๋„ˆ๋ฅผ ๋งŒ๋‚˜ - Me After You

By onyourm__0on

16.8K 2.1K 157

Start date - 26.05.23 End date - 18.06.23 More

Prologue
๋‚˜๋ฅผ ๋งŒ๋‚˜ - 1
๋„ˆ๋ฅผ ๋งŒ๋‚˜ - 2
๋„ˆ๋ฅผ ๋งŒ๋‚˜ - 3
๋„ˆ๋ฅผ ๋งŒ๋‚˜ - 4
๋„ˆ๋ฅผ ๋จผ๋‚˜ - 5
๋„ˆ๋ฅผ ๋งŒ๋‚˜ - 6
๋„ˆ๋ฅผ ๋งŒ๋‚˜ - 7
๋„ˆ๋ฅผ ๋งŒ๋‚˜ - 8
๋„ˆ๋ฅผ ๋งŒ๋‚˜ - 9
๋„ˆ๋ฅผ ๋งŒ๋‚˜ - 10
๋„ˆ๋ฅผ ๋งŒ๋‚˜ - 11
๋„ˆ๋ฅผ ๋งŒ๋‚˜ - 13 (End)

๋„ˆ๋ฅผ ๋งŒ๋‚˜ - 12

1.2K 162 18
By onyourm__0on

လွန်ခဲ့သော ၂နှစ်၊ ကျောင်းပွဲတော်ရက်မတိုင်မီ ၁ရက်အလို။

အလုပ်ကိစ္စကြောင့် ဆောင်းဟန်ဘင်းတို့ကျောင်းဆီ ထပ်လာရပြန်သည့် ကျန်းဟာအို။ မေးခွန်းထုတ်ခြင်းအား ကူညီပေးရသည့် သူဖြစ်တာမို့ ကျန်းဟာအိုက တစ်လမှာ သုံးခါနှင့်အထက် ထိုကျောင်းသို့လာရမြဲဖြစ်သည်။
ဒီနေ့က ကျောင်းပွဲတော်ရက်မတိုင်ခင် တစ်ရက်အလိုဖြစ်သည်။
ထို့ကြောင့် ကျောင်းဝန်းထဲတွင် ဈေးဆိုင်ခင်းများ အလှဆင်ထားသည့် ပန်းများ၊ အရုပ်များက နေရာအနှံ့တွင် ရှိနေသည်။

အလုပ်ကိစ္စဆွေးနွေးပြီးနောက် ကျန်းဟာအိုအိမ်ကို တန်းပြန်ဖို့သာဆုံးဖြတ်ခဲ့သည်။ ကျောင်းကိုလှည့်ပတ်ကြည့်ဖို့ အတွေးဟူ၍မရှိ။
မနက်ဖြန်ပွဲတော်ရက်ကိုလည်း ကျောင်းအုပ်ကလာခဲ့ဖို့ အတင်းခေါ်တာကြောင့် ခဏဖြစ်ဖြစ်သူလာရဦးမှာလေ။

လက်ဆွဲအိတ်အားကိုင်ကာ ကျောင်းပြင်သို့ထွက်ရန် လျှောက်လှမ်းနေသည့် ခြေလှမ်းများက သစ်ပင်များနှင့်ကွယ်နေသော တစ်နေရာအရောက်တွင် ရပ်တန့်သွားခဲ့သည်။

"...ဟာအိုကိုအကူအညီ တောင်းရဦးမယ်"

နားထဲ၌ ရုတ်တရက်ကြားလိုက်ရသည့် ဟန်ဘင်း၏ စကားသံ။
ဆောင်းဟန်ဘင်းက သူ့ကိုဘာအကူအညီတောင်းမှာလဲ။

"မင်းတကယ်ချစ်သွားတာလား ဟန်ဘင်း"

"အင်း ငါသူ့ကိုတကယ်ချစ်သွားတာ။ သူ့ကိုမြင်ရင် အလိုလိုရင်တွေခုန်လာပြီး ငါတောင်သတိမထားမိဘဲ ပြုံးရယ်မိနေတော့တာ"

"ဒါဆိုလည်းဖွင့်ပြောပေါ့ကွာ၊ မကြာခင် အထက်တန်းပြီးတော့မှာ။ အဲ့ကျမှ မင်းမဖွင့်ပြောလိုက်ရလို့ ဆိုပြီး နောင်တရနေမယ်"

"ငါသိပါတယ် အဲ့ဒါကြောင့် မနက်ဖြန်ကျရင် သူ့ကိုဖွင့်ပြောတော့မလို့"

