဆရာကြီးတွေကို ပါးစပ်ကြီးတွေဟပြီးကြက်သေသေ
သွားအောင်လုပ်ထားလိုက်နိုင်ပါတယ်။ထိုဆေးတွေဟာတစ်ကယ့်ကိုအလယ်အလတ်အဆင့်ရှိဆေးတွေ
ပါ။ခဏလေးအတွင်းမှာပဲ အခန်းကြီးတစ်ခုလုံးငြိမ်ကျသွားတယ်။ဆရာကြီးယွမ်ချီတစ်ယောက်ကလွဲလုိ့
ကျန်တဲ့အကဲဖြတ်ဆေးဆရာတွေရဲ့အကြည့်တွေမှာ အားကျခြင်း၊လေးစားခြင်း၊မနာလိုခြင်းတွေနဲ့ရော
ယှက်နေတော့တယ်။

လက်ထဲကဆေးငါးလုံးကိုကြည့်ရင်း နောက်ဆုံးတော့ လုံချန်စိတ်သက်သာရာရခဲ့ပါပြီ။ထိုအချိန်မှာပဲဆေး
ဆရာကြီးယွမ်ချီရဲ့ကြေငြာသံထွက်လာတယ်။

"ဆေးသန့်စင်ဖော်စပ်မှုမှာ လုံချန်အောင်မြင်တဲ့အတွက် ဒုတိယအမျိုးအစားအကြွေး၀ယ်ခွင့်ကို
ငါချီးမြှင့်မယ်"

လူတိုင်းအမူအယာတွေပြောင်းကုန်တယ်။ဒုတိယအမျိုးအစားအကြွေး၀ယ်ခွင့်နဲ့ဆိုရင် ဒုတိယအမျိုးအစား
ဆေးအမယ်တွေ၀ယ်လို့ရပါတယ်။ဒါဟာလူတိုင်းရဲ့မျက်စိတွေကိုနီလာစေတဲ့အထိအားကျစေတယ်လေ။
နားလည်ရခက်နေဟန်ရှိတဲ့လူတိုင်းရဲ့အကြည့်တွေအောက်မှာပဲ အခန်းအပြင်ကိုဆရာကြီးယွမ်ချီနဲ့အတူ
လုံချန်ထွက်လာခဲ့ပါတယ်။သို့သော်လည်းအခန်းအပြင်ရောက်တာနဲ့ဆရာကြီးယွမ်ချီဟာ အလွန်လေး
နက်တဲ့အမူအယာနဲ့လုံချန်ကိုစကားတစ်ခွန်းပြောလိုက်ပါတော့တယ်။

"လုံချန် အဲ့ဒီအမျိုးသမီးကိုသတိထားပါ"

Patriarch MK Aung

............

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၂၂)လူကြမ်းလေး

လုံချန်အံ့အားသင့်သွားသလိုနားလည်းမလည်ဘူး။ဆရာကြီးပြောတာဘယ်အမျိုးသမီးပါလိမ့်။

"အစောပိုင်းကမင်းနဲ့ရန်ဖြစ်တဲ့အမျိုးသမီးကိုပြောတာ" ယွမ်ချီ့အသံကလေးနက်နေတယ်။

"ဘယ်လို သူကပြသနာရှိလို့လားဆရာ" လုံချန်ဇဝေဇ၀ါနဲ့မေးလိုက်ပါတယ်။

ယွမ်ချီခဏတွေဝေနေသေးတယ်။နောက်တော့မှ "ငါနဲ့လိုက်ခဲ့" လို့လုံချန်ကိုပြောလိုက်တယ်။သူ ပထမ
တစ်ခါရောက်ခဲ့ဖူးတဲ့သိုင်းကျင့်ရာအခန်းကိုလုံချန်ပြန်လိုက်သွားရပါတယ်။လုံချန်စပ်စုချင်နေတယ်။ထို
မိန်းကလေးဟာချီပေါင်းစပ်ခြင်းရဲ့ထိပ်တန်းအဆင့်သာဖြစ်လို့ သူ့ကို အထူးတစ်လည်သတိပေးနေစရာမ
လိုပါဘူး။

အခန်းထဲရောက်တော့ တံခါးကိုသေသေချာချာပိတ်ပြီးတာနဲ့ သိုလှောင်လက်စွပ်ကွင်းထဲကနေပန်းချီ
ကားတစ်ချပ်ကိုယွမ်ချီထုတ်လိုက်တယ်။ပန်းချီကိုဖြန့်ကြည့်လိုက်တော့ အလွန်နုနယ်ချောမောလှပတဲ့
မိန်းမပျိုလေးတစ်ယောက် ရှေးဟောင်းဆေးကျိုဒယ်အိုးတစ်လုံးရှေ့မှာ ဆေးသန့်စင်နေပုံကိုဆွဲထားတဲ့
ပန်းချီတစ်ချပ်မှန်းသူသိလိုက်ရပါတယ်။

သူ့အတွက်အတော်ကလေးအံ့အားသင့်စေတာကတော့ ထိုပန်းချီထဲကအမျိုးသမီးဟာ အစောပိုင်းကသူ
နဲ့ရန်ဖြစ်ခဲ့တဲ့ရူးကြောင်ကြောင်အမျိုးသမီးနဲ့တစ်ထေရာတည်းကိုတူနေတာပါ။ကွာခြားမှုဆိုလို့ပန်းချီ
ကားထဲကအမျိုးသမီးဟာချောမောနုညံ့လှပသလောက်သူနဲ့ရန်ဖြစ်ခဲ့တဲ့အမျိုးသမီးကတော့ရူးကြောင်
ကြောင်ဖြစ်နေတာပါပဲ။

"ဒါက..."

လုံချန်ရဲ့အာမေဋိတ်သံထွက်လာတယ်။ထိုပန်းချီကားဟာအင်မတန်ရှေးကျနေပါပြီ။ဘာ့ကြောင့်ဆရာကြီး
သူ့ကိုဒီပန်းချီပြရတာလည်း။

"ဒီပန်းချီကားထဲကအမျိုးသမီးက ငါ့ဇနီးပဲ" ပန်းချီကားထဲကအမျိုးသမီးကိုကြည့်နေတဲ့ဆရာကြီးယွမ်ချီ
မျက်နှာမှာမြင်ရခဲတဲ့နွေးထွေးမှုတစ်ခုဖြတ်ပြေးသွားတာကိုလုံချန်သတိထားမိလိုက်ပါတယ်။လုံချန်ပါး
စပ်အဟောင်းသားဖြစ်နေတယ်။ဒါသူမထင်ထားတဲ့အဖြစ်အပျက်တစ်ခုပဲလေ။ခဏကြာအောင်သူဘာ
ပြောရမှန်းမသိဘူး။

ခဏကြာတော့ထိုပန်းချီကားလေးကို ယွမ်ချီ အသာအယာချရင်း သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ

"ငါ့ဇနီး ဆုံးသွားတာ တော်တော်ကြာခဲ့ပြီလေ မနက်ကမင်းနဲ့ရန်ဖြစ်ခဲ့တဲ့အမျိုးသမီးကိုမြင်ကာစက
ဆိုရင် ငါ့ဇနီးကိုငါပြန်မြင်နေရတယ်တောင်ထင်တာ ငါ့စိတ်ကိုငြိမ်အောင်အချိန်အတော်ယူပြီးထိန်း
လိုက်ရတယ် ဒါပေမယ့် ဒီအမျိုးသမီးက ငါ့စီမှာတပည့်ခံချင်တယ်လို့ ပြောလာတာနဲ့ ငါလည်းချက်ချင်း
တစ်ခုခုတော့ တစ်ခုခုပဲလို့ထင်မိလိုက်တာပဲ" လို့လုံချန့်ကိုပြောပါတယ်။

"ဘယ်လို သူ့မှာ လျို့ဝှက်အကြံအစည်တစ်ခုရှိတယ်လို့ဆရာထင်လို့လား" လို့လုံချန်သူ့ကိုပြန်မေးလိုက်
တယ်။ယွမ်ချီပြုံးပဲပြုံးနေလိုက်တယ်။ထိုမေးခွန်းကိုတော့သူပြန်မဖြေပါဘူး။

"ဒီအမျိုးသမီးဟာလည်းဆေးပညာသင်တစ်ယောက်ပဲ နောက်ပြီးတော့ သိပ်ကြောက်ဖို့ကောင်းတဲ့ပါရမီ
လည်းရှိတယ် မင်းထက်တောင်သာနိုင်သေးတယ် ဒါ့ကြောင့်မင်းသူ့ကို ဂရုစိုက်ရမယ်"

လုံချန်ထူးဆန်းသလိုဖြစ်နေတယ်။ဒါပေမယ့် ယွမ်ချီလည်းထို့ထက်ဘာမှပိုမပြောတာကြောင့်မေးဖို့သူ
အခွင့်မသာတော့ပါဘူး။လုံချန့်ကျောက်စိမ်းတံဆိပ်ပြားကိုယူပြီး သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုကို
ယွမ်ချီထွင်းပေးလိုက်တယ်။ထိုအမှတ်အသားကိုသူ့ရဲ့စိတ်စွမ်းမအင်နဲ့ထွင်းပေးးလိုက်တာပါ။ထိုတံဆိပ်
ပြားနဲ့ဆိုရင် ဆေးဆရာအသင်းရဲ့ ဆေးအမယ်တွေထားတဲ့အခန်းက ရှားပါးဆေးအမယ်တွေကို အကြွေး
၀ယ်လို့ရပါပြီ။

တံဆိပ်ပြားကိုထွင်းပြီးပြီးချင်းပဲ လုံချန့်ကို ယွမ်ချီအခန်းပြင်ပို့ပေးလိုက်ပါတယ်။အခန်းအပြင်ရောက်တာနဲ့
လုံချန့်ခေါင်းထဲမှာမေးခွန်းတွေပလုံစီထလို့နေပြီ။ထိုရူးကြောင်ကြောင်အမျိုးသမီးနဲ့သူတွေ့တာဟာတိုက်
ဆိုင်မှုတစ်ခုဖြစ်ကောင်းဖြစ်ပါမယ်။တစ်ကယ်လို့ရည်ရွယ်ချက်တစ်ခုခုကြောင့်သာဆိုရင်သူမရဲ့ရည်ရွယ်
ချက်ကဘာများလည်း။ဆရာကြီးယွမ်ချီကိုဖြားယောင်းဖို့လား။ဒါပေမယ့်ဆရာကြီးရဲ့အသက်နဲ့ဆိုရင်မဖြစ်
နိုင်ပါဘူး။

ဒီလိုရည်ရွယ်ချက်ရှိတယ်ဆိုရင်လည်းသူမအနေနဲ့နည်းနည်းတော့ပျော့ပျောင်းနေရမှာပေါ့။ဒီလိုရူးကြောင်
ကြောင်ပုံစံမျိုးကိုဘယ်သူကနှစ်သက်မှာလည်း။မဟုတ်ဘူးလား။ဆရာကြီးယွမ်ချီမှာပဲအခြားလျို့ဝှက်ချက်
တွေရှိနေသေးတာလား။ဆရာကြီးယွမ်ချီရဲ့တရားမ၀င်သမီးတစ်ယောက်ယောက်ဖြစ်နေမလား။ဒါပေမယ့်
ဒီလိုလည်းမဖြစ်နိုင်ပြန်ဘူး။

စဉ်းစားရင်းနဲ့လုံချန်ခေါင်းတွေသာကိုက်လာတယ်။ဘယ်လိုမှစဉ်းစားလို့မရဘူး။ဒါပေမယ့်ဒီကစ္စမှာဆရာ
ကြီးယွမ်ချီဟာသူ့ကိုဘေးဒုက္ခမရောက်စေချင်လို့သာဒီမိန်းကလေးကိုသတိထားဖို့ပြောတာပါ။ဆေးအမယ်
တွေထားတဲ့အခန်းကိုသူ့ရဲ့ကျောက်စိမ်းတံဆိပ်ပြားနဲ့အတူ လုံချန်တိုက်ရိုက်သွားလိုက်တယ်။ကျောက်စိမ်း
တံဆိပ်ပြားကိုသူထုတ်ပြလိုက်တော့ ဆေးအမယ်တွေထားတဲ့အခန်းရဲ့တာ၀န်ခံ လုံချန်ကိုအလွန်ရိုသေတဲ့
အမူအယာဖြစ်သွားတယ်။

အကြွေးယူပုံယူနည်းကိုလုံချန်မေးနေပါတယ်။သူသိရသလောက်ကတော့ ပထမတန်းစားအကြွေး၀ယ်
ခွင့်ကိုရရင် ကန့်သတ်ထားတဲ့ပထမတန်းစားဆေးအမယ် ရွှေဒင်္ဂါးငါးသန်းဖိုးခန့်ကို၀ယ်ယူနိုင်မည်ဖြစ်
ကာဒုတိယတန်းစားအကြွေး၀ယ်ယူခွင့်ရရင်တော့ကန့်သတ်မထားတဲ့ ရွှေဒဂါင်္း သန်းသုံးဆယ်လောက်
တန်တဲ့ပထမတန်းစားဆေးအမယ်တွေအပြင် ဒုတိယတန်းစား ဆေးအစုံ ငါးစုံစာရမယ်လို့ပါ။

ဒီလောက်ဆိုရင်ကိုပဲဆေးဆရာအသင်းကိုသူလာခဲ့ရတာတန်သွားပါပြီ။ဒီလောက်အကြွေး၀ယ်ခွင့်နဲ့ဆို
ရင်ဆေးအမယ်တွေ၀ယ်ဖို့မတတ်နိုင်မှာကိုသူမပူရတော့ဘူးလေ။ဆေးဆရာတစ်ယောက်အနေနဲ့ဆေးငါး
ကြိမ်ဖော်ရာမှာတစ်ကြိမ်အောင်မြင်ရင် သူ့အတွက်အရင်းကြေပြီလို့ပြောလို့ရပြီး တစ်ကြိမ်ထက်ပိုအောင်
မြင်ခဲ့မယ်ဆိုရင်တော့အမြတ်ထွက်ပြီလို့ပြောလို့ရပါပြီ။

လုံချန်မှာပေါင်းစပ်နေတဲ့ ဆေးနတ်ဘုရားရဲ့မှတ်ညာဏ်တွေနဲ့ဆိုရင် ပထမတန်းစားဆေးတွေကိုဆုံးရှုံးမှု
လုံး၀မရှိပဲဖော်စပ်နိုင်ပါတယ်။သူ့ရဲ့ဆေးမီးတောက်သာအားမနည်းခဲ့ဘူးဆိုရင်ဆေးအရေအတွက်ကိုအခု
ထက်ပိုဖော်စပ်နိုင်မှာပါ။ဒုတိယတန်းဆေးအမျိုးအစားအကြောင်းလုံချန်တွေးမိတော့ ထိုဒုတိယတန်းဆေး
အမျိုးအစားကိုမဖော်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့လက်ရှိဆေးမီးတောက်ရဲ့စွမ်းအားနဲ့ဆိုရင် ဒုတိယတန်း
စားဆေးတွေဖော်ဖို့ဟာသူ့အတွက်သေလောက်အောင်ပင်ပန်းစေလို့ပါ။

လောလောလတ်လတ်အတွင်းမှာသူ့ရဲ့ဖုန်ဖူကြယ်ကိုဆေးဆက်ကျွေးဖို့ကိုပဲသူအာရုံစိုက်ထားသင့်ပါတယ်။
သူ့ရဲ့ဖုန်ဖူကြယ်ဟာလက်ရှိမှာကနဦးအဆင့်အနေအလွန်လျှင်မြန်စွာတိုးတက်နေပြီး ထိုတိုးတက်မှုကိုလုံး
၀ပြီးပြည့်စုံတဲ့အဆင့်ထိရောက်သွားအောင်လုံချန်လုပ်ချင်နေပါတယ်။တစ်ကယ်တမ်းဆိုရင်သူ့မှာရှိသမျှအ
ကြွေး၀ယ်ခွင့်အကုန်လုံးကိုဖုန်ဖူဆေးဖော်စပ်ရာတွင်လိုအပ်မယ့်ဆေးအမယ်တွေအပေါ်မှာပဲပုံအောသုံး
လိုက်ချင်တာပါ။ဒါပေမယ့်ဆေးဆရာအသင်းမှာသူလိုအပ်တဲ့ဆေးအမယ်ပမာဏကမလုံလောက်ဘူး
ဖြစ်နေတယ်လေ။

ရွေးစရာမရှိတော့တာနဲ့ပဲ ဆေးအစုံ 50 နဲ့ ပထမတန်းစားဆေးအမယ်အတော်များများကိုပဲလုံချန်၀ယ်ခဲ့
ပါတော့တယ်။ထိုဆေးအမယ်တွေနဲ့ဆေးဖော်စပ်ပြီးရင်တော့ ဆေးဆရာအသင်းကိုပြန်ရောင်းခြင်းဖြင့်
သူ့အတွက်ငွေပြန်ရပါပြီ။သိုင်းပညာဟာဖီးနစ်အင်ပါယာကြီးမှာအလွန်ခေတ်စားတဲ့အတွက် လူအများ
အပြားနဲ့စွန့်စားသူတွေကြောင့်ဆေးတွေဟာ၀ယ်လိုအားကိုမှီအောင်ဘယ်တုန်းကမှဖြည့်တင်းပေးနိုင်
တယ်ရယ်လို့မရှိပါဘူး။

ကံကောင်းတာက ဆေးဆရာအသင်းဟာ ယုတ်မာတဲ့အကြံနဲ့ဆေးတွေကိုမတရားအမြတ်တင်ရောင်း
ချချင်းမပြုတာပါပဲ။တစ်ကယ်လုိ့ထိုသို့သာပြုလုပ်ခဲ့ရင်လည်းဆေးဆရာအသင်းကျိကျိတက်ချမ်းသာနေ
လောက်ပါပြီ။ဆေးဆရာအသင်းကနေထွက်လာပြီးတော့ အိမ်ကိုပဲတိုက်ရိုက်ပြန်ဖို့လုံချန်ဆုံးဖြတ်ထား
လိုက်ပါတယ်။ဒါပေမယ့်အိမ်ကိုမရောက်ခင်မှာပဲလမ်းမှာ အော်ဟစ်ကျိန်ဆဲနေသံတွေကို သူကြား
လိုက်ရတယ်။

ဒါနဲ့ပဲသူထိုနေရာကိုခပ်မြန်မြန်လျှောက်သွားလိုက်တယ်။သူမြင်လိုက်ရတာကတော့ အစေခံဆယ်ယောက်
ဟာ လူတစ်ယောက်ကိုရိုက်နေတဲ့မြင်ကွင်းကိုပါ။ထိုနေရာမှာသက်လတ်ပိုင်းရွယ်လူဝြကီးတစ်ယောက်ဟာ
ထိုအရိုက်ခံနေရတဲ့လူကိုလက်ညှိုးထိုးရင်ကျိန်ဆဲရေရွတ်နေပါတယ်။

"ဘာတွေဖြစ်နေတာလည်း" လို့အနားကလူတစ်ယောက်ကိုသူမေးလိုက်တော့....ထိုလူကရယ်ရင်း...

"ဟီးဟီး ဒီအကြောင်းကိုသာခင်ဗျားကြားရင်ရယ်ရလွန်းလို့သေမှာပဲ....မီတာနှစ်ရာလောက်မြင့်တဲ့ဟို
မီးခိုးခေါင်းတိုင်ကြီးကိုမြင်လား အဲ့တာ အဲ့ဒိအရိုက်ခံနေရတဲ့ကောင်လေးဆောက်ထားတာပေါ့ အခုသူဋ္ဌေး
ကလာစစ်တော့ ဒီမီးခိုးခေါင်းတိုင်ကြီးကိုကြည့်ပြီးသေလောက်အောင်ဒေါသထွက်တော့တာပဲ ဒီငတုံးက
ပုံကြမ်းကိုဇောက်ထိုးကြည့်ပြီး ရေတွင်းတူးရမှာကို မီးခိုးခေါင်းတိုင်ဆောက်လိုက်တာလေ" လို့ လုံချန်ကို
ပြန်ပြောပါတယ်။

ထိုအကြောင်းကိုကြားတော့လုံချန်လည်းမျက်ရည်ထွက်မတတ်ရယ်မိလိုက်တယ်။ဒီလိုလူတွေလောကမှာ
ရှိနေသေးတာပဲ။အရိုက်ခံနေရတဲ့လမ်းပေါ်ကလူကိုကြည့်ရင်းလုံချန်စိတ်မကောင်းဖြစ်လာတယ်။ထိုလူ
ဟာသူနဲ့သက်တူရွယ်တူလောက်သာရှိပုံရပါတယ်။ဒါပေမယ့်သူဟာအရပ်အတော်ရှည်ပြီးခန္ဓာကိုယ်က
တော်တော်လေးကိုကြံ့ခိုင်ပါတယ်။

လုံချန်တော်တော်အံ့အားသင့်သွားတဲ့အချက်က ထိုလူကိုကလန်လိုက်၊ထိုးလိုက်တိုင်းမှာသူ့ကိုယ်ကနေ
ဘယ်လိုပြောလို့ပြောရမှန်းမသိတဲ့စွမ်းအင်လှိုင်းတွေရောင်ပြန်ပြီးထွက်ထွက်လာနေတာပါ။လုံချန့်မှာသာ
အလွန်အားကောင်းတဲ့စိတ်စွမ်းအားမရှိရင်အလွန်မှိန်တဲ့ထိုလှိုင်းလေးတွေကို သတိပြုမိဖို့မလွယ်ပါဘူး။
ဒါပေမယ့် ထိုလူကနေ စိတ်စွမ်းအင်လှိုင်းတွေဖြာထွက်တာမျိုးမရှိတဲ့အတွက်ကြောင့်သိုင်းသမားတစ်
ယောက်တော့ဟုတ်ဟန်မတူပါဘူး။

ထိုလူငယ်ဟာအစေခံများထိုးကြိတ်ကန်ကျောက်သမျှကိုကျောက်တုံးကြီးတစ်တုံးအလားတောင့်တောင့်
ကြီးငြိမ်ခံနေရင်းကြာလာတော့ ထိုးကြိတ် သူတွေသာခြေတွေလက်တွေကိုက်ခဲနာကျင်လာပါတော့တယ်။

"တောက်...ဒီကောင့်ကြောင့် ဒေါသထွက်ပြီးငါသေတော့မယ် ဒီကောင့်ကြောင့်ငွေတွေငါဘယ်
လောက်တောင်ကုန်သွားပြီလည်း....ဒီကောင့်ကိုသေအောင်ရိုက်ကြစမ်းကွာ"

သူဋ္ဌေးဖက်တီးခင်ဗျာ သူ့ရှေ့ကမီးခိုးခေါင်းတိုင်ကြီးကိုကြည့်လေဒေါသထွက်လေဖြစ်နေပြီးဆဲရေးနေ
တော့တယ်။

"ရပ်စမ်း"

"ဟေ့ကောင်မင်းကိုမင်းဘာကောင်ထင်လို့လည်း"  သူဋ္ဌေးကဒေါသအလွန်ထွက်နေတာကြောင့်သူ့ကို
ရပ်ခိုင်းတာဘယ်သူလည်းဆိုတာကိုမကြည့်ပဲပြန်ပြောလိုက်တာပါ။အဲ့ဒိနောက်မှာမှအသံရှင်ကိုသူတွေ့
သွားတော့တယ်။

အသံရှင်ကိုတွေ့တာနဲ့ ဖက်တီး ချက်ချင်းချွေးတွေပျံလာပါတယ်။

"သ....သခင်လေး...."

"တော်ပြီ ရပ်တော့....ဒီမှာ ရွှေဒင်္ဂါးတစ်ရာ ဒီမီးခိုးခေါင်းတိုင်ကိုဖျက်ပြီး ရေတွင်းပြန်တူးဖို့လုံလောက်မှာပါ"

ထိုလိုလူမျိုးတစ်ယောက်နဲ့ စကားပြောရတာလောက် လုံချန့်အတွက်ပျင်းဖို့ကောင်းတာမရှိပါဘူး။ဒါ့ကြောင့်
သူရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ ငွေအိတ်တစ်အိတ်သာပစ်ပေးလိုက်ပါတယ်။ပြသနာတစ်ခုကိုငွေ
နည်းနည်းနဲ့ဖြေရှင်းနိုင်ရင်သူအပိုတွေပြောလေ့မရှိပါဘူး။

ထိုမြင်ကွင်းကိုမြင်တော့ ထုရိုက်နေတဲ့အစေခံတွေရပ်သွားကြတယ်။ဖက်တီးခပ်မြန်မြန်ပဲလုံချန့်ကိုပြော
လိုက်ပါတယ်။

"သခင်လေး...ဒါ....."

"အဲ့ဒိငွေတွေယူသွားပြီး ဒီနေရာကနေထွက်သွားတော့ " လုံချန်မျက်မှောင်ကြုံ့လိုက်တယ်။သူ့လေသံက
နည်းနည်းအေးစက်သွားပါတယ်။ထိုလူမျက်နှာကိုမြင်တော့မှထိုလူဟာသူနဲ့နီးစပ်ပတ်သတ်ဖို့ကြိုးစားနေ
သူတစ်ယောက်မှန်း လုံချန်သိတော့တယ်။

"ကောင်း....ကောင်းပါပြီခင်ဗျာ ကျွန်တော်သွားပါတော့မယ်"

အစေခံတွေကိုခေါ်ပြီးထိုလူချက်ချင်းထွက်သွားပါတယ်။

"ညီလေး ထ...ထ "  မြေကြီးပေါ်မှာလဲနေတုန်းပင်ရှိသေးတဲ့လူငယ်လေးကိုလုံချန်ပြောလိုက်ပါတယ်။

လူငယ်လေးကိုကြည့်ရတာအိပ်ပျော်နေတယ်လို့တောင်ထင်ရပါတယ်။လုံချန့်အသံကြားလို့ခေါင်းထောင်
ကြည့်လိုက်တော့မှသူ့ကိုရိုက်နေတဲ့သူတွေမရှိတော့မှန်းလူငယ်လေးနားလည်သွားပါတယ်။

"ကျုပ်ကိုကယ်တင်လိုက်သူကခင်ဗျားလား" တွေတွေဝေ၀အကြည့်တွေနဲ့ကြည့်ရင်းလုံချန့်ကိုလူငယ်လေး
မေးလာတယ်။

"မတ်တပ်ပဲအရင်ရပ်ပါဦးကွာ ပြီးမှအကိုတို့ဆက်ပြောကြတာပေါ့" ထိုလူငယ်လေးကိုကြည့်ရတာရိုးသား
ပြီးသဘောမနောကောင်းပုံရပါတယ်။ထိုလူငယ်လေးမတ်တပ်ရပ်လိုက်ချိန်မှာတော့လူတိုင်းအံ့အားသင့်
ပြီးအာမေဋိတ်တွေတောင်ထွက်ကုန်ကြတယ်။မြေကြီးပေါ်မှာထိုလူငယ်လေးလဲနေတုန်းက သူ့ခန္ဓာကိုယ်
ဟာအတော်ကလေးကြီးတယ်လို့လူတိုင်းလက်ခံထားကြပေမယ့် ဒီလိုမတ်တပ်ရပ်လိုက်တော့မှပဲ သူတို့
ထင်ထားတာထက်တောင်ပိုပြီးသန်မာထွားကျိုင်းနေတာကိုမျက်မြင်တွေ့လိုက်ရတယ်လေ။

သူ့အရပ်ဟာသုံးမီတာလောက်ရှည်ပြီးထွားကျိုင်းသန်မာတဲ့ကိုယ်လုံးကိုယ်ပေါက်ကဝိုင်းကြည့်နေသူတွေ
ကိုဖြုံသွားစေပါတယ်။

"မင်းကိုဒီလောက်ထိုးကြိတ်ကန်ကျောက်နေတာကိုဘာလို့ပြန်မလုပ်တာလည်း" ဒီလောက်သန်မာထွား
ကျိုင်းနေတဲ့ခန္ဓာကိုယ်ကြီးနဲ့လုပ်သမျှငြိမ်ခံနေတာကတော့မဖြစ်သင့်ဘူးလို့လုံချန်တွေးမိတယ်။ဒီကောင်
လေးသာပြန်လုပ်ရင် သူ့ကိုဝိုင်းကန်ကျောက်နေတဲ့လူတွေကိုအသာလေးအနိုင်ယူလိုက်နိုင်တယ်လို့လည်း
လုံချန်ယုံပါတယ်။

"ကျုပ်မကောင်းတာလုပ်ထားခဲ့လို့ သူတို့ကျုပ်ကိုရိုက်တာလို့ပြောတယ်လေ ဒါ့ကြောင့်ကျုပ်ငြိမ်ခံ
နေရတာပေါ့"  လူငယ်လေးအရိုးခံအတိုင်းပြောပါတယ်။

လုံချန်သူ့ခေါင်းကိုယမ်းလိုက်တယ်။ဒီလူငယ်လေးဟာထွားကျိုင်းပေမယ့် ညာဏ်ရည်ကတော့ကလေး
တစ်ယောက်သာသာ သာ ရှိပုံပါပဲ။ဒီလောက်ရိုးသားပြီးတုံးအနေတာအံ့သြစရာမရှိဘူးပေါ့။ရေတွင်းပုံ
ပုံကြမ်းကိုကြည့်ပြီး မီးခိုးခေါင်းတိုင်ဆောက်လိုက်တာကတော့အတော့်ကိုစိုးရိမ်စရာကောင်းတဲ့ညာဏ်
ရည်ပါ။

"မင်းဘယ်မှာနေတာလည်း"

"ကျုပ်မှာအိမ်မရှိဘူး အကိုကြီးအိမ်မှာအလုပ်ကြမ်းသမားလိုလား ကျုပ်ကသိပ်သန်မာတယ် ကျုပ်ကို
ကျွေးစရာပဲပေးပါ အခပေးစရာမလိုဘူး ကျုပ်ဗိုက်ဆာလွန်းလို့ပါ" လူငယ်လေး တောင်းပန်သံနဲ့ပြော
နေတယ်။

လုံချန်တစ်ခုခုပြန်ပြောတော့မယ့်အချိန်မှာပဲလူတစ်ယောက်ကသူ့ကိုသတိပေးလိုက်တယ်။

"သခင်လေးမရူးစမ်းပါနဲ့...ဒီကောင်က နွားတစ်ကောင်လုံးတောင်ခဏလေးနဲ့စားလိုက်နိုင်တဲ့
ကောင် သူ့ခေါ်ထားရင်မွဲလိမ့်မယ်နော်"

"မဟုတ်ပါဘူးဗျာ ထမင်းရှိရင်ကိုရပါပြီ အသားတွေဘာတွေမလိုပါဘူး" လူငယ်လေးခပ်မြန်မြန်ဖြတ်ပြော
လိုက်ပါတယ်။

"ကောင်းပြီ ငါနဲ့လိုက်ခဲ့...မင်းနာမည်ကဘယ်သူ...." လုံချန်မေးလိုက်ပါတယ်။

"ကျုပ်ကိုနွားရိုင်းလို့ခေါ်တယ် ကျေးဇူးတင်ပါတယ်အကိုကြီး" နွားရိုင်းပျော်သွားတယ်။

"ဟမ်း ကောင်းပြီလေ မင်းကိုငါ နောက်ဆို လူကြမ်းလေး လို့ခေါ်မယ် မင်းငါ့ကိုအကိုလုံလို့ခေါ်ပေါ့"

လုံချန်ခေါင်းငြိမ့်လိုက်ပါတယ်။

"ကောင်းပါပြီအကိုလုံ" လူကြမ်းလေး ရိုးရိုးသားသားပဲခေါင်းငြိမ့်လိုက်တယ်။သူတို့နှစ်ယောက်ထွက်လာ
တော့လူကြမ်းလေးကို ဝိုင်းကြည့်နေတဲ့ လူအုပ်ကြီး မနာလိုတွေဖြစ်ပြီးကျန်ခဲ့ကြတယ်။သာမာန်ငတုံး
တစ်ယောက်ကို အထက်တန်းလွှာတစ်ယောက်ကမျက်နှာသာပေးနေတာကြောင့်သူတို့မနာလိုဖြစ်နေ
ကြတာပေါ့။ငတုံးတွေလည်းကံကောင်းရင်အတော့်ကိုကြောက်စရာကောင်းပါလားလို့ သူ တို့တွေးနေကြ
မလားတောင်မသိဘူး။