စကားဝိုင်းရဲ့ ပထမဆုံးစကားစကို မကြားမိပင်မဲ့ ဒီလောက်ဆို ကျန်းဟာအို သဘောပေါက်ပါပြီ။
ယောရွန်းကို သူဖွင့်ပြောမယ့်ကိစ္စအား ကျန်းဟာအိုကကူညီပေးရမယ်ပေါ့လေ။
ဆောင်းဟန်ဘင်းက တကယ်မုန်းပစ်ချင်စရာ ကောင်းတယ်။
သူ့ကိုချစ်မိအောင်လုပ်ခဲ့ပြီး သူကတော့ တစ်ခြားတစ်ယောက်ကိုဖွင့်ပြောမယ်တဲ့လား။
ကျန်းဟာအိုကို အကူအညီတောင် တောင်းဦးမလို့ တဲ့။

အောက်နှုတ်ခမ်းအား ခပ်နာနာကိုက်ရင်း ထိုနေရာမှ အမြန်ဆုံးခြေလှမ်းများဖြင့် အိမ်သို့ပြန်လာခဲ့သည်။
ထိုနေ့က ကျန်းဟာအိုတွင် ဘာလုပ်လုပ်အဆင်မပြေခဲ့။
တယောသင်တန်း၌လည်း စိတ်မကြည်၍ သင်တန်းသားများအား ဆူခဲ့မိသည်။
ခေါက်ဆွဲစားရန် ရေနွေးအိုးတည်သည့်အချိန်တွင်လည်း သတိလက်လွတ်ဖြစ်သွားကြောင့် အဆူလွန်နေသည့် ရေနွေးအိုးအား ရေခမ်းခါနီးမှသာ မီးပိတ်ခဲ့ရသည်။

ရာသီဥတုက မသာယာသလို မျက်စိရှေ့ရှိအရာများဟာလည်း မလှပနေခဲ့ပါ။ ရင်ထဲတွင် ပူလောင်နေတာကြောင့် ကျန်းဟာအိုမျက်နှာမှာ အနည်းငယ်နီရဲရဲလေးပင် ဖြစ်နေသည်။
ထိုညက ဆောင်းဟန်ဘင်းဟာ သူ့ဆီဖုန်းဆက်ခဲ့သည်။
ကျန်းဟာအိုကတော့ နားထောင်လိုက်သော်လည်း ဆောင်းဟန်ဘင်းချိန်းဆိုသည့် နေရာအား မသွားဖို့ဆုံးဖြတ်ခဲ့သည်။

...

ကျောင်းပွဲတော်ရက်။

လူများစည်ကားလှစွာ ကြိတ်ကြိတ်တိုးနေသည့် ဈေးတန်း၏ အပြင်ဘက်စွန်းစွန်းရှိ ချယ်ရီပင်အောက်တွင် ဟန်ဘင်း ကျန်းဟာအိုအလာကို စောင့်နေမိသည်။

နောက်ဆုံးတော့ သူ့ဂိုက်ဆရာကို ဟန်ဘင်းဖွင့်ပြောတော့မည်။
ချစ်ရတဲ့အချိန်ဟာ သိပ်မကြာသေးပင်မဲ့လည်း ကျန်းဟာအို့အပေါ်ထားသည့် သူ့ချစ်ခြင်းတွေအားသူယုံကြည်သည်။
အခြေအနေတွေဟာ ခက်ခဲရင်တောင် ကျန်းဟာအိုသာသူ့နားမှာရှိရင် ဖြတ်ကျော်နိုင်တယ် ဆိုသည့် အတွေးများဟာလည်း ခေါင်းထဲအပြည့်။

ကျန်းဟာအိုသာ သူ့ကိုလက်ခံခဲ့ရင်၊ ကျန်းဟာအိုသာ သူ့ချစ်သူကောင်လေးဖြစ်လာခဲ့ရင်၊ ကျန်းဟာအိုသာ သူ့ကိုအချစ်တွေပြန်ပေးခဲ့ရင် ဒီနေ့အတွက်အပျော်ဆုံးသူဟာ သူဖြစ်လိမ့်မည်။
ကျန်းဟာအိုဆီက ချစ်ခြင်းမေတ္တာကိုရဖို့အတွက် ဆောင်းဟန်ဘင်းက ရှိရှိသမျှ အရာအားလုံးနှင့်ပင် လဲလှယ်ပစ်လိုက်နိုင်ပါသည်။