လမ်းတစ်လျှောက် လူကြမ်းလေးရဲ့ဘ၀ဇာတ်ကြောင်းကိုလုံချန်မေးလာပါတယ်။လူကြမ်းလေးပြောပုံအရ
ဆိုရင်စိတ်ထားကောင်းတဲ့လူတွေဟာသူ့ကိုကျွေးမွေးထားခဲ့ပေမယ့်သူ့အသက် ငါးနှစ်မှာပဲ ကပ်ဆိုးကြီး
ကြောင့်ရွာလုံးကျွတ်သေဆုံးသွားခဲ့ရပြီးသူတစ်ယောက်သာလွတ်မြောက်သွားခဲ့ပါသတဲ့။ဒီလိုနဲ့အင်ပါ
ရီယာမြို့တော်ကိုသူမရောက်ရောက်အောင်လာခဲ့ရတယ်ပေါ့။

"လူကြမ်းလေး နောက်ဆိုရင် မင်း ငါ့နောက်လိုက်ပဲလုပ်တော့ မင်းထပ်ပြီးမငတ်စေရတော့ဘူး"

လုံချန် လူကြမ်းလေးကိုတော်တော်ကိုယ်ချင်းစာမိသွားတယ်။ဘယ်လိုပဲဖြစ်ဖြစ်သူတို့နှစ်ယောက်ဟာ
အဖြစ်ချင်းသာထပ်တူမကျပင်မယ့်ခံစားရတဲ့ဒုက္ခချင်းကတော့အတော့်ကိုတူတယ်မလား။ဒါ့ကြောင့်လည်း
လုံချန်ကိုယ်ချင်းစာမိတာပါ။လုံချန်တောင်မှကံကောင်းလို့မကြာသေးခင်ကစပြီးဘ၀အချိုးအကွေ့ကောင်း
တစ်ခုနဲ့ကြုံလိုက်ရတာပါ။ဒီလိုမှမဟုတ်ရင် ဒီကောင်လေးလို့ဘ၀မျိုးသာသာပဲသူရှိနေဦးမှာလေ။

ထိုသို့ဖြင့်နှစ်ယောက်သားလမ်းလျှောက်လာကြရင်း လမ်းမတစ်ခုကိုရောက်တော့ ၀ရုန်းသုန်းကားအော်
သံတွေနဲ့အတူလူရိပ်တွေအများကြီး သူတို့နှစ်ယောက်မြင်ကွင်းထဲ၀င်လာတယ်။သူတို့နှစ်ယောက်မြင်
ကွင်းထဲကို၀င်လာတာကစာမရီ(တိဗက်နွား)နှစ်ကောင်ဆွဲထားတဲ့ လှည်းယာဉ်ကျော့(ဇိမ်ခံနွားလှည်း)
တစ်ခု။ထိုစာမရီတွေကလည်းအဆင့်တစ် မှော်သားရဲတွေဖြစ်နေပါတယ်။ထိုစာမရီနှစ်ကောင်ဆွဲထားတဲ့
လှည်းဟာလမ်းတစ်၀က်လောက်ကိုပိုင်စိုးပိုင်နင်းနဲ့နေရာယူထားပြီးလမ်းသွားလမ်းလာတွေကိုလည်း
ဂရုစိုက်ပုံမရဘူး။

လမ်းပေါ်မှာကစားနေတဲ့ ငါးနှစ်အရွယ်ကောင်မလေးတစ်ယောက် သူ့စီတည့်တည့်ပြေး၀င်လာတဲ့ လှည်း
ကြီးကိုမြင်တော့ကြောက်လန့်စိတ်ကြောင့်တစ်ကိုယ်လုံးတောင့်တင်းသွားတယ်။ကလေးမလေးလှိမ့်
တောင်မရှောင်နိုင်တော့ဘူး။လုံချန်နှာခေါင်းတစ်ချက်ရှုံ့ရင်းအရှေ့ကိုပြေးတက်သွားလိုက်တယ်။သူ့အောက်
မှာခင်းထားတဲ့လမ်းခင်းကျောက်ပြားတွေကြေမွကျန်နေခဲ့ပါတယ်။

လျှပ်ပျက်လိုက်သလိုအမြန်နှုန်းနဲ့ ကလေးမလေးဘေးကိုလုံချန်ရောက်သွားပြီး လမ်းတစ်ဖက်ကိုဆွဲချသွား
တယ်။ရထားလုံးကသူ့ဘေးကအဖြတ်မှာပဲ လုံချန်သူ့ကိုယ်သူအရှိန်သပ်ပြီးသားဖြစ်နေပြီ။လုံချန်ဒေါသလည်း
အတော်ထွက်သွားပါတယ်။

"ဘယ်လိုကျွန်ကောင်ကငါသွားမယ့်လမ်းကိုပိတ်ရဲတာလည်း"

အော်ဟစ်သံနဲ့အတူကျာပွတ်တစ်ချောင်းကတစ်ရွှီရွှီမြည်သံပေးပြီးလုံချန့်ထံပြေး၀င်လာပါတယ်။

Patriarch MK Aung

...............

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၂၃)မောက်မာမှု

"ဘယ်လိုကျွန်ကောင်တွေကငါသွားမယ့်လမ်းကိုပိတ်ထားရဲတာလည်း သေချင်လို့လား"

အသံနောက်မှာပဲ ကြာပွတ်တစ်ချောင်းကတစ်ရွှီရွှီမြည်သံပေးပြီးလုံချန့်ထံပြေး၀င်သွားတယ်။အလွန်လျှင်
မြန်ပြီးတိကျတဲ့ရိုက်ချက်ကိုကြည့်ရင်ကြာပွတ်သမားဟာကြာပွတ်ရိုက်ရာမှာအတော်ကလေးကျွမ်းကျင်သူ
တစ်ယောက်ဖြစ်မှန်းသိနိုင်တယ်။ထိုရိုက်ချက်ကိုလုံချန်လှိမ့်ရှောင်လိုက်လို့တော့ရတယ်။ဒါပေမယ့် လက်
ထဲမှာ ကလေးမလေးကိုချီထားရတဲ့အတွက်လွတ်လွတ်လပ်လပ်မရှောင်နိုင်ဘူးဖြစ်နေပါတယ်။

လူချန်ထောင်းကနဲဒေါသထွက်သွားတော့တာပေါ့။သူမရှောင်နိုင်တော့ဘူး။ကလေးမလေးကိုကာရင်းစိတ်
စွမ်းအင်ကိုလက်မောင်းပို့ပြီး၀င်လာတဲ့ရိုက်ချက်ကိုကာမယ်လို့ပဲဆုံးဖြတ်လိုက်ရပါတယ်။ထိုအချိန်မှာပဲ
သူ့ရှေ့မှာဧရာမလူရိပ်ကြီးတစ်ရိပ်ပေါ်လာတယ်။

ဖုန်း....။

လုံချန့်ကိုပြုံးဖြဲဖြဲနဲ့လူကြမ်းလေးကြည့်နေတယ်။ကြာပွတ်ကလူကြမ်းလေးရဲ့ကျောပေါ်ကိုဗြန်းကနဲကျသွား
ပါတယ်။လုံချန် မျက်နှာ မဲနက်သွားတယ်။ကြာပွတ်နဲ့ရိုက်လိုက်သူ ဘယ်သူလည်းဆိုတာကိုသူသိချင်နေ
ပေမယ့်ရထားလုံးကအရှိန်နဲ့မောင်းထွက်သွားပါပြီ။

ရထားလုံး ထဲ ကနေ အံ့အားသင့်တဲ့အသံတစ်သံထွက်လာတယ်။ကြည့်ရတာကတော့ကြာပွတ်သမားဟာ
လူကြမ်းလေးကိုမြင်တော့အတော့်ကိုအ့ံ့အားသင့်သွားပုံပါပဲ။ဒါပေမယ့် ရထားလုံးကတော့မရပ်တော့ပါ
ဘူး။

"မင်းအဆင်ပြေလား လူကြမ်းလေး" လုံချန်ဒေါသသံကိုထိန်းပြီးမေးလိုက်တယ်။

"အကိုလုံ ကျုပ်အဆင်ပြေပါတယ် ငယ်ငယ်ကတည်းက ဒီလိုအရိုက်ခံနေကျဆိုတောရိုးနေပြီ" စပ်ဖြဲဖြဲ
လုပ်ရင်းလူကြမ်းလေးပြန်ဖြေတယ်။ဒါပေမယ့် သူ့ နောက်ကျောအကျီင်္ကစုတ်ပြဲထွက်သွားပြီးအစင်းရာကြီး
တစ်ခုပေါ်လာကာသွေးတွေစိမ့်ထွက်လို့နေပါတယ်။

ကလေးမလေးအမေ က ကလေးကိုလာခေါ်ပြီး လုံချန်တို့နှစ်ယောက်ကိုကျေးဇူးတင်စကားတွေအကြိမ်
ကြိမ်ပြောနေတယ်။လူကြမ်းလေးကတော့ပြုံးဖြဲဖြဲနဲ့တဟီးဟီးသာရယ်နေပြီး ထိုအမျိုးသမီးကိုလုံချန်နှစ်
သိမ့်ရပါတယ်။ထို့နောက်တွင်တော့ထိုနေရာကနေ သူတို့နှစ်ယောက်ထွက်လာခဲ့ကြတော့တယ်။

လုံချန်ဒေါသမပြေသေးပါဘူး။လူသွားလူလာဒီလောက်များတဲ့လမ်းမထက်မှာကြာပွတ်တစ်ယမ်းယမ်းနဲ့
ဒီလိုအပြုအမူမျိုးဟာရမ်းကားတာပါ။ထိုကြာပွတ်သမားကိုကောင်းကောင်းပညာပေးဖို့လုံချန်တေးထား
လိုက်ပါတယ်။လုံချန့်အတွက်အံ့အားသင့်စရာကောင်းတာက ကြာပွတ်သမားရဲ့ကြောက်စရာကောင်းတဲ့
ရိုက်ချက်ဟာ လူကြမ်းလေးအတွက်တော့ အပေါ်ယံအရေးပြားစုတ်ပြဲသွားရုံလောက်သာဖြစ်သွားတာကို
ပါပဲ။

ထိုလူရဲ့ကြာပွတ်ရိုက်ချက်ဟာအားအင်မတန်ပါပြီးအတော်လည်းကြောက်ဖို့ကောင်းတယ်ဆိုတာကိုသူ
သိပါတယ်။လူကြမ်းလေးဟာဘယ်လိုလူမျိုးလည်း။နှစ်ယောက်သားလမ်းလျှောက်လာရင်း လူကြမ်းလေး
ရဲ့ဗိုက်ကနေ မိုးခြိမ်းသံလို တစ်ဂွီဂွီ တစ်ဂွမ်ဂွမ်အသံတွေထွက်လာတယ်။လုံချန်ရုတ်တရက်ရပ်ရင်းဘေး
ဘီကိုကြည့်လိုက်တော့အသားနဲ့လုပ်တဲ့ပေါင်မုန့်လုံးတွေရောင်းတဲ့ဆိုင်တစ်ဆိုင်သူ့ဘေးမှာရှိနေတာကို
တွေ့လိုက်ရတယ်။ပေါင်မုန့်ဆိုင်ထဲကနေအသားတွေရဲ့မွှေးရနံ့ကအပြင်ထိတောင်ရောက်လာနေတယ်လေ။

လူကြမ်းလေးရှက်ရှက်ရွံ့ရွံ့နဲ့ပြောပါတယ်။

"အကိုလုံ ကျုပ် မစာပါဘူးဗျ"

"မင်းမစာလည်းငါစာတယ်ကွ...တို့နှစ်ယောက်ပေါင်မုန့်သွားစားရအောင်...."

လူကြမ်းလေးကိုခေါ်ပြီး ပေါင်မုန့်ဆိုင်ထဲလုံချန်၀င်ခဲ့လိုက်တယ်။အထဲယောက်တော့စားပွဲတစ်လုံးမှာသူ
တို့နှစ်ယောက်ထိုင်လိုက်တယ်။ဆိုင်ရှင်ကိုရွှေးဒဂါင်္းတွေပေးရင်းတစ်ဆက်တည်းလုံချန်မှာလိုက်တယ်။

"ခင်ဗျားဆိုင်မှာရှိသမျှ ပေါင်မုန့်တွေအကုန်သာချဗျာ"

"အကိုလုံ ကျုပ်ဗိုက်မဆာပါဘူးဗျ ကျုပ်အတွက်ထမင်းလေးဘာလေးစားရရင်ပဲတော်ပါပြီ"

လူကြမ်းလေးကမန်းကတမ်းပြောပါတယ်။ဒီလိုပဲသူ့ကိုအစားအသောက်တွေ၀ယ်ကျွေးပြီးထားထားသွား
တာကိုလူကြမ်းလေးအကြိမ်ကြိမ်ခံခဲ့ရပြီလေ။ဒီလိုမျိုးနောက်တစ်ကြိမ်ထပ်ဖြစ်မှာကိုသူကြောက်နေတယ်။

"လူကြမ်းလေး မင်းဟာ ကြာပွတ်ကိုငါ့အစား၀င်ခံပေးခဲ့တယ် အခုချိန်ကစပြီး မင်းဟာငါ့ညီပဲ ငါ လုံချန်
မင်းအပေါ်ကျရောက်လာမယ့် အန္တာရာယ်တွေကိုကာကွယ်ပေးမယ် ဒါ့ကြောင့် သူစိမ်းဆန်တဲ့စကားတွေ
မပြောနဲ့တော့ ဟုတ်ပြီလား" လုံချန်အလေးအနက်ပြောလိုက်ပါတယ်။

သူ့အတွက်နဲ့ ကြာပွတ်ရိုက်ချက်ကို၀င်ခံပေးသူတစ်ယောက်ဟာ သူ့အတွက်တော့ညီအကိုတစ်ယောက်
ဖြစ်သင့်ပါတယ်။

"အကိုလုံ.....ကျုပ် ... ကျုပ်"

လူကြမ်းလေးရုတ်တရက်အော်ငိုတော့တယ်။လမ်းဘေးမှာကြုံသလိုအိပ်ကြုံသလိုစားနေရတဲ့နှစ်ပေါင်း
များစွာအတွင်းဒီနေ့လို့နွေးထွေးမှုမျိုးကိုသူဘယ်တုန်းကမှမကြုံခဲ့ရဖူးလေ။သူ့အပေါ်ဒီလောက်ကောင်း
ကောင်းမွန်မွန်ဆက်ဆံသူတစ်ယောက်ကိုဒီတစ်ခါပဲတွေ့ဖူးသေးတာပါ။

"ညီလေး မငိုနဲ့ ငိုတာဟာသူရဲဘောကြောင်သူတွေသာလုပ်တာ" လူကြမ်းလေးရဲ့ပုခုံးတွေကိုလုံချန်ပုတ်
လိုက်တယ်။

"ကောင်းပါပြီ အကိုလုံ ကျုပ်နားထောင်ပါ့မယ် အကိုလုပ်စေချင်တာမှန်သမျှကိုကျုပ်လုပ်မယ်"

လူကြမ်းလေးမျက်ရည်တွေသုတ်ရင်းပြောတယ်။ထိုအချိန်မှာပဲမုန့်ခြင်းကြီးတစ်ခြင်းနဲ့ဆိုင်ရှင်ရောက်
လာတယ်။

"လူကြမ်းလေး မင်းစားနိုင်သလောက်စားစမ်း အကိုလုံ မှာ ငွေတွေအများကြီးရှိတာမို့လို့ စိတ်ပူစရာ
မလိုဘူး"

လူကြမ်းလေးခေါင်းငြိမ့်လိုက်တယ်။သူဟန်ဆောင်မနေတော့ပါဘူး။လက်သီးဆုပ်လောက်ရှိတဲ့အသား
ူသွပ်ပေါင်မုန့်တွေကို လူကြမ်းလေး တစ်လုံးကိုတစ်ကိုက်နှုန်းနဲ့စားပါတယ်။လုံချန့်အနေနဲ့ လူကြမ်းလေး
ထိုသို့စားနိုင်တယ်ဆိုတာကိုကြိုတင်ခန့်မှန်းထားပြီးသားဖြစ်ပေမယ့်လည်း သူ့စားနိုင်စွမ်းကိုမြင်တော့
နည်းနည်းအံ့အားသင့်ရပါသေးတယ်။ပေါင်မုန့်အလုံးသုံးရာလောက်စားပြီးတာတောင်မှ လူကြမ်းလေး
မတင်းတိမ်နိုင်သေးဘူး။

ဆိုင်ရှင်ကတော့အားအရမ်းနာနေတယ်။တစ်ဆိုင်လုံးမှာရှိသမျှမုန့်တွေလည်းကုန်ပြီဖြစ်တဲ့အပြင် မုန့်ချက်
ချင်းပြန်လုပ်ဖို့ကလည်းမဖြစ်နိုင်ဘူးလေ။ပေါင်မုန့်အလုံးသုံးရာကိုငွေဒဂါင်္း ခြောက်ပြားပဲကျပါတယ်။ဒါပေ
မယ့်ပိုတဲ့အကြွေပြန်ပေးဖို့သူလာတော့ လုံချန်နဲ့ လူကြမ်းလေးမရှိကြတော့ပါဘူး။

အိမ်ပြန်ရောက်တော့ လုံချန် သူ့ အမေစီကို လူကြမ်းလေးကိုခေါ်သွားလိုက်တယ်။ပထမတော့ လူကြမ်း
လေးရဲ့ဧရာမခန္ဓာကိုယ်ကြီးကိုမြင်တော့ လုံအမျိုးသမီးလန့်နေသေးတယ်။ဒါပေမယ့်လူကြမ်းလေးရဲ့
ကလေးတစ်ယောက်လိုအပြုအမူမျိုးကိုမြင်တော့မှသူမစိတ်သက်သာရရသွားတော့တယ်။လူကြမ်းလေး
ကိုအိမ်မှာနေဖို့ခေါ်လာကြောင်း လုံချန် ပြောတော့ လုံအမျိုးသမီး မဆိုင်းမတွ သဘောတူလိုက်ပါတယ်။

လူကြမ်းလေးကိုနေရာထိုင်ခင်းချပေးပြီးတာနဲ့ လုံချန်လည်း ဆေးသွားသန့်စင်တော့တယ်။ကိုယ့်အိမ်မှာ
ကိုသန့်စင်ရတာမို့လို့ ဆေးဆရာအသင်းမှာလို ခက်ခက်ခဲခဲသန့်စင်ပြနေစရာမလိုပဲသူ့မှာရှိတဲ့ပင်ကိုယ်
အစွမ်းတွေအကုန်သုံးပြီးခပ်လွယ်လွယ်သန့်စင်နိုင်ပါတယ်။ထို့ကြောင့်ဆေးသန့်စင်ချိန်ဟာသိပ်တောင်မ
ကြာလိုက်ပါဘူး။

သုံးရက်နေတော့ လုံချန်သူ့အခန်းထဲကပြန်ထွက်လာတယ်။သူဆေးသန့်စင်နေတာသုံးရက်သုံးညတိုင်တိုင်
ကြာသွားတယ်လေ။အခုဆိုရင်သူ့လက်ထဲမှာ ဖုန်ဖူဆေးအလုံးတစ်ရာခန့်ရှိပြီး ဆေးအကုန်လုံးလိုလိုဟာ
အလယ်အဆင့်ဆေးများဖြစ်ပါတယ်။တစ်ဆက်တည်း ဖုန်ဖူဆေးအပြင်အခြားနာမည်ကြီးဆေးတွေဖြစ်
တဲ့ ချီပေါင်းစပ်ခြင်းဆေး တို့ အဆိပ်ကုဆေးလုံးတို့ စသဖြင့် အခြားဆေးတွေကိုလည်းသူသန့်စင်ခဲ့သေး
တယ်။

လုံချန်အခန်းအပြင်ရောက်တာနဲ့ မဝံ့မရဲ  ဟန်နဲ့ဘိုအာရောက်လာတယ်။လုံချန်မျက်မှောင်ကုတ်ပြီးမေး
လိုက်တယ်။

"ဘိုအာ ဘာဖြစ်လို့လည်း"

"သခင်လေး အဲ့တာ..."

ဘိုအာပြောဖို့ကိုတွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတယ်လေ။

"ဘာပဲဖြစ်ဖြစ်ပြော....ရတယ်..." လုံချန်ရယ်ရင်းပြောလိုက်ပါတယ်။

"ဟိုလေ အိမ်မှာစားစရာမရှိတော့ဘူး  အဲ့တာ" ဘိုအာမသက်မသာနဲ့ပြောလိုက်တယ်။

လူကြမ်းလေးဟာခန္ဓာကိုသိပ်ကြီးတာနဲ့အမျှအစားလည်းအင်မတန်ကြီးပါတယ်။မီးဖိုချောင်ကို အစား
အသောက်လုံလောက်အောင်လုပ်ပေးဖို့လုံအမျိုးသမီးမှာထားပေမယ့်လည်း သုံးရက်အတွင်းမှာ တစ်လ
စာလှောင်ထားတဲ့ရိက္ခာတွေအကုန် ကုန် တော့တာပါပဲ။အခု လုံအမျိုးသမီးဟာ ဘိုအာကိုသူမရဲ့ လက်၀တ်
လက်စားအနည်းငယ်ကိုတိတ်တဆိတ်ရောင်းခိုင်းလိုက်တာပါ။

ထိုကိစ္စကို လုံချန်နဲ့တိုင်ပင်ကြည့်တာပိုကောင်းမယ်လို့ထင်မိတာကြောင့်လုံချန့်စီကိုသူမရောက်လာတာ
ပါ။လုံချန်ရယ်ရင်းဘိုအာရဲ့ပုခုံးလေးကိုပုတ်လိုက်တယ်။

"ကောင်မလေး မင်းတော်တော်စဉ်းစားတတ်လာတာပဲ ဒီကိစ္စကိုငါပဲကိုင်တွယ်လိုက်မယ်"

ဘိုအာမှာလုံချန်ရဲ့ကိုယ်ပိုင်အစေခံတစ်ယောက်ဖြစ်ပြီးလုံချန်တို့မိသားစုဆင်းရဲသွားတာတောင်အလုပ်မ
ထွက်ပဲသစ္စာရှိရှိနေခဲ့သူတစ်ယောက်ဖြစ်ပါတယ်။လုံချန်အနေနဲ့လည်းထိုကောင်မလေးကိုသူ့ညီမအရင်း
လေးတစ်ယောက်လိုချစ်ခင်ဆက်ဆံနေခဲ့တာပါပဲ။

"သခင်လေး ဒီညအတွက်စားဖို့တောင်မရှိတော့ဘူး" ဘိုအာသတိပေးလိုက်တယ်။အခုအချိန်ဆိုရင်ဘို
အာဟာလုံအိမ်တော်တစ်ခုလုံးကိုတာ၀န်ယူရတဲ့စီမံကွပ်ကဲသူတစ်ယောက်လိုတောင်ဖြစ်နေပါပြီ။ယခင်
လုံအိမ်တော်မှာခန့်ထားတဲ့စီမံကွပ်ကဲသူဟာ သူတို့လစာမပေးနိုင်တော့တဲ့အချိန်ကစပြီးထွက်သွားခဲ့တာ
တော်တော်ကြနေပါပြီ။

"ကောင်းပြီလေ ဒီကိစ္စကိုငါဖြေရှင်းပါ့မယ်"

လုံချန့်မှာရွှေဒဂါင်္းနည်းနည်းတော့ရှိသေးပေမယ့်အကြွေတွေသာဖြစ်နေတယ်။ဒါနဲ့ပဲလူကြမ်းလေးကိုခေါ်
ပြီးဆေးဆရာအသင်းကိုနှစ်ယောက်သားထွက်လာခဲ့လိုက်ပါတယ်။လူကြမ်းလေးကိုဘာ့ကြောင့်ခေါ်လာ
ရလည်းဆိုတာကတော့သူ့မှာအကြောင်းပြချက်သိပ်မရှိဘူး။လူကြမ်းလေးကို သူ ဒီထက်ပိုတွေးတတ်ခေါ်
တတ်လာစေချင်နေတယ်။

ဆေးဆရာအသင်းကိုရောက်တော့ ဆေးအမယ်တွေသိုလှောင်တဲ့ သိုလှောင်ခန်းကိုသွားပြီး ဆေးစစ်ဆေး
သူကို ဒါဇင်နဲ့ချီတဲ့ဆေးတွေ လုံချန်ပေးလိုက်တယ်လေ။ဆေးစစ်ဆေးသူလူငယ်လေးတော်တော်လန့်သွား
တယ်။သူလုံချန်ကိုကောင်းကောင်းမှတ်မိတာပေါ့။လွန်ခဲ့တဲ့သုံးရက်ကပဲသူ့စီလာခဲ့သေးတာ။အခုတော့သုံး
ရက်အတွင်းဆေးတွေသန့်စင်ပြီးသူ့စီပြန်ရောက်လာတယ်တဲ့။

ပုံမှန်အတိုင်းဆိုရင် ဆေးပညာသင်တွေဟာ နှစ်၀က်လောက်ကြာမှပြန်ရောက်လာတတ်ကြတာလေ။
ဒါနဲ့ပဲအံ့သြမှုတွေကိုခဏထားပြီး တာ၀န်ရှိတဲ့အတိုင်း လုံချန့် ဆေး တွေကို သူစစ်ဆေးရတယ်။ဆေးတွေ
ကိုလူငယ်လေးတစ်လုံးချင်းအသေးစိတ်စစ်တော့တာပေါ့။အလယ်အလတ်အဆင့်ဆေး 17 လုံးနဲ့ အဆင့်
နိမ့်ဆေး 36 လုံး။လူငယ်လေးခင်ဗျာ သူ့ရဲ့စစ်ဆေးရေးကိရိယာတွေကိုအကြွင်းမဲ့ယုံပေမယ့်လည်းသူ့
မျက်စိကိုယ်သူမယုံနိုင်ဖြစ်နေတယ်။

ဆေးတွေကိုအပြန်ပြန်အလှန်လှန်စစ်ဆေးပြီးတော့မှ အကုန်အရည်အသွေးမှီကြောင်းအသိအမှတ်ပြုပြီး
လုံချန်ယူသွားတဲ့အကြွေးကိုပြန်နှုတ်လိုက်တယ်။ဒါပေမယ့် လုံချန့်ဆေးတွေကပိုနေသေးတယ်။

"ဆရာလုံ ဒီကျန်တဲ့ဆေးတွေအတွက် ဆေးအမယ်တွေနဲ့လဲမလား ငွေပဲထုတ်ယူသွားမလားခင်ဗျ"

လူငယ်လေးရိုရိုသေသေနဲ့မေးလိုက်တာပါ။

"ရွှေဒဂါင်္းအဖြစ်ပဲထုတ်ပေးလိုက်ပါ"

"ကောင်းပါပြီခင်ဗျ စောင့်ပါဦး"

စာအုပ်တစ်အုပ်ကို လူငယ်လေးဖွင့်ပြီး ခပ်သွက်သွက်လှန်လိုက်တယ်။ထိုစာအုပ်ထဲမှာဆေးတွေရဲ့လက်
ရှိစျေးကွက်ပေါက်စျေးကိုဖော်ပြထားပါတယ်။ထိုစျေးတွေကိုကြည့်ပြီးလူငယ်လေးတန်ဖိုးဖြတ်နေတယ်။

"ဆရာလုံ စုစုပေါင်းဆိုရင် ရွှေဒဂါင်္း စုစုပေါင်း 8170000  ရပါမယ်"

လုံချန်ခေါင်းငြိမ့်လိုက်တယ်။ဆေးဆရာအသင်းအနေနဲ့စျေးသိပ်မတင်တာကြောင့်တန်ဖိုးဖြတ်တဲ့စျေးလည်း
မျှတပါတယ်။၄င်းဖြတ်တဲ့တန်ဖိုးဟာ စျေးကွက်ပေါက်စျေးနဲ့ ဆယ်ပုံတစ်ပုံသာကွာတာပါ။

"ခရစ်စတယ်ကတ်နှစ်ကတ်နဲ့ တစ်ကတ်ကို 2 သန်းထည့် ကျန်တစ်ကတ်ကိုပိုတာထည့်ပေးလိုက်ပါ"

လုံချန်ပြောလိုက်ပါတယ်။အိမ်ပြန်လာတော့ အိမ်ဂိတ်၀မှာပဲဘိုအာအသင့်စောင့်ကြိုနေတယ်။အနီရောင်
ဖိတ်စာတစ်ခုကို လုံချန့်ကိုသူမပေးလိုက်တယ်။

"သခင်လေးရှီဖန်က သခင်လေးကိုဖိတ်လိုက်တာပါ" လုံချန် ဖိတ်စာကိုဖွင့်ဖတ်ကြည့်ပြီးပြုံးလိုက်ပါတယ်။

ရှီဖန်ရဲ့အဆင့်ကအခုဆိုရင်သွေးနှောအဆင့်ကိုရောက်သွားပြီးဆိုတော့ သူ စိတ်အတော်လှုပ်ရှားနေပုံပါ
ပဲ။အခုလည်းထိုအောင်မြင်မှုအတွက်သူငယ်ချင်းတွေကိုဖိတ်ပြီးကျွေးမွေးတာပါ။ထိုကျွေးမွေးပွဲလုပ်မည့်
နေရာက သူရဲကောင်း အဆင့်မြင့်စားသောက်ဆိုင်မှာပဲဖြစ်ပါတယ်။

"ဘိုအာ ဒီမှာငွေတွေ မင်းအဆင်ပြေသလိုကြည့်လုပ်ထားလိုက်....နောက်ပြီးတော့ မင်း မင်္ဂလာဆောင်
ရင်၀တ်ဖို့ သတို့သမီး၀တ်စုံလှလှလေး၀ယ်ပေးရဦးမယ် ဟားဟား"  လုံချန်ရယ်ရင်း ခရစ်စတယ်ကတ်
တစ်ကတ်ကိုပေးလိုက်တယ်။

ဘိုအာမျက်နှာလေးရဲရဲနီသွားတယ်။ဒါပေမယ့်ခရစ်စတယ်ကတ်ပေါ်ကငွေအရေအတွက်ကိုမြင်တော့သူမ
ကိုယ့်မျက်လုံးကိုကိုယ်မယုံနိုင်ဖြစ်သွားတယ်လေ။

"ကဲ....သူဋ္ဌေးမလေး လုံအိမ်တော်ရဲ့ကိစ္စအ၀၀ကိုမင်းပဲတာ၀န်ယူစီမံဖို့အပ်ထားလိုက်ပြီ မေ့နေလိုက်တာ
ငါ့အမေရောင်းလိုက်တာ လက်၀တ်လက်စားတွေလည်းပြန်၀ယ်လာဖို့မမေ့နဲ့ဦး ဘယ်လောက်စျေးကြီးကြီး
ကိစ္စမရှိဘူး....." လုံချန်ပြောလိုက်ပါတယ်။

"ဟုတ်ကဲ့ စိတ်မပူပါနဲ့ သခင်လေး ဒီကိစ္စကိုဘိုအာကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်" ဘိုအာသူမရင်
ဘတ်ကိုတစ်ဘုန်းဘုန်းရိုက်ရင်းပြောတယ်။သူမကိုယ်သူမယုံကြည်ချက်တွေသိပ်ရှိနေတာပေါ့။လုံချန်
ခေါင်းငြိမ့်ရင်းလူကြမ်းလေးနဲ့အတူ သူရဲကောင်းများစည်းဝေးရာ ဆိုတဲ့အဆင့်မြင့်စားသောက်ဆိုင်ကြီး
ကိုထွက်လာတယ်။

သူရဲကောင်းများစည်းဝေးရာဆိုတဲ့ စားသောက်ဆိုင်ကြီးဟာ မြို့တော်မှာတော့နာမည်အတော်ကြီးပါတယ်။
ထိုစားသောက်ဆိုင်မှာစားသူတွေဟာကျိကျိတက်ချမ်းသာကြသူတွေပါ။ထူးထူးဆန်းဆန်းနာမည်ရယ်ဇိမ်
ခံအစားအသောက်တွေရယ်ပေါင်းစပ်လိုက်တော့ ထိုစားသောက်ဆိုင်ကြီးဟာ သူဋ္ဌေးတွေအတွက် တွေ့
ဆုံပွဲတွေလုပ်ရာနေရာ၊တော်၀င်မျိုးနွယ်တွေအတွက်ငွေဖြုန်းရာနေရာတစ်ခုဖြစ်လာတော့တာပါပဲ။

ထိုစားသောက်ဆိုင်ရဲ့အပေါ်ဆုံးထပ်မှာစားပွဲဝိုင်းကြီးတွေခင်းကျင်းထားတယ်။ထိုအချိန် စားသောက်ဆိုင်
ရဲ့အပေါ်ဆုံးထပ်မှာအငွေ့တစ်ထောင်းထောင်းထနေတဲ့စားကောင်းသောက်ဖွယ်တွေနဲ့ပြည့်နှက်နေတယ်။
သို့သော်လည်းအငွေ့တစ်ထောင်းထောင်းထနေတဲ့စားကောင်းသောက်ဖွယ်တွေကိုရှေ့ချပြီးလူတစ်စုက
တော့စကားပဲပြောနေကြတယ်။ဘယ်သူမှတူကိုင်ပြီးစားသောက်နေတာကိုမတွေ့ကြပါဘူး။

လူတစ်ယောက်ရောက်လာတာကိုမြင်တော့သူတို့တစ်သိုက်ကမန်းကတမ်းရပ်လိုက်ကြတယ်။

"အကိုလုံ"

"အကိုလုံ"

"လုံသခင်ကြီး"

လုံချန်ကိုတစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်လိုက်ကြပေမယ့်သူ့နောက်မှာပါလာတဲ့လူကြမ်းလေးကို
မြင်တော့အကုန်လုံးလန့်ပြီးခုန်လိုက်မိကြတယ်။လူကောင်အလွန်ထွားတယ်ဆိုတဲ့ရှီဖန်တောင်လူကြမ်း
လေးနဲ့ယှဉ်ရင် ဆင်နဲ့ဆိတ်ဖြစ်နေတယ်လေ။

"ကျုပ်ညီလေး လူကြမ်းလေး နဲ့ မိတ်ဆက်ပေးပါရစေ"

လုံချန်ရဲ့မိတ်ဆက်ပေးမှုကြောင့်သူတို့တစ်သိုက်လူကြမ်းလေးကိုတစ်ယောက်တစ်ပေါက်ဝိုင်းနှုတ်ဆက်
ကြပါတော့တယ်။ဒါပေမယ့်လူကြမ်းလေးကတော့ မျက်နှာရူးကြီးနဲ့ တစ်ဟီးဟီးသာရယ်နေတယ်။လုံ
ချန်ရောက်လာတာနဲ့၄င်းတို့အကုန်လုံးနေရာမှာပြန်ထိုင်ပြီးစားသောက်ကြပါတယ်။ရှီဖန် သူ့ ဝိုင်ခွက်ကို
မြှောက်ရင်း.....