လက်ကနာရီအား ကြည့်မိတော့ ချိန်းဆိုထားသည့်အချိန်ထက် ၁နာရီပင်နောက်ကျနေပြီဖြစ်သော်လည်း ကျန်းဟာအိုလေးက သူ့ဆီရောက်မလာသေးပါ။
နေရာများမှားသွားလေသလား တွေ့ရအောင်လည်း ကျန်းဟာအိုမရောက်ဖူးသည့် နေရာဟူ၍မရှိ။ အချိန်ကိုတောင် သူဖုန်းထဲမှာ သေချာပြောပြခဲ့သည်မို့ မမှားတာသေချာပါသည်။
ဘာလို့ ရောက်မလာသေးတာပါလိမ့်။

မနေနိုင်တော့သည့်အဆုံးတွင် ကျန်းဟာအိုအားလိုက်ရှာဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။
ကျောင်းဝန်းတစ်ခုလုံးတွင် နေရာတော်‌တော်များများ၌ ရှာပြီးသော်လည်းမတွေ့သေး။
မရှာရသေးသော နေရာမှာ အားကစားရုံတစ်ခုထဲသာ ကျန်တော့၍ ထိုနေရာသို့ သွားရှာချိန်မှာတော့ မြင်လိုက်ရသည်က ကျန်းဟာအိုနှင့် မိန်းကလေးတစ်ယောက်။
ချွေးတစ်ပေါက်ပေါက်ကျတဲ့အထိ လိုက်ရှာခဲ့သည့် ဆောင်းဟန်ဘင်းမှာ မျက်စိရှေ့ကမြင်ကွင်းကြောင့် ဝင်သက်ထွက်သက်များလည်ပတ်ဖို့ပင် မေ့သွားရသလို။
ကျန်းဟာအိုဟာ သူ့ရှေ့ကမိန်းကလေးအား ဖက်ထားခဲ့သည်။
ပြီးတော့ အဲ့ဒီ့မိန်းကလေးဟာ သူ့အတန်းဖော်သူငယ်ချင်း
ပတ်ခ်ယောရွန်းဖြစ်သည်။

လေးကန်သည့် ခြေလှမ်းများဖြင့် ထိုနေရာမှ လှည့်ထွက်လာခဲ့သည့် ကောင်လေးတစ်ယောက်ရှိခဲ့သည်။
နောက်ထပ် ကောင်လေးတစ်ယောက်မှာလည်း မချစ်မနှစ်သက်သည့် မိန်းကလေးကို ချစ်သူအဖြစ်လက်ခံခဲ့သည်။
ဘာကြောင့်လဲ လို့သွားမေးရင် "သူချစ်ရတဲ့သူ သဘောကျနေတဲ့ မိန်းကလေးမို့လို့"ဟု ထိုကောင်လေးက ပြန်ဖြေပါလိမ့်မည်။

ဤသို့ဖြင့် ဇာတ်လွဲကြီးဟာ ထိုအချိန်မှစတင်ခဲ့တော့သည်။

...

Flashback

"အမှန်တိုင်းပြောရရင် ကျွန်တော့်ကိုယောရွန်းအကုန်ပြောပြထားလို့ အကုန်သိပြီးသွားပြီ။ အစကနေအဆုံးအထိ အကုန်လုံး"

"..."

သူ့ရှေ့တွင် ထိုင်နေသည့် လူသားနို့ပူတင်းလေးက ထိုစကားကြားတော့ ခေါင်းကိုချက်ချင်း အောက်သို့ငုံ့သွားကာ လက်ချောင်းလေးများကလည်း လှုပ်ရှားလာသည်။
ဒါ ကျန်းဟာအိုရှက်ရင် လုပ်တတ်တဲ့ အကျင့်တွေထဲက မှတ်မှတ်ရရတစ်ခု။

"ကျွန်တော့်မှာ အဲ့ကိစ္စ‌တွေအတွက် ဟာအို့ကိုရှင်းပြစရာတွေရှိတယ်"

"ရ..ရတယ် ငါ...ငါနားမထောင် တော့ဘူး"

ပြောပြီး ထိုင်နေရာမှထကာ ပြေးဖို့ကြံနေသည့်သူအား ဟန်ဘင်း သူ့ထက်အရင် အနားသွားကာ သိမ်းကျုံးဖက်ထားပစ်လိုက်သည်။ ထို့နောက် တစ်ဖက်ရှိခုံတွင်ထိုင်လိုက်ပြီး နို့နံ့မွှေးတဲ့ လူသားနို့ပူတင်းလေးကိုတော့ ပေါင်ပေါ်တွင် တင်၍ထိုင်စေသည်။