"လုံညီလေး....အပိုစကားတွေပြောမနေတော့ဘူး ကျုပ်ရှီဖန် ညီလေးအတွက်တိုစ့်လုပ်ပါတယ်"

လုံချန်ကိုသူသိပ်ကျေးဇူးတင်နေတာပါ။နှစ်အတော်ကြာအောင်လေ့ကျင့်မှရောက်မယ့်သွေးနှော
အဆင့်ကိုလုံချန်ကြောင့်သူသိပ်မကြာလိုက်ပဲရောက်သွားတယ်လေ။ဒါဟာနောင်အဆင့်တွေဆက်
တက်တဲ့နေရာမှာကောင်းကောင်းကိုအထောက်အကူရသွားတော့မှာပါ။

"အကိုလုံ ကို ကျုပ်တို့အကုန်လုံးတိုစ့်လုပ်ပါတယ်"

ဖက်တီးယုဦးဆောင်ပြီးအကုန်လုံးမတ်တပ်ရပ်လိုက်ကြတယ်။လုံချန်ပေးတဲ့ဆေးရည်ကြောင့်ယခုဆိုရင်
၄င်းတို့ဟာ ချီစွမ်းအင်ကိုအာရုံခံနေနိုင်ပြီဖြစ်ပါတယ်။ဖက်တီးယုနဲ့ရှုဟူဆိုရင်ချီပေါင်းစပ်ခြင်းပထမအဆင့်
ကိုတောင်ရောက်သွားပြီ။ဒါတွေဟာလုံချန့်ကျေးဇူးတွေကြောင့်လေ။သူ့ကိုလူတိုင်းကျေးဇူးတင်နေတော့
တာပေါ့။

"ချီးယား"

လုံချန်တစ်ဟားဟားရယ်လိုက်တယ်။ဒီလူတွေဟာခက်ခဲနေတဲ့အချိန်တွေမှာတစ်ယောက်ကိုတစ်ယောက်
ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဆိုသလိုကူညီခဲ့ကြတာပါပဲ။အကုန်လုံးကသူငယ်ချင်းကောင်းတွေပဲမဟုတ်လား။
အတော်များများသောက်ပြီးကြတော့မှစကားစပြောကြပါတယ်။လူကြမ်းလေးကတော့အစားကိုပဲအာ
ရုံစိုက်နေတာပေါ့။

ရှီဖန့်ကိုစားစရာတွေထပ်မှာပေးဖို့လုံချန်ပြောထားရတယ်။ကံကောင်းတာကဒီကိုမလာခင်လေးမှာပဲ
လူကြမ်းလေးတနင့်တစ်ပိုးစားသောက်လာလို့ပါ။မဟုတ်ရင် သူစားပုံမျိုးနဲ့ဆိုရင် ဖက်တီးယုတို့တစ်သိုက်
အံ့သြလွန်းလို့သေတောင်သေသွားနိုင်တယ်လေ။

ဒီလိုနဲ့လူတိုင်းကလက်ရှိအကြောင်းအရာတွေဘက်ကိုပြောနေကြတယ်။အရေးအကြီးဆုံးတစ်ချက်က
လုံချန်ဆေးပညာသင်ဖြစ်သွားပြီဆိုတဲ့သတင်းကအင်ပါရီယာမြို့တော်ထဲတောမီးလိုပျံ့နေတယ်။လုံချန်
နဲ့ဖက်တီးယုတို့တစ်သိုက်ရဲ့ဆက်ဆံရေးကလည်းအများသိထားပြီးဖြစ်နေတယ်။ဒါ့ကြောင့်၄င်းတို့ရဲ့မိ
သားစုတွေဟာလုံချန်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရအောင် ၄င်းတို့ရဲ့သားတွေကိုတိတ်တဆိတ်ပြော
ထားကြပါတယ်။

ထိုသို့စကားတွေပြောနေကြတုန်းမှာပဲအောက်ကနေတက်လာတဲ့ခြေသံတွေကိုသူတို့တစ်သိုက်အတိုင်းသား
ကြားလိုက်ကြတယ်။ရှီဖန်မျက်မှောင်ကြုတ်သွားတယ်။

"ဒီအထပ်တစ်ထပ်လုံးကိုငှားထားပြီးပြီလို့ဆိုင်ရှင်ကိုပြောပြီးသားလေ ဘာ့ကြောင့်အပေါ်ကိုလူထပ်
တက်လာရတာလည်း"

"ထားလိုက်ပါ လူများတော့ပိုပျော်ဖို့ကောင်းတာပေါ့" ဖက်တီးယုနည်းနည်းမူးလာပုံနဲ့စကားတွေမူမမှန်ချင်
တော့ဘူး။ထိုအချိန်မှာပဲအသံတစ်သံထွက်လာတယ်။

"ဒီနေရာကလူတွေချက်ချင်းထွက်သွားကြစမ်း အဆင့်မတူတဲ့ကောင်တွေနဲ့ ကျုပ်မထိုင်ချင်ဘူး"

လုံချန်ဒေါသထောင်းကနဲထွက်သွားသလိုသူ့မျက်နှာလည်းအေးစက်တင်းမာလာပါတယ်။

Patriarch MK Aung

...........

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၂၄)မဟာရှအင်ပါယာ

ပထမတော့ဝိုင်တစ်ခွက်ကိုလုံချန်စိမ်ပြေနပြေသောက်နေတာပါ။ဒါပေမယ့်ထိုအသံကိုကြားတော့သူ့
မျက်နှာကအေးစက်တင်းမာသွားတယ်။ဒီအသံကိုသူကောင်းကောင်းရင်းနှီးနေတယ်လေ။ထိုသို့ရင်းနှီး
နေမှုကြောင့်လည်းထိုလူကိုလုံချန်သတ်ချင်နေတာပါ။လုံချန်အမူအယာပျက်နေတာကိုဖက်တီးယုတို့
တစ်သိုက်အကဲခတ်မိလိုက်ကြတယ်။

"အကိုလုံ ဘာဖြစ်လို့လည်း" လုံချန်ရဲ့လူသတ်ချင်နေတဲ့ပုံကြောင့် ဖက်တီးယု အမူးပြေသွားပြီး လှမ်း
မေးလိုက်တယ်။

"မစိုးရိမ်ပါနဲ့ အပေါ်ကိုတက်လာတဲ့လူကြောင့်ပါ...ရှီဖန်ရဲ့ပွဲကိုပဲအာရုံစိုက်ထားကြ"

လုံချန်တစ်ခုခုလုပ်ချင်နေတယ်ဆိုတာကိုအကုန်လုံးနားလည်လိုက်ကြတယ်။လက်ရှိမှာ၄င်းတို့ရဲ့မိသားစု
အသီးသီးကလည်းလုံချန်နဲ့ဆက်ဆံရေးကောင်းဖို့သင်ထားကြတယ်။ဒီလိုအခွင့်ကောင်းကြီးကိုဘယ်လို
လုပ်လက်လွှတ်ခံလို့ဖြစ်မလည်း။

"အကိုလုံ စောင့်သာကြည့်နေပါ" ရှုဟူ သူ့ ရင်ဘတ်ကိုတစ်ဘုန်းဘုန်းပုတ်ပြီးပြောပါတယ်။လုံချန်သူ့မျက်
နှာကိုမပြပဲလူကြမ်းလေးနဲ့စကားပြောနေတယ်။ထိုလူနဲ့သူတို့နှစ်ယောက်ကကျောခိုင်းလျှက်အနေအထား
ပါ။ခြေသံကတစ်ဖြည်းဖြည်းနီးလာတယ်။ထူးထူးဆန်းဆန်းဦးထုပ်ကိုဆောင်းထားတဲ့အသက်နှစ်ဆယ်ခန့်
သာရှိသေးတဲ့လူတစ်ယောက်အခန်းထဲ၀င်လာပါတယ်။

ထိုလူအပေါ်ထပ်ကိုတက်လာပြီးနောက်သူ့နောက်ကနေမျက်နှာခပ်ပျက်ပျက်နဲ့ဆိုင်ပိုင်ရှင်ရောက်လာ
တယ်။

"ဒီကောင်တွေကိုအောက်ကိုအကုန်ဆင်းခိုင်းလိုက် ဒီလိုမှမဟုတ်ရင်မင်းကိုငါအပစ်ပေးရမယ်"

ထိုမောက်မာတဲ့လူရွယ်ဟာ လုံချန် တို့တစ်သိုက်ကိုဖုတ်လေတဲ့ငပိရှိတယ်လို့တောင်ထင်ပုံမရဘူး။လုံ
ချန်တို့ကိုသူကိုယ်တိုင်မောင်းထုတ်ရင်သူ့သိက္ခာကျမှာဆိုးလို့ဆိုင်ရှင်ကနေတစ်ဆင့်မောင်းထုတ်ခိုင်းတဲ့
ပုံဖြစ်နေတယ်။

"အိုး....ဒီလူ့ခေါင်းကနေထူးထူးခြားခြားအတံတစ်ချောင်းထွက်နေတာကိုမင်း  သတိထားမိလား"

ဖက်တီးယုကိုရှုဟူခပ်တိုးတိုးလှမ်းပြောလိုက်တာပါ။ခပ်တိုးတိုးပြောတယ်ဆိုပေမယ့်လေသံနဲ့ပြောတာမ
ဟုတ်ပါဘူး။အဲ့ဒီတော့ သူ့စကားကို လူတိုင်းကောင်းကောင်းကြားရတော့တာပေါ့။လုံချန်ပြုံးလိုက်တယ်။
ထိုလူ၀တ်ထားတဲ့ထူးထူးဆန်းဆန်းဦးထုပ်ဟာရှေ့မှာချိုလိုလိုအတံတစ်ချောင်းပါပါတယ်။ပထမတော့သူ
လည်းသတိမထားမိပေမယ့်ရှုဟူပြောလိုက်တော့မှပဲသတိထားမိသွားတော့တယ်။

"ဒါလေးများရေးကြီးခွင်ကျယ်လုပ်လို့ကွာ ဒီကောင့်အဖေဟာလာဘ်သိပ်စားသူတစ်ယောက်ဖြစ်ကြောင်း
ငါလောင်းတောင်လောင်းလိုက်ချင်သေးတယ်" ရှုဟူ ကို ဖက်တီးယုအထင်သေးသလိုနဲ့ကြည့်လိုက်
တယ်။

"ဘယ်လို" ရှုဟူ ဇေ၀၀ါဖြစ်နေတယ်။

"မင်းကတော့ အရင်ကမင်းအဆဲမခံဖူးဘူးလား...သူများထက်ထူးပြီးနဖူးမှာယီးပေါက်နေတဲ့ကောင်
ဘာညာပေါ့ကွာ"

"အိုး အကိုကြီးက ညာဏ်ရှိလိုက်တာ" လေးစားကြည်ညိုသံနဲ့ ရှုဟူပြောလိုက်ပါတယ်။ထိုလူကိုဝိုင်းပြီးထိ
ကပါးရိကပါးနဲ့လှောင်နေကြတာကိုမြင်တော့ ဆိုင်ရှင် မျက်နှာကြောက်လန့်မှုကြောင့်ဖြူဖွေးသွားကာ
ရှီဖန်ကိုအဓိပ္ပါယ်ပါတဲ့အကြည့်တွေနဲ့ချက်ချင်းကြည့်လိုက်တယ်။ဒါပေမယ့်ရှီဖန်ကတော့သူနဲ့လည်းသိပ်
မရင်းနှီးတဲ့ဆိုင်ရှင်ရဲ့အကြည့်တွေကိုပြန်မကြည့်ပဲရူးချင်ယောင်ဆောင်နေတယ်။

ထိုလူရွယ်မျက်နှာချက်ချင်းအေးစက်တင်းမာလာကာ ဖက်တီးယုကိုကြည့်လိုက်ပါတယ်။

"ဟို...၀က်ကောင် မင်းတို့ကောင်တွေဒီနေရာမှာသေချင်လို့လား"

ဖက်တီးယု သူ့ခေါင်းကိုယမ်းလိုက်ပါတယ်။

"အကို....အကိုရဲ့မျက်နှာဆိုးကိုကြည့်ရတာ အိမ်မှာတစ်ရောက်ရောက်သေလာလို့ဖြစ်မယ်...အကိုအဖေ
လား..အမေလား..ဘယ့်နှယ် အသုဘဖြစ်နေချိန်မှာ ဆိုင်လာသောက်ရမယ့်အချိန်မဟုတ်ဘူးလေ"

"အမှန်ပဲ မိဘကျေးဇူးကိုအတော်မသိတတ်တဲ့သားပဲ"

"ဒီလိုကောင်မျိုး မွေးကတည်းကအသေလေးမွေးလာသင့်တာ"

"ရှုး....တော်တော့ မင်းတို့ပြောတာနဲ့သူ့ခင်ဗျာတုန်တောင်တုန်နေပြီ ငါတို့ဆက်ပြောရင်အမြှုပ်တစ်စီ
စီထွက်လာတော့မယ်.....ဒီလိုဆိုရင်ကောင်းကောင်းသောက်လို့ရမှာမဟုတ်တော့ဘူး"

စည်းလုံးခြင်းသည်အင်အားဆိုတာတစ်ကယ့်ကိုမှန်ပါတယ်။ဖက်တီးယုရဲ့လှောင်ပြောင်သရော်သံ
ကြောင့် ထိုလူ့ကို လူတိုင်းဝိုင်းလှောင်ကုန်ကြတော့တယ်။

"သေစမ်း"

ခပ်ပြတ်ပြတ်အသံနဲ့အတူ လူရွယ်လက်ထဲကိုကြာပွတ်အရှည်တစ်ချောင်းရောက်လာတယ်။သတိနဲ့နေ
နေတဲ့ရှီဖန်လည်းသူ့ခါးပတ်ကိုဖြုတ်လိုက်တာနဲ့ဓားတစ်ချောင်းဖြစ်သွားတယ်။ဓားရှည်ကြီးနဲ့ ကြာပွတ်
တို့ထိခိုက်မိလိုက်ကြတာနဲ့ပေါက်ကွဲသံကြီးတစ်ခုထွက်လာတယ်။အလွန်အင်အားကြီးတဲ့စွမ်းအားတစ်
မျိုးရဲ့ရိုက်ခံမှုကိုခံလိုက်ရပြီးရှီဖန်လွင့်သွားပါတယ်။

သွေးနဲ့ချီဓာတ်တွေထိန်းချုပ်မှုအောက်ကနေလွတ်သွားပုံနဲ့ ရှီဖန့်မျက်နှာနည်းနည်းနီသွားတယ်။ပထမ
တစ်ချက်မှာကတည်းကသူပြင်းပြင်းထန်ထန်တိုက်ခိုက်ခံလိုက်ရပါပြီ။

"ခွေးကောင်တွေသေကြစမ်း"

ကျာပွတ်တစ်ချက်ရိုက်လိုက်ပြီးတာနဲ့သူ့ကြာပွတ်ဟာဓားတစ်စင်းလိုမာကျောလာပြီးရှီဖန့်နှလုံးနေရာ
ကိုတည့်တည့်ပြေး၀င်သွာတော့တယ်။ထိုမြင်ကွင်းကိုမြင်တော့လူတိုင်းအံ့အားသင့်ကုန်ကြတယ်။ထို
လူရွယ် ဒီလောက်ထိအောင်နှလုံးသားမဲ့လိမ့်မယ်လို့ဘယ်သူမှမထင်ဘူးလေ။ရှီဖန့်ကိုသူအသေသတ်
တာပါ။

ကြာပွတ်ကမြန်လွန်းတာကြောင့်ရှီဖန်ရှောင်ချိန်မရလိုက်ဘူး။ကိုယ့်ကိုကိုယ်သေတော့မယ်လို့တောင်တွေး
နေပြီ။အဲ့ဒီအချိန်မှာပဲကြာပွတ်ကိုလက်တစ်ဖက်ကဖမ်းဆုပ်ထားလိုက်တာကြောင့်လှုပ်လို့မရဖြစ်သွား
တယ်။

"အကိုလုံ" ရှီဖန့်ဘေးကိုရောက်နေတဲ့လုံချန်ကိုမြင်တော့လူတိုင်းလိုလိုအော်လိုက်မိကြတယ်။ထိုလူရွယ်ကို
အေးစက်စက်စိုက်ကြည့်နေတဲ့လုံချန့်ပုံစံကလူတွေကြားထဲရောက်နေတဲ့ဘုရင်တစ်ပါးလိုဖြစ်နေတယ်။

"မင်းကိုး" လုံချန်ကိုမြင်တော့ ကြာပွတ်သမားအံ့သြသွားတယ်။

"ကောင်းတယ် မင်းငါ့ကိုမှတ်မိသားပဲ" လုံချန့်မျက်နှာပေါ်မှာအေးစက်စက်အပြုံးတစ်ခုပေါ်လာတယ်။
လုံချန်ကြာပွတ်ကိုရုတ်တရက်စောင့်ဆွဲလိုက်ချိန်မှာပဲ ကြာပွတ်သမားအဖို့အလွန်ပြင်းထန်တဲ့အင်အား
ကြီးဟာသူ့ကိုဆွဲခေါ်သွားသလိုထင်လိုက်ရပြီးလုံချန့်ထံလွင့်သွားတယ်။ကြာပွတ်သမားနည်းနည်းတော့
အံ့အားသင့်သွားတယ်။လုံချန့်အင်အားဒီလောက်ကောင်းလိမ့်မယ်လို့သူမထင်ထားဘူး။ချီသွေးနှောပ
ထမအဆင့်ရှိတဲ့ သူ့ လိုလူမျိုးတောင် တောင့်မခံနိုင်ဘူးလေ။

ကြာပွတ်သမားနှာခေါင်းရှုံ့လိုက်ပါတယ်။လုံချန်ဆွဲလိုက်တဲ့အားကိုယူပြီးလုံချန့်၀မ်းဗိုက်ကိုချိန်ကာသူ
ခြေထောက်ကိုမြှောက်ထားလိုက်တယ်။သူ့တုံ့ပြန်မှုကသိပ်မြန်လို့အခြားသူတွေနားတောင်မလည်နိုင်
ကြပါဘူး။ကြည့်ရတာတော့တစ်ကယ့်သိုင်းသမားတစ်ယောက်ပဲ။သူ့စီပြေး၀င်လာတဲ့ ကြာပွတ်သမား
ကိုမြင်တော့လုံချန်အသင့်ဆီးကန်ပေးလိုက်တယ်။

လုံချန့်ကန်ချက်ကသိပ်မပြင်းထန်ပေမယ့်ကိုကြာပွတ်ရဲ့ပေါင်ကြားကိုတော့ကွက်တိပဲ။ကိုကြာပွတ်ခင်
ဗျာလုံချန့်ဗိုက်ကိုတောင်မကန်လိုက်ရပဲဖုန်းကနဲကြမ်းပြင်ပေါ်ပစ်ကျသွားပြီးလျှာတစ်စောင်းကိုက်သွား
တယ်။

"အား!!!!!!!!!!!!!!!"

ဖုန်းကနဲတစ်ခုခုပေါက်ကွဲသွားသလိုအသံတစ်သံကရပ်ကြည့်နေသူတွေကိုကြက်သီးဖြန်းဖြန်းထသွားစေတယ်။
ကြောက်မက်ဖွယ်ရာအော်သံကြီးက စားသောက်ဆိုင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတော့တာပေါ့။ဒါပေမယ့်
သူဘယ်လောက်ကုန်းအော်အော်နာကျင်မှုကတော့မပျောက်သွားဘူး။ကိုကြာပွတ်ကြမ်းပြင်ပေါ်ဟိုဟို
သည်သည်လူးလွန့်ရင်း နာကျင်လွန်းလို့အော်ဟစ်ပဲနေရတယ်။

ထိုသို့လူးလွန့်နေရင်းနဲ့သူ့ဦးထုပ်ကျွတ်သွားပြီးဖက်တီးယုတို့တစ်သိုက်အမူအယာတွေပြောင်းကုန်တယ်။

"မဟာရှအင်ပါယာကတစ်ယောက်ယောက်များလား"

ဦးထုတ်ကျွတ်သွားချိန်မှာ အလွန်အမင်းရှေးကျတဲ့ဆံထုံးတစ်မျိုးက ကိုကြာပွတ်ရဲ့ခေါင်းမှာပေါ်လာတယ်
လေ။သူ့ဦးထုပ်ကထူးထူးဆန်းဆန်းဖြစ်နေတာအံ့သြစရာမရှိဘူး။ထိုဆံထုံးဟာမဟာရှရဲ့အမှတ်အသား
ဖြစ်ပါတယ်။မဟာရှရဲ့အထက်တန်းလွှာတွေပဲထိုသို့မျိုးဆံထုံးကိုစတိုင်တစ်ခုအနေနဲ့ထုံးကြတာပါ။
၄င်းတို့အမှားကြီးတစ်ခုလုပ်မိပြီဖြစ်ကြောင်းသိကြတဲ့အလျှောက်လူတိုင်းတစ်ယောက်နဲ့တစ်ယောက်
ကြောက်လန့်တစ်ကြားကြည့်မိလိုက်ကြတယ်။

မဟာရှနဲ့ဖီးနစ်အင်ပါယာဟာခိုင်မာတဲ့နှစ်ပြည်ထောင်ဆက်ဆံရေးရှိတာကြောင့်အခုကိစ္စဟာအင်ပါ
ယာနှစ်ခုကြားကဆက်ဆံရေးကိုထိခိုက်လာနိုင်ပါတယ်။မြေကြီးပေါ်မှာလူးလှိမ့်နေတဲ့ကိုကြာပွတ်ကို
ကြည့်ရင်းလုံချန်ဒေါသနည်းနည်းပြေသွားတယ်။လူကြမ်းလေးကိုကြာပွတ်လှမ်းပေးရင်းလုံချန်ပြောလိုက်
တယ်။

"သူ့ကိုရိုက်တာမင်းမလား....အခုမင်းပြန်ရိုက်"

"လူတစ်ယောက်ကိုရိုက်ရမယ်ဟုတ်လား....ကျုပ်မလုပ်နိုင်ဘူး" လူကြမ်းလေးတွေဝေနေတယ်။

လုံချန့်မျက်နှာမဲမှောင်သွားတယ်။ "မင်းငါ့စကားကိုနားမထောင်ဘူးပေါ့"

"ကျုပ်....ကျုပ် လုပ်ပါ့မယ်" လုံချန့်မျက်နှာမဲသွားတာကိုမြင်တော့ လူကြမ်းလေးလန့်သွားတယ်။ဘ၀တစ်
လျှောက်လုံးသူပဲအရိုက်ခံလာရတာ။လူတစ်ယောက်ကိုသူကပြန်ရိုက်တယ်ဆိုတာဒါပထမဆုံးအကြိမ်ပါပဲ။
ကြာပွတ်ကြီးကိုင်ပြီးတွေတွေဝေ၀နဲ့အတော်ကြာတဲ့ထိ လူကြမ်းလေးရပ်နေတယ်။

"ရိုက်လေ" လုံချန်အော်လိုက်တယ်။လူကြမ်းလေးကို သတ္တိရှိလာအောင်တော့သူလုပ်ပေးဖို့လိုပါတယ်။ဒီ
လိုမှမဟုတ်ရင်သူ့ဘ၀တစ်လျှောက်လုံးအနိုင်ပဲအကျင့်ခံနေရမယ်။

"ကောင်းပါပြီ ကောင်းပါပြီ" လူကြမ်းလေး အသက်ကိုပြင်းပြင်းရှုလိုက်ပြီးကြာပွတ်ကိုဖြောင်းကနဲလွှဲ
ရိုက်လိုက်တယ်။

"ဟေး"

ထိုအော်သံကကိုကြာပွတ်ထံကထွက်လာတာမဟုတ်ပါဘူး။လူကြမ်းလေးရဲ့အနားမှာရှိတဲ့လူတစ်ယောက်
ထံကထွက်လာတာပါ။

"အကိုလူကြမ်းလေး သေသေချာချာချိန်မှပေါ့ဗျာ" လူကြမ်းလေးရဲ့ကြာပွတ်ရိုက်ချက်ထိသွားတဲ့ပေါင်ကို
ပွတ်ရင်းထိုလူမျက်ရည်အဝဲသားနဲ့ပြောရှာတယ်။လူကြမ်းလေးမျက်နှာနီသွားတယ်။သူတစ်ခါမှာကြာ
ပွတ်ကိုမကိုင်ဖူးဘူးလေ။ဒါ့ကြောင့်ရိုက်တာကတော့ မြေပြင်ပေါ်လူးလှိမ့်နေတဲ့ကိုကြာပွတ်ကိုဖြစ်ပေ
မယ့်ထိသွားတာကဘေးကတစ်ယောက်ဖြစ်နေတယ်။

လုံချန်သက်ပြင်းချလိုက်ပါတယ်။

"ဆက်လုပ်"

လုံချန်အော်သံကိုကြားတာနဲ့ ဒီတစ်ခါတော့ လူတွေ ဆယ်မီတာအကွာလောက်ကိုပြေးဆုတ်လိုက်
ကြတယ်။ဒီလောက်အကွာအဝေးလောက်မှသူတို့အတွက်စိတ်ချရမှာမဟုတ်လား။

ဗြန်း...။

နောက်တစ်ကြိမ်ကြာပွတ်ကိုလူကြမ်းလေးလွှဲရိုက်လိုက်ပြန်တယ်။ဒါပေမယ့်ဒီတစ်ကြိမ်လည်းသူလွဲနေတုန်း
ပဲ။ကိုကြာပွတ်ကတော့ကြမ်းပြင်ပေါ်ရုန်းကနေတုန်းပါပဲ။နာလွန်းလို့လူကြမ်လေးရဲ့ကြာပွတ်ရိုက်ချက်တွေ
ကိုလည်းသူ့ခင်ဗျာ ဂရုတောင်မစိုက်နိုင်ရှာဘူး။

"အကိုလုံ ဒီတစ်ခါတေ့ာ ကျုပ်တစ်ကယ်ကိုထိပြီဗျာ"

လုံချန်ရဲ့မသက်မသာဖြစ်နေတဲ့မျက်နှာကိုလူကြမ်းလေးမြင်တော့ ခပ်သွက်သွက်လှမ်းပြောရင်းကြာပွတ်
ကိုနောက်တစ်ချက်ထပ်ရိုက်ဖို့ပြင်တယ်။အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ရောက်လာတယ်။ထိုလူဟာ
အသက်သုံးဆယ်လောက်သာရှိပုံရပြီးအထူးသဖြင့်မျက်နှာကကန့်လန့်ဖြတ်ဓားဒဏ်ရာကြီးကြောင့်
ရက်စက်တဲ့ပုံပိုပေါက်နေတယ်။

"မင်းလက်ကိုရပ်ထားလိုက်စမ်း" ကြမ်းပြင်ပေါ်မှာလဲနေတဲ့ကိုကြာပွတ်ရယ်၊ကြာပွတ်ကြီးကိုင်ထားတဲ့
လူကြမ်းလေးရယ်ကိုမြင်တော့ ထိုလူဒေါသတကြီးနဲ့အော်ဟစ်လိုက်ပါတယ်။

"မင်းရပ်ခိုင်းတိုင်းငါကရပ်ရမှာလား....သူ့ကိုထပ်ရိုက်စမ်း" လုံချန်ရဲ့အေးစက်စက်လေသံထွက်
လာတယ်။လုံချန်အသံကြားတာနဲ့လူကြမ်းလေးလည်းတွေဝေမနေတော့ပဲနောက်တစ်ချက်ဖြောင်းက
နဲလှမ်းရိုက်လိုက်ပါတယ်။

"မင်းကတော့ သေချင်ပြီ" လူကြမ်းလေးကြာပွတ်နဲ့လှမ်းရိုက်တာကိုမြင်တော့ ထိုလူဒေါသတကြီးနဲ့
လူကြမ်းလေးထံပြေး၀င်သွားတယ်။

"သေပေတော့"

လူကြမ်းလေးရှေ့ကိုလုံချန်ချက်ချင်းတက်ရပ်လိုက်ပြီးလက်သီးတစ်လုံးပစ်သွင်းလိုက်တယ်။လူကြမ်းလေး
ရှေ့မှာလုံချန်ကာလိုက်တာကိုမြင်တော့ထိုလူလည်းလက်သီးတစ်လုံးပြန်ပစ်သွင်းလိုက်ပါတယ်။

အုန်း....။

လက်သီးနှစ်လုံးဆုံတဲ့အချိန်မှာအုန်းကနဲအသံကြီးမြည်သွားတယ်။မျက်နှာမှာဓားဒဏ်ရာနဲ့လူအဖို့အ
တော်အံ့သြမိသွားတာက သူ့လက်သီးချက်ကြောင့်ထိုပျော့ပျော့နွဲ့နွဲ့ နဲ့ စာပေးသမားပုံပေါက်နေတဲ့
ကောင်လေးနောက်ကိုလွင့်မထွက်သွားတာပါပဲ။ထိုအချိန်မှာတော့လူကြမ်းလေးရဲ့ကြာပွတ်ရိုက်ချက်
ကမြေကြီးပေါ်မှာလူးလိမ့်နေတဲ့ကိုကြာပွတ်ကိုထိသွားပြီဖြစ်ပါတယ်။လူကြမ်းလေးအနေနဲ့ ကိုကြာပွတ်
ရဲ့တင်ပါးကိုချိန်ပြီးရိုက်လိုက်ပေမယ့် ကြာပွတ်ကိုထိအောင်မရိုက်တတ်တော့ကိုကြာပွတ်ရဲ့တင်ပါးကို
ထိရမယ့်အစားမျက်နှာကိုရိုက်မိသွားတယ်။

ထို့အပြင်သူ့ရိုက်ချက်ဟာကိုကြာပွတ်ရဲ့နှာခေါင်းတည့်တည့်ကိုမှသွားထိတယ်။လူကြမ်းလေးအနေနဲ့ကြာ
ပွတ်ကိုဘယ်လိုရိုက်ရမလည်းဆိုတာကိုတော့မသိပေမယ့် အားကအတော်ကောင်းတာကြောင့် ကိုကြာပွတ်
ရဲ့နှာခေါင်းသွင်သွင်ကျိုးသွားပြီးသွေးဒလဟောကျလာတော့တယ်။ထိုမြင်ကွင်းကိုမြင်တော့ ဓားဒဏ်ရာနဲ့
လူဒေါသအလွန်ထွက်သွားပါတယ်။

စူးစူးဝါးဝါးအော်သံနဲ့အတူသူ့ရဲ့အင်အားကိုအကုန်ထုတ်သုံးလိုက်တော့တယ်။လုံချန်လည်းအခြေအနေကို
အကဲခတ်မိတာကြောင့်စောင့်ဖို့မဆုံးဖြတ်တော့ဘူး။သူ့ရဲ့ဘယ်ခြေထောက်အောက်မှာရှိတဲ့ဖုန်ဖူကြယ်က
နေအလွန်ပြင်းထန်အင်အားကောင်းတဲ့အတွင်းအားတွေစီးလာတယ်။လုံချန်လည်းသူ့မှာရှိသမျှအစွမ်းကို
အကုန်ထုတ်သုံးပါပြီ။