"ဆောင်း ဆောင်းဟန်ဘင်း ငါ့ကိုလွှတ်နော်"

"မလွှတ်ချင်ဘူး"

"မင်းကိုငါ ရဲ..ရဲတိုင်လိုက်မှာနော် အခု ချက်ချင်းလွှတ်ပေး"

"မေးတာကို သေချာဖြေရင်လွှတ်ပေးမယ်"

"ဘာကိုမှမဖြေနိုင်ဘူး ငါ့ကိုလွှတ်ပေးတော့လို့"

"လွှတ်လိုက်ရင် ဟာအိုကတန်းပြေးမှာလေ"

သူ့ကိုယ်ခွင်ထဲက ရုန်းနေသည့် ကိုယ်လေးအား အားသုံးကာဖက်ထားမိတော့ ရှက်ရှက်နှင့် ရုန်းရှာသည်။ ရင်ခွင်ထဲကနေ ရန်စကားကလည်း ဆိုလိုက်သေး။

"ကဲ ဟာအိုကိုကိုယ်အတည်ပြောတော့မယ်။ ကိုယ်မေးတာကို ပြန်ဖြေရင်ဖြေ မဖြေရင်နမ်းတော့မယ်"

"မင်းဘာတွေပြောနေတာလဲ"

"အဲ့တုန်းက ဘယ်စကားကို ဟာအိုကြားခဲ့တာလဲ"

"ဘယ်တုန်းကလဲ ငါဘာမှ..ပြွတ်စ် ..အားး ဆောင်းဟန်ဘင်း"

"အရှေ့မှာသတိပေးထားပြီးပြီလေ"

"ငါ မင်းဆရာနော်။ မင်းတပည့်မဟုတ်ဘူး အနိုင်လာမကျင့်နဲ့"

"ဒါဆို ထပ်မေးမယ်။ ကျောင်းပွဲတော်ရက်မတိုင်ခင်က ဟာအိုဘယ်စကားကို ကြားခဲ့တာလဲ"

"ဟာအိုကို အကူအညီတောင်းရဦးမယ် ဆိုတဲ့နေရာလေ
အဲ့နေရာကိုကြားတည်းက ယောရွန်းကိုဖွင့်ပြောဖို့ မင်းကငါ့ကို အကူအညီတောင်းမယ်လို့ သိသွားတာ"

"သွားပါပြီဗျာ အဲ့ရှေ့ကစကားကိုကျ မကြားဘဲ အဲ့နရာကနေစပြီးကြားသွားတယ်ပေါ့လေ"

"ဟုတ်တယ်လေ"

သူပြောတော့ အူလည်လည်မျက်နှာပေးလေးဖြင့် ရင်ခွင်ထဲမှနေ၍နောက်သို့ လှည့်ကြည့်ကာ‌ပြန်ဖြေ၏။

"အရှေ့မှာ ဘာပြောထားလဲဆိုတော့ ငါဟာအိုကိုချစ်မိသွားပြီမို့လို့ ငါ့ကိုပြန်ချစ်ပေးဖို့ ဟာအိုကိုအကူအညီတောင်းရဦးမယ် လို့ပြောတာ"

"မဟုတ်တာတွေလျှောက်မပြောနဲ့ ဆောင်းဟန်ဘင်း"

"ဟုတ်တာတွေချည်း ပြောနေတာပါဟာအိုရယ်၊ ကိုယ်ယောရွန်းကို တစ်ခါမှကိုမချစ်ခဲ့ဖူးတာ။ ကိုယ့်ဆီကနေ လုယူသွားတဲ့အဲ့နေ့ကလည်း ရူးလောက်အောင် ဒေါသထွက်ခဲ့တာ။ ကိုယ့်မှာ ဟာအိုကိုဘယ်လောက်တောင် ချစ်လိုက်ရသလဲ"

"ဆောင်းဟန်ဘင်း တော်တော့"

"စေ့စပ်သွားမှာကြောက်လွန်းလို့ အထက်တန်းကိုလည်း ၂နှစ်တောင်ကျအောင် ဖြေခဲ့ရတယ်။ ကိုယ်အခုထိဖြစ်ခဲ့တာတွေ လုပ်ခဲ့တာတွေ အကုန်လုံးက ဟာအိုတစ်ယောက်တည်းကြောင့်ချည်းပဲ။ ဟာအိုကသာ စကားကိုအလယ်ကကြားပြီး အချိန်အကြာကြီး နားလည်မှုလွဲနေတာ "

"အဲ့လိုသာဆိုရင် ငါတကယ်တုံးခဲ့တာပဲ။ စကားလေးတစ်ခွန်းနဲ့ အထင်လွဲပြီး မိုက်မဲတာတွေလုပ်ခဲ့မိတာ။ မဟုတ်ရင်..မဟုတ်ရင်ငါ မင်းနဲ့အခုလိုပြဿနာတွေ ဖြစ်နေစရာမလိုတော့တာကိုလေ။ ငါတုံးခဲ့တာပါ ငါအသုံးမကျ..."