သူတို့နှစ်ယောက်ရဲ့လက်သီးတွေလေထဲမှာဆုံမိကျတယ်ဆိုရင်ပဲ အောက်ခံကြမ်းပြင်ကျောက်ပြားတွေ
မခံနိုင်တော့ပဲပင့်ကူအိမ်သန်းပြီးအက်ကြောင်းတွေလိုက်ကုန်တယ်။သူအစွမ်းကုန်သုံးပြီးတိုက်တဲ့တိုက်
ကွက်ကိုတောင်လုံချန်ခုခံနိုင်နေသေးတာကိုမြင်တော့ မျက်နှာဓားဒဏ်ရာနဲ့လူအတော်အံ့အားသင့်သွား
တယ်။ထို့နောက်တော့ သူ့ခန္ဓာကိုယ်ကနေအနီရောင်ဖျော့ဖျော့ချီဓာတ်တွေထွက်လာပြီးလေထဲပျံ့
နှံ့လာပါတယ်။

ထိုလူရဲ့အော်ရာတွေကိုမြင်တော့ လူအတော်များများလန့်ကုန်ကြတယ်။တစ်ကယ်တော့လူတိုင်းအံ့အား
သင့်ကုန်တာ။ထိုအနီရောင်အော်ရာတွေကို ချီသွေးနှောအလယ်အဆင့်လောက်ရှိတဲ့သိုင်းသမားတွေမှ
ထုတ်လွှတ်နိုင်တာမျိုးပါ။သိုင်းပညာမှာ အဆင့်လေးကိုးဆင့်ရှိပြီး ချီပထမအဆင့်ကနေ ချီန၀မအဆင့်ထိ
ခွဲထားတယ်။

ပထမအဆင့်ကနေတတိအဆင့်ကို အစောပိုင်းအဆင့်လို့ခေါ်ကြပြီး စတုထ္ထအဆင့်ကနေ ဆဋ္ဌမအဆင့်
ကိုအလယ်အဆင့်လို့ခေါ်တယ်။သတ္တမအဆင့်ကနေန၀မအဆင့်ကိုတော့နောက်ပိုင်းအဆင့်တွေလို့ခေါ်
ကြပါတယ်။

အုန်း.....။

သူ့ခန္ဓာကိုယ်ထဲကသွေးနဲ့ချီဓာတ်တွေဝုန်းကနဲလှိုင်းထသွားသလိုမျိုးလုံချန်ထင်မိလိုက်ပြီးနောက်ကိုသုံးမီ
တာလောက်ဆုတ်လိုက်ရတယ်။ဗိုက်တွေနာလာသလိုလည်းသူခံစားနေရပါတယ်။နောက်ဆုံးတော့လုံ
ချန်သူ့လစ်မစ်ကိုသူသိလိုက်ပါပြီ။လက်ရှိသူ့ရှေ့မှာရှိနေတဲ့သူဟာလောလောဆယ်တော့သူ့ပြိုင်ဘက်မ
ဖြစ်နိုင်သေးပါဘူး။လုံချန်တော်တော်အံ့အားသင့်ပြီးလန့်လည်းလန့်သွားတယ်။

မျက်နှာမှာဓားဒဏ်ရာနဲ့လူကတော့လုံချန့်စီဦးတည်ပြီးပျံသန်းလာတယ်။

"မင်းက ငါ့ရဲ့အကိုလုံကို တိုက်ခိုက်ရဲတယ်"

မိုးခြိမ်းသံလိုအော်ဟစ်လိုက်သံကြီးကြောင့်လူတိုင်းရဲ့နားစည်တွေအူကုန်တယ်။အသံနောက်မှာပဲအနီ
ရောင်တွေထွက်နေတဲ့လက်သီးတစ်လုံးက ဓားခုတ်ရာ နဲ့လူထံကို အလွန်းပြင်းထန်တဲ့အင်အားနဲ့
ပြေး၀င်သွားတော့တယ်။

Patriarch MK Aung

................

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၂၅)မဟာရှအင်ပါယာ၏မင်းသားတစ်ပါး

"င့ါရဲ့အကိုလုံကိုမင်းကတိုက်ခိုက်ဝံ့တယ်ဟုတ်လား"

လူကြမ်းလေးကိုမြင်တော့ မွန်းစတားတစ်ကောင်ကိုမြင်လိုက်ရသလို ထိုလူထိတ်လန့်သွားတယ်။ထိုလူစဉ်း
စားမနေတော့ပဲလုံချန့်စီသွားနေတဲ့လက်သီးကိုလမ်းကြောင်းပြောင်းပြီးလူကြမ်းလေးထံဦးတည်လိုက်တယ်။

အုန်း.....။

စားသောက်ဆိုင်တစ်ဆိုင်လုံးဆူဆူညံညံဖြစ်ကုန်ပါတယ်။လုံချန်ရှေ့ကနေကာထားသူဟာလူကြမ်းလေး
ဖြစ်နေတာကိုမြင်တော့ဖက်တီးယုတို့တစ်သိုက်အံ့အားသင့်ကုန်ကြတယ်။လူကြမ်းလေးမျက်လုံးတွေက
မီးတောက်မတတ်ဖြစ်နေပြီး သူ့ရဲ့တစ်ကိုယ်လုံးအနီရောင်ခပ်ဖျော့ဖျော့အလင်းတန်းတွေထွက်နေတယ်။
ဓားဒဏ်ရာနဲ့လူရဲ့လက်သီးချက်ကို သူ ရအောင်တားထားလိုက်နိုင်တယ်။ဒါပေမယ့်ထိုသို့တားနိုင်ပေမယ့်
လည်းနောက်ကိုတော့ခြေလှမ်းအတော်များများရောက်အောင်ပြန်ဆုတ်လိုက်ရပါတယ်။

လုံချန်သာအချိန်မှီမထိန်းပေးထားလိုက်ရင်မြေကြီးပေါ်လဲနေလောက်ပါပြီ။မျက်နှာဓားဒဏ်ရာနဲ့လူနောက်
တစ်ခါထပ်အံ့အားသင့်သွားတယ်။လုံချန် နဲ့ လူကြမ်းလေးလိုအခြေခံသိုင်းပညာမယ်မယ်ရရသိပ်ရှိပုံမရ
သူနှစ်ယောက်ကသူ့လိုချီသွေးနှောအဆင့်သိုင်းသမားတစ်ယောက်ရဲ့လက်သီးချက်တွေကိုဆက်တိုက်
တားဆီးထားလိုက်နိုင်တယ်။သူ့ရဲ့အံ့သြမှုက လူသတ်ချင်စိတ်ကိုပြောင်းသွားပါတယ်။

ထိုလူရဲ့လူသတ်ချင်နေတဲ့အမူအယာကိုလုံချန်အကဲခတ်မိလိုက်တယ်။သူ့ရဲ့ဖုန်ဖူကြယ်ကလည်း၄င်းရဲ့ပြည့်
စုံတဲ့ပုံစံကိုမရောက်သေးတာကြောင့်ဒီလူကိုသမနိုင်နိုင်ပါဘူး။အရေးအကြီးဆုံးအချက်က ထိုမျက်နှာဒဏ်
ရာနဲ့လူဟာသူ့ရဲ့အစွမ်းကိုအကုန်ထုတ်သုံးတယ်ဆိုပေမယ့်လည်း သူတို့နှစ်ယောက်ကို သူ့ရဲ့ပြိုင်ဘက်တွေ
အဖြစ်မသတ်မှတ်တာပါ။တိုက်ပွဲအစကနေယခုတိုင်အောင် ထိုလူဟာမည်သည့်သိုင်းပညာနဲ့တိုက်ခိုက်
ခြင်းမှမရှိသေးပဲအတွင်းအားသက်သက်နဲ့သာတိုက်ခိုက်နေတာဖြစ်လို့ထိုလူသာသူတို့နှစ်ယောက်ကိုတစ်
ကယ်တိုက်ခိုက်လာရင်မည်မျှလောက်ထိအောင်တိုက်ခိုက်နိုင်သလည်းဆိုတာကိုသူလည်းမသိသေးပါဘူး။

လူကြမ်းလေးရုတ်တရက်ဘာ့ကြောင့်အလွန်သန်မာလာလည်းဆိုတာကိုတော့လုံချန်မသိဘူး။ဒါပေမယ့်
သူတို့နှစ်ယောက်ပေါင်းတိုက်ရင်တောင် ဓာဒဏ်ရာနဲ့လူတစ်ကယ်တိုက်ခိုက်လာရင် ပြန်ခုခံနိုင်ဖို့မလွယ်
ဘူး။သိုလှောင်လက်စွပ်ကွင်းလေးကိုလုံချန်ခပ်မြန်မြန်ပွတ်လိုက်တယ်။မီးကျီခဲလိုရဲရဲနီနေတဲ့ဆေးတစ်
လုံး လုံချန်လက်ထဲရောက်လာပါတယ်။ထိုဆေးကိုကိုင်ရင်း အေးစက်စက်အကြည့်တွေနဲ့ ဓားဒဏ်ရာနဲ့
လူကိုလုံချန်စိုက်ကြည့်လိုက်တယ်။

"အကုန်ရပ်ကြစမ်း"

ဓားဒဏ်ရာနဲ့လူနောက်တစ်ကြိမ်တိုက်ခိုက်ဖို့လုပ်နေတုန်းမှာပဲ အပေါ်ဆုံးထပ်ကိုလူတစ်စုတက်လာတယ်။
ဒါဇင်နဲ့ချီမယ့်ထိုလူအများစုဟာချပ်၀တ်တန်ဆာတွေ၀တ်ဆင်ထားကြတယ်။ဒါပေမယ့်အရှေ့ဆုံးကလူ
နှစ်ယောက်ကတော့အဝါရောင်အင်ပါရီယာ၀တ်စုံတွေကို၀တ်ထားပါတယ်။

"မင်းသားကိုနှုတ်ဆက်ပါတယ်"

ထိုလူကိုမြင်တော့လူတိုင်းတုန်လှုပ်သွားကြပြီးကမန်းကတမ်းဒူးထောက်လိုက်ကြတယ်။ထိုလူကအိမ်ရှေ့
မင်းသားချူယန်ပါ။မင်းသားချုယန်ကအသက် 27 နှစ်လောက်သာရှိသေးပုံရပါတယ်။သူ့ဘေးကလူ
တစ်ယောက်ကတော့သူ့ထက်နည်းနည်းငယ်ပုံရပြီးအသားအရည်စွတ်စွတ်ဖြူကာအလွန်ချောပါတယ်။
ကြည့်ရတာတော့နူးနူးညံ့ညံ့ပုံပါပဲ။

"အကိုချူယန် အကိုတို့ဖီးနစ်အင်ပါယာက ဧည့်သည်တွေကိုဒီလိုပဲဆက်ဆံတာလား" မှုန်မှိုင်းနေတဲ့မျက်
နှာနဲ့ချုယန်ကိုထိုလူငယ်မေးလိုက်တယ်။ချုယန်မျက်နှာကွက်ကနဲပျက်သွားတယ်။မြေကြီးပေါ်မှာလဲနေ
တဲ့ကိုကြာပွတ်ကိုကြည့်ရင်း ဒေါသတကြီးနဲ့ ချုယန်မေးလိုက်ပါတယ်။

"ဘာတွေဖြစ်နေကြတာလည်း မင်းတို့ကောင်တွေကန်းနေလား ဒီဧည့်သည်တွေဟာ မဟာရှအင်ပါယာ
ကဆိုတာကိုမသိကြဘူးလား"

ဖက်တီးယုတို့တစ်သိုက်ကိုချုယန်သိမ်းကြုံးကြည့်လိုက်တယ်။ဖက်တီးယုနဲ့အခြားလူတွေကတော့အတော်
ကလေးကြောက်လန့်နေပြီးနဖူးကနေချွေးတွေတောင်ကျနေပြီ။ချူယန်နဲ့စကားပြောနေတဲ့လူဟာအိမ်
ရှေ့မင်းသားတစ်ပါးဆိုတာကိုသူတို့သိသွားကြပြီလေ။ထပ်ပြောရရင် ဒီလိုဆံထုံးမျိုးကိုမဟာရှအင်ပါယာ
ရဲ့အိမ်ရှေ့မင်းသားတွေသာထုံးလေ့ရှိတာမဟုတ်လား။အဲ့ဒိတော့ဖြစ်နိုင်တာက ချူယန်ဘေးကသူဟာ
မင်းသားတစ်ပါးဖြစ်ပုံပါပဲ။

မဟာရှအင်ပါယာနဲ့ ဖီးနစ်အင်ပါယာဟာတစ်ခါတုန်းကတော့ရန်ဘက်တွေဖြစ်ဖူးကြပေမယ့် လွန်ခဲ့တဲ့
ဆယ်စုနှစ်များကစပြီးဆက်ဆံရေးကောင်းလာတာကြောင့်မဟာမိတ်တွေဖြစ်လာကြပါတယ်။ဒါပေမယ့်
မဟာရှအင်ပါယာမှာမင်းသားနှစ်ပါးရှိတာကြောင့်ဘယ်ဟာကအိမ်ရှေ့စံဘယ်မင်းသားကအိမ်နိမ့်စံမှန်း
၄င်းတို့မခွဲတတ်တာတော့အမှန်ပဲ။

"ကျုပ်မျက်စိတွေကန်းနေတာမဟုတ်ဘူး ဒီခွေးကမျက်စိမပါတာ ဒါ့ကြောင့်ကျုပ်အနေနဲ့ဒီကောင့်ကိုသင်
ခန်းစာလေးဘာလေးပါးပါးလေးပေးလိုက်ရတာပေါ့" ချုယန်ရှေ့ကိုလုံချန်ခပ်အေးအေးလျှောက်သွား
လိုက်တယ်။

"မင်းကဘယ်သူလည်း" သူ့ကိုဒီလိုပုံစံနဲ့မရိုမသေပြောတယ်ဆိုတော့ မင်းသားချုယန်ဒေါသထောင်းက
နဲဖြစ်သွားတယ်။ဒါပေမယ့်သူ့ဒေါသကိုတော့အပြင်ကိုထုတ်မပြသလိုလက်အောက်ငယ်သားတွေနဲ့လုံ
ချန်ကိုချက်ချင်းမဖမ်းခိုင်းသေးဘူး။

"လုံချန်"

လွန်ခဲ့တဲ့လအနည်းငယ်လောက်ကသာလုံချန်ကိုသူမသိရင်မသိမယ်။ဒါပေမယ့်အခုတော့ကောင်းကောင်း
သိနေပါပြီ။လုံချန်ကိုမသိသူဆိုလို့မရှိတော့သလောက်ပဲလေ။လုံချန်ဆိုတာဟာအရင်တုန်းကတော့သိုင်း
တောင်မကျင့်နိုင်တဲ့ကောင်လေးတစ်ယောက်ဒါပေမယ့်အခုဆိုရင် ချီသိုင်းသမားနှစ်ယောက်ကိုတောင်
ဆက်တိုက်အနိုင်ယူထားသူဖြစ်နေတယ်။နောက်ပြီးတော့ဆေးပညာသင်တစ်ယောက်။ပြောရရင်တော့
ဒီကောင်လေးကအတော့်ကိုလျှို့ဝှက်နက်နဲနေတယ်။

"မင်းဘာ့ကြောင့် အိမ်ရှေ့စံမင်းသား ချန်ဖုန်းရဲ့သက်တော်စောင့်ကိုဒီလိုလုပ်ရတာလည်း"

အခုတော့ဒီကိစ္စမှာဆေးဆရာအသင်းပါ၀င်ပါသလိုဖြစ်လာပြီမိုလို့ မင်းသာလည်းအတော့်ကိုကြီးတဲ့ပြသနာ
တစ်ခုအဖြစ်ယူဆနေရပါပြီ။

"ဘာ့ကြောင့်မှမဟုတ်ဘူး ဒီကောင်သူ့ကြမ္မာသူဖန်တာပဲ...ဒါ့ကြောင့်ကျုပ်လည်းကြောက်မှန်းကန်း
မှန်းသိအောင်ပညာနည်းနည်းပေးလိုက်တာ" လုံချန်ပုခုံးတွန့်လိုက်တယ်။

"မင်း..."  ချုယန်ဒေါသတကြီးဖြစ်သွားတယ်။သူကလုံချန့်စီကကျိုးကြောင်းဆီလျှော်တဲ့အကြောင်းပြ
ချက်တစ်ခုကိုလိုချင်တာပါ။အဲ့ဒီလိုသာဆိုရင် လုံချန်ဟာ ဆေးဆရာအသင်း၀င်တစ်ယောက်လည်းဖြစ်
နေတော့ ဒါကိုကိုင်ပြီး ပြသနာကိုမကြီးကျယ်အောင်ဖြေရှင်းလို့ရမယ်လေ။ဒါပေမယ့်လုံချန်ကတော့ရူး
ချင်ယောင်ဆောင်နေတယ်။

"မင်းကလုံချန်ဟုတ်လား မင်းနာမည်ကိုငါကြားဖူးတယ်ထင်တယ် ဒီရက်ပိုင်းအတွင်းမှာမင်းကအတော်
ကလေးကိုအထင်ကြီးစရာကောင်းလောက်အောင်အစွမ်းတွေပြထားနိုင်တာပဲ"

မဟာရှရဲ့အိမ်ရှေ့စံ ရှချန်ဖုန်း ရုတ်တရက်၀င်ပြောလာတယ်။

"ဟီးဟီး ကျုပ်ကဒီလောက်လည်းအထင်ကြီးဖို့မကောင်းပါဘူး ခင်ဗျားတို့မဟာရှအင်ပါယာကလူတွေနဲ့ယှဉ်
ရင်ကျုပ်ကဘာမှမဟုတ်ဘူး"

မြေကြီးပေါ်မှာလဲနေတဲ့ကိုကြာပွတ်ကို လုံချန်လက်ညှိုးထိုးပြလိုက်ပါတယ်။

"စာမရီနှစ်ကောင်ဆွဲလာတဲ့ရထားလုံးတစ်လုံးကိုဒီကောင်မောင်းလာတယ်...လမ်းပေါ်မှတွေ့သမျှ
လူတွေကိုရိုက်နှက်သွားတယ်..ဒါကမှတစ်ကယ့်ကိုအထင်ကြီးစရာကောင်းတာလေ လက်ပါးစေတစ်
ယောက်တောင်ဒီလောက်အထင်ကြီးဖို့ကောင်းနေရင် ဒီခွေးရဲ့သခင်ကပိုအထင်ကြီးဖို့ကောင်းမှာပေါ့"

ရှချန်ဖုန်းမျက်နှာအကြီးအကျယ်ပျက်သွားတယ်။

"ဒါအမှန်ပဲလား"

လုံချန်နှာခေါင်းရှုံ့လိုက်တယ်။

"ငါ့ကိုမမေးနဲ့ မင်းရဲ့ခွေးကိုမေး"

"လူလျို ဒါအမှန်ပဲလား" ရှချန်ဖုန်းအကြည့်တွေမီး၀င်း၀င်းတောက်သွားပေမယ့်ထိုအကြည့်တွေကို
အသာလေးကွယ်ဝှက်ထားလိုက်တယ်။

"ဆရာ ကျုပ်အဲ့ဒိအချိန်ကအလျှင်လိုနေတာ ဒီအဆင့်မရှိတဲ့ကောင်တွေကလမ်းပေါ်ကဘာ့ကြောင့်
မဖယ်ကြတာလည်း ဒါကျုပ်အမှားမဟုတ်ဘူး"

နည်းနည်းသက်သာလာပြီဖြစ်တဲ့ကိုကြာပွတ်နာကျင်မှုကိုအောင့်ခံရင်းပြန်ပြောပါတယ်။

"သောက်ရူး ဒါမဟာရှအင်ပါယာမဟုတ်ဘူး ငါတို့အင်ပါယာရထားလုံးကိုဘယ်သူကသိကြမှာလည်း
ဒီကောင့်ကိုခေါ်သွားကြစမ်းကွာ" ရှချန်ဖုန်းမျက်နှာမဲနက်သွားတယ်။မဟာရှရဲ့အမှတ်တံဆိပ်ချပ်၀တ်
တန်ဆာတွေ၀တ်ဆင်ထားတဲ့ ငယ်သားနှစ်ယောက်က ကိုကြာပွတ်ကိုခေါ်ထုတ်သွားပါတယ်။

အဲ့ဒိနောက်ချုယောင်ဘက်ကိုလှည့်ပြီး သူတောင်းပန်လိုက်ပါတယ်။

"ချန်ဖုန်း ကိုယ့်လူတွေအပေါ်မဆုံးမမိလို့ပါ ကျုပ်ပြန်ရောက်တာနဲ့ ဒီကိစ္စအတွက်ကောင်းကောင်းအရေး
ယူလိုက်ပါ့မယ် အကိုချုယောင် ကျေနပ်ပါစ"

"ဟားဟား ညီလေးချန်ဖုန်းကသိပ်တွေးတတ်ခေါ်တတ်တာကိုး ဒီကိစ္စလေးအတွက်နဲ့တော့ကျုပ်တို့နှစ်
ပြည်ထောင်ကြားဆက်ဆံရေးမထိခိုက်စေဖို့ကိုပဲကျုပ်မျှော်လင့်ပါတယ်"

"အကိုချုယောင် သိပ်မစိုးရိမ်ပါနဲ့ ဒီကိစ္စ ဒီနေရာမှာပဲပြီးပြီမှတ်ကြစို့" အဲ့ဒိနောက်လုံချန်ဘက်ကိုလှည့်ပြီး
ပြောပါတယ်။

"ဒီကိစ္စအတွက်ကျုပ်ကိုသတိပေးလို့သိပ်ကျေးဇူးတင်ပါတယ် ညီလေး"

ဖက်တီးယုတို့တစ်သိုက်အံ့အားသင့်ကုန်တယ်။မဟာရှရဲ့အိမ်ရှေ့စံမင်းသားတစ်ပါးကဒီလိုတောင်းပန်မယ်
မထင်ထားဘူးလေ။ချန်ဖုန်းရဲ့သီးခံနိုင်မှုကိုသူတို့အတော်လေးစားသွားကြတယ်ပေါ့။

လုံချန်သာအင်အားကောင်းတဲ့စိတ်စွမ်းအင်နဲ့ချန်ဖုန်းရဲ့စိတ်ကိုအာရုံမခံမိရင်သူလည်းချန်ဖုန်းစကားထဲ
မျောသွားဦးမှာပဲ။ဒါပေမယ့်ချန်ဖုန်းရဲ့သူ့ကိုသတ်ချင်နေတဲ့အငွေ့့အသက်တွေကိုလုံချန်အာရုံကောင်း
ကောင်းခံမိနေတယ်။

"မင်းသားကယဉ်ကျေးလွန်းတယ် ဒါ့ကြောင့်လည်းနောက်လိုက်ခွေးတွေကတယ်ရိုင်းတာကိုး ဒီခွေးတွေ
ကိုမင်းသားအနေနဲ့ကြိုးနဲ့သေသေချာချာချည်ထားဖို့လိုမယ် ဒါမှမြင်သမျှလူတွေကိုလျှောက်မကိုက်မှာ"

လုံချန်ရယ်မောရင်းချန်ဖုန်းကိုပြောလိုက်တယ်။သူ့စကားကြားတော့မျက်နှာမှာဓားဒဏ်ရာနဲ့လူမျက်နှာ
ကွက်ကနဲပျက်သွားတယ်။လုံချန်ရဲ့ခွေးလို့ပြောတဲ့စကားဟာသူ့ကိုတင်မကဘူးမဟာရှအင်ပါယာရဲ့အခြား
သက်တော်စောင့်တွေကိုပါရည်ညွှန်းတာကိုး။

ဒါပေမယ့်ရှချန်ဖုန်းကတော့လုံချန်ပြောတဲ့အဓိပ္ပါယ်ကိုမသိသလိုလုပ်နေတယ်။

"ကျုပ်တို့ဖီးနစ်အင်ပါယာကိုရောက်ရောက်ချင်းမှာပဲမင်းအကြောင်းကိုစကြားတာ အရင်တုန်းကတော့
ကျုပ်က ညီလေးလုံကိုဆေးဆရာတစ်ယောက်လို့ပဲထင်တာ ဒါပေမယ့် အထင်မှားသွားတယ် ညီလေး
ရဲ့ဆေးပညာမှာကော သိုင်းပညာမှာပါထူးချွန်မှုကလေးစားလောက်စရာပဲ"

ချန်ဖုန်းပြောတဲ့စကားတွေကိုနားမလည်သလိုနဲ့ လုံချန်ရူးချင်ယောင်ဆောင်ရင်းပြုံးလိုက်တယ်။ဘာ
မှတော့ပြန်မပြောတော့ပါဘူး။

"အကိုချုနဲ့အတူ ညီလေးအနေနဲ့တစ်ခွက်တစ်ဖလားလောက်များမသောက်ချင်ဘူးလား" ရှချန်ဖုန်းမေး
လိုက်ပါတယ်။

သူ့အပြုံးတွေကသိမ်မွေ့ပေမယ့်မင်းခေါင်းစွပ်ထားတဲ့ဘီလူးမျက်နှာကိုလုံချန်ရိပ်မိတာမို့လို့စိတ်ထဲမသက်
မသာဖြစ်သွားတယ်။

"ကျုပ်၀မ်းနည်းပါတယ်...ညီလေးသောက်တာသိပ်များသွားလို့ ထပ်မသောက်နိုင်တော့ဘူး နို့မဟုတ်
ရင်ဒီခွေးတွေနဲ့ကျုပ်အချင်းများစရာမလိုပါဘူးလေ ကဲ သွားခွင့်ပြုပါဦး"

ရှချန်ဖုန်းရဲ့ပျက်သွားတဲ့မျက်နှာကို သူ မသိချင်ယောင်ဆောင်ရင်းလူကြမ်းလေးကိုခေါ်ပြီးဆိုင်ထဲကထွက်
သွားတော့တယ်။လုံချန်ထွက်သွားတာနဲ့ရှီဖန်နဲ့ဖက်တီးယုတို့တစ်သိုက်တောင်းပန်ပြီးခပ်သွက်သွက်ပြန်
ပြေးလာကြပါတယ်။ဒီနေ့တော့ သူတို့တော်တော်ကြောက်သွားကြပြီ။

...

"ဆရာ ဒီကောင်လေးကိုဘာ့ကြောင့်သတ်ခွင့်မပေးတာလည်း လူလျှို ဒီကောင်လေးကိုနည်းနည်းမှသီး
မခံနိုင်တော့ဘူး ဒီကောင်လေးသိပ်ရိုင်းတယ်"

မဟာရှအိမ်ရှေ့စံသူတည်းခိုရာအဆောင်မှာထိုင်နေပြီး မျက်နှာဓားဒဏ်ရာနဲ့လူကဘေးကနေပြောနေ
ုပါတယ်။

"ဒီကောင်လေးက ဆေးဆရာအသင်းကကွ သူဟာငါတို့တိုင်းပြည်ရဲ့ဆေးဆရာအသင်းကမဟုတ်ပေ
မယ့်လည်း မင်းသူ့ကိုဒီအတိုင်းသတ်လိုက်မိရင် ငါမင်းကိုဆေးဆရာအသင်းထံအပ်ပြီးအပစ်ပေးရလိမ့်
မယ်"

"ဒါပေမယ့် ဒီကောင်လေးကသိပ်ရိုင်းလွန်းတယ်လေ ကျုပ်ဒေါသတွေမထိန်းထားနိုင်တော့ဘူး"

ခွေးလိုအကြိမ်ကြိမ်အပြောခံနေရာတာကိုတော့ဘယ်သူမှကြိုက်မှာမဟုတ်ဘူးလေ။

"မင်း ဒီကောင်လေးကိုသတ်ချင်ရင် မင်းမှာပထမဆုံးပလန်တစ်ခုရှိဖို့လိုတယ် မင်းအတွက်မထိခိုက်ပဲ
နဲ့ ဒီကောင်လေးကိုသတ်နိုင်အောင်ပေါ့" ရှချန်ဖုန်းခေါင်းယမ်းလိုက်တယ်။

"ဒါဆိုရင် ဆိုလိုတာက....ဆရာ့မှာပလန်ရှိတယ်ပေါ့" လူလျှို၀မ်းသာလုံးဆို့တဲ့လေသံနဲ့မေးလိုက်ပါတယ်။

ရှချန်ဖုန်းအပြုံးကယုတ်မာကောက်ကျစ်တဲ့အပြုံးဖြစ်သွားတယ်။ထိုအပြုံးကိုကြည့်ပြီးလူလျှိုပင်နည်းနည်း
တုန်လှုပ်သွားတယ်လေ။

"ဒီကိုဘာ့ကြောင့်တို့တစ်တွေလာတယ်ဆိုတာကိုမမေ့နဲ့ ဒီကောင်လေးကဘာမှမဟုတ်ဘူး ရက်နည်းနည်း
လောက်အသက်ရှင်ခွင့်ပေးထားလိုက်စမ်းပါကွာ ဖီးနစ်အင်ပါယာမှာအကြီးအကျယ်ကျင်းပလေ့ရှိတဲ့
မီးအိမ်နီပွဲတော်ကြီး ကျင်းပမယ့်ရက်ကနီးလာပြီ အဲ့ဒိမှာဖီးနစ်အင်ပါယာရဲ့အကြီးမားဆုံးသိုင်းပြိုင်ပွဲကြီး
ကိုပါကျင်းပလိမ့်မယ် ငါဒီနေ့ ဒီကောင်လေးကိုချီးကျူးထားတာအလကားမဟုတ်ဘူး ဟမ့်.....ဒီကောင်
လေးနာမည်သိပ်ကြီးလာတာနဲ့ မီးအိမ်နီပွဲတော်မှာသူ့ကိုစိန်ခေါ်လိုက်...အဲ့ဒိအချိန်ကျရင် သူဘယ်
လိုလုပ်ငြင်းနိုင်တော့မလည်း"

ရှကျန်ဖုန်းကုထားထိုင်နောက်ကျောကိုမှီချလိုက်ရင်းမျက်လုံးကိုခပ်ဖြေးဖြေးပိတ်ပြီးပြုံးလိုက်ပါတယ်။

တော်တော်ကောက်ကျစ်တဲ့အကြံဆိုတာကိုအခုတော့လူလျှိုသဘောပေါက်သွားပြီ။မရေမတွက်နိုင်တဲ့
လူပေါင်းများစွာစောင့်ကြည့်နေချိန်မှာသူ့ရဲ့စိန်ခေါ်မှုကိုလုံချန်ဘယ်လိုလုပ်ငြင်းမလည်း။လုံချန့်အနေနဲ့
ဒီလောက်နာမည်ကြီးနေတဲ့အချိန်မှာငြင်းလိုက်ရင် ဝိုင်းအလှောင်ခံရမှာမဟုတ်လား။အရှက်တစ်ကွဲ
ဖြစ်ပြီပေါ့။

"ဒါပေမယ့် သတိတော့ထား...ငါ့ရဲ့အင်ပါရီယာသက်တော်စောင့်တစ်ယောက်အနေနဲ့ မင်းရဲ့အစွမ်းအ
စအမှန်ကိုဘယ်တော့မှထုတ်မပြလေနဲ့ နောက်တစ်ကြိမ်ငါသတိထပ်မပေးပါရစေနဲ့"

"ကောင်းပါပြီ မင်းသား မစိုးရိမ်ပါနဲ့ ဒီနှစ်တွေအတွင်းမှာကျုပ်ရဲ့တစ်ကယ့်အစွမ်းအစအမှန်ကိုဘယ်
တုန်းကမှထုတ်မပြခဲ့ပါဘူး"

လူလျိုခပ်သွက်သွက်ပြန်ပြောလိုက်ပါတယ်။

ရှချန်ဖုန်းခေါင်းငြိမ့်ရင်းမဲမှောင်နေတဲ့ညဘက်ကောင်းကင်ပြင်ကြီးကိုကြည့်နေတယ်။ညရဲ့ကန့်လန့်ကာ
အောက်မှာ သူရဲ့သူငယ်အိမ်မှာကြောက်စရာကောင်းတဲ့အရိပ်တစ်ရိပ်ဖြတ်ပြေးသွားပါတယ်။

Patriarch MK Aung

Продовжити читання

Вам також сподобається

60.3K 1.4K 16
Captain Henry Donnager expected a quiet career babysitting a dusty relic in Area 51. But when a test unlocks a portal to a world of knights and magic...
211K 5K 166
Author: Moxibustion Tail Demon Fox/灸尾妖狐 Category: Danmei fanfiction Status: 167 chapter Introducing: It's not scary to be dressed as cannon fodder in...
13.7K 317 16
An alternate Jason Uchiha timeline
21.3K 446 42
What If Chloe lukasiak has a twin sister who is the favorite?