"ရှူး ဟာအိုအပြစ်မဟုတ်ပါဘူး။ ဒါကဖြစ်ခဲတဲ့ timing လွဲမှားမှုလေးပါပဲ။ ဒါပင်မဲ့ စဉ်းစားကြည့်ရင် ကိုယ်တို့ တစ်ယောက်အနားမှာ တစ်ယောက်ရှိနေခဲ့တယ်လေ ဒီ၂နှစ်ကျော်လုံး"

မျက်နှာလေး မဲ့လာသည့် နို့ပူတင်း‌လေးက ကျောပေးထိုင်နေရာမှ သူ့ဘက်သို့ မျက်နှာချင်းဆိုင်လှည့်ထိုင်ကာ ဖက်လာတော့သည်။
ကိုယ်နွေးနွေးလေးအား တစ်ဖန်ပြန်ဖက်ရင်း နှစ်ရှည်လများမပြောဖြစ်ခဲ့ရသည့် စကားများကိုပြောနေမိတော့သည်။

"ကိုယ်လေ ဟာအိုကို ကိုယ့်အသက်‌လောက်အထိ ချစ်တယ်"

"ငါလည်း မင်းကိုရူးသွားတော့မတတ် ချစ်ပါတယ်"

ကျန်းဟာအို၏ ခါးသွယ်သွယ်လေးအားဖက်ကာ ဂုတ်ပိုးပေါ်မျက်နှာအပ်ရင်း တည်ငြိမ်သည့် လေသံဖြင့်ဆိုလာသည့် စကားက အသက်လောက်အထိချစ်တယ် တဲ့။

မျက်ရည်ဥလေးတွေ ခိုတွဲနေသည့် မျက်ဝန်းပိုင်ရှင်ကလည်း
သူပိုင်ဆိုင်ချင်ရသည့် သူ့ပျော်ဆေးလေး၏ လည်တိုင်အားဖက်ကာ ပြန်ပြောခဲ့သည်က သူလည်းပဲ ရူးသွားတာ့မတတ် ချစ်ပါတယ် ဟူ၍...။

_07.96_

နောက်တစ်ပိုင်းက final episode ပါ လူသားတို့ရေ။
နှုတ်ဆက်ရတော့မယ် TTT~
မနှုတ်ဆက်ခင် feedback ပေးသွားကြဦးလို့😾

Continue Reading

You'll Also Like

1M 55.2K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
686K 33.9K 24
โ†ณ โ [ ILLUSION ] โž โ” yandere hazbin hotel x fem! reader โ” yandere helluva boss x fem! reader โ”• ๐ˆ๐ง ๐ฐ๐ก๐ข๐œ๐ก, a powerful d...
8.4K 1.1K 15
" แ€„แ€ซแ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€€แ€ฌแ€€แ€ฝแ€šแ€บแ€•แ€ฑแ€ธแ€แ€ปแ€„แ€บแ€แ€ฌ แ€”แ€ฌแ€™แ€Šแ€บแ€€แ€ปแ€ฑแ€ฌแ€บแ€…แ€แ€ฌแ€ธ แ€€แ€„แ€บแ€™แ€บแ€‚แ€ปแ€ฎแ€กแ€ฏแ€ถแ€ธแ€กแ€”แ€ฑแ€”แ€ฒแ€ทแ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฒ แ€’แ€ฎแ€แ€ญแ€ฏแ€„แ€บแ€ธ แ€™แ€„แ€บแ€ธแ€›แ€ฒแ€ทแ€แ€ปแ€…แ€บแ€žแ€ฐ แ€€แ€„แ€บแ€™แ€บแ€‚แ€ปแ€ฎแ€กแ€ฏแ€ถแ€ธแ€กแ€–แ€ผแ€…แ€บแ€œแ€ฑ " " แ€Ÿแ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€”แ€ฒแ€ทแ€›แ€พแ€ญแ€”แ€ฑแ€›แ€แ€ฒแ€ทแ€กแ€แ€ปแ€ญแ€”แ€บแ€แ€ฝแ€ฑแ€€ แ€€แ€ปแ€ฝแ€”